← Chapters

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

အပိုင်း (၁၅၉) သတိပေးချက်သတင်း

စစ်ရေးဗုံသံက ပြတ်တောင်းပြတ်တောင်း ထွက်လာသည်တွင် လူများသည် ထိတ်ထိတ်ပျာပျာဖြင့် မြို့ ၏လမ်းကြားများထဲသို့ လူစုခွဲသွားကြလေသည်။ မြို့ဝင်ပေါက်နှစ်ခုစလုံးကို စီးနင်းခံလိုက်ရလျှင် လွတ်မြောက်မှုအရေးက အချည်းနှီးပင်။ ပျာယာခပ်ပြီး ဆောက်တည်ရာမရဘဲ သူတို့၏မသိစိတ်က သူတို့၏ ချစ်ရသူများကိုရှာဖွေရန် ယာယီတဲဆီသို့ ပြန်ရောက်လာပေတော့သည်။

နောက်ဆုံးမှ အသက်ရှူနိုင်သွားသည့် လီရှီ၏ ဆံပင်များမှာ ဖရိုဖရဲဖြစ်နေပြီး ဝေးကွာပြီးဆက်စပ်မှု မရှိသယောင်ထင်ရသည့် ငိုကြွေးသံများသည် ဝန်းရံခံထားရလေသည်။ သူမ၏စိတ်တို့က ခိုးယူခံလိုက်ရသည့်အသားတွင်သာ စွဲမြဲနေသည်။ လှည့်ပြီးထွက်ရှာမည်ဆိုလျှင်လည်း ဘယ်မှာရှာရပါမည်နည်း။

သူမသည် အသံထွက်ကာ ငိုကြွေးနေပြီး သူမ၏မျက်နှာကို အကြိမ်ကြိမ် ပြန်ရိုက်နေမိကာ နာကျင်မှုနှင့်မျက်ရည်တို့က သူမ၏စိတ်ပျက်မှုကို မရပ်တန့်နိုင်ခဲ့ပေ။ လူအုပ်ကြီးက တဖြည်းဖြည်း ကျဲပါးသွားပြီး သူမသည် ဒူးထောက်ချကာ ပြိုလဲသွားပြီး ငိုကြွေးလေတော့သည်။ မျက်ရည်များကြားမှ သူမသည် သူမ၏ခြေထောက်နားသို့ လှိမ့်ဝင်လာသည့် ပဲစေ့တစ်စေ့ကိုမြင်လိုက်သည်ဟု ထင်လိုက်မိသည်။

ပဲစေ့တွေ...

သူမက ကမန်းကတမ်း လှမ်းကောက်လိုက်၏။ ဒါသည် စိတ်ထင်ယောင်ထင်မှား ဖြစ်နေခြင်းမဟုတ်။

အမှန်ပင် ပဲစေ့များဖြစ်လေသည်။

လီရှီက အငိုရပ်သွားပြီး မြေကြီးပေါ်တွင်လေးဘက် ထောက်သွားကာ ပြန့်ကျဲနေသည့်ပဲများကို စုစည်းလိုက်သည်။

အစားအသောက်သူခိုး ရုန်းရင်းဆန်ခတ် ဖြစ်နေသည့်ကြားထဲတွင် ပဲစေ့များစွာက လွတ်ကျကုန်လေသည်။ အခုတော့ လူများက ကျဲပါးသွားလေရာ ထိုပဲစေ့များကို မြင်လိုက်ရတော့သည်။ လီရှီလို ပျာယာခပ်သွားကြသည့် လူများကလဲ အများစုက သူခိုးများ၏ သားကောင်များဖြစ်ခဲ့ကာ အလွန်မှတုန်လှုပ်ခြောက်ခြားသွားပြီး ထွက်ပြေးလေတော့သည်။

အစားအသောက် ဆုံးရှူံးသွားကြသူများက ပထမဦးဆုံး စုဆောင်းသည့်သူများ ဖြစ်လာသည်။ တစ်ခြားသူများကလဲ စုဆောင်းစရာ အစားအသောက်ရှိသေးမှန်း သိလိုက်သည်တွင် ဝင်ပါလာကြပြီး ထိုကွင်းပြင်ကြီးက နောက်ထပ် တိုက်ပွဲအသစ်တစ်ခုအသွင် ပြောင်းလဲသွားပြန်သည်။

“ဒါက ငါ့ဟာ၊ ငါ့အိမ်ကဟာ”

"ဒါက ငါ့ဟာ၊ အဲဒါကိုမကောက်နဲ့၊ အဲဒါခိုးနေတာပဲ၊ မင်းခိုးနေတာ"

သူတို့အားလုံးသည် အစားအစာချို့ငဲ့နေကြသည့် ရွာသားများဖြစ်ကြကာ သွေးရူးသွေးတန်းဖြစ်ကြသည်အထိ ကြမ်းတမ်းလာကြတော့သည်။ လီရှီသည် ပိုပြီးကြီးမားသည့် အပုံကြီးတစ်ခုကို ရှာတွေ့လိုက်ပြီး မြေကြီးများရောနှောနေသည့် လက်နှစ်ဆုပ်စာအပြည့် ဖမ်းဆုပ်လိုက်ကာ သူမ၏ မ,ထားသည့်စကပ်ထဲသို့ ထည့်သိမ်းလိုက်လေသည်။ သူမက ထပ်ပြီးလှမ်းလိုက်သည့် အချိန်တွင်တော့ တစ်စုံတစ်ယောက်ကသူမကို ဖြတ်တိုက်သွားတော့သည်။

သူမသည် စုဆောင်းထားသမျှ ပဲများအားလုံးနီးပါးကို ဆုံးရှုံးရတော့မလို ဖြစ်သွားတော့သည်။

ပဲများကို တင်းကြပ်နေအောင် ဆုပ်ကိုင်ထားလိုက်ပြီး ပြန့်ကျဲနေသည့်ပဲများ မကုန်ခင် ရှေ့သို့လှမ်းပြီး အုပ်ထားလိုက်သည်။ သူမနှင့်လူတစ်ယောက်က တနေရာတည်းကပဲများကို လှမ်းလိုက်သည်တွင် သူမသည် သူ၏လောဘနှင့် ဆိုးညစ်သည့်အကြည့်ကို တွေ့လိုက်ရလေသည်။ ကြောက်ကြောက်လန့်လန့်ဖြင့် သူမက အလျင်အမြန် ထရပ်လိုက်ပြီး မစို့မပို့စု ဆောင်းထားသည်နှင့် ထွက်ပြေးရတော့သည်။

သူတို့၏တဲလေးထဲတွင် ရှန်းမောင်နှမက အဝေးမှ ဗုံသံနှင့် ဆူညံသံများကို ကြားလိုက်ရသည်။ အပြင်ဘက်သို့ ချောင်းကြည့်လိုက်သည်တွင် လူများက ကဗျာကယာနှင့် ဓားပြများဟုအော်ဟစ်ကာ တဟုန်ထိုးပြေးလွှားနေသည်ကို မြင်လိုက်ရသည်။

စိုးရိမ်တကြီး စောင့်စားမှုတစ်ခုအပြီးတွင် နောက်ဆုံးတော့ လီရှီသည် ပြန်ရောက်လာပြီး ဖရိုဖရဲနှင့် မျက်လုံးနှင့်မျက်နှာများမှာ ယောင်ကိုင်းနေလေတော့သည်။

ကလေးများက သူမထံသို့ အလောတကြီး ပြေးသွားလိုက်ကြပြီး

"အမေ"

သူမ၏ကလေး၄ယောက်ကို မြင်လိုက်သည်တွင် ခဏလောက် ထိန်းချုပ်ထားရသည့် လီရှီ၏မျက်ရည်များက တဖန် ပြန်စီးဆင်းလာတော့သည်။ စကားမပြောနိုင်ဘဲ သူမက အလွန်အမင်း ငိုကြွေးနေလေရာ ရှန်းကျင့်မှာ ဖြစ်ခဲ့သည့်အကြောင်းအရာကို အလောတကြီး မေးလိုက်ရသည်အထိပင်။

"အသားခြောက်တွေလေ သွားပြီ၊ အားလုံး ခိုးခံလိုက်ရပြီ၊ ငါတို့တွေ ဘယ်လိုအသက်ရှင်ကြမှာလဲ ဘယ်လိုလုပ်ကြမလဲ"

"ငါ ဘာဖြစ်လို့များ အစားအသောက် ဝေပေးတဲ့နေရာကို သွားခဲ့မိပါလိမ့်၊ ဘာဖြစ်လို့လဲ"

သူမက ကိုယ့်ဟာကိုယ် အကြိမ်ကြိမ် ရိုက်နှက်ပြီး ပုံကျသွားကာ မျက်ရည်နှင့်နှာရည်တို့က သူမ၏မျက် နှာပေါ်မှ စီးကျလာတော့သည်။

"ငါတို့မှာ ရှိတာမှ ဒါအကုန်ပဲ၊ အခု အခိုးခံလိုက်ရပြီ၊ အစားအသောက်ကို ခိုးသွားတဲ့သူတွေ မိုးကြိုးပစ်ခံရပါစေ၊ စိတ်နှလုံးပုပ်သိုးပြီး သနားစရာ စိတ်မချမ်းမြေ့စရာ ဇာတ်သိမ်းရပါစေ"

လီရှီ၏ ငိုကြွေးသံများက မိုးခြိမ်းသံလိုပဲ့တင်ထပ် နေတော့သည်။ သူမ၏အငယ်ဆုံးသမီးလေးက နားမလည်သော်ငြားလည်း ရှန်းထျယ်ကတော့ ရေးရေးလေး နားလည်နေသည်။ သို့သော်ငြားလည်း သူမ၏ အပြင်းအထန် ငိုကြွေးနေမှုက သူ့ကို စိတ်ရှုပ်ထွေးသွားစေပြီး ထိတ်လန့်မှုက ရှန်းကျင့်နှင့် ရှန်းယင်တို့ကိုလဲ ရိုက်ခတ်သွားတော့သည်။

အသားခြောက်တွေ အားလုံး မရှိတော့ဘူးတဲ့လား။

သူတို့၏အမေကို လေ့လာကြည့်လိုက်သည်တွင် အမှန်ပင် သူမ အစောပိုင်းက ယူသွားသည့် အထုတ်လေးက ပြောင်နေလေသည်။

ညီအစ်ကိုများမှာ စွန့်အသွားကာရပ်နေမိကြပြီး သူတို့၏ စိတ်ရှုပ်ထွေးနေမှုထဲတွင် ငိုဖို့ပင်မေ့လျော့သွားတော့သည်။

သို့သော်ငြားလည်း ရှန်းစန်းက လီရှီလိုပင် ဖရိုဖရဲနှင့် အယိုင်ယိုင် အလဲလဲ လက်ထဲတွင်လဲ ဗလာအတိဖြင့် ပြန်လာချိန်တွင်တော့ အမှန်တကယ် စိတ်ပျက်ရသည့်အချိန်သာ ဖြစ်ရတော့သည်။

ကိုယ်တိုင်၏ငိုသံကြောင့် လှုပ်လှုပ်ရှားရှားဖြစ်နေဆဲ ဖြစ်သည့် လီရှီမှာ ထပ်ပြီး မငိုနိုင်တော့ပေ။ သူမ၏ အဝတ်အစားထဲက လက်တစ်ဆုပ်စာပဲများကို တင်းကြပ်နေအောင် ကိုင်ဆုပ်ထားရင်း သူမက ကိုယ့်ဟာကိုယ် အားတင်းပြီး ထလိုက်ကာ ရှန်းစန်းဆီသို့ ပြေးဝင်သွားလေသည်။

"ကျွန်မတို့ရဲ့အစားအသောက်တွေ ဘယ်မှာလဲ၊ ကျွန်မတို့ရဲ့ အစားအသောက်တွေရော"

ဆံပင်ကရှုပ်ပွနေပြီး မျက်နှာက ကြောက်စိတ်မွှန်နေသည့် ခံစားချက်တစ်ခုဖြင့် ရှန်းစန်းက

"သွားပြီ၊ ဓားပြတွေ မြို့ထဲကို ဝင်လာတော့မယ်၊ ရဲမက်တွေကတောင် သူတို့ကို ထိန်းချုပ်ထားနိုင်ပါတော့မလား"

သူသည် ပျောက်ဆုံးသွားသည့် အစားအသောက်ကို အာရုံမစိုက်နိုင်ဘဲ အချိန်မရွေး ဓားပြများ၏ ဓားစာအောက်တွင် သားကောင်ဖြစ်ရတော့မည်ကို ကြောက်ရွံနေလေသည်။

လီရှီသည် ဆောက်တည်ရာမရ ငိုကြွေးနေပြီး သေမင်းက လက်တစ်ကမ်းအလိုသို့ ရောက်လာတော့သည့်နှယ် ခံစားနေရသည်။

သို့သော်ငြားလည်း သူမ၏ငိုသံက တစ်ခုတည်းသော စိတ်ပျက်အားလျော့သည့်ငိုသံ မဟုတ်ခဲ့ပေ။ ထို့နေ့တွင် ရှန်းမိသားစုတွင် ပိုမိုများပြားသည့် မိသားစုများက သူတို့၏အစားအသောက်များ ခိုးယူခံလိုက်ရသည်။ စီရင်စုကျောင်းနားက ပတ်ဝန်းကျင်တစ်ခုတည်းမှာပင် အမျိုးသမီးများ၏ မရေမတွက်နိုင်သည့် ငိုကြွေးသံများက လီရှီ၏ ပြိုလဲမှုကို ပဲ့တင်ထပ်နေပြီး ကြီးမားကျယ်ပြန့်လှသည့် ဒုက္ခ၏ သံစုံတီးဝိုင်းတစ်ခုလို ရေးဖွဲ့နေတော့သည်။

အနီးအနားက တဲကုတ်လေးထဲက အိမ်နီးချင်းများကလဲ သိသူကသိ၊ သူစိမ်းဖြစ်သူကသူစိမ်း အားလုံးက သူတို့၏မျက်လုံးထဲတွင် ကြောက်ရွံခြင်း၊ ထုံထိုင်းခြင်း၊ စိုးရိမ်ခြင်း၊ သို့သော်ငြားလည်း ဘာကိုယ်ချင်းစာမှုမှမပါသည့် ခံစားချက်ဖြင့် သူတို့၏ တဲအိမ်လေးထဲသို့ ပြန်ဝင်သွားကြတော့သည်။

အနီးအနားက ခြံဝန်းများကတော့ စီရင်စု၏ မူလကနေထိုင်သူများသည် သူတို့၏တံခါးပေါက်များကို ပိုပြီးတင်းကြပ်နေအောင် ပိတ်ဆို့ထားကြပြီး တံခါးရှေ့တွင်လဲ ဆာလောင်နေသည့်ရွာသားများက အစားအသောက်ခိုးယူရန် ထိုးဖောက်လာမည်စိုးရိမ်ကြသဖြင့် မရေမတွက်နိုင်သည့် အတားအဆီးများကို ချထားလေသည်။

ဓားပြများက မြို့ကိုဝိုင်းထားပြီး အတွင်းဘက်တွင် အစားအစာမရှိသည်တွင် အားလုံးသည် ပုရွတ်ဆိတ်တစ်ကောင်က ကံတရား၏အဆုံးအဖြတ်ပေးခြင်းကို စောင့်ဆိုင်းနေသလို ခံစားလိုက်ရလေသည်။ ဘယ်သူကမှ ဘယ်သူ့ထက် ပိုပြီးသာလွန်သည့် အခြေအနေတွင်မရှိကြပေ။ အားလုံး၏စိတ်ထဲတွင် စိုးရိမ်မှုတစ်ခုတည်းသာ ကိန်းဝပ်နေသည်။ ကိုယ်ချင်းစာနိုင်စွမ်း ကင်းမဲ့နေလေသည်။

ရှန်းစန်းဖြစ်စေ၊ လီရှီဖြစ်စေ၊ စိတ်ရှုပ်ထွေးနေပြီး သတိလက်လွတ်ဖြစ်နေသည့် ကလေးများဖြစ်စေ၊ သူတို့သည် သူတို့၏ချီယန်စီရင်စု တစ်ဖက်ကမ်းက သရှန်မင်းဆက် တစ်ခုလုံးကဲ့သို့ပင် မရေမတွက်နိုင်သည့် ဒုက္ခရောက်နေသည့် မိသားစုများ၏ အသေးအဖွဲတစ်ခုလေးသာ ဖြစ်လေသည်။ ဒါသည် ရှန်းမိသားစု၏ ကပ်ဘေးသာမဟုတ်ဘဲ ဒီလိုကပ်ဘေးကာလအတွင်း ဝါးမြိုခံလိုက်ရသည့် မရေမတွက်နိုင်သည့် တစ်ခြားသူများဝမ်းနည်းမှု၏ ရှေ့ပြေးလက္ခဏာသာ ဖြစ်တော့သည်။

...

မြို့အနောက်ဘက်က ရွှီမိသားစု၏အသစ်ဝယ်ယူထားသည့် ယိုင်နဲ့နဲ့အိမ်လေးတွင် ဗုံသံများကိုကြား လိုက်ရသည်တွင် ဆိုင်တာဝန်ခံရွှီသည် ဥမင်ကိုဆက်ပြီးတူးနေသည့် သူ့မိန်းမ ကလေးနှင့် အစေခံဦးကြီးကို ခဏထားခဲ့ကာ သူကတော့ အပြင်ထွက်ပြီး စုံစမ်းဖို့ တစ်ယောက်ထဲ ထွက်လာသည်။ ဓားပြများက ဝင်ရောက်စီးနင်းသည့်အကြောင်းကို သိလိုက်ရသည်တွင် သူက မြို့တံခါးဆီသို့ အလောတကြီး အသွား ထိုအခိုက်အတန့်တွင် ၁၅၀၀ လောက်ရှိသည့် မြို့စောင့်တပ်က အခိုင်အမာ တာဝန်ကျေကျေ ခုခံပေးနေလေသည်။

ဆိုင်တာဝန်ခံရွှီသည် အချိန်ဆွဲမနေတော့ဘဲ အိမ်သို့ အလောတကြီး အပြေးပြန်လာကာ သတင်းကို ပြောပြလိုက်ပြီး မိသားစုဝင်အကြားတွင် စိတ်တင်းကြပ်မှုများ ဖြစ်သွားတော့သည်။ မြို့တံတိုင်း၏ အောက်ခြေအနက်ကို စဥ်းစားမိလိုက်ပြီး အပေါ်ကရဲမက်များနှင့် ကပ်ဘေးဒုက္ခသည်များကို သတိမပေးမိအောင် ရှောင်ရှားဖို့လဲလိုပေသည်။ မိသားစုသည် အတွင်းဘက်သို့ ဆက်ပြီးမတူးခင် မြေအောက်ကို ကျင်းတစ်ဝက်နီးပါး စပြီးတူးရသည်။ သူတို့သည် လေဝင်လေထွက်ပေါက်နှင့် ဥမင်လိုင်ပြိုကြမည့်အရေးကိုလဲ သတိထားရကာ ဥမင်တူးနေသည့် လူအရေအတွက်ကိုလဲ ကန့်သတ်ထားရပြီး ရှေ့တွင်နေရာကို ချဲ့ထွင်နေသူနှစ်ယောက် နောက်တစ်ယောက်က မြေကြီးများကို သယ်ထုတ်ပေးရသည်။

သို့သော်ငြားလည်း ယခုအခါ အရေးပေါ်ကိစ္စက သတိပေးထားရမည်ဖြစ်လေရာ လူ၃ယောက်ကရှေ့တွင် တူးပြီး ၂ယောက်ကမြေကြီးများကို သယ်ထုတ်ပေးရလေသည်။

စင်စစ် ဆောက်လုပ်ရေး အတတ်ပညာမရှိလေရာ သူတို့သည် လေဝင်လေထွက်ပေါက်ပြသာနာကို သေချာမသိကြပေ။ သို့သော်ငြားလည်း သူတို့သည် အရေးပေါ်ဖြစ်နေသည်ကိုတော့ နားလည်ကြလေသည်။ သူတို့သည် ဓားပြများက ဝင်မလာနိုင်ခင် ခရီးပေါက်အောင် မလုပ်နိုင်ခဲ့လျှင် သူတို့၏ကံတရားက ဆိုးရွားသွားနိုင်ပေသည်။

ရွှီမိသားစုအတွက်တော့ အချိန်နှင့်ယှဥ်ပြိုင်နေရခြင်းက သေရေးရှင်ရေးကိစ္စတစ်ခု ဖြစ်နေသည်။ ၁၅၀၀သော မြို့စောင့်ရဲမက်များက မြို့ကို တတ်နိုင်သလောက် ကြာကြာထိန်းထားနိုင်ဖို့ မျှော်လင့်နေရတော့သည်။

...

ရွှီမိသားစုက ဥမင်လိုင်ခေါင်းကို မမောမပန်း တူးဆွနေစဥ် မြို့သည် အတွင်းနှင့်အပြင် ရက်စက်သည့်တိုက်ပွဲတစ်ခု ဖြစ်ပွားနေလေသည်။ ချီယန်စီရင်စုသည် လူ၂ထောင်ကျော်ရှိသည့် ဓားပြအုပ်စုကြီးအတွက် ပစ်မှတ်များစွာထဲက တစ်ခုဖြစ်လာပြီး မြို့တံခါးကို တိုက်ခိုက်မှုတွင် လောက်လွှဲနှင့်လှေကားများကို ကျွန်းကျွမ်းကျင်ကျင် အသုံးပြုတတ်ကြသည်။

မြို့ကလဲ သစ်တုံးနှင့်ကျောက်တုံးသယ်ခြင်း ရေနွေးနှင့် သံရည်ကျိုခြင်း ဒဏ်ရာရသူများကို အကူအညီ ပေးခြင်းများအတွက် ခွန်အားရှိသည့်လူများကို စစ်မှုထမ်းရန် စတင်ခေါ်နေလေသည်။ ဆေးဖော်စပ်သူများနှင့် ဆေးခန်းများကို ရဲမက်များအတွက် ပြန်လည်ဖွင့်လှစ်ပေးထားရသည်။

စစ်သားစုဆောင်းခြင်းသတင်းက ယာယီတဲရှိရာနေရာသို့ လျင်လျင်မြန်မြန် ပြန့်နှံလာပြီး တစ်နေ့လျှင် မန်ထိုငယ်လေး တစ်လုံးပေးမည်ဟု ဆိုသည်။ အစားအသောက်အတွက် ကြံရာမရဖြစ်နေသည့် မြို့ထဲကလူအများစုမှာ အလုပ်ကို တာဝန်ယူဖို့ လိုလိုလားလား ရှိနေကြသည်။ လီရှီကတော့ မျှော်လင့်ချက် အလင်းတန်းလေးတစ်ခုကို မြင်လိုက်ရသော်ငြားလည်း တိုက်ခိုက်ဖို့ရန် ကြောက်ရွံနေသည့် ရှန်းစန်းက သွားဖို့ရန် အကြောက်အကန် ငြင်းဆန်နေလေသည်။

လီရှီသည် သူမကလေးများ၏ အစားအသောက်အတွက် အလုပ်ကြမ်းသမားတစ်ယောက်အဖြစ် လုပ်ဖို့ရန် လိုလားသော်ငြားလည်း တာဝန်ရှိအရာရှိတစ်ယောက်က အမျိုးသမီးများသည် ကံဆိုးစေသည်ဟု ဘွင်းဘွင်းရှင်းရှင်း ပြောကာ သူမကို မောင်းထုတ်လေသည်။ နောက်တစ်နေ့အထိ ရှန်းစန်းက သွားဖို့ရန် ငြင်းဆန်နေဆဲပင်။ ဆယ်ခါတွင် ကိုးခါလုံး ငြင်းပယ်ခံရပြီး ပျံနေသည့်မြှားများကြားတွင် မျှော်စင်ပေါ် တက်ရသည့်အဓိပ္ပါယ်က မျှားပစ်ခံရဖို့ရန် စွန့်စားခြင်းသာ ဖြစ်သည်ဟု ဆိုလေသည်။ သူသည် သူ့အသက်ကို စွန့်ရမည့်အစား အသီးအရွက်စွတ်ပြုတ်တစ်ခုဖြင့်သာ အဆာခံပေလိမ့်မည်။

လက်တွေ့တွင်တော့ ရှန်းမိသားစု၏ တတိယအိမ် ထောင်စုတစ်ခုလုံးသည် ယခုတော့ အပြင်းအထန် ဆာလောင်နေကြလေသည်။

၃လလုံးလုံးသူတို့သည် မစို့မပို့ အစားအသောက်လေးများဖြင့် ရှင်သန်ခဲ့ရသည်။ ပထမ၂လတွင်တော့ သူတို့တွင် ရောနှောထားသည့် ပဲတစ်ချို့ ရှိသေးသော်ငြားလည်း နောက်ဆုံးလတွင်တော့ အဓိကအစားအသောက်မှာ တောဟင်းရွက်များသာ ဖြစ်လာသည်။ အသားခြောက်ကို ရှာတွေ့ခဲ့သည့်နေ့က သူတို့သည် တစ်တုံးလောက်သာ စားခဲ့ရသေးသည်။ သို့သော်ငြားလည်း ကျန်သည့်အရာများကတော့ စားလို့မဝခင်မှာပင် ခိုးယူခံလိုက်ရသည်။ အခုတော့ သူတို့တွင် ပဲများလဲမရှိတော့သလို ကျန်နေသည့် အသားခြောက်များလဲ မရှိတော့ပေ။

ဟင်းသီးဟင်းရွက်ခြောက်များကို ပြုတ်လျှင်ပြုတ် မဟုတ်လျှင် အသီးအရွက်များကို ဒီအတိုင်း ရေလုံပြုတ်နေရသည်။ ဒါသည် သူတို့တွင်ရှိသည့် အရာအားလုံးပင်။ ခိုးယူခံလိုက်ရသည့် ပဲများနှင့် အသားခြောက်များအကြောင်းကို စဥ်းစားမိလိုက်သည်နှင့် သူတို့၏အစာအိမ်ထဲတွင် အတွင်းဘက်က ကုတ်ခြစ်ခံနေရသလို ခံစားလိုက်ရလေသည်။

မိသားစုမှာ အသီးအရွက်ဟင်းရည်ကိုသာ စားသောက်နေရသဖြင့် နုံးချိနေတော့သည်။ လီရှီသည် အစားအသောက် ကုန်သွားမည် စိုးသဖြင့် သူမက ယူလာသည့် သေးငယ်သည့် ပဲလက်တစ်ဆုပ်စာကို မစားရဲဘဲ ပိုပြီးပြင်းထန်လာသည့် အချိန်တစ်ခုအတွက် ထိုပဲများကို သိမ်းထားရလေသည်။

တတိယနေ့ မနက်ခင်းတွင် ရှန်းစန်းက အလုပ်ကြမ်းကို လုပ်ရန်ငြင်းဆန်နေဆဲပင်။ လီရှိက ဒယိမ်းဒယိုင်နှင့် သူတို့၏ တဲကုတ်လေးထဲက မီးဖိုချောင်သုံးဓားတစ်ချောင်းကို ဆွဲထုတ်လာပြီး ရှန်းစန်းကို အလစ်အငိုက်ဖမ်းလိုက်ကာ သူ့လည်ပင်းကိုထောက်ထားပြီး

"ရှင် သွားမှာလား မသွားဘူးလား၊ ရှင်မသွားဘူးဆိုရင်တော့ အခုပဲ အတူတူသေလိုက်ကြတာ ပိုကောင်းမယ်"

လီရှီက ရူးသွပ်သွားပြီဟု အမှန်တကယ် ယုံကြည်နေသည့် ရှန်းစန်းမှာ သူမ၏လုပ်ရပ်ကြောင့် အလန့်တကြား ဖြစ်သွားပြီး ဓားဖျားကို ပြန်ဆွဲလိုက်ကာ အော်ဟစ်လေသည်။

"မင်း စိတ်လွတ်သွားပြီလား၊ ကောင်းပြီ၊ ငါသွားမယ် ဟုတ်ပြီလား"

လီရှီ၏ အကြပ်ကိုင်ခြင်းအောက်တွင် ရှန်းစန်းသည် မကျေမနပ်နှင့် အလုပ်ကြမ်းသမားတာဝန်ကို ယူလိုက်ရသည်။ သို့သော်ငြားလည်း သူသည် မိသားစုကို ဦးစားပေးတတ်တဲ့သူမျိုး မဟုတ်ပေ။ ဆာလောင်ငတ်မွတ်ပြီး အလွန်အကျွံ အလုပ်လုပ်ရသည့်အတွက် သူက ရရှိလာသည့် မန်ထိုကို အတ္တကြီးစွာတစ်ယောက်ထဲ စားသောက်လိုက်သည်။ ပထမနေ့တွင် သူ့မိန်းမနှင့်ကလေးများအတွက် ဘာမှ ယူမပြန်လာခဲ့ပေ။

နောက်တစ်နေ့တွင်တော့ လီရှီက အချိန်ကိုက်လုပ်ထားလိုက်ပြီး ရှန်းကျင့်နှင့် ရှန်းယင်တို့ကို တဲထဲတွင် အငယ်လေးများကို စောင့်ရှောက်ဖို့ မှာကြားထားလိုက်ပြီး သူမကတော့ မြို့တံခါးဂိတ်ဆီကိုသွားကာ မန်ထိုများဝေငှနေသည်ကို စောင့်နေလိုက်သည်။ ရှန်းစန်းက လူတန်းရှေ့မှာနီးလာသည်တွင် သူမက အလောတကြီး ပြေးဝင်လာလိုက်သည်။

ရုံးတော်စာရေးက လီရှီ၏ချဥ်းကပ်လာမှုကို အစားအသောက်များ ခိုးယူဖို့ကြိုးစားနေသည်ဟု အထင်လွဲသွားပြီး သတိပေးကာဖြင့် သူတို့၏ကြာပွတ်များကို မြှောက်လိုက်လေသည်။ လီရှိက အော်ပြောလိုက်၏။

"ကျွန်မက သူ့မိန်းမပါ၊ မန်ထိုက ကျွန်မတို့မိသားစု တစ်ခုလုံးအတွက် ဝေစုလေ၊ မဟုတ်ရင် ကျွန်မကလေးတွေ ငတ်ရတော့မယ်"

သူမ၏ တောင်းပန်တိုးလျှိုးသံက မျက်ရည်များနှင့်အတူ စိတ်ရင်းမှန်ဖြစ်လေသည်။

တန်းစီနေသည့်လူတစ်ချို့က ရှန်းစန်းကို ထူးထူးဆန်းဆန်း အကြည့်ဖြင့် ကြည့်လိုက်ကြပြီး အခုတော့ သူ၏အတ္တကြီးမှုကို သတိထားမိလိုက်လေသည်။

ယောက်ကျားတစ်ယောက်က သူ့မိန်းမကို စောင့်ကြည့်ခိုင်းဖို့ လိုအပ်ပြီး သူရဲ့ဝေစုကို တောင်းဆိုနေရတယ်တဲ့။ သူက အိမ်နဲ့မျှဝေမစားတာ ရှင်းနေပြီ။

ဒါသည်အမှန်ပင် ပုံမှန်မဟုတ်သည့် မြင်ကွင်းတစ်ခုပင်။

ဝေပေးနေသူက ဇဝေဇဝါဖြစ်သွားပြီး လီရှီက အမှန်ပင် သူ့မိန်းမလေလားဟု ရှန်းစန်းကို မေးလိုက်လေသည်။

ထိုအခိုက်တွင် လိမ်ညာဖို့မတတ်နိုင်လေရာ ရှန်းစန်းက ခေါင်းငြိမ့်လိုက်ရတော့သည်။

ရှန်းစန်း၏ဝန်ခံချက်နှင့် လီရှီ၏ ပိန်လှီနေသည့်အသွင်အပြင်ကို လေ့လာကြည့်လိုက်ပြီး ဝေငှပေးသည့်သူက ထပ်ပြီးမှတ်ချက်မပေးတော့ဘဲ လီရှီကို မန်ထိုတစ်လုံး ကမ်းပေးလိုက်ကာ တန်းစီနေသည့်လူထဲက နောက်တစ်ယောက်ကို လှမ်းခေါ်လိုက်သည်။

ကျေးဇူးတင်စွာဖြင့် လီရှိက မန်ထိုကို သူမ၏ရင် ဘတ်ထဲတွင် တင်းကြပ်နေအောင် ကိုင်ထားလိုက်ပြီး ဝေငှပေးသည့်သူကို တွင်တွင်ဦးညွှတ်ကာ သူ့ကို ကျေးဇူးတင်စကားမဆုံးအောင် ပြောနေလေသည်။

ဒေါသထွက်ရသော်ငြားလည်း ဘာမှမတတ်နိုင်သဖြင့် ရှန်းစန်းမှာ ဝေငှပေးသူရှေ့တွင်လဲ ထိပ်တိုက်ရင်မဆိုင်နိုင်ဘဲ လီရှီနောက်မှ ပြန်လိုက်လာကာ ငြီးတွားလေသည်။

"ငါက အဲဒီလေးလံတဲ့ဟာတွေ အားလုံးကို သယ်မရပြီး ပျံနေတဲ့မြှားတွေအောက်မှာ ငါ့အသက်ကို စွန့်စားနေရတာ၊ တကယ်လို့ ငါက ဒီမန်ထိုလေးကိုတောင် မစားနိုင်ဘူးဆိုရင် ငါက ဘာဖြစ်လို့ အလုပ်ရှုပ်ခံပြီး ဒီအလုပ်ကိုလုပ်နေမှာလဲ"

လီရှီက မန်ထိသေးသေးလေးကို သေသေချာချာ စောင့်ကြပ်ပြီးပြောလိုက်လေသည်။

"ကျွန်မက ရှင့်ကို မစားနဲ့လို့မပြောပါဘူး၊ ဒါပေမဲ့ ကလေးတွေ စားဖို့လိုတာပဲလေ၊ ရှန်းစန်း ရှင်က သူတို့ရဲ့အဖေနော်"

ရှန်းစန်းသည် ဒေါသကြောင့်နင်သွားပြီး ကလေးအများကြီး ရှိရသည့်အတွက် အလွန်မှ နစ်နာရလိမ့်မည်ဟု တခါမှ မစဥ်းစားခဲ့မိဘူးချေ။ ဒီလောက်မန်ထိုသေးသေးလေးကို လူ၆ယောက်ကြားမှာ ခွဲစားရမယ်ဆိုရင် သူက ဘာကို အရသာ ခံနိုင်အုံးမှာလဲ။

သို့သော်ငြားလည်း မန်ထိုက လီရှီ၏လက်ထဲသို့ ရောက်သွားပြီဖြစ်ရာ ကလေးများအတွက် ရည်ရွယ်ထားသဖြင့် သူသည် သူ့ကိုယ်တိုင်အတွက် မန်ထိုကို မလုယူနိုင်တော့ပေ။

သူသည် အလွန်မှ ပင်ပန်းနေပြီး နည်းနည်းလေးသာ စားရသော်ငြားလည်း အလုပ်ကိုတော့အများကြီး လုပ်ခဲ့ရသဖြင့် ရန်ဖြစ်ဖို့ပင် အားမရှိတော့ပေ။

ထိုနေ့ညတွင် ရှန်းမိသားစု၏ ကလေးတစ်ယောက်ချင်းစီက အရွက်စွပ်ပြုတ်အပြင် တစ်ခြားအရသာတစ်ခုကို နောက်ဆုံးတော့ စားနိုင်ခဲ့လေသည်။ တစ် နေ့လုံး စိတ်နှင့်ကိုယ်မကပ်ဖြစ်နေသည့် ထျန်းယာနှင့်ရှန်းထျယ်တို့သည် သူတို့၏ဗိုက်လေးမှာ အစားအသောက်နှင့် နွေးထွေးသည့် ဟင်းရည်နည်းနည်းကြောင့် ပြန်ပြီးသတိဝင်လာတော့သည်။

...

၅လပိုင်း၆ရက်နေ့တွင် ရှန်းလီနှင့်သူ့အဖွဲ့ သည် ဆိုင်တာဝန်ခံရွှီနှင့် စာအလဲအလှယ်လုပ်ရန် သုံးသည့်ဂူဆီသို့ နောက်ဆုံးတော့ ရောက်လာခဲ့ကြသည်။

သူတို့သည် လျှိုဝှက်ပြီး သေးငယ်လှသည့် ကျောက်ဂူလေးတစ်ခုထဲက ဝါးကျည်တောက်တစ်ခုနှင့် အခုနှစ်ဆယ်လောက်ရှိသည့် အဝတ်အိတ်လေးများကို ဆွဲထုတ်လိုက်ကြသည်။ တစ်ခုကို ဖွင့်ကြည့်လိုက်တော့ ဆားများဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ဝေ့ချင်းဟယ်မှာ ဝမ်းသာလုမတတ်ပင်။

“ကျွန်တော့ယောက်ဖဆီက သတင်းလဲ ပါသေးတယ်။ သူက ကျွန်တော်တို့ကို ဆားတစ်ချို့တောင် ပို့ပေးနိုင်သေးတယ်။ အနည်းဆုံးတော့ ဒါက အပြင်ဘက်မှာ အန္တရာယ် ကင်းနေသေးတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ”

သူက ပြောလိုက်ပြီး ဝါးကျည်တောက်ကို ဆွဲထုတ်လိုက်သည်။

"စာထဲမှာ ဘာတွေရေးထားလဲ ဖတ်လိုက်မယ်"

စာကိုဖြည်လိုက်ပြီး ရှန်းလီနှင့်ချန်းသရှန်တို့ကို အော်ပြီးဖတ်ပြလိုက်ကာ သူ့ကိုယ်သူလဲ စိတ်အေးသလိုခံစားရသည်။

စာက ရှီလီရွာ၏ အခြေအနေကို အဓိက ပြောပြထားလေသည်။ ရွာထဲတွင် လူများက သူတို့၏ကလေးများကို ရောင်းစားနေကြပြီး ရှန်းစန်းကလဲ ထိုနည်းတူလုပ်ဖို့ရန် အစီအစဥ်ရှိကြောင်း သတိပေးထားသည်။ လီရှီက ရှန်းကျင့်ကို သူ၏အမဲလိုက်စွမ်းရည်ကို ထုတ်ဖော်ပြသပြီး သူ့ကိုယ်သူကာကွယ်ဖို့ရန် အကြံပေးထားသည်။

ချန်းသရှန်က အပြစ်တင်နေဟန်ဖြင့် ခေါင်းကာလိုက်ပြီး

"မင်းဦးလေးက တကယ့်ကို မကောင်းတာပဲ"

ရှန်းလီက ထိုမှတ်ချက်ကို ဈိတျမဝငျစားပဲ ဝေ့ချင်းဟယ်ကို မေးလိုက်သည်။

"ဒီစာကို ဘယ်တုန်းက ပို့ထားတာလဲ"

ရက်စွဲကို စစ်ဆေးပြီးလိုက်နောက်တွင် ဝေ့ချင်းဟယ်က ပြန်ဖြေသည်။

“လွန်ခဲ့တဲ့ ၈ရက်၉ရက်လောက်တုန်းကပဲ”

ရှန်းလီက မျက်မှောင်ကြုတ်လိုက်ပြီး စာထဲတွင်ဖော်ပြထားသည့် ချီယန်စီရင်စု၏ လက်ရှိအခြေအနေကို သေချာစဥ်းစားလိုက်လေသည်။ စာက နောက်ကျနေတာ ဖြစ်နိုင်သည်ဟု စဥ်းစားမိလေသည်။

"ဆိုင်တာဝန်ခံရွှီရဲ့သတင်းက နောက်ကျနေနှင့်ပြီးသားဆိုရင် ချီယန်စီရင်စုထဲက လက်ရှိအခြေအနေက လုံခြုံမှာ မဟုတ်လောက်တော့ဘူး"

သူ၏ကျောပိုးအိတ်ထဲသို့ စာအိတ်များကိုထည့်ရင်း သူကပြောလိုက်သည်။

"သွားကြမယ် ငါတို့တွေ ဒီ့ထက်နည်းနည်းပိုပြီး သွားရမယ်၊ ဘာတွေဖြစ်နေလဲဆိုတာ တောအစပ်ထိသွားပြီး စစ်ဆေးကြည့်ရအောင်"

ချန်းသရှန်က မငြင်းပယ်ပေ။ သူတို့အတွက်တော့ ချီယန်စီရင်စု ပတ်ဝန်းကျင်တွင် လှည့်လည်သွားလာနေရသည်က အထူးသဖြင့် ရန်သူ့နယ်မြေထဲတွင် အစောပိုင်းက ထွက်ပြေးလာသည့်အချိန်နှင့်ယှဥ်လျှင် သူတို့၏ အနောက်ဘက်ခြမ်းဝန်းတွင် အပျင်းပြေ လမ်းလျှောက်ရသလိုပင်။ ဝေ့ချင်းဟယ်က ကျေးဇူးတင်စိတ်အပြည့်ဖြင့် သူတို့နှစ်ယောက်စလုံးကို အလေးအနက် ဦးညွှတ်လိုက်သည်။

သူသည်အပြင်ဘက်က အခြေအနေကို အမှန်ပင် စိုးရိမ်မိလေသည်။ ကိုယ့်ဟာကိုယ် သွားကြည့်နိုင်ခြင်းက လွန်ခဲ့သည့် ၈ရက်၉ရက်က စာအပေါ်မှီခိုအားထားသည်ထက် သေချာပေါက် ပိုကောင်းလေသည်။ သူ့တွင် ကိုယ့်ဟာကိုယ် အပြင်ထွက်ပြီး စွန့်စားသွားလာဖို့အရည်အချင်း မရှိသဖြင့် ရှန်းလီနှင့်ချန်းသရှန်တို့ကို တောင်းဆိုဖို့ရန် အလွန်မှ ရှက်ရွံနေသလို ခံစားမိလေသည်။ ကံအားလျော်စွာ နှစ်ယောက်သားက အပြင်ဘက်သို့ လိုလိုလားလား သွားရောက်စစ်ဆေးပေးမည့်အတွက် ဝေ့ချင်းဟယ်မှာ ကျေးဇူးမတင်ဘဲမနေနိုင်အောင် ခံစားမိပြီး စိတ်အေးရလေသည်။

သူတို့သည် ၂နာရီလောက်အပြင်ဘက်သို့ ထွက်လာပြီးနောက်တွင် ရှန်းလီနှင့်ချန်းသရှန်တို့၏ မျက်ခုံးများမှာ စိုးရိမ်စိတ်ကြောင့် တွန့်ချိုးသွားတော့သည်။

ချန်းသရှန်က ရှန်းလီကိုလှမ်းကြည့်ကာ မေးလိုက်သည်။

"တစ်ခုခုကို သတိထားမိလား"

ရှန်းလီက လေးနက်သည့်လေသံတစ်ခုဖြင့် ပြန်ဖြေသည်။

"အရမ်းကို တိတ်ဆိတ်နေတယ်"

အတွင်းပိုင်းနေရာများက ကပ်ဘေးဒုက္ခသည်များနှင့် ပြည့်နှက်နေသော်ငြားလည်းပဲ တောင်အစွန်းပိုင်း နေရာများကတော့ လူသူကင်းမဲ့နေလေသည်။

ယောက်ကျားနှစ်ယောက်လုံး၏ အမူအယာက တဖြည်းဖြည်း ပိုပြီးလေးနက်လာသည်။ သူတို့သည် ရပ်လိုက်ကြပြီး သစ်ကိုင်းနှင့်သစ်ရွက်များကို စတင်ခုတ်ဖြတ်လိုက်ကာ ပိုမွှားများမရှိအောင် သေချာစစ်ဆေးပြီးမှ သူတို့ကိုယ်တိုင်နှင့် ဝေ့ချင်းဟယ်ကိုယ်ပေါ်တွင် နွယ်ကြိုးများနှင့် ပတ်ထားလိုက်ပြီး ရုပ်ဖျက်ထားလိုက်ကြသည်။

ဝေ့ချင်းဟယ်က စိုးရိမ်တကြီး တံတွေးမြိုချလိုက်ကာ

"ဒါက ဘာအတွက်လဲ"

သူသည် အရင်က တောထဲတွင် ဒီလိုပြင်ဆင်ခြင်းမျိုးကို မမြင်ခဲ့ဖူးပေ။

ရှန်းလီက သူ့ကိုယ်သူသစ်ရွက်များဖြင့် ဖုံးအုပ်ကာရုပ်ဖျက်ရင်း သတိဖြင့်ပြောလိုက်သည်။

"ဓားပြတွေက ချီယန်စီရင်စုအနီးကို ရောက်နှင့်နေလောက်ပြီ၊ ဂရုတစိုက်သွားလာပြီး တိတ်တိတ်ဆိတ်ဆိတ် လှုပ်ရှားရမယ်၊ တကယ်လို့ တစ်ခုခု မူမမှန်ဘူးလို့ ခံစားရရင် ချုံပုတ်ထဲမှာ ပုန်းနေတာဖြစ်ဖြစ် သစ်ပင်နောက်မှာပုန်းနေတာဖြစ်ဖြစ် လုပ်ရမယ်"

ဒီစကားကိုကြားလိုက်သည်တွင် ဝေ့ချင်းဟယ်မှာ တောင့်တင်းသွားတော့သည်။

"ချီယန်စီရင်စုမှာ ဓားပြတွေ... ကျွန်တော့်မိဘတွေ ညီမတွေ တူလေးနဲ့ယောက်ဖ ဘယ်လိုလုပ်ကြမလဲ"

သူ၏အသက်ရှူသံမှာ လျင်မြန်လာပြီး အခြေအနေကို နက်နက်နဲနဲ စဥ်းစားဖို့ရန် ကြောက်ရွံလာတော့သည်။

ချန်းသရှန်က သူ့ကို စိတ်အေးရအောင် ပြောလိုက်သည်။

"လန့်မသွားနဲ့ အရင်ဆုံး ရွာတွေအနီးအနားမှာ သွားပြီးတော့ စစ်ဆေးကြည့်မယ် ပြီးမှ အခြေအနေကို သုံးသပ်ကြမယ်"

ဝေ့ချင်းဟယ်က ခေါင်းငြိမ့်ဖို့သာ တတ်နိင်လေသည်။

"ကောင်းပါပြီ နှစ်ယောက်စလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ"

အစပိုင်းတွင် တကယ်တော့ ဒါသည် သူ့မိသားစုနှင့် ရှန်းမိသားစု၏ တတိယအိမ်ထောင်စုခွဲ၏ အန္တရာယ်သာ ဖြစ်လေသည်။ ရှန်းလီနှင့်ချန်းသရှန်တို့က သူတို့၏အသက်ကို စွန့်စားပေးဖို့ရန် မလိုအပ်ချေ။ မည်သည့် အကြောင်းကြောင်းဖြင့်မဆို ဝေ့ချင်းဟယ်က လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိလေသည်။

ရှန်းလီက သူ့ကိုလှမ်းကြည့်လိုက်ပြီး

"အခုတော့ ဒီလောက်ပဲထားလိုက်ပါ၊ သွားကြမယ် သရှန်နဲ့ ကျွန်တော့်နောက်မှာ အနီးကပ်နေ"

...

သူတို့သည်အရင်က ရှီလီရွာ၏ ရင်းနှီသည့်နယ်မြေဘက်ကို ဦးတည်သွားလေသည်။

ရှန်းလီ၏ မူလကရည်ရွယ်ချက်မှာ ရှန်းကျင့်အတွက် သူတူးပေးခဲ့သည့် ပုန်းခိုမည့်နေရာနှင့် ဥမင်လိုင်ခေါင်းများဆီသာ ဖြစ်လေသည်။

သူတို့သည် မည်သူကိုမှမတွေ့ခဲ့ပေ။

ထိုနေရာက လူသူကင်းမဲ့နေပြီး အစားအသောက်လဲ မကျန်ခဲ့ချေ။ အိုးခွက်ပန်းကန်တစ်ချို့သာ ကျန်ခဲ့လေသည်။

ရှန်းလီ၏လက်များက တုန်ယင်သွားပြီး သူတို့သည် ရွာထဲသို့ ခိုးဝင်ဖို့ ပြင်ဆင်လိုက်ကြတော့သည်။

တချိန်က အသက်ဝင်လှုပ်ရှားနေသည့်ရွာသည် အခုတော့ ယိုယွင်းပျက်စီးနေသည့် အိမ်များကလဲ အလွတ်။ အိမ်မွေးတိရိစ္ဆာန်များကလဲမရှိ။ အသီးအရွက်ခင်းကလဲ တူးဆွခံထားရပြီး ရွာသားများ၏ ကောက်ရိုးပုံမှကျန်သည့် ကောက်ရိုးမျှင်များသာ ကျန်ခဲ့လေသည်။

သူတို့သည် တစ်အိမ်ချင်းစီ စနစ်တကျ စစ်ဆေးလာခဲ့သည်။

ချန်းသရှန်က လေ့လာကြည့်လိုက်ပြီး

"ရုန်းကန်ထားရတဲ့ အရိပ်အယောင်တစ်ခုမှ မတွေ့ရဘူး၊ သူတို့တွေက ဆန္ဒအလျောက် ထွက်သွားကြတာထင်တယ်"

အနည်းဆုံးတော့ ဒါသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း မဟုတ်သဖြင့် ဒီလိုအခြေအနေအောက်တွင် သတင်းကောင်းတစ်ခုဟု မှတ်ယူရသလောက်ပင်။

ရှန်းလီ၏နှုတ်ခမ်းများက တင်းနေအောင်စေ့သွားပြီး အကြံပေးလိုက်လေသည်။

"ရွာကို ပတ်ကြည့်ကြပြီးရင် နောက်ထပ်စုံစမ်းဖို့ စန်းလီရွာကို သွားကြမယ်"

သူတို့သည် တောတွင်းသို့ ပြန်ပြီးဦးတည်လာသည်တွင် သတိထားနေသည့်အသံတစ်ခုက လှမ်းခေါ်လိုက်လေသည်။

"အားလီ၊ သရှန်လား"

ထိုအသံက ရှန်းလီနှင့်ရင်းနှီးနေသည်။ လှည့်ကြည့်လိုက်သည်တွင် သူသည် တအံ့တသြ အော်ခေါ်လိုက်မိလေသည်။

"ဦးလေးကျိုး၊ ဦးလေးကျိုး ရွာက မထွက်သွားကြဘူးလား"

လှမ်းခေါ်လိုက်သူမှာ တစ်ခြားသူမဟုတ်ဘဲ ကျိုးမိသားစု၏ အကြီးဆုံးသား အဖော်လိုက်ပါလာသည့် ကျိုးလိုင်ကျီ ဖြစ်တော့သည်။

ခြုံပုတ်ထဲမှပေါ်ထွက်လာသည့် ကျိုးလိုင်ကျီနှင့်သူ့သားက ရှန်းလီနှင့်သူ့အဖွဲ့ဆီသို့ အလျင်အမြန်ချဥ်းကပ်လာကြကာ သူတို့၏မျက်နှာပေါ်တွင်လဲ ရင်းနှီးသည့် လူများနှင့် တွေ့ဆုံရသဖြင့် ဝမ်းသာသည့်ဟန် ဖြစ်နေလေသည်။

"ငါတို့တွေ ရွာထဲက ထွက်ခဲ့ပါတယ်၊ မင်းက မင်းအိမ်ကို လာခဲ့ဖို့ ငါ့ကိုပြောခဲ့သေးတာ မှတ်မိတယ် မဟုတ်လား။ ငါက မင်းပြောတဲ့အချိန်ကို သွားခဲ့တယ်လေ မင်းရဲ့အိမ်က လွတ်နေတာကို တွေ့ခဲ့ရတယ်။ ဒါကြောင့်မလို့ မင်းပြောတဲ့ အဓိပ္ပါယ်ပ ငါတို့လဲ ထွက်ပြေးသင့်တယ်ဆိုတာကို နားလည်လိုက်တယ်လေ"

ရှန်းလီက ခေါင်းငြိမ့်ပြလိုက်ပြီး ကျိုးလိုင်ကျီ၏ မိသားစု ဆုံးဖြတ်ချက်ကို မအံ့သြပေ။ သေမင်းကို မကြောက်မရွံ့ ရင်ဆိုင်ခဲ့သည့် လူတစ်ယောက်က တောင်အတွင်းပိုင်းသို့ ထွက်ပြေးဖို့ရန် တွန့်ဆုတ်နေမည် မဟုတ်ပေ။ သူက မေးမြန်းကြည့်လိုက်လေသည်။

"ဦးလေးကျိုး တောင်ထဲမှာဘယ်လိုများ နေနေကြလဲ"

ကျိုးလိုင်ကျီက သူ့ရဲ့လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ပြီး

"ငါတို့တွေ အဆင်ပြေအောင် နေနိုင်ခဲ့ကြပါတယ်၊ ငါတို့တွေက အတွင်းပိုင်း အနက်အထိတော့ မသွားလိုက်ကြဘူးလေ၊ ဒါပေမဲ့ ပုန်းလို့ရတဲ့ ဂူတစ်ခုကိုရှာတွေ့ခဲ့ပြီး အဲဒီ့ဂူကို ကျောက်တုံးတွေနဲ့ ပိတ်ဆို့ထားလိုက်တာပေါ့၊ အချိန်အများစုမှာတော့ ငါတို့မိသားစုတွေက အထဲဘက်မှာပဲ ပုန်းပြီးနေနေကြတယ်၊ ငါတို့ထဲက တချို့တလေကပဲ မကြာခဏ အပြင်ထွက်ပြီး အစားအသောက်တွေ ရှာဖွေကြတယ်"

ချန်းသရှန်သည် ကျိုးသားအဖက အနည်းငယ် ပိန်ချိနေသော်ငြားလည်း အရင်တုန်းကထက် ပိုပြီး စိတ်အားတက်ကြွနေသည်ကို သတိထားမိလိုက်သဖြင့် မေးလိုက်လေသည်။

"ဦးလေးကျိုး ရွာထဲမှာ ဘာတွေဖြစ်သွားလဲဆိုတာ သိလိုက်လား"

ဒါသည် ရှန်းလီနှင့်ဝေ့ချင်းဟယ်တို့ သိချင်နေကြသည့် အဓိကအကြောင်းအရာပင်။

အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ကျိုးလိုင်ကျီက သက်ပြင်းချကာ ရှင်းပြလိုက်လေသည်။

"မင်းတို့မသိသေးတာပဲ ဖြစ်ရမယ်၊ ဒါပေမဲ့ သိပ်မကြာခင်တုန်းက စစ်သားတွေ အများကြီးရောက်လာပြီး အနီးအနားက ရွာတွေထဲကရွာသားတွေကို စီရင်စုထဲကို သွတ်သွင်းလိုက်တယ်လေ၊ သူတို့တွေနေရာပြန်ချပြီး သိပ်မကြာခင်မှာပဲ ဓားပြတွေပေါ်လာခဲ့တယ်၊ အခုစီရင်စုက ဓားပြတွေရဲ့ဝင်စီးတာ ခံနေရပြီ"

ဓားပြများဝင်စီးသည်ဟု သတင်းက ရှန်းလီနှင့်သူ့အဖော်များကို သိသိသာသာ အလန့်တကြား ဖြစ်သွားစေပြီး ကျိုးမိသားစုကို သတင်းများ အသေးစိတ် ချက်ခြင်းမေးမြန်းလိုက်လေသည်။ ဓားပြများဝင်စီးသည့်နေ့ရက်အတိအကျ ဓားပြအရေအတွက်တို့ကိုလဲ ထည့်မေးလိုက်သည်။

ကျိုးလိုင်ကျီက ခေါင်းခါပြပြီး ပြောလိုက်လေသည်။

"ငါတို့တွေက ပုံမှန်ဆိုရင် တောင်ထဲမှာပဲ နေကြပြီးတော့ အပြင်ကို မထွက်ရဲကြဘူးလေ ဒီတော့ ရက်အတိအကျကို မသိဘူး၊ ဒီအကြောင်းကိုလဲ တောင်ထဲကိုထွက်ပြေးလာကြတဲ့ တစ်ခြားသူတွေဆီကနေပြီးတော့ ကြားခဲ့တာ၊ ဒီသတင်းကို လွန်ခဲ့တဲ့၄ရက်တုန်းက ကြားခဲ့တာပဲ၊ အဲဒီ့တုန်းက ငါက အပြင်ကိုအစား အသောက်ထွက်ရှာပြီး ပြန်လာတဲ့အချိန်မှာပေါ့"

ခဏလောက်တုံ့ဆိုင်းလိုက်ပြီး သူကထပ်ပြောလိုက်သည်။

"အရေအတွက်ကိုတော့ ငါ သေချာမသိဘူး၊ ငါ ကြားထားတာတော့ ဓားပြတွေအများကြီးတဲ့၊ အနည်းငယ်ဆုံး ၁ထောင်လောက် ရှိတယ်ဆိုပဲ ဒါပေမဲ့လည်း သေချာတယ်ရယ်လို့လဲ မဟုတ်ပါဘူး၊ ငါတို့တွေ့က အနီးကပ်ကြီးတခါမှ မတွေ့ခဲ့ဖူးဘူးလေ"

ဓားပြများ အယောက်၁ထောင်ကျော်ဟု ကြားလိုက်ရသည်တွင် ဝေ့ချင်းဟယ်၏မျက်နှာမှာ အရောင်များ ပျောက်ဆုံးသွားတော့သည်။

"ဒါဆိုရင် ကျွန်တော်ရဲ့ယောက်ဖ..."

သူသည် ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး သူ့ပါးစပ်ကို ဖွင့်လိုက်သော်ငြားလည်း သူ၏ကြောက်ရွံစိတ်ကြောင့် စကားတစ်ခွန်းပင် မပြောနိုင်တော့ပေ။

ဓားပြများ အယောက်၁ထောင်ဆိုလျှင် မည်သူက သူတို့ကို ကယ်ဖို့ရန် တတ်နိုင်ပါမည်နည်း။ နတ်ဘုရားများ ဝင်ရောက်လာလျှင်တောင် ဖြစ်နိုင်မည်မထင်သယောင်။

...

အပိုင်း (၁၆၀) စစ်မှုထမ်းခြင်း

❗❗❗ စီးနင်း၊ ဖိနှိပ်၊ ရက်စက်တဲ့ အကြောင်းအရာပါ။

ဝေ့ချင်းဟယ်သည် စစ်၏ရက်စက်မှုအကြောင်းကို အမြဲတမ်း သိလာခဲ့သော်ငြားလည်း ဝေးကွာလှသည့် အသိတစ်ခုသာ ဖြစ်လေရာ အေးစိမ့်ကာ ထုံထိုင်းသွားသည့် ခံစားချက်တစ်ခုကို ဖြစ်သွားလေသည်။ အခုတော့ ဒါသည် သူ့ရှေ့တွင် ဖြစ်ပွားသွားသည့် ရက်စက်ကြမ်းကြုတ်လှသည့် ဖြစ်ရပ်မှန်တစ်ခုပင်။

သူယောက်ဖ၏အကူအညီဖြင့် သူသည် တောင်အတွင်းပိုင်းသို့ ထွက်ပြေးလာခွင့် ရခဲ့သော်ငြားလည်း သူ့မိဘ၊ သူ့အစ်မ၊ တူလေးနှင့် ယောက်ဖတို့အားလုံးက ဖရိုဖရဲအခြေအနေထဲတွင် ပိတ်ဆို့ခံနေရသည်။

သူ့မိသားစုကလဲ ဝေးကွာရာတွင်ရှိနေပြီး သူ့ယောက်ဖကတော့ ဆယ်မိုင်အကွာအဝေးတွင်သာ ရှိနေသော်ငြားလည်း သတင်းကို ကြားလိုက်ရခြင်းက သူ့ကို ကူကယ်ရာမဲ့သွားသလို ခံသားရစေလေသည်။

ပထမဦးဆုံးအကြိမ်အဖြစ် ဝေ့ချင်းဟယ်သည် လုပ်ဆောင်ဖို့ရန် ဘာမှမတတ်နိုင်ခြင်း၏ နှိပ်စက်ညှင်းပန်းခြင်းကို ကြုံတွေ့လိုက်ရပြီး သူ့နှလုံးသားကလဲ စိုးရိမ်ထိတ်လန့်မှုမီးများ တောက်လောင်နေရာ စိတ်ပျက်မှုနွံထဲ ထိုးကျသွားတော့သည်။

ရှန်းလီနှင့်ချန်းသရှန်တို့က မျက်မှောင်ကြုတ်လိုက် ကြပြီး ရွာသားများကို စီရင်စုထဲသို့ အတင်းဖိအားဖြင့်သွားခိုင်းကာ ပျက်စီးယိုယွင်းနေသည့်မြေများကို တွေ့လိုက်ရသည်တွင် သူတို့၏ စစ်ထဲတွင်နေခဲ့ရသည့်အတွေ့အကြုံကြောင့် ဒါသည် မြေလှန်မီးရှို့သည့် နည်းဗျူဟာဖြစ်ကြောင်း ချက်ခြင်းစဥ်းစားမိလိုက် ကြသည်။

တောင်ထဲတွင် ရှင်သန်ဖို့ရန် ရုန်းကန်ခဲ့ကြသည့် သူများသည် သူတို့၏ ကြမ်းတမ်းလှသည့် ပတ်ဝန်းကျင်ကို မှီခိုအားထားခဲ့ကြကာ အခုတော့ မြို့ထဲတွင် ပိတ်မိနေကြလေသည်။ သူတို့သည် အသက်ပင် ရှင်နိုင်ပါ့မလား။

ချန်းသရှန်က ရှန်းလီဘက်သို့ လှည့်လိုက်၏။

"အခု ငါတို့တွေ ဘယ်လိုလုပ်ကြမလဲ"

အပြင်ကအခြေအနေမှာ ရှင်းလင်းနေသော်ငြားလည်း ရှန်းကျင့်တို့ညီအစ်ကိုနှင့် ဆိုင်တာဝန်ခံရွှီတို့သည် မြို့ထဲတွင် ပိတ်မိနေတာ ဖြစ်နိုင်ပေသည်။

"အခု ဘာလုပ်ကြမလဲ"

ဒီမေးခွန်းက ဝေ့ချင်းဟယ်ကို စိတ်ပျက်အားလျော့နေသည့် ခံစားချက်ထဲမှ တဒင်္ဂဆွဲထုတ်လိုက်လေသည်။ သို့သော်ငြားလည်း သူတို့၃ယောက်သာရှိလေရာ သူတို့သည် တစ်ခြားသူများကို ကယ်တင်ဖို့ရန် ထောင်ချီသည့်ဓားပြများကို မည်သို့ကျော်လွှားနိုင်ပါမည်နည်း။

အမှန်ပင် ရှန်းလီက ခေါင်းခါပြလိုက်သည်။

"တစ်ခြားနည်းလမ်းမရှိဘူး၊ ဓားပြတွေက မြို့ထဲကို ထိုးမဖောက်ဘဲ ရက်တော်တော်ကြာအောင် ဝိုင်းထားကြတာဆိုတော့ မြို့ရဲ့ခံတပ်က အားမနည်းဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ၊ အနည်းဆုံးတော့ အပြင်ကဓားပြတွေနဲ့ အင်အားညီတူညီမျှလောက်ရှိတယ်၊ လူတွေကိုကယ်ဆယ်ဖို့ လူပေါင်း၂ထောင်၃ထောင် ပိတ်ဆို့နေတာကို ထိုးဖောက်သွားဖို့ဆိုတာက ငါတို့ရဲ့လုပ်နိုင်စွမ်းထက် ကျော်လွန်နေပြီလေ"

ဆက်တိုက် ဝိုင်းရံထားသည့်အခြေအနေတွင် မြို့တံတိုင်းပတ်ပတ်လည်ကိုလဲ စောင့်ကြပ်ထားလေရာ တံတိုင်းပေါ်သို့ ခိုးတက်ဖို့ရန် ကြိုးများကို အသုံးပြုရမည့် စိတ်ကူးမှာပင် မဖြစ်နိုင်ပေ။

ဒါသည် ရလာဒ်သာ ဖြစ်လိမ့်မည်ဟု စိတ်အတွင်းပိုင်းက သိထားသော်ငြားလည်း ရှန်းလီကိုယ်တိုင်ကလဲ ဘာမှမတတ်နိုင်သည့် အမူအယာ ဖြစ်နေချိန်တွင် ဝေ့ချင်းဟယ်၏ နောက်ဆုံးမျှော်လင့်ချက်လေးမှာ လုံးဝ ပျက်သုန်းသွားတော့သည်။

တစ်ခြားအတွေးများကို စိတ်မကူးရဲတော့ဘဲ သူက တစ်ခုတည်းကို မေးလိုက်လေသည်။

"တကယ်လို့ မြို့ကျသွားမယ်ဆိုရင် အထဲလူတွေ အသက်ရှင်နိုင်ဖို့ အခွင့်အရေး ရှိမလား"

ရှန်းလီက ခေါင်းခါပြသည်။

"မသေချာဘူး ဒါက တိုက်ခိုက်လာတဲ့ဓားပြတွေရဲ့ လုပ်ရပ်ပေါ်မှာ မူတည်တယ်။ အဓမ္မပြုကျင့်တာတွေ၊ လုယက်တာတွေက အများဆုံး ဖြစ်နိုင်တဲ့အခြေအနေပဲ၊ ဒီသူပုန်တွေ အများစုမှာ အရာရှိတွေနဲ့ လူချမ်းသာတွေအပေါ် နက်ရှိုင်းတဲ့မုန်းတီးမှုတွေ ရှိနေတယ်လေ။ တခါဖိနှိပ်ပြီးတာနဲ့ သူတို့တွေက စစ်မြေပြင်မှာ ရက်စက်ကြမ်းကြုတ်သွားကြတယ်၊ အဲဒီနေရာမှာ သူတို့ရဲ့မျက်လုံးတွေထဲမှာ လူသားတွေရဲ့အသက်ဆိုတာဟာ ပေါင်းမြက် ပုရွယ်ဆိတ်နဲ့ ဘာမှမခြားတော့ဘူး၊ အားလုံးက ကံတရားပေါ်ပဲမူတည်တယ်"

မြို့ကျသွားလျှင် ပထမဦးဆုံး ပစ်မှတ်ထားခံရသူများမှာ လူချမ်းသာများ ဖြစ်လေသည်။ ကံဆိုးသည့်သူများကတော့ မချမ်းသာဘဲ တိုက်ခိုက်သူများက မသိသည့်တိုင် ဓားတစ်ချက် လျှောက်ဝှေ့ရမ်းသည့် အချိန်မှာပင် သူတို့၏ အသက်များကို ဆုံးရှုံးသွားနိုင်ပေသည်။

မြို့ကျသွားလျှင် ကြောင်စရာအကောင်းဆုံးကိစ္စမှာ သတ်ဖြတ်မှုကြားထဲက ဆိုးညစ်သည့်စိတ်ကူးများ ပိုမိုများပြားလာခြင်းပင်။ အကြောင်းအရင်းမရှိဘဲ သတ်နေကြသည့် ထိုသူများသည် သွေးများဆာလောင်မှုကြောင့် မျက်ကန်းလိုဖြစ်နေကြပြီး ဒီလိုအချိန်မျိုးတွင် တစ်ယောက် နှစ်ယောက်သာမဟုတ်ပေ။

"အခုအချိန်မှာ အစိုးရိမ်ရဆုံးအန္တရာယ်က မြို့ကျသွားတာ မဟုတ်ဘူး” ရှန်းလီကပြောလိုက်၏။

"မြို့က ကျသွားခဲ့ပေမဲ့ အကုန်လုံးသတ်ဖြတ်ခံရမှာ မဟုတ်ဘူးဆိုရင်တော့ တစ်ချို့က အသက်ရှင်နိုင်လိမ့်မယ်၊ ပိုပြီး ကြောက်စရာကောင်းတဲ့ကိစ္စက တကယ်လို့မြို့ကို ဒီအတိုင်းဆက်ပြီး ဝိုင်းထားမယ် ဆိုတာပဲ”

ဝေ့ချင်းဟယ်က သိပ်ပြီးနားမလည်ချေ။ ထို့ကြောင့် ချန်းသရှန်က ရှင်းပြလိုက်သည်။

"ရွာသားတွေ အများကြီးကို မြို့ထဲကို မောင်းသွင်းထားတာ လတ်တလောနှစ်တွေက အခွန်အများကြီး ကောက်ခံထားတာရယ် မရိတ်သိမ်းရသေးတဲ့ ကောက်ပဲသီးနှံတွေရယ်ကြောင့် သူတို့တွေမှာ အစားအသောက်တွေ မရှိတော့လောက်ဘူး။ ချီယန်စီရင်စုမှာလဲ အရင်ကလို တောင်တွေထဲမှာ တောဟင်းရွက်သွားရှာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တကယ်လို့ ဝိုင်းခံထားရတဲ့အခြေအနေက အရမ်းကို ကြာမြင့်သွားမယ်ဆိုရင် အထဲက အခြေအနေက ဇာတ်တူသား စားနိုင်တဲ့ဘက်ကို ဦးတည်သွားနိုင်တယ်"

ဇာတ်တူသားစားခြင်း။

ဝေ့ချင်းဟယ်၏ ဒူးများမှာ တုန်ယင်သွားပြီး သူ၏ စိတ်ပျက်နေသည့်အမှုကို သတိထားမိနေသည့် ကျိုးလိုင်ကျီကို မြန်မြန်လေး တွဲထားလိုက်ရသည်။

ဒီမရင်းနှီးလှသည့် လူငယ်လေးက သူ၏ဆွေမျိုးများသည် မြို့ထဲတွင် ပိတ်မိနေတာဖြစ်ရမည်ဟု ကျိုးလိုင်ကျီကလဲ သဘောပေါက်လိုက်သည်။

ရှန်းလီက ဝေ့ချင်းဟယ်ကို လှမ်းကြည့်လိုက်သည်။

"မျှော်လင့်ချက်လေး နည်းနည်းတော့ ရှိပါသေးတယ်၊ ဆိုင်တာဝန်ခံရွှီက ဒါကို လုပ်နိုင်ခဲ့သလားဆိုတာကိုတော့ သေချာမသိရသေးဘူး"

ဖမ်းဆုပ်စရာ ကောက်ရိုးမျှင်များရှိခြင်းကြောင့် ဝေ့ချင်းဟယ်မှာ ရှန်းလီကို အလောတကြီးဖမ်းဆွဲလိုက်ပြီး

"ဘာမျှော်လင့်ချက်လဲ"

ရှန်းလီက ပြန်ဖြေလိုက်သည်။

"ပြီးခဲ့တဲ့အခေါက်တုန်းက ဆိုင်တာဝန်ခံရွှီအတွက် သရှန်နဲ့ငါလုပ်ထားပေးတဲ့ ပုန်းခိုရမဲ့ဂူတစ်ခု အပြင်ဘက်မှာ ရှိတယ်။ သူ အဲဒီနေရာကို ပုန်းခိုဖို့ မြန်မြန်လေး ထွက်ပြေးလာနိုင်တယ်ဆိုရင်တော့ သူ အန္တရာယ် ကင်းလိမ့်မယ်။ တကယ်လို့ သူ ထွက်ပြေးလာဖို့ မတတ်နိုင်ဘူးဆိုရင်လဲ မြို့တံတိုင်းနားက နေရာတစ်ခုကို ရှာဖွေပြီး ထွက်ပြေးဖို့အတွက် ဥမင်တစ်ခုကို တူးနိုင်ခဲ့မယ်ဆိုရင် သူ အပြင်ထွက်လာပြီး ပုန်းခိုမဲ့နေရာရောက်နိုင်သရွေ့တော့ အသက်ရှင်ဖို့ မျှော်လင့်ချက် ရေးရေးလေးရှိသေးတယ်"

ရှန်းလီ၏စကားကို ကြားလိုက်ရသည်တွင် ဝေ့ချင်းဟယ်သည် သူ၏နှလုံးသားထဲတွင် နွေးထွေးသည့်လှိုင်းတစ်ခုကို ခံစားလိုက်ရလေသည်။

သူ့ယောက်ဖဖြစ်သူက အမြဲတမ်းထက်မြက်ပြီး ဆုံးဖြတ်ချက် ပြတ်သားသည်။ ရှန်းလီနှင့်ချန်းသရှန်တို့ တူးထားပေးသည့် ခိုလှုံသည့် ကျင်းကို မြင်ဖူးသည်တွင် သူသည် ထွက်ပြေးဖို့ရန် ဥမင်တစ်ခုတူးရမည့်စိတ်ကူးကို သေချာပေါက်ရရှိပေလိမ့်မည်။

"တကယ်လို့ သူတို့တွေက ဓားပြတွေဝိုင်းရံထားတဲ့ နေရာမှာမှ သွားပြီးတူးမိရင်ကော” သူကမေးလိုက်သည်။

ရှန်းလီက ခေါင်းငြိမ့်ပြလိုက်၏။

"ဒါလဲဖြစ်နိုင်တယ်၊ ဒါပေမဲ့ အပြင်ဘက်မှာ ဓားပြတွေက အယောက်၁ထောင်လောက်ပဲ ရှိခဲ့မယ်ဆိုရင် သူတို့တွေက မြို့ဝင်တံခါးကိုပဲ အာရုံစိုက်ထားကြပြီး ပတ်ဝန်းကျင် သစ်တောတွေကိုတော့ ကင်းလှည့်တယ်ဆိုပေမဲ့လည်း အမြဲတမ်းလုပ်ကြလိမ့်မှာ မဟုတ်ဘူး၊ သတိထားပြီး ကံလေး နည်းနည်းလောက် ကောင်းတယ်ဆိုရင်တော့ သူတို့တွေကို ရှောင်ရှားနိုင်ဖို့ဖြစ်နိုင်တယ်"

ထို့နောက်တွင် ရှန်းလီက ချန်းသရှန်ဘက်ကို လှည့်လိုက်ပြီး

"ငါတို့တွေ ရှေ့ကို ဆက်သွားကြည့်ပြီး ပုန်းခိုမဲ့ကျင်းကို သွားပြီး စစ်ဆေးကြည့်ကြမလား"

မြို့ထဲကလူများကို တိုက်ရိုက်ကယ်တင်ဖို့ရန်က လက်တွေ့မကျပေ။ အပြင်ဘက်မှ ဥမင်တူးဖော်ခြင်းကလဲ အတွင်းဘက်မှ တူးဖော်ခြင်းနှင့် မတူပေ။ အထဲဘက်က သိပ်သည်းလာသည့် လူဦးရေနှင့်ဆိုလျှင် သတိမထားမိနိုင်သည့် ဖြစ်နိုင်ချေက နည်းပါးလေသည်။

သို့သော်ငြားလည်း ဆိုင်တာဝန်ခံရွှီက ထွက်ပြေးလာနှင့်ပြီးဖြစ်ခဲ့လျှင် သူတို့သည် အနည်းဆုံးတော့ အကူအညီ ပေးနိုင်ပြီး သူတို့ကို တိမ်လွှာတောင်ကြားဆီသို့ ပြန်ခေါ်လာနိုင်သည်။ သို့မဟုတ်လျှင် ဓားပြများက မြို့ကိုသိမ်းဆည်းနိုင်ခဲ့လျှင် ပုန်းခိုကျင်းထဲတွင် ပုန်းအောင်းနေသည်ဖြစ်စေ တစ်ခြားနေရာသို့ ထွက်ပြေးဖို့ရန် လုပ်သည်ဖြစ်စေ အခြေအနေက သေရေးရှင်ရေး အခြေအနေသာ ဖြစ်လိမ့်မည်။

ချန်းသရှန်က သဘောတူလိုက်သည်။

"ငါတို့တွေ ဒါကို လုပ်နိုင်တာပဲ"

သူတို့သည် သူစိမ်းများ မဟုတ်ကြသည့် နက်ရှိုင်းသည့် ပတ်သတ်ဆက်နွယ်မှုများ ရှိနေကြသည်ပင်။ အကယ်၍ ဖြစ်နိုင်လျှင် တစ်စုံတစ်ယောက်ကို ကယ်တင်ခြင်းက သူတို့အတွက် သဘာဝကျသည့်အလုပ်ပင်။ တောင်များတစ်လျှောက်တွင် သွားလာခြင်းက သူတို့အတွက် အန္တရာယ်အနည်းဆုံး ဖြစ်စေလိမ့်မည်။

ထို့အပြင် ရှန်းလီ၏ ဝမ်းကွဲများကလဲ မြို့ထဲတွင် ပိတ်မိခံနေရနိုင်သည်။ ရှန်းစန်းနှင့်လီရှီတို့နှင့် သံယောဇဥ် ဖြတ်ထားသော်ငြားလည်း ကလေးများကတော့ အပြစ်ကင်းစင်ပေသည်။ ချန်းသရှန်သည် သူတို့ကိုကယ်ဆယ်ဖို့ ဖြစ်နိုင်ချေကို စဥ်းစားမိလိုက်၏။ အထူးသဖြင့် ရှန်းစန်းနှင့်လီရှီတို့သာ ရှိနေခဲ့လျှင် ဒါက အန္တရာယ်ကို တိုးလာစေရုံပင်။

သူသည် သက်ပြင်းသာချနိုင်လိုက်ပြီး သူတို့၏ အသက်ရှင် သန်ဖို့အရေးကို ကံတရားအပေါ်သာ ပုံချထားလိုက်ရသည်။

ယခုအချိန်တွင် ရှန်းကျင့်နှင့်သူ့ညီအစ်ကိုများ၏ ကံတရားမှာ အမှန်ပင် ကံကြမ္မာလက်ထဲတွင် ရှိနေလေသည်။

ရှန်းလီနှင့်ချန်းသရှန်တို့က မြို့အနီးအနားအထိ ခရီးတစ်ထောက် သွားပေးမည်ဟု ကြားလိုက်ရသည်တွင် ဝေ့ချင်းဟယ်မှာ ကျေးဇူးတင်လို့ မဆုံးနိုင်အောင်ပင်။ ခရီးမှာ အန္တရာယ်အတိရှိနေပြီး ရှန်းလီနှင့်ချန်းသရှန်တို့က လွတ်မြောက်နိုင်ချေ ရှိနေသော်ငြားလည်း ဝေ့ချင်းဟယ်၏ လုံခြုံရေးကတော့ မသေချာပေ။

ကျိုးသားအဖကို သေသေချာချာ ပုန်းအောင်ပြီးဂရုစိုက်ဖို့ အကြံပေးလိုက်ပြီးနောက်တွင် သူတို့က ဝေ့ချင်းဟယ်အတွက် အစားအသောက်တစ်ချို့ကို ချန်ထားပေးခဲ့ပြီး ရှန်းလီက သူတို့ပြန်မဆုံခင်အထိ ရှန်းကျင့်နှင့်တစ်ခြားသူများအတွက် အစောပိုင်းက တူးပေးခဲ့သည့် ကျင်းလေးထဲတွင် သူ့ကိုစောင့်နေဖို့ မှာထားလိုက်သည်။

ဝေ့ချင်းဟယ်မှာ အမှန်ပင် ရှက်ရွံ့မိသလို ခံစားရလေသည်။ သူသည် သူ့ယောက်ဖဖြစ်သူကို ကယ်တင်လိုသော်ငြားလည်း ယခုတော့ သူက လုံခြုံရေးအတွက် နောက်တွင်နေခဲ့ရစဥ် ရှန်းလီနှင့်ချန်းသရှန်တို့က အပြင်သို့ စွန့်စားပြီး သွားပေးရပေတော့မည်။

ရှန်းလီနှင့်ချန်းသရှန်တို့က ဒီကိစ္စကို ရှင်းလင်းနေအောင် လုပ်ထားသည်။ သူ့ကို အတူခေါ်သွားခြင်းက သူ့လုံခြုံရေးကို အာမခံပေးနိုင်မည် မဟုတ်ပေ။ အမှန်တွင်တော့ သူသည် ဝန်ထုပ်ဝန်ပိုးတစ်ခုပင် ဖြစ်လာနိုင်သည်။

ဒါသည် မြိုသိပ်ဖို့ရန်ခက်ခဲလှသည့် အမှန်တရားတစ်ခုပင်။

မခွဲခွာခင် ဝေ့ချင်းဟယ်က ရှန်းလီနှင့် ချန်းသရှန်တို့ကို အကြိမ်ကြိမ် ကျေးဇူးတင်စကား ပြောလေသည်။ သူတို့ထွက်သွားသည်နှင့်တပြိုင်နက် သူကလဲ ပုန်းခိုကျင်းအထဲသို့ တစ်ယောက်ထဲဝင်သွားပြီး ပုန်းနေလိုက်သည်။

...

တချိန်တည်းတွင် ချီယန်စီရင်စု၏ မြို့တံတိုင်းထိပ်ပေါ်တွင် ရှန်းစန်းသည် ကြောက်မက်ဖွယ်မြင်ကွင်းကို စောင့်ကြည့်နေမိသည်။ တံတိုင်းပေါ်သို့ အောင်အောင်မြင်မြင် တက်လာလုနီးပါးဖြစ်နေသည့် ဓားပြတစ်ယောက်က သူနှင့်အတူသစ်တုံးများကို ကူပြီးသယ်ပေးနေသည့် နောက်လိုက် အလုပ်သမားတစ်ယောက်၏ခေါင်းကို ခေါင်းနှင့်ကိုယ်ကွဲသွားအောင် လုပ်လိုက်လေသည်။ နောက်တစ်စက္ကန့်တွင် ထိုဓားပြကိုပင် ခုခံနေသည့် ရဲမက်တစ်ယောက်က ခေါင်းဖြတ်လိုက်သည်။ ခေါင်းတော်တော်များများထဲက တစ်ခုမှာ မတော်တဆ လွင့်စင်သွားပြီး ရှန်းစန်း၏ မျက်နှာကို လာရိုက်မိတော့သည်။

ရှန်းစန်းသည် ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီး သူ၏ဝိညာဥ်မှာ လွင့်ထွက်သွားတော့မတတ်ပင်။ ကပျာကယာနှင့် သူသည် ခေါင်းကိုလွှတ်ပစ်လိုက်ပြီး သစ်တုံးကြီးကို ချန်ထားခဲ့ကာ ကြောက်လန့်တကြား ရေရွတ်ရင်း မြို့တံတိုင်းပေါ်မှ ဒယိမ်းဒယိုင်ဖြင့် ပြေးဆင်းသွားတော့သည်။

လီရှီမှာ မန်ထိုဝေပေးသည့်အစောင့်နားသို့ပင် မရောက်သေးချေ။ ရှန်းစန်းက အလောတကြီး ပြေးပြန်လာသည်ကို မြင်လိုက်ရပြီး သူမျက်နှာတွင်လဲ သွေးများပေကျံနေကာ စိတ်ဝိညာဥ် ပျောက်ဆုံးသွားသည့် လူတစ်ယောက်အသွင်ပင်။ သူမက တဘက်တစ်ထည်ကို လှမ်းဆွဲလိုက်ပြီး ရေဆွတ်ကာ ကပျာကယာဖြင့် သူ့မျက်နှာကို စတင်သုတ်ပေးလိုက်ပြီး တဘက်ထဲကထွက်လာသည့် သွေးများ၏မြင်ကွင်းက သူမကို ထိန်းမရအောင် တုန်လှုပ်သွားစေတော့သည်။

"ရှင် ဘာဖြစ်ခဲ့တာလဲ"

မေးခွန်းကိုမေးလိုက်ရုံရှိသေး ရှန်းစန်း၏ မြိုသိပ်ထားသည့် ကြောက်ရွံ့စိတ်မှာ ထွက်ပေါက်တစ်ခု ရှာတွေ့သွားတော့သည်။ သူက သွေးပေနေသည့်အဝတ် စကို လီရှီ၏မျက်နှာဆီသို့ ပစ်ပေါက်လိုက်ပြီး အော်ဟစ်ပြောဆိုလေသည်။

"ငါတို့ရဲ့အသက်တွေကို ဓားလှံတွေကြားမှာ စွန့်စားနေတာ ရပ်လိုက်ကြရအောင်၊ ငါလဲ ဓားတစ်ချောင်းကို ကိုင်နိုင်သားပဲ၊ တကယ်လို့ ငါတို့တွေသေရမယ်ဆိုရင် အကုန်လုံး အတူတူ သေကြမှာပဲ၊ တစ်ခြားလူကိုသာ အလုပ်ကြမ်းအလုပ် သွားလုပ်ခိုင်းလိုက်တော့၊ ငါကတော့ အဲဒီ့အပေါ် ထပ်တက်ရမဲ့အစား အငတ်ပဲခံလိုက်တော့မယ်၊ တကယ်လို့ စားစရာမရှိဘူးဆိုရင် မြေကြီးကိုပဲစားမယ်"

...

ရှန်းလီနှင့်ချန်းသရှန်တို့သည် ခရီးရှည်ကြီးတစ်ခုကို သွားခဲ့ရသည်။ တောင်းပိုင်းက တိုက်ပွဲများကို အတွေ့အကြုံရှိခဲ့ကြသည့် ဝိုင်းရံထားသည့်ဓားပြများသည် ဖြစ်နိုင်သည့် နောက်တန်းချဥ်းကပ်မှုအားလုံးကို ကာကွယ်ရန် အစောင့်များကို နေရာချထားပြီး သူတို့ကိုတစ်ခြားစစ်ကူများနှင့် တစ်ခြားအဖွဲ့များက ဝိုင်းရံဖို့ ကြိုးစားမှာကို ကာကွယ်ထားလေသည်။ ထို့ကြောင့် ဒီအစောင့်များကို ရှောင်ရှားနေရင်းကပင် ရှန်းလီနှင့်ချန်းသရှန်တို့အတွက် အချိန်နှစ်ရက်လောက်အပြည့် ယူလိုက်ရသည်။ နောက်ဆုံးတော့ ၅လပိုင်း၈ရက်နေ့တွင် သူတို့ ဆိုင်တာဝန်ခံရွှီအတွက် လုပ်ထားပေးသည့် ပုန်းခိုသည့်ကျင်းဆီသို့ ရောက်လာတော့သည်။

သူတို့သည် ပုန်းခိုသည့်ကျင်းကို လေဝင်လေထွက်ရဖို့ရန် ဖွင့်လိုက်သော်ငြားလည်း အတွင်းဘက်တွင် ဘာသက်ရှိ အရိပ်အယောင်မှ မတွေ့ရချေ။ ရှန်းလီက ဆိုင်တာဝန်ခံရွှီကို လှမ်းခေါ်လိုက်သော်လည်း ပြန်ထူးလာသည့်အသံကို မကြားရပေ။ သူတို့မှာ စိတ်ပျက်အားလျော့သွားတော့သည်။

ရှန်းလီသည် အထဲသို့ဝင်သွားသည်တွင် များပြားလှသည့် အစားအသောက်များကို တွေ့ခဲ့သော်လည်း မည်သူ့ကိုမှတော့ မတွေ့ရချေ။ ချန်းသရှန်က အမှောင်ထဲတွင် ရောက်လာချိန်တွင် ရှန်းလီက တိုးတိုးလေးပြောလိုက်သည်။

"ဆိုင်တာဝန်ခံရွှီက ဒီနေရာကိုလာဖို့ အခွင့်အရေးတောင် လုံးဝမရခဲ့ဘူးထင်တယ်"

ပုန်းခိုသည့်ကျင်းထဲမှ ထွက်လာပြီးနောက်တွင် သူတို့သည် အဝေးမှ တိုက်ပွဲအခြေအနေကို လေ့လာနိုင်သည့် တော၏အတွင်းဘက်တစ်နေရာသို့ တိုးတိုးတိတ်တိတ် ပြောင်းရွှေ့သွားလိုက်ကြသည်။

"ဝိုင်းရံထားတဲ့အခြေအနေက အခုနည်းနည်းလေးပိုပြီး ပြင်းထန်လာတဲ့ပုံပဲ"

ချန်းသရှန်က လေ့လာလိုက်သည်။

"သူတို့တွေ မြို့ကို ဝိုင်းရံထားတဲ့ပုံနဲ့ရော တူသေးရဲ့လား"

မြို့အဝင်အဝကို ကြည့်လိုက်သည်တွင် ဓားပြအင်အားက ၁ထောင်ကျော်လောက်ရှိနေသည်။

"ချီယန်က မြို့ငယ်လေးတစ်ခုပဲ၊ မြို့စောင့်တပ် ဘယ်နှစ်ယောက်များ ရှိနိုင်မှာလဲ၊ အရေအတွက်နဲ့ကြည့်ရင် ဓားပြတွေက အသာစီးရနေတာပဲ၊ ဒါတောင် သူတို့တွေက မြို့ကို အလုံးအရင်းနဲ့ ဝင်မတိုက်ကြဘူးဆိုတော့ သူတို့တွေက သူတို့ရဲ့အကောင်းဆုံးအောင်မြင်မှု အခွင့်အရေးကို သိထားတဲ့အတွက် မြို့ကိုဝိုင်းထားဖို့ပဲ ရွေးချယ်ခဲ့တာပဲ"

ရှန်းလီက လက်သီးများကို ဆုပ်ထားလိုက်သည်။

"မြို့က အစားအသောက်တွေ ပြတ်လပ်နေလောက်ပြီ"

ဒါက ကြားဝင်ဖို့ရန် သူတို့၏ မတတ်နိုင်စွမ်းသည့် အခြေအနေကို ပြောင်းလဲမှာမဟုတ်ကြောင်းလဲ သိနေသည်။

ချန်းသရှန်က သက်ပြင်းချလိုက်၏။

"ပြန်သွားကြပြီးတော့ နောက်ထပ် ရက်အနည်းငယ်လောက် စောင့်ကြည့်လိုက်ရအောင်"

ဥမင်တစ်ခုမှ ထွက်ပြေးရသည်ကပင် အချိန်တစ်ခုအထိ ယူရပေသည်။

သူတို့သည် ဆက်ပြီးနေဖို့ရန် အဆင်မပြေလေရာ ပုန်းခိုမည့်နေရာသို့ ပြန်လာကြပြီး တစ်စုံတစ်ယောက် လွတ်မြောက်လာမည့် သေးငယ်လှသည့် အခွင့်အရေးကို စောင့်ဆိုင်းနေလိုက်ကြသည်။

...

ရှန်းလီ ခန့်မှန်းထားသည့်အတိုင်းပင် ချီယန်စီရင်စုသည် အမှန်ပင် အစားအသောက် ပြတ်လပ်နေလေသည်။

ရဲမက်များနှင့်ချမ်းသာသည့် အိမ်ထောင်စုများကတော့ စားစရာ လုံလုံလောက်လောက် ရှိသော်ငြားလည်း မြို့နေလူထု၏ ဆင်းရဲသား၂၀ ရာခိုင်နှုန်းနှင့် ရွာသားများ၏ နောက်ထပ်၃၀ ရာခိုင်နှုန်းက အစားအသောက်များ စတင်ပြတ်လပ်နေကြသည်။

အထူးသဖြင့် တောဟင်းရွက်များကိုသာ မှီခိုအားထားရပြီး လအတန်ကြာအောင် ပဲများကို သာစားခဲ့ရသည့် ရွာသားများသည် အခုတော့ တောဟင်းရွက်များကို ရနိုင်ဖို့ပင် မဖြစ်နိုင်တော့ပေ။ ကျွေးစရာ ပါးစပ်ပေါက်များစွာ ရှိနေလေရာ အကန့်အသတ်ဖြင့်ရှိနေသည့် အသီးအရွက်များမှာ မည်မျှ တာရှည်ခံနိုင်ပါမည်နည်း။

မြို့ထဲသို့ လဝက်နီးပါးလောက် ရောက်ရှိလာသည်တွင် အဆင်းရဲဆုံးနှင့် အစားအသောက် လုယက်ခံလိုက်ရသူများမှာ တဖြည်းဖြည်းနှင့် စားစရာအရွက်များပင် မကျန်တော့ပေ။

အစားအသောက် မရှိတော့သဖြင့် စီရင်စုရုံးတော်ကလဲ လူသူကင်းမဲ့နေသည်။ အစားအသောက်အတွက် တစ်ခြားသူများကို တောင်းရမ်းခြင်းကလဲ အချည်းနှီးပင်။ မည်သူကမှ ဒီလိုအလှူအတန်းမျိုးကို မလုပ်ရဲကြခြင်းပင်။ လူများသည် မြို့အစွန်ပိုင်းတွင် တွေ့ရသည့် ပိုးမွှားများ၊ သစ်ခေါက်များ၊ မြက်ပင်အမြစ်များနှင့်၊ သစ်ရွက်များဖြင့်သာ ဖြေရှင်းနေရသည်။

ဒီအရင်းအမြစ်များက မြို့ထဲတွင် ရှားပါးပြီးသားဖြစ်လေရာ လူအများကြီး၏ အသည်းအသန် ရှာဖွေစားသောက်ရသည့် အခြေအနေအောက်တွင် မြန်မြန်ပြုန်းတီးသွားပြီး လူအများကို သူတို့၏တဲထဲမှ ကောက်ရိုးများကို စားသောက်ရခြင်းများ ဖြစ်လာစေပြိး ကောက်ရိုးများက ဗိုက်မပြည့်နိုင်သဖြင့် မြေမှုန့်များကိုပင် စားသောက်ရခြင်းဆီသို့ ဦးတည်သွားတော့သည်။

ရှန်းကျင့်နှင့် သူ့ညီအစ်ကိုများက ထိုနေ့တွင် တစ်နပ်ထဲသာ စားလိုက်ရပြီး သူတို့၏တစ်ခုတည်းသော ထိုတစ်နပ်မှာ သူတို့ရှာဖွေလာခဲ့ရသည့် မြေမှုန့်ကိတ်တစ်လုံးသာ ဖြစ်လေသည်။

သူတို့သည် မြေကြီးများထဲက ကျောက်တုံးများကို ဂရုတစိုက် ရွေးထုတ်ခဲ့ကြပြီး ဇကာစစ်ကာ ရေဆေးပြီးနောက် နူးညံ့နေသည့်မြေမှုန့်များကို ရရှိဖို့ရန် ရေထဲတွင် ရေစစ်ထားရသည်။ ထို့နောက် ပုပ်သိုးနေသည့် အသီးအရွက်များကို လှီးဖြတ်ပြီး အခြောက်ခံထားသည့် တောဟင်းရွက် အနည်းငယ်လေးနှင့်ရောစပ်ကာ ပဲဝါကို သူတို့၏ကောက်ရိုးခြောက်များနှင့် ရောကြိတ်ရသည်။ သည်အရောအနှောများက မြေမှုန့်များနှင့် ရောစပ်ပြီး မြေမှုန့်ကိတ်များဖြစ်လာသည်။

ရှန်းကျင့်သည် မျက်ရည်များစီးကျနေပြီး အပိုင်းအစ အသေးလေးကို ကိုက်ကာ ဝါးရမည်ကို အလွန်မှ ကြောက်မိနေသဖြင့် ဒီအတိုင်းသာ မြိုချလိုက်တော့ သည်။

လူတစ်ယောက်သည် အလွန်မှ ဆာလောင်မွတ်သိပ်လာချိန်တွင် မြေကြီးမုန့်တစ်ခုကပင် အင်မတန်မှ အရသာရှိလှပေသည်။ မြေမှုန့်ကလဲ စားစရာဖြစ်လာတော့သည်။

ရှန်းကျင့်တွင် မျက်ရည်များရှိသေးလေသည်။ သို့သော်ငြားလည်း အငယ်ဆုံးလေး ရှန်းထျယ်နှင့်ရှန်းထျန်းတို့မှာ သူတို့၏ ကြောက်ရွံသည့်ခံစားချက်များပင် ပျောက်ဆုံးသွားကြပြီး သူတို့ရသမျှ အစားအသောက်တိုင်းကို ပါးစပ်ထဲသို့ ထိုးသိပ်ထည့်ကာ ခြောက်ကပ်လွန်းသဖြင့် ရေနှင့်မျှောချရလေသည်။

လီရှီသည် ထုံထိုင်းလာတော့သည်။ ဖြစ်နိုင်သမျှ နည်းလမ်းများကို အသုံးချသော်ငြားလည်း အစားအသောက် ရရှိဖို့ရန်က အချည်းနှီးဖြစ်နေလေရာ ခြေကုန်လက်ပန်းကျလာတော့သည်။

သူမသည် နောက်ဆုံးကျန်သည့် ပဲဝါလက်တစ်ဆုပ်၊ တောဟင်းရွက်ခြောက် အိတ်ငယ်လေးတစ်အိတ်၊ မြက်ခြောက်များကို ဖက်တွယ်ထားရပြီး တစ်နေ့စာအတွက် တစ်နေ့ အသက်ရှင်ဖို့ရန် မျှော်လင့်ရလေသည်။

အကယ်၍ မြို့စောင့်တပ်က အနိုင်ရရှိခဲ့လျှင် သူတို့သည် အစားအသောက်ရှာဖွေဖို့ မြို့ပြင်သို့ထွက်နိုင်ပြီး အသက်ရှင်လိမ့်မည်။

အကြိမ်တော်တော်များများတွင် သူမသည် ပြန်ပြီးစဥ်းစားမိလေသည်။ အကယ်၍များ သူတို့သည် ထွက်ပြေးဖြစ်ခဲ့ကြလျှင်၊ သူမသည် ရှန်းကျင့်ကို ပဲများနှင့်အသားခြေက်များနှင့်အတူ တူးထားသည့်ဂူထဲတွင် ထားခဲ့လျှင်၊ သူသည် အခုလိုမြို့ထဲတွင်ပိတ်မိနေကာ မြေကြီးများကို စားသောက်နေရမည် မဟုတ်ပေ။ တောငှက်၊ တောယုန်များကို အမဲလိုက်နိုင်ပေလိမ့်မည်။

သို့သော်ငြားလည်း ‘အကယ်၍’ဟူသည့် စကားလုံးက မရှိတော့ပေ။

အကယ်၍ဟူသည့် စကားလုံးသာရှိခဲ့လျှင် အစကတည်းက ပထမအိမ်ထောင်စုက ကလေးများကို မှားယွင်းစွာ ဆက်ဆံခဲ့မည်မဟုတ်သလို သူတို့သည်လဲ ဒီလိုအလွန်မှ စိတ်ပျက်အားလျော့စွာ စွန့်ပစ်ခံရမည့် ဇာတ်သိမ်းမည် မဟုတ်ပေ။

အမှန်ပင် မကောင်းမှုလုပ်ထားခဲ့ခြင်းက အနှေးနှင့်အမြန်ပြန်ပြီး ခြောက်လှန့်လာနိုင်ပေသည်။

ရှန်းစန်းတစ်ယောက်သာ ငြိမ်ဆိမ်ပြီးနေလေသည်။

မသေချင်လေရာ သူသည် မြို့တံတိုင်းပေါ်သို့တက်ရမည့် အရေးထက် အသီးအရွက်နှင့် မြေကြီးကိတ်ကိုသာ ပိုပြီး စားသောက်ရချင်လေသည်။ မြေကြီးကို အချိန်အကြာကြီး စားသောက်ရလာခြင်းက သေစေနိုင်သည် ဖြစ်သော်ငြားလည်း သူသည် ရောက်လာသည့် တစ်နေ့စာတိုင်းအတွက် ရှင်သန်ဖို့ရန်သာ မျှော်လင့်ထားပြီး ထွက်ပြေးနိုင်ဖို့ရန်ပင် မျှော်လင့်မိလေသည်။

သူသည် ငွေရောင်မျှော်လင့်ချက်တစ်ခုကို ဖက်တွယ်ထားဆဲပင်။

သို့သော်ငြား သူ၏အကောင်းမြင်တတ်သည့် သဘောထားက နေရာလွဲနေလေသည်။

တခါတရံ ပစ်မှတ်များသည် ရှောင်လွဲလို့မရနိုင်ပေ။ အသေအပျောက် ၆၀၀ ကျော်လောက်ရှိလာသည်တွင် မြို့စောင့်တပ်ကလဲ မြို့တံခါးနှစ်ခုစလုံးကို ဆက်ပြီးမထိန်းထားနိုင်တော့ဘဲ မြို့တွင်းက လုပ်နိုင်ကိုင်နိုင်သေးသည့် ယောက်ကျားသားများကို ဖိအားဖြင့် စစ်မှုထမ်းခြင်းသို့ ဦးတည်လာတော့သည်။

ကျောင်းနားတဝိုက်တွင် ဆူဆူညံညံအသံ စဖြစ်လာချိန်တွင်တော့ ရှန်းစန်းသည် တစ်ခုခုလွဲနေသည်ဟု ခံစားမိလိုက်သည်။ ဖရိုဖရဲဖြစ်နေသည့် အခြေအနေကို မြင်လိုက်သည်တွင် သူက မြေကြီးကိတ်ကို လှမ်းဆွဲကာ ထွက်ပြေးတော့သည်။

စစ်မှုထမ်းဖို့ရန် ရွာသားများ၏နာမည်စာရင်း အတိအကျမရှိသဖြင့် ရဲမက်များက ရှန်းမိသားစု၏ တဲကုတ်လေးထဲသို့ ဝင်လိုက်သော်ငြားလည်း အရွယ်ရောက်ပြီးသား ယောက်ကျားများကို မတွေ့ရသဖြင့် နောက်တစ်အိမ်သို့ မြန်မြန် ပြောင်းသွားကြသည်။ သူတို့သည် ရှန်းစန်းကို စစ်မှုထမ်းခြင်းကင်းလွတ်ခွင့်မှ သီသီကလေး ရှောင်ရှားနိုင်ခွင့်ပေးလိုက်လေသည်။

...

မြို့၏အနောက်ဘက် အစွန်းတစ်နေရာတွင် ရွှီမိသားစုသည် ရှည်လျားသည့် ဥမင်တစ်ခုကို တူးလာလေရာ မြို့တံတိုင်းနှင့် နီးကပ်လာပြီ ဖြစ်ပြီး ထိုအချိန်တွင် ရုတ်တရက်ဆိုသလို တင်းကြပ်စွာပိတ်ထားသည့် တံခါးက ဝုန်းခနဲ အသံ အကျယ်ကြီး ထွက်လာလေသည်။

"တံခါးဖွင့်"

မြေကြီးများကို အပြင်ဘက်သို့ သယ်ပေးနေသည့် ဝေ့လင်းကျန့်မှာ အသံကြောင့် ထခုန်မိလေသည်။

အဖြေပြန်မပေးရဲဘဲ သူမက ဥမင်တူးနေသည့် နေရာကအခန်းထဲကို အမြန်ပြန်ဝင်သွားကာ သူမ၏သားအငယ်ကို ဥမင်ထဲက အစေခံကြီးရွှီကိုသွားရှာဖို့ လက်ဟန်ပြလိုက်သည်။ သူမက မြေကြီးများ ပုံထားသည့်အခန်းကို ခြေဖျားလေးထောက်ကာ သွားပိတ်လိုက်ပြီးမှ ပြန်လာခဲ့လေသည်။

အပြင်ဘက်ကလူသည် စိတ်မရှည်လက်မရှည်ဖြစ်လာပြီး တံခါးကို ကန်ကျောက်တော့သည်။

"တံခါးဖွင့်၊ ကျုပ် ပြောတာကိုကြားလား"

ဝေ့လင်းကျန့်သည် ကြောက်လန့်တကြား ပိုပြီးဝေးရာသို့ နောက်ဆုတ်သွားသည်တွင် ရွှီရှူးကပေါ်လာကာ မြေကြီးမှုန့်များ မမြင်ရအောင် သေချာစစ်ဆေးထားလိုက်ပြီး သူ့သခင်မကို ဥမင်ထဲတွင် ဝင်ပုန်းနေဖို့ အချက်ပြလိုက်ပြီး ဥမင်တူးနေသည့် အခန်းတံခါးကို ပိတ်ထားလိုက်သည်။ ထို့နောက် သူက တံခါးမကြီးဆီသို့ ချဥ်းကပ်သွားကာ တုန်တုန်ယင်ယင်ဖြင့် မေးမြန်းလေသည်။

"ဘယ်သူလဲ"

“မြို့စောင့်တပ် စစ်မှုထမ်းခေါ်မလို့ တံခါးကို မြန်မြန်ဖွင့်”

ရွှီရှူး၏ရင်ထဲမှာ လေးလံသွားသော်လည်း သူက တံခါးကို ဖွင့်လိုက်ကာ ခေါင်းငြိမ့်ပြီး ဦးညွှတ်လိုက်လေသည်။

"ဟုတ်ကဲ့ပါ ဆရာ"

ရဲမက်က နာမည်စာရင်းကိုကိုင်ထားပြီး စာရွက်ကို စစ်ဆေးပြီးနောက် မော့ကြည့်ကာ မေးလိုက်လေသည်။

"ရွှီကျုံးလား” ရွှီကျုံးက ခေါင်းငြိမ့်ပြလိုက်ကာ "ဟုတ်ပါတယ် ဟုတ်ပါတယ် ကျွန်တော်ပါ"

ရဲမက်က အထဲကိုချောင်းကြည့်လိုက်ပြီး

"ခင်များတံခါးလာဖွင့်ဖို့ ဘာလို့အဲလောက်ကြာနေတာလဲ၊ အိမ်ထဲမှာဘယ်သူရှိလို့လဲ” ရွှီကျုံးက ခေါင်းကို မြန်မြန်ခါပြလိုက်ပြီး

"ကျွန်တော်တစ်ယောက်ထဲပါပဲ ဆရာ၊ ကျွန်တော်က ချီယန်စီရင်စုကို ထွက်သွားတုန်းကပဲ ဒီနေရာမှာပိတ်မိသွားတာ၊ ကျွန်တော် နေထိုင်ဖို့ ဒီနေရာကို ရှာခဲ့ရတာလေ၊ ကျွန်တော် တံခါးမဖွင့်ဘူးဆိုတာကလဲ အခုနောက်ပိုင်း ရွာသားတွေက တံခါးလာခေါက်ပြီး အစားအသောက်တွေ တောင်းတတ်ကြလို့ပါ၊ တစ်ယောက်ထဲ နေတာဆိုတော့ တကယ်မလုံခြုံဘူး ခင်ဗျ"

သူ၏ရှင်းလင်းချက်က စာရင်းပေါ်က မှတ်တမ်းများနှင့် ကိုက်ညီနေသဖြင့် ရဲမက်ကလဲ ဆက်ပြီးမမေးတော့ပေ။

"ဟုတ်ပြီ ဒါဆိုလဲ ကျုပ်တို့နဲ့လိုက်ခဲ့"

ရွှီရှူးက ဦးညွတ်လိုက်ပြီး အခက်တွေ့သွားဟန်ဆောင်လိုက်သည်။

"ကျွန်တော်က ဒီအတွက် အရမ်းကိုအိုနေပါပြီ ခင်ဗျာ၊ ကျွန်တော် မြို့ကိုတကယ်ပဲ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး"

ရဲမက်က စိတ်မရှည်တော့ဘဲ ပြောလိုက်လေသည်။

"ကျုပ်တို့တွေက ခင်များ အလုပ်လုပ်ဖို့နေရာတစ်ခုကို ရှာပေးမှာ"

ရွှီကျုံးက ဟန်ဆောင်နေလိုက်ရပြီး အထဲတွင်ပုန်းနေသည့် မိသားစု၏လုံခြုံရေးကို ပိုပြီးစိုးရိမ်မိလေသည်။ သူသည် ဆန့်ကျင်ဖို့ အမှန်ပင် ရည်ရွယ်ချက် မရှိဘဲ ဟန်ဆောင်လိုက်လျောကာ ပြောလိုက်လေသည်။

"ကောင်းပါပြီခင်ဗျာ ခဏလောက်စောင့်ပေးပါအုံး၊ ကျွန်တော် ခြံတံခါးလေး ပိတ်ပါရစေ"

အပြင်ဘက်မှ ခြံတံခါးကို ပိတ်လိုက်ပြီးနောက်တွင် သူသည် ရဲမက်များနောက် အမှန်ပင်လိုက်သွားလေသည်။

အိမ်မကြီးထဲတွင် ရွှီမိသားစုသည် အသက်ပင် မရှူထုတ်ရဲဘဲ ခြေသံများဝေး ကွာသွားသည့်အချိန်မှ အသက်ကို ရှူထုတ်နိုင်တော့သည်။ ထို့နောက် ဝေ့လင်းကျန့်က စိုးရိမ်တကြီး တီးတိုးပြောလိုက်၏။

"အခုကျွန်မတို့တွေ ဘယ်လိုလုပ်ကြမလဲ"

ဆိုင်တာဝန်ခံရွှီကလဲ မသက်မသာဖြစ်နေပေသည်။ သို့သော်ငြားလည်း ပိုကောင်းသည့် အစီအစဥ်မရှိရာ သူက သူ့မိန်းမကို အားပေးစကားသာပြောရတော့သည်။

"အဆင်ပြေမှာပါ၊ ဦးလေးရွှီက အသက်ကြီးပြီပဲ သူတို့တွေက သူ့ကို မြို့တံတိုင်းပေါ်တော့ တက်ခိုင်းမှာ မဟုတ်လောက်ပါဘူး။ သူတို့တွေက သူ့ကိုအနားယူခိုင်းပြီး ရဲမက်တွေနဲ့တစ်လှည့်စီ စောင့်ခိုင်းမှာပါ၊ ငါတို့တွေက မြန်မြန်လုပ်ပြီး ဥမင်ကို ပြီးအောင်တူးမှဖြစ်မယ်၊ ဒါမှ ငါတို့လွတ်မြောက်နိုင်မှာ"

ဝေ့လင်းကျန့်၏ မျက်လုံးများမှာ နီရဲသွားသော်လည်း သူမက ခေါင်းငြိမ့်ပြလိုက်သည်။

"ကောင်းပါပြီ"

အချိန်ဆွဲမနေတော့ဘဲ သူမက ဥမင်ထဲသို့ ဝင်သွားလိုက်ကာ ဦးလေးရွှီသုံးခဲ့သည့် ဂေါ်ပြားကို ကောက်ကိုင်လိုက်ပြီး စတင်တူးလိုက်တော့သည်။

...

ရှန်းစန်းသည် အိမ်ပျောက်နေသည့် ခွေးတစ်ကောင်လို နေ့ခင်းဘက် တစ်နေ့ခင်းလုံးနီးပါး ကြောက်ကြောက်လန့်လန့်ဖြင့် လျှောက်ပတ်ပြေးနေပြီး ညပိုင်းအချိန်မှသာ အနားယူနိုင်လေသည်။ မနက်ခင်းက သူစားခဲ့သည့် မဖြစ်စလောက် မြေကြီးကိတ်လေးမှာ သူ၏ ဆာလောင်မှုကို မဖြည့်ဆည်းနိုင်ပေ။ တဂွီဂွီမြည်နေသည့် ဗိုက်တစ်ခုဖြင့် သူသည်တဲများ၏ နောက်တွင် ပုန်းခိုကာ အိမ်သို့ဖြည်းဖြည်းချင်း ပြန်လျှောက်လာလေသည်။

သူသည် တရွေ့ရွေ့လျှောက်လာရင်း အသားနံတစ်ခု လှိုက်တက်လာသည်ကို ခံစားမိလိုက်သည်။

ထိန်းချုပ်မရတော့ဘဲ သူ့ခြေထောက်များက ထိုအနံ့ရှိရာဘက်ကို သူ့ကိုခေါ်သွားကာ အနံ့များထုတ်လွင့်နေသည့် တဲဆီသို့ ရောက်လာလေသည်။ သူသည် အထဲကလူက သူ့ကိုသတိထားမိသည်အထိ အိုးထဲတွင် တပွက်ပွက် ဆူနေသည့်အသားကို ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်နေမိသည်။ သူသည် တဲအပြင်ဘက်က လူကိုကြည့်ဖို့ရန် အိုးဆီသို့ရောက်နေသည့် သူ့အကြည့်ကို ရုန်းကန်ပြီး ဖယ်ခွာနေရသည်။

မျက်နှာက အတိုင်းအတာတစ်ခုအထိ ရင်းနှီးနေသည်။

အိပ်ယာထောင့်တစ်ခုတွင် ကုတ်ကုတ်လေးဖြစ်နေသည့် ဝမ်မေညန်ကို မြင်လိုက်သည်တွင် သူက သဘောပေါက်သွားသည်။

"ဝမ်မိသားစုရဲ့ သားမက်လား"

အသားအိုးကြီးကို တမ်းတသည့်အကြည့်ဖြင့် ကြည့်နေရင်း ရှန်းစန်းမှာ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ဘဲ အရှက်မဲ့စွာ ပြောလိုက်လေသည်။

"ဒီမှာ မေညန်ယောက်ျား၊ မင်းက ငါ့အတွက် တူသမက်လိုပါပဲ ဟုတ်တယ်မလား ဟင်"

ခက်ခက်ခဲခဲမြိုချလိုက်ပြီး သူက ဆက်ပြောလေသည်။

"ဟိုလေ.. ငါ အဲဒီစွပ်ပြုတ်ကို တစ်ငုံလောက်သောက်လို့ ရမလား၊ အသားမလိုပါဘူး ဒီအတိုင်းဟင်းရည်လေးပဲ၊ ငါ အရမ်းဗိုက်ဆာနေလို့ပါ"

အတွင်းဘက်က ဝမ်ညီအစ်ကို၃ယောက်သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တဟင်းဟင်းရယ် မောတော့သည်။

"ဦးလေးပေါ့လေ ဟုတ်လား"

သူတို့က ခေါင်းတချက်ငြိမ့်ပြီး ဝမ်မေညန်ကို လက်ဟန်ပြလိုက်ကာ ပြောလိုက်လေသည်။

"မင်းဦးလေးကို တစ်ပန်းကန်လောက်ပေးလိုက်၊ အသားတစ်တုံး၊ နှစ်တုံးလောက်လဲ ထည့်ပေးလိုက်"

ဝမ်မေညန်သည် သစ်ရွက်တစ်ခုလို တုန်ယင်နေပြီး မငြင်းပယ်ရဲဘဲ ပန်းကန်တစ်လုံးကို တုန်တုန်ယင်ယင်ဖြင့် လှမ်းယူလိုက်တော့သည်။

...

All Chapters