← Chapters

အခန်း (၁၈၉-၁၉၀)

Vol. 19 Ch. 189-190

အခန်း (၁၈၉-၁၉၀)

Vol. 19 Ch. 189-190

အခန်း ၁၈၉ - ငါးဖမ်းလှေပိုင်ရှင် အံ့အားသင့်သွားခြင်း။

နဂါးဧရာကျွန်း မှ ထွက်လာပြီးနောက် လုပေါင်သည် လတ်ဆတ်သောလေကို နှစ်ချက်ပင် ဝဝလင်လင် မရှူရသေးမီမှာပင် ပင်လယ်ပြင်တွင် ဖြတ်သန်းသွားသော ငါးဖမ်းလှေအချို့ကို မြင်လိုက်ရလေသည်။

ကျန်းရွှယ်ချီနှင့် ကျောက်မင်တို့မှာလည်း သုံးနှစ်အတွင်း ပထမဆုံး မြင်လိုက်ရသည့် သယ်ယူပို့ဆောင်ရေးယာဉ်ကြောင့် အတိုင်းမသိ ဝမ်းသာသွားကြတော့သည်။ သို့သော် ထိုလှေများမှာ သူတို့ရှိနေသည့် ကျွန်းနှင့် အတော်ဝေးရာ လှမ်းအော်ရုံနှင့် ကြားနိုင်မည့် အကွာအဝေးတွင် မဟုတ်ပေ။

လုပေါင်ကတော့ အကြံအဖန် ဉာဏ်နီဉာဏ်နက် များသူပီပီ ‌‌ဒါပေါင် နှင့် ဟေးမီ ကို ကြည့်ကာ ခြိမ်းခြောက်လိုက်တော့သည်။

“မင်းတို့နှစ်ကောင် အဲ့ဒီ ပင်လယ်စာတွေကို စားတုန်းက အသံတွေ တော်တော်ကျယ်ခဲ့တယ်မဟုတ်လား။ဒီနေ့ ဒီငါးဖမ်းလှေကို လှမ်းမခေါ်ပေးနိုင်ရင် မင်းတို့နှစ်ကောင်လုံးကိုပါ ပင်လယ်စာဖြစ်အောင် လုပ်ပစ်မယ်။”

လုပေါင်၏ ခြိမ်းခြောက်မှုကြောင့် ဒါပေါင်နှင့် ဟေးမီတို့ တုန်လှုပ်သွားကြပြီး ပင်လယ်ဘက်သို့ လှည့်ကာ အစွမ်းကုန် ဟောင်တော့သည်။တစ်ကောင်က နဂါးအသက်ရှူသံ နှင့် အခြားတစ်ကောင်က နဂါးဟိန်းသံကို ရရှိထားကြသဖြင့် သူတို့၏ အသံမှာ သာမန်ထက် ထူးကဲစွာ ကျယ်လောင်လှလေသည်။

“ဝေါ ဝေါ”

အသံလှိုင်းများမှာ အဝေးသို့ ပျံ့လွင့်သွားရာ ငါးဖမ်းလှေတစ်စီးမှာ ထိုထူးဆန်းသောအသံကို ကြားပြီး ကျွန်းဘက်သို့ ဦးတည်လာတော့သည်။ လှေပေါ်တွင် အသားညိုညိုနှင့် ရိုးသားသောအသွင်ရှိသည့် တံငါသည်တစ်ဦး ပါလာခဲ့သည်။ သူသည် လုပေါင်တို့အဖွဲ့နှင့် အိမ်မွေးတိရစ္ဆာန်များကို မြင်သောအခါ မြို့က လူချမ်းသာတွေ ပင်လယ်ထဲမှာ လာကစားနေတာနေမှာပါ ဟု စိတ်ထဲမှ တွေးလိုက်သော်လည်း လူသားချင်းစာနာမှုဖြင့် သူတို့ကို လှေပေါ်သို့ တတ်စေသည်။

“ကပ္ပတိန်... ကျွန်တော်တို့ကြောင့် ငါးဖမ်းရတာ အနှောင့်အယှက် ဖြစ်သွားပြီလား။”

လုပေါင်ကအားနာသလို မေးလိုက်သည်။

“ရပါတယ် ဒီနေ့ ကံမကောင်းလို့ ဘာမှမမိတာနဲ့ အတော်ပဲပေါ့။ အစောကြီး ပြန်ရတာပေါ့။ မင်းတို့ လူငယ်တွေ ပင်လယ်ထဲမှာ ဒီလို လာမကစားကြနဲ့ဦး အန္တရာယ်များတယ်။ ငါသာ ဒီထူးဆန်းတဲ့ အော်သံတွေကို မကြားမိရင် မင်းတို့ ဒီကျွန်းမှာ နောက်ထပ် တစ်ရက်နှစ်ရက်လောက် ထပ်သောင်တင်နေဦးမှာပဲ။”

တံငါသည်ကစေတနာနှင့် ပြောလေသည်။

လုပေါင်က ကျေးဇူးတင်စကား အကြိမ်ကြိမ် ပြောရင်း

“ကပ္ပတိန်... ကျွန်တော်တို့က အပျော်လာတာ မဟုတ်ပါဘူး။ ကျွန်တော်တို့က မြို့ကနေ ပင်လယ်ပြင် သယံဇာတတွေကို လာပြီး သုတေသနလုပ်နေတဲ့ ကျောင်းသားတွေပါ။ ဒီနေရာမှာ ငါးသယံဇာတ ဘယ်လိုရှိလဲဆိုတာ လာကြည့်တာပါ။”

မျက်နှာသေနှင့်လိမ်လိုက်တော့သည်။

ဘေးမှ ကျန်းရွှယ်ချီနှင့် ကျောက်မင်မှာတော့ လုပေါင်၏ ဗြောင်လိမ်မှုကို ကြည့်ပြီး အံ့အားသင့်နေကြသည်။ လုပေါင်ကတော့ အေးဆေးပင် ဆက်ပြောသည်။

“ကပ္ပတိန်... ဒီနေရာမှာပဲ ပိုက်ချကြည့်လိုက်ပါ၊ အများကြီး မိမယ်လို့ ကျွန်တော် အာမခံတယ်။”

တံငါသည်က ဝေခွဲမရဖြစ်နေသော်လည်း လုပေါင်၏ တက္ကသိုလ်ကျောင်းသား ဟူသော ဂုဏ်ပုဒ်ကြောင့် ယုံကြည်သွားပြီး ပိုက်ချလိုက်သည်။ လုပေါင်ကလည်း တက်တက်ကြွကြွ ကူညီပေးလေသည်။

ထိုစဉ် လှေနှင့် မလှမ်းမကမ်း ပင်လယ်ထဲတွင် အနက်ရောင် အရိပ်ကြီးတစ်ခု လျင်မြန်စွာ ကူးခတ်နေသည်။ ၎င်းမှာ လုပေါင်၏ တွင်းထဲမှ လွှတ်လိုက်သောမြွေကြီးပင်။ သူက တံငါသည်ကို ကျေးဇူးဆပ်ချင်သဖြင့် မြွေကြီးကို ငါးများ မောင်းသွင်းခိုင်းလိုက်ခြင်းဖြစ်သည်။

မကြာမီမှာပင် ပင်လယ် ငါးအုပ်ကြီးမှာ ပိုက်ထဲသို့ တိုးဝင်လာတော့သည်။ တစ်ကီလိုလျှင် ယွမ် ၄၀-၅၀ ခန့် ပေါက်ဈေးရှိသော ထိုငါးများမှာ ပိုက်ထဲတွင် ပြည့်လျှံနေသဖြင့် လှေပင် အနည်းငယ် လေးသွားရလေသည်။

တံငါသည်မှာ ပိုက်ကို ဆွဲတင်လိုက်သောအခါ ငါးအုပ်ကြီးကို မြင်ပြီး ဝမ်းသာအားရ ပြုံးမဆုံး ဖြစ်နေတော့သည်။

“လူငယ်လေး... မင်းကို တကယ် ကျေးဇူးတင်ရမယ်။ဒါတွေရောင်းပြီးရင် မင်းကို ကော်မရှင်ခ ပေးပါရစေ။”

လုပေါင်က ပိုက်ဆံကို ငြင်းပယ်လိုက်ပြီး

“ဒီလိုလုပ်ပါ ကပ္ပတိန်... ကျွန်တော့်ကို အိမ်အရောက်ပဲ လိုက်ပို့ပေးပါ။”

လုပေါင်၏ ရွှေရောင်ကမ်းခြေ ခြံမှာ ကမ်းခြေမှာပင် ဖြစ်သဖြင့် လှေနှင့်သွားလျှင် အတော်ပင် အဆင်ပြေသည်။

ကျန်းရွှယ်ချီနှင့် ကျောက်မင်တို့က လုပေါင်ကို

“ဒါကို မင်း ဘယ်လိုလုပ်လိုက်တာလဲ။”

တအံ့တဩ မေးကြလေသည်။ လုပေါင်ကတော့

“ငါက ဗေဒင်တွက်တတ်လို့ပါ။”

ရယ်ကျဲကျဲနှင့်ပြန်ဖြေလိုက်တော့သည်။

ထို့နောက် လုပေါင်သည် Live Platform သူဌေး လုလင်းဟွာ ဆီသို့ ဖုန်းဆက်လိုက်သည်။လုပေါင် ပြန်ရောက်လာပြီဖြစ်ကြောင်း ကြားသည်နှင့် လုလင်းဟွာမှာ စိတ်လှုပ်ရှားလွန်းသဖြင့် စားပွဲကိုပင် ရိုက်မိသွားသည်။

“ရတနာနတ်ဘုရား... မပူနဲ့။ ကျွန်တော် အကောင်းဆုံးဆေးရုံကို ချက်ချင်း ဆက်သွယ်ပေးမယ်။ အဆင့်မြင့်ဆုံး စက်ကိရိယာတွေနဲ့ ဦးနှောက်အကျိတ်ကို သေချာစစ်ဆေးကြတာပေါ့။”

လုလင်းဟွာမှာ လုပေါင်၏ ဆေးက အမှန်တကယ် အလုပ်ဖြစ်မဖြစ်ကို အလွန်ပင် စိတ်ဝင်စားနေပြီး ဤသတင်းမှာ တစ်ကမ္ဘာလုံးကို တုန်လှုပ်စေမည့် သတင်းကြီး ဖြစ်လာလိမ့်မည်ဟု ကြိုတင်တွက်ဆထားပါတော့သည်။

အခန်း ၁၉၀ - ငါ့ဟာ ငါ့ဟာ အကုန်လုံး ငါ့ဟာတွေ။

လုလင်းဟွာ၏ ကမ်းလှမ်းချက်ကို လုပေါင် က ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။ သူ၏ မျိုးရိုးဗီဇမြှင့်တင်ဆေးမှာ အဆင့်မြင့်စက်ကိရိယာများဖြင့် စစ်ဆေးပြီးမှသာ အာနိသင်ရှိကြောင်း သက်သေပြနိုင်မည်ဖြစ်သည်။ သို့မှသာ လူတွေက ယုံကြည်ကြမည် မဟုတ်ပါလား။

မကြာမီမှာပင် ငါးဖမ်းလှေကပ္ပတိန်သည် လုပေါင် ကျန်းရွှယ်ချီ နှင့် ကျောက်မင် တို့ကို ရွှေရောင်ကမ်းခြေသို့ ပို့ဆောင်ပေးခဲ့သည်။ နှစ်လကြာ ပျောက်ကွယ်နေပြီးနောက် လုပေါင်သည် စနစ်က ဆုချထားသော ဤမြေပေါ်သို့ တစ်ကျော့ပြန် ခြေချနိုင်ခဲ့ပြီဖြစ်သည်။

ကမ်းခြေသို့ ရောက်သည်နှင့် သူ့မျက်စိထဲသို့ ပထမဆုံး တိုးဝင်လာသည်မှာဝက်မျိုးပွားစခန်း ကျီးကန်းမျိုးပွားစခန်း နှင့် သဘာဝ ပျားကြီးမျိုးပွားစခန်း ဟူသော ဆိုင်းဘုတ်ကြီးများပင်ဖြစ်၏။ မူလက စုန့်ခွန်လင်း ကို ပညာပေးရန် သူ တပ်ဆင်ခဲ့ခြင်း ဖြစ်သည်။ သူ မရှိသည့် နှစ်လအတွင်း ဤတန်ဖိုးကြီးမြေပေါ်တွင် ထိုဆိုင်းဘုတ်ကြီးများမှာ ခန့်ခန့်ကြီး ရှိနေဆဲပင်ဖြစ်၏။

ဘေးနားရှိ ကျန်းရွှယ်ချီနှင့် ကျောက်မင်တို့မှာ ထိုဆိုင်းဘုတ်များကို ကြည့်ပြီး အဆိပ်ရှိမြွေများ ပျားများ ထွက်လာမည်စိုး၍ ထိတ်လန့်နေကြသည်။လုပေါင်ကလည်း

“မပူကြနဲ့ ဒါတွေက သက်သက်လုပ်ထားတာပါ ငါ့ဆီမှာ အဲ့ဒါတွေ မရှိပါဘူး။”

တစ်ဆက်တည်းမှာပင် လုပေါင်သည် ဘေးကပ်လျက်ရှိ မြေကွက်အမှတ် (၂)ကို လှမ်းကြည့်လိုက်သည်။ စုန့်ခွန်လင်းသည် ထိုမြေကွက်ကို ဝယ်စဉ်က အလွန်ဂုဏ်ယူခဲ့ပြီး အဆင့်မြင့် ဗီလာအိမ်ရာများစွာ ဆောက်ခဲ့သည်။ သို့သော် လုပေါင်၏ ရန်သူကိုလည်း သတ် ကိုယ့်ကိုယ်ကိုယ်လည်း အနာခံဆိုသည့် နည်းလမ်းကြောင့် စုန့်ခွန်လင်းမှာ အကြီးအကျယ် ရှုံးနိမ့်ခဲ့ရသည်။

ဘယ်သူကများမြွေဟောက်တွေ ပျားတွေ မွေးမြူထားတဲ့ ဘေးနားမှာ ဈေးကြီးပေးပြီး လာနေချင်ပါ့မလဲ။

မြေကွက်အမှတ် (၂) မှာ ယခုတော့ ခြောက်ကပ်နေပြီး သန့်ရှင်းရေးသမားအချို့နှင့် လုံခြုံရေးအနည်းငယ်သာ ဟန်ပြရှိတော့သည်။ လုပေါင်သည် စုန့်ခွန်လင်းကို သင်ခန်းစာပေးချင်ရုံသာ ဖြစ်သော်လည်း သူ ကျွန်းပေါ်တွင် နှစ်လကြာ သောင်တင်နေသဖြင့် စုန့်ခွန်လင်းမှာ အခုတော့ အသက်ငင်နေပြီ ဖြစ်သည်။

သို့သော် လုပေါင်မှာ အပြစ်ရှိသလိုမျိုး လုံးဝမခံစားရပေ။ စုန့်ခွန်လင်းမှာ လူကောင်းတစ်ယောက် မဟုတ်သလို သူ့ရှေ့တွင် မောက်မာခဲ့ပုံများကို လုပေါင် ကောင်းကောင်း မှတ်မိနေသေးသည်။

လုပေါင်သည် မိန်းကလေးနှစ်ယောက်ကို ခေါ်၍ သူ၏ ဝိုင်စက်ရုံ သို့ တန်းသွားလိုက်သည်။ ထိုနေရာတွင် ခြံဝင်းကို စီမံခန့်ခွဲရန် သူ တာဝန်ပေးခဲ့သော တင်းလင်နှင့် တွေ့ဆုံခဲ့သည်။တင်းလင်မှာ လုပေါင်ကို မြင်လျှင် စိတ်ကုန်သလို ကြည့်လိုက်သည်။ ယွမ်သန်းပေါင်းများစွာ တန်ဖိုးရှိသော မြေကွက်ကြီးကို ပစ်ထားပြီး နှစ်လတိုင်တိုင် အဆက်အသွယ်မလုပ်ဘဲ ပျောက်နေသော သူဌေးမျိုး သူမ တစ်ခါမှ မမြင်ဖူးပေ။

သို့သော် ကျောက်မင်ကို မြင်လိုက်ရသောအခါ တင်းလင်မှာ အံ့ဩသွားပြီး

“မမမင် မမ တကယ်ကြီး ပြန်ရောက်လာတာလား။”

ဝမ်းသာအားရ လက်ဆွဲနှုတ်ဆက်တော့သည်။တင်းလင်မှာ ကျောက်မင်၏ ပရိတ်သက်တစ်ယောက် ဖြစ်နေပုံရသည်။ ကျောက်မင်ကလည်း လုပေါင်ကို ငါ့ရဲ့ ကျော်ကြားမှုကို သိပြီမလား ဆိုသည့် အကြည့်ဖြင့် ကြည့်လိုက်တော့သည်။

တင်းလင်သည် သူမ၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သူပီပီ လုပေါင် မရှိခိုက် မြေကွက်အမှတ် (၁) ၏ အခြေအနေများကို အစီရင်ခံသည်။

“စုန့်ခွန်လင်းကအကြိမ်ကြိမ် လာရှာပါတယ်။ သူ အခု တော်တော် ဒုက္ခရောက်နေပြီအရင်းအနှီးတွေ ပြတ်တောက်ကုန်ပြီး မြေကွက်အမှတ် (၂) က အိမ်တွေကို ဈေးလျှော့ရောင်းနေတာတောင် ဝယ်မယ့်သူ တစ်ယောက်မှ မရှိဘူး။”

လုပေါင်သည် ဤအခွင့်အရေးကို စောင့်နေခြင်းဖြစ်သည်။ သူသည် မြေကွက်အမှတ် (၂) ကို မျက်စိကျနေသည်မှာ ကြာပြီဖြစ်သည်။

“အဲ့ဒီမြေကွက်ကို ငါ့အတွက် ဝယ်လိုက်ပါ။ ဒါပေမဲ့ ဈေးကို အနိမ့်ဆုံးဖြစ်အောင် နှိမ်လိုက်။ စုန့်ခွန်လင်း ဘောင်းဘီတောင် မကျန်တဲ့အထိ ရှုံးသွားရင် အကောင်းဆုံးပဲ။”

လုပေါင်၏ စကားကြောင့် ကျန်းရွှယ်ချီနှင့် ကျောက်မင်တို့မှာ ရယ်မောကုန်ကြသည်။တင်းလင်ကတော့ ငါ့သူဌေး ပြန်လာပြီဆိုတော့ ပြဿနာတစ်ခုခုတော့ ရှာတော့မှာပဲ ဟု တွေးကာ အမိန့်ကို အကောင်အထည်ဖော်ရန် ပြင်လိုက်သည်။

လုပေါင်သည် မြေကွက်အမှတ် (၂) မှ ဗီလာများကို ကြည့်ပြီး

‘‌ဒီဘက်ကလည်းငါ့ဟာ ဟိုဟာလည်းငါ့ဟာ အကုန်လုံး ငါ့ဟာတွေ ဖြစ်လာတော့မှာ။’

စိတ်ထဲကကြုံးဝါးလိုက်လေသည်။ သူသာ ထိုမြေကွက်ကို ဝယ်ပြီး ဆိုင်းဘုတ်ကြီးများကို ဖြုတ်လိုက်လျှင် ထိုဗီလာများမှာ ပြန်လည် တန်ဖိုးတက်လာမည်မှာ သေချာပေသည်။

“ဒါပေမဲ့ သူဌေးလု... အဲ့ဒီမြေကွက်ကို ဝယ်ဖို့ဆိုရင် အနည်းဆုံး ယွမ်သန်း ရာနဲ့ချီ လိုလိမ့်မယ်နော်။”

လုပေါင်ကတော့ အေးဆေးပင်။ သူ့ဆီမှာ ရွှေချေးတုံးတွေ ထွက်တဲ့ ရွှေဖားကြီး ရှိသလို ဦးနှောက်အကျိတ် ကုနိုင်တဲ့ မျိုးရိုးဗီဇဆေးလည်း ရှိနေသေးသည်။ပိုက်ဆံရှာဖို့ဆိုတာ သူ့အတွက် အလွန်ပင် လွယ်ကူလှပါတော့သည်။

All Chapters