မီးပန်းတွေအများကြီးရပြီး အချမ်းသာဆုံးဖြစ်မယ့် ပုဂ္ဂိုလ်
Vol. 163 Ch. 2355
“ ကိစ္စ မရှိဘူး …. ကိုယ့်အချင်းချင်းတွေချည်းပဲ … စိတ်ချလက်ချနဲ့ ယုံကြည်လို့ရတယ် ….”
“ အဲ့တာဆိုရင်တော့ အဆင်ပြေပါတယ် …” ယွီစီယင်မှာ စိတ်သက်သာရာ ရသွားခဲ့သည်။
“ ကောင်းပြီ … အခု ငါပြောခဲ့တဲ့အတိုင်း သေချာလှုပ်ရှားကြ … သတိလည်းထားပါ … မပေါ့ဆကြနဲ့ …. တစ်ခုခု ဖြစ်လာခဲ့ရင် ကိုယ့်အသက်က အရေးကြီးဆုံးပဲ … ကျန်တာ ဘာမှ အရေးမကြီးဘူး ….”
“ ဟုတ်ကဲ့ … နားလည်ပါပြီ ခေါင်းဆောင် ….”
….
နောက်ရက်အနည်းငယ်အထိ လင်းရီ၏ ဘဝမှာ အတော်လေး အေးချမ်းတိတ်ဆိတ်နေသည်။
အမှောင်ထဲတွင် ရစ်ဝဲနေသည့် ဝဲကတော့များအားလုံးလည်း လင်းရီ၏ ပိတ်စို့ခြင်းကို ခံထားရကာ ကျီချင်းရန်မှာ မည်သည့် မူမမှန်မှုကိုမျှ သတိထားမိပုံမရပေ။
ဤအတောအတွင်း လင်းရီသည် ရှင်းရှန်း ရဲစခန်းသို့ သွားရောက်ခဲ့ပြီး မစ်ရှင် တစ်ခုကို နှိုးဆွလို နှိုးဆွငြား ၊ ကံစမ်းခဲ့၏။ သို့သော် မည်သည့် လှုပ်ရှားမှုမျှ မရှိခဲ့ပေ။
တာဝန်များ ခွဲဝေပေးပြီး သုံးရက်ကြာပြီးနောက် လင်းရီထံသို့ ချိုးယွီလော့ ဖုန်းဆက်လာသည်။
သူ ပို့ပေးလိုက်သည့် ဒုတိယဆေးတစ်သုတ်တွင်လည်း အဆိုပါ စိတ်ကြွဆေးများ ပါဝင်နေပြီး ဆေးပမာဏကတော့ အနည်းငယ် ပိုများ၏။
ဤသတင်းကို အတည်ပြုပြီးနောက် လင်းရီသည် ကြိုတင် သိရှိထားသကဲ့သို့ စိတ်နှလုံး တည်ငြိမ်နေသည်။
သို့ပေမယ့်လည်း သူ၏ တွန်းအားများကို ဆက်ပြီး ထိန်းချုပ်ထားဖို့ ရွေးချယ်ထားကာ ရှောင်ပင်းထံက သတင်းကို စိတ်ရှည်လက်ရှည်နှင့် စောင့်ဆိုင်းနေခဲ့သည်။
နေ့ရက်တို့က တစ်နေ့ပြီး တစ်နေ့ ကုန်ဆုံးသွားခဲ့ပြီး ငါးရက်မြောက်နေ့ မွန်းလွဲပိုင်း အချိန်။ လင်းရီ ရုံးခန်းထဲ အနားယူနေစဉ်၌ ရှောင်ပင်းထံက ဖုန်းဝင်လာခဲ့၏။
“အစ်ကိုရီ … စန်ဒါထိုက်လျန်က ဂျပန်ကို ပြန်ဖို့ စီစဉ်နေတယ် ….”
“ ဂျပန်ကို ပြန်မယ် ဟုတ်လား …..”
“ ကျွန်မ ဆေးရုံ ဌာနထဲ ဝင်ပြီး လှည့်ပတ်စုံစမ်းကြည့်တာ နာ့စ်တွေပြောတာတော့ သူ့အိမ်မှာ ပြဿနာ နည်းနည်းတက်နေတယ်တဲ့ …. ဒါကြောင့်မို့ ခွင့်ရက်ရှည်တင်ပြီး ပြန်ဖို့ လုပ်နေတယ် ….”
“ ငါ သိပ်မကြာခင်တုန်းကပဲ စွေ့ချန်နဲ့ ဖုန်းပြောခဲ့တာ ဂျပန်မှာ အကုန်လုံးက ပုံမှန်ပါပဲ … ဘာများဖြစ်နိုင်မှာမို့လို့ ….”
“ တစ်ခုခု ရှိလို့ နေမှာပေါ့ ….” ရှောင်ပင်း ပြောလိုက်ပြီး “ အခု ကျွန်မ ဂျပန်ကို လေယာဉ်နဲ့သွားပြီး အစ်မယင်တို့နဲ့ ဆုံဖို့ စီစဉ်ထားတယ် ….”
“ အင်း … ဟုတ်ပြီ ….”
“ ဪ ဒါနဲ့ တစ်ခု ရှိသေးတယ် ….” ရှောင်ပင်းက ဆက်လက်၍ “ အရင် လဝက်လောက်တုန်းက သူ လန်ဒန်ရဲ့ သူဌေးရပ်ကွက်မှာ စံအိမ်တစ်လုံး ဝယ်လိုက်သေးတယ် … သူ့ရဲ့ လစာနဲ့ဆိုရင် အဲ့လို အရာမျိုး ပိုင်ဆိုင်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ ….”
“ ဖရီးမေဆင် အဖွဲ့ဝင် ဖြစ်နေတာရယ် … မစ်ရှင်လုပ်ဖို့ လာဘ်ထိုးခံထားရတာနဲ့ဆိုတော့ လက်ထဲ အချီကြီး မြတ်ထားရောပေါ့ …. ဆန်းတော့မဆန်းပါဘူး ….” လင်းရီ ပြောလိုက်သည်။
“ အဲ့ကိုရောက်တဲ့အခါကျရင် သူ့ကို သေချာ မျက်လုံးဒေါက်ထောက် ကြည့်ထား …. သူ့ မိသားစုကို တစ်ခြားတစ်နိုင်ငံ ပို့ဖို့ စီစဉ်နေတာ ဖြစ်လောက်တယ် ….”
“ နားလည်ပါပြီ ….”
တာဝန်ပေးပြီးနောက် လင်းရီ ဖုန်းချလိုက်သည်။
စန်ဒါထိုက်လျန်၏ အပြုအမူများက အမှန်တရားသည် မကြာခင် ပေါ်ထွက်လာတော့မည်ဟူသော ခံစားချက်မျိုး ပေးစွမ်းနေသည်။ အမှောင်ထဲတွင် ပုန်းအောင်းနေသည့် အနှီနတ်ဆိုးနှင့် သားရဲတို့က ဖြည်းဖြည်းချင်း ရုပ်လုံးထွက်ပြလာနေကြသည်။
ယခုတော့ မည်သူက ပိုမြန်ပြီး ပိုရက်စက်သလဲ ဆိုတာကိုပဲ ကြည့်ရတော့မည်။
နောက်တစ်နေ့ နေ့လည်ခင်းတွင် လင်းရီထံသို့ ရှောင်ပင်း ထပ်မံ၍ ဖုန်းခေါ်လာခဲ့၏။
“ အစ်ကိုရီ ခန့်မှန်းတာ မှန်တယ် … စန်ဒါထိုက်လျန်က တကယ်လည်း ရွေ့ပြောင်းဖို့ စီစဉ်နေတာ … စုံစမ်းရမိသလောက်ဆိုရင် သူ မနေ့တုန်းကပဲ လန်ဒန်ကို သွားမယ့် လေယာဉ်လက်မှတ် ဖြတ်ထားတယ် …. မွန်းလွဲ ၂ နာရီ ဝန်းကျင်လောက် ထွက်ဖို့ရှိတယ် … ကျွန်မတို့ လှုပ်ရှားလိုက်ရမလား ….”
“ နေဦး … အဲ့တာက မြွေကို မျှားတဲ့ လှည့်ကွက်လည်း ဖြစ်နေနိုင်တယ် ….”
စက္ကန့်အနည်းငယ်ကြာအောင် တွေးတောပြီးနောက် လင်းရီ ပြောလိုက်၏။ “ လန်ဒန်ကို သူတစ်ယောက်တည်း သွားမှာလား … ဒါမှမဟုတ် မိသားစုနဲ့လား ….”
“ သူ တစ်ယောက်တည်းပဲ … တစ်ချို့ ကိစ္စလေးတွေ အရင်ကိုင်တွယ်ထားမလို့ နေမှာပေါ့ ….”
“ အဲ့တာဆိုရင်တော့ ပိုလွယ်သွားပြီ … သူ့နောက် တိတ်တိတ်လေး လိုက်သွား … ပြီးရင် အခွင့်အရေးရှာပြီး သူ့ကို ငါနဲ့ တွေ့ဖို့ ခေါ်လာခဲ့လိုက် …. ဘယ်သူမှ မသိစေနဲ့ ….”
“ နားလည်ပါပြီ ….”
ဖုန်းချပြီးနောက် လင်းရီ အများအပြား စိတ်သက်သာ ရသွားခဲ့သည်။
စန်ဒါထိုက်လျန်၏ လုပ်ရပ်များက သူသည် ဖရီးမေဆင်က ပေးထားသည့် မစ်ရှင် ပြီးမြောက်သွားခဲ့ကြောင်း ညွှန်ပြနေသည်။
ယခု သူ့ဘက်ခြမ်းက စပြီး လှုပ်ရှားဖို့ အချိန်ကျပြီ ဖြစ်၏။ ထို့ပြင် ဖရီးမေဆင်ဘက်ကလည်း စတင်လှုပ်ရှားလာဖို့ အချိန်ဘယ်လောက်မျှ မလိုလောက်တော့ချေ။
ထိုနေ့က နောက်ဆုံးတော့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
“ အစ်ကိုဟွေ့ … ကျုပ် ကိစ္စလေးပေါ်လာလို့ အရင်သွားနှင့်တော့မယ် ….” လင်းရီ မတ်တပ်ရပ်ပြီး နှုတ်ဆက်စကား ဆိုလိုက်၏။
တစ်တော့ကြည့်နေသည့် ကျန်းဟွေ့က ခေါင်းညိတ်ပြလိုက်သည်။ “ ငါတို့တွေ ည ၆ နာရီ အစ်ကိုနဲ့ ထမင်းစားဖို့ ချိန်းထားတာ မမေ့နဲ့ဦး ….”
“ ဟုတ်ကဲ့ … မမေ့စေရဘူး ….”
စခန်းကနေ ထွက်ခွာလာခဲ့ပြီးနောက် လင်းရီသည် ချောင်ရန်အုပ်စုထံသို့ ဦးတည်လိုက်၏။
ကျီချင်းရန်က ကိုယ်ဝန်ရှိနေသော်လည်းပဲ အလုပ်ဆက်လုပ်ဖို့ ခေါင်းမာနေသဖြင့် လင်းရီလည်း အခြားရွေးချယ်စရာ မရှိပါဘဲ သူမ စိတ်တိုင်းကျ လိုက်လျောပေးဖို့သာ တတ်နိုင်လေသည်။
“ ဘယ်လိုနေလဲ … ပင်ပန်းနေပြီလား ….”
လင်းရီ ဝင်လာသည်ကို မြင်တော့ ကျီချင်းရန်က ပျင်းရိစွာ အညောင်းဆန့်လိုက်ပြီး အနည်းငယ်ဆူနေသည့် ခါးရှိ ဝမ်းဗိုက်သေးသေးလေးကို အလိုအလျောက် လှစ်ဟာပြသည့်နှယ် ဖြစ်သွားခဲ့သည်။
“ အစကတော့ ဘယ်လိုမှမနေဘူး … ဒါပေမယ့် အခုတော့ ထိုင်ခုံပေါ် ထိုင်နေရတာ နည်းနည်းလေး ပင်ပန်းလာသလိုပဲ ….”
“ အဲ့တာ ထုံးစံပါပဲ … ကိုယ်ဝန်ရှိလာတော့ ခါးနဲ့ ဒူးက ညောင်းညာလာတတ်တယ်လေ … ဒါပေမယ့် သူများတွေနဲ့ ယှဉ်ရင် မင်းက အတော်လေး ကောင်းနေပါပြီ …”
“ ဒါပေါ့ … ငါ လေ့ကျင့်ခန်းတွေ လိုက်စားခဲ့တာကို အလကားလို့များ ထင်နေလား ….” ကျီချင်းရန် ပြောလိုက်ပြီး “ ဒါပေမယ့် အခုလေးတင် ဗိုက်ထဲ တစ်ချက်အောင့်သွားတယ် … ကြည့်ရတာ ကလေးလေးက ငါ့ကို ကန်နေတယ်နဲ့တူတယ် ….”
လင်းရီ “ ….. “
“ ဟိုက ခြေတွေလက်တွေတောင် မဖွံ့ဖြိုးသေးတယ် မင်းကို ဘယ်လိုလုပ် ကန်နိုင်မှာလဲ ….”
“ ဟီးဟီး ….”
ကျီချင်းရန် မျက်လုံးမှေးကျဉ်းသည်အထိ ပြုံးလိုက်ပြီး “ ဒီရက်ပိုင်း ငါ ဗွီဒီယိုတွေ ကြည့်နေတာ မေမေတွေက ဗိုက်ထဲ ကလေးတွေ ကန်တာကို ခုနစ်လ ၊ ရှစ်လ ဝန်းကျင်လောက်ဆို စပြီး ခံစားလို့ရပြီတဲ့ … သူတို့ရဲ့ ဗိုက်တွေဆို လှုပ်တောင်လှုပ်သွားပါတယ်ဆို ….”
“ အင်း … မင်းလည်း တစ်ထေရာတည်း ကြုံတွေ့ရလောက်တယ် …..”
ကျီချင်းရန်၏ အပြုံးက ပို၍ပို၍ တောက်ပလာခဲ့ပြီး မျှော်လင့်စောင့်စားမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
“ ကလေးက နင့်လို ခပ်ဆိုးဆိုးဆိုရင် အများကြီး ကန်မယ်ထင်တာပဲ ….”
“ ဟမ် … ငါဆိုးလို့လား … မဆိုးပါဘူးဟ ….”
“ ဟီးဟီး … ကိုယ့်ဘာကိုယ် တွေးကြည့်ပေါ့ … စကားမစပ် နင် ဒီည လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူ ထမင်းစားဖို့ ရှိတယ်ဆို … ဘာလို့ ရောက်လာခဲ့တာ ….”
“ အချိန်အားနေလို့ ညစာ မစားခင် မင်းဆီ ဝင်လာတာလေ ….”
“ ဒါပေမယ့် ငါကတော့ နင့်ကို အဖော်လုပ်ပေးဖို့ အချိန်မရှိဘူးနော်… ငါ့မှာ လုပ်စရာတွေက အများကြီးပဲ ….”
“ ကိုယ်လုပ်စရာရှိတာလုပ်လေ … ငါ ဒီတိုင်း လျှောက်ပတ်ကြည့်နေလိုက်မယ် ….”
“ အွန်း …. “
ရုံးခန်းထဲတွင် ကျီချင်းရန်နှင့် ခေတ္တခန့် အချိန်ဖြုန်းပြီးနောက် လင်းရီ ထွက်ခွာလာခဲ့ပြီး ဝမ်ရင်း၏ ရုံးခန်ထဲသို့ ခိုးဝင်လိုက်၏။
လင်းရီ ဝင်လာတာကို မြင်တော့ ဝမ်ရင်းက ရုံးခန်းတံခါးကို ရည်ရွယ်ချက်ရှိရှိ လော့ချထားလိုက်လေသည်။
“ မောင်လေးရီ … အစ်မနင့်ကို သိပ်လွမ်းနေတာ သိလား ….”
“ စောနကတင် ဝီချက်ထဲမှာ ကျွန်တော်နဲ့ စကားတွေ ပြောနေပြီးတော့ လွမ်းတာက ကျွန်တော့်ကို မဟုတ်ဘဲ ကျွန်တော့်ညီလေးကို ထင်တယ် ….”
“ နှစ်ယောက်လုံးကို လွမ်းတယ်ဆိုရင်ကော ….”
ဝမ်ရင်းက အလိုအလျောက်ပဲ ဒူးထောက်ချလိုက်ပြီး လင်းရီ၏ ခါးပတ်ကို ဆွဲချွတ်လိုက်သည်။
တစ်နာရီကျော်ခန့်မျှ ပြင်းပြင်းထန်ထန် တိုက်ပွဲနွှဲပြီးနောက် ဝမ်ရင်းမှာ အဆုံးတွင် ခြေကုန်လက်ပမ်းကျသွားခဲ့ပြီး လင်းရီအား အရှုံးပေးလိုက်ရတော့၏။
“ နင် ဘယ်တော့လောက်မှ အစ်မအိမ်ကို လာခဲ့ဖို့ အချိန်ရှိမှာလဲ…. ဒီက နင့်ဖို့ အရသာရှိတာတွေ ချက်ကျွေးချင်လို့ပါဆိုနေ ….” ဝမ်ရင်းက လင်းရီ၏ ဝမ်းဗိုက်ကို မှီရင်း ပြောလိုက်၏။
“ ရက်နည်းနည်းနေရင်ပေါ့ … အခုတော့ ကျွန်တော်လေး အတော်လေး အလုပ်များနေတာ …”
“ ကောင်းပြီလေ … ဒါဆို မျှော်နေမှာနော်….”
ဝမ်ရင်း၏ ရုံးခန်းထဲက ထွက်လာခဲ့ပြီးနောက် လင်းရီသည် ကျီချင်းရန်၏ ရုံးခန်းထဲသို့ ပြန်လည် ဦးတည်လိုက်၏။ ညစာစားပွဲ မတက်ရောက်မီ သူမကို အိမ်ပြန်ပို့ပေးရမယ့် အချိန်က နီးကပ်လာလေပြီ။
သို့သော် သူ ထွက်လာသည့် အချိန်မှာပဲ ရန်စီထံက ဝီချက် မက်ဆေ့ချ် ဝင်လာခဲ့၏။ သူမက ညဘက် သူမနေရာသို့ လာစေချင်နေသည်။ ဘာအတွက်လဲ။ ထိုအရာကိုတော့ အရူးတစ်ယောက်ပင် ခန့်မှန်းနိုင်သည်။
ထို့ပြင် သူမက ပြောဝံ့သေး၏။ နှစ်သစ်မှာ ကံကောင်းဖို့အတွက် မီးပန်းလွှတ်ပေးရမည်ဆိုပင်။ သူမ တစ်နှစ်လုံး ကံကောင်းဖို့ရာ လင်းရီ၏ မီးပန်းများ သူမကိုယ်ထဲ လွှတ်ပေးမှာကို လိုချင်နေလျက် ရှိသည်။
လင်းရီ ရယ်မောလိုက်မိ၏။
ရန်စီ ဆိုးသွမ်းလာသည်ဆိုပါက ဝမ်ရင်းပင် လိုက်လို့မမီချေ။
သို့သော် သူ့တွင် ညစာစားပွဲ တက်ရောက်ဖို့ ရှိသည့်အတွက် ရန်စီကို ချွေးသိပ်လိုက်ရပြီး နောက်တစ်နေ့မှပဲ လာဖို့ ကတိပေးလိုက်သည်။
ထိုနေ့ည ညစာစားပွဲက ည ဆယ်နာရီကျော်တော့မှ ပြီးဆုံးသွားခဲ့၏။ အကုန်လုံးကလည်း အရက်ရှိန်ဖြင့် ရီဝေဝေ ဖြစ်နေကြသည်။ မည်သို့ပင်ဆိုစေ လီရှန်းဟွေ့က ရာထူးတိုးသွားသည့်အတွက် ၎င်းတို့အားလုံး ဝမ်းသာပေးခဲ့ကြ၏။
နောက်တစ်နေ့ နံနက်ခင်း ဆယ်နာရီအချိန်။ ကျီချင်းရန်ကို ရုံးသို့ လိုက်ပို့ပေးပြီး ခေတ္တခန့် အတူနေပေးပြီးနောက် မွန်းလွဲပိုင်းတွင် ကားကို ရန်စီ၏ အိမ်သို့ မောင်းနှင်လာခဲ့၏။
နှစ်ဦးသား ပြင်းပြစွဲမက်ဖွယ်ရာကောင်းသည့် အချစ်များကို အတူဖန်တီးနေခဲ့ကြပြီး နေဝင်ရီတရော ကျေးငှက်များ အိပ်တန်းတက်ဖို့ အိမ်ပြန်ချိန်ရောက်တော့မှ စိတ်ကျေနပ်မှုကိုယ်စီနှင့် ရပ်တန့်လိုက်ကြသည်။
ရန်စီ၏ ယုံကြည်ထားမှုအရ နှစ်သစ်တွင် မီးပန်းလွှတ်ခြင်းက လာဘ်လာဘများကို ဝင်လာမဆဲ၊ တသဲသဲ ဖြစ်စေမည်။ လင်းရီက ကြိမ်ဖန်များစွာ မီးပန်းများ လွှတ်ပေးခဲ့ရာ ဤနှစ်တွင်တော့ သူမက အချမ်းသာဆုံး ပုဂ္ဂိုလ်ပင် ဖြစ်လာလောက်သည်။
ကလင် ကလင် ကလင် ….
လင်းရီ အဝတ်စားလဲနေချိန်မှာပဲ သူ့ဖုန်းသံက မြည်ဟည်းလာခဲ့၏။
ရှောင်ပင်းက ဆက်သွယ်လာခဲ့ခြင်းပင်။
“ အစ်ကိုရီ … ကျွန်မတို့ ကျိုးဟိုင်ကို လေးနာရီအတွင်းရောက်မယ် … သူ့ကို ကျိုကျုံးဗီလာဆီ ခေါ်လာခဲ့ရမလား … ဒါမှမဟုတ် လုံခြုံရေးဇုန်ဆီ ခေါ်လာခဲ့ရမလား ….”