← Chapters

အခန်း (၁၇၅-၁၇၆)

Vol. 18 Ch. 175-176

အခန်း (၁၇၅-၁၇၆)

Vol. 18 Ch. 175-176

အပိုင်း (၁၇၅.၁) ခြေတစ်လှမ်းပိုနီးလာခြင်း

အစားအသောက်ရနံ့သည် ကျောက်တုံးများကို လျှိုမြောင်ထဲသို့ရွှေ့နေသည့် ချန်းမိသားစုနှင့် သူတို့၏ ကလေးအဖွဲ့များကို ဆွဲဆောင်ခဲ့သည့်အပြင် တစ်ခြားတစ်ဖက်တွင် နေထိုင်ကြသည့် ကျိုးမိသားစု၊ လုမိသားစုနှင့် ရွှီမိသားစုတို့ကိုလဲ ဆွဲဆောင်ခဲ့လေသည်။

မှောင်နေပြီဖြစ်သော်ငြားလည်း ရဲရဲတောက်နေသည့်မီးပုံနှစ်ခုက ထိုနေရာလေးကို ကောင်းကောင်းမွန်မွန် အလင်းရောင် ပေးစွမ်းနိုင်သည်။

ရှန်းမိသားစု၏ ညနေစာသည် နောက်ဆုံးတော့ လျှိုမြောင်ထဲက အဖွဲ့တစ်ခုလုံးအတွက် ညလယ်စားသောက်ပွဲကြီး တစ်ခုအသွင် ပြောင်းလဲသွားတော့သည်။ ဗိုက်အပြည့် အမှန်အကန် စားသောက်ခဲ့ကြသည်သူများမှာ ချန်းသရှန် ရှန်းလီနှင့် ရှန်းညီအစ်ကိုငယ်လေးများ ဖြစ်လေသည်။

ရှန်းအန်နှင့်ရှန်းနဥ်တို့ကလဲ အစားအသောက် ကန့်သတ်ထားခြင်း မရှိပေ။ သို့သော် ရှန်းကျင့်တို့ ညီအစ်ကိုသုံးယောက်ကိုတော့ အသားကင်များကို အလွန်အကျွံမစားဖို့ စန်းလော့က သတိပေးရသည်။ သူတို့ကို ကြက်သားအရသာ အနည်းငယ်ကိုသာ စားခွင့်ပြုပြီး ပေါ့ပေါ့ပါးပါး ဟင်းလျာများကိုသာ ဦးစားပေးခိုင်းသည်။ ထို့ကြောင့် သူတို့သည် ကျောက်သားပေါ်တွင် တင်ထားသည့် တို့ဟူးနှင့် မုန်လာထုပ်များကိုသာ ကိုယ့်ဟာကိုယ် ကျေနပ်ရသည်။ သို့သော်ငြားလည်း စည်ကားလှသည့်ပတ်ဝန်းကျင်ကြောင့် သူတို့သည် တက်ကြွပျော်ရွှင်ရလေသည်။ ကလေးများက အတူတူ စုဝေးလာကြပြီး အစားအသောက်ကို စွဲလန်းနေသည့် ရှန်းထျယ်မှလွဲလျှင် ရှန်းမိသားစု၏ကလေးများသည် စားပွဲတွင်ဆက်ပြီး မထိုင်နိုင်ကြတော့ပေ။

စန်းလော့သည် ကြက်၃ကောင်အပြင် တောဝက်ပမာဏ အများကြီးကိုလဲ ထည့်သွင်းကာ အစားအသောက်များကို အများအပြား ပြင်ဆင်ထားခဲ့ပေးသည်။ ရှန်းလီက ကင်ပေးပြီး အိမ်နီးချင်းမိသားစုက ကလေးများက တူများဖြင့်ယူကာ ကျောက်မီးဖိုပတ်ဝန်းကျင်တွင် အားတက်သရော စုဝေးနေကြပြီး မြည်းစမ်းဖို့ စောင့်နေကြသည်။ ရှန်းမိသားစုက စားသောက်နေစဥ်တွင် ချန်းမိသားစုက ဝင်လာသည်။ ဒါသည် တိမ်လွှာတောင်ကြားထဲသို့ ရောက်လာပြီးကတည်းက ကလေးများအတွက် အပျော်ရွှင်ရဆုံးနေ့တစ်နေ့ ဖြစ်ပေလိမ့်မည်။ သီးသန့်နေတတ်သည့် အကျင့်ရှိသည်ဟု သိထားသည့် ဝမ်ယင်းကျန့်ပင် ရွှီဝမ်ပေါ်ကြောင့် ကျောက်တုံးအကင်ဆီသို့ မျှားခေါ်ခြင်းခံလိုက်ရသည်။

ရွှီဝမ်ယင်းကတော့ အမြန်ဆန်ဆုံး တုံ့ပြန်သူပင်။ စားသောက်နေသည့်ကြားက သူမက စန်းလော့နားသို့ ချဥ်းကပ်လာကာ အခွင့်အရေးတစ်ခုကို ဖမ်းဆုပ်လေသည်။

"အစ်မအားလော့ ဒီကျောက်ပြားကြီးကို ဘယ်ကနေ တွေ့ခဲ့တာလဲ"

စန်းလော့က ဒီစကားကိုကြားလိုက်သည်တွင် ရယ်မောလိုက်သည်။

"နင်ကရော ကင်ချင်လို့လား၊ လျှိုမြောင်အပြင်ဘက်က သိပ်မဝေးတဲ့နေရာက တောင်ကျစမ်းရေကလေ၊ မနက်ဖြန်ကျရင် နင့်အဖေ ဒါမှမဟုတ် ဦးလေးရွှီကိုခေါ်သွားပြီး တစ်ချက်ကြည့်ဖို့ ရှန်းလီကို ပြောလိုက်မယ်"

ရွှီဝမ်ချင်းကလဲ ဝမ်းသာအားရ ဝင်ပြောလေသည်။

"ကျွန်တော်သွားမယ်၊ ကျွန်တော်သွားမယ်"

ရွှီဝမ်ယင်းတစ်ယောက်သာ ဝမ်းသာပျော်ရွှင်နေသည်မဟုတ်ဘဲ ဒီအကြောင်းကို ကြားလိုက်ကြသည့် ကလေးအားလုံးကလဲ စိတ်လှုပ်ရှားနေကြသည်။ သူတို့သည် သူတို့အဖေများကို တပါတည်း ချက်ချင်းဆွဲခေါ်လာကြပြီး ကျောက်ပြားကြီးကို ရှာဖွေဖို့အတွက် တောင်းဆိုကြတော့သည်။

သူတို့သည် ဒီလိုအကူအညီကို မည်သို့ငြင်းပယ်နိုင်ပါမည်နည်း။ ကလေးများက စိတ်အားတက်ကြွနေကြသည့်အပြင် လူကြီးများကလဲ ဆွဲဆောင်ခံနေရသည်။ ထို့အပြင် တောင်သည် စည်ကားလှသည့် အနေအထားတစ်ခုကို အမှန်ပင် ဖန်တီးပေးပြီး အားလုံးက အလိုလိုသဘောတူလိုက်ကြသည်။

ညလယ်စားသောက်ပွဲသည် တစ်နာရီကျော်ကြာသည်အထိ ကြာမြင့်သွားပြီးနောက်တွင် သူတို့သည် တဖြည်းဖြည်း လူစုခွဲလာကြသည်။ အဓိက အကြောင်းအရင်းမှာ မိသားစုတစ်ခုချင်းစီသည် ထိုနေ့က သူတို့ရထားခဲ့သည့် တောဝက်သားများကို ကိုင်တွယ်ဖို့ရန် လိုအပ်နေခြင်းကြောင့်ပင်။

ဒါသည် ပုံမှန်တော့ မဟုတ်ပေ။ ရက်အနည်းငယ်အတွင်းတွင် လပြက္ခဒိန်၏ ခြောက်လမြောက်ကို ရောက်လာပေလိမ့်မည်။ ရာသီဥတုက ပူပြင်းခြောက်သွေ့လာသည်။ ဂူသည် အပြင်ဘက်ကထက် ပိုပြီး အေးမြသော်ငြားလည်း အသားများကို တတ်နိုင်သလောက် ကိုင်တွယ်ထားသည်က အကောင်းဆုံးပင်။

ဝက်သရေနှင့် ခေါင်းများကို အမဲလိုက်ပြီးသည့်နောက်တွင် သင့်တော်သည့် နေရာတစ်ခုတွင် ချက်ချင်းရှင်းခဲ့ကြသည်။ လုမိသားစုနှင့် ရှီမိသားစုတို့တွင် မိသားစုဝင်များပိုများသည်။ သို့သော်ငြားလည်း သူတို့၏ အမဲလိုက်စွမ်းရည်ကတော့ ရှန်းလီနှင့် ချန်းသရှန်တို့ထက် နိမ့်လေသည်။ တောင်အတွင်းပိုင်းက ဆောင်းတွင်းသည် အပြင်ကထက်ပိုပြီး အေးမှာကို စိုးရိမ်နေရသည်။ သူတို့က အရေခွံကို ယူထားလိုက်ပြီး ဝမ်းတွင်းကလီစာများကို ကိုင်တွယ်ဖို့ရန်အတွက် ရှန်းမိသားစုကို ချန်ထားပေးလိုက်သည်။

ရှန်းလီနှင့်ချန်းသရှန်တို့က စားပွဲနှင့်ကုလားထိုင်များကို ရှင်းလင်းဖို့ရန် တာဝန်ယူလိုက်ကြပြီး အငယ်လေးများကတော့ ပန်းကန်နှင့် အသုံးအဆောင်ပစ္စည်းများကို ဆေးကြောဖို့ တာဝန်ယူလိုက်ကြသည်။ တောဝက်သားကို ကိုင်တွယ်ခြင်းကပင် မိသားစုအရေးကိစ္စတစ်ခု ဖြစ်လာသည်။ ကူညီရမည့်လက်အများအပြားရှိသည့် အကျိုးကျေးဇူးက သိသာထင်ရှားလေသည်။ လူငယ်လေးများဖြစ်သည့်တိုင် ရှန်းနဥ်နှင့်ရှန်းအန်းတို့၏ သင်ကြားပြသမှုအောက်တွင် သူတို့၏တာဝန်များကို ကျွမ်းကျွမ်း ကျင်ကျင် ဆောင်ရွက်နိုင်ခဲ့ကြသည်။ ကလီစာများကိုသန့်စင်ရာတွင် ဒီကလေးများက အဓိကတာဝန်ယူပေးခဲ့ကြသည်။

ရှန်းကျင့်နှင့် ရှန်းယင်နှစ်ယောက်စလုံးကလဲ ဝီရီယရှိရှိ ကြိုးစားလေ့လာကြပြီး သူတို့သည် နောက်ဆိုလျှင် ဒီအလုပ်များကို ကိုယ်တိုင်ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်ဖို့လိုသည်ဟု ကောင်းကောင်းသိကြသည်။ ရှန်းလီက အရေခွံခွာလိုက်ပြီး အသားများကို သီးသန့်ခွဲလိုက်စဥ် စန်းလော့က ဝက်သားခြောက်လုပ်ဖို့ရန်အတွက် အဆာပလာများကို စတင်ပြင်ဆင်လိုက်သည်။ ဒါက ရိုးရှင်းသည့် လုပ်ငန်းစဥ်တစ်ခုပင်။ တောင်ထဲတွင် အရက် မရနိုင်သော်ငြားလည်း ကံအားလျော်စွာ သူတို့တွင် ချင်းအများအပြား စိုက်ထားလေသည်။ သူမက ထောင်းထားသည့် ချင်းပန်းကန်လုံးတစ်ခုကို ပြင်ဆင်ထားလိုက်ပြီး ဆားလှော်ဖို့ရန် ရွှီမိသားစု၏ဒန်အိုးကို ငှားရန်းထားလိုက်သည်။ ဒီပါဝင်ပစ္စည်းများနှင့်ဆိုလျှင် အရောအနှောက ပြီးပြည့်စုံသွားသည်။

ဝက်ဆီဖတ်ကြီး နှစ်တုံးကလွဲလျှင် ရှန်းလီ ခုတ်ဖြတ်ထားပေးသည့် အသားများကို ချင်းနှင့် ဆားငရုတ်ကောင်းအရောအနှောတွင် နှံ့သွားအောင် သုတ်လိုက်သည်။ အသားတုံးများကို ချည်နှောင်ပြီး ချိတ်ထားလိုက်ကာ ကြပ်တိုက်ဖို့ အသင့်ဖြစ်သွားသည်။ ကြပ်တိုက်ဖို့ရန်အတွက် မီးဖိုအသစ်တစ်ခု တည်ဆောက်ဖို့ရန် မလိုပေ။ အသားကင်ဖို့ အသုံးပြုခဲ့သည့် ကျောက်ပြားကြီးကို အအေးခံထားလိုက်ပြီး အခုတော့ မီးဖိုချောင်ထဲသို့ ပြောင်းရွှေ့ထားလိုက်သည်။ အပြင်ဘက်တွင် မီးပုံတစ်ခုကို ပြုလုပ်ထားလိုက်ပြီး အသားချိတ်ဆွဲရန် တန်းတစ်ခုကို ထည့်ထားလိုက်သည်။ သူတို့သည် ဝါးချောင်းများနှင့် ပျဥ်ပြားများကို သုံးကာ ယာယီရွှေ့ပြောင်းလို့ရသည့် တဲလေးတစ်ခုကို တည်ဆောက်လိုက်ကြကာ မိုးရေများကို ကာကွယ်ပေးပြီး အငွေ့များကို အပြင်ထွက်လို့ရအောင် သေချာလုပ်ထားလိုက်သည်။ မကြာခဏဆိုသလို ထင်းမီးများကို ထည့်ခြင်းက လိုအပ်သည့် တစ်ခုတည်းသော အချက်ပင်။

သူတို့သည် ကလီစာများကို ဆေးကြောသန့်စင်နေသည့် ကလေးများ၏လုပ်ငန်းစဥ်ကိုလဲ စစ်ဆေးပေးလိုက်ပြီး သူတို့၏အလုပ်ပြီးစီးအောင် ကူညီပေးလိုက်ကြသည်။ သူတို့သည် တောဝက်၏အစာအိမ်၊ နှလုံး၊ အဆုတ်၊ အူ၊ အသည်း စသည်တို့ကို နောက်တစ်နေ့တွင် ဟင်းရည်ချက်ဖို့အတွက် သိမ်းထားလိုက်ကြသည်။ စောစောက ဖယ်ထားခဲ့သည့် ဝက်ဆီဖတ်ကြီးနှစ်ခုအပါအဝင် ကျန်သည့် အစိတ်အပိုင်းများကိုတော့ ရေအေးထဲတွင်ထည့်ကာ မြေအိုးတစ်ခုထဲတွင် ထည့်သိမ်းထားလိုက်သည်။ သူတို့သည် အစောပိုင်းက ဝယ်လာခဲ့သည့် ဟင်းခတ်အမွှေးအကြိုင်များကို ထုတ်လိုက်ပြီး အိုးထဲတွင်ထည့်လိုက်ကာ မွှေးကြိုင်ပြီး အရသာအပြည့်ပါသည့် ဟင်းရည်တစ်ခုကို ဖန်တီးလိုက်ကြသည်။

ရနံ့ကဆွဲဆောင်မှုရှိနေသည်။ သို့သော်ငြားလည်း ကံအားလျော်စွာ လျှိုမြောင်ပတ်ဝန်းကျင်က မြင့်မားသည့် တောင်တန်းများနှင့် ထိုတောင်ကြားများတွင် သိပ်သည်းသည့် အပင်များကြားအနံများက အဝေးကြီးသို့ ပြန့်နှံ့မသွားခင်မှာပင် စုပ်ယူထားခံလိုက်ရပြီး ဒါသည် လျှိုမြောင်တောင်ကြားထဲတွင် နေကြသူများ၏ စားချင်စိတ်ကိုသာ လှုံ့ဆော်နေတော့သည်။ မိသားစုတစ်ခုချင်းစီက သူတို့ရရှိမည့်ဝေစုများကို လက်ခံရရှိပြီး သူတို့၏ကိုယ်ပိုင် ဝက်သားခြောက်များကို ကြပ်တိုက်ရင်း အလုပ်များနေ သည်။ မိသားစုတစ်ခုချင်းစီက သူတို့၏တစ်မူထူးခြားသည့် နည်းလမ်းများရှိလေသည်။ နောက်ဆုံးတွင် ရလဒ်မှာ ညီတူညီမျှသာဖြစ်လေသည်။

စိတ်ဓာတ်ကျနေကြသည့် တစ်ဦးတည်းသောသူမှာ လုမိသားစု၏ ပထမအိမ်ထောင်စုက မိသားစုဝင်များဖြစ်သည်ဟု ပြောရပေမည်။

သူတို့သည် ဘာမှမတတ်နိုင်ဘဲ ရပ်ကြည့်ရုံသာ တတ်နိုင်လေသည်။

တစ်ခြားအကြောင်းအရင်းတော့ မရှိပေ။ သူတို့ထဲက တစ်ယောက်မှ အမဲလိုက်ခြင်းတွင် မပါဝင်ခဲ့ကြပေ။ အမှန်ပင် ဘယ်သူကမှလဲ သူတို့ကို အတူတူ ခေါ်မသွားပေ။ ရှန်းလီပေးခဲ့သည့် အသားအတွက်ကတော့ သူတို့အစောပိုင်းက ရရှိထားသည့် စပါးများအတွက် ကျေးဇူးပြန်ဆပ်သည့် သဘောပင်။ ထို့ကြောင့် ဒါက သူတို့၏ကိစ္စ မဟုတ်တော့ပေ။ ထို့ကြောင့် သူတို့သည် ဒီအတိုင်းကြည့်နေရန်သာ တတ်နိုင်ပြီး ဗလာအတိမျက်လုံးများဖြင့် တမ်းတနေရတော့သည်။

လုမိသားစုက အကြီးအကဲလင်မယား၊ လုအာ့လန်မိသားစုနှင့် လုစန်းလန်တို့ကတော့ စဥ်းစားပေးတတ်သေးသည်။ သူတို့သည် အရသာရှိသည့် အစားအသောက်များ ရှိလာသည့်အချိန်တိုင်း ပထမအိမ် ထောင်စုက မိသားစုမှ ကလေးများကို မျှဝေပေးရန် ခေါ်တတ်သည်။ သို့သော်ငြားလည်း လုသလန်နှင့် ဝမ်ချွန်းညဏ်တို့ကိုတော့ ထားလိုက်သည်။ သူတို့သည် အရွယ်ရောက်ပြီးသားပင်။ ထို့ကြောင့် သူတို့သည် ဒါကို သီးခံနိုင်သင့်သည်။ သူတို့သည် ကလေးတစ်ယောက်လို စောင့်ရှောက်ခံရမည်ကို အမှန်တကယ်ပင် မျှော်လင့်နေနိုင်ပါမည်လား။

ထို့ကြောင့် ဒီနေ့ညတွင် အနံ့၏လှုံ့ဆော်ခြင်းခံရသူ အများဆုံးမှာ လုသလန်နှင့်ဝမ်ချွန်းညဏ်တို့ သာ ဖြစ်တော့သည်။

...

ရှန်းလီနှင့်စန်းလော့တို့သည် လူငယ်လေးများအကူ အညီဖြင့် ညပိုင်းနောက်ကျသည်အထိ အလုပ်များနေခဲ့ကြပြီး ထို့နောက်မှ သူတို့သည် ခြေလက်များကိုဆေးကြောကာ အနားယူခဲ့ကြသည်။ နေ့တစ်နေ့၏ လုပ်အားတာဝန်ကြောင့် ပင်ပန်းနွမ်းနယ်သွားကြသည်တွင် သူတို့သည် မိုးသောက်ယံအထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့ကြသည်။

ဒီနေ့တွင် အပြင်ထွက်ပြီးအမဲလိုက်ဖို့ မလိုအပ်ချေ။ မနက်စာစားပြီးနောက်တွင် သူတို့သည် အပျင်းပြေ လမ်းလေးလျှောက်ဖို့သာလိုအပ်ပြီး မနေ့ကထောင်ထားခဲ့သည့် ထောင်ချောက်ထဲတွင် ရစ်ငှက်များဖမ်း မိနေမလားဟု သွားရောက်စစ်ဆေးဖို့ရန်သာ လိုအပ်သည်။ သို့သော်ငြားလည်း အကျင့်ဖြစ်နေလေရာ သူတို့အားလုံးသည် စောစောစီးစီး နိုးလာကြလေသည်။

ရှန်းလီနှင့်ရှန်းအန်းတို့သည် မနက်အစောပိုင်းတွင် အသားများကို ကြပ်တိုက်ဖို့အတွက် မီးမွှေးလိုက်ကြကာ အိမ်မှုကိစ္စနှင့် လယ်ယာစိုက်ပျိုးရေးကိစ္စများကို တာဝန်ယူလိုက်ကြသည်။ ရှန်းအန်းနှင့် ကလေးများက သူတို့၏ပုံမှန်လုပ်နေကြ မနက်ခင်း စာဖတ်ချိန်အတိုင်း လိုက်လုပ်ကြပြီး ရှန်းလီကတော့ မနေ့ကသူပြောခဲ့သည့် မိသားစုများကိုခေါ်ကာ ကျောက်ပြားများကို ထွက်ရှာလေသည်။ ထို့နောက်တွင် သူက အားလုံးကို ဦးဆောင်ကာ အတူတူထွက်လာလေသည်

စန်းလော့ကတော့ ရှန်းနဥ်နှင့်မနက်စာ ပြင်ဆင်လိုက်သည်။ ဒီနေ့၏မနက်စာက ရိုးရှင်းလေသည်။ သူတို့သည် မနေ့ညက ညနေစာအတွက် ထမင်းရည်ကို သိမ်းထားလိုက်ကြပြီး နည်းနည်းလေး ကြာအောင် ပြန်ကြိုချက်လိုက်ကာ ကြက်ဥနှစ်လုံးကို ဖောက်ထည့်ပြီး နှံ့နေအောင်မွှေလိုက်ပြီးနောက်တွင် ကြက်ဥထမင်းရည်ဖြစ်အောင် လုပ်လိုက်ကြသည်။ အင်မတန်မှ အာဟာရပြည့်ဝသည့်တစ်နပ်ပင်။

ဝက်သားနှပ်အတုံးလေးများနှင့်သာကူစေ့များကိုရောကာ အစာသွပ်ပြုလုပ်လိုက်သည်။ ပန်းကန်တစ်ဝက်စာ ဂျုံများကိုတော့ ဝက်သားဖက်ထုပ်အတွက် နူးညံ့သည့်အခွံအဖြစ် ပြုလုပ်လိုက်သည်။

တစ်ခုတည်းသော နှမျောစရာကောင်းသည်မှာ ဂျုံသားကို ပွအောင်လုပ်ဖို့ရန် ဆန်အရက်မရှိခြင်းပင်။ ထို့ကြောင့် ဂျုံသားကို ပွလာအောင် မလုပ်နိုင်ခဲ့ပေ။ ပုံစံကတော့ ဖက်ထုပ် ထုပ်ထားသည့်ပုံစံနှင့် ဆင်တူသည်။ စန်းလော့က စဥ်းစားမိလိုက်၏။ လျှိုမြောင်ထဲက ရာသီဥတုကို ထည့်ပြီးစဥ်းစားကြည့်လျှင် ဆန်အရက် နည်းနည်းပါးပါး ပြုလုပ်သည်က အဆင်ပြေနိုင်သည်။ ရှန်းလီသည် မကြာခဏ အမဲလိုက်ထွက်နေသဖြင့် သူတို့သည် အသားနှင့် အသီးအရွက်များ ပိုပြီးရှိလာသည့်အချိန်တွင် လက်ထဲ၌ ဆန်အရက်ရှိနေခြင်းက ပေါက်စီနှင့်ပန်ကိတ်များကို ပြုလုပ်ဖို့အတွက် အင်မတန်မှ ကောင်းမွန်ပေလိမ့်မည်။

သူမသည် ဂျုံကိုနယ်နေရင်း အချိန်ရလျှင် ဆန်အရက် လုပ်မည့်စိတ်ကူးကို စဥ်းစားမိလေသည်။

မိုးသောက်ယံအချိန်တွင် ရှန်းမိသားစုက မနက်စာကို စားနေကြသည်။ အရသာရှိသည့် ရနံ့နှင့်အသားပေါက်စီများက မွှေးရနံများဖြင့် အငွေ့တထောင်း ထောင်းထနေပြီး ထမင်းရည် ပျစ်ပျစ်လေးထဲတွင် နူးညံ့သည့်ကြက်ဥအဖတ်လေးများက ပါနေသည်။ ရိုးရှင်းသော်ငြားလည်း စိတ်ကျေနပ်ဖွယ်ကောင်းရာ မိသားစုကို တင်းတိမ်ရောင့်ရဲပြီး ဗိုက်ပြည့်စေလေသည်။

လျှိုမြောင်ထဲတွင် ရှန်းယင်နှင့်ရှန်းထျယ်တို့က နှစ်ရက်တာလောက် ကိုယ့်ဟာကိုယ် အားယူလိုက်ရသည်။ သူတို့သည် သတိထားနေရလောက်အောင် ပိန်ပါးနေဆဲ ဖြစ်သော်ငြားလည်း သူတို့၏စိတ်ကတော့ သိသိသာသာ မြင့်တက်လာကာ အခုတော့သူတို့သည် ကိုယ်ဟာ့ကိုယ် ထိန်းထားနိုင်ကြပြီဖြစ်သည်။

ရှန်းကျင့်တစ်ယောက်ပင်။ စန်းလော့သည် ဖျတ်ခနဲအကြည့်တွင် သူ၏မျက်လုံးအောက်က မဲနေသည့်မျက်ကွင်းများကို သတိထားမိလိုက်၏။ သူမက ထူးဆန်းသလိုခံစားလိုက်ရပြီး မေးလိုက်လေသည်။

"မနေ့ညက ကောင်းကောင်းမအိပ်ရဘူးလား"

ရှန်းကျင့်သည် တအံ့တသြ ဖြစ်သွားသော်ငြားလည်း နောက်ဆုံးတော့ ခေါင်းခါပြလိုက်သည်။

စန်းလော့က သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း ထပ်ပြီး မှတ်ချက်မပေးတော့ပေ။ မနက်စာစားပြီးနောက်တွင် ရှန်းလီနှင့်တစ်ခြားသူများက မနေ့က သူတို့ထောင်ထားခဲ့သည့် ထောင်ချောက်များတွင် အမဲများဖမ်းမိနေမလားဟု သွားရောက်စစ်ဆေးကြသည်။ သူတို့သည် နေ့လည်ခင်း ပြန်ရောက်လာချိန်တွင် သူတို့တစ်ယောက်ချင်းစီသည် ထင်းစည်းများကို အစည်းလိုက်သယ်လာကြပြီး အိမ်ထောင်စုအားလုံးက တောကြက်များကိုဖမ်းမိခဲ့ကြသည်။ ရှန်းကျင့်သည် ၃ကောင်ရပြီး မနေ့က တစ်ကောင်အပါအဝင်ဆိုလျှင် လေးကောင်ရှိလေသည်။

သူသည် ထိုတောကြက်များကိုမွေးမြူထားဖို့ ဝမ်းသာအားရ ဖြစ်မိလေသည်။

ရှန်းလီ၏တောကြက်များကလဲ အသက်ရှင်သည်။ ရှန်းလီသည် အခုတော့ အပြင်ထွက်သည့်အချိန်တိုင်း ငှက်များကို ခြင်းကြီးအပြည့် သယ်လာတတ်သည်။ စန်းလော့က ထိုတောကြက်များကို အတောင်ကိုဖြတ်ထားပြီး အသားလိုအပ်လာသည်အထိ ထိုတောကြက်များကို မွေးမြူထားဖို့ဆုံးဖြတ်လိုက်သည်။

နေ့လည်ခင်းတွင် နေ့လည်တစ်ရေးအိပ်ဖို့ အချိန်ကြလာသည်တွင် ရှန်းကျင့်သည် ထူးထူးခြားခြား နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေသည်။ အားလုံးက နိုးလာပြီးသည့်အချိန်အထိပင် သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲပင်။

ထို့နေ့ညတွင် ရှန်းလီက ရေနံဆီမီးအိမ်ကို ငြှိမ်းတော့မည်ဟု ပြင်လိုက်စဥ်တွင် စန်းလော့က သူ့ကို လှမ်းတားလိုက်သည်။

"မီးအိမ်ကို မငြှိမ်းပဲနဲ့ထားလိုက်ပါ၊ မီးအိမ်ကို ထမင်းစားစားပွဲနားက မီးအိမ်ထွန်းတဲ့နေရာကိုပဲ ရွှေ့ထားလိုက်၊ စင်ပေါ်မှာအိပ်နေတဲ့လူတွေလဲ ရှိသေးတယ်။ သူတို့တွေက ညပိုင်းအပြင်ထွက်ဖို့လိုလာရင် မှောင်နေတဲ့အခါ မမြင်ရဘဲ ဖြစ်လိမ့်မယ်၊ ကျွန်မတို့တွေလဲ အချင်းချင်း မတော်တဆ ခလုတ်တိုက်မိတာမျိုး မဖြစ်စေချင်ဘူး"

ရှန်းလီကတော့ အများကြီးမတွေးလိုက်ပေ။အမှန်ပင် ပထမထပ်တွင် အိပ်နေသည့်လူက များပြားလေသည်။ စုစုပေါင်း ၅ယောက်ရှိသည်။ ထို့ကြောင့် သူကမီးအိမ်ကို ငြှိမ်းဖို့မငြှိမ်းဖို့ ဆုံးဖြတ်လိုက်သည့် စန်းလော့၏ အကြံဉာဏ်အတိုင်းလိုက်ကာ မီးအိမ်ကို ထမင်းစားစားပွဲဘေးက ကျောက်နံရံတွင် ထွင်းထားသည့် မီးအိမ်တင်သည့်နေရာသို့ ပြောင်းရွှေ့ထားလိုက်သည်။

"တကယ်လို့ အလင်းရောင်က မင်းကို အနှောက်အယှက် ဖြစ်တယ်ဆိုရင် ခန်းဆီးလေးကိုပဲ ဆွဲကာထားလိုက်နော်"

စန်းလော့က ပြံးကာသဘောတူလိုက်သည်။

ရှန်းကျင့်သည် စိတ်အေးသွားကာ သက်ပြင်းတစ်ချက် ချလိုက်လေသည်။ သို့သော်ငြားလည်း သူသည် လဲလျောင်းနေပြီးသားဖြစ်ရာ ဘယ်သူကမှ သတိမထားမိလိုက်ပေ။

...

မျက်စိတစ်မှိတ်အတွင်းတွင် နှစ်ရက်တာက ကုန်ဆုံးသွားခဲ့သည်။ ချန်းယိုထျန်းနှင့်ရှန်းလီတို့သည် နှစ်ထပ်ကုတင်တံခါးနှင့် ရိုးရှင်းသည့် စင်တစ်ချို့ကို ဆောက်လုပ်ပြီးစီးသွားခဲ့သည်။ စားပွဲ၊ ကုလားထိုင်နှင့်ဘီဒိုစသည့် ကျန်နေသည့်ပရိဘောဂများကိုတော့ ရှန်းလီက နောက်ပိုင်းကြလျှင် ကိုယ့်ဟာကိုယ်လုပ်နိုင်သည်။

ရှန်းညီအစ်ကို သုံးယောက်သည် သူတို့၏အိမ်အသစ်လေးသို့ တရားဝင် ပြောင်းရွှေ့နေထိုင်လိုက်ကြသည်သူတို့တွင် ပိုင်ဆိုင်မှုပစ္စည်း များများစားစား မရှိပေ။ အဝတ်အစား တစ်စုံနှစ်စုံ၊ အိပ်ယာခင်းတစ်ခု၊ စောင်တစ်ခု၊ အိုးနှင့်မီးဖိုချောင်သုံး ပစ္စည်းတစ်ချို့ မီးဖိုချောင်ဓားနှင့် လေးနှင့်မြှားတို့သာဖြစ်သည်။ ကျန်သည့်အရာအားလုံးကတော့ ရှန်းလီနှင့်စန်းလော့တို့ထံမှ ရရှိသည့်လက်ဆောင်များပင်။

သူတို့သဘောတူခဲ့ကြသည့်အတိုင်း ရှန်းလီက စပါးအိတ်ကြီး တော်တော်များများကို အပေါ်ဘက်ဂူထဲသို့ သယ်လာပေးခဲ့သည်။ ရှန်းကျင့်၊ ရှန်းယင်နှင့်ရှန်းထယ်တို့သည် ဘေးတွင်ရပ်နေကြပြီး အပေါ်ဘက်စင်တွင် တင်ထားသည့် စပါးများကို ကြည့်နေမိလေသည်။ ညီအစ်ကိုသုံးယောက်လုံးက တပြိုင်တည်း မျက်ရည်များ စီးကျလာကြသည်။

စန်းလော့သည် ရှန်းအန်းနှင့် ရှန်းနဥ်နှင့်အတူ ကြပ်တိုက်ထားသည့် ကြက်သား အတုံးနှစ်ဆယ်နီးပါးကို ယူလာသည့်အချိန်တွင် ထိုမြင်ကွင်းကိုမြင်လိုက်ရလေသည်။

မည်သူကမှ စကားတစ်ခွန်းမှ မပြောလိုက်ကြပေ။ သူတို့သည် အသားများကို ချိတ်ဆွဲပေးဖို့ရန် သစ်သားစင်လေးတစ်ခုကို ကူညီဆောက်ပေးလိုက်ကြပြီး ရှန်းကျင့်နှင့်ရှန်းယင်တို့ကို ထိုအသားများအား နေသာသည့်နေ့တွင် ထုတ်လှန်းပေးဖို့ မှာကြားလိုက်သည်။ ထို့နောက်တွင်တော့ သူမက အောက်သို့ ပြန်ဆင်းသွားပြီး ဖြူဖွေးနေသည့်ဆားများကို အိုးနှုတ်ခမ်းအထိပြည့်နေအောင် ဖြည့်လိုက်ပြီး ဆားအိုးကို သွားယူလာလိုက်သည်။

ဒီအချိန်တွင်တော့ ရှန်းကျင့်သည် အမှန်အကန် ငိုရှိုက်နေမိပြီး စန်းလော့ကို ကျေးဖူးတင်စကားပြောရင်း ရှိုက်ငိုနေလေသည်။

စန်းလော့က အသာအယာ ပြုံးပြလိုက်၏။

"အင်းပါ၊ အင်းပါ၊ အခုအချိန်ကစပြီး ရှောင်ယင်နဲ့ရှောင်ထျယ်ကို ကောင်းကောင်းစောင့်ရှောက်ပေးနော်၊ အချိန်က ကုန်နေတာ၊ နင် မသိလိုက်ခင်မှာဘဲ သူတို့တွေက ကြီးပြင်းလာကြလိမ့်မယ်"

ရှန်းကျင့်သည် သူ၏မျက်ရည်များကို သုတ်လိုက်ပြီး ခေါင်းတွင်တွင် ငြိမ့်ပြလိုက်သည်။

ပစ္စည်းအားလုံးကို ပြောင်းရွှေ့လာပြီးသည်နှင့် ရှန်းလီက တံခါးဘောင်နှင့်တံခါးများကို တပ်ဆင်ပေးရန် အပေါ်သို့ ရောက်လာသည်။ ရှန်းကျင့်က ရှန်းယင်နှင့် ရှန်းထျယ်တို့ကိုခေါ်ပြီး ရှန်းမိသားစုအတွက် သတ်မှတ်ပေးထားသည့် မြေကွက်လေးဆီသို့ ဆင်းလာကြသည်။ ထိုနေရာတွင် သူတို့သည် ကြက်ခြံလေးတစ်ခုရှိပြီး အခုတော့ အရွယ်ရောက်ပြီးသား ရစ်ငှက်၇ကောင်ကို ထည့်သွင်းထားလေသည်။

ရှန်းကျင့်သည် တစ်ကောင်ကို ဖမ်းလိုက်ပြီးနောက်တွင် သူ၏အစ်ကိုကြီးနှင့် မရီးဖြစ်သူ နေထိုင်သည့်ဂူဝင်ပေါက်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်သည်။ သူသည် အထဲသို့ ဝင်စရာမလိုပေ။ စန်းလော့က စာရေးလေ့ကျင့်ဖို့ရန် ကျောက်ပြားများကို ရွှေ့နေသည်ကိုမြင်လိုက်ရသည်။ တဖျတ်ဖျတ်ခပ်နေသည့် တောကြက်များကိုကိုင်ထားရင်း ရှန်းကျင့်က ပြောလိုက်သည်။

"မရီး ကျွန်နော်အားလုံးအတွက် တောကြက်တွေကိုဝေပေးမလို့ ဒီပထမဦးဆုံး တစ်ကောင်ကတော့ မရီးနဲ့ အစ်ကိုကြီးတို့ အတွက်ပါ"

စန်းလော့၏မျက်ခုံးများက မသိမသာ တွန့်ချိုးသွား သည်။

သူတို့သည် ဒီလိုပစ္စည်းများမရှားပါးပါဟု သူ့ကို ပြောလိုက်သည်ကို သူမ မှတ်မိနေသေးသည်။ ဒါသည်ကလဲ အမှန်ပင် ရှန်းလီလိုလူအတွက် တောထဲက ပစ္စည်းများက ပေါများကြွယ်ဝလှသည်။ သို့သော်ငြားလည်း ရှန်းကျင့်က လက်ထဲတွင်ကြက်ကို တင်းနေအောင်ကိုင်ထားပြီး သူမ၏ အဖြေကိုစောင့်နေသည်ကို မြင်လိုက်ရသည်တွင် သူမသည် သူ၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားတော့သည်။ သူမက ပြုံးပြလိုက်ကာ သူ့လက်ထဲတောကြက်ကို လှမ်းယူလိုက်၏။

"ဟုတ်ပါပြီ ကျေးဇူးပဲနော် ရှောင်ကျင့်” သူမက တောကြက်ကို လက်ခံမည်ဟု ကြားလိုက်ရသည်တွင် ရှန်းကျင့်သည် ဝမ်းသာအားရ ဖြစ်သွားတော့ သည်။ သူက အလွတ်မပေးဘဲ ပြောလိုက်သည်။

"ကျွန်တော် ဒါကို မရီးတို့ရဲ့ကြက်ခြံထဲကို ချက်ချင်း သွားထည့်လိုက်မယ်နော်"

သူသည် ကြက်နှင့်ဘဲများ သွားလာနေကြသည့် သစ်သားတန်းကြီးဖြင့် ပိတ်ထားသည့်နေရာဆီသို့ လှည့်ပြီး အပြေးထွက်သွားတော့သည်။ သူက တောကြက်ကို ချထားပေးလိုက်ပြီးနောက်တွင် စန်းလော့ကို ပြုံးပြလိုက်ပြီးမှ သူမကိုလှမ်းပြောလိုက်သည့်နောက်တွင် ရှန်းယင်နှင့် ရှန်းထယ်တို့ကို ဦးဆောင်ကာ နောက်ထပ်တောကြက်များကို သွားဖမ်းလိုက်သည်။ ဒီတစ်ကြိမ်တွင်တော့ သူတို့သည် ရွှီမိသားစု၏အိမ်ဆီသို့ ဦးတည်သွားလိုက်ကြသည်။

စန်းလော့က အပြုံးလေးဖြင့် စောင့်ကြည့်နေလိုက်ပြီးနောက် ဂူထဲသို့ ပြန်ဝင်လာခဲ့လိုက်သည်။

...

အပိုင်း (၁၇၅.၂)

စန်းလေ့ာကို လျှိုမြောင်အပြင်ဘက်သို့ ခေါ်သွားပေးမည့် ရှန်းလီ၏ကတိသည် အမှန်တကယ် ဖြစ်မလာခဲ့ချေ။ ၆လပိုင်းရောက်လာသည်နှင့်တစ်ပြိုင်နက် တောင်ပေါ်မိုးသည် ပိုပြီးများပြားလာကာ အပြင်ထွက်ဖို့ရန်အဆင်မပြောတော့ပေ။ မကြာခဏဆိုသလို မိုးတိတ်သွားသည့်အချိန်များတွင် တောင်ပေါ်လမ်းများသည် ချော်လာလေသည်။ ထိုအချိန်မျိုးတွင် ရှန်းလီသည် ချန်းသရှန်နှင့်အပြင်ထွက်ပြီး တစ်ခြားသူများကို မခေါ်တော့သလို ရှန်းကျင့်ကိုလဲ ခေါ်မသွားတော့ပေ။

မိုးရွာလာချိန်တွင် လျှိုမြောင်ထဲတွင် နေထိုင်ကြသည့်သူများသည် ဆည်မြောင်းများ လျှံလာမည့်အရေးကို စိုးရိမ်ရလေသည်။ အဘိုးချန်း၊ အဘိုးလုနှင့် ရွာသူကြီးကျိုးတို့သည် လျှိုမြောင်အတွင်းပိုင်းတွင် နောက်ထပ်ကန်ငယ်လေးများတူးဖို့ရန် စုဝေးလိုက်ကြသည်။

ကလေးများ၏ကစားကွင်းနေရာက သိသိသာသာ ကျုံ့သွားသည်။ သို့သော်ငြားလည်း ရေများကို ရေကန်ထဲတွင် စုဆောင်းလိုက်လျှင် သူတို့သည် ရေကန်အသစ်များဆီသို့ လမ်းလွှဲသွားပေးနိုင်ပေမည်။ ဤနည်းအားဖြင့် ရေများသည် လယ်ကွင်းများထဲသို့ ရေမလျှံတော့ဘဲ ပူနွေးခြောက်သွေ့သည့် ရာသီဥတုအတွက် သိုလှောင်ထားသည့်ရေများအဖြစ် ထိန်းသိမ်းထားနိုင်ပေသည်။ ကြိုတင်ပြင်ဆင်ခြင်းက နောင်တရသည်ထက် အမြဲတမ်းပိုကောင်းပေသည်။

ထို့ကြောင့် မိုးမရွာသည့်အချိန်တိုင်း လျှိုမြောင်အတွင်းက လူများသည် ရေကန်ငယ်လေးများကို စတင် တူးဖော်ကြလေသည်။ ဒါသည် ကြီးမားသည့်လုပ်ငန်းတစ်ခု မဟုတ်ချေ။ လျှိုမြောင်ထဲမှ မထွက်ကြသူများက တာဝန်ကိုယူကြသည်။ လျှိုမြောင်အပြင်ဘက်သို့ထွက်ပြီး ထင်းများကိုခုတ်ပေးရသည့် ရှန်းလီကတော့ ရှားရှားပါးပါး အားလပ်ချိန်လေးရလေသည်။

ကံအားလျော်စွာ ရှန်းလီသည် ရှန်းကျင့်နှင့် သူ၏ညီလေးများအတွက် ဘီဒိုတစ်ချို့နှင့် အဆင်ပြေသည့် စားပွဲနှင့်ထိုင်ခုံကို လုပ်ပေးလိုက်သည်။ ရှန်းအန်း၊ ရှန်းနဥ်၊ ရွှီမိသားစုက မောင်နှမများနှင့်အတူ အားရှုနှင့်ရှောင်ယာတို့ကလဲ လည်စရာနေရာ အသစ်တစ်ခု ရလာခဲ့သည်။ သူတို့အားလုံးသည် ရှန်းကျင့်၏ဂူလေးထဲတွင် စုဝေးကာ စာအရေးအဖတ်များ ပြုလုပ်ကြသည်။ ဂူလေးသည် အနည်းငယ်ပိုမြင့်သည့်နေရာတွင် တည်ရှိပြီး အလင်းရောင်ပိုရလေရာ ကျယ်ဝန်းသည့် စားပွဲနှင့်ကုလားထိုင်များလဲ ရှိလေသည်။

အစောပိုင်းက ပျင်းရိငြီးငွေ့နေသည့်ရှန်းကျင့်သည် အခုတော့ သူတို့၏စားပွဲတွင် တက်တက်ကြွကြွပါဝင်လာသည်။ သူ၏တိုးတက်မှုနှုန်းက အငယ်ဆုံးဖြစ်သည့် အားရှုကို လိုက်မမှိသော်ငြားလည်း သူသည် စိတ်ရင်းဖြင့် အားထုတ်လေသည်။ သူသည် သင်ကြားဖို့ရန် အခွင့်အရေးတိုင်းကို တန်ဖိုးထားတတ်ပြီး ပြီးပြည့်စုံဖို့အတွက် ရည်ရွယ်ခြင်းမဟုတ်ဘဲ အခြေခံတွက်ချက်မှုများကို နားလည်ရန်နှင့် စာရေးဖတ်တတ်ရုံသာ ရည်ရွယ်လေသည်။

ရှန်းမိသားစု၏ ပထမအိမ်ထောင်စု၏ဂူလေးသည် အခုတော့ လူများရှင်းလင်းသွားပြီဖြစ်ရာ ဒါသည် ရှန်းလီ၏ ရည်ရွယ်ချက်ဖြစ် သွားတော့သည်။ အချိန်အများစုတွင် သူသည် သူနှင့်စန်းလော့တို့ တစ်ယောက်ချင်းစီအတွက် လုပ်ထားသည့် ကျောက်ပြားလေးတစ်ခုချင်းစီဖြင့် ဝါးစာလိတ်များကို အသုံးပြုကာ ဂူထဲတွင် လက်ရေးလှ လေ့ကျင့်တတ်သည်။ အစပိုင်းတွင်တော့ သူတို့သည် စားပွဲကို တစ်ယောက်တစ်ဝက်အသုံးပြုပြီး တစ်ဖက်တစ်ချက် မျက်နှာချင်းဆိုင်တွင် ထိုင်ကြသည်။ ရှန်းလီက မကြာခဏဆိုသလို စာလုံးပေါင်းများ၏ ရှင်းလင်းချက်များနှင့် ဆွဲချက်များကို မေးမြန်းတတ်လေရာ နှစ်ရက်အတွင်းတွင် စန်းလော့သည် သူမဘေးက ထိုင်ခုံရှည်လေးကို လက်ညှိုးထိုးပြလိုက်ပြီး

"ရှင် ဒီမှာ ထိုင်သင့်တယ်"

သူ၏အပြုံးကို မြိုသိပ်မထားနိုင်တော့ဘဲ ရှန်းလီက သူ၏ကျောက်ပြားလေးကို နေရာရွှေ့ကာ စန်းလော့ဘေးတွင် ထိုင်ချလိုက်သည်။

စန်းလော့သည် သူ၏နှုတ်ခမ်းထောင့်များက ဆက်တိုက် မြင့်တက်သွားပြီး အတင်းမြိုသိပ်ထားရသည့်ဟန်ကို သတိမထားမိချင် ဟန်ဆောင်လိုက်ပြီး သူမ၏ လက်ရေးလှလေ့ကျင့်သည့်အပေါ်သာ အာရုံစိုက်ထားလိုက်သည်။ သို့သော်ငြားလည်း အပြုံးတစ်ခုက သူမ၏မျက်လုံးထဲက မထွက်သွားချေ။

...

မိုးသည် ၆လပိုင်းလလယ်အထိ ဆက်တိုက်ရွာသွန်းခဲ့ပြီး လျှိုမြောင်ထဲက ရေလှောင်ကန်ကြီးများ၏ သုံးပုံတစ်ပုံနီးပါး ပြည့်သွားလေသည်။ အဘိုးချန်းက မိုးဆက်တိုက်ရွာလျှင် ရေများကို လမ်းလွဲပေးမည့်ကိစ္စကို ရှန်းလီနှင့် တိုင်ပင်ထားပြီးဖြစ်ရာ လျှိုမြောင်ဝင်ပေါက်နားက ရေနုတ်မြောင်းကို ကိုင်တွယ်ရန်သာလိုတော့သည်။

ကံအားလျော်စွာ မိုးနတ်မင်းကြီးက စဥ်းစားပေးတတ်လေသည်။ ရေလှောင်ကန်များနှင့် တူးမြောင်းများက အကန့်အသတ် ရောက်သွားသည့်အချိန်တွင် မိုးကလဲရပ်သွားပြီး တိမ်များကင်းစင်လာသည်။

နေပြန်ထွက်လာသည်ကို မြင်လိုက်သည်တွင် စန်းလော့သည် ကြီးမားသည့် စိတ်သက်သာရာရသည့် ခံစားချက်တစ်ခု ဖြစ်သွားလေသည်။ လျှိုမြောင်ကလဲ ယခုတော့ သူ၏ ပုံမှန်နေ့စဥ်လုပ်ငန်းဆောင်တာဖြစ်သည့် စပါးများနှင့် အိပ်ယာခင်းများကို နေလှန်းခြင်း တာဝန်ကို ပြန်လည်လုပ်ဆောင်လေသည်။

အားလုံးထဲတွင် ဆိုင်တာဝန်ခံရွှီသည် ရက်ရှည် မိုးရွာမည့်အရေးကို အစိုးရိမ်ဆုံးဖြစ်လေသည်။ ဂူတံခါးက ရွဲ့စောင်းနေပြီး မိုးရေများဝင်မလာအောင် ခက်ခက်ခဲခဲ တားဆီးထားရကာ စပါးသိုလှောင်သည့်စင်များကိုလဲ မြင့်ထားရလေသည်။ သို့သော်ငြားလည်း စပါးများ အစိုပြန်မှာစိုးရိမ်သည့် သူ့ရဲ့စိုးရိမ်စိတ်ကတော့ ကျန်ရှိနေသေးဆဲဖြစ်ကာ နောက်ဆုံး သူတို့သည် ဂူထဲတွင် နေထိုင်ရခြင်းကြောင့်ပင်။

ကောင်းကင်က ကြည်လင်သွားသည့်နှင့်တပြိုင်နက် ဆိုင်တာဝန်ခံရွှီက ရှန်းလီနှင့် ချန်းသရှန်တို့၏ အကူအညီကို သွားရောက်ရှာဖွေလိုက်ပြီး သူတို့က စပါးများကို အပြင်ထွက်ပြီး သွားရောက်ယူမည်ဖြစ်သဖြင့် ရွှီမိသားစုကလူငယ်နှင့် လုပ်နိုင်ကိုင်နိုင်သည့် သန်မာသည့်လူငယ်လေးများကို အကာအကွယ်ပေးဖို့ တောင်းဆိုလေသည်။

ဟုတ်ပါသည်။ ဒီအကူအညီကို အခမဲ့တောင်းဆိုခြင်း မဟုတ်ပေ။ ယူလာသည့်စပါးထဲက သုံးပုံတစ်ပုံကို ချန်းမိသားစုနှင့် ရှန်းမိသားစုထံသို့ ပေးရလိမ့်မည်။

ရှန်းလီနှင့်ချန်းသရှန်တို့က စပါးကိုငြင်းပယ်လိုက်ကာ ပြောလိုက်လေသည်။ "ကျွန်တော်တို့က အခြေအနေကို အကဲခတ်ဖို့ ခရီးကို ဦးလေးနဲ့ အဖော်လိုက်ခဲ့ပေးပါမယ်၊ တကယ်လို့ အန္တရာယ်ကင်းတယ်ဆိုရင် ကျွန်တော်တို့တွေက တခြားလမးကနေပြီး စပါးတွေကို တိုးတိုးတိတ်တိတ် သယ်ယူလာနိုင်တယ်၊ တကယ်လို့ အန္တရာယ်မကင်းဘူးဆိုရင်လဲ ကျွန်တော်တို့တွေက လုပ်မဲ့အစီအစဥ်ကို နောက်ဆုတ်ထားလို့ရပါတယ်"

"ဟုတ်တာပေါ့ အန္တရာယ်ကင်းဖို့က ပထမဦးစားပေးပဲလေ” ဆိုင်တာဝန်ခံရွှီက ကျေးဇူးတင်စကားကို အကြိမ်ကြိမ် ပြောလိုက်လေသည်။

ရှန်းလီက ထွက်ခွာမည့်ရက်ကို နောက်သုံးရက်နေလျှင်ဟု သတ်မှတ်လိုက်သည်။

ဆိုင်တာဝန်ခံရွှီက မငြင်းပယ်ပေ။ တစ်ရက်၊ နှစ်ရက်လောက်လေးကတော့ ဒီကိစ္စအတွက် ကွာခြားသွားခြင်းမရှိပေ။ အမှန်အတိုင်းပြောရလျှင် သူတို့သည် စီရင်စုအပြင်ဘက်က အခြေအနေနှင့် ပတ်သတ်ပြီး သေချာမသိရသေးပေ။ အကျိုးမရှိမည့် ခရီးတစ်ခုဖြစ်နိုင်ချေက များလေသည်။

ဆိုင်တာဝန်ခံရွှီ ပြန်သွားပြီးနောက်တွင် ချန်းသရှန်က စဥ်းစားလိုက်သည်။

"ဘာဖြစ်လို့ သုံးရက်နေပြီးမှလဲ"

ချန်းသရှန်ကို ကြည့်လိုက်ပြီး ရှန်းလီက မေးလိုက်သည်။

"သိပ်မကြာခင် ရလာတော့မဲ့တစ်ခုခုကို မင်းက မေ့နေတာလား"

ချန်းသရှန်က စဥ်းစားလိုက်သော်ငြားလည်း ဘာတစ်ခုမှ မမှတ်မိချေ။ သို့သော်ငြားလည်း ဘေးတွင်ရပ်နေသည့် စန်းလော့ကတော့ အခိုက်အတန့် သေချာလေး စဥ်းစားပြီးနောက် မရေမရာလေး မေးလိုက်လေသည်။

“ဧကန္တ အဘွားချန်းပြောခဲ့တဲ့ဆေးပင် တွေက ခူးဖို့ အဆင်သင့် ဖြစ်နေပြီလား”

ရှန်းလီက ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။

"ဟုတ်တယ် ဆေးပင်တွေကိုခူးပြီးတော့ ဆေးလုပ်ဖို့ဆိုရင် အချိန်ပေးရမယ်၊ ကျွန်တော်တို့တွေ အပြင်မထွက်ခင် အနီးအနားမှာ တစ်ခုခုများ ရှာတွေ့မလားဆိုတာကို ရှာကြည့်ရအောင်၊ တကယ်လို့ ရှာတွေ့ခဲ့တယ်ဆိုရင်လဲ လျှိုမြောင်ထဲမှာ ဆေးတွေကိုစပြီး လုပ်လို့ရတာပေါ့၊ သရှန်နဲ့ကျွန်တော် ပြန်လာတဲ့အချိန်ကြရင် ကျွန်တော်တို့ဆီမှာ ဘာမှမကျန်ခဲ့လောက်တော့ဘူး၊ ဒါဆိုရင် ဒါက ရေရှည်အတွက် အဆင်ပြေနိုင်တယ်လေ၊ နောက်ပြီးတော့ ကျွန်တော်တို့ မထွက်ခင် မိုးတိတ်သွားရင် ကျွန်တော် လတ်လတ်ဆတ်ဆတ် အသားတစ်ချို့ကို အမဲလိုက်ပေးခဲ့ပြီး မှိုတွေကိုလဲ ထပ်ခူးပေးထားမယ်"

အဘွားကြီးသည် သူမ၏မိသားစုဝင်များကို ဆေးပင် ခွဲခြားနည်းကို သင်ပေးထားလေသည်။ မိသားစုဝင်များကလွဲလျှင် သူမသည် စန်းလော့နှင့် ရှန်းလီတို့ကိုသာ သင်ကြားပေးထားသည်။ ထို့ကြောင့် သူတို့၏ခရီးသည် တာဝန်နှစ်ခုကိုပြီးမြောက်ဖို့ရန် အဆင်ပြေလေသည်။ တစ်ခုမှာ ဆေးပင်များကိုရှာဖွေခြင်းနှင့် တစ်ခုကတော့ မှိုများကို ခူးဆွတ်ခြင်းဖြစ်သည်။

သူတို့သည် ဒီနေ့အပြင်ထွက်နိုင်သည်ဟု ကြားလိုက်လျှင် စန်းလော့၏မျက်လုံးများက လင်းလက်သွားလေသည်။

ဘယ်လောက်တောင် ကြာသွားပြီဆိုတာကတော့ မိုးနတ်မင်းပဲ သိမှာပဲ။ ရက်၅၀ကျော်လား။ သူမ လျှိုမြောင်အပြင်ဘက်ကို မထွက်ရတာတော်တော်ကြာသွားပြီပဲ။ သူမ အပြင်ထွက်ခဲ့တဲ့ တစ်ခုတည်းသောအချိန်က တောင်ကျစမ်းရေဘက်ကို လမ်းလျှောက်သွားပြီး အလျင်စလိုပဲ ပြန်လာခဲ့ရတယ်လေ။

သူတို့သည် ဒီနေ့သွားနိုင်သည်ကို သေချာသိလိုက်သည်တွင် စန်းလော့က ချန်းသရှန်ကို သတိပေးလိုက်သည်။

"ဦးလေးယိုထျန်း ဒါမှမဟုတ် အဒေါ်တို့ကို လိုက်ချင်လားလို့ မေးလိုက်အုံး၊ ဒီလိုမိုးရွာထားတယ်ဆိုတော့ အပြင်ဘက်မှာ မှိုတွေအများကြီး ရှိမှာသေချာတယ် အဒေါ်ကလဲ လမ်းလျှောက်ချင်မှာ သေချာတယ်"

အဘွားကြီးကလဲ ဒီအတိုင်း အချိန်အကြာကြီး မထိုင်နိုင်လေရာ သူမနည်းတူ သူတိုနှင့်အတူ လိုက်ပါချင်လေသည်။ သို့သော်ငြားလည်း မြင့်မားမတ်စောက်သည့် တောင်ကြီးထဲတွင် မစွန့်စားသည်က အကောင်းဆုံးပေ။

ချန်းသရှန်က တစ်ခစ်ခစ်ရယ်မောပြီး ပြန်ဖြေလိုက်သည်။

"ကောင်းပါပြီ ငါအခုပဲ သွားမေးလိုက်ပါ့မယ်"

ချန်းသရှန် ပြန်သွားသည်နှင့် ချက်ချင်း စန်းလော့က သူမ၏ပစ္စည်းများကို စတင်ပြင်ဆင်လေသည်။ ခြင်းတစ်လုံး၊ ပေါက်တူးတစ်လက် သူမ၏လေးနှင့်မြှားကိုပါ ပြင်ဆင်ထားလိုက်သည်။

သူမက လက်နက်များကိုယူနေသည်ကို စောင့်ကြည့်နေသည့် ရှန်းလီကို သတိထားမိလိုက်သည်တွင် သူမက ပြုံးကာ ပြောလိုက်လေသည်။

"ဒါတွေကို လိုလိုမယ်မယ် ကျွန်မနဲ့အတူ ယူသွားမယ်၊ ကျွန်မ အရင်က ဒါတွေနဲ့ ပင်ပင်ပန်းပန်း လေ့ကျင့်ထားခဲ့ရတာ"

သူမသည် အရင်က တောထဲတွင်ရှိနေစဥ်က အထောက်အပံ့ပေးရန် ဒါကို အသုံးပြုခဲ့သည်။ သို့သော်ငြားလည်း ဒါသည် သူမက မျှဝေဖို့ရန် မခံစားမိသည့် အကြောင်းအရာတစ်ခုပင်။

ရှန်းလီက ရယ်မောလိုက်သည်။ ခရီးကိုသုံးရက်ကြာလျှင်ဟု သတ်မှတ်ထားသည်။ သူသည် သူ၏ကိုယ်ပိုင်ရည်ရွယ်ချက်လဲ ရှိလေသည်။ သူသည် စန်းလော့ကို အပြင်ခေါ်ထုတ်မည်ဟု ကတိပေးထားသော်ငြားလည်း မိုးက သူ၏အစီအစဥ်ကို ဆက်တိုက် နှောင့်နှေးအောင်လုပ်နေသည်။ လျှိုမြောင်ထဲက ထွက်ရမည့် မျှော်လင့်ချက်ကြောင့် စိတ်လှုပ်ရှားနေသည့်ပုံကို မြင်လိုက်သည်တွင် အပြုံးတစ်ခုက သူ့နှုတ်ခမ်းထောင့်တွင် အလိုလို တွဲခိုလာတော့သည်။ သူက သူမနှင့်အတူ ဝင်ရောက်ကူညီလိုက်ပြီး ပစ္စည်းများကို ထုပ်ပိုးကာ ပြင်ဆင်လိုက်သည်။

မထွက်ခွာခင်တွင် သူသည် ကလေးများကို သူတို့အပြင်ထွက်မည့်အကြောင်း ပြောလိုက်သည်။ ရှန်းကျင့်က သူ၏စုတ်တံကို ချထားလိုက်ပြီး လွှားခနဲခုန်ထွက်လာ၏။ "ကိုကြီး ကျွန်တော့်ကိုလဲ ခေါ်သွား၊ ကျွန်တော်လဲ အမဲမလိုက်ရတာ ကြာပြီ"

သူ့အစ်ကိုကြီးသည် မကြာခဏဆိုသလို အမဲကောင်များကို အိမ်သို့ယူလာပေးတတ်သော်လည်း ရှန်းကျင့်သည် အမဲလိုက်မထွက်ရသည်မှာ ရက်၂၀နီး ပါးလောက်ရှိခဲ့ပြီဖြစ်ရာ ဒါက သူ့ကို နေမတိထိုင်မသာအောင် ဖြစ်နေလေစေသည်။

ရှန်းလီကလဲ ခေါ်သွားပေးလို့မရနိုင်ပေ။ သူ၏ခေါင်းလေးကို ပွတ်ပေးလိုက်ကာ ပြောလိုက်လေသည်။

"ဒီတခါတော့ ငါက မင်းရဲ့မကြီးကို အပြင်ခေါ်သွားရမှာ၊ ငါ သူ့ကို ကတိပေးထားတာ အရမ်းကြာနေပြီ၊ နောက်တခါကျမှ အမဲလိုက်ဖို့ မင်းကို ခေါ်သွားပေးမယ်၊ အခုတော့ ရှောင်အန်းနဲ့ တစ်ခြားသူတွေနဲ့အတူ စာလေ့လာတာကိုပဲ အာရုံစိုက်ထားလိုက် အလျင်မလိုနဲ့"

သူသည် မျက်နှာပေါ်တွင် အပြုံးတစ်ခုနဲ့ ထွက်ခွာသွားလေတော့သည်။

...

အပိုင်း(၁၇၆) ကျောက်ပွင့်

ခရီးက ဆက်တိုက်ဖြစ်နေပြီး သူတို့သည် မနက်စာကို ယခု‌လေးတင်မှ စားခဲ့ပြီးဖြစ်သဖြင့် သူတို့သည် နေ့ခင်းစာ စားမည့်အချိန်လောက် ပြန်ရောက်လိမ့်မည်ဟု စန်းလော့က ခန့်မှန်းထားခဲ့သည်။ ထို့ကြောင့် သူမသည် ဘာအစားအသောက်မှ မထည့်လာတော့ဘဲ ဝါးကျည်တောက် နှစ်ခုထဲတွင် ရေအေးကိုသာ ဖြည့်ထားလိုက်တော့သည်။

သူမနှင့် ရှန်းလီတို့ အသင့်ဖြစ်လာချိန်တွင် ရှန်းနဉ်က အလောတကြီး အောက်ဘက်သို့ ဆင်းလာပြီး သူမ၏မျက်လုံးများက တဖျတ်ဖျတ်လက်နေ၏။ သူမသည် စန်းလော့၏နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်တော့သည်။ “ယောက်မ ဒေါ်ဒေါ်ဖန်းညန်က နတ်သမီးတို့ဖူး လုပ်ခဲ့တာလား”

စန်းလောက တခစ်ခစ်ရယ်မောလိုက်ကာ “သူ ပြီးခဲ့တဲ့လက လုပ်ခဲ့တယ်ထင်တယ်၊ ဒါပေမဲ့ ငါကျတော့ အပြင်ထွက်ဖို့ အခွင့်အရေး မရခဲ့လို့လေ၊ လမ်းမှာ ကြည့်ခဲ့မယ်လေ၊ တကယ်လို့ ရှာတွေ့ခဲ့ရင်း နည်းနည်းပါးပါး ခူးလာခဲ့မယ်”

ရှန်းနဉ်က အလွန်ဝမ်းသာ သွားတော့သည်။ ထို့နောက် သူမက တစ်ခုခုကို သတိရသွားပြီး ပြောလိုက်၏။

“ဘယ်မိသားစု သွားကြမှာလဲဟင်၊ လူအများကြီးဆိုရင် ညီမလေးတို့ မခူးသင့်ဘူးနော်၊ ဘာပဲဖြစ်ဖြစ် ညီမလေးလဲ အဲလောက် ဆာလောက်နေတာမှ မဟုတ်တာ”

ပြုလုပ်နည်း ပေါက်ကြားသွားခဲ့လျှင် နောက်ဆိုလျှင် ဘဝက အေးချမ်းသွားမှ သူတို့တွင် ရောင်းစရာ ရှိတော့မည် မဟုတ်ချေ။

ရှန်းနဉ်က အလွန်မှ သတိထားနေသည့်ကို မြင်လိုက်သည်တွင် စန်းလော့၏မျက်လုံးများက အပြုံးတစ်ခုအသွင် ကွေးသွားလေသည်။

“အဒေါ်ဖန်းညန်နဲ့ အစ်ကိုသရှန်တို့ပါပဲ၊ ငါ ဒါကို သတိထားပါတယ်၊ အခွင့်အရေး ရလာခဲ့ရင် နည်းနည်းပါးပါး ခူးပြန်လာပေးမယ်နော်၊ မဟုတ်ရင်လဲ အဆင်ပြေပါတယ်”

နှစ်ယောက်သားက တီးတိုးပြောနေကြရာ လက်ကိုင်ရိုးတစ်ခုပါသည့် ဓားကောက်ကို သွေးနေသည့် ရှန်လီ၏အာရုံးကို ဆွဲဆောင်ထားလေသည်။

သူသည် ပြင်ဆင်ပြီးသွားသည်နှင့် ချန်းမိသားစုက ရောက်လာပြီး ချန်းသရှန်က ချန်းယိုထျန်းပေးထားသည့် လက်ကိုင်ရိုးရှည် အသစ်တပ်ထားသည့် ဓားကောက်တစ်ချောင်းကို ကိုင်ထားလေသည်။

အစောပိုင်းက သူတို့အမဲကောင် ပစ်မှတ်များမှာ တောဝက်နှင့် တောကြက်များသာဖြစ်သည်။ ထို့ကြောင့် သူတို့သည် ပုံမှန်ဆိုလျှင် တောစပ်နားက ပိုပြီးကွင်းပြင်ကျသည့်နေရာများ၊ မြက်ခင်းများနှင့် တောင်ကျစမ်းချောင်းများသို့ သွားလာခဲ့ကြသည်။ သို့သော်လည်း စန်းလော့နှင့် ချင်ဖန်းညန်တို့ အပြင်ထွက်ခြင်းက အမဲလိုက်ရန် ဟုတ်ချေ။

သူတို့၏အဓိကအလုပ်မှာ တောဟင်းရွက်များ ခူးဆွတ်ခြင်းဖြစ်သဖြင့် တောင်တက်ခြင်းနှင့် တောအတွင်းပိုင်းသို့ ဝင်ရောက်ခြင်းကို မဖြစ်မနေလုပ်ရသည်။ လက်ကိုင်ရိုးရှည်တစ်ခုပါသည့် ဓားကောင်းတစ်ချောင်းသည် လမ်းရှင်းခြင်းနင့် မြွေများကို ခြောက်လန့်ခြင်းအတွက် အရေးပါလေသည်။ သူတို့သည် လျှိုမြောက်မှ လုံခြုံသည့်အကွာအဝေးတစ်ခုကို ထားနိုင်သ၍ ရှာဖွေတွေ့ရှိခံရမည်ကို စိုးရိမ်စရာမလိုချေ။ ထို့ကြောင့် မိသားစုနှစ်ခုလုံးက တိုက်တိုက်ဆိုင်ဆိုင် ဆင်တူပြင်ဆင်ထားခဲ့ကြသည်။

ချန်းမိသားစုဘက်တွင် ချင်ဖန်းညန်က သူတို့နှင့်အတူ လိုက်လာသည်။ အဘွားချန်းက သူမ၏ချွေးမနှင့် မြေးကို သေသေချာချာလေး သတိပေးသည်။

“အဲဒီအပင်က တောစပ်နားမှာ ပေါက်တာ၊ အမြဲစိမ်းတောတွေထဲမှာလဲ ရှိတယ်၊ သေသေချာချာ ရှာပြီး တတ်နိုင်လောက် များများ ခူးခဲ့နော်”

ချင်ဖန်းညန်က ခေါင်းညိတ်သည်။

သည်လျှိုမြောင်ထဲတွင် အကြီးမားဆုံး စိတ်ချမ်းသာရခြင်းမှာ ရှန်းလီနှင့် သူ့မိန်းမ၊ ချန်းသရှန်တို့အပေါ်တွင် ရှိသည်က သံသယဖြစ်ရန်မလိုချေ။ သူတို့သည် အပြင်ထွက်သည့်အတိုင်း ဦးဆောင်ပေးခဲ့ခြင်းကြောင့်ပင်။ ထို့ကြောင့် ချန်ဖန်းညန်က သည်ကိစ္စကို အလေးအနက်ထားကာ နောက်ထပ် အကာအကွယ်များကြောင့် ပိုပြီး စိတ်လုံခြုံသလို ခံစားရလေသည်။

စန်းလော့သည် ကျောက်ဆောင်များပေါ်တက်ခြင်းနှင့် ဂူများထဲသို့ ဝင်ခြင်းတွင် တော်တော်လေး ကျွမ်းကျင်လာသော်လည်း ချင်ဖန်းညန်အတွက်တော့ ပထမဆုံးအကြိမ်ဖြစ်သည်။ သူမကို အပေါ်သို့ ဆွဲတင်ရန် ချန်းသရှန်နှင့် သင်ကြားပေးခြင်းနှင့် ရှန်းလီ၏ခွန်အားပေါ်တွင်သာ အားကိုးထားရသည်။ ချင်ဖန်းညန်၏ခြေထောက်များသည် အားနည်းချိနဲ့သွားတော့သည်။ မည်သို့ဆိုစေ သူမသည် အပေါ်သို့ တက်သွားနိုင်ခဲ့သည်။

လျှိုမြောင်ဝင်ပေါ်ကို ပုံမှန်ဆိုလျှင် အတွင်းဖက်မှ ပိတ်ဆို့ထားသည်။ တစ်ယောက်ယောက်က ထွက်ခွာခဲ့လျှင်ပင် လုံခြုံမှုပေးနိုင်‌သေးသည်။ သို့သော် လူတစ်ယောက်ကတော့ စောင့်ကြည့်ပေးရန် လိုအပ်သည်။ ရှန်းလီနှင့် ချန်းသရှန်တို့ ထွက်သွားချိန်တွင် ရှီအာ့လန်က ဂူကို စောင့်ကြည့်ပေးဖို့ ချက်ချင်း တာဝန်ယူလိုက်သည်။ အဖွဲ့က ထွက်သွားပြီး သူသည် ဝင်ပေါက်ကို ပိတ်ဆို့လိုက်ပြီးနောက်တွင် ‌အောက်တွင် ထိုင်ချလိုက်၏။

လျိုမြောင်အပြင်ဘက်ကလမ်းသည် အစပိုင်းတော့ ခက်ခဲမနေချ။ သူတို့သည် တောစပ်များတွင်သာ ကပ်ပြီး သွားလာလိုက်ကြသည်။ တစ်နာရီခွဲလောက် ကြာပြီးနောက်တွင် သူတို့သည် တိမ်လွှာတောက်ကြားမှ သိသာသည့်အကွာအဝေးတစ်ခုကို ရောက်လာပြီးနောက် တော်စဉ်တန်း၏ ပိုပြီးအတွင်းကျသည့် အပိုင်းသို့ ဝင်ရောက်သွားကြသည်။ တိမ်လွှာလျှိုမြောင်ကို ဝန်းရံထားသည့် ပတ်ဝန်းကျင်တောင်ထွတ်များ၏ အမြင့်ကို ကြည့်လျှင် သည်တောင်စဉ်တန်းများက မြင့်မားလှပေသည်။ သိပ်သည့်သည့်တောနက်ထဲသို့ စူးစမ်းသွားလာရခြင်းက စိန်ခေါ်မှုတစ်ခု ဖြစ်လာလိမ့်မည်။ ရှန်းလီနှင့် ချန်းသရှန်တို့သည် တလှည့်စီ လမ်းရှင်းပေးကြ၏။

တောင်စဉ်တန်း၏ အတွင်းဘက်တွင် ပိုးမွှား၊ ငှက်များ၏အသံများက လေထဲတွင် ပြည့်နေ၏။ သေးငယ်သည့် အမည်မသိ တိရစ္ဆာန်လေးများက မကြာခဏဆိုသလို သူတို့ကို ဖြတ်ပြေးသွားကြသည်။ စန်းလော့သည် မြေကြီးပေါ်မှ သစ်ပင်ပေါ်သို့ ခုန်တက်သွားသည့် တစ်ခုခုကိုပင် မြင်လိုက်သေးသည်။ သူမက ရှန်းလီ၏လက်မောင်းကို ဖမ်းဆွဲကာ မေးလိုက်၏။

“ခုနတုန်းက မျောက်လေးတစ်ကောင် မလား”

ရှန်းလီက ခေါင်းညိတ်ပြလိုက်ပြီး ပြုံးလိုက်၏။

“ဟုတ်တယ်၊ တောင်ထွတ်ပေါ်မှာတော့ သားစားသတ္တဝါကြီးတွေ မရှိလောက်ပါဘူး”

သားစားသတ္တဝါကြီးများက လှည့်ပတ်သွားလာလျှင် တိရစ္ဆာန်ငယ်လေးများသည် ထိုမျှလောက် အေးဆေးပြီး တက်ကြွနေလိမ့်မည်မဟုတ်ချေ။

တောင်ထူသည့်အပိုင်းသို့ ဝင်လာသည်တွင် လမ်းသည် ခက်ခဲလာသော်လည်း ဆုလာဘ်ကတော့ တောင်ခြေက ကွင်းပြင်များထက် သိသိသာသာ အများကြီး ပိုပေါများသည်။ သူတို့သည် ဘာဆေးပင်ကိုမှ ရှာမတွေ့သေးသော်လည်း မိုးဆက်တိုက်ရွာထားသဖြင့် အထူးသဖြင့် သစ်ရွက်များ ထူထပ်စွာ ကြွေကျထားသည့် နေရာများတွင် မှိုများက အဆုပ်လိုက်ပွင့်နေ၏။

တောင်များထဲတွင် သွားလာရသည့် အတွေ့အကြုံရှိထားသဖြင့် သူတို့သည် အလောတကြီး ချဉ်းကပ်မသွားကြချေ။ ထို့အစား သူတို့သည် သူတို့၏အဖျားချွန် ပေါက်တူးကို သုံးကာ ထူထဲနေသည့် သစ်ရွက်အလွှာများကို တူးဆွလိုက်ပြီး အောက်ဘက်တွင် နေထိုင်ကြသည့် ပိုးမွှားများကို ခြောက်လန့်လိုက်ပြီးမှ အနားသို့ ချဉ်းကပ်သွားလိုက်ကြသည်။

သည်ကြိုတင်သတိထားခြင်းက သစ်ရွက်များထဲတွင် ပုန်းခိုနေနိုင်သည့် အဆိပ်ရှိပိုးမွှားများကို ရှောင်ကျဉ်နိုင်သည့်အပြင် သစ်ရွက်ဆွေးများနှင့် ရောနှောနေနိုင်သည့် မြွေအန္တရာယ်မှလဲ ကာကွယ်ပေးလေသည်။ တိရစ္ဆာန်များသည် ရုပ်ဖျက် ပုန်းခိုရန်အတွင် ဆင်တူသည့်အရောင်များကို သုံးခြင်းတွင် ကျွမ်းကျင်ကြသည်။

မိသားစုနှစ်ခုလုံးက မှိုများကို ခြင်းတစ်ဝက်လောက် ဖြည့်ပြီးသွားချိန်တွင် စန်းလော့သည် နောက်ဆုံးတော့ အဘွားကြီးပြောသည့် ဆေးပင်ကို ရှာတွေ့သွားလေသည်။ ရှန်းလီနှင့် တခြားသူများကို ပြသလိုက်ပြီးနောက်တွင် အားလုံးက ပုံသဏ္ဍာန်ကို အတည်ပြုလိုက်ကြပြီး စတင် တူးလိုက်ကြသည်။ ချင်ဖန်းညန်က အမြစ်ကို လေ့လာကြည့်ရင်း ပြုံးလိုက်၏။

“ဒါပဲ ဖြစ်ရမယ်၊ ဒါတွေကို တူးပြီး ထပ်လေ့လာဖို့ ယူပြန်သွားရမယ်”

သည်ဆေးပင်က အဆိပ်ရှိသည်ကို သိထားသဖြင့် ချင်ဖန်းညန်သည် ထိုအပင်များထည့်ရန်း ခြင်းငယ်လေးတစ်လုံးကို သပ်သပ်ယူလာခဲ့သည်။

သူတို့သည် မှိုများ၊ တောဟင်းရွက်များနှင့် ဆေးပင်များကို ဆက်ပြီး စုဆောင်းလာရင်း ချင်ဖန်းညန်သည် လှမ်းပြီးမော့အကြည့်တွင် အစိမ်းရောင် တောင်စပျစ်တစ်ခိုင်ကို သတိထားမိလိုက်၏။ စပျစ်သီးများက မမှည့်သေးသော်လည်း တော်တော်လေး ကြီးသည်။ သူမသည် ခဏလောက် ရပ်လိုက်ပြီး စန်းလော့ကို ‌မေးလိုက်၏။ “ဆောင်းဦးတောင် ရောက်တော့မှာလား”

စန်းလော့သည် ရက်စွဲကို မှတ်ထားတတ်သည့်အကျင့်ရှိမှန်း ချင်ဖန်းညန် သိထားသည်။ သူမသည် ရှန်းမိသားစုသို့ သွားလည်စဉ်က စန်းလော့ ထိုသို့လုပ်ထားသည်ကို မြင်ခဲ့ခြင်းပင်။

စန်းလော့က ခေါင်းညိတ်ပြလိုက်၏။

“နောက် ၈ရက် ၉ရက်လောက်ဆိုရင် ၇လပိုင်းရောက်တော့မယ်”

သချန်မင်းဆက်၏ ပြက္ခဒိန်သည် နောက်ပိုင်းကာလတွင် သုံးသည့် လပြက္ခဒိန်နှင့် ဆင်တူသည်။ အင်္ဂလိပ်ပြက္ခဒိန်အရဆိုလျှင် လပြက္ခဒိန်၏ ၆လပိုင်းကုန်လျှင် ဩဂုတ်လထဲသို့ ဝင်လိမ့်မည်။

ချင်ဖန်းညန်က သက်ပြင်းချလိုက်၏။

“အချိန်က တကယ် ကုန်မြန်တာပဲ”

သူတို့သည် ၂လပိုင်းအစောပိုင်းတွင် ရှီလီရွာမှ တောင်အတွင်းပိုင်းသို့ ထွက်ပြေးလာခဲ့ကြပြီး အခုတော့ မျက်စိတစ်မှိတ်အတွင်းတွင် နှစ်ဝက်နီးပါး ကုန်တော့မည်။

သူမသည် ခံစားချက်ကြောင့် သက်ပြင်းချရုံသက်သက်ပင်။ သူမရှေ့က စပျစ်သီးများက ပိုပြီးဆွဲဆောင်မှု ရှိနေသည်။ သူမက တစ်ခိုင်လောက် လှမ်းခူးလိုက်ပြီး အကြီးအဆုံးတစ်လုံးကို ဖြုတ်လိုက်ကာ စန်းလော့ကို လှမ်းပေးလိုက်၏။

“မြည်းကြည့်”

ထိုနောက် သူမက ကိုယ်တိုင်အတွက် တစ်လုံးက ထပ်ဖြုတ်လိုက်ပြီး သူမ၏ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ အချဉ်ဓာတ်က သူမ၏မျက်ခုံးတစ်ခုလုံးကို တွန့်ရှုံ့သွားစေပြီး သူမမှာ ခန္ဓာကိုယ်ပင် တွန့်သွားလေသည်။

စန်းလော့ သူမကို စောင့်ကြည့်လိုက်ပြီး ပြုံးနေဆဲဖြစ်ကာ တစ်လုံးလောက် မြည်းကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ အနားတွင် ရပ်နေသည့် ရှန်းလီသည် သူမ၏မျက်နှာပုံစံကြောင့် မအော်ရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။ စန်းလော့က ပုံမှန် ပြန်မဖြစ်လာခင် သူက အကြည့်လွဲထားလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်ကာ ရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်သွားလိုက်၏။ သူသည် သူ၏ဓားကောက်ကို သုံးပြီး သစ်ကိုင်းများကို ခုတ်ချလိုက်လေသည်။

အချိန်တော်တော် ကြာပြီးနောက်မှ စန်းလော့သည် ဟင်းချသံတစ်ချက်နှင့် တောင့်တင်းသွားသည့် ခန္ဓာကိုယ်ကို ပြန်ထိန်းနိုင်တော့သည်။ “ဒါက နောက်ထပ် ရက်၂၀နေရင်တောင် မှည့်လောက်သေးမှာ မဟုတ်ဘူး၊ ကျွန်မတို့ အဲအချိန်ကျမှ ပြန်လာကြမလား”

ချင်ဖန်းညန်က ခေါင်းညိတ်ပြမည် ပြင်လိုက်ချိန်တွင် ရှန်းလီနှင့် ချန်းသရှန်တို့သည် ရှေ့က သွားနှင့်ကာ သူတို့၏ဓားကောက်များနှင့် သစ်ကိုင်းတစ်ချို့ကို ခုတ်ချလေသည်။ သူတို့သည် အနည်းငယ် ခရမ်းရောင်သမ်းနေသည့် တစ်ခိုင်ကို ယူချလာပြီး စန်းလော့ကို လှမ်းပေးလိုက်၏။ “ဒီတစ်ခိုင်ကို မြည်းကြည့်၊ စားလို့ရပြီးလား သိရအောင်”

စန်းလော့သည် ဒါကို မြည်းကြည့်ရန် သတ္တိမရှိတော့ချေ။

“ဒါကို ကလေးတွေ စားကြည့်ဖို့ ယူပြန်သွားလိုက်မယ်၊ ဒီနေရာကို မှတ်ထားပြီး ရက်၂၀လောက်နေမှ ပြန်လာကြတာပေါ့”

ရှန်းလီက သည်အကြံပြုချင်ကို ငြင်းလိမ့်မည်မဟုတ်ချေ။ သူက ပြုံးကာ ထောက်ခံလိုက်၏။

သူတို့သည် ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်နှင့် တောစပျစ်ခိုင်းများစွာကို ထပ်တွေ့လိုက်ရသည်။ သူတို့သည် ၁၀ပေါင်လောက် အလွယ်တကူ ခူးနိုင်လိုက်ကြသည်။

စန်းလော့က ဒါကို ပျော်စရာကောင်းသည်ဟု ထင်သည်။ သည်အရာများသည် အကောင်းဆုံး ဝိုင်လုပ်သည့် ပါဝင်ပစ္စည်းများပင်။ အမှန်အတိုင်းပြောရလျှင် သူမသည် အရက်ချက်ရန် ဆန်ကို မသုံးလိုချေ။ သူမသည် ၆လပိုင်းလောက်က ဆန်အရက်ချို နည်းနည်းလောက် လုပ်ထားခဲ့ပြီး ထိုအရာကို အမြတ်တနိုး တန်ဖိုးထားခဲ့ရသည်။ သူမသည် ပေါင်မုန့်လုပ်ရန်အတွက်သာ နည်းလေး သုံးခဲ့ပြီး သူမက သောက်ချင်လာသည့်အချိန်တွင် ဆန်အရက်ကြက်ဥကို မကြာခဏ လုပ်တတ်သည်။

သူတို့သည် လမ်းအတိုင်း ဆက်လျှောက်လာကြပြီး စန်းလော့သည် သစ်ပင် ပင်စည်တစ်ခုတွင် တွယ်ကပ်နေသည့် အဖြူရောင်အရာတစ်ခုကို အဝေးက သတိထားမိလိုက်သည်။ သူမ၏မျက်လုံးများမှာ လင်းလက်သွားပြီး သူမ၏ခြေလှမ်းများကို ရုတ်တရက် ရပ်ထားလိုက်သည်။

သူမ၏အကြည့်နောက် လိုက်ကြည့်လိုက်ပြီး ရှန်းလီက မေးလိုက်၏။

“အဲဒါ ဘာလဲ”

စန်းလော့က သူတို့အပေါ်ဖက်က သစ်ပင်ကို လက်ညိုးထိုးပြလိုက်၏။

“အဲဒီ ပင်စည်ပေါ်က အဖြူရောင်ပစ္စည်းက ကျွန်မအတွက်တော့ ကျောက်ပွင့်နဲ့တူတယ်”

ဒါသည် ရှန်းလီ၊ ချန်းသရှန်၊ ချင်ဖန်းညန်တို့ထဲက တစ်ယောက်မှ ထိုအကြောင်းကို မကြားဖူးသည့်အရာပင်။

ရှေ့ကလျှောက်နေသည့် ချန်းသရှန်နှင့် ချင်ဖန်းညန်တို့နှစ်ယောက်လုံး လှည့်ကြည့်လိုက်ကြသည်။ စန်းလော့ ညွှန်ပြသည့်ဘက်ကို လိုက်ကြည့်လိုက်ပြီး အရင်က သည်အရာကို မြင်ခဲ့ဖူးသည့် ချင်ဖန်းညန်က အံ့ဩသွားကာ မေးလိုက်တော့သည်။

“အဲဒါကို စားလို့ရလား”

ရှီလီရွာ၏ အနီးနာက တောင်များထဲတွင် သူမသည် တစ်ခါ မမျှော်လင့်ဘဲ တွေ့ခဲ့ရဖူးသည်။ သို့သော် ထိုအရာက ရှားပါးလေသည်။

တောင်ထဲတွင် နေကြသူများက အမည်မသိမှိုများနှင့် သစ်သီးရိုင်းများကို ဒီအတိုင်း မစားကြည့်ဘဲနှင့် ပိုပြီးကောင်း‌ကောင်း သိကြသည်။ ချင်ဖန်းညန်သည် သည်ထူးခြားသည့်အရာက စားလို့ရမှန်း အမှန်ပင် မသိခဲ့ချေ။

စန်းလော့ အမှန်တရားကို ဖုံးကွယ်မထားဘဲ ခေါင်းညိတ်ကာ ပြောလိုက်၏။

“စားလို့ရတယ်၊ အရမ်းလည်း အရသာရှိတယ်၊ ဒါက အဟာရဖြည့်တဲ့ဟင်းလျာလို့တောင် သတ်မှတ်ထားကြတာ၊ ဒါပေမဲ့ ဒါကို အခြောက်လှမ်းဖို့လိုပြီး မချက်ခင် ရေပြန်စိမ်ပေးဖို့ လိုတယ်၊ ဒါကို ဒီအတိုင်းစားကတာ အဆိပ်ဖြစ်တတ်တယ်”

ဟုတ်ပါသည်။ ဒါသည် သာမန်ငှက်သိုက်တစ်ခုနှင့်တူသည်။ ဒါက ခေတ်သစ်တွင်တော့ ကိုယ်တိုင် စိုက်ပျိုးနိုင်ကြသည်။ ရှေ့ခေတ်ကာလတွင်တော့ ကျောက်ပွင့်ကို ရှာဖွေရသည်က လွယ်ကူသည့်အလုပ်မဟုတ်ချေ။ ဒါကို ရှားပါးသည့် တောင်ရတနာဟု သတ်မှတ်ကြသည်။ စန်းလော့၏ခေတ်က ရှေ့ခေတ်တွင်တော့ ဒါကို တော်ဝင်မိသားစုများအတွက် ဆက်သသည့် လက်ဆောင်ပဏ္ဍာတစ်ခုအဖြစ် သတ်မှတ်ကြပြီး သာမာန်လူးများသည် ဒါကို တတ်နိုင်ခဲကြသည်။

ဒါကို စားလို့ရသည်ဟုသည့် စန်းလော့၏ အာမခံချက်က သည်နေရာတွင် ရှိသည့် မည်သူ့ကိုမှ သံသယမဖြစ်စေချေ။

“တက်သွားပြီး တစ်ချက်လောက် ကြည့်ရအောင်” ရှန်းလီသည် လမ်းရှင်းလိုက်မှ အပင်က တော်တော်မတ်နေသည်။ အပေါ်သို့ တက်လိုက်ပြီး သူက ကိုယ်ကိုလှည့်ကာ စန်းလော့ကို သူနှင့်တူ ဆွဲတင်ပေးလိုက်ပြီး သူမ အပေါ်သို့ရောက်အောင် ကူညီပေးလိုက်သည်။

သူတို့သည် နီးကပ်လာသည်နှင့်အမျှ စန်းလော့သည် ဝမ်းသာအားရဖြင်း သူမ၏ရှာဖွေတွေ့ရှိမှုကို အတည်ပြုလိုက်၏။

“တကယ် ကျောက်ပွင့်ပဲ”

ထို့နောက်တွင် သူမသည် ရှန်းလီနှင့် နီးကပ်လာကြသည့် ချန်းသရှန်နှင့် ချင်ဖန်းညန်တို့ကို လှည့်ကြည့်လိုက်၏။ “ဒီနေရာက ပတ်ဝန်းကျင်က ကျောက်ပွင့် ‌ပေါက်ရောက်ဖို့ သင့်တော်တဲ့ပုံပဲ၊ ပတ်ဝန်းကျင်က သစ်ပင်တွေကို ကြည့်လိုက်၊ ထပ်ပြီး ရှိလောက်သေးတယ်”

ချန်းသရှန်နှင့် ချင်ဖန်းညန်တို့နှစ်ယောက်လုံးသည် ပတ်ဝန်းကျင်ကို အနီးကပ် စစ်ဆေးကြည့်လိုက်ကြပြီး ကျောက်ပွင့်များကို ထပ်ရှားရန် ရှေ့ဆက်သွားလိုက်လေသည်။

သို့သော်လည်း ရှန်းလီကတော့ အဝေးကြီး မသွားချေ။ သူသည် စန်းလော့နှင့် ခြေလှမ်းအနည်းငယ်သာ ခွာထားပြီး ပတ်ဝန်းကျင်ကို စောင့်ကြည့်ပေးနေသည်။ သည်နေရာမှပင် သူသည် အဖိုးတန်ကျောက်ပွင့်များ၏ နောက်ထပ်တည်နေရာများကို မြင်နေရသည်။

စန်းလော့ ပြောခဲ့သည့်အတိုင်းပင် သည်နေရာ၏ တောင်များသည် မြူနှင်းများ အမြဲဝေနေပြီး အပူချိန်နှင့် ပတ်ဝန်းကျင်အခြေအနေများက ကျောက်ပွင့် ပေါက်ရောက်ဖို့ရန် သီးသန့်ဖြစ်နေသယောင်။

သည်တောင်များကို တစ်နာရီလောက် ပတ်သွားလိုက်ပြီးနောက်တွင် မိသားစုတစ်ခုစီသည် ကျောက်ပွင့် အခု၂၀ကျော် စုဆောင်းနိုင်ခဲ့သည်။ စန်းလော့ အလွန်ဝမ်းသာနေ၏။ ထိုနေ့တွင် တခြားအဖိုးတန်သည့် အရာများကို ရှာမတွေ့ခဲ့လျှင်ပင် သည်ဆေးပင်များနှင့် ကျောက်ပွင့်များကို ရှာဖွေတွေ့ရှိခြင်းသက်သက်နှင့်ပင် အလျှံပယ်စုဆောင်းခြင်းတစ်ခု ဖြစ်နေသည်။

နောက်ထပ် တောင်နှစ်လုံးကို တက်လိုက်ပြီးနောက် နတ်သမီးသစ်ပင်က အမှန်ပင် မြင်ကွင်းထဲရောက်လာ၏။ သို့သော် သည်နေ့တောထဲတွင် သည်လောက်များပြားသည့် ပစ္စည်းများကို ရှာတွေ့ခဲ့ပြီးနောက်တွင် စန်းလော့သည် သူမ၏ခြင်းက နတ်သမီးသစ်ရွက်များအားလုံး မဆန့်တော့မှာကို စဉ်းစားမိလိုက်သည်။ ထို့ကြောင့် သူမက အခုလောလောဆယ် ဒါကို ဘေးဖယ်ထားဖို့ ဆုံးဖြတ်လိုက်တော့သည်။

သူတို့သည် ခရီးအတွင်း ဂူများကိုစွာကိုလည်း မထင်မှတ်ဘဲ ရှာတွေ့ခဲ့ကြသည်။ ဒါသည် စန်းလော့အား တစ်ခုခုကို သတိပေးနေ၏။ သူမက ရှန်းလီနှင့် ချန်းသရှန်တို့ကို မေးကြည့်လိုက်သည်။

“တစ်ယောက်ယောက် ပုန်းခိုနိုင်တဲ့ ဖုံးကွယ်နေတဲ့ဂူတွေကို ကျွန်မတို့ လျှိုမြောင်နားမှာ ရှင်တို့တွေ့ခဲ့ဖူးလား”

ရှန်းလီက ခေါင်းခါပြလိုက်သည်။

“မနက်တဲ့ ဂူတစ်လုံး နှစ်လုံးတော့ ရှိပေမဲ့ နက်တဲ့ဂူကိုတော့ သတိမထားမိဘူး, ကျွန်တော် သေသေချာချာ မရှာခဲ့ရဘူး”

စန်းလော့က မှတ်ချက်ပေးလိုက်သည်။ “တကယ်တော့ ကျွန်မတို့တွေ ရှာသင့်တယ်လို့ ထင်တယ်၊ အထူးသဖြင့် ကျွန်မတို့ လျှိုမြောင်ဝင်‌ပေါက် ပတ်ဝန်းကျင်နားက တောင်တွေမှာပေါ့၊ တစ်ခုလောက် ယူထားတာက အကောင်းဆုံးဖြစ်လိမ့်မယ်၊ အခုက အတွင်းပိုင်းနေရာတွင် ဘယ်သူမှ မရှိတာနဲ့ဘဲ ဒါက ဒီအတိုင်း ရှိနေလိမ့်မယ်လို့ မဆိုလိုဘူးလေ၊ တကယ်လို့ လျှိုမြောင်ထဲသို့ ဝင်ထွက်မဲ့ နေရာက ခက်ခဲလာရင် ကျွန်မတို့တွေ ယာယီအနားယူလို့ရမဲ့ နေရာတစ်ခု ရှိထားရလိမ့်မယ်”

ရှန်းလီနှင့် ချန်းသရှန်တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူ ပြောတာ အဓိပ္ပါယ်ရှိတယ်။

ရှန်းလီက ပြန်ဖြေလိုက်၏။ “သရှန် ငါတို့တွေ အဲလိုနေရာကို ဆက်တိုက် ရှာဖွေထားရမယ်”

နေခင်းကုန်ခါနီးတွင် လေးယောက်လုံးသည် သူတို့၏ခြင်းများ အပြည့်ဖြစ်လာသည်။ ဆေးပင်တူးရန်အတွက် ခြင်းငယ်လေးကပင် ပြည့်လျှံနေသည်။ နောက်ကျနေပြီကို တွေ့လိုက်ရသဖြင့် သူတို့သည် အိမ်ပြန်ဖို့ ပြင်ဆင်လိုက်ကြသည်။ သို့သော်လည်း တောင်ပေါ်က ဆင်းလာပြီး သိပ်မကြာခင်မှာပင် သူတို့သည် ကြောက်လန့်နေကြသည့် ဆိတ်ငယ်လေးနှစ်ကောင်နှင့် မမျှော်လင့်ဘဲ သွားတိုးကြသည်။

ဆိတ်များက အမှန်ပင် သေးငယ်လှသည်။

ချိုပင် မပေါက်ကြသေးချေ။

ရှန်းလီနှင့် ချန်းသရှန်တို့သည် ဆိတ်လေးများကို ချက်ချင်း ဖမ်းထားလိုက်ကြသည်။ ဆိတ်များက ကြောက်လန့်တခြား အော်ဟစ်လေသည်။

ယောက်ျားနှစ်ယောက်သည် တောင်ထဲတွင် ဆိတ်အုပ်များနှင့် တွေ့ကြုံရသည်က အထူးတဆန်း မဟုတ်တော့ချေ။ သူတို့၏ ကြောက်လန့်တခြား အော်သံကို ကြားလိုက်သည်တွင် သူတို့သည် သူတို့၏အမူအရာများကို တည်ထားလိုက်ကြပြီး ဆိတ်များကို စန်းလော့နှင့် ချင်ဖန်းညန်ထံသို့ လှမ်း‌ပေးလိုက်ပြီး သူတို့ခြင်းများကို ချထားလိုက်သည်။ သူတို့သည် အမျိုးသမီးများကို သတိထားရန် ပြောလိုက်ပြီး သူတို့၏လက်နက်များကို ကောက်ကိုင်လိုက်ကာ တောင်၏ထောင့်ဘက်သို့ ဦးတည်သွားလိုက်သည်။

သူတို့သည် ထောင့်ကို အပြီးမကွေ့ရသေးခင်မှာပင် သွေးညီနံ့က သူတို့၏နှာခေါင်းထဲသို့ တိုးဝင်လာသည်။ သစ်ကိုင်းနှင့် သစ်ရွက်များကို ဖယ်ထုတ်လိုက်သည်တွင် သူတို့သည် ဝံပုလွေတစ်ကောင်၏ ပါးစပ်ထဲတွင် ရုန်းကန်နေသည့် ဆိတ်မတစ်ကောင်ကို တွေ့လိုက်ရ၏။ ဘေးတွင် သေအောင် ကိုက်ခံထားရသည့် သေနေပြီးသား ဆိတ်တစ်ကောင်ရှိနေသည်။

စကားလုံးများ မလိုအပ်တော့ချေ။ သူတို့နှစ်ယောက်သည် ရှေ့ဆင့်နောက်ဆင့် မြားကို တင်လိုက်ကြပြီး ချိန်ရွယ်ထားလိုက်ကြသည်။ မြားများက လေထဲတွင် ရွှီသံတစ်ချက်နှင့် ဖြတ်ပြေးသွားပြီး နှစ်စင်းလုံးက ဝံပုလွေကို သွားထိသည်။ တစ်ခုက ခေါင်းတွင် ထိသွားပြီး ကျန်တစ်ခုက ခန္ဓာကိုယ်ကို ထိသွားကာ ဝံပုလွေသည် ချက်ချင်း လဲကျသွားတော့သည်။

ဆိတ်တစ်ကောင်တည်း ရှိသည်ကို အတည်ပြုလိုက်ပြီးနောက်မှ ရှန်းလီနှင့် ချန်းသရှန်တို့သည် စန်းလော့နှင့် ချင်ဖန်းညန်တို့ကို လှမ်းခေါ်ရဲတော့သည်။

ဆိတ်မသည် အသက်ရှင်နေသေးသော်လည်း ပြင်းထန်သည့် ကိုက်ထားသည့် ဒဏ်ရာများ ရှိနေသည်။ ဆိတ်မ၏ ရှေ့ခြေတစ်ချောင်းက အသားစိုင်ကြီးတစ်ခု ကိုက်ဖဲ့ခံထားရသည်။ ဆိတ်မသည် သေနေသည့် ဆိတ်ဆီသို့ ထော့နဲ့ထော့နဲ့ သွားနေပြီး ချင်ဖန်းညန်နှင့် စန်းလော့တို့ ချီထားသည့် ဆိတ်လေးနှစ်ကောင်ဖက်ကို ဆက်တိုက်ကြည့်နေသည်။

ရှန်းလီက ဝံပုလွေကို နောက်ထပ် မြားတစ်ချောင်း ထပ်ပစ်လိုက်ပြီး လုံးဝ သေသွားအောင် သေချာလုပ်လိုက်ပြီးမှ ပြောလိုက်၏။

“ဒီဆိတ်မက သူ့ကလေးတွေ ပထမဆုံး အစာရှာထွက်တာ ဖြစ်မယ်”

စန်းလော့က ဆိတ်မကို ကြည့်လိုက်ပြီး စိတ်ကူးတစ်ခု ရသွားသည်။ သူမက ရှန်းလီကို မေးလိုက်သည်။ “ရှင် ဒဏ်ရာကုသ‌ဆေး ယူလာလား”

ရှန်းလီနှင့် ချန်းသရှန်တို့သည် လျှိုမြောင်အပြင်ဘက်သို့ ထွက်သည့်အချိန်တွင်း သည်လိုပစ္စည်းများကို ယူလာတတ်သည့် အကျင့်တစ်ခုပင်။

ထိုစကားကို ကြားလိုက်ရပြီးနောက် ရှန်းလီက မျက်ခုံးများကို ပင့်ထားလိုက်ပြီး “မင်း ဒါကို မွေးချင်လို့လား”

စန်းလော့က ခေါင်းညိတ်ပြသည်။ “တောင်ပေါ်က ဂူကြီးက လွတ်နေသေးတယ်မလား၊ ဝင်ပေါက်ကို အထပ်ထပ် ပိတ်ထားတာဆိုတော့ ဆိတ်အော်သံကို မကြားရလောက်ပါဘူး ဟုတ်တယ်မလား”

ချင်ဖန်းညန်၏ မျက်လုံးများက လင်းလက်သွားသည်။

“ဒါက စိတ်ကူးကောင်းတစ်ခုပဲ၊ ဘာပဲဖြစ်ဖြစ် ငါတို့ ထင်းပုံတွေလဲ အဲဒီပေါ်ဖက်က ဂူထဲမှာပဲ၊ မွေးမြူရေးတစ်ချို့ လုပ်ထားတာက အကျိုးရှိတယ်လေ၊ ငါတို့တွေ မြက်တွေကို ပိုဖြတ်ပြီး အခြောက်လှမ်း သိမ်းထားလို့ရတာပဲ၊ ဆိတ်တွေလဲ မြက်စားနိုင်ကြတယ်လေ”

လယ်သမားများအတွက် မွေးမြူရေးတိရစ္ဆာန်များကို မွေးခြင်းက မွေးရာပါဗီဇပင်။

“ကောင်းပြီလေ”

ရှန်းလီက ဘာမှ ထပ်မပြောတော့ချေ။ သူသည် ဆေးကို ထုတ်လိုက်ပြီး ဆိတ်မကို ဆေးလိမ်းပေးလိုက်သည်။

ဆိတ်မက ရှောင်ဖို့ ကြိုးစားသော်လည်း သူမ၏ ဆိတ်လေးများကို လူသားများ၏လက်ထဲတွင် ရှိနေသဖြင့် မတတ်သာတော့ဘဲ ရှန်းလီ၏ ကုသမှုကို နာနာခံခံ လက်ခံလိုက်တော့သည်။

ဝံပုလွေနှင့် ဆိတ်သေကို စည်းနှောင်ထားသည့် ခြေထောက်များကို ဖောက်ကို တုတ်ချောင်းဖြင့် သယ်လိုက်ကြသည်။ စန်းလော့နှင့် ချင်ဖန်းညန်တို့က ဆိတ်လေးနှစ်ကောင်ကို ချီထားလိုက်သည်။ ဆိတ်မသည် သူမ၏ကလေးများကို စိုးရိမ်စိတ်ကြောင့် ရှန်းလီက သူမ၏လည်ပင်းတွင် ကြိုးချည်နေသည်ကို ငြိမ်ခံနေလိုက်ပြီး သူမကို ခေါ်သွားခွင့် ပြုလိုက်တော့သည်။

သူတို့သည် ညနေစောင်း လျှိုမြောင်ထဲသို့ ပြန်လာချိန်တွင် ရှန်းလီက လျှို့ဝှက်ဝင်ပေါက်ကို ဆွဲဖွင့်လိုက်၏။ အထဲဘက်တွင် စောင့်ကြည့်နေသည့် ရှီအာ့လန်သည် ရှန်းလီ၏ပုံကို အတည်ပြုလိုက်ပြီးမှ တံခါးကို ဖွင့်ပေးလိုက်သည်။ အော်သံများကို ကြားလိုက်သည်တွင် သူသည် မှင်သက်အံ့ဩသွားတော့သည်။

“အသက်ရှင်နေတဲ့ ဆိတ်လား”

...

All Chapters