← Chapters

အခန်း (၁၆၉၆-၁၆၉၈)

Vol. 114 Ch. 1696-1698

အခန်း (၁၆၉၆-၁၆၉၈)

Vol. 114 Ch. 1696-1698

အခန်း (၁၆၉၆ )

ဒေါသထွက်သွားသော လုချန်း

လျှို့ဝှက်လဝန်းနန်းတော်ကို နတ်ဘုရင်ခံ လင်ရင် တာဝန်ယူပြီးနောက် မိစ္ဆာနတ်များကို လက်ဦးမှု ရယူကာ စတင်တိုက်ခိုက်ရန် ကြံရွယ်ထားခဲ့သော်လည်း သူမ၏ အကြံအစည်များ မအောင်မြင်မီမှာပင် သွေးလင်းယုန်ခန်းမက လျှို့ဝှက်လဝန်းနန်းတော်သို့ ရောက်ရှိလာကာ အခြေအနေ ဖရိုဖရဲ ဖြစ်အောင် လုပ်ဆောင်သွားခြင်းဖြစ်၏။

သူမ၏ ဦးဆောင်မှုအောက်တွင် လျှို့ဝှက်လဝန်းနန်းတော်က မိစ္ဆာနတ် အမြောက်အမြားကို သုတ်သင်နိုင်ခဲ့သော်လည်း သွေးလင်းယုန်ခန်းမမှ ထိုမိစ္ဆာနတ်များ၏ ဖျက်ဆီးမှုများကြောင့် လျှို့ဝှက်လဝန်းနန်းတော်၏ ကံစွမ်းအား သိသိသာသာ လျော့နည်းသွားရ၏။ နန်းတော်၏ ကံစွမ်းအား ကျဆင်းလာသည်နှင့်အမျှ လျှို့ဝှက်လဝန်းနန်းတော်ရှိ နတ်များ၏ စွမ်းအားမှာလည်း အတိုင်းအတာ တစ်ခုအထိ လျော့ပါးသွားခဲ့သည်။

နတ်ဘုရင်ခံ လင်ရင်လည်း ကြံရာမရ ဖြစ်နေခဲ့၏။ မိစ္ဆာနတ်များက သူတို့၏ အရှိန်အဝါကို ဖျောက်ကွယ်ထားပါက သာမန်နတ်များအဖို့ သူတို့ကို ခွဲခြားရန် အလွန် ခက်ခဲ၏။ သူတို့ကို ခွဲခြားသိမြင်နိုင်ချိန်တွင် မြို့တစ်မြို့လုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရပြီး ဖြစ်နေတတ်သည်။

ဖျက်ဆီးမှုများ ပြုလုပ်နေသည့် မိစ္ဆာနတ်ကို ဖမ်းဆီးသတ်ဖြတ်နိုင်လျှင်ပင် ပျက်စီးသွားသောအရာများကို ပြန်လည်မရရှိနိုင်တော့ပေ။ ထိုကဲ့သို့သော ဖြစ်ရပ်များ မကြာခဏ ဖြစ်ပွားလာသည်နှင့်အမျှ လျှို့ဝှက်လဝန်းနန်းတော်၏ ကံစွမ်းအားလည်း စတင်ကျဆင်းလာတော့သည်။

…….

လျှို့ဝှက်လဝန်းနန်းတော်။

အစည်းအဝေးခန်းမ။

ခမ်းမ၏ အထက်ပိုင်းရှိ ဖြူလွလွ ရေခဲကျောက်သား ခုံပေါ်တွင် နတ်ဘုရင်ခံ လင်ရင် ထိုင်နေကာ မိစ္ဆာနတ်များ၏ ကျူးကျော်မှုကို မည်သို့ ကာကွယ်ရမည်ကို အကြီးအကဲများနှင့် ဆွေးနွေးနေ၏။

ထိုစဉ် အကြီးအကဲတစ်ဦးက သိလိုစိတ်ဖြင့်

“ဒုတိယနန်းတော်သခင်... ကျွန်မတို့ ယဲ့ချူယောင်ကို မတွေ့ရတာ ကြာပြီပဲ။ သူ အခု ဘာတွေလုပ်နေတာလဲ။”

နတ်ဘုရင်ခံ လင်ရင်က

“သူ့ရဲ့ အဆင့် နယ်ပယ်ကို တည်ငြိမ်အောင်လုပ်ဖို့ တံခါးပိတ် ကျင့်စဉ်စခန်း ဝင်နေတယ်။”

ယဲ့ချူယောင် တကယ် ဘာလုပ်နေသည်ကို နတ်ဘုရင်ခံ လင်ရင် သိသော်လည်း အခြားသူများကိုတော့ ထုတ်ပြောမည်မဟုတ်ပေ။

အကြီးအကဲများကလည်း နတ်ဘုရင်ခံ လင်ရင်၏ အဖြေအပေါ် သံသယ မရှိကြပေ။ တကယ်လည်း ယဲ့ချူယောင်သည် စစ်မှန်သောနတ်နယ်ပယ်သို့ အခုလေးတင် တက်လှမ်းနိုင်ခဲ့သဖြင့် ထိုနယ်ပယ်ကို တည်ငြိမ်စေရန် ကျင့်စဉ်စခန်းဝင်ရန် လိုအပ်သည်။

နတ်များအဖို့ နှစ်နှစ်ဆိုသော အချိန်က အလွန်ပင် တိုတောင်းလှ၏။

အကြီးအကဲတစ်ဦးက ထိုသို့ မေးမြန်းရခြင်း၏ အဓိက အကြောင်းရင်းမှာ “အနာဂတ် နန်းတော်သခင်” ဖြစ်သူ ယဲ့ချူယောင်က သွေးလင်းယုန်ခန်းမ ကျူးကျော်လာချိန်တွင် ပေါ်မလာခြင်းမှာ အနည်းငယ် မလျော်ကန်ဟု ယူဆချက်များ ရှိနေသောကြောင့် ဖြစ်သည်။

သို့သော်လည်း သူမက ကျင့်စဉ်စခန်း ဝင်နေသည်ဆိုသဖြင့် သူတို့မှာ ပြောစရာ စကားမရှိတော့ပေ။

……

တစ်ချိန်တည်းမှာပင်။

လုချန်း ပိတ်လှောင်ခံထားရသည့် ကမ္ဘာငယ်လေးထဲတွင်။

ယဲ့ချူယောင်နှင့်အတူ ရင်းနှီးကျွမ်းဝင်သော လုပ်ဆောင်ချက်များကို လုချန်း ပြုလုပ်နေ၏။ အစပိုင်းတွင် လုချန်း မည်သူဖြစ်ကြောင်းကို သူကိုယ်တိုင် ဝန်ခံလာအောင် ပရိယာယ်သုံးရန် ယဲ့ချူယောင် ကြံရွယ်ထားသော်လည်း လွန်ခဲ့သော နှစ်နှစ်တာကာလပတ်လုံးတွင် လုချန်းက သူမကို “တိုက်ခိုက်” ရန်သာ အာရုံစိုက်နေခဲ့ပြီး စကားပင် ဟက်ဟက်ပက်ပက် မပြောခဲ့ပေ။

ထို့ပြင် သူတို့နှစ်ဦးသည် ခံနိုင်ရည်အား ကောင်းမွန်သည့် နတ်များဖြစ်ကြသဖြင့် သူမကို နှစ်နှစ်ပတ်လုံး အဆက်မပြတ် လုချန်း တိုက်ခိုက်နေခဲ့သော်လည်း ယဲ့ချူယောင် ကတော့ ကြံ့ကြံ့ခံနိုင်ခဲ့၏။ သူတို့နှစ်ဦးသည် ထိုကမ္ဘာငယ်လေးထဲတွင် အချိန်များကိုပင် မေ့လျော့နေကြသဖြင့် အပြင်လောကတွင် နှစ်နှစ်ပင် ကုန်ဆုံးသွားပြီဖြစ်ကြောင်း လုံးဝ မသိကြပေ။

ထိုအခိုက်အတန့်၌ ယဲ့ချူယောင်က အလုပ်ရှုပ်နေသော လုချန်းကို ကြည့်ကာ တိုးတိုးလေး မေးလိုက်၏။

“မောင်လေး... ဟင်း... မောင်လေးက စီနီယာအစ်မကို မောင်လေးရဲ့ ရင်သွေးလေး လွယ်စေချင်တာလား။”

အစပိုင်းတွင် သူမနှင့်အတူရှိနေစဉ် ကျင့်စဉ်များကို လုချန်း အသုံးပြုနေခဲ့သေးသော်လည်း မကြာသေးမီက ကျင့်စဉ်များကို လုံးဝ လျစ်လျူရှုထားကာ သူမနှင့် ရင်းနှီးစွာရှိနေရန်သာ တစ်စိုက်မတ်မတ် လုပ်ဆောင်နေခဲ့၏။ သူမ ကိုယ်ဝန်ရလာမှသာ ရပ်တန့်တော့မည့် ပုံစံမျိုးပင်။

လုချန်း၏ အကြံအစည်ကို ယဲ့ချူယောင် ရိပ်မိလိုက်ပြီဖြစ်၏။ အစက သူမ၏ အလှတရား ထောင်ချောက်ကို အသုံးပြုပြီး လုချန်း၏ မည်သူဖြစ်ကြောင်းကို လှည့်စားမေးမြန်းချင်ခဲ့ခြင်းသာ ဖြစ်သည်။ လုချန်း၏ ရင်သွေးကို လွယ်ရန် သူမ လုံးဝစိတ်မကူးပေ။

အကယ်၍ ကိုယ်ဝန်ရသွားပါက နောင်တွင် လုချန်းကို မည်သို့ ကလဲ့စားချေနိုင်တော့မည်နည်း။

ရှုကျင့်ရှူးနှင့် မတူသည်က ယဲ့ချူယောင်သည် ဖြောင့်မတ်သော နတ်တစ်ဦး ဖြစ်၏။ အကယ်၍ သူမ ကိုယ်ဝန်ရသွားပါက ထိုရင်သွေးကို ပြည့်စုံသော မိသားစုတစ်ခု ပေးချင်ပေလိမ့်မည်။ ထိုအချိန်ကျလျှင် လုချန်းကို ကလဲ့စားချေချင်စိတ် ရှိပါဦးမှာလား။

လုချန်း သေဆုံးသွားပါက သူမ၏ ကလေး ဖခင်မဲ့ ဖြစ်သွားပေလိမ့်မည်။ ကျင့်ကြံသူများ၏ သားသမီး အမြောက်အမြားမှာ ဖခင်မရှိပဲ ကြီးပြင်းလာကြသည်ဆိုသော်လည်း ယဲ့ချူယောင်ကတော့ သူမ၏ ကလေးကို ဖခင်မဲ့အဖြစ် မမွေးဖွားစေချင်ပေ။

သူ၏ အကြံအစည်ကို သူမ ရိပ်မိသွားသည်ကို မြင်လျှင် လုချန်းက ပြန်မေးလိုက်၏။

“အစ်မက ဘာလို့ ဒီလို မေးရတာလဲ”

လုချန်း၏ မျက်လုံးများကို ယဲ့ချူယောင် စိုက်ကြည့်ရင်း

“ရှင်... ရှင် အခုနောက်ပိုင်း စုံတွဲကျင့်စဉ်တွေ မကျင့်ထားဘူး။”

လုချန်းက ပြုံးကာ တုံ့ပြန်၏။

“ကျင့်စဉ်ဆိုတာက တဖြည်းဖြည်းချင်း တက်လှမ်းရတာလေ။ အခုတော့ ကျုပ် အနားယူချင်လို့ပါ။”

‘ဒီလူယုတ်မာက ဟန်ဆောင်ဖို့တောင် မကြိုးစားတော့ဘူးပဲ’

ဟု ယဲ့ချူယောင် စိတ်ထဲမှ ကဲ့ရဲ့လိုက်၏။

အစပိုင်းတွင် သူမနှင့်အတူ အိပ်စက်ချင်သဖြင့် ကျင့်စဉ်ကို အကြောင်းပြချက်အဖြစ် သုံးခဲ့သော်လည်း ယခုတော့ ထိုအကြောင်းပြချက်ကိုပင် စွန့်ပယ်လိုက်ပေပြီ။

ယဲ့ချူယောင်က

“မောင်လေး... ကျင့်စဉ်တွေ လုံလောက်အောင် ကျင့်ပြီးပြီဆိုရင်လည်း... အရင်ဆုံး... ဒီအတိုင်းပဲ ထားလိုက်ရအောင်။”

အခြေအနေများက ဤအတိုင်းသာ ဆက်သွားနေပါက လုချန်းနှင့်အတူ ကျရှုံးသွားတော့မည်ဟု ယဲ့ချူယောင် ခံစားနေရ၏။

သူမ၏ စကားများကို လျစ်လျူရှုကာ သူ၏ လုပ်ဆောင်မှုများကိုသာ ဆက်လက်ပြုလုပ်နေရင်း လုချန်းက

“အစ်မ... ကျုပ်ကို ခဏလောက် ထပ်ပြီး နားခွင့်ပေးပါဦး။”

ထချင်စိတ်မရှိသော လုချန်းကို မြင်ရလျှင် ယဲ့ချူယောင်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး အေးစက်စွာ ပြောလိုက်၏။

“ရှင်... ကျွန်မကို ဘယ်လိုလူလို့ မှတ်နေတာလဲ”

ယဲ့ချူယောင် ဒေါသထွက်နေပုံ ရသော်လည်း လုချန်းကတော့ သူ၏ အလုပ်ကိုသာ ဆက်လုပ်နေကာ သူမ၏ ကျောက်စိမ်းကဲ့သို့ ချောမောသော မျက်နှာကို ကြည့်ရင်း ပြုံးလိုက်၏။

“အစ်မ... တကယ်လို့ အစ်မ မလိုလားဘူးဆိုရင်လည်း ဒီကိစ္စ ပြီးသွားတာနဲ့ တို့တတွေ လမ်းခွဲကြတာပေါ့။”

ယဲ့ချူယောင် ခဏခန့် မှင်တက်သွား၏။ လုချန်းထံမှ ဤကဲ့သို့သော စကားမျိုး ကြားရလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

အကြောင်းရင်းကို မသိရသော်လည်း ထိုစကားကို ကြားလိုက်ရချိန်တွင် သူမ၏ နှလုံးသားထဲ၌ နာကျင်မှုတစ်ခု ရုတ်တရက် ခံစားလိုက်ရသည်။

ယဲ့ချူယောင်က

“မောင်လေး... ဒါက ဘာကို ဆိုလိုတာလဲ”

လုချန်းက

“ပြောတဲ့အတိုင်းပဲလေ။ အစ်မက ကျုပ်ရဲ့ မိန်းမအဖြစ် မနေချင်ဘူးဆိုရင် ကျုပ်ကလည်း အတင်းအကျပ် မလုပ်ပါဘူး။”

လုချန်းက စုံတွဲကျင့်စဉ်ဟူသော ဟန်ဆောင်မှုကို တိုက်ရိုက်ပင် ရိုက်ချိုးလိုက်ပေပြီ။ ဤကိစ္စသည် စုံတွဲကျင့်စဉ်အတွက် ဘယ်တုန်းကမှ မဟုတ်ခဲ့ပေ။ သူမနှင့် ပတ်သက်လိုရုံသာ ဖြစ်၏။

ယဲ့ချူယောင် နောက်တစ်ကြိမ် အံ့အားသင့်သွားရပြန်၏။ သူမသည် ယခုထိ လုချန်း၏ သရုပ်မှန်ကို မဖော်ထုတ်နိုင်သေးပေ။

အကယ်၍ ဤနေရာတွင်သာ အဆုံးသတ်သွားပါက လုချန်း၏ အမြတ်ထုတ်မှုကို သူမ အလကား ခံလိုက်ရခြင်း မဟုတ်ပါလား။

ယဲ့ချူယောင်က မတတ်သာတော့ပဲ

“မောင်လေး...ကျွန်မမှာ... မောင်လေးအပေါ် အတိုင်းအတာ တစ်ခုအထိ... နှစ်သက်တဲ့စိတ် ရှိပါတယ်။”

“ဒါပေမဲ့ ကျွန်မက မောင်လေးအကြောင်းကို သေချာ မသိရသေးပဲနဲ့ အလျင်စလို အဖော်အဖြစ် တွဲဖို့ဆိုတာ.... နည်းနည်းတော့ မသင့်‌တော်ဘူး မဟုတ်ဘူးလား”

လုချန်းက

“အစ်မ... ကျုပ်တို့တတွေက စုံတွဲကျင့်စဉ်တွေတောင် အတူတူ ကျင့်ခဲ့ပြီးပြီပဲ။ အစ်မရဲ့ အပျိုစင်ဘဝကိုတောင် ကျုပ်ကို ပေးခဲ့ပြီးပြီလေ။ ဒါက တို့တွေရဲ့ ပတ်သက်မှုကို အသိအမှတ်ပြုဖို့ မလုံလောက်သေးဘူးလား။”

ယဲ့ချူယောင်က

“အဓိက အချက်က အစ်မ မောင်လေးအကြောင်းကို သေချာ မသိတာပဲ။”

သူကို အမှန်အတိုင်း ဝန်ခံစေချင်နေသည်ကို လုချန်း သဘောပေါက်လိုက်၏။

သို့သော်လည်း သူမ၏ ဆန္ဒအတိုင်း သူ အလွယ်တကူ လုပ်ပေးမည်မဟုတ်ပေ။

ယွမ်ယုတိ ပြန်ရောက်လာချိန်တွင် သူမက ယဲ့ချူယောင်ကို လုချန်း သေဆုံးသွားပြီဖြစ်ကြောင်း ပြောပြလိမ့်မည်။ ထိုအချိန်ကျလျှင် ယဲ့ချူယောင်က သူ့ကို လုချန်းအဖြစ် သတ်မှတ်ဦးမလားဆိုတာကို သူ စောင့်ကြည့်ချင်နေသည်။

ထိုအတွေးနှင့်အတူ လုချန်းက

“စီနီယာအစ်မက ကျုပ်အကြောင်း ဘာကို သိချင်တာလဲ။ ကြိုက်တာ မေးပါ။”

လုချန်း၏ စကားကို ကြားလျှင် ယဲ့ချူယောင်က တိုက်ရိုက်ပင် မေးလိုက်တော့၏။

“မောင်လေးရဲ့ နာမည်ရင်းက လုချန်းလား”

ယဲ့ချူယောင်၏ မေးခွန်းကို ကြားလျှင် ချက်ချင်းပင် ဒေါသထွက်ဟန် ဆောင်ကာ လုချန်းက ခက်ထန်စွာဖြင့်

“အစ်မက ဒါက ဘာကို ဆိုလိုတာလဲ”

“အစ်မက ကျုပ်ကို ရန်သူတစ်ယောက်လို သဘောထားနေတုန်းပဲလား... ဟမ်”

“အဲ့ဒီလိုဆိုရင် ဘာလို့ ကျုပ်နဲ့အတူ ရှိနေဖို့ သဘောတူခဲ့တာလဲ။ ကျုပ်ကို စမ်းသပ်ဖို့အတွက် အစ်မရဲ့ စင်ကြယ်မှုကိုတောင် တမင်သက်သက် စတေးခဲ့တာလား။”

ယဲ့ချူယောင် လုံးဝ မှင်တက်သွား၏။ လုချန်းထံမှ ဤမျှ ပြင်းထန်သော တုံ့ပြန်မှုကို သူမ မမျှော်လင့်ထားခဲ့ပေ။ ထို့ပြင် သူမ၏ ရည်ရွယ်ချက်များကို လုချန်းက ပွင့်လင်းစွာပင် ထောက်ပြလိုက်ပေပြီ။

ဟုတ်ပါသည်။ ဤလူယုတ်မာသည် အလွယ်တကူ လှည့်စား၍ ရမည့်သူ မဟုတ်ပေ။

သူမ၏ ရည်ရွယ်ချက်ကို အစကတည်းက သူ သိထားပြီး သူမ၏ ခန္ဓာကိုယ်ကို အမြတ်ထုတ်နိုင်ရန်အတွက်သာ မသိချင်ယောင် ဆောင်နေခဲ့ခြင်း ဖြစ်လိမ့်မည်။

………….

အခန်း (၁၆၉၇ )

လုချန်း ကျဆုံးသွားပြီ

လုချန်းနှင့် အတူအိပ်ခဲ့ရသည်ဟူသော အတွေးကပင် ယဲ့ချူယောင်ကို အလွန် ဒေါသထွက်စေသည်။

ဤလူယုတ်မာက သူမ၏ ရည်ရွယ်ချက်ကို သိနေရက်နှင့် သူမ၏ ခန္ဓာကိုယ်ကို အပိုင်စီးထားတုန်းပင်။

သို့သော် ယခုအချိန် သူမ လုချန်းကို ဆန့်ကျင်လိုက်လျှင် သူ့ကို တကယ် အလကား အမြတ်ထုတ်ခွင့် ပေးလိုက်သလို ဖြစ်သွားလိမ့်မည်ဟု ယဲ့ချူယောင်စိတ်ထဲ တွေးလိုက်မိသည်။ မည်သို့ပင်ဖြစ်စေ သူမ၏ စစ်မှန်သော ရည်ရွယ်ချက်ကို သူမ ဘယ်တော့မှ ဝန်ခံမည်မဟုတ်ပေ။

ထို့နောက် ယဲ့ချူယောင်က မျက်ရည်စများနှင့်

“မောင်လေး... မောင်လေး... အစ်မမှာ အဲဒီလို အတွေးမျိုး တစ်ခါမှ မရှိခဲ့ပါဘူး။ မောင်လေးရဲ့ ပါရမီကို ကြည့်ပြီး မောင်လေးဟာ အင်အားကြီးတဲ့ နောက်ခံတစ်ခုက လာတာဖြစ်မယ်လို့ပဲ အစ်မ တွေးခဲ့တာပါ။”

“အစ်မကို ဒီလိုမျိုး ထင်နေမယ်လို့ တကယ် မ မျှော်လင်ခဲ့ဘူး...”

ယခုအချိန်တွင် ယဲ့ချူယောင် အလွန် စိတ်ထိခိုက်နေပုံ ပေါ်နေ၏။ လုချန်း ခပ်ဟဟ ရယ်လိုက်မိ၏။

သူမသည် တကယ့်ကို သရုပ်ဆောင်ကောင်းလှသည်။

လုချန်းက

“အစ်မ... ဒါက တကယ်ပဲ အစ်မတွေးနေတဲ့ အရာလား”

ယဲ့ချူယောင်က

“ဒါဆို မောင်လေးက အစ်မ ဘာတွေးနေတယ်လို့ ထင်လို့လဲ”

ဟု တုံ့ပြန်၏။

လုချန်းက

“တောင်းပန်ပါတယ် အစ်မ... ကျုပ် အစ်မကို နားလည်မှု လွဲသွားတယ်”

လုချန်း သူမ၏ စကားကို ယုံသွားသည်ကို မြင်လျှင် ယဲ့ချူယောင်လည်း သူမ၏ လက်သီးများကို အသာအယာ ဆုပ်လိုက်မိ၏။

လုချန်းသည် သတိကြီးလွန်း၏။ သူ မည်သူ ဖြစ်ကြောင်းကို သူ့အလိုလို ဝန်ခံလာအောင် လုပ်ရန် မလွယ်ကူနိုင်‌ပေ။

အခြားနည်းလမ်းတစ်ခုကို သူမ စဉ်းစားရမည်။

လုချန်း သူ့ဘာသူ အလိုအလျောက် ဝန်ခံလာအောင် မည်သို့ကြံရမလဲဟု ယဲ့ချူယောင် တွေးနေစဉ်မှာပင် လျှို့ဝှက်လဝန်းနန်းတော်၏ အဝင်ဝတွင် ယွမ်ယုတိ ပေါ်လာခဲ့သည်။

ယွမ်ယုတိ ပြန်ရောက်လာချိန်တွင် သူမ ပထမဆုံး လုပ်ချင်သည့်အရာက

လုချန်း သေဆုံးသွားသည့်အကြောင်းအား ယဲ့ချူယောင်ကို ပြောပြရန်ပင် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ယဲ့ချူယောင်တွင်လည်း သူ့အပေါ် ရန်ငြိုးများ ရှိကြောင်း ပြောခဲ့ဖူးသဖြင့် သူသေသွားသည်ကို သိရလျှင် သူမ ဧကန်မုချ ပျော်သွားလိမ့်မည်။

နောက်တစ်ခဏတွင် လုချန်း သေဆုံးသွားသည့် သတင်းကို ပြောပြရန်အတွက် ယဲ့ချူယောင်၏ တည်နေရာကို ရှာဖွေရန် သူမ၏ နတ်အာရုံကို ယွမ်ယုတိ လွှတ်ထုတ်လိုက်၏။ သို့သော်လည်း သူမ၏ နတ်အာရုံကို လွှတ်ထုတ်လိုက်သည်နှင့် သူမ တောင့်ခဲသွား တော့သည်။ သူမ၏ မျက်ခုံးများလည်း တွန့်သွားကာ အေးစက်သော အရှိန်အဝါများ သူမ ဘေးပတ်လည်တွင် ပျံ့နှံ့သွားခဲ့သည်။

ထိုတပည့်ကို ပိတ်လှောင်ထားသည့်တိုင်အောင် ယဲ့ချူယောင်က ပျော်ရွှင်မှုရှာရန်အတွက် သူ့ဆီသို့ သွားနေဦးမည်ဟု သူမ မထင်ထားခဲ့ပေ။

ထိုတပည့် ယုတ်မာက ယဲ့ချူယောင်ကို ဘယ်လို မှော်ပညာတွေ သုံးထားသဖြင့် သူမက သူ့အပေါ် ဒီလောက်တောင်စွဲလမ်းနေရတာလဲ။

ထိုအခိုက်အတန့်တွင် လုချန်း၏ စနောက်မှုကြောင့် စိတ်အာရုံ ထွေပြားနေသော ယဲ့ချူယောင်လည်း ယွမ်ယုတိ၏ နတ်အာရုံကို ခံစားမိလိုက်သည်နှင့် ချက်ချင်းပင် သတိဝင်လာခဲ့သည်။ ထို့နောက် လုချန်းကို တွန်းထုတ်ရန်အတွက် သူမ၏ လက်ကို အလျင်အမြန် မြှောက်လိုက်၏။

“မောင်လေး... မောင်လေး... လွှတ်... လွှတ်ပေးပါဦး။ ဆရာ ပြန်ရောက်လာပြီ”

သူမ၏ ဆရာ ရှေ့တွင် နောက်တစ်ကြိမ် အရှက်မကွဲချင်တော့ပေ။ သို့သော်လည်း လုချန်းက သူမစကားကို နားမထောင်ခဲ့ပေ။

ထိုအစား သူက တိုက်ရိုက်ပင် ကိုင်းညွတ်ကာ သူမ၏ ခါးကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ သူမ မည်မျှပင် ကြိုးစားပါစေ လွှတ်မပေးခဲ့ပေ။

ယဲ့ချူယောင်လည်း ချက်ချင်းပင် ဒေါသထွက် စိတ်ပျက်သွားကာ

“ရှင်... ရှင် လူယုတ်မာ”

ယခုတစ်ကြိမ်တွင်တော့ သူတို့အနားတွင် ယွမ်ယုတိ ပေါ်မလာခဲ့ပေ။ ထိုအစား သူမ၏ အိပ်ဆောင်သို့ ပြန်သွားကာ ယဲ့ချူယောင်ထံသို့ တိုက်ရိုက် သတင်းပို့လိုက်သည်။

“မင်း ကိစ္စပြီးရင် ငါ့အိပ်ဆောင်ကို လာခဲ့”

ယွမ်ယုတိ၏ အသံကို ကြားလိုက်ရချိန်တွင် ယဲ့ချူယောင်၏ စိတ်နှလုံးထဲ အေးစက်မှုကို ခံစားလိုက်ရ၏။

သွားပါပြီ...

ယဲ့ချူယောင် ပိုတွေးလေလေ ပိုဒေါသထွက်လေ‌လေ ဖြစ်လာသည်။

လုချန်း ဆိုသည့် အလေအလွင့်က ဘာကြောင့် အမြဲတမ်း ဒီလိုဖြစ်နေရတာလဲ။

သူတို့၏ လုပ်ဆောင်မှုများကို ဆရာ မြင်တွေ့တာ သူ ဒီလောက်တောင် ကြိုက်နေတာလား။

ယဲ့ချူယောင်က ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။ ပြီးခဲ့သည့် တစ်ခေါက် ဆရာ မိသွားတုန်းက လုချန်းက ဆရာ့ကိုတောင် လှမ်းခေါ်ခဲ့သေးသည်။ ထိုလူယုတ်မာက ထိုအချိန်တွင် သူမကို ဆရာဟု အထင်မှားသွားတာ သေချာသည်။

ဆိုလိုသည်မှာ လုချန်း၏ စိတ်ထဲတွင် ဆရာကိုပါ ပစ်မှတ်ထားနေခြင်းပင်။

ထိုအတွေးဝင်လာပြီး ယဲ့ချူယောင်ကို ပို၍ ဒေါသထွက်လာစေသည်။

ဒီလုယုတ်မာက အားမရသေးပဲ လူဘယ်နှယောက်ကိုများ ထပ်ပြီး ဒုက္ခပေးချင်နေတာလဲ။

ထိုအခိုက်အတန့်တွင် လုချန်းက ရက်ရက်စက်စက် ဆက်လက် လုပ်ဆောင်နေသဖြင့် ယဲ့ချူယောင်လည်း လုံးဝ မတတ်သာတော့ပေ။ ကျားဂူထဲသို့ ပစ်ချခံလိုက်ရသည့် သိုးတစ်ကောင်လို သူမကိုယ်သူမ ရုတ်တရက် ခံစားလိုက်ရသည်။

နာရီအနည်းငယ် ကြာပြီးနောက် နောက်ဆုံးတွင် ယဲ့ချူယောင်ကို လုချန်း လွှတ်ပေးလိုက်သည်။ ထို့နောက် သူမ၏ ပုံပန်းသဏ္ဍာန်ကို သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီးနောက် ယွမ်ယုတိ၏ အိပ်ဆောင်သို့ ချက်ချင်း သွားလိုက်၏။

ယွမ်ယုတိ၏ အိပ်ဆောင်ထဲသို့ ဝင်ဝင်ချင်း ယွမ်ယုတိ စကားမပြောရသေးမီ ယဲ့ချူယောင်က ယွမ်ယုတိ ရှေ့တွင် ပြတ်ပြတ်သားသား ဒူးထောက်လိုက်သည်။

“တပည့် အပြစ်ရှိပါတယ်။ ဆရာ တပည့်ကို အပြစ်ပေးပါ”

ယဲ့ချူယောင်က ဤမျှ မြန်မြန် ဝန်ခံသည်ကို မြင်လျှင် ယွမ်ယုတိက နှာခေါင်းရှုံ့ကာ ထိုကိစ္စကို ဘေးဖယ်ထားလိုက်၏။ ထို့နောက် သူမက

“မင်း လုချန်းအပေါ် ရန်ငြိုး ရှိတယ်လို့ တစ်ခါက ပြောခဲ့တာကို ငါ မှတ်မိတယ်”

ယွမ်ယုတိ၏ စကားကို ကြားလိုက်ရချိန်တွင် ယဲ့ချူယောင် ထိတ်လန့်သွား၏။ သူမ၏ ဆရာက ဘာကြောင့် ယခုလို အချိန်တွင် ဒါကို မေးရသနည်းဟု တွေးမိရင်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။

ယဲ့ချူယောင်က

“ဟုတ်ပါတယ်။ အဲဒီ ယုတ်မာတဲ့ သစ္စာဖောက်က ကျွန်မရဲ့ အချစ်ဆုံး သူငယ်ချင်းကို သတ်ခဲ့တာပါ။ ဒီနှစ်ပေါင်း ကုဋေချီတဲ့ အချိန်တိုင်းမှာ လုချန်းကို ကျွန်မကိုယ်တိုင် သတ်ပစ်ချင်ခဲ့တာပါ။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက သူက ကစဉ့်ကလျား ပင်လယ် ထဲကို ဝင်သွားပြီး ဘယ်ရောက်သွားမှန်း မသိရတော့တာပါပဲ။”

ယွမ်ယုတိက

“မင်းကိုယ်တိုင် ကလဲ့စားချေဖို့ အခွင့်အရေး မရတော့ဘူး ထင်တယ်။ သူ ကျဆုံးသွားပြီ။”

ထိုစကားကို ကြားလိုက်ရချိန်တွင် ယဲ့ချူယောင် တုံ့ဆိုင်းသွား၏။

ကျဆုံးသွားပြီ...

ထိုလူယုတ်မာက အခုလေးတင် သူမနှင့်အတူ ပျော်ပါးနေခဲ့တာ မဟုတ်ပါလား။

သူက ဘယ်လိုလုပ် ကျဆုံးသွားနိုင်မည်နည်း။

ယွမ်ယုတိက ဆက်လက်၍

“ငါ ကိုယ်တိုင် မြင်ခဲ့တာ။ ထျန်းရှ နတ်ဘုရား နိုင်ငံရဲ့ ကွမ်းရန်ဘုရင်ကို သတ်ပြီးတဲ့နောက် သူ့ရဲ့ နတ်ဝိညာဉ်ကို သူ့ဘာသူ ဖျက်ဆီးပစ်ဖို့ ရွေးချယ်ခဲ့တယ်။”

ယဲ့ချူယောင် နောက်တစ်ကြိမ် တောင့်ခဲသွားပြန်သည်။

မဖြစ်နိုင်တာ...

လုချန်းက လျှို့ဝှက်လဝန်းနန်းတော်မှာ ရှိနေတာ ရှင်းနေတာပဲ။

သူက ဘယ်လိုလုပ် ကျဆုံးသွားမည်နည်း။

ထိုအရာကို တွေးမိရင်း ယဲ့ချူယောင်က ချက်ချင်းပင်

“ဆရာ... အဲ့ဒါက လုချန်းရဲ့ ကိုယ်ပွား ပဲ ဖြစ်မှာပါ။ သူ့ရဲ့ ပင်မကိုယ်က သေဦးမှာ မဟုတ်ပါဘူး။”

ယွမ်ယုတိက တုံ့ပြန်၏။

“သူ့ရဲ့ နတ်ဝိညာဉ်က လုံးဝ ပြည့်စုံလုနီးပါး ဖြစ်နေပြီး နတ်သခင် အဆင့်နဲ့ နီးစပ်တဲ့ စွမ်းအားတွေကို ထုတ်ဖော်ခဲ့တယ်။ အဲ့ဒါ ကိုယ်ပွား မဟုတ်နိုင်ဘူး။”

ယဲ့ချူယောင် လုံးဝ ဇဝေဇဝါ ဖြစ်သွား၏။

ကိုယ်ပွား မဟုတ်ဘူး...

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...

ကျဆုံးသွားသူမှာ လုချန်း ကိုယ်တိုင် ဖြစ်မည်ဆိုလျှင် သူမနှင့်အတူ ပျော်ပါးခဲ့သည့် အမျိုးသားက မည်သူနည်း။

ထိုအရာကို အမှန်တရားဟု သူမ မယုံကြည်နိုင်ပေ။

ယဲ့ချူယောင်၏ မယုံကြည်နိုင်သည့် မျက်နှာအမူအရာကို မြင်လျှင် ယွမ်ယုတိက ခံစားချက်မပါပဲ မေးလိုက်သည်။

“မင်းကြည့်ရတာ လုံးဝ မပျော်တဲ့ပုံ ပေါ်နေတယ်”

သူမ၏ ရန်သူ ကျဆုံးသွားပြီ ဖြစ်သဖြင့် ယဲ့ချူယောင် ဝမ်းမြောက်သင့်သည်။ သို့သော်လည်း သူမထံမှ ပျော်ရွှင်မှုကို ယွမ်ယုတိ မခံစားရပေ။

ယဲ့ချူယောင် အတော်လေး ထိတ်လန့်သွားခြင်းဖြစ်၏။

သူမ၏ ဆရာ ပြောတာသာ အမှန်ဆိုလျှင် ချန်းလုက လုချန်း မဟုတ်ဘူးဟူသော အဓိပ္ပာယ်ပင်။

ပြီးတော့ သူမသည် ချန်းလုနှင့် အတူရှိနေခဲ့ခြင်းဖြစ်သည်။

ထိုသို့ဆိုလျှင်တော့ သူမသည် တကယ်ပင် ချန်းလုနှင့် အလကား အိပ်ခဲ့ရခြင်းပင်...

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...

ချန်းလုက တကယ်ပဲ လုချန်း မဟုတ်ဘူးလား။

သူတို့က အလွန်တူကြသည်။

သူတို့၏ စရိုက်များတောင်မှ လုံးဝနီးပါး တူနေပါလျက် သူက လုချန်း မဟုတ်ဘူး ဖြစ်နေသည်...

ယဲ့ချူယောင်က သူမ၏ လက်သီးကို မဆုပ်ပဲ မနေနိုင်တော့ပေ။ ထို့နောက် ထပ်မံ အတည်ပြုရန်အတွက် မေးလိုက်သည်။

“ဆရာ... အဲ့ဒါက လုချန်း ဆိုတာ တကယ်ပဲ သေချာလား”

ယွမ်ယုတိက

“ဟုတ်တယ်။ ငါ တစ်ယောက်တည်း မဟုတ်ဘူး။ တခြား နတ်ဘုရင်တွေကလည်း သူ လုချန်း ဖြစ်တယ်ဆိုတာကို အတည်ပြုခဲ့ကြတယ်။”

တကယ်တော့ ကိုယ့်ကိုယ်ကို ဖျက်ဆီးသွားသူမှာ တကယ်ပဲ လုချန်းလား ဆိုတာကို ယွမ်ယုတိ လုံးဝကြီး မသေချာနိုင်ပေ။

အဘယ်ကြောင့်ဆိုသော် ထိုသူ၏ ပုံစံသည် အရင်က သူမ ကြားဖူးထားသည့် လုချန်း၏ ပုံစံနှင့် မတူသည့် အပြင် ထိုသူသည် သတ်ဖြတ်ခြင်း လမ်းစဉ် ကို လိုက်စားနေသောကြောင့် ဖြစ်သည်။

သို့သော်လည်း လုချန်း တစ်ယောက်သာ ကွမ်းရန်ဘုရင် အပေါ်တွင် ထိုမျှလောက် နက်ရှိုင်းသော အာဃာတ ရှိနိုင်၏။ သူ့ကိုယ်သူ ဖျက်ဆီးသည့် အဆင့်အထိ လုပ်ဆောင်ခြင်းက ကွမ်းရန်ဘုရင်နှင့် အတူတူ သေဆုံးရန် ကြိုးစားခြင်းနှင့် မခြားပေ။

လုံလောက်သည့် အမုန်းတရား ရှိမှသာ ကွမ်းရန်ဘုရင်နှင့် အတူတူ သေရန် ရွေးချယ်မည် ဖြစ်သည်။ ဤအချက်အရ ဆိုပါက လုချန်း တစ်ယောက်သာလျှင် ထိုအချက်များနှင့် ကိုက်ညီသည်။

ယွမ်ယုတိ၏ အဖြေကို ကြားလိုက်ရချိန်တွင် ယဲ့ချူယောင်မှာ တစ်ကိုယ်လုံး စွမ်းအားများ ကုန်ခမ်းသွားသလို ခံစားလိုက်ရပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။

လုချန်း သေသွားပြီ...

သူက တကယ်ပဲ သေသွားပြီ...

ထိုလူယုတ်မာ သေသွားပြီ.....

သို့သော် သူမ အရှုံးပေါ်သွားသည့် အချက်ကတော့ ကလဲ့စားချေရန် ကြိုးစားရင်း လုချန်းနှင့် တူသည့် လူတစ်ယောက်နှင့် အတူအိပ်ခဲ့မိခြင်းပင်။

အခုမှ ချန်းလုက လုချန်း မဟုတ်ဘူးဟု လာပြောနေသည်။

ယဲ့ချူယောင် စိတ်ပျက်အားငယ်နေသည်ကို မြင်လျှင် ယွမ်ယုတိက သူမ၏ မျက်ခုံးများကို တွန့်လိုက်ပြီးနောက်

“မင်းရဲ့ ရန်သူ သေသွားပြီ။ အနာဂတ်မှာ မင်းရဲ့ စိတ်အာရုံ အားလုံးကို ကျင့်စဉ်အပေါ်မှာပဲ အာရုံစိုက်လိမ့်မည်လို့ ငါ မျှော်လင့်တယ်။”

…………

အခန်း (၁၆၉၈)

ဝူယာ နတ်သခင်၏ သံသယ

ထိုအခိုက်အတန့်တွင် သူမကိုယ် သူမ အလွန် အပေါစားဆန်သည်ဟု ယဲ့ချူယောင် ခံစားလိုက်ရ၏။ ကဲ့စားချေရန်အတွက် သူမ၏ အပျိုစင်ဘဝကို စတေးကာ ချန်းလု၏ ကစားစရာအဖြစ် သူမကိုင်တိုင် ခံယူခဲ့သည်။ နောက်ဆုံးတွင် အချိန်အတော်ကြာအောင် ကစားခဲ့ပြီးမှ ထိုသူမှာ လုချန်း မဟုတ်ကြောင်း ယဲ့ချူယောင် သိလိုက်ရခြင်းပင်။

ယဲ့ချူယောင် ချက်ချင်း သတိ ပြန်ဝင်လာ၏။

ကောင်းပြီလေ။

ဤအရာအားလုံးမှာ သူမ ကိုယ်တိုင် ဖန်တီးခဲ့သည့် ရလဒ်များသာ ဖြစ်သည်။ နတ်တစ်ပါးအတွက် အပျိုစင်ဘဝ ဆုံးရှုံးခြင်းက အရေးမကြီးလှပေ။

ထို့ပြင် ထိုအရာကို ရယူခဲ့သူမှာ သူစိမ်းမဟုတ်ပဲ သူမ၏ ဂိုဏ်းတူမောင်ငယ်သာ ဖြစ်သည်။

ထို့ပြင် စစ်မှန်သောနတ် အဆင့်သို့ ရောက်ရှိရန် ချန်းလုက သူမကို ကူညီခဲ့သည် မဟုတ်ပါလား။

ထို့ကြောင့် လွန်ခဲ့သော ရက်များကို မောင်ငယ်အား ကျေးဇူးဆပ်ခြင်း အဖြစ်သာ သူမ သဘောထားလိုက်တော့၏။ နောင်တွင်တော့ ချန်းလုမှာ ချန်းလုသာ ဖြစ်ပြီး သူမမှာလည်း သူမသာ ဖြစ်ပေလိမ့်မည်။

ချန်းလုသည် သူမ၏ မောင်ငယ်အဖြစ်သာ ရှိနေမည်ဖြစ်သော်လည်း သူမ၏ ခန္ဓာကိုယ်ကိုတော့ နောက်ထပ် အနှောင့်အယှက် ပေးခွင့်ပြုတော့မည် မဟုတ်ပေ။

ဤအရာအားလုံးကို အိပ်မက်တစ်ခုအဖြစ်သာ သတ်မှတ်လိုက်တော့မည်။

ထိုသို့ တွေးတောရင်း ယဲ့ချူယောင်က ယွမ်ယုတိကို

“နောင်မှာ ဆရာ့အဆုံးအမကို လိုက်နာပြီး ကျင့်စဉ်ကိုပဲ ကျွန်မ ကြိုးကြိုးစားစား ကျင့်ပါတော့မယ်။”

ကျင့်စဉ်ကို ကြိုးစားကျင့်ကြံမည်ဟူသော ယဲ့ချူယောင်၏ စကားကို ကြားလျှင် ယွမ်ယုတိလည်း ထိုပုန်ကန်တတ်သည့် တပည့်ဖြစ်သူကို ချက်ချင်း သတိရသွား၏။

ယွမ်ယုတိက အေးစက်စက် လေသံဖြင့်

“ဒီတစ်ခါတော့ လွှတ်ပေးလိုက်မယ်။ သုံးကြိမ်ထက်တော့ မပိုစေနဲ့။ မင်းနဲ့ အဲ့ဒီလူရှုပ်ကို ဒီလိုမျိုး ထပ်မိရင်တော့ သူ့ကို ဂိုဏ်းကနေ ငါ နှင်ထုတ်ပစ်မယ်။”

လုချန်းကို ဂိုဏ်းမှ တကယ် နှင်ထုတ်မည်မဟုတ်သော်လည်း ယဲ့ချူယောင်နှင့် ထိုလူရှုပ် ထိန်းမနိုင်သိမ်းမရ ဖြစ်လာမည်စိုးသောကြောင့် ထိုသို့ ပြောလိုက်ခြင်းဖြစ်၏။

ယဲ့ချူယောင်က

“တပည့်... နားလည်ပါပြီ”

ယွမ်ယုတိက

“ကောင်းပြီ။ ဒီလိုပဲ ဖြစ်ပါစေတော့”

ထိုသို့ပြောပြီးနောက် လျှို့ဝှက်လဝန်းနန်းတော်၏ အကြီးအကဲများထံသို့ ယွမ်ယုတိ ချက်ချင်း သတင်းစကား ပေးပို့လိုက်ပြီး ဆွေးနွေးရန် အစည်းအဝေးခန်းမသို့ လာရောက်ကြရန် ညွှန်ကြားလိုက်သည်။

သူမ ထျန်းရှ နတ်ဘုရား နိုင်ငံတော်ရောက်နေစဉ် ပြီးခဲ့သည့် နှစ်နှစ်အတွင်း လျှို့ဝှက်လဝန်းနန်းတော်၏ ကံစွမ်းအားများ ကျဆင်းလာသည်ကို သူမ သိသိသာသာ ခံစားခဲ့ရ၏။ ထို့ကြောင့် သွေးလင်းယုန်ခန်းမက လျှို့ဝှက်လဝန်းနန်းတော်၏ နယ်မြေများအတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ ဖျက်ဆီးမှုများ ပြုလုပ်မှာကို သူမ ကြိုတင် ခန့်မှန်းထားပြီး ဖြစ်သည်။

သို့သော်လည်း လုချန်းကို ဖမ်းဆီးရန်အတွက် ထျန်းရှ နတ်ဘုရား နိုင်ငံတော်တွင် သူမ နေထိုင်ခဲ့ရ၏။ ယခုလုချန်းသည် သူ့ကိုယ်သူ ဖျက်ဆီးခဲ့ပြီး သူ၏ ဝိညာဉ်မူလအစပါ ပျက်စီးသွားပြီဖြစ်သဖြင့် သူနှင့် ပတ်သက်သည့် ကိစ္စက ပြီးဆုံးသွားပြီ ဖြစ်သည်။

ထို့ကြောင့် ယခု သွေးလင်းယုန်ခန်းမကို ရင်ဆိုင်ရန်သာ သူမ အာရုံစိုက်ရတော့မည်။

နတ်ဘုရင် ဝူချွဲတို့ သုံးဦးသည် ခမ်းနားသော ကောင်းကင်ခန်းမသို့ ပြန်ရောက်ပြီးနောက် လုချန်း၏ အခြေအနေကို အစီရင်ခံရန် ဝူယာနတ်သခင်၏ စံအိမ်သို့ ချက်ချင်း သွားရောက်ကြ၏။

နတ်ဘုရင် ဝူချွဲထံမှ မှတ်ဉာဏ်ကျောက်တုံးအတွင်းရှိ မြင်ကွင်းများကို ကြည့်ပြီးနောက် ဝူယာနတ်သခင် ခဏခန့် အတွေးထဲ နစ်မြောသွား၏။

ထို့နောက် သူက

“တကယ်လို့ သူသာ လူပြန်ဝင်စားတာဆိုရင် စွမ်းအားတွေက ဒီလောက် မြန်မြန် ပြန်မကောင်းနိုင်ဘူး။ ပြီးတော့ သူက သတ်ဖြတ်ခြင်းလမ်းစဉ်ကိုလည်း မကျင့်ထားဘူး။ ဒါကြောင့် ဒီလူက လုချန်း မဟုတ်လောက်ဘူး။”

နတ်ဘုရင် ဝူချွဲက

“သခင်... သူက လုချန်း မဟုတ်ဘူးဆိုရင် သူ့လို အဆင့်အတန်းရှိတဲ့ နတ်ဘုရင်တစ်ပါးက ဘာလို့ လုကျင့်ဖူနဲ့ အတူတူ သေကြောင်းကြံရမှာလဲ။”

သူသည် နတ်ဘုရင်တစ်ပါး ဖြစ်သဖြင့် မည်သည့်နေရာတွင်မဆို ဂိုဏ်းတစ်ခု ထောင်နိုင်၏။ သို့မဟုတ် နတ်ဘုရား နိုင်ငံတော်တစ်ခုကိုပင် တည်ထောင်ကာ စည်းစိမ်ချမ်းသာများဖြင့် စိတ်တိုင်းကျ နေထိုင်နိုင်သည်။ အဘယ်ကြောင့် ရွှေနတ် အဆင့်မျှသာရှိသော လုကျင့်ဖူနှင့်အတူ အသေခံရန် ရွေးချယ်ခဲ့ရသနည်း။

နတ်ဘုရင် ဝူချွဲ၏ စကားကို ကြားလျှင် ဝူယာနတ်သခင်လည်း ထပ်မံ၍ အတွေးနက်သွား၏။ နတ်ဘုရင် ဝူချွဲ ထောက်ပြသည့်အချက်က သူကိုယ်တိုင်လည်း နားမလည်နိုင်သည့် အရာပင် ဖြစ်သည်။

လုကျင့်ဖူအနေနှင့် ဤမျှများပြားသော နတ်ဘုရင်များကို ရန်စထားခဲ့ရန် မဖြစ်နိုင်လှပေ။

နတ်ဘုရင် ဝူချွဲက ဆက်လက်၍

“တကယ်လို့ သူက ကစဉ့်ကလျား ပင်လယ်ကနေ ထွက်လာပြီး မကြာခင်ကမှ လူပြန်ဝင်စားတာဆိုရင် အခြား လမ်းစဉ်တွေကို ကျင့်ကြံဖို့ အချိန်မရတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူ ကစဉ့်ကလျား ပင်လယ်ထဲကို ဘယ်တုန်းကမှ မဝင်ခဲ့ဘူးဆိုရင်တော့ ဒီနှစ်ပေါင်း ကုဋေချီတဲ့ အချိန်အတွင်းမှာ သတ်ဖြတ်ခြင်းလမ်းစဉ်ကို ကျင့်ကြံဖို့ အချိန်အလုံအလောက် ရှိခဲ့မှာပါ။”

“ဒါမှမဟုတ် သူ ကစဉ့်ကလျား ပင်လယ်ကနေ ထွက်လာတာ ကြာနေပြီ။ ရောက်လာပြီး ထျန်းရန် နတ်ဘုရား နယ်မြေရဲ့ တစ်နေရာရာမှာ ပုန်းနေခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ သူ့စွမ်းအားတွေ နတ်ဘုရင် အဆင့်အထိ ပြန်ကောင်းလာတဲ့အခါမှ လုကျင့်ဖူကို ကလဲ့စားချေဖို့ ပေါ်ထွက်လာတာ ဖြစ်နိုင်ပါတယ်။”

နတ်ဘုရင် ဝူချွဲ၏ ခွဲခြမ်းစိတ်ဖြာမှုကို ကြားရသောအခါ ဝူယာနတ်သခင်လည်း အကျိုးအကြောင်းဆီလျော်သည်ဟု ယူဆမိ၏။ သို့သော် ဤအရာက အခြားမေးခွန်းတစ်ခုကို ဖြစ်ပေါ်စေပြန်သည်။

လုချန်းသည် နတ်ဘုရင် အဆင့်အထိ ပြန်လည်ကျင့်ကြံနိုင်ခဲ့ပါလျက် အဘယ်ကြောင့် သူ့အသက်ကို မနှမြောပဲ ဝိညာဉ်ကိုပါ ဖျက်ဆီးပြီး အသေခံရန် ရွေးချယ်ခဲ့ရသနည်း။

လွန်ခဲ့သော နှစ်ပေါင်း ကုဋေချီသည့် အချိန်က အင်အားစုအသီးသီး၏ ဝိုင်းရံခြင်းကို ခံခဲ့ရစဉ်ကပင် လုချန်းသည် အသေခံမည့်အစား ကစဉ့်ကလျား ပင်လယ်အတွင်းသို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့ဖူး၏။ ယခုအခါ လုကျင့်ဖူကို သတ်ဖြတ်ပြီးနောက် အခြားနတ်ဘုရင်များနှင့်ပင် တိုက်ခိုက်ခြင်းမပြုပဲ ချက်ချင်း အသေခံခဲ့သည်။

ရှင်းပြချက်တိုင်းက တကယ်တမ်း အချိတ်အဆက် မမိဟု ဝူယာနတ်သခင် ခံစားရ၏။ ထို့နောက် သူက

“ကောင်းပြီ။ အခု သွားလို့ရပြီ”

ထိုသို့ပြောလိုက်လျှင် နတ်ဘုရင် ဝူချွဲ အပါအဝင် သုံးဦးလည်း ညီညာစွာ ဂါရဝပြုလိုက်ကြ၏။

“ဟုတ်ကဲ့။ ကျုပ်တို့ကို သွားခွင့်ပြုပါဦး”

နတ်ဘုရင် ဝူချွဲနှင့် အခြားသူများ ထွက်ခွာသွားပြီးနောက် မှတ်ဉာဏ်ကျောက်တုံးအတွင်းမှ မြင်ကွင်းများကို ဝူယာနတ်သခင် နောက်တစ်ကြိမ် ပြန်လည်ကြည့်ရှုပြန်၏။

လုချန်း ကိုယ့်ကိုယ်ကို ဖျက်ဆီးခဲ့သည့် မြင်ကွင်းကို သူ ထပ်ခါတလဲလဲ ကြည့်နေမိသည်။ လုချန်း ပထမဆုံးအကြိမ် ဓားကို ဝှေ့ယမ်းလိုက်စဉ်က နတ်သခင် တစ်ပါး၏ တိုက်ခိုက်မှုကဲ့သို့ စွမ်းအားကြီးမားလှသော်လည်း ကိုယ့်ကိုယ်ကို ဖျက်ဆီးလိုက်သည့် စွမ်းအားကတော့ သာမန် နတ်ဘုရင်တစ်ပါးလောက်ပင် အားမကောင်းလှပေ။

နတ်စွမ်းအားများစွာကို အသုံးပြုထားရသဖြင့် စွမ်းအားများ အပြည့်အဝ ပြန်မကောင်းသေးသောကြောင့်ဟု ထိုအချက်ကို ရှင်းပြ၍ ရနိုင်သည်။

သို့သော်လည်း တစ်ခုခု မှားယွင်းနေသည်ဟု ဝူယာနတ်သခင် ခံစားနေရသေး၏။

အဓိက မေးခွန်းမှာ လုချန်းသည် အဘယ်ကြောင့် အသေခံရန် ရွေးချယ်ခဲ့သနည်း ဟူသည့် အချက်ပင်။

သူသည် လုချန်းနှင့် တိုက်ခိုက်ဖူး၏။ ထိုစဉ်က လုချန်းသည် ဇွဲသတ္တိနှင့် ပြည့်စုံလှ၏။

နတ်ဘုရင် အဆင့်မျှဖြင့်ပင် သူ့ကို အရှုံးမပေးပဲ တိုက်ခိုက်ခဲ့သူ ဖြစ်သည်။ အကယ်၍ နတ်ဘုရင် အမြောက်အမြား ဝိုင်းရံမထားခဲ့ပါက သူသည် နတ်သခင် တစ်ပါး ဖြစ်နေလင့်ကစား လုချန်းကို အနိုင်ယူရန် ခဲယဉ်းပေလိမ့်မည်။

လုချန်းသည် စိတ်ဓာတ်ကျပြီး အရှုံးပေးမည့်သူမျိုး မဟုတ်ကြောင်း ဝူယာနတ်သခင် ခံစားနေရ၏။

ဖြစ်နိုင်သည်က...

တစ်စုံတစ်ယောက်က လုချန်း၏ နာမည်ကို အသုံးချပြီး လုပ်ဆောင်နေခြင်းလား။

သို့သော် ထိုသို့ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။

ထိုကိစ္စကို ဆက်လက် စုံစမ်းစစ်ဆေးရန် ဝူယာနတ်သခင် ဆုံးဖြတ်လိုက်ပြီး နတ်ဘုရင် ချင်းယွမ်ထံသို့ သတင်းစကား ပေးပို့လိုက်၏။ မကြာမီ နတ်ဘုရင် ချင်းယွမ် ခန်းမအတွင်းသို့ ရောက်ရှိလာသည်။

“သခင့်ကို... ဂါရဝပြုပါတယ်။ ကျုပ်ကို ဘာတွေ ညွှန်ကြားစရာ ရှိလို့လဲ။”

ဝူယာနတ်သခင်

“လုချန်း ပြန်လာပြီဆိုတဲ့ သတင်းက ဘယ်ကနေ စထွက်လာတာလဲဆိုတာ ခင်ဗျား စုံစမ်းပေးဖို့ လိုတယ်။”

ထိုအရာကို ကြားလျှင် နတ်ဘုရင် ချင်းယွမ် ဇဝေဇဝါ ဖြစ်သွား၏။ နတ်ဘုရင် ဝူချွဲတို့ ပြန်ရောက်လာစဉ်က လုချန်း သူ့ကိုယ်သူ ဖျက်ဆီးပြီး သေဆုံးသွားပြီဖြစ်ကြောင်း သူ့ကို ပြောပြခဲ့သည်။

လုချန်း သေဆုံးသွားပြီ ဖြစ်သဖြင့် ဤကိစ္စကို ထပ်မံစုံစမ်းနေ၍ ဘာထူးမည်နည်း။

နတ်ဘုရင် ချင်းယွမ်က

“လုချန်း သေဆုံးသွားပြီလို့ ကျုပ် ကြားထားပါတယ်”

ဝူယာနတ်သခင်က

“စုံစမ်းသာ စုံစမ်းပါ။ အရင်းအမြစ်ကို တွေ့တာနဲ့ ကျုပ်ကို ချက်ချင်း အစီရင်ခံပါ။”

နတ်သခင်၏ အမိန့်ဖြစ်သောကြောင့် နတ်ဘုရင် ချင်းယွမ်လည်း များစွာ မပြောတော့ပဲ

“ကျုပ် အခုချက်ချင်း သွားပြီး စုံစမ်းလိုက်ပါ့မယ်”

…….

လျှို့ဝှက်လဝန်းနန်းတော်။

လုချန်းသည် ပိတ်လှောင်ခံထားရသည့် နှင်းခဲကမ္ဘာငယ်အတွင်း၌ ကျင့်စဉ်ကျင့်နေ၏။ ထိုစဉ် စူးရှသောအအေးဓာတ်များ တိုက်ခတ်လာသောကြောင့် သူ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။

မိုးပြာရောင် ဝတ်ရုံကို ဆင်မြန်းထားသည့် ယွမ်ယုတိကို မြင်လျှင် လုချန်း ချက်ချင်း ထရပ်လိုက်၏။

“လေးစားရတဲ့ ဆရာ့ကို ဂါရဝပြုပါတယ်”

ယွမ်ယုတိက လုချန်းကို အေးစက်စက် ကြည့်ရှုစစ်ဆေးပြီးနောက်

“ဒီနေ့ကစပြီး ချူယောင်နဲ့ ပတ်သက်တာတွေကို လုပ်ခွင့်မပြုတော့ဘူး”

လုချန်းက

“တပည့်...”

လုချန်း၏ စကားကို ယွမ်ယုတိက ချက်ချင်း ဖြတ်ပြောလိုက်၏။

“မင်း သူ့နောက်ကိုပဲ တကောက်ကောက် လိုက်နေဦးမယ်ဆိုရင် မင်းကို လျှို့ဝှက်လဝန်းနန်းတော်ကနေ နှင်ထုတ်ပစ်မယ်”

လုချန်း ခဏခန့် မှင်တက်သွား၏။ ယွမ်ယုတိ ဤမျှ ရက်စက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ယွမ်ယုတိက ဆက်လက်၍

“မင်းစီနီယာ အစ်မရဲ့ ကျင့်စဉ်ကို မနှောင့်ယှက်ဘူးလို့ ကတိပေးရင် ရှောင်ရွှီရင်၊ ကောက်ရှီယွမ်တို့နဲ့လက်ထပ်ပေးဖို့ ငါစဉ်းစားပေးနိုင်တယ်။”

ထိုလူရှုပ်သည် ရှောင်ရွှီရင်၊ ကောက်ရှီယွမ်တို့နှင့် အကြိမ်ကြိမ် ပတ်သက်ထားပြီး ဖြစ်သလို ကောက်ရှီယွမ်ကလည်း ကိုယ်ဝန်ရှိနေပြီဖြစ်သဖြင့် ၎င်းတို့အား လက်ထပ်ပေးလိုက်ခြင်းက ပိုကောင်းမည်ဟု ယွမ်ယုတိ ယူဆထား၏။ ဤသို့ပြုလုပ်ခြင်းဖြင့် လုချန်းကို လျှို့ဝှက်လဝန်းနန်းတော်တွင် မြဲမြံအောင် ပြုလုပ်နိုင်ပြီး ဂိုဏ်း၏ ကံစွမ်းအားလည်း ထပ်မံ မြင့်တက်လာနိုင်သည်။

…………

All Chapters