← Chapters

မစ်ရှင်

Vol. 163 Ch. 2354

မစ်ရှင်

Vol. 163 Ch. 2354

ဖုန်းတစ်ဖက်ခြမ်းရှိ ချိုးယွီလော့မှာ တိတ်ဆိတ်သွားခဲ့သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက်

“ ဒီကိစ္စ အသေးအမွှား မဟုတ်ဘူးနော်… ငါတို့ အတူ ပူးပေါင်းကိုင်တွယ်မှ အဆင်ပြေမှာ ….”

“ မလိုဘူး … တကယ်လို့ လိုအပ်လာမယ်ဆိုရင်တော့ မင်းဆီ အကူအညီတောင်းမယ် ….”

“ ကောင်းပြီလေ … ဒါပေမယ့် စိတ်လိုက်မာန်ပါ မလုပ်ဖို့ သတိရဦး … ဒီခု အချိန်မှာ အခြေအနေတွေက နင်စိတ်ကူးထားတာထက်တောင် ပိုပြီး ပြင်းထန်နေနိုင်တယ် ….”

“ ငါ သဘောပေါက်တယ် ….”

လိုရင်းတိုရှင်း တုံ့ပြန်ပြီးနောက် လင်းရီ ဖုန်းချလိုက်သည်။

ချိုးယွီလော့နှင့် ဆွေးနွေးလိုစိတ် သူ့တွင် ရှိမနေချေ။ လက်ရှိ အခိုက်အတန့်၌ သူ့ဦးနှောက်ဆဲလ်များမှာ တရစပ် အလုပ်လုပ် နေလျက်ရှိသည်။

ဖရီးမေဆင်က ကြီးမား ကျယ်ပြန့်သည့် အဖွဲ့အစည်းကြီး တစ်ခု ဖြစ်၏။ တိုက်ခိုက်နိုင်စွမ်းအရဆိုပါက ဂျပန်အစိုးရနှင့်ပင် နင်လားငါလား ယှဉ်နိုင်သည်။

နှစ်ဘက်က ပူးပေါင်းနိုင်သည့် အလားအလာ ရှိသော်လည်း ထင်သလောက် မမြင့်မားသည်မျိုးလည်း ဖြစ်နေလောက်သည်။

ထို့ပြင် လက်ရှိ၌ အဓိက ပြဿနာက စန်ဒါထိုက်လျန်ဆိုသည့် ဆရာဝန်နှင့် ပတ်သက်နေသည်။

မိနစ် အနည်းငယ် ကြာပြီးနောက် လင်းရီသည် သူ၏ ဖုန်းကို ကိုင်ရင်း ဂရုချက် အသေးလေး တစ်ခုသို့ အမိန့်ပေးလိုက်၏။

ငါးမိနစ် အတွင်းမှာပဲ လူတိုင်းက ကိုယ်စီ စာပြန်လာခဲ့ကြသည်။

ဖုန်းကို ကိုင်ထားရင်း ခေတ္တတွေးတောပြီးနောက် လင်းရီ ဟော်ယွမ်ယွမ်၏ နံပါတ်ကို နှိပ်လိုက်သည်။

“ မင်း ဘယ်ရောက်နေတာ …..”

“ ရှင့်အိမ်ကို လာတဲ့လမ်းမှာ ….” ဟော်ယွမ်ယွမ်က ပုံမှန်ပဲ ခွန်းတုံ့ပြန်လာသည်။

“ မင်းအစ်မကျီ ဒီနေ့ ဆေးစစ်ဖို့ရှိတယ် ….”

“ အွန်း …. ဘာလို့ ... တစ်ခုခု မှားနေလို့လား …..”

“ ရောက်မှပဲ ပြောကြမယ် ….”

“ အိုကေ …..”

မိနစ် နှစ်ဆယ်ခန့်ကြာပြီးနောက် ဟော်ယွမ်ယွမ်သည် ကျီချင်းရန်အိမ်တံခါးပေါက်ဝသို့ ရောက်ရှိလာခဲ့၏။

“ ဟယ် ယွမ်ယွမ် … အစောကြီးပဲ ….”

ဟော်ယွမ်ယွမ် ရောက်လာတာကို မြင်တော့ ဆံပင်ခေါင်းဖြီးနေသည့် ကျီချင်းရန်က တအံ့တအား လေသံဖြင့် လှမ်းပြောလိုက်၏။

“ အစ်မရဲ့‌ ယောက်ျားက ကျွန်မကို ဝိဉာဏ်ခေါ်သလိုမျိုး ရောက်ရာအရပ်ကနေ အပြေးလာခိုင်းတယ်လေ … ကျွန်မမှာ မိုင်ကုန်နင်းမိတော့မတတ်ပဲ …..”

“ ဟမ် … လင်းရီက နင့်ကို ရှာနေတယ်ဟုတ်လား …..”

ထိုအချိန်မှာပဲ လင်းရီ အခန်းထဲက ထွက်လာခဲ့ပြီး သူတို့နှစ်ယောက်ကို သိမ်းကျုံးကြည့်၍ “ ဒီနေ့ အခြေအနေက နည်းနည်း ထူးခြားတယ် …. မင်းတို့ ဆေးသွားစစ်တဲ့အခါကျရင် ငါ ပြောတဲ့အတိုင်း သေချာလုပ်ပေးရမယ် ….”

လင်းရီ၏ တည်ကြည်လေးနက်နေသည့် အမူအရာကို မြင်တော့ ဟော်ယွမ်ယွမ် မနောက်ပြောင်ဝံ့တော့ချေ။

“ ဘာဖြစ်ထားလို့လဲ …..”

“ အသေးစိတ်ကို စိတ်ပူမနေနဲ့ … ငါ ပြောတဲ့အတိုင်းသာလုပ် …” လင်းရီ ပြောလိုက်ပြီး “ မင်းတို့ ဆေးစစ်တဲ့အခါ စန်ဒါထိုက်လျန်ဆိုတဲ့ ဒေါက်တာက ဆေးထိုးပြီးပြီလားမေးရင် ထိုးပြီးပြီလို့သာ ပြောလိုက် …. ဘယ်လိုခံစားရလဲမေးရင် အတော်လေး တက်ကြွလာတယ်လို့ ဖြေလိုက် … ကျန်တဲ့ တစ်ခြားအရာတွေ မေးလာရင်လည်း ရိုးရိုးသားသားပဲ ဖြေလိုက်….”

အမျိုးသမီးနှစ်ယောက်မှာ အကြည့်ချင်း ဖလှယ်မိလိုက်ကြပြီး လင်းရီက သူမတို့အား ဆရာဝန်ကို လှည့်စားဖို့ ပြောနေတော့ အတော်လေး အံ့အားသင့်သွားခဲ့ကြသည်။

တစ်ခုခုတော့ မှားယွင်းနေပြီ ဖြစ်၏။

“ စိုးရိမ်နေတာတွေ တော်ပြီး ငါပြောတဲ့အတိုင်းပဲလုပ် ….”

“ အိုကေ …. နားလည်ပြီ ….”

ကျီချင်းရန် အဆင်သင့် ဖြစ်တော့ သူတို့တွေ မနက်စာကို အတူစားပြီး ကားကိုယ်စီနှင့် ထွက်လာခဲ့ကြသည်။

လင်းရီ အခြား ဘယ်ကိုမျှ မသွားပေ။ ကျိုးကျုံးဗီလာသို့ ရောက်လာခဲ့ပြီး အသင်းသားများ ရောက်ရှီလာမှာကို စောင့်ဆိုင်းနေလေသည်။

တစ်နာရီခန့်မျှ ကြာပြီးနောက် ကျီချင်းရန်ထံက ဖုန်းဝင်လာခဲ့၏။

“ ဆေးစစ်တာ ပြီးသွားပြီလား ….”

“ အွန်း … နင် ခန့်မှန်းထားတာနဲ့ ကွက်တိပဲ … သူ တကယ်ပဲ ငါတို့ကို အဲ့လို မေးခွန်းမျိုးတွေ မေးလာတယ် ….”

အခြေအနေ တိတိကျကျကို သတိမမူမိသည့် ကျီချင်းရန်မှာ လင်းရီသည် အရာအားလုံးကို ကြိုတင်ခန့်မှန်းနိုင်သည်အထိ အံ့အားသင့်ဖို့ကောင်းသည်ဟူသော အကြောင်းပြချက်ကြောင့် စိတ်လှုပ်ရှားနေမိ၏။

“ သူ တစ်ခြား ဘာတွေ ပြောသေးလဲ ….”

“ နောက် ငါးရက်စာအတွက် ဆေးတွေ ထပ်ပေးလိုက်သေးတယ် …. ပြီးတော့ ဒီ ငါးရက်ပြီးတာနဲ့ နောက်ထပ် ဆေးထိုးစရာ မလိုတော့ဘူးတဲ့ … အိုး နောက်ပြီး ဖောလစ် အက်စ် နှစ်ဘူးလည်း ပေးလိုက်သေးတယ် ….”

“ ဟုတ်ပြီ … အိမ်ကို အရင်ပြန်နှင့် … ခဏနေကျရင် ဆေးတွေယူဖို့ ရှောင်ပင်းကို လွှတ်လိုက်မယ် …”

“ အိုကေ ….”

ဖုန်းချပြီးနောက် လင်းရီ ရှောင်ပင်းကို ဖုန်းဆက်လိုက်သည်။

သူမ၏ အိမ်က ယွီဟန်တွင် ဖြစ်သဖြင့် ကျိုးဟိုင်နှင့် အတော်လေး နီးသည်။ လင်းရီ ခန့်မှန်းသည်သာ မှန်ကန်မည်ဆိုပါက ယခုအချိန်လောက်ဆို ကျိုကျုံးဗီလာသို့ လာသည့် လမ်းတွင် ရောက်နေလောက်ပြီ ဖြစ်၏။

ဖုန်းဝင်တော့ လင်းရီ သူမအား ကျီချင်းရန်၏ နေရာသို့သွားပြီး ဆေးယူဖို့ ပြောလိုက်သည်။ ပြီးသည့်နောက် လေဆိပ်သို့သွားပြီး သူ၏ သီးသန့်လေယာဉ်ဖြင့် ရန်ကျင်းသို့ ပို့ရန်လည်း ညွှန်ကြားလိုက်သည်။

ကျန်သည်ကိုတော့ ချိုးယွီလော့နှင့် နင်ချဲ့တို့က အတူ ကိုင်တွယ်ကြလိမ့်မည်။

ကလင် ကလင် ကလင် ….

ရှောင်ပင်းနှင့် ဖုန်းပြောပြီး မကြာမီအချိန်မှာပဲ လင်းရီ၏ ဖုန်းသံက တစ်ဖန် မြည်ဟည်းလာသည်။ ဤတစ်ကြိမ်တွင်တော့ ခေါ်ဆိုလာသူက ချင်ရင်ယွဲ့ပင်။

“ ဟယ်လို အမေ ….” လင်းရီ သူ့ကိုယ်သူ တည်ငြိမ်အောင် ပြုလုပ်၍ ဖုန်းဖြေလိုက်၏။

“ ငါ အခုလေးတင် နင့်အဖေဆီက ကြားတာ နင် တစ်လောတုန်းက ကျုံးဝေ့တပ်ဖွဲ့ဆီ ဆေးတွေ ပို့လိုက်သေးတယ်ဆို … အဲ့တာ ချင်းရန်ရဲ့ ဆေးတွေလား ….’

“ မဟုတ်ပါဘူးဗျာ … အမေ စိုးရိမ်စရာ မလိုပါဘူး … ထွေထူး အရေးကြီး ကိစ္စလည်း မဟုတ်ပါဘူး ….”

“ နင် စောက်ကလေးကတော့ … ငါ့ကို ဖုံးကွယ်ထားလို့ရမယ်များ ထင်နေလား … တိတိကျကျ ပြောစမ်း …” ချင်ရင်ယွဲ့က အလျင်စလိုနိုင်သည့် လေသံဖြင့် ပြောလာခဲ့၏။

“ ဒီတိုင်း အသေးအမွှား ကိစ္စလေးပါဗျာ … ကျွန်တော့်ဘာကျွန်တော် ကိုင်တွယ်နိုင်ပါတယ် … အမေတို့နှစ်ယောက်က ရန်ကျင်းမှာပဲ အေးဆေးနေ … ကျိုးဟိုင်က ကိစ္စတွေကိုတော့ ကျွန်တော်ကပဲ ကိုင်တွယ်လိုက်မယ် …..”

“ ဒါပေမယ့် …..”

“ ရပြီ အမေ … ကျွန်တော် တစ်ခြား လုပ်စရာ ကိစ္စလေးတွေ ရှိသေးလို့ နောက်မှပဲ ဆက်ပြောကြတာပေါ့ ….”

“ အေးပါ အေးပါ ….”

လင်းရီက ပြောပြဖို့ ငြင်းဆန်နေတာကို မြင်တော့ ချင်ရင်ယွဲ့လည်း ဆက်ပြီး ဖိအားပေးမနေတော့ချေ။

အကယ်၍ ဝမ်ချွေ့ပင်းသာ ဖြစ်ခဲ့မည်ဆိုပါက ယခုအချိန်လောက်ဆို ဖုန်သန့်ရှင်းရေးလုပ်သည့် ကြက်မွှေးချောင်းက လက်ထဲ ရောက်နှင့်နေလောက်ပြီး ဖြစ်၏။

များမကြာမီ အသင်းတစ် အဖွဲ့ဝင်များက ကျိုကျုံးဗီလာသို့ ရောက်လာခဲ့ကြပြီး တစ်ဖန် စုဝေးလာခဲ့ကြသည်။

“ မစ်ရှင် အသစ် ရှိလို့လား အစ်ကိုရီ ….” လော့ချီက မေးလိုက်၏။

“ တစ်ယောက်ယောက်ကို သွားဖမ်းမလို့လား ….”

“ တရားဝင် မစ်ရှင်တော့မဟုတ်ဘူး … ဖရီးမေဆင်ဘက်က လှုပ်ရှားမှုတစ်ချို့ရျိတယ် … ငါတို့လုပ်ဖို့လိုတာက အဲ့လူတွေကို အရင်ဆုံး ခြေရာခံဖို့ပဲ ….”

“ သေစမ်း … ဇွဲတော်တော်ကြီးတဲ့ ကောင်တွေပါလား ….” စွေ့ချန် ကျိန်ဆဲလိုက်၏။

“ အဲ့ဒီရဲ့ ရှေးဟောင်းပစ္စည်းကြောင့်သာ မဟုတ်ရင် ဒီကောင်တွေ ဒီလောက်ထိ စိတ်အားထက်သန်လာလိမ့်မယ်လို့ မထင်ဘူး ….” လင်းရီ ထိုသို့ မှတ်ချက်ပေးလိုက်ပြီး “ တစ်ခြားရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဒါက ကောင်းတဲ့အရာဆိုလည်း ဟုတ်တယ် … ပစ္စည်းက အတော်လေး အရေးကြီးတဲ့ဥစ္စာဆိုတာ ညွှန်ပြနေတာပဲလေ … လက်ထဲရှိထားတဲ့ ငါတို့အတွက်ကတော့ အကျိုးအမြတ်ကြီးတာပေါ့ …..”

“ ဒါဆို ဘာလုပ်ကြမှာ ….”

“ ရှောင်ပင်း … ရွေ့ကျင်းဆေးရုံရဲ့ သားဖွားမီးယပ် ဌာနမှာ စန်ဒါထိုက်လျန်ဆိုတဲ့ လူတစ်ယောက်ရှိတယ် … သူ့ကို နောက်ယောင်ခံပြီး သူဘာတွေ လှုပ်ရှားနေလဲ ၊ ဘယ်သူတွေနဲ့ ဆက်သွယ်နေလဲ … သူ့အချက်အလက်တွေ အကုန်လုံး စုဆောင်းရမယ် ….”

“ နားလည်ပါပြီ …”

“ စီယင် ၊ ယွင်ဟူ ၊ … မင်းတို့နှစ်ယောက်က အခုထိ အားမွေးနေကြတုန်းပဲ … ဒီတော့ ဂျပန်ကို ခရီးထွက်ပြီး စန်ဒါထိုက်လျန် အနီးနားဝန်းကျင်က လူတွေနောက်ကို နောက်ယောင်ခံလိုက်ရမယ် … ပြီးရင် အဲ့က သူ့အဆက်အသွယ်တွေကို စုံစမ်း … အသင်းခေါင်းဆောင်ချိုးဆီက စာရွက်စာတမ်းတွေ ယူပြီး လေယာဉ်ဆင်းတာနဲ့ အာယာနဲ မစ်ဆူဆိုတဲ့ တစ်ယောက် မင်းတို့နဲ့ လာတွေ့လိမ့်မယ် … လူအင်အားလိုရင် သူ့ဆီကနေ တောင်းလို့ရတယ် ….”

ယွီစီယင် ခေတ္တ တုံ့ဆိုင်းသွားပြီး “ ကိုယ့်တပ်ဖွဲ့က လူတွေပဲ သုံးတာက ပိုမကောင်းဘူးလားဟင် ခေါင်းဆောင် … အပြင်လူတွေကို အားကိုးဖို့က နည်းနည်းလေး စိုးရိမ်မိလို့ …”

All Chapters