အခန်း (၁၅၇-၁၅၈)
Vol. 16 Ch. 157-158
အပိုင်း(၁၅၇) ထွက်ပြေးခြင်း
ညတွင်းချင်းပင် ချီယန်စီရင်စုသည် ပြောင်းလဲသွားတော့သည်။ ဆိုင်များ ပိတ်သွားပြီး မြိုနေလူထုကလည်း ကိုယ့်ဟာကို တံခါးပိတ်နေကြသည်။ စစ်တပ်က မြို့ကို ထိန်းချုပ်ထားပြီး အဓိကနေရာများကို ရဲမက်များက ထိန်းချုပ်ထားသည်။ မြို့တံခါးအနားက အရှေ့ဈေးကတော့ သည်အတိုင်းချန်ထားပြီး မြို့နှင့်ဝေးသည့် အနောက်ဈေးနှင့် စီရင်စုကျောင်းဟောင်းများကတော့ ရွာသားများအတွက် ခိုလုံရာနေရာများ ဖြစ်လာသည်။
ဟုတ်ပါသည်။ သည်နှစ်နေရာက ပတ်ဝန်းကျင်ရွာများက လူအားလုံးကို နေရာမပေးနိုင်ချေ။ နှစ်ပေါင်းများစွာ အလုပ်ကြမ်းနှင့် စစ်မှုထမ်းခြင်းကြောင့် သေသွားသူများ၊ ထွက်ပြေးသွားသူများနှင့် မကြာခင်မှ စစ်မှုထမ်းသွားခဲ့ရသူများ ရှိသည့်အပြင် မြို့နေလူထု ၅၀၀၀ပါပေါင်းလိုက်လျှင် နောက်ဈေးနှင့် စီရင်စုကျောင်းက မဆန့်နိုင်ပေ။
မြို့ဝင်ပေါက်နှင့် ဝေးရာတွင် မြေလွတ်နေရာတိုင်းနှင့် လမ်းကြားတိုင်းတွင်ပင် ယာယီတဲများနှင့် ပြည့်နေပြီး လူများက တံတိုင်းနှင့် တိုးဝေ့နေဖို့ရန် နေရာပင် မရှိသလောက်ပင်။
သည်တဲများကို ဆောက်လုပ်ဖို့ရန်အတွင် ပစ္စည်းများက ဘယ်နေရာမှ ရောက်လာပါသနည်း။
မြေလှန်မီးရှို့သည် ဗျူဟာနှင့်အတူ ရွာသားများ ထွက်သွားသည်နှင့်ချက်ချင်း ရဲမက်နောက်တစ်သုတ်က ကျေးရွာများတွင် လူစုခွဲကာ ရွာများထဲက အသုံးဝင်သည့် သစ်များနှင့် ကောက်ရိုးများကို စုဆောင်းခဲ့ကြသည်။ ထို့နောက်တွင် ရွာသားများက စီရင်စုရုံးတော်ရှေ့တွင် လာရောက်သယ်ယူနိုင်သည်။
မြို့ဝင်တံခါး၏ အဓိကလမ်းများအတွက်တော့ အထူးသဖြင့် တုန်းဖူစားသောက်ဆိုင်လို ဆိုင်ကြီးများ၏ ဆိုင်တာဝန်ခံများသည် စီရင်စု၏ နောက်ဖေးခန်းမသို့ တိုက်ရိုက်ဆင့်ခေါ်ခံရပြီး ထိုနေရာတွင် သူတို့ကို ကြိုဆိုနေသူက စီရင်စုတရားသူကြီး မဟုတ်ဘဲ ငယ်ရွယ်ပြီး အိန္ဒြေရသည့် စစ်ဘက်အရာရှိတစ်ယောက်ပင်။
ဆိုင်တာဝန်ခံအားလုံးကို ဆင့်ခေါ်ခြင်းက ဆွေးနွေးဖို့ရန် မဟုတ်ဘဲ သူတို့၏ဆိုင်များကို ရဲမက်များ အနားယူရန်နှင့် ကင်းလှည့်တာဝန်ကျစဉ် ပြန်အားဖြည့်ရန် ယာယီနေရာယူထားမည်ဟု အသိပေးခြင်းပင်။
ယာယီဟု ပြောလိုက်ချိန်တွင် လူတစ်ယောက်က အရဲစွန့်ကာ မေးမြန်းလိုက်ပြီး အထက်က အမိန့်မရမချင်းဟုသာ ပြောလာလေသည်။ စီရင်စုတစ်ခုစီတိုင်းတွင် ရှိသည့် စစ်တပ်များသည် သည်ရုန်းရင်းဆန်ခတ်အချိန်ကာလတွင် အမြဲတမ်း ဖြစ်လာလောက်သည်။
ထို့ကြောင့် သည်’ယာယီ’အစီအစဉ် ပြီးဆုံးမည့်ရက်ကို မသိခဲ့ရချေ။
ဟုတ်ပါသည်။ ဆိုင်များကိုသာ ချောဆွဲထားခြင်းမဟုတ်ချေ။ တပ်မှူးများအတွက်လည်း အိမ်များက လိုအပ်လေသည်။ အဆင့်မြင့်အရာရှိ များစွာအပါဝင် ရဲမက်၁၅၀၀ ရှိကာ ရဲမက်များက တဲထဲတွင် နေထိုင်စဉ် သူတို့၏ခေါင်းဆောင်များက ထိုနည်းတူလုပ်မည်ကိုတော့ စဉ်းစားစရာမလိုချေ။ သို့သော်လည်း အိမ်ရာများကို အောင်အောင်မြင်မြင် စီမံတတ်ကြသည့် ချမ်းသာပြီး အမြင်ရှီသည့် ဒေသခံများက လာအမေးကို စောင့်မနေကြပေ။ သူတို့က အရင်ဦးစွ သူတို့၏ အိမ်ရာများကို အာဏာပိုင်များအား ပေးအပ်ကြသည်။
ချီယန်စီရင်စုလေးထဲတွင် ရဲမက်နှင့် ပြည်သူ စုစုပေါင်း ၆၅၀၀လောက် ရှိကြသည်။
စီရင်စုရုံးတော်သို့ သွားရောက်ခဲ့ပြီး စစ်သူကြီးငယ်လေး၏ အာဏာကို မြင်တွေ့ခဲ့ရသည့်အပြင် မြို့ထဲက လူဦးရေအတိအကျကို သိလိုက်ရသဖြင့် ဆိုင်တာဝန်ခံရွှီသည် သူ့ခြေထောက်တွင်ပင် အေးစိမ့်စိမ့် ခံားချက်တစ်ခု ဖြစ်သွား၏။ သူသည် အိမ်ပြန်လာပြီး သူ့မိန်းမနှင့် အစေခံကြီးကို တိုးတိုးတိတ်တိတ် ပြောပြလိုက်သည်။
“ငါတို့တွေ ထွက်ပြေးမှဖြစ်မယ်၊ မြို့အပြင်ဖက်မှာ ဘာပဲဖြစ်ဖြစ် ငါတို့တွေ မြို့ထဲမှာ အစားအသောက် မပြတ်လပ်ခင် ထွက်ပေါက်တစ်ခု ရှာထားဖို့ လိုအပ်တယ်”
အတွေ့အကြုံရှိပြီးသား ဦးလေးရွှီက အစီအစဉ်ကို ကြားလိုက်ချိန်တွင် အကြံပေးလိုက်၏။
“ကျွန်တော်တို့တွေ မြို့ပြင်ကို ရောက်မဲ့ ဥမင်တစ်ခု တူးကြမလား”
ဆိုင်တာဝန်ခံရွှီက သဘာတူလိုက်သည်။ “အတိအကျပဲ”
ဥမင်တူးသည့် အတွေးအခေါ်နှင့် မရင်းနှီးသည့် ဝေ့လင်းကျန့်နှင့် သူမ၏သားများက ဆိုင်တာဝန်ခံရွှီနှင့် ဦးလေးရွှီတို့ကြားက ဆွေးနွေးတိုင်ပင်နေသည်ကို နားမလည်တလည်နှင့် နားထောင်နေလိုက်သည်။
လက်ရှိ ရွှီမိသားစု၏ အိမ်ဝန်းငယ်လေးမှာ မြို့လယ်ခေါင် နေရာကောင်းတစ်ခုဟု မှတ်ယူနိုင်သည်။
သို့သော်လည်း မြို့ပြင်သို့ ထွက်ပြေးဖို့ရန် ထိုနေရာမှ ဥမင်တစ်ခု တူးဖို့ကတော့ လက်တွေ့မကျပေ။ ဒါသည် မြို့တစ်ဝက်လောက်ကို ဥမင်တူးရမည့်အဓိပ္ပါယ်ပင်။ တူးထားသည့်မြေများကို စွန့်ရသည်က အခက်အခဲဖြစ်လာလိမ့်မည်။ လမ်းကြောင်းက သွေဖီသွားလျှင် မတော်တဆ တစ်စုံတစ်ယောက်၏အိမ်၏ မျက်နှာပေါ်ကျရောက်သွားလျှင် သို့မဟုတ် စစ်စခန်းတစ်ခုထဲ ရောက်သွားလျှင် ဒုက္ခရောက်သွားနိုင်သည်။
“ငါတို့တွေက အိမ်သစ်တစ်လုံး ရှာဖို့လိုတယ်”
သူတို့သည် ဦးလေးရွှီ၏နာမည်နှင့် အိမ်တစ်လုံး ရှာရန် ဆုံးဖြတ်လိုက်ကြ၏။ အဓိကအားဖြင့်မြို့တံတိုင်းနှင့် နီးပြီး သူတို့ထွက်ပြေးမည့်ဥမင်၏ လားရာအတိုင်း ဖြစ်ဖို့လိုသည်။
ကံအားလျော်စွာ ရှန်းလီနှင့် ချန်းသရှန်တို့သည် ဥမင်အတွင် ကောင်းမွန်သည့် အစပိုင်းနေရာတစ်ခုကို ရွေးချယ်ထားခဲ့ပြီး မြို့ဝင်ပေါက်နှင့်ဝေးကာ စီရင်စုဘေးက အတွင်းဘက်တွင် တည်ရှိသည်။ သူတို့သည် ထိုလားရာဘက်သို့ တူးနိုင်ခဲ့လျှင် ပုန်းခိုမည့်နေရာသို့ အောင်အောင်မြင်မြင် ရောက်နိုင်သည့်အခွင့်အရေးက မြင့်လာလိမ့်မည်။
သို့သော်လည်း အိမ်တစ်လုံး ရှာဖွေရခြင်းက မလွယ်ကူချေ။
မြို့တံတိုင်းနှင့် နီးသည့် အိမ်များက လုံးဝကို မရှိသလောက်ပင်။ ယခုအချိန်တွင် ရရှိနိုင်သည့် နေရာများကိုလည်း စစ်စခန်းက တဲများနှင့် ရွာသားများ၏ ယာယီတဲများက နေရာယူထားသည်...။
သူတို့၏ ဥမင်ကို စတူးဖို့ရန် တဲတစ်လုံး ဆောက်ဖို့ရန်ကတော့ မေးစရာမလိုသည့် မေးခွန်းပင်။ ဒါသည် လှုပ်ရှားမှုနှင့် တူးထားသည့်မြေများကို ဖုံးကွယ်ဖို့က ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။
အိမ်တစ်ချို့ကတော့ တံတိုင်းနှင့်နီးသည်။ သို့သော် သည်လိုအချိန်မျိုးတွင် မည်သူက သူတို့ကို အိမ်ရောက်မှာပါမည်နည်း။ အသက်ရှင်ရပ်တည်ဖို့ရန် အိမ်တစ်လုံးကို တဲတစ်လုံးနှင့် အရောင်းအဝယ်လုပ်ရမည်တဲ့လား။
ရှာဖွေလိုက်ပြီးနောက်တွင် သူတို့သည် မြို့၏ အနောက်ဘက် အကျဆုံးက အိမ်တစ်လုံးကို ကံအားလျော်စွာ ရှာတွေ့ခဲ့ကြသည်။ ဒါသည် တံတိုင်းနှင့် တော်တော်လေး နီးပြီး အလွန်ဆင်းရဲသည့် မိသားစုတစ်ခုက ပိုင်ဆိုင်သည်။ ထို့ကြောင့် သီးခြားဖြစ်နေပြီး အဆင်ပြေသော်လည်း စိန်ခေါ်မှုဖြစ်နိုင်သည့် ဥမင်တူးရန် အခွင့်အရေးတစ်ခု ရလာလေသည်။
ဦးလေးရွှီသည် အိမ်အတွင် စပါးနှစ်အိတ်နှင့် အလှဲအလှယ်လုပ်မည်ဟု တောင်းဆိုသည်။ ကြံရာမရဖြစ်နေသည့် မိသားစုသည် စပါးကိုမြင်လိုက်ချိန်တွင် တွေဝေသွားကြပြီး သူတို့၏နှုတ်ခမ်းများမှာ တုန်ယင်နေ၏။ တော်တော်လေး ကြိုးစားပြောဆိုပြီးနောက် အိမ်ရှင်အမျိုးသမီးက မျက်ရည်အပြည့်နှင့် သဘောတူလိုက်ကာ သူတို့သည် အိမ်စာချုပ်ကို ယူထုတ်လာခဲ့သည်။
မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာသည့်အိမ်သည် အခုတော့ တခြားသူ၏လက်ထဲသို့ ရောက်သွားတော့သည်။
ပိုင်ဆိုင်မှုလွဲပြောင်းခြင်းအတွက် စီရင်စု ရုံးတော်သို့သွားခြင်း ဘာသံသယမှ မဖြစ်ခဲ့ချေ။ ဦးလေးရွှီသည် အပြင်လူတစ်ယောက်ဖြစ်ပြီး ရုတ်တရက် စစ်တပ်က လွဲယူလိုက်ပြီး အဝင်အထွက် ပိတ်ထားခြင်းကြောင့် မြို့ထဲတွင် ပိတ်မိနေသည့် တခြားအပြင်လူများ ရှိနေခြင်းကြောင့်ပင်။
ပိုင်ဆိုင်မှု လွဲယူပြီးနောက် ဦးလေးရွှီးသည် တဲအိမ်ဟောင်းထဲသို့ ပြောင်းလာလိုက်သည်။ မူလနေထိုင်သူများက စီရင်စုရုံးတော်မှ သစ်နှင့်ကောက်ရိုးများကို သုံးပြီး အနီးအနားတွင် တဲကုပ်လေးနှစ်လုံး ထိုးနေကြသည်။
မြို့တံတိုင်းအနီးနားက နေရာသည် နေရာတိုင်းတွင် တဲကုပ်လေးများနှင့် ဖရိုဖရဲဖြစ်နေပြီး စစ်စခန်းများက အနည်းပိုဝေးသည့်နေရာတွင် ရှိသည်။ ထိုနေ့ကြက ဦးလေးရွှီနှင့် ရွှီဝမ်ချင်းတို့သာ ဥမင်တူးရန် အဓိကလူများအဖြစ် ထိုနေရာသို့ သွားလိုက်ကြသည်။ စီရင်စုတွင် လူသိများသည့် ဆိုင်တာဝန်ခံရွှီကတော့ နေ့ခင်းဘက်တွင် အိမ်နားသို့ပင် မကပ်ရဲပေ။
...
ရွှီမိသားစုက ထွက်ပြေးနိုင်သည့် မျှော်မှန်းချက်နှင့် လမ်းကြောင်းတစ်ခုကို ရှာတွေ့သွားချိန်တွင် စီရင်စုကျောင်း အပြင်ဘက်က တဲကုပ်လေးများထဲက တစ်ခုထဲတွင် ကျွတ်ဆတ်ဆတ်ရိုက်သံတစ်ခု ထွက်လာသည်။
ရှန်းမိသားစု၏ အသစ်ဆောက်သည့် တဲကုပ်လေးထဲတွင် ကျပ်တိုက်ထားသည့်အသားနံ့ သင်းသင်းလေးက ရှန်းစန်း၏ဘေးက အိတ်တစ်ခုထဲမှ ထွက်လာခဲ့သည်။
အနံ့သည့် ရေးရေးလေးသာ ဖြစ်သော်လည်း ကျပ်တိုက်ထားသည့် အသားနံ့ကိုတော့ မမှားနိုင်ပေ။ လီရှီသည် ဒါကို သေသေချာချာ ဝှက်ထာပြီး ရှန်းစန်းမှာ တဲကုပ် ဆောက်လို့မပြီးခင်အထိ သတိမထားမခဲ့ချေ။ ငြီးငွေ့စရာလေထုက အသားနံ့ကို ထုတ်ဖော်လိုက်သည်။
အချိန်အကြာကြီး အသားငတ်ပြတ်နေသည့် ရှန်းစန်းသည် အသားနံ့၏ အသေးငယ်ဆုံးသော အနံ့ကိုပင် မလွန်ဆန်နိုင်တော့ချေ။
အနံ့နောက်လိုက်ရင်း အသားကို ရှာဖွေလိုက်သည်တွင် ရှန်ကျင့်က စိုးရိမ်တကြီး အပြေးဝင်လာသဖြင့် ရှန်းစန်းသည် အရာအားလုံးကို သဘောပေါက်သွားတော့သည်။ ကောင်လေးက အမဲလိုက်ထားပြီး အသားကို သူမတွေ့အောင် ဝှက်ထားသည်က ရှင်းနေသည်။
ဒေါသထွက်ထွက်နှင့် ရှန်းစန်းသည် ရှန်းကျင့်ကို ခပ်ကြမ်းကြမ်းတစ်ချက် ပါးရိုက်လိုက်တော့သည်။
“မင်းက ငါ့သားရော ဟုတ်ရဲ့လား၊ ရှန်းကျင့်၊ မင်းရဲ့အမဲလိုက်ပညာကို ဖုံးကွယ်ထား အသားတွေကို စုဆောင်းထားပြီး မင်းအဖေအရင်းကိုတော့ အငတ်ခံထားတယ်ပေါ့ ဟုတ်လား၊ မင်း ငါ့ကို အဖေလို့တောင် သတ်မှတ်သေးရဲ့လား၊ သားသမီးဝတ္တရားကိုရော နားလည်ရဲ့လား”
“ဒီတော့ မင်းက ရှန်းလီဆီက အမဲလိုက်ပညာကို သင်ခဲ့တာတင်မကဘူး မင်းအဖေအရင်းကို သစ္စာဖောက်ပြီး မလေးစားနည်းပါ သင်ခဲ့တယ်ပေါ့လေ”
ထိုရိုက်ချက်ကာ အထိန်းအချုပ် မရှိရောက်လာလေရာ ရှန်းစန်း၏လက်များမှာ သူ့ဒေါသ၏ အားကြောင့်ပင် ထုံထိုင်းသွားတော့သည်။ အထူးသဖြင့် ပြီးခဲ့သည့်သု့းလက ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရပြီး သားဖြစ်သူက အသားအိတ်တစ်ခုလုံးကို ဝှက်ထားခဲ့မှန်း သိခဲ့ရသည့်အတွက်ပင်။
သို့သော်လည်း ဒေါသထွက်နေသည့် ကြားမှပင် ဝမ်းသာအားရလည်း ဖြစ်သွားလေသည်။ _ အသားအိတ်တစ်အိတ်လုံး မဟုတ်ပါလား။
ရှန်းစန်း၏မျက်နှာက ဒေါသနှင့် ပျော်ရွှင်မှုကြောင့် ရှုံ့မဲ့ကာ ထိတ်လန့်ချောက်ချားဖွယ် မျက်နှာထားတစ်ခုဖြစ်နေ၏။
ရိုက်ချက်ကြောင့် ပါးများ ထုံကျဉ်သွားသည့် ရှန်းကျင့်မှာ သူ့အဖေအသံကိုပင် သေချာမကြားနိုင်တော့ဘဲ ခုန်အုပ်ကာ အသားအိတ်ကို ကာကွယ်ထားလိုက်၏။
“အစ်ကိုကြီးက ဒါကို အရေးပေါ်အချိန်အတွက် ပေးခဲ့တာ” သူက ပြန်ခံပြောလိုက်သည်။
ရှန်းယင်၊ ရှန်းထျယ်နှင့် ရှန်းထျန်းတို့သည် ကြောက်လန့်နေကြလေသည်။ အငယ်ဆုံးလေး ရှန်းထျန်းမှာ သူမ၏အစ်ကိုကြီး အရိုက်ခံနေရသည့် မြင်ကွင်းကြောင့် မျက်ရည်များ စီးကျလာတော့သည်။
ရှန်းစန်းသည် သူ၏ငိုယိုနေသည့် သမီးကို လျစ်လျူရှုထားလိုက်ပြီး ရှန်းကျင့်၏ ကာကွယ်နေသည့် တုန့်ပြန်မှုကြောင့် ဒေါသထွက်သွားကာ သူ့ကို ကန်ကျောက်တော့သည်။ ဒါသည် ပြင်းထန်သည့်ကန်ချက်တစ်ခုတော့ မဟုတ်ချေ။ ဗိုက်ဆာနေစဉ် သားဖြစ်သူက အသားကို သိုဝှက်ထားသဖြင့် သူ့ဒေါသကို ပြသသည့်အမူအရာပင်။
ရိုက်သံကို ကြားလိုက်သည့် လီရှိသည် အလောတကြီးပြေးဝင်အလာ ရှန်းစန်းက ရှန်းကျင့်ကို ကန်ကျောက်နေသည်ကို တွေ့လိုက်ရ၏။ သူမက လက်ထဲက ရေအိုးဖြင့် ရှန်းစန်း၏ခေါင်းကို ပစ်ပေါက်လိုက်၏။
ရှန်းစန်းသည် ရှောင်လိုက်ပြီး တိုက်ရိုက်ထိမှန် မခံလိုက်ရသော်လည်း ရေများက သူ့ကို ရွှဲသွားပြီး တဲထဲက အသစ်လုပ်ထားသည့် အိပ်ရာမှာ ရွှဲနစ်သွားလေသည်။
“မင်း ရူးနေပြီလား မိန်းမ၊ ကိုယ့်ယောက်ျားကို တိုက်ခိုက်ရလား၊ ရှန်းကျင့် အသားတွေ ဝှက်ထားတာ မင်း သိနေတယ်မလား”
လီရှီသည် အသားဟု အော်လိုက်သည့် ရှန်းစန်း၏ကျယ်လောင်သည့် အသံကြောင့် မူးနောက်သွားကာ အော်ဟစ်လိုက်၏။ “ဟုတ်တယ်၊ ရှန်းလီပေးထားတဲ့ အဲဒီနှစ်ပိုင်းလေးပဲ၊ ရှင့်ကြောင့် သေတော့မလိုခဲ့တဲ့ ရှင့်တူလေးက ကလေးတွေကို ပေးထားတာ၊ ဒါကို ရှင်က စားချင်တယ်ဟုတ်လား၊ နင့်မှာ အရှက်မရှိဘူးလား”
“ငါက ဘာလို့ စားလို့မရရမှာလဲ၊ ငါက ဘာလို့ မစားသင့်တာလဲ၊ ငါ အဲဒီမောင်နှမသုံးယောက်ကို ကျွေးမွေးထားခဲ့တာပဲ” ရှန်းစန်းက ပြန်ချေပသည်။
အနီးနားက တဲကုပ်များက အိမ်နီးချင်းများသည် အများစုမှ ရှီလီရွားက ဖြစ်ကြပြီး ရှန်းမိသားစု၏ ကိစ္စအားလုံးကို ကောင်းကောင်းသိနေသဖြင့် အသားဟု ပြောလိုက်သည်တွင် နားစွင့်ထားလိုက်ကြလေသည်။
“ရှန်းလီ ပေးခဲ့တဲ့အသားတဲ့လား”
တစ်ချို့က အသားဟူသည့်အတွေးကြောင့် သွားရေကျနေကြပြီး စကားတစ်လုံးထဲတွင် စွဲနေထင်နေကြကာ တချိုးကတော့ ရှန်းလီနှင့် သူနှင့်အတူထွက်သွားသည့် မိသားစုများကို သတိရသွားလေသည်။
“ရှန်းလီက အရည်အချင်းရှိတဲ့လူတစ်ယောက်ပဲ၊ ချန်းသရှန်လဲ ပါသေးတယ်ဆိုတော့.... အခုဆိုရင် သူတို့တွေ တောင်အတွင်း ဘယ်လောက် ဝေးဝေးတောင် ရောက်နေပြီလဲမသိဘူး၊ သားရိုင်းကောင်းတွေနဲ့ တွေ့လဲ ရှန်းလီက သူတို့ကို သေချာပေါက် ကာကွယ်ပေးနိုင်တယ်လေနော်”
“သူတို့တွေက အခွန်မပေးဘဲ စပါးတွေကို သူတို့နဲ့အတူ ယူသွားခဲ့ကြတာ၊ သူတို့တွေက နေခဲ့တဲ့ငါတို့တွေထက် ပိုပြီးကောင်းကောင်းမွန်မွန် နေရမှာပဲ၊ ဟုတ်တယ်မလား”
တချို့က အားကျကြပြီး တချို့က နောင်တရကြသည်။ ဟုတ်ပါသည်။ တောင်အတွင်းပိုင်းသို့ ထွက်ပြေးသွားသူများသည် အခုလောက်ဆိုလျှင် သားရိုင်းကောင်များ၏ ဗိုက်ကို ဖြည့်ပြီးနေလောက်ပြီဟု ယူဆကြပြီး အများစုကတော့ ရှုံ့မဲ့ကြသည်။ အရည်အချင်းရှိသည့် ယောက်ျားအနည်းစုက လူငယ်၊ လူကြီးအများကြီးကို မည်သို့ ကောင်းကောင်းမွန်မွန် ကာကွယ်ပေးနိုင်ပါမည်နည်း။ သူတို့သည် သည်နေရာက သူတို့ထက် ဘယ်လိုလုပ်ပြီး ပိုလုံခြုံနိုင်ပါမည်နည်း။
သူတို့မသိသေးသည်က ချီယန်စီရင်စု၏ ဖွင့်ချတော့မည့် အိပ်မက်ဆိုးက ယခုမှ အစပင်ရှိသေးသည့် အကြောင်းပင်။
....
ရှန်းစန်းနှင့် သူ့မိန်းမတို့က ရန်ဖြစ်နေကြစဉ် ရှီလီရွာအတွင်း တခြားနေရာတွင် အပြင်လောကအကြောင်း မသိကြသည့် ရှန်းလီနှင့် ချန်းသရှန်တို့သည် လုအာ့လန်၊ ရှီသလန်တို့နှင့်အတူ လျှိုမြောင်မှ နေ့တဝက်စာ ခရီးထွက်လာပြီး တကောင်ရှိနေသည့် တောဝင်ကို အမဲလိုက်ပြီးစ ဖြစ်လေသည်။
တောဝက်မှာ အလွန်ကြီးမားပြီး ကြီးမားလွန်းသဖြင့် လျှိုမြောင်ဝင်ပေါက်ထဲသို့ သယ်ပြန်လို့မရချေ။ ယောက်ျားသား လေးယောက်က ဂူတစ်လုံးကို ရှာဖွေလိုက်ကြပြီး တစ်ယောက်က စောင့်ကြည့်နေစဉ် ကျန်သုံးယောက်က တောဝက်ကို အပိုင်းအကြီး တော်တော်များများဖြစ်အောင် မြန်မြန်ကိုင်လိုက်ကြသည်။
တောဝက်ကို အမဲလိုက်ခဲ့ပြီးနောက် သူတို့သည် သွေးများကို သန့်ရှင်းရေးလုပ်လိုက်ကြပြီး သူတို့ခြင်းများ၏ အောက်ခြေကို သစ်ရွက်များဖြင့် အထူကြီးခင်းလိုက်ကြကာ သွေးစက်များ စိမ့်မထွက်နိုင်အောင် သေချာလုပ်လိုက်ကြသည်။ တစ်ယောက် ခြင်းတစ်လုံးစီ သယ်လာကြပြီး သူတို့သည် တိမ်လွှာတောင်ကြားသို့ ပြန်လာခဲ့ကြလေသည်။
ဒါသည် အိမ်ထောင်စု တစ်ခုစီအတွက် ပရိဘောဂများကို ပြုလုပ်ပြီးစီးကတည်းက ဒုတိယအကြိမ် အကြီးစားအမဲလိုက်ထွက်ခြင်းပင်။
၅လပိုင်းအရောက်တွင် လျှိုမြောင်ထဲက အကန့်အသတ် စိုက်ပျိုးမြေများသည် စပါးနှင့် အသီးအရွက် စိုက်ပျိုးရန် အပြည့်အဝ အသုံးချနိုင်ခဲ့သည်။ ကောက်ပဲသီးနှံခင်းများအတွက် အောင်အောင်မြင်မြင် ဆောင်ရွက်ပြီးနောက်တွင် သူတို့၏ အရံဟင်းလျာ၏ အဓိကရင်းမြစ်မှာ အမဲလိုက်ခြင်း ဖြစ်လာ၏။
အသားပိုများသည့် ပိုကြီးသည့် သားကောင်ကို အာရုံစိုက်ထားရာ တောဝက်များက သူတို့သဘောကျသည့် ပစ်မှတ်များပြီး သည်တောင်များထဲတွင် အများဆုံး ကြီးကြီးမားမားတွေ့ရလေ့ရှိသည့် တိရစ္ဆာန်ပင်။
ရှန်းလီ၊ ချန်းသရှန်၊ လုအာ့လန်နှင့် ရှီသလန်တို့ကသာ တောထဲတွင် နေသားကျကြနေသဖြင့် သည်လို အကြီးစားအမဲလိုက်ခြင်းအတွက် တောအတွင်းပိုင်းသို့ သွားလာရဲကြလေသည်။
လျှိုမြောင်ထဲသို့ အသားယူပြန်လာခြင်းက အထူးသဖြင့် လူကြီးနှင့်ကလေးများကို အလွန်ပျော်ရွှင်စေပြီး ပွဲတော်တစ်ခုနှယ်ပင်။
တောဝက်လို ကြီးမားသည့် အမဲကောင်ကို ခွဲဝေရာတွင် လုပ်ဆောင်ချက်ပေါ် အဓိကကျလေသည်။ ရှန်းလီနှင့် ချန်းသရှန်တို့က အများဆုံးရပြီး လုအာ့လန်ပြီးလျှင် ရှီသလန်ကတော့ သူ၏မသန်စွမ်းခြင်းကြောင့် အနည်းဆုံးရသည်။
သို့သော်လည်း ပေါင် ၂၀၀ -၃၀၀ခန့်လေးသည့် တောဝင်ကြီးတစ်ခုကောင်သည် အနည်းဆုံး ဝေစုပင် တော်တော်လေး လောက်လောက်ငှငှ ရှိလေသည်။
တိမ်လွှာတောင်ကြားထဲတွင် မိသားစု ခြောက်စုသည် ညီညွှတ်မျှတစွာ နေထိုင်ကြပြီး အချင်းချင်း ထောက်ပံ့ပေးကာ အားလုံးက ကိုယ့်နည်းလမ်းအတိုင်း ဆောင်ရွက်ကြလေသည်။ ခွန်အားသုံးရသည့် အလုပ်မလုပ်နိုင်သည့် ဝေ့ချင်းဟယ်ကပင် ကလေးများ စာ အရေးအဖတ် သင်ပေးရန် တာယူထားလေသည်။
ကျိုးချွမ်ကျန့်၏မိသားစုကလည်း ကူညီဆောင်ရွက်ပေးကြသည်။ သူ့ချွေးမနှစ်ယောက်မှာ ရက်လုပ်ရာတွင် ကျွမ်းကျင်ကြသည်။ ဖန်းလျိုညန်နှင့် ချန်းယိုထျန်းတို့နှင့်အတူ သူတို့သည် သူတို့၏မှတ်ဉာဏ်များကို အားကိုးပြီး အမှားများစွာ လုပ်ခဲ့ပြီးနောက်တွင်တော့ ရက်ကန်းစင်တစ်ခု ဆောက်နိုင်ခဲ့လေသည်။
တလောက သူတို့သည် တောင်ထဲတွင် လျှောရိုင်းပင်များကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ထိုအရာများကို ရှန်းလီနှင့် တခြားယောက်ျားများက သွားခုတ်ပေးခဲ့ကြသည်။ အခုတော့ ရက်ကန်းစင်ကို ကလေးများ စာလုပ်ကြသည့် သစ်ပင်ကြီးအောက်တွင် ဆင်ထားပြီး စာဖတ်ရန်နှင့် ရက်ကန်းရက်ရန်အတွက် မိသားစုများက စုပေါင်းပြီး ဇရပ်တစ်ခုလေးတစ်ဆောက်လိုက်ကြသည်။
ထို့ကြောင့် ရှန်းလီနှင့်တခြားသူများက သည်လောက်ကြီးမားသည့် အမဲကောင်ကို ယူပြန်လာချိန်တွင် သူတို့သည် ဒါကို မိသားစုလေးခုအပြင် ပုံမှန်အတိုင်း ဝေငှပေးကြသည်။ တောဝက်အရွယ်အစားပေါ်မူတည်ပြီး ကျိုးနှင့် ရွှီမိသားစုကလည်း ဝေစုတစ်ခုစီ ရပြီး သူတို့တွင် ချက်ပြုတ်ရန်အတွင် ဆီများရှိသဖြင့် မကြာခဏဆိုသလို အသားများကို စားသောက်နိုင်လေသည်။
မကြာခဏ အမဲလိုက်ထွက်ခြင်း ခရီးကြောင့် တိမ်လွှာလျှိုမြောင်ထဲက ဘဝသည် သက်တောင့်သက်သာ ရှိသည့်အပြင် လူ့အဖွဲ့အစည်းတစ်ခု၏ ခံစားချက်လည်း ရရှိလေသည်။
ရှန်းမိသားစုသည် နောက်ထပ် ပေါများကြွယ်ဝသည့် အစားအသောက် ရှိလာခဲ့သည်။ သူတို့သည် တောဝက်သားများကို ဆားနယ်ပြီး အသားခြောက်များ လုပ်ကာ သိမ်းထားလိုက်သည်။ ထိုနေ့ညတွင် စန်းလော့က သူတို့ရထားခဲ့သည့် ဝက်ကလီစာကို ဆေးကြောပြီး ဝက်အူဟင်းရည်ကို ချက်ပြုတ်ရန် စီစဉ်ထားလိုက်ကာ တချို့ကိုတော့ မြေအိုးတစ်ခုထဲထည့်ကာ နောက်ရက်အတွက် သိမ်းထားလိုက်သည်။
ဝက်အူများကို ဆေးကြောရသည်က မခက်ခဲချေ။ ရှန်းအန်းက တာဝန်ယူပေးပြီး ဝက်အူများကို ပွတ်တိုက်ဆေးကြောရန် ပဲနှစ်များ လက်တစ်ဆုပ်အပြည့် သုံးလိုက်သည်။
ထိုနေ့ညခင်းတွင် အသားချက်ပြုတ်သည့် ရနံ့က နေထိုင်ကြသည့် ဂူတစ်ခုစီမှ ဝေ့တက်လာလေသည်။ စန်းလော့နှင့် ရှန်းနဉ်တို့က ညစာပြင်ဆင်နေစဉ် ရှန်းလီက သူမနှင့် လာတိုင်ပင်၏။
“အားလော့ ကျွန်တော် နောက်ဆုံး အပြင်ထွက်ပြီးကတည်းကဆိုရင် ရက်ပေါင်း ၄၀-၅၀ လောက်ရှိပြီ၊ အခု အိမ်က အရာအားလုံးလည်း အဆင်ပြေပြေရှိနေပြီ၊ ကျွန်တော်တို့မှာလဲ အစားအသောက် လုံလုံလောက်လောက်ရှိတယ်၊ ဆိုင်တာဝန်ခံရွှီက စာလေးများ ထားခဲ့မလားလို့ ကျွန်တော် အပြင်ထွက်ဖို့ စဉ်းစားထားတယ်”
စန်းလော့သည် သူမ၏လှုပ်ရှားမှုများကို နှေးကွေးသွားပြီး စဉ်းစားလိုက်၏။ ရှန်းလီက တောထဲက လမ်းတွေနဲ့ အသားကျနေပြီပဲ။ ဒီတော့ အရမ်းအန္တရာယ် မများလောက်ပါဘူးလေ။
သူတို့သည် လျှိုမြောင်ထဲတွင် အဆင်ပြေပြေ နေနေကြသော်လည်း အပြင်က အခြေအနေကိုတော့ မသိကြချေ။ ဒါကို သိနေသဖြင့် စန်းလော့က ခေါင်းညိတ်ပြလိုက်၏။ “ဒါဆို သွားလေ၊ အချိန်ကိုက်ပါပဲ၊ အဘွားရွှီလည်း တောင်အပြင်ဘက်မှ ဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး တော်တော်လေး စိတ်ပူနေမယ်လို့ ထင်တယ်”
လျှိုမြောင်ထဲတွင် အဆင်ပြေပြေ နေနိုင်သည်တွင် ဘယ်အမေက သူမ၏ကလေးများနှင့် မြေးများကို မစိုးရိမ်ဘဲ နေပါမည်နည်း။ သူမသည် ဒါကို ထုတ်မပြရဲခြင်းသာ ဖြစ်လိမ့်မည်။
စန်းလော့က မငြင်းပယ်သည်ကို တွေ့လိုက်ရတော့ ရှန်းလီက ပြုံးလိုက်ပြီး
“ဒါဆိုရင် ကျွန်တော် ဒီကိစ္စကို နောက်မှ သရှန်နဲ့ တိုင်ပင်လိုက်မယ်၊ ကျွန်တော်တို့ အပြင်ထွက်တဲ့အခါကျရင် လုဦးလေး(၂)နဲ့ ရှီဦးလေး(၁)တို့က လျှိုမြောင်ထဲမှာ နေပြီး မင်းတိုလုံခြုံရေးကို စောင့်ရှောက်ပေးလိမ့်မယ်”
...
အပိုင်း (၁၅၈ ) ဆိုးယုတ်သွားကြခြင်း
ရှန်းလီနှင့်စန်းလော့တို့သည် ဆိုင်တာဝန်ခံရွှီထံမှ စာကိုစစ်ဆေးဖို့ရန် အပြင်ထွက်ဖို့ တိုင်ပင်နေကြစဥ် အဝတ်အစားများစုတ်ပြဲနေသည့် စစ်သားတစ်ဖွဲ့က ချီယန်စီရင်စုဆီသို့ အသည်းအသန် ထွက်ပြေးနေကြလေသည်။
ချီယန်စီရင်စုထဲက ချမ်းသာသည့်မိသားစုတစ်ခုက လှူဒါန်းထားသည့် လေးကန့်တွဲအိမ်တော်တစ်ခု အတွင်းတွင် ဒီအင်္ကျီစုတ်ပြတ်နေသည့် စစ်သားများ၏ခေါင်းဆောင်ကို မြို့၏အမိန့်တော်ပြန် အရာရှိနေထိုင်သည့် ယာယီနေရာသို့ ခေါ်ဆောင်လာခဲ့သည်။
အခြေအနေက ညပိုင်းတွင် အင်မတန်မှ တင်းမာလေသည်။ လမ်းပြနှင့်သူ့နောက်က ညစ်ပတ်ပေရေနေသည့် ဒဏ်ရာရနေသည့်လူများမှာ အသက်ပင် ကျယ်ကျယ်မရှူရဲကြပေ။ -
ကျယ်လောင်သည့် ကြွေပန်အိုးတစ်လုံး ကွဲရှသံက စာဖတ်ခန်းထဲမှ ထွက်လာ၏။ ချန်မျိုးနွယ်အစ်မည်ရ စစ်သူကြီးငယ်လေးက ပြင်းစွာဒေါသထွက်နေသည့် အမူအယာတစ်ခုဖြစ်နေသည်။ သူအကြည့်က မည်းနက်ပြီး ကြောက်မက်ဖွယ်ဖြစ်နေကာ သူသည် ဒူးထောက်နေသည့် လက်အောက်ငယ်သားကို စိုက်ကြည့်နေလေသည်။
"ထပ်ပြောစမ်း၊ စပါးနဲ့ရိက္ခာတွေ ဘယ်မှာလဲ"
ထိုလူသည် ခေါင်းကိုမမော့ရဲဘဲ သူ၏ဦးထုပ်က တစ်ဝက်လောက်ဖုံးနေကာ သူ့အသံက တုန်ယင်နေလေသည်။
"ချုံခိုတိုက်ခိုက်ခံရတာ... ဓားပြတွေရဲ့ ချုံခိုတိုက်ခိုက်ခံခဲ့ရပါတယ်"
"မင်းတို့တွေက ဘယ်လိုဖြစ်ပြီး အသက်ရှင်လျက် ပြန်လာနိုင်ခဲ့တာလဲ"
"အသုံးကို မကျဘူး"
ဒီလို ထေ့ငေါ့နေသည့် မှတ်ချက်သံနှင့်အတူ ဝုန်းခနဲ အသံတစ်ချက် ထွက်လာပြီး ဒူးထောက်နေသည့်လူသည် မြေကြီးပေါ်သို့ ကန်ကြောက်ခံလိုက်ရလေသည်။ သို့သော်ငြားလည်း သူ့မှာ အသံတစ်ချက်ပင် မထွက်ရဲချေ။
"အထူးရဲမက်၅၀၀ကိုခေါ်လာခဲ့၊ ငါနဲ့အတူတူ မြို့ပြင်ကိုထွက်မယ်"
ချီယန်စီရင်စု၏ညသည် ဆူညံကာ ယောက်ယက်ခတ်နေလေသည်။ မီးတုတ်များကိုင်ထားသည့် ရဲမက်အရေအတွက် အများအပြားက အလျင်စလို ထွက်လာပြီး ခဏအကြာတွင်တော့ စိတ်ပျက်ဖွယ်ရာ လက်ဗလာများဖြင့် ပြန်ရောက်လာပြန်သည်။
စီရင်စုအစိုးရရုံး၏ အနောက်ဘက်ခြံထဲတွင် တရားသူကြီးဝေသည် မြို့စောင့်ရဲမက်များထံမှ စာတစ်စောင်ရရှိခဲ့ပြီး သူ့အမူအယာက အင်မတန်မှ စိုးရိမ်ကြောင့်ကြနေပုံရသည်။
"ရဲမက်တွေတောင် မလှုပ်ရှားရသေးဘူး၊ ရိက္ခာက လမ်းမှာတင်ပျော က်သွားပြီတဲ့ ရိက္ခာတွေကို ဘယ်လိုလုပ်ပြီးတော့ လုယက်ခံလိုက်ရတာလဲ"
ထို့နောက်တွင် သူသည် အရေးပေါ်အစိုးရညွှန်ကြားချက်ကို စဥ်းစားမိသွားပြီး ရှေ့ဆက်မလုပ်နိုင်တော့ပေ။ ဒါသည် သူ့စီရင်စုတစ်ခုထဲ ဖြစ်နေခြင်း မဟုတ်ကြောင်း သဘောပေါက် လိုက်လေသည်။ များပြားလှသည့် အရေးပေါ်တပ်ဖြန့်ထားရသည့် အဓိပ္ပါယ်မှာ ပြင်ဆင်ဖို့ရန်အတွက် အချိန်မလောက်ငှသည့် အဓိပ္ပါယ်ပင်။
စီရင်စုရုံး၏စပါးကျီနှစ်ခုကို သေချာစဥ်းစားမိလိုက်ပြီး ဆွေးနွေးတိုင်ပင်ဖို့ရန် စီရင်စုတရားသူကြီးများကို ဆင့်ခေါ်မည် ပြင်လိုက်စဥ်တွင် သူ့ကို တိုးတိုးလေး ချဥ်းကပ်ပြီး လာပြောသည့် တံခါးစောင့်၏ ကြားဖြတ်ခြင်းကိုခံလိုက်ရသည်။
"စစ်သူကြီးချန် ရောက်နေပါတယ်"
တရားသူကြီးဝေသည် အံကြိတ်ထားလိုက်ပြီး သူ့တည်နေရာကတော့ အမှန်ပင် ပစ်မှတ်ထားခံလိုက်ရပြီဖြစ်ကြောင်း နားလည်လိုက်သည်။
သူ့မျက်နှာက ဒေါသကြောင့် တွန့်ရှုံ့သွားသော်ငြားလည်း မတတ်နိုင်တော့ဘဲ လုပ်ယူထားသည့်အပြုံးတစ်ခုကို ဆောင်ထားလိုက်ပြီး အပြင်ထွက်ကာသွားတွေ့လိုက်လေသည်။
...
စီရင်စု၏အရေးပါသည့် အရာရှိမင်းနှစ်ယောက်သည် ညကြီးသန်းခေါင်တွင် ဆွေးနွေးနေကြပြီး မည်သူက မည်သူ့ကို အလျှော့ပေးသင့်ကြောင်း တိုင်ပင်ရာတွင် အဖြေက လုံးဝ ထွက်မလာခဲ့ပေ။
မိုးသောက်ယံ ရောက်လုနီးနီး နောက်တနေ့ မနက်ခင်းတွင် ချီယန်စီရင်စု၏ ချမ်းသာသည့်နေရာများတွင် ထူးထူးခြားခြား စည်းကားလာလေသည်။ ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ရဲမက်တစ်ဖွဲ့ကို ဦးဆောင်ကာလာသည့် စစ်သူကြီးချန်သည် စပါးများကို စုစည်းရန် ချမ်းသာသည့်မိသားစုဆီသို့ တစ်အိမ်တက် တစ်အိမ်ဆင်း သွားနေလေသည်။ ဆိုင်တာဝန်ခံရွှီ နေထိုင်သည့်အိမ်မှာ သေးငယ်သော်ငြားလည်း ဒီနေရာသည် နေရာကောင်းတစ်ခု ဖြစ်နေသည်။ အပြင်ဘက်က ဆူညံသံကို ကြားလိုက်သဖြင့် သူက အပြင်ထွက်ပြီး စစ်ဆေးကြည့်လိုက်ရာ တစ်နာရီကျော်ကြာမှ မေးမြန်းလေ့လာခြင်း ပြီးဆုံးသွားသည်။
စစ်တပ်က ချမ်းသာသည့်မိသားစုများထံမှ စပါးအကျိုးဆောင်ဖို့ ရှာဖွေနေကြခြင်းပင်။
မြို့စောင့်တပ်မှုးကို ကျေနပ်သည့်ပမာဏလောက် လိုလိုလားလား လှူဒါန်းပေးခဲ့သည့်လူများကိုတော့ ဖော်ဖော်ရွေရွေဆက်ဆံပြီး အပြုံးများဖြင့် ကြိုဆိုနှုတ်ဆက်ကြကာ သူတို့သည် ဝင်လာပြီး ပြန်ထွက်သွားကြသည်။ ဟုတ်ပါသည်။ အဖော်လိုက်လာသည့် ရဲမက်များကလဲ သိသာထင်ရှားသည့် စပါးပမာဏကို ရယူနိုင်ပေသည်။
ဆင်ခြေများပေးပြီး မပူးပေါင်းလိုသည့်သူများဖြစ်စေ၊ နည်းနည်းပါးပါး လှူဒါန်းကြသူများဖြစ်စေ၊ တောင်းပန်ခြင်း အကြောင်းသာ နောက်က လိုက်လာလေသည်။ သူတို့၏အိမ်များကို နှံ့နှံစပ်စပ် ရှာဖွေခံရသည့်အပြင် တံတိုင်းများနှင့်ကြမ်းပြင်များကိုပါ စစ်ဆေးခံရပြီး လျှိုဝှက်တိုက်ခန်းများနှင့် မြေအောက်ခန်းများပါ ပေါ်ပေါက်သွားလေရာ ကြီးမားသည့် စပါးအရေအတွက်များကိုပင် သိမ်းယူခံလိုက်ရသည်။
ရစရာ ဘာမှမရှိသည့် အခြေခံလူတန်းစားနေထိုင်ရာ အိမ်များက သူတို့၏ပိုင်ဆိုင်မှုများကလဲ ရဲမက်များ၏ ပစ်မှတ်ထားခြင်း ခံရလေသည်။ ပုံမှန်ဆိုလျှင် ချမ်းသာကြွယ်ဝကြသည်သူများမှာ ယခုတော့ ဖြူဖတ်ဖြူရော်မျက်နှာများ ဖြစ်နေကြပြီး တစ်ချို့က မျှော်လင့်ချက်မဲ့စွာ ငိုကြွေးနေကြကာ တစ်ချို့ကတော့ ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ပြိုလဲသွားကြလေသည်။
ရဲမက်များက ထိုတုံ့ပြန်မှုများကို ဂရုမစိုက်ပေ။
ဆိုင်တာဝန်ခံရွှီသည် နံရံနှင့်ကြမ်းပြင်များကို သေသေချာချာ စစ်ဆေးခံရသည်ဟု ကြားလိုက်သည်တွင် မနေ့ညက သူ့သားကြီးနှင့် ရွှီဦးလေးတို့ စတင်တူးနေသည့် ဥမင်ကိုသတိရသွားပြီး ချွေးအေးများ ထွက်လာတော့သည်။
ကံအားလျော်စွာ သူတို့၏ရှာဖွေမှုသည် ပိုပြီးကြီးမားသည့် အိမ်ထောင်စုများကိုသာ ပစ်မှတ်ထားလေရာ ကံနည်းပြီး အသင့်အတင့်သာရှိသည့် အိမ်ထောင်စုများကိုတော့ စေ့စေ့စပ်စပ် ရှာဖွေခြင်းမှ လွတ်ကင်းပေးလေသည်။
အိမ်သို့ပြန်ရောက်လာသည်တွင် ဆိုင်တာဝန်ခံရွှီသည် သူပြန်ရောက်လာလျှင် တည့်ခင်းပေးဖို့ရန်အတွက် ဝေ့လင်းကျန့်က မီးဖိုပေါ်တွင် နွေးပြီး ပြင်ဆင်ပေးထားသည့် မနက်စာကို တွေ့လိုက်ရသည်။
ဆန်ပြုတ်အလွတ်တစ်ပန်းကန်။ အမှန်ပင် ရိုးရှင်းလှသည်။ အဓိကအပျိုရံတစ်ယောက်အဖြစ် ကောင်းကောင်းမွန်မွန် စောင့်ရှောက်ခံလာခဲ့ရသည့် ဝေ့လင်းကျန့် မဆိုထားနှင့် ဆိုင်တာဝန်ခံရွှီကပင် ဒီလိုနိမ့်ကျလှသည့် ထမင်းတစ်နပ်ကို မတွေ့ကြုံခဲ့ရသည်မှာ နှစ်ပေါင်းများစွာရှိနေပြီ ဖြစ်သည်။
သူ့မိန်းမဖြစ်သူ၏လက်ကို ဖမ်းဆုပ်လိုက်ပြီး သူက ပြောလိုက်သည်။
"မင်းကို ငါနဲ့အတူ ဒုက္ခရောက်စေမိတဲ့အတွက် တောင်းပန်ပါတယ်"
"ရှင်ဘာတွေပြောနေတာလဲ ဒီလိုအချိန်မျိုးမှာ ဒါက ဘယ်သူရဲ့အမှားမှ မဟုတ်ပါဘူး၊ အပြင်ဘက်က ယာယီတဲတွေထဲက လူတွေနဲ့ယှဥ်လိုက်ရင် ကျွန်မတို့တွေက အများကြီးကို အဆင်ပြေနေပါပြီ၊ ရှင်ကအ ကောင်ဆုံးလုပ်ခဲ့တာပဲလေ။ သူမက သူ့ကို အားပေးစကားပြောလိုက်သည်။
သူမ၏ယောက္ခမ၊ ကလေး၊ မောင်နှင့်တူလေးများကို စီမံပေးသည့်အပြင် မြို့အပြင်ဘက်သို့ စပါးများသယ်ယူပို့ဆောင်ဖို့ရန် ခရီးအခေါက်ခေါက် သွားခဲ့ရကာ ရှဲ့ရှန်းတွင်လဲ လုံလောက်သည့်ရိက္ခာများကို သိုလှောင်ပေးထားသည်။ မြို့အပြင်ဘက်တွင်လဲ လျှိုဝှက်သည့် သိုလှောင်နေရာများကို လုပ်ထားရာ သူတို့သည် လူအများစုထက် ပိုပြီးတော့ အဆင်ပြေလေသည်။ အထူးသဖြင့် ဆန်ဆိုင်များမှာ ရိက္ခာများကို သိုလှောင်နေရသည့် အချိန်မျိုးတွင်ဖြစ်သည်။
အိမ်တော်ထိန်းတစ်ယောက်အနေဖြင့် သူသည် သူတို့၏အသက်ရှင်နေထိုင်ရေးအတွက်၊ သူ့အသက်အတွက် ရိက္ခာများကိုပင် ရင်းနှီးထားကာ မြို့ထဲတွင် နည်းနည်းသာချန်ထားသည်။ ထွက်ပြေးဖို့ရန် ဥမင်လှိုင်ခေါင်း တူးဖို့အတွက် အသစ်ဝယ်ယူထားသည့် အိမ်အတွက် ငွေကုန်ကျထားသည်ကိုတော့ ထည့်ပြောစရာပင်မလိုပေ။
အရာအားလုံးက အသက်ရှင်လွတ်မြောက်ဖို့ရန် ဖြစ်လေသည်။
ဆိုင်တာဝန်ခံရွှီက ဆန်ပြုတ်ကို စားလိုက်ပြီးနောက်တွင် နောက်ဆုံးတော့ ဝေ့လင်းကျန့်ကို အပြင်ဘက်တွင် ဖြစ်ပျက်နေသည့် အရာများကို ပြောပြလိုက်လေသည်။
သူက အခြေအနေအသေးစိတ်ကို ပြောပြလိုက်သည်။
"စစ်တပ်ကစပါးတွေကို သိမ်းယူနေတာ၊ လူချမ်းသာမိသားစုတွေ ဆီအထိ ရောက်လာပြီ၊ စီရင်စုရဲ့စပါးကျီကလဲ အခုဆိုရင် သူတို့ရဲ့ ခြိမ်းခြောက်မှုအောက် ရောက်သွားပြီ ထင်တယ်၊ ရဲမက်တစ်ထောင်လောက်က ရိက္ခာတွေလိုအပ်နေတာဆိုတော့ အသစ်ရောက်လာတဲ့ ရွာသားတွေက ရုန်းကန်ရလိမ့်မယ်။ တရာသူကြီးဝေက မလှုပ်မယှက် နေနေပေမဲ့လဲ ထင်ရာစိုင်းနေကြတဲ့ ကပ်ဘေးဒုက္ခသည်တွေက သူ့ကို လူချမ်းသာတွေဆီမှာ အမြတ်ထုတ်လို့ရအောင် ဖိအားပေးနေသလိုပဲ။ စစ်တပ်ကလဲ သူတို့ရဲ့စပါးတွေကို လုယက်ထားပြီးပြီ၊ တပ်မှုးကို ကြည့်ရတာလဲ ရက်စက်မဲ့ပုံပဲ၊ ပြည်သူတွေရဲ့အရေးကိစ္စကို ဂရုမစိုက်ဘူး။ ရဲမက်၅ထောင်လောက် ရှိနေတာဆိုတော့ အုံအုံကြွကြွ ဖြစ်လာရင်လဲ ဖိနှိပ်ခံရမှာပဲ။ ဖရိုဖရဲဖြစ်လာမဲ့ကိစ္စကတော့ ငါ မျှော်လင့်ထားတာထက် ပိုပြီးမြန်ဆန်မယ်ထင်တယ်"
ဝေ့လင်းကျန့်၏လက်များသည် ရောက်လာတော့မည့် ဖရိုဖရဲကိစ္စကို စဥ်းစားလိုက်မိချိန်တွင် တုန်ရင်သွားတော့သည်။ ခိုကိုးရာမဲ့နေကြသည့် ရွာသားများက လက်နက်များကိုင်ဆွဲထားသည့် တပ်ဖွဲ့ကို ရင်ဆိုင်ရဲလိမ့်မည်မဟုတ်ပေ။ သာမန်အိမ်ထောင်စုများကသာ အုံကြွမှုကိုခံစားရပေမည်။
သူမသည် အတိုင်းအတာတစ်ခုအထိ ထိတ်လန့်သွားမိသွားသည်။
"ကျွန်မတို့တွေ တကယ်ပဲ၊ ဒီနေရာကနေထွက်သွားနိုင်ပါ့မလား"
ဆိုင်တာဝန်ခံရွှီက ခေါင်းညိတ်ပြလိုက်သည်။
"အင်း ငါဒီနေ့ည သွားကူပေးလိုက်မယ် စပါးတွေကိုလဲ ငါနဲ့အတူတူ ယူသွားလိုက်မယ်။ မင်းနဲ့ဝမ်ဟုန်ကလဲ ငါ့နောက်ကလိုက်ခဲ့"
စီရင်စုထဲက လက်ရှိအခြေအနေတွင် သူသည် သူ၏စောင့်ကြည့်နေသည့် မျက်လုံးအောက်တွင် သူ့မိန်းမနှင့်ကလေးမပါလျှင် စိတ်အေးနိုင်မည်မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ ဖရိုဖရဲကာလ မပြင်းထန်လာခင်တွင် သူသည် သူ့မိန်းမနှင့်ကလေးကို ချီယန်စီရင်စုထဲက ခေါ်ထုတ်သွားရပေမည်။
....
တိမ်လွှာလျှိုမြောင်ထဲတွင် စန်းလော့သည် ရှန်းလီ ယူသွားဖို့ရန်အတွက် ရိက္ခာခြောက်များကို ပြင်ဆင်ပေးထားသည်။ ရှန်းလီနှင့် ချန်းသရှန်တို့အပြင် ဆန္ဒအလျှောက်လိုက်သွားချင်သည့် ဝေ့ချင်းဟယ်ကလဲ သူတို့နှင့်အတူ ပါဝင်ပေမည်။
အမဲလိုက်ဖို့ရန်အတွက် အပြင်ဘက်သို့ မသွားလိုသည့် ဝေ့ချင်းဟယ်က ရှန်းလီနှင့် ချန်းသရှန်တို့၏ သူ့ယောက်ဖနှင့် စာများကို အလဲအလှယ်လုပ်မည့် ဂူဆီသို့သွားမည်ဟု ကြားလိုက်သည်တွင် သူတို့နှင့်အတူ လိုက်ခဲ့ဖို့တောင်းဆိုလေသည်။
သူ့မိဘ၊ အစ်မ၊ ယောက်ဖနှင့် တူနှစ်ယောက်တို့က အပြင်ဘက်တွင် ရှိနေသေးသည့် အကြောင်းနှင့် မိသားစုဝင်အားလုံးကလဲ စိုးရိမ်နေကြသည်။ ရှန်းလီနှင့် ချန်းသရှန်တို့မှာ စာမတတ်သည့်အတွက် ဝေ့ချင်းဟယ် အတူတူလိုက်ခဲ့ဖို့ ဆန္ဒပြုလေသည်။
"တကယ်လို့ ကျွန်တော့်ယောက်ဖက စာတစ်စောင် ထပ်ထားခဲ့မယ်ဆိုရင် အစ်ကိုတို့တွေ စာဖတ်ဖို့ ခရီးတစ်ခေါက်ပြန်လာစရာ မလိုတော့ဘူးလေ"
ဒါကြောင့်ပင် ရှန်းလီနှင့် ချန်းသရှန်တို့က ဝေ့ချင်းဟယ်ကို အတူတူလိုက်ပါဖို့ လက်ခံပေးလိုက်ကြသည်။
စန်းလော့သည် ရှန်းလီအတွက် စာအုပ်တစ်ခုလုပ်ပေးလိုက်ပြီး သူသည် ထိုစာအုပ်ကို လက်ခံရရှိစဥ်ကတည်းက အမြတ်တနိုးထားရှိကာ နေ့တိုင်းစာဖတ်ခြင်းနှင့် စာရေးလေ့ကျင့်ခြင်းအတွက် အချိန်များကိုပိုပြီး သုံးလာခဲ့သည်။ စန်းလော့က ဂူထဲတွင် အများဆုံးနေတတ်ပြီး မကြာခဏဆိုသလို သူ့ကိုသင်ကြားပြသပေးကာ သင်ယူခြင်းတွင် မနှေးကွေးသည့် ရှန်းလီကလဲ တိုးတက်မှုကောင်းကောင်း ရှိလာသည်။
သို့သော်ငြားလည်း အချိန်က အလွန်မှ တိုတောင်းလှသည်။ လတစ်ဝက်သာရှိသေးသည့် စာလေ့လာခြင်းက ရှန်းလီအတွက် စာများကို သူကိုယ်တိုင်နားလည်ဖို့ရာ လုံလောက်မှုမရှိသေးချေ။
သူတို့အပြင်ထွက်မည့်သတင်းက မိသားစုအားလုံးဆီသို့ ပြန်နှံ့သွားသည်တွင် မိသားစုတစ်ခုချင်းစီက ထွက်လာကြပြီး သူတို့ကို နှုတ်ဆက်ကြလေသည်။
လျှိုမြောင်ထဲကဘဝသည် ကောင်းမွန်သော်ငြားလည်း အားလုံးက အပြင်ဘက်လောကနှင့်ပတ်သတ်သည့် စိုးရိမ်မှုတော့ ရှိနေကြသည်။ ဆွေမျိုးများရှိသူများက သူတို့၏သွေးသားများအတွက် ပူပင်ကြပြီး တစ်ချို့ကတော့ အလှမ်းဝေးလှသည့် သူတို့၏အိမ်များကို တမ်းတနေကြသည်။
လုအာ့လန်နှင့်ရှီသလန်တို့က သူတို့ပါ ရှန်းလီတို့နှင့် အဖော်လိုက်ခဲ့လျှင် ကောင်းမလားဟု မေးသော်ငြားလည်း ရှန်းလီက ငြင်းပယ်ကာပြောလိုက်သည်။
"ဦးလေးလု၊ ဦးလေးရှီ ကျေးဇူးပြုပြီးတော့ လျှိုမြောင်ထဲမှာပဲ နေပေးပါ၊ နေ့တိုင်း အလယ်ကုန်းပေါ်ကနေရာကို စောင့်ကြပ်ပေးပါ၊ ကျွန်တော်တို့ မပြန်လာခင် ဘယ်သူမှ လျှိုမြောင်ထဲက မထွက်စေနဲ့၊ ကျွန်တော် ဝင်ပေါက်နားမှာ သိပ်မကြီးတဲ့ကျောက်တုံးကြီးတစ်ချို့နဲ့ ပိတ်ထားလိုက်မယ်။ ဒါက အပြင်လူတွေဝင်မလာဖို့ အဓိက ကာကွယ်ပေးဖို့ပဲ၊ ဒါပေမဲ့ လိုအပ်ရင်တော့ အတွင်းဘက်ကနေပြီး ကျောက်တုံးတွေကို တွန်းလိုက်လို့ရတယ်"
ကျိုးချွမ်ကျန့်က ဂရုတစိုက်နားထောင်ကာ မေးလိုက်သည်။
"ဒီခရီးက ကြာမှာလား"
ရှန်းလီက ခေါင်းကာပြသည်။
"မသေချာဘူး၊ ပုံမှန်ဆိုရင်တော့ ခရီးတစ်ခု အသွားအပြန်က ၁၀ရက်လောက်ပဲ ရှိမယ်။ ဒါပေမဲ့ အခုက တောင်တွေထဲမှာ ကပ်ဘေးဒုက္ခသည်တွေ ပိုများလာတယ်ဆိုတော့ ကျွန်တော်တို့တွေ ပြသာနာကို ရှောင်ရှားဖို့ ကွေ့ဝိုက်ပြီးသွားဖို့လိုတယ်၊ အရင်တုန်းကလောက်တော့ လွယ်ကူမှာ မဟုတ်ဘူး။ နောက်ပြီးတော့ ဆိုင်တာဝန်ခံရွှီရဲ့ နောက်ဆုံးစာကိုလဲ စဥ်းစားရအုံးမယ်။ မြောက်ပိုင်းကနေ တောင်ပိုင်းကိုပြောင်း ရွှေ့လာကြတဲ့ ကပ်ဘေးဒုက္ခသည်တွေလဲ နီးလာလောက်ပြီ၊ ဒီတော့ ကျွန်တော်တို့တွေ အချိန်ကို အတိအကျ ခန့်မှန်းလို့မရဘူး။ တကယ်လို့ ကျွန်တော်တို့ နောက်ကျတယ်ဆိုရင်လဲ စိတ်မပူပါနဲ့ ချန်းသရှန်နဲ့ကျွန်တော်က ဒီလိုပုံစံနဲ့နှစ်ပေါင်းများစွာ နေလာခဲ့တာဆိုတော့ အခြေအနေတွေ ပြင်းထန်လာတယ်ဆိုရင်လဲ ကိုင်တွယ်နိုင်ပါတယ်"
သူသည် ဒီအကြောင်းကိုပြောရင်း စန်းလော့ကို လှမ်းကြည့်လိုက်သည်။
စန်းလော့က နားလည်ကြောင်း ခေါင်းညိတ်ပြသည်။
ဒီတကြိမ်တွင် အဘွားရွှီက ရွှီဝမ်ပေါ်ရေးထားသည့်စာကို ရှန်းလီနှင့်အတူ ထည့်လိုက်သည်။အကြောင်းအရာကတော့ ရိုးရှင်းလှသည်။ အကယ်၍များ ဖရိုဖရဲကာလ ပြင်းထန်လာခဲ့လျှင် သူတို့သည် တုန်းဖူစားသောက်ဆိုင်တွင်ပင် တွယ်ကပ်မနေသင့်ကြောင်း၊ ဘယ်အရာမှ လူ့အသက်ထက် အရေးမပါကြောင်း အကြံပေးထားသည်။ သူတို့သည် မိန်းမနှင့်ကလေးများနှင့်အတူ ပြန်လည်ပေါင်းစည်းရန် ဟွေ့ကျိုးကို စောစောပြန်သင့်ကြောင်း ပြောထားလေသည်။
တိမ်လွှာလျှိုမြောင်ထဲမှ ထွက်လာပြီး တောင်၏အလယ်တွင် ဝင်ပေါက်ကို ဖုံးကွယ်ထားလိုက်ပြီးနောက် ရှန်းလီနှင့်သူ့အဖော်များသည် ခရီးကိုစတင် ထွက်လာခဲ့ကြတော့သည်။
....
ချီယန်စီရင်စုတွင် ချမ်းသာသည့်အိမ်ထောင်စုများမှ ပြည်သူပိုင်အဖြစ် သိမ်းဆည်းခံရသည့်ကိစ္စက ဆက်ပြီးဖြစ်ပေါ်နေကာ ဆယ်မိုင်အပြင်ဘက်ထက် သိပ်မဝေးလှသည့်နေရာတွင်တော့ လူ၁ထောင်နီးပါးရှိသည့် သန်မာလှသည့်တပ်စုကြီးတစ်ခုက စပါးနှင့်ရိက္ခာများကို တနင့်တပိုးသယ်လာပြီး ချီယန်စီရင်စုသို့ ချီတက်လာလေသည်။
သူတို့ဖြတ်သန်းလာသည့် ရွာစဥ်တိုင်းတွင် သူတို့ သည် နှံနှံ့စပ်စပ် ရှာဖွေခဲ့ကြသည်။ ရှာဖွေပြီးနောက်တွင် မုတ်ဆိတ်မွှေးနှင့် လူတစ်ယောက်က တံတွေးကို ပျစ်ခနဲထွေးလိုက်ပြီး ကြိမ်ဆဲလိုက်လေသည်။
"စီရင်စုက အဲဒီ့ခွေးအရာရှိတွေက ရွာတိုင်းကို ရှင်းလင်းထားခဲ့တာပဲ၊ လူတွေမကျန်ခဲ့တဲ့အပြင် ပစ္စည်းတစ်ခုလေးတောင်မှ ငါတို့အတွက် မချန်ထားဘူး။ လူချမ်းသာတွေတောင် ထွက်ပြေးသွားကြပြီ"
နောက်တစ်ယောက်က ရယ်မောလိုက်သည်။ "သူတို့တွေက လူတွေ ကျုပ်တို့နဲ့လာပေါင်းမှာ စိုးနေတာဖြစ်မှာပေါ့၊ စိတ်မပူပါနဲ့လေ၊ သူတို့တွေက စီရင်စုထဲမှာပဲ ပုန်းနေကြတာပါ၊ စီရင်စုကို ဝင်မွှေလိုက်ကြတာပေါ့၊ ဒါက ရွာတိုင်းမှာ ဝင်ရှာနေတာထက်တောင် အချိန်သက်သာသေးတယ် ဟုတ်တယ်မလား တတိယခေါင်းဆောင်"
တတိယခေါင်းဆောင်ဟု အခေါ်ခံလိုက်ရသည့်လူသည် စစ်ပွဲအတွင်း အခုမှသိမ်းယူလာသည့် မြင်းတစ်ကောင်ကိုစီးနင်း လိုက်ပါလာပြီး ပြောရင်းပြန်ဖြေသည်။
"ဘာတွေ အလျင်လိုနေတာလဲ၊ စစ်တပ်က အစားအသောက်တွေက ငါတို့တွေကို အချိန်အကြာကြီး ကျွေးထားတာပဲ၊ သူတို့ကို စီရင်စုထဲမှာ ပေးနေလိုက်အုံး၊ အားလုံးက အဲဒီ့အထဲမှာပဲ ရှိနေကြတာဆိုတော့ ငါတို့တွေက အရှေ့ဝင်ပေါက်နဲ့ အနောက်ဝင်ပေါက်ကို ဝိုင်းထားလိုက်ရုံပဲ၊ ဒီနေ့ညနေကျရင် ခေါင်းဆောင်ကြီးနဲ့ ဒုတိယခေါင်းဆောင်က နောက်ထပ်လူတွေနဲ့ အတူရောက်လာရင် သူတို့တွေက လွတ်မှာမဟုတ်တော့ဘူးလေ၊ ငါတို့တွေအတွက် ဖမ်းဆီးဖို့ ပိုပြီးတော့တောင် လွယ်ကူသွားသေးတယ်"
ရယ်မောကာ သူက ထပ်ပြောလေသည်။ "ဒီအလုပ်ပြီးသွားရင်တော့ ငါတို့တွေက အလျင်စလိုလုပ်စရာ မလိုတော့ပါဘူး။ မနေ့တုန်းက စုံးစမ်းရထားတဲ့သတင်းက ဒီနေရာမှာ အခြေချထားတဲ့တပ်စုပေါင်း ၁၅၀၀လောက်ရှိတယ်တဲ့ ငါတို့တွေက သူတို့ရဲ့ချပ်ဝတ်တွေနဲ လက်နက်တွေကို ယူလိုက်ရုံပဲ။ အရာရှိတွေကို သတ်ဖြတ်ပြီး ချမ်းသာတဲ့လူတွေဆီက လုယက်ပြီးရင် ငါတို့တွေ အနီးအနားက စီရင်စုတွေကို ထိန်းချုပ်သွားနိုင်ပြီ၊ ပြောလို့မရဘူး ငါတို့ရဲ့ခေါင်းဆောင်ကတောင် သူ့ကိုယ်သူဘုရင်လို့ ကြေငြာနိုင်လောက်တယ်၊ အဲဒီ့အချိန်ကျရင်လဲ ငါတို့တွေက သူရဲ့စစ်သူကြီးအဖြစ် ဒါမှမဟုတ် မြို့ပိုင်ဖြစ်ဖြစ် ဖြစ်လာနိုင်တယ်"
ဒီမှတ်ချက်က တစ်ခြားသူများကို ပျော်ရွှင်သွားစေတော့သည်။ အဆင့်၄၊ အဆင့်၅၊ အဆင့်၆၊ အဆင့်၇ ခေါင်းဆောင်များ အပါအဝင် ဝမ်းသာသွားကြသည်။ သူတို့ထဲက တစ်ယောက်က လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ပြီး တဟင်းဟင်း ရယ်မောကာ ပြောဆိုလေသည်။
“ကျုပ်တို့တွေ မြို့ထဲရောက်ရင် မြန်မြန်လှုပ်ရှားမှဖြစ်မယ်။ ကျုပ်က ခင်များတို့လို ဂရုမစိုက်ပါဘူး၊ ဒါပေမဲ့ ကျုပ်ကတော့ လူချမ်းသာရဲ့အိမ်တွေကိုပဲ တန်းသွားမှာ၊ ပြီးခဲ့တဲ့ တခေါက်တုန်းကလိုတော့ ဖြစ်လို့မရဘူး။ ကျုပ်တို့တွေ အရမ်းနှေးသွားတော့ အဲဒီ့နူးညံပြီး ချောမောလှပတဲ့မိန်းကလေးတွေ အားလုံးက ကိုယ့်ဟာကိုယ် သတ်သေသွားကြတယ်လေ တကယ်စိတ်ပျက်ဖို့ကောင်းတာပဲ”
ခက်ခက်ခဲခဲ တံတွေးမြိုချလိုက်ပြီး သူက ဆက်ပြောသည်။
"ကျုပ်မှာအရင်တုန်းက ဒီလောက်ကောင်းတဲ့ အရည်အသွေးတွေအပေါ် လက်တောင်မတင်ခဲ့ဖူးဘူး"
နောင်တယောက်က လှောင်ပြောင်သရော်လေသည်။
"မင်းက သင်္ချိုင်းတူးသမားပဲ၊ မိန်းမတစ်ယောက်ရတာတောင် ကံကောင်း၊ ဘယ်လိုဖြစ်ပြီးတော့ ဒီလောက် အရည်အသွေးကောင်းတဲ့ အမျိုးသမီးတွေကို ထိဖို့ စဥ်းစားနေနိုင်တာလဲ၊ သိမ်သိမ်မွေ့မွေ့ လှလှပပနဲ့ မွေးဖွားလာတဲ့ အဲဒီ့ဟာတွေက မိသားစုကောင်းကပဲဖြစ်ဖြစ် ဆင်းရဲပေမဲ့လဲ ရှားရှားပါးပါး လှပတဲ့သူတွေပဲဖြစ်ဖြစ် သူတို့တွေအားလုံးကို ဆယ်ကျော်သက်အရွယ်ကတည်းက ချမ်းသာတဲ့သခင်ကြီးတွေက တော်ကောက်ပြီးသွားပြီ၊ ငါတို့တွေမှာ အခွင့်အရေးတစ်ခုဆိုတာ ဘယ်တုန်းကမှတောင် မရှိခဲ့ဖူးဘူး"
သင်္ချိုင်းတူးသူက ရယ်မောလိုက်သည်။ "ဒါကြောင့်လဲ ဒီခွေးအစိုးရကို မြေလှန်ပစ်လိုက်ရတာ၊ သိပ်ကိုခံစားလို့ကောင်းတာပေါ့၊ အရင်တုန်းကဆိုရင် ဒီလိုနေ့ရက်မျိုးကို ဘယ်သူက အိမ်မက်မက်ရဲလို့လဲ”
တပ်စုဘက်သို့ လှည့်လိုက်ပြီး သူက အော်ပြောလိုက်သည် "ညီအစ်ကိုတို့ သဘောတူကြတယ် မဟုတ်လား"
အနီးအနားတွင်ရှိနေကြသူများက ထိုစကားကို သေသေချာချာ ကြားလိုက်ကြပြီး ရယ်မောကာ ထောက်ခံလိုက်ကြသည်။ အများစုကတော့ လတ်တလောတွင် ဝင်ရောက်လာသူများပင်။
အနောက်ဘက်တွင် အနည်းငယ် ဝေးကွာသည့်နေရာတွင် ရှိနေကြသူများက ရယ်စရာကိစ္စကိုမသိလိုက်သဖြင့် ဘာကများထိုမျှလောက် ပျော်စရာကောင်းပါသနည်းဟု မေးမြန်းလိုက်ကြလေသည်။ အကြောင်းအရာကို ကြားသိလိုက်ရသည်တွင် သူတို့က လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်ကြပြီး တစ်ခြားစီရင်စုအတွင်း သူတို့၏ အစောပိုင်းလုယက်မှုများက မည်မျှစိတ်ပျော်ရွှင်ဖွယ်ကောင်းပြီး ရင်ဖိုစရာကောင်းသည့်အကြောင်းကို ပြန်လည်ပြောဆို နေကြလေသည်။
ဒီလူများကို လေ့လာကြည့်လိုက်လျှင် အားလုံးက ညှိုးရော်နေသည့် မျက်နှာများနှင့် အသားမာတက်နေသည့်လက်များ ပိုင်ဆိုင်ထားကြသည်။ လွန်ခဲ့သည့်၁လ သို့မဟုတ် ရက်သတ္တပတ် အနည်းငယ်တုန်းကပင် သူတို့အများစုသည် သူတို့၏လယ်ကွင်းထဲတွင် အစားအသောက်အတွက် ကြံရာမရ ရှာဖွေစားသောက်နေရသည့် ထိတ်လန့်အားငယ်နေသည့် လယ်သမားများဖြစ်ကြလေသည်။
သူတို့သည် သူတို့၏ အတိတ်ကမျက်နှာနှင့် လက်ရှိမျက်နှာများကို မည်သူက ယှဥ်ကြည့်နိုင်ပါမည်နည်း။ အကယ်၍များ အသိမိတ်ဆွေ တစ်ယောက်ယောက်က ဒီပြောင်းလဲမှုကို ကိုယ်တိုင်မြင်ခဲ့ရလျှင် သူတို့သည် ထိုလူများပါဟူ၍ မည်သူက ယုံရဲပါမည်နည်း။
ရက်စက်ကြမ်းကြုတ်မှုတွင် မွေ့လျော်နေကြသည့် ဒီသူပုန်များသည် သူတို့၏စိတ်များက ယိုယွင်းပျက်စီးနေပြီဖြစ်ကာ အောင်မြင်မှု တစ်ခုခြင်းစီတိုင်း၏ နောက်ဆုံးအမြတ်အစွန်းကို အားတက်သရော မျှော်လင့်နေကြလေသည်။
ဒုစရိုက်မှု၏ ပြင်းပြသည်ဆန္ဒများကို ဖွင့်ထုတ်ခဲ့ကြသည်။ သူတို့ကိုယ်တိုင်က အခက်အခဲမှ ထွက်ပေါ်လိုက်ရသော်ငြားလည်း သားသတ်သမား၏ဓားကို ဝေ့ယမ်းလိုက်သည့်အချိန်တွင် သူတို့သည် သူတို့၏ အတိတ်ကကြောက်ရွံ့မှုများနှင့် ဒုက္ခရောက်ခဲ့သည့် ခံစားချက်ကို တစ်ခြားသူများအပေါ်တွင် ဒုက္ခပြန်ခံစားစေသည့် နွံအတွင်းသို့ နောင်တမဲ့စွာ သက်ဆင်းချင်နေကြသည်။
....
၅လပိုင်း၏အစောပိုင်း နေ့လည်ခင်းတစ်နေ့တွင် ကြံရာမရဖြစ်နေကြသည့် လူအများစုအဖွဲ့က သူတို့၏ လယ်ထဲမှယူလာသည့် မရင့်မှည့်သေးသည့် အရွက်များနှင့် လတ်တစ်ဆုပ်စာပဲသာ ကျန်တော့သဖြင့် စီရင်စုရုံးတော်ရှေ့တွင် လာရောက်စုဝေးကြကာ စပါးရိက္ခာများကို တောင်းပန် တိုးလျှိုးနေကြသည်။
သူတို့အထဲတွင် အများစုမှာ ရှီလီရွာကဖြစ်ကြပြီး သေရေးရှင်ရေး အခြေအနေထဲသို့ ရောက်နေသည့်လူများအပါအဝင် လတ်တလောက သမီးဖြစ်သူကို ရောင်းစားထားပြီး ပဲအိတ်တစ်အိတ် ပိုင်ဆိုင်ကြသေးသည့် ဝမ်မိသားစုလို အနည်းငယ် အခြေအနေကောင်းသည့် တစ်ခြားသူများလဲ ပါကြသည်။
မည်သူက သက်သာချောင်ချိရေးစပါးကို မလိုချင်ပဲရှိပါမည်နည်း။
လူနည်းစုက စတင်လိုက်သည်နှင့်တပြိုင်နက် ဘယ်သူကမှ နောက်တွင် မချန်ခဲ့လိုကြပေ။ ထို့ကြောင့် ရွာသားအများစုက စီရင်စုရုံးတော်ရှေ့တွင် လာရောက်စုဝေးကြပြီး သိပ်သည်းနေသည့် လူအုပ်ကြီးနှင့် အနီးအနားကလမ်းများမှာ ပိတ်ဆို့သွားတော့သည်။
ရှန်းစန်းနှင့် လီရှီတို့ကလဲ ထိုလူများထဲတွင် ပါဝင်လေသည်။ ရှန်းမိသားစုကလဲ စပါးများ ကုန်သွားပြီဖြစ်သည်။ ရှန်းကျင့်၏ ဝှက်ထားသည့် ပဲ၊ အသီးအရွက်နှင့် အသားခြောက်များသာမရှိလျှင် သူတို့သည် တစ်ခြားသူများနှင့် မခြားပေ။
သို့သော်ငြားလည်း ဒီလို မသိမသာ အကျိုးရှိနေခြင်းက အဘယ်မှာ ကောင်းနိုင်ပါမည်နည်း။ တောနင်းရှာဖို့ရန် တောဟင်းရွက်များမရှိဘဲ စားသောက်ဖို့ရန်အတွက်လဲ ၆ယောက်ရှိနေကာ သူတို့၏ မစို့မပို့ စုဆောင်းထားသမျှသည် တစ်ခြားသူများထက် ရက်သတ္တပတ် အနည်းငယ်လောက်သာ ပိုပြီးရှင်သန်နိုင်မည့် အဓိပ္ပါယ်ပင်။
လီရှီသည် ကျန်နေသည့် သူတို့၏အစားအသာက်များကို အသက်သွေးကြောတစ်ခုသဖွယ် သဘော ထားလေရာ သူတို့ မရှိချိန်တွင် ပျောက်ရှသွားမည် စိုးမိသည့်အပြင် သူတို့က သူတို့၏တဲထဲမှ ထွက်လာခဲ့လျှင်လဲ အခိုးခံရမည် ကြောက်နေရသည်။ ထို့ကြောင့် ရှန်းကျင့်က သူ၏ညီငယ်လေးများနှင့်အတူ သူတို့၏ မစို့မပို့ရိက္ခာလေးကို စောင့်ကြပ်နေစဥ် သူမနှင့်ရှန်းစန်းတို့က သူတို့၏ဝေစုများကို အိတ်အဟောင်းလေးထဲတွင်ထည့်ကာ သေချာကိုင်ဆုပ်ထားပြီး ကိုယ်နှင့်မကွာ သိမ်းဆည်းထားလေသည်။
စီရင်စုရုံးတော်နားက လူစုလူဝေးကြီးကို တိုးဝှေ့သွားဖို့ရန် အင်အားမရှိလေရာ သူတို့က အစွန်းနားအထိ တိုးဝှေ့သွားကြလိုက်ပြီး မတတ်သာတော့ဘဲ ဘေးတွင်ရပ်နေလိုက်ရသည်။
ရုံးတော်ထဲတွင် ပိတ်မိနေသည့် တရားသူကြီးဝေနှင့် သူ၏အရာရှိများသည် စစ်သူကြီးချန်ကို အပြင်းအထန် ဝေဖန်နေကြရင်း သူတို့၏အကူအညီကို အကြိမ်ကြိမ် စူးစမ်းမေးမြန်းနေကြလေသည်။
"စစ်သူကြီးချန် ရောက်မလာသေးဘူးလား၊ သူ စပါးတွေအားလုံးကို ယူသွားတာ၊ သူက ဒီလူတွေကိုလူစုခွဲပေးဖို့ တာဝန်ရှိတယ် မဟုတ်လား။ တကယ်လို့ သူတို့တွေရုံးတော်ထဲကို အတင်းဝင်လာကြရင် ဘယ်လိုလုပ်မလဲ"
စိတ်ပျက်နေသည့်လက်ထောက်က ပြန်ဖြေသည်။
"လူတွေက အများကြီးပဲလေ ဝင်ဖို့ထွက်ဖို့က ခက်တယ် အချိန်တစ်ခုအထိတော့ ကြာလိမ့်မယ်"
ပြောရင်းဆိုရင်း အဝေးတစ်နေရာမှ ရုတ်တရက် ဗုံသံတစ်ခု ထွက်လာကာ ရုံးတော်ထဲကလူတိုင်းသည် တွန့်ခနဲ ဖြစ်သွားကြတော့သည်။ သူတို့က အသံလာရာဘက်ကို လှမ်းကြည့်လိုက်ပြီး သူတို့၏အမူအယာမှာ သိသိသာသာ ပြောင်းလဲသွားကြပြီး သူတို့သည် ဗုံသံ၏စည်းချက်ကို မှတ်မိလိုက်ကြသည်။
"ရန်သူတွေ တိုက်ခိုက်လာပြီ"
"ဟုတ်တယ်၊ ရန်သူတွေ တိုက်ခိုက်လာပြီ"
တစ်ဆက်တည်းမှာပင် တူညီသည့်ဗုံသံက နောက်ထပ် မြို့ဝင်ဂိတ်တစ်ခုစီမှ လွင့်ပျံ့လာသည်။
တရားသူကြီးဝေ၏ ခြေထောက်များမှာ ကွေးညွှတ်သွားပြီး ကြောက်လန့်တကြား လဲကျတော့မလိုပင် ဖြစ်သွားတော့သည်။
"ရန်သူတွေ တိုက်ခိုက်လာပြီ၊ ရန်သူတွေ တိုက်ခိုက်လာပြီ"
ရုံးတော်၏အတွင်းပိုင်းမှအပြင်၊ မြို့တံခါး၏အတွင်းဘက်မှပင် လူများက အော်ဟစ် သတိပေးနေကြသည်။ စပါးကိုထောက်ပံ့ပေးရန် တောင်းဆိုနေသည့် ရုံးတော်ကိုဝန်းရံထားသည့် လူများကလဲ ကြောက်လန့်တကြား ဖြစ်သွားကြသည်။
"ဗုံသံတွေက ဘယ်ကနေလာနေတာလဲ၊ သူတို့တွေက ဘာလို့ ဗုံ တီးနေကြတာလဲ"
"ရန်သူတွေ တိုက်ခိုက်တယ်ဆိုတာ ဘာလဲ"
"ဓားပြတွေလာနေပြီ"
လူအုပ်ကြီးသည် ဒီရေလှိုင်းတစ်ခုကို လှိုက်တက်လာပြီး တွန်းဝှေ့တွန်းထိုးကြကာ ဖရိုဖရဲနှင့် တဟုန်ထိုး ထွက်ပြေးကြတော့သည်။
လီရှီနှင့်ရှန်းစန်းတို့သည် နံရံတစ်ခုတွင် ဖိကပ်ထားခံလိုက်ရပြီး ခန္ဓာကိုယ်များ၏ ဖိညှပ်နေသည့်အောက်တွင် ခက်ခက်ခဲခဲ အသက်ရှူထားရသည်။ ရှန်းစန်းက ကြံရာမရအော်ပြောတော့သည်။
"မတွန်းကြနဲ့တော့၊ ငါ့ကိုမတွန်းကြပါနဲ့၊ ငါ့မှာဖိမိတော့မယ်"
သူသည် လူအုပ်ကြီးကို ပြန်လည်တိုက်ခိုက်ပြီး ဖိသိပ်ခံနေရခြင်းမှ ရှောင်ရှားရန် ဘေးဘီက လူများကို ကုန်းရုန်းပြီး တွန်းထုတ်လေသည်။
သူ၏အစားအသောက်အိတ်က ပြုတ်ကျသွားတော့သည်။ သူသည် အိတ်ကို ပြန်ပြီးကုန်းကောက်သော်ငြားလည်း လူအုပ်ကြီး၏ ကန်ကြောက်ခြင်းကို ခံလိုက်ရလေသည်။
"ငါ့အစားအသောက်တွေ၊ ငါ့အစားအသောက်တွေ ပြုတ်ကျသွားပြီ ၊မတွန်းပါနဲ့တော့"
သူ့အော်သံက ဆူညံသံထဲတွင် နစ်မြှုပ်သွားသော် ငြားလည်း တစ်ချို့အခွင့်အရေးသမားများကတော့ ကြားလိုက်လေသည်။
လူတိုင်းကသူတို့နှင့်အတူ အစားအသောက်များပါလာသည်။ ထိုအရာများကို ရယူဖို့အတွက် ပြီးပြည့်စုံသည့် အခွင့်အရေးတစ်ခုပင်။
ဝရုန်းသုန်းကားဖြစ်သည့်အမှုက သူခိုးများကို ရဲဆေးတင်ပေးလိုက်သည်။ ရုတ်တရက်ဆိုသလို အော်ဟစ်သံများထွက်လာသည်။
"ရပ်၊ လွှတ်စမ်း၊ သူ ငါ့ အစားအသောက်ကို ခိုးနေတယ်"
အော်သံများက လူအများစုကို ရပ်တန့်သွားစေသည်။ တချို့က သူတို့၏အိတ်ကို တင်းနေအောင် ဆုပ်ကိုင်ထားကြရင်း အရဲစွန့်ခြင်း၏ လှုံဆော်ခံလိုက်ရသည့် တစ်ခြားသူများကတော့ ခိုးမှုအတွင်းတွင် ဝင်ရောက်ပူးပေါင်းလိုက်ကြသည်။
နံရံနားတွင် တွန်းကပ်ခံထားရသည့် လီရှီသည် သူခိုးအသံကို ကြားလိုက်ရ၏။ သူမက အသားခြောက်များနှင့် ပြည့်နေသည့် သူမ၏အိတ်ကို တင်းနေအောင် ဖက်ထားလိုက်ပြီး သူမ၏ခန္ဓာကိုယ်နှင့် နံရံကြားတွင် တင်းနေအောင်ဖိထားလိုက်သည်။ သို့သော်ငြားလည်း ဒါက လှမ်းဆွဲလာသည့်လက်တစ်ဖက်မှ လွတ်မြောက်နိုင်စွမ်းမရှိပေ။
အန္တရာယ်ကို သတိထားမိလိုက်သည်တွင် သူမက အော်ဟစ်လိုက်ပြီး သူမ၏အိတ်ကိုတင်းနေအောင် ဆုတ်ထားရင်း လှည့်ထွက်ဖို့ ကြိုးစားလိုက်သည်။ ကြမ်းတမ်းသည့် လက်တစ်ဖက်က သူမ၏ ခေါင်းကို နံရံနှင့်ကပ်ထားလိုက်ပြီး အခိုက်အတန့်အတွင်းတွင် သူမ၏အိတ်သည် ဖမ်းဆုပ်ထားသည့်လက်ထဲမှ ဆွဲထုတ်ခြင်းခံလိုက်ရတော့သည်။
သူမ၏ အော်သံကပဲ့တင်ထပ်သွားပြီး ဖိနှိပ်ထားသည့်လက်က မြှောက်တက်သွားသည်။ လူအုပ်ကြီး၏ တွန်းထိုးမှုက သူမကို ကိုယ်ပင်ပြန်မလှည့်နိုင်အောင် ဖြစ်စေပြီး သူမ၏အစားအသောက်ကို ခိုးသွားသည့်လူကိုပင် မမြင်ရအောင်ဖြစ်စေတော့သည်။ ဖိနှိပ်တွန်းထိုးခံလိုက်ရပြီး သူမမှာ ဝမ်းနည်းပက်လက်ဖြင့် အော်ငိုရုံသာတတ်နိုင်တော့သည်။
သူမ၏ငိုသံက လူအများကြားထဲက ငိုသံတစ်ခုပင်။ ကိုယ်ကိုတိုင် ရေရှည်ရပ်တည်ဖို့ရန် ရုန်းကန်နေရသည့် အခိုက်အတန့်တွင် လီရှီဖြစ်စေ၊ လျိုမိသားစုဖြစ်စေ၊ ဝမ်မိသားစုဖြစ်စေ၊ ချင်မိသားစုဖြစ်စေ၊ ယန်မိသားစု၏ဒုက္ခပင်ဖြစ်စေ မည်သူကမှ ဂရုစိုက်ကြမည် မဟုတ်ပေ။
...