အခန်း (၁၆၉-၁၇၀)
Vol. 17 Ch. 169-170
အပိုင်း (၁၆၉)
ဂူဆီသို့ ပြန်လာသည့်ခရီးက မဝေးလှချေ။ နေ့ခင်းဘက်တွင် မီးဖိုချောင်တံခါးကို ဖွင့်လျက်ထားကြသည်။ ရှန်းနဉ်က မီးမွှေးလိုက်ပြီး အိုးထဲသို့ ရေဖြည့်လိုက်၏။ သူမသည် ကိုယ်ကိုအလှည့်တွင် ရှန်းကျင့်နှင့် ရှန်းယင်တို့ကို မြင်လိုက်၏။ သူသည် အပြေးထွက်သွားကာ သူတို့ကို နှုတ်ဆက်လိုက်သည်။ ရှန်းထျယ်နှင့် သိပ်မကွာဘဲ အလွန်ပိန်လှီနေသည့် သူတို့ကိုမြင်လိုက်ရပြီး သူမက သူတို့နောက်ကို ချောင်းကြည့်လိုက်လေသည်။
သူမသည် ထျန်းယာအကြောင်း မမေးရသေးခင်မှာပင် အနီးနားတွင်နေသည့် ချန်းမိသားစုက သတင်းကြားပြီး ရောက်လာကသည်။ သူတို့သည် ကြုံလီနေသည့် ရှန်းကျင့်နှင့် ရှန်းယင်တို့ကြောင့် မှင်သက်အံ့ဩသွားကြတော့သည်။ ချန်းမိသားစုက ညီအစ်ကိုနှစ်ယောက်ကို မမှတ်မိတော့သလောက်ပင်။ သူတို့သည် မိုးခေါင်ရေရှားသည့်နှစ်များက သေလုမျောပါးဖြစ်ခဲ့ကြသူများနှင့် မခြားပေ။
အဘွားချန်းသည် ပါးစပ်ကို ဖွင့်လိုက်သော်လည်း စကားမပြောနိုင်ချေ။
စန်းလော့က ရှန်းကျင့်နှင့် ရှန်းယင်တို့ကို ရှန်းနဉ်နှင့် ရှန်းအန်းလက်ထဲ ထည့်ပေးလိုက်ပြီး “ရှောင်ကျင့်နဲ့ ရှောင်ယင်တို့ကို အထဲခေါ်ပြီး သွားထိုင်ခိုင်းလိုက်၊ သူတို့ကို လည်ချောင်းစိုသွားအောင် ရေနှစ်ခွက်လောက် တိုက်လိုက်နော်၊ ငါ တခြားသူတွေ ကျန်သေးလားသိရအောင် ငါ အဘွားချန်းနဲ့ လိုက်သွားလိုက်အုံးမယ်”
ရှန်းအန်းနှင့် ရှန်းနဉ်တို့က သဘောတူလိုက်ကြသည်။
စန်းလော့နှင့် ချန်းမိသားစုသည် အဝေးသို့ရောက်သွားသည့်တိုင် သူတို့သည် တခြားသူများကို ဂူထဲသို့ ခေါ်သွားပေးနေသည့် ရှန်နဉ်၏အသံကို ခပ်တိုးတိုးကြားနေရဆဲ။
“သုံးလပဲ ရှိသေးတာလေ၊ နင်တို့တွေ ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်သွားတာလဲ၊ အစ်ကိုကြီး နင်တို့အတွက် အသားခြောက်တွေ ယူလာပေးခဲ့တယ်မလား၊ နောက်ပြီး ဝမ်ယင်းအဖေကလည်း နင်တို့အတွက် အစားအသောက် လဲပေးသေးတယ်မလား၊ ထျန်းယာရော။ သူ မဆင်းလာသေးဘူးလား”
စန်းလော့က အသာအယာ သက်ပြင်းချလိုက်၏။
ချန်းမိသားစုကို နောက်လှည့်ကြည့်သည်။ ကလေးများက ဂူအဝသို့ ရောက်သွားသည်ကိုမြင်လိုက်မှ အဘွားချန်းက စန်းလော့ကို တီးတိုးပြောလိုက်လေသည်။
“လုအာ့လန်ဆီက ကြားခဲ့တယ်၊ ချီယန် စီရင်စုက ကျသွားပြီဆို၊ ရှောင်ကျင့်နဲ့ သူ့ညီလေးနှစ်ယောက် ရောက်လာပြ၊ ရှန်းစန်း၊ လီရှီနဲ့ ထျန်းယာတို့ကရော”
စန်းလော့က ခေါင်းခါပြလိုက်ပြီး “ကျွန်မလည်း အခုထိ အသေးစိတ် မသိရသေးပါဘူး”
ရွှီမိသားစုဝင်များက ရှန်းလီ၏ လမ်းပြမှုအောက်တွင် ကြိုးများဖြင့် တစ်ယောက်ပြီးတစ်ယောက် ဆင်းလာနေစဉ် ရှီ၊ကျိုးနှင့် လုမိသားစုများကလည်း မြန်မြန်ရောက်လာကြသည်။
အားလုံးက အပြင်ဘက်အခြေအနေကို သိချင်ကြသည်။ သူတို့သည် နေရာမှ မရွေ့ဘဲ အခြေအနေနှင့်ပတ်သက်ပြီး ချက်ချင်းမေးလိုက်ကြ၏။ ဆိုင်တာဝန်ခံရွှီက အခြေအနေကို ရှင်းပြလိုက်သော်လည်း ကလေးများကို စဉ်းစားပေးလိုပြီး ရှန်းမိသားစု၏ တတိယအိမ်ထောင်စုနှင့် ပတ်သကသည့် ကိစ္စများကိုတော့ အသေးစိတ်ရှင်းမပြတာ့ဘဲ အပေါ်ယံသာ ပြောလိုက်လေသည်။
ထိုအခါမှ လျှိုမြောင်ထဲကလူများသည် အပြင်ဘက်တွင် ဖြစ်နေသည့်အရာကို သိလိုက်ရတော့သည်။
လျှိုမြောင်ထဲက မိသားစုအားလုံးအတွက် ထိုနေ့သည် ခက်ခဲသည့်နေ့တစ်ခု ဖြစ်ခဲ့သည်။ သူတို့ တစ်ချိန်က စွန့်ပစ်ခဲ့သည့်အိမ်ကို အခုတော့ အမှန်ပင် ဆုံးရှုံးခဲ့ရပြီဖြစ်ကာ ရှီလီရွာနှင့် ချီယန်စီရင်စုထဲက မရေမတွက်နိုင်သည့် ရွာများသည်လည်း လူသူကင်းမဲ့သွားပြီ။ ငြိမ်းချမ်းသည်အချိန် ပြန်ရောက်လာချိန်တွင် လူဘယ်နှစ်ယောက်က ပြန်လာနိုင်ပါမည်နည်း။
အသက်ရှင်နိုင်ခဲ့သည့် ရှန်းညီအစ်ကိုသုံးယောက်နှင့် ရွှီမိသားစုသည် အင်မတန်မှ ကံကောင်းကြပေသည်။ တခြားလူအများစုကတော့ သူတို့၏အသက်များကို ဆုံးရှုံးခဲ့ရပြီး တချို့က ငရဲလိုအခြေအနေမျိုးတွင် ပိတ်မိနေခဲ့ကြသည်။
သူတို့သည် ဝမ်းနည်းစိတ်များ ဖြစ်ခဲ့ပြီးနောက်တွင် ဆိုးရွားလှသည့်ကဘေးမှ ထွက်ပြေးနိုင်ခဲ့ပြီး သည်လျှိုမြောင်ငယ်လေးထဲတွင် အန္တရာယ်ကင်းကင်း ပုန်းခိုနေနိုင်သည့်အသည့် အလွန်မှ စိတ်အေးရသလို ခံစားရလေသည်။ သူတို့၏ချစ်ခင်ရသူများကလည်း တောင်အတွင်းပိုင်းတွင် ခိုလှုံရန် အစောကြီးကတည်းက ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။
ဆွေမျိုးတစ်ချို့ကို ကယ်တင်ပေးနိုင်ခဲ့သည့် ရွှီနှင့် ရှန်းတို့လို မိသားစုများအတွက်ကတော့ ပိုလို့ပင် ကျေးဇူးတင်ရသေးသည်။ အဘွားရွှီသည် သူမ၏သားနှင့် ချွေးမကို ကိုင်ထားကာ သူမ၏မြေးနှစ်ယောက်ကို ဖက်ထားရင်း ငိုယိုနေမိရင်းက ရယ်မောမိလေသည်။
အသက်ရှင်လျက် ရှိနေခြင်းက အရာအားလုံးဖြစ်ပြီး အသက်ရှင်အောင် ရုန်းကန်နိုင်ခြင်းက အရာအားလုံးထက် သာလွန်ပေသည်။
အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော်လည်း သူမသား၏မိသားစုကို ရှန်းလီနှင့် ချန်းသရှန်တို့က ကယ်တင်ပေးခဲ့သည့်အကြောင်း သိလိုက်ရသည်တွင် အဘွားကြီးသည် လူငယ်လေးနှစ်ယောက်ကို ကျေဇူးတင်စိတ်ဖြင့် ဦးချဖို့ ကြိုးစားတော့သည်။ သို့သော် မျက်စိလျင်ပြီး သွက်လက်သည့် လက်များသည့် ချန်းအဘွားက သူမကို ချက်ချင်း တွဲထားလိုက်၏။
အပြင်ဘက်တွင် ချစ်ရသူများရှိကြသည့် ကန်းရှီ၊ ရှီအာ့လန်၏မိန်းမ၊ ဖန်းလျိုညန်နှင့် ကျိုးမိသားစုက သမီးယောက္ခမတို့အားလုံးကလည်း မနေနိုင်တော့ဘဲ တောင်အတွင်းပိုင်းက အခြေအနေနှင့် ပတ်သက်ပြီး ရှန်းလီနှင့် ချန်းသရှန်တို့ထံတွင် အသေးစိတ်စုံစမ်းကြလေသည်။ လူအများစုက ၃-၄ရက်ခရီး သွားရသည့် အတွင်းပိုင်းပိုကျသည့် နေရာသို့ ဝင်ရောက်သွားကြသည်ကို သိလိုက်ရသည်တွင် သူတို့သည် စိတ်အေးသွားတော့သည်။
ရှီအာ့လန်က မေးလိုက်၏။
“သိပ်မကြာခင်တော့ ငါတို့တွေ လျှိုမြောင်ထဲက ထွက်ဖို့ ပိုပြီးတော့ ခက်ခဲလာတော့မှာလား”
သူတို့သည် အတွင်းပိုင်းနေရာနှင့် နှစ်ရက်ခရီးသာ ကွာဝေးလေသည်။
ချန်းသရှန်က ခဏလောက် စဉ်းစားလိုက်ပြီး ခေါင်းခါလိုက်၏။
“အဲဒီနှစ်ရက်ကလည်း လွယ်တာတော့ မဟုတ်ပါဘူး၊ အဲဒီနေရာမှာက အပြင်ဘက်မှာထက် တောရိုင်းတိရစ္ဆာန်တွေ ပိုများတယ်။ သူတို့ရဲ့လှုပ်ရှားကို ကောင်းကောင်းသိပြီး သူတို့တွေကို အလွယ်တကူရှောင်သွားနိုင်တဲ့ မုဆိုးတစ်ယောက် မဟုတ်ဘူးဆိုရင် သာမန်လူတွေက စွန့်စားပြီး ဝင်လာဖို့ဆိုတာ မလွယ်ပါဘူး၊ အပြင်ဘက်အပိုင်းကလည်း တော်တော်လေးကျယ်ပါတယ်၊ တောင်အတွင်း ဝင်လာတာ့ အရေအတွက် များပြားတဲ့ ဓားပြတွေမဟုတ်ဘူးဆိုရင် အားလုံးအတွက် အချိန်ခဏလောက် သိမ်းထားနိုင်မဲ့ အရင်းအမြစ်တွေ လုံလောက်ပါတယ်၊ လူအများစုက ချက်ချင်းကြီး အချိန်မရွေး စွန့်စားပြီး ဝင်မလာလောက်ပါဘူး”
တောင်အတွင်းပိုင်း အနက်ထဲသို့ စွန့်စားလာခဲ့သည့် လူများကြားတွင်လည်း ထိခိုက်ဒဏ်ရာရခြင်းများကတော့ ရှိလောက်သည်။ နေ့စဉ် ခရီးသွားလာရခြင်း ပုံမှန်ဆိုလျှင် စိုးရိမ်စိတ်နှင့် ဗျာများရလေသည်။
ရှန်းလီက ပြောလိုက်၏။ “ကျွန်တော်တို့တွေ နောက်ပိုင်းကျရင် တတ်နိုင်သလောက် များများလေး အမဲလိုက်ထားသင့်တယ်၊ အတွင်းပိုင်းထဲသို့ ပိုနက်အောင် သွားတာ ပိုအဆင်ပြေမယ်”
ရှီအာ့လန်သည် နားမလည်သလို ဖြစ်သွားသည်။
“အတွင်းဘက်ကို ပိုနက်သွားရင် အန္တရာယ်ပို ရှိတယ်မလား”
ရှန်းလီက ခေါင်းညိတ်ပြလိုက်၏။
“ပိုပြီးတော့ အန္တရာယ်ရှိတယ်၊ ဒါပေမဲ့ ကိုင်တွယ်နိုင်ပါသေးတယ်၊ အပြင်ဘက်ပိုင်းကိုကျတော့ ကျွန်တော့်အနေနဲ့ဆိုရင် တတ်နိုင်လောက် ရှောင်စေချင်တယ်၊ အဲဒီတောရိုင်းတိရစ္ဆာန်တွေကို ဒီအတိုင်းလွှတ်ထားတာကပဲ ကျွန်တော်တို့ လျှိုမြောင်အတွက် အကာအကွယ် အတားအဆီးတစ်ခု ဖြစ်နေပြီလေ၊ သားရိုင်းတိရစ္ဆာန်တွေ အများကြီးရှိနေပြီး ဝင်လာရဲတဲ့လူတွေကလည်း ပိုနည်းသွားရင် ကျွန်တော်တို့လျှိုမြောင်က ပိုပြီးလုံခြုံလိမ့်မယ်။ နောက်ပြီး အပြင်ဘက်က အခြေအနေတွေ တကယ်ပဲ ဆိုးရွားလာပြီး လူအများကြီးက အတွင်းပိုင်းကို ဝင်လာကြတဲ့အခါ သားရိုင်းတိရစ္ဆာန်တွေကလည်း ထွက်သွားကြလိမ့်မယ်၊ တောင်အတွင်းပိုင်းကို ခိုလှုံလာကြမဲ့ တခြားသူတွေအတွက် အရင်းအမြစ်ကို ထိန်းသိမ်းပေးရာကျတာပေါ့”
တခါတရဲ လူသားများသည် သားရိုင်းတိရစ္ဆာန်များထက်ပင် အများကြီး ပိုပြီးကြောက်စရာကောင်းလေသည်။ သူတို့သည် အတိုင်းအတာတစ်ခုအထိ သဘာဝအတားအဆီးတစ်ခုကို ထိန်းသိမ်းထားနိုင်လျှင် ထိန်းထားလိုက်သည်က အကောင်းဆုံးပင်။
လူများသည် အပြင်ဘက်တွင် ဇာတ်တူသားစားပြီး ဖြေရှင်းနေကြသည့် အသိကို ထောက်ချင့်ပြီး အားလုံးက သည်အမြင်ကို ထောက်ခံလိုက်ကြ၏။
အပြင်ဘက်က အခြေအနေကို သေချာလေး သိထားကြသည်။ ရွှီမိသားစုနှင့် ရှန်းကျင့်တို့ ညီအစ်ကိုသုံးယောက်ကို နေရာချထားပေးရန် လိုအပ်လေသည်။ ထို့ကြောင့် အားလုံးက သူတို့၏အိမ်အသီးသီးသို့ ပြန်လာခဲ့လိုက်ကြသည်။
စန်းလော့နှင့် ရှန်းလီတို့ကနောက်တွင် ကျန်ရစ်နေခဲ့ကြပြီး နောက်ဆုံးတော့ သီးသန့်းစကားပြောရန် အခွင့်အရေးတစ်ခုရလာသည်။
စန်းလော့က ရှန်းလီကို ကြည့်လိုက်၏။
“ခုနတုန်းက ဆိုင်တာဝန်ခံရွှီက အပေါ်ယံပဲ ပြောသွားတယ်နော်၊ ရှောင်ကျင့်မိသားစုအခြေအနေက ဘယ်လိုဖြစ်တာလဲ”
ရှန်းလီသည် သက်ပြင်းချလိုက်ပြီး သူသိသမျှကို စန်းလော့အား ပြောပြလိုက်လေသည်။
သည်နေရာသို့ လာသည့်လမ်းတွင် သူသည်လည်း အခွင့်အရေးတစ်ခု ရှာပြီး ရှန်းကျင့်တို့ မြို့ထဲသို့ ဝင်သွားရပုံ၊ စပါးများ ဆုံးရှုံးရပုံ၊ ထျန်းယာ တွေ့ကြုံခဲ့ရပုံးနှင့် သူမကို နောက်ဆုံး ပြန်ခေါ်လာပေးခဲ့ပုံများကို ရှန်းကျင်းအား ကိုယ်တိုင်မေးမြန်ခဲ့လေသည်။ ထို့ကြောင့် သူသည် အခုတော့ သေသေချာချာ သိထားလေသည်။
ရှန်းလီအတွက် တစ်ခုတည်းသော ပြေသိမ့်စရာမှာထျန်းယာကို ဝမ်မေညန်က နောက်ဆုံး စောင့်ရှောက်ကာ ခေါ်လာပေးပြီး သူမသည် အဆိုးရွားဆုံး ကံတရားမှ ချမ်းသာခြင်း ရခဲ့သည်ပင်။
အခုတော့ ရှန်းစန်းကို သတ်ဖို့ရန် အရာအားလုံးကို စွန့်လွှတ်ခဲ့သည့် လီရှီ၏ဆုံးဖြတ်ချက်ကို သူလည်း နားလည်သွားတော့သည်။ ရှန်းစန်းသာ အသက်ရှင်နေသေးလျှင် ရှန်းကျင့်အပါအဝင် ရှန်းညီအစ်ကိုများသည် နောက်တစ်နေ့ကို မြင်ရရန် အသက်ရှင်ဖို့ မဖြစ်နိုင်ချေ။
စန်းလော့သည် ရှန်းစန်းနှင့် လီရှီတို့ကို လုံးဝ သံယောဇဉ်မရှိချေ။ သည်စကားကို ကြားလိုက်ရသည်တွင် သူမသည် ထျန်းယာအတွက် သို့မဟုတ် လောက၏ နိယာမအတွက် သက်ပြင်းသာချနိုင်တော့သည်။
ကပ်ဘေးကာလတွင် လူသားတို့၏ ထိခိုက်လွယ်သည့် ဘဝနှင့် အစာအးသောက်အတွက် ကလေးများကို လဲလှယ်ကြသည့် ကြံရာမရလုပ်ရပ်များကို သူမ သတိထားမိလေသည်။ သို့တိုင် သည်လိုပျက်စီးခြင်း၏ အမှန်တကယ် နက်ရှိုင်းမှုက မှုအတွက်တော့ စာအုပ်တစ်အုပ်ထဲက ဆွဲချက်တစ်ခုသာဖြစ်လေသည်။ ၂၁ရာစုတွင် ကြီးပြင်းလာခဲ့သဖြင့် သူမသည် သည်လိုဒုက္ခမျိုးကို ကိုယ်တိုင်မကြုံတွေ့ခဲ့ဖူးချေ။
သည်အချိန်တွင် စန်းလော့သည် ကျေးဇူးတရားကလွဲလျှင် ဘာကိုမှ မခံစားမိတော့ချေ။ သူသည် ရောက်လာစအခြေအနေကို ကျေးဇူးတင်မိလေသည်။ သူသည် ဖြစ်တည်မှုတစ်ခု လိုအပ်ခဲ့ပြီး ရှန်းအန်းနှင့် ရှန်းနဉ်တို့က လိမ်မာသိတတ်သည်။ ထို့ကြောင့် သူမသည် ရှန်းမိသားစု ယိုင်နဲ့နဲ့ ယိုယွင်းနေသည့်တဲအိမ်တွင် နေရန် ဆုံးဖြတ်ခဲ့သည်။ ရှန်းလီ ပြန်လာပြီးနောက်တွင်လည်း သူ့အကျင့်စရိုက်ကို လေ့လာခဲ့ပြီး ဒုတိယအကြိမ် နေထိုင်ရန် ရွေးချယ်ခဲ့သည်ကိုလည်း ကျေးဇူးတင်မိသည်။
သို့မဟုတ်လျှင် သူမသည် အခုချိန်တွင် ရင်ဆိုင်နေရမည့်အရာကို စိတ်ပင် မကူးကြည့်ရဲပေ။
အပြင်ဘက် အခြေအနေနှင့် ပတ်သက်ပြီး ရှန်းလီ ပြောနေပြနေသည်ကို နားထောင်ရင်းက ရှန်းလီသည် ခဏလောက်စဉ်းစားလိုက်ပြီးနောက် သူ့ညီများဖြစ်သည့် ရှန်းကျင့်နှင့် တခြားသူများအတွက် သူ့အစီအစဉ်ကို တိုင်ပင်လိုက်၏။
စန်းလော့က နှုတ်ဆိတ်ကာ နားထောင်နေလိုက်သည်။ သူသည် ပြောနေရင်းက သူမ၏မျက်ခုံးများမှာ အံ့ဩသွားကာ မြောက်တက်သွားတော့သည်။
သူသည် သူ့အခြေအနေကို အရင်ဆုံး ပြောပြပြီး တာဝန်ရှိသည့်အကြောင်း ရှင်းပြကာ ရှန်းကျင့်သဘောထားကို သူမအား ပါးပါးနပ်နက် ပြောပြပြီး နောက်ဆုံးမှ သူသည် သူ့အမဲလိုက်ထားသည့် အမဲကောင်နှင့် ရိက္ခာ ဝေစုတစ်ခုကို သူဝမ်းကွဲသုံးယောက်အား မျှဝေပေးနိုင်မလားဟု သူမ၏သဘောထားကို တောင်းခံလေသည်။
စေ့စပ်သေချာသည့် ဂရုစိုက်မှုနှင့် တဒုတ်ဒုတ်ခုန်နေသည့် တင်းကြပ်မှုနှင့် သူက လက်တွေ့ကျကျ ကျွမ်းကျွမ်းကျင်ကျင် ပြောလေသည်။
စန်းလော့က ပြန်မဖြေလိုက်ချေ။ ထို့အစား သူမက ငြိမ်ငြိမ်လေး ရပ်နေလိုက်ပြီး ရှန်းလီကို ကြည့်ကာ သိလိုစိတ်ဖြင့် မေးလိုက်၏။
“ရှင် ပြန်လာကတည်းက ဒီကိစ္စ ရှင့်ခေါင်းထဲမှာ ဘယ်နှစ်ခါစဉ်းစားလာတာလဲ”
ရှန်းလီသည် အံ့ဩသွားလေသည်။
စန်းလော့က တခစ်ခစ်ရယ်မောလိုက်ပြီး “အမှန်အတိုင်းပြောရရင် ဒီကျယ်ပြောလှတဲ့တောင်စဉ်တန်းထဲမှာ ရှင် ကျွန်မတို့ကို ကာကွယ်ပေးနေမယ်ဆိုရင် ကျွန်မတို့တွေ ဗိုက်ဆာရလိမ့်မယ်လို့ မထင်ဘူး”
သူမ၏အဓိကစိန်ခေါ်မှုမှာ သူတို့၏အစားအသောက်ကို မည်သို့ပြောင်းလဲပေးရမည်ကို အဖြေရှာရန် ဖြစ်လေသည်။
သူမက ရှန်းလီကို လှမ်းကြည့်လိုက်ပြီး အပြုံးတစ်ခုနှင့် ပြောလိုက်၏။
“ဒီတော့ ကြည့်ရတာ ရှင်က နောက်ဆိုရင် အမဲလိုက်တာကို ပိုပြီးလုပ်တော့မယ့်ပုံပဲ၊ နောက်ပြီး ရှင့်ကို ကျေးဇူးတင်ပါတယ်”
ထို ‘ကျေးဇူးတင်ပါတယ်’ဟူသည့်စကားသည် ရှန်းလီကို ငေးကြောင်ကြောင် ဖြစ်သွားစေသော်လည်း စန်းလော့ကတော့ အကျယ်ချဲ့မနေချေ။ သူမက ရိုးရိုးရှင်းရှင်းသာ ပြောလိုက်တော့သည်။
“ကိုင်းပါ၊ အခုချိန်လောက်ဆိုရင် ရှောင်အန်းနဲ့ အားနဉ်တို့လည်း သိပြီးကြလောက်ပြီ”
မည်မျှငိုယိုနေကြမည်ကိုတော့ မည်သူက သိပါမည်နည်း။
စန်းလော့ မျှော်လင့်ထားသည့်အတိုင်းပင် ရှန်းအန်းနှင့် ရှန်းနဉ်တို့၏မျက်လုံးများသည် မသိမသာယောင်ကိုင်းနေလေသည်။
ရှန်လီနှင့် အငယ်ဆုံးလေး ထျန်းယာတို့က အများကြီး မထိတွေ့ခဲ့ရချေ။ တဖက်တွင်တော့ ရှန်းအန်းနှင့် ရှန်းနဉ်၊ အထူးသဖြင့် ရှန်းနဉ်သည် သူမ ငယ်ငယ်လေးကတည်းက ထျန်းယာကို ထိန်းကျောင်းပေးခဲ့ရသည်။ သူမသည် မရှိတော့သည့်အကြောင်း ရုတ်တရက် သိလိုက်ရခြင်းက ရှင်းပြစရာမလိုသည့် ကြီးမားသည့်ဝမ်းနည်းမှုကို ယူဆောင်လာတော့သည်။
စန်းလော့က နှစ်သိမ့်မပေးလိုက်ချေ။ သည်လိုအခြေအနေမျိုးတွင် နှစ်သိမ့်စကား ပြောစရာကလည်း မရှိသလောက်ပင်။ ဒါသည် ရင်ဆိုင်တွေ့ကြုံရလျှင် လက်ခံပေးရမည့် ဖြစ်စဉ်တစ်ခုပင်။
သူမ အမှန်တကယ် ဖော်ပြချင်သည့်အရာကတော့ - အိမ်ထောင်စုခွဲလိုက်ခြင်းကို ကျေးဇူးတင်ရမည်၊ ရှန်းလီက အချိန်မီပြန်လာခြင်းကို ပိုပြီးတော့ပင် ကျေးဇူးတင်ရမည်။ သူပြန်ရောက်လာရမည့်အချိန်တွင် ပြန်ရောက်မလာခဲ့လျှင် အရင်ဆုံး ဒုက္ခခံစားရမည်သူက ထျန်းယာမတော့ဘဲ ရှန်းနဉ်ပြီးလျှင် ရှန်းအန်းဖြစ်လိမ့်မည်။
ရှန်းနဉ်သည် ထျန်းယာလောက် ကံကောင်းသည့် ကံကြမ္မာမျိုးနှင့်ပင် အဆုံးသတ်ရလောက်မည်မဟုတ်ချေ။ ရွှေလက်ကောက် ဝတ်ရန်အဆင့်မရောက်ခင်မှာပင် သူသည် နောက်ထပ် ဝမ်မေညန်တစ်ယောက် ဖြစ်သွားနိုင်လေသည်။
ရှန်းစန်း၏ အနိမ့်ဆုံးစည်းမျဉ်းက စန်းလော့ မမြင်ရသေးသည့် အရာပင်။ လီရှီကတော့ သူမသည် သူမ၏ကလေးအရင်းများကို ကြင်နာတတ်သည့်တိုင် ရှန်းအန်းနှင့် ရှန်းနဉ်တို့ကိုတော့ တူညီသည့်နွေးထွေးမှုနှင့် ဆက်ဆံပေးလိမ့်မည်ဟုဆို မဆိုနိုင်ပေ။
သို့သော် အခုတော့ လူကလည်း သွားပြီး ဝဋ်ကလည်း လည်ပြီးပြီ။ သူမက ထိုအကြောင်း ပြောရမည်ဆိုလျှင် ရှန်းညီအစ်ကိုများကို ထိုးနက်ချက်သာ ဖြစ်လိမ့်မည်။ ထို့ကြောင့် သူမက မလုပ်တော့ရန် ဆုံးဖြတ်လိုက်ပြီး ရှန်းနဉ်၏ခေါင်းကို ပုတ်ပေးလိုက်၏။
“မငိုနဲ့တော့နော်၊ အိုးထဲက ရေကို စောင့်ကြည့်ထားရဲ့လား၊ အိုးထဲမှ ရေခန်းမသွားစေနဲ့နော်”
သူမ၏မျက်လုံးများထဲတွင် မျက်ရည်နှင့် ဝမ်းနည်းနေရသည်ထက်စာလျှင် အလုပ်လုပ်တာက ပိုကောင်းပေမည်။
စန်းလော့ အိုးထဲကရေအကြောင်းကို ပြောလိုက်သည်ကို ကြားလိုက်သည်တွင် ရှန်းနဉ်သည် သူမ၏မျက်ရည်များကို သုတ်လိုက်ပြီး မီးဖိုချောင်ထဲသို့ မြန်မြန်ဝင်သွားတော့သည်။
ရှန်းကျင့်ကတော့ စန်းလော့နားတွင် စိုးရိမ်သလို ခံစားရနေရဆဲ ဖြစ်သော်လည်း သူမက သူ့ကို ဖိအားမပေးချေ။ ထို့အစား သူမက ရှန်းအန်းကို အငယ်နှစ်ယောက်အား လက်နှင့်မျက်နှာသစ်ဖို့ အရင်ခေါ်သွားခိုင်းလိုက်တော့သည်။ သို့မှသာ သူတို့သည် မကြာခင် အစားအသောက်ကို စားသောက်ရလိမ့်မည်။ တစ်ချိန်ထဲတွင် သူမသည် နှစ်ထပ်ကုတင်ကို လေ့လာကြည့်လိုက်ပြီး အပေါ်ဘက်ဂူကို သန့်ရှင်းရေး လုပ်လို့မပြီးခင် မိသားစုကြီးက ကိုယ့်ဟာကို နေရာချထားရန်အကြောင်း သေချာစဉ်းစားလိုက်သည်။
တော်သေးသည်က သူတို့သည် အိပ်ရာကို တည်ဆောက်ချိန်က အပေါ်ထပ်စင်တစ်ခုကို ထည့်သွင်းဆောက်ခဲ့ခြင်းပင်။
အခုတော့ နွေရာသီရောက်လာပြီ။ စင်၏တစ်ဖက်တစ်ချက်တွင် လူတစ်ယောက်စီ အိပ်နိုင်ပြီး မည်သူနှင့်မှ တိုးဝေ့အိပ်ရန် မလိုချေ။
...
စန်းလော့သည် ဂူငယ်လေး၏ အနေအထားကို စဉ်းစားနေစဉ် ဘေးအိမ်က ရွှီမိသားစုတွင် ဆိုင်တာဝန်ခံရွှီ၊ ဝေ့လင်းကျန့်၊ ရွှီဝမ်ချင်း၊ ရွှီဝမ်ဟုန်နှင့် ဦးလေးရွှီတို့သည် သူတို့ကိုယ်ပိုင်ဂူထဲတွင် ဆွံ့အကာ ရပ်နေမိကြလေသည်။
သူတို့သည် ဂူတစ်ခုထဲတွင် နေထိုင်းခြင်းက ကုတင်ပုံစံအမျိုးမျိုးနှင့် သည်လိုပုံစံ ဖြစ်နေလိမ့်မည်ဟု လုံးဝ စိတ်မကူးခဲ့ကြဖူးချေ။
ရွှီဝမ်ယင်း၏မျက်လုံးများက တလက်လက်တောက်ပနေပြီး သူမက သူမအမေ၏လက်ကို ကိုင်ကာ ပြောလေသည်။
“အမေ မလှဘူးလား၊ ဒီအိပ်ယာအတွက် ပေါင်းမိုးကို အဘွားနဲ့သမီးက ရက်ထားတာလေ”
အမှန်တွင်တော့ ရွှီမိသားစု၏ဂူထဲတွင် ကုတင်နှစ်ခု ရှိလေသည်။ စန်းလော၏ကုတင်ထက် ပိုပြီးကြီးသော်လည်း ဂူ၏ပုံမှန်မဟုတ်သည့် ပုံစံက ကွေ့ကောက်နေပြီး စီစဉ်ရသည်မှာ ခက်ခဲလေသည်။ ဂူ၏မူလပုံစံကို အသုံးချကာ စန်းလော့က အနောက်တွင် အဘွားရွှီနှင့် ရွှီဝမ်ယင်းတို့အတွက် သီးခြားအခန်းငယ်လေးတစ်ခုကို ထွင်းထုပေးထားသည်။
လူကြီးတစ်ယောက်နှင့် မိန်းမငယ်လေးတစ်ယောက်အတွက် နှစ်ထပ်ကုတင်တစ်လုံး မလိုအပ်ချေ။ သို့သော် ရွှီဝမ်ယင်းက ရှန်းမိသားစု၏ ကုတင်ကို အားကျနေသဖြင့် စန်းလော့က ဆင်တူတစ်ခုကို ပုံကြမ်းဆွဲပေးခဲ့သည်။ သို့သော် ဒုတိယထပ် ထည့်သွင်းပေးရမည့်အစား နံရံနှင့်ကပ်ကာ အလွန်မှနိမ့်သည့် စင်ပါသည့်ကုတင်တစ်လုံးကို လုပ်ပေးထားလိုက်သည်။ အပေါ်တွင် မွေ့ရာတစ်ခုနှင့် ဖျာတစ်ချပ်ခင်းလိုက်သည်တွင် အင်မတန်မှ သန့်ရှင်းသပ်ရပ်သွားလေသည်။
ခေါင်းရင်းဘက်တွင် တန်းတစ်ခုကို ထည့်ပေးထားပြီး ခြင်ထောင်တစ်ခု တန်းရန် ပုံကြမ်းဆွဲပေးထားကာ ခေတ်သစ်က မင်းသမီးလေး ကုတင်တွင် တွေ့ရတတ်သည့် ပေါင်းမိုးလေးနှင့် ဆင်တူနေသည်။
စင်မြင့်၏ကျန်သည့် နေရာတွင် မွေ့ရာထိုင်ခုံနှစ်လုံးနှင့် ကုတင်ဘေးစားပွဲနိမ့်လေးတစ်လုံး ချထားပြီး နေ့စဉ်အပန်းပြေနိုင်သည့် နေရာတစ်ခုကို ဖန်တီးပေးထားသည်။ လိုအပ်လာလျှင် စင်ကိုမ,လိုက်ပြီး အောက်ဘက်က ပစ္စည်းသိုလှောင်သည့် အခန်းများကို သုံးနိုင်သည်။ ရှန်းနဉ်၏ လှေကားပါသည့် ကုတင်ကို ရွှီဝမ်ယင်းက အားကျနေသဖြင့် စန်းလော့က စင်မြင့်ပေါ်တက်ရန် လှေကားနှစ်ထစ်ပါသည့် အံဆွဲကို အထူးတလည် ပုံဆွဲပေးထားသည်။
ဟုတ်ပါသည်။ စင်မြင့်ကို ပစ္စည်းသိုလှောင်ရန်နှင့် ရွှီဝမ်ယင်း၏ ဆန္ဒသေးသေးလေးကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ထားခြင်းပင်။ အခုတော့ စင်၏အမြင့်က အစိုဓာတ်ကို ထိထိရောက်ရောက် ကာကွယ်ပေးပြီး ဘာပြဿနာမှမရှိဘဲ ဖော့ဖျာတစ်ခုလိုပင် အသုံးချနိုင်သေးသည်။ မွေ့ရာတစ်ခုထည့်လိုက်လျှင် ဆိုင်တာဝန်ခံရွှီနှင့် ဝေ့လင်းကျန့်တို့လင်မယားသည် အခုတော့ သူတို့ကိုယ်တိုင်အတွက် အိပ်ယာတစ်ခု ရလာသည်။
ဝေ့ချင်းဟယ်၊ ဝမ်ယွင်ကျန့်နှင့် ရွှီဝမ်ပေါ်တို့အတွက်ကတော့ သူတို့ကို Lပုံစံနှစ်ထပ်ကုတင်တစ်ခုနှင့် အိပ်ကြသည်။ ဘေးတွင် အဝတ်ဗီဒိုတစ်ခုကို ထည့်ပေးထားပြီး သူတို့သုံးယောက်အတွက် နေထိုင်ရေးအစီအစဉ်ကို ထိထိရောက်ရောက် ဖြေရှင်းပေးထားလေသည်။
မီးဖိုချောင်နှင့် ပရိဘောဂများအားလုံးကလည်း အသစ်အဆန်းပင်။ လိုရင်းကို ပြောရလျှင် သူတို့ထင်ထားသည်နှ့် လုံးဝကွာခြားနေသည်။
ဝေ့လင်းကျန့်သည် အခန်းကို သဘောကျသွားပြီး ခေါင်းတွင်တွင် ညိတ်လိုက်၏။
“လှလိုက်တာ၊ တကယ့်ကို ကြံရည်ဖန်ရည်ကောင်းတဲ့ လက်ရာပဲ”
ရွှီဝမ်ယင်းက တခစ်ခစ်ရယ်မောလိုက်ပြီး
“ဒီပုံစံကို သမီးကို ကူညီပြီး ဆွဲပေးခဲ့တာ အစ်မအားလော့လေ၊ ဒီလျှိုမြောင်ထဲက ကုတင်တိုင်းက အံ့ဩဖို့ကောင်းတယ်”
ဆိုင်တာဝန်ခံရွှီကလည်း စင်မြင့်ကိ ပွတ်သပ်ကြည့်လိုက်ပြီး သွားများပေါ်သည်အထိ ပြုံးလိုက်၏။
“သခင်မလေးစန်းက သူ့ဆွဲထားတဲ့ပုံတွေမှာ အမြဲတမ်း ပါးနပ်တာပဲ”
အဘွားရွှီက အပြုံးတစ်ခုနှင့် စောင့်ကြည့်နေလိုက်ပြီး နောက်ဆုံးမှ ပြောလိုက်လေသည်။
“အခုချိန်ကစပြီး နင်တို့နှစ်ယောက်က ဒီစင်ပေါ်မှာအိပ်၊ ဦးလေးရွှီနဲ့၊ ဝမ်ယင်း၊ ဝမ်းချင်းနဲ့ ဝမ်ဟုန်တို့အတွက်တော့ ငါတို့တွေ အပြင်ဘက်က ချင်းဟယ်နှင့်တခြားသူတွေလို ကုတင်တစ်လုံး လုပ်လိုက်လို့ရပါတယ်”
ဆိုင်တာဝန်ခံရွှီက ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ သူတို့သည် နောက်ထပ်ကုတင်တစ်လုံး ထည့်ထပ်လျှင် လျှောက်လမ်းအတွက် နေရာပင် မကျန်သလောက်ပင်။ သူက အကြံပြုလိုက်၏။
“ဒါက အရမ်းကြပ်သွားမှာမလား၊ ရှန်းလီပြောတာတော့ နောက်ထပ်ဂူလေးတစ်လုံး ရှိသေးတယ်တဲ့၊ ဦးလေးရွှီနဲ့ ကောင်လေးတွေက အဲဒီမှာ ရှောင်ကျင့်နဲ့ သူ့ညီတွေနဲ့ နေနိုင်လောက်ပါတယ်”
အဘွားရွှီက သူ့ကို မျက်စောင်းနှင့် ခပ်ကြာကြာလေး ကြည့်လိုက်ပြီးမှ ပြောလိုက်လေသည်။
“ငါက နင့်ကို ဒီမှာနေခိုင်းရင် ဒီမှာနေလိုက်ပေါ့၊ လူကြပ်တော့ ဘာဖြစ်လဲ၊ ဒီနေရာမှာ ဘယ်မိသားစု အတူတူတိုးဝေ့မနေကြလို့လဲ၊ နင် ရှန်းမိသားစုရဲ့ ဂူလေးကို မတွေ့ခဲ့ဘူးလား၊ ဒီလျှိုမြောင်ကို ရှန်းနဲ့ချန်းမိသားစုက အရင်တွေ့ခဲ့တာ၊ အဲဒီတုန်းက သူတို့က အားလော့ကို အရင်ဆုံးရွေးခိုင်းတာ၊ ငါတို့အတွက် စဉ်းစားပေးပြီးတော့ သူတို့တွေက အငယ်ဆုံးတစ်ခုကို ရွေးထားတာ၊ အစကတည်းက ကြပ်ညပ်နေပြီးသား၊ အခု နောက်ထပ် ကလေးသုံးယောက် ရှိလာပြီ၊ ငါ ပြောချင်တာက အားလုံး တိုးဝေ့မနေရအောင် ငါတို့တွေက အဲဒီဂူလေးကို ရှန်းမိသားစုကို ပေးလိုက်သင့်တယ်လို့”
လူငယ်စုံတွယ်လေးက အခုထိတိုင် သီးသန်းကုတင်နှင့် အိပ်နေရသေးသည်။
ရွှီဝမ်ယင်းသည် ရှန်းမိသားစုဆီသို့ မကြာခဏ သွားလည်တတ်ပြီး ရှန်းနှဉ်နှင့် အမြဲတမ်း တီးတိုးပြောနေတတ်သည်။ သူမသည် ရှန်းနဉ်က ဘယ်အိပ်ရာတွင် အိပ်သည်ကို မသိဘဲ နေပါမည်နည်း။ ရွှီဝမ်ယင်းသည် အကြီးအကဲနှင့် ပုံမှန်စကားပြောစဉ် သည်သတင်းကို မထင်မှတ်ဘဲ ထုတ်ပြောမိခြင်းပင်။
အားနဉ်က အပေါ်ထပ်မှာ သူ့ယောင်းမကြီးနဲ့အိပ်တာတဲ့။
...
ဤတွင် အဘွားကြီးကလည်း ထိုကိစ္စအားလုံးကို သိနေမည်မဟုတ်ပါလား။
ဒီဂူအရေးပေါ်ကိစ္စနဲ့ဘဲ သူမရဲ့မိသားစုက ဘယ်ကိစ္စကို နှောင့်ယှက်နေပြီးပြီလဲ။ ရှန်းလီနဲ့ စန်းလော့က ဒါကို ဘယ်လိုအသုံးချလဲဆိုတာ အရေးမကြီးပါဘူး။ ဒီအခွင့်အရေးကို အသုံးချပြီး ရှန်းမိသားစုရဲ့ အိမ်မကြီးကို ဂူတစ်ခုနဲ့ ခွဲလိုက်တာ အကောင်းဆုံးပဲ၊ ဒါမှလဲ သူမစိတ် အေးချမ်းနိုင်မယ်။
ဆိုင်တာဝန်ခံရွှီသည် သူ့အမေ၏ ရှုပ်ထွေးလှသည့် အတွေးများကို သတိမထားချေ။ သို့သော် ရှန်းမိသားစုက အငယ်ဆုံးဂူကို ယူထားသည်ဟု သိလိုက်ရသည်တွင် သူသည် သူ့သားကို နောက်ထပ်ဂူတစ်ခု ပေးမည့်စိတ်ကူးကို ချက်ချင်း ပယ်ဖျက်လိုက်တော့သည်။
“ကောင်းပါပြီ၊ ကျွန်တော် ရှန်းလီကို အခုပဲ သွားပြောလိုက်ပါ့မယ်”
သူသည် စပါးများ သိုလှောင်ထားသည့် စင်ဆီသို့ ပြန်သွားလိုက်ပြီး မဖွင့်ရသေးသည့် ဆန်အိတ်နှစ်အိတ်ကို ထုတ်လိုက်လေသည်။ သူသည် ဝေ့ချင်းဟယ်၊ ဦးလေးရွှီနှင့်၊ ရွှီဝမ်ချင်းတို့ကို ဆန်အိတ်သယ်ကူခိုင်းကာ ရှန်းမိသားစုအိမ်သို့ ထွက်လာခဲ့လေသည်။
လူ့အသက်ကို ကယ်တင်ပေးရသည့် ကျေးဇူးကြွေးကို ဆန်အိတ် ၂၀၀မဆိုထားနှင့် ဆန်နှစ်အိတ်လောက်နှင့်တော့ မချေနိုင်ပေ။ ဆန်ကိုသွားပို့ပေးခြင်းက သူကိုယ်တိုင်နှင့် ရှန်းလီနှစ်ယောက်လုံးကို လျှော့တွက်ရာကျပေသည်။ သို့သော်လည်း ရှန်းမိသားစုတွင် ကျွေးစရာပါးစပ် ၃ပေါက်က ရုတ်တရက်တိုးလာသည်ဖြစ်ရာ ဖိအားက ကြီးမားလှပေသည်။ သူသည် အကူအညီပေးနိုင်ရန် သူ့အပိုင်းကို လုပ်ဖို့ ရည်ရွယ်လေသည်။
...
အပိုင်း (၁၇၀) အိမ်ထောင်စုခွဲပေးခြင်း
လျှိုမြောင်ထဲတွင် ချန်းမိသားစု၊ ကျိုးမိသားစု၊ ရွှီမိသားစုနှင့် လုမိသားစုတို့သည် တူညီသည့်လုပ်ငန်းစဥ်များအတွက် အတူတူ ပူးပေါင်းလုပ်ဆောင်ခဲ့ကြ လေသည်။
အဘွားလုက ဖန်းလျိုညန်နှင့်အတူ အဝတ်အိတ်လေးနှစ်ခုထဲတွင် စပါးများကို ချိန်တွယ်နေသည်။ သူမ၏ ယောက်ကျားဘက်သို့ လှည့်လိုက်ပြီး သူမက မေးလိုက်သည်။
" စပါး၃ပြည်နဲ့ ပဲ၁ပြည် ဟုတ်လား"
အဘိုးလုက ခေါင်းငြိမ့်ပြသည်။
"ဟုတ်တယ်"
လုသလန်က အနားတွင်ရပ်နေပြီး လုရွှမ်းကျိုးက သူ့နောက်မှပေါ်လာပြီးမှ သတိပြန်ဝင်လာသည်။ ထို့နောက်တွင် သူက မေးလိုက်၏။
"အဖေ၊ တကယ်လို့ အဖေတို့က သူတို့ကို ပေးတယ်ဆိုရင် ကျွန်တော်ကရောသူတို့တွေကို နည်းနည်းလောက်ပေးဖို့လို့လား.
ဝမ်ချွန်းညန်သည် သူမ၏မိသားစုကလဲ အစားအသောက်များကို ထောက်ပံ့ပေးလိမ့်မည်ဟု ကြားလိုက်သည့်အခိုက်တွင် သူမသည် အပ်များနှင့် ထိုးခံလိုက်ရသလို ဂူငယ်လေးထဲတွင်လဲ လျောင်းနေပြီး ဒီအတိုင်း အငြိမ်မနေနိုင်တော့ပေ။ သို့သော်ငြားလည်း လူကြီးနှစ်ယောက်ရှိနေသည်ဖြစ်ရာ သူမက အပြင်ဘက်သို့ ကြည့်ရဲသော်ငြားလည်း စကားတစ်ခွန်မှ မပြောရဲပေ။
အဘိုးလုက ခေါင်းငြိမ့်တော့မည့်ဆဲဆဲတွင် အဘွားလုက ဖြတ်ပြောလိုက်လေသည်။
"နင်မိသားစုက ကလေးတွေအများကြီး နင်က အမဲလိုက် စွမ်းရည်လဲမရှိဘူး၊ အစားအသောက်တွေကို ကိုယ့်ဟာကိုယ်ပဲ သိမ်းထားသင့်တယ်"
လုသလန်သည် ထိုစကားကိုကြားလိုက်ရသည်တွင် ‘အင်းအင်း’ဟုသာ တစ်ခွန်းတည်းပြန်ဖြေလေသည်။
ဂူထဲက ဝမ်ချွန်းညန်ကတော့ အမှန်ပင် ပင့်သက်ကြီးတစ်ခုကို ရှိုက်မိလေသည်။
လုအာ့လန်နှင့် လုစန်းလန်တို့က သူတို့၏အစ်ကိုကြီးနှင့် အကြည့်ချင်းတစ်ချက် ဖလှယ်လိုက်ကြသည်။ ညီအစ်ကိုနှစ်ယောက်စလုံးက ခဏလောက် ကြည့်လိုက်ပြီးနောက်တွင် အကြည့်လွဲသွားလိုက်ကြကာ နှုတ်ဆိတ်နေလိုက်ကြသည်။
အဘိုးလုက သူ့မိန်းမကို တအံ့တသြ လှမ်းကြည့်လိုက်သော်ငြားလည်း ဘာမှမမေးလိုက်တော့ချေ။ သူသည် ရှန်းမိသားစုဆီသို့ စပါးများသွားပို့ဖို့ရန် ထွက်သွားချိန်တွင်တော့ အဝေးတစ်နေရာသို့ရောက်မှ သူက ခပ်တိုးတိုးလေးမေးလိုက်သည်။
"မင်းဘာလို့ အကြီးဆုံးသားကို တားလိုက်တာလဲ"
လုအဘွားက သူ့ကိုတစ်ချက်လှမ်းကြည့်လိုက်သည်။
"ရှင့်စိတ်ထဲမှာလဲ သိနေတယ် မဟုတ်လား"
"တကယ်လို့ ရှင့်ရဲ့စိတ်ထဲမှာ ရှိပြီးသားဆိုရင် မေးစရာမလိုဘူးလေ၊ ဒါပေမဲ့ မရှိဘူးဆိုရင်တော့လဲ ဒီအတိုင်းပဲ ထားလိုက်ပေါ့၊ ရှန်းလီနဲ့ အားလော့တို့ကလဲ သူ့အပေါ်မှာ အဲဒီ့ကျေးဇူးကြွေးတော့ တင်ခံချင်ပုံမပေါ်ပါဘူး၊ သူတို့ကို ဒုက္ခမပေးပါနဲ့တော့"
အဘိုးလုက သက်ပြင်းချသည်။
"ငါလဲ ရွှမ်ကျိုးအတွက် တစ်ခုခုလုပ်ပေးချင်လို့ပါ"
ရွှမ်းကျိုးက တိတ်ဆိတ်နေခဲ့သည် သို့တိုင် သူ့အဖေကို ခဏလောက်ကြည့်ပြီးနောက်တွင် သူ့ကို မေးမြန်းစူးစမ်းလိုက်ပုံကို မြင်ခဲ့လေသည်။
"အစ်ကိုအကြီးဆုံးက ၁၅နှစ်အရွယ် ရွှမ်းကျိုးလောက်တောင်မှ မသိတတ်ဘူး"
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်တွင် သူတို့သည် စပါးအိတ်ကို သယ်လာသည့် ရှီမိသားစုလင်မယားနှင့် တွေ့လေသည်။ သူတို့ရှေ့တွင် ကျိုးမိသားစုရှိပြီး ရွာသူကြီးနှင့် သူ့မိန်းမကလဲ ထွက်လာသည်။ မိသားစုသုံးခုထဲက ဘယ်သူကမှ သည်အတိုင်းမနေကြဘဲ သူတို့အားလုံးက အချင်းချင်း တွေ့လိုက်သည်တွင် ရယ်မောလိုက်ကြလေသည်။
...
ရွှီမိသားစုသည် ရှန်းမိသားစု၏ ဂူဝင်ပေါက်ဆီသို့ စပါးများကို သယ်လာချိန်တွင် ရှန်းလီနှင့်စန်းလော့တို့ နှစ်ယောက်စလုံးကလဲ ထွက်လာပြီး သူတို့ကိုနှုတ်ဆက်ကြသည်။
"ဆိုင်တာဝန်ခံရွှီ ဘာတွေယူလာတာလဲ"
လက်လေးတစ်ချက် လှုပ်ရုံလောက်နှင့်ပင် ရှန်းလီသည် အထဲက ပါဝင်ပစ္စည်းကို သိလိုက်ပြီး ဆိုင်တာဝန်ခံရွှီ အလည်ရောက်လာသည့် ရည်ရွယ်ချက်ကို ခန့်မှန်းမိလေသည်။
"ဆိုင်တာဝန်ခံရွှီရယ် ဦးလေးတို့မိသားစုက ကြီးပါတယ်၊ ဒီတော့ ဦးလေးကလဲ အစားအသောက် ရှိတာမဟုတ်ဘူး၊ ဒီလိုလုပ်လို့ မဖြစ်ပါဘူး"
ဆိုင်တာဝန်ခံရွှီက ရှန်းမိသားစု၏ဂူလေးကို တစ်ချက်လောက် အကဲခတ်ကြည့်လိုက်သည်။ အမှန်ပင်သေးငယ်သည် သူသည် တစ်ချက်ကြည့်လိုက်ရုံနှင့် အရာအားလုံးကို မြင်နိုင်လေသည်။ သူက ပြောလိုက်၏။
"အစားအသောက်ရှားပါးတယ် ဆိုတာက အခုအချိန်မှာ အားလုံးအတွက် ပြသာနာတစ်ခုပါ၊ ဒါပေမဲ့ မင်းနဲ့သရှန်တို့ရဲ့ ကျေးဇူးကြောင့် ငါတို့တွေ အသက်မရှင်နိုင်တော့တဲ့ အချိန်အထိ မရောက်ခဲ့ရဘူးလေ ဒါက အပြင်ဘက်က အခြေအနေထက် ပိုကောင်းတယ် မဟုတ်လား။ သိပ်မဝေးလှတဲ့ အနာဂတ်မှာ ဘာတွေဖြစ်လာမယ်ဆိုတာ ငါတို့တွေ မခန့်မှန်းနိုင်ဘူး။ ဒါပေမဲ့ တကယ်လို့ ငါတို့တွေအားလုံးက ခါးပတ်ကို နည်းနည်းလောက် တင်းထားလိုက်မယ်ဆိုရင် တစ်ယောက်ချင်းစီက နည်းနည်းလောက်လျှော့ စားလိုက်မယ်ဆိုရင် မင်းတို့ရဲ့ကလေး၃ ယောက်အတွက် အစားအသောက်ကလဲ လတော်တော်များများအထိ ကာမိလိမ့်မယ်။ ဒါကလည်း မင်းရဲ့ဝန်ထုတ်ဝန်ပိုးကို လျှော့ချပေးရာကျတာပေါ့"
လူငယ်စုံတွဲလေးနှစ်ယောက်က ပေးလာမည့်ပစ္စည်းကို လက်ခံဖို့ရန်စိတ်ကူးမရှိသည်ကို မြင်လိုက်သည်တွင် ဆိုင်တာဝန်ခံရွှီက ပြုံးပြီး အကြံပေးလိုက်လေသည်။
"တကယ်လို့ မင်းတို့က ဒီအတိုင်းလက်ခံဖို့ သက်တောင့်သက်သာ မဖြစ်ဘူးဆိုရင် မင်းတို့တွေ အမဲလိုက်တဲ့အခါကြရင် တစ်ခါတစ်လေ ကျွန်တော်တို့တွေကို အသားတစ်ချို့ ပြန်ပေးလို့ရပါတယ်၊ ဒါက ကျွန်တော်တို့ မိသားစုတွေကြားမှာ အသားနဲ့အလဲအလှယ်လုပ်တယ်လို့ မှတ်လိုက်ပေါ့"
အမေနှင့်ကလေးများ၏မျက်နှာများသည် အမှန်ပင် ပိုပြီးကျန်းမာပုံပေါ်သည်။ စပါးနှင့်တောဟင်းရွက်များရှိရုံနှင့် ရရှိနိုင်သည့် ဝင်းပနေသည့်မျက်နှာမျိုး မဟုတ်ပေ။ စဥ်းနှီးတုံးပေါ်က အဆီဖတ်အများစုက ရွှီမိသားစုသည် အရည်အချင်းရှိလှသည့် မုဆိုးများ ၏ကောင်းကောင်း စောင့်ရှောက်ပေးခံရသည်ကို သိရန်လုံလောက်သည့် သက်သေပင်။
ရှန်းလီက ပြန်မပြောနိုင်ခင်မှာပင် ချန်းအဘိုး၏အသံက ရယ်မောသံစွက်နေရင်း လှည့်ပြန်လာသည်။
"ဆိုင်တာဝန်ခံရွှီကတော့ အမြဲတမ်းခြေတစ်လှမ်း စောနေတော့တာပဲ၊ ကျုပ်တို့တွေက ခင်များထက်နောက်မှာ ခြေတစ်လှမ်းနောက်ကျနေတယ်"
အသံကိုကြားလိုက်သည်တွင် ရှန်းလီနှင့်စန်းလော့ တို့သည် ဂူအပြင်ဘက်သို့ထွက်ပြီး ကျောက်လှေခါးပေါ်မှ ဆင်းလာကာ အသံလာရာနောက်ကို ကြည့်လိုက်တော့ ချဥ်းကပ်လာသည့် ချန်းအဘိုးလင်မယားကို တွေ့လိုက်ရသည်။ သူတို့၏နောက်တွင်တော့ ချန်းယိုထျန်းနှင့်ချင်ဖန်းညန်တို့က အဝတ်အိတ်တစ်လုံးစီ သယ်လာကြသည်။ ခြေလှမ်းအနည်းငယ်နောက်တွင် ကျိုးရှီနှင့်လုမိသားစုတို့ ရှိနေသည်။ အားလုံးက အဝတ်အိတ်များကို ကိုင်ဆောင်ထားကြလေသည်။ ရှန်းကျင့် ရောက်လာသည့်အကြောင်းကို ကြားလိုက်ကြသည့် လူငယ်ဇနီးသည်များနှင့် သိလိုစိတ်ရှိသည့် ကလေးငယ်များကပင် နောက်ကတစ်တွဲလုံး ပါလာကြသည်။
ချန်းအဘွားက သူမ၏အကြည့်ကို လှမ်းကြည့်လိုက်ပြီး တစ်ခစ်ခစ် ရယ်မောလေသည်။
"ဒါကို တိုင်ပင်စရာတောင်မလိုဘူး၊ ဒါကို ငါတို့အားလုံးက တစ်ခုတည်းကို လုပ်ခဲ့ကြတာပဲ"
အားလုံးက ရယ်မောလိုက်ကြသည်။ တောင်အပြင်ဘက်က အခြေအနေသည် သေလုမျောပါးအခြေအနေ ဖြစ်နေသော်လည်း ထိုအတွက်ကြောင့်ပင် ထုတ်ပြောစရာမလိုသည့် နားလည်မှုနှင့် အပြန်အလှန် ထောက်ပံ့မှုများသည် လျှိုမြောင်ထဲကမိသားစုဝင်များကြားတွင် ပိုပြီးတော့ အဖိုးတန်လာလေသည်။
ကျိုးသူကြီး၏မိန်းမက ပြောလိုက်သည်။
"ကျွန်မလဲ ဆိုင်တာဝန်ခံရွှီ ပြောလိုက်တာကြားတယ်လေ၊ ကျွန်မတို့အတွက်လည်း အတူတူပါပဲ၊ ကျွန်မတို့မိသားစုတွေက အရင်တုန်းက အားလုံးရဲ့အကူအညီအတွက် အဆင်ပြေခဲ့ကြတယ်၊ အရင်တုန်းက အပြန်အလှန်ပေးဖို့ အများကြီးမရှိခဲ့ဘူးလေ၊ ဒါပေမဲ့လည်း ရှောင်ကျင့်နဲ့ တစ်ခြားသူတွေ ဒီကိုရောက်လာပြီဆိုတော့ အားလီနဲ့သူ့မိန်းမက ဖိအား ဘယ်လောက် ရှိနေမယ်ဆိုတာကို စဥ်းစားမိတယ်၊ တကယ်လို့များ ကျွန်မတို့တွေက အကူအညီလေးတစ်ခု ပေးနိုင်မယ်ဆိုရင် နည်းနည်းလေးပဲ ဆိုရင်တောင်မှ ဒါက ကွာခြားသွားနိုင်တယ်လေ၊ အမှန်အတိုင်း ပြောရရင်တော့ အပြင်ဘက်က လက်ရှိအခြေအနေကို သိလိုက်ရပြီး ကျွန်မတို့မိသားစုတစ်ခုလုံးက တကယ်ကျေးဇူးတင်မိတာပါပဲ၊ ကျွန်မတို့ကို ထည့်သွင်းခေါ်သွားပေးဖို့ အားလုံးရဲ့ လိုလိုလားလားရှိတဲ့ စိတ်ကြောင့်သာမဟုတ်ဘူးဆိုရင် ကျွန်မတို့မိသားစုတွေ အခုဆိုရင် ဘယ်လိုအခြေအနေ ရှိမယ်ဆိုတာ ဘယ်သူက သိမှာလဲ"
အခွန်နှင့် စစ်မှုထမ်းခြင်းကို ပြောစရာမလိုပေ။ သူတို့သည် စီရင်စုမြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ရလိမ့်မည်။ တကယ်၍များ မြို့ကကျသွားလျှင်တော့ သူတို့တွင် ကောင်းမွန်သည့်ဘဝတစ်ခု ရှိလာပါလိမ့်မည်လား။
အမျိုးသမီး၏ခံစားချက်များက ရောနှောသွားပြီး သူမသည် သူမ၏မျက်လုံးထောင့်ကိုပင် ဖိထားလိုက်လေသည်။
ကန်းရှီကလဲ ဝင်ထောက်ကာပြောလေသည်။
"ကျွန်မတို့တွေက ကျွန်မတို့ရဲ့မိသားစုအကြောင်းကို ပြောနေစရာမလိုပါဘူး၊ ကျွန်မတို့တွေ ဒီစပါးကို စုဆောင်းထားနိုင်တယ် ဆိုတာကလည်း အားလုံးက အားလော့ရဲ့ စေတနာတွေကြောင့်ပဲလေ၊ သူက ကျွန်မတို့ကို သူရဲ့စီးပွားရေးအလုပ်မှာ ထည့်သွင်းပေးခဲ့ပြီးတော့ ဆိုင်တာဝန်ခံရွှီဆီမှာလဲ စပါးတွေဝယ်ယူဖို့ ကူညီပေးခဲ့တယ်လေ၊ အဲလိုမှမဟုတ်ဘူးဆိုရင် ကျွန်မတို့တွေမှာ အခုအချိန်ဘယ်လိုလုပ်ပြီး စပါးအပိုတွေရှိနိုင်ပါ့မလဲ၊ ကျွန်မတို့လဲ အပြင်က တစ်ခြားသူတွေထက် ဘာမှကွာခြားလိမ့်မှာ မဟုတ်ဘူး"
သူမက စန်းလော့ကို လှမ်းကြည့်ကာ ဆက်ပြောလေသည်။
"အရင်တုန်းက ကျွန်မတို့တွေက ကိုယ့်ဟာကိုယ် လုံလုံလောက်လောက်တောင် မစားနိုင်ဘူး။ ဒါကြောင့်မလို့ ကျွန်မတို့တွေက ကူညီချင်တာတောင်မှ ကူညီဖို့အင်အား မရှိခဲ့ဘူးလေ၊ အခုကြတော့ ဒီစပါးပမာဏက ကျွန်မတို့ကိုလည်း သိသိသာသာ ထိခိုက်သွားတာမှ မဟုတ်ဘဲ၊ ဒါက ကျွန်မတို့ ကျေးဇူးတရားရဲ့ အထိမ်းအမှတ်လို့ သဘောထားလိုက်ပါ"
စန်းလော့သည် ကန်းရှီပြောလိုက်သည့်စကားက သူတို့၏ပထမအိမ်ထောင်စု အိမ်ခွဲသည့်အချိန်ကိုရည်ညွှန်းပြီး သူတို့သည် သေသေချာချာ စားသောက်ဖို့ရန် မတတ်နိုင်သည့်အချိန်ကို ပြောမှန်းသိလိုက်လေသည်။ ထိုအချိန်က အစိုးရက စပါးကို ကြိုတင်ကောက်ခံပြီး ဆောင်းဦး ကောက်ရိတ်ချိန်မတိုင်ခင်မှာပင် မိသားစုအားလုံးတွင် စပါးများက နည်းနည်းပါးပါးသာ ကျန်တော့သည်။ အားလုံးက မစို့မပို့ ထမင်းတစ်နပ်စာဖြင့် နေထိုင်ခဲ့ရသည်။ သူတို့သည် တစ်ခြားသူများကို ကူညီဖို့ရန် အမှန်ပင် နည်းလမ်းမရှိခဲ့ပေ။ ထို့အပြင် သူတို့သည် ဟိုတုန်းက ဒီလိုရင်းနှီးသည့် ဆက်ဆံရေးမျိုးလဲ မဟုတ်ခဲ့ပေ။
လူများ၏ခင်မင်ရင်းနှီးမှုက အချိန်ကြာလာသည်နှင့်အမျှ တိုးတက်လာခြင်းပင်။
စကားပြောဆိုနေသည့် လူများကြားတွင် စန်းလော့သည် ပြောစရာစကားများ တဒင်္ဂ ပျောက်ဆုံးသွားတော့သည်။ သို့သော်ငြားလည်း သူမသည် သူမ၏ နှလုံးသားထဲတွင်တော့ စိတ်ရင်းအမှန်နှင့် နွေးထွေးမှုကို ခံစားမိလေသည်။ ဒါသည် သူတို့အားလုံးက စေတနာကို အသိအမှတ်ပြုကြပြီး ဂရုဏာတရား နှလုံးသားများ ပိုင်ဆိုင်ကြလေရာ ထို့ကြောင့် သူတို့သည်အဖွဲ့လိုက် အတူတူရောက်လာကြခြင်း ဖြစ်လိမ့်မည်။
သူမက အားလုံးကိုပြုံးပြကာ ပြောလိုက်သည်။
"ကျွန်မတို့ကလဲ အားလုံးရဲ့စေတနာကို ကျေးဇူး တင်ပါတယ်၊ ဒါပေမဲ့ ကျွန်မတို့တွေကို စပါးပေးဖို့ တကယ်ပဲ မလိုအပ်ပါဘူး။ ရှန်းကျင့်နဲ့ ကျွန်မကလဲ တိုင်ပင်ပြီးသွားပြီ၊ သူက နောက်ပိုင်းကြရင် အမဲတွေကိုလိုက်ပြီး ကျွန်မတို့တွေကလဲ နေ့စဥ်အစားအသောက်အတွက် အသားတွေကို ပိုရလာလိမ့်မယ်၊ စပါးတွေကိုတော့ တတ်နိုင်သလောက် များများစု ဆောင်းထားလိုက်ကြပါ၊ ဆောင်းတွင်း ရောက်လာတဲ့အခါ တောင်အတွင်းပိုင်းမှာ စပါးအစားထိုးနိုင်မဲ့ အစားအသောက်တွေ အများကြီးရှိလာလိမ့်မယ်၊ ဂရုတစိုက် သေချာစီမံမယ်ဆိုရင် ကျွန်မတို့တွေက အဆင်ပြေလောက်ပါတယ်"
စပါးများက ယူလာပြီးဖြစ်ရာ မည်သူက ပြန်သယ်သွားပါမည်နည်း။ လုအဘွားက ဆိုင်တာဝန်ခံရွှီ သယ်လာခဲ့သည့် စပါးအိတ်ကြီးနှစ်ခုပေါ်တွင် သူမ၏စပါးအိတ်ကို တင်လိုက်ကာ ပြောလိုက်လေသည်။
"အာလော့ မငြင်းပါနဲ့တော့၊ ဒီလျှိုမြောင်ထဲက မိသားစုအားလုံးက နင်တို့ရဲ့အကူအညီကို ရလာခဲ့တာ၊ ငါတို့တွေက အများကြီး မပေးနိုင်ပါဘူး။ ဒါပေမဲ့လည်း ဒီစပါး ၁ပြည်၊ ၂ပြည်လောက်ကတော့ ငါတို့ရဲ့ကျေးဇူးတင်စိတ် လို့မှတ်ပေး၊ ကလေး ၃ယောက်ကို ကျွေးမွေးထားရတာက လွယ်တာမဟုတ်ဘူး။ ငါတို့တွေလဲ အများကြီး မကူညီနိုင်ပါဘူး။ ပင်ပန်းတဲ့အလုပ်တွေကလဲ နင့်အပေါ်မှာပဲ ကျရောက်နေတာပါ"
လုအဘွားက သူမ၏ စပါးအိတ်ကိုချထားလိုက်ချိန်တွင် မိသားစုအားလုံးကလဲ နောက်မှလိုက်လုပ်လိုက်လေသည်။ ရှန်းလီနှင့်စန်းလော့တို့က အကြည့်ချင်း ဖလှယ်လိုက်ပြီး ထိုအခိုက်အတန့်အတွင်း ပြောစရာစကားများ ပျောက်ဆုံးသွားကြပြီးနောက်တွင် သူတို့နှစ်ယောက်စလုံးက ရယ်မောလိုက်ကြကာ ထပ်ပြီးတွေဝေမနေတော့ဘဲ အားလုံးကိုဦးညွှတ်ပြီး ကျေးဇူးတင်စကား ပြောလိုက်တော့သည်။
ထို့နောက်တွင် ရှန်းလီက တံခါးနားတွင် မြင်ကွင်းကို စောင့်ကြည့်နေကြသည့် ရှန်းကျင့်နှင့် ရှန်းယင်တို့ကို လှည့်ပြီးခေါ်လိုက်လေသည်။ သူက သူ၏ညီလေးများကို ပုတ်ပေးလိုက်ပြီး ပြောလိုက်၏။
"အဘိုး၊ အဘွား၊ ဦးလေး၊ ဒေါ်ဒေါ် နဲ့ အားလုံးတို့ကို ကျေးဇူးတင်ကြောင်း ပြောလိုက်ပါအုံး၊ သူတို့တွေက ငါတို့နဲ့ ဘာမှမသက်ဆိုင်ဘူး။ ဒါတောင်မှ သူတို့တွေက ဒီအချိန်မှာ အစားအသောက်တွေ လာပြီးတော့ ထောက်ပံ့ပေးတယ် ဒီအသက်ကို ကယ်ပေးတဲ့ စေတနာကို မှတ်ထားရမယ်"
အမြဲတမ်းလိုလို စကားနားထောင်တတ်သည့် ရှန့်းယင်က ဒူးထောက်ချပြီး လေးစားမှုကို ထုတ်ပြတော့မည့်ဆဲဆဲတွင် ရှန်းကျင့်က သူ့ကိုပြန်ဆွဲထူထားလိုက်ပြီး သူ့ကို ရှန်းလီနှင့် စန်းလော့တို့ဘက်သို့ အရင်ဆုံးမျက်နှာမူခိုင်းလိုက်သည်။ သူက ကြီးမားလှသည့် စိတ်ရင်းအပြည့်ဖြင့် ဦးသုံးကြိမ်ချလိုက်ပြီး ပြောလိုက်လေသည်။
"အတိတ်က အငြိုးအတေးတွေကို တေးမှတ်မထားဘဲ ကျွန်တော်တို့ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျွန်တော့်ညီလေးကိုယ်စား အစ်ကိုကြီးနဲ့မရီးတို့ကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော် အမဲလိုက်နည်းကိုသင်ပြီး ကျွန်တော့်ညီလေးတွေကို ထောက်ပံ့ပေးဖို့ ကြိုးစားပါ့မယ်၊ ကျွန်တော် ကြီးလာတဲ့အခါကြရင်လဲ အစ်ကိုကြီးနဲ့မရီးတို့ကို ကျေးဇူးပြန်ဆပ်ပါ့မယ်"
နောက်ထပ် ဦးသုံးကြိမ်ချလိုက်ပြီးနောက်တွင် သူက ရှန်းယင်ကို တစ်ဖက်သို့ လှည့်ခိုင်းလိုက်ကာ ချန်းအဘွားနှင့် တစ်ခြားသူများကို ဒူးထောက်ချပြီး ကျေးဇူးတင်စကား ပြောလိုက်လေသည်။
ချန်းအဘွားက သက်ပြင်းချလိုက်ပြီး သူတို့ကိုတွဲထူလိုက်ကာ သူတို့၏ ဒူးများကို ဖုန်သုတ်ပေးလိုက်သည်။
"မင်းတို့တွေက မင်းတို့ရဲ့အစ်ကိုနဲ့မရီးကို တကယ်ပဲ ကျေးဇူးတင်သင့်ပါတယ်၊ ဒီကပ်ဘေးဒုက္ခက ဘယ်လောက် အထိကြာမယ်ဆိုတာ ငါတို့တွေ မသိဘူး။ ဘယ်သူကမှလဲ တစ်စုံတစ်ယောက်အပေါ် အမှန်တကယ်မှီခိုနိုင်တာ မဟုတ်ဘူး။ ငါတို့တွေကလဲ တစ်ကြိမ်တစ်ခါလောက်ပဲ ကူညီပေးနိုင်တာပါ၊ ဒါပေမဲ့လည်း နင်တို့ရဲ့အစ်ကိုနဲ့မရီးကတော့ နင်တို့သုံးယောက်စလုံးကို ခေါ်ဝင်လာခဲ့တယ်၊ ဒါက ဒီလိုအချိန်မျိုးမှာ လွယ်ကူတာမဟုတ်ဘူး"
ရှန်းစန်းနှင့်လီရှီတို့သည်လဲ သူတို့၏ကလေးများသည် မည်သူနှင့်တူသည်ဖြစ်စေ အကောင်းဆုံးအရည်အချင်းကို အမွေခံဖို့ စိတ်ရင်းဖြင့် မျှော်လင့်ကြမည်ဖြစ်ကာ သူတို့အားလုံးက ကောင်းကောင်းမွန်မွန် ကြီးပြင်းလာလိမ့်မည်ဟု မျှော်လင့်ကြပေမည်။
ရှန်းကျင့်က ခေါင်းငြိမ့်လိုက်၏။ သူသည် အရာအားလုံးကို သိလေသည်။ ဒီနေ့ အားလုံးက စပါးအများကြီး ယူလာရသည့် အကြောင်းအရင်းကပင် သူ့အစ်ကိုနှင့်မရီးကြောင့်ဖြစ်မှန်း သိလေသည်။ ထိုစေတနာအားလုံးက အခုတော့ သူတို့၏ပုခုံးပေါ်တွင် ကျရောက်လာသည်။
စပါးများကို သယ်ပို့လာခဲ့ပြီးဖြစ်ရာ ယခုတော့ အိတ်များကို ပြန်ပေးရမဲ့အချိန်ပင်။ စန်းလော့က အိမ်ထဲသို့ဝင်သွားကာ စပါးအိတ်အလွတ်နှစ်ခုကို ရှာလိုက်ပြီး စပါးများကို အမျိုးအစားခွဲလိုက်သည်။
ဆိုင်တာဝန်ခံရွှီက စပါး၂တင်းကို တိုက်ရိုက်ယူချလာသည်။ ထို့ကြောင့် သူ့အိတ်ကိုတော့ အခုအထိ ပြန်မပေးရသေးပေ။ တစ်ခြားမိသားစုများက ပမာဏအမျိုးမျိုးယူလာပြီး တစ်ပြည်မှ နှစ်ပြည်ထက်ပိုသည်။ အားလုံးကိုပေါင်းလိုက်ပြီးနောက်တွင် စပါးစုစုပေါင်း၂တင်းနှင့် ၆ ပြည်လောက်ရလေသည်။
စန်းလော့သည် ဘယ်အိတ်က ဘယ်သူ့ဟာမှန်း အကြမ်းဖျင်းခန့်မှန်းမိပြီး စိတ်ထဲတွင်အားလုံးကို မှတ်ထားလိုက်သည်။ စပါးအိတ်များကို ပြန်ပေးပြီးနောက်တွင် သူမကအားလုံးကို အထဲသို့ဖိတ်ခေါ်လိုက်ပြီး စကားပြောဖို့ ဖိတ်ခေါ်လိုက်လေသည်။
ဂူကအလွန်မှကျဥ်းမြောင်းနေသဖြင့် အားလုံးက လက်ခါပြရင်း ပြောလိုက်ကြလေသည်။
"ကလေးတွေကိုပဲ ဂရုစိုက်လိုက်ပါ၊ ငါတို့တွေက ဒီလောက်အထိ ဖော်ရွေပေးနေစရာ မလိုပါဘူး"
လူကြီးများက ထွက်သွားပြီး ဆိုင်တာဝန်ခံရွှီကသာ ဂူ၏အခြေအနေကို တိုင်ပင်ဖို့ရန် ရှန်းလီနှင့်ကျန်ခဲ့သည်။ ချန်းယိုထျန်းကလဲ နောက်တွင်နေခဲ့ပြီး ရွှီမိသားစုနှင့် ရှန်းမိသားစုတို့သည် ခမည်းခမက်ဆက်ဆံရေးတစ်ခုလို သံယောဇဥ်ရှိမှန်း သိလေသည်။ သူက သူတတ်နိုင်တာ ဘာမဆိုကူညီပေးဖို့ စဥ်းစားထားလိုက်သည်။
လူကြီးများက လူခွဲသွားကြသည်နှင့် ကလေးအုပ်စုကြီးကလဲ သူတို့၏အခွင့်အရေးကိုဖမ်းဆုပ်ကာ ရှန်းကျင့်နှင့် ရှန်းယင်အနားသို့ တိုးဝှေ့လာကြပြီး သူတို့ ၏စကားဝိုင်းကို စတင်လိုက်လေသည်။
ရွှီဝမ်ယင်းကလဲ ရှန်းကျင့်နှင့်ရှန်းယင်တို့ကို သတိထားမိပြီဖြစ်သည်။ သူမက မီးဖိုချောင်ထဲတွင် ဆန်ပြုတ်မွှေနေသည့် ရှန်းနဥ်နားသို့ ချဥ်းကပ်လာကာ မေးလိုက်လေသည်။
"သူက ရှောင်ကျင့်ပေါ့ ဟုတ်လား"
ရှန်းနဥ်၏ မျက်လုံးများကလဲ နီရဲနေဆဲဖြစ်ကာ သူမက ခေါင်းငြိမ့်ပြလိုက်သည်။
"ငါ ရှောင်ကျင့်ဆီကနေ အားလုံးကြားပြီးပြီ၊ တော်ပါသေးရဲ့ နင့်ရဲ့အဖေနဲ့တစ်ခြားသူတွေက သူတို့ကို ချက်ခြင်းကယ်တင်ဖို့ ရောက်လာလို့ပေပဲ၊ အဲလိုမှမဟုတ်ဘူးဆိုရင် ရှောင်ကျင့်ရယ်၊ ရှောင်ယင်ရယ်၊ ရှောင်ထျယ်ရယ်တို့က အသက်ရှင်နိုင်လိမ့်မှာတောင် မဟုတ်ဘူး"
သူမ၏မျက်ရည်များကို သုတ်လိုက်ပြီး သူမက ဗီဒိုထဲက အိုးလေးတစ်လုံးကို ထုတ်ယူလိုက်ကာ သကြားညိုတစ်တုံးကို ထုတ်လိုက်ပြီး ဆန်ပြုတ်ထဲသို့ ထည့်လိုက်လေသည်။ သူမက အိုးကိုပြန်ထည့်ထားလိုက်ပြီး ရ်က်ထားသည့်တခြားခြင်းထဲက ကြက်ဥတစ်လုံးကိုယူကာ ဖောက်လိုက်ပြီး အိုးထဲသို့ မွှေပြီးထည့်လိုက်လေသည်။ ထို့နောက်တွင်တော့ သူမက ပန်းကန်ကြီးသုံးလုံးကို ခွဲပြီးထည့်ပေးလိုက်ကာ ယောက်ချိုတစ်ခုကိုသုံးပြီး ဆန်ပြုတ်ပူပူလေးကို ရောမွှေကာ ကြက်ဥချိုဟင်းရည်တစ်ခုကို လုပ်လိုက်လေသည်။
ရွှီဝမ်ယင်းကလဲ ဘေးမှထင်းမီးများကို ကူပြီး ပြောင်းထည့်ပေးလိုက်ကာ ပြောလိုက်သည်။
"ငါ့မိဘတွေနဲ့ အစ်ကိုတွေကလဲ နင့်ရဲ့အစ်ကိုနဲ့ အစ်ကိုသရှန်တို့ မြန်မြန်ရောက်လာလို့ ကံကောင်းသွားတာပါ။ မဟုတ်ဘူးဆိုရင် သူတို့တွေလဲ အန္တရာယ်ထဲ ရောက်သွားမှာ"
ရှန်းနဥ်က ဂူထဲသို့ဆန်ပြုတ်များကို သယ်နေသည်ကို လေ့လာကြည့်လိုက်ပြီး ရွှီဝမ်ယင်းကလဲ သူမကို ကူညီပေးလိုက်လေသည်။
ဆူဆူညံညံ အသံကြားထဲတွင် နစ်မြှုပ်နေသည့်ရှန်းကျင့်သည် အစောပိုင်းကတည်းက သူ၏ရင်းနှီးပြီးသားကစားဖော်များ၏ ဝိုင်းရံခြင်းခံထားရသည်။ ရှန်းနဥ်က ဆန်ပြုတ်နှင့် ရောက်လာသည်ကို မြင်လိုက်သည်တွင် သူက ရှန်းထျယ်ကို နိုးဖို့ရန်အထဲသို့ အလျင်အမြန် ပြေးဝင်သွားသည်။ ရှန်းအန်းနှင့် ရှန်းနဥ်တို့နှင့်အတူ သူတို့က ရှန်းထျယ်ကို ဆန်ပြုတ်တိုက်လိုက်ကြသည်။
ပြောရန်ပင်မလိုပေ။ ဂူလေးက ကလေးများနှင့် စည်ကားနေတော့သည်။
ရှန်းထျယ်က သူ့မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် သူသည် ရင်နှီးလှသည့် မျက်နှာများနှင့် လူအုပ်ကြီးတစ်ခုကို တွေ့လိုက်ရပြီး သူ၏ ပုံမှန်ဆိုလျှင် မှေးမှိန်နေသည့် မျက်လုံးများက လင်းလက်သွားလေသည်။
...
ကလေးများက သူတို့၏ကိုယ်ပိုင်အရေးကိစ္စများကို ကိုယ့်ဟာကိုယ်ဖြေရှင်းနိုင်ကြသည်။ လတ်တလောတွင် ရှန်းမိသားစု၏ ကုတင်လေးသည် သူတို့အားလုံးအတွက် နေရာထိုင်ခင်းရလေသည်။ တိုင်ပင်ပြီးနောက်တွင် သူတို့က ရွှီမိသားစုကို အိပ်ယာတစ်ခုအရင်ဆုံး ကူဆောက်ပေးမည်ဟု ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ချန်းယိုထျန်းက လက်သမားအလုပ်အတွက် ဆိုင်တာဝန်ခံရွှီနှင့် ပူးပေါင်းလိုက်သည်။
စန်းလော့နှင့်ရှန်းလီတို့ကလဲ အပေါ်ဘက်ဂူလေးဆီသို့ တက်နိုင်မည့်လမ်းကြောင်းတစ်ခု ဖန်တီးဖို့ရန် စဥ်းစားကြတော့သည်။ ဒါသည် သဘာဝ မြေအနေအထား၊ တူးဖော်ခြင်း၊ ကျောက်ထွင်းခြင်းနှင့် လမ်းခင်းခြင်းတို့ကို အသုံးပြုဖို့ လိုအပ်လေသည်။ တောင်နံရံက တိုက်တိုက်ဆိုင်ဆိုင် သူတို့၏အသီးအရွက်ခင်းများ တည်ရှိသည့်နေရာတွင် ရှိနေသည်။ တစ်ချို့အပင်များကိုတော့ ပြောင်းရွှေ့စိုက်ပျိုးဖို့ရန် လိုအပ်သည်။ သူတို့နှစ်ယောက်က သူတို့အစီအစဥ်ကို အတူတူ တိုင်ပင်လိုက်ကြပြီး မကြာမှီတွင် ရှန်းကျင့်နှင့်ရှန်းအန်းတို့ကလဲ အကူအညီပေးဖို့ရောက် လာကြသည်။
စန်းလော့က ရှန်းကျင့်ကို မသိမသာ အကဲခတ်လိုက်သည်။ အရင်တုန်းကနှင့်ယှဥ်လျှင် ဒီကလေးသည် အများကြီး တိတ်ဆိတ်သွားလေသည်။
ဟုတ်ပါသည်။ အရာအားလုံးကို ကြုံတွေ့ခဲ့ရပြီး နောက်တွင်တော့ သူ့အတွက် ပြောင်းလဲသွားသည်ကသာ သဘာဝကျပေမည်။
သူတို့သည် အပေါ်ထပ်တက်ဖို့ရန် လမ်းကြောင်းတစ်ခု ဖန်တီးပြီးသွားသည်နှင့် တစ်ပြိုင်နက် ညနေခင်းပိုင်း ရောက်သွားတော့သည်။ စန်းလော့က ဂူလေးထဲသို့ဝင်လာပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
"တော်တော်လေး အဆင်ပြေတယ်၊ နေရာမကျယ်ပေမဲ့ သေချာလေး စီစဥ်လိုက်မယ်ဆိုရင် အလင်းရောင်လဲ ကောင်းကောင်း ရနိုင်တယ်"
ရှန်းကျင့်ကလဲ ဂူလေးကိုလေ့လာကြည့်လိုက်သည်။ သူသည် သူ၏ခြောက်ကပ်ပြီး အဖတ်လန်နေသည့်နှုတ်ခမ်းလေးကို သပ်လိုက်ပြီးမေးလိုက်လေသည်။
"မကြီး ကျွန်တော်တို့တွေ အခုကစပြီး ဒီဂူမှာနေရမှာလား"
စန်းလော့က ပြုံးလိုက်သည်။
"ဟုတ်တယ် ငါနင့်အစ်ကိုနဲ့ ဦးလေးယိုထျန်းကို ကုတင်တစ်လုံး လုပ်ပေးဖို့ အကူအညီတောင်းထားတယ်၊ နောက်ပြီးတော့ ဘီဒိုတစ်ချို့ကိုလဲ လုပ်ခိုင်းထားတယ်၊ နင်တို့တွေ အပေါ်တက်အောက်ဆင်း လုပ်တဲ့အခါကြရင်တော့ ဂရုစိုက်ရမယ်"
ပျော်ရွှင်သွားသည့် အရိပ်တစ်ခုက ရှန်းကျင့်၏မျက်လုံးထဲတွင် ပေါ်ပေါက်လာသည်။ ဒီဂူလေးရှိနေလျှင် သူတို့ညီအစ်ကိုသုံးယောက်သည် လျှိုမြောင်ထဲတွင် အမှန်တကယ် အခြေချနိုင်သည့် အဓိပ္ပါယ်ပင်။ သူက ခေါင်းတွင်တွင် ငြိမ့်ပြလိုက်၏။
"ကျွန်တော်တို့တွေက အဲဒါကိုတော့ မကြောက်ပါဘူး၊ ကျွန်တော်တို့တွေက ဘာပဲဖြစ်ဖြစ် တောင်ထဲမှာ အမြဲတမ်းနေခဲ့ကြတာပဲ"
သူသည် ဂူဝင်ပေါက်ကို လက်ညှိုးထိုးပြလိုက်ပြီး ရှန်းလီကို မေးလိုက်လေသည်။
"အစ်ကိုကြီး ကျွန်တော်တို့အတွက် ဒီနေရာမှာမီးဖိုတစ်ခု ဆောက်ပေးလို့ရလား"
အားလုံးက ပိုပြီးအသက်ဝင်လာဟန်တူသည်။
ရှန်းလီက ပြုံးပြလိုက်၏။
"ရတာပေါ့၊ ငါက မင်းတို့အတွက် စားပွဲတစ်လုံးနဲ့ထိုင်ခုံတွေကိုလဲ လုပ်ပေးအုံးမှာ၊ ရှောင်ကျင့် မင်းနဲ့ရှောင်အန်းတို့က မြေကြီးကို နည်းနည်းလေး မြင့်အောင်လုပ်လိုက် ငါက နံရံတွေကို ချောမွတ်သွားအောင် ထွင်းပေးဖို့ ပစ္စည်းတွေ သွားယူလိုက်အုံးမယ်"
စန်းလော့လုပ်နိုင်သည့်အရာ ဘာမှမရှိတော့ပေ။ ထို့ကြောင့် သူမက ရှန်းလီနောက်မှ လိုက်ဆင်းသွားလေသည်။ သူတို့သည် မြေပြင်ပေါ်သို့ပြန်ရောက် လာချိန်တွင် သူမက ရှန်းလီကို ပြောလိုက်သည်။
"ရှောင်ကျင့်က အများကြီးရင့်ကျက်သွားတာပဲ"
ရှန်းလီကလဲ သေသေချာချာ စဥ်းစားပြီးမှ ပြောလိုက်လေသည်။
"ရှောင်ယင်နဲ့ရှောင်ထျယ်တို့ကို စောင့်ရှောက်ပေးဖို့ လိုအပ်တဲ့အကြောင်းရင်းကြောင့် ဖြစ်မယ်"
သူလဲ ဟိုတုန်းကဒီလိုပဲ။
စန်းလော့က ရှန်းလီကို ကြည့်လိုက်သည်။ သူတို့ သည် တသဘောတည်း ဖြစ်နေသည်မှာ ရှင်းလင်းလေသည်။ သူမက အကြည့်လွဲလိုက်ပြီး ပြောလိုက်၏။
"စပါးအိတ်တွေအတွက် နောက်ထပ်စင်တစ်ခု ထပ်ဆောက်ရအောင်၊ ဒီနေ့ရလာတဲ့ဟာတွေကို အဲဒီ့စင်ပေါ်မှာ တင်လိုက်မယ်။ ကျွန်မတို့တွေ နောက်ထပ် စပါးတစ်တင်းနဲ့ ဆန်ကြမ်းတစ်တင်းကိုလဲ သူတို့တွေကို ပေးလိုက်မယ်။ စုစုပေါင်း ၄တင်းနဲ့၆ ပြည်လောက်ရှိမယ်။ သူတိုရဲ့အစားအသောက်ထဲမှာ အသားတစ်ချို့ပါလာမယ်ဆိုရင် သူတို့တွေလဲ သူတို့ရဲ့ရိက္ခာကို သေသေချာချာလေး ခန့်ခွဲနိုင်ရင် ၂နှစ်ခွဲလောက်တော့ ခံမှာပါ၊ အဲဒီ့အချိန်ကြရင် ကျွန်မတို့တွေလည်း တောင်ထွက်ပစ္စည်းတွေကို ပိုပြီးရလာအောင် နည်းလမ်းရှာရလိမ့်မယ်။ သူတို့လဲ ဗိုက်ဆာခံနေဖို့ မသင့်ဘူး၊ တကယ်လို့ လောကကြီးက ဆက်ပြီး မငြိမ်မသက် ဖြစ်နေမယ်ဆိုရင် ကျွန်မတို့တွေလဲ သူတို့ကို ပိုပြီးပေးနိုင်တာပေါ့"
သူမက ဆက်ပြောလိုက်သည်။
"ကြက် ၂ကောင်နဲ့ဘဲ၂ကောင်ကိုလဲ သူတို့ဟာသူတို့ မွေးဖို့ပေးလိုက်မယ်၊ ဆားနည်းနည်းပါးပါးလဲ ခွဲပေးလိုက်မယ်၊ ဒီပစ္စည်းတွေကလွဲရင် သူတို့လိုအပ်မဲ့ တစ်ခြားပစ္စည်းတွေ မရှိလောက်တော့ပါဘူး"
ရှန်းကျင့်သည် မြေအိုး၊ ပန်းကန်လုံး၊ အိုးခွက်၊ မီးဖိုချောင်ဓား၊ အိပ်ယာခင်းစသည်များကို သူကိုယ်တိုင် ယူလာခဲ့ပြီး ဖြစ်လေသည်။
ရှန်းလီသည် စန်းလော့ကို ကြည့်လိုက်ပြီး စိတ်ရင်းဖြင့် ကျေးဇူးတင်စကား ပြောမိလေသည်။ တစ်ချို့အကြောင်းအရာများကို စဥ်းစားပြီးလိုက်နောက်တွင် သူက ထပ်ပြောလိုက်သည်။
"ကြက်နဲ့ဘဲတွေအတွက်တော့ မလိုပါဘူး။ ကျွန်တော်တို့တွေ ဖမ်းထားတဲ့ရစ်ငှက်တွေက အရှင်ထားထားသေးတာပဲ၊ ကျွန်တော်တို့ သူတို့ရဲ့အတောင်ကိုညှပ်ပြီးတော့ သူတို့ကို မွေးလို့ရတယ်လေ သူတို့တွေလဲ ဥဥနိုင်တာပဲ"
သူ့စကားတွင် စန်းလော့သည် စိုးရိမ်မနေဘဲ ခေါင်းငြိမ့်ပြလိုက်သည်။ သို့သော်ငြားလည်း သူမက သူမတွင် စိုးရိမ်စိတ်တစ်ခု ရှိနေသေးသည်။
"ဆိုင်တာဝန်ခံရွှီက ဒီနေ့စပါးတွေအများကြီး လာပို့ပေးခဲ့တာ ရွှီမိသားစုကအခုဆိုရင် လူတွေအများကြီးရှိလာပြီ အစားအသောက်တွေ လောက်ပါ့မလား"
ရှန်းလီက တစ်ချက်ကြည့်လိုက်ပြီး ပြန်ဖြေလေသည်။
"လောက်မှာပါ၊ စပါးတွေကို အစပိုင်းသယ်ယူလာတုန်းက လက်ဆောင်အဖြစ်ပေးဖို့ လုံလောက်တဲ့ ပမာဏထက်တောင် ပိုသေးတယ်လေ၊ ဒါပေမဲ့ မိသားစုတစ်ခုချင်းစီက ဒါကို မျှော်လင့်မထားခဲ့ဘူး။ ရွှီမိသားစုကလဲ လူဦးရေတိုးလာတယ်ဆိုတော့ သူတို့တွေကလဲ အခုအချိန်မှာ ဒါကို တောင်းလိမ့်မယ် မထင်ပါဘူး။ ကျွန်တော်တို့မိသားစုကလဲ ဒီလက်ဆောင်စပါး ၂ တင်းကို လက်ခံထားခဲ့တာ ရွှီမိသားစုက ၃၇တင်းထက်ပိုပြီးတော့ ကျန်ပါလိမ့်မယ်။ မြို့အပြင်ဘက်က ပုန်းခိုကျင်းထဲမှာလဲ ဝှက်ထားတာ နည်းနည်းရှိသေးတယ်။ အဲဒီ့အတွက်တော့ အလျင်လိုစရာ မလိုပါဘူး၊ အခြေအနေတွေက အရမ်းကြီး ဖရိုဖရဲမဖြစ်တော့ဘူးဆိုမှ ကျွန်တော်က ရွှီမိသားစုကို အပြင်ခေါ်သွားပြီး စပါးတွေ ထပ်ပြီးသွားယူမဲ့ အခွင့်အရေးတစ်ခုကို ရှာလိုက်ပါ့မယ်"
ဒါသည်ပင် သူတို့၏စေတနာကို ပြန်ပေးဆပ်ခြင်းဖြစ်သည်ဟု မှတ်ယူနိုင်ပေသည်။
ရှန်းလီအတွက်တော့ အပြင်ထွက်ရခြင်းက အရမ်းကြီးခက်ခဲနေခြင်း မဟုတ်ပေ။ ထို့ကြောင့် သူသည် ဒီကိစ္စကို အများကြီးမတွေးထားပေ။ ထို့နောက်တွင် သူက စန်းလော့ကို မေးလိုက်လေသည်။
"ကျွန်တော် မနက်ဖြန်မနက်စောစောကြရင် လျှိုမြောင်ထဲက ထွက်ပြီးတော့ အတွင်းပိုင်းကို သွားကြည့်အုံးမယ်။ ကျွန်တော့်ကို ရှာခဲ့စေချင်တဲ့ပစ္စည်းများ ရှိသလား"
စန်းလော့က ခေါင်းငြိမ့်ပြလိုက်သည်။
"ရှိတယ် Mugwort လေ၊ ကျွန်မတို့တွေ တတ်နိုင်တုန်း အဲဒါတွေကို ပိုပြီးစုဆောင်းထားရမယ်၊ မီးစာမြက်တွေ ရှိတယ်ဆိုရင်လဲ ကျွန်မတို့တွေထပ်ပြီးတော့ စုဆောင်းထားသင့်တယ်၊ ဒါက ရေနံဆီမီးအိမ်ရဲ့မီးစာနဲ့ ခေါင်းအုံးလုပ်တဲ့အခါ အစာထည့်သွင်းတဲ့နေရာမှာ အသုံးဝင်တယ်"
အမှန်တွင်တော့ သူမသည် သူနှင့် အပြင်လိုက်ထွက်ချင်လေသည်။ သူမသည် ပစ္စည်းများကို ကိုယ်တိုင်မြင်ရလျှင် စိတ်ကူးများစွာက စိတ်ထဲရောက်လာလေသည်။ သူမက ရှန်းလီကိုကြည့်ကာ မေးလိုက်၏။
"ရှင် ရှောင်ကျင့်ကို အမဲလိုက်ဖို့တကယ်ပဲ ခေါ်သွားမှာလား"
ရှန်းလီက ခေါင်းငြိမ့်ပြသည်။
"ကျွန်တော်သူ့ကို ဖြည်းဖြည်းချင်း သင်ပေးရလိမ့်မယ်၊ ၂နှစ်၃နှစ်အတွင်းမှာ သူလဲအပြည့်အဝ တတ်မြောက်သွားမှာပါ၊ အပြင်ဘက်မှာ အားလုံးငြိမ်းချမ်းသွားတဲ့အချိန်ကြရင် တောအတွင်းပိုင်း သိပ်မနက်တဲ့နေရာမှာ ရှိနေသ၍တော့ သူက တောင်အတွင်းပိုင်းက သားကောင်တွေကို အခက်အခဲမရှိဘဲနဲ့ ဖမ်းနိုင်လိမ့်မယ် သူလဲ သူ့ရဲ့မိသားစုကို ကာကွယ်ပေးနိုင်လိမ့်မယ်"
ထိုသို့ပြောလိုက်ရင်း သူက စန်းလော့ကို ကြည့်လိုက်သည်။
စန်းလော့က ခေါင်းသာငြိမ့်ပြလိုက်ပြီး သူပြောသည့်စကားကို အထူးတလည် စိတ်ဝင်စားဟန် မတူပေ။
ရှန်းလီက သူမ၏အမူအယာကို အကဲခတ်ကြည့်လိုက်ပြီးနောက် နောက်ကျမှ သဘောပေါက်သွားတော့သည်။
"မင်းက လျှိုမြောင်ထဲက ထွက်ချင်လို့လား"
စန်းလော့၏မျက်ခုံးများက တွန့်ချိုးသွားလေသည်။ ရှန်းလီကို တဖန်ထပ်ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများက တလက်လက် တောက်ပသွားရင်း ခေါင်းငြိမ့်ပြလိုက်သည်။
"ကျွန်မ အပြင်ဘက်မှာ ဘာတွေရှိသေးလဲဆိုတာကို သိချင်လို့ပါ၊ အခုအချိန် တောင်အတွင်းပိုင်းမှာ လူတွေအများကြီးမရှိတော့ ကျွန်မက တစ်ချို့အရင်း အမြစ်တွေကို စုဆောင်းထားနိုင်တယ်လေ ဟုတ်တယ်မလား"
ရှန်းလီက တဟင်းဟင်း ရယ်မောလိုက်သည်။
"၂ရက်လောက်စောင့်ပေးအုံးနော်၊ အစတုန်းကတော့ ကျွန်တော်က ရှန်းကျင့်ကို ခေါ်မသွားသေးဘူး၊ သူ စိုးရိမ်နေမှာ ကျွန်တော်စိုးရိမ်လို့လေ၊ ရက်အနည်း ငယ်ပြီးသွားရင်တော့ ကျွန်တော် တောင်အတွင်းပိုင်းသစ်တောနဲ့ ပိုပြီးတော့ ရင်းနှီးလာတဲ့အခါ ကျွန်တော်က မင်းကို အပြင်ခေါ်ထွက်ပေးမယ် ဟုတ်ပြီလား"
စန်းလော့၏မျက်လုံးများက အပြုံးတစ်ခုအသွင်ချက်ချင်း ကွေးညွှတ်သွားလေသည်။
"ကောင်းသားပဲ"
သူမ၏အပြုံးကို ကြည့်နေရင်းကပင် ရှန်းလီသည် မနေနိုင်တော့ဘဲ သူ၏နှုတ်ခမ်းများကလဲ အပေါ်သို့ ကွေးညွှတ်သွားလေသည်။ သိလိုစိတ်ဖြင့် သူက စန်းလော့ကို ကြည့်လိုက်၏။
"အပြင်က အန္တရာယ်တွေကို မကြောက်ဘူးလား"
ကျိုးညီအစ်ကိုတို့ထဲမှ တစ်ယောက်ကမှ အပြင်ဘက်သို့ မကြာခဏမထွက်ရဲကြပေ။
စန်းလော့ကလဲ အမှန်အတိုင်း ပြောလိုက်သည်။
"ကြောက်တာပေါ့ ဒါပေမဲ့ ရှင်ကျွန်မကို ကာကွယ်ပေးနိုင်တယ်မလား"
ရှန်းလီ၏ မျက်ခုံးနှင့် မျက်လုံးများသည် နွေးထွေးသည့် အပြုံးတစ်ခုအသွင် ကွေးညွှတ်သွားလေတော့သည်။
"ကာကွယ်ပေးနိုင်တာပေါ့"
...