← Chapters

စစ်နတ်ဘုရားအရှင်

Vol. 16 Ch. 212

စစ်နတ်ဘုရားအရှင်

Vol. 16 Ch. 212

အမျိုးသမီး၏မျက်နှာအမူအယာက ချက်ချင်း ပြောင်းလဲသွားသည်။ သူမ ဟန်တောင်တန်းမြို့တော်သို့ ရောက်လာချိန်တွင် မော့စုဆိုသောနာမည်အား ကြားခဲ့ရပြီး ဟန်တောင်တန်းမြို့တော်ထဲ၌  အစွမ်းထက်သော ရုပ်နယ်လွန်မာန်စွမ်းအားရှင်ခြောက်ဦး ရှိကြောင်း သိခဲ့ရသည်။

ထိုခြောက်ဦးထဲတွင်၊ သေသွားပြီဖြစ်သော ရွှမ်းလွမ်၊ ကောလဟာလသတင်းများအရ သီးခြားတံခါးပိတ်ကျင့်ရန် ထွက်ခွာသွားသည်ဟူသော ယွမ်ကျန်းတို့မှလွဲ၍ နန်ထျန်း၊ လန်ယင်နှင့် ခဲ့ကျူးစစ်တို့ကို သူမအရင်ကတွေ့ဆုံခဲ့ဖူးပြီး ဖြစ်သည်။ နန်ထျန်းနှင့် အခြားနှစ်ဦးသည် သူမအတွက်တော့ ဘာမှမဟုတ်ချေ။ ကွယ်လွန်သွားပြီဖြစ်သော ရွှမ်းလွမ်သည်တော့ အာရုံထဲပင်ရောက်မလာခဲ့ပေ။

ရုပ်နယ်လွန်မာန်စွမ်းအားရှင် ခြောက်ဦးအကြောင်း သူမပထမဆုံး ကြားခဲ့ရချိန်တွင် မော့စုဆိုသောလူကိုသာ သူမစိတ်ဝင်စားမိခဲ့ခြင်း ဖြစ်သည်။

ထိုလူသည် အလွန်ထူးခြားဆန်းကြယ်ပြီး အနက်ရောင်မျက်နှာဖုံးကို ဝတ်ဆင်သည်။ သူ့စွမ်းအားသည် မယုံနိုင်လောက်အောင် သန်မာပြီး သူသည် ရုပ်နယ်လွန်မာန်စွမ်းအားရှင် ခြောက်ဦးအနက် ခေါင်းဆောင်ဖြစ်သည်ဟူသော အရိပ်အမြွက်အချို့ပင် ကောလဟာလများ ထွက်ပေါ်နေခဲ့သည်။ သူသည် ငြိမ်းအေးရာအရှေ့မျိုးနွယ်စု၏ ဧည့်သည်တော်တစ်ဦးလည်းဖြစ်သည်။ ထို့ပြင် ဟန်တောင်တန်းလျှို့ဝှက်နယ်မြေများကို အများပြည်သူအတွက် ဖွင့်လှစ်လိုက်ပြီး မျိုးနွယ်စုသုံးစုက ၎င်းတို့၏ဧည့်သည်တော်များကို ငြင်းဆန်ပယ်ချခဲ့ချိန်တွင် သူ၏ဧည့်သည့်တော်ဟူသော အဆင့်အတန်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည့် တစ်ဦးတည်းသောလူလည်းဖြစ်၏။

ဤသည်မှာ ကမ္ဘာလောကကြီး၏ အလုပ်လုပ်ပုံပင်ဖြစ်သည်။ တစ်စုံတစ်ရာက ပိုမိုထူးခြားဆန်းကြယ်လေလေ၊ လူတို့၏သိလိုစိတ်က ပိုမိုဖြစ်ပေါ်လာလေလေပင် ဖြစ်သည်။

အမျိုးသမီးအတွက်လည်း ထိုကဲ့သို့ပင်ဖြစ်သည်။

သို့သော် သူမ၏ထိုစူးစမ်းလိုစိတ်သည် ကြာရှည်မခံခဲ့ချေ။

သူမအတွက်တော့ မော့စုသည် ထူးခြားဆန်းကြယ်သည်ဖြစ်စေ၊ ထိုသို့မဟုတ်သည်ဖြစ်စေ အရေးမပါပေ။ ထိုသူသည် သူမနှင့်လုံးဝမပက်သက်ချေ။

သူမ၏သိလိုစိတ်ကို အနည်းငယ်ဖြစ်ပေါ်စေခဲ့သော မော့စုဆိုသူသည် ဤနေ့တွင် သူမရှေ့၌ ယခုလိုပုံစံမျိုးဖြင့် ထွက်ပေါ်လာလိမ့်မည်ဟုတော့ ထင်မထားမိခဲ့ပေ။

သူမနားထဲသို့ ဟန်တောင်တန်းမြို့တော်အတွင်းမှ စိတ်လှုပ်ရှားစွာအော်ဟစ်နေသံများ ဝင်ရောက်လာခဲ့သည်။ လေထဲမှာပင် ဆူညံသံများဖြစ်ပေါ်လာသည်အထိ  အချိန်ကုန်လွန်လာသည်နှင့်အမျှ အသံလှိုင်းများက ပိုမိုအားကောင်းလာခဲ့ကြသည်။

ဟန်တောင်တန်းမြို့တော်အတွင်းမှ စုမင်နှင့်အတူသောက်ခဲ့သူများဆိုလျှင် ပါးစပ်များပင် ပြန်ပိတ်လို့မရတော့ပေ။ စုမင်က သူတို့အတွက် အံ့အားသင့်စရာများကို ယူဆောင်လာခဲ့ပြီး စုမင်သည် အမှန်တစ်ကယ်တွင် မော့စုဖြစ်သည်ဟူသော အံ့အားသင့်စရာက ထပ်မံပေါ်ထွက်လာခဲ့ပြန်သည်။ ထို့ကြောင့်ပင် သူတို့၏ ထိတ်လန့်တုန်မှုများက စိတ်ကူး၍ပင်မရနိုင်သော အခြေအနေသို့ရောက်ရှိသွားကြပြီ ဖြစ်သည်။

‘သူက မော့စုလား။ သူဒီလောက် စွမ်းအားကောင်းနေတာ မအံ့သြတော့ဘူး။ ငါကတော့ သူ့ကို ဟိုလူလို့ထင်ခဲ့တာ...’

ယွမ်အမည်ရှိယောကျ်ားသည် အရောင်စုံရေကန်တောင်ကို တိတ်ဆိတ်စွာကြည့်နေရင်း သူ့မျက်နှာပေါ်၌ ဝေခွဲမရဖြစ်နေသောအမူအယာမျိုး ဖြစ်ပေါ်လာခဲ့ပြီး ခေါင်းခါလိုက်မိသည်။

“သူက မော့စုလား”

ပုချန့်မျိုးနွယ်စုအကြီးအကဲက သက်ပြင်းချလိုက်မိသည်။

မော့စုဆိုသောနာမည်နှင့် သူမရင်းနှီးခြင်းမဟုတ်ပေ။

ထိုလူနှင့် သူ အရင်က မဆုံဖူးသော်လည်း အတိတ်တွင် သူတို့လူများက ထိုမော့စုကို စုံစမ်းခဲ့ဖူးလေသည်။

သို့သော် သူတို့စုံစမ်းမှုများမှ အဖြေများစွာမရခဲ့ပေ။

ထိုလူသည် ရုတ်တရက်ဆိုသလို ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု၏ ဧည့်သည်ဖြစ်လာခဲ့ပြီး ဟန်တောင်တန်း၏ လျှို့ဝှက်နယ်မြေထဲတွင် သဲလွန်စပင်မကျန်ခဲ့ပဲ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်ဟုသာ သူတို့သိခဲ့ရသည်။

မော့စု၏ ကျော်ကြားမှုသည် အရောင်စုံရေကန်မျိုးနွယ်စုနှင့် ငြိမ်းအေးရာအရှေ့အရပ်မျိုးနွယ်စုများ၏ တမင်သက်သက်လုပ်ရပ်များနှင့် အများဆုံးဆက်စပ်နေခဲ့သည်။ သူသည်လည်း ယခင်က ထိုမော့စုအကြောင်း ရွှမ်းလွမ်ကိုမေးမြန်းခဲ့ဖူး၏။ သို့သော် သူ့မေးခွန်းအတွက် အဖြေတစ်ခုသာ ပြန်လည်ရရှိခဲ့သည်။

မော့စုသည် အစွမ်းထက်သော ရုပ်နယ်လွန်မာန်စွမ်းအားရှင်တစ်ဦး ဖြစ်သည်။ သို့သော် ဒဏ်ရာရပြီး သူ့စွမ်းအားက သွေးကြောကျောက်သားနယ်ပယ်သို့ ပြန်လည်ကျဆင်းသွားခြင်း ဖြစ်လိမ့်မည်။ ထိုသို့ဆိုသော်လည်း ရွှမ်းလွမ်ကိုယ်တိုင်သည်ပင် မော့စုကို လုံးဝအနိုင်ရနိုင်သည်ဟု ယုံကြည်မှုအပြည့်အဝမရှိခဲ့ပေ။

ပတ်ဝန်းကျင်မှ ရုန်းရင်းဆန်ခတ်အသံများနှင့်ယှဉ်လျင် ငြိမ်းအေးရာအရှေ့အရပ်မျိုးနွယ်စုက ဆက်လက်တိတ်ဆိတ်နေဆဲပင်ဖြစ်သည်။ သို့သော် ထိုတိတ်ဆိတ်မှုက ကြာရှည်မခံခဲ့ပဲ ငြိမ်းအေးရာအရှေ့တောင်ဆီမှ အိုမင်းနေသောအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

လေထဲသို့ ပဲ့တင်ထပ်ထွက်ပေါ်လာသော ထိုအသံထဲ၌ လေးစားမှုအရိပ်အယောင်များ ပါဝင်နေခဲ့သည်။

“အေးခဲကောင်းကင်ကလန် ဝင်ရောက်ခွင့်ကို ရသွားတဲ့အတွက် အဆွေတော်မော့ကို ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုက ဂုဏ်ပြုပါတယ်...”

ပတ်ဝန်းကျင်တစ်ခုလုံးသည် စိတ်လှုပ်ရှားမှုများနှင့် ပြည့်သွားခဲ့သလို အရောင်စုံရေကန်မျိုးနွယ်စုကလည်း တိတ်ဆိတ်သွားခဲ့သည်။ ဟန်ဖေးကျစ်သည်လည်း စုမင်နှင့်သူ့မျက်နှာပေါ်မှ မျက်နှာဖုံးတို့ကို ရှုပ်ထွေးစွာငေးကြည့်နေမိသည်။ ဤတစ်ကြိမ်သည် စုမင်၏မျက်နှာအစစ်ကို သူမ ပထမဆုံးမြင်ဖူးခြင်း ဖြစ်သည်။ ရွှမ်းလွမ်သေဆုံးသွားပြီးနောက်တွင် စုမင်ထံ၌ အလွန်အဖိုးတန်သောရတနာတစ်ခုရှိသည်ကို သိသူဟူ၍ သူမတစ်ဦးတည်းသာ ကျန်တော့လေသည်။

“ရှင့်ကို စုမင်လို့ ခေါ်သင့်လား ဒါမှမဟုတ် မော့စုလို့ ခေါ်ရမလား...” ဟန်ဖေးကျစ်က ညင်သာစွာမေးလိုက်မိသည်။

ယန်လွမ်သည် ပိုမိုစိတ်ရှုပ်ထွေးနေခဲ့သည်။ သူမသည် အံ့အားသင့်နေသောအမူအယာဖြင့် စုမင်ကိုကြည့်ရင်း ဟန်တောင်တန်းဘိုးဘေး၏ သီးသန့်နယ်မြေတွင် ဖြစ်ပျက်ခဲ့သောအရာများကို ပြန်လည်တွေးတောနေမိသည်။ ထိုလူကို သူမလက်တွဲဖော်အဖြစ် မည်မျှ လိုချင်ခဲ့သည်ကို သတိရလိုက်မိပြီး ယခုလေးတင် စုမင် သူမကိုကြည့်ပြီးပြောခဲ့သည့် နူးညံ့ညင်သာသောစကားလုံးများကို ပြန်လည်ကြားယောင်လိုက်မိချိန်တွင် သူမနှလုံးသားက ထူးခြားဆန်းကြယ်စွာ တုန်ယင်သွားရသည်။

ယန်လွမ်မျက်နှာသည် ရုတ်တရက်နီသွားခဲ့သည်။

ဟန်ဖေးကျစ်၏မေးခွန်းကို စုမင်ပြန်မဖြေပဲ အေးခဲကောင်းကင်ကလန်မှ အမျိုးသမီးကိုသာ အေးစက်စက် စိုက်ကြည့်နေခဲ့သည်။

အမျိုးသမီးသည် ခဏတာတိတ်ဆိတ်နေခဲ့ပြီးမှ အေးစက်စက်သရော်သံတစ်ခု ပြုလုပ်လိုက်သည်။

“ငါသိပြီ။ ဒီတော့ မင်းက မော့စုပေါ့။ ဒါပေမဲ့ ငါတို့မှာ ဒုတိယစစ်ဆေးမှု ရှိသေးတယ်။ မင်း ဟန်တောင်တန်းရဲ့ သံကြိုးတန်းတွေကို စိန်ခေါ်ရမယ်။ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် အသက်မဝင်ခင် မင်းအဲဒါကို ကျော်ဖြတ်နိုင်ရမယ်။ မကျော်ဖြတ်နိုင်ရင် မင်းကျမယ်” အမျိုးသမီးက အေးစက်စက်ပြောဆိုလာသည်။

စုမင်ဝတ်ဆင်ထားသော မျက်နှာဖုံးကြောင့် သူ့အမူအယာများကို မည်သူမှမမြင်နိုင်ပေ။ သို့သော် သူ့မျက်လုံးများကတော့ အေးဆေးတည်ငြိမ်နေခဲ့သည်။ အမျိုးသမီးပြောဆိုလိုက်သော စကားလုံးများသည် သူ့အားမည်သည့်စိတ်ခံစားမှုမျိုးမှ မြင့်တက်ဖြစ်ပေါ်လာစေနိုင်ခြင်း မရှိသောကြောင့်ပင်ဖြစ်သည်။

“ပြီးရင်ရော တတိယမြောက်၊ စတုတ္ထမြောက်နဲ့ ပဉ္စမြောက် စစ်ဆေးမှုတွေ ရှိလာဦးမှာလား” စုမင်အသံက အေးဆေးတည်ငြိမ်စွာ ထွက်ပေါ်လာခဲ့သည်။

တည်ငြိမ်နေသောသူ့အမူအယာက အမျိုးသမီးကို မပျော်မရွှင်ဖြစ်သွားစေသည်။ တပည့်တစ်ဦးပင်ခေါ်မည်ဟု ဆုံးဖြတ်ထားပြီးဖြစ်သော်လည်း ယခုအကြိမ်တွင် တပည့်များလက်ခံရန် သူမက အေးခဲကောင်းကင်ကလန်ကို ကိုယ်စားပြုနေခဲ့ခြင်း ဖြစ်သည်။ သူမက အေးခဲကောင်းကင်ကလန်ကို ကိုယ်စားပြုနေသမျှ ကာလပတ်လုံး သူမနှင့်တွေ့ဆုံသူအားလုံးသည် သူမအပေါ် ရိုသေလေးစားမှုရှိသင့်သည်။

သူမကို ကြောက်ရွံ့သူအချို့ပင် ရှိကြသည်။ ဤစုမင်တစ်ဦးတည်းကသာ သူမကို အရေးမထားခြင်းဖြစ်သည်။ သူ့အတွက် ခက်ခဲသောအရာများဖြစ်စေရန် သူမရှင်းလင်းစွာ လုပ်ဆောင်နေသော်လည်း သူက မတုန်မလှုပ် တည်ငြိမ်နေဆဲပင်ဖြစ်သည်။ မျက်နှာဖုံးလေးတစ်ခု ဆွဲထုတ်လိုက်ရုံဖြင့် သူမ၏ ပထမဆုံးစစ်ဆေးမှုကိုလည်း ဟာသပြက်လုံးတစ်ခုသဖွယ် ပြီးမြောက်သွားခဲ့သေးသည်။

စုမင်မေးခွန်းကို ကြားလိုက်ချိန်တွင် အမျိုးသမီး၏အပြုံးက ပိုမိုအေးခဲလာပြီး သူမရည်ရွယ်ချက်ကို ဆက်လက်မဖုံးကွယ်ထားတော့ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူမအသံက အေးစက်စွာထွက်ပေါ်လာခဲ့သည်။

“အေးခဲကောင်းကင်ကလန်က လူတိုင်းဝင်နိုင်တဲ့ နေရာမဟုတ်ဘူး။ ဟန်တောင်တန်းသံကြိုးတွေကို မင်းကျော်ဖြတ်နိုင်ရင်တောင် ဒုတိယစစ်ဆေးမှု အောင်မြင်ရုံပဲရှိသေးတာ။ တတိယစစ်ဆေးမှု ကျန်သေးတယ်။ တတိယစစ်ဆေးမှုအတွက်တော့ မင်းက သွေးကြောကျောက်သားနယ်ပယ် ပြည့်စုံဆင့်ကနေ ရုပ်နယ်လွန်ခဲ့တယ်ဆိုတာ သက်သေပြနိုင်ရမယ်”

“ဒါပေမဲ့ မင်းက ရုပ်နယ်လွန်နယ်ပယ်ကို ရောက်နေပြီဆိုတော့ အဲဒါကိုသက်သေပြဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး”

စုမင် တိတ်ဆိတ်နေဆဲပင်ဖြစ်သည်။

စုမင် တိတ်ဆိတ်နေဆဲဖြစ်ကြောင်း မြင်လိုက်ချိန်တွင် အမျိုးသမီး၏အပြုံးထဲ၌ မုန်းတီးမှုအရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။

“မင်း ရုပ်နယ်လွန်ခဲ့တုန်းက သွေးကြောဘယ်နှစ်ခုရှိတယ်ဆိုတာ ယုံကြည်ရလောက်တဲ့ သက်သေပြချက်မျိုး ငါ့ကို ပြပေးနိုင်စွမ်း ရှိရင်တောင် စတုတ္ထမြောက် စစ်ဆေးမှု ရှိနေဦးမှာပဲ။ စတုတ္ထမြောက် စစ်ဆေးမှုကတော့ ရှင်းရှင်းလေးပါ။ မင်း ဟန်တောင်တန်းခေါင်းလောင်းကို တီးခတ်ရမယ်။ ဒါမယ့် စိတ်မကောင်းစရာပဲ။ ခေါင်းလောင်းကို ရုပ်နယ်လွန်အဆင့်ရဲ့ စစ်နတ်ဘုရားကယူသွားလို့ ဒီနေရာမှာ မရှိတော့ဘူး။ သွား ပြန်ယူခဲ့ပေါ့ “

“တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် အပြည့်အဝအသက်မဝင်ခင် မင်းအဲဒီစစ်ဆေးမှုတွေကို အောင်မြင်နိုင်ရင်တော့ ငါတို့ မင်းကို အေးခဲကောင်းကင်ကလန်ကို ခေါ်သွားဖို့ ဘာပြဿနာမှ မရှိတော့ဘူး။ မင်း မတတ်နိုင်ရင်တော့ ငါတို့ကို ဆက်မနှောင့်ယှက်ပဲ အခုထွက်သွားလိုက်တော့။ အေးခဲကောင်းကင်ကလန်ရဲ့ ဒေါသကို မင်းခံယူနိုင်မယ် မထင်ဘူးနော်”

အမျိုးသမီး၏ စကားအဆုံးမှာပင် အရောင်စုံရေကန်တောင်က ရုတ်ခြည်းတုန်ခါသွားသည်။

တောင်ထံမှ စူးရှသောအလင်းတန်းများ ထွက်ပေါ်လာပြီး တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားကာ တောင်ထိပ်တွင် မျက်စိပင်ကန်းသွားစေနိုင်သော အလင်းတန်းကြီး ထွက်ပေါ်လာခဲ့ပြီး ဧရာမစည်းကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ကြည့်ရတာ မင်းအတွက် အခွင့်အရေး မရှိတော့တဲ့ပုံပဲ။တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်က အသက်ဝင်သွားပြီ။ အသက်ဆယ်ကြိမ်ရှူစာလောက်ဆိုရင် အဲဒါက အပြည့်အဝအသက်ဝင်သွားလိမ့်မယ်”

အမျိုးသမီးက ပြုံးလိုက်ရင်း စုမင်ကိုဆက်မကြည့်တော့ပေ။ ထိုအစား လျင်မြန်စွာပုံပေါ်လာနေသည့် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို လှမ်းကြည့်လိုက်သည်။

“ဒါဆိုရင်တော့ ငါဒီအထောက်အထားပုံစံကို အသုံးပြုတာလုံလောက်ပြီထင်တယ်” စုမင်အေးအေးဆေးဆေး မေးလိုက်သည်။

သူ့စကားသံထွက်ပေါ်လာချိန်တွင် အမျိုးသမီးသည် ခဏတာအံ့အားသင့်မှင်သက်သွားခဲ့သည်။ ထို့နောက် စုမင်ကို ပြန်လှည့်ကြည့်လိုက်မိချိန်တွင် သူမမျက်နှာပေါ်၌ မယုံကြည်နိုင်မှုတို့အထင်းသားပေါ်လာပြီး ထိတ်လန့်တုန်လှုပ်သွားမိ၏။ နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် အလိုအလျောက်ဆုတ်လိုက်မိပြီး ခဏအတွင်းမှာပင် သူမမျက်နှာပေါ်မှ သွေးရောင်တို့ပျောက်ဆုံးသွားခဲ့လေသည်။

“မင်း... မင်း...”

ဘေးနားတွင် တိတ်ဆိတ်နေခဲ့သော အမျိုးသား၏ အမူအယာသည်ပင် အကြီးအကျယ် ပြောင်းလဲသွားချေသည်။ သူသည် အသက်ပြင်းပြင်း ရှူရှိုက်လိုက်မိပြီး မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ သူ့စိတ်က ဗလာဖြစ်သွားခဲ့သည်။

သူတို့နှစ်ဦးသာ ထိုသို့ဖြစ်သွားခဲ့ခြင်းမဟုတ်ပေ။ ထိုအချိန်တစ်ခဏတွင် အရောင်စုံရေကန်တောင်ပေါ်မှ လူအားလုံးသည် လုံးဝပင် အံ့အားသင့်မှင်သက်သွားခဲ့ကြပြီး သူတို့စိတ်ခံစားချက်များအားလုံးကို ထိတ်လန့်တုန်လှုပ်မှုများဖြင့် အစားထိုးသွားလေသည်။

လျှပ်စီးများလင်းလက်သွားပြီး စုမင်ခန္ဓာကိုယ်ပတ်လည်တွင် လျှပ်စီးအလင်းတန်းများ ကူးခပ်သွားလာနေခဲ့သည်။  လျှပ်စီးအလင်းစက်များသည် အပြာရောင်လင်းလက်နေပြီး ထူးဆန်းသောအရှိန်အဝါတစ်ခု ထုတ်လွှတ်နေခဲ့သည်။ ထိုလျှပ်စီးက တစ်စုံတစ်ခုသော အရာကို ကိုယ်စားပြုနေသည့် သင်္ကေတပင်ဖြစ်သည်။

စုမင် ညာလက်ကိုမြှောက်လိုက်ချိန်တွင် သူ့ညာဘက်လက်ဖဝါးထံမှ ခေါင်းလောင်းသံများ ထွက်ပေါ်လာခဲ့သည်။ သူ့လက်ဝါးပေါ်တွင်တော့ ရှေးကျအိုမင်းသောအရှိန်အဝါတစ်ခု ထုတ်လွှတ်နေသည့် ခေါင်းလောင်းတစ်ခုရှိနေခဲ့သည်။ ၎င်းသည် အပေါ်သို့ပျံဝဲတက်လာပြီး လေထဲ၌ပင် လျင်မြန်စွာကြီးထွားလာခဲ့ချေသည်။

၎င်း၏ပေါ်ထွက်လာမှုသည်လည်း တစ်စုံတစ်ခုသောအရာကို ကိုယ်စားပြုနေသော သင်္ကေတဖြစ်သည်။

“အရှင်... စစ်နတ်ဘုရားအရှင်”

အံ့သြတကြီးအော်ဟစ်ဆူညံသံများသည် ယခင်ကတစ်ခါမှ မကြားဖူးခဲ့သော သိပ်သည်းမှုမျိုးဖြင့် ဟန်တောင်တန်းမြို့တော်အတွင်းမှ ဆူညံစွာထွက်ပေါ်လာသည်။

***

All Chapters