အခန်း (၁၄၁-၁၄၂)
Vol. 9 Ch. 141-142
အခန်း (၁၄၁) နောက်ဆုံး တိုက်ပွဲအခွင့်အရေး
"အခုပဲ ဒါမှမဟုတ်ရင် ဘယ်တော့မှ မရတော့ဘူး" နင်းကျော့သည် သံမဏိဟန် သံချပ်ကာကို အစွမ်းကုန် လှုံ့ဆော်လိုက်ပြီး နောက်ဆံမအေးဘဲ ချီပိုင်ထံသို့ တစ်ဟုန်ထိုး ပြေးဝင်သွားတော့သည်။
ချီပိုင်၏ ဦးခေါင်းမှ သွေးများ တဖြဖြထွက်နေပြီး မျက်စိထဲ၌ မှောင်အတိ ကျနေကာ သတိလစ်လုနီးပါး ဖြစ်နေချေပြီ။
ထိုခဏ၌ သံမဏိဟန် သံချပ်ကာသည် လေထုကို ခွဲကာ ရောက်ရှိလာသည်။
သေမင်းခေါ်သံ ကြာပွတ်။
ရှည်လျားလှသော ကြာပွတ် ဒါဇင်ပေါင်းများစွာတို့သည် မြွေအုပ်ကြီးကဲ့သို့ပင် ရူးသွပ်စွာ ရမ်းခါလျက် အဆက်မပြတ် ရိုက်နှက်တော့သည်။
ချီပိုင်သည် မြေပြင်နှင့်ပင် မထိနိုင်တော့ဘဲ ဝေဟင်ထက်၌ ဟိုဒီ လွင့်စင်နေရ၏။
ကြာပွတ်တစ်ချက် ရိုက်မိတိုင်း သူ၏ ခန္ဓာကိုယ်ထက်၌ ရွှေရောင်အလင်းလှိုင်းများ ထွက်ပေါ်လာပြီး သူ၏ အကာအကွယ်ကျင့်စဉ်ကို ဖောက်ထွက်နိုင်ခြင်း မရှိပေ။
"ဒါက ကျင့်စဉ်လား၊ နတ်ဘုရားစွမ်းအားလား၊ ဒါမှမဟုတ် အကာအကွယ် မှော်လက်နက်တစ်ခုခုလား" နင်းကျော့၏ မျက်လုံးများ နီမြန်းလာကာ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။
ဤသည်မှာ သူ အသေအလဲ ကြံဆထားသည့် ပြန်လည်တိုက်စစ်ဆင်မှု ဖြစ်ပေသည်။
အကယ်၍ ချီပိုင်သာ အသက်ရှူပြန်မှန်သွားပါက ဤတိုက်ပွဲ၏ အဆုံးအဖြတ်မှာ လုံးဝ ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။
သို့သော် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများအပေါ် များစွာ ထိရောက်လေ့ရှိသော သေမင်းခေါ်သံ ကြာပွတ်မှာ ချီပိုင်၏ အကာအကွယ်ကို မချိုးဖျက်နိုင်ဘဲ ဖြစ်နေချေ၏။
စွန်းလင်ထုံက အလျင်အမြန်ပင် အသံလွှင့်ကာ ပြောကြားလိုက်သည်။ "ကျော့လေး။ ချီပိုင်က ကိုယ်ခံကျင့်ကြံသူ မဟုတ်ဘူး၊ သူက သရဲဝိညာဉ်တွေကို ထိန်းချုပ်တဲ့နေရာမှာ ကျွမ်းကျင်တာ၊ သူ့ရဲ့ ပါရမီက ငရဲဘုံသို့ ထိုးဖောက်အမြင် ဖြစ်တဲ့အတွက် သူ့ရဲ့ အကာအကွယ်တွေက ကျင့်စဉ် ဒါမှမဟုတ် နတ်ဘုရားစွမ်းအား ဖြစ်ဖို့ မလွယ်ဘူး။"
"ငါ မြင်နေရတာကတော့ ရွှေရောင်အလင်းရဲ့ အားအနည်းဆုံးနေရာက သူ့ခေါင်းပေါ်က ဒဏ်ရာပဲ၊ အခု အဲဒီဒဏ်ရာက မြန်မြန်ဆန်ဆန် ပြန်ကျက်နေပြီ။"
"ရွှေရောင်အလင်း အားအကောင်းဆုံးနေရာကတော့ သူ့ချက်အောက် သုံးလက်မ အကွာက အနှစ်သာရပင်လယ်နဲ့ အောက်ပိုင်းတန်တျန်မှာပဲ။"
"အပြင်းထန်ဆုံး နည်းလမ်းကို သုံးလိုက်တော့"
နင်းကျော့၏ မျက်လုံးများ စူးရှစွာ တောက်ပသွားပြီး "နားလည်ပြီ" ဟု ပြန်ပြောလိုက်သည်။
သူသည် သံမဏိဟန် သံချပ်ကာကို အမြင့်ဆုံး စွမ်းအားအထိ တွန်းတင်လိုက်၏။
ဝိညာဉ်ကျောက်တုံးများမှာ ရူးသွပ်ဖွယ် ကုန်ဆုံးသွားပြီး ကြီးမားသော ဝိညာဉ်စွမ်းအားများအဖြစ် ပြောင်းလဲသွားကာ လေနှင့် လျှပ်စီး အင်းကွက်များဖြင့် ရှုပ်ထွေးလှသော လက်ဝါးခန့် အဆောင်လက်ဖွဲ့ နှစ်ခုအတွင်းသို့ စီးဝင်သွားသည်။
အဆောင်လက်ဖွဲ့ တစ်ခုချင်းစီမှ လေနှင့် လျှပ်စီးစွမ်းအားများ ပေါက်ကွဲထွက်လာပြီး သံမဏိဟန် သံချပ်ကာအတွင်းရှိ အစီအရင်များအတိုင်း အချင်းချင်း ရောယှက်ကာ အားအင်အသစ်တစ်ခုအဖြစ် ပေါင်းစည်းသွားလေတော့သည်။
လေလျှပ်စီး အဟုန်။
စိမ်းလဲ့လဲ့ လျှပ်စီးရောင်များမှာ သံမဏိဟန် သံချပ်ကာကို ဝန်းရံသွားတော့သည်။
ခဏချင်းအတွင်းမှာပင် သံမဏိဟန် သံချပ်ကာ၏ အရှိန်မှာ အထွတ်အထိပ်သို့ မြင့်တက်သွားပြီး မျက်တောင်တစ်ခတ်အတွင်း ချီပိုင်၏ ရှေ့မှောက်သို့ ရောက်ရှိသွားချေပြီ။
အေးစက်သော သံချပ်ကာ။
သံမဏိဟန် သံချပ်ကာအတွင်းရှိ အကာအကွယ်အစီအရင်ကို အစွမ်းကုန် တွန်းတင်ထားသဖြင့် စွမ်းအားများ မြည်ဟည်းနေ၏။
ထိုအစီအရင်သည် သတ္တုနှင့် ရေဓာတ်တို့၏ စွမ်းအားကို ကျွမ်းကျင်စွာ ပေါင်းစပ်ထားပြီး အလွန်အမင်း အေးစက်သော အအေးဓာတ်ကို ထုတ်လွှတ်နေသလို သတ္တု၏ မာကျောသော ဂုဏ်သတ္တိများကိုလည်း ဆောင်ထားကာ သံမဏိဟန် သံချပ်ကာ တစ်ခုလုံးကို ဖုံးလွှမ်းလျက် တိုက်စစ်နှင့် ခံစစ်ကို အမြင့်ဆုံးအထိ မြှင့်တင်ထားပေသည်။
နဂါးပြာ ဝေဟင်ခွဲ။
သံမဏိဟန် သံချပ်ကာ၏ ကျောကုန်း၊ ပုခုံး၊ တံတောင်နှင့် လက်ကောက်ဝတ်ရှိ ချပ်ပြားများမှာ ပွင့်အာလာပြီး ဝှက်ထားသော ပေါက်ကွဲစေတတ်သည့် အဆောင်လက်ဖွဲ့များကို ဖော်ပြလိုက်သည်။
အဆောင်လက်ဖွဲ့များမှာ အရှိန်အဟုန်ဖြင့် တောက်လောင်လာပြီး စူးရှသော အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာကာ နင်းကျော့၏ တိုက်ကွက်ကို အရှိန်မြှင့်တင်ပေးလိုက်ရာ သူ၏ တိုက်စစ်စွမ်းအားမှာ တစ်ခဏအတွင်းမှာပင် အကန့်အသတ်သို့ ရောက်ရှိသွားတော့သည်။
လူငယ်ဧည့်သည်အဖြစ် ဟန်ဆောင်ထားသော ဝတ်ရုံနက်မှာ ဆုတ်ဖြဲခံလိုက်ရပြီး သံမဏိဟန် သံချပ်ကာ၏ စစ်မှန်သော ပုံရိပ်မှာ ငွေရောင်နဂါးတစ်ကောင်ကဲ့သို့ ကောင်းကင်ယံကို ခွဲထွက်ကာ မျက်စိကျိန်းမတတ် အဖြူရောင်အလင်းများကို ဆောင်ကြဉ်းလျက် အမှောင်ထုအားလုံးကို ဖြတ်တောက်လိုက်ချေပြီ။
လက်သီးချက်များမှာ မြားမိုးရွာချသကဲ့သို့ ရှိပြီး ခြေကန်ချက်များမှာလည်း လေမုန်တိုင်းကဲ့သို့ပင်။
လက်သီးနှင့် ခြေကန်ချက်များမှာ ရောယှက်နေပြီး ကြောက်မက်ဖွယ်ကောင်းသော တိုက်စစ်လှိုင်းလုံးကြီးအဖြစ် ပြောင်းလဲကာ ချီပိုင်ကို လုံးဝ လွှမ်းမိုးသွားတော့သည်။
လက်သီးချက်နှင့် ခြေကန်ချက်များသည် ရွှေရောင်အလင်းဒိုင်းထက်သို့ ပြင်းထန်စွာ ကျရောက်သွားသဖြင့် အလင်းဒိုင်းမှာ အပိုင်းပိုင်းအစစ ကွဲအက်ကုန်၏။
ရွှေရောင်အလင်းဒိုင်းသည် တဖြည်းဖြည်း အက်ကွဲလာပြီး ပုံရိပ်ယိုင်နဲ့လာကာ မှေးမှိန်သွားတော့သည်။
ရွှေရောင်အလင်း၏ အကာအကွယ်စွမ်းအားမှာ လျင်မြန်စွာ အားနည်းလာပြီး လက်သီးနှင့် ခြေကန်ချက်များ၏ အရှိန်အဟုန်ကို မခုခံနိုင်တော့သဖြင့် အတွင်းမှ ချီပိုင်မှာ တိုက်ခိုက်မှုများကို တိုက်ရိုက် ခံစားနေရချေပြီ။
လက်သီးချက်တစ်ချက်က သူ၏ ဦးခေါင်းကို စောင်းသွားစေပြီး လည်ပင်းမှာလည်း အကန့်အသတ်အထိ လည်ထွက်သွားသည်။
ဒူးတိုက်ချက်တစ်ချက်က ချီပိုင်၏ ခါးအလယ်သို့ ပြင်းထန်စွာ ကျရောက်သွားသဖြင့် သူသည် ပုစွန်ထုပ်ကဲ့သို့ ကွေးညွတ်သွားကာ မျက်လုံးများ ပြူးထွက်လျက် သွေးတစ်လုတ် ထွေးထုတ်လိုက်ရ၏။
အခြား လက်သီးချက်တစ်ချက်မှာ ချီပိုင်၏ မေးရိုးပေါ်သို့ ကျရောက်သွားသဖြင့် သူသည် သွားများကို တင်းတင်းစိထားရကာ လျှာကိုပင် ကိုက်မိလုနီးပါး ဖြစ်သွားသည်။
ချီပိုင်သည် ခေါင်းကို နောက်သို့ လန်သွားကာ ဝေဟင်ထက်သို့ ပိုမိုမြင့်မားစွာ လွင့်တက်သွားရချေ၏။
သို့သော် နောက်တစ်ခဏ၌ပင် အပြာရောင်လျှပ်စီးတစ်ချက်နှင့်အတူ ငွေဖြူရောင် လျင်မြန်သော ခန္ဓာကိုယ်သည် ချီပိုင်၏ ဦးခေါင်းထက်၌ ရုတ်တရက် ပေါ်ပေါက်လာသည်။
နင်းကျော့သည် လက်နှစ်ဖက်ကို လက်သီးဆုပ်လျက် တင်းတင်းဆုပ်ကိုင်ကာ ပုခုံးထက်သို့ မြှောက်လိုက်ပြီးနောက် သံမဏိဟန် သံချပ်ကာကို အရှိန်ကုန်တင်ကာ ဥက္ကာခဲတစ်ခုကဲ့သို့ ချီပိုင်ထံသို့ ထိုးဆင်းလိုက်တော့သည်။
ချီပိုင်၏ ခန္ဓာကိုယ်ကို ကာကွယ်ထားသော ရွှေရောင်အလင်းမှာ ဖောက်ထွင်းမြင်ရလုနီးပါးအထိ အားနည်းနေချေပြီ။
သူ၏ ဦးခေါင်းရှိ ဒဏ်ရာမှလည်း သွေးများမှာ စီးကျနေဆဲပင်။ ထိုနေရာမှာ မီးလျှံသီးစေ့ ကျရောက်ခဲ့သော နေရာဖြစ်သလို ရွှေရောင်အလင်းဒိုင်း၏ အားအနည်းဆုံး နေရာလည်း ဖြစ်ပေသည်။
နင်းကျော့၏ အကြည့်မှာ ဓားတစ်စင်းကဲ့သို့ စူးရှနေပြီး ရန်သူ၏ အားအနည်းဆုံးနေရာကို ပစ်မှတ်ထားလိုက်သည်။
အစွမ်းကုန် တိုက်ခိုက်မှု။
နင်းကျော့၏ လက်သီးသည် လမင်းကို လိုက်နေသော ဥက္ကာခဲကဲ့သို့ ကျဆင်းသွားရာ လေထုနှင့် ပွတ်တိုက်မှုကြောင့် ငွေဖြူရောင် လက်သီးမှာ မီးတောက်ကဲ့သို့ နီရဲနေချေပြီ။
အသက်နှင့်သေခြင်း အဆုံးအဖြတ်ပေးရမည့် အရေးကြီးသော အချိန်၌ ချီပိုင်သည် သူ၏ ပြင်းထန်သော ရှင်သန်လိုစိတ်ကြောင့် နောက်ဆုံးတွင် သတိပြန်ဝင်လာတော့သည်။
"မုန့်ခွေ။
ချီပိုင်၏ နှလုံးသားမှာ တုန်လှုပ်သွားပြီး အေးစက်သွားတော့သည်။
"သူက မက်မွန်သီးစေ့ကို သုံးတယ်ဆိုကတည်းက တောင်ပေါ်မှ ကြည့်ရှုခြင်း နတ်ဘုရားစွမ်းအားကိုလည်း သုံးပြီးသား ဖြစ်ရမယ်။"
"ဘာဖြစ်လို့လဲ"
ဝိညာဉ်ဝါးဂိုဏ်း၏ မျိုးဆက်ခံတပည့်တစ်ဦးအဖြစ် မီးလျှံတောင်တန်းသို့ စေလွှတ်ခံရသူဖြစ်ရာ ချီပိုင်မှာ ကြိုတင်ပြင်ဆင်မှုများ ရှိခဲ့သည်မှာ သဘာဝပင်။
သူသည် မုန့်ခွေ၏ ထင်ရှားသော နတ်ဘုရားစွမ်းအားဖြစ်သည့် တောင်ပေါ်မှ ကြည့်ရှုခြင်းနှင့် မက်မွန်သီးစေ့တို့အကြောင်း သိရှိထားသည်။
သို့သော် ချီပိုင် နားမလည်သည်မှာ -
ဘာဖြစ်လို့ မုန့်ခွေက ဒီနတ်ဘုရားစွမ်းအားကို ရုတ်တရက် သုံးလိုက်ရတာလဲ၊ အထူးသဖြင့် မီးလျှံတောင် မသေမျိုးမြို့တော်ထဲမှာပေါ့။
"သူက မသေမျိုးမြို့တော်ရဲ့ မြို့စားမင်းပဲလေ။ မြို့သူမြို့သားတွေ ဆူပူသောင်းကျန်းပြီး အချင်းချင်း သတ်ဖြတ်ကြမှာကို သူ မကြောက်ဘူးလား။"
"ငါ မသိနိုင်တဲ့ အခြေအနေ တစ်ခုခုကြောင့် မုန့်ခွေက ဒီလို လုပ်လိုက်တာ ဖြစ်ရမယ်။"
ခဏတာအတွင်းမှာပင် ချီပိုင်မှာ နစ်နာမှုများကို ခံစားလိုက်ရသည်။
ဒါဟာ သူ မြို့ထဲကို ပထမဆုံးအကြိမ် ဝင်ရောက်လာတာပဲ ဖြစ်ပြီး ဝိညာဉ်သိုလှောင်မှုကိစ္စကို အေးအေးဆေးဆေး စုံစမ်းစစ်ဆေးနိုင်ဖို့အတွက် ဂိုဏ်းတူတပည့် သုံးယောက်ကို အညံ့ခံခိုင်းဖို့ ကြိုးစားခဲ့ရုံသာ ရှိပါသေးသည်။
ဒီလောက်အထိ ကံဆိုးလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပါဘူး၊ မြို့ထဲ ရောက်ရောက်ချင်းမှာပဲ တောင်ပေါ်မှ ကြည့်ရှုခြင်း နတ်ဘုရားစွမ်းအားရဲ့ ထိမှန်မှုကို ခံလိုက်ရခြင်းပင်။
"ကံကြမ္မာက ငါ့ကို လှည့်စားလိုက်တာပဲ၊ ဒါကြောင့် ငါ တစ်မှားတည်း မှားနေခဲ့တာ။"
"ငါ ဘာလို့ စွန်းလင်ထုံကို မသတ်ခဲ့တာလဲ။
ဟန်မင်ကို အညံ့ခံခိုင်းဖို့ နည်းလမ်းတွေ အများကြီး ရှိခဲ့တာပဲ။"
"သူတို့ကို ဒီလောက်အထိ လိုက်မလာသင့်ဘူး။ ဒီ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်က တကယ်ပဲ ဒုက္ခပေးတာပဲ၊ ဒါပေမဲ့ ငါ ဒီလောက်အထိ အကျယ်အကျယ်တဖွင့် လုပ်ဖို့ မလိုခဲ့ပါဘူး။"
ချီပိုင်၏ မူလအစီအစဉ်အရ သူသည် လူမသိသူမသိ ပုန်းလျှိုးနေထိုင်ပြီး အခွင့်အရေးရမှ လှုပ်ရှားရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
"ငါ ဘာလို့ ကျင့်စဉ်တွေကို ဒီလောက်အထိ သုံးနေခဲ့တာလဲ။ မသေမျိုးမြို့တော်ထဲမှာ ကျင့်စဉ်တွေက အစွမ်းအများကြီး လျော့နည်းသွားတာ၊ လုံးဝကို အကျိုးမရှိတဲ့ အလုပ်ပဲ။"
"ငါ ဒီနှစ်ယောက်ကို မြန်မြန်သတ်လိုက်သင့်တာ၊ ငါ့ရဲ့ ပါရမီကို သုံးလိုက်လည်း ဘာမှမဖြစ်ပါဘူး၊ ဒါပေမဲ့ ငါက သရဲတွေနဲ့ သရဲစစ်သူကြီးတွေကို လွှတ်ပြီး နှိပ်စက်သတ်ဖြတ်ဖို့ ရွေးချယ်ခဲ့မိတယ်၊ အချိန်တွေ အများကြီး ဖြုန်းတီးခဲ့မိတာပဲ။"
"ငါ့ရဲ့ အပြင်းထန်ဆုံး နည်းလမ်းတွေကို သုံးပြီး သူတို့ကို အမြန်သတ်လိုက်ရမှာ၊ ဒါဆိုရင် အချိန်ဆွဲစရာမလိုဘဲ ပွဲပြတ်သွားမှာပေါ့။ တိုက်ပွဲထဲမှာ ငါ အခွင့်အရေးတွေ အများကြီး ဆုံးရှုံးခဲ့တယ်"
"သူတို့မှာ မသေမျိုးမြို့တော်ထဲမှာ မြေအောက်အခြေစိုက်စခန်းတွေ အများကြီး ရှိနေတယ်၊ သူတို့ကို အချိန်တိုအတွင်း မသတ်နိုင်ရင် ငါ အချိန်မီ ဆုတ်ခွာခဲ့သင့်တာ။"
"စွန်းလင်ထုံက ငါ့ရဲ့ နည်းလမ်းတွေကြောင့် ဒဏ်ရာရထားတာ၊ ရွှေအမြုတေအဆင့် ရောက်မှပဲ အဲဒါတွေကို ဖယ်ရှားနိုင်မှာ။ သူတို့ကို ဒီအတိုင်း လွှတ်ထားပြီး အချိန်ကောင်းကျမှ လိုက်ဖမ်းရင် ပိုမကောင်းဘူးလား။"
"အဆိုးဆုံးကတော့ ဒီလူငယ်ဧည့်သည်ပဲ။"
"ထောင်ချောက်တွေ တစ်ခုပြီးတစ်ခု ဆင်ပြီး ငါ့ကို မသေမျိုးမြို့တော်ရဲ့ အစီအရင်ကြီးနဲ့ ရင်ဆိုင်အောင် တွန်းအားပေးခဲ့တယ်၊ ငါ့ရဲ့ ခွန်အားတွေကို အကုန်သုံးပစ်စေခဲ့တာ။"
"ဒါသာ မဟုတ်ရင် မုန့်ခွေက ငါ့ကို မက်မွန်သီးစေ့'နဲ့ ပစ်မှာ မဟုတ်ဘူး။"
မက်မွန်သီးစေ့' ထိမှန်သွားသဖြင့် ချီပိုင်မှာ လုံးဝ သတိတရား ပြန်ဝင်လာတော့သည်။
လျှပ်စီးလက်နေသော ခဏတာအတွင်း၌ အတွေးပေါင်းစုံမှာ သူ၏ စိတ်ထဲ၌ လျင်မြန်စွာ ဖြတ်သန်းသွား၏။
မော့ကြည့်လိုက်ရာ၌ နင်းကျော့၏ အစွမ်းကုန် တိုက်ခိုက်မှုကို မြင်တွေ့လိုက်ရသည်။
"သေတော့မှာပဲ" ချီပိုင်မှာ ထိတ်လန့်သွားသဖြင့် အမွေးအမျှင်များပင် ထောင်ထသွားတော့သည်။
"ငါ့ခေါင်းက ဒဏ်ရာကို သူ့လက်သီးနဲ့ အထိခံလို့ လုံးဝ မဖြစ်ဘူး။"
သို့သော် ပိုမိုပြင်းထန်သော အကာအကွယ်နည်းလမ်းကို သုံးရန် အချိန်မရှိတော့ပေ။
သူ၏ အကာအကွယ် မှော်လက်နက်ကိုပင် ထုတ်သုံးရန် မတတ်နိုင်တော့ချေ။
မှော်လက်နက် - သရဲမြူခြုံလွှာ။
အသည်းအသန် အခြေအနေ၌ သူသည် စိတ်ဝိညာဉ်အာရုံကို လှုပ်ရှားလိုက်ပြီး သူ၏ ဝိညာဉ်သိုလှောင်ခါးပတ်အတွင်းမှ ခြုံလွှာတစ်ခုကို ထုတ်ယူလိုက်သည်။
ဤသည်မှာ သူ ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့်နှင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်တို့တွင် မကြာခဏ အသုံးပြုခဲ့သော မှော်လက်နက် ဖြစ်ပြီး၊ သူကိုယ်တိုင် သရဲမြူများဖြင့် ဖုံးအုပ်ကာ ကြောက်မက်ဖွယ်ကောင်းသော နေရာအချို့တွင် သရဲတစ်ကောင်အဖြစ် ဟန်ဆောင်နိုင်စေပေသည်။
သရဲမြူခြုံလွှာသည် သူ့အား များစွာ အထောက်အကူပြုခဲ့ပြီး သရဲဝိညာဉ်များစွာကို အနီးကပ် ချဉ်းကပ်ဖမ်းယူနိုင်စေခဲ့သည်။
သရဲမြူခြုံလွှာသည် သူ၏ ခက်ခဲလှသော အစောပိုင်းနေ့ရက်များမှစ၍ အဆင့်ဆင့် ကြိုးပမ်းလာခဲ့ရာမှ နောက်ဆုံးတွင် ဝိညာဉ်ဝါးဂိုဏ်း၏ မျိုးဆက်ခံတပည့် ဖြစ်လာသည်အထိ အတူရှိခဲ့ပေသည်။
သူ ရွှေအမြုတေအဆင့်သို့ တက်လှမ်းပြီးနောက်၌မူ ဤယုံကြည်ရသော မှော်လက်နက်ကို အသုံးပြုသည့် အကြိမ်ရေမှာ လျင်မြန်စွာ လျော့နည်းသွားပြီး တဖြည်းဖြည်း မသုံးသလောက် ဖြစ်လာခဲ့၏။
ချီပိုင်သည် ၎င်းကို အမှတ်တရအဖြစ်သာ သူ၏ ဝိညာဉ်သိုလှောင်ခါးပတ်အတွင်း၌ သိမ်းဆည်းထားခြင်း ဖြစ်သည်။
မမျှော်လင့်ဘဲ ဤအသက်နှင့်သေခြင်း အဆုံးအဖြတ်ပေးရမည့် အချိန်၌ သူ အမြန်ဆုံး ထုတ်သုံးနိုင်သည့် တစ်ခုတည်းသော မှော်လက်နက်မှာ ဤအရာ ဖြစ်နေခဲ့ချေသည်။
ဘုန်း။
နင်းကျော့၏ အစွမ်းကုန် တိုက်ခိုက်မှုမှာ သရဲမြူများကို ဖောက်ထွက်သွားပြီး ချီပိုင်၏ ရင်ဘတ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။
ထိုခဏ၌ ချီပိုင်၏ ခန္ဓာကိုယ်ကို ကာကွယ်ထားသော ရွှေရောင်အလင်းဒိုင်းမှာ ဆက်လက်မတောင့်ခံနိုင်တော့ဘဲ အပိုင်းပိုင်းအစစ ကွဲအက်ကာ ကောင်းကင်ယံထက်၌ ခဏတာ လင်းလက်သွားပြီးနောက် ပျောက်ကွယ်သွားလေတော့သည်။
ချီပိုင်၏ နံရိုးလေးငါးချောင်းမှာ ကျိုးအက်သွားပြီး ရင်ဘတ်မှာလည်း ချိုင့်ဝင်သွားကာ အဆုတ်နှင့် အခြားသော အတွင်းကလီစာများမှာ ပြင်းထန်သော ဒဏ်ရာများကို ခံစားလိုက်ရပြီး အပိုင်းပိုင်း ကွဲထွက်လုနီးပါး ဖြစ်သွားချေ၏။
သူသည် ဥက္ကာခဲတစ်ခုကဲ့သို့ ကျဆင်းသွားပြီး အိမ်တစ်လုံးကို ဖောက်ထွက်ကာ မြေပြင်ပေါ်သို့ အရှိန်ဖြင့် ကျရောက်သွားသဖြင့် မြေကြီးပင် တုန်ခါသွားရသည်။
ချက်ချင်းပင် ထိုအိမ်မှာ ပြိုကျသွားပြီး ဖုန်မှုန့်နှင့် မီးခိုးများကြားတွင် ချီပိုင်မှာ မြုပ်နှံခံလိုက်ရတော့သည်။
"သူ မသေသေးဘူး" စွန်းလင်ထုံသည် သူ၏ မျက်လုံးများမှ သွေးမျက်ရည်များ စီးကျနေသော်လည်း တိုက်ပွဲကို ဂရုတစိုက် စောင့်ကြည့်နေခဲ့သည်။
နင်းကျော့၏ စိတ်မှာ နစ်မွန်းသွားရပြီး သွားများကို တင်းတင်းကြိတ်လျက် သူ၏ စွမ်းအားများကို ပြန်လည်စုစည်းကာ ဖုန်မှုန့်များကြားသို့ ထိုးဆင်းသွားပြန်သည်။
သရဲမြူခြုံလွှာမှာ ပျက်စီးသွားချေပြီ။
သို့သော် ထိုအရာ၏ အကာအကွယ်ကြောင့်ပင် နင်းကျော့၏ တိုက်ခိုက်မှုမှာ ချီပိုင်၏ ဦးခေါင်းအစား ရင်ဘတ်ပေါ်သို့ ကျရောက်သွားခဲ့ခြင်းဖြစ်ရာ ချီပိုင်၏ အသက်ကို သွယ်ဝိုက်သောနည်းဖြင့် ကယ်တင်လိုက်သကဲ့သို့ ဖြစ်သွားပေသည်။
နင်းကျော့က သတ်ရန် ချဉ်းကပ်လာချိန်၌ ချီပိုင်တွင် လှုပ်ရှားရန် အချိန်ပိုမို ရရှိသွားတော့သည်။
သူသည် ရတနာတစ်ခုကို ထုတ်ယူလိုက်သည်။
ဝိညာဉ်တုန်ခါစေသော စည်တော်။
စည်မျက်နှာပြင်မှာ လူသားအရေခွံဖြင့် ပြုလုပ်ထားသဖြင့် ဖြူဖျော့နေပြီး ဖောက်ထွင်းမြင်နိုင်လုနီးပါး ရှိကာ အမှောင်ထဲတွင် မှိန်ပျပျ အလင်းထုတ်လွှတ်နေသည်။
စည်ဘောင်ကိုမူ ကျောက်စိမ်းနက်ဖြင့် ထွင်းထုထားပြီး အေးစက်သော အငွေ့အသက်များကို ထုတ်လွှတ်နေ၏။
စည်တီးတံမှာမူ အရွယ်ရောက်ပြီးသူ၏ လက်ချောင်းအရိုးများဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ဆက်စပ်ပြုလုပ်ထားခြင်း ဖြစ်ပေသည်။
ချီပိုင်သည် ဝိညာဉ်တုန်ခါစေသော စည်တော်ကို လှုပ်ခါလိုက်သည်။
ဒေါင်... ဒေါင်... ဒေါင်...။
စူးရှသော စည်သံများသည် နင်းကျော့နှင့် စွန်းလင်ထုံတို့၏ နှလုံးသားထဲ၌ ပဲ့တင်ထပ်သွားပြီး သူတို့၏ ဝိညာဉ်များကို ပြင်းထန်စွာ တုန်ခါသွားစေတော့သည်။
ဒဏ်ရာပြင်းထန်စွာ ရထားပြီးဖြစ်သော စွန်းလင်ထုံမှာ စည်သံကို ကြားရသည်နှင့် မျက်စိ၊ နား၊ နှာ၊ ပါးစပ် အပေါက်ခုနစ်ပေါက် မှ သွေးများ စီးကျလာပြီး မျက်လုံးများမှာလည်း အလင်းကွယ်သွားကာ သူ၏ လင်ထုံ အစွမ်းကို ဆက်လက်မသုံးနိုင်တော့ဘဲ ရပ်တန့်သွားရရှာသည်
နင်းကျော့သည်လည်း သူ၏ အမြင်အာရုံထဲ၌ ကမ္ဘာကြီးတစ်ခုလုံး ယိုင်နဲ့နေသကဲ့သို့ ခံစားလိုက်ရကာ ခြေလှမ်းများမှာလည်း ယိုင်တိယိုင်ထိုင် ဖြစ်သွားသဖြင့် မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားရ၏။
ဤနှောင့်ယှက်မှုကြောင့် သူ ပြန်လည်စုစည်းထားသော တိုက်စစ်မှာ ရပ်တန့်သွားရတော့သည်။
"ကျော့လေး" စွန်းလင်ထုံ၏ အသည်းအသန် အော်ဟစ်သံမှာ နင်းကျော့၏ နားထဲသို့ ရောက်ရှိလာသည်။
နှစ်ပေါင်းများစွာ အတူလက်တွဲလာခဲ့သည့် နားလည်မှုအရ စွန်းလင်ထုံ၏ သတင်းစကားမှာ နင်းကျော့ထံသို့ ချက်ချင်း ရောက်ရှိသွားသည်။
ဒါဟာ သူတို့ရဲ့ နောက်ဆုံးအခွင့်အရေးပဲ။ ဒီခဏအတွင်းမှာ ချီပိုင်ကို အပြတ်ရှင်းနိုင်မှ ဖြစ်မယ်၊ မဟုတ်လို့ ချီပိုင်သာ အသက်ရှူပြန်မှန်သွားရင် သူတို့ ရှုံးနိမ့်ခြင်းနဲ့ ရင်ဆိုင်ရတော့မှာ။
နင်းကျော့တွင် အရင်းအမြစ်များ ကုန်သလောက် ဖြစ်နေချေပြီ။
ဆယ်စုနှစ်တစ်ခုကျော်ကြာ စုဆောင်းလာခဲ့သည့် စက်မှုပစ္စည်းများမှာလည်း အကုန်နီးပါး သုံးပြီးဖြစ်ရာ ဤတိုက်ပွဲ၌ အခွင့်အရေး မရှိတော့သည့် အရာများသာ ကျန်တော့သည်။
တစ်ခုတည်းသာ ကျန်တော့သည်။
တိုက်ပွဲဝင်မျောက်။
နင်းကျော့သည် မြေပြင်ပေါ်၌ ဒူးတစ်ဖက် ထောက်လိုက်ပြီး စက်မှုမျောက်ကို လွှတ်လိုက်သည်။
ဤတိုက်ပွဲအတွက် ပြင်ဆင်ရန် သူသည် အဓိက စက်မှုအစိတ်အပိုင်းများကိုသာ ချန်လှပ်ထားပြီး ကျန်သည့် အစိတ်အပိုင်းများကို အစားထိုးနိုင်သမျှ အစားထိုးကာ တိုက်ပွဲဝင်မျောက်၏ ပုံသဏ္ဌာန်ကို အကြီးအကျယ် ပြောင်းလဲထားခဲ့ရာ ယခင်ပုံစံနှင့် လုံးဝ မတူတော့ပေ။
ထိုမျောက်တွင် နှလုံးတံဆိပ် တစ်ခုပါရှိပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် ထိန်းချုပ်တံ ထိပ်ဖူးတစ်ခုကို တပ်ဆင်ထား၏။
နင်းကျော့သည် သူ၏ လက်မောင်းကို ခါလိုက်ရာ လက်ချောင်းဆယ်ချောင်းမှ ဝိညာဉ်စွမ်းအားကြိုးများ ထွက်ပေါ်လာပြီး တိုက်ပွဲဝင်မျောက်၏ အရေးကြီးသော အစိတ်အပိုင်းများနှင့် ချိတ်ဆက်လိုက်တော့သည်။
အမိန့်ပေးချက် သုံးမျိုးအောက်တွင် တိုက်ပွဲဝင်မျောက်သည် ချီပိုင်ထံသို့ တစ်ဟုန်ထိုး ပြေးဝင်သွားလေတော့သတည်း။
အခန်း (၁၄၂) အရှင်သခင်... အစေခံတော် ရောက်ရှိလာပါပြီ
ချီပိုင်၏ မျက်ဝန်းအစုံမှာ ဒေါသမာန်ဟုန်ကြောင့် ပြူးကျယ်နေပြီး ဝိညာဉ်တုန်ခါစေသော စည်တော်ကို ရူးသွပ်မတတ် လှုပ်ခါလျက် ရတနာတံဆိပ်တော်ကို ဖိတ်ခေါ်လိုက်လေသည်။
နတ်ဘုရားဖိတ်ခေါ်ခြင်းပညာရပ်—နွားခေါင်းသရဲစစ်သည်။
သရဲပုံရိပ်တစ်ခု ထွက်ပေါ်လာပြီးနောက် မိုးကြိုးပမာ ဟည်းဟောက်သံနှင့်အတူ မြေပြင်ပေါ်သို့ ဝုန်းခနဲ ကျဆင်းလာကာ တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာချေသည်။
ထိုသရဲစစ်သည်မှာ နွားဦးခေါင်းနှင့် လူကိုယ်ခန္ဓာရှိပြီး ဆယ်ပေကျော်မျှ မြင့်မားလေရာ ၎င်း၏ ဦးခေါင်းကို မြို့ရိုးတံတိုင်းသဖွယ် နိမ့်ချလျက် သစ်သားစစ်သည် တိုက်ပွဲဝင်မျောက်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်တိုက်ခိုက်တော့သည်။
နင်းကျော့သည်လည်း စောလျင်စွာပင် စက်မှုမျောက်ကို ထိန်းချုပ်ကာ အသည်းအသန် ရှောင်တိမ်းလိုက်ရ၏။
နွားခေါင်းသရဲစစ်သည်နှင့် ဘေးချင်းယှဉ်ဖြတ်သွားသော ခဏမှာပင် ထိုသရဲစစ်သည်က ရုတ်တရက် နောက်ပြန်လှည့်ကာ တိုက်ပွဲဝင်မျောက်၏ အမြီးကို ဖမ်းဆွဲလိုက်လေသည်။
၎င်း၏ ကြီးမားထွားကျိုင်းလှသော ကိုယ်ထည်နှင့် မလိုက်ဖက်အောင်ပင် လျင်မြန်ဖြတ်လတ်လှပေရာ နင်းကျော့မှာ မျောက်၏အမြီးကို အချိန်မီ ပြန်မရုတ်သိမ်းနိုင်ခဲ့ချေ။
ဝူးခနဲ မြည်သံနှင့်အတူ နောက်တစ်စက္ကန့်တွင် တိုက်ပွဲဝင်မျောက်မှာ နွားခေါင်းသရဲစစ်သည်၏ ပြင်းထန်လှသော ခွန်အားဖြင့် လွှင့်ပစ်ခြင်းကို ခံလိုက်ရတော့သည်။
ထိုသို့ အားပြင်းလှသော လွှင့်ပစ်မှုကြောင့် လေပြင်းများ ထွက်ပေါ်လာပြီး ရှေးဦးက ပြိုကျပျက်စီးနေသော အိမ်ရာများမှ ဖုန်မှုန့်များကိုပင် ချက်ချင်းပင် လွင့်စင်သွားစေသည်။
ချီပိုင်သည် နွားခေါင်းသရဲစစ်သည်၏ နောက်ကွယ်တွင် ပုန်းကွယ်လျက် ဖြည်းညှင်းစွာ မတ်တပ်ထရပ်လိုက်၏။ သူသည် နင်းကျော့နှင့် စွန်းလင်ထုံတို့ကို စိုက်ကြည့်နေပြီး သူ၏ အကြည့်အများစုမှာ သံမဏိဟန် သံချပ်ကာပေါ်သို့ ကျရောက်နေချေသည်။
"စက်မှုရုပ်သေးလား... သူရဲဘောကြောင်တဲ့ ပိုးမွှားလေးတွေ" ချီပိုင်၏ မျက်လုံးများထဲတွင် နက်ရှိုင်းသော နာကျည်းမှုများဖြင့် ပြည့်နှက်နေသည်။
သူ အသက်တစ်ချက် ရှူသွင်းလိုက်တိုင်း ဒဏ်ရာများမှာ အနည်းငယ်စီ ပြန်လည်သက်သာလာနေ၏။
စကားပြောပြီးဆုံးချိန်တွင် သူ၏ ပြင်းထန်သော ဒဏ်ရာများမှာ အတော်အတန် သက်သာသွားပြီး ဒဏ်ရာအနည်းငယ်သာ ကျန်ရှိတော့သည်
သူ ပြန်လည်နိုးထလာပြီ ဖြစ်သည်။
အရေးအကြီးဆုံးသော အသက်ရှူခွင့်ကို သူ နောက်ဆုံးတွင် ရရှိသွားခဲ့ပြီ ဖြစ်ပေသည်။
"ရှုံးတော့မလို့... ငါ ရှုံးတော့မလို့ပဲ" သေမင်းတံခါးဝမှ သီသီလေး လွတ်မြောက်လာရသည့် အလွန်အမင်း ကြောက်ရွံ့မှုများက သူ့ထံ စီးဝင်လာပြီး နှလုံးခုန်သံများမှာလည်း ယခင်ကထက် ပိုမိုမြန်ဆန်လာရသည်။
ဒေါသ၊ နာကျည်းမှုနှင့် စိတ်သက်သာရာရမှုတို့ ရောပြွမ်းနေသည့် ခံစားချက်တို့သည် ချီပိုင်၏ မျက်နှာထက်တွင် ရက်စက်သော ပြုံးရယ်သံအဖြစ် ပြောင်းလဲသွားလေတော့သည်။
"ဟားဟား... ကောင်းတယ်၊ တကယ်ကို ကောင်းတယ်။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကြွက်စုတ်နှစ်ကောင်က ငါ့အသက်ကို နှုတ်ယူတော့မလို့ပဲ"
"မင်းတို့ တော်တော်လေး စွမ်းဆောင်နိုင်ခဲ့တာပဲ၊ တကယ်ကို အံ့ဩစရာကောင်းပါပေတယ်... ဒါပေမဲ့ နှမြောဖို့တော့ ကောင်းသား"
"ကဲ... ငါ့ရဲ့ ချီးမွမ်းမှုကို ရပြီးပြီဆိုတော့ ငါ့အတွက် အသေခံကြပေတော့"
နောက်တစ်ခဏတွင် ချီပိုင်နှင့် နွားခေါင်းသရဲစစ်သည်တို့သည် လမ်းနှစ်ကြောင်းခွဲကာ တိုက်ခိုက်လာကြသည်။
"အခွင့်အရေး မရှိတော့ဘူး ကျော့လေး။ မင်းသွားတော့... ငါ သူတို့ကို တားထားလိုက်မယ်" စွန်းလင်ထုံက အရေးတကြီး လှမ်း၍ ပြောလိုက်သည်။
"နောက်ဆုံးတစ်လှမ်းပဲ လိုတော့တာကို... တောက်" နင်းကျော့သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် သွားကို ကြိတ်ကာ ရင်ထဲတွင်လည်း ခံစားချက်တို့က လှိုင်းထန်နေချေပြီ။
ချီပိုင်သည် လွှမ်းမိုးနိုင်သော စွမ်းအားရှိပြီး သိသိသာသာပင် အဆင့်အတန်းချင်း ကွာခြားလွန်းလှသည်။
နင်းကျော့သည် သူ၏ နေအိမ်ဖြစ်သော မသေမျိုးမြို့တော်တွင် တိုက်ခိုက်နေရသဖြင့် အားသာချက်ရှိနေခြင်းဖြစ်ကာ မသေမျိုးမြို့တော် အစီအရင်ကြီးကလည်း ပြင်ပမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူများကို သိသိသာသာ အားနည်းသွားစေခြင်း ဖြစ်ပေသည်။
တိုက်ပွဲအစတွင် နင်းကျော့သည် ရည်ရွယ်ချက်ရှိရှိဖြင့် လိုက်တမ်းပြေးတမ်း ကစားခဲ့ပြီး မြေအောက်အခြေစိုက်စခန်း အမြောက်အမြားကို အသုံးပြုကာ အချိန်ဆွဲလျက် ချီပိုင်၏ အင်အားကို တိုက်စားခဲ့သည်။
ထောင်ချောက်များမှာ အောင်မြင်စွာ ပေါက်ကွဲခဲ့သော်လည်း လက်တွေ့တိုက်ပွဲတွင် ထိရောက်မှုမှာ အားနည်းနေခဲ့သည်။
အကယ်၍သာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်ပါက စောစီးစွာပင် အသက်ပျောက်နေလောက်ပြီ ဖြစ်သလို သာမန်ရွှေအမြုတေအဆင့်ပင် ဖြစ်ပါက အထိနာကာ အရှက်တကွဲ ဖြစ်နေပေလိမ့်မည်။
သို့သော် ချီပိုင်၏ အင်အားမှာ အတော်အတန် အကောင်းအတိုင်း ကျန်ရှိနေသေးပြီး သူ၏ ရွှေရောင်အကာအကွယ်ကိုပင် မဖျက်ဆီးနိုင်ခဲ့ချေ။
ယင်းကို မြင်သောအခါ နင်းကျော့သည် ကျန်ရှိနေသော မြေအောက်အခြေစိုက်စခန်းများကို အသုံးပြုနေသော်လည်း ထူးခြားမည်မဟုတ်ကြောင်း နားလည်သွားခဲ့သည်။
ထို့ကြောင့် သူသည် မြေပြင်ပေါ်တွင် ရင်ဆိုင်တိုက်ခိုက်ရန် ပြတ်သားစွာ ဆုံးဖြတ်လိုက်လေသည်။
သူသည် ချီပိုင်ကို ထိပ်တိုက်ရင်ဆိုင်ကာ အစွမ်းကုန် ကြိုးစားခဲ့ပြီး ဆယ်စုနှစ်တစ်ခုစာ စုဆောင်းထားသော စက်မှုပစ္စည်းများကိုပင် ကုန်လုနီးပါး အသုံးပြုခဲ့ကာ အခြေအနေကို ထိန်းထားနိုင်ရန်သာ တတ်နိုင်ခဲ့သည်။
ယင်းမှာ ချီပိုင်က ဤနေရာ၏ ကံကြမ္မာကို စိတ်ဝင်စားနေပြီး စွန်းလင်ထုံနှင့် နင်းကျော့တို့ကို အရှင်ဖမ်းကာ သူ၏ ပျော်ရွှင်မှုအတွက် နှိပ်စက်လိုသောကြောင့်လည်း ပါဝင်ပေသည်။
ချီပိုင်သည် သူ၏ တိုက်ခိုက်ရေးစွမ်းအားကို အပြည့်အဝပင် မထုတ်သုံးရသေးချေ။
အခြေအနေ ဆိုးရွားလာသည်ကို မြင်သောအခါ နင်းကျော့သည် မသေမျိုးအစီအရင်ကို ဖောက်ခွဲပစ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ဘဲ ၎င်း၏ အလိုအလျောက် ခုခံကာကွယ်မှုစနစ်ကို လှုံ့ဆော်လိုက်ရတော့သည်။
သာမန်ရွှေအမြုတေအဆင့် ကျင့်ကြံသူအများစုမှာ ယခုအချိန်တွင် ဖိနှိပ်ခြင်း ခံနေရလောက်ပြီ ဖြစ်သည်။
သို့သော် ချီပိုင်မှာမူ အလွန်ကြီးမားသော ခွန်အားကို ပြသလျက် မသေမျိုးမြို့တော် အစီအရင်ကြီးကို တစ်ကိုယ်တော် အံတုကာ ဝိညာဉ်အင်းကွက်များကိုပင် တိုက်စားပစ်နေချေပြီ။
သို့သော်လည်း ဤအခြေအနေကပင် မုန့်ခွေကို ဝင်ရောက်စွက်ဖက်ရန် တွန်းအားပေးခဲ့ခြင်း ဖြစ်သည်။
ဘိုးဘေးမက်မွန်သီးစေ့ ထွက်ပေါ်လာခြင်းမှာလည်း နင်းကျော့၏ မျှော်လင့်ချက်နှင့် ကိုက်ညီနေခဲ့သည်။
ထိုတိုက်ခိုက်မှုသည် တိုက်ပွဲ၏ အခြေအနေကို ပထမဆုံးအကြိမ်အဖြစ် အမှန်တကယ်ပင် ပြောင်းလဲစေခဲ့သည်။
ချီပိုင်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီး သတိလက်လွတ် ဖြစ်သွားခဲ့ရသည်။
နင်းကျော့၏ သေမင်းခေါ်သံ ကြာပွတ်မှာ သူ့ထံ ကျရောက်ခဲ့သော်လည်း ရွှေရောင်အကာအကွယ်ကို မဖောက်ထွင်းနိုင်ခဲ့ချေ။
သူသည် သံမဏိဟန် သံချပ်ကာကို ၎င်း၏ အစွမ်းကုန် မြှင့်တင်လိုက်သည့် အခါမှသာ အကာအကွယ် ရွှေရောင်အလင်းတန်းများမှာ မှေးမှိန်စပြုလာသည်။
သို့သော်လည်း ချီပိုင် သတိပြန်ရလာသည်နှင့် နင်းကျော့အတွက် အချိန်မှာ အလွန်ပင် နည်းပါးသွားတော့သည်။
သူ မည်မျှပင် ကြိုးစားစေကာမူ ချီပိုင်၏ အဆုံးမဲ့လှသော မှော်လက်နက်များနှင့် ရတနာများက သူ့ကို အစဉ်တစိုက် နှောင့်နှေးစေခဲ့ပြီး ချီပိုင်အား ပြန်လည်သက်သာလာစေရန် အခွင့်အရေး ပေးလိုက်သကဲ့သို့ ဖြစ်သွားရသည်။
ချီပိုင်က နွားခေါင်းသရဲစစ်သည်ကို ဖိတ်ခေါ်လိုက်သောအခါ သူ၏ အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်သွားခဲ့လေသည်။
အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် သူ၏ ပြင်းထန်သော ဒဏ်ရာများမှာ ဒဏ်ရာအနည်းငယ်အဆင့်သို့ ကူးပြောင်းသွားချေပြီ။
ချီပိုင်၏ ကုသနိုင်စွမ်းမှာ အံ့ဩဖွယ်ရာ ကောင်းလှပေသည်။
မိမိဘာသာ အရာအားလုံးကို ဖြေရှင်းနိုင်စွမ်းရှိသော ကြီးမားသည့် တိုက်ခိုက်ရေးစွမ်းအား ပိုင်ဆိုင်သည့် ဝိညာဉ်ဝါးဂိုဏ်း၏ မျိုးဆက်ခံတပည့်တစ်ဦးနှင့် တကယ်ကို ထိုက်တန်လှပေသည်။
စွန်းလင်ထုံနှင့် နင်းကျော့တို့၏ နှလုံးသားထဲတွင် မျှော်လင့်ချက်မဲ့မှုများ ဖြည်းညှင်းစွာ စိမ့်ဝင်လာတော့သည်။
စွန်းလင်ထုံသည် ယခင်ကနှင့်မတူဘဲ အလွန်ပင် တည်ကြည်လေးနက်စွာဖြင့် လှမ်း၍ ပြောလိုက်သည်။
"ငါ့ဆီမှာ ချီပိုင်ရဲ့ အမှတ်အသား ရှိနေတယ်၊ ငါ ပြေးလို့ မလွတ်နိုင်ဘူး"
"ငါ ဒီမှာနေပြီး သူတို့ကို တားထားမယ်"
"ကျော့လေး... မင်းဆီမှာရှိတဲ့ စက်မှုပစ္စည်းတွေ အားလုံးကို ငါ့ကိုပေးခဲ့"
"သွားတော့"
"မသွားဘူး" နင်းကျော့က ပြတ်သားစွာ ငြင်းဆိုလိုက်ပြီး နွားခေါင်းသရဲစစ်သည်ကို တားဆီးရန် တိုက်ပွဲဝင်မျောက်ကို ထိန်းချုပ်လိုက်သည်။
သူသည် သူ၏ ဘယ်ဘက်လက်ကို မြှောက်လိုက်ရာ လျှပ်စီးအဆောင်လက်ဖွဲ့တစ်ခုမှာ သူ၏ လက်ဖဝါးထက်တွင် ပေါ်ပေါက်လာလေသည်။
ဝုန်းခနဲ မြည်သံနှင့်အတူ လက်ဖဝါးလျှပ်စီးမှာ ပစ်လွှတ်လိုက်ပြီး အနီးသို့ ချဉ်းကပ်လာသော ချီပိုင်ကို ထိမှန်သွားတော့သည်။
ချီပိုင်သည် လက်ဖဝါးလျှပ်စီးကို အထိခံလိုက်ပြီး သူ၏ မျက်နှာထက်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။
နောက်တစ်ခဏတွင် သူသည် သရဲမြူတိမ်တိုက်အဖြစ် ပြောင်းလဲသွားကာ နင်းကျော့နှင့် စွန်းလင်ထုံတို့ကို ဝိုင်းရံပိတ်ဆို့လိုက်လေသည်။
နှစ်ယောက်လုံးမှာ အရိုးထဲထိ စိမ့်ဝင်သွားသော နာကျင်မှုကြောင့် ညည်းတွားလိုက်ရသည်။
ထိုသရဲမြူမှာ ပြင်းထန်သော အဆိပ်အတောက်သဖွယ် စက်မှုယန္တရားများနှင့် သူတို့၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာပြီး သူတို့၏ ဝိညာဉ်များကို ပြင်းထန်စွာ တိုက်စားတော့သည်။
နင်းကျော့မှာ ပြင်းထန်စွာ ထိခိုက်သွားပြီး တိုက်ပွဲဝင်မျောက်ကို မထိန်းချုပ်နိုင်တော့ချေ။ မျောက်၏ လှုပ်ရှားမှုများမှာ နှေးကွေးသွားပြီး နွားခေါင်းသရဲစစ်သည်၏ ရိုက်ထုတ်ခြင်းကို ချက်ချင်းပင် ခံလိုက်ရသည်။
နွားခေါင်းသရဲစစ်သည်မှာ ဟောက်သံနှင့်အတူ သရဲမြူထဲသို့ ပြေးဝင်လာသည်။
၎င်း၏ ကြိတ်ဆုံခဲသဖွယ် ကြီးမားလှသော လက်သီးမှာ သံမဏိဟန် သံချပ်ကာပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားလေတော့သတည်း။