← Chapters

အခန်း (၁၈၅-၁၈၆)

Vol. 19 Ch. 185-186

အခန်း (၁၈၅-၁၈၆)

Vol. 19 Ch. 185-186

အခန်း ၁၈၅ - ဆေးကျမ်းအနှစ်ချုပ်ဆိုတဲ့သီချင်းလေး တစ်ပုဒ်လောက်ဆိုပြပါလား ဘယ်လိုလဲ။

“ငါတို့ရဲ့ ရတနာနတ်ဘုရားက ဒီဦးနှောက်အကျိတ်ကို တကယ်ကုနိုင်လိုက်တာဆိုရင်တော့ လူကြည့်နှုန်းတွေ အကြီးအကျယ် ထပ်တက်ဦးမှာပဲ။”

လုလင်းဟွာ က စိတ်လှုပ်ရှားစွာ ပြောလိုက်မိသည်။ သူသည် လုပေါင်ထံ ချက်ချင်းပင် အကြောင်းပြန်လိုက်သည်။

“ပြဿနာမရှိပါဘူးရတနာနတ်ဘုရားရေကျွန်တော့်ကို ဆက်သွယ်ဖို့ မိနစ်အနည်းငယ်လောက် အချိန်ပေးပါဦး။”

လုပေါင်ကထိုသတင်းစကားကို လက်ခံရရှိပြီးနောက် သိပ်ဂရုမစိုက်ဘဲ စနစ ကိုသာ စစ်ဆေးလိုက်သည်။ စနစ်တွင် အသစ်တိုးလာသော နတ်ဘုရားအသံ ဆိုသည့် စွမ်းရည်ကို ကြည့်ပြီး သူ တွေဝေသွားလေသည်။

“ငါက ငယ်ငယ်လေးကတည်းက အသံမွဲတဲ့သူမို့လို့ ဒီဆုလာဘ်ကို ပေးတာလား။”

ပြောရင်းလုပေါင်သည် ထိုစွမ်းရည်က ဘယ်လိုလဲဆိုတာ စမ်းသပ်ရန် သီချင်းတစ်ကြောင်းကို ခပ်တိုးတိုး ညည်းလိုက်သည်။

“ငါက မင်းရဲ့အဖေပါ... ဘယ်လောက်တောင် ကြီးကျယ်လိုက်သလဲ မင်းကို ဒီလောက်ကြီးအောင် ကျွေးခဲ့တာတောင် ငါ့စကားကို ခုထိ နားမထောင်သေးဘူး။”

သို့သော် ထိုအသံ ထွက်လာသည်နှင့် လုပေါင်ကိုယ်တိုင် ဆွံ့အသွားရသည်။

‘ဒါကငါ့လည်ချောင်းထဲက ထွက်လာတဲ့ အသံလား။’

သူကိုယ်သူပင်သံသယဝင်သွားသည်။ငယ်ငယ်ကတည်းက ဘဲသံလို အသံမျိုးရှိခဲ့သော လုပေါင်သည် သီချင်းဆိုရန် လုံးဝ ယုံကြည်မှုမရှိခဲ့ပေ။သို့သော် ယခု ညည်းလိုက်သော သီချင်း၏ အသံနေအသံထားမှာ အလွန်ပင် ကောင်းမွန်လွန်းနေရုံတင်မက ခံစားချက်ပါ အပြည့်ပါနေသည်။

“ဒါက နတ်ဘုရားအသံလား။ပေါ့ပ်သီချင်းကိုတောင် ရုပ်ရှင်နောက်ခံတေးလို ခံစားချက်မျိုးနဲ့ ဆိုလို့ရတာလား။”

Live ထဲမှ ပရိတ်သက် များမှာလည်း လုပေါင်၏ ညည်းသံကို ကြားပြီးနောက် ဆူညံကုန်ကြသည်။

“ဒါ အခုလေးတင် ရတနာနတ်ဘုရား ဆိုလိုက်တာလား။”

“ဒီ Live Platform က ငါတို့ ရတနာနတ်ဘုရားအတွက် Sound Card တွေ ဘာတွေ တပ်ပေးထားတာလား။ငါတို့ နတ်ဘုရားက အဲ့ဒါတွေ မလိုဘူးနော်။”

“ဒါပေမဲ့ ဒီအသံက တကယ့်ကို အလန်းစားပဲ။”

ဘေးနားရှိ ကျန်းရွှယ်ချီနှင့် ကျောက်မင်တို့ပင်လျှင် လုပေါင်ကို အံ့ဩတကြီး ကြည့်နေမိသည်။အထူးသဖြင့် အနုပညာလောကမှ ထိပ်တန်းမင်းသမီးဖြစ်သူ ကျောက်မင်မှာ ဂီတပိုင်းတွင် သာမန်ထက် သာလွန်သူဖြစ်ရာ လုပေါင်၏ အသံထိန်းချုပ်နိုင်စွမ်းမှာ ပရော်ဖက်ရှင်နယ် အဆိုတော်များထက်ပင် သာလွန်နေကြောင်း သူမ သိလိုက်သည်။

ပရိတ်သက် များက အသံပြုပြင်သည့်စက်ဟု ထင်နေကြသဖြင့် လုပေါင်က ခပ်တည်တည်ဖြင့်

“နည်းပညာတွေကတိုးတက်လာတာပဲ ဒီ Effect က တကယ်ကောင်းတာပဲ။”

တကယ်တော့သူက အပြင်ထွက် Live လွှင့်သူဖြစ်ရာ တစ်နေ့ကုန် သီချင်းဆိုပြနေရန် မဖြစ်နိုင်ပေ။

သို့သော် Live ကို စောင့်ကြည့်နေသော Moderator က ချက်ချင်းပင် စာတန်းထိုးပြီး ရှင်းပြလိုက်သည်။

“ဒီ Live Platform ကနေ ဘာအသံပြုပြင်တဲ့စက်မှ တပ်ဆင်ပေးထားခြင်း မရှိပါဘူး။ပရိသတ်ကြီးအနေနဲ့ တချို့လူတွေရဲ့ လိမ်ညာမှုကို မယုံကြဖို့ မေတ္တာရပ်ခံပါတယ်။”

Moderator မှာ နည်းနည်းတော့ မကျေမနပ်ဖြစ်နေပုံရသည်။ အရင်တစ်ခါကလည်း ရွှေဖားကြီး၏ ရွှေချေးတုံးများကို Live Platform ရဲ့ Filter ကြောင့်ဟုဆိုကာ လုပေါင်က အပြစ်တင်ခဲ့သဖြင့် နည်းပညာသမားများမှာ အကြီးအကျယ် အဆဲခံခဲ့ရဖူးသည်။ အခုရော အပြစ်ပုံချတာကို နောက်တစ်ကြိမ် ခံရဦးမှာလား။

Fan များကတော့ Moderator ကို ဝိုင်းဝန်း ထောက်ခံကြပြီး လုပေါင်ကို သီချင်းဆိုပြရန် ဝိုင်းတောင်းဆိုကြတော့သည်။ ထိုစဉ်မှာပင် ဆရာကြီး ကျောက်ပိုင်းရန် ထံမှ Live Link တောင်းဆိုချက် ရောက်လာသဖြင့် လုပေါင် ဝမ်းသာအားရ လက်ခံလိုက်သည်။

ဗီဒီယိုထဲတွင် ဆရာကြီး ကျောက်မှာ အလွန် အလျင်လိုနေပုံရပြီး

“လူနာကို မြန်မြန်ပြပါဦး။”

လုပေါင်ကကျန်းရွှယ်ချီကို ကင်မရာရှေ့ ဆွဲခေါ်လိုက်သောအခါ ဆရာကြီး ကျောက်မှာ ဦးစွာ အံ့ဩသွားပြီးနောက် ဝမ်းသာသွားသည်။

တိုင်းရင်းဆေးပညာတွင် အကဲခတ်ခြင်းမှာ ပထမဆုံး အဆင့်ဖြစ်သည်။ ကျန်းရွှယ်ချီ၏ မျက်နှာမှာ နီမြန်းစိုပြည်နေပြီး ကျန်းမာသန်စွမ်းသူတစ်ဦး၏ အသွင်အပြင်မျိုး ရှိနေသည်။ ဆရာကြီး ကျောက်က မေးခွန်းများစွာ မေးမြန်းရာ ကျန်းရွှယ်ချီကလည်း သူမ၏ ခံစားချက်များကို တစ်ခုချင်း ဖြေကြားခဲ့သည်။

“ဆရာကြီး... အခြေအနေ ဘယ်လိုရှိလဲ။”

စနစ်ကအောင်မြင်သည်ဟု ပြောထားသော်လည်း ကျွမ်းကျင်သူ၏ အမြင်ကို သူ သိချင်သေးသည်။

ဆရာကြီး ကျောက်က

“မျက်နှာအသွင်အပြင်နဲ့ ခန္ဓာကိုယ်အခြေအနေကတော့ အရမ်းကောင်းပါတယ်။ ဒါပေမဲ့ တိတိကျကျ သိရဖို့ကတော့ ဆေးရုံသုံး ပစ္စည်းတွေနဲ့ သေချာစမ်းသပ်ဖို့လိုဦးမယ်။”

လုပေါင်လည်း ဤအဖြေကို ကြိုတင်မျှော်လင့်ထားပါသည်။ ဦးနှောက်အကျိတ် ပျောက်ကွယ်သွားသည်ဆိုသည်မှာ မယုံနိုင်စရာ ဖြစ်ရပ်တစ်ခု မဟုတ်ပါလား။

Live ထဲမှ ပရိတ်သက် များကတော့ တစ်ခဲနက် ဆူညံနေကြသည်။

“ဟား... ဆရာကြီး ကျောက် ပြောပုံအရဆိုရင် ရတနာနတ်ဘုရား တကယ် ကုလိုက်နိုင်ပြီပေါ့။”

“ဦးနှောက်အကျိတ်ကို ကုနိုင်ရုံတင်မကဘူး။ သီချင်းပါ ဆိုနိုင်သေးတယ်။”

“ဒါဆိုရင် ဆေးကျမ်းအနှစ်ချုပ်ဆိုတဲ့သီချင်းလေး တစ်ပုဒ်လောက် ဆိုပြပါလား ဒီအခြေအနေနဲ့ ကွက်တိပဲလေ။”

လုပေါင်ကတော့ ပြုံးရင်းနှင့်သာ ကြည့်နေပါတော့သည်။

အခန်း ၁၈၆ - မျိုးရိုးဗီဇဆေးရည်၏ ဘေးထွက်ဆိုးကျိုးများ။

ဆရာကြီးကျောက်၏ အတည်ပြုချက်ကို ရရှိပြီးနောက် လုပေါင်တစ်ယောက် လုံးဝ စိတ်အေးသွားရတော့သည်။ မူလက သူသည် ကျန်းရွှယ်ချီ ၏ အခြေအနေကို အသေးစိတ် ထပ်မံမေးမြန်းချင်သော်လည်း သူမက မဝံ့မရဲဖြစ်နေပြီး လုပေါင်ကို အခန်းထဲမှ ခဏထွက်ပေးရန် အရိပ်အယောင်ပြနေသည်။

ကျန်းရွှယ်ချီ၏ ရှက်သွေးဖြန်းနေသော မျက်နှာနီနီလေးကို ကြည့်ပြီး လုပေါင် အနည်းငယ် ကြောင်သွားသည်။ ဒီကျွန်းပေါ်မှာ အတူနေလာတာ နှစ်လနီးပါးရှိပြီဖြစ်တဲ့ သူတို့သုံးယောက်ကြားမှာ အခုမှ ဘာလို့ လာရှက်နေတာလဲဟု သူ တွေးမိသည်။ ကျောက်မင် ကပင် ဘေးမှဝင်၍ ငါတို့ မိန်းကလေးတွေကိစ္စထဲ ဝင်မရှုပ်နဲ့ ဟု ဆိုကာ သူ့ကို မောင်းထုတ်လိုက်လေသည်။

လုပေါင်လည်း အခန်းပြင်ထွက်ကာ Live ကိုပါ ပိတ်လိုက်သည်။ အဓိက ရည်မှန်းချက် အောင်မြင်သွားပြီ မဟုတ်ပါလား။ ခဏအကြာတွင် ကျောက်မင်သည် အခန်းထဲမှ ထွက်လာပြီး ရေနွေးများ အလုပ်ရှုပ်ခံကာ ကျိုတော့သည်။ သူမသည် ရေနွေးဇလုံကြီးကို အခန်းထဲသို့ သယ်သွားပြီး အတော်ကြာအောင် ပြန်ထွက်မလာပေ။ နောက်ဆုံး ပြန်ထွက်လာသောအခါ ကြည်လင်သော ရေနွေးများမှာ မည်းနက်နေသည့် ရေပုပ်များ ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် လုပေါင် လန့်သွားရသည်။

“အခန်းထဲမှာ ဘာတွေလုပ်နေကြတာလဲ။ဘာလို့ ရေတွေက ဒီလောက် ညစ်ပတ်ကုန်တာလဲ။”

ကျောက်မင်က သူ့ကို တစ်ချက်စောင်းကြည့်ကာ အခန်းထဲ ပြန်ဝင်သွားသည်။ ထိုစဉ် အခန်းထဲမှ စကားသံအချို့ကို လုပေါင် ကြားလိုက်ရသည်။

“မမရွှယ်ချီ... မမရဲ့ အသားအရေက ဘယ်လိုဖြစ်လို့ ဒီလောက် ချောမွတ်သွားတာလဲ။ကျွန်မကို နောက်တစ်ခါလောက် ပြန်ကိုင်ကြည့်ပါရစေဦး။”

လုပေါင်၏ ရင်ခုန်သံမှာ တစ်ချက်မျှ တုံ့ခနဲ ဖြစ်သွားသည်။

“ဒီမိန်းကလေးနှစ်ယောက်... ဒီကျွန်းပေါ်မှာ အတူနေရင်း ကျား မ နယ်နိမိတ်ကို ကျော်လွန်တဲ့ သံယောဇဉ်တွေများ ဖြစ်ကုန်ကြပြီလား။”

သူသည် ခေါင်းကို အမြန်ခါယမ်းကာ ထိုအတွေးဆိုးများကို ဖယ်ထုတ်လိုက်ပြီး ချီလင်လေးနှင့် သွားဆော့နေလိုက်တော့သည်။

တစ်ဖက်တွင်လည်း Live ထဲမှ ပရိသတ်အချို့သည် ဦးနှောက်အကျိတ် ကုသနိုင်ပြီဆိုသည့် သတင်းကို အွန်လိုင်းတွင် ဖြန့်ဝေနေကြသည်။ သို့သော် အများစုမှာမူ ဒါက လူကြည့်များအောင် လိမ်နေတာပဲဟု ဆိုကာ လှောင်ပြောင်နေကြသည်။ပရိတ်သက် များကတော့ စိတ်ထဲမှ ကြိတ်မှတ်ထားကြသည်။

“နေဦးပေါ့... ရတနာနတ်ဘုရားက မင်းတို့မျက်နှာကို ရိုက်ပြတဲ့နေ့ကျမှ ဒီဗီဒီယိုကို ပြန်ပို့ပေးမယ်။”

ကျွန်းပေါ်တွင်မူ လုပေါင်သည် ချီလင်လေးကို ထပ်မံ ဖြားယောင်းကာ ကျန်ရှိနေသော ဆေးပင်များဖြင့် မျိုးရိုးဗီဇမြှင့်တင်ဆေး (၅) လုံး ထပ်မံ ဖော်စပ်လိုက်သည်။ ထို့နောက် သူကိုယ်တိုင်လည်း တစ်လုံးကို ချက်ချင်း သောက်ချလိုက်သည်။

လုပေါင်၏ ခန္ဓာကိုယ်မှာ ကျန်းရွှယ်ချီထက် ပိုသန်မာသဖြင့် သတိလစ်မသွားသော်လည်း ခဏအကြာတွင် တစ်ကိုယ်လုံး၌ ပုရွက်ဆိတ်များ လာတက်နေသကဲ့သို့ ယားယံလာသည်။ သူ ငုံ့ကြည့်လိုက်သောအခါ သူ့ကိုယ်ပေါ်ရှိ ချွေးပေါက်တိုင်းမှ မည်းနက်သော ရွှံ့နွံကဲ့သို့ အညစ်အကြေးများ ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။ ထိုအရာများမှာ အလွန်ပင် နံစော်လှသဖြင့် ဘေးနားရှိ ချီလင်လေးပင် ရွံရှာစွာဖြင့် ထွက်ပြေးသွားတော့သည်။

“ဒါက...အညစ်အကြေးသန့်စင်တာပဲ။”

လုပေါင်သည် သိုင်းပညာရှင်ကြီးများနှင့် ပေါင်းဖော်ခဲ့ဖူးသဖြင့် လူ့ခန္ဓာကိုယ်ထဲရှိ အညစ်အကြေးများကို စွန့်ထုတ်ပြီး ကိုယ်ခန္ဓာကို အဆင့်မြှင့်တင်သည့် ဤဖြစ်စဉ်ကို နားလည်လိုက်သည်။ ကျန်းရွှယ်ချီ တစ်ယောက် သူ့ကို အခန်းပြင် မောင်းထုတ်ရခြင်းမှာလည်း ဤအညစ်အကြေးများ ထွက်လာခြင်းကြောင့် ရှက်လို့ဖြစ်မှန်း သူ အခုမှ သိလိုက်ရသည်။

သူသည် ပင်လယ်ထဲသို့ အမြန်ခုန်ချကာ ကိုယ်ကို ဆေးကြောလိုက်သည်။ အညစ်အကြေးများ ပြောင်စင်သွားသောအခါ သူ့အသားအရေမှာ ကျောက်စိမ်းကဲ့သို့ ချောမွတ်နေသည်ကို တွေ့ရသည်။

“ဒီလို အသားအရေမျိုးကို မိန်းကလေးတွေ မြင်ရင် မနာလိုဖြစ်ပြီး သေကုန်ကြမှာပဲ။”

သူ တွေးနေစဉ် တစ်စုံတစ်ယောက်က သူ့ကို စိုက်ကြည့်နေသည်ကို သတိထားမိသွားသည်။

လှည့်ကြည့်လိုက်သောအခါ ထိပ်တန်းမင်းသမီးဟောင်း ကျောက်မင် ဖြစ်နေသည်။ လုပေါင်က အရှက်သည်းစွာဖြင့် အရေးကြီးသည့် နေရာများကို ကာကွယ်လိုက်ပြီး

“မမ... ကျွန်တော် ရေချိုးနေတာလေ။”

ကျောက်မင်ကတော့ ရှက်မနေဘဲ လုပေါင်၏ ကိုယ်လုံးကို ဗြောင်စိုက်ကြည့်ရင်း ရယ်မောလိုက်ကာ ပြောသည်။

“မင်း မမရွှယ်ချီကို ဘာဆေးကျွေးလိုက်တာလဲ။ ငါ့ကိုလည်း တစ်လုံးလောက် ပေးပါလား။ မမရဲ့ အသားအရေက အဲ့ဒီဆေးသောက်ပြီးတာနဲ့ တကယ်ကို အံ့ဩစရာကောင်းလောက်အောင် လှသွားတာ... ငါတို့ ဒီကျွန်းပေါ်မှာ နေပူလေပူမိတာ များနေပြီလေ။”

လုပေါင် နားလည်သွားသည်။ မျိုးရိုးဗီဇမြှင့်တင်ဆေး၏ ဘေးထွက်ဆိုးကျိုးဖြစ်သော အသားအရေ လှပလာခြင်း က ထိပ်တန်းမင်းသမီးတစ်ယောက်ကိုပင် မနေနိုင်မထိုင်နိုင် ဖြစ်အောင် ဆွဲဆောင်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

All Chapters