အခန်း (၁၇၁)
Vol. 18 Ch. 171
ဒါရိုက်တာဝမ်မှာ အနောက်မှ ချောင်းကြည့်နေရင်းဖြင့် သူ၏ဌာနမှ ဝန်ထမ်းတစ်ဦးအား ချီးကျူးနေသည်ကို ကြားလိုက်ရသောကြောင့် အရှေ့သို့ထွက်၍ စကားဝင်ပြောလေတော့သည်။
“ဒီကလေးက ရုပ်ရည်လေးကလည်း ချောမောသလို သင်ယူလိုစိတ်လည်း အရမ်းပြင်းပြတာ၊ ဒီလို လူငယ်လေးတွေကမှ တကယ်ကို တိုက်ပွဲဝင်လိုစိတ်တွေရှိကြတယ်”
ယန်ကော်ချန်းလည်း စိတ်ကျေနပ်သွားလေ၏။
“လူငယ်တွေမှာ ဒီလို ဇွဲလုံ့လ ရှိရမှာပေါ့၊ အနာဂတ်ဆိုတာ လူငယ်တွေအပေါ်မှာပဲ မူတည်နေတာပဲ၊ ငါတို့တွေကတော့ အိုမင်းနေကြပါပြီ”
သူက စုဝေ့မင်၏ ပုခုံးကို ပုတ်လိုက်လေ၏။
“လောင်စု၊ ခင်ဗျားမှာ ဒီလိုတော်တဲ့ သားနဲ့ ချွေးမရှိတာ တကယ်ကို ကံကောင်းတာပဲ၊ သူတို့ မင်္ဂလာဆောင်တုန်းက ကျွန်တော် ပြည်နယ်မြို့တော်ကို ရောက်နေလို့ ပြန်မလာနိုင်ခဲ့ဘူး၊ မဟုတ်ရင်တော့ သေချာပေါက် လာပြီး ဂုဏ်ပြုပေးမှာ”
“လူတိုင်းက စက်ရုံအတွက် အလုပ်လုပ်နေရတာပါပဲ”
စုဝေ့မင်မှာ ယန်ကော်ချန်းအပေါ် အလွန်ပင်လေးစားမှု ရှိလေသည်။ စုဝေ့ချင်းပင်လျှင် ကျောကိုဆန့်ကာ ငြိမ်သက်စွာ ရပ်နေလေ၏။
ထို့ကြောင့် လီရှန်းအနေဖြင့် ဖခင်ဖြစ်သူနှင့် သားဖြစ်သူတို့နှစ်ယောက်လုံး စက်ရုံမှူးယန်ကို လေးစားကြကြောင်း ရိပ်မိလိုက်သည်။
ယန်ကော်ချန်းက စုဝေ့ချင်းအား မေးခွန်းတချို့ ထပ်မံမေးမြန်းလေသည်။ စုဝေ့ချင်းက အတွင်းရေးမှူးရုံးသို့ ဝင်ရောက်နိုင်ခဲ့ကြောင်း သိရချိန်တွင် သူက ပိုမိုဝမ်းသာသွားပုံရ၏။
ထို့နောက်တွင် သူက အတွင်းရေးမှူးဝူနှင့်အတူ ထွက်ခွာသွားလေသည်။
ဒါရိုက်တာဝမ်သည်လည်း စုဝေ့မင်က သူ့အား အစည်းအဝေးများ ထပ်မံပြုလုပ်ရန် သို့မဟုတ် အချိန်ပိုဆင်းခိုင်းရန် ခေါ်ထားမည်ကို စိုးရိမ်သောကြောင်း အလျင်အမြန်ပင် ထွက်ခွာသွားလေတော့သည်။
စုဝေ့မင်က စုဝေ့ချင်းနှင့် လီရှန်းတို့ကို သူ၏ ရုံးခန်းထဲသို့ ခေါ်သွားခဲ့လေသည်။
ရုံးခန်းထဲသို့ ရောက်သည်နှင့် စုဝေ့ချင်းက ဒေါသတကြီးဖြင့်စတင် တိုင်တန်းတော့သည်။
အမှန်အတိုင်း ပြောရလျှင် ဝူလီသည်က လီရှန်းအား အကူအညီတောင်းခဲ့သော်လည်း လီရှန်းကို အရိုက်ခံရလုနီးပါးဖြစ်စေခဲ့သည့်အတွက် သူ့ဘက်မှ အလွန်စိတ်ပျက်နေခဲ့သည်။
စုဝေ့ဟိုင်နှင့် သူ၏ဇနီးတို့သည်တို့က အိမ်တွင် ရှိနေကြသည့်အတွက် သူက ထုတ်ဖော်မပြောဆိုနိုင်သောကြောင့် လီရှန်းကို ခေါ်ဆောင်ကာ စုဝေ့မင်ထံသို့ လာရောက် တိုင်ကြားခြင်းပင် ဖြစ်ချေသည်။
လီရှန်းကတော့ အတော်လေး ရှုပ်ထွေးသွားရသည်။
သူမက စုဝေ့ချင်း၏ လှည့်ကွက်ထဲတွင် ပါသွားခဲ့ရသည့်ပုံပင်။
စုဝေ့ချင်းသည်က စုဝေ့မင်အား သတိပေးရန် လာရောက်ခြင်းဖြစ်မည်ဟု သူမ အမှန်တကယ် ယုံကြည်ခဲ့မိသည်။
မည်သို့ပင်ဖြစ်စေ သက်ကြီးရွယ်အို ဇနီးမောင်နှံတိုင်းတွင် ဂရုစိုက်တတ်သော သားတစ်ယောက် အမြဲရှိနေတတ်သည် မဟုတ်ပါလား။
စုဝေ့မင်က ထိုစကားများကို
ကြားပြီးနောက် ခေါင်းကို ကုတ်လိုက်မိရ၏။
ပြည်နယ်အဆင့် စက်ရုံကြီးတစ်ခု၏ ဒုတိယစက်ရုံမှူးဖြစကသည့်သည့်အတွက် သူသည် စက်ရုံ၏ အကြီးအကဲတစ်ဦးဖြစ်သော်လည်း အိမ်တွင်ရှိနေသော သားသမီးများကိုတော့ နိုင်အောင် မထိန်းနိုင်ခဲ့ပေ။
ယခုအချိန်တွင် စုဝေ့ချင်းက လာပြီးတိုင်တန်းနေပြီဖြစ်၍ သူဘက်မှ တစ်စုံတစ်ရာ မပြောဆိုပါက သူ၏ အငယ်ဆုံးသားကို စိတ်ထိခိုက်သွားစေလိမ့်မည်။
သို့သော် အိမ်ပြန်ရောက်ပြီးနောက် စုဝေ့ဟိုင်ကို ပြောဆိုပါကလည်း သူ၏ သားကြီးက စိတ်မကောင်းဖြစ်ရပေလိမ့်မည်။
ခက်ခဲလွန်းတာပဲ။
ဒုတိယစက်ရုံမှူး စုမှာ သားသမီးများပြားခြင်း၏ အခက်အခဲကို ခံစားလိုက်ရချေပြီ။
စုဝေ့ချင်းက တိုင်တန်းပြီးနောက်တွင် စိတ်ကျေနပ်သွားကာ ခေါင်းခဲနေသော စုဝေ့မင်ကို ရုံးခန်းထဲတွင် တစ်ဦးတည်း ထားရစ်ခဲ့ပြီး လီရှန်းနှင့်အတူ စားသောက်ဆောင်သို့ ထွက်ခွာသွားလေတော့သည်။
“အဖေပြန်လာတဲ့အချိန် အစ်ကိုကြီးကို ဆူနေရင် ဘယ်လိုလုပ်မလဲ”
ရုံးခန်းထဲမှ ထွက်လာသည်နှင့် လီရှန်းသည် စုဝေ့ချင်းကို အသာ ဆွဲဆိတ်လိုက်မိ၏။
“အစ်ကိုကြီးက အဆူခံရဖို့ ထိုက်တန်တာပဲလေ”
စုဝေ့ချင်းသည် လီရှန်း၏လက်ကို ဆုပ်ကိုင်ကာ သူ၏အင်္ကျီအိတ်ကပ်ထဲသို့ ထည့်ပေးလိုက်လေ၏။
“သူက တကယ့်ကို ငတုံးပဲ”
လီရှန်းမှာမူ အတော်လေး ကူကယ်ရာသွားရသည်။
သို့သော် ဤကဲ့သို့ ကာကွယ်စောင့်ရှောက်ခြင်း ခံရသည့် ခံစားချက်မှာ အလွန်ပင်ကောင်းမွန်လွန်းသောကြောင့် လီရှန်းမှာ မရယ်ဘဲ မနေနိုင်တော့ပါချေ။
သူမက ခြေလှမ်းကို အနည်းငယ် ခပ်သွက်သွက် လှမ်းလိုက်ပြီး စုဝေ့ချင်းနှင့်အတူ ယှဉ်တွဲလျှောက်လှမ်းခဲ့၏။
ဇနီးမောင်နှံနှစ်ဦးမှာ လှေကားထစ်များအတိုင်း ဆင်းလာကြကာ တစ်လမ်းလုံး စနောက်ရယ်မောလာခဲ့ကြပြီး အောက်ထပ်သို့ ရောက်သည်အထိ လက်ချင်းတွဲထားခဲ့ကြလေသည်။
ထမင်းစားဆောင်တွင် ဝက်ခြေထောက်စွပ်ပြုတ် ရောင်းချပေးနေသောကြောင့် ညနေပိုင်းအချိန်၌ အတော်လေး စည်ကားနေခဲ့၏။
ကလေးအတော်များများမှာလည်း လက်ဖက်ရည်သောက်သည့် ခွက်ကြီးများကိုယ်စီဖြင့် အစားအစာ လာဝယ်နေကြသည်ကို တွေ့ရသည်။
ထိုခွက်များ၏ အပြင်ဘက်တွင် အပူဒဏ်ခံနိုင်ရန်အတွက် ဂွမ်းဖြင့် ပြုလုပ်ထားသော အစွပ်များကိုပင် စွပ်ထားကြသေး၏။
လီရှန်းက စုဝေ့ချင်းဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်မိသည်။
“ကျွန်မတို့ ရေနွေးဓာတ်ဘူး ယူမလာခဲ့မိဘူး ထင်တယ်”
“ရပါတယ်၊ ကိုယ်ယူလာခဲ့တယ်”
စုဝေ့ချင်းက ပြောနေရင်းဖြင့် မီးဖိုချောင်ဘက်သို့ ပြေးသွားခဲ့ပြီးနောက် မကြာမီမှာပင် ဝက်ခြေထောက်စွပ်ပြုတ်များ ထည့်ထားသည့် လိမ္မော်ရောင်ရေနွေးဓာတ်ဘူးကို ကိုင်ဆောင်ကာ ပြန်လာခဲ့၏။
“အမေက ပေါ့ဆတတ်တော့ ထမင်းစားဆောင်မှာ ရေနွေးဓာတ်ဘူးတွေ အများကြီး ကျန်ခဲ့တာလေ၊ ဒီက စားဖိုမှူးကြီးက အမေ့ကို သိနေတော့ အဲဒါတွေကို သိမ်းပေးထားတာ
အဲဒါကြောင့် ကိုယ်က မီးဖိုချောင်ထဲသွားပြီး ယူလိုက်ရုံပဲ”
သူက ဘေးဘကာသို့ အနည်းငယ် တိုးကပ်လိုက်ပြီး အသံကိုနှိမ့်၍ပြောလာသည်။
“အခုမှပဲ ကိုယ့်ရဲ့ တကယ့်အဖေက စက်ရုံဒုတိယညွှန်ကြားရေးမှူးဖြစ်နေတဲ့ ကောင်းကျိုးကို သိရတော့တယ်”
ဇနီးမောင်နှံနှစ်ဦးမှာ ဝက်ခြေထောက်စွပ်ပြုတ်ကိုကိုင်ကာ အိမ်သို့ ပြန်လာခဲ့ကြ၏။
ထိုညက အစားအသောက်များက ပြည့်စုံနေခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ စိတ်ကြည်လင်ခြင်း မရှိခဲ့ကြပါချေ။
အထူးသဖြင့် လော်ယွီရှို့မှာ ဟိုဘက်ဒီဘက် လူးလှိမ့်ကာ အိပ်မပျော်နိုင် ဖြစ်နေခဲ့ပေသည်။
သူမက ညဦးပိုင်းအချိန်အထိ ဧည့်ခန်းထဲတွင် ထိုင်နေခဲ့ပြီး ရေထွက်သောက်သည့် လီရှန်းကိုပင် လန့်ဖျပ်သွားစေခဲ့၏။
“အမေလား”
“ရှန်းရှန်းလား၊ မင်း မအိပ်သေးဘူးလား”
လူတိုင်း အိပ်ပျော်နေကြပြီဟု ထင်မှတ်ထားခဲ့သည့်အတွက် လော်ယွီရှို့မှာလည်း အနည်းငယ် အံ့ဩသွားရသည်။
“ဟုတ်တယ်၊ ကျွန်မ မနက်ဖြန် အစည်းအဝေးအတွက် စာရွက်စာတမ်းတွေ ပြင်ဆင်နေတာလေ”
လီရှန်းက မီးဖိုချောင်သို့သွားကာ ရေနွေးတစ်ခွက် ခပ်လိုက်ပြီးနောက် လော်ယွီရှို့အတွက် နို့မှုန့်တစ်ခွက်ကို ဖျော်ပေးလိုက်၏။
စုမိသားစုတွင် ကလေးနည်းပါးပြီး လော်ယွီရှို့သည်လည်း သူမ၏ မြေးနှစ်ယောက်ကို အလွန်အမင်း အလိုလိုက်တတ်သူ ဖြစ်ပေသည်။
ထို့ကြောင့် နို့မှုန့်ကဲ့သို့သော အရာများကို မည်သူမဆို ဖျော်သောက်နိုင်ရန်အတွက် မီးဖိုချောင်ထဲ၌ပင် အမြဲတမ်း ထားပေးခဲ့သည်။
“အမေ.. ဒီလောက်အေးတဲ့ ရာသီဥတုမှာ အပြင်မှာ ထိုင်နေရတာ မအေးဘူးလား၊ ဒီမှာ.. နွေးသွားအောင် ဒါလေး သောက်လိုက်ပါဦး”
လီရှန်းက အနားသိုးလျှောက်လာခဲ့ပြီး လော်ယွီရှို့၏ ဘေးတွင် ဝင်ထိုင်လိုက်၏။
လော်ယွီရှို့လည်း လီရှန်း၏လက်ထဲမှ ခွက်ကို လှမ်းယူလိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်လေ၏။
“ဒီနေ့ မင်းကို ဒီလိုကိစ္စတွေ ကြုံတွေ့စေတဲ့အတွက် အမေ စိတ်မကောင်းပါဘူး”
လော်ယွီရှို့က ဝူလီ၏ကိစ္စကို ရည်ညွှန်းနေခြင်းဖြစ်ကြောင်း လီရှန်း သိရှိသောကြောင့် ပြုံးပြလိုက်လေ၏။
“ ဒါက ဘာမှမဟုတ်ပါဘူး ၊ ကျွန်မတို့က မိသားစုဝင်တွေပဲလေ ၊ ယောက်မက ကူညီပေးဖို့ တောင်းဆိုလာမှတော့ ကျွန်မလည်း ဘယ်လိုလုပ်ပြီး ဘေးကနေ ကြည့်နေနိုင်မှာလဲ”
ထိုစကားဖြင့် သူမက ကိုယ့်ကိုယ်ကိုယ်လည်း တစ်ဖက်လှည့် ကာကွယ်လိုက်လေ၏။
ဝူလီက လော်ယွီရှို့ကို မည်သို့ပြောခဲ့သည်ကို သူမ မကြားခဲ့ရသော်လည်း ဝူလီသည်က ဤကိစ္စတွင် ကိုယ်တိုင်၏အမှားကို လျှော့ပေါ့ပြောဆိုလိမ့်မည် ဖြစ်ကြောင်း ခန့်မှန်းကြည့်ရုံဖြင့် သိနိုင်ပေသည်။
ဝူလီက လီရှန်းဘက်မှ ဦးဆောင်ပြီး ကူညီခဲ့သည်ဟု ပြောခဲ့ခြင်းပင် ဖြစ်နိုင်သေးသည်။
လော်ယွီရှို့က အံ့အားသင့်သွားရပြီးပြန်မေးလိုက်၏။
“သူက မင်းကို ကူညီဖို့ တောင်းဆိုခဲ့တာလား”
“ဟုတ်.. ကျွန်မက အကြောင်းပြချက်မရှိဘဲ ဝင်ပါလို့ မရဘူးလေ၊ အဲဒီအချိန်မှာ ကျွန်မမှာ ဧည့်သည်တွေလည်း ရှိနေသေးတယ်”
လီရှန်းသည်က ကျန်းချင်းတုန် သူမကို ပိုက်ဆံပေးခဲ့သည့် ကိစ္စကိုလည်း လော်ယွီရှို့အား ပြောပြလိုက်လေ၏။
“ဒီကိစ္စ ပြီးသွားပြီဆိုတော့ အထည်အလိပ်စက်ရုံနဲ့ ကျွန်မရဲ့ ပတ်သက်မှုလည်း ပြီးဆုံးသွားပါပြီ”
သူမက စကားပြောပြီးနောက် လော်ယွီရှို့၏ လက်မောင်းကို လှမ်းဖက်ကာ ပါးပြင်ကို လော်ယွီရှို့၏ ပုခုံးပေါ်တွင် မှီလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောလိုက်၏ ။
“အမေ ..ကျွန်မအမေ့ကို တကယ်ပဲ ကျေးဇူးတင်ချင်ပါတယ်”
“ဘာဖြစ်လို့လဲ”
လော်ယွီရှို့က ချက်ချင်းပင် စိတ်ဝင်စားသွားပြီး သူမကို လှည့်ကြည့်လိုက်လေသည်။
“တကယ်တော့ ယောက်မရဲ့ မိသားစုကပဲ ပြဿနာရှာနေတာ မဟုတ်ဘူးလေ၊ ကျွန်မရဲ့ မိသားစုကလည်း အတူတူပါပဲ၊
စုဝေ့ချင်းနဲ့ ကျွန်မ လက်ထပ်ခဲ့တာ ဒီလောက်ပဲရှိသေးတာကို ကျွန်မရဲ့ အဖေက ရဲစခန်းအထိတောင် ရောက်ခဲ့ဖူးသေးတယ်
တခြားသူတွေရဲ့ ယောက္ခမသာဆိုရင် ကျွန်မလို ချွေးမမျိုးကို မကြိုက်လောာ်တော့ဘူး၊
ဒါပေမဲ့ အမေက ကျွန်မကို အပြစ်မတင်တဲ့အပြင် အထင်လည်းမသေးခဲ့ဘူးလေ၊ အဲဒီကိစ္စကို တစ်ခါမှတောင် ထုတ်မပြောခဲ့ဘူး၊ အခုထိလည်း ကျွန်မအပေါ်မှာ ဒီလောက်တောင် ကောင်းနေတုန်းပဲ”
“မင်းရဲ့ မိသားစုက ဘယ်လိုမျိုးလဲဆိုတာက မင်းဘက်က ဆုံးဖြတ်လို့ရနိုင်တာမှ မဟုတ်တာပဲ”
လော်ယွီရှို့မှာ ချွေးမတစ်ဦး၏ မိသားစုနောက်ခံကြောင့် အထင်သေးတတ်သော ယောက္ခမများကို လူမိုက်များဟုသာ ထင်မြင်မိပေသည်။
“အမေက အဲဒီလို အပေါ်ယံအရာတွေကို ဂရုမစိုက်ပါဘူး၊ မင်းက မိန်းကလေးကောင်းလေးတစ်ယောက်ဖြစ်ကြောင်းကို သိရုံနှင့် လုံလောက်ပါပြီ”
လော်ယွီရှို့မှာ ဒါရိုက်တာဝမ်နှင့် ဒါရိုက်တာလျို့တို့ကလည်း လီရှန်းကို ချီးကျူးခဲ့ကြသည်များကို ပြန်လည်တွေးမိပြီး မပြုံးဘဲ မနေနိုင်တော့ချေ။
*