← Chapters

အခန်း (၁၆၉၉-၁၇၀၁)

Vol. 114 Ch. 1699-1701

အခန်း (၁၆၉၉-၁၇၀၁)

Vol. 114 Ch. 1699-1701

အခန်း (၁၆၉၉)

ယနေ့မှစ၍ ချန်းလုနှင့် ပတ်သက်စရာ မရှိတော့ပြီ

ရရှိထားသည်များကို ကျေနပ်ကာ နောက်ဆုတ်သင့်ပြီလားဟု လုချန်း တိတ်ဆိတ်စွာ စဉ်းစားနေမိ၏။ ယဲ့ချူယောင်ကိုသာ ဆက်လက်၍ ဇွတ်တရွတ် တောင်းဆိုနေပါက ယွမ်ယုတိကို ဒေါသထွက်စေနိုင်သည်။

အကယ်၍ ယွမ်ယုတိက သူ့ကို လျှို့ဝှက်လဝန်းနန်းတော်မှ တကယ် နှင်ထုတ်ပစ်ပါက သူမနှင့် ပတ်သက်မှုကို မည်သို့ တိုးတက်ကောင်းမွန်အောင် ပြုလုပ်နိုင်ပါတော့မည်နည်း။

ထိုသို့တွေးတောရင်း လုချန်းက

“ဆရာ... စီနီယာရှောင်နဲ့ စီနီယာကောက်ကို ကျုပ်နဲ့ တကယ်ပဲ လက်ထပ်ပေးမှာလား”

ယွမ်ယုတိက

“နောင်မှာ စီနီယာယဲ့ရဲ့ ကျင့်စဉ်ကို မနှောင့်ယှက်ရဘူးဆိုတဲ့ အချက်က အဓိကပဲ”

ဟု ခပ်အေးအေး ပြောလိုက်၏။

လုချန်းက

“ကောင်းပါပြီ... ဒီနေ့ကစပြီး စီနီယာယဲ့ရဲ့ ကျင့်စဉ်ကို မနှောင့်ယှက်တော့ဘူးလို့ ကျုပ် ကတိပေးပါတယ်။”

လုချန်း သဘောတူသည်ကို မြင်လျှင် ယွမ်ယုတိက ချက်ချင်းပင်

“မင်း သဘောတူပြီဆိုရင်တော့ ပြန်ပြီး ပြင်ဆင်ထားလိုက်တော့။ သုံးရက်ကြာရင် ရှောင်ရွှီရင်၊ ကောက်ရှီယွမ်တို့နှင့် မင်းရဲ့ မင်္ဂလာပွဲ ကျင်းပမယ်။”

လုချန်းက

“ဒီလို စဉ်းစားပေးတဲ့အတွက် ဆရာ့ကို ကျေးဇူးအများကြီး တင်ပါတယ်”

လုချန်းကို နောက်ထပ် မည်သည့်စကားမှ မပြောတော့ပဲ ကမ္ဘာငယ်အတွင်းမှ ယွမ်ယုတိ ထွက်ခွာသွားခဲ့သည်။ ယွမ်ယုတိ ထွက်ခွာသွားပြီးနောက် ကမ္ဘာငယ်အတွင်းမှ သူ့ကို အပြင်သို့ ပို့ဆောင်လိုက်သည့် ကြီးမားသော စွမ်းအားတစ်ခုကို လုချန်း ခံစားလိုက်ရ၏။

လုချန်း ကမ္ဘာငယ်အတွင်းမှ ထွက်လာပြီး မကြာမီမှာပင် ရှောင်ရွှီရင် သူ့အရှေ့သို့ ရောက်ရှိလာသည်။ သူမ၏ အမျိုးသားနှင့် မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ရာ လုချန်းကို ရှောင်ရွှီရင် အားကိုးတကြီး ပြေးဖက်လိုက်မိသည်။

ရှောင်ရွှီရင်က

“မောင်လေး... ဒီနှစ်တွေမှာ နေကောင်းရဲ့လား။ နန်းတော်သခင်က မောင်လေးကို ဒုက္ခပေးသေးလား။”

ရှောင်ရွှီရင်၏ လှပသော ဆံနွယ်များကို လုချန်း ပွတ်သပ်ပေးရင်း ရယ်မောကာ

“ကျုပ် နေကောင်းပါတယ်။ သူက ကျုပ်ရဲ့ ဆရာပဲလေ... ဘယ်လိုလုပ် ဒုက္ခပေးမှာလဲ။ အစ်မ အခု ကျုပ်ဆီ ရောက်လာပြီဆိုတော့ အဲ့ဒီကိစ္စကို သိပြီးသား ဖြစ်မှာပေါ့။”

လုချန်း၏ မေးခွန်းကို ကြားလျှင် ရှောင်ရွှီရင်၏ ပါးပြင်နှင့် လည်ပင်းတဝိုက်တွင် ရှက်သွေးရောင် ဖြာတက်သွား၏။ အစောပိုင်းက သူမ ကျင့်စဉ်ကျင့်နေစဉ်အတွင်း နန်းတော်သခင်က ရုတ်တရက် သတင်းစကား ပေးပို့ခဲ့ပြီး သုံးရက်အတွင်း လုချန်းနှင့် လက်ထပ်ဖို့ပြင်ဆင်ထားရန် ပြောကြားခဲ့သည်။

ထိုစကားကို ကြားရလျှင် သူမ နားကြားမှားတာဟုပင် ရှောင်ရှီယွင် ထင်မှတ်မိသေး၏။

သို့သော်လည်း လုချန်းကို လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ယွမ်ယုတိက ဆက်ပြောတော့မှ သူမ နားကြားမမှားကြောင်း သိလိုက်ရ၏။

သို့သော်လည်း အစပိုင်းတွင် သူတို့၏ ပတ်သက်မှုကို များစွာ ဒေါသထွက်ခဲ့သော နန်းတော်သခင်က ယခု အဘယ်ကြောင့် လုချန်းနှင့် လက်ထပ်ပေးရန် သဘောတူခဲ့သည်ကို သူမ နားမလည်နိုင်ပေ။ ရှောင်ရွှီရင် အတွေးထဲ နစ်မြောနေစဉ်အတွင်း ကောက်ရှီယွမ်လည်း အဝေးမှ ဓားပျံဖြင့် ရောက်ရှိလာပြီး လုချန်း၏ အနားသို့ လျင်မြန်စွာ ဆင်းသက်လိုက်၏။

ယခုအချိန်အထိ ကောက်ရှီယွမ်တွင် ကိုယ်ဝန်ရှိနေသည့် အသွင်အပြင် မရှိသေးပေ။ သူမ၏ ဝမ်းဗိုက်မှာလည်း ရင်သွေးလွယ်ထားသည့် လက္ခဏာ တစ်စုံတစ်ရာ မတွေ့ရသေးချေ။

နတ်များ၏ သဘာဝအရ ရင်သွေးရရှိရန် အချိန်အတော်ကြာ တတ်သော်လည်း မွေးဖွားလာသော ကလေးများမှာ မွေးကတည်းက နတ်များ ဖြစ်ကြသည်။

လုချန်းက ကောက်ရှီယွမ်ကို ကြည့်ကာ

“ရှီယွမ်... အစ်မလည်း သတင်းစကား ရပြီးပြီလား”

ကောက်ရှီယွမ်က

“ဟုတ်ကဲ့... သုံးရက်နေရင် ကျွန်မတို့ရဲ့ မင်္ဂလာပွဲကို ခမ်းခမ်းနားနားကျင်းပမယ်လို့ နန်းတော်သခင်က ပြောပါတယ်။”

ထို့နောက် လုချန်းက သူ၏လက်ကို ဆန့်တန်းကာ ကောက်ရှီယွမ်ကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်၏။ ပတ်ဝန်းကျင်၌ စီနီယာ၊ ဂျူနီယာ ညီအစ်မများစွာ ကြည့်နေကြသောကြောင့် ရုတ်တရက် ရင်ခွင်ထဲသို့ ဆွဲသွင်းမှု ခံလိုက်ရသော ကောက်ရှီယွမ်လည်း အနည်းငယ် နေရခက်သွားသည်။

လုချန်းက အမျိုးသမီး နှစ်ဦး၏ နားနားသို့ ကပ်ကာ

“အခုတော့ ကျုပ်တို့ ပွင့်ပွင့်လင်းလင်း အတူနေလို့ ရပြီ”

ဟု ရယ်မောလျက် တိုးတိုးလေး ပြောလိုက်၏။

အမျိုးသမီး နှစ်ဦးစလုံး၏ နှလုံးသားထဲတွင် နွေးထွေးမှုများ လွှမ်းခြုံသွား၏။ ဤနေ့ရက်က နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီ။

ထိုအခိုက်အတန့်တွင် ယဲ့ချူယောင်သည် ဤမြင်ကွင်းကို အဝေးမှ ကြည့်နေမိပြီး ဖော်ပြမတတ်သော ဝမ်းနည်းမှုကို ခံစားလိုက်ရ၏။ သုံးရက်အတွင်း ချန်းလုနှင့် ရှောင်ရွှီရင်၊ ကောက်ရှီယွမ်တို့ လက်ထပ်တော့မည်ဖြစ်ကြောင်းနှင့် ချန်းလုကလည်း သူမ၏ ကျင့်စဉ်ကို မနှောင့်ယှက်တော့ရန် သဘောတူခဲ့ကြောင်း သူမ၏ ဆရာက ပြောပြခဲ့သည်။

ကောက်ရှီယွမ်နှင့် လက်ထပ်နိုင်ရန်အတွက် ချန်းလုက ဆရာ့၏ ကမ်းလှမ်းချက်ကို ဤမျှ လွယ်လွယ်ကူကူ သဘောတူခဲ့ခြင်းလားဟု ယဲ့ချူယောင် မတွေးပဲ မနေနိုင်ပေ။

သူ၏ နှလုံးသားထဲတွင် သူမအတွက် နေရာတစ်စုံတစ်ရာ မရှိတော့ပြီလား။

သူတို့ အတူရှိခဲ့သည့် အချိန်များက ရမ္မက်များကို ဖြေဖျောက်ရန်အတွက်သာ ဖြစ်ခဲ့လေသလား။

ယဲ့ချူယောင်သည် သူမ၏ စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်၏။

ဒီလိုပဲ ထားလိုက်ပါတော့...

အရာအားလုံးသည် အမှားအယွင်းတစ်ခု ကြောင့်သာ ဖြစ်သည်။

ကဲ့စားချေလိုသော စိတ်ဆန္ဒကြောင့်သာ သူမ ဤကိစ္စတွင် ပါဝင်ပတ်သက်ခဲ့ခြင်း ဖြစ်၏။ သူ၏ရှေ့သို့ ရောက်ရှိလာသည့် အရသာရှိသော စားဖွယ်ကို ချန်းလုအနေနှင့် အဘယ်ကြောင့် မခံစားပဲ နေပါမည်နည်း။ ဤအရာက သူမ ကိုယ်တိုင် ပြုလုပ်ခဲ့ခြင်းသာ ဖြစ်သည်။

ယနေ့မှစ၍ ချန်းလုနှင့် သူမ မည်သို့မှ ပတ်သက်စရာ မရှိတော့ချေ။

ထိုသို့ တွေးတောရင်း ယဲ့ချူယောင်လည်း နောက်သို့ လှည့်ကာ သူမ၏ ကျင့်စဉ်စခန်းရှိရာ ဂူအတွင်းသို့ ပြန်ဝင်သွားပြီး အချိန်အတော်ကြာအောင် သီးသန့်နေထိုင်ရန် ပြင်ဆင်လိုက်၏။

သုံးရက်ကြာလျှင် ကျင်းပမည့် ချန်းလုနှင့် ဂျူနီယာ ညီမနှစ်ဦး၏ မင်္ဂလာပွဲသို့ တက်ရောက်ရန်လည်း သူမ၌ စိတ်ကူးမရှိပေ။

အမည်မဖော်နိုင်သော ဝမ်းနည်းမှုတစ်ခု သူမ၏ နှလုံးသားထဲသို့ တိုးဝင်လာနေသည်။ နှစ်နှစ်တာမျှ ပတ်သက်ခဲ့ပြီးနောက် စိတ်ခံစားချက် တစ်စုံတစ်ရာ မရှိခဲ့ဟု ပြောရန်က မဖြစ်နိုင်လှပေ။

အထူးသဖြင့် သူသည် သူမအတွက် မမေ့နိုင်သော ပျော်ရွှင်မှုများကို တကယ် ပေးစွမ်းခဲ့သည် မဟုတ်ပါလား။

လုချန်း၏ မင်္ဂလာပွဲသို့ တက်ရောက်ခြင်းက သူမ၏ နှလုံးသားကို ပို၍ကြေကွဲစေမှာကို သူမ စိုးရိမ်နေမိ၏။

အပြင်သို့ ရောက်လာပြီးနောက် ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့၏ လမ်းညွှန်မှုဖြင့် ဆောင်သစ်တစ်ခုကို ရွေးချယ်ကာ ပြင်ဆင်မှုများ လုချန်း စတင်ပြုလုပ်လိုက်၏။ မင်္ဂလာအခန်းကို ပြင်ဆင်ရန် လူများကို ညွှန်ကြားနေစဉ်အတွင်း လုချန်း၏ ဆောင်သစ်သို့ လင်ရင် ရောက်ရှိလာ၏။

လုချန်းကို မြင်လျှင် နတ်ဘုရင် လင်ရင်က ပြုံးကာ

“ချန်းလုက... အလှပဂေးလေးတွေရဲ့ နှလုံးသားကို ရရှိခဲ့ရုံတင်မကပဲ တစ်ပြိုင်နက်တည်း နှစ်ယောက်တောင် ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်။”

လုချန်းက ပြုံးလျက်

“တကယ်လို့ ရေတွက်မယ်ဆိုရင် နှစ်ယောက်တည်း မဟုတ်ပါဘူး။”

ထိုသို့ ပြောရင်း လုချန်းက လင်ရင်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်၏။ လင်ရင်လည်း အနည်းငယ် တုံ့ဆိုင်းသွားပြီး သခင်က သူမကိုပါ ထည့်သွင်း ရေတွက်နေခြင်းလားဟု တွေးတောနေမိသည်။

ထိုသို့ တွေးတောမိလျှင် လင်ရင်၏ ပါးပြင်ပေါ်၌ ရှက်သွေးများ ဖြာသွား၏။ သူမသည် သခင်၏ ပိုင်ဆိုင်မှု ဖြစ်ခဲ့တာ ကြာမြင့်လှပြီဖြစ်၏။

သူသည် သူမအတွက် မစိမ်းတော့ချေ။

သို့သော်လည်း လုချန်း၏ စကားကို ကြားရလျှင် နတ်ဘုရင်ခံ လင်ရင်၏ စိတ်ထဲ များစွာ ပျော်ရွှင်သွားမိ၏။ ရှောင်ရွှီရင်၊ ကောက်ရှီယွမ်တို့ကဲ့သို့ လုချန်း၏ ဇနီး အဖြစ် ရောက်ရှိရန် သူမ မမျှော်လင့်သော်လည်း လုချန်း၏ အနားတွင် ရှိနေပြီး အလုပ်အကျွေး ပြုခွင့်ရခြင်းကပင် သူမကို များစွာ ပျော်ရွှင်စေသည်။

နတ်ဘုရင် လင်ရင်သည် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး

“နန်းတော်သခင်က ရှင်တို့ရဲ့ လက်ထပ်ပွဲ သတင်းကို ဖြန့်ပြီးပြီ။ ရှင့်အတွက် ကြီးကျယ်တဲ့ အခမ်းအနားတစ်ခု ကျင်းပပေးဖို့ သူ စဉ်းစားနေတယ်။”

အဆုံးတွင်တော့ လုချန်းသည် နတ်ဂိုဏ်းခေါင်းဆောင်၏ တပည့်ရင်း ဖြစ်ရာ သူ၏ မင်္ဂလာပွဲသည် သဘာဝကျစွာပင် ခမ်းနားထည်ဝါရန် လိုအပ်သည်။

လုချန်း အနည်းငယ် အံ့အားသင့်သွား၏။ သူ၏ အဆင့်အတန်းအရ ခမ်းနားသော မင်္ဂလာပွဲနှင့် ထိုက်တန်သော်လည်း ဤနတ်ဂိုဏ်းသည် အမျိုးသမီးများသာ အများစုဖြစ်ခြင်းနှင့် ယွမ်ယုတိသည် ယောက်ျား၊ မိန်းမ ကြား ချစ်ရေးချစ်ရာ ကိစ္စများကို မနှစ်သက်ခြင်းတို့ကြောင့် ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့ကို သူ၏ အဆောင်အတွင်းသို့ ခေါ်ဆောင်ရုံသာ ကျင်းပမည့် ရိုးရှင်းသော လက်ထပ်ပွဲ ကိုသာ သူ မျှော်လင့်ထားခဲ့၏။

သို့သော်လည်း ယွမ်ယုတိက သူ၏ မင်္ဂလာပွဲကို ယခုလို စီစဉ်ပေးချင်နေသဖြင့် သူ့ကို များစွာ အံ့အားသင့်စေခဲ့‌‌သည်။

သို့သော်လည်း ခမ်းနားသော အခမ်းအနားဆိုသည်က သုံးရက်အတွင်း ပတ်ဝန်းကျင်ရှိ နတ်ဂိုဏ်းများသို့ ဖိတ်ကြားလွှာများ ပေးပို့ရန် အချိန်မလောက်သောကြောင့် လျှို့ဝှက်လဝန်းနန်းတော် လက်အောက်ခံ အဖွဲ့အစည်းများသာ တက်ရောက်နိုင်လိမ့်မည်။

ထို့နောက် နတ်ဘုရင်ခံ လင်ရင်က

“နောက်ရက်တွေမှာ အကူအညီ လိုတာရှိရင် ကျွန်မကို အားမနာပဲ ပြောပါ။”

လုချန်းက

“ကျေးဇူးတင်ပါတယ် ဒု နန်းတော်သခင် လင်ရင်”

လုချန်း၏ အဆောင်ကို ကြည့်ကာ လင်ရင်၏စိတ်ထဲ အတွေးများစွာ ဝင်ရောက်လာ၏။

တစ်ချိန်က လုချန်း၏ ပထမဆုံး မင်္ဂလာပွဲကို သူမ ကိုယ်တိုင် စီစဉ်ပေးခဲ့ရသည့် အချိန်ကို သူမ ပြန်လည် သတိရနေမိသည်။ ထိုစဉ်က လုချန်းသည် နတ်ဘုရား နိုင်ငံတော်တစ်ခုမှ မြင့်မြတ်သော အဆင့်အတန်းရှိသည့် မင်းသမီးတစ်ပါးနှင့် လက်ထပ်ခဲ့ခြင်း ဖြစ်၏။

ပျော်ရွှင်ဖွယ် မင်္ဂလာဦးည ဖြစ်စေရန်အတွက် လုချန်းသည် သူမနှင့်အတူ လေ့ကျင့်ခဲ့ပြီး သင်ယူထားသမျှ နည်းလမ်းအားလုံးကို ထိုမင်းသမိး အပေါ် အသုံးပြုခဲ့သည်။

ဤအမျိုးသား ကြီးပြင်းလာပုံ၊ လက်ထပ်ခဲ့ပုံ၊ ထို့နောက် ကျဆုံးသွားပြီး ယခုအခါ ပြန်လာကာ နောက်တစ်ကြိမ် လက်ထပ်ပြန်ပုံတို့ကို ကြည့်ရှုနေရခြင်းက လင်ရင်ကို ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်စေသည်။

သူမသည် သူ၏ အမျိုးသမီး မဟုတ်လင့်ကစား သူ၏ အနိမ့်အမြင့် အတက်အကျ အားလုံးကို သူမ ကိုယ်တိုင် မျက်မြင်တွေ့ရှိခဲ့ရသကဲ့သို့ပင်။

သူမ၏ တစ်ခုတည်းသော နောင်တမှာ ထိုစဉ်က သူနှင့်အတူ ကစဉ့်ကလျား ပင်လယ်အတွင်းသို့ လိုက်ပါသွားနိုင်ခြင်း မရှိခဲ့သည့် အချက် ဖြစ်သည်။

………….

အခန်း (၁၇၀၀)

ပုရွက်ဆိတ်တွေရဲ့ အသက်ကို ဂရုစိုက်မည် မဟုတ်

သုံးရက်တာ အချိန်ကာလသည် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီး လျှို့ဝှက်လဝန်းနန်းတော် တစ်ခုလုံးမှာလည်း ပျော်ရွှင်စရာ အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။

သူ၏ တပည့်ရင်းအတွက် ယွမ်ယုတိက မင်္ဂလာပွဲ ကျင်းပပေးမည်ဟူသော သတင်းကို ကြားလိုက်ရသည့်အခါ လျှို့ဝှက်လဝန်းနန်းတော်မှ တပည့်များနှင့် အကြီးအကဲများ များစွာ အံ့အားသင့်သွားကြရသည်။ သူတို့၏ နန်းတော်သခင်သည် ဖိုမဆက်ဆံရေးနှင့် ပတ်သက်လျှင် အလွန် ရွံရှာမုန်းတီးတတ်သူဟု သူတို့ အမြဲတမ်း မှတ်ယူထားခဲ့ကြ၏။

သူတို့ အဖော်ရှာခြင်းကို သူမက အတိအလင်း မကန့်ကွက်သော်လည်း လျှို့ဝှက်လဝန်းနန်းတော်အတွင်း၌ အမျိုးသား နတ်များနှင့် ပတ်သက်သော စည်းကမ်းချက်များက အလွန်ပင် များပြားလှသည်။

ထျန်းရန် နတ်ဘုရား နယ်မြေရှိ နတ်များအကြားတွင် အဖော်ပြု ဆက်ဆံရေး နှစ်မျိုးရှိ၏။ ပထမတစ်မျိုးမှာ လူ့လောကရှိ လက်ထပ်မင်္ဂလာများနှင့် ဆင်တူပြီး အမျိုးသမီးက အမျိုးသား၏ မိသားစုအတွင်းသို့ ဝင်ရောက်ကာ သူမ၏ ဘဝတစ်သက်တာလုံး ထိုအမျိုးသားကိုသာ ပိုင်ဆိုင်ရခြင်းဖြစ်၏။

အခြားတစ်မျိုးကတော့ နှစ်ဦးနှစ်ဖက်စလုံး သူတို့ဘာသာ နေထိုင်ကြပြီး လိုအပ်သည့်အခါ သို့မဟုတ် ချိန်းဆိုထားသည့် အချိန်တွင်မှသာ တွေ့ဆုံခြင်းမျိုး ဖြစ်သည်။ သူတို့သည် လက်ထပ်ပြီးလျှင်လည်း သူတို့၏ ဆိုင်ရာ နတ်ဂိုဏ်းမှ တပည့်များအဖြစ်သာ ဆက်လက် တည်ရှိနေကြ၏။

ဥပမာအားဖြင့် လျှို့ဝှက်လဝန်းနန်းတော်မှ အမျိုးသမီး တပည့်များသည် အဖော်ရှိလျှင်ပင် လျှို့ဝှက်လဝန်းနန်းတော်၏ တပည့်များအဖြစ်သာ ရှိနေဆဲ ဖြစ်သည်။ သူတို့၏ အဖော်နှင့် အချိန်အနည်းငယ် ကုန်ဆုံးပြီးနောက် လျှို့ဝှက်လဝန်းနန်းတော်သို့ ပြန်လာကြရ၏။

သို့သော် လျှို့ဝှက်လဝန်းနန်းတော်မှ အမျိုးသမီး တပည့်အများစုသည် သူတို့၏ အဖော်များကို ပြန်လည် ခေါ်ဆောင်လာတတ်ကြသည်။ ထိုအဖော်များသည် လျှို့ဝှက်လဝန်းနန်းတော်အောက်ရှိ နတ်မြို့တော်တွင်သာ နေထိုင်ကြသော်လည်း သူတို့အတွက် အလွန်တင်းကျပ်သော စည်းကမ်းများကို ယွမ်ယုတိက ချမှတ်ထား၏။

ထို့ပြင် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ရန်နှင့် ဖိုမ အချစ်ရေးကိစ္စများတွင် နစ်မွန်းခြင်း မပြုရန် ယွမ်ယုတိက တပည့်များကို အကြိမ်ကြိမ် သတိပေးလေ့ရှိသည်။ ထိုအရာကြောင့် နန်းတော်သခင်သည် ဖိုမကိစ္စများကို စက်ဆုပ်သည်ဟု တပည့်များနှင့် အကြီးအကဲများက ထင်မှတ်နေကြခြင်း ဖြစ်သည်။

မထင်မှတ်ထားပဲ ယခုတော့ နန်းတော်သခင်ကိုယ်တိုင်က သူမ၏ တပည့်ရင်းအတွက် မင်္ဂလာပွဲကို တက်ကြွစွာ ဦးစီးကျင်းပပေးနေပြီး သတို့သမီးမှာလည်း လျှို့ဝှက်လဝန်းနန်းတော်မှ အမျိုးသမီး တပည့်တစ်ဦးပင် ဖြစ်နေသည်။

နောင်အနာဂတ်တွင် နန်းတော်သခင်က စည်းကမ်းချက်အချို့ကို ဖြေလျှော့ပေးတော့မည်ဟု ဆိုလိုခြင်းလား။

……

သွေးလင်းယုန်ခန်းမ။

အလောင်းကောင်တောင်ထိပ်တစ်ခုပေါ်တွင် ဖြစ်၏။

ဝိညာဉ်ဆိုး နတ်ဘုရင်သည် အဝေးရှိ အလောင်းတောင် သွေးပင်လယ်ကြီးကို စိတ်အနှောင့်အယှက် ဖြစ်နေသည့် ဟန်ပန်ဖြင့် စိုက်ကြည့်နေ၏။

လွန်ခဲ့သော နှစ်နှစ်အတွင်း သွေးလင်းယုန်ခန်းမမှ လူများသည် ရှုကျင့်ရှူးကို နေရာအနှံ့ လိုက်လံ ရှာဖွေခဲ့သော်လည်း သူမကို ဘယ်သောအခါမှ မတွေ့ရှိခဲ့ကြပေ။ ခရမ်းရောင် ပုံရိပ် ဂိုဏ်းသို့ စေလွှတ်ထားသော သူလျှိုများက ထိုနေရာသည် မြေလှန်ဖျက်ဆီးခံထားရကြောင်း သိခဲ့ရပြီး ထိုနေရာတွင် ကြီးမားသော ဖြစ်ရပ်တစ်ခုခု ဖြစ်ပွားခဲ့ပြီး ရှုကျင့်ရှူးသည်လည်း ထိုအချိန်ကတည်းက ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရနိုင်ခြေ ရှိကြောင်း ထင်ရှားနေ၏။

ရှုကျင့်ရှူး တည်ရှိမှုကို ယွမ်ယုတိက သိသွားပြီး နတ်လက်နက် တစ်ခုခုအတွင်း၌ ချိပ်ပိတ်ထားခြင်းကြောင့်သာ ရှုကျင့်ရှူး၏ အငွေ့အသက်ကို သူ မခံစားရခြင်းဖြစ်နိုင်သည်ဟု ဝိညာဉ်ဆိုး နတ်ဘုရင် သံသယဝင်နေသည်။

သို့‌သော် ထိုအရာက သူ၏ ထင်မြင်ချက်သက်သက်သာ ဖြစ်၏။ ပြဿနာက ရှုကျင့်ရှူးအား ကျင့်စဉ်မီးဖိုအဖြစ် မရရှိပါက နတ်သခင်အဆင့်သို့ ရောက်ရှိရန် သူ့အတွက် အလွန်ပင် ခက်ခဲပေလိမ့်မည်ဖြစ်သည်။

ရှုကျင့်ရှူးသည် သူ အပင်ပန်းခံ ရှာဖွေထားရသည့် အသင့်‌တော်ဆုံး ကျင့်စဉ်မီးဖိုဖြစ်ရာ ဝိညာဉ်ဆိုး နတ်ဘုရင် လွယ်လွယ်နှင့် လက်‌လျှော့မည် မဟုတ်ပေ။

ဝိညာဉ်ဆိုး နတ်ဘုရင်က

“ကျုပ် အစီအစဉ်တွေကို မြန်မြန်ဆန်ဆန် လုပ်မှ ဖြစ်တော့မယ်”

ထိုအခိုက်အတန့်တွင် နတ်တစ်ဦးသည် အလင်းတန်းတစ်ခုအဖြစ် ပျံသန်းဝင်ရောက်လာပြီး ဝိညာဉ်ဆိုး နတ်ဘုရင်၏ အနီးတွင် သက်ဆင်းလိုက်သည်။

မိစ္ဆာနတ်က

“နန်းတော်သခင်ကို ဂါရဝပြုပါတယ်”

ဝိညာဉ်ဆိုး နတ်ဘုရင်က

“ဘာကိစ္စလဲ”

မိစ္ဆာနတ်က ကျောက်စိမ်းပြားတစ်ပြားကို တိုက်ရိုက် ထုတ်ပေးလိုက်သည်။ ဝိညာဉ်ဆိုး နတ်ဘုရင်က ထိုအရာကို လက်ခံရယူကာ အသက်သွင်းရန်အတွက် နတ်အငွေ့အသက်များကို ထည့်သွင်းလိုက်ရာ ခဏအကြာ၌ သူ၏ ရှေ့၌ ထောက်လှမ်းရေး အစီရင်ခံစာတစ်‌စောင် ပေါ်လာ၏။

ဝိညာဉ်ဆိုး နတ်ဘုရင်က

“မင်္ဂလာပွဲလား”

ဝိညာဉ်ဆိုး နတ်ဘုရင် အနည်းငယ် အံ့အားသင့်သွားရသည်။

သူတို့ စုဆောင်းထားသော သတင်းများအရ ယွမ်ယုတိသည် အမျိုးသားများကို စက်ဆုပ်သော အမျိုးသမီးတစ်ဦး ဖြစ်သင့်သည်။ လျှို့ဝှက်လဝန်းနန်းတော်မှ အမျိုးသမီးတပည့်များကို ဖျက်ဆီးရန်နှင့် သူလျှိုများအဖြစ် စေလွှတ်ရန်အတွက် ရုပ်ရည်ချောမောသော အမျိုးသားများကို အသုံးပြုဖို့ သွေးလင်းယုန်ခန်းမက တစ်ကြိမ်က ကြံစည်ခဲ့ဖူး၏။

သို့သော် ထိုအမျိုးသားများသည် လျှို့ဝှက်လဝန်းနန်းတော်အတွင်းသို့ပင် မဝင်ရောက်နိုင်ပဲ အောက်ခြေရှိ နတ်မြို့တော်တွင်သာ နေထိုင်ခွင့်ရခဲ့ကြသည်။

လျှို့ဝှက်လဝန်းနန်းတော်သို့ လာရောက်သော အမျိုးသားများအတွက် စည်းကမ်းအမျိုးမျိုးကို ယွမ်ယုတိက သတ်မှတ်ထားသည်။ အောက်ခြေ နတ်မြို့တော်ရှိ အမျိုးသားများသည် လူပုံအလယ်တွင် ကိုယ်ထင်ပြသခြင်း မပြုရဟူသော စည်းကမ်းက အတင်းကျပ်ဆုံး ဖြစ်သည်။

၎င်းတို့သည် သူတို့၏ အဖော်ဖြစ်သူ၏ နေအိမ်တွင်သာ နေထိုင်ရမည်ဖြစ်ပြီး သူတို့ မည်သူဖြစ်ကြောင်းကိုလည်း လူကြားထဲ မဖော်ထုတ်ရန် တင်းကျပ်စွာ ထိန်းချုပ်ထား၏။

သူတို့သည် နှစ်စဉ် နှလုံးသားကျောက်တုံး စမ်းသပ်မှုကို ခံယူကြရသည်။ သူတို့၏ အချစ်က မစင်ကြယ်ပဲ အခြားအမျိုးသမီးတစ်ဦးအပေါ် စိတ်ကူးယဉ်နေခြင်း သို့မဟုတ် စုံတွဲကျင့်စဉ်ကဲ့သို့သော အခြားရည်ရွယ်ချက်များဖြင့် ချဉ်းကပ်ခြင်းဖြစ်ကြောင်း သိပါက ချက်ချင်းပင် မိန်းမစိုးဘဝသို့ ရောက်အောင် ပြုလုပ်ခြင်း ခံရမည်ဖြစ်သည်။

ထို့ကြောင့်လည်း သွေးလင်းယုန်ခန်းမမှ စေလွှတ်လိုက်သော သူလျှိုအများစု မိန်းမစိုးများအဖြစ် အဆုံးသတ်သွားခဲ့ကြရခြင်းဖြစ်သည်။

ဝိညာဉ်ဆိုး နတ်ဘုရင်က

“သူ လက်ခံထားတဲ့ အဲ့ဒီအမျိုးသားတပည့်ကို ယွမ်ယုတိက အတော်လေး အရေးပေးပုံရတယ်။”

“စိတ်ဝင်စားစရာပဲ...”

ချန်းလုကို ဖမ်းဆီးနိုင်ပါက ရှုကျင့်ရှူးကို ပြန်ပေးရန် ယွမ်ယုတိကို ဖိအားပေးနိုင်လိမ့်မည်ဟု ဝိညာဉ်ဆိုး နတ်ဘုရင် တွေးတောမိလိုက်သည်။ ရှုကျင့်ရှူး ပျောက်ဆုံးသွားခြင်းသည် ယွမ်ယုတိနှင့် ပတ်သက်နေကြောင်း သူ အခုတော့ သေချာသလောက် ရှိနေပြီဖြစ်၏။

အကြောင်းမှာ ခရမ်းရောင် ပုံရိပ် ဂိုဏ်းသည် လျှို့ဝှက်လဝန်းနန်းတော်၏ နယ်မြေအတွင်း၌ ရှိနေသောကြောင့် ဖြစ်သည်။ ထို့ပြင် ခရမ်းရောင် ပုံရိပ် ဂိုဏ်းသည် တိုက်ကွက်တစ်ခုတည်းဖြင့် ဖျက်ဆီးခံလိုက်ရကြောင်း သူလျှိုများက တွေ့ရှိခဲ့ရာ ထိုအရာမှာ နတ်ဘုရင်တစ်ဦး၏ လက်ချက်ဖြစ်ဖွယ် ရှိသည်။

အရိပ်ဖမ်းကျောက်တုံးကို အသုံးပြု၍ သူလျှိုများ ယူဆောင်လာသော ပုံရိပ်များကို ဝိညာဉ်ဆိုး နတ်ဘုရင် မြင်တွေ့ခဲ့ပြီး ဖြစ်၏။ နတ်ဘုရင်ခံတစ်ဦးအနေနှင့် ထိုမျှလောက် ကြီးမားသော ဖျက်ဆီးမှုကို မလုပ်ဆောင်နိုင်ပေ။

ရှုကျင့်ရှူး ပျောက်ဆုံးသွားချိန်တွင် လျှို့ဝှက်လဝန်းနန်းတော်၌ ယွမ်ယုတိတစ်ဦးတည်းသာ နတ်ဘုရင်အဆင့်၌ ရှိနေခဲ့သည်။

ယွမ်ယုတိမှလွဲ၍ အခြားမည်သူ လုပ်နိုင်မည်နည်း။

နတ်ဘုရင်တစ်ဦး အနေနှင့် အခြားနတ်ဘုရင်တစ်ဦး သူမ၏ နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်ပါက အလွယ်တကူ သိနိုင်ပေလိမ့်မည်။ ယွမ်ယုတိ၏ နယ်မြေအတွင်းရှိ ဂိုဏ်းတစ်ဂိုဏ်းကို အခြားနတ်ဘုရင်များက တိုက်ခိုက်လိမ့်မည်ဟု ဝိညာဉ်ဆိုး နတ်ဘုရင် မယူဆပေ။

သို့သော် ချန်းလုသည် ယခု လျှို့ဝှက်လဝန်းနန်းတော်အတွင်းသို့ ရောက်ရှိနေပြီဖြစ်ရာ သူ့ကို အပြင်သို့ ခေါ်ထုတ်ယူရန် မလွယ်ကူလှပေ။

နည်းလမ်းတစ်ခုခုကို စဉ်းစားရန် လိုအပ်၏။

……

မင်္ဂလာပွဲအပြီးတွင် လုချန်းသည် ရှောင်ရွှီရင်၊ ကောက်ရှီယွမ်တို့နှင့်အတူ မင်္ဂလာအခန်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ကုတင်ပေါ်တွင် ပဝါနီများ ခြုံကာ ထိုင်နေကြသော အမျိုးသမီးနှစ်ဦးကို မြင်လိုက်ရသည့်အခါ လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွှတ်သွား၏။

နတ်ဂိုဏ်း၏ မင်္ဂလာပွဲသည် လူ့လောကနှင့် မတူပဲ ထုံးတမ်းအစဉ်အလည အနည်းငယ်သာ ရှိသည်။ ထို့နောက် လူချန်းသည် ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်ဟူသော နတ်မိန်းမပျိုနှစ်ဦး၏ ပဝါနီများကို လက်နှစ်ဖက် မြှောက်၍ တစ်ပြိုင်နက်တည်း ဖယ်ရှားလိုက်သည်။

လုချန်းကို မြင်လိုက်ရသည့်အခါ အမျိုးသမီးနှစ်ဦးစလုံး၏ ပါးပြင်ပေါ်တွင် ရှက်သွေးဖြာသော နီမြန်းမှုများ ပေါ်ပေါက်လာ၏။ သူတို့သည် မရေမတွက်နိုင်သော အကြိမ်ပေါင်းများစွာ ကာမဂုဏ်ကို ခံစားခဲ့ဖူးသော်လည်း ထိုအရာများကို အမြဲတမ်း တိတ်တဆိတ်သာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

တရားဝင် ဇနီးမောင်နှံ ဖြစ်လာခြင်းက သူတို့အတွက် ထူးခြားသော ခံစားချက်ကို ပေးစွမ်းနေ၏။ အမျိုးသမီးနှစ်ဦး၏ ချောမောသော မျက်နှာများကို လုချန်း ညင်သာစွာ ပွတ်သပ်လိုက်ရင်း

“အချိန်က တော်တော်လေး နောက်ကျနေပြီ။ ကျုပ်တို့ အနားယူသင့်ပြီ”

ထိုအမျိုးသမီးများက

“အင်း”

ဟူ၍သာ တိုးညင်းစွာ ပြန်လည် တုံ့ပြန်ကြရာ လုချန်းလည်း သူတို့ကို ကုတင်ကြီးပေါ်သို့ တွန်းချလိုက်တော့၏။

…..

ထိုအခိုက်အတန့်တွင်။

နှင်းခဲမြို့တော်၌။

မြို့တော်ဝန် ဟန်ရှုဝမ်သည် လျှို့ဝှက်အခန်းတစ်ခုအတွင်း တံခါးပိတ် ကျင့်စဉ်စခန်းဝင်နေစဉ် နှင်းခဲမြို့တော်ပေါ်သို့ ထိတ်လန့်ဖွယ်ရာ အငွေ့အသက်တစ်ခု ရုတ်တရက် သက်ဆင်းလာသည်။ ဟန်ရှုဝမ်လည်း ထိတ်လန့်သွားပြီး လျှို့ဝှက်အခန်းထဲမှ အလျင်အမြန် ထွက်လာခဲ့ရာ မိစ္ဆာနတ် မြောက်မြားစွာနှင့် ချက်ချင်းပင် ထိပ်တိုက်တိုးလေတော့သည်။

ထိုမိစ္ဆာနတ်များကို သတ်ဖြတ်ရန် ဟန်ရှုဝမ် အလျင်အမြန် လှုပ်ရှားလိုက်သော်လည်း သူတို့၏ စွမ်းအားက ကြီးမားလှ၏။ တစ်ဦးချင်းစီ၌ လူနတ်အဆင့် စွမ်းအားမျိုး ရှိနေကြ၏။

ထိုမျှလောက် များပြားလှသော ဝိညာဉ်ဆိုးများကို ရင်ဆိုင်ရန်က ဟန်ရှုဝမ်၏ စွမ်းအားနှင့် မလုံလောက်ပေ။ လျှို့ဝှက်လဝန်းနန်းတော်သို့ အကူအညီတောင်းခံရန် ကျောက်စိမ်းပြားတစ်ပြားကို သူ အလျင်အမြန် ထုတ်လိုက်သော်လည်း နှင်းခဲမြို့တော်တစ်ခုလုံးအား ကြီးမားသော သွေးနီရောင် အကာအကွယ်အတားအဆီးတစ်ခုဖြင့် ဖုံးလွှမ်းခံထားရကြောင်း မကြာမီပင် သူ သိလိုက်ရသည်။

ပြင်ပလောကနှင့် ဆက်သွယ်ရန် နည်းလမ်းမရှိတော့သဖြင့် မျှော်လင့်ချက် မဲ့သွားပြီး

“အားလုံး ပြီးသွားပြီ”

ဟု ဟန်ရှုဝမ် တွေးတောလိုက်၏။

ထိုစဉ် နှင်းခဲမြို့တော်၏ အောက်ခြေတွင် ကြီးမားသော နည်းဗျူဟာ ပုံစံတစ်ခု ပေါ်လာပြီး ထူထပ်သော ယင်စွမ်းအားများလည်း ထွက်ပေါ်လာသည်။ နှင်းခဲမြို့တော်ရှိ ကျင့်ကြံသူများသည် ထိုယင်စွမ်းအားနှင့် ထိတွေ့မိသည်နှင့် သူတို့၏ ဝိညာဉ်များ ချက်ချင်းပင် ထုတ်ယူခြင်း ခံကြရ၏။ အကာအကွယ်အတားအဆီး၏ အပြင်ဘက် ကောင်းကင်ယံကို ဟန်ရှုဝမ် မော့ကြည့်လိုက်ရာ မိစ္ဆာ နတ်လေးဦးကို မြင်လိုက်ရသည်။

ဟန်ရှုဝမ်က

“ခင်ဗျားတို့က ရဲတင်းလှချည်လား။ လျှို့ဝှက်လဝန်းနန်းတော်က ခင်ဗျားတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး။”

လျန်ကျင်ရှင်းက

“လျှို့ဝှက်လဝန်းနန်းတော်က မင်္ဂလာပွဲကျင်းပဖို့ အလုပ်ရှုပ်နေတာ။ ခင်ဗျားတို့လို ပုရွက်ဆိတ်တွေရဲ့ အသက်ကို ဂရုစိုက်ဖို့ အချိန်ရှိမှာ မဟုတ်ဘူး။”

…………..

အခန်း (၁၇၀၁)

ယွမ်ယုတိက ကိုယ်တိုင်လှုပ်ရှားခြင်း

နှင်းခဲမြို့သည် ကျင့်ကြံသူများ စုဝေးရာ မြို့တစ်မြို့ ဖြစ်၏။

လွန်ခဲ့သော နှစ်များအတွင်း နှင်းခဲမြို့သည် လျှို့ဝှက်လဝန်းနန်းတော်သို့ နတ်မျိုးစေ့ အမြောက်အပြား ပံ့ပိုးပေးခဲ့ရာ နန်းတော်၏ အာရုံစိုက်မှုကို ရရှိခဲ့သလို သွေးလင်းယုန်ခန်းမ၏ သတိပြုမှုကိုလည်း ဆွဲဆောင်မိခဲ့၏။

လက်ရှိတွင် သွေးလင်းယုန်ခန်းမသည် လျှို့ဝှက်လဝန်းနန်းတော်၏ နတ်ဂိုဏ်း ကံစွမ်းအားကို အားနည်းသွားစေရန် ကြိုးပမ်းနေခြင်း ဖြစ်သဖြင့် နန်းတော်၏ ကံစွမ်းအားကို တိုးမြင့်စေနိုင်သည့် နှင်းခဲမြို့ကို ဧကန်မုချ အလွတ်ပေးလိမ့်မည် မဟုတ်ပေ။

လျန်ကျင်ရှင်း၏ စကားများကို ကြားလျှင် ဟန်ရှုဝမ် မှင်တက်သွား၏။

မင်္ဂလာပွဲ......

ဘာမင်္ဂလာပွဲလဲ။

နှင်းခဲမြို့သည် လျှို့ဝှက်လဝန်းနန်းတော်နှင့် အလွန်ဝေးကွာလှသဖြင့် ချန်းလုအတွက် နန်းတော်က မင်္ဂလာပွဲ ကျင်းပပေးနေသည့် သတင်း နှင်းခဲမြို့သို့ မရောက်ရှိသေးပေ။

လျန်ကျင်ရှင်းနှင့် သူ၏လူများ ကြိုတင်သိနေရခြင်းမှာ လျှို့ဝှက်လဝန်းနန်းတော်၌ မင်္ဂလာပွဲ ကျင်းပနေကြောင်း သတင်းပေးရန် အသံလွှင့် ကျောက်စိမ်းပြားများကို သွေးလင်းယုန် ခန်းမမှ အသုံးပြုခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်သည် သူတို့အတွက် ကြီးကျယ်သော ဖျက်ဆီးမှုများ ပြုလုပ်ရန် အကောင်းဆုံး အချိန်လည်း ဖြစ်နေ၏။

လျှို့ဝှက်လဝန်းနန်းတော်၌ မင်္ဂလာပွဲ ကျင်းပနေချိန်ဖြစ်သဖြင့် သူတို့ကို လာရောက် နှိမ်နင်းရန် အချိန်ရှိမည် မဟုတ်ပေ။

လက်ရှိတွင် နှင်းခဲမြို့သာမက လျှို့ဝှက်လဝန်းနန်းတော် နယ်မြေအတွင်းရှိ ကျင့်ကြံသူများ စုဝေးရာ အခြားမြို့ အမြောက်အမြားမှာလည်း အလားတူ အဖြစ်အပျက်မျိုးနှင့် ရင်ဆိုင်နေကြရ၏။

ထိုအခိုက်အတန့်တွင် မိစ္ဆာနတ် ဒါဇင်ပေါင်းများစွာသည် ဟန်ရှုဝမ်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြ၏။ မြောက်မြားလှသော မိစ္ဆာနတ်များကို မြင်လျှင် ဟန်ရှုဝမ် လုံးဝကို မျှော်လင့်ချက် ကင်းမဲ့သွားတော့၏။

ယခု သတင်းကို ပြင်ပသို့ မပို့နိုင်တော့ပေ။

ပို့နိုင်လျှင်ပင် နတ်ဘုရင်ကိုယ်တိုင် မဆင်းသက်လာပါက အချိန်မီတော့မည် မဟုတ်ပေ။

လျှို့ဝှက်လဝန်းနန်းတော်၏ နတ်ဘုရင်သည် ဤနေရာသို့ ချက်ချင်း ဆင်းသက်လာနိုင်‌ သော်လည်း ကောင်းကင်ယံရှိ မိစ္တာနတ်က လျှို့ဝှက်လဝန်းနန်းတော်တွင် မင်္ဂလာပွဲ ကျင်းပနေကြောင်း ပြောဆိုသွားခဲ့သည်။

ထိုအတိုင်းသာ ဟုတ်မှန်နေပါက ဤကိစ္စကို ဖြေရှင်းရန် နတ်ဘုရင်၌ အချိန်ရှိမည် မဟုတ်ပေ။

နှင်းခဲမြို့သည် ကျင့်ကြံသူများ စုဝေးရာမြို့ဖြစ်ပြီး နှစ်ပေါင်းများစွာအတွင်း နတ်မျိုးစေ့ အမြောက်အမြားကို လျှို့ဝှက်လဝန်းနန်းတော်သို့ ပေးပို့ခဲ့သော်လည်း သဘောတရားအားဖြင့် လူသားမြို့တော်တစ်ခုမျှသာ ဖြစ်နေသေး၏။

နတ်ဘုရားများအတွက်တော့ လူသားများသည် ပုရွက်ဆိတ်များကဲ့သို့ပင်။ အထူးသဖြင့် မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ်မှာ ပုံမှန်အတိုင်း ပြန်လည် ဖြစ်ပေါ်လာပြီးနောက် နတ်များအတွက် မျိုးဆက် ပြန့်ပွားရန် ပိုမိုလွယ်ကူလာခဲ့ရာ လူသားများ၏ အသက်သည် ပို၍ပင် အရေးမပါသလို ဖြစ်သွားခဲ့၏။

သေခြင်းတရားကို လက်ခံရန် ဟန်ရှုဝမ် ပြင်ဆင်နေစဉ်မှာပင် ထိတ်လန့်ဖွယ်ရာ ဖိအားတစ်ခုက ရုတ်တရက် သက်ဆင်းလာ၏။

ထိုဖိအားကို ခံစားမိသည်နှင့် ရှိရှိသမျှ လူအားလုံး မှင်တက်သွားကြရ၏။

အထူးသဖြင့် သွေးလင်းယုန်ခန်းမမှ လျန်ကျင်ရှင်းနှင့် သူ၏လူများဖြစ်သည်။ လျှို့ဝှက်လဝန်းနန်းတော်၌ မင်္ဂလာပွဲ ကျင်းပနေသည်ဟု ထောက်လှမ်းရေး သတင်းရထားသဖြင့် နှင်းခဲမြို့ကို တိုက်ခိုက်ရန် ယနေ့ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ယခုကဲ့သို့ အချိန်မျိုးတွင် စွမ်းအားကြီးသူ တစ်စုံတစ်ယောက် ဤနေရာသို့ ရောက်လာစရာ အကြောင်းမရှိပေ။

စွမ်းအားကြီးမားသော အငွေ့အသက်ကို အာရုံခံမိသည်နှင့် လျန်ကျင်ရှင်းလည်း တည်နေရာရွှေ့ပြောင်း အင်းစာရွက်ကို ချက်ချင်း ထုတ်ယူလိုက်ပြီး သူ၏ အနီးရှိလူများကို

“ကျုပ်တို့ ဆုတ်ခွာမယ်”

ထိုစကားများအဆုံးတွင် လူအချို့သည် အင်းစာရွက်ကို အသက်သွင်းကာ ထွက်ခွာရန် ပြင်ဆင်လိုက်ကြ၏။

ယနေ့ခေတ်တွင် သွေးလင်းယုန်ခန်းမမှ မိစ္ဆာနတ်များ လျှို့ဝှက်လဝန်းနန်းတော် နယ်မြေအတွင်း၌ ကစဉ့်ကလျား ဖြစ်အောင် လုပ်ဆောင်နိုင်ခြင်းမှာ သူတို့၌ တည်နေရာရွှေ့ပြောင်း အင်းစာရွက် အမြောက်အမြား ရှိနေခြင်းကြောင့် ဖြစ်သည်။ သူတို့သည် စွမ်းအားကြီးသူ တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို အာရုံခံမိတိုင်း အင်းစာရွက်ကို အသုံးပြုကာ တိုက်ရိုက် ထွက်ခွာသွားတတ်ကြ၏။

လျှို့ဝှက်လဝန်းနန်းတော်မှ စွမ်းအားရှင်များ ဖျက်ဆီးခံရသည့် မြို့များသို့ ရောက်ရှိချိန်တွင် သူတို့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

တည်နေရာရွှေ့ပြောင်း အင်းစာရွက်သည် ရှားပါး အင်းစာရွက်မျိုး ဖြစ်သော်လည်း ယခုအခါ သွေးလင်းယုန်ခန်းမ၏ နောက်ကွယ်တွင် ထျန်းရှ နတ်ဘုရား နိုင်ငံတော်နှင့် ခမ်းနားသော ကောင်းကင်ခန်းမတို့ ရှိနေ၏။ ထို့ကြောင့် သူတို့ လိုချင်သလောက် အင်းစာရွက်များကို ရရှိနိုင်ကြခြင်း ဖြစ်သည်။

အထူးသဖြင့် ခမ်းနားသော ကောင်းကင်ခန်းမမှ နတ်ဘုရင် ချင်းယွမ်၏ ထောက်ပံ့မှုကြောင့် သူတို့၏ အင်အား များစွာ တိုးတက်လာခဲ့ရာ သွေးလင်းယုန်ခန်းမ၏ လှုပ်ရှားမှုများလည်း ယခင်ကထက် ပို၍ စိပ်လာခဲ့ခြင်း ဖြစ်သည်။

အစက အစီအစဉ်အရ လျှို့ဝှက်လဝန်းနန်းတော်နှင့် ချီယန်ဂိုဏ်း နှစ်ဂိုဏ်းလုံးကို သိမ်းပိုက်ရန်အတွက် အနည်းဆုံး နှစ်ပေါင်း တစ်ရာမှ နှစ်ရာခန့်အထိ ပြင်ဆင်ရမည် ဖြစ်သည်။ သို့သော် နတ်ဘုရင် ချင်းယွမ်၏ ကျောထောက်နောက်ခံကို ရရှိပြီးနောက်တွင်တော့ လျှို့ဝှက်လဝန်းနန်းတော်ကို နှစ်ပေါင်း ငါးဆယ်မပြည့်မီအတွင်း သိမ်းပိုက်နိုင်မည်ဟု ဝိညာဉ်ဆိုး နတ်ဘုရင် ယူဆထား၏။

သို့သော် ထွက်ခွာရန် အင်းစာရွက်ကို လျန်ကျင်ရှင်းနှင့် သူ၏လူများ အသက်သွင်းတော့မည့် အချိန်တွင် ထိုထိတ်လန့်ဖွယ်ရာ ဖိအားက သူတို့အား တိုက်ရိုက် ချိပ်ပိတ်လိုက်သည်ကို ခံစားလိုက်ရ၏။ နောက်တစ်ခဏ၌ သူတို့လက်ထဲရှိ အင်းစာရွက်များ ပြာအဖြစ် ပြောင်းလဲသွားသော်လည်း သူတို့ကတော့ ယခင်နေရာ၌ပင် ရှိနေဆဲ ဖြစ်သည်။

အာကာသတစ်ခုလုံး ချိပ်ပိတ်ခံလိုက်ရသည်ကို မြင်လျှင် လျန်ကျင်ရှင်းနှင့် သူ၏လူများ ချွေးစေးများ ထွက်လာကြ၏။

ရောက်ရှိလာသူက လျှို့ဝှက်လဝန်း နတ်ဘုရင် ဖြစ်နေနိုင်သလား။

သူမက သူမ၏ တပည့်အတွက် မင်္ဂလာပွဲ ကျင်းပပေးနေရမည် မဟုတ်ပါလား။ ဘာကြောင့် ယခုကဲ့သို့ အချိန်မျိုးတွင် လျှို့ဝှက်လဝန်းနန်းတော်ကနေ ထွက်ခွာလာရသနည်း။

ထိုခဏတွင် ကောင်းကင်ယံ၌ အပြာရောင် ရေခဲလိပ်ပြာ အမြောက်အမြား ထွက်ပေါ်လာပြီး ထိုလိပ်ပြာများ စုစည်းကာ အမျိုးသမီးတစ်ဦးအဖြစ် ပြောင်းလဲသွား၏။

ရောက်ရှိလာသူက အခြားသူ မဟုတ်ပေ။ယွမ်ယုတိ ကိုယ်တိုင်ပင်။

ယွမ်ယုတိ၏ အငွေ့အသက်ကို ခံစားမိလျှင် လျန်ကျင်ရှင်းနှင့် သူ၏လူများ၏ မျက်ဝန်းများ ရုတ်တရက် ကျုံ့ဝင်သွားကြ၏။

သူတို့က ယွမ်ယုတိနှင့် တစ်ခါမှ မဆုံဖူးသော်လည်း သူမနှင့် ပတ်သက်သော သတင်းအချက်အလက်အချို့ကို သိထားသဖြင့် ချက်ချင်းပင် မှတ်မိသွားကြခြင်း ဖြစ်သည်။

ချက်ချင်းပင် လျန်ကျင်ရှင်းတို့ မျှော်လင့်ချက် ကင်းမဲ့သွားကြ၏။ မထင်မှတ်ထားပဲ ရောက်လာသူမှာ လျှို့ဝှက်လဝန်း နတ်ဘုရင် ဖြစ်နေသည်။

လျန်ကျင်ရှင်းက

“လျှို့ဝှက်လဝန်း နတ်ဘုရင်က သူရဲ့ တပည့်ကောင်းလေးအတွက် မင်္ဂလာပွဲမှာ ရှိမနေပဲ ဘာကြောင့် ဒီလူသားလေးတွေရဲ့ အသက်ကို လာပြီး ဂရုစိုက်နေရတာလဲ။”

မိစ္ဆာနတ်၏ စကားကို ယွမ်ယုတိ ဂရုမစိုက်ပေ။ မိစ္ဆာနတ်များ၏ နတ်အငွေ့အသက်သည် ဖြောင့်မတ်သောနတ်များ၏ အငွေ့အသက်ကို ဖိနှိပ်နိုင်သော်လည်း ထိုအရာသည် စွမ်းအားချင်း မတိမ်းမယိမ်း ရှိမှသာ ဖြစ်နိုင်သည်။

နယ်ပယ် အဆင့်ချင်း အလွန်ကွာခြားနေသည့်အခါ မိစ္ဆာနတ်၏ အငွေ့အသက်က ဖိနှိပ်နိုင်သည်ဆိုစေဦးတော့ များစွာ အကျိုးသက်ရောက်မှု ရှိမည် မဟုတ်ပေ။

ယခု လျန်ကျင်ရှင်းနှင့် မိစ္ဆာနတ်နတ်များသည် အများဆုံး စစ်မှန်သောနတ် အဆင့်သာ ရှိကြပြီး နတ်ဘုရင်တစ်ဦးဖြစ်သော ယွမ်ယုတိကို ရင်ဆိုင် ခုခံနိုင်စွမ်း လုံးဝမရှိပေ။

ယွမ်ယုတိက သူမ၏ လက်ကို ချက်ချင်း မြှောက်လိုက်ရာ သူမ၏ ကိုယ်ပေါ်မှ အေးစက်သော စွမ်းအားလှိုင်းများ ထွက်ပေါ်လာ၏။ ခဏချင်းအတွင်း၌ အာကာသတစ်ခုလုံး အေးခဲသွားပြီး လျန်ကျင်ရှင်းနှင့် သူ၏လူများလည်း ရေခဲရုပ်တုများအဖြစ် ပြောင်းလဲသွားကြ၏။

သူတို့သည် ကိုယ့်ကိုယ်ကို ဖျက်ဆီးရန်ပင် အချိန်မရလိုက်ပဲ ရေခဲပွင့်များအဖြစ် ပြောင်းလဲကာ လေထဲ၌ ပျောက်ကွယ်သွားကြသော်လည်း သူတို့၏ ဝိညာဉ်များကတော့ မပျက်စီးသေးပေ။

သူ၏ ရုပ်ခန္ဓာ ပျက်စီးသွားသည်ကို သိသည်နှင့် လျန်ကျင်ရှင်း၏ ဝိညာဉ်လည်း ဝေးရာသို့ အလျင်အမြန် ထွက်ပြေးရန် ကြိုးစားသော်လည်း နောက်တစ်ခဏ၌ ထိတ်လန့်ဖွယ်ရာ စုပ်ယူမှုတစ်ခုက လျန်ကျင်ရှင်း၏ ဝိညာဉ်ကို ယွမ်ယုတိ၏ လက်ဖဝါးထဲသို့ ဆွဲခေါ်သွား၏။

ယွမ်ယုတိက ဘာမှမပြောပဲ လျန်ကျင်ရှင်းအပေါ် ဝိညာဉ်ရှာဖွေခြင်း ပညာရပ်ကို တိုက်ရိုက် အသုံးပြုလိုက်၏။

လျန်ကျင်ရှင်း၏ ဝိညာဉ်ထံမှ အခြား မိစ္ဆာများ၏ အခြေစိုက်စခန်းများကို ရှာဖွေပြီးနောက် လျန်ကျင်ရှင်း၏ ဝိညာဉ်ကို ယွမ်ယုတိ လုံးဝ ဖျက်ဆီးပစ်လိုက်ပြီး အခြားတည်နေရာတစ်ခုသို့ ဆက်လက် ထွက်ခွာသွား၏။

လုချန်းအတွက် မင်္ဂလာပွဲ ကျင်းပပေးရခြင်းက ဤအချိန်တွင် မိစ္ဆာနတ်များ လာရောက် နှောင့်ယှက်ခြင်း ရှိမရှိကို သိလိုသောကြောင့် ဖြစ်သည်။ မိစ္ဆာနတ်များသည် ပုံမှန်အတိုင်း ပုန်းအောင်းနေပါက ရှာဖွေရန် ခက်ခဲသော်လည်း ၎င်းတို့၏ မိစ္ဆာနည်းဗျူဟာများကို အသုံးပြုသည်နှင့် သူမက နတ်အာရုံဖြင့် စူးစမ်းကာ သူတို့ကို သိနိုင်သည်။

နောက်ရက်များတွင် ယွမ်ယုတိနှင့် နတ်ဘုရင်ခံ လင်ရင်တို့သည် လှည့်လည်သွားလာရင်း လျှို့ဝှက်လဝန်းနန်းတော် နယ်မြေအတွင်း ကစဉ့်ကလျား ဖြစ်အောင် သွေးလင်းယုန်ခန်းမက စေလွှတ်ထားသော မိစ္ဆာနတ် အမြောက်အမြားကို ရှင်းလင်းလိုက်ကြ၏။

ထိုသို့ဖြင့် အချိန်အတန်ကြာသည်အထိ လျှို့ဝှက်လဝန်းနန်းတော် နယ်မြေအတွင်းရှိ မိစ္ဆာနတ်များလည်း လူလုံးမပြရဲ ဖြစ်နေခဲ့ကြတော့သည်။

……

အန်းယွမ်ဘုရင်၏ နန်းတော်။

လုကျင်သည် ပလ္လင်ပေါ်တွင် ထိုင်နေရင်း သူ၏ရှေ့ရှိ ကျောက်စိမ်းပြားကို ကြည့်ကာ ပြုံးရွှင်၍ မဆုံးနိုင်အောင် ဖြစ်နေ၏။

ခြိမ်းခြောက်မှု နှစ်ခုကို ဤမျှ လွယ်လွယ်ကူကူ ဖြေရှင်းနိုင်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

အစက လုချန်း မကြာမီအတွင်း အဖမ်းခံရမည်ဟု သူ ထင်ထားခဲ့ပြီး လုကျင့်ဖူအတွက်လည်း ကြီးမားသော ခြိမ်းခြောက်မှု မဖြစ်နိုင်တော့ဟု ယူဆခဲ့သော်လည်း မထင်မှတ်ပဲ လုချန်းက သူ့ကို ကြီးမားသော အံ့အားသင့်မှု ပေးခဲ့ခြင်း ဖြစ်သည်။

လုချန်းသည် လုကျင့်ဖူကို သတ်ဖြတ်နိုင်ခဲ့ရုံသာမက သူ့ကိုယ်သူလည်း ဖျက်ဆီးပစ်ခဲ့၏။

ယခုတော့ လုချန်းကို အသုံးချပြီးနောက် ဘာဆက်လုပ်ရမလဲဆိုတာကို လုကျင် စိုးရိမ်စရာ မလိုတော့ပေ။ အကြောင်းမှာ လုချန်းသည် သူ့ဘာသာသူ ဖြေရှင်းသွားခဲ့ပြီ ဖြစ်သောကြောင့်ပင်။

ထျန်းရှ နတ်ဘုရား နိုင်ငံတော်၏ ထီးနန်း ပြိုင်ပွဲ၌ သူ၏ အဓိက ပြိုင်ဘက်ဖြစ်သော လုကျင့်ဖူ မရှိတော့သဖြင့် ထိုနေရာကို ရရှိရန် သူ့အတွက် ပို၍ လွယ်ကူသွားခဲ့ပြီ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် လုကျင် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး တည်နေရာရွှေ့ပြောင်း နည်ဗျူဟာ ပုံစံကို စောင့်ကြပ်နေသည့် ရှင်းရွှီကို အစည်းအဝေးခန်းမသို့ လာရန် သတင်းစကား ပို့လိုက်၏။ လုချန်းနှင့် လုကျင့်ဖူတို့ အတူတူ သေဆုံးသွားကြပြီ ဖြစ်သော်လည်း သူ ဖြေရှင်းရမည့် ကိစ္စငယ်အချို့ ကျန်ရှိနေသေး၏။

………….

All Chapters