အခန်း (၁၆၁-၁၆၂)
Vol. 17 Ch. 161-162
အပိုင်း(၁၆၁) အဖေ
❗❗❗ (ဝိုင်းရံ၊ဖိနှိပ်၊ ဝမ်းနည်းဖွယ်အကြောင်းအရာ၊ ဆိုးရွားလွန်းတဲ့အတွက် စိတ်မခိုင်ရင် မဖတ်ပါနဲ့နော်။ ဒါမှမဟုတ် စာတွေကို မျဉ်းနဲ့ဖြတ်ထားရင် ကျော်ဖတ်ပါ။ စားသောက်နေတုန်း မဖတ်ပါရန်!)
အင်မတန်မှ ဆာလောင်မွတ်သိပ်မှုခံစားရချိန်တွင် စိတ်သည် အစားအသောက်ကို တမ်းတစိတ် လွှမ်းမိုးခံရခြင်းကလွဲလျှင် တခြားဘာမှမစဉ်းစားနိုင်တော့ချေ။
ရှန်းစန်းသည် ကိုယ့်ဟာကို အပူလောင်မှာပင် ဂရုမစိုက်နိုင်ဘဲ သူ့အစားအသောက်ကို ငမ်းငမ်းတက် ဝါးမြိုနေလေသည်။
တဲထဲ ညီအစ်ကိုသုံးယောက်က အကြည့်တစ်ချက် ဖလှယ်လိုက်ကြပြီး ပြုံးလိုက်ကြစဉ် ဝမ်မေညန်ကတော့ အိပ်ရာထောင့်တစ်ခုသို့ ကျုံ့သွားပြီး သူမ၏ခေါင်းလေးကို ဒူးနှစ်လုံးကြားမြှုပ်ထားပြီး ဘောလုံးတစ်လုံးလို ကွေးနေလေသည်။
ရှန်းစန်းသည် သူ့ရွာက ကလေးတစ်ယောက်ဖြစ်သည့် ဝမ်မေညန်ကိုပင် ကောင်းကောင်းမမှတ်မိဘဲ ထိုအိမ်ထောင်စု ယောက်ျား နောက်တစ်ယောက်က အိတ်တစ်အိတ်ကို သယ်ပြန်လာသည်အထိ သူ့ရှေ့က အသားဟင်းရည် ပန်းကန်လုံးကိုသာ အာရုံစိုက်ပြီး စားနေလေသည်။
❗ အသားဟင်းရည်ပန်းကန်လုံးကြီးတစ်လုံးကို စားသောက်ပြီးသွားသည့်နောက်တွင် ရှန်းစန်းသည် အချိန်အကြာကြီး လွမ်းဆွတ်နေရသည့် ဗိုက်ပြည့်ခြင်းနှင့် သက်သောင့်သက်သာ ဖြစ်ခြင်းတို့၏ ခံစားချက်ကို ခံစားလိုက်ရ၏။
အစားအသောက် ကုန်သွားသည်နှင့် ရှန်းစန်း၏စိတ်အာရုံက သူ၏ ဆာလောင်မှုနှင့် အသားတစ်ခုကို အာရုံစိုက်နေခြင်းမှ နောက်ဆုံးတော့ အထုတ်ထမ်းထားသည့် ယောက်ျားကို သတိထားမိလိုက်သည်။
❗ ထိုလူက ရှန်းစန်းကို မျက်လုံးများကာ ကျုံ့ကာကြည့်လိုက်ပြီး သူ့ညီများ၏ အပြုအမူကို စူးစမ်းသလို ကြည့်လိုက်သည်။ သူ့ညီများထံမှာ အဓိပ္ပါယ်ပါပါ မှတ်ချက်တစ်ချို့ကို ကြားလိုက်ရပြီးနောက်တွင် သူက အော်ရယ်လိုက်ပြီး ရှန်းစန်း ရှေ့တွင် အထုပ်ကို ဖြေချလိုက်လေသည်။
....
ရှန်းစန်းသည် တဲထဲက တဟုန်ထိုးပြေးထွက်သွားပြီး တစ်စုံတစ်ယောက်၏ တဲနံရံကို မှီထားလိုက်ပြီးနောက် သတိမေ့လုမတတ် အော့အန်လေသည်။
သူသည် ပိန်းပိတ်အောင် မှောင်နေသည့်ညထဲတွင် အိမ်သို့ ဒယိမ်းဒယိုင်ပြန်လာပြီး ပတ်ဝန်းကျင်သည် တိတ်ဆိတ်ခြင်း ဝေးကွာလှစွာ အင်မတန်မှ ဆာလောက်မှု ဒုက္ခဝေဒနာကြောင့် ညည်းညူသံအပြည့်ဖြစ်နေသည်။
ကြောင်ပေါက်လေး ငိုသံလို ထျန်းယာ၏ငိုသံကို ကြားနေရ၏။
“အမေ ဗိုက်အရမ်းဆာတယ်... မြေကြီးမုန့် စားချင်တယ်”
ရှန်းထျန်းကလည်း ထုတ်ပြောသည်။
“အမေ သားလည်း ဗိုက်ဆာတယ်”
လီရှိ၏အသံမှာ အားနည်းနေသော်လည်း ညင်သာနေကာ သူမက ကလေးများကို ချော့မော့နေလေသည်။
“ခဏလောက် အောင့်ထားအုံးနော်၊ အိပ်ပျော်သွားရင် ဗိုက်ဆာတော့မှာ မဟုတ်ဘူး၊ မြေကြီးမုန့်တွေ အများကြီးမစားနဲ့၊ အများကြီးစားရင် ဗိုက်ပွပြီး သေတတ်တယ်၊ လိမ္မာတယ်၊ မျက်လုံးတွေ မှိတ်ပြီး အိပ်လိုက်နော်၊ နော်... အမေတို့ နိုင်သွားတာနဲ့ တောင်တွေဆီကိုသွားပြီး တောဟင်းရွက်ခူးပြီး ကြက်တွေ ဖမ်းလို့ရပြီ၊ အမေ ကလေးတို့အတွက် ကြက်သားဟင်းရည် လုပ်ပေးမယ်နော်”
သို့သော်လည်း ဒါသည် ကလေးများ၏ ဗျာများရသည့်ဆာလောင်ခြင်းကို ချော့မော့ နိုင်ရုံလောက်သာ ဖြစ်လေသည်။ သုံးနှစ်သာရှိသေးသည့် ထျန်းယာသည် ဆာလောင်ခြင်းကို သာသိပြီး တတိတိကိုက်ရင်း ဝမ်းနည်းအားပျက်နေကာ အသံ အကျယ်ကြီးထွက်ရန်ပင် အင်အားအများကြီး မရှိသဖြင့် ကြောင်ပေါက်လေးတစ်ကောင်ကိုသာ တအီအီ ညည်းနေလေသည်။
အစောပိုင်းက တိတ်ဆိတ်နေသည့် ရှန်းထျန်းကလည်း စတင် ငိုယိုတော့သည်။
“သားတို့ ဘယ်တော့နိုင်မှာလဲ, သား ဗိုက်အရမ်းဆာနေပြီ”
ရှန်းစန်းသည် သူ့တဲသို့ ပြန်လာခဲ့ပြီး သူ့စိတ်ဝိညာဉ်က ယိုယွင်းနေ၏။ သူ့ကလေးများ၏ ငိုသံနှင့် သူ့မိန်းမ၏ ချော့မော့နေသည့် စကားသံများက သူ့စိတ်ကို မထိုးဖောက်နိုင်ချေ။ သူမြင်ခဲ့သည့် အော်ဂလီဆန်ဖွယ်ကောင်းသည့် မြင်ကွင်း၏ ဝါးမြိုခံနေရပြီး ထိုညီအစ်ကိုလေးယောက်၏ ရယ်သံများနှင့် ခြောက်လန့်ခံနေရလေသည်။
သူ့အစာအိမ်က လိပ်တက်လာပြီး သူသည် ပြင်းထန်သည့် ကြောက်ရွံ့မှု အခြေအနေတစ်ခုထဲတွင် ပိတ်မိနေ၏။ သည်ကိစ္စနှင့် ပတ်သက်ပြီး တခြားသူများကို ဝန်ထုပ်ပိုးမပေးနိုင်ဘဲ တခြားသူများကို ပြောမပြရဲသည့် ကြောက်ရွံ့မှု။ သူသည် အိပ်ရာတွင် ကွေးနေပြီး တုန်ယင်နေ ကြောက်ရွံ့နေကာ သူ့ဘေးတွင် ရှန်းထျယ်ကို ချော့မော့သည် ရှန်းကျင့်က သတိထားမိလေသည်။
ရှန်းစန်း၏ စိုးရိမ်စိတ်ကတော့ ဖော်ထုတ်မခံလိုက်ရချေ။ တစ်ခုခုကို သတိထားဖို့ရန် မည်သူထံတွင်မှ အင်အား အပိုမရှိချေ။ ဆာလောင်မှု တိုက်ပွဲက သူတို့၏ စိတ်အင်အားနှင့် ခွန်အားများအားလုံးကို ဝါးမြိုသွာပြီဖြစ်သည်။
...
မြို့နောက်အနောက်ဘက် ရွှီမိသားစု၏ ယိုယွင်းနေသည့် အိမ်လေးတွင်တော့ အစေခံကြီး ရွှီရှူးသည် သူ၏အလျင်လိုသည့် ခြေလှမ်းများနှင့် အပြေးတပိုင်းနှင့် နောက်ဆုံးတော့ အိမ်ပြန်ရောက်လသည်။
ခြံဝင်းတံခါးက အပြင်ဘက်မှ သော့ခတ်ထားဆဲ။ သူ့လက်များက တုန်ယင်နေပြီး သူက သော့ကို သော့အိမ်ထဲထည့်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့ရသည်။ အထဲသို့ ဝင်လာသည်နှင့် သူသည့် တံခါး၏ အပေါ်အောက် တန်းများကို သေချာပိတ်ထားလိုက်ပြီး အိမ်မကြီးကို မြန်မြန်ဆန်ဆန် ဖွင့်လိုက်၏။
ဥမင်ထဲတွင် အလုပ်များနေသည့် ရွှီမိသားစုသည် သူပြန်လာသည်ကို ကြားလိုက်မှ သူတို့၏အလုပ်ကို ခဏရပ်လိုက်ကာ သူ့ကို နှုတ်ဆက်လိုက်သည်။ မီးအိမ်တစ်ခုကို ကိုင်ထားပြီး ရွှီရှူး ဝင်လာချိန်တွင် သူတို့သည် ဥမင် ဝင်ပေါက်သို့ မရောက်ကြသေးချေ။
မီးအိမ်၏ နွေးထွေးသည့် မှိန်ပြပြအလင်းရောင်က ရွှီရှူး၏မျက်နှာပေါ်က သိသိသာသာ ဖြူဆုတ်နေသည့်အရောင်ကို အနည်းငယ် ဖယ်ရှားပေးနိုင်သည်။
သတိပေးသံတစ်ချက်က မီးအိမ်အောက်တွင် ရွှီရှူးကို စေ့စေ့စပ်စပ် အကဲခတ်နေသည့် ဆိုင်တာဝန်ခံရွှီကို လာရိုက်ခတ်သွားတော့သည်။ ဘာဒဏ်ရာမှ မတွေ့ရသဖြင့် သူက စိတ်အေးသွားကာ သက်ပြင်းချလိုက်၏။
“ဦးလေးရွှီ၊ ဘာဖြစ်ခဲ့တာလဲ၊ ဦးလေးကို မြို့တံတိုင်းပေါ်မှာ တာဝန်ပေးလိုက်တာလား”
ရွှီရှူးက ခေါင်းခါပြသည်။
“မဟုတ်ဘူး၊ မဟုတ်ပါဘူး”
“ဘာဖြစ်လို့လဲ ဦးလေးရွှီ”
ရွှီရှူးသည် ဆိုင်တာဝန်ခံရွှီ၏ လက်မောင်းကို တင်းနေအောင် ဆုပ်ကိုင်ထားလိုက်ရာ သူ့ကို နာကျင် အံ့ဩသွားရစေတော့သည်။ ထိုနောက်မှ ဆိုင်တာဝန်ခံရွှီသည် ရွှီရှူး၏ ပုံမှန်မဟုတ်သည့် အသက်ပြင်းပြင်းရှူသံကို သတိထားလိုက်မိ၏။
“ဦးလေးရွှီ”
❗ ဆိုင်တာဝန်ခံရွှီ စကားမဆုံးခင်မှာပင် ရွှီရှူးသည် သူ့လက်မောင်းကို တင်းနေအောင် ဆုပ်ထားလိုက်ပြီး
“အာ့လန် ငါတို့ မြန်မြန်လုပ်မှ ဖြစ်မယ်၊မြို့ထဲကလူတွေ လူသေကောင်တွေရဲ့ အသားစားပြီး ဇာတ်တူသားစားပြီး ဖြေရှင်းနေကြပြီ”
ရွှီရှူးသည် သူမြင်ခဲ့သည့် အရာကို ပြန်ပြောပြလိုက်ပြီး ဆိုင်တာဝန်ခံရွှီနောက်က ဝေ့လင်းကျန့်မှာ ဥမင်နံရံကို ထောက်ထားပြီး ပျို့တက်လာတော့သည်။
ရွှီရှူး၏ တာဝန်သည် ဒဏ်ရာရသူများကို သယ်ပို့ပေးရသည့် တာဝန်ဖြစ်ပြီး လူသေများကိုလည်း သယ်ပေးရခြင်းကလည်း အမှန်ပင် ပါဝင်လေသည်။
သည်နေ့ အိမ်မပြန်ခင် သူ့နောက်ဆုံးတာဝန်က မြို့စောင့်တပ်အတွက် စစ်မှုထမ်းနေရသည့် ယောကျ်ားတစ်ယောက်နှင့် ပက်သက်ရသည်။ ထိုလူက မပြန်ခင် မီးသင်္ဂြိုဟ်ရန် သတ်မှတ်ထားသည့် အလောင်းများပုံတစ်ပုံနားတွင် ရစ်သီရစ်သီ လုပ်နေလေသည်။
တစ်ခုခု မူမမှန်သည်ကို အာရုံခံမိလိုက်သဖြင့် ရွှီရှူးက ထိုလူထွက်သွားပြီးနောက်တွင် အလောင်းပုံနားသို့ ချဉ်းကပ်လာခဲ့ပြီး မြို့တံတိုင်းပေါ်တွင် အခုလေးတင်မှ သေသွားသည့် ရဲမက်တစ်ယောက် ကို တွေ့လိုက်ရ၏။ ဆိုးရွားလွန်းသည့် ဝမ်းတွင်းသိစိတ်တစ်ခုက ရဲမက်၏အတွင်းခံကို မ,ကြည့်လိုက်ဖို့ ပြောနေသည်တွင်....။
❗ ရွှီရှူးက ခက်ခက်ခဲခဲ ပင့်သက်ရှိုက်လိုက်ပြီး “တစ်ခုထဲမဟုတ်ဘူး၊ တစ်ခု ထက်ပိုတယ်၊ တစ်ခုထပ် ပိုတဲ့မိသားစုတွေက လူသားစားနေကြပြီ၊ ကျွန်တော်တို့တွေ မြန်မြန် ထွက်သွားမှဖြစ်မယ်၊ ကျွန်တော်တို့ ဒီနေရာမှာ ဆက်ပြီး နေလို့မရတော့ဘူး၊ ဥမင်ကို မြန်မြန်တူးရမယ်”
....
နောက်တစ်နေ့ မနက်ခင်းတွင် စစ်တပ်မှ ရဲမက်တစ်ယောက်သည် မြို့ကို ခုခံရင်း သေဆုံးသွားကြသည့် လူများ၏ အလောင်းများကို မြင်မကောင်းအောင် ခုတ်ဖြတ်ခံထားရသည်ကို တွေ့သွားတော့သည်။ ထိုနေရာတွင် ဖမ်းမိသည့် တရားခံကို စစ်သူကြီးက နေရာတွင်ပင် ကွပ်မျက်လိုက်ပြီး သူ့ခေါင်းက အဝေးကြီးသို့ လှိမ့်ထွက်သွားလေသည်။ ထို့နောက်တွင် ခန္ဓာကိုယ်အစိတ်အပိုင်းများ ဖြတ်တောက်ခံထားရသည့် အလောင်းများကို အရှေ့ဈေးတွင် ပြသထားပြီး ဗုံသံများနှင့် လူထုကြေညာချက်တစ်ခုကို ထုတ်ပြန်ပြီး ခြေလက်အင်္ဂါဖြတ်တောက်ခြင်း အပြစ်ဒဏ်ခံရမည်ဟု ထုတ်ပြန်ထားသည်။
ဝမ်မေညန်၏ ယောက်ျား မိသားစုထဲက ညီအစ်ကိုလေးယောက်မှ တစ်ယောက်သည် ပြည်သူ့စစ်သားအဖြစ် စစ်မှုထမ်းနေရပြီး သူ့ တာဝန်ပြောင်းချိန်တွင် သည်ဆိုးရွားလှသည့်မြင်ကွင်းကို မျက်မြင်တွေ့ခဲ့ရကာ သူ့အမူအရာမှာ ရွံရှာထိတ်လန့်ခြင်း အတိုင်းသားဖြစ်နေလေသည်။
ထိုနေ့တွင် ရှန်းစန်းသည် သူ့တဲကုပ်လေးထဲတွင် အခန်းပိတ်နေလေသည်။
စစ်မှုထမ်းရန် သူ့ကို ဘယ်သူမှ လာမခေါ်သဖြင့် သူသည် ထွက်ပြေးဖို့ရန် အလျင်မလိုချေ။
သို့သော် မကြာခင်တွင် အပြင်ဘက် မောင်းသံများက သူ့ကို ကြောက်လန့်တခြား ဖြစ်သွားစေပြီး ကြေညာချက်ကို နားမလည်သေးခင်မှာပင် သူသည် ထွက်ပြေးတော့သည်။
လီရှီ၊ ရှန်းကျင့်နှင့် ရှန်းယင်တို့က ချောင်းကြည့်လိုက်ကြ၏။ မောင်းတီးနေသည့် ရဲမက်များ နီးလာပြီး ကြေညာသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်သည်တွင် လီရှီ၏ကမ္ဘာကြီးမှာ ပြိုလဲသွားပြီး သူမ၏နားထဲတွင် အူတက်သွားကာ သူမ၏သွားများကလည်း ထိန်းမရအောင် တဆတ်ဆတ် ရိုက်နေပြီး သူမ၏မျက်နှာမှာ သရဲတကောင်လို ဖြူဆုတ်သွားတော့သည်။
သူမ၏အဝတ်အစားများကို တင်းနေအောင် ဆုပ်ထားပြီး လေးကို ဖမ်းရှူရင်း နာကျင်သည့်တင်းအားက သူမ၏နားဆီမှ ဦးခေါင်းအနောက်ဘက် ပြန့်သွားကာ ဘတ်ခနဲ အရိုက်ခံလိုက်ရသလိုပင်။ သူမ၏ခေါင်းကို ကိုင်လိုက်ရမည့်အစား သူမဘေးက တုန်ယင်နေသည့် ရှန်းကျင့်နှင့်ရှန်းယင်တို့ကို ရင်ခွင်ထဲ ထွေးပွေ့ထားပေးလိုက်ပြီး ကလေးများနှင့် အထဲပြန်ဝင်လာကာ ပိုငယ်ကြသည့် ရှန်းထျယ်နှင့် ရှန်းထျန်းကို စုဝေးဖို့ ကျိုးစားလိုက်လေသည်။
သူတို့သည် တခြားသူများ အမဲလိုက်ခံရမည်ကို ကြောက်ရွံ့သဖြင့် မြို့ထဲတွင် ခိုလုံရန် တောင်များထဲတွင် နေရမည့်အခွင့်အရေးကို စွန့်လွှတ်ခဲ့ကြသည်။ သို့သော် အခုတော့ ထိုကြောက်စရာအကောင်းဆုံးအရာက မြို့တံတိုင်းအတွင်းဘက်တွင် အရင်ဆုံး ဖြစ်လာသည်။
ရဲမက်၏ ကြေညာသံကို ကြားလိုက်ပြီးနောက် ရှန်းကျင့်သည် မေးခွန်းပင် မထုတ်နိုင်တော့ဘဲ ကြက်သေသေသွားကာ သူ့သွားများက တင်းနေအောင် ပိတ်ထားစဉ် ရှန်းယင်ကတော့ မျက်ရည်များက စီးကျနေပြီဖြစ်သည်။ “အမေ.. အမေ...”
လီရှီသည် သူ့ကလေးများကို ဖက်ထားပြီး သူမကိုယ်တိုင်ကလည်း တုန်ယင်နေသည်။
“ရှန်းကျင့်၊ ရှန်းယင်၊ ရှန်းထျယ်နဲ့ ရှန်းထျန်းကို ထိန်းထားနော်၊ တဲထဲက လုံးဝမထွက်နဲ့၊ ခြေတစ်လှမ်းတောင် မထွက်နဲ့၊ မြို့ထဲက လူတွေက် ဗိုက်အရမ်းဆာလို့ ရူးကုန်ကြပြီ”
သူမသည် စိုးရိမ်တကြီး ပင့်သက်ရှိုက်လိုက်ပြီးနောက် ကလေးများကို လွှတ်လိုက်ကာ သူတို့၏ပိုင်ဆိုင်မှုထဲတွင် မွှေနှောက်ရှာဖွေလေသည်။
မီးဖိုချောင်ဓားတစ်လက်၊ ပုဆိန်၊ တံစဉ်၊ ကောက်ရိတ်ဓား၊ ကပ်ကြေး- သူမကိုယ်တိုင်က ပုဆိန်ကို ကိုင်ထားပြီး ရှန်းကျင့်ကို မီးဖိုချောင်ဓား လှမ်းပေးလိုက်ကာ တခြားပစ္စည်းများကိုလည်း ကလေးများကို ဝေပေးလိုက်၏။ “ဒါတွေကို တစ်ချိန်လုံး ကိုင်ထား၊ တစ်ယောက်ယောက်က သားတို့ကို လာခေါ်ဖို့ ကြိုးစားရင် အော်ဟစ်ပြီး ဓားနဲ့ ပုဆိန်နဲ့ ပြန်တိုက်ခိုက်နော်၊ နားလည်လား”
ပိုပြီးငယ်သည့် ကပ်ကြေးကို ရှန်းထျန်းဆီ လှမ်းအပေးတွင် ကလေးက ထိုအရာကို ကိုင်တွယ်ရန် အလွန်မှ ငယ်သေးကြောင်းက သတိထားမိလိုက်ပြီး မျက်ရည်များ ပြည့်နေသည့် မျက်လုံးများနှင့် ကပ်ကြေးကို ပြန်သိမ်းထားလိုက်တော့သည်။
အပြင်ဘက်တွင်လည်း ဆူညံပွဲတစ်ခု ဖြစ်နေသည်။ လူတစ်ယောက်က အရှေ့ဈေးသို့ သွားခဲ့ပြီး မြင်ကွင်းကို မြင်ခဲ့ပြီးနောက် မကြာမီ သတင်းပျံ့သွားတော့သည်။ လူ့အသားများကို လှီးဖြတ်နေသူသည် စီရင်စုကျောင်းနားတွင် နေခဲ့ပြီး ရွာနှင့်မိသားစုကိုပင် သိရှိခဲ့ရသည်။
စီရင်ကျောင်းနားက ပတ်ဝန်းကျင်မှာ ဝရုန်းသုန်းကား ဖြစ်သွားပြီး ထိုနေရာက အိမ်နီးချင်းများသည် အချင်းချင်း သံသယဖြင့် ကြည့်ရှုလာကြပြီး ဖုတ်ကောင်ဖြစ်လာမည့် နောက်လူကို ကြောက်ရွံ့နေကြလေသည်။ သူတို့ကြားက မယုံကြည်မှုများက ပြင်းထန်လာတော့သည်။
ထိုနေ့တွင် လီရှီသည် တဲထဲမှ မထွက်ရဲသလို သူမ၏ကလေးများနှင့်လည်း မခွာခဲ့ချေ။ ဆူညံသံကြောင့် ထွက်ပြေးသွားသည့် ရှန်းစန်းကိုတော့ သူမသည် သူ့ကို လုံးဝလက်လျှော့ထားခဲ့ပြီးဖြစ်လေသည်။
...
လီရှီက ရှန်းစန်းကို ဘာမျှော်လင့်ချက်မှ ထားသော်လည်း ရှန်းစန်းကတော့ သူမကို မီခိုနေသေးသည်။
သူ့တွင် စားစရာ ဘာမှမရှိချေ။ တစ်နေ့ တစ်နပ်သာ စားရပြီး ဒါကလည်း ကလေးလက်သီးအရွယ် ပါးပါးလျလျ ပန်ကိတ်တစ်ခုသာ ဖြစ်သည်။ သူသည် ရှေ့ညက ကောင်းကောင်း စားခဲ့သော်လည်း နေ့ခင်းက စားခဲ့သည့် မြေကြီးမုန့်ကိုပင် အားလုံးကို အန်ထုတ်ပစ်မိဟန်တူသည်။
သည်နေ့တွင် သူသည် ဘာမှ မစားရသေးချေ။
သူသည် အမှန်ပင် ဆာလောင်နေလေသည်။
မောင်းသံများက တိတ်သွားချိန်တွင်တော့ ရှန်းစန်းသည် တဲထဲသို့ ခိုးကြောင်ခိုးဝှက် ပြန်လာခဲ့၏။ ထောင့်တွင် ရှိနေသည့် လီရှီသည် ဝင်လာသူမှာ ရှန်းစန်းဖြစ်နေသည်ကို မြင်လိုက်မှ စိတ်အေးသွားတော့သည်။
တင်းမာမှုကို မသိဘဲ ရှန်းစန်းက လီရှီကို မေးလိုက်၏။ “သူတို့တွေ စစ်မှုထမ်းလာခေါ်တာ မဟုတ်ပါဘူးနော်, ဟုတ်တယ်မလား”
လီရှီသည် သူနှင့် စကားပြောရန် စိတ်မပါချေ။
လီရှီက သူ အလုပ်ကြမ်း သွားလုပ်ဖို့ ငြင်းဆန်ခဲ့သည်ကို မကြိုက်မှန်း သိနေသော်လည်း ရှန်းစန်းကတော့ ဘာမှမဖြစ်သလို တိုက်တွန်းလိုက်၏။
“မြန်မြန်၊ စားစရာတစ်ခုခု လုပ်အုံး၊ ငါ အရမ်းဆာနေပြီ”
ဘယ်သူက ဗိုက်မဆာလို့လဲ။
ရှန်းကျင့်နှင့် ရှန်းယင်တို့သည် မနက်ခင်းက သူတို့ကြားခဲ့သည့် အရာကြောင့် ထိတ်လန့်သွားဟန်တူသည်။ စိတ်နှင့်ကိုယ်မကပ်ဖြစ်နေပြီး ဗိုက်ဆာနေသည်ကိုပင် လုံးဝ မခံစားရတော့ချေ။ သို့သော်လည်း ရှန်းထျယ်နှင့် ရှန်းထျန်းတို့ကတော့ ငတ်မွတ်ပြီး နုံးခွေနေကြသည်။ သို့တိုင် အစားအစာဟု ကြားလိုက်သည်တွင် ကလေးနှစ်ယောက်လုံးက သူတို့၏မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လာပြီး မျှော်လင့်တကြီးနှင့် လီရှီကို ကြည့်လိုက်ကြ၏။
လီရှီသည် နေ့ခင်းမှ ချက်ပြုတ်ရန် အစီအစဉ် ရှိခဲ့သေးသည်။ သို့သော်လည်း အခုတော့ သူမသည် မစောင့်ရဲတော့ချေ။
မြေကြီးများကို အများကြီး စားခြင်းက ဗိုက်ရောင်ပြီး သေစေနိုင်သော်လည်း လုံးဝ မစားသောက်ရခြင်းကလည်း ငတ်မွတ်ခြင်း ဖြစ်စေသည်။ လေးလံသည့် ရင်အစုံဖြင့် သူမသည် လှည့်ထွက်လာကာ အစားအသောက် ပြင်ဆင်တော့သည်။
သည်နေ့၏ အဓိက အစားအသောက်တော့ တဲဆောက်သည့်နေရာမှ ကောက်ရိုးနုနည်းနည်းနှင့် မြေကြီးကို တတ်နိုင်သလောက် နည်းအောင်ထည့်ရသည်။
ရှန်းစန်းက သေးငယ်သည့်အပိုင်းလေးတစ်ခုသာ ရသည်။ သို့သော်လည်း ကလေးများကို ပေးသည့်အရာက ပိုလို့ပင် သေးငယ်သေးသည်။ အထူးသဖြင့် ဆာလောင်မှုကို မထိန်းချုပ်နိုင်ကြသည့် ရှန်းထျယ်နှင့် ရှန်းထျန်းတို့ပင်။ သူတို့ တစ်ယောက်စီကို ပြားစေ့ ၃-၄ခုထပ်မကြီးသည့် အပိုင်းလေးတစ်ခုသာ ပေးရသည်။
“အမြန်ကြီး မစားနဲ့၊ ဖြည်းဖြည်းချင်းစား၊ သေးသေးလေးစီ ကိုက်စားနော်၊ ပြီးတော့ ထပ်ဆာရင်စားဖို့ ကျန်တာကို သိမ်းထား”
သို့သော် ထိုစကားလုံးများသည် အထူးတလည် လျစ်လျူရှုခံရလေသည်။ ရှန်းထျယ်နှင့် ရှန်းထျန်းတို့ လက်ထဲက မြေမုန့်ကိတ်လေးကို လီရှီနှင့် ရှန်းကျင့်တို့သာ မြန်မြန်ဆွဲထားမလျှင် ကလေးများက တစ်ကိုက်ထဲနှင့် မြိုချပစ်လိမ့်မည်။
ဆာလောင်မှု၏ ဝါးမြိုခံနေရသည့် ရှန်းစန်းမှာ ကလေးများကို ဂရုမစိုက်နိုင်ပေ။ သူသည် ကလေးလက်သီးအရွယ်ထက် အနည်းငယ်သာ ပိုကြီးသည့် သူ၏အပိုင်းသေးလေးကို တစ်ကိုက် နှစ်ကိုက် အကုန်စားလိုက်ပြီးသည့်အတိုင် ဒါက သူ့ဆာလောက်မှု၏ အစိတ်ပိုင်းတစ်ခုလေးကို ကျေနပ်စေရုံလောက်သာ ရှိသည်။
သူ့အစာအိမ်က မတင်းတိမ်နိုင်သည့် ကွက်လပ်တစ်ခုလို ခံစားနေရလေသည်။
ထိန်းချုပ်မထားနိုင်တော့ဘဲ ရှန်းစန်းသည် မနေ့ညက သူ စားခဲ့သည့် အသားဟင်းရည် ပန်းကန်ကို သတိရနေမိ၏။
သူ့အစာအိမ်က သက်တောင့်သက်သာ မဖြစ်ဘဲ အနည်းငယ် ပျို့အန်ချင်နေသော်လည်း သူ့ကို ပိုပြီး ကြီးစိုးနေသည့်အရာက ဆာလောင်မှုနှင့် အညှောင့် ထွက်လာသည့် အသည်းအသန် ချဉ်ချင်းတက်ခြင်းပင်...
...
ဆာလောင်မှုက အချိန်တခဏတိုင်းကို အလွန်ရှည်လျားစေပြီး စိတ်ခွန်းအာကို ပြိုလဲသွားသည်အထိ တမြေ့မြေ့တိုက်စားနေလေသည်။
ရှန်းစန်းသည် သတိထားမိလိုက်ချိန်တွင် တဲအပြင်ဘက် ရောက်နှင့်နေပြီးဖြစ်ကာ စီရင်စုကျောင်းနေရာ အပြင်ဘက်တွင် ရောက်နေပြီး ရင်းနှီးပြီးသား လမ်းကြောင်းနှင့် အတွင်းနက်ထဲတွင် အမြစ်တွယ်နေသည့် ဆာလောင်မှု၏ မောင်းနှင်ခြင်းကြောင့် ဝမ်မေညန်၏မိသားစု နေရာထိုင်ရာဆီသို့ ဦးသွားနေလေသည်။
ဟုတ်ပါသည်။ လမ်းတစ်ဝက်အရောက်တွင် ရှန်းစန်းသည် သူလုပ်နေသည့် အရာကို သတိထားမိသွားသော်လည်း သူ့ခြေထောက်များကတော့ သူ့ထိန်းချုပ်မှုအောက်က လွတ်ကင်းကာ အလိုလို ရှေ့ဆက်သွားနေသယောင်။
မြင်ကွင်းက မနေ့ကလိုပင် ထိတ်လန့်ခြောက်ခြားဖွယ်ဖြစ်နေ၏။ ထိုမြေအိုး၊ ထိုတူညီသည့် အသားနံ့။
ရှန်းစန်းသည် ဝမ်မေညန်၏ယောက်ျား၏တဲ အပြင်ဘက်တွင် သူ့ကိုယ်သူ တဖန် တွေ့လိုက်ရသည်။
မနေ့က အတိုင်းအတာတစ်ခုအထိ ချဉ်းကပ်နိုင်ခဲ့သည့် ညီအစ်ကိုများက သည်နေ့တော့ အေးတိအေးစက် ဖြစ်နေသည်။ ရှန်းစန်းကို မြင်လိုက်ချိန်တွင် သူတို့၏မျက်နှာများက ပိုပြီး အေးစက်လာကာ တစ်ယောက်က လှောင်ပြောင်သရော်လိုက်၏။
“နောက်တစ်ခါ ထပ်လာမြည်းတာလား၊ ဟမ်၊ ကျုပ်တို့တွေက မနေ့က ခင်များကို ဧည့်ခံပြီးပြီလေ၊ အခု ထပ်လိုချင်လို့ ပြန်လာတာလား”
ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ပြီး ရှန်းစန်းက အပြုံးတစ်ခုကို အားယူကာ ထုတ်ပြလိုက်ပြီး “တူလေး ငါ အရမ်းဗိုက်ဆာနေလို့ပါ၊ မင်း ငါ့ကို နည်းနည်လေးဖြစ်ဖြစ် ချမ်းသာပေးနိုင်မလား”
အကြီးဆုံးအစ်ကိုဖြစ်သူ ဝမ်မေညန်၏ယောက်ျားက ရှန်းစန်းကို ခဏလောက် စိုက်ကြည့်လိုက်ပြီးနောက် ရုတ်တရက် အော်ရယ်လိုက်ကာ ခေါင်းညိတ်ပြလိုက်၏။
“ရတာပေါ့၊ ခင်များ အသားနည်းနည်းပါးပါးတောင် စားနိုင်သေးတယ်”
ရှန်းစန်း၏မျက်လုံးများက လင်းလက်သွားပြီး သူသည် တဲထဲသို့ မြန်မြန်ဝင်လာသည်တွင် ဖမ်းဆွဲပြီး မြေပြီးပေါ်တွင် ဖိလဲခံလိုက်ရကာ သူ့လက်မောင်းများကို လိမ်ချိုးခံလိုက်ရသည်။
သတိလက်လွတ်ဖြင့် ရှန်းစန်းသည် အော်ဟစ်လိုက်ပြီး အစ်ကိုအကြီးဆုံးက အဝတ်စုတ်တစ်ခုကို သူ့ပါးစပ်ထဲ ထိုးထည့်ထားလိုက်ပြီး မီးဖိုချောင်ဓားနှင့် ထောက်ပြီး ခြိမ်းခြောက်လိုက်ပြီး ထေ့ငေါ့လေသည်။
“ကျုပ်တို့အသားကို အလကားရတယ်များ ထင်နေလား၊ ဘာ အသားနည်းနည်း ဟုတ်လား၊ ကျုပ် ခင်များကို အခုပဲ တစ်ပြားလောက် လွှာပေးမယ်လေ၊ ကောင်းကောင်းနဲ့ ပါးပါးလေး၊ မြန်မြန် ကျက်သွားလိမ့်မယ်”
ပိုငယ်သည့် ညီအစ်ကိုများ၏ မျက်လုံးများက သည်စကားတွင် လင်းလက်လာကြသည်။
သူတို့သည် သူတို့၏ပန်းကန်လုံးများကို ချထားလိုက်ကြပြီး ဝိုင်းအုံလာကြ၏။
သူတို့သည် ရှန်းစန်းခန္ဓာကိုယ်၏ အကောင်းဆုံးအပိုင်းကို စတင်အကဲခတ်နေကြလေသည်။
သည်လိုကြောက်လန့်စရာအဖြစ်နှင့် မရင်းနှီးဘဲ ကြောက်လန့်နေသည့် ရှန်းစန်းသည် ရုန်းကန်ရင်း ထိုလူထံမှာ လွှတ်မြောက်အောင် ဗလုံးဗထွေး အော်ဟစ်ငိုယိုတော့သည်။သူ့ပါးစပ်ထဲက အဝတ်စုတ်မှာ အလောတကြီး ထည့်ထားခြင်းဖြစ်သဖြင့် မတင်းကြပ်နေဘဲ သူက အဝတ်စုတ်ကို ထွေးထုတ်ပစ်နိုင်ပြီးအစားမခံရဖို့နှင့် ခွင့်လွှတ်ဖို့ တလှည့်စီ တောင်းပန်ရင်း အသနားခံကာ ဝမ်မေညန်ကို အကူအညီ လှမ်းတောင်းနေလေသည်။
သို့သော်လည်း အသက်မဲ့သလို ဖြစ်နေသည့် ဝမ်မေညန်မှာ ရှန်းစန်း၏ တောင်းပန်တိုးလျှိုးသံကို မတုန့်ပြန်ချေ။ သူမသည် မျက်တောင်များကို မခတ်သလို မလှုပ်မယှက်ဖြစ်နေပြီး ရှန်းစန်းရှိရာဘက်ကိုပင် မကြည့်ချေ။
ရှန်းစန်း၏ အင်္ကျီလက်က တတိယညီ၏ လိပ်တင်ထားခြင်း ခံထားရပြီး ထိုလူ၏လက်ကြမ်းကြီးများက ရှန်းစန်း၏ ပေါ်ပိုင်းနှင့် အောက်ပိုင်းလက်မောင်းများကိုပင် ဖျစ်ညစ်နေလေသည်။
လေ့လာပြီးနောက်တွင် သူက အထင်သေးစွာ ထုတ်ပြောလိုက်၏။
“ပိန်းချုုံးနေတာပဲ၊ အရိုးခြောက်ကျနေတာပဲ၊ အရိုးကို ထင်းမီးလိုပဲ သုံးတာ ကောင်းအုံးမယ်”
ရှန်းစန်းသည် အသည်းနှလုံးထဲအထိ ကြောက်လန့်သွားပြီး ညီအစ်ကိုများက သူ့အင်္ကျီကို စပြီး ဆွဲတင်လိုက်သည့် အချိန်တိုအတွင်းတွင်း ချွေးများ ရွှဲနစ်သွားတော့သည်။
ကြံရာမရဖြစ်ကာ သူက အသနားခံလေသည်။ “မလုပ်ပါနဲ့၊ မလုပ်ပါနဲ့၊ ငါ တကယ် မစားတော့ပါဘူး၊ ငါ ကျိန်ဆိုပါတယ်”
ထို့နောက်တွင် ဝမ်မေညန်၏ ယောက်ျားက ထောင့်တွင် ကွေးနေသည့်သူမဘက်သို့ လှည့်လိုက်ပြီး မေးလေသည်။
“သူက မင်းအိမ်နီးချင်းမလား၊ သူ့အရွယ်နဲ့ဆိုရင် သူ့မှာ ကလေးတွေ ရှိရမယ်၊ ရှိတယ်မလား”
သစ်တုံးကြီးတစ်ခုလို ငြိမ်နေသည့် ဝမ်မေညန်သည် အပြင်းအထန် တုန်လှုပ်သွားပြီ ခေါင်းတွင်တွင်ယမ်းပြလေသည်။
သူမ၏ယောက်ျားက တဟင်းဟင်းရယ်မော့လိုက်ပြီး ဓားကို ဘေးသို့ ပစ်ထုတ်လိုက်၏။ ရှန်းစန်းကို လွှတ်ပေးလိုက်ပြီး သူက ရှန်းစန်း၏အဝတ်အစားများကို ဆွဲဆန့်ပေးလိုက်ကာ သူ့ကို ပုတ်ပေးလိုက်ပြီး ပြက်လုံးထုတ်တော့သည်။
“ဘာလို့ ကိုယ့်ဟာကို အငတ်ခံနေတာလဲ၊ ဒါမှမဟုတ် ခင်များက ပေါက်ကွဲသွားတဲ့အထိ မြေကြီးတွေပဲ စားရတာကို ကြိုက်တာလား၊ အသက်ရှင်ဖို့ နည်းလမ်းမရှိတော့ဘူးနော်”
သူက သူ့ညီအစ်ကိုများကို ခေါင်းညိတ်ပြလိုက်ပြီး “လုပ်ပေးလိုက်၊ သူ့ကို တစ်ပန်းကန် ကျွေးလိုက်၊ အသားကောင်းကောင်းလေး နှစ်တုံးလောက်လဲ ထည့်ပေးလိုက်အုံး”
ရှန်းစန်းသည် နောက်သို့ ကြိုးစားဆုတ်လိုက်ပြီး သူကိုယ်တိုင်နှင့် ဝမ်မေညန်ယောက်ျား ကြားတွင် တတ်နိုင်သလော် ခွာထားလိုက်ပြီး သူ့အသက်ရှူသံကလည်း လေးလံမြန်ဆန်နေလေသည်။
အသားတစ်ပန်းကန်က ဝမ်မေညန်၏ယောက်ျားဆီကို လှမ်းလာသည်။ သူက ရှန်းစန်၏နှာခေါင်းဝအောင်တွင် ဝေ့ယမ်းပြလိုက်ပြီး အငွေ့များက သူ့မျက်နှာကို လာရိုက်ပြီးနောက်တွင်တော့ ပန်းကန်လုံးကို သူ၏တုန်ယင်နေသည့် လက်များထဲသို့ ထိုးထည့်ပေးလိုက်၏။
“ကုန်အောင်စားနော်၊ အရသာခံလိုက်အုံး၊ ခင်များကို ပေးလိုက်တဲ့ ဒီတစ်နပ်က နှစ်ရက်စာရှိတယ်၊ မနက်ဖြန်ကျရင် ကျုပ်တို့ကို အသားကောင်းကောင်း တစ်ချို့ ယူလာပေးဖို့ မမေ့နဲ့”
ရှန်းစန်း၏လက်သည် ထိန်းမရအောင် တုန်လှုပ်နေလေသည်။ သို့သော်လည်း ထိုလူကတော့ ရယ်မောနေပြီး သူ့ပါးကို ပုတ်လိုက်ကာ သတိပေးလိုက်၏။
“သေချာကိုင်၊ ဒါက အလွယ်တကူရလာတာ မဟုတ်ဘူး၊ ခင်များ ဒါကို လုပ်ဖိတ်လိုက်ရင် ရက်စက်တယ်ဆိုပြီး ကျုပ်ကို အပြစ်မတင်လေနဲ့”
...
ညသည် တဖန် တိတ်ဆိတ်သွားပြန်သည်။
ရှန်းစန်းကို ဝမ်မေညန်ယောက်ျားနှင့် သူတို့၏ညီတစ်ယောက်က စောင့်ကြည့်ပြီး ပြန်လိုက်ပို့ပေးလိုက်ကြသည်။
သူတို့သည် ရှန်းစန်း၏ တဲနှင့် ပိုပြီးနီးကပ်လာလေလေ သူ့ခြေထောက်များက ပိုပြီး အပြင်းအထန် တုန်ယင်လာလေလေပင်။
သူ့တဲဝင်ပေါက်တွင် ရပ်လိုက်ပြီး သူက ခက်ခက်ခဲခဲ မြိုချလိုက်ကာ
“ဒါ ငါနေတဲ့နေရာပါ”
ညီအစ်ကိုများက ထွက်မသွားသေးဘဲ အကြီးဆုံးအစ်ကိုက ခေါင်းညိတ်လိုက်ပြီး “သွားတော့၊ ကျုပ်တို့ ခင်များ ဝင်သွားတာကို စောင့်ကြည့်နေမယ်”
အငယ်တစ်ယောက်က ထပ်သတိပေးလိုက်၏။ “မနက်ဖြန် မမေ့နဲ့နော်၊ ခင်များ မယူလာလို့ကတော့ ကျုပ်တို့ ခင်များကို လာရှာရလိမ့်မယ်” သူ့အကြည့်တို့က ရှန်းစန်းပေါ်တွင် နိမိတ်ဆိုးလို ရစ်ပတ်နေလေသည်။
ရှန်းစန်း၏အသက်ရှူမှာ တဖန်ပိုပြီး လေးလံလာတော့သည်။
...
သူတို့၏တဲလေးထဲတွင် ဆာလောင်မှုကြောင့် ငိုသံမှာ ထိုနေ့အတွက် တိတ်ဆိတ်သွားလေသည်။
လီရှီသည် မျက်ရည်များနှင့် ပဲစေ့အကြေများနှင့် ဟင်းရည်တစ်ခု ချက်ပြုတ်နေပြီး ရှန်းကျင့်နှင့်အတူ ရှန်းထျယ်နှင့် ထျန်းယာတို့ကို ကျွေးနေလေသည်။
ဝင်ပေါက်တွင် ရပ်နေပြီး ရှန်းစန်းသည် ကျောက်မီးဖိုမှထွက်လာသည့် မှိန်ဖျဖျအလင်းအောက်တွင် ချိနဲ့နေသည့် ပိုငယ်သည့်ကလေးနှစ်ယောက်ကို ဖျတ်ခနဲလှမ်းကြည့်လိုက်၏။ ထျန်းယာလေးက သူမ၏မျက်လုံးများကို မဖွင့်နိုင်သလောက်ပင်။ သူ့စိတ်ထဲတွင်လည်း ထိုညီအစ်ကိုများ၏ စကားလုံးများက အစပြန်ပေါ်လာလေသည်။
“ဘာလို့ အဲလောက် စိုးရိမ်နေတာလဲ၊ ခင်များ ဘာပဲဖြစ်ဖြစ် ဒီည ငတ်တော့မှာပဲ၊ ဒီမဟုတ်လည်း မနက်ဖြန်၊ ဒါမှမဟုတ် သဘက်ခါပေါ့၊ သေမင်းကို ရှောင်လွဲလို့မရတော့ဘူး၊ ပြောချင်တာက ခင်များလေ၊ အဖေတစ်ယောက်အနေနဲ့ အသက်ရှင်နိုင်ပြီး ဒီနှစ်တွေမှာ ပင်ပန်းခဲ့တာကလည်း အလကား မဖြစ်တော့ဘူးပေါ့”
“အပြင်ဘက်က ဓားပြတွေက မြို့ထဲက ရဲမက်တွေထက် အင်အား အများကြီး ပိုများတယ်၊ ကျုပ်တို့ တကယ်နိုင်မှာတဲ့လား၊ မြို့ကျသွားရင် သန်မာတဲ့လူတွေပဲ ထွက်ပြေးနိုင်မှာ”
“ကလေးကတော့ လား၊ ခင်များ အသက်ရှင်နိုင်ရင် အမြဲတမ်း နောက်ထပ် မွေးလို့ရတာပဲ”
....
တောင့်တင်းအေးခဲနေပြီး သူသည် ထိုနေရာတွင်သာ ရပ်နေမိကာ တစ်ခြေလှမ်းပင် မလှမ်းနိုင်တော့ချေ။
လီရှီနှင့် ရှန်းကျင့်တို့က သူတို့၏အာရုံကို ရှန်းထျယ်နှင့် ရှန်းထျန်းဆီ အာရုံစိုက်ထားပြီး ရှန်းယင်တစ်ယောက်သာ ရှန်းစန်းကို သတိထားမိလိုက်ကာ မျက်ရည်များပြည့်နေသည့် မျက်လုံးများဖြင့် အားနည်းချိနဲ့စွာ လှမ်းခေါ်လိုက်လေသည်။
“အဖေ”
...
အပိုင်း (၁၆၂) ဝမ်မေညန်ပဲ
❗❗❗ (ဝမ်းနည်းဖွယ်အကြောင်းအရာ ဆိုးရွားလွန်းတဲ့အတွက် စိတ်မခိုင်ရင် မဖတ်ပါနဲ့နော်)
လီရှီ၏အိပ်မက်ဆိုးက ထိုနေ့တွင် စတင်ဖွင့်လေသည်။
သူမသည် ခါတိုင်းလို နိုးလာသော်လည်း တာရှည်ဆာလောင်မှုဒဏ်ကြောင့် ပိုပြီး ခက်ခဲနေ၏။ အာရုံရှင်းလင်းလာမှ သူမသည် အိပ်ရာထဲက ကလေးကို လှမ်းအကြည့်တွင် တစ်ခုခု လွတ်နေသည်ကို ခံစားမိလိုက်ပြီးနောက် ရုတ်တရက် အလန့်တကြား ထထိုင်လိုက်၏။
အထဲတွင် အိပ်နေကြသည့် ကလေးလေးယောက်ထဲက တစ်ယောက်က ပျောက်နေလေသည်။
အာရုဏ်တက်ချိန်တွင် စီရင်စုကျောင်းအနီးနားက သိပ်သည်းစွာရှိနေသည့် တဲအိမ်ထဲတွင် စိတ်ခံစားချက်အမျိုးမျိုး၏ အိပ်မက်နယ်ထဲရောက်နေကြသည့် လူများသည် စိတ်ပျက်အားငယ်နေပြီး နှလုံးသားကွဲကြေနေသည့် ငိုသံတစ်ခုကြောင့် ရုတ်တရက် နိုးသွားကြလေသည်။
သောကဖြင့် ဗျာများနေသည့်လီရှီသည် တဲတစ်လုံးချင်း တိုးဝင်ပြီး မျက်ရည်များနှင့် ထျန်းယာကို အော်ခေါ်နေလေသည်။ ရှန်းစန်းနှင့်အတူ မျက်ရည်များနှင့် သန်မာရုံသာရှိသည့် ရှန်းကျင့်က သူမနောက်လိုက်ကာ ရှာဖွေကူလေသည်။
အရှေ့ဈေးက ရဲမက်များ၏ သတိပေးချက်တွင် သည်မနက်ခင်းသည် တဲများရှိရာနေရာတွင် ပိုပြီး ရက်စက်သည့် ဘဝရှုထောင့်တစ်ခုကို ဖွင့်ချလိုက်၏။
အလယ်အလတ်အရွယ်အစား ချီယန်စီရင်စုထဲတွင် သိပ်သဲနေသည့် တဲအိမ်းများနှင့် ထောင်ချီသည့် တံခါးပိတ်ထားသည့်အိမ်များကြားတွင် ဆာလောင်နေသဖြင့် အားနည်းနုံးခွေနေသည့် သုံးနှစ်အရွယ် ကလေးတစ်ယောက်ကို ရှာဖွေရခြင်းက ကောက်ရိုးပုံတစ်ခုထဲတွင် အပ်ပျောက်ရှာရသည်လောက် ပိုလွယ်ကူမနေချေ။ အထူးသဖြင့် ရှာဖွေသူများကိုယ်တိုင်ကလည်း ငတ်မွတ်မှုကြောင့် ခက်ခက်ခဲခဲ လမ်းလျှောက်နေရချိန်တွင်ဖြစ်သည်။
တဲအိမ်ရှေ့တိုင်းတွင် လီရှီသည် ခဏတိုင်း ရပ်နေသဖြင့် ရွာသားများသည် သူတို့၏ကလေးများကို တင်းနေအောင် ပွေ့ချီထားကြပြီး ထိုအဖြစ်ကို သိသွားကြသည့်အခိုက်တွင် ကလေးများရှိသူများမှာ နှစ်နှစ်ခြိုက်ခြိုက် ဆက်ပြီးမအိပ်နိုင်ကြတော့ချေ။
...
တခြားခိုလှုံရာနေရာတွင် ညလယ်ကတည်းက မွေနှောက်ခံထားရသည့် လှုပ်လှုပ်ရှားရှားကိစ္စသည် အပြင်ဘက်က အသံကြောင်း နိုးလာပြီး နေ့အလင်းရောင်က ပြည့်သိပ်ကြပ်ညှပ်နေသည့် နေရာထဲသို့ ထိုးဖောက်လာချိန်တွင် ရပ်စဲသွားလေသည်။
ရှုပ်ပွပြီး ဖရိုဖရဲဖြစ်နေသည့် အိပ်ရာထဲတွင် လဲလျောင်းနေပြီး ဝမ်မေညန်၏ဆံပင်သည် ရှုပ်ပွနေကာ သူမ၏မျက်နှာကလည်း ရွှေစက္ကူထက် ပိုဖျော့နေပြီး ခပ်ဖျော့ဖျော့ နိမ့်လိုက် မြင့်လိုက်ဖြစ်နေသည့် ရင်အစုံကြောင့်သာမဟုတ်လျှင် သူသည် အသက်မဲ့နေဟန် ဖြစ်နေလိမ့်မည်။
နာကျင်မှုက သူမ၏ခန္ဓာကိုယ်တစ်လျှောက် လှိုက်တက်လာပြီး အထူးသဖြင့် သူမ၏ခါးနှင့် ဝမ်းဗိုက်တို့မှာ ကိုယ်ကိုကွေးထားဖို့ ကြိုးစားသည်ပင် မချိမဆံ့အောင် ဖြစ်နေလေသည်။
ဝမ်မေညန်သည် သူမကတော့ သည်အခြေအနေတွင် ရှင်သန်နိုင်မည်မဟုတ်မှန်း သိနေ၏။
သူမကိုယ်တိုင်လည်း မရှင်သန်ချင်တော့ချေ။
သူမ၏မျက်ခွံများက လေးလံနေသလို ခံစားရသော်လည်း သူမသည် သူမ၏သိစိတ်ကို မေ့ပျောက်ဖို့ လွှတ်ပစ်တော့မည့်ဆဲဆဲ ရှန်းစန်းနှင့် ငိုယိုရုန်းကန်ပြီးနောက် အဝတ်စတစ်ခုနှင့် ပါးစပ်ပိတ်ခံထားရသည့် ထျန်းယာ၏ မြင်ကွင်းက သူမဆီသို့ လွှင့်မျောလာလေသည်။
ထျန်းယာ။
သူမ ရောင်းစားခံလိုက်ရသည့်နေ့တွင် သူမ၏မိဘအရင်းနှင့် မောင်နှမများအပါအဝင် ရွာထဲက လူတိုင်းက စပါးအိတ်တစ်ဝက်ကိုသာ မြင်ခဲ့ကြသည်။ သူမသည် ရှန်းမောင်နှမများနှင့် မမျှော်လင့်ဘဲ သွားတွေ့ပြီး ရှန်းကျင့်က သတ္တိများကို စုစည်းကာ သူမ၏နာမည် ဝမ်မေညန်ဟု လှမ်းခေါ်မခံရခင်အထိ ဆွဲခေါ်ခံခဲ့ရသည်။
သူမသည် ဝမ်မေညန်ဖြစ်သည်။
သူမ ဝမ်မေညန်စစ်စစ်ဖြစ်ခဲ့သည့် ထိုအချိန်က နောက်ဆုံးပင်။
ထျန်းယာ။
ဝမ်မေညန်၏ရင်ဘတ်သည် သိသိသာသာ နိမ့်လိုက်မြင့်လိုက် ဖြစ်သွားသည်။ သူက ခေါင်းကိုလှည့်ကြည့်လိုက်၏။ အကြီးဆုံးနှင့် တတိယညီသည် ည၏ပထမပိုင်းတွင် သူမကို ခြေကုန်လက်ပန်းကျအောင် လုပ်ခဲ့ပြီး ည၏ဒုတိယအပိုင်းတွင်တော့ ဒုတိယညီ အလှည့်ပင်။ အခုတော့ အသံကျယ်ကျယ်နှင့် ဟောက်နေပြီး သူတို့သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြသည်။ ဒုတိယညီက စခန်းသို့ အစောင့်သွားရစဉ် စတုတ္ထညီက သူမကို ထားခဲ့သည့် နောက်ဆုံးလူပင်။ စိတ်ကောင်းဝင်နေ၍လား၊ သူက သူမကို ယိုင်နဲ့နဲ့ အသွင်ကို သနား၍လား မသိချေ။ သူက ထင်းသွားကောင်းပြီး ဆန်တစ်ချို့ ယူပြန်လာမည်ဟု ကတိပေးသွားသည်။ သူသည် သူတို့၏ယာယီတဲမှ ထွက်သွားသည်မှာ သိပ်မကြာသေးချေ။
သူမက အလွန်မှ ရိုးသားခဲ့သည်။ သူတို့က သူမကို အလွန်ရက်ရက်စက်စက် ဆက်ဆံခဲ့သည်။ ထို့ကြောင့် သူတို့သည် သူမကို ဆက်ပြီး စောင့်ကြည့်မနေကြတော့ချေ။
ဝမ်မေညန်၏လက်ချောင်းများက တုန်ယင်နေ၏။
သူမက လက်သီးကို တင်းနေအောင်ဆုပ်ထားလိုက်ပြီး တုန်တုန်ယင်ယင်နှင့် ဂဏန်များကို ရေရွတ်နေလေသည်။ ထိုသို့လုပ်မှသာ သူမ၏စိတ် အတွင်းထဲတွင် တည်ရှိနေသည့် ကြောက်စိတ်နှင့် တုန်လှုပ်မှုကို မြိုသိပ်နိုင်မည်ထင်သည်။
ဝမ်မေညန်သည် အံကြိတ်ထားလိုက်ပြီး ဖြည်းဖြည်းချင်းချင်း ထထိုင်လိုက်၏။ သူကို ဖုံးလွှမ်းသည် စောင်စုတ်ကို ခွာချလိုက်ပြီး အိပ်ရာထောင့်က အဝတ်ဟောင်းတစ်စုံကို လှမ်းယူဖို့ အကွာအဝေး တိုလေးတစ်ခုအထိ လေးဖက်ထောက်သွားလိုက်သည်။ သူမက အဝတ်အစားများကို ဝတ်လိုက်ပြီး သူမ၏အသားအရေးကို အစက်အပြောက်များ ဖြစ်နေစေသည့် ပွမ်းပဲ့ဒဏ်ရာများကို ဖုံးကွယ်ထားလိုက်သည်။
အသက်ပင် ရဲရဲမရှူရဲဘဲ သူမက အိပ်နေသည့်ပုံရိပ်နှစ်ခုကို တစ်ချက်ခိုးကြည့်လိုက်ပြီး အသံတစ်ချက်မလှုပ်ဘဲ နားကျင်မှုကို တောင့်ခံထားလိုက်သည်။ သူမသည် မှောက်ထားသည့်ခြင်းတစ်လုံး ထောင်ထားရာ တဲ၏ထောင့်တစ်ခုဆီသို့ တွားသွားလာလိုက်သည်။
ခြင်းကိုဖယ်လိုက်သည်တွင် ထျန်းရာသည် မြေကြီးပေါ်သို့ ပစ်လဲသွားလေသည်။ သူမ၏တုန်ယင်နေ့သည့်လက်များက ထျန်းယာ၏ပါးစပ်ကို အတင်းဆို့ထားသည့် အဝတ်စကို ကပျာကယာ ဆွဲဖယ်လိုက်သည်။ သူမက သတိနှင့် အသက်ရှူသံကို စစ်ဆေးကြည့်လိုက်၏။ တမလွန် ဘဝတစ်ခု ဖြစ်သွားသည်ကို သိလိုက်ရပြီးနောက်တွင် သူမသည် သူမ၏ပါးစပ်ကို လက်များနှင့် တင်းနေအောင် အုပ်ထားလိုက်ကာ ရှိုက်ငိုလေတော့သည်။
မျက်ရည်များကို ပြန်ထိန်းထားလိုက်ပြီး အားယူကာ ထျန်ယာကို မချီလိုက်၏။
သုံးနှစ်အရွယ်ကလေးတစ်ယောက်သည် တစ်ဆယ့်သုံးနှစ်အရွယ် ကလေးမလေးတစ်ဦးအတွက် လေးလံလွန်းသည့် ဝန်တစ်ခုဖြစ်နေသည်။ အထူးသဖြင့် သေလုမျောပါး အခြေအနေသို့ ရောက်နှင့်ပြီးသား သူတစ်ယောက်အတွက်ပင်။
သို့တိုင် သူမသည် ထျန်းယာကို နောက်တွင် ချန်မထားနိုင်ပေ။
ဒါသည် တိတ်ဆိတ်ပြီး မြန်ဆန်သည့် သေခြင်းတရားဆိုသည့်တိုင် သူမသည်လည်း သွားရလိမ့်မည်။
...
လီရှီသည် စိတ်နှင့်ကိုယ် မကပ်တော့ချေ။
အချိန် ကုန်ဆုံးလာသည်နှင့်အမျှ သူမ၏ပင်ပန်းခြင်းက ပြင်းထန်လာခဲ့သည်။ သူမသည် စီရင်စု အနီးဝန်းကျင်က တဲတိုင်းတွင် ရှာဖွေခဲ့ပြီး တခြားနေရာများကိုပင် စတင်ရှာဖွေနေခဲ့သည်။
မသဲမကွဲအမူအရာနှင့် ရှန်းစန်းကတော့ ခေါင်းကိုသာငုံ့ထားပြီး နောက်ကလိုက်လာရင်း လီရှီနှင့် ရှန်းကျင့်တို့က ‘ထျန်းယာ’ဟု တွင်တွင် ခေါ်နေပြီး၊ မကြာခဏဆိုသလို တပြိုင်တည်းခေါ်သံကို နားထောင်နေမိသည်။
လီရှီသည် အနောက်ဘက်ဈေးနှင့် လမ်းကြားများထဲက တဲများကို နည်းလမ်းတကျ ရှာဖွေလာခဲ့သည်။
ရှန်းစန်း၏လက်က မသိမသာ တုန်ယင်နေပြီး စိတ်ပိုင်းဆိုင်ရာ ဖိအားကို သည်းမခံနိုင်တော့ချေ။ စိတ်အတွင်းပိုင်း ပျက်စီးနေသည့် ထိုအခိုက်တွင် သူတို့သည် အဓိကလမ်းမကြီးသို့အရောက် ထင်းစည်းတစ်ခုကို သယ်လာနေသည့် ဈေးအရှေ့ဘက်က လူတစ်ယောက်ကို မြင်လိုက်လေသည်။ ထိုမိသားစု နံပါတ်လေးညီပင်။
ရင်တစ်ချက် ခုန်သွားပြီး ရုတ်တရက်ဆိုသလို အတွေးအားလုံးကို သူ့စိတ်ထဲမှ ပျောက်ကွယ်သွားလေသည်။
လမ်းများက လူအရမ်းများချေ။ ဆေးခန်းများနှင့် ဆေးဆိုင်များကလွဲလျှင် ဆိုင်အများစုကို တင်းကြပ်နေအောင် ပိတ်ထားလေသည်။ ထိုမိသားစု နံပါတ်၄ညီသည် ရှန်းစန်းကို အလိုလို သတိထားမိသွာပြီး တစ်ယောက်ယောက်ကို အသည်းအသန်ရှာဖွေနေဟန်တူပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ် စောရောက်နေသည့် လီရှီနှင့် ရှန်းကျင့်တို့လည်း သတိထားမိသွားသည်။
သူက ရှန်းကျင့်ကို မျက်လုံံးများ ကျုံ့ကား ကြည့်လိုက်လေသည်။
ဒဏ်ရာပိုများသည့် ရဲမက်များကို မြို့တံတိုင်းပေါ်က သယ်ဆင်းလာပြီး အပေါ်ယံဒဏ်ရာနှင့်သူများကိုတော့ တံတိုင်းအောက်ခြေတွင် ချက်ချင်း ကုသပေးနေသည်။ ဒဏ်ရာပိုပြင်းထန်သူများကိုတော့ ဆေးခန်းသို့ ခေါ်သွားပေးရသည်။ စစ်မှုထမ်းနေရသည့် ပြည်သူ တော်တော်များများက လူများကို လမ်းဖယ်ခိုင်းရင်း ဒဏ်ရာရနေသည့် ရဲမက် ၃-၄ယောက်ကို အလောတကြီး သယ်လာကြသည်။
ထိုအခါမှ ထင်းစည်းသယ်ထားသည့်လူက သူ့အကြည့်ကို ရုတ်သိမ်းလိုက်ပြီး သူ့ပစ္စည်းများနှင့် လမ်းဖယ်ပေးလိုက်သည်။
ဦးလေးရွှီနှင့် နောက်လူတစ်ယောက်ကလည်း ဒဏ်ရာ အပြင်းအထန် ရနေသည့် ရဲမက်ကို သယ်လာပြီး ‘ထျန်းယာ’ဟု ကပျာကယာ အော်ခေါ်နေသည့် လီရှီဘေးက ဖြတ်သွားလေသည်။
သူသည် မနေနိုင်ဘဲ လှည့်ကြည့်လိုက်တော့ ‘ထျန်းယာ’ဟု အော်ခေါ်နေပြီး မျက်နှာပေါ်တွင် မျက်ရည်များစီးကျနေသည့် ရှန်းကျင့်ကို သတိထားမိလိုက်ပြီး သူ့နောက်က ရှန်းစန်းကို မှတ်မိသွားလေသည်။
ထမ်းစင်ကို ရှေ့ထမ်းနေသည့်လူမက မြန်မြန်လျှောက်နေပြီး ဦးလေးရွှီကလည်း မနှေးချေ။ သို့သော်လည်း တွေးတွေးဆဆ အကြည့်တစ်ခုက သူ့မျက်လုံးများထဲ ဖြတ်သွားခဲ့သည်။
ဒဏ်ရာရသူကို ဆေးခန်းသို့ ပို့ဆောင်ပြီးနောက်တွင် သူသည် တံတိုင်းအတီးက သူ့တာဝန်ကျရာသို့ ချက်ချင်း ပြန်သွားသင့်လေသည်။ ထို့အစား ဆေးခန်းက ထွက်လာပြီးနောက်တွင် သူက နှုတ်ခမ်းကိုက်လိုက်ပြီး သူ၏စစ်မှုထမ်းဖော်ကို နှုတ်ဆက်လိုက်ပြီး လီရှီနှင့် ရှန်းကျင့်တို့ အသံနောက်လိုက်ကာ လမ်းကြားတစ်ခုထဲ လိုက်ဝင်လာခဲ့သည်။
သားအမိနှစ်ယောက်က တဲတစ်ခုချင်းစီကို ရှာဖွေနေပြီး တဲတစ်လုံးချင်းသို့ ဝင်ရှာနေသည်တွင် တိုက်တိုက်ဆိုင်ဆိုင် တဲများထဲက တစ်လုံးက အစားအသောက် ပြင်ဆင်နေပြီး သူတို့သည် အိုးထဲတွင် အသားချက်ပြုတ်နေလေသည်။
လီရှီသည် သူမ၏ဆင်ခြင်တုံတရား လုံးဝ ပျောက်ဆုံးသွားတော့သည်။ သူမသည် ဘာမသင်္ကာစရာ သဲလွန်စကိုမှ ရှာမတွေ့နိုင်ခဲ့ဘဲ မြေအိုးတစ်လုံးထဲက အသားကို မြင်လိုက်ချိန်တွင် ဒေါသတကြီးဖြင့် အိုးကို လက်ဗလာနှင့် ဆွဲမှောက်လိုက်တော့သည်။
“အသားစားနေတယ်၊ အသားစားနေတယ်ပေါ့လေ၊ နင်တို့တွေ အခု ဘာအသားစားနေတာလဲ၊ ဟမ်၊ ဘာအသားလဲ”
ထိုအိမ်ထောင်စုက ယောက်ျားသားများပြားပြီး တစ်ယောက်မှ သတ်သတ်လွတ်စားသုံးသူ မဟုတ်ချေ။ သူတို့၏အကောင်းစား မြေအိုး ဆွဲမှောက်ခံလိုက်ရပြီး ပန်းကန်တစ်လုံးကလဲ ကွဲသွားသဖြင့် သူတို့သည် စတင် လုံးထွေးသတ်ပုတ်တော့သည်။ လီရှီသည် ဆံပင်မှ ဆွဲခံထားရပြီး ခပ်ကြမ်းကြမ်း ပါးရိုက်ခံလိုက်ရကာ အမေဖြစ်သူကို ကာကွယ်ရန် ကြိုးစားနေသည့် ရှန်းကျင့်ကလည်း ပါဝင်သွားပြီး ဒဏ်ရာများရသွားတော့သည်။
ဟုတ်ပါသည်။ ယောက်ျားတစ်ယောက် ဖြစ်နေသည့် ရှန်းကျင့်ကတော့ အဆိုးဆုံး အရိုက်ခံလိုက်ရသည်။
ကံအားလျော်စွာ အစောပိုင်းက လီရှီက သူမ၏ကလေးကို သောကဗျာပါဒဖြင့် ရှာဖွေနေသည်ကို မြင်ခဲ့ကြသည့် အိမ်နီးချင်းများက သူမသည် ကလေးပျောက်သွားတာဖြစ်မည်ဟု ခန့်မှန်းလိုက်ကြပြီး သနားသွားကြလေသည်။ လီရှီ၏ ကလေးပျောက်ဆုံးမှုကို ကြားလိုက်ရပြီးနောက် အမျိုးသားများက ဝင်ရောက် ဖြန်ဖြေကြပြီး အိမ်ထောင်ရှင် အမျိုးသမီးများကကကလည်း သူတို့၏လူများကို ထိန်းလိုက်ကြရာ အော်ကြီးဟစ်ကျယ်ကိစ္စ အဆုံးသတ်သွားတော့သည်။
ပြင်းထန်ထန် အရိုက်ခံလိုက်ရပြီးနောက်တွင် ရှန်းစန်းသည် ဒေါသခြောင်းခြောင်း ထွက်သွားပြီး သူ့တဲဆီသို့ ပြန်သွားလိုက်ကာ လီရှီ၏ ဗျာများနေသည့် ရှာဖွေခြင်းနောက် ဆက်မလိုက်သွားတော့ချေ။
သူ၏နှုတ်ဆက်စကားကလည်း မာထန်လေသည်။
“မင်း ရူးချင်တယ်ဆိုလဲ ရူးလိုက်တော့၊ ငါကတော့ ပြန်ပြီး ရှောင်ယင်နဲ့ ရှောင်ထျန်ကို သွားစောင့်ရှောက်တော့မယ်၊ ငါတို့တွေ နောက်တစ်ယောက်ကို ထပ်ပြီး အဆုံးရှုံးမခံနိုင်တော့ဘူး”
ဦးလေးရွှီသည် လက်သီးများကို ဆုပ်ထားမိတော့သည်။
သူသည် တံတိုင်းထောင့်တွင် ငြိမ်ငြိမ်လေး ရပ်နေမိပြီး သူ့လက်များက ဆုပ်လိုက် ဖြေလိုက်ဖြစ်နေပြီး အိမ်က ကုန်တော့မည့် စပါးအိတ်၊ မပြီးသေးသည့် ဥမင်၊ မြို့ထဲက ပိုဆိုးလာသည့် ဖရိုဖရဲအခြေအနေ၊ မြို့တံတိုင်းပေါ်က များပြားလာသည့် ထိခိုက်သေကြေမှုတို့ကို စဉ်းစားနေမိသည်။ နောက်ဆုံးတော့ သူသည် လက်သီးဆုပ်လိုက်ပြီး လှည့်ထွက်သွားတော့သည်။
အာ့လန်ကလည်း အရမ်းကို သဘောထားကြီးတဲ့သူ တခြားတွေနဲ့ တွေ့လို့မဖြစ်သေးပါဘူး။
...
ထိုအသားအိုးကို မြင်လိုက်ပြီးကတည်းက လီရှီသည် အရူးတစ်ပိုင်း ဖြစ်သွားသယောင်။
အရိုက်ခံရခြင်းကို မတုန်လှုပ်တော့ဘဲ ထိုအိမ်ထောင်စု၏တဲရှေ့က မြေကြီးပေါ်တွင် ထိုင်ပြီး မြေကြီးပေါ် ဖိတ်ကျသွားသည့် အသားနှင့် ဟင်းရည်များကို ငေးကြည့်ရင်း မျက်ရည်များက အသံတိတ်ကျနေသည်။
အိမ်ထောင်စုက အမျိုးသမီးက စိုးရိမ်လာပြီး သူမဆီသို့ ရောက်လာကာ
“ညီမ ငါတို့မိသားစုက လော့ဈေးမှာ အသားဆိုင်ဖွင့်တာ၊ ဒါက ငါတို့ ဆားနဲ့အခြောက်ခံပြီး သိမ်းထားတဲ့ လက်ကျန်ဝက်သားတွေပါ၊ ဒါက ငါတို့မှာရှိတဲ့ နောက်ဆုံးအသားပဲ၊ ဒါကို အတုံးလေးတွေ ဖြစ်အောင် တုံးပြီး အိုးထဲရေထည့်ထားတာ၊ ဒါမှ ငါတို့မိသားစုတွေ စားသောက်နိုင်မှာလေ၊ နင် ထင်သလို မဟုတ်ပါဘူး၊ နင့်မိသားစုက ကလေးပျောက်နေတာဆိုရင် နင် ဆက်ပြီး ရှာသင့်တယ်နော်”
မည်သို့ဆိုစေ အမှန်ပင် အလွန်မှ နောက်ကျသွားပေသည်။
လီရှီက ထိုနေရာတွင်ထိုင်နေသည်ကို မြင်လိုက်ရတော့ သူမ၏တကိုယ်လုံးက အားအင်ချိနဲ့သွားပြီး အနည်းငယ် တုန်ယင်သွားကာ အသက်ရှူသံကလည်း ပုံမှန်မဖြစ်တော့ချေ။ သူမသည် ပြင်းထန်သည့် ဆာလောင်မှုကို ခံစားနေရသည်မှာ သိသာလေသည်။ အိမ်ထောင်စုကလည်း ဘာအသားဟင်းရည်မှာ မကျန်တော့ချေ။ သူတို့ကိုယ်တိုင်အတွက်ပင် လုံလောက်အောင် လုပ်နေရသည်။ လီရှီ၏အခြေအနေကို မြင်နေရသဖြင့် အမျိုးသမီးက ရေတစ်ပန်းကန်ယူလာပြီး ရှန်းကျင့်ကိုပေးကာ လီရှီကို တိုက်ခိုင်းလိုက်၏။
ငေးငေါင်နေသည့် အခြေအနေတစ်ခုတွင် လီရှီသည် ကျေးဇူးတင်စကားပင် မပြောနိုင်ဘဲ ရေသောက်လိုက်ပြီး ရှန်းကျင့်နှင့်အတူ ထျန်းယာကို ဆက်ပြီး ရှာဖွေတော့သည်။
ချီယန်စီရင်စုမြို့သည် ကြီးလဲမကြီးသလို သေးလဲမသေးချေ။ လီရှီက အမှတ်တမဲ မသွားရသေးသည့်လမ်းကို ပတ်လျှောက်လာပြီး တဖြည်းဖြည်း ဦးတည်ချက်ပြောင်းသွားကာ မြို့တံတိုင်းနှင့် ပိုနီးကပ်လာလေသည်။
တိမ်ဝင်နေသည့် အသံတစ်ခုဖြင့် သူမသည် အမှတ်တမဲ့ ထျန်းယာကို အော်ခေါ်လိုက်၏။ သူမ၏ခေါ်သံများကြားတွင် သူမသည် တစ်စုံတစ်ယောက်ကို ‘အဒေါ်’ဟုခေါ်သံကို တိုးတိုးလေး ကြားလိုက်ရ၏။
လီရှီသည် အပြင်ကလာသည့်အသံကို လုံးဝမကြားချေ။ အထူးသဖြင့် အသံမှာ အားနည်းပြီး အက်ကွဲနေခြင်းကြောင့်ပင်။ သို့သော်လည်း ရှန်းကျင့်က သေချာကြားလိုက်ပြီး အသံလာရာဖက်ကို လှည့်ကြည့်လိုက်၏။
ထိုလု၏ ဖရိုဖရဲဆံပင်များနှင့်ပင်လျှင် ရှန်းကျင့်သည် သူမကို မှတ်မိသွားလေသည်။ ဝမ်မေညန်။
လုံးဝကို ဖရိုဖဲရဲဖြစ်နေသည့် ဝမ်မေညန်သည် ခြေတစ်လှမ်းချင်း ယိုင်နဲ့စွာလျှောက်လာ၏။ သို့သော် မကြာမီတွင် ရှန်းကျင့်၏အာရုံက ဝမ်မေညန်ဆီတွင် မရှိတော့ဘဲ သူမ ရုန်းကန်ရင်း သယ်ထားသည့် လူကို သတိထားမိသွား၏။
နောက်ကျောဘက် မြင်ကွင်းဖြစ်သော်လည်း သူသည် သူမကို မှတ်မိနေသည်။ သူ့ညီမလေးပင်။
ရှန်းကျင့်သည် အလိုလို အော်ခေါ်မိလိုက်၏။
“ထျန်းယာ”
လီရှီသည် နောက်ဆုံးတော့ သတိပြန်ဝင်လာပြီး ဖြတ်ခနဲ လှည့်ကြည့်လိုက်ရာ ဝမ်မေညန်၏လက်ပေါ်က လူကို မြင်လိုက်လေသည်။
သားအမိနှစ်ယောက်လုံးက ဝမ်မေညန်ဆီ အပြေးသွားလိုက်ကြပြီး ဝမ်မေညန်၏ မျက်ရည်စီကြောင်းနှင့် သနားစရာပုံစံကိုသာ မြင်လိုက်ရလေသည်။
စိတ်ယောက်ယက်ခတ်နေသည့် ဝမ်မေညန်နှင့် မလှုပ်မယှက်ဖြစ်နေသည့် ထျန်းယာတို့၏ မြင်ကွင်းက ဝမ်မေညန်အနား ချဉ်းကပ်လာသည်တွင် လီရှီသည် ထိတ်လန့်ပူပင်မှုနှင့် ပြည့်နက်နေတော့သည်။
သူမက သူမ၏သမီးကို လှမ်းချီလိုက်ပြီး သူမကို စစ်ဆေးရင်း ထျန်းယာ’နာမည်ကို ခေါ်လိုက်၏။
ကလေးက လုံးဝ ပြန်မဖြေချေ။
လီရှီ၏လက်များသည် ထျန်းယာ၏ မျက်နှာကို တုန်တုန်ယင်ယင်နှင့် ထိကိုင်လိုက်သည်တွင် အေးစက်နေနှင့်သည်ကို တွေ့လိုက်ရတော့သည်။ သူမသည် အသက်ရှူမရှူ စစ်ဆေးလိုက်ပြီးနောက် သူမ၏သွေးခုန်နှုန်းကိုလည်း စစ်ဆေးလိုက်သည်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အားပျက်သွားပြီး မြေကြီးပေါ်ထိုင်ချလိုက်ကာ ထျန်းယာကို ပွေ့ဖက်ပြီး အသံတိတ် ငိုယိုနေရင်းက အသံကျယ်လာတော့သည်။
ရှန်းကျင့်သည် ထိုနေရာတွင် ရပ်နေပြီး လုံးဝ ကြောင်အမ်းအမ်း ဖြစ်နေ၏။
ဝမ်မေညန်သည် ကြည့်နေရင်းက သူမ၏စိတ်သည် ထုံထိုင်သွားပြီး သူမသည်လည်း မကြာခင် ဇာတ်သိမ်းရတော့မည်ကို ရုတ်တရက် သဘောပေါက်သွားတော့သည်။ ထိုအချိန်ကျလျှင် ဘယ်သူက သူမအတွက် ငိုကြွေးပါမည်နည်း။
လီရှီသည် သူမ၏နှလုံးသားများ စုတ်ပြဲသွားသည်အထိ ငိုကြွေးလိုက်သော်လည်း သူမ၏ထျန်းယာ၏အသက်ကို ယူသွားသူကို မေးရန်လိုအပ်မှန်း သူမသိလိုက်သည်။ လေကို ဖမ်းရှူလိုက်ပြီး သူမသည် ခေါင်းထောင်လိုက်ကာ ငိုရှိုက်နေသည်ကို ကြိုးစားရပ်တန့်လိုက်ပြီးမှာ ယောင်ကိုင်းပြီး မျက်ရည်အပြည့်မျက်လုံမးများနှင့် ဝမ်မေညန်ကို ကြည့်လိုက်၏။
“ဘယ်သူ လုပ်ခဲ့တာလဲ”
ရှန်းကျင့်လည်း သူ့မျက်ရည်များကို သုတ်လိုက်ပြီး သူမဘက်သို့ လှည့်လိုက်လေသည်။
ဝမ်မေညန်သည် သူမ၏ပါးစပ်ကို ဖွင့်လိုက်ပြီး သူမ၏အသံက တိမ်ဝင်နေ၏။
“ထျန်းယာအဖေ”
သူမသည် မနေ့ညက ရှန်းစန်းကိုယ်တိုင် ထျန်းယာကို လာပို့ခဲ့ပုံကို ပြောပြလိုက်ပြီး အဖြစ်အပျက်များကို ပြန်ပြောပြလိုက်၏။ ရှန်ကျင့်ကို နောက်ဆုံးတစ်ကြိမ်လှမ်းကြည့်လိုက်ပြီး သူမက နောက်ဆုံးစကားကို ပြောလိုက်၏။
“သတိထားနော်”
သည်လိုအဖေမျိုးသည် လူသားဖြစ်ရန်ပင် အရည်အချင်းမရှိပေ။
...
ဝမ်မေညန်သည် သူမ ဘယ်သို့သွားမည်ကို မပြောဘဲ ထွက်သွားလေသည်။
လီရှီက သူမ၏သမီး ထျန်းယာကို ပွေ့ဖက်ထားလိုက်ပြီး မဆုံးဖြတ်နိုင်ဘဲ အချိန်အကြာကြီး ထိုင်နေမိ၏။ မြို့တံတိုင်း အနီးနားက သီးခြားထောင့်လေးတစ်ခုတွင် မြေပုံလေးတစ်ခု ပေါ်လာသည်။ __မြေပုံလေးမှာ အလွန်မှ နိမ့်ချထားရသဖြင့် တောင်ပူစာတစ်ခုလိုပင် မဖြစ်နိုင်ချေ။
လီရှီနှင့် ရှန်းကျင့်တို့သာ ခိုင်မာစွဲမြဲသည့် ဆုံးဖြတ်ချက်နှင့် သည်နေရာလေးကို မှတ်သားထားလိုက်ကြပြီး သူတို့သည် သည်လို အသက်ကို ခြိမ်းခြောက်နေသည့် ဒုက္ခကို ကျော်လွန်သွားပြီး သူတို့လက်ရှိဘဝ၏ ရက်စက်မှုများကို တိုးထွက်နိုင်နှင့် ထျန်းယာအတွက် သေချာလုံခြုံသည့် အိမ်တစ်လုံး လုပ်ပေးမည်ဟု သစ္စာပြုလိုက်ကြသည်။
အပြန်လမ်းတစ်လျှောက်လုံးတွင် လီရှီသည် အသံတစ်ချက်မထွက်ချေ။ သူမသည် သူတို့၏ယာယီနေထိုင်ရာ စီရင်စုကျောင်းရှိရာဘက်သို့ တိတ်ဆိတ်စွာ တစ်လှမ်းချင်း လှမ်းလာသည်။ စီရင်စု ကျောင်းနှင့် နီးလာသည့်အချိန်မှ သူမသည် ဖြည်းဖြည်းချင်း ရပ်လိုက်ပြီး တိမ်ဝင်နေသည့် လေသံတစ်ခုနှင့် ပြောလိုက်၏။ “သား နင် ဘာမှ မသိခဲ့ဘူးနော်၊ ငါတို့တွေ ထျန်းယာကို ရှာမတွေ့ခဲ့ဘူး၊ နောက်ပြီး ဝမ်မေညန်ကိုလည်း မတွေ့ခဲ့ဘူး၊ နားလည်လား”
သူမ၏အမူရာက ထုံထိုင်းနေပြီး သူမ၏မျက်လုံးများထဲတွင် ဆုံချက်တစ်ခုပင် မရှိတော့ချေ။
ရှန်းကျင့်၏ကမ္ဘာလေးကလည်း ကြေမွပျက်စီးနေသည်။ သူသည် ထုံထိုင်းစွာပင် ခေါင်းညိတ်ပြလိုက်၏။
လီရှီသည် နောက်ဆုံးတော့ သူ့ကို ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
“သားက အခုထိ နားမလည်သေးပါဘူး၊ သားရယ်၊ ရှောင်ယင်နဲ့ ရှောင်ထျယ်တို့ အသက်ရှင်ဖို့ အမေတို့တွေ အားလုံးကို သိနေတဲ့အကြောင်း သူ့ကို အသိပေးလို့မဖြစ်ဘူး၊ အမေတို့တွေ သဲလွန်စ တစ်စလေးကိုတောင်မှ ထုတ်ပြလို့မဖြစ်ဘူး၊ နားလည်လား”
သူမသည် ရှန်းစန်းကို ကိုင်တွယ်ဖြေရှင်းပစ်နိုင်သည့် သူမ၏ရည်ရွယ်ချက်ကိုတော့ ဖုံးကွယ်ထားလိုက်လေသည်။
လီရှီသည် ငိုကြွေးနေမိသည်။
သူမ သမီးရဲ့အသက်ကိုတောင် စွန့်လွှတ်ခဲ့ရတဲ့အထိ သူမဘေးမှာ ပုန်းလျှိုးကွယ်လျှိုးလုပ်နေတဲ့ မိစ္ဆာကို မသိမြင်နိုင်ခဲ့တာ သူမရဲ့ တုံးအမှုသက်သက်ပဲလား။
သူမသည် မနေ့ညက ဆာလောင်လှသဖြင့် ထျန်းယာ၏ ကြောင်ပေါက်လေးလို့ ညည်းညူသံကို ပြန်စဉ်းစားမိလိုက်လေသည်။ သူမသည် မည်မျှ ဆာလောင်မွတ်သိပ်နေလိမ့်မည်နည်း။ သို့တိုင် သူမမှာ နောက်ထပ် မြေကြီးမုန့်ကို မကျွေးရဲခဲ့ဘဲ အသက်ရှင်သန်ရန်အလို့ငှာ သမီးဖြစ်သူတို့ကို သည့်ခံဖို့ တောင်းဆိုခဲ့မိလေသည်။
မည်သူက မျှော်လင့်ထားပါမည်နည်း။ ဆာလောင်ငတ်မွတ်ပြီး ရှားပါးမှုကြောင့် ပျက်စီးရမည့်အစား သူမသည် သူမ၏အဖေအရင်းလက်ထဲတွင် သားကောင်အဖြစ် ကျရောက်ခဲ့ရသည်။ ထိုအချိန်တွင် ထျန်းယာသည် သေချာပေါက် ကြောက်ရွံ့ထိတ်လန့်နေပေလိမ့်မည်။
မျက်ရည်များက နောက်တစ်ကြိမ် ပြိုကျလာပြန်သည်။ သူမသည် မျက်ရည်များကို မသုတ်ပစ်တော့ချေ။ လွတ်လွတ်လပ်လပ် စီးကျခွင့်ပေးထားလိုက်ပြီး ရှန်းကျင့်ကို တွဲကာ သူတို့၏ ယာယီတဲအိမ်ဆီသို့ ပြန်လာခဲ့ကြတော့သည်။
...