← Chapters

အခန်း (၁၇၅)

Vol. 18 Ch. 175

အခန်း (၁၇၅)

Vol. 18 Ch. 175

အသက်အရွယ်ရနေသော သုတေသနပညာရှင်များက မည်သို့လုပ်ရမည်ကို ဝေခွဲမရ ဖြစ်နေကြသော်လည်း၊ လူငယ်ပိုင်းများမှာတော့ ထိုမျှလောက် များများစားစား တွေးမနေကြပါချေ။

သူတို့က အလွန်ပင် စိတ်ဓာတ်တက်ကြွနေကြပြီး ကျန်းရိကော်ကို တောက်ပသော မျက်လုံးများဖြင့် ကြည့်နေကြ၏။

ကျန်းရိကော်က ခေါင်းညိတ်ပြပြီး နာမည်စာရင်း ပေးသွင်းနိုင်ပြီဖြစ်ကြောင်း ပြောလိုက်သည်နှင့် သူတို့ ပြေးသွားကြလုနီးပါး ဖြစ်နေခဲ့ကြပေသည်။

“ငါ့ယောက်ျားကို ကြည့်ပါဦး၊ သူ့မျက်လုံးတွေက အရောင်တောက်လွန်းလို့ မီးသီးတွေလိုဖြစ်နေပြီ”

ဖန်ထုံတစ်ယောက် သူမ၏မျက်နှာကို လက်နှင့်အုပ်ကာ အားမလိုအားမရသော အမူအရာဖြင့် လီရှန်းကို တိုးတိုးလေး ပြောလိုက်၏။

လီရှန်းကလည်း ချောင်းအသာဟန့်လိုက်မိသည်။

စုဝေ့ဟိုင်ကလည်း အတူတူပါပဲ။

သူက ဝေခွဲမရဖြစ်နေသေးသော သုတေသနပညာရှင်များထဲမှ တချို့နှင့် အသက်အရွယ် တူသော်လည်း သူ၏ မျက်ဝန်းထဲမှ အလင်းရောင်မှာ ဖန်ထုံ၏ ခင်ပွန်းနှင့် သိပ်ပြီးမကွာခြားနားပါချေ။

သူတို့၏အိမ်မှမိသားစုဝင်များတွင် အလုပ်အကိုင် ရှိနေကြသည့်အတွက် ငွေရေးကြေးရေးအရ ဖိအားများစွာ ရှိမည်မဟုတ်သောကြောင့် ဖြစ်နိုင်သည်။

“ကောင်းတာပေါ့၊ အစ်မတို့နှစ်ယောက်က ကလေးလည်း မရှိသေးဘူးလေ၊ တကယ်လို့ ဒါကိုသာ တကယ်ကြီး အောင်မြင်အောင် လုပ်နိုင်ခဲ့ရင် အစ်မတို့ရဲ့ အနာဂတ်က အများကြီး ပိုပြီး ချောမွေ့သွားမှာ”

လီရှန်းသည် ဤစကားကို စိတ်ရင်းနှင့် ပြောလိုက်ခြင်း ဖြစ်ပေသည်။

သူမက စီမံကိန်း၏ ရလဒ်ကို ကြိုတင်သိရှိနေခဲ့သည်မဟုတ်ပါလား။

ဤကာကွယ်ဆေးမှာ စာရေးသူက ဇာတ်လိုက် စုဝေ့ဟိုင်အတွက် ပေးထားသည့် အထူးအခွင့်အရေးတစ်ခု ဖြစ်ပေ၏။

ဤသည်မှာ အောင်မြင်ရန်အတွက် သေချာပေါက် သတ်မှတ်ထားသော စီမံကိန်းတစ်ခုလည်းဖြစ်သည်။

ထို့ကြောင့် အကယ်၍ ဖန်ထုံ၏ ခင်ပွန်းသည်သာ ဤစီမံကိန်းအဖွဲ့တွင် ပါဝင်နိုင်ခဲ့လျှင် သူ၏ လုပ်သက်မှတ်တမ်းမှာ ပို၍ တောက်ပြောင်လာပေလိမ့်မည်။

“ငါလည်း အဲဒီလိုပဲ ပြောထားတယ်၊ ဒါ့အပြင် ငါတို့ နည်းပညာဌာနက အလုပ်များတယ်ဆိုပေမဲ့ သုတေသနဌာနထက်စာရင်တော့ အများကြီး ပိုကောင်းပါသေးတယ်”

ဖန်ထုံက ခေါင်းညိတ်ပြ၏။ သူမသည်လည်း သူမခင်ပွန်း၏ လက်ရှိအသက်အရွယ်မှာ အလုပ်ကို ကြိုးကြိုးစားစား လုပ်ဆောင်ရန် အသင့်တော်ဆုံး အချိန်ဖြစ်သည်ဟု ခံစားမိနေခဲ့ပေသည်။

“ဒါကြောင့် ငါ သူ့ကို အများကြီး ထောက်ခံပေးထားတာ”

ဖန်ထုံသည်က သူမ၏ ခင်ပွန်းကို ကြည့်ကာ မျက်ဝန်းထဲတွင် အပြုံးရိပ်များ ပြည့်နှက်နေခဲ့သည်။

သူမက တိုးတက်လိုစိတ် ပြင်းပြသော အမျိုးသမီးတစ်ဦးဖြစ်သဖြင့် သူမ၏ခင်ပွန်းမှာလည်း ထိုကဲ့သို့သော ရည်မှန်းချက်မျိုး ရှိနေကာ သာယာလှပသော ဘဝသစ်ဆီသို့ လက်ချင်းတွဲ လျှောက်လှမ်းသွားကြရန်ကို မျှော်လင့်နေမိပေ၏။

“အစ်မလိုဇနီးမျိုးရထားတာ သူကံကောင်းတာပဲ”

မျက်ဝန်းများ အရောင်တောက်နေသော အမျိုးသားနှင့် သူနှင့်အတူ မျက်ဝန်းများ တောက်ပနေသော စုဝေ့ဟိုင်ကို ကြည့်ရင်း လီရှန်းမှာ သက်ပြင်းမချဘဲ မနေနိုင်တော့ပါချေ။

မူရင်းနိုဗယ်ထဲက ဝူလီက စုချန်နှင့် စုကျွင့်ကို ပစ်ထားခဲ့သော်လည်း အဆုံးတွင် အဘယ်ကြောင့် မွေးဖွားချိန်တွင် အဆင်မပြေဖြစ်ကာ ခက်ခက်ခဲခဲဖြင့်သာ ကလေးမွေးဖွားခဲ့ရသည်ကို ယခုမှပင် နားလည်သွားတော့သည်။

ဤကဲ့သို့သော ခင်ပွန်းမျိုးရှိနေခြင်းမှာ ဝူလီအတွက်တော့ ကံကောင်းခြင်း မဟုတ်ပါချေ။

ကျန်းရိကော်က ညွှန်ကြားရေးမှူးဖြစ်သည့်အတွက် နိုင်ငံတော်စီမံကိန်းများကိုသာမက တခြားသော စီမံကိန်းများ၏ တိုးတက်မှုကိုလည်း စီစဉ်ပေးရသည်။

ထို့ကြောင့် ပြီးခဲ့သောနှစ်က စီမံကိန်းများတွင် စတင်ဆွေးနွေးကြ၏။

လက်ရှိတွင် ပိုင်မားခရိုင် ဆေးဝါးစက်ရုံက ထိုးဆေးများကိုသာ အဓိက သုတေသနပြုလုပ်နေပြီး သောက်ဆေးများ၊ အထူးသဖြင့် ဆေးမှုန့်များကိုတော့ လုပ်ဆောင်ခြင်း မရှိသလောက်ပင်။

လီရှန်းက စက်ရုံ၏ ဆေးဝါးစာရင်းကို လှန်လှောကြည့်ချိန်က ဆေးမှုန့်တစ်မျိုးမျှပင် ရှာမတွေ့ခဲ့ပါချေ။

သို့သော် လီရှန်းအတွက်တော့ ဆေးမှုန့်များမှာ သူမ အကျွမ်းကျင်ဆုံးသော အရာများ ဖြစ်ပေသည်။

တာဝန်ပေးအပ်ခံရသော ကမ္ဘာများတွင် သူမ တာဝန်ယူရသည့် ပစ်မှတ်များက များသောအားဖြင့် အလွန်ငယ်ရွယ်သူများ ဖြစ်ကြ၏။

ကလေးသူငယ်များ ဖျားနာခြင်းမှာ အလုပ်အရှုပ်ဆုံးဖြစ်ပြီး သူတို့အား ရေဖြင့် ဖျော်တိုက်ရသော ဆေးမှုန့်များကိုသာ ပေး၍ရပေသည်။

ထို့ကြောင့် နောက်ပိုင်းတွင် သူမက ဆေးမှုန့်ပြုလုပ်နည်းကို အဓိကထား လေ့လာခဲ့၏။ အချိန်ပေးနိုင်မည်ဆိုပါက သူမအနေဖြင့် စက်ကိရိယာများမလိုဘဲ လက်ဖြင့်ပင် ဆေးမှုန့်များကို ပြုလုပ်နိုင်ပေသည်။

အရသာနှင့် ပုံပန်းသဏ္ဌာန်မှာ သိပ်မကောင်းသော်လည်း ဆေးအာနိသင်မှာတော့ လျော့နည်းသွားခြင်း မရှိပါချေ။

အထူးသဖြင့် ယခုအချိန်တွင် တရုတ်တိုင်းရင်းဆေးများရှိနေသကဲ့သို့ ဆေးညွှန်းများမှာလည်း အဆင်သင့် ရှိနေခဲ့သည်။

နှမြောစရာကောင်းသည်မှာ သူမက ယခုအချိန်တွင် နည်းပညာဌာနမှ ဝန်ထမ်းတစ်ဦးသာ ဖြစ်ပြီး ဆေးဝါးထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ တစ်ခါမျှ မထိတွေ့ဖူးသေးပါချေ။

သူမက မတော်တဆ ဆေးမှုန့်များကို ထုတ်လုပ်လိုက်မည်ဆိုပါက ထူးဆန်းနေပေလိမ့်မည်။ သူမအနေဖြင့် နောက်ပိုင်းမှသာ အခွင့်အရေးကို စောင့်ရပေတော့မည်။

သို့သော်လည်း...

သူမ၏ အခြေခံကျသော ဆေးမှုန့်ပြုလုပ်နည်းမှာ မူလဇစ်မြစ် တစ်ခုခုတော့ ရှိရပေမည်။

လီရှန်းသည် မျက်လွှာချလိုက်ပြီးနောက် ကျန်းရိကော်၏ စီမံကိန်း တာဝန်ခွဲဝေမှုများကို မှတ်စုစာအုပ်ထဲတွင် ချရေးလိုက်၏။

မည်သို့ပင်ဆိုစေ သူတို့အနေဖြင့် အလုပ်ရုံရှိ ထုတ်လုပ်မှု တာဝန်များကို ညှိနှိုင်းပေးရန် တာဝန်ရှိသည်မဟုတ်ပါလား။ နည်းပညာဌာနက နည်းပညာပိုင်းကိုသာမက အထက်နှင့် အောက် အဆင့်ဆင့်ကို ချိတ်ဆက်ပေးရသော ဌာနလည်း ဖြစ်ပေသည်။

လီရှန်းတစ်ယောက် အတွေးများ နယ်ချဲ့နေရင်း မှတ်စုများကို ဆက်လက် ရေးမှတ်နေခဲ့၏။

ထိုအချိန်မှာပင် ကျန်းရိကော်က နောက်ဆုံးစီမံကိန်းအကြောင်းကို စတင်ပြောဆိုလာတော့သည်။

ပိုင်မားခရိုင် ဆေးဝါးစက်ရုံမှာ နိုင်ငံတော်အဆင့်နှင့် ယှဉ်လျှင် အတိုင်းအတာကြီးမားခြင်း မရှိပါချေ။

နိုင်ငံပိုင် သုတေသနဌာနကြီး ခြောက်ခုနှင့် နှိုင်းယှဉ်လျှင် ကလေးသူငယ်သာသာမျှသာ ဖြစ်ပေသည်။

သို့သော် ထိုသည်က အရေးမကြီးဟု မဆိုလိုပါချေ။ ဒုတိယညွှန်ကြားရေးမှူး စုဝေ့မင်မှာ ရည်မှန်းချက်ကြီးမားသူဖြစ်ပြီး ဤနေရာကို ခုနစ်ခုမြောက် နိုင်ငံပိုင် သုတေသနဌာနကြီး ဖြစ်လာစေရန် အလိုရှိနေခဲ့၏။

ထို့ကြောင့် ဤစီမံကိန်းကို လက်ခံရရှိပြီးနောက် စုဝေ့မင်က ခေါင်းဆောင်ပိုင်းနှင့် အစည်းအဝေးပြုလုပ်ကာ ဤစီမံကိန်းကို အောင်မြင်အောင် လုပ်ဆောင်ရန် တောင်းဆိုခဲ့ပေသည်။

ကျန်းရိကော်က အကြမ်းဖျင်း ရှင်းပြပြီးနောက် လူနှစ်ဦးကို အမည်ခေါ်လိုက်၏။

“ယွီယန်နဲ့ ကျန်းယွမ်ဟဲ၊ မင်းတို့နှစ်ယောက်က စီမံကိန်းအဖွဲ့ တစ်ဖွဲ့စီကို ဦးဆောင်ပြီး ပူးပေါင်းသုတေသန ပြုလုပ်ရမယ်”

“ဟုတ်ကဲ့ပါ.. ညွှန်ကြားရေးမှူး”

အမည်ခေါ်ခြင်း ခံရသော ဒါရိုက်တာနှစ်ဦးက ထရပ်ကာ တာဝန်ကို လက်ခံလိုက်ကြ၏။

ကျန်းရိကော်က ခေါင်းညိတ်လိုက်ပြီး စာရွက်စာတမ်းများကို ထပ်မံလှန်လှောလိုက်သည်။

“အစည်းအဝေးပြီးရင် နာမည်စာရင်း ပေးသွင်းဖို့ကို မင်းတို့ဘာသာ စဉ်းစားကြပါ”

ထိုသို့ပြောပြီးနောက် ကျန်းရိကော်က သုတေသနဌာန၏ အရေးကြီးသော ကိစ္စရပ်များကို ရှင်းပြပြီးစီးသွား၏။

သူက လီရှန်းကို ခေါင်းညိတ်ပြလာသောကြောင့် သူမကလည်း ပြန်လည်နှုတ်ဆက်လိုက်လေသည်။ ထို့နောက် ကျန်းရိကော်က ဆက်လက်၍ ပြောလာသည်။

“မင်းတို့ကို စဉ်းစားဖို့ နာရီဝက် အချိန်ပေးမယ်၊ ဒီနာရီဝက်အတွင်းမှာ သွားပြီး နာမည်စာရင်း ပေးသွင်းကြပါ၊ နာမည်စာရင်း ပေးသွင်းပြီးတဲ့သူတွေက နာရီဝက်ကြာရင် အစည်းအဝေးအတွက် ပြန်လာခဲ့ကြ”

လီရှန်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။

သုတေသနပညာရှင်များ တစ်ဦးပြီးတစ်ဦး ထွက်သွားကြပြီးနောက် အစည်းအဝေးခန်းမကြီးထဲတွင် သူမ၊ ဖန်ထုံနှင့် မှတ်စုရေးရန် တာဝန်ရှိသော စုဝေ့ချင်းတို့သာ ကျန်ရစ်တော့၏။

“အခု ငါတို့အလှည့် ရောက်ပြီ”

ဖန်ထုံက ကိုယ့်ကိုယ်ကိုယ် အားပေးသည့်အနေဖြင့် လက်သီးကို တင်းကြပ်စွာ ဆုပ်လိုက်၏။

“ကျွန်မတို့က အများကြီးတော့ မကူညီနိုင်ဘူးလေ”

လီရှန်း မျက်မှောင်ကြုတ်လိုက်ပြီး မတိုင်မီက ဒါရိုက်တာကျန်း၏ မျက်ဝန်းထဲမှ ပြတ်သားသော အကြည့်များကို ပြန်လည်အမှတ်ရမိသွားသည်။

“ကျွန်မ သူတို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်သွားမှာကို စိုးရိမ်မိတယ်”

သူမ မပြောဘဲ မနေနိုင်တော့ပါချေ။

“ဒါက ငါတို့ရနိုင်သမျှ အစုံလင်ဆုံး စက်ကိရိယာတွေပဲလေ၊ ပစ္စည်းအတော်များများကို ဝယ်ဖို့အတွက် ပေကျင်းနဲ့ ဟိုင်ချန်က အဆက်အသွယ်တွေကိုတောင် အသုံးပြုခဲ့ရတာ”

ဖန်ထုံကလည်း သက်ပြင်းချလိုက်၏။ ပြည်နယ်အဆင့် သုတေသနဌာနနှင့် နိုင်ငံပိုင် သုတေသနဌာနကြားတွင် ကွာခြားချက် ရှိသည်မဟုတ်ပါလား။

အနည်းဆုံးတော့ အထက်မှ ပံ့ပိုးကူညီမှု အဆင့်အတန်းက ကွဲပြားပေလိမ့်မည်။

“အဲဒီလို မတွေးပါနဲ့”

သူတို့နှစ်ဦးလုံး စိတ်ဓာတ်ကျနေသည်ကို မြင်လျှင် စုဝေ့ချင်းက စိတ်ပြေလျော့စေရန် ရယ်စရာတစ်ခုနှင့် ဝင်ပြောလိုက်၏။

“အနည်းဆုံးတော့ ဒါရိုက်တာရန်က ကျွန်တော်တို့ဆီကို လူတွေ လွှတ်ပေးထားတာပဲ မဟုတ်လား”

သေချာပေ၏။

ဒါရိုက်တာရန်၏ ခရီးစဉ်မှာ စီမံကိန်းအသစ် တစ်ခုတည်းကိုသာ ယူဆောင်လာခဲ့ခြင်း မဟုတ်ဘဲ၊ ဆေးဝါးသုတေသနတွင် အလွန်ထူးချွန်သော်လည်း အာဏာပိုင်များ၏ တိုင်တန်းခြင်း ခံထားရသည့် ပေကျင်းမှ ထိပ်သီးပညာရှင်အချို့ကိုပါ လျှို့ဝှက်စွာ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ပေသည်။

တကယ်တမ်းတွင် ဤလုပ်ရပ်က အလွန် အန္တရာယ်များသော်လည်း ဒါရိုက်တာရန်က လုပ်ရဲသည်ဆိုကတည်းက သူသည် လိုအပ်သော ပြင်ဆင်မှုများကို ကြိုတင်လုပ်ဆောင်ထားပြီး ဖြစ်ရမည်။

“မင်းကတော့ ပြောနိုင်တာပေါ့၊ ဆန်မရှိရင် ထမင်းချက်လို့ မရဘူးဆိုတာ မသိဘူးလား”

ဖန်ထုံက နှာခေါင်းရှုံ့လိုက်၏။

“ရှိတာထက်စာရင်တော့ ပိုကောင်းာပဲ မဟုတ်ဘူးလား”

စုဝေ့ချင်းက စိတ်မဆိုးပါချေ။ သူက ရယ်မောကာ လီရှန်း၏ ပုခုံးကို ပုတ်လိုက်လေ၏။

“ကိုယ်တို့ အတတ်နိုင်ဆုံး ကြိုးစားကြတာပေါ့၊ လောကကြီးမှာ မပြည့်စုံတာတွေ ရှိနေတာပဲ၊ ကိုယ်တို့ လုပ်သမျှ အရာအားလုံးကိာ ပြည့်စုံနေဖို့ ဘယ်လိုလုပ် မျှော်လင့်လို့ ရမှာလဲ”

လီရှန်းက ထိုစကားကို ပြန်စဉ်းစားကြည့်ပြီး သဘောတူလိုက်၏။

သူမအနေဖြင့် အတတ်နိုင်ဆုံးသာ လုပ်ဆောင်သင့်ပေသည်။

ဖန်ထုံက သူမ၏ လက်မောင်းများကို ပွတ်သပ်လိုက်ပြီး ပြောလာခဲ့သည်။

“ စာပေပညာရှင်ဆိုတော့ ပြောပုံဆိုပုံက သာမန်လူတွေနဲ့ မတူဘူးပဲ”

ထိုစကားများမှာ အမှန်တကယ်ပင် နားဝင်ချိုလှပေသည်။

“ဒါပေါ့၊ အစ်မလည်း စာများများသာ ဖတ်စမ်းပါ”

စုဝေ့ချင်းသည်ကား ‘မျိုးရိုးအမည် တစ်ရာ’ ကိုသာ လေ့လာနေရသေးသော်လည်း အလွန်ပင် ယုံကြည်မှုရှိစွာဖြင့် မေးစေ့ကို ပင့်မ,လိုက်လေသည်။

*

All Chapters