← Chapters

အခန်း (၈၁၄-၈၁၆)

Vol. 55 Ch. 814-816

အခန်း (၈၁၄-၈၁၆)

Vol. 55 Ch. 814-816

အပိုင်း ( ၈၁၄ ) အထူးတပ်ခွဲ

သူတို့တွေ ဆိပ်ကမ်းခံတပ်ရဲ့ နယ်မြေထဲကို ရောက်သွားတဲ့အခါမှာတော့ လူသွားလူလာက သိသိသာသာ နည်းပါးသွားခဲ့တယ်..။ ဒါပေမဲ့လည်း ပတ်ဝန်းကျင်မှာ လူတွေ အများကြီး ရှိနေသေးပြီး အားလုံးက အလောတကြီး နဲ့ သွားလာနေခဲ့ကြတယ်..။ မာစတာ ဂျက် က PTV ကို လေးထောင့်ကျကျ အဆောက်အဦး အနိမ့်လေး တစ်ခုအနားမှာ ရပ်လိုက်ပြီး.. ထွက်ခွာဖို့အတွက် တံခါးကို ဖွင့်လိုက်ပါတယ်..။

သူမက အေးစက်တဲ့ ဆောင်းရာသီ လေထုကို ရှူရှိုက်ရင်း ခနလောက် မျက်လုံးမှိတ်ထားပြီးမှ.. သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်တယ်..။

ယင်းနောက်မှာတော့ ဝိဥာဥ် ရိတ်သိမ်းသူ က သူ့ကို ပြုံးပြပြီး လှမ်းကြည့်လာခဲ့ပါတယ်..။

“တကယ်တော့.. နင် ရောက်လာတာ အချိန်ကိုက်ပဲ..။ ငါတို့ တပ်ခွဲရဲ့ အရာရှိ စာရင်းက လွန်ခဲ့တဲ့ ရက်ပိုင်းကမှ ပြည့်သွားတာဆိုတော့.. အခု ပထမဆုံး အစည်းအဝေး လုပ်တော့မှာလေ..။ အမှန်က လွန်ခဲ့တဲ့ နာရီဝက်ကတည်းက စရမှာဆိုပေမဲ့.. နင့် ကို ဘူတာရုံမှာ လာကြိုဖို့အတွက် ငါကပဲ အချိန်ရွှေ့ထားလိုက်တာ..”

ဆန်နီ က မျက်ခုံးပင့်လိုက်ပြီး..

“အိုး....”

မာစတာ ဂျက် က ခေါင်းညိတ်ပြလိုက်တယ်..။

“လူတိုင်းက အနည်းနဲ့အများတော့ နင့်လောက်ပဲ သိထားကြသေးတာဆိုတော့.. အားလုံးကို တစ်ခါတည်း ရှင်းပြပေးလိုက်မယ်..။ တခြားလူတွေက ပြင်ဆင်ဖို့ အချိန်ပိုရခဲ့ကြသလို.. အစိုးရလက်အောက်မှာ အလုပ်လုပ်လာတာလည်း နှစ်နဲ့ချီ ကြာနေကြပြီလေ..။ ဒါပေမဲ့ အဲဒီ အဖိုးကြီးတွေကို ကြည့်ပြီးတော့တော့ ကြောက်မသွားနဲ့ဦးနော်..”

ဆန်နီ က ပြုံးလိုက်ပြီး..

“ကျွန်တော်က လွယ်လွယ်နဲ့ ကြောက်တတ်တဲ့သူနဲ့ တူလို့လား..”

သူမက သူ့ကို တစ်ချက်ကြည့်ပြီး ရယ်မောလိုက်တယ်..။

“တူတာပေါ့.. တကယ်ပြောတာ..။ငါ့အတွက်တော့ အဲတာက နင့်ရဲ့ အားသာချက်တွေထဲက တစ်ခုလို့ထင်တယ်..။ အထင်သေးခံရတာက အမြဲတမ်း အကျိုးရှိတယ်လေ..”

သူမက ခပ်သွက်သွက် လျှောက်သွားရင်း နောက်ကို လှည့်မကြည့်ဘဲ ပြောလိုက်ပါတယ်..။

“စာရွက်စာတမ်း ကိစ္စတွေကိုတော့ နောက်မှ လုပ်လို့ရတယ်..။ အစည်းအဝေး ပြီးမှပဲ နင့်ကို စာရင်းသွင်းတာတွေ လုပ်ပေးမယ်..။ ပုံမှန်ဆိုရင်တော့ သင့်တော်တဲ့ ခွင့်ပြုချက်နဲ့ စာရွက်စာတမ်း မပါဘဲ လျှို့ဝှက် အချက်အလက်တွေ ရှိတဲ့နေရာကို ဘယ်သူ့ကိုမှ ပေးမဝင်ဘူး..။ဒါပေမဲ့ ဒီရက်ပိုင်းမှာ လုပ်ထုံးလုပ်နည်းတွေထက် ထိရောက်မှု ရှိဖို့က ပိုအရေးကြီးနေတာလေ..။ထပ်ပြောရရင်.. ငါ့ရဲ့ ဆွဲဆောင်မှုကို.. တွန်းလှန်နိုင်တဲ့သူက အနည်းငယ်ပဲ ရှိတာလည်း ပါတာပေါ့..”

ဆန်နီ က အဆောက်အဦးနိမ့်နိမ့်လေးထဲကို ဝင်သွားတဲ့ မာစတာ ဂျက် ရဲ့ နောက်ကနေ အမှီလိုက်နေရတယ်..။ စစ်ဆေးရေး ဂိတ် အများအပြားကို ဖြတ်သန်းခဲ့ပေမဲ့ ဘယ်သူမှ ဝိဥာဥ် ရိတ်သိမ်းသူ ကို တည့်တည့် မကြည့်ရဲကြသလို.. ဘာလို့ သာမန်အရပ်သား တစ်ယောက်ကို စစ်မြေပြင် ဗုံးခိုကျင်းထဲအထိ ခေါ်လာတာလဲလို့လည်း မမေးရဲကြပါဘူး..။ ဒါကို ကြည့်ခြင်းအားဖြင့် သူမရဲ့ အဆင့်အတန်းနဲ့ နာမည်ကျော်ကြားမှုက လုပ်ထုံးလုပ်နည်းတွေကို အတော်အတန်အထိ ကျော်လွန်နေတယ်ဆိုတာ သူ နားလည်လိုက်ပါတယ်..။

သာမန်လူတွေတင်မကဘဲ နိုးထသူ တွေတောင်မှ သူမကို ကြောက်ရွံ့ ရိုသေစွာ ဆက်ဆံကြရတာပါ..။ သူတို့ ဘေးကနေ ဖြတ်သွားတဲ့ မာစတာ အချို့တောင်မှ သူမကို မျက်နှာသာပေးကြပုံရပါတယ်..။

သူ အနည်းငယ် တွေဝေသွားပြီးမှ သိချင်စိတ်နဲ့ မေးလိုက်မိတယ်..။

“တစ်ခုလောက် မေးလို့ရမလား...ပထမဆုံး တပ်မတော်မှာ အစ်မရဲ့ တရားဝင် ရာထူးက အတိအကျ ဘယ်လို ခေါ်တာလဲ..”

မာစတာ ဂျက် က သူ့ကို တစ်ချက်ကြည့်ပြီး ပြုံးလိုက်တယ်..။

“ငါက အခုဆိုရင် ကယ်ဆယ်ရေး တပ်မတော် ရဲ့ မြောက်ပိုင်း တပ်ဖွဲ့စု၊ ပထမ နိုးထသူ အထူးတပ်ခွဲ ရဲ့ အရာရှိချုပ်.. ဗိုလ်မှူးကြီး ဂျက် ပေါ့..။ နာမည်က နည်းနည်းတော့ ရှည်တယ် မလား..”

ဆန်နီ အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်ပြီး.. မြို့ကနေ မထွက်ခွာခင်က လေ့လာခဲ့ဖူးတဲ့ အစိုးရ စစ်တပ်ရဲ့ အဆင့်ဆင့် ဖွဲ့စည်းပုံကို ပြန်စဉ်းစားကြည့်လိုက်တယ်..။

“နေဦး... တပ်ခွဲ တစ်ခုကို ဗိုလ်ကြီး အဆင့်တွေကပဲ ကွပ်ကဲရမှာ မဟုတ်ဘူးလား..။ ဗိုလ်မှူးကြီး ဆိုတာက.. အဲ့ဒီထက် သုံးလေးဆင့်လောက် ပိုမြင့်တယ်လေ..။ ဗိုလ်ချုပ် ဖြစ်ဖို့ တစ်ဆင့်ပဲ လိုတော့တာပဲ.."

ဝိဥာဥ် ရိတ်သိမ်းသူ က ခေါင်းညိတ်ပြလိုက်တယ်..။

“ပုံမှန်ဆိုရင်တော့ နင် ပြောတာ မှန်ပါတယ်..။ ဒါပေမဲ့ နိုးထသူ တွေ ပါဝင်လာတဲ့အခါမှာတော့ ရာထူးနဲ့ လုပ်ပိုင်ခွင့်တွေက ရှုပ်ထွေးသွားတတ်တယ်..။ ယေဘုယျအားဖြင့်တော့ နိုးထသူ တွေက သာမန် စစ်သားတွေထက် တစ်ဆင့် ပိုမြင့်တဲ့ ရာထူးကို ရကြတာပဲ..။ ဒါပေမဲ့ အဲဒါက ပုံမှန်လူတွေအတွက်ပဲလေ..။ ငါတို့က အထူးတပ်ဖွဲ့ အနေနဲ့ ရှိနေမှာဆိုတော့ စစ်တပ်ရဲ့ အုပ်ချုပ်မှု ဖွဲ့စည်းပုံ အပြင်ဘက်မှာ ရှိနေမှာ.. ဒါကြောင့် အဲ့ဒါကို ဖော်ပြဖို့အတွက် ငါတို့ရဲ့ အဆင့်အတန်းကို မြှင့်ပေးထားတာပေါ့..”

ဆန်နီ က ခေါင်းကို ကုပ်လိုက်မိတယ်..။

‘အုပ်ချုပ်မှု အပြင်ဘက်မှာလား..ဘာကြီးလဲ..’

သူ အနည်းငယ် တွေဝေသွားပြီးမှ လေသံတိုးတိုးနဲ့ မေးလိုက်တယ်..။

“ကျွန်တော်က.. “အထူးတပ်ဖွဲ့” ဆိုတာ ဘာကို ဆိုလိုတာလဲဆိုတာတောင် သိပ်မသေချာဘူး..”

သူမက သူ့ကို ပြုံးပြလိုက်ပြီး..

“နောက် မိနစ်အနည်းငယ် ကြာရင် သိရတော့မှာပါ..”

သူတို့ နှစ်ယောက်ဟာ မြေအောက် အနက်ပိုင်းကို ပို့ဆောင်ပေးမယ့် ဓာတ်လှေကားထဲကို အတူတူ ဝင်လိုက်ကြတယ်..။ မာစတာ ဂျက် က စစ်မြေပြင် ဗုံးခိုကျင်းရဲ့ ရှုပ်ထွေးတဲ့ လမ်းတွေထဲကနေ ခေါ်ဆောင်သွားပြီးမှ.. ထူထဲတဲ့ သတ္တုစပ် တံခါးကြီးကို ဖွင့်ဖို့အတွက် ခေတ်မီတဲ့ ဇီဝဗေဒဆိုင်ရာ လော့ခ် ပေါ်ကို သူမရဲ့ လက်ဖဝါး တင်လိုက်ပါတယ်..။

ဆန်နီ ရောက်သွားတဲ့ နေရာကတော့ စားပွဲဝိုင်း အကြီးကြီး တစ်လုံး ရှိတဲ့ ကျယ်ဝန်းတဲ့ အခန်းတစ်ခုပါ..။ ဒီနေရာမှာတော့ လူ ငါးယောက်ဟာ အစည်းအဝေး စတင်ဖို့အတွက် တိတ်တိတ်ဆိတ်ဆိတ် စောင့်ဆိုင်းနေကြပါတယ်..။

မာစတာ ဂျက် ဝင်လာတဲ့အခါမှာတော့ သူတို့ အားလုံးက ထရပ်ပြီး အလေးပြုလိုက်ကြတယ်..။

…အဲ့အချိန်မှာပဲ သူတို့ အားလုံးက တက်ရောက်သူ တွေ ဖြစ်နေကြတယ်ဆိုတာကို ဆန်နီ သတိထားမိလိုက်ပါတယ်..။

သူတို့ထဲက သုံးယောက်က အမျိုးသားတွေ ဖြစ်ပြီး ကျန်နှစ်ယောက်ကတော့ အမျိုးသမီးတွေပါ..။ အသက်အကြီးဆုံး မာစတာ က အသက် ငါးဆယ်နား နီးနေပုံရပြီး.. အငယ်ဆုံး တစ်ယောက်ကတော့ ဝိဥာဥ် ရိတ်သိမ်းသူ ထက် အနည်းငယ်ပဲ အသက်ကြီးပုံရပါတယ်..။ သူတို့ အားလုံးရဲ့ မျက်နှာပေါ်မှာ တည်ကြည်တဲ့ အမူအရာတွေ ရှိနေကြပြီး သူမကို လေးလေးစားစား ကြည့်နေကြပါတယ်..။

သူမက လက်ဝေ့ယမ်းပြလိုက်ပြီး..

“ပုံမှန်အတိုင်း နေကြပါ..။ ဒီမှာ ရှိနေတဲ့သူတွေ အားလုံးက တက်ရောက်သူ တွေပဲလေ..။လုပ်ရိုးလုပ်စဥ်တွေ လုပ်နေဖို့ မလိုပါဘူး..”

မာစတာ တွေက ခနလောက် တွေဝေသွားပြီးမှ စိတ်လျှော့လိုက်ကာ ပြန်ထိုင်လိုက်ကြတယ်..။

မာစတာ ဂျက် က သူမရဲ့ အပြာရင့်ရောင် ကုတ်အင်္ကျီရှည်ကြီးကို ချွတ်လိုက်ပြီး လွတ်နေတဲ့ ထိုင်ခုံတစ်ခုရဲ့ နောက်မှီပေါ်ကို ပစ်တင်လိုက်ပါတယ်..။

ဆန်နီ က သက်ပြင်းတစ်ချက် ချလိုက်ပြီး.. တစ်ခြား တစ်နေရာကိုပဲ အတင်း အကြည့်လွှဲလိုက်ရတယ်..။ သူ့ရဲ့ ပါးပြင်တွေကလည်း ဘာအကြောင်းပြချက်မှ မရှိဘဲ ရုတ်တရက် ပူထူ

လာသလို ခံစားလိုက်ရပါတယ်..။

ဘာလို့လဲဆိုတော့.. သူရဲ့ အထက်လူကြီး သူမ ဝတ်နေကျ ယူနီဖောင်းကို ချွတ်လိုက်တဲ့အခါမှာ အနက်ရောင် ကိုယ်ကြပ် ဝတ်စုံကိုပဲ ဝတ်ထားခဲ့တာကြောင့်ပါ..။ အမှန်တော့ အခန်းထဲမှာ ရှိနေတဲ့ မာစတာ အားလုံးက ဒီလို ဝတ်စုံမျိုးပဲ ဝတ်ထားကြတာပါပဲ..။

ဒါကလည်း ကျိုးကြောင်းဆီလျော်ပါတယ်..။ ဆန်နီ နဲ့ သူတို့လို လူတွေအတွက် စစ်တပ်က ထုတ်ပေးတဲ့ သံချပ်ကာတွေ မလိုအပ်ပါဘူး..။ သူတို့ အားလုံးက စစ်မြေပြင်မှာ သူတို့ရဲ့ မှတ်သားမူ တွေကိုပဲ အသုံးပြုကြမှာပါ..။ ဒီလို ကိုယ်ကျပ်ဝတ်စုံမျိုးကတော့ စွမ်းအားမြှင့် အကာအကွယ် အက်ျီ အမျိုးအစား တိုင်းရဲ့ အောက်မှာ ဝတ်လို့ အဆင်ပြေတာကြောင့်.. ယူနီဖောင်း ဝတ်ထားတာထက်စာရင် ပိုပြီး အဆင်ပြေသလို လက်တွေ့လည်း ကျပါတယ်..။

သို့ပေမဲ့ ဒါက ဆန်နီ အတွက်တော့ အဆင်မပြေလှပေ..။သူက ဒုက္ခမရောက်အောင် မျက်လုံးတွေကို ဘယ်နေရာမှာ ထားရမလဲ ဆိုတာကို မသိဖြစ်နေတာကြောင့်ပါ။

ဒါက တကယ်ကို နှိပ်စက်မှုကြီးပဲ..

မာစတာ ဂျက် က ထိုင်လိုက်တာကြောင့် သူလည်း လိုက်ထိုင်လိုက်တယ်..။ ဆန်နီ က ဒီ အနက်ရောင် ကိုယ်ကျပ်ဝတ်စုံတွေကြောင့် စိတ်လှုပ်ရှားနေသလောက်.. ကျန်တဲ့ တက်ရောက်သူ တွေကလည်း ဆန်နီ ရဲ့ အရပ်သား အဝတ်အစားတွေနဲ့ သူ့ရဲ့ အသက်အရွယ်ကြောင့် ဇဝေဇဝါ ဖြစ်နေကြပါတယ်..။

နောက်ဆုံးမှာတော့.. သူတို့ထဲက တစ်ယောက်က ဝိဥာဥ် ရိတ်သိမ်းသူ ကို ကြည့်ပြီး မေးလိုက်တယ်..။

“ခွင့်လွှတ်ပါ မဒမ်..။ ဒီ.. လူငယ်လေးက ဘယ်သူများလဲ..။သူက မင်းရဲ့ လက်ထောက် အသစ်များလား..”

သူမက သူတို့ကို တစ်ချက် ဝေ့ကြည့်လိုက်ကာ

ခနလောက် တိတ်ဆိတ်နေပြီးမှ ပြုံးလိုက်တယ်..။

“သူလား.. ဘုရားသခင်တို့.. မဟုတ်တာ..။ ဒီ “လူငယ်လေး” က မာစတာ ဆန်းလပ်စ် လေ..။ ကျွန်မတို့ ပထမ အထူးတပ်ခွဲ ရဲ့ ကွပ်ကဲမှု ဖွဲ့စည်းပုံထဲကို နောက်ဆုံးမှ ဖြည့်စွက်လိုက်တဲ့ အဖွဲ့ဝင်ပဲ..။ သူက သမိုင်းမှာ တက်ရောက်သူ အဆင့်ကို အသက်အငယ်ဆုံး ရောက်ရှိနိုင်ခဲ့တဲ့ လူသားတွေထဲက တစ်ယောက် ဖြစ်ရုံတင်မကဘူး.. သူ့ရဲ့ သတ်ဖြတ်မှု အရေအတွက်ကလည်း ရှင်တို့ အားလုံး ပေါင်းထားတာထက်တောင် ပိုများနေဦးမယ်..။ အဲ့ဒီတော့.. သူ့ကို နွေးနွေးထွေးထွေး ကြိုဆိုလိုက်ကြပါဦး...”

အပိုင်း ( ၈၁၄ ) ပြီး၏။

အပိုင်း ( ၈၁၅ ) ပထမဆုံး အထူးတပ်ခွဲ

တက်ရောက်သူ ငါးယောက်ဟာ ဒီလို ထူးထူးခြားခြား ဖော်ပြချက်ကြောင့် အံ့ဩသွားကြပေမဲ့လည်း.. သူတို့ရဲ့ အံ့ဩမှုတွေကို ချက်ချင်းပဲ ဖျောက်ဖျက်လိုက်ကြတယ်..။ ဘယ်သူမှ ဆန်နီ ရဲ့ အရည်အချင်းကို သံသယရှိပုံမရပါဘူး..။ အကြောင်းပြချက်ကတော့ ရိုးရှင်းပါတယ်.. အားနည်းတဲ့ မာစတာ ဆိုတာ မရှိလို့ပါပဲ..။ ဒုတိယ အိပ်မက်ဆိုး ကို စိန်ခေါ်ဖို့ ရွေးချယ်ခဲ့ပြီး အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လူတိုင်းက သတ်မှတ်ချက်အရကို ထူးချွန်ထက်မြက်သူတွေ ဖြစ်နေကြတာပါ..။ ဒါကြောင့် သူ့ရဲ့ အဆင့်အတန်းကတင် သူတို့ဆီက အသိအမှတ်ပြုမှု ရဖို့အတွက် လုံလောက်တဲ့ သက်သေပါပဲ..။

ဒါပေမဲ့ ဒီအစိုးရ အရာရှိတွေဟာ ဆန်နီ ရဲ့ အောင်မြင်မှုတွေကြောင့် ခြိမ်းခြောက်ခံရတယ်လို့ မခံစားမိကြပေ..။ သူတို့ အားလုံးက အတွေ့အကြုံရှိပြီး တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းလာခဲ့ကြတဲ့ တိုက်ခိုက်ရေးသမားတွေ..နဲ့ ကျွမ်းကျင်သူတွေ ဖြစ်ကြပါတယ်..။ သူတို့ဟာ ကိုယ့်ရဲ့ စွမ်းဆောင်ရည်အပေါ်မှာ ထိုက်တန်တဲ့ ယုံကြည်မှု အပြည့် ရှိနေကြတာပါပဲ..။

မာစတာ ဂျက် က သူတို့ကို ကြည့်ပြီး ပြုံးလိုက်တယ်..။

“ကျွန်မတို့ စတင်လိုက်ပြီဆိုတော့.. မိတ်ဆက်တာတွေကို အရင် လုပ်လိုက်ကြရအောင်..။ တချို့က တစ်ယောက်နဲ့တစ်ယောက် သိပြီးသား ဖြစ်နိုင်ပေမဲ့.. တချို့ကတော့ မျက်နှာသစ်တွေ ဖြစ်နေလိမ့်မယ်..”

သူမက တစ်ယောက်ချင်းစီကို လိုက်ပြီး မိတ်ဆက်ပေးခဲ့တယ်..။ ဒီ တက်ရောက်သူ တွေက ပထမ အထူးတပ်ခွဲ ရဲ့ အမာခံ ဒေါက်တိုင်တွေ ဖြစ်လာကြမယ့်သူတွေပါ..။

သူတို့ထဲမှာ အသက်အကြီးဆုံးကတော့ အသက် လေးဆယ်နှောင်းပိုင်း ဒါမှမဟုတ် ငါးဆယ်အစောပိုင်းလို့ ထင်ရတဲ့ သန်မာတဲ့ကြွက်သားတွေနဲ့ အမျိုးသားတစ်ယောက်ပါပဲ..။ သေချာတာပေါ့.. တက်ရောက်သူ တစ်ယောက်အနေနဲ့ သူ့အသက်အရွယ်ထက်စာရင် အံ့ဩစရာကောင်းလောက်အောင် ကျန်းမာ ကြံ့ခိုင်နေခဲ့တာပါ..။ မာစတာ ရန်ဒဲလ် ဟာ ရင့်ကျက်ပြီး အတွေ့အကြုံရင့်တဲ့ ပုံစံရှိနေခဲ့တယ်။. မီးခိုးရောင် ဆံပင်တွေ နဲ့အတူပဲ ယောက်ျားပီသတဲ့ မျက်နှာနဲ့ လိုက်ဖက်တဲ့ မုတ်ဆိတ်မွေးတွေ ရှိနေခဲ့ပါတယ်..။

အနက်ရောင် ကိုယ်ကျပ်ဝတ်စုံက သူ့ရဲ့ ထင်ရှားတဲ့ ကြွက်သားတွေပေါ်မှာ ကပ်နေခဲ့တယ်..။ ဒီလူ့ဆီက ထွက်ပေါ်နေတဲ့ အငွေ့အသက်တွေအရ သူက အတွေ့အကြုံရင့်ပြီး ပြည့်စုံတဲ့ စစ်သားတစ်ယောက် ဖြစ်ကြောင်း ပြောပြနေသလိုပါပဲ..။ သူ့ရဲ့ တည်ရှိမှုက ခိုင်မာပြီး တည်ငြိမ်နေခဲ့တယ်..။

မာစတာ ရန်ဒဲလ် က အခိုက်အတန့် စတင်ပေါ်ပေါက်လာချိန်က ပထမမျိုးဆက် အဖွဲ့ဝင်တွေနဲ့အတူ ပုခုံးချင်းယှဉ်ပြီး တိုက်ပွဲဝင်ခဲ့တာ မဟုတ်ရင်တောင်မှ.. သူ့အသက်အရွယ်အရ ဆိုရင် ကပ်ဘေးဆိုးကြီး ကျရောက်လာတာကို ကလေးဘဝတည်းက မြင်တွေ့ခဲ့ရမှာပါ..။ သူ့ရဲ့ များပြားလှတဲ့ အတွေ့အကြုံတွေက တပ်ခွဲအတွက် အများကြီး အကျိရှိစေမှာ အသေအချာပါပဲ.။အမှန်တော့ ဝိဥာဥ် ရိတ်သိမ်းသူ အစား သူကသာ ဦးဆောင်သင့်တယ်လို့တောင် တစ်စုံတစ်ယောက်က မျှော်လင့်နိုင်ပါတယ်..။

သို့ပေမယ့် ဒီလူက ဒီကိစ္စနဲ့ ပတ်သက်ပြီး အတွေးတစ်ချို့ ရှိနေခဲ့တယ် ဆိုရင်တောင်.. အပြင်ကိုတော့ ထုတ်မပြခဲ့ပါဘူး..။

သူ့ဘေးမှာ ထိုင်နေတဲ့ လှပတဲ့ အမျိုးသမီးကတော့ သူမရဲ့သဘောကောင်းပြီး ဖော်ရွေတဲ့ အမူအရာကြောင့် မာစတာ အုပ်စုထဲမှာ ထင်ရှားနေခဲ့တယ်..။ တက်ရောက်သူ ဂျက်စီ ဟာ မာစတာ ဂျက် နဲ့ လုံးဝ ဆန့်ကျင်ဘက်ပါပဲ..။ သူမမှာ ရွှေရောင် ဆံပင်တွေ၊ ကျန်းမာတဲ့ အသားအရေနဲ့ တောက်ပတဲ့ အပြာရောင် မျက်လုံးတွေ ရှိနေခဲ့တယ်။သူမဆီက.. ထူးဆန်းတဲ့ နွေးထွေးမှု ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့ပါတယ်..။ တိုက်ဆိုင်စွာပဲ. သူမက ဝိဥာဥ် ရိတ်သိမ်းသူ နဲ့ အသက် မတိမ်းမယိမ်းပါပဲ..။

သို့ပေမယ့် ဒီလှပတဲ့ ရွှေရောင် ဆံပင်ပိုင်ရှင် မိန်းကလေးကို ဘယ်သူမှ...နူးညံ့တယ်လို့ ခေါ်ရဲမှာ မဟုတ်ပေ..။ သူမရဲ့ အရပ်ရှည်ပြီး သွယ်လျတဲ့ ခန္ဓာကိုယ်ထဲမှာ စွမ်းအင်တွေ ပြည့်နှက်နေသလို.. အတင်းအကျပ် ထိန်းချုပ်ထားရတဲ့ ခွန်အားတွေလည်း ရှိနေခဲ့ပါတယ်..။သူမရဲ့ ပေါ့ပေါ့ပါးပါး အမူအရာ.. နောက်ကွယ်မှာတော့ ထက်မြက်ပြီး ပြတ်သားတဲ့ အစွမ်းတွေ ပုန်းကွယ်နေခဲ့တာပါ..။ ဒီ မာစတာ ဟာ သူမ ဘဝကိုရော.. တိုက်ပွဲနဲ့ စစ်မြေပြင်က သွေးချောင်းစီးမှုတွေကိုပါ စိတ်အားထက်သန်နေပုံရပါတယ်..။ သူမက သံသယဖြစ်စရာမလိုလောက်အောင် ကြောက်စရာကောင်းတဲ့စစ်သည်တော် တစ်ယောက်ပါ..။

ကျန်တဲ့သူတွေလည်း ဒီအတိုင်းပါပဲ..။

တပ်ခွဲရဲ့ အရာရှိတွေထဲက တတိယမြောက် အမျိုးသမီးကတော့ တက်ရောက်သူ ဝင်းတား လို့ ခေါ်ပါတယ်..။ သူမက အသက် သုံးဆယ်နှောင်းပိုင်း ဖြစ်ပြီး အုပ်စုထဲမှာ အတည်ငြိမ်ဆုံးဖြစ်ပုံရတယ်..။ သူမရဲ့ လှိုင်းတွန့်ပုံစံ ဆံပင်တွေက အညိုရင့်ရောင် ဖြစ်ပြီး သာမန်အတိုင်းပဲ နောက်မှာ စည်းနှောင်ထားခဲ့တယ်..။ သူမရဲ့ မျက်လုံးတွေက ဘာအရောင်လဲဆိုတာကိုတော့ ဆန်နီ သေချာမသိပါဘူး..။ အကြောင်းကတော့ သူတို့တွေ အခု မြေအောက် အနက်ပိုင်းမှာ ရောက်နေတာတောင် ဒီအမျိုးသမီးက ထူးဆန်းစွာပဲ နေကာမျက်မှန်ကို တပ်ထားလို့ပါ..။

သူမက ထိုင်ခုံပေါ်မှာ ပေါ့ပေါ့ပါးပါး ထိုင်နေတာကြောင့် ဒီလို အရေးကြီးတဲ့ အစည်းအဝေးနဲ့တောင် မလိုက်ဖက်သလို ဖြစ်နေခဲ့တယ်..။ သူမရဲ့ လှပတဲ့ မျက်နှာက အေးစက်နေပြီး ဘာကိုမှ ဂရုမစိုက်တဲ့ ပုံစံပါပဲ..။ သူမက ကိုယ်ကျပ်ဝတ်စုံရဲ့ လက်တွေကို လိပ်တင်ထားတာကြောင့်.. သန်မာတဲ့ လက်ဖျံတွေနဲ့အတူ.. နက်မှောင်နေတဲ့ တက်တူးတစ်ခုကို မြင်နေရပါတယ်..။

သူတို့ ဝင်လာတဲ့အချိန်မှာ မာစတာ ဝင်းတား က ဝိဥာဥ် ရိတ်သိမ်းသူ ကို အရိုအသေပေးဖို့အတွက် ထရပ်ခဲ့တာသာ မဟုတ်ရင်.. ဆန်နီ ကတော့ သူမ အိပ်ပျော်နေတယ်လို့ပဲ ထင်မိမှာပါ..။

သူ့ဘေးက အမျိုးသားမှာလည်း အလားတူ တက်တူးမျိုး ရှိနေတာကြောင့်.. သူတို့ နှစ်ယောက်ဟာ အရင်က တစ်ဖွဲ့တည်း ဖြစ်ခဲ့ဖူးပုံရပါတယ်..။ဒီလူကလည်း သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် အမျိုးသမီးနဲ့ အသက်တူတူလောက်ပဲ ရှိပြီး.. ရိုးသားတဲ့ မျက်လုံးတွေနဲ့ ခန့်ညားတဲ့ အသွင်အပြင် ရှိနေခဲ့တယ်..။ သူ့ရဲ့ ခန့်ညားတဲ့ မျက်နှာပေါ်မှာ မုတ်ဆိတ်မွေးစတွေ ရှိနေသလို.. မျက်လုံးတွေကလည်း မျက်ကွင်းညိုနေခဲ့ပါတယ်။

တက်ရောက်သူ ဒေးလ် က တည်ငြိမ်ပြီး အားကိုးရတဲ့ စစ်သည်တော် တစ်ယောက်ပုံစံနဲ့ တူနေခဲ့တယ်..။ ဆန်နီ သေချာ မသိနိုင်ပေမဲ့လည်း.. ဒီလူရဲ့ အစွမ်းက အနည်းဆုံးတော့ ကာကွယ်ရေးနဲ့ ပတ်သက်လိမ့်မယ်လို့ ခံစားနေရတယ်..။ တကယ်လို့ မာစတာ ဒေးလ် သာ တစ်နေရာမှာ အခိုင်အမာ ရပ်တည်ဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင်.. ကမ္ဘာပေါ်မှာ သူ့ကို ရွေ့လျားအောင် လုပ်နိုင်တဲ့ အရာက အလွန်နည်းပါးလိမ့်မယ်လို့ သူ ခံစားနေရတာပါ..။

ပထမ အထူးတပ်ခွဲ ရဲ့ နောက်ဆုံး အရာရှိကတော့ အသက် အနည်းငယ် ပိုကြီးပြီး မာစတာ ဒေးလ် နဲ့ လုံးဝ ဆန့်ကျင်ဘက်ပါပဲ..။ သူ့ရဲ့ အေးစက်တဲ့ မျက်လုံးတွေ ၊ ခံစားချက် မရှိတဲ့ မျက်နှာနဲ့ ကြောက်စရာကောင်းတဲ့ အကြည့်တွေက အရာတစ်ခုကိုပဲ ဖော်ပြနေခဲ့ပါတယ်..။

တက်ရောက်သူ ဒေးဗစ် ဟာ လူသတ်သမား တစ်ယောက်ပါပဲ..။ သူက ဒီအုပ်စုထဲမှာ တိုက်စစ်ကို ဦးစားပေးဆုံး မာစတာ လို့ ထင်ရပေမဲ့.. သူ့ရဲ့ အရည်အချင်းကတော့ သာမန်ကာလျှံကာ မဟုတ်ပါဘူး..။ ဆန့်ကျင်ဘက်အနေနဲ့.. ဒါက ပါးနပ်ပြီး တိတ်ဆိတ်ကာ လုံးဝကို သေစေနိုင်တဲ့ အစွမ်းရှိနေခဲ့တယ်။

ဒေးဗစ် ပုံစံက ဆန်နီ ကိုယ်တိုင် တစ်ချိန်က ဖြစ်ချင်ခဲ့တဲ့ ပုံစံမျိုးလို့တောင် သူ သံသယ ဖြစ်မိပါတယ်..။ ရန်သူကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းဖို့အတွက် ပရိယာယ်နဲ့ ပုန်းလျှိုးကွယ်လျှိုး နည်းလမ်းတွေကို အသုံးချပြီး.. ပြန်လည် တိုက်ခိုက်ခံရမယ့် အန္တရာယ်ကို ရှောင်ရှားတတ်တဲ့ တိုက်ခိုက်ရေးသမား မျိုးပါ..။

ဆန်နီ နဲ့ ဂျက် အပါအဝင် ဒီ မာစတာ ငါးယောက်က ပထမ အထူးတပ်ခွဲ ကို ဦးဆောင်ကြတော့မှာ ဖြစ်ပါတယ်..။

တိုက်ဆိုင်စွာပဲ.. ဝိဥာဥ် ရိတ်သိမ်းသူ လိုပဲ ဒီ တက်ရောက်သူ ငါးယောက်မှာလည်း အမည်ပြောင်တွေ ရှိနေခဲ့ကြတယ်..။ မာစတာ ရန်ဒဲလ်၊ ဂျက်စီ၊ ဝင်းတား၊ ဒေးလ် နဲ့ ဒေးဗစ် တို့ကို လူရမ်းကား ၊ မြင်းရိုင်း ၊ ဘုရင်မ ၊ သူရဲကောင်း နဲ့ ခြသေ့် လို့လည်း သိထားကြပါတယ်..။

ဆန်နီ ကတော့ အမည်ပြောင် မရှိတဲ့ တစ်ဦးတည်းသော လူဖြစ်နေတာကြောင့် အနည်းငယ်တော့ မနာလို ဖြစ်မိတယ်..။

‘ကောင်းပြီလေ.. ငါ့မှာလည်း ခွေးသား ဆိုတဲ့ နာမည်ပြောင် ရှိတာပဲ..’

သူ မျက်တောင် ခတ်လိုက်မိတယ်..။

‘ဘာလဲ..မဟုတ်ဘူး..။ ဒါ​က တကယ်ကို စုတ်ပြတ်သတ်နေတဲ့ နာမည်ပြောင်ပဲ..။ ပြီးတော့ အကြံဥာဏ်ကလည်း ဆိုးဝါးသေးတယ်..'

ငါ့မှာ နာမည်ပြောင် လိုအပ်တယ်လို့ ဘယ်သူ ကပြောလို့လဲ..။ငါ့ကို ဆန်နီ လို့ ခေါ်တာနဲ့တင် လုံလောက်တာထက် ပိုနေပြီ မဟုတ်ဘူးလား..။

မိတ်ဆက်တာတွေ ပြီးဆုံးသွားတဲ့အခါမှာတော့ မာစတာ ဂျက် က သူတို့ကို တစ်ချက် ပြန်ကြည့်ပြီး ပြောလာခဲ့တယ်..။

“တစ်ယောက်နဲ့တစ်ယောက်ရဲ့ စွမ်းရည်တွေနဲ့ တိုက်ခိုက်နိုင်စွမ်း တွေကိုတော့ နောက်မှပဲ သိအောင် လုပ်ကြတာပေါ့..။ အခုလောလောဆယ်တော့ အဲဒါတွေက သိပ်မအရေးကြီးသေးပါဘူး..။ ဘာလို့လဲဆိုတော့ အားလုံးက တခြားလူတွေနဲ့ မဟုတ်ဘဲ တစ်ယောက်တည်း သီးခြား လှုပ်ရှားရတာ ပိုများလိမ့်မယ်လို့ မျှော်လင့်မိတယ်..။ အခုတော့ အလုပ်ကိစ္စကို စကြရအောင်..။ ဒီနေ့မှာ ကျွန်မက ပထမ အထူးတပ်ခွဲ ရဲ့ ခန့်မှန်းခြေ ဖွဲ့စည်းပုံ၊ ရည်ရွယ်ချက်နဲ့ လိုက်နာရမယ့် စစ်ရေး မူဝါဒတွေ အကြောင်းကို ရှင်းပြပေးသွားမယ်..”

သူမက သူမရဲ့ ဆက်သွယ်ရေး ကိရိယာပေါ်က တစ်ခုခုကို နှိပ်လိုက်တဲ့အခါမှာတော့ စားပွဲအလယ်မှာ ဧရာမ ပုံရိပ်ယောင်ကြီး တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်..။

ဆန်နီ ဟာ အရှေ့ဘက်ခြမ်းက ထင်ရှားလှတဲ့ ကုန်းမြေကြီး ပါဝင်တဲ့ ကျွန်းစုကြီးကို သေချာ လေ့လာကြည့်လိုက်တယ်..။

မာစတာ ဂျက် က ခနလောက် တိတ်နေပြီးမှ ဆက်ပြောလိုက်တယ်..။

“ဒါပေမဲ့ ဒါကို လုပ်ဖို့ဆိုရင် ရှင်တို့က မကြာခင် စတင်တော့မယ့် စစ်ဆင်ရေးရဲ့ ယေဘုယျ ပုံသဏ္ဌာန်ကို အရင် နားလည်ထားဖို့ လိုအပ်တယ်လေ..။ အားလုံး သိကြတဲ့အတိုင်း.. ဒါက တော့ အန္တာတိက တိုက်ပဲ..”

သူမက ပုံရိပ်ယောင်ကို ညွှန်ပြလိုက်တယ်..။

“အန္တာတိကတိုက် တစ်ခုလုံးကို အပိုင်း သုံးပိုင်း ခွဲခြားထားတယ်...”

အပိုင်း ( ၈၁၅ ) ပြီး၏။

အပိုင်း ( ၈၁၆ ) အဆင့်သုံးဆင့်

မာစတာ ဂျက် က ပုံရိပ်ယောင်ကို ညွှန်ပြလိုက်တယ်..။

“အန္တာတိက တစ်ခုလုံးကို အပိုင်း သုံးပိုင်း ခွဲခြားထားတယ်..။ အနောက် အန္တာတိက၊ အရှေ့ အန္တာတိက နဲ့ အန္တာတိက အလယ်ပိုင်း ဆိုပြီးတော့ပေါ့..”

အနောက် အန္တာတိက ကတော့ အများအားဖြင့် ရေအောက်ထဲ နစ်မြုပ်နေပြီး ကျွန်းငယ်လေးတွေ၊ ကျွန်းကြီးတွေနဲ့ ပြန့်ကျဲနေတဲ့ နေရာပါ..။ အရှေ့ အန္တာတိက ကတော့ ကုန်းမြေထု အကြီးကြီး တစ်ခုဖြစ်ပြီး အလယ်မှာ ထင်ရှားတဲ့ တောင်တန်းကြီး တစ်ခုနဲ့အတူ အိုင်တွေလည်း အများကြီး ရှိနေခဲ့တယ်..။ အန္တာတိက အလယ်ပိုင်း ကတော့ အဲ့ဒီ နှစ်ခုကြားမှာ ရှိတဲ့ ရှည်လျားပြီး ကျဉ်းမြောင်းတဲ့ ကုန်းမြေဖြစ်ကာ တစ်ခုလုံးနီးပါးကို မြင့်မားတဲ့ တောင်တန်းကြီးတွေကသာ ဖုံးလွှမ်းထားပါတယ်..။

ဝိဥာဥ် ရိတ်သိမ်းသူ က ဆက်ပြောလိုက်တယ်..။

“အနောက် အန္တာတိက မှာက လူနေထိုင်မှု သိပ်မရှိတာကြောင့် ငါတို့အတွက် သိပ်ပြီး စိတ်ဝင်စားစရာ မရှိဘူး..။ အန္တာတိက အလယ်ပိုင်း က ဒီနယ်မြေရဲ့ အုပ်ချုပ်ရေးနဲ့ နည်းပညာ ဗဟိုချက်ဖြစ်ပြီး.. အရှေ့ အန္တာတိက ကတော့ ဒီတိုက်ကြီးမှာ အကြီးဆုံးနဲ့ လူဦးရေ အထူထပ်ဆုံး ဒေသတစ်ခုပဲ..”

သူမက ခနလောက် ရပ်လိုက်ပြီးမှ လေးနက်တဲ့ လေသံနဲ့ ထပ်ပြောလိုက်တယ်..။

“ပထမဆုံး ကယ်ဆယ်ရေး စစ်တပ် က နောက်နှစ်ပတ်နေရင် စတင် ထွက်ခွာတော့မယ်..။ ငါတို့တွေ အန္တာတိက ကို ရောက်ဖို့ဆိုရင် နှစ်ပတ် ဒါမှမဟုတ် သုံးပတ်လောက်တော့ ကြာမှာပဲ..။့အဲဒီအချိန်ကျရင် အိပ်မက်ဆိုး ကျူးကျော်မူ တွေက စတင်နေလောက်ပြီ..။ ဒေသခံ တပ်စခန်းတွေကတော့ အခုကတည်းက ထွက်ပေါက် အရေအတွက် ပိုများလာတာကို ကြုံတွေ့နေရပြီဆိုပေမဲ့ မတ်လကုန်လောက်ကျရင်တော့ အရေအတွက်က ပေါက်ကွဲထွက်သွားသလိုမျိုး များလာလိမ့်မယ်..။ အဲဒီနောက်ပိုင်းမှာလည်း ဆက်ပြီး.. တိုးလာနေဦးမှာပါ..”

မာစတာ ဂျက် က ပုံရိပ်ယောင်ကို ခနလောက် စိုက်ကြည့်နေပြီးမှ တည်ငြိမ်စွာ ပြောလိုက်တယ်..။

“ငါတို့ ဘယ်လောက်ပဲ စစ်သားတွေ အများကြီး ပို့နေပါစေ.. ထွက်ပေါက် တွေကနေ ဝင်လာမယ့် အိပ်မက်ဆိုး သတ္တဝါ အုပ်ကြီးကိုတော့ တားဆီးနိုင်မှာ မဟုတ်ဘူး..။ ဒါက.. သမိုင်းမှာ တစ်ခါမှ မဖြစ်ဖူးခဲ့တဲ့ အရာပဲ..။ ပထမမျိုးဆက် တွေ တိုက်ခဲ့ရတဲ့ စစ်ပွဲကြီးတွေတောင်မှ ဒီတစ်ခေါက်အိပ်မက်ဆိုး ကွင်းဆက် နဲ့ ယှဉ်ရင် ဘာမှမဟုတ်သလို ဖြစ်သွားလိမ့်မယ်..။ အဲ့အချိန်တုန်းက ရန်သူ အများစုက အိပ်စက်သူ အဆင့်တွေပဲ ဆိုတာကို မမေ့နဲ့ဦး..။ ငါတို့ကတော့ ဒီလောက်အထိ ကံမကောင်းဘူး..”

သူမက သက်ပြင်းချလိုက်ပြီး ထိုင်ခုံကို မှီလိုက်ကာ လက်ပိုက်လိုက်တယ်..။

“ငါတို့ရဲ့ သိပ္ပံပညာရှင်တွေနဲ့ ရှေ့ဖြစ်ဟောသူတွေရဲ့ အဆိုအရ.. ဒီ ဂိတ်ပေါက် တွေက ဒုတိယ အဆင့် နဲ့ တတိယ အဆင့် တွေ ဖြစ်လာလိမ့်မယ်..။ ဒါက ဘာကို ဆိုလိုတာလဲဆိုတော့ နိုးထမူ အဆင့်၊ ကျရှုံးမူအဆင့် တွေတင်မကဘဲ ပျက်ပြားခြင်းအဆင့် အိပ်မက်ဆိုး သတ္တဝါ တွေကိုပါ ငါတို့ တစ်ခါမှ မမြင်ဖူးတဲ့ အရေအတွက်နဲ့ ရင်ဆိုင်ရမယ်လို့ ပြောတာပဲ..။ဒါပေါ့.. ဒီထက် ပိုဆိုးတာတွေလည်း ဖြစ်လာနိုင်သေးတယ်လေ..။ ဒီတော့.. ငါတို့က သူတို့ကို တားဆီးဖို့ ကြိုးစားမှာ မဟုတ်ဘူး..”

မာစတာ တွေရဲ့ မျက်နှာက ဖြည်းဖြည်းချင်း သုန်မုန်သွားခဲ့တယ်..။ဒါကို သတိထားမိတဲ့ ဝိဥာဥ် ရိတ်သိမ်းသူ က ခေါင်းခါပြလိုက်ပါတယ်..။

“ငါတို့ရဲ့ ရည်မှန်းချက် အောင်မြင်ဖို့အတွက် ပိုကောင်းတဲ့ နည်းလမ်းတွေ ရှိပြီးသားပါ..။ စစ်တပ်က ကုန်းပေါ်ရောက်တာနဲ့ အပိုင်း သုံးပိုင်း ခွဲသွားလိမ့်မယ်.. ။အပိုင်း တစ်ခုချင်းစီက စစ်ဆင်ရေးရဲ့ ပထမ အဆင့်မှာ သီးခြား ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ကြရမှာ..။ ရည်မှန်းချက် တွေထဲက တစ်ခုကတော့ ရွေးချယ်ထားတဲ့ မြို့အနည်းငယ်ကို အိပ်မက်ဆိုး သတ္တဝါ တွေရဲ့ ဝိုင်းရံမှုကနေ လနဲ့ချီ.. ဒါမှမဟုတ် နှစ်နဲ့ချီပြီး ခံနိုင်ရည်ရှိမယ့် ခိုင်မာတဲ့ ကယ်ဆယ်ရေး စခန်းတွေအဖြစ် ပြောင်းလဲဖို့ပဲ..”

မာစတာ ဂျက် က မြေပုံပေါ်က နေရာအချို့ကို ညွှန်ပြလိုက်ပြီး ဆက်ပြောလိုက်တယ်..။

“ဒုတိယ ရည်မှန်းချက်ကတော့ အပြင်ဘက်မှာ ရှိနေတဲ့ လူသားအားလုံးကို ဒီစခန်းတွေဆီ ရွှေ့ပြောင်းပေးရမယ်..။..သူတို့က အဲဒီမှာ သင်္ဘောစီးဖို့ကို အလှည့်ကျ စောင့်ကြရမှာ..။ လူရွှေ့ပြောင်းတာရော..စောင့်ဆိုင်းရတာရောက တိုတောင်းတဲ့ လုပ်ငန်းစဉ်တစ်ခု မဟုတ်ဘူးလေ..။ နောက်ဆုံး တတိယ ရည်မှန်းချက်ကတော့ ရွှေ့ပြောင်းမယ့် ပြည်သူတွေအတွက် ကယ်ဆယ်ရေး လမ်းကြောင်းတွေကို ဖောက်လုပ်ပြီး ထိန်းသိမ်းပေးဖို့ပဲ..။ လူတိုင်းကသတ်မှတ်ထားတဲ့ ခံတပ်စခန်းတွေ အတွင်းကို ဘေးကင်းကင်းနဲ့ ရောက်သွားပြီဆိုရင်တော့ စစ်ဆင်ရေးရဲ့ ပထမ အဆင့် ပြီးဆုံးပြီလို့ သတ်မှတ်လို့ ရပြီ..”

ဆန်နီ က အသာအယာ လက်ကို မြှောက်လိုက်တယ်..။

“အင်း.."

သူက ကျန်တဲ့ မာစတာ တွေကို သံသယရှိတဲ့ အမူအရာနဲ့ တစ်ချက်ကြည့်လိုက်ပြီးမှ မေးလိုက်ပါတယ်..။

“ပြည်သူတွေကို ကယ်ဆယ်ဖို့က ဘာလို့ ဘေးအန္တရာယ် ကျရောက်လာတဲ့အထိ စောင့်နေရတာလဲ..။ အခုကတည်းက တတ်နိုင်သလောက် အပြင်ထုတ်ထားလိုက်ရင် ပိုမလွယ်ဘူးလား..”

ဝိဥာဥ် ရိတ်သိမ်းသူ က သူ့ကို စိတ်မကောင်းတဲ့ အပြုံးနဲ့ ပြုံးပြလိုက်တယ်..။

“ဘာလို့လဲဆိုတော့ ဒီ ဘေးအန္တရာယ်က နောက်ထပ် နှစ်အနည်းငယ်လောက်အထိ ဖြစ်လာမှာ မဟုတ်ဘူးလို့ လူတိုင်းက ယုံကြည်နေကြလို့ပဲ..။ ငါတို့ရဲ့ ပြင်ဆင်မှု အဆင့်အတန်းက လုံးဝကို မလုံလောက်သလို.. အချိန်မတိုင်ခင် ကယ်ဆယ်ရေး စတင်ဖို့အတွက် စီစဥ်ထားတဲ့ နည်းလမ်းတွေလည်း မရှိသေးဘူးလေ..။ အတိုချုပ် ပြောရရင် အစိုးရက ဘာမှ အဆင်သင့် မဖြစ်သေးတဲ့ အချိန်မှာ အဖမ်းခံလိုက်ရတာပဲ..။ ပထမဆုံး စစ်တပ်ကို စေလွှတ်တာကလည်း ကမူးရှူးထိုး နဲ့ အလျင်စလို ဖြစ်နေတာဆိုတော့ ဒီအတွက်နဲ့တင် စစ်သားတွေ အများကြီး သေကြရလိမ့်မယ်..။ ဒါပေမဲ့ အထင်မမှားလိုက်နဲ့ဦး.. ဒါက လက်ရှိ အခြေအနေအရ ငါတို့ လုပ်ပေးနိုင်တဲ့ အကောင်းဆုံး အရာပဲ..”

ဆန်နီ က သက်ပြင်းချလိုက်ပြီး နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်တယ်..။

မာစတာ ဂျက် က သူ့ကို တစ်ချက်ကြည့်ပြီး ဆက်ပြောလာခဲ့ပါတယ်..။

“စစ်ဆင်ရေးရဲ့ ပထမ အဆင့် ပြီးသွားတာနဲ့ ဒုတိယ အဆင့်ကို စတင်လိမ့်မယ်..။ အဲဒီအချိန်ကျရင် ဒုတိယ ကယ်ဆယ်ရေး စစ်တပ် ကလည်း အင်အားအပြည့်နဲ့ ရောက်လာပြီး အင်အားနည်းနေတဲ့ ပထမ စစ်တပ် ကို ကူညီပေးကြလိမ့်မယ်..။ ဒီအဆင့်က ရိုးရှင်းတယ်ဆိုပေမဲ့ လွယ်ကူမယ်လို့တော့ မဆိုလိုဘူး..။ ငါတို့ရဲ့ အင်အားတွေ အကုန်လုံးကို အဓိက ခံတပ်မြို့ကြီးတွေဆီ ဆုတ်ခွာစေပြီး.. အရပ်သား အားလုံးကို ကယ်ထုတ်ပြီးတဲ့အထိ အဲဒီမြို့တွေကို အချိန်အတော်ကြာအောင် ခုခံထားကြရလိမ့်မယ်..။ အဲဒီနောက်မှာ တတိယ အဆင့် အနေနဲ့ လူသားတွေ အန္တာတိက ကနေ လုံးဝ ထွက်ခွာသွားပြီးတာနဲ့ တစ်တိုက်လုံးကို အကြီးအကျယ် ဗုံးကြဲ ဖျက်ဆီးပစ်လိမ့်မယ်..။ တောင်ပိုင်း စတုတ္ထ ဝန်းရံခြင်း နယ်မြေ ဆိုတာလည်း တည်ရှိတော့မှာ မဟုတ်ပါဘူး..”

သူမက ခနလောက် အဓိပ္ပာယ်ပါပါ ရပ်နားလိုက်ပြီးမှ နက်မှောင်စွာ ပြုံးလိုက်တယ်..။

“ဒါက စစ်ဆင်ရေးရဲ့ ယေဘုယျ အနှစ်ချုပ်ပဲ..။ အခု အသေးစိတ်ကို ပြောရရင်တော့.. ငါတို့ တပ်ခွဲရဲ့ နာမည်အရ..သိနိုင်တဲ့အတိုင်းပဲ.. ကယ်ဆယ်ရေး အဆင့် သုံးဆင့်လုံးမှာ ငါတို့က အထူး အခန်းကဏ္ဍကနေ ပါဝင်ရလိမ့်မယ်..။ ပထမ အထူးတပ်ခွဲ က ရှိနှင့်ပြီးသား တစ်ခြားတပ်ရင်း၊ တပ်မ ဒါမှမဟုတ် တပ်မကြီးတွေနဲ့ဆက်စပ်နေမှာ မဟုတ်ဘူး..။ ငါတို့က သာမန် စစ်သားတွေကို ကူညီတာ ဒါမှမဟုတ် ဦးဆောင်တာမျိုး လုပ်မှာ မဟုတ်ဘူး..။ အဲဒီအစား ငါတို့က အထူး တပ်ဖွဲ့ဝင်တွေ အနေနဲ့ လှုပ်ရှားကြရမယ်..”

ဝိဥာဥ် ရိတ်သိမ်းသူ က ရှေ့ကို ကိုင်းလိုက်ပြီး သူမရဲ့ အေးစက်တဲ့ အပြာရောင် မျက်လုံးတွေနဲ့ သူတို့ကို ကြည့်လိုက်တယ်..။

“ရှင်တို့ တစ်ယောက်ချင်းစီက အစိုးရက ခန့်အပ်ထားတဲ့ အကောင်းဆုံး နိုးထသူ စစ်သည်တော် အုပ်စု တစ်ခုစီကို တာဝန်ယူရလိမ့်မယ်..။ ဒီအုပ်စုတွေက သီးခြား လှုပ်ရှားကြရမှာ ဖြစ်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို နှောင့်နှေးစေမယ့် ဘယ်လို ကြီးမားတဲ့ အတားအဆီးကိုမဆို ရှင်းလင်းပေးရလိမ့်မယ်..။ သာမန် စစ်သားတွေ ဒါမှမဟုတ် သူတို့နဲ့အတူပါတဲ့ နိုးထသူ တွေ မဖြေရှင်းနိုင်တဲ့ ပြဿနာမျိုး ကြုံလာတိုင်း.. ငါတို့ကို စေလွှတ်ပြီး နည်းလမ်းပေါင်းစုံနဲ့ အဲ့ဒီ အခြေအနေကို ဖြေရှင်းခိုင်းလိမ့်မယ်..”

အခန်းထဲက လေထုက ရုတ်တရက် အေးစက်သွားသလို မာစတာ ဂျက် ရဲ့ မျက်နှာထားကလည်း ဒီတိုင်း ဖြစ်သွားခဲ့ပါတယ်..။

“ဒါက ဘာကို ဆိုလိုတာလဲဆိုတော့ ငါတို့တွေက စစ်ဆင်ရေး တစ်ခုလုံးရဲ့ အဆိုးရွားဆုံး၊ သွေးထွက် အများဆုံးနဲ့ မျှော်လင့်ချက် အနည်းဆုံး ဖြစ်တဲ့ နေရာတွေဆီကို အမြဲတမ်း စေလွှတ်ခံရမယ်လို့ ဆိုလိုတာပဲ..။ငါတို့က တိုက်ပွဲတွေကြားထဲမှာ အနားယူဖို့နဲ့ ပြန်လည် နာလန်ထူဖို့ အချိန်ရမယ့် သာမန် စစ်သားတွေနဲ့ မတူဘူး..။ ငါတို့အားလုံးက ကယ်ဆယ်ရေး လုပ်ငန်းစဉ် ပြီးဆုံးတဲ့အထိ.. ဒါမှမဟုတ် ငါတို့ အားလုံး သေဆုံးတဲ့အထိ တိုက်ပွဲတွေထဲကို အမြဲတမ်း ဆက်တိုက် ဆင်းနေရလိမ့်မယ်..။ ဒါ့ကြောင့် ပထမ အထူးတပ်ခွဲ မှာ တက်ရောက်သူ ခုနစ်ယောက်အထိ ခန့်အပ်ထားသလို.. ဒီ တက်ရောက်သူ တွေကလည်း ငါတို့မှာ ရှိသမျှထဲက အတော်ဆုံးတွေ ဖြစ်နေကြတာပဲ..။ နင်တို့ တစ်ယောက်ချင်းစီက ထူးချွန်သူတွေထဲကမှ အထူးချွန်ဆုံး သူတွေပဲ..။ဒီတော့ တန်ဖိုး သိအောင် လုပ်ကြရအောင်..”

သူမက လက်အောက်ငယ်သားတွေရဲ့ မျက်နှာတွေကို သေချာ ကြည့်လိုက်ပြီးမှ မျက်ခုံးပင့်လိုက်တယ်..။

“မေးစရာ ရှိသေးလား”

မာစတာ ဝင်းတား က ရုတ်တရက် လက်ကို မြှောက်လိုက်တာကြောင့် သူမ တကယ် အိပ်ပျော်မနေဘူးဆိုတာ သိလိုက်ရပါတယ်..။

သူမ စကားပြောလိုက်တဲ့အခါမှာတော့ အသံက မျှော်လင့်မထားလောက်အောင် ပေါ့ပေါ့ပါးပါးပဲ ဖြစ်နေခဲ့တယ်..။

“ငါတို့ရဲ့ ထောက်ပံ့ရေး အခြေအနေကရော ဘယ်လိုလဲ..။စားစရာတွေ ပါလာမှာလား.. ဒါမှမဟုတ် ငါတို့က လနဲ့ချီပြီး သားရဲ အသားတွေကိုပဲ ထိုင်ဝါးနေကြရမှာလား..။သိတယ်မလား. ခါတိုင်းလိုပဲ...”

အပိုင်း ( ၈၁၆ ) ပြီး၏။

All Chapters