← Chapters

အခန်း (၁၈၁-၁၈၂)

Vol. 19 Ch. 181-182

အခန်း (၁၈၁-၁၈၂)

Vol. 19 Ch. 181-182

အခန်း ၁၈၁ - နဂါးအသက်ရှူခြင်း။

​သို့သော်လည်း ထိုကောင်လေးများ၏ သနားစဖွယ် မျက်နှာပေးများကို ကြည့်ပြီး လုပေါင် တစ်ယောက် ဆက်ပြီး ရက်စက်မနေနိုင်တော့ပါ။

​"သူတို့ သုံးကောင်ကို အသားတစ်တုံးစီလောက် ဝေပေးရင်တော့ ဘာမှမဖြစ်လောက်ဘူးမလား။"

​သူသည် အောက်ခြေမရှိသောတွင်းထဲမှ မိစ္ဆာကြီး၏ အသားတစ်တုံးကို ထုတ်ယူရန် ပြင်လိုက်သည်။ သို့သော် အမှတ်မထင်ဘဲ သူသိမ်းထားသော နဂါးအရိုး ဓါတ်တော်အချို့မှာ မြေကြီးပေါ်သို့ လိမ့်ထွက်သွားသည်။

​လုပေါင် ကောက်ရန်ပြင်စဉ်မှာပင် ‌‌ဒါပေါင် နှင့် ဟေးမီ တို့၏ မျက်လုံးများမှာ လောဘဇောဖြင့် စိမ်းတောက်သွားကြတော့သည်။ သူတို့သည် ချက်ချင်းပင် တစ်ယောက်တစ်လုံးစီကို အုပ်မိုးလိုက်ပြီး လုပေါင်ကို မျှော်လင့်တကြီး ကြည့်နေကြတော့သည်။

​"ငါက မင်းတို့ကို အစာမကျွေးဖူးလို့လား။ ကြည့်စမ်း... ဘယ်လောက်တောင် ငတ်ကြီးကျနေကြတာလဲ။"

လုပေါင်ကစိတ်တိုတိုဖြင့် ဆဲဆိုလိုက်သည်။

​သို့သော် ဤဓါတ်တော်များမှာ နဂါးအရိုးစုများ၏ အနှစ်ချုပ်ဖြစ်ရာ အဖိုးတန်ပစ္စည်းများ ဖြစ်မှန်း သူသိပါသည်။ ခွေးသဘာဝအရ အရိုးကို စွဲလမ်းသည်မှာလည်း မဆန်းပေ။ လုပေါင်က ခွင့်ပြုသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

​ခွင့်ပြုချက်ရသည်နှင့် ဒါပေါင်နှင့် ဟေးမီတို့မှာ ထိုလူဦးခေါင်းခွံအရွယ် ဓါတ်တော်ကြီးများကို ဂျွတ်ဂျွတ် ဟု မြည်အောင် ဝါးစားပစ်လိုက်ကြတော့သည်။ လုပေါင်မှာတော့ ကြားရရုံနှင့်ပင် သွားကျိန်းမိသည်။

"ဒီကောင်တွေ သွားကတော့ တကယ်ကို မာတာပဲ။"

​သူတို့ ဝါးစားပြီးနောက် လုပေါင်က အကဲခတ်နေသော်လည်း ထိုခွေးနှစ်ကောင်မှာ အရင်အတိုင်း ထုံပေပေပုံစံနှင့်ပင် ရှိနေသဖြင့် သူ ဇဝေဇဝါ ဖြစ်သွားသည်။

"မဖြစ်နိုင်တာ... ဒီနဂါးဓါတ်တော်တွေက တစ်ခုခုတော့ ထူးခြားရမှာလေ။"

​သို့သော် လုပေါင် ဆက်မတွေးတော့ဘဲ သူ့ဗိုက်ကိုအရင်ဖြည့်လိုက်သည်။ မိစ္ဆာကြီး၏ အသားထဲမှ စွမ်းအင်များ သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသောအခါ သူ၏ ခွန်အားများမှာ သိသိသာသာ ထပ်မံတိုးတက်လာသည်ကို ခံစားလိုက်ရတော့သည်။

"ဒီအသားတွေသာ အကုန်စားပြီးရင် ငါ့ခန္ဓာကိုယ်က ဟိုနွားဦးခေါင်းဘုရင်တွေနဲ့တောင် ယှဉ်လို့ရတော့မှာပဲ။"

လုပေါင်ပျော်ပျော်ကြီး တွေးနေမိသည်။

​"ဝေါင်းး"

​ရုတ်တရက် ထွက်ပေါ်လာသော နဂါးဟိန်းသံကြောင့် လုပေါင် လန့်သွားသည်။သူက နဂါးကြီးထံမှ ထွက်လာသည်ဟု ထင်လိုက်သော်လည်း နဂါးကြီးမှာ မြေကြီးပေါ်တွင် အေးအေးဆေးဆေး ဝပ်နေပြီး လုပေါင်၏ ဘေးနားကို အံ့ဩတကြီး ကြည့်နေခြင်းပင်။

​လုပေါင် ဘေးကို လှည့်ကြည့်လိုက်သောအခါ ဆွံ့အသွားရသည်။ ထိုနဂါးဟိန်းသံမှာ ဒါပေါင် ဆီမှ ထွက်လာခြင်း ဖြစ်သည်။

"မင်းက ခွေးလေ... ဘာလို့ နဂါးလို လာဟိန်းနေတာလဲ။လူကြားသူကြားအောင် ကြွားချင်လို့လား။"

​လုပေါင် ဆဲဆိုရန် ပြင်စဉ်မှာပင် တောအုပ်ထဲမှ တိရစ္ဆာန်များမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြေးလွှားကုန်ကြသည်ကို တွေ့လိုက်ရသည်။ ထိုဟိန်းသံမှာ အယောင်ဆောင်မဟုတ်ဘဲ တကယ့်နဂါးတစ်ကောင်၏ အရှိန်အဝါ ပါဝင်နေခြင်းပင်ဖြစ်၏။

​"ဒါဆို... နဂါးဓါတ်တော်က ဒီကောင်ကို နဂါးဟိန်းသံ စွမ်းရည် ပေးလိုက်တာလား။"

လုပေါင်သံသယဝင်သွားသည်။

​ထိုစဉ် လန့်ဖျန့်နေသော ဝက်ဝံနက်ကြီးတစ်ကောင် လုပေါင်တို့ဆီသို့ လမ်းမှားပြေးဝင်လာခဲ့သည်။ လုပေါင် ဘာမှမလုပ်ရသေးခင်မှာပင် ဟေးမီက ရှေ့ထွက်လာသည်။ ဟေးမီ၏ လည်ချောင်းထဲမှ ရေပွက်ဆူသံကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာပြီးနောက် ပါးစပ်မှနေ၍ ပြင်းထန်သော နဂါးအသက်ရှူငွေ့တစ်ခုကို မှုတ်ထုတ်လိုက်တော့သည်။ဝက်ဝံကြီးမှာ မီတာများစွာ ဝေးရာသို့ လွင့်စင်သွားပြီး သစ်ပင်နှင့် တိုက်မိကာ ပွဲချင်းပြီး သေဆုံးသွားတော့သည်။

​"နဂါးအသက်ရှူငွေ့..."

​လုပေါင် အလွန်စိတ်လှုပ်ရှားသွားသည်။ဒါပေါင်က နဂါးဟိန်းသံ ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုကို ရပြီး ဟေးမီက နဂါးအသက်ရှူငွေ့ မှော်တိုက်ခိုက်မှု ကို ရသွားခြင်းပင်ဖြစ်သည်။

"အခုတော့ မင်းတို့ကို ခွေး လို့တောင် ခေါ်လို့မရတော့ဘူး။ နဂါးခွေးတွေလို့ ခေါ်ရမလား။"

​သို့သော် ကြက်တူရွေးမှာတော့ အရိုးကို ဝါးနိုင်သည့် သွားမရှိသဖြင့် ဒေါသတကြီး ဆဲဆိုနေတော့သည်။

"မင်းတို့ ဘိုးဘေးတွေကို **** ငါ့မှာ သွားမရှိတာကို ကြည့်ပြီး အနိုင်ကျင့်နေတာလား။"

​လုပေါင်ကတော့ ရယ်မောနေမိသည်။ နှင်းလုံးလေးသာ နဂါးဟိန်းသံရသွားလျှင် လူတွေကို လျှောက်ဆဲပြီး ဟိန်းဟောက်နေမှာဖြစ်ရာ သူ့အတွက် ပြဿနာတွေ အများကြီး ပိုတက်လာနိုင်ပေသည်။

​အားလုံး စားသောက်ပြီးနောက် လုပေါင်သည် ဤကျွန်းပေါ်ရှိ ထိုမိစ္ဆာကြီး၏ ဇာစ်မြစ်ကို စတင်စဉ်းစားမိသည်။ ကျွန်းပေါ်ရှိ သတ္တဝါများမှာ ကြီးမားကြသော်လည်း ထိုမိစ္ဆာကြီးမှာမူ မယုံနိုင်စရာကောင်းလောက်အောင် ကြီးမားလှသည်။

"ဒီနောက်ကွယ်မှာ တစ်ခုခုတော့ ရှိရမယ်။"

​သူသည် ပုရွက်ဆိတ်နီတပ်ဖွဲ့နှင့် ကြွက်တပ်ဖွဲ့အားလုံးကို ကျွန်းတစ်ခုလုံး အနှံ့အပြား ရှာဖွေရန် အမိန့်ပေးလိုက်သည်။ သူကိုယ်တိုင်လည်း နဂါးကြီးကို စီး၍ ဆေးပင်များ ရှာဖွေရင်း ထူးခြားမှုများကို စောင့်ကြည့်ရန် ထွက်ခွာခဲ့တော့သည်။ မိစ္ဆာကြီး၏ အတွင်းအားအနှစ်ကို စားထားသော နဂါးကြီးမှာလည်း နေ့စဉ်နှင့်အမျှ ပိုမိုအစွမ်းထက်လာနေပါတော့သည်။

အခန်း ၁၈၂ - လျှို့ဝှက်ဆန်းကြယ်သော ကျောက်စာတိုင်နှင့် ဆင့်ကဲပြောင်းလဲလာခြင်း။

ပုရွက်ဆိတ်နီတပ်ဖွဲ့နှင့် ကြွက်တပ်ဖွဲ့တို့ ကျွန်းအနှံ့ ပျံ့နှံ့သွားပြီးနောက် ရလဒ်များမှာ အလွန်ပင် အားရစရာကောင်းလှသည်။ အနည်းဆုံးတော့ လုပေါင် ၏လက်ထဲတွင် နှစ်ပေါင်းထောင်ချီသက်တမ်းရှိသော ဂျင်ဇင်းများ လင်ဇီးမှိုများနှင့် အခြားအဖိုးတန်ဆေးပင်များစွာ စုဆောင်းမိနေပြီဖြစ်သည်။

မကြာမီမှာပင် ပုရွက်ဆိတ်နီတပ်ဖွဲ့ထံမှ အလွန်အရေးကြီးသော သတင်းတစ်ခု ရောက်လာခဲ့သည်။ ရှားပါးဆေးဖက်ဝင်အပင်များ အစုလိုက်အပြုံလိုက် ပေါက်ရောက်နေသည့် နေရာတစ်ခုကို သူတို့ ရှာဖွေတွေ့ရှိခဲ့ခြင်းပင်။ ထိုနေရာမှာ ယခင်က မိစ္ဆာကောင်ကြီး ထွက်ပေါ်လာခဲ့သည့် အရပ်မျက်နှာဘက်တွင် ဖြစ်ကြောင်း သိရသောအခါ လုပေါင်၏ သံသယမှာ ပိုမိုခိုင်မာလာခဲ့သည်။

လုပေါင်သည် နဂါးကြီးကိုစီး၍ ထိုနေရာသို့ တစ်ဟုန်ထိုး သွားလိုက်ရာ မြင့်မားသော ဂူပေါက်ဝတစ်ခုရှိသည့် လိုဏ်ဂူကြီးတစ်ခုသို့ ရောက်ရှိသွားတော့သည်။ဤကျွန်းပေါ်တွင် ထိုသို့သော ဂူကြီးထဲ၌ နေထိုင်နိုင်သူမှာ ထိုမိစ္ဆာကြီးမှတစ်ပါး အခြားမရှိနိုင်ပေ။

ဂူအတွင်းသို့ လုပေါင် ဝင်ကြည့်လိုက်သောအခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မှင်တက်သွားရသည်။ ဂူအလယ်တွင် ပေ ၁၀ ကျော် မြင့်မားသော ကျောက်စာတိုင်တစ်ခု တည်ရှိနေသည်။ ထိုကျောက်တိုင်ပေါ်တွင် နားမလည်နိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် ပန်းချီကားချပ်များနှင့် အမှတ်အသားများ ထွင်းထုထားပြီး တစ်တိုင်လုံးမှ ထူးခြားသော အလင်းတန်းများ ဖြာထွက်နေသည်။

“မိုးကြိုးသံမဏိ လား။”

လုပေါင်သည်မှတ်တမ်းတင်ရုပ်ရှင်တစ်ခုတွင် မြင်ဖူးခဲ့သော ပစ္စည်းနှင့် ခပ်ဆင်ဆင်တူသဖြင့် တွေးလိုက်မိလေသည်။

ဤကျွန်းပေါ်တွင် ဆေးပင်များမှာ နှစ်ပေါင်း ရာချီ ထောင်ချီ သက်တမ်းရှိနေကြခြင်းမှာ ဤကျောက်တိုင်ကြောင့် ဖြစ်နိုင်ကြောင်း သူ ရိပ်မိလိုက်သည်။ စမ်းသပ်သည့်အနေဖြင့် လုပေါင်သည် အစေ့တစ်ခုကို မြေကြီးထဲ မြှုပ်ကြည့်လိုက်သည်။ မိနစ် ၃၀ မပြည့်ခင်မှာပင် ထိုအစေ့မှ အပင်ပေါက်ထွက်လာသည်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသောအခါ လုပေါင်၏ မျက်လုံးများမှာ အရောင်တောက်သွားတော့သည်။

“ဒါက တကယ့် လိမ်နည်းအသစ် ပဲ။”

ဤကျောက်စာတိုင်သည် အပင်များ၏ ကြီးထွားမှုကို အဆမတန် မြန်ဆန်စေခြင်း ဖြစ်သည်။ လုပေါင်သည် သူ၏မူအတိုင်းပင် တွေ့ရင် အကုန်ငါ့ဟာဟု ဆုံးဖြတ်ကာ နဂါးကြီးကို ထိုကျောက်တိုင်အား မခိုင်းလိုက်သည်။ ကျောက်တိုင်မှာ ထင်ထားသလောက် မလေးလံသဖြင့် လုပေါင်သည် ၎င်းကို သူ၏ အောက်ခြေမရှိသောတွင်းထဲသို့ သိမ်းဆည်းလိုက်ပါတော့သည်။

ကျောက်တိုင်ကို သိမ်းဆည်းပြီးနောက် လုပေါင် သတိထားမိသည်မှာ ၎င်းသည် အပင်များအပေါ်တွင်သာ အစွမ်းပြခြင်းပင်ဖြစ်သည်။ ကျွန်းပေါ်ရှိ သတ္တဝါများ ကြီးမားနေခြင်းမှာ ဤကျောက်တိုင်ကြောင့် တိုက်ရိုက်မဟုတ်ဘဲ ကျောက်တိုင်ကြောင့် အစွမ်းထက်လာသော ဆေးပင်များကို စားသုံးမိကြခြင်းကြောင့် ဖြစ်ပေလိမ့်မည်။

အခြေအနေကို ရှင်းရှင်းလင်းလင်း သိသွားပြီးနောက် လုပေါင်သည် မျိုးရိုးဗီဇမြှင့်တင်ဆေးဖော်စပ်ရန် လိုအပ်နေသေးသော ကျန်ရှိသည့် ဆေးပင်များကို အမြန်ရှာဖွေရာ မကြာမီမှာပင် အကုန်အစင် ရရှိသွားတော့သည်။

ထိုစဉ် လုပေါင်၏ ခေါင်းထဲတွင် စနစ်ဆီမှ သတိပေးချက်တစ်ခု ထပ်မံ ထွက်ပေါ်လာသည်။

“တီ- Host သည် ကျပန်းမစ်ရှင် တစ်ခု လက်ခံရရှိသည်။မစ်ရှင်လိုအပ်ချက်- မျိုးရိုးဗီဇမြှင့်တင်ဆေးကို အသုံးပြု၍ ကျန်းရွှယ်ချီ၏ ဦးနှောက်အကျိတ်ကို ပျောက်ကင်းအောင် ကုသပေးပါ။ မစ်ရှင်ဆုလာဘ်- နတ်ဘုရားအသံ။”

“နတ်ဘုရားအသံ။”

လုပေါင်ကြောင်သွားသည်။အရင်တစ်ခါက လျှပ်စစ်အသံ တုန်းကလည်း လျှပ်စစ်ငါးရှဉ့်လေးနဲ့ အမြဲတမ်း ဓာတ်လိုက်နေရတာမျိုး။ အခုရော စနစ်က ဘာတွေ ထပ်လုပ်ဦးမလဲဆိုတာ သူ အနည်းငယ် စိုးရိမ်မိသော်လည်း ဆုလာဘ်ကိုတော့ လိုချင်မိသားပင်ဖြစ်၏။

ဘာပဲဖြစ်ဖြစ် ကျန်းရွှယ်ချီ၏ ရောဂါကို ကုသပေးရန်မှာ သူ လုပ်ဆောင်ရမည့် အဓိကတာဝန်ဖြစ်ရာ ဆုလာဘ်ပါ ရမည်ဆိုတော့ သူ့အတွက် ပို၍ပင် အဆင်ပြေသွားပါတော့သည်။

All Chapters