အခန်း (၁၇၉-၁၈၀)
Vol. 18 Ch. 179-180
အပိုင်း (၁၇၉) အခြေချခြင်း
တောင်အတွင်းပိုင်းသို့ တစ်နာရီကျော်လောက် ခရီး သွားပြီးနောက်တွင် ရှန်းလီနှင့်သူအဖွဲ့သည် နောက်ဆုံးတော့ ကျိုးမိသားစု၏ ယာယီနေထိုင်ရာနေရာသို့ ရောက်လာခဲ့သည်။
ဒါသည် ခြုံနွယ်သစ်ပင်များနောက်တွင် ဖုံးကွယ်ထားသည့် သေးငယ်သည့် ဝင်ပေါက်လေးတစ်ခုရှိသည့် အလယ်အလတ် အရွယ်အစား ဂူတစ်လုံးဖြစ်လေသည်။ ထွက်ပေါက်ကို ကျောက်တုံးများဖြင့် လုံးဝပိတ်ဆို့ထားပြီး အလင်းရောင်နှင့် လေဝင်နိုင်ရန်အတွက် ကျဥ်းမြောင်းသည့် အပေါက်လေးတစ်ခုကိုသာ ချန်ထားသည်။
ကျိုးလိုင်ကျီက ကျောက်တုံးများကို သွားရောက်ပြောင်းရွှေ့လိုက်ချိန်တွင် အထဲက လူများအလန့်တကြား မဖြစ်သွားစေရန် အရင်ဆုံး တိုးတိုးလေး လှမ်းခေါ်လိုက်သည်။
"အဖေ အစ်ကိုကြီး အဲလောက်အမြန်ကြီး ပြီးသွားခဲ့တာလား"
ကျိုးလိုင်ကျီ၏ ဒုတိယသား၏အသံသည် ခပ်တိုးတိုးလေး ထွက်လာပြီး ဂူအပြင်ဘက်သို့ ခေါင်းလေးပြူထွက်လာသည်။ သူ့နောက်တွင် ရှန်းလီနှင့်ချန်းသရှန်တို့ကို မြင်လိုက်သည်တွင် သူ၏စိတ်လှုပ်ရှားမှုများက သူ၏လေသံကို မသိမသာတုန်ယင် သွားစေလေသည်။
"အစ်ကိုရှန်းလီ၊ အစ်ကိုသရှန်"
ရှန်းလီနှင့်ချန်းသရှန်တို့က ပြုံးလိုက်ပြီး ကျိုးလိုင်ကျီက ပြောလိုက်လေသည်။
"မြန်မြန်လုပ် မင်းအမေနဲ့အစ်မတွေကို ထုပ်ပိုးဖို့ပြောလိုက် ငါတို့တွေ အခုချက်ချင်း အတွင်းပိုင်း ပိုနက်တဲ့နေရာကို သွားရမယ်၊ အားလီနဲ့သရှန်တို့က ငါတို့ကိုခေါ်သွားလိမ့်မယ်"
ခံစားချက်များ လွှမ်းမိုးခံလိုက်ရသည်တွင် ကျိုးလိုင်ကျီ၏ ဒုတိယသားသည် မည်သို့တုံ့ပြန်ရမည်မသိ ဖြစ်သွားတော့သည်။ သူက ‘အင်း’ဟုအလောတကြီး အသိအမှတ် ပြုလိုက်ပြီးနောက်တွင် ဂူထဲသို့ မြန်မြန်ပြန်ဝင်သွားတော့သည်။
ကျိုးမိသားစု၏ပိုင်ဆိုင်မှုများမှာ မရှိသလောက်ပင်။ အမှန်အတိုင်းပြောရလျှင် သူတို့၏ဆင်းရဲခြင်းက သူတို့၏အနွေးထည်များမှာ အချိန်အကြာကြီး စုဆောင်းလာသည့် ကြက်နှင့်ဘဲမွှေးများ ကျူရိုးများ အစာထည့်ထားသည့် အနွေးထည်တစ်ထည်သာ ဖြစ်လေသည်။
ဟုတ်ပါသည်။ သူတို့သည်ကြက်နှင့်ဘဲများကို မွေးမြူထားခဲ့သော်လဲ ထိုအကောင်လေးများကို စားသောက်ဖို့ရန်အတွက် တွန့်ဆုတ်နေကြပြီး စျေးထဲတွင် ရောင်းဖို့ရန်သာ ဦးစားပေးလေသည်။ ရလဒ်အနေဖြင့် သူတို့သည် အမွှေးအတောင်များအတွက် သူတို့ကိုယ်တိုင် မွေးထားသည့် တိရိစ္ဆာန်များကို မမီခိုရဘဲ တတ်နိုင်သည့်အချိန်တိုင်း ဖြည်းဖြည်းချင်းစီ စုဆောင်းရလေသည်။
မိသားစုက ရှန်းလီနှင့်ချန်းသရှန်တို့ကို စောင့်နေရအောင် မလုပ်တော့ပေ။ သူတို့၇ယောက်လုံးသည် တစ်နာရီမပြည့်သေးခင်မှာပင် ဂူထဲမှပေါ်ထွက်လာကြပြီး အားလုံးက ထုပ်ပိုးပြီးသား ဖြစ်နေသည်။
ကျိုးလိုင်ကျီ၊ သလန်၊ အာ့လန်တို့သည် ပုံမှန်အသားအရေများ ဖြစ်လေသည်။ ကျန်သည့်ကျိုးလှုင်ကျီ၏မိန်းမ ကျိုးမိသားစု၏သမီးအကြီးဆုံး ကျိုးစန်းလန်နှင့် အငယ်ဆုံးသမီးတို့သည် ပုံမှန်မဟုတ်ဘဲ အသားအရောင်များ ဖြူဖျော့နေကြသည်။ သူတို့သည် အပြင်သို့ထွက်လာချိန်တွင် အားလုံးက သူတို့၏မျက်လုံးများကို အလိုလို ကာကွယ်ထားကြလေသည်။
ရှန်းလီနှင့်ချန်းသရှန်တို့သည် လုမိသားစုက ပြီးခဲ့သည့်နှစ်ဝက်အတွင် မည်သို့ အသက်ရှင်နေထိုင်ခဲ့ပုံကို အခုတော့ နားလည်သွားကြလေသည်။ ဓားပြများ ချီယမ်စီရင်စုသို့ ရောက်လာကတည်းက ပြီးခဲ့သည့်၂လအတွင်းတွင် ကျိုးလိုင်ကျီနှင့် သူ၏သားကြီးနှစ်ယောက်သာ အပြင်ထွက်ရဲခဲ့ကြသည်။ ကျိုးလိုင်ကျီ၏မိန်းမနှင့် သမီးအကြီးဆုံးကတော့ အလွန်မှ ကြောက်လန့်နေရာ ဂူထဲတွင်သာနေကြပြီး ကျိုးစန်းလန်နှင့် အငယ်ဆုံးသမီးကလဲ အပြင်ထွက်ဖို့ရန် အလွန်မှ ငယ်ရွယ်နေသေးသည်။
မည်သို့သောလောကကြီး ဖြစ်ပါသနည်း။
ရှန်းလီ၊ ချန်းသရှန်နှင့် ရွှီမိသားစုဝင်များသည် ပစ္စည်းများကို ကူသယ်ပေးလိုက်ကြပြီး ပြောလိုက်လေသည်။
"သွားကြမယ်"
ကျိုးမိသားစုတွင် အစားအသောက်အများကြီး မရှိပေ။ သို့သော်ငြားလဲ ပဲအိတ်ကြီးနှစ်အိတ်နှင့် နေလှန်းထားသည့် တောဟင်းရွက်များ ရှိလေသည်။ အသစ်ခူးဆွတ်ထားသည့် သုံးအိတ်ကို ထည့်ပေါင်းလိုက်လျှင် ပဲများထည့်ထားသည့် အိတ်တစ်ဝက်ခန့်က လုံလောာကျသည့် ဝန်တစ်ခုဖြစ်လေသည်။ တစ်ခြားသူများက မသိသော်ငြားလဲ တောအတွင်းပိုင်းသို့ စပါးများသယ်ယူခြင်းက မလိုလားအပ်သည့်အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သည်။ အထူးသဖြင့် ပိုပြီးနက်သည့် အတွင်းပိုင်းသို့ သွားရောက်ချိန်တွင် ဖြစ်သည်။
ထိုနေ့ညတွင် တည်းခိုရန်အတွက် ဂူတစ်လုံးကို ရှာဖွေပြီးနောက်တွင် ကျိုးမိသားစုသည် ပဲအားလုံးကို သွန်ချလိုက်ကြပြီး ကျန်နေသည့်အနွေးဓာတ်ဖြင့် အခြောက်ခံဖို့ရန်အနီးအနားတွင် ဖျာများကို ဖြန့်ခင်းလိုက်ကြသည်။ အိတ်၅အိတ်သည် ၃အိတ်ခွဲဖြစ်သွားပြီး သူတို့သည် အတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ကြလေသည်။
အာရုံစိုက်ခြင်းကို ရှောင်ကြဥ်ဖို့ရန်အတွက် သူတို့သည် ခြင်းများ၊ ထည့်စရာများ သစ်တ္တောများကို မသုံးခဲ့ကြပေ။ အသေးဆုံးပစ္စည်းများကိုသာ ကျောပိုးအိတ်တစ်လုံးထဲတွင် ထည့်သိမ်းလိုက်ကြပြီး စောင်နှင့်အဝတ်အစားများကဲ့သို့ ကျန်သည့်ပစ္စည်းများကိုတော့ ကြိုးများဖြင့် ချည်နှောင်ထားလိုက်ပြီး သူတို့သယ်လာသည့် ပစ္စည်းများကို မြင်သာအောင်လုပ်ထားလိုက်သည်။ အိုးနှင့်ခရားများကိုပင် ကလေးများက သယ်ဆောင်ကြသည်။ သည်လိုကြိုတင်သတိထားနေလျက်ကပင် သူတို့သည် သံသယဖြစ်စရာကောင်းသည့် အကြည့်များကို ဆွဲဆောင်မိသေးသည်။
သီးခြားဝင်လာသူများက လှမ်းကြည့်ရုံသာ လှမ်းကြည့်ရဲကြသော်ငြားလဲ ကြီးမားသည့်အုပ်စုကတော့ ဂနာမငြိမ်ဖြစ်နေကြဟန်တူသည်။ ကံအားလျော်စွာ ရှန်းလီနှင့်ချန်းသရှန်တို့က သူတို့၏ဓားနှင့်လေးများးကို ယူလာကြသည်။ ရွှီမိသားစုတွင်လဲ တောင်ထဲတွင် နေထိုင်သူများဆီက လေးနှင့်မြှားများကို ငှားယူထားခဲ့ကြသည်။ ပြီးခဲ့သည့်တစ်ခေါက်က မြို့ထဲကသယ်လာသည့်ဓားများကို ပေါင်းလိုက်လျှင် အဖွဲ့ထဲတွင်သန်မာသည့် လူ၉ ဦးရှိလေသည်။ ၄ယောက်က ဓားကိုကိုင်ထားပြီး ၆ ယောက်က လေးနှင်မြှားကို ကိုင်ထားရာ ရှိန်လောက်သည့်မြင်ကွင်းတစ်ခုပင်။
ဒီပစ္စည်းများသည် မီးဖိုချောင်သုံးဓား ပုဆိန်နှင့်ပေါက်ပြားများ မဟုတ်ကြပေ။ ဒီပစ္စည်းများသည် စစ်တပ်သုံးလက်နက်များ ဖြစ်လေသည်။
တောအတွင်းဘက်တွင် ကျိုးမိသားစု၏ဆံပင်များကို ထောင်မတ်သွားစေသည့် ဖြစ်ရပ် ၅ခု၊ ၆ခုလောက် ရှိသော်ငြားလဲ ထိုထဲက တစ်ခုကသာ အမှန်တကယ် ထိပ်တိုက်ရင်ဆိုင်ခြင်းတစ်ခုကို ဆုံတွေ့ရစေသည်။ အတွေ့အကြုံရင့် ရာဇဝတ်သားများ ဖြစ်ဟန်တူသည်။ ထွားကြိုင်းလှသည့် လူအယောက်၂၀အဖွဲ့တစ်ခုသည် ကျိုးမိသားစု၏ သမီးအကြီးဆုံးကို မျက်စိကျနေသည်။ သူတို့မျက်လုံးထဲက သူတို့၏ လိုအင်ဆန္ဒနှင့် သူတို့၏မျက်နှာပေါ်က စိတ်လှုပ်ရှားမှုများက ဇာတိကိုပြနေသည်။
ဒီလိုလူမျိုးကို တွေ့ဆုံရလျှင် ဘာစကားတစ်လုံးကိုမှ မလိုပေ။ ရှန်းလီနှင့်ချန်းသရှန်တို့က ရှေ့သို့တက်သွားလိုက်သည်။ ကျိုးမိသားစုသည် ဒေါသထွက်ပြီးဖြစ်ကာ ရှန်းလီပေးထားသည့် ဓားတစ်လက်ကို ဝှေ့ယမ်းနေသည့် ကျိုးလိုင်ကျီနှင့် ပေါက်တူးနှင့်ဓားကောက်များကို ဝှေ့ယမ်းနေသည့် ကျိုးသလန်နှင့်ကျိုးအာ့လန်တို့ကလဲ နောက်မှ အနီးကပ်လိုက်လာကာ သူတို့၏အသက်အတွက် တိုက်ခိုက်ဖို့အဆင်သင့် ဖြစ်နေကြသည်။
တစ်ဖက်တွင် ဒေါသ လောင်စာဖြစ်နေပြီး တစ်ခြားဘက်တွင်တော့ တိုက်ပွဲမှကြောက်ရွံမှုကို ဓားသွေးနေပြီးဖြစ်ကာ ဓားများကို ဆွဲထုတ်လာချိန်တွင်တော့ ဒါသည် သေရေးရှင်ရေးကိစ္စတစ်ခု ဖြစ်လာသည်။ တစ်ခြားရလဒ်များ မရှိနိုင်တော့ပေ။
မျက်စိတစ်မှိတ်အတွင်းတွင် လူအယောက်နှစ်ဆယ်ရှိသည့်ထဲက လူ၄ယောက်သည် သတ်ဖြတ်ခံလိုက်ရသည်။ တစ်ယောက်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားကာ နောက်တစ်ယောက်ကတော့ အပေါ်ယံဒဏ်ရာရသွားသည်။ သူတို့သည် ရန်သူအဖွဲ့ဆီသို့ မရောက်သေးခင်မှာပင် ပထမတိုက်ခိုက်သူများသည် ၄ယောက်ကသေပြီး ၂ယောက်ကဒဏ်ရာရခြင်းဖြင့် အဆုံးသတ်သွားလေသည်။ အထူးသဖြင့် တစ်ခြား၄ယောက်၏ သေဆုံးခြင်းရလဒ်ကို ယူလာပေးသည့် ဓားနှစ်လက်ကို ဝေ့ယမ်းနေသည့်သူများမှာ ကြက်ငှက်ကလေးများကို သတ်နေသလိုပင်။
အရေအတွက်ကို အားကိုပြီး လူသတ်၊လုယက်ခြင်းအမှုကို ကျူးလွန်နေကြသည့် ဒီလူများသည် ရုတ်တရက်ဆိုသလို ကြောက်ရွံစိတ်၏ ဖမ်းစားခြင်းခံလိုက်ရပြီး သူတို့၏ခြေထောက်များမှာ တုန်ယင်သွားကြလေသည်။ ရှန်းလီနှင့် ချန်းသရှန်တို့က သူတို့ဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပြေးဝင်လာချိန်တွင် တစ်ဝက်ကျော်လောက်က ထွက်ပြေးသွားကြတော့သည်။
ရှန်းလီနှင့်ချန်းသရှန်တို့နှင့် အနီးဆုံးတွင်ရှိသည့်နှစ်ယောက်သည် အချိန်မှီ ထွက်မပြေးနိုင်ခဲ့ကြချေ။ သူတို့သည် ကိုယ်ကိုမလှည့်ရသေးခင်မှာပင် သူတို့၏ လည်ပင်းပေါ်တွင် အေးစိမ့်သည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရလေသည်။
ဆိုင်တာဝန်ခံရွှီနှင့် တစ်ခြားသူများက အမျိုးသမီး နှင့်ကလေးများကို ကာကွယ်ပေးထားပြီး ရွှီဝမ်ချင်းကတော့ မြှားတစ်ခုကိုတင်ထားကာ သူ့လက်များက တုန်ယင်နေလေသည်။ အကြိမ်ကြိမ် အသက်ရှုလိုက်ပြီးနောက်တွင် သူက ကိုယ့်ဟာကိုယ် အားတင်းထားလိုက်ပြီး မြှားကို ပစ်လွှတ်လိုက်လေသည်။
တင်းမာသည့် နေ့တစ်ဝက်ကုန်ဆုံးသွားပြီးနောက်တွင် ရုတ်တရက် တိုက်ခိုက်မှုသည် ပေါ်ထွက်လာပြီး မြန်မြန်ဆန်ဆန်ပင် အဆုံးသတ်သွားလေသည်။ အနီးကပ်တိုက်ခိုက်မှုတွင် လူများသည် မြေကြီးပေါ်တွင် လဲကျနေလေသည်။ ၁ယောက်က ဒဏ်ရာရပြီး ၆ယောက်က သေဆုံးသွားသည်။ အပေါ်ယံ ဒဏ်ရာရထားသူကတော့ သူ၏အဖော်များဖြင့် ထွက်ပြေးလွှတ်မြောက်သွားခဲ့သည်။
ရွှီမိသားစုသည် ရှန်းလီနှင့်ချန်းသရှန်တို့၏ ဒီအခြမ်းကိုအရင်က မမြင်တွေ့ခဲ့ဖူးလေသည်။ ကျိုးမိသားစုနှင့် ဝေ့ချင်းဟယ်တို့ကတော့ သူတို့၏ လုပ်ရပ်များကို တိရိစ္ဆာန်များကို တိုက်ခိုင်ခြင်းတွင်သာ မြင်ခဲ့ဖူးပြီး လူသား အချင်းချင်းကိုတော့ မမြင်ခဲ့ဘူးပေ။ ဒါသည် သူတို့၏ပထမဦးဆုံး တွေ့ကြုံခြင်းဖြစ်ပြီး အထိတ်တလန့် ခံစားချက်က ပေါ်ထွက်လာသည့်တိုင် အများစုကတော့ စိတ်အေးရကာ လေးစားအားကျကြလေသည်။ အထူးသဖြင့် ကျိုးမိသားစုပင်။ သူတို့သာ ရှန်းလီနှင့် ချန်းသရှန်တို့နောက် လိုက်လာခဲ့ခြင်းမဟုတ်လျှင် အစောပိုင်းက သူတို့ရင်ဆိုင်ခဲ့ရသည့် တိရိစ္ဆာန်များကို ကိုင်တွယ်ဖြေရှင်းဖို့ရန် သူတို့၏အရည်အချင်းကို မဆိုထားနှင့် သူတို့သည် လက်ရှိကိစ္စတွင်ပင် အသက်ရှင်သန်နိုင်လိမ့်မည် မဟုတ်သည်ကို ကောင်းကောင်းနားလည်လိုက်ကြသည်။
ရှန်းလီနှင့်ချန်းသရှန်တို့ကတော့ ဒါကို ထူးခြားသည်ဟု မထင်ပေ။သူတို့သည် ဒီလိုအသက်ရှင်သန်ရသည့် နည်းလမ်းများကို ထိုနှစ်များအတွင်းတွင် သင်ကြားခဲ့ခြင်းဖြစ်သည်။ သို့သော်ငြားလဲ အခုတော့ သူတို့နှစ်ယောက်က အသစ်တွေ့ရှိလိုက်ရသည့် လေးစားမှုတစ်ခုဖြင့် ရွှီဝမ်ချင်းကို ကြည့်လိုက်ကြသည်။
ဒီလူငယ်လေးသည် မြှားပစ်လေ့ကျင်းခြင်းလုပ်နေသည်မှာ ၂လပင်မပြည့်သေးသော်ငြားလဲ အမှန်တကယ် ထူးခြားသည့်အရာကတော့ သူ၏သတ္တိပင်။
ရှန်းလီက သူ့ပခုံးကို ပုတ်ပေးလိုက်ကာ ပြုံးလိုက်လေသည်။
"သေချာလေး လေ့ကျင့်၊ ဖရိုဖရဲဖြစ်နေတဲ့လောကမှာဖြစ်ဖြစ် ငြိမ်းချမ်သွားတဲ့လောကမှာဖြစ်ဖြစ် ကိုယ့်ဟာကိုယ် ကာကွယ်ဖို့အတွက် အရည်အချင်းတစ်ခုရှိတာက အမြဲတမ်းအကျိုးရှိတယ်"
ရွှီဝမ်ချင်းသည် ခုနက ပျာယာခပ်သွားသော်ငြားလဲ ရှန်းလီ၏အားပေးသည့် အပြုအမူလေးတွင် သူသည် အတိုင်းအတာတစ်ခုအထိ ပိုပြီးတည်ငြိမ်လာသလို ခံစားလိုက်ရသည်။
အခင်းဖြစ်ပွားသည့်နေရာကို မရှင်းဘဲချန်ထားလိုက်ကြပြီး အဖွဲ့ကသူတို့၏ တောအတွင်းပိုင်းခရီးကို ဆက်သွားလိုက်ကြသည်။ သူတို့ထွက်သွားပြီး မကြာခင်မှာပင် လူအုပ်ကြီး တော်တော်များများက တောထဲသို့ဝင်ရောက်လာပြီး မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည့်အလောင်းများနှင့် စူးရှသည့် သွေးနံများကြောင့် အလန့်တကြားဖြစ်သွားကာ ကြောက်လန့်တကြား ထွက်ပြေးသွားကြတော့သည်။
ဒီလိုတောအနက်ကြီးထဲသို့ အမျိုးသမီးများနှင့်ကလေးများကို ခေါ်ဝင်လာရဲသည့် တစ်စုံတစ်ယောက်ကို ဘယ်သောအခါမှ လာရောက်ထိပါးခြင်း မရှိသင့်သည့်အကြောင်း သူက အခိုင်အမာ ပြသခဲ့လေသည်။
ကျိုးနှင့်ရွှီမိသားစုတို့သည် သူတို့နောက်တွင် ကပ်လိုက်လာသည့် လူအများအပြားကို သတိမထားမိကြချေ။ သို့သော်ငြားလဲ နေ့တစ်ဝက်လောက် လိုက်လာပြီးသည့်အတွင်းတွင် သူတို့အစောပိုင်းက ခံစားခဲ့ရသည့် မကောင်းစိတ်ဖြင့် စောင့်ကြည့်ခံနေရသည့် ခံစားချက်တစ်ခုသည် လုံးဝပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။
နောက်ထပ် တစ်ရက်ခွဲလောက်အတွင်းတွင် တောအတွင်းပိုင်းသို့ ခရီးသွားလာခဲ့ပြီးနောက်တွင် သူတို့သည် လျှိုမြောင်မှ ၂နာရီစာလောက်သာ ကွာဝေးသည့်နေရာသို့ ရောက်လာသည်။ သည်နေရာနှင့် မရင်းနှီးသည့် ရွှီမိသားစုက သူတို့၏လမ်းကို သတိမထားမိခဲ့ကြချေ။ ဝေ့ချင်းဟယ်ကလဲ ခရီးများစွာ သွားလာခဲ့သော်ငြားလဲ ရှန်းလီနှင်ချန်သရှန်တို့၏ ရိက္ခာများသယ်ယူပို့ဆောင်ခြင်းတွင် လမ်းများကို ကွေ့ပတ်ပြီးသွားတတ်သည့် အပြုအမူကြောင့် သူသည် လမ်းကြောင်းကို သိပ်ပြီးတော့ သေချာမသိနိုင်ခဲ့ပေ။ သိပ်မကြာခင်တွင် ရှန်းလီက လမ်းကြောင်းကို တမင်ရှောင်ကွင်းသွားနေမှန်း ချန်းသရှန်သည် သဘောပေါက်သွားတော့သည်။
သူက တိုးတိုးလေး မေးလိုက်သည်။
"ငါတို့တွေ ကျိုးမိသားစုကို ဘယ်လိုဖြေရှင်းပေးခဲ့မှာလဲ” သူ့စိတ်ထဲတွင် အမည်မသိ ခံစားချက်တစ်ခုက စတင်ဖြစ်ပေါ်လာသည်။
ရှန်းလီက တိုးတိုးလေး ပြန်ဖြေလိုက်သည်။
"ငါတို့တွေ ကြွက်နားရွက်မှို ခူးခဲ့တဲ့နေရာဆိုရင်ရော ဘယ်လိုလဲ၊ ငါတို့တွေ အဲဒီနေရာမှာ သူတို့အတွက် ရိုးရှင်းတဲ့ အကာအကွယ်တစ်ခုကို ကူညီပြီးတော့ တည်ဆောက်ပေးနိုင်တယ်"
အမှန်ပင်။
သရှန်က ပြုံးကာပြောလိုက်သည်။
"ဒါလဲ အဆင်ပြေတာပဲ၊ ငါလဲအဲဒီနေရာကိုပဲ စဥ်းစားမိနေတာ"
ထိုနေရာသည် လျှိုမြောင်မှ တစ်နာရီကျော်လှမ်းလျှောက်ရသည့် အကွာအဝေးဖြစ်သည်။ အလွန်မှ မနီးကပ်သော်ငြားလဲ သူတို့၏နေ့စဥ် အမဲလိုက်ခြင်းနှင့် တောဟင်းရွက်များ ခူးဆွတ်သည့်နေရာနှင့် လက်တစ်ကမ်းအလိုသာ ရှိလေသည်။ အကူအညီရရှိဖို့ရန်အတွက် လုံးဝသီးခြားမဖြစ်နေခြင်းပင်။
အပြင်ဘက်က လက်ရှိအခြေအနေကို ကြားမိသည့်နောက်တွင် ကျိုးမိသားစုသည် နောက်ထပ်လအနည်းငယ်အတွင်း သားရိုင်းတိရစ္ဆာန်များကို သတိထားဖို့ရန် သူတို့သည် ကိုယ့်ဟာကိုယ်ကာကွယ်ဖို့ လိုအပ်လေသည်။ ထိုနေရာတွင် ဝံပုလွေများ ရှိနေနိုင်သော်ငြားလဲ သူတို့၏အကာအကွယ်ကို အားစိုက်ထုတ်မှုပိုထည့် တည်ဆောက်ထားပြီး သူတို့သည် ကြီးမားသည့် ပြသာနာများမရှိဘဲ အသက်ရှင် သန်နိုင်လိမ့်မည်။
နေ့လယ်ခင်းနှောင်းပိုင်းတွင် သူတို့သည် ရှန်းလီပြောသည့်နေရာသို့ ရောက်လာကြသည်။ သူတို့သည် ဂူတော်တော်များများကို တစ်ခုပြီးတစ်ခု လေ့လာကြည့်လိုက်ကြပြီးနောက် မတ်စောက်သည့် တောင်ကမ်းပါးယံအောက်တွင် တည်ရှိသည့် အသေးငယ်ဆုံးတစ်ခုကို ရွေးချယ်လိုက်ကြသည်။ မတ်စောက်သည့်တောင်ကမ်းပါးယံက တောရိုင်းတိရိစ္ဆာန်များကို အပေါ်မှနေ၍ ဂူဝင်ပေါက်ဆီသို့ ခုန်မဆင်းလာအောင် ကာကွယ်ပေးနိုင်ပြီး လွယ်ကူသည့် အကာအကွယ်တစ်ခု ဖြစ်စေနိုင်သည်။ ထို့အပြင် အနီးအနားတွင် သေးငယ်သည့် တောင်ကျစမ်းချောင်းတစ်ခုလဲ ရှိလေသည်။
ဒီလို နက်ရှိုင်းလှသည့် တောင်အတွင်းပိုင်းတွင် ရေအရင်းအမြစ်နှင့်နီးကပ်စွာ တည်ရှိနေသည်က ပတ်ဝန်းကျင်သို့ အလွယ်တကူ သွားလာလို့မရနိုင်သည့် သူများအတွက် အရေးပါလေသည်။
ရွှီမိသားစုသည် သူတို့တည်ရှိနေသည့်နေရာကို အတည်အကျမသိဘဲ လျှိုမြောင်နှင့် မည်မျှဝေးကွာနေသည်ကိုလဲ မသိသော်ငြားလဲ သူတို့သည် လျှိုမြောင်ထဲကကိစ္စနှင့် ပတ်သတ်လာလျှင် ရှန်းလီနှင့် ချန်းသရှန်တို့ကို အပြည့်အဝယုံကြည်လေသည်။ အားလုံးက ဂူကိုကူညီသန့်ရှင်းပေးလိုက်ကြပြီး သစ်များကို ခုတ်လိုက်ကြပြီး အခြေခံအတားအဆီးတစ်ခုကို တည်ဆောက်လိုက်ကြကာ ကျိုးမိသားစု စတင်နေထိုင်နိုင်ဖို့ရန် လုံခြုံသည့်နေရာတစ်ခုကို သေချာလေးလုပ်ပေးလိုက်သည်။
သူတို့သည် ဂူရှေ့တွင်ပင် သစ်များကိုခုတ်ဖြတ်လိုက်ကြပြီး စိုက်ပျိုးရေးအတွက် နေရာလေးတစ်ခုကို ဆက်တိုက်ရှင်းလင်းပေးလိုက်ကြသည်။ ရှန်းလီက ဂူရှေ့က မြေကွက်လေးတစ်ခုကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"ဒီနေ့တော့ ဂူထဲကိုဝင်မဲ့ ဂူဝင်ပေါက်ကို အရင်ဆုံး ဆောက်လိုက်ကြမယ်၊ ကျွန်တော်တို့တွေ ဒီနေ့ည မီးပုံတစ်ခုကိုပုံပြီး ဦးလေးတို့ရဲ့ဂူပတ်ဝန်းကျင်မှာ စည်းရိုးအမြင့်ကြီးတစ်ခုကို ဆောက်ပေးဖို့ သစ်ပင်တွေလဲ ထပ်ခုတ်ရမယ်၊ တောင်ကျစမ်းရေကိုလဲ ထည့်သွင်းပြီးတော့ စည်းရိုးခတ်ရမယ်၊ ဒီလိုဆိုရင် အဒေါ်နဲ့တစ်ခြားသူတွေလဲ ဂူထဲမှာပဲ နေစရာမလိုတော့ဘူးပေါ့၊ နောက်ထပ်လုံခြုံရေးကို ဖြည့်တင်းဖို့အတွက်ဆိုရင် ကျောက်တုံးတွေကို တဖြည်းဖြည်းချင်း စီစုပြီး နောက်ထပ် ကျောက်နံရံ အလွှာတစ်ခုကို ဆောက်လို့ရတယ်၊ တိရစ္ဆန်တွေရဲ့ သွားနဲ့လက်သည်းတွေရဲ့ခွန်အားကို လျှော့မတွက်နဲ့ "
ချန်းသရှန်သည် ထိုနေရာကို အကြိမ်အနည်းငယ်ထပ်ပြီး ပတ်လျှောက်လိုက်ပြီးနောက်တွင် အကြံပေးလိုက်လေသည်။
"အောက်ဘက်မှာ သစ်ချောင်းအရှည်တွေကိုသုံးပြီး စိုက်ပျိုးမဲ့နေရာတစ်ခုကို လုပ်နိုင်တယ်၊ အခု ပဲပိစပ်နဲ့ ဟင်းသီးဟင်းရွက်တချို့ကိုလဲ စိုက်လို့ရသေးတယ်၊ တကယ်လို့ အလျင်လိုတယ်ဆိုရင် ရာသီမကုန်ခင်မှာ ကောက်နှံတစ်မျိုးမျိုးကို စိုက်ပျိုးလို့ရတယ်၊ စည်းရိုးတွေနဲ့ ကာထားတာဆိုတော့ အများကြီးပိုပြီး လုံခြုံလိမ့်မယ်၊ ဒါပေမဲ့လဲ ကိုယ့်ဟာကိုယ် ဖြည်းဖြည်းချင်း လုပ်ရမဲ့ အရာတွေလဲ ရှိတယ်"
ကျိုးမိသားစုက ခေါင်းတွင်တွင် ညိတ်ပြလိုက်ပြီး ကျိုးလိုင်ကျီ၏မိန်းမက ပြောလိုက်၏။
"ရှင်တို့တွေက ကျွန်မကို ဒီလောက်အထိကူညီပေးဖို့ ဆန္ဒရှိတာကပဲ တကယ့်ကိုကျေးဇူးတင်စရာ ဖြစ်နေပါပြီ၊ ကျွန်မတို့တွေက ရှင်တို့ကို ဘယ်လို ကျေးဇူးတင်ရမယ်မှန်းတောင် မသိတော့ဘူး"
ယခုအချိန်တွင် တောင်အပြင်ဘက်က အမျိုးသမီးများအတွက် အနာဂတ်ဟူသည် မရှိတော့ပေ။ သူမသည် အသက်အရွယ်ကြီးရင့်နေပြီး ရောဂါအခံလဲရှိသည်။ သူမ သေဆုံးသွားလျှင် သူမ၏မိသားစုကို ဝန်ထုပ်ဝန်ပိုးတစ်ခု ပိုပြီးတော့ နည်းသွားစေလိမ့်မည်။ သို့သော်ငြားလဲ သူမ၏သမီးဖြစ်သူက ငယ်ရွယ်သေးသည်။ အထူးသဖြင့် အရွယ်ကောင်းရောက်နေသည့် သူမ၏သမီးအကြီးဆုံးပင်။ သမီးအကြီးဆုံးထံတွင် တစ်ခုခုဖြစ်သွားမည် ဆိုသည့်အတွေးက လုံးဝမခံစားနိုင်ပေ။
သူမသည် လမ်းတစ်လျှောက်တွင် ပြောင်စင်နေအောင် ကောက်ထားသည့် တောထဲကအရိုးများကိုလဲ တွေ့ခဲ့ရပြီး သူတို့သည် နောက်ဆုံး၁ရက်ခွဲအတွင်းတွင် အသက်ရှိသည့် တစ်စုံတစ်ခုကိုမှ မတွေ့ခဲ့ရချေ။ ဒီလိုနက်ရှိုင်းသည့် တောင်ထူထပ်သည့်နေရာသို့ ဝင်ရောက်လာခြင်းက သူတို့သည် တစ်ခြားလူများ၏ ရောက်လာနိုင်သည့်အန္တရာယ်ကို ယာယီရှောင်တိမ်းနိုင်သည်ဟု သူမ သိလေသည်။ တောင်များထဲက တောရိုင်းတိရိစ္ဆာန်များအတွက်တော့ သူတို့သည် ဒီတောင်ကုန်းကလွဲရင် မည်သည့်တစ်ခြားနေရာသို့ သွားနိုင်ပါမည်နည်း။
...
ရှန်းလီ၏အဖွဲ့သည် နောက်တစ်နေ့ မနက်ခင်းတွင် ထွက်သွားကြလေသည်။ သူတို့ မထွက်ခွာခင်တွင် သူတို့သည် နောက်ပိုင်း ဒီဖက်သို့ အမဲလိုက်သွားခဲ့လျှင် ကျိုးသားအဖနှစ်ယောက်ကို ခေါ်ပေးမည့်အကြောင်း ကတိပေးခဲ့လေသည်။
သူတို့သည် လျှိုမြောင်ထဲသို့ ပြန်လာသည့်အချိန်တွင် နေ့လယ်ခင်း ကျော်နေပြီဖြစ်သည်။ ဆိုင်တာဝန်ခံရွှီက တောင်ကမ်းပါးယံပေါ်က ကြိုးဖြင့်ဆင်းလာသည်တွင် ကလေးများက သတိထားမိလိုက်ကြပြီး မိသားစုအားလုံးကို အသိပေးလိုက်ကြလေသည်။ အားလုံးက အန္တရာယ်ကင်းကင်း ဆင်းလာချိန်တွင် လျှိုမြောင်ထဲက နေထိုင်သူများက သူတို့ထံသို့ ဝိုင်းရံလာကြသည်။
"ရှင်တို့တွေ အစားအသောက် မသယ်နိုင်ခဲ့ဘူးပေါ့"
အဖွဲသည် သူတို့အမဲလိုက်လာသည့် ယုန်တချို့နှင့် ရစ်ငှက်တချို့၊ သူတို့ခူးဆွတ်လာသည့် တောဟင်းရွက်တချို့မှလွဲလျှင် သူတို့၏ခရီးအတွက်ပြသရန် ဘာတစ်ခုမှမရှိခဲ့ချေ။ အဘိုးချန်းက ဒါကိုမြင်လိုက်သဖြင့် မေးလိုက်လေသည်။
ချန်းသရှန်က ခေါင်းညတ်ပြီးပြန်ဖြေသည်။
"ချီယမ်စီရင်စုကို အဲဒီဓားပြတွေက သိမ်းပြီးသွားပြီ သူတို့တွေက စီရင်စုအပြင်ဘက်မှာနေ့တိုင်းတပ်စုတွေကို လေ့ကျင့်ရေးလုပ်ပြီး စစ်သားတွေကိုလဲ ခေါ်ယူနေတယ် ကျွန်တော်တို့တွေအနားကပ်လို့မရခဲ့ဘူး"
သူသည် တောင်အပြင်ဘက်က အခြေအနေကို ရှင်းပြလိုက်ပြီး ရှီလီရွာက ကျိုးလိုင်ကျီနှင့်သူ့သားများနှင့် တွေ့ကြုံခဲ့ရသည့်အကြောင်းကို ပြောပြလိုက်သည်။ သူတို့သည် ထိုမိသားစုကို တောင်အတွင်းပိုင်း အနက်ထဲသို့ ခေါ်ဝင်လာပုံကိုလဲ ပြောပြလိုက်သည်။
လျှိုမြောင်က အချိန်တော်တော်ကြာအောင် တိတ်ဆိတ်သွားလေသည်။ ခဏကြာပြီးနောက်တွင် အဘိုးချန်းက စကားပြောလာနိုင်သည်။
"ဒါဆိုရင် လူအများကြီးက စီရင်စုထဲမှာ ပိတ်မိနေကြတာပေါ့၊ သူတို့ထဲက ဘယ်သူမှ ထွက်ပြေးမလာနိုင်ကြဘူးလား"
ချန်းသရှန်က သူ့အကြည့်ကို နှိမ့်ထားလိုက်ပြီး ရှန်းလီက ပြန်ဖြေသည်။
"ကြည့်ရတာတော့ အစောပိုင်းဖရိုဖရဲ ကာလထဲမှာ လူလက်တစ်ဖက်စာလောက်ပဲ ထွက်ပြေးလာနိုင်တယ်ထင်တယ် မြို့တံခါးကလဲ သိပ်မကြာခင်မှာပဲချက်ချင်း ပြန်ပိတ်သွားတာဖြစ်မယ်"
အဘိုးလုက အလျင်စလို မေးလိုက်လေသည်။
"မြို့ထဲက အဲဒီလူတွေ အားလုံးကရော သူတို့တွေရော အထဲမှာ ပိတ်မိနေကြသေးလား"
ရှန်းလီက ခေါင်းခါပြသည်။
"ကျွန်တော်လဲ အဲလိုထင်တာပဲ၊ အစားအသောက်မရှိဘဲ မြို့ထဲမှာ ပိတ်မိနေကြတဲ့ သာမန်မြို့သူမြို့သားတွေကတော့ အချိန်အကြာကြီး အသက်ရှင်နိုင်မှာ မဟုတ်ဘူး၊ ယောကျ်ားတွေကတော့ စားသောက်ရေးအတွက် ကြံရာမရပဲ သူပုန်တွေ၊ ဓားပြတွေနဲ့ ပူးပေါင်းသွားလောက်တယ် အမျိုးသမီးနဲ့ကလေးတွေကတော့..."
သူတို့၏ကံကြမ္မာသည် ကံအပေါ်တွင်သာ မူတည်လေသည်။
လုပ်နိုင်ကိုင်နိုင်သည့် ယောက်ျားသားများရှိသည့် မိသားစုများကတော့ သူတို့ဟာသူတို့ ကာကွယ်နိုင်သော်ငြားလဲ လုပ်နိုင်ကိုင်နိုင်သည့် ယောက်ျားမရှိသူများအတွက်ကတော့ ကိုယ့်ဟာကိုယ် ကာကွာပေးနိုင်မည်မဟုတ်ရာ ကံအပေါ်တွင်သာ မူတည်တော့သည်။ အကယ်၍များ အမျိုးသမီးများသည် ဆွဲဆောင်ခြင်းခံခဲ့ရလျှင် ထိုမြို့ထဲက သူတို့၏အခြေအနေသည် မြေကြီးပေါ်ကငရဲနှင့် မကွာခြားတော့ပေ။
အဖွဲ့သည် အချိန်တော်တော်ကြာအောင် နှုတ်ဆိတ်ကာ ရပ်နေကြလေသည်။ နောက်ဆုံးတွင် ကျိုးရွာသူကြီး၏အသံက တုန်တုန်ယင်ယင်ဖြင့် ထွက်လာသည်။
"ငါတို့ရဲ့ ရှီလီရွာမှာ ငါတို့ရယ်၊ လိုင်ကျီမိသားစုရယ်ပဲ အသက်ရှင်ကျန်ရစ်ကြတာလား"
သူတို့သည် ရှန်းမိသားစုနှင့်ချန်းမိသားစုတို့၏ လမ်းညွှန်မှုနှင့် အကာအကွယ်ကိုရရှိသည်က ကံကောင်းခဲ့ပေသည်။ ထိုအရာကပင် သူတို့ကို သည်လိုဝေးကွာလှသည့် တောင်အတွင်းပိုင်းတွင် ပုန်းခိုဖို့ရန်ဖြစ်လာလေသည်။ ကျိုးလိုင်ကျီမိသားစုကပင် သူတို့နှင့်တွေ့ဆုံဖို့ရန်အထိ ကံကောင်းခဲ့လေသည်။ သို့သော်ငြားလဲ တစ်ခြားရွာက မည်သို့များ ဖြစ်နေပါမည်နည်း။ အေးချမ်းသည့် အချိန်ပြန်ရောက် လာလျှင် မိသားစုဘယ်နှစ်ခုက အသက်ရှင်လျှက် ပြန်ရောက်လာနိုင်ပါမည်နည်း။
အဘွားချန်းနှင့် ကျိုးချွမ်ကျန့်၏မိန်းမအပါအဝင် လူကြီးများသည် သူတို့၏မျက်ရည်များကို သုတ်လိုက်ကြလေသည်။
စန်းလော့၏လက်ချောင်းများကလဲ မသိမသာ တုန်ယင်သွားတော့သည်။ သူမ၏စိတ်ကလဲ သူမဖတ်ခဲ့ဖူးသည့် သမိုင်းကြောင်းမှတ်တမ်းကို ပြန်လည်သတိရသွားလေသည်။ ရှေးခေတ်မင်းဆက်များတွင် လူဦးရေအရေ တက်ခြင်း ကျခြင်းက သိသာလေသည်။ သူမ တတ်နိုင်သည့်အရာမှာ ဝေဝါးလှသည့်လက်တွေ့ကို သက်ပြင်းချရုံသာ ရှိတော့သည်။
အခုတော့ သူမသည် ထိုကြီးမားကျယ်ပြန့်လှသည့် အရေအတွက်များထဲက အလွန်မှသေးငယ်သည့် မထင်ရှားသည့် အရာတစ်ခုဖြစ်ပြီး ဖုန်မှုန်လေးတစ်ခုထက်ပင် ပိုပြီးသေးငယ်လေသည်။
...
အပိုင်း(၁၈၀) အမဲလိုက်ခြင်းခရီး
ဆယ်ရက်ကျော် ခရီးတစ်ခု ပြီးနောက်တွင် တစ်ရက်နှင့်တစ်ညနီးပါး အားထုတ်လိုက်ရပြီး ကျိုးမိသားစု၏ ခြံစည်းရိုးကို ဆောက်ပေးခဲ့ကြသည်။ ရှန်းလီနှင့် တခြားသူများသည် သူတို့၏အိမ်သို့ မပြန်ခင် အပြင်ဘက်အခြေအနေများကို လျှိုမြောင်ထဲတွင် နေထိုင်သူများအား အကျဉ်းချုပ် ပြောပြလိုက်သည်။
စန်းလော့သည် သူမ၏ခရီးတလျှောက်တွင် စိတ်အခြေအနေ မကောင်းချေ။ သို့သော် ရှန်းလီက သူမ၏စိတ်အခြေအနေကို သတိထားလိုက်မိသည်။ သူသည် သူမကို နှစ်သိမ့်ပေးချင်သော်လည်း သူမက ကိုယ့်ဟာကို စိတ်အားတက်အောင် လုပ်ထားပြီးဖြစ်လေသည်။
သည်းခံလိုက်။ သူမက စဉ်းစားလိုက်၏။ အရင်က ကျိုးမိသားစုရဲ့ ဒုက္ခ၊ စီရင်စုထဲမှာ ပိတ်မိနေကြသူတွေနဲ့ ယှဉ်လိုက်ရင် ငါ့အခြေအနေက အများကြီး ကောင်းပါသေးတယ်။ အပြင်ဘက်က တိုက်ပွဲက ပြတ်သားတဲ့ ရလာဒ်တစ်ခု ထွက်လာတဲ့အထိ အားတင်း အလုပ်ကြိုးစားနေခဲ့ရင် အခြေအနေက တိုးတက်လာမှာပဲ။
ဒါပေမဲ့ ဒီအခြေအနေက အချိန်ဘယ်လောက် ကြာမှာလဲမသိဘူး။
သူမသည် ရှန်းလီကို မေးလိုက်သည်။
“စီရင်စုထဲမှာ လူတွေပဲ ပိတ်မိနေပြီး စစ်မှုထမ်းဖို့ ခေါ်ထားခံရတဲ့ ကပ်ဘေးဒုက္ခသည်တွေနဲ့ဆိုရင် တောင်ထဲကို လူအများကြီး ထွက်ပြေးမလာလောက်ဘူးထင်တယ်နော်”
သူမ၏အတွေးများက ပြောင်းလဲသွားသည်ကို မြင်လိုက်ရသဖြင့် ရှန်းလီသည် အတိုင်းအတာတစ်ခုအထိ စိတ်အေးသွားတော့သည်။ သူက ခေါင်းညိတ်ပြီး ပြောလိုက်၏။ “ကျွန်တော် အစပိုင်းက မျှော်လင့်ထားတာထက် အများကြီးနည်းတယ်၊ အမျိုးစုကတော့ အစောပိုင်းက လွတ်လာကြတဲ့သူတွေ ဒါမှမဟုတ် စီရင်စုကနေ ထွက်ပြေးလာနိုင်ခဲ့တဲ့သူတွေက အနည်းစုပေါ့၊ ဒါမှမဟုတ် ပုန်ကန်မှုအတွက် စစ်မှုထမ်းခေါ်ခံရလို့ ငြင်းခဲ့ကြတဲ့သူတွေပေါ့၊ ဒါပေမဲ့ အတွင်းပိုင်းကို ထိုးဝင်လာဖို့က မလွယ်ပါဘူး၊ သူတို့တွေ အပြင်ဘက်မှ အစားအသောက် ရှာဖွေနိုင်သရွေ့တော့ အတွင်းဘက် ပိုကျတဲ့နေရာကို စွန့်စားပြီး ဝင်မလာလောက်ပါဘူး”
စန်းလော့က ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆိုရင် ဆောင်းဦးရာသီအတွင်းမှာ ကျွန်မတို့ တတ်နိုင်သလောက် ရိက္ခာတွေ သိုလှောင်ထားကြတာပေါ့၊ ကျွန်မ မနက်ဖြန် ရှင်နဲ့ အပြင်ထွက်မယ်”
သူမသည် တောင်ထဲက အရင်းအမြစ်များနှင့် ရင်းနှီးပြီး ထိုအရာများကို ကိုယ်တိုင် သွားစုဆောင်းရန် လိုအပ်လေသည်။ ရှန်းလီသည် နေရာနှင့် ရင်းနှီးသွားသည်နှင့် သူမသည် ရှန်းကျင့်ကိုလည်း အတူတူ ခေါ်သွားနိုင်သည်။
ထိုသို့ စဉ်းစားလိုက်ပြီးနောက် သူမက ရှန်းလီကို ပြောလိုက်၏။ “ကျွန်မ စားစရာတစ်ချို့ ပြင်ဆင်ထားလိုက်မယ်၊ ရှင်လည်း ကိုယ်လက်သန့်စင်ပြီး ကောင်းကောင်းလေး အနားယူလိုက်နော်”
အပြင်ဘက်တွင် မပင်မပန်း ဆယ်ရက်ကျော် အားထုတ်ခဲ့ပြီးနောက်တွင် ရှန်းလီနှင့် ချန်းသရှန်တို့သည် အနည်းငယ် နွမ်းနယ်နေပြီး ကျန်သည့်ရွှီမိသားစုဝင်များကတော့ သိသိသာသာ ခြေကုန်လက်ပမ်းကျနေသည်ကို သူမ သတိထားမိလိုက်သည်။
ရှန်းလီသည် သူ့နှလုံးသားထဲတွင် နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရ၏။ သူသည် စန်းလော့ကို ကြိုးစားပေးခဲ့သည့် ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် ကိုယ်တိုင် ရေခပ်ရန် ရေပုံးကို ယူသွားလိုက်သည်။
သူတို့၏အပြင်လမ်းက တိတ်ဆိတ်နေ၏။ စာဖန်းတတ်ကြသည့် ကလေးတစ်ချို့က ရှန်းကျင့်၏ဂူထဲတွင် ရှိနေကြသည်။ သူတို့သည် အစာကျွေးကူရန် ပြန်လာချိန်တွင် ရှန်းလီသည် ခရီးက ပေရေနေသည်များကို ဆေးကြောပြီးဖြစ်ကာ နွေးထွေးသည့် တနပ်စာစားပြီးနောက် အိပ်ပျော်သွားလေသည်။
ဂူထဲသို့ ဝင်လာသည်တွင် ရှန်းအန်းနှင့် ရှန်းနဉ်တို့က သူတို့၏အစ်မကြီးကို လှမ်းခေါ်မည်ပြင်လိုက်စဉ် စန်းလော့က နှုတ်ခမ်းပေါ် လက်ညိုးကို တင်ထားလိုက်ပြီး မောင်နှမနှစ်ယောက်ကို အိပ်ယာဘက်သို့ ကြည့်ဖို့ အမူအရာ လုပ်ပြလိုက်၏။
ထိုအခါမှာ ရှန်းအန်းနှင့် ရှန်းနဉ်တို့သည် သူတို့အစ်ကိုကြီး ပြန်လာသည်ကို သိလိုက်ရတော့သည်။ သူတို့သည် ချက်ချင်း တိတ်ဆိတ်နေလိုက်ကြပြီး ဘာအသံမှမထွက်အောင် ခြေဖော့ပြီး လမ်းလျှောက်လိုက်သည်။
စန်းလော့ ပြုံးကာ မီးချောင်ဘက်သို့ လက်ညိုးထိုးပြလိုက်ပြီး မောင်နှမနှစ်ယောက်ကို ကိုယ့်ဟာကို ညစာစားဖို့ လက်ဟန်ပြလိုက်သည်။
သည်နေ့ဝက်နှင့် ညနေခင်းသည် ရှန်းလီအတွက် အနားရသည့် အဖိုးတန်အချိန်လေး ဖြစ်ခဲ့သည်။ နောက်နေ့မှစပြီး သူနှင့် ချန်းသရှန်တို့သည် ဆောင်းဦးတလျှောက်လုံးတွင် အနားယူရန် အချိန်ရဖို့ ခက်ခဲပေတော့မည်။ သူတို့သည် ချန်းနှင့် ရှန်းမိသားစုတို့၏ ဝန်ကို ထမ်းထားရသည့်အပြင် လျှိုမြောင်ထဲက ထိုမိသားစုများနှင့် လျှိုမြောင်အပြင်ဘက်က ကျိုးမိသားစုကိုလည်း တာဝန်ယူထားရသည်။
သည်နက်ရှိုင်းသည့် တောင်ထဲတွင် သည်လူအားလုံးကို အသက်ရှင်သန်ပြီး ခံနိုင်ရည်နှင့် ငြိမ်းချမ်းသည့်ကာလကို မြင်တွေ့ခွင့်ရရန် အသက်ရှည်ရှည်နေနိုင်ရန်အတွက် လုပ်ရည်ကိုင်ရည်ရှိသည့် လူနည်းစုက တာဝန်ယူများကို ပိုထမ်းထားရမည်ဖြစ်ကာ အားလုံးကလည်း သူတို့၏အားထုတ်မှုကို စုစည်းပြီး အားလုံးကို ဖြည့်ဆည်းပေးရလိမ့်မည်။
...
နောက်တစ်နေ့ မနက်ခင်းတွင် ယောက်ျားများသည် အပြင်ဘက်တွင်အလုပ်လုပ်ပြီး တနေကုန်သွားကာ တခြားမိသားစု သုံးခု၏ဂူနှင့် ရိုးရိုးသစ်သားကုတင်များကို ပြုလုပ်ပြီးစီးသွားပြီး ညရောက်မှ လျှိုမြောင်ထဲသို့ ပြန်လာကြလေသည်။ ထိုနေ့ညတွင် ရှန်းလီသည် သူနှင့် စန်းလော့တို့ အပြင်မထွက်ခင် အငယ်လေးများကို စုဝေးလိုက်သည်။ သူတို့၏ နေထိုင်ရာအသစ်အကြောင်းကို အသေးစိတ်မပြောတော့ဘဲ သူသည် သူတို့၏ခရီး၏ အချိန်တစ်ခု ကြာမည်ဟု ပြောပြလိုက်ပြီး သူတို့ကို အိမ်ကိစ္စတစ်ချို့ကို တာဝန်ပေးလိုက်၏။
ရှန်းအန်း၊ ရှန်းနှဉ်ဖြစ်စေ၊ ရှန်းကျင့်ဖြစ်စေ အားလုံးသည် အခုတော့ အိမ်မှုကိစ္စမှုကို ကျွမ်းကျွမ်းကျင်ကျင် နိုင်နင်းနေပြီဖြစ်သည်။ သူတို့သည် ဆိတ်ကျောင်း၊ ကြက်စာကျွေး၊ အပြင်စိုက်တတ်ကြပြီး ဘာစိုးရိမ်စရာမှ မဖြစ်စေဘဲ့ အစားအသောက်ပြင်ဆင်တတ်ကြသည်။ ဆိတ်နို့ညစ်သည့်အလုပ်ကိုပင် ရှန်းနဉ်သည် အသိအမှတ်ပြုရလောက်သည့် အရည်အချင်း၊ တိကျမှုနဲ့ ဆောင်ရွက်နိုင်သည်။
ရှန်းကျင့်ကလည်း သူ့မရီးက တစ်ချို့ပစ္စည်းများကို တော်တော်လေးမှတ်ထားနိုင်သည်ကို သတိထားမိသည်။ ဆောင်းဦးတွင် တောထဲသွားရန် လိုအပ်သဖြင့် သူသည် အလျင်မလိုချေ။ နောက်ခရီးတွင် သူ့အစ်ကိုကြီးက သူ့ကို ခေါ်သွားပေးမည့်အချိန်ကိုကာ သည်အတိုင်း စောင့်နေဖို့လိုသည်။
လျှိုမြောင်ထဲတွင် ရွာသူကြီးကျိုးနှင့် ဆိုင်တာဝန်ခံရွှီတို့လို လုပ်ရည်ကိုင်ရည်ရှိသည့် လူကြီးများနှင့်အတူ အိမ်ထောင်စုတစ်ခုစီက လုပ်နိုင်ကိုင်နိုင်သည့် လူငယ်တစ်ယောက် နှစ်ယောက်လည်း ကျန်ခဲ့ကြသည်။ တောင်ထဲက ဖရိုဖရဲဖြစ်နေသည့်အခြေအနေသည် သူတို့ကို တံခါးရှေ့တွင် ရောက်လာပြီးဖြစ်သည်။ တိုင်ပင်ဆွေးနွေးလိုက်ကြပြီးနောက်တွင် သူတို့သည် ကြမ်းတမ်းသည့် အခြေအနေကို မြင်ခဲ့ဖူးသည့် အတွေ့အကြုံရှိသူ ရှီသလန်ကို လျှိုမြောင်ကို စောင့်ကြပ်ခိုင်းရန် ဆုံးဖြတ်လိုက်ကြသည်။ တခြားသူများက သူ့ကို ကူညီပေးကြမည်။ လျှိုမြောင်ဝင်ပေါက်ကို အထဲဘက်မှ ပိတ်ထားရမည်။ အစောင့်များကို ထိုနေရာတွင် နေ့ရောညပါ ထားရှိပြီး ရှန်းလီနှင့် ချန်းသရှန်တို့ကို ဘာစိုးရိမ်စိတ်မှ မရှိစေရ။ သူတို့လိုအပ်သည့်အရာမှာ အိမ်ထောင်စုများအတွက် စုဆောင်းပေးရန်ဖြစ်သည်။ သူတို့သည် ဆောင်းဦးအမဲလိုက်ရန်အတွက် သူတို့အဖွဲ့ကို ဦးဆောင်သွားနိုင်လိမ့်မည်။
ယခုအချိန်တွင်တော့ လုသလန်သည် တစ်ခုခု မူမမှန်ဖြစ်နေသည်ကို နောက်ဆုံးတော့ ခံစားမိလိုက်၏။
အဘိုးလုသည် အစောပိုင်းတွင် တံခါးများအတွက် သစ်ခုတ်ခြင်း၊ ပဲစိမ်များကို သူတို့နှ့်အတူတူ လုပ်ခဲ့သေးသည်။ ထိုအချိန်က လုသလန်သည် ဒါကို ထင်းခုတ်ခြင်းပဲဖြစ်မည်ဟု မှတ်ထားလိုက်သည်။ အဘိုးလုကလည်း လုသလန်ကို ပဲရေစိမ်ရာတွင် မကူညီခိုင်းတော့ဘဲ ထို့အစား အဘိုးချန်း၏ အကူအညီကို ယူခဲ့သည်။ လုမိသားစုတစ်ခုလုံးသည် ကြီးမားသည့်ဂူတစ်ခုထဲတွင် နေထိုင်ကြပြီး နွေရာသီတွင် သီးသန့်ဖြစ်နေရန် လျှော်ကြမ်းများကို ဖျာရက်ကာ သူတို့အိပ်ယာများပေါ်တွင် ချိတ်ဆွဲထားခဲ့ပြီး ပစ္စည်းများကလည်း စင်ပေါ်တွင် ရှိနေသေးသည်။ သန့်ရှင်းရေးလုပ်ချိန်တွင် တစ်ခုခုကို မြင်ရလိမ့်မည်က ရှောင်လွဲလို့မရနိုင်ချေ။
လုအာ့လန်နှင့် လုစန်းလန်တို့သည် သည်ခရီးတွင် လက်နက်များကို မယူခဲ့ချေ။ သူတို့သည်လည်း သားမွှေး၊ စောင်များ၊ ရေနွေးကျိုရန် မြေအိုးတစ်လုံးနှင့် ပန်းကန်နှစ်လုံး၊ ဇွန်းနှစ်ချောင်းတို့ကို ထုပ်ပိုးထားသည်။
နာရီမပြည့်ခင်အထိ တစ်ယောက်တည်း သုန်မှုန်နေပြီးနောက်တွင် သူသည် သည်းမခံနိုင်တော့ဘဲ လုအားလန် ပြင်ဆင်ထားသည့် ခြင်းကို ချောင်းကြည့်ချင်စိတ်များ ဖြစ်လာတော့သည်။
ခြင်းကို လေ့လာပြီးနောက်တွင် သူသည် ဝါးကျည်တောက်လေးများထဲတွင် ဆားများကို ဖြည့်နေသည့် ညီအစ်ကိုနှစ်ယောက်ဘက်သို့ လှည့်သွားလိုက်၏။ သူက အရဲစွန့်ပြီး မေးလိုက်တော့သည်။
“မင်းတို့တွေ ဒီတစ်ခါ ဘာလို့ ဒီပစ္စည်းအားလုံးကို သယ်သွားတာလဲ”
လုအာ့လန်၏ အမူအရာက မပြောင်းလဲသွားဘဲ သူက ပြန်ဖြေလိုက်သည်။
“ဆောင်းဦးရောက်တော့မယ်လေ၊ ငါတို့တွေ သိုလှောင်နိုင်မဲ့ ပစ္စည်းဖြစ်ဖြစ် အခြောက်လှန်းလို့ရမဲ့ ပစ္စည်းဖြစ်ဖြစ် ရှာဖွေဖို့ တောင်အတွင်းပိုင်း ပိုနက်တဲ့နေရာကို သွားဖို့လိုတယ်၊ ငါတို့တွေ ရက်တော်တော်ကြာတဲ့အထိ ပြန်လာဖြစ်မှာမဟုတ်ဘူး၊ ပြီးတော့ ငါတို့တွေ ခဏခဏ ထွက်လိုက်ဝင်လိုက်နဲ့ လမ်းကြောင်းအရမ်းထင်ရှားသွားမှာကို ရှောင်ချင်တယ်၊ ပစ္စည်းတွေကို အပြင်ဘက်မှ စီစဉ်ပြီးတော့ အချိန်တစ်ခုကြာမှ အသုတ်လိုက်ခွဲပြီး ယူပြန်လာမှာ”
သူတို့သည် တောင်အတွင်းပိုင်း ပိုနက်သည့်နေရာသို့ပင် သွားရန် စီစဉ်ထားသည်ကို ကြားလိုက်ချိန်တွင် လုသလန်၏သတ္တိက ယိမ်းယိုင်သွားတော့သည်။ သိပ်မကြာခင်က သူတို့၏ခရီးတွင် အတွင်းပိုင်းက ကြောက်စရာကောင်းသည့် သားရဲတိရစ္ဆာန်များနှင့် တွေ့ကြုံခဲ့သူများသည် အကြီးအကျယ် ထိတ်လန့်ခဲ့ကြသည်။ ခရီးတစ်ခုထဲတွင် နှစ်ကြိမ်တွေ့ကြုံသည်က သာမန်လိုဖြစ်ရော သူတို့သည် အဘယ်သို့များ ပိုဝေးသည့်နေရာသို့ သွားနိုင်ကြပါသနည်း။
သူသည် နောက်ထပ်မေးခွန်းများကို ထပ်မမေးတော့ဖို့ ချက်ချင်း ထိန်းချုပ်ထားလိုက်တော့သည်။
ခြေရာလက်ရာကို အနည်းဆုံးဖြစ်အောင် အပြင်ဘက် တောင်ထွက်ပစ္စည်းများကို စီစဉ်ပြီး အချိန်တစ်ခုမှ ပြန်ယူလာမည့်စိတ်ကူးကတော့ ဒါသည် လျှိုမြောင်လုံခြုံရေးအတွက် အမှန်ပင် အကျိုးရှိလေသည်။ သူသည် သူ့အကျိုးကိုသာ ဂရုစိုက်ပြီး လုအာ့လန်နှင့် လုစန်းလန်တို့၏ အပြင်ဘက်က နေရေးထိုင်းရေး၊ လုံခြုံရေးအကြောင်းကို စိတ်လဲမပူသလို မေးလဲမမေးချေ။
လုအဘွားက သူ့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး တခြားသူများ စောင့်မနေရအောင် မြန်မြန်လုပ်ရန် လုအာ့လန်နှင့် လုစန်းလန်တို့ကို လောဆော်လိုက်တော့သည်။
ညီအစ်ကိုနှစ် ထွက်သွားသည်နှင့်တပြိုင်နက် အဘွားလုက အားရှုကို ခေါ်ကာ သူတို့ကို လိုက်ပို့ပေးလေသည်။ ထို့နောက်တွင် လုသလန်ဘက်သို့ လှည့်လိုက်ပြီး သူမက ပြောလိုက်၏။ “အားလီက ခရီးတစ်ခါ ထွက်သွားသေးတယ်၊ ကြည့်ရတာ အပြင်ဘက်မှ ဖရိုဖရဲကိစ္စတွေ နောက်ကလိုက်လာပြီထင်တယ်၊ ငါတို့တွေ တောင်ထဲမှာ ဘယ်လောက်ကြာကြာ ပုန်းနေဖို့မလဲဆိုတာမသိရဘူး၊ ငါတို့ အစားအသောက်ရိက္ခာတွေလည်း အကန့်သတ်ဖြစ်နေပြီ၊ ဒီလျှိုမြောင်ကလည်း စိုက်ပျိုးရေးအတွက် မြေအများကြီး ရှိတာမဟုတ်ဘူး၊ နင်တို့မိသားစုတွေ အစားအသောက်ကို ပိုပြီးချွေတာသင့်တယ်၊ နင်တို့ အစားအသောက်တွေ ကုန်သွားရင် နင့်ညီတွေ ကျွေးမှာကိုပဲ အားကိုးမနေနဲ့၊ သူတို့တွေကလည်း သူတို့အသက်ကို ရင်းထားရတဲ့အချိန်မှာ သူတို့ကို ဝန်ထုပ်ဝန်ပိုးပေးနေတာ မမျှတဘူး”
လုသလန်၏မျက်နှာသည် ရှက်ရွံ့စိတ်ကြောင့် နီရဲသွားတော့သည်။ သူက နာနာခံခံဖြင့်သာ ပြန်ဖြေလိုက်၏။ “အမေ ကျွန်တော် နားလည်ပါတယ်”
ထို့နောက် သူက လုသနွီဘက်သို့ လှည့်ပြောလိုက်၏။ “အဘွားပြောတာ ကြားတယ်နော်၊ အခုချိန်ကစပြီး ပဲလျှော့ထည့်၊ အားသုံးရမဲ့အလုပ်တွေ မလုပ်နဲ့၊ စားပြီးရင် ဒီအတိုင်းနားနေ၊ တတ်နိုင်သလောက် အစားအသောက်တွေကို ချွေတာရမယ်”
လုသနွီက အလျင်စလို သဘောတူလိုက်သည်။
ဝန်ထုပ်ဝန်ပိုးက တဖန် ကလေးများထံသို့ ပြောင်းသွားတော့သည်။ လုအဘွားသည် ဘာမှ ထပ်ပြောချင်စိတ်မရှိတော့ချေ။
ဘယ်သူက သည်အနေအထိ မရောက်ချင်ကြပေ။ သို့သော်လည်း တာဝန်များကို ပခုံးမထမ်းနိုင်သည့် လုသလန်နှင့် ပြဿနာကို အဆုံးမရှိ ရှာဖွေနေသည့် ဝမ်ချွန်းညန်ကြောင့် သူတို့မောင်နှအရင်းများ မပြောနှင့် လျှိုမြောင်ထဲက တခြားမိသားစုများနှင့် ထိုလင်မယား၏ ဆက်ဆံရေးသည် မေးထူးခေါ်ပြောရုံထက်ပင် နည်းပါးသွားသည်။ လုအဘွားမှာ ရွေးချယ်စရာမရှိတော့ဘဲ လူဆိုးနေရာကို ယူလိုက်ရတော့သည်။
လုအဘွားလည်း မထွက်သွားချေ။ ထို့အစား သူမက ဂူအဝင်ဝနားတွင် လုပ်စရာ တာဝန်တစ်ချို့ကို ရှာဖွေလိုက်သည်။
လုရွှမ်းကျူးက သူလည်း အမဲလိုက်သွားနိုင်သည်ဟု ပြောချင်သော်လည်း စိတ်အတွင်းထဲတွင်တော့ ဒါက သူ သွားရဲခြင်း မသွားရဲခြင်းနှင့် မဆိုင်ကြောင်း သိနေသည်။ သူသည် ဘာမှမပြောတော့ဘဲ နှုတ်ဆိတ်ကာ ခေါင်းငုံ့ထားလိုက်တော့သည်။
သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှ သူ့အမေကို စောင့်ကြည့်ထားပြီး ဘာတစ်ခုမှ ထပ်မမှားအောင် လုပ်ရန်ဖြစ်တော့သည်။
...
လုမိသားစု၏ အရေးကိစ္စသည် သူတို့ကိစ္စသာဖြစ်လေသည်။ ရှန်းလီနှင့် သူ့အဖွဲ့ထွက်သွားသည်နှင့် သည်တစ်ကြိမ်တွင် ရှီသလန်နှင့် ကျိုးစန်းလန်တို့က လျှိုမြောင်ကို စောင့်ကြည့်ပေးဖို့ တာဝန်ယူလိုက်ကြသည်။
တောင်များသည် မလုံခြုံတော့ချေ။ ရှန်းလီ၊ ရှီသလန်နှင့် ကျိုးစန်းလန်တို့သည် ကြားကာလသည့် မသေချာသော်လည်း ၅ရက် ၁၀ရက်တစ်ခါမှ ပြန်လာမည်ဟု သဘောထားကြသည်။ ဝင်ပေါက်ကို ကျောက်တုံးများနှင့် ပိတ်ဆို့ထားပြီး သူတို့သည် ဆက်သွယ်ရန်အတွက် လျှို့ဝှက်အချက်ပြ တံခါးခေါက်သံတစ်ခု လုပ်ထားလိုက်သည်။ သူတို့သည် သူ့ကို သတိဝီရိယနှင့် နေပြီး သူတို့ပြန်လာမှ ဝင်ပေါက်လုံခြုံရေး သစ်သားတန်းကြီးကို ဖယ်ပေးမည်ဟု မှာထားလိုက်သည်။
ယောက်ျားနှစ်ယောက်လုံးက ဒါကို မှတ်ထားလိုက်ကြသည်။ ရှန်းလီသည် ဝင်ပေါက်ကိုသွားသည့် လျှို့ဝှက်တံခါးကို မလိုက်ပြီး အပင်များကိုအကာအကွယ်ယူကာ အပြင်ဘက်ကို စစ်ဆေးကြည့်လိုက်သည်။ မူမမှန်တာ မရှိသည်ကို တွေ့လိုက်ရမှ သူသည် အပြင်သို့ထွက်လိုက်ပြီး တခြားသူများကို နောက်မှလိုက်လာရန် ခေါ်လိုက်၏။
သူသည် ထိုသို့ပြောလိုက်ပြီးသည်နှင့် ဝင်ပေါက်နှင့် သူ့ပတ်ဝန်းကျင်ကို ကြီးမားသည့်ကျောက်တုံးများနှင့် အတားအဆီးအမျိုးမျိုးနှင့် ဖုံးကွယ်ထားလိုက်သည်။ သူတို့သည် ဝင်ပေါက်ဆီသို့ သွားသည့် မြင်သာလမ်းကြောင်းကို ဖျက်လိုက်ပြီး ခြေရာလက်ရာများကိုလဲ ဖျက်ထားလိုက်ကြသည်။ သူတို့သည် အားလုံးကို ပုံမှန်အတိုင်း ဖြစ်အောင်လုပ်ပြီးသည်နှင့် ဂူဆီသို့ ဦးတည်သွားလိုက်ကြပြီး အထဲတွင် အိပ်ယာခင်းပြီး ပန်းကန်လုံးနှင့်တူများကို စီစဉ်ကာ နေရာချထားလိုက်သည်။ ချဲ့ကားထားခြင်းများ မရှိချေ။
ချန်းသရှန်က ရေပုံးတစ်ခုကို ယူလာပြီး အနီးနားက တောင်ကျစမ်းရေးတွင် ရေသွားဖြည့်လိုက်သည်။ မိသားစုတစ်ခုချင်းက သူတို့၏ပဲပင်များကို အလှည့်ကျ ရေလောင်းပြီးနောက်တွင် သူတို့သည် လက်နက်များကို ကိုင်ကာ ခြင်းများနှင့် ထွက်လာခဲ့ကြသည်။
ထွက်လာခဲ့သည့် အဖွဲ့ထဲတွင် အမျိုးသမီးနှစ်ယောက်သာ ပါလေသည်။ စန်းလော့နှင့် ရှီအာ့လန်၏ မိန်းမတို့ဖြစ်သည်။ ဒါကလည်း သူတို့အိမ်ထောင်စုထဲတွင် ငယ်ရွယ်ပြီး လုပ်နိုင်ကိုင်နိုင်သည့် ယောက်ျားသားများ ရှားပါးခြင်းကြောင့်ပင်။
ရှန်းလီက မြေအိုးတစ်လုံး၊ ရေ၊ သေသေချာချာလေး ထပ်ထားသည့် အရွယ်အမျိုးမျိုးနှင့် အိတ်များနှင့် တိရစ္ဆာန် သားရေများကို သူ့ခြင်းထဲတွင် ထည့်လာသည်။ သူသည် နှစ်ယောက်သားကို ကြိုတင်သတိပေးခြင်းများ လုပ်လိုက်ပြီး စန်းလော့ကို တိုးတိုးလေး ပြောလေသည်။
“တချိန်လုံး ကျွန်တော့်အနားပဲ နေနော်”
စန်းလော့က လက်ထဲတွင် ချွန်ထက်သည့် ပေါက်တူးကို ကိုင်ထားပြီး ခေါင်းညိတ်ပြလိုက်၏။
ရှီအာ့လန်၏မိန်းမသည် အစပိုင်းတွင် တော်တော်လေး စိုးရိမ်ကာ စိတ်လှုပ်ရှားနေ၏။ အစက လိုက်လာမည့်သူမှာ ကန်းရှီဖြစ်သောလည်း အပြင်ဘက်က ဂူက သေးငယ်ပြီး လုံးဝသက်တောင့်သက်သာ မရှိချေ။ စန်းလာ့နှင့် ရှန်းကျင့်တို့ကလည်း အပြင်ထွက်ကြမည်ကို သိလိုက်ရသဖြင့် သူမသည်လည်း သူတို့နှင့် ဆန္ဒအလျောက် လိုက်ပါလာခြင်းပင်။
အခုတော့ စန်းလော့ကို ကြည့်လိုက်ပြီး သူမသည် စိတ်တင်းကြပ်မနေတော့ချေ။
အမှန်တွင်တော့ ရှန်းလီ၏ ဂရုစိုက်မှုကလွဲလျှင် လျှိုမြောင်ထဲက ထွက်လာသည့် တခြားသူများသည် စန်းလော့နှင့် ရှီအာ့လန်မိန်းမ၏ တစ်ဖက်တစ်ချက်တွင် အမှတ်တမဲ့ နေရာယူထားကြကာ သူတို့ကို ကာကွယ်ထားပြီး ခရီးဆက်ထွက်လာကြသည်။ အချိန်ဆွဲမနေဘဲ သူတို့သည် ကျိုးမိသားစု(ကျိုးလိုင်ကျီ) နေထိုင်သည့် တောင်ဘက်သို့ တန်းတန်းမတ်မတ် ထွက်လာခဲ့ကြလေသည်။
လုအာ့လန်သည် လုသလန်ကို မလိမ်ခဲ့ချေ။ သူတို့သည် အမှန်ပင် မကြာခဏဆိုသလို ပတ်ဝန်းကျင်များကို လှုပ်ရှားသွားလာကာ ရစ်ငှက်များနှင့် ယုန်များကို အမဲလိုက်ကြသည်။ တောဝက်များလည်း ရှိနိုင်သော်လည်း အတွင်းပိုင်းတွင်လောက်တောင် မများချေ။ ထို့ကြောင့် သူတို့သည် တောဝက်များကို ရှာဖွေရန အထူးတလည် အားထုတ်မှု လုပ်မနေတော့ဘဲ အတွင်းဘက် ပိုနက်သည့်နေရာသို့သာ တန်းသွားလိုက်ကြသည်။
ကျိုးလိုင်ကျီနှင့် သူ့သားသည် စိုက်ပျိုးသည့်နေရာ ပတ်လည်တွင် သစ်ချောင်းများနှင့် အလုပ်များနေပြီး သူ့မိန်းမနှင့် သမီးများကတော့ အငယ်လေးများနှင့်အတူ ပဲစိုက်နေကြသည်။ အဝေးက ဆူညံသံကို ကြားလိုက်သည်တွင် သူတို့သည် အစက အလန့်တကြား ဖြစ်သွားကြသေးသည်။ ရှန်းလီနှင့် သူ့အဖွဲ့ ရောက်လာသည်ကို သိလိုက်မှ သူတို့သည် အလွန်ဝမ်းသာသွားကြပြီး သူတို့အလုပ်များကို ထားကာ အပြေးအလွှားထွက်လာပြီး လာနှုတ်ဆက်ကြသည်။
အမဲလိုက်ခြင်းနှင့် ဟင်းရွက်ခူးဆွတ်ခြင်း။ သူတို့ကိုယ်တိုင်ဆိုလျှင် ယောက်ျားသုံးယောက် အတူတူသွားမှသာ အပြင်သို့ ထွက်ရဲလေသည်။ သူတို့သည် အဝေးကြီးသို့ လုံးဝမသွားရဲကြချေ။
ကျိုးလိုင်ကျီသည် ရှန်းလီနှင့် ချန်းသရှန်တို့၏လက်ထဲက လက်နက်များနှင့် သူတို့ကျောပေါ်က လေးများကို မြင်လိုက်သည်တွင် သူ၏နေလောင်ထားသည့် မျက်နှာသည် ဝမ်းသာလှုပ်ရှားမှုကြောင့် ဝင်းပလာတော့သည်။ “ဒီနေ့ အမဲလိုက်သွားမလို့လား”
ရှန်းလီနှင့် ချန်းသရှန်တို့က ပြုံးလိုက်ကြသည်။ ချန်းသရှန်က ပြန်ဖြေ၏။
“ဟုတ်တယ်၊ ကျွန်တော်တို့ ဦးလေးတို့ကို အတူခေါ်သွားမလို့၊ ကျွန်တော်တို့နဲ့ လူနှစ်ယောက် ထည့်လိုက်၊ ဦးလေးကျိုး ဦးလေးမိသားစုက ဘယ်သူလိုက်မလဲ”
ကျိုးလိုင်ကျီသည် စဉ်းစားဖို့ပင် မလိုချေ။ “ငါ့ဒုတိယသားနဲ့ ငါပဲ သွားမှာပါ”
သူ့သားကြီးဘက်သို့ လှည့်လိုက်ပြီး သူက ပြောလိုက်၏။ “ဒီမှာနေခဲ့ပြီး မင်းအမေနဲ့ ညီမလေးတွေကို ကာကွယ်ဖို့ စည်းရိုးဆက်ပြီး ဆောက်ထားလိုက်”
သည်နေရာက သားရဲတိရစ္ဆာန်များ များပြားသည်ကို သိထားသဖြင့် ကျိုးသလန်က ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။
ကျိုးလိုင်ကျီ၏မိန်းမက သူမ၏သမီးအကြီးဆုံးကို ခေါ်လာသည်။ စန်းလော့နှင့် ရှီအာ့လန်၏မိန်းမတို့ကို မြင်လိုက်ရသဖြင့် သူမသည် ရှင်းမပြတတ်အောင် ဝမ်းသာသွားလေသည်။ တောင်ထဲတွင် အချိန်အကြာကြီး ပုန်းအောင်းလာခဲ့ရပြီး ရွာသားချင်းများနှင့် မမျှော်လင့်ဘဲ တွေ့ဆုံရသည်တွင် အထူးသဖြင့် အမျိုးသမီးများ ပါနေသဖြင့် သူမ၏စိတ်ထဲတွင် ပြင်းထန်သည့် စိတ်ခံချက်များ လှုပ်ရှားသွားတော့သည်။ သူမက သူတို့ထံသို့ချဉ်းကပ်လာပြီး စကားစမြည်ပြောလိုက်၏။
စန်းလော့က ကျိုးမိသားစုက သားအမိနှစ်ယောက်ကို အကဲခတ်ကြည့်လိုက်သည်။ သူတို့သည် အင်မတန် ပိန်ချုံးနေကြပြီး သူတို့၏မျက်နှာများကလည်း ရှန်းလီပြေသလိုပင် နေရောင်မထိတွေ့ဘဲ ဂူထဲတွင် အချိန်အကြာကြီး ပုန်းနေခဲ့သဖြင့် ပုံမှန်မဟုတ်ဘဲ ဖြူရော်နေလေသည်။ သူမသည် ကျိုးမိသားစုက သားအမိနှစ်ယောက်နှင့် အထူးတလည် မရင်းနှီးချေ။ ထို့ကြောင့် သူမက သူတို့ကို ယဥ်ယဥ်ကျေးကျေးဖြင့်သာ နှုတ်ဆက်လိုက်လေသည်။ သို့သော်လည်း လက်ထပ်ပြီး ရွာထဲတွင် နှစ်ပေါင်းများစွာ နေလာတာကြာပြီဖြစ်သည့် ရှီအာ့လန်၏မိန်းမကတော့ သူမနှင့် ပိုပြီးရင်းနှီးသည်။ သူတို့သည် အပြုံးများနှင့် ရင်းရင်းနှီးနှီး စကားပြောလိုက်ကြ၏။
ရှီအာ့လန်၏မိန်းမနှင့် စန်းလော့တို့ကလည်း ခြင်းများနှင့် ရဲတင်းများကို သယ်ထားသည်ကိုမြင်လိုက်သဖြင့် ကျိုးလိုင်ကျီ၏မိန်းမသည် သူတို့လည်း တောင်ထဲသို့ အတူတူသွားမှာပဲဟု သုံးသပ်ကြည့်လိုက်သည်။ သူမသည် အားမကျဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။
“ကျွန်မရဲ့ခန္ဓာကိုယ်က အရမ်းကို ရိုးရှင်းတဲ့အလုပ်တွေကိုတောင် မလုပ်နိုင်တော့လေ”
ကျိုးလိုင်ကျီ၏သမီးက ရှီအာ့လန်၏မိန်းမနှင့် စန်းလော့ကို နှုတ်ဆက်လိုက်ပြီး သူမ၏အမေကို အသိပေးလိုက်သည်။ သူမသည် သူမ၏အဖေနှင့် အစ်ကို(၂)တို့အတွက် ဝါးကျည်တောက်ထဲတွင် ရေဖြည့်ပေးရန် ဂူထဲသို့ အလောတကြီး ပြန်ဝင်သွားလေသည်။
ရှန်းလီနှင့် တခြားသူများကလည်း အမှန်ပင် ဆက်ပြီးအချိန်ဆွဲနေဖို့ အချိန်မရှိချေ။ စကားနည်းနည်းပါးပါး ပြောဆိုပြီးနောက် ကျိုးလိုင်ကျီနှင့် သူ့သားသည် သူတို့၏ခြင်းများနှင့် ပြန်ရောက်လာကြသည်။ သူ့သမီးထံမှ ရေဖြည့်ထားသည့် ဝါးကျည်တောက်နှစ်ခုကို ယူလိုက်ပြီးနောက် သူတို့သည် ရှန်းလီ၏အဖွဲ့ထဲ ဝင်မလာခင် အပြင်ဘက်တွင် ကိုယ့်ဟာကို ကာကွယ်ရန်သုံးသည့် ပေါက်တူးနှင့် ရဲတင်းများကို လှမ်းယူလိုက်ကြသည်။
ပြန်လာမည့် အချိန်အတိအကျ မရှိကြောင်း ကျိုးမိသားစုကို အသိပေးလိုက်ပြီးနောက် အဖွဲ့သည် တောင်များထဲသို့ ဦးတည်သွားကြလေသည်။ ကျိုးလိုင်ကျီ၏မိန်းမနှင့် ကလေးများသည် သူတို့ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ ထွက်သွားသည်ကို စောင့်ကြည့်နေလိုက်ကြပြီးမှ အသစ်ပြန်ဖြစ်လာသည့် အားများနှင့် အလုပ်ပြန်လုပ်လိုက်ကြတော့သည်။
...