အခန်း (၈၂၃-၈၂၅)
Vol. 55 Ch. 823-825
အပိုင်း ( ၈၂၃ ) နိုးထသူ ခြောက်ယောက်
နိုးထသူ လူစတာ ရဲ့ စိတ်အခြေအနေ ထူးဆန်းနေခဲ့တယ်..။
တစ်ဖက်မှာတော့ သူ့ရဲ့ ဘဝနဲ့ အသက်မွေးဝမ်းကျောင်းက အရင်ကထက် ပိုပြီး ကောင်းမွန်နေခဲ့ပါတယ်..။ သူက အထူးတပ်ဖွဲ့ရဲ့ တပ်သား တစ်ယောက် ဖြစ်လာရုံတင်မကဘဲ.. လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ အစိတ်လှုပ်ရှားစရာအကောင်းဆုံးဖြစ်တဲ့ စစ်ဆင်ရေးမှာပါ ပါဝင်ခွင့်ရရှိနေခဲ့တယ်။
သူ့ရဲ့ အဆင့်အတန်း၊ နိုင်ငံသားအဆင့်နဲ့ လစာတွေက သူ မျှော်လင့်ထားတာထက်တောင် ပိုမိုမြင့်မားနေခဲ့ပါပြီ..။ ဆက်ခံသူ တစ်ယောက် မဟုတ်ပဲ.. တိုက်ခိုက်ရေး စွမ်းရည် တောင် မရှိတဲ့ သူ့လို လူတစ်ယောက်က ဒီလောက်အထိ တက်လှမ်းနိုင်ခဲ့တာက မယုံနိုင်စရာပါပဲ..။ ပျင်းစရာကောင်းတဲ့ စပဲလ် နည်းပညာ သုတေသနဌာနမှာ အလုပ်လုပ်ရတာထက်စာရင်တော့ ဒါက အများကြီး ပိုကောင်းပါသေးတယ်။စစ်တပ်ထဲ
မဝင်ခင်တုန်းက သူ ဒီလို တွေးထားခဲ့တာပါ..။
ထပ်ပြောရရင် နေ့ရက်တိုင်းက သူ့ပတ်ဝန်းကျင်မှာ မိန်းမလှလေးတွေနဲ့ပဲ ဝန်းရံထားခဲ့တာပါ..။ ဆိပ်ကမ်းခံတပ်ထဲမှာတင် ထောင်နဲ့ချီပြီး ရှိနေသလို.. အပြင်ဘက်က စခန်းကြီးထဲမှာတော့ ဒီထက်တောင် ပိုများပါသေးတယ်..။ သူ့ရဲ့ ခန့်ညားတဲ့ ယူနီဖောင်း၊ ရဲရင့်တဲ့ ထိပ်တန်းစစ်သား ဆိုတဲ့ ဂုဏ်သတင်း နဲ့ ဆွဲဆောင်မှုရှိတဲ့ ပင်ကိုယ်စရိုက်တွေကြောင့်.. အများစုက လူစတာ ကို အာရုံစိုက်မိခဲ့ကြပါတယ်..။
အကျဥ်းချုပ်ပြောရရင် အရာအားလုံးက အကောင်းဆုံးပါပဲ..။
...ဒါပေမဲ့ နောက်တစ်ဖက်မှာတော့ ကမ္ဘာကြီးက ပျက်စီးတော့မယ့်ပုံစံ ပေါက်နေခဲ့တယ်..။ သူ စိတ်လှုပ်ရှားနေတဲ့ ဒီစစ်ဆင်ရေးကြီးက သူ့ရဲ့ နောက်ဆုံးခရီးလည်း ဖြစ်သွားနိုင်ပါတယ်။
'ဘယ်လောက်တောင် ကံဆိုးလိုက်လဲ..'
စွန့်ပစ်ထားတဲ့ အဆောက်အဦးတစ်ခုရဲ့ ပျက်စီးနေတဲ့ နေရာမှာ ထိုင်ရင်း.. လူစတာ က အောက်ဘက်မှာ ပျာယာခတ်အောင် လှုပ်ရှားနေတာတွေကို ကော်ဖီသောက်ရင်း ကြည့်နေခဲ့တယ်..။ နောက်ထပ် တစ်ခုရှိတာက.. သူတို့ တောင်ပိုင်း စတုတ္ထ ဝန်းရံခြင်း ဒေသကို ရောက်သွားရင် ကော်ဖီလို ဇိမ်ခံပစ္စည်းတွေက ရှားပါးသွားတော့မှာပါ..။ သူက ဓာတုဗေဒနည်းနဲ့ လုပ်ထားတဲ့ အစားထိုးပစ္စည်းတွေကိုပဲ ပြန်သောက်ရပါလိမ့်မယ်..။.. ပိုဆိုးတာက လက်ဖက်ရည်လိုမျိုး ရွံစရာကောင်းတဲ့ အရာတွေကို သောက်ရတော့မှာပါပဲ..။
'ထိပ်လန့်စရာပဲ..'
လူစတာ က မျက်နှာပျက်သွားပြီး ဘေးမှာ ထိုင်နေတဲ့ သာမန်ရုပ်ရည်နဲ့ အမျိုးသမီးငယ်ကို လှည့်ကြည့်လိုက်တယ်..။
"နင်ရော ဘယ်လိုထင်လဲ..ကင်မ်..။ငါတို့ တာဝန်တွေကို ဒီနေ့ ရနိုင်မယ်ထင်လား.."
နိုးထသူ ကင်မ် က ခဏလောက် တွေဝေသွားပြီးမှ ရှက်ရွံ့တဲ့လေသံနဲ့ ပြန်ဖြေလိုက်ပါတယ်..။
"ငါလား ..အာ.. မသိဘူးလေ.."
လူစတာ ခေါင်းခါယမ်းလိုက်တယ်..။ ကင်မ်မီ က သူ တွေ့ဖူးသမျှထဲမှာ အထူးဆန်းဆုံးလူပါပဲ..။ ဒီလို ကြောက်တတ်တဲ့ မိန်းကလေးက သူသိသမျှ နိုးထသူ တွေထဲမှာ. ဆွဲဆောင်မှု မရှိပဲ နေနိုင်တဲ့ တစ်ဦးတစ်သော လူတစ်ယောက်ပါ..။ သူ့အမြင်အရတော့ ဒါက တကယ့်ကို ထူးဆန်းတဲ့ အောင်မြင်မှုတစ်ခုပါပဲ..။ နိုးထသူ တိုင်းက ဆွဲဆောင်မှု ရှိနေကြတဲ့အချိန်မှာ သူမက ဆွဲဆောင်မူ မရှိအောင် နေနိုင်ခဲ့တာပါ..။
...ကင်မ်မီ ကလွဲပြီး အကုန် လှပနေခဲ့တယ်..။လူစတာ ရဲ့ ကမ္ဘာကြီးအပေါ်ထားတဲ့ အမြင်ကို သူမ တစ်ယောက်တည်းနဲ့တင် ဖျက်ဆီးပစ်နိုင်ခဲ့ပါပြီ..။ သူက ဒီအချက်ကို ဘယ်လို တွေးရမှန်းတောင် မသိတော့ပါဘူး..။
အဆောက်အဦး တစ်ခုတည်းမှာပဲ ထိုင်နေတဲ့ ဘယ်လီ က သူတို့ကို ကြည့်ပြီး ပြုံးလိုက်တယ်..။
"ငါ့အထင်တော့ ဒီနေ့ ရလိမ့်မယ် ထင်တယ်.."
လူစတာ စိတ်လှုပ်ရှားသွားခဲ့တယ်..။
"အိုး.. မင်း တစ်ခုခု သိထားတာ ရှိလို့လား.."
ရွှေရောင်ဆံပင်နဲ့ သူရဲကောင်းက ရှေ့ကိုအနည်းငယ် တိုးလိုက်ပြီး လေသံကို လျှော့ကာ ပြောလိုက်တယ်..။
"ထောက်ပံ့ရေးဌာနက ငါ့သူငယ်ချင်း ပြောတာတော့.. ဝိဥာဥ်ရိတ်သိမ်းသူ က သူမရဲ့ တပ်ဖွဲ့ ကွပ်ကဲမှုစနစ်ကို မနေ့က အပြီးသတ်လိုက်ပြီတဲ့..။ဒါက ဒီနေ့ကစပြီး လူသစ်စုဆောင်းမူတွေ စတင်တော့မယ်လို့ ဆိုလိုတာပဲ..။ အဲဒါပြီးသွားရင် တခြား ထိပ်သီးတပ်ဖွဲ့တွေက ကျန်တဲ့လူတွေကို ရွေးချယ်ခွင့် ရတော့မှာပေါ့.."
'.. ဟုတ်ပြီ..'
လူစတာ က ပြုံးလိုက်ပြီး ခနလောက် တိတ်သွားကာမှ လိုလားတောင့်တတဲ့ လေသံနဲ့ သက်ပြင်းချလိုက်တယ်..။
"အခွင့်အရေးက နည်းတယ်ဆိုတာ သိပေမဲ့..
ဝိဥာဥ်ရိတ်သိမ်းသူ ရဲ့ အဖွဲ့မှာ အရွေးခံရရင် ဘယ်လောက် ကောင်းလိုက်မလဲ..။ စဉ်းစားကြည့်စမ်း.. တက်ရောက်သူ ဂျက် နော်.. သူမက တကယ့်ကို..."
သူ့စကား မဆုံးခင်မှာပဲ.. သူတို့ရဲ့ ဆက်သွယ်ရေး ကိရိယာတွေကို အသိပေးချက် တစ်ခု ဝင်လာခဲ့တယ်..။
ထူးဆန်းတာက သူတို့ သုံးယောက်လုံးရဲ့ ကိရိယာတွေက တစ်ပြိုင်တည်း မီးလင်းလာတာပါပဲ..။
ကင်မ် က မက်ဆေ့ချ်ကို အရင်ဆုံး ဖတ်လိုက်တယ်..။ သူမရဲ့ မျက်လုံးတွေက ပြူးကျယ်သွားခဲ့ပါတယ်..။
သူမရဲ့ တုံ့ပြန်မှုကို ကြည့်ရင်း လူစတာ ပါ ရင်ခုန်သွားခဲ့တယ်..။
"ကင်မ်မီ.. ဘာ.. ဘာဖြစ်လို့လဲ.."
သူမက ခနလောက် ငြိမ်နေပြီးမှ စခရင်ကို ပြလိုက်တယ်..။
"ပထမ.. ပထမ အထူးတပ်ခွဲ..။ ငါတို့က
အလင်းမှပျောက်ဆုံးသူ ရဲ့ တပ်ဖွဲ့မှာ တာဝန်ကျတယ်..။ ဒါက တကယ်ကြီးပဲ.."
.........
လူစတာ၊ ကင်မ်မီ နဲ့ ဘယ်လီ တို့က သူတို့ရဲ့ စောင့်ကြည့်နေတဲ့ နေရာကနေ ထွက်ခွာပြီး တစ်နာရီမပြည့်ခင်မှာပဲ စုရပ်အဖြစ် သတ်မှတ်ထားတဲ့ လေ့ကျင့်ရေး အဆောက်အဦးဆီကို ဦးတည်လာခဲ့ကြပါတယ်..။
သူတို့ သုံးယောက်က တကယ်ကို ထူးဆန်းနေခဲ့တယ်..။ဒါပေါ့ သူတို့တစ်ယောက်ချင်းစီီကို ထိပ်တန်း စစ်သားတွေလို့ သတ်မှတ်ထားခဲ့ပေမဲ့.. သာမန် အခြေအနေတွေမှာဆိုရင် ဘယ်လီ လို တိုက်ခိုက်ရေး ကျွမ်းကျင်သူမျိုးက သူ့ထက် ငယ်တဲ့ အဖွဲ့ဝင် နှစ်ယောက်နဲ့ အဖော်လုပ်နေမှာ မဟုတ်ပါဘူး..။ သူတို့က သူ့အဖွဲ့သားတွေ မဟုတ်ဘူး ဆိုရင်ပေါ့..။လူစတာ ရော ကင်မ်မီ ရောက သူ့အပေါင်းအသင်းတွေ မဟုတ်ကြပါဘူး..။
ဒါပေမဲ့ အန္တာတိက စစ်ဆင်ရေးက အရာရာကို ပြောင်းလဲပစ်နိုင်ခဲ့တယ်..။
နိုးထနေတဲ့ ကမ္ဘာမှာ စစ်တပ်တွေ ရွှေ့ပြောင်းနေတာက အလွန် ကြီးမားလှပေမဲ့.. အိပ်မက်ဆိုး ကမ္ဘာ ထဲမှာလည်း .. သတိမထားမိပေမဲ့ အလားတူ လှုပ်ရှားမှုတွေ ရှိနေခဲ့ပါတယ်..။ ပထမ ကယ်ဆယ်ရွှေ့ပြောင်းရေး တပ်မတော် မှာ တာဝန်ကျတဲ့ နိုးထသူ တွေက ပိုကြီးမားပြီး လုံခြုံတဲ့ ခံတပ် တွေဆီကို အလျင်အမြန် ပြောင်းရွှေ့နေကြရပါတယ်..။ ဒါမှ အန္တာတိက ကို မစေလွှတ်ခင်မှာ အိပ်မက်ဆိုး သတ္တဝါ တွေရဲ့ ရုတ်တရက် တိုက်ခိုက်မှုကြောင့် အစီအစဉ် ပျက်ပြားမူကနေ ရှောင်နိုင်ပါလိမ့်မယ်..။
တချို့က အစိုးရ ခံတပ်တွေဆီ သွားကြသလို.. တချို့ကလည်း ဘတ်ရှင် ဒါမှမဟုတ် ရေဗင်ဟတ် လိုမျိုး အလုံခြုံဆုံး ခံတပ်တွေဆီကို သွားကြပါတယ်..။ အိပ်မက်ကမ္ဘာ တစ်ခုလုံးမှာရှိတဲ့ ထောင်နဲ့ချီတဲ့ နိုးထသူ တွေက ဒီလို တိတ်ဆိတ်တဲ့ ပြောင်းရွှေ့မှုမှာ ပါဝင်နေခဲ့ကြတယ်..။
လူစတာ၊ ကင်မ်မီ နဲ့ ဘယ်လီ တို့က အိပ်မက်ကမ္ဘာ ရဲ့ နေရာတစ်ခုတည်းမှာ အတူတူ ရှိနေခဲ့ကြတာပါ..။ အစိုးရမှာ တာဝန်ထမ်းဆောင်နေတဲ့ နိုးထသူ တွေက တောရိုင်းမြေတွေကို ဖြတ်ကျော်ကာ ဘတ်ရှင် ကို ရောက်ဖို့အတွက် စုပေါင်းပြီး အဖွဲ့တစ်ခု ဖွဲ့ခဲ့ကြတယ်..။ ဒီ အဖွဲ့က ခံတပ်တွေကို ဖြတ်သန်းသွားလေလေ ပိုပြီး ကြီးမားလာလေလေပါပဲ..။
နောက်ဆုံးမှာတော့ နိုးထသူ ရာနဲ့ချီက အတူတူ ခရီးသွားခဲ့ကြပြီး.. သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တွေကတော့ အိပ်စက်ခြင်း သေတ္တာ တွေထဲမှာ ပိတ်လှောင်ခံထားရင်း ဆိပ်ကမ်းအသီးသီးဆီကို ရွှေ့ပြောင်းခံနေရတာပါ..။
ဒါက ထူးဆန်းတဲ့ အရာတစ်ခုပါပဲ..။ လူစတာ က နေရာတစ်ခုမှာ အိပ်ပျော်သွားခဲ့ပေမဲ့.. နိုးလာတဲ့အခါမှာတော့ ကီလိုမီတာ ထောင်နဲ့ချီ ဝေးတဲ့ တောင်ဘက်အရပ်ကို ရောက်နေခဲ့ပါတယ်..။ ဘာပဲဖြစ်ဖြစ် ဘတ်ရှင် ကို ရောက်ဖို့ ခြေလျင်လျှောက်ပြီး တစ်လလောက် အချိန်ယူခဲ့ရတဲ့ ခရီးစဉ်အတွင်းမှာ သူနဲ့ တခြား ထိပ်တန်း နိုးထသူ နှစ်ယောက်က အတော်လေး နီးစပ်သွားခဲ့ကြတယ်..။ သူတို့က သူငယ်ချင်းတွေ မဟုတ်ကြပေမဲ့ အနည်းဆုံးတော့ တစ်ယောက်ကို တစ်ယောက် သိနေကြပါတယ်..။
ခိုင်ခံ့အောင် လုပ်ထားတဲ့ အဆောက်အဦးကို ရောက်တဲ့အခါမှာ တွေ့လိုက်ရတဲ့ တခြား နိုးထသူ သုံးယောက်ကတော့ အဲ့ဒီလို မဟုတ်ပါဘူး..။
သူတို့ထဲက နှစ်ယောက်က ယောက်ျားလေးတွေ ဖြစ်နေတာကို မြင်လိုက်တဲ့အခါမှာတော့
လူစတာ မျက်နှာပျက်သွားခဲ့တယ်..။ ဒါပေမဲ့ တတိယမြောက် တစ်ယောက်ကတော့...
'ဝိုး..'
အရပ်ရှည်ပြီး လှပတဲ့ အနီရောင် ဆံပင်တွေက တကယ့်ကို အမိုက်စားပါပဲ..။ သူမက ချဉ်းကပ်ဖို့ ခက်ခဲတဲ့ပုံပေါက်ပြီး သူ့ထက် ဆယ်စုနှစ်တစ်ခုလောက် ပိုကြီးပုံရပါတယ်။သို့ပေမယ့်.. ဒီအချက်ကပဲ သူမရဲ့ ဆွဲဆောင်မှုကို ပိုတိုးစေခဲ့တာပါ..။
ဘယ်လီ က ဒီလူငယ်ရဲ့ ပုခုံးကို ခပ်ဖွဖွ ပုတ်လိုက်တယ်..။
"မဟုတ်တဲ့ အတွေးတွေကို ခေါင်းထဲက ထုတ်လိုက် ငတုံး.."
လူစတာ က အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်ပြီး ဓားသမားကို ရှက်ပြုံး ပြုံးကာကြည့်လိုက်တယ်..။
"အိုး.. တောင်းပန်ပါတယ်.."
ကင်မ်မီ က သူတို့ နှစ်ယောက်ကို ဇဝေဇဝါနဲ့ ကြည့်ပြီး တိုးတိုးလေး ပြောလိုက်ပါတယ်..။
"ငါ.. ငါ သူမကို သိသလိုပဲ..။ အဲဒါ နိုးထသူ ဆမ်မာရာ ဖြစ်မယ်..။ငါ နည်းပညာရှင် လက်မှတ်ရဖို့ လေ့ကျင့်ခဲ့တုန်းက သူမက စပဲလ် နည်းပညာနဲ့ မိတ်ဆက်တဲ့ အတန်းကို သင်ပေးခဲ့တာ.."
သူမ ခနလောက် တုန်ဟင်နေပြီးမှ.. ဒီ အမျိုးသမီးကြီးဆီကို လျောက်သွားကာ အားယူ ပြုံးပြလိုက်ပါတယ်..။
"နည်းပြ ဆမ်မာရာ.. ပြန်တွေ့ရတာ ဝမ်းသာပါတယ်.."
အေးစက်တဲ့ အလှပိုင်ရှင်က ကြောက်ရွံ့နေတဲ့ အမျိုးသမီးငယ်ကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်ပါတယ်..။
"...ငါ့ကို ဆမ် လို့ပဲ ခေါ်လို့ရတယ်..။ ငါတို့က အခု လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်သွားပြီလေ.."
ကင်မ်မီ ခနလောက် အေးခဲသွားခဲ့တယ်..။
"ဟုတ်ကဲ့.. သိပါပြီ နည်းပြ ဆမ်မာရာ..။ အာ.. နည်းပြ ဆမ်မာရာ.."
သူမ အနည်းငယ် မျက်နှာ နီသွားပြီးမှ သူမရဲ့ အဖော် နှစ်ယောက်ကို ညွှန်ပြလိုက်ပါတယ်..။
"သူတို့က နိုးထသူ ဘယ်လီ နဲ့ နိုးထသူ လူစတာတို့ ပါ..။ ကျွန်မတို့က ဘတ်ရှင် ကို အတူတူ သွားခဲ့ကြတာ.."
ဆမ်မာရာ က အမျိုးသား နှစ်ယောက်ကို ကြည့်လိုက်ပြီး ခံစားချက်မပါတဲ့ လေသံနဲ့ ပြောလိုက်တယ်..။
"သူတို့က နိုးထသူ ချီတင် နဲ့ နိုးထသူ ဒွန်း ပဲ..။ ငါတို့လည်း အခုမှ တွေ့ကြတာ.."
ထိပ်သီး ခြောက်ယောက်က ခနလောက်
တစ်ယောက် နဲ့တစ်ယောက် အကဲခတ်နေကြတယ်..။
နောက်ဆုံးမှာတော့ ဘယ်လီ သူ့ရဲ့ ခေါင်းကို ကုတ်ပြီး မေးလိုက်ပါတယ်..။
"အာ.. ငါတို့ရဲ့ အထက်လူကြီးက ဘယ်သူလဲဆိုတာကို တစ်ယောက်ယောက် သိကြလား.."
အပိုင်း ( ၈၂၃ ) ပြီး၏။
အပိုင်း ( ၈၂၄ ) လျှို့ဝှက်ဆန်းကျယ်တဲ့ မာစတာ
သူတို့ရဲ့ အဖွဲ့သစ်ကို တာဝန်ယူမယ့် တက်ရောက်သူ က ဘယ်သူလဲဆိုတာကို ဘယ်သူမှ သေသေချာချာ မသိထားကြပေ..။သို့ပေမဲ့ ခနလောက် မိတ်ဆက်ပြီးတဲ့နောက်မှာတော့ နိုးထသူ ခြောက်ယောက်ဟာ အကူညီမဲ့စွာပဲ သိချင်လာခဲ့ကြတယ်။
ရဲရင့်ထက်မြက်ပြီး ခန့်ညားပုံရတဲ့ စစ်သည်တော် ချီတင် က အတွေးနက်နေတဲ့ ပုံစံနဲ့ ပြောလိုက်တယ်..။
"မာစတာ ဆန်းလပ်စ်... ငါ ဒီနာမည်ကို တစ်ခါမှ မကြားဖူးဘူး ထင်တယ်..။ အစိုးရနဲ့ အကြာကြီး လက်တွဲခဲ့တဲ့ တက်ရောက်သူ တွေထဲမှာ ဒီနာမည်မျိုး မရှိတာတော့ ငါသေချာပေါက် ပြောနိုင်တယ်.."
သူက ခနလောက် ရပ်တန့်သွားပြီးမှ အနည်းငယ် ဝန်လေးတဲ့ပုံစံနဲ့ ဆက်ပြောလိုက်ပါတယ်..။
"ဒါပေမဲ့ ငါ ကောလာဟလ အချို့တော့ ကြားဖူးတယ်.."
လူစတာ က တက်ကြွတဲ့ အပြုံးနဲ့ သူ့ကို ကြည့်လိုက်တယ်..။
"ဒါဆိုလည်း လုပ်စမ်းပါဦး..သိချင်အောင် မလုပ်နဲ့ဦး.."
ချီတင် က သက်ပြင်းချလိုက်တယ်..။ အတင်းအဖျင်း ပြောသလို ဖြစ်နေတဲ့ ကိစ္စမှာ ပါဝင်ရတာကို သူ အတော်လေး အနေရခက်နေတဲ့ ပုံပါပဲ..။သို့ပေမဲ့ နောက်ဆုံးမှာတော့ သူ့ရဲ့ စပ်စုချင်စိတ်ကပဲ စည်းကမ်းကို အနိုင်ယူသွားခဲ့ပါတယ်..။
"ကောင်းပြီလေ.. သိပ်တော့ အများကြီးမဟုတ်ပါဘူး..။ ငါကြားတာတော့ မာစတာ ဂျက် က ဒီလူကြီးမင်း ရောက်လာဖို့ အချိန်အလုံအလောက် ပေးတဲ့အနေနဲ့ ပထမ အထူးတပ်ခွဲ ဖွဲ့စည်းမှုကို တမင်တကာ အချိန် နောက်ဆုတ်ထားခဲ့တာတဲ့..။ ပြီးတော့ သူမကိုယ်တိုင် သူ့ကို သွားခေါ်ခဲ့တာလို့ ကြားတယ်.."
လူစတာ အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်မိတယ်..။ ဝိဥာဥ် ရိတ်သိမ်းသူ ကိုယ်တိုင်က သူ့တပ်ဖွဲ့ထဲ ပါလာဖို့အတွက် အထူးတလည် စီစဉ်ခဲ့တာဆိုရင်တော့.. ဒီငနဲက သေချာပေါက် သားရဲတစ်ကောင်လို အစွမ်းထက်မှာပါ..။
ဘယ်လီ ကလည်း သူ့ရဲ့ သံသယကို အတည်ပြုပေးလိုက်တယ်..။
"ငါကြားတာတော့ တက်ရောက်သူ ဆန်းလပ်စ် က တကယ့်ကို မွန်းစတားတစ်ကောင်ပဲတဲ့..။ တောရိုင်းဆန်ပြီး သွေးဆာတတ်တဲ့ တိုက်ခိုက်ရေး နတ်ဆိုးတစ်ကောင်လို့တောင် ပြောကြတယ်..။ သူက အိပ်စက်သူ အဆင့်မှာကတည်းက နိုးထခြင်းအဆင့် မိစ္ဆာ အကောင် လေးရာကို သတ်ခဲ့တယ်လို့ သိရတယ်..။ တချို့ဆိုရင် သူက မနိုးထခင်ကတည်းက ရှေးဟောင်း ကျရှုံးမူအဆင့် မိစ္ဆာ တစ်ကောင်ကို အမဲလိုက်ခဲ့တယ်လို့တောင် ပြောကြသေးတယ်.."
လေ့ကျင့်ရေး အားကစားရုံထဲမှာ ထူးဆန်းတဲ့ တိတ်ဆိတ်မှုတစ်ခု လွှမ်းမိုးသွားခဲ့တယ်..။
လူစတာ က နှာခေါင်းရှုံ့လိုက်ပြီး
"အေးပါ.. ဟုတ်ပါပြီ.. ဒါကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး.."
တစ်ချိန်လုံး တိတ်ဆိတ် နေခဲ့တဲ့ ဆမ်မာရာ က ရုတ်တရက် စကားပြောလာခဲ့ပါတယ်..။
"ငါ သိထားတာကတော့ ကွဲပြားတယ်..။ ငါကြားတာကတော့ သူက ထင်ရှားတဲ့ စူးစမ်းရှာဖွေသူနဲ့ အကယ်ဒမီရဲ့ သုတေသီ တစ်ယောက်တဲ့..။ သူ ထုတ်ဝေထားတဲ့ စာတမ်းတွေကို အစိုးရရဲ့ အချက်အလက် ဘေစ့်ထဲမှာ ရှာလို့ရတယ်..။ အဲဒါတွေက အိပ်မက်ဆိုး ကမ္ဘာ ရဲ့ အန္တရာယ်ရှိတဲ့ ဒေသတွေနဲ့ အဲဒီမှာ နေထိုင်တဲ့ အိပ်မက်ဆိုး သတ္တဝါ တွေအကြောင်း အသေးစိတ် ရေးထားတဲ့ အစီရင်ခံစာတွေပဲ.."
ဒါက ပိုပြီး ယုံကြည်ချင်စရာ ကောင်းနေခဲ့တယ်..။ အိပ်မက်ဆိုး ကမ္ဘာ ရဲ့ စူးစမ်းရှာဖွေသူတွေက အစွမ်းထက်ဆုံး တိုက်ခိုက်ရေးသမားတွေ မဟုတ်ရင်တောင်မှ.. ဒီလို ကျယ်ပြောလှတဲ့ တောရိုင်းမြေတွေမှာ ရှင်သန်နိုင်ဖို့အတွက် စွမ်းရည်ရှိကြပါတယ်..။ ပထမ အထူးတပ်ခွဲ ရဲ့ တခြား ကပ္ပတိန် တွေက တိုက်ခိုက်ရေးမှာ အစွမ်းထက်ပြီးသား ဖြစ်နေတာကြောင့်.. ဝိဥာဥ် ရိတ်သိမ်းသူ က ဗဟုသုတကြွယ်ဝတဲ့ ပညာရှင်တစ်ယောက်ကို စုဆောင်းချင်တာက အဓိပ္ပါယ်ရှိပါတယ်..။
လူရမ်းကား၊ မြင်းရိုင်း၊ ဘုရင်မ၊ သူရဲကောင်း နဲ့ ခြင်္သေ့ တို့က အစိုးရစစ်သားတွေကြားမှာတော့ တကယ် အထင်ကရ တွေပါပဲ..။ သူတို့ရဲ့ ကျော်ကြားမှုက ဝိဥာဥ် ရိတ်သိမ်းသူ နဲ့ ယှဉ်ရင်သာ မှေးမှိန်သွားကြတာပါ..။
ကင်မ် က ရုတ်တရက် လှုပ်ရှားလာပြီး တုန်ယင်နေတဲ့ အသံနဲ့ ပြောလိုက်တယ်..။
"ငါ.. ငါကြားတာကတော့ သူက လုံးဝကို ရူးနေတာတဲ့..။ တချို့က ပြောတာတော့ သူက မေ့ပျောက်ကုန်းမြေ ကနေ လာတာတဲ့..၊ အဲဒီမှာတုန်းကလည်း အမှောင်မြို့တော်ထဲမှာ တစ်ယောက်တည်း အချိန်အကြာကြီး နေခဲ့တာတဲ့..။ အင်မော်တယ် မီးတောက်ကလန်ရဲ့ ပြောင်းလဲနေတဲ့ ကြယ်ပွင့် ကတောင်.. သူမ တိုက်ခိုက်ရမှာ ကြောက်တဲ့ တစ်ဦးတည်းသောလူက သူပဲလို့ ပြောခဲ့ဖူးတယ်တဲ့..။ငါ ဆိုလိုတာက ဒါပေါ့..ဒါက ရယ်စရာကြီးပဲလေ.."
သူမရဲ့ အသံက တဖြည်းဖြည်း တိုးညှင်းပြီး ပျောက်ကွယ်သွားခဲ့တယ်..။
အချိန်ခနလောက် အနေခက်စွာ တိတ်ဆိတ်ပြီးတဲ့နောက်မှာတော့ လူသန်ကြီး ဒွန်း က တည်ငြိမ်တဲ့ လေသံနဲ့ ပြောလာပါတယ်..။
"ဒါတွေ အကုန်လုံးက ကောလာဟလတွေပါပဲ..။ ငါ သိတာကတော့ တက်ရောက်သူ ဆန်းလပ်စ် က အတော်လေး ငယ်သေးတယ်ဆိုတာပဲ..။ ဒါပေမဲ့ ငါတို့ ခန့်မှန်းနေဖို့ မလိုပါဘူး..။ သူ ရွေးချယ်ထားတဲ့ အဖွဲ့ဝင်တွေကို ကြည့်ရုံနဲ့တင် ငါတို့ အများကြီး သိနိုင်ပါတယ်.."
လူစတာ က ဒီထွားကျိုင်းတဲ့ လူသန်ကြီးကို မော့ကြည့်လိုက်တယ်..။
"ဟုတ်လား.. ဘယ်လိုမျိုးလဲ.."
ဒွန်း က ပုခုံးတွန့်ပြလိုက်ပြီး...
"ကောင်းပြီလေ.. ပထမဆုံးအနေနဲ့ ငါတို့ အဖွဲ့ရဲ့ဖွဲ့စည်းပုံက အများကြီး ပြောပြနေတယ်..။ ငါတို့မှာ အနီးကပ် တိုက်ခိုက်ရေးသမား နှစ်ယောက်၊ ကုသသူ တစ်ယောက်၊ အဝေးပစ် ကျွမ်းကျင်သူ တစ်ယောက်နဲ့ အထောက်အကူပြု ကျွမ်းကျင်သူ နှစ်ယောက် ရှိတယ်လေ..။ အဖွဲ့က ဘက်စုံကနေ ပြီးပြည့်စုံပုံရပေမဲ့ အဓိက ကဏ္ဍ အချို့မှာတော့ လိုအပ်ချက်တွေ ရှိနေသေးတယ်..။ ငါတို့မှာ ယုံကြည်စိတ်ချရတဲ့ ကင်းထောက် မရှိသလို.. ငါတို့ရဲ့ ခံစစ်ကလည်း တခြားအဖွဲ့တွေနဲ့ ယှဉ်ရင် အားနည်းနေတယ်လေ.."
သူက ခန ရပ်လိုက်ပြီးမှ ဆက်ပြောလိုက်ပါတယ်..။
"ဒါကို ကြည့်ရင် တက်ရောက်သူ ဆန်းလပ်စ် က ကင်းထောက် စွမ်းရည်ရှိတဲ့ ကျွမ်းကျင်သူ ဖြစ်နိုင်တယ်..။ ဒါမှမဟုတ် သူက ခံစစ်ကို ဦးစားပေးတဲ့ တိုက်ခိုက်ရေးသမား ဖြစ်နိုင်သလို.. တိုက်စစ်ကိုပဲ အဓိကထားတဲ့ စစ်ရေးသဘောတရားကို ယုံကြည်သူလည်း ဖြစ်နိုင်တယ်လေ..။ သူက ခံစစ်တံတိုင်းအဖြစ် အသုံးချလို့ရတဲ့ အစွမ်းထက်တဲ့ ထပ်တူညီမူ ကို ပိုင်ဆိုင်ထားတာလည်း ဖြစ်နိုင်တာပဲ.."
ဒွန်း က ခနလောက် စဉ်းစားလိုက်ပြီးမှ..
"ငါ့အတွက် စိတ်ဝင်စားစရာ ကောင်းတာကတော့.. သူက ပုံမှန်ထက် စိတ်ဓာတ် ခံနိုင်ရည် ပိုမြင့်မားတဲ့ နိုးထသူ တွေကို တမင်တကာ ရွေးချယ်ထားတာပဲ..။ သူက တိုက်ရိုက် တိုက်ခိုက်ရေး စွမ်းရည်ထက်စာရင် ကြာရှည်ခံနိုင်တဲ့ စွမ်းရည် တွေကို ပိုပြီးဦးစားပေးထားတယ်လေ..။ နိုးထသူ လူစတာ ပါဝင်နေတာကို ကြည့်ရင် ငါတို့ရဲ့ ခေါင်းဆောင်က အချိန်ကြာအောင် တိုက်ခိုက်နိုင်မူ ကို အတော်လေး တန်ဖိုးထားတယ်ဆိုတဲ့ အချက်ကို အတည်ပြုပေးနေတာပဲ..။ ဒီအချက်တွေ အကုန်လုံးကနေ သူကငယ်ရွယ်ပေမဲ့ တိုက်ပွဲအပေါ်မှာ ရင့်ကျက်တဲ့ အမြင်ရှိတယ်ဆိုတာကို ပြောပြနေတာပဲ.."
လူစတာ က နားထောင်နေရင်း နဲ့ သူကိုယ်တိုင်
ဒီလို မတွေးမိတာကို အံ့သြနေမိပါတယ်..။
'ဒီလူသန်ကြီးက တကယ်ကို ဉာဏ်ကောင်းတာပဲ..'
သူ ချောင်းဟန့်လိုက်ပြီး ပြောလိုက်တယ်..။
"ကောင်းပြီလေ.. သူက မာစတာ တစ်ယောက်ပဲမဟုတ်လား..။ လူတိုင်း ပြောကြတာတော့ ဒုတိယ အိပ်မက်ဆိုး က အရာရာကို ပြောင်းလဲပစ်နိုင်တယ်တဲ့..။ အဲဒီမှာ သူ ဘယ်လို ဒုက္ခတွေ ကြုံတွေ့ခဲ့ရလဲ ဆိုတာ ဘယ်သူ သိနိုင်မှာလဲ..။ ဒီလို အရာတွေက လူတစ်ယောက်ကို အမြန်ဆုံး ရင့်ကျက်သွားအောင် လုပ်နိုင်တာပဲလေ.."
"ပြောတာ ကောင်းတယ်.."
လူစတာ ဟာ ချီးကျူးစကား ရလိုက်လို့ သဘောကျပြီး ခေါင်းညိတ်လိုက်ပေမဲ့.. ချက်ချင်းဆိုသလို လန့်ဖျပ်သွားခဲ့ပါတယ်..။
'နေဦး.. ဘယ်သူ ပြောလိုက်တာလဲ..'
ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိတဲ့ ခုနစ်ယောက်မြောက် လူတစ်ယောက်က ဘယ်သူမှ သတိမထားမိခင်မှာပဲ အားကစားရုံထဲမှာ ပေါ်လာခဲ့ပါပြီ..။ သူက အရပ်ပုပု၊ အပြစ်ပြောစရာမရှိတဲ့ ဆင်စွယ်ရောင် အသားအရေ၊ အနက်ရောင် ဆံပင်တွေနဲ့ နက်ရှိုင်းတဲ့ မျက်လုံးတစ်စုံ ရှိနေခဲ့တယ်..။ ဒီငနဲက အတော်လေး ငယ်ရွယ်ပုံရပြီး ကြွေရုပ်လေးတစ်ရုပ်နဲ့တောင် တူနေခဲ့တယ်..။ အမှန်အတိုင်း ပြောရရင် သူက ချစ်စရာလေးပါ..။သို့ပေမယ့် ထူးဆန်းပြီး စိတ်မသက်မသာ ဖြစ်စရာကောင်းတဲ့ ပုံစံမျိုး ပေါက်နေခဲ့ပါတယ်။
လူစတာ မျက်မှောင်ကြုတ်လိုက်တယ်..။
'ဒီ ဂျပုလေးက ဘယ်သူလဲ..'
ယင်းနောက် သူ့ရှေ့မှာ ရှိနေတာ ဘယ်သူလဲဆိုတာကို သဘောပေါက်သွားတဲ့အချိန်မှာ သူ အေးခဲသွားခဲ့တယ်..။
အသစ်ရောက်လာသူက ပြုံးပြလာခဲ့ပြီး..
"မင်္ဂလာနံနက်ခင်းပါ နိုးထသူ တို့..။ ငါက မာစတာ ဆန်းလပ်စ် ပဲ..။ ငါ့ကို ကပ္ပတိန် ဆန်းလပ်စ် လို့ ခေါ်နိုင်သလို ကပ္ပတိန် လို့ပဲ ခေါ်ရင်လည်း ရပါတယ်..။ ဒီနေ့ကစပြီး ငါက မင်းတို့ရဲ့ အထက်လူကြီး ဖြစ်လာလိမ့်မယ်.."
သူ ခနလောက် တိတ်နေခဲ့တယ်..။ယင်းနောက်သူ့ရဲ့ နှစ်လိုဖွယ် အပြုံးက တဖြည်းဖြည်းနဲ့ ထူးဆန်းပြီး နိမိတ်မကောင်းတဲ့ ပုံစံအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်..။
ကပ္ပတိန် ဆန်းလပ်စ် က သူတို့ ခြောက်ယောက်လုံးကို တည့်တည့်စိုက်ကြည့်ပြီး ဆက်ပြောလိုက်တယ်..။
"ဟုတ်တယ်.. ငါက အိပ်စက်သူ ဘဝတုန်းက နိုးထခြင်းအဆင့် သားရဲ အကောင် လေးရာကို သတ်ခဲ့ပြီး ကျရှုံးမူအဆင့် မိစ္ဆာ တစ်ကောင်ကိုလည်း အမဲလိုက်ခဲ့ဖူးတယ်..။ ဟုတ်တယ်.. ငါက အကယ်ဒမီမှာ ကျော်ကြားတဲ့ စူးစမ်းရှာဖွေသူနဲ့ သုတေသီ တစ်ယောက်ပဲ..။ ပြီးတော့ .. ငါက မေ့ပျောက်ကုန်းမြေ က လာတယ်ဆိုတာ မှန်သလို.. အမှောင်မြို့တော်မှာ တစ်ယောက်တည်း နေရင်း.. နည်းနည်းလေး.. ရူးသွပ်သွားခဲ့တာလည်း အမှန်ပဲ.."
ကြောက်စရာကောင်းတဲ့ အပြုံးက ပိုပြီး ကျယ်ပြန့်သွားခဲ့တယ်..။
"ဒါပေမဲ့ အဲဒါတွေက အတိတ်မှာ ကျန်ခဲ့ပါပြီ..။ အခုတော့ ငါက လုံးဝကို စိတ်မှန်နေပြီလေ။ ငါ လုံးဝ မရူးပါဘူး..။ဒီအတွက်တော့ မင်းတို့ တကယ်ပဲ စိတ်ပူစရာ မလိုဘူးလေ.."
အပိုင်း ( ၈၂၄ ) ပြီး၏။
အပိုင်း ( ၈၂၅ ) ဖိအားအောက်တွင်
နောက်ထပ် နှစ်ပတ်တာ အချိန်တွေကတော့
ဝေဝါးစွာနဲ့ပဲ ကုန်ဆုံးသွားခဲ့တယ်..။
ဆန်နီ မှာ လုပ်စရာတွေ များနေတာကြောင့် အရာတစ်ခုတည်းအပေါ်မှာ အချိန်အကြာကြီး အာရုံစိုက်နေဖို့ မဖြစ်နိုင်ခဲ့ပါဘူး..။ သူ့ပတ်ဝန်းကျင်က ကယ်ဆယ်ရွှေ့ပြောင်းရေး စစ်တပ် စခန်းကြီးကလည်း အလားတူ အခြေအနေမျိုးပါပဲ..။ ရေတပ်ယာဉ်တန်းကြီး ထွက်ခွာရမယ့် ရက်စွဲ နီးကပ်လာတာနဲ့အမျှ ပိုပြီးတော့ ပျာယာခတ်ကာ အလုပ်များလာခဲ့ကြတယ်..။
ကံကောင်းတာကတော့.. သူက ပြင်းထန်တဲ့ ဖိအားတွေကို ခံနိုင်ရည်ပြီး အလျင်အမြန် လုပ်ဆောင်ရမယ့် အခြေအနေတွေ နဲ့ အသားကျနေပြီးသားပါ..။
သူ့အဖွဲ့ဝင်တွေနဲ့ မိတ်ဆက်ပြီးပြီးချင်း ဆန်နီ အရင်ဆုံး လုပ်ခဲ့တာကတော့.. လာမယ့် စစ်ဆင်ရေးရဲ့ အဓိက ရည်မှန်းချက်တွေကို အကျဉ်းချုပ် ပြန်ပြောပြတာပါပဲ..။ ဒါ့အပြင် သူတို့ ရင်ဆိုင်ရနိုင်တဲ့ အခက်အခဲတွေနဲ့.. သူ့ရဲ့ စစ်သားတွေ အရင်က မသိထားခဲ့တဲ့ ပထမ အထူးတပ်ခွဲ ရဲ့ အခန်းကဏ္ဍ အချို့ကိုပါ မျှဝေပေးခဲ့တယ်..။
ဆန်နီ ရှင်းလင်းပြောကြားပြီးတဲ့နောက်မှာတော့.. အားကစားရုံထဲက အခြေအနေက အတော်လေးကို လေးလံသွားခဲ့ပါတယ်..။ဒီ နိုးထသူ ခြောက်ယောက်ကို သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေထဲမှာ နစ်မြော မနေစေချင်တာကြောင့်.. သူက လက်အောက်ငယ်သားတွေကို ပိုပြီး သိကျွမ်းလာစေဖို့အတွက် နောက်ထပ် အဆင့်တစ်ခုကို ချက်ချင်းပဲ ကူးပြောင်းပေးလိုက်ပါတယ်..။
ဆန်နီ က ရက်စက်သော မြင်ကွင်းကို ဆင့်ခေါ်လိုက်ပြီး နှစ်လိုဖွယ် ပြုံးပြကာ.. သူ့ကို တစ်ယောက်ချင်းစီ တိုက်ခိုက်ဖို့ ပြောလိုက်တယ်..။
သူက တစ်ချက်ခုတ် နှစ်ချက်ပြတ် အနေနဲ့ အဖွဲ့ဝင် တစ်ယောက်ချင်းစီကို ယှဉ်ပြိုင်တိုက်ခိုက်ချင်ခဲ့တာပါ..။
ပထမဆုံးအနေနဲ့.. သူတို့ရဲ့ လေးစားမှုကို ရယူရမယ်ဆိုတာ ဆန်နီ သိနေခဲ့တယ်..။ မာစတာ ဂျက်က ဘယ်လိုပဲ ပြောထားပါစေ.. ဒီလို အတွေ့အကြုံရှိတဲ့ စစ်သားတွေက သူ့ကို အလွယ်တကူ ယုံကြည်ကြမှာ မဟုတ်ပါဘူး..။ သူက အသက်ငယ်၊ အရပ်နိမ့်ပြီး ၊ လုံးဝကို သူစိမ်းတစ်ယောက်လည်း ဖြစ်နေခဲ့တယ်..။စစ်မှန်တဲ့ သံယောဇဉ်တစ်ခု တည်ဆောက်ဖို့က အချိန်နဲ့ ကြိုးစားမှု လိုအပ်တယ်ဆိုပေမဲ့.. ခွန်အားကို ရိုးရိုးရှင်းရှင်း ပြသလိုက်တာကတော့ ကောင်းမွန်တဲ့ အစပြုခြင်းပါပဲ..။
ဒုတိယ အချက်ကတော့.. သူတို့ရဲ့ စွမ်းရည်တွေနဲ့ နည်းစနစ်တွေကို ပိုပြီး နားလည်ဖို့ လိုအပ်ပါတယ်..။ ရိုးရှင်းတဲ့ ယှဉ်ပြိုင်မှုတစ်ခုက ဒါကို လုပ်ဖို့ အကောင်းဆုံးနည်းလမ်းပါပဲ..။ ဆန်နီ မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး နောက်ထပ် အားသာချက်တစ်ခု ရှိနေပါသေးတယ်..။ သူ့ရဲ့ အရိပ်ကခုန်မူက တခြား ဘယ်သူထက်မဆို ပိုပြီး မြန်မြန်ဆန်ဆန် သင်ယူနိုင်သလို.. ပိုပြီး နက်နက်ရှိုင်းရှိုင်းလည်း မြင်နိုင်စွမ်း ရှိစေလို့ပါပဲ..။
နောက်ထပ် မိနစ် သုံးဆယ်လောက်အတွင်းမှာတော့.. သူက လက်အောက်ငယ်သား တစ်ယောက်ချင်းစီကို ချွေးတစ်စက်တောင် မထွက်ဘဲ ရက်ရက်စက်စက် အနိုင်ယူနိုင်လိုက်တယ်..။ သူတို့အားလုံးက ကိုယ့်နယ်ပယ်မှာကိုယ် တော်ကြတယ်ဆိုပေမဲ့.. ဆန်နီ ရဲ့ ခွန်အားနဲ့ ကျွမ်းကျင်မှုကတော့ အများကြီးကို သာလွန်နေခဲ့ပါတယ်..။
ဆန်နီ ကို အနည်းငယ် ဒုက္ခပေးနိုင်တဲ့သူတွေကတော့ ဒွန်း နဲ့ ဆမ်မာရာ တို့ပဲ ရှိကြတာပါ။ ဒွန်း ရဲ့ စွမ်းရည် က ကြိုတင်ပြင်ဆင်မှု ကောင်းကောင်းနဲ့ သုံးမယ်ဆိုရင် အတော်လေးကို ကောက်ကျစ်စဉ်းလဲပါတယ်..။ ဆန်နီ က ဒီလူသန်ကြီးရဲ့ စွမ်းရည်က ထွက်လာတဲ့ ခွန်အားတွေကို ဖယ်ရှားပစ်နိုင်လောက်တဲ့အထိ သန်မာတယ်ဆိုပေမဲ့.. အဆိုးဆုံးနဲ့ အဆင်မပြေဆုံး အချိန်မျိုးမှာ ဒီစွမ်းရည်ကို ခံလိုက်ရတဲ့အခါ သူကိုယ်တိုင်တောင် အခြေအနေအရ ကြံဖန်တိုက်ခိုက်ခဲ့ရတာပါ..။
ဆမ်မာရာ ကတော့ နောက်ထပ် စိန်ခေါ်မှုတစ်မျိုးကို ပေးခဲ့ပါတယ်..။ သူမ အကြိုက်ဆုံး တိုက်ခိုက်နည်းက ကျည်ဆန်တွေထဲကို ဝိဥာဉ် အဆီအနှစ်တွေ ထည့်သွင်းပစ်ခတ်တာ ဖြစ်ပေမဲ့.. ရုပ်ဝတ္ထုပစ္စည်း မပါဘဲနဲ့လည်း သူမရဲ့ အဆီအနှစ်တွေကို ကျည်ဆန်တွေအဖြစ် ဖန်တီးပစ်ခတ်နိုင်စွမ်း ရှိနေခဲ့တယ်..။ ဒီ ဝိဥာဉ်မြှားတိုတွေက မြန်လည်းမမြန်သလို အဝေးကြီးကိုလည်း မရောက်နိုင်ဘူးဆိုပေမဲ့.. သူမနဲ့ တိုက်ခိုက်ရတာက ပေါက်ကွဲအားကောင်းတဲ့ စွမ်းအင်တွေနဲ့ အဆက်မပြတ် ပစ်ခတ်မှုကို ခံနေရသလိုပါပဲ..။
အားကစားရုံကို နိုးထသူ တွေအတွက် ရည်ရွယ်ပြီး ဆောက်ထားတာက တကယ့်ကို ကံကောင်းတဲ့အချက်ပါ..။ မဟုတ်ရင်တော့ အဆောက်အဦးတစ်ခုလုံး ပြိုကျသွားနိုင်ပါတယ်..။
ဘာပဲဖြစ်ဖြစ်.. သူတို့ နှစ်ယောက်လုံးက ဆန်နီ ကို အမှန်တကယ် နှေးကွေးသွားအောင် မလုပ်နိုင်ခဲ့ပါဘူး..။ ဒါပေါ့.. ဆန်နီ က အဖွဲ့ဝင်တွေကို ပြတ်ပြတ်သားသား အနိုင်ယူနိုင်ဖို့အတွက် လုံလောက်တဲ့ ခွန်အားကိုသာ အသုံးပြုခဲ့ပြီး သူတို့ကို ဒဏ်ရာမရအောင်တော့ ဂရုစိုက်ခဲ့ပါတယ်..။
ယှဉ်ပြိုင်မှု ခြောက်ကြိမ် ပြီးသွားတဲ့အခါမှာတော့.. သူ့လက်အောက်ငယ်သားတွေ ဘာတွေ လုပ်နိုင်လဲဆိုတာကို သူ ပိုပြီး နားလည်သွားခဲ့ပါပြီ..။ ဆန်နီ က သူတို့ရဲ့ တိုက်ခိုက်ရေး နည်းစနစ်တွေရဲ့ အဓိက အနှစ်သာရတွေကို ဆုပ်ကိုင်နိုင်ခဲ့ရုံတင်မကဘဲ.. သေသပ်လှပတဲ့ တိုက်ကွက် ခြောက်မျိုးကို သူ့ရဲ့ မှတ်ဉာဏ်ထဲ ထည့်သွင်းနိုင်ခဲ့တဲ့အတွက်လည်း အတော်လေး ကျေနပ်နေခဲ့တယ်....။
နိုးထသူ ခြောက်ယောက်ဆီကနေ ဘာတွေ မျှော်လင့်ရမလဲဆိုတာ သိသွားတာကြောင့်.. အဖွဲ့က တိုက်ပွဲမှာ ဘယ်လို လုပ်ဆောင်မလဲ၊ အကောင်းဆုံး ရလဒ်ရဖို့ ဘယ်လို အမိန့်ပေးရမလဲ ဆိုတာတွေကို အကြမ်းဖျင်း မြင်ယောင်လာနိုင်ခဲ့တယ်..။ထပ်ပြောရရင် သူတို့ကို အချိန်တိုအတွင်းမှာ စည်းလုံးတဲ့ တိုက်ခိုက်ရေး အင်အားစုတစ်ခု ဖြစ်လာစေမယ့် အကောင်းဆုံး လေ့ကျင့်ရေး အစီအစဉ်တစ်ခုကိုလည်း စဉ်းစားပေးနိုင်ခဲ့ပါတယ်..။
ဝမ်းနည်းစရာကတော့.. လေးပတ်ဆိုတဲ့ အချိန်က လူစိမ်း ခုနစ်ယောက်အတွက် အမှန်တကယ်ဟန်ချက်ညီတဲ့ တိုက်ခိုက်ရေး အဖွဲ့တစ်ခု ဖြစ်လာအောင် လုပ်ဖို့အတွက် လုံးဝ မလုံလောက်ခဲ့ပါဘူး..။ အရိပ်ကခုန်မူ ကနေ ရခဲ့တဲ့ သိမြင်မှုတွေက ဒီလုပ်ငန်းစဉ်ကို သိသိသာသာ မြန်ဆန်စေခဲ့တယ် ဆိုပေမဲ့.. တိုးတက်မှုကတော့ လိုအပ်ချက်ထက် နည်းပါးနေခဲ့ပါသေးတယ်..။ ရေတပ်ယာဉ်တန်းကြီး အန္တာတိက ကို မရောက်ခင်မှာ အနည်းဆုံးတော့ တစ်ယောက်ကိုတစ်ယောက် နားလည်တဲ့ အခြေခံ အဆင့်တစ်ခုကို ရောက်ဖို့ မျှော်လင့်ရမှာပါ..။
အစီအစဉ် ဆွဲပြီးတာနဲ့ ဆန်နီ ဟာ အချိန်မဆွဲပဲချက်ချင်း စတင်လိုက်ပါတယ်..။
သူ သဘောကျတဲ့အချက်ကတော့.. အဖွဲ့အတွက် သတ်မှတ်ပေးထားတဲ့ လေ့ကျင့်ရေး နေရာမှာ အိပ်မက်ရူခင်း သေတ္တာ ခုနစ်လုံး ရှိနေတာပါပဲ..။ ဒါတွေက သူ့အိမ်မှာ ရှိတဲ့ဟာနဲ့တော့ မတူပါဘူး..။သူတို့က အများသုံး ကွင်းပြင်တွေနဲ့ ချိတ်ဆက်ထားမယ့်အစား..အစိုးရက ထိန်းချုပ်ထားတဲ့ သီးသန့် ကွန်ရက်တစ်ခုနဲ့ ချိတ်ဆက်နေခဲ့ပါတယ်..။
ဒီစက်တွေက တစ်ဦးချင်း ယှဉ်ပြိုင်တာထက်စာရင် အိပ်မက်ဆိုး သတ္တဝါ အတုတွေနဲ့ တိုက်ခိုက်တာကိုပဲ အဓိကထားထားခဲ့တယ်..။ ဆန်နီ ကအနေနဲ့ တိုက်ပွဲ အခြေအနေတွေကို သူ့ရဲ့ ရည်မှန်းချက်တွေနဲ့ စိတ်ကြိုက်ပုံစံတွေ ဖြစ်လာအောင် တစ်စုံတစ်ရာအထိ ညှိယူနိုင်စွမ်း ရှိပါတယ်..။
အစပိုင်းမှာတော့ သူက ဒီလေ့ကျင့်ရေး နည်းလမ်းအသစ်အပေါ်မှာ အတော်လေး စိတ်အားထက်သန်ခဲ့ပေမဲ့.. နောက်ပိုင်းမှာတော့ အနည်းငယ် စိတ်ပျက်သွားခဲ့တယ်..။အိပ်မက်ရူခင်းက အိပ်မက်ဆိုး သတ္တဝါ တွေရဲ့ တကယ့် ရူးသွပ်မှုနဲ့ ထိတ်လန့်စရာကောင်းတဲ့ ပုံစံကို တုပနိုင်စွမ်း မရှိလို့ပါပဲ..။ သူတို့ တိုက်ခိုက်ရတဲ့ မိစ္ဆာ အတုတွေက သန်မာပြီး ခြိမ်းခြောက်နိုင်စွမ်း ရှိပေမဲ့..စစ်မှန်တဲ့ သတ္တဝါတွေလို အသက်ဝင်မှုနဲ့ ကောက်ကျစ်တဲ့ ဉာဏ်ရည်မျိုးတော့ မရှိကြပါဘူး..။
ပုံရိပ်ယောင်တွေက အဖွဲ့သားတွေကို လုံလောက်တဲ့ ဖိအား မပေးနိုင်ခဲ့ကြပေ..။
ဒါ့ကြောင့်.. ဆန်နီ က သူ့လူတွေကို အမှန်တကယ် ဖိအားပေးနိုင်မယ့် တခြားအရာတစ်ခုကို ရှာတွေ့ခဲ့တယ်..။
အဲဒါကတော့ သူကိုယ်တိုင်ပါပဲ..။
ပထမ နေ့ရက်တွေ ပြီးတဲ့နောက်မှာတော့.. သူက အဖွဲ့ဝင် ခြောက်ယောက်လုံး ပစ်မှတ်တစ်ခုတည်းကိုပဲ ဝိုင်းတိုက်ရမယ့် တိုက်ပွဲတွေအတွက် အချိန်အများကြီး ပေးထားလိုက်တယ်..။ပစ်မှတ်ကတော့ သူတို့ရဲ့ ကပ္ပတိန် ပါပဲ..။ ဆန်နီ က အိပ်မက်ဆိုး သတ္တဝါ တစ်ကောင်လောက် ကြောက်စရာ ပုံစံ မပေါက်ပေမဲ့.. ဒီသတ္တဝါတွေထက် အဆပေါင်းများစွာ ပိုပြီး ကြောက်စရာကောင်းတယ် ဆိုတာကိုတော့ သူ့လက်အောက်ငယ်သားတွေ အမြန်ဆုံးပဲ သိသွားခဲ့ကြပါတယ်..။
အထူးသဖြင့် ပြင်းထန်တဲ့ ထိပ်တိုက်တွေ့မှု တစ်ခုအပြီးမှာ.. နိုးထသူ ခြောက်ယောက်ဟာ အိပ်မက်ရူခင်း သေတ္တာတွေထဲကနေ တွားသွားပြီး ထွက်လာခဲ့ကြရလို့ပါပဲ..။ယင်းနောက်.. တစ်ခုခု စားဖို့နဲ့ ခနတဖြုတ် နားဖို့အတွက် လျှောက်သွားကြပါတော့တယ်..။
မကြာခင်မှာပဲ.. သူတို့ထဲက အချို့က အားကစားရုံနဲ့ ကပ်လျက် ရှိတဲ့ ဝန်ထမ်း စားဖိုဆောင် ထဲမှာ စုမိသွားကြတယ်....။ လူစတာ က ပြင်ပကမ္ဘာ လေ့ကျင့်ရေးမှာ ပွန်းပဲ့ဒဏ်ရာ ရထားတဲ့ ပုခုံးကို ပွတ်ရင်းနဲ့ ညည်းတွားလိုက်တယ်..။
"...နတ်ဆိုးပဲ..။ သူက တကယ့် နတ်ဆိုးပဲ.."
ဆန်နီကတော့ အဆောက်အဦးရဲ့ တခြားတစ်ဖက်မှာရှိတဲ့ ဇိမ်ခံ မှတ်သားမူ ကုလားထိုင်ပေါ်မှာ သက်သောင့်သက်သာ ထိုင်နေခဲ့တယ်..။သူက..အန္တာတိက မြေပုံရှိတဲ့ ဆက်သွယ်ရေး ကိရိယာရဲ့ စခရင်ကို ကြည့်နေရင်း ပြုံးလိုက်ပါတယ်..။
'ဒီငနဲက သူထင်ထားတာထက်တောင် အမှန်တရားနဲ့ ပိုနီးစပ်နေပါသေးတယ်..'
အဲအချိန်မှာတော့.. မီးဖိုဆောင်ထဲမှာပဲ ရှိနေတဲ့ ဆမ်မာရာ က လူစတာ ကို မကြိုက်တဲ့ပုံစံနဲ့ ကြည့်ပြီး ခေါင်းခါလိုက်တယ်..။မမျှော်လင့်စွာပဲ ကင်မ် ကပါ ဒီလူငယ်ဘက်ကနေ ထောက်ခံလာခဲ့ပါတယ်..။
"အမှန်အတိုင်း ပြောရရင်.. ငါတို့ ကပ္ပတိန်က.. သူက.. သူက တကယ် လူမဟုတ်ဘူး ထင်တယ်နော်..."
အေးစက်တဲ့ အလှပိုင်ရှင်က သူမကို ဇဝေဇဝါနဲ့ ကြည့်လိုက်တယ်..။ အာရုံစိုက်ခံလိုက်ရတာကြောင့် ကင်မ် က အနေခက်စွာ လှည့်သွားခဲ့ပါတယ်။
"ဒါက.. အာ.. လူသားတိုင်းမှာ တူညီတဲ့ အားနည်းချက်တွေ ရှိကြတယ်လေ..။နားထင် ၊ သွေးလွှတ်ကြောနဲ့ နီးတဲ့ ပေါင်အတွင်းပိုင်းတို့.. လိုမျိုးတွေပေါ့..။ ဒါပေမဲ့ ကပ္ပတိန် ဆန်းလပ်စ် ကတော့.. အဲလို မဟုတ်ဘူး..။ သူ့ရဲ့ ဦးခေါင်းခွံက ဖျက်ဆီးလို့မရသလိုပဲ.. ပြီးတော့ သူက သွေးလည်း မထွက်ဘူးလေ.."
လူစတာ ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်..။
"တွေ့လား.. ငါ ပြောသားပဲ..၊ သူက အရေခြုံထားတဲ့ အိပ်မက်ဆိုး သတ္တဝါ ပဲ..။ ငါတို့
အန္တာတိက ကို မရောက်ခင်မှာတင် အကုန် သေကုန်ကြလိမ့်မယ်.."
ဆမ်မာရာ က သူ့ကို ခနလောက် စိုက်ကြည့်နေပြီးမှ တည်တည်ငြိမ်ငြိမ်နဲ့ ပြောလာခဲ့ပါတယ်..။
"သူ အခု နားထောင်နေနိုင်တယ် ဆိုတာကိုတော့ နင် သိပါတယ်နော်.."
လူစတာ တုန်ရီသွားပြီး ကုလားထိုင်ပေါ်ကနေ ပြုတ်ကျမလိုတောင် ဖြစ်သွားခဲ့တယ်..။
အဆောက်အဦးရဲ့ တခြားတစ်ဖက်မှာတော့.. ဆန်နီ က ပါးစပ်ကိုလက်နဲ့အုပ်ရင်း ရယ်ချင်စိတ်ကို မနည်း ထိန်းထားခဲ့ရပါတယ်။
အပိုင်း ( ၈၂၅ ) ပြီး၏။