အခန်း (၁၁၅-၁၁၇)
Vol. 8 Ch. 115-117
အပိုင်း ( 115 )
အို့။ ငါ့ကို အပြစ်တင်နေတာလား
အရာအားလုံးသည် အလွန်မြန်ဆန်စွာ ဖြစ်ပွားခဲ့ပြီး၊ လူတိုင်းကို အငိုက်မိသွားစေခဲ့သည်။
လုချန်ရှန်းသည် သူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်လာခဲ့သည့် ဓားချီက သူ့အား မည်သည့်ထိခိုက်နာကျင်စေမှုကိုမှ မဖြစ်ပေါ်စေခဲ့ဘူးဟု ခံစားနေခဲ့ရသည်၊ ထို့အစား သူ၏ခန္ဓာကိုယ်အတွင်းတွင် မျဥ်းကြောင်းလေးများ ပေါ်လာခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားခဲ့သည်။
၎င်းမှာ သူ၏ ခန္ဓာကိုယ်ပေါ်တွင် တံဆိပ်ရိုက်နှိပ်ခံလိုက်ရသည့်အလား ဖြစ်နေခဲ့သည်။
“ ဘာတွေ ဖြစ်နေတာလဲ “ လုချန်ရှန်းသည် ရှောင်ဟေးကို ကြည့်လာခဲ့သည်။
ရှောင်ဟေးမှ ပြန်ပြောလာခဲ့သည် “ ငါက ကျမ်းစာတွေကိုပဲ အာရုံစိုက်နေခဲ့လို့၊ မင်းကို ပြောပြဖို့ မေ့သွားခဲ့တာ၊ အဲ့တာရဲ့ အနီးအနားကို ရောက်သွားတာနဲ့ ဒါမှမဟုတ် အဲ့ရွှေရောင်စက္ကူကို ထိလိုက်တာနဲ့၊ ဓားချီက မင်းရဲ့ ခန္ဓာကိုယ်ထဲကို ဝင်လာလိမ့်မယ်။ ဒါပင်မဲ့ အနက်ရောင်ရေကိုတော့ ထိလိုက်လို့ မရဘူး၊ အဲ့တာက တော်တော်လေးကို ကြောက်ဖို့ကောင်းတယ် “
“ မင်းက အဲ့တာကို ဘယ်လိုလုပ် မေ့သွားရတာလဲဟ “ လုချန်ရှန်းသည် ပထမဦးဆုံးအကြိမ်အဖြစ် ဆွံ့အသွားခဲ့သည်။
ရှောင်ဟေးမှ ပြန်ပြောလာခဲ့သည် “ ငါ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာလည်း အမှတ်အသားတွေ ရှိနေပြီလေ၊ သူတို့က ဘာကိုဆိုလိုတာလဲဆိုတာကို ငါမသိဘူး၊ ဒါပင်မဲ့ အခုလက်ရှိ အချိန်အတွက်တော့ ဘာအကျိုးသက်ရောက်မှုမှ မရှိဘူး “
၎င်းကို ကြည့်ရင်းဖြင့် လုချန်ရှန်း အတွေးနက်သွားခဲ့သည်။
အချိန်အတော်ကြာခဲ့ပြီးသည့်နောက်တွင် သူသည် ဖြည်းဖြည်းချင်း ပြန်ပြောလာခဲ့သည် “ အနက်လေး၊ မင်းက ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တာလို့ ငါသံသယဖြစ်နေတယ် “
“ အဲ့တာက ဘာစကားကြီးလဲ “
“ မင်းကိုယ်မင်း ထိခိုက်အောင် လုပ်မိသွားလို့ မမျှတဘူးလို့ ခံစားနေရပြီး၊ ငါ့ကိုပါ ဆွဲချသွားတာလေ “ ဟု လုချန်ရှန်းမှ ပြန်ပြောလိုက်သည်။
ရှောင်ဟေးမှ ပြန်ပြောလာခဲ့သည် “ ငါ့ကို မင်းလိုမျိုး ဖြစ်နေလိမ့်မယ်လို့ ထင်နေတာလား။ ငါတကယ် မေ့သွားတာကွ “
“ ငါမယုံဘူး “
“ ယုံချင်ယုံ၊ မယုံချင်နေ “
ရှောင်ဟေးသည် သူနှင့် ငြင်းခုန်မနေတော့ပေ။ သူသည် ထိုကောင့်ကို ဤနေရာသို့ ကြင်နာစွာ ခေါ်လာပေးခဲ့သည်၊ သူတို့က ကြီးမားသော အခွင့်အလမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်နိုင်ပေသည်၊ သို့သော် ထိုကောင်သည် သူ့ကိုပင် သံသယဝင်နေခဲ့သည်၊ ၎င်းမှာ ငှက်ကလေးတစ်ကောင်အတွက် စိတ်ပျက်ဖွယ်ကောင်းလွန်းလှသည်။
လုချန်ရှန်းမှာလည်း မည်သည့်စကားမှ ထပ်ပြောမနေတော့ပေ။ သူသည် ၎င်းကို ဂရုတစိုက် အာရုံခံနေခဲ့ကာ၊ လက်ဟန်တစ်ခု ပြုလုပ်လိုက်သည်။ ဓားဆန္ဒ အပိုင်းအစပေါ်ထွက်လာခဲ့ပြီး၊ ဓားချီ ပေါက်ထွက်လာခဲ့ကာ၊ အမှတ်အသားကို တိုက်ရိုက်ဖြတ်တောက်လိုက်သည်။
ဒေါသထွက်နေသည့် ရှောင်ဟေးမှာ မျက်လုံးများ တောက်ပသွားခဲ့သည် “ မင်းက အဲ့တာကို ဖြတ်တောက်နိုင်တာလား “
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ အဲ့တာက ဓားကျိန်စာလေ၊ ခန္ဓာကိုယ်ထဲရောက်လာတာနဲ့၊ အမြစ်တွယ်နေပြီးတော့၊ အမှတ်အသား တစ်ခု ဖြစ်လာလိမ့်မယ် “
“ နောက်ဆက်တွဲ အကျိုးဆက်တွေက ဘာလဲ “
“ ငါလည်း မသေချာဘူး၊ ငါအဲ့တာကို မကျင့်ကြံရသေးဘူးလေ၊ ဒါပင်မဲ့ ဓားကျိန်စာတွေက မိစ္ဆာဆန်ပြီး၊ ကောင်းတဲ့အရာ မဟုတ်ဘူးဆိုတာတော့ သေချာတယ် “ လုချန်ရှန်းသည် ကြည့်ရှုစစ်ဆေးခဲ့ပြီးပြီ ဖြစ်သည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှောင်ဟေးမှာ တအံ့တဩ ဖြစ်သွားခဲ့သည်။ လုချန်ရှန်းကဲ့သို့ ဉာဏ်များသည့် လူတစ်ဦးကပင် ၎င်းက မိစ္ဆာဆန်သည်ဟု ယူဆနေသောကြောင့် ၎င်းက အလွန်တရာ ခြောက်ခြားဖွယ်ကောင်းနေမည် ဖြစ်သည်။
“ ငါ့ကို ကူညီပြီးတော့ ဖြတ်ပေးပါလား ”
လုချန်ရှန်းသည် သူ့ကို ကြည့်ကာ စကားပြန်ပြောလာခဲ့သည် “ အနက်လေး၊ အရင်က ငါမှားသွားတယ်လို့ ခံစားနေခဲ့ရတယ် “
“ အခုမှသိတာလား “
“ မင်းက မမျှမတဘူးလို့ ခံစားနေခဲ့ရလို့ ငါ့ကို ဆွဲချခဲ့တာ မဟုတ်ဘူး၊ ငါ့ဆီမှာ အဖြေတစ်ခုခု ရှိ၊ မရှိဆိုတာကို သိချင်လို့ ဆွဲချခဲ့တာပဲ။ တကယ်လို့ ငါက ဘာမှမလုပ်နိုင်ဘူးဆိုရင်၊ မင်းက နောက်လူတစ်ယောက်ကို သွားခေါ်နေဦးမှာ။ မင်းက တကယ်ကို ရက်စက်တဲ့ကောင်ပဲ “
“ ငါ ……… “
ရှောင်ဟေးသည် သူ၏ပါးစပ်ကို ဖွင့်ဟလာခဲ့ကာ၊ ထိုကောင့်ကို ကျိန်ဆဲချင်နေခဲ့သည်။ ဒီကောင်က ဘယ်လိုလုပ် အမှောင်ဖုံးနေရတာလဲ။ သို့သော် သူသည် အဆုံးတွင် ဒေါသကို မျိုသိပ်ထားနိုင်ခဲ့သည်။
အကူအညီတောင်းနေရသောကြောင့် ယခုလက်ရှိ အချိန်တွင် ခေါင်းငြိမ့်ထားရမည် ဖြစ်သည်။
လုချန်ရှန်းသည် စကားများများစားစား ထပ်မပြောလာခဲ့ပေ။ ထိုငှက်ထံမှ ဝိညာဥ်ကျောက်တုံးများစွာ ရရှိဦးမည်ဖြစ်သောကြောင့်၊ ၎င်းကို စောစောသေခွင့်ပြုမည် မဟုတ်ပေ။
ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူသည် ကြီးကြီးမားမား ဆုံးရှုံးသွားရလိမ့်မည် ဖြစ်သည်။ သူသည် သူ၏ ပိုင်ဆိုင်မှုများကို ကာကွယ်ရမည် ဖြစ်သည်။
ထို့အပြင် အချိန်အတော်ကြာ အတူရှိနေခဲ့ပြီးသည့်နောက်တွင်၊ သူတို့နှစ်ဦးမှာ သံယောဇဥ်တစ်ချို့ ရှိလာခဲ့ပြီ ဖြစ်သည်။ ကောင်းကင်ဝါးမျိုငှက်မှာ အင်အားစုကြီးတစ်ခုဖြစ်ပြီး၊ ၎င်းတို့၏ ပိုင်ဆိုင်မှုများက ပေါများကြွယ်ဝနေလိမ့်မည် ဖြစ်သည်။ အကယ်၍ ထိုငှက်ကသာ သူ့ကို ရင်းနှီးမြှုပ်နှံလာခဲ့မည်ဆိုပါက၊ သူက ကောင်းကင်ဘုံပေါ်သို့ တိုက်ရိုက်တက်လှမ်းသွားနိုင်မည် မဟုတ်လော။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် ဓားဆန္ဒကို အသုံးပြုကာ၊ ရှောင်ဟေး၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် ဓားကျိန်စာကို ဖြတ်တောက်လိုက်သည်။
ရှောင်ဟေး စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချကာ၊ စကားထပ်ပြောလာခဲ့သည် “ မြန်မြန်သွားကြစို့ “
“ မလောပါနဲ့ “
“ ဒီနေရာက တော်တော်ကြီးကို ကြောက်ဖို့ကောင်းတယ်လေ၊ မင်းက ဘာလုပ်ချင်သေးနေတာလဲ “
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ ဓားကျိန်စာက ကြောက်ဖို့ကောင်းတယ်ဆိုပင်မဲ့၊ ရွှေရောင်စက္ကူတွေပေါ်မှာ ရှိနေတဲ့ ကျမ်းစာတွေက တကယ်ကြီးကို ထူးခြားတယ်။ သူတို့က ငါ့အတွက် တော်တော်လေးကို အသုံးဝင်ပြီးတော့ မင်းအတွက်လည်း တော်တော်ကြီးကို အကျိုးရှိနေတယ်။ ထပ်ရှိသေးလားဆိုတာကို ငါကြည့်ချင်သေးတယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှောင်ဟေးသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
လုချန်ရှန်း ဓားကျိန်စာကို ဖြတ်တောက်နိုင်သောကြောင့်၊ မည်သို့မျှ တွေးပူနေရန် မလိုအပ်တော့ပေ။
သို့ရာတွင် မြစ်က မြေပြင်ပေါ်သို့ စီးဆင်းလာသည်နှင့်အမျှ၊ ၎င်းသည် အားလုံး၏ အာရုံများကို ဆွဲဆောင်သွားလိမ့်မည် ဖြစ်သည်။
လုချန်ရှန်းက ထိုနေရာတွင် မတ်တပ်ရပ်နေကာ၊ မြစ်ကို ငေးကြည့်နေသည့် အချိန်မှာပင်၊ လူတော်တော်များများသည် ရေစီးကြောင်းနောက်သို့ လိုက်လာခဲ့ကာ၊ ဤနေရာအနားသို့ ချဥ်းကပ်လာကြပြီ ဖြစ်သည်။
ရှောင်ဟေးသည် ၎င်းကို အာရုံခံမိသွားကာ၊ မီးဖိုအတွင်းသို့ တိတ်တဆိတ် ဝင်ရောက်သွားခဲ့သည်။
သူတို့၏မျက်လုံးများ အရှေ့မှာပင် ကောင်းကင်တံခါး၏ လူများ ရောက်ရှိလာခဲ့သည်။
လုချန်ရှန်းကို မြင်လိုက်ရသည့် အချိန်၌ သူတို့၏ မျက်လုံးများအတွင်းတွင် အံ့အားသင့်မှုတို့ ဖြစ်တည်လာခဲ့သည်။
စုန့်ချင်သည် အပြုံးဖြင့် စကားပြောလာခဲ့သည် “ တာအိုရောင်းရင်း “
ထို့နောက်တွင် နတ်ဘုရား သန့်စင်ခြင်း နန်းတော်နှင့် ဒေါင်းမျိုးနွယ်စုတို့ပါ ရောက်ရှိလာခဲ့သည်။
လုချန်ရှန်းသည် စုန့်ချင်ကို တုံ့ပြန်ကာ ခေါင်းငြိမ့်ပြလိုက်သည်။
ရှန်းဟဲ့နှင့် တစ်ခြားလူများပါ ပေါ်ထွက်လာခဲ့သည်။
သို့သော် ထိုလူများ ရောက်ရှိလာသည့် အချိန်မှာပင် သူတို့၏ အကြည့်များသည် ဤနေရာသို့ ရောက်ရှိလာခဲ့ကာ၊ လူတစ်ချို့၏ အမူအရာများ ပြောင်းလဲသွားသည်။
စုန့်ချင်၏ ဘေးဘက်တွင် ရှိနေသည့် တပည့်တစ်ဦးသည် အံ့ဩတကြီး အော်မိသွားခဲ့သည် “ မင်းပဲ “
“ သူက ဘာဖြစ်လို့လဲ “ စုန့်ချင် မျက်မှောင်ကြုတ်သွားခဲ့သည်။
ထိုတပည့်မှ ပြန်ပြောလာခဲ့သည် “ ရေကန်တွေကို ခိုးသွားတာက အဲ့လူပါ “
“ ဘာဖြစ်တယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လူတိုင်း၏ အမူအရာများ ချက်ချင်း ပြောင်းလဲသွားသည်။
ဒေါင်းမျိုးနွယ်စုမှ လူတစ်ဦးကပါ စကားဝင်ပြောလာခဲ့သည် “ ဟုတ်တယ်၊ အဲ့တာက သူပဲ “
နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူများ၏ အမူအရာများ ချက်ချင်းမည်းမှောင်သွားခဲ့သည်၊ အတည်ပြုရန်အတွက် သူတို့၏ ကိုယ်ပိုင်တပည့်များပါ ပေါ်ထွက်လာခဲ့၏။
သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နှက်နေသော အကြည့်ပေါင်းများစွာသည် လုချန်ရှန်းအပေါ်သို့ ကျရောက်လာခဲ့ပြီး၊ လူတိုင်း အံတကြိတ်ကြိတ် ဖြစ်သွားကြသည်။
ထိုအခိုက်အတန့်တွင် သူတို့သည် တစ်စုံတစ်ခုကို နားလည်သွားပုံရ၏။
အဘိုးအို တစ်ဦးမှ ပြောဆိုလာခဲ့သည် “ မင်းက ငါတို့ရဲ့ ရေကန်တွေကို ဘာလို့ ယူသွားရတာလဲ “
“ ငါခိုးလို့ မရဘူးဆိုတဲ့ စည်းမျဥ်းမျိုး ရှိနေလို့လား။ ပြီးတော့ အဲ့တာတွေက အစကတည်းက မင်းတို့ဟာမှ မဟုတ်တာ “ လုချန်ရှန်းသည် အေးအေးလူလူ ပြန်ပြောလိုက်သည်။
“ ပေါက်ကရတွေ။ အဲ့တာတွေက ဘယ်လိုလုပ် ငါတို့ဟာ မဟုတ်ရမှာလဲ “
လုချန်ရှန်းမှ ပြန်ပြောလာခဲ့သည် “ အဲ့တာတွေကို တစ်ခြားလူတွေက ချန်ထားခဲ့တာလေ။ ဒီနေရာကို ဝိုင်းထားခဲ့ပြီးတော့ မင်းအပိုင်လို့ ပြောတာက မင်းရဲ့ အရည်အချင်းပဲ။ အဲ့တာတွေကို လုယူနိုင်ခဲ့တာကလည်း ငါ့ရဲ့ အရည်အချင်းပဲ။ ငါတို့အားလုံးက ပစ္စည်းတွေကို အင်အားသုံးပြီးတော့ ယူနေကြတာပဲလေ။ မင်းတို့က တစ်ခြားလူတွေဆီကနေ လုခဲ့တယ်၊ ငါကလည်း မင်းတို့ဆီကနေ ပြန်လုတယ်။ ငါတို့အားလုံးက အတူတူပဲ မဟုတ်ဘူးလား။ ဘာမှားနေလို့လဲ “
လုချန်ရှန်းသည် စကားတစ်ခွန်းတည်းဖြင့် လူတိုင်းကို တိတ်ဆိတ်သွားစေခဲ့၏။
အမှန်တရားမှာ ထိုအတိုင်းသာလျှင် ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ ယခင်က သူတို့သည် အတူတကွ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး၊ တစ်ခြားလူများက သူတို့ကို မတားဆီးနိုင်ခဲ့ပေ၊ ထို့ကြောင့် သူတို့သည် ဤနေရာကို သိမ်းပိုက်နိုင်ခဲ့ကြသည်။ ယခုတွင် လုချန်ရှန် လှုပ်ရှားလာခဲ့ကာ၊ ၎င်းတို့ကို ယူဆောင်သွားပြီး၊ မည်သူကမှ သူ့ကို မတားဆီးနိုင်ခဲ့ပေ။ ၎င်းက တူညီသော လုပ်ဆောင်မှုတစ်ခု ဖြစ်၏။
ပို၍ အရေးကြီးသော အရာမှာ ထိုလူက သူတို့အားလုံးကို မျက်လုံးထဲ မထည့်သကဲ့သို့ စကားကို တိုက်ရိုက်ပြောဆိုလာခဲ့ခြင်းဖြစ်သည်။
ကောင်းကင်တံခါးဂိုဏ်းမှ အဘိုးအိုတစ်ဦးမှာလည်း စကားဝင်ပြောလာခဲ့သည် “ ဆိုတော့ မင်းရောင်းခဲ့တဲ့ ဆေးလုံးတွေက ရေကန်ထဲက ခွဲထုတ်ထားခဲ့တဲ့ ဟာတွေလား “
“ အမှန်ပဲ “
လုချန်ရှန်းသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ ပြတ်ပြတ်သားသား ခေါင်းငြိမ့်ပြလိုက်သည်။
အင်အားစု သုံးခုမှ လူများ၏ အမူအရာတို့မှာ ယခင်ကထပ် ပို၍မည်းမှောင်သွား၏၊ အထူးသဖြင့် ကောင်းကင်တံခါးဂိုဏ်းဖြစ်ပြီး၊ သူတို့သည် အများဆုံး ဝယ်ယူခဲ့ကြသည်။
သူတို့မှာလည်း သူတို့အရှေ့တွင် ရှိနေသည့် လူငယ်လေးက ရေကန်အတွင်းမှ ပစ္စည်းများကို ခွဲထုတ်နိုင်သော နည်းလမ်းမျိုးကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။
၎င်းမှာ သူတို့ကိုယ်ပိုင် ပစ္စည်းများကို ဝယ်ယူရန် ငွေသုံးခဲ့ရသကဲ့သို့ ဖြစ်နေခဲ့ပြီး၊ အဆိုပါ ခံစားချက်သည် စကားလုံးတို့ဖြင့် ဖော်ပြ၍ မရလောက်သည်အထိ ထူးခြားနေခဲ့၏။
“ ချီးပဲ၊ မင်းက ငါတို့ ပစ္စည်းတွေကို လုယက်ခဲ့ပြီးတော့၊ ငါတို့ကို ဝိညာဥ်ကျောက်တုံး သုံးသောင်းနဲ့ ပြန်ရောင်းခဲ့တယ်။ မင်းတော်တော် လွန်သွားပြီ “ တစ်စုံတစ်ဦးသည် ဒေါကြီးမောကြီးဖြင့် အော်ငေါက်လာခဲ့သည်။
သို့သော် ထိုစကားသည် ရှန်းဟဲ့၏ အမူအရာကို ထပ်မံ၍ မည်းမှောင်သွားစေခဲ့သည်။
“ ဘာကြီး၊ သုံးသောင်းလား။ ငါက အဲ့တာတွေကို လေးသောင်းနဲ့ ဘာလို့ဝယ်ခဲ့ရတာလဲ “ သူ၏ အသံသည် မေးခွန်းထုတ်နေသည့်အလား ဖြစ်နေခဲ့၏။
နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူများသည် အံတကြိတ်ကြိတ် ဖြစ်သွားကာ၊ စကားဝင်ပြောလာကြသည် “ ဒါက ဘာသဘောလဲ။ မင်းက ငါတို့ရဲ့ နတ်ဘုရား သန့်စင်ခြင်း နန်းတော်ကို တမင်သပ်သပ် ပစ်မှတ်ထားနေခဲ့တာလား “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လူတိုင်း မှင်သက်သွားကြသည်။
ပစ်မှတ်ထားတယ်ဆိုတာက မေးခွန်းလုပ်ပြီး မေးနေသေးတာလားဟ။ သူ့ကို ဘယ်လိုမျိုး ကိုင်တွယ်ရမလဲဆိုတာကို ဆွေးနွေးနေသင့်တာ မဟုတ်ဘူးလားဟ။
သို့ရာ၌ နတ်ဘုရား သန့်စင်ခြင်း နန်းတော်က ဆေးတစ်လုံးကို ဝိညာဥ်ကျောက်တုံး လေးသောင်းဖြင့် ဝယ်ယူခဲ့ရသည်ဟု ကြားလိုက်ရသော အချိန်တွင်၊ ကောင်းကင်တံခါးဂိုဏ်းနှင့် ဒေါင်းမျိုးနွယ်စု၊ နှစ်ခုလုံးမှာ စိတ်သက်သာရာ ရသွားကြသည်။
လူတစ်ချို့ကမူ တိတ်တဆိတ်ပင် ပျော်ရွှင်နေခဲ့ကြ၏။
သို့ရာတွင် လုချန်ရှန်းကမူ အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ ဈေးမဆစ်ဖို့ မင်းတို့ကို ဘယ်သူက ပြောခဲ့လို့လဲ “
ရှန်းဟဲ့သည် အံတကြိတ်ကြိတ် ဖြစ်သွားခဲ့သည်။
လူတစ်စုသည် မည်သို့မျှ စိတ်မတည်ငြိမ်နိုင်ကြတော့ပေ။
ထိုစဥ် လုချန်ရှန်းမှ စကားထပ်ပြောလာခဲ့သည် “ ပြီးတော့ မဝယ်ခင် အချိန်မှာ၊ ဝယ်ချင်တာ သေချာလားလို့ ငါမင်းကို မေးခဲ့တယ်လေ။ မင်းတို့ဘာသာ အတင်းအကြပ် ဝယ်ခဲ့ကြတာ မဟုတ်ဘူးလား။ အခုမှ ငါ့ကို အပြစ်လာတင်နေကြတာလား “
“ မင်းး …… “
ရှန်းဟဲ့ ဆွံ့အသွား၏။ သူ အလွန်တရာ ဒေါသထွက်နေခဲ့သော်လည်း၊ ထိုလူပြောခဲ့သည့် စကားက အမှန်တရား ဖြစ်နေခဲ့သောကြောင့်၊ မည်ကဲ့သို့ တုံ့ပြန်ရမှန်းမသိ ဖြစ်သွားခဲ့သည်။
အားလုံး၏ အမူအရာများ မသာမယာ ဖြစ်သွားကြသည်။
တစ်ခြားလူများမှာလည်း မည်ကဲ့သို့ ငြင်းပယ်ရမှန်းမသိ ဖြစ်သွားကာ၊ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့်သာ သူ့ကို ကြည့်နေကြတော့သည်။
အဆိုပါ အကြည့်များနှင့် ရင်ဆိုင်နေရသော်လည်း၊ လုချန်ရှန်းမှာ မျက်တောင်တစ်ချက်ပင် မခတ်သွားခဲ့ပေ။
“ ချင်းယီ၊ မင်းလွန်သွားပြီ “ ဟု စုန့်ချင်မှ စွပ်စွဲလာခဲ့၏။
လုချန်ရှန်းသည် သူ့ကို ငေးကြည့်ကာ၊ စကားပြောရန် ပြင်လိုက်သည်။
သို့သော် သူ့ဘေးနားတွင် ရှိနေသည့် နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူတို့၏ အမူအရာများကမူ လုံးဝပြောင်းလဲသွားခဲ့သည်။
အထူးသဖြင့် ရှန်းဟဲ့ဖြစ်ပြီး၊ သူသည် လုချန်ရှန်းကို စိုက်ကြည့်ကာ၊ စကားထပ်ပြောလာခဲ့သည် “ မင်းက ချင်းယီဓားသခင်လား “
ထိုစကားကို ကြားလိုက်ရသောအခါတွင် အရပ်မျက်နှာ ရှစ်ခုစလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ တစ်ချို့လူများသည် လူ့ထံမှ ပစ္စည်းများကို ဝယ်ယူခဲ့ကြသော်လည်း၊ သူဘယ်သူလဲဆိုတာကို မသိခဲ့ကြပေ။
လုချန်ရှန်းသည် ခေါင်းငြိမ့်ပြကာ ပြန်ပြောလိုက်သည် “ အမှန်ပဲ၊ ငါက မင်းဆရာရဲ့ ကိုယ်ပွားကို အသေရိုက်သတ်ခဲ့တဲ့ ချင်းယီပဲ။ အခု မင်းဆရာကော ဘယ်လိုနေလဲ “
“ မင်း ……. “
ရှန်းဟဲ့သည် သူ၏ သတ်ဖြတ်လိုစိတ်များကို မထိန်းချုပ်နိုင်တော့ပေ။ သူသည် သူ့အရှေ့တွင် ရှိနေသည့်လူက သူ၏ ရန်သူဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ၊ ထို့အပြင် သူသည် ထိုလူ၏ လှည့်စားခြင်းကိုပါ ခံခဲ့ရ၏။
သူသည် ထိုအကြောင်းကို ပိုတွေးလေလေ၊ ပို၍ဒေါသထွက်သွားရလေလေ ဖြစ်နေခဲ့၏။
သို့ရာတွင် ဒေါင်းမျိုးနွယ်စုမှ လူများကမူ တစ်စုံတစ်ခုကို နားလည်သွားကာ၊ အေးအေးလူလူ စကားဝင်ပြောလာကြသည်။
“ ဆိုတော့ ချင်းယီဆိုတာက သူပေါ့။ နတ်ဘုရား သန့်စင်ခြင်း နန်းတော်က လူတွေကို လေးသောင်းနဲ့ ရောင်းလိုက်တာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ “
“ သူတို့ကို နည်းနည်းလေး ဈေးတင်ပြီး ရောင်းလိုက်တာက ကျိုးကြောင်းဆီလျော်တယ် “
“ … “
……………………………………………………………………………………………………………………………………….
အပိုင်း ( 116 )
ငါ့မှာ ကိုယ်ကျင့်တရား မရှိဘူး၊ မင်းတို့က ငါ့ကို ဖိအားပေးချင်နေကြတာလား
တစ်ခဏအတွင်းမှာပင် ဤနေရာတစ်ခုလုံး ဆူညံပူညံ ဖြစ်သွားခဲ့သည်။
အားလုံးသည် အမုန်းတရားတို့ဖြင့် အံကြိတ်ကာ၊ လုချန်ရှန်းကို ကြည့်လာကြသည်။
နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူများက ကြေကွဲဖွယ် အကောင်းဆုံးဖြစ်သည်၊ သူတို့၏ ပစ္စည်းများ အခိုးခံလိုက်ရပြီး၊ တစ်ခြားလူများထပ် ပိုမိုမြင့်မားသော ဈေးနှုန်းဖြင့် ပြန်လည်ဝယ်ယူခဲ့ရကာ၊ အဆုံးတွင် ရောင်းသူက သူတို့၏ ရန်သူသာ ဖြစ်နေသည်ကို သိရှိလိုက်ကြရ၏။
အဆိုပါ ခံစားချက်မှာ အမှန်ပင် ဆိုးရွားလွန်းလှသည်။
ဝါးစားလုမတတ် ဖြစ်နေသည့် အကြည့်များဖြင့် ရင်ဆိုင်နေရသည့် အချိန်မှာပင်၊ ထိုလူသည် မည်သည့်အရာကိုမှ မစိုးရိမ်မပူပန်သည့်အလား အေးအေးဆေးဆေး ဖြစ်နေခဲ့သည်။
ရှန်းဟဲ့သည် အံတကြိတ်ကြိတ် ဖြစ်သွားကာ၊ လက်သီးများဆုပ်၍ ရှေ့တက်လာခဲ့ပြီး၊ ထိုလူ့ကို အရှင်လတ်လတ် အရေခွံဆုတ်လိုနေ၏။
လုချန်ရှန်းသည် သူ့ကို ကြည့်ကာ စကားထပ်ပြောလာခဲ့သည် “ ငါ့ကို ခြိမ်းခြောက်နေတာလား “
“ ငါမင်းကို သတ်ချင်တယ် “
လုချန်ရှန်းသည် အနည်းငယ် မျက်မှောင်ကြုတ်သွားကာ၊ ပြန်ပြောလိုက်သည် “ မင်းရဲ့ဆရာကတောင် အဆင့်တူမှာ ငါသတ်တာကို ခံခဲ့ရတယ်၊ မင်းရဲ့ နယ်ပယ်က ငါ့လောက်လည်းမမြင့်ပဲနဲ့၊ မင်းရဲ့ အသက်ကို အလဟာသ ဖြုန်းတီးမနေနဲ့ “
“ မင်း ……… “
“ ဘာကိုမင်းလဲ။ မင်းဘေးနားက လူတွေကို ထည့်တွက်မနေနဲ့။ သူတို့က ငါ့ကို ဘယ်လောက်ပဲ သဘောမကျဖြစ်နေပါစေ၊ သူတို့ကလည်း ငါ့ကို နိုင်မှာ မဟုတ်ဘူး။ ဒီတိုင်းလေးပဲ ငြိမ်ငြိမ်နေနေလိုက် “ လုချန်ရှန်း၏ လေသံသည် အလွန်တရာ အေးဆေးတည်ငြိမ်နေခဲ့သည်။
သူပြောသည့် စကားက အမှန်တရား ဖြစ်နေသောကြောင့် လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားကြ၏။
သူတို့က သူ့ကို မုန်းတီးနေကြသော်လည်း၊ သူ့ကို အနိုင်မတိုက်နိုင်ကြပေ။ အဆိုပါ ခံစားချက်မှာ အလွန်ပင် စိတ်ပျက်ဖွယ်ကောင်းနေခဲ့ပြီး၊ ခါးသက်သော ပန်းသီးများကို စားရခြင်းထပ်ပင် ပိုမိုဆိုးရွားနေခဲ့သည်။
ထိုစဥ် ရှောင်ဟေးမှာလည်း မနေနိုင်တော့ဘဲ၊ စကားဝင်ပြောလာခဲ့သည် “ မင်းက တကယ်ကို စိတ်ရှုပ်ဖို့ကောင်းတာပဲ။ အဲ့စကားကို ကြားလိုက်ရတဲ့နောက်မှာ ငါကတောင် မင်းကို ဆွဲထိုးချင်နေပြီ။ ဒေါသထွက်စရာကောင်းတယ် “
“ မင်းက ဘယ်သူ့ဘက်ကလဲဟ။ တကယ်လို့ ငါလုပ်တာ မကောင်းဘူးဆိုရင်၊ မင်းကလည်း ပိုဆိုးသွားလိမ့်မယ်။ တကယ်လို့ မင်းဆီမှာ ဘာမှလုပ်စရာ မရှိဘူးဆိုရင်၊ ငါ့အတွက်သာ ဆုတောင်းပေးနေလိုက်။ ငါ့ကို ကာကွယ်တာက မင်းကို ကာကွယ်နေတာပဲ “ ဟု လုချန်ရှန်းမှ ပြန်ပြောလိုက်၏။
သို့ရာတွင် ရှောင်ဟေးမှာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ အကယ်၍ ဆုတောင်းခြင်းက အလုပ်ဖြစ်မည်ဆိုလျှင်တောင်မှ၊ သူ့လိုလူတစ်ဦးအတွက်မူ၊ ဗုဒ္ဓ၏ အရှေ့တွင် နှစ်သုံးထောင်တိတိ ရှိခိုးပူဇော်မည်ဆိုလျှင်တောင်မှ၊ သူဖန်တီးခဲ့သော မကောင်းမှုနှစ်တစ်နှစ်ကို ဖျောက်ဖျက်/ဖာထေးပေးလိမ့်မည် မဟုတ်ပေ။
တစ်ခဏအထိ ဤနေရာတွင် တိတ်ဆိတ်မှုသာလျှင် ကြီးစိုးနေခဲ့၏။
လူတိုင်း၏ အကြည့်များက စူးရှကာ၊ သူ့ကို အပိုင်းပိုင်း အစစ ခုတ်ထစ်ချင်နေကြသော်လည်း၊ သူတို့လုပ်နိုင်သော အရာ မရှိပေ။
ထို့နောက်တွင် သူတို့၏ အကြည့်များသည် မြစ်ရေပေါ်သို့ ကျရောက်သွားကာ၊ ရွှေရောင် အရိပ်အငွေ့တစ်ခု စီးဆင်းလာခဲ့ကာ၊ ရွှေရောင်စက္ကူကို လှစ်ဟပြသလာခဲ့သည်။
လုချန်ရှန်းမှာလည်း ၎င်းကို သတိပြုမိသွားခဲ့သည်။ သူလှုပ်ရှားရန် ပြင်လိုက်သည့် အချိန်မှာပင်၊ နတ်ဘုရား သန့်စင်ခြင်း နန်းတော်၊ ကောင်းကင်တံခါးနှင့် တစ်ခြားလူများသည် တစ်ပြိုင်နက် လှုပ်ရှားလာခဲ့ကာ၊ ရွှေရောင်စက္ကူကို အရင်ဦးဆုံး ဆယ်ယူလိုက်သည်။
လုချန်ရှန်းကမူ ဝင်မပြိုင်ဘဲ၊ အေးအေးဆေးဆေး စောင့်ကြည့်နေခဲ့၏။
“ ဟမ် “
ရှန်းဟဲ့သည် ရန်စနေသည့် အရိပ်အငွေ့တို့ဖြင့် လှောင်ပြောင်လာခဲ့သည်။
သို့ရာတွင် လုချန်ရှန်းမှာ မည်သို့မျှ မလှုပ်ရှားလာခဲ့ပေ။
လူတိုင်း စူးစမ်းလေ့လာနေကြပြီး၊ အံ့ဩတကြီး ဖြစ်သွားကြသည်။
“ ဒီဟာက ကျမ်းစာတစ်ခုပဲ၊ တော်တော်ကြီးကို ထူးခြားတာပဲ “
“ ဒီကျမ်းစာရဲ့ ဇစ်မြစ်က တော်တော်လေးကို ခမ်းနားတယ်ဆိုတာကို ငါခံစားမိနေတယ် “
“ ဒီနေရာရဲ့ ဇစ်မြစ်မှာ အံ့ဖွယ်ကောင်းတဲ့ တည်ရှိမှုတစ်ချို့ ရှိနေတာများလား “
“ … “
လူတိုင်း စကားပြောလာခဲ့ပြီး၊ အသံများ တစ်သံပြီးတစ်သံ ပေါ်ထွက်လာခဲ့ကာ၊ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။
သို့ရာ၌ သူတို့ ပျော်ရွှင်ဝမ်းမြောက်နေသည့် အချိန်မှာပင် မြစ်ရေပြင် လှုပ်ခါသွားကာ၊ ရေများ စင်လာခဲ့ပြီး၊ ဓားချီတစ်ခုသည် လေထုကို ထိုးဖောက်လာခဲ့သည်။
အရာအားလုံးက အလွန်မြန်ဆန်စွာ ဖြစ်ပျက်သွားသောကြောင့် လူတိုင်းမှာ လုချန်ရှန်းကဲ့သို့ပင် အငိုက်မိသွားကြ၏။ သူတို့၏ မှော်စွမ်းအားများဖြင့် တားဆီးပိတ်ဆို့ရန် ကြိုးပမ်းလိုက်သည့် အချိန်တွင်၊ မြစ်ရေက ၎င်းတို့ကို ရိုက်ချိုးကာ၊ ဓားချီသည် သူတို့၏ ခန္ဓာကိုယ်များအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
“ ဘာတွေ ဖြစ်နေတာလဲဟ “
“ အဲ့တာက ဘာကြီးလဲ “
“ အဲ့တာက မကောင်းဘူး “
အသံများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့ကာ၊ အားလုံး၏ မျက်နှာများပေါ်တွင် အကြောက်တရားများ ပြည့်နှက်သွားခဲ့သည်။ သူတို့သည် ပုံစံကွက်များကို အသုံးပြုကာ၊ ၎င်းကို ချေမှုန်းရန် ကြိုးပမ်းခဲ့ကြသည်၊ သို့သော် သူတို့သည် ၎င်းကို မည်သို့မျှ မဖယ်ရှားနိုင်ခဲ့ပေ။
ရွှေရောင်စက္ကူမှာလည်း မြစ်အတွင်းသို့ ပြန်လည်ကျဆင်းသွားခဲ့သည်။
သူတို့သည် တစ်ခြားမည်သည့်အရာကိုမှ ဂရုမစိုက်နိုင်ကြတော့ပေ။ ၎င်းကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းသည် သူ၏လက်ကို မြှောက်ကာ၊ ရွှေရောင် စက္ကူကို ဆယ်ယူလိုက်၏။ မျှော်လင့်ထားသည့်အတိုင်းပင်၊ ၎င်းထံတွင် နောက်ထပ်ကျမ်းစာတစ်ခု ပါဝင်နေခဲ့သည်။
ကျမ်းစာအရေအတွက်က ပိုတိုးလာလေလေ၊ သူပို၍ စိတ်ဝင်စားလာလေလေ ဖြစ်နေခဲ့သည်။
လူတိုင်းမှာလည်း ထိုဖြစ်ရပ်ကို သတိပြုမိသွားကြသည်။ သူတို့သည် အာရုံစိုက်၍ ကြည့်ရှုလာသော်လည်း၊ သူက ထိုနေရာတွင် ရပ်နေကာ၊ ဖတ်ရှုခဲ့ပြီးသည့်နောက်တွင် ရွှေရောင်စာရွက်ကို ရေအတွင်းသို့ ပြန်ချလိုက်သည်ကိုသာ မြင်တွေ့လိုက်ရသည်။
သူသည် အရာအားလုံးက ဖြစ်ပျက်လာမည်ကို ကြိုတင်မှန်းဆတွက်ချက်ထားသည့်အလား ထိုလူများ၏ ဒုက္ခရောက်နေမှုကို လျစ်လျူရှုထားခဲ့သည်။
“ မင်းက ဒီလိုဖြစ်လာမယ်ဆိုတာကိုသိနေခဲ့တာလား “ အဘိုးအိုတစ်ဦးသည် သူ့ကို ငေးကြည့်ကာ မျက်မှောင်ကြုတ်၍ မေးမြန်းလာခဲ့သည်။
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ ဟုတ်တယ်လေ “
“ မင်းသိနေတယ်ဆိုရင်၊ ငါတို့ကို ဘာလို့ သတိမပေးခဲ့ရတာလဲ။ ငါတို့ကို တမင်သပ်သပ် ထိခိုက်သွားအောင် လုပ်နေတာလား “
“ ခင်ဗျားက ဘာပေါက်ကရတွေ လျှောက်ပြောနေတာလဲ “ လုချန်ရှန်းမှ မျက်မှောင်ကြုတ်ကာ၊ ပြန်ပြောလိုက်၏ “ ကျုပ်တို့က ရင်းနှီးလို့လား။ ကျုပ်သိနေတာနဲ့ပဲ ခင်ဗျားတို့ကို ပြောပြရမှာလား။ ပြီးတော့ ပစ္စည်းပေါ်လာတဲ့ အချိန်တုန်းက ခင်ဗျားတို့ပဲ ဆွဲလုသွားကြတာ မဟုတ်ဘူးလား။ ကျုပ်ကို မေးခဲ့လို့လား “
“ အဲ့တာက …….. “
“ ပစ္စည်းလုနေတဲ့ အချိန်မှာ မင်းတို့က တစ်ခြားလူတွေထပ်တောင် ပိုမြန်နေသေးတယ်။ အခုပြဿနာ ရှိတော့မှ၊ ငါ့ကို အပြစ်လာတင်နေတာလား။ မင်းတို့ ခေါင်းတွေရော ကောင်းကြသေးရဲ့လား “ ဟု လုချန်ရှန်းမှ ပြန်ပြောလိုက်သည်။
ဓားချီသည် ရေပြင်အတွင်းမှ တိုးထွက်ကာ၊ ထပ်မံ၍ တိုက်ခိုက်လာခဲ့ပြန်သည်။ ကြုံဖူးပြီးသား ဖြစ်သောကြောင့် သူသည် ဓားဆန္ဒကို သူ၏လက်ချောင်းထိပ်တွင် စုစည်းကာ၊ ၎င်းကို တိုက်ရိုက်ချေမှုန်းလိုက်သည်။
လူအုပ်ကြီး၏ အမူအရာများ ရုပ်ဆိုးသွားခဲ့သည်။
ထိုစဥ် လူငယ်တစ်ဦးသည် လူအုပ်အတွင်းမှ တိုးထွက်လာခဲ့ကာ၊ စကားတစ်ခွန်းမှ မပြောဘဲ၊ မြေပြင်ပေါ်သို့ လှဲချလိုက်ကာ၊ လုချန်ရှန်း၏ ခြေထောက်တစ်ဖက်ကို ဆွဲဖက်လာခဲ့၏။
“ အစ်ကိုချင်း၊ ငါ့ကို ကူညီပါဦး “
ထိုလူမှာ ကျင်းယုဖြစ်ပြီး၊ သူ၏ ငိုသံသည် မြစ်ရေစီးသံကိုပင် ဖုံးလွှမ်းသွားခဲ့သည်။
လုချန်ရှန်း စကားမပြောနိုင်ခင် အချိန်မှာပင် ရှောင်ဟေးမှာ အရင်ဦးဆုံး စကားစပြောလာခဲ့သည် “ သူပဲ “
“ မင်းက သူ့ကိုသိတာလား “
“ အင်း “ ရှောင်းဟေးမှ ခေါင်းငြိမ့်ပြလာခဲ့သည်။
လုချန်ရှန်းမှာ အနည်းငယ် အံ့အားသင့်သွား၏။
“ မင်းကလည်း သူ့ကို သိနေတာလား “ ဟု ရှောင်ဟေးမှ ပြန်မေးလာခဲ့သည်။
“ သူနဲ့ တွေ့ဖူးရုံလေးပါပဲ။ သူ့ကို တွေ့ခဲ့တဲ့ အချိန်တုန်းက သူက ငါ့ခြေထောက်ကို လာဖက်ပြီးတော့ ငါ့နောက်ကို လိုက်ချင်တယ်ဆိုပြီး အော်ငိုနေခဲ့တာ၊ ငါ့ကိုလည်း အစ်ကိုကြီးလို့ ခေါ်ခဲ့သေးတယ်။ ငါသူ့ကို ဘယ်လောက်ပဲ ဖျောင်းဖျနေခဲ့ပါစေ၊ သူက ငါ့စကားကို နားမထောင်ခဲ့ဘူး “
ရှောင်ဟေး : “ … “
ဘာစကားတွေ ပြောနေတာလဲဟ
ထို့နောက်တွင် လုချန်ရှန်းမှ စကားထပ်ပြောလာခဲ့သည် “ မင်းကတောင် သူ့ကို သိတယ်ဆိုတော့၊ သူ့ရဲ့ နောက်ခံက တော်တော်လေးကို တောင့်နေတဲ့ပုံပဲ “
“ သူက ငါနဲ့ဆက်စပ်မှုရှိတယ် “
“ မင်းရဲ့ တရားမဝင်သားများလား “
“ လုချန်ရှန်း “ ရှောင်ဟေးသည် အံတကြိတ်ကြိတ်ဖြင့်၊ အမွှေးများ ထောင်ထသွားခဲ့၏။
“ မဟုတ်ဘူးလား “
“ မဟုတ်ဘူး “
“ အဲ့တာဆိုရင် ဘာလဲ “ ဟု လုချန်ရှန်းမှ ထပ်မံ၍ မေးမြန်းလာခဲ့သည်။
ရှောင်ဟေးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ၊ သူ၏စိတ်ကို တည်ငြိမ်သွားစေခဲ့ပြီးမှ စကားပြန်ပြောလာခဲ့၏ “ ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင်၊ သူက ငါ့ရဲ့ ဝမ်းကွဲပဲ “
“ ရိုးရိုးရှင်းရှင်းဆိုတာက ဘာစကားကြီးလဲ “
လုချန်ရှန်းသည် စိတ်လှုပ်ထွေးသွားခဲ့သည်။ ဟုတ်ရင်ဟုတ်တယ်၊ မဟုတ်ရင် မဟုတ်ဘူးပေါ့။ ဘာကို ရိုးရိုးရှင်းရှင်းတုန်း
ထို့နောက်တွင် ရှောင်ဟေးမှ စကားထပ်ပြောလာခဲ့သည် “ သူ့အဖေက ငါ့မျိုးနွယ်စုက ဦးလေးတစ်ယောက်၊ သူ့ရဲ့ အမေကတော့ ဒေါင်းမျိုးနွယ်စုက အမျိုးသမီးတစ်ယောက်ပဲ။ ငါတို့မျိုးနွယ်စုက သွေးမျိုးဆက် အမွေအနှစ်ကို တန်ဖိုးအထားဆုံးပဲ၊ နှစ်ဖက်စလုံးက တစ်ယောက်ကိုတစ်ယောက် အထင်သေးကြတယ်၊ နှစ်ဖက်စလုံးကလည်း အဲ့တာကို သဘောမတူကြဘူး။ အဲ့တာကြောင့် သူက မွေးလာခဲ့ပြီးတဲ့နောက်မှာ သူ့အမေနဲ့အတူ ဒေါင်းမျိုးနွယ်စုထဲကို လိုက်သွားဖို့ပဲ တတ်နိုင်ခဲ့တယ် “
“ အို့၊ သူက သွေးနှောလေးပေါ့ “
လုချန်ရှန်းသည် ရုတ်တရက် သဘောပေါက်သွားခဲ့သည်။
ရှောင်ဟေး၏ မျက်ဝန်းများ တုန်ခါသွားခဲ့သည်။ သူသည် တစ်စုံတစ်ခုကို ပြောပြချင်နေသော်လည်း၊ ချုပ်တည်းထားခဲ့သည်။ ဆိုလိုရင်းက ထိုကဲ့သို့ပင် ဖြစ်သည်၊ သို့သော် ထိုလူ့၏ ပါးစပ်မှ ပေါ်ထွက်လာသည့်အချိန်တွင်မူ၊ ၎င်းက တစ်မျိုးတစ်မည် ထူးဆန်းနေခဲ့သည်။
ယခုလက်ရှိ အချိန်အထိ သူသည် ထိုလူ၏ ပါးစပ်ထံမှ စကားကောင်းတစ်ခု ထွက်လာသည်ကို တစ်ကြိမ်တစ်ခါမှ မကြားခဲ့ဖူးချေ။
“ အဲ့အကြောင်းကို ပြောမှပဲ၊ သူကလည်း သနားဖို့ကောင်းတဲ့ လူတစ်ယောက်ပဲ။ သူ့ရဲ့ သွေးမျိုးဆက်ကြောင့်၊ ငါ့မျိုးနွယ်စုထဲက လူတော်တော်များများက သူ့ကို လက်မခံကြဘူး၊ ပြီးတော့ ဒေါင်းမျိုးနွယ်စုကလည်း သူ့ကိုမကြိုဆိုကြဘူး။ သူ့အမေသေသွားတဲ့နောက်မှာ ဒေါင်းမျိုးနွယ်စုထဲက သူ့ရဲ့ဘဝက တော်တော်ကြီးကို ခက်ခဲရုန်းကန်နေခဲ့ရတာ “
ရှောင်ဟေးသည် ကျင်းယု၏ နောက်ခံအကြောင်းကို ပြန်ပြောင်း ပြောပြနေခဲ့သည်။
လုချန်ရှန်းမှ ပြန်ပြောလာခဲ့၏ “ အဲ့တာက မင်းတို့တွေ မှားနေတဲ့ နေရာပဲ။ သူက သွေးနှောဖြစ်နေတော့ရော ဘာဖြစ်လဲ။ ကလေးက အပြစ်ကင်းတယ်လေ၊ မင်းတို့ရဲ့ သွေးမျိုးဆက်က အဲ့လောက်ကြီး မြင့်မြတ်နေလို့လား “
ရှောင်ဟေး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
လုချန်ရှန်းမှ စကားထပ်ပြောလာခဲ့သည် “ သူ့အဖေကရော။ သူကရော ဂရုမစိုက်ဘူးလား “
“ အဲ့ကိစ္စကြောင့်ပဲ သူ့အဖေက မျိုးနွယ်စုရဲ့ တားမြစ်နေရာထဲမှာ အကျဥ်းချခံထားရတယ် “
“ ကျွတ် ကျွတ် ကျွတ် “ လုချန်ရှန်းသည် စုပ်တသပ်သပ် ဖြစ်သွားကာ၊ ပြန်ပြောလိုက်သည် “ မင်းတို့ကောင်တွေက တကယ်ကြီးကို ရက်စက်တာပဲ။ ငါကတောင် အဲ့တာကို သည်းမခံနိုင်ဘူး။ ဒီကလေးက ဘယ်လောက်တောင် ခံစားနေခဲ့ရမလဲ “
ရှောင်ဟေး၏ အမူအရာ အေးခဲတောင့်တင်းသွား၏။ ဒီလို စကားတွေက လုချန်ရှန်းရဲ့ ပါးစပ်ပေါက်ကနေ တကယ်ကြီး ထွက်လာခဲ့တယ်ပေါ့။ ဒီကောင့်ဆီမှာ ကိုယ်ချင်းစာစိတ် ရှိနေတာလား။ ဒီကောင်က တစ်ခြားလူတွေကို သနားတတ်တာလား
ချက်ချင်းဆိုသလိုပင် လုချန်ရှန်းမှ စကားပြန်ပြောလိုက်သည် “ မင်းက နာရေးအတွက် ငိုနေတာလား “
ထိုစကားကို ကြားလိုက်ရသောအချိန်တွင် ကျင်းယုသည် ချက်ချင်းမော့ကြည့်လာခဲ့သည်၊ သို့သော် သူမထရသေးခင် အချိန်မှာပင် လုချန်ရှန်းမှ သူ၏လက်ကို မြှောက်လိုက်သည်၊ ဓားဆန္ဒသည် သူ၏ခန္ဓာကိုယ် အတွင်းသို့ တိုးဝင်ကာ၊ ဓားကျိန်စာကို ဖြတ်တောက်သွားခဲ့၏။
“ ရပြီ “
လုချန်ရှန်း၏ စကားကို ကြားခဲ့ရပြီးသည့်နောက်တွင် ကျင်းယု အပျော်လွန်သွားခဲ့သည်။
“ အစ်ကိုချင်း၊ ကျေးဇူးတင်ပါတယ်၊ မင်းက တကယ့်အစ်ကိုကြီးတစ်ယောက်လိုပဲ “
လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားကာ စကားပြန်ပြောရန်ပင် ပျင်းရိသွားခဲ့သည်။
သို့သော် တစ်ခြားလူများကမူ ၎င်းကို မြင်တွေ့သွားပြီး၊ မျက်လုံးများ တောက်ပသွားခဲ့သည်။ လူတစ်ဦးမှ စကားထပ်ပြောလာခဲ့သည် “ မင်းက အဲ့ဟာကို တကယ်ကြီး ဖြတ်တောက်နိုင်တာလား “
“ ဒါပေါ့ “
“ လုပ်တယ်ဆိုရင်၊ ငါတို့ကိုရော ဘာလို့ မကူညီပေးရတာလဲ “
“ ငါက ဘာကိစ္စ ကူညီပေးသင့်တာလဲ “ လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့သည်။ အဲ့တာက ဘာစကားကြီးတုန်း
ကောင်းကင်တံခါးဂိုဏ်း၏ အဘိုးအိုမှ စကားထပ်ပြောလာခဲ့၏ “ ကျင့်ကြံရေး လမ်းခရီးမှာ၊ လူတွေက တစ်ယောက်ကိုတစ်ယောက် ကူညီပေးသင့်တယ်။ မင်းရဲ့ အရင်က လုပ်ရပ်တွေနဲ့ ပတ်သက်ပြီးတော့ ငါတို့က အငြှိုးအတေးထားမနေတော့ဘူး။ အခု မင်းဆီမှာ ဒီစွမ်းရည်ရှိနေတယ်ဆိုတော့၊ ဘယ်လိုလုပ် ဘာမှမလုပ်ဘဲ ဒီအတိုင်းရပ်ကြည့်နေမှာလဲ “
“ အမှန်ပဲ၊ ငါတို့မျိုးဆက်ရဲ့ ကျင့်ကြံသူတွေက ဘယ်လိုလုပ် ဒီလိုမျိုး ဖြစ်နေရမှာလဲ။ မင်းက သူ့ကိုတောင် ကူညီပေးခဲ့တာပဲ၊ ဘာလို့ ငါတို့ကို မကူညီပေးရတာလဲ “
အသံများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။
လုချန်ရှန်းသည် အနည်းငယ် အံ့အားသင့်ကာ၊ တုန်လှုပ်သွားခဲ့သည်။ အဲ့တာက ကိုယ်ကျင့်တရားကို မေးခွန်းထုတ်ပြီးတော့ ဖိအားပေးနေတာ မဟုတ်ဘူးလား
ငါ့ဆီမှာ ကိုယ်ကျင့်တရား ရှိနေမယ်လို့ ထင်နေတယ်ပေါ့လေ
မင်းတို့က ငါ့ကို ဘယ်လိုလုပ် ဆိုက်ဝါးထည့်လို့ရမှာလဲဟ
( ဆိုက်ဝါးက စိတ်ကို နှောင့်ယှက်၊ ချယ်လှယ်ပြီးတော့ အမှန်ကိုအမှား၊ အမှားကိုအမှန်ဖြစ်အောင် မြင်သွားအောင် လုပ်တာမျိုးပါ )
…………………………………………………………………………………………………………………………………………..
အပိုင်း ( 117 )
ငါက လူကောင်းတစ်ယောက်လို့ မင်းတို့က ထင်နေကြတာလား
လုချန်ရှန်းသည် အရူးများကို မြင်တွေ့နေရသည့်အလား ဖြစ်နေသော အမူအရာမျိုးဖြင့် လူအုပ်ကြီးကို ငေးကြည့်နေခဲ့သည်။
ထို့နောက်တွင် ထိုလူများမှ စကားထပ်ပြောလာကြ၏ “ ချင်းယီ၊ လောကကြီးထဲ ခြေဆန့်နေတဲ့အချိန်မှာ ဒီလောက်ကြီးအထိ ခေါင်းမာနေဖို့ မလိုအပ်ဘူး။ ငါတို့က အရင်က ကိစ္စတွေအတွက် အငြှိုးအတေး ထားမနေတော့ဘူး၊ အဲ့တာကြောင့် မင်းကလည်း ပြန်ပြီးတော့ အလျှော့ပေးသင့်တယ် “
“ အဲ့လိုလား “
“ အမှန်ပဲ “
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ ဒါဆိုရင်လည်း အခုလေးတင် ဖြစ်ခဲ့တဲ့ ကိစ္စကို ငါနဲ့လာရှင်းလိုက် “
ထိုကဲ့သို့သော စိန်ခေါ်မှုမျိုးနှင့် ရင်ဆိုင်လိုက်ရသည့် အချိန်တွင်၊ လူတိုင်း၏ အမူအရာများ အေးစက်သွားကာ၊ သူ့ကို စိုက်ကြည့်လာကြသည်။
ကျင်းယု၏ စိတ်နှလုံးသား လှုပ်ခတ်သွားကာ၊ အလိုအလျောက် ဘေးဖယ်မိသွားခဲ့သည်။
သူသည် မည်သည့်ဘက်ကိုမှ စော်ကားရန် မတတ်နိုင်ပေ။
လုချန်ရှန်းသည် အပြုံးဖြင့် ပြန်ပြောလိုက်သည် “ ငါက လူကောင်းလို့ မင်းတို့က ထင်နေကြတယ်ပေါ့။ အဓိပ္ပါယ် မရှိတဲ့ စကားလေး နည်းနည်းလောက် ပြောလိုက်တာနဲ့၊ ငါ့ကို အမိန့်ပေးလို့ ရပြီလို့ ထင်နေတယ်ပေါ့။ ရိုးရိုးသားသား ပြောရမယ်ဆိုရင်၊ တကယ်လို့ မင်းတို့ သေသွားမယ်ဆိုရင်တောင်မှ၊ အဲ့တာက ငါနဲ့ဘာဆိုင်လို့လဲ။ အဲ့တာကို ငါလုပ်ခဲ့တာမှ မဟုတ်တာ “
ရှောင်ဟေးသည် တဟားဟား အော်ရယ်နေတော့၏။ မင်းတို့ကောင်တွေကတော့ မင်းတို့ရဲ့ ကံတရားတွေကိုပဲ အပြစ်တင်သင့်တယ်
“ မင်း …….. “
“ ဒီကမ္ဘာပေါ်မှာ မင်းလိုလူမျိုး ဘယ်လိုလုပ်ရှိနေရတာလဲ “
“ … “
လုချန်ရှန်းသည် တဟားဟား အော်ရယ်နေတော့သည် “ မင်းလိုလူမျိုးတွေတော့ အများကြီး ရှိပါတယ်၊ ငါ့လိုလူမျိုးကတော့ နည်းနည်းလေးပဲ ရှိတယ်ကွ “
လူတိုင်း ဆွံ့အသွားကြသည်။
ကောင်းကင်တံခါးဂိုဏ်း၏ အကြီးအကဲမှာလည်း စကားဝင်ပြောလာခဲ့သည် “ မိတ်ဆွေလေး၊ ဘာလို့ အဲ့လိုဖြစ်နေရတာလဲ။ မင်းနဲ့ ငါနှစ်ယောက်စလုံးက ဒီကမ္ဘာကြီးထဲမှာ ရုန်းကန်နေကြတဲ့ ကျင့်ကြံသူတွေပဲလေ။ ဘာလို့ တစ်ခြားလူတွေကို အခက်တွေ့အောင် လုပ်နေရတာလဲ။ မိတ်ဆွေပိုများလေလေ၊ လမ်းကြောင်းပိုများလေလေပေါ့ “
“ ကျွန်တော်က မိဘမဲ့လေ၊ ကျွန်တော့်ဆီမှာ မိတ်ဆွေ သူငယ်ချင်း မရှိဘူး “
“ … “
လူအုပ်ကြီးမှာ ဘာပြောရမှန်းမသိ ဖြစ်သွားကြ၏။ ဒီလူက အကျိုးအကြောင်းပြောပြီး၊ စကားပြောလို့ရမဲ့လူ မဟုတ်ဘူးပဲ
အကြီးအကဲတစ်ဦးမှ ဖြည်းဖြည်းချင်း စကားဝင်ပြောလာခဲ့သည် “ ဒါဆိုရင်လည်း အဲ့တာကို ကူညီပြီး ဖြတ်တောက်ပေးဖို့အတွက် မင်းဘာလိုချင်နေတာလဲ “
“ မင်းက ဘာလို့ စောစောစီးစီး စကားမပြောလာခဲ့ရတာလဲ “ လုချန်ရှန်းသည် ပြုံးစိစိ ဖြစ်သွားခဲ့သည် “ တစ်ယောက်ကို ဝိညာဥ်ကျောက်တုံး ငါးသောင်း “
“ ငါးသောင်းလား “
“ တော်တော်လေးကို ဈေးသက်သာနေလို့လား “ လုချန်ရှန်းမှ အပြုံးဖြင့် တုံ့ပြန်လိုက်၏။
လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ဘယ်လိုလုပ် ဈေးပေါနေရမှာလဲ။ အဲ့တာက ခေါင်းပုံဖြတ်နေတာပဲ
ဝိညာဥ်ကျောက်တုံး ငါးသောင်းကွ၊ ကျောက်စရစ်ခဲ ငါးသောင်း မဟုတ်ဘူး။ တကယ်လို့ ကျောက်စရစ်ခဲ ဖြစ်နေမယ်ဆိုရင်တောင်မှ၊ ငါးသောင်းပြည့်အောင် ကောက်ဖို့အတွက် အချိန်ဘယ်လောက် ယူနေရမှာလဲ
“ တော်တော်ကြီးကို အနိုင်ကျင့်လွန်းတယ် “
ဒေါင်းမျိုးနွယ်စုမှ အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့သည်။
“ ဒေါင်းကလေး၊ ပေါက်ကရတွေ လျှောက်မပြောနဲ့။ ဒါက ဘုံသဘောတူညီမှုတစ်ခုပဲ။ ငါက မင်းတို့ကို ဖိအားပေးမှာ မဟုတ်ဘူး။ ပြီးတော့ မင်းတို့က ငါ့ကို တောင်းဆိုနေကြတာဆိုတာကို မင်းတို့တွေ နားလည်ထားဖို့ လိုအပ်တယ် “ လုချန်ရှန်း၏ စကားလုံးများ ကျဆင်းလာခဲ့သည်။
လူတိုင်း၏ အမူအရာများ မည်းမှောင်သွား၏။
ထိုအချိန်တွင် နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူမှာလည်း စကားဝင်ပြောလာခဲ့သည် “ ဘာလို့ လေကုန်ခံနေကြတာလဲ။ သူ့ကို ဖိနှိပ်ပြီးတော့ သူ့ရဲ့နတ်ဝိညာဥ်ကို ကန့်သတ်လိုက်၊ သူက စကားနားမထောင်ဘဲ နေရဲလိမ့်မယ်လို့ ငါမယုံဘူး “
“ ငါ့ကို ဖိနှိပ်ဖို့လား “
“ ဟုတ်တယ် “
“ မင်းတို့ကရော အဲ့လိုပဲ ထင်ကြတာလား “
လုချန်ရှန်းသည် ကောင်းကင်တံခါးနှင့် ဒေါင်းမျိုးနွယ်စုတို့ကို ကြည့်လိုက်ပြီး၊ ထိုလူများကပါ ပူးပေါင်းချင်နေသည်လားဆိုသည်ကို အတည်ပြုချင်နေ၏၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက၊ မတော်တဆ ဒဏ်ရာရရှိသွားစေခြင်းမှာ မကောင်းလှပေ။
သို့သော် ထိုလူများသည် စကားတစ်ခွန်းမှ ပြန်မပြောလာခဲ့ပေ။ သူတို့သည် မတိုက်ခိုက်ချင်ကြသကဲ့သို့၊ လုချန်ရှန်းကိုလည်း ရန်မစလိုကြပေ။
ဤမျှ ရဲတင်းစွာ ပြုမူလုပ်ဆောင်ရဲနေသည်မှာ ထိုလူ့ထံတွင် အင်အားကြီး နောက်ခံတစ်ခုခု ရှိနေခြင်းကြောင့် ဖြစ်ဖို့များသည်။ မည်သူကမှ အကြောင်းမဲ့ ရန်သူမဖြစ်လိုကြပေ။
သူတို့အားလုံး နောက်ဆုတ်သွားကြသည်။
၎င်းကို မြင်လိုက်ရသော အချိန်တွင်၊ နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူများသည် မနေနိုင်တော့ဘဲ၊ စကားထပ်ပြောလာကြသည် “ အားလုံးပဲ၊ မကြောက်ကြပါနဲ့။ ငါတို့ကသာ သူ့ကို မသတ်သရွေ့၊ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး “
“ ဟမ်၊ မင်းတို့ရဲ့ နန်းတော်သခင်ကလည်း အရင်တစ်ခေါက်တုန်းက အဲ့လိုပဲ တွေးထားခဲ့တာ၊ နောက်ဆုံးတော့ သူသေသွားခဲ့ရတာပဲလေ “ လုချန်ရှန်းမှာ တဟားဟား ရယ်မောနေတော့၏။
“ ဟမ့် “
ထိုအကြီးအကဲသည် အေးစက်စွာ နှာခေါင်းရှုံ့၍၊ ရှေ့သို့ ခြေတစ်လှမ်းတိုးလာခဲ့သည်၊ မှော်စွမ်းအားများ ချက်ချင်းပေါက်ထွက်လာခဲ့သည်။
သို့ရာတွင် လုချန်ရှန်းက ထိုနေရာမှာပင် တိတ်တဆိတ် မတ်တပ်ရပ်နေခဲ့သောကြောင့်၊ လူတိုင်း အံ့ဩသွားခဲ့ရသည်။
“ သူက လုံးဝမကြောက်ဘူးလား “
“ သူ့ဆီမှာ အံ့ဖွယ်စွမ်းအားတစ်ခုခု ရှိနေတာများလား။ ဒါမှမဟုတ် စောင့်ရှောက်သူ၊ ဒါမှမဟုတ် နည်းလမ်းတစ်ခုခု ရှိနေတာများလား “
အားလုံးသည် မနေနိုင်တော့ဘဲ မှန်းဆတွက်ချက်နေကာ၊ အလိုလို နောက်ဆုတ်မိသွားကြ၏။
လုချန်ရှန်းက ကူညီရန် ဆန္ဒမရှိသောကြောင့်၊ သူတို့ထံတွင် ရွေးချယ်စရာ မရှိတော့ပေ၊ သို့သော် နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှာ သူတို့နှင့် မတူညီပေ။ နှစ်ဖက်စလုံးတွင် ရန်ငြှိုးများရှိနေခဲ့ပြီး၊ ယခုတွင် ၎င်းက ပေါက်ထွက်လာခဲ့ပြီဖြစ်သည်။
ဤအချိန်တွင် နတ်ဘုရား သန့်စင်ခြင်း နန်းတော်၏ အကြီးအကဲသည် လုချန်ရှန်းကို စိုက်ကြည့်လာခဲ့သည်၊ သူသည် လူအုပ်ကြီး၏ မှန်းဆချက်များကိုပါ သိနေခဲ့သည်၊ ဒီကောင့်ဆီမှာ ငါမသိတဲ့ ဝှက်ဖဲတွေ ရှိနေမှာ သေချာတယ်
၎င်းကို တွေးမိသွားသောအခါတွင် အလင်းတန်းတစ်ခုသည် သူ၏လက်ချောင်များထိပ်မှ ပျံထွက်လာခဲ့ကာ၊ လှိုဏ်ဂူအပြင်ဘက်သို့ ဦးတည်သွားတော့၏။ သူသည် သတင်းစကားတစ်ခု ပို့လွှတ်လိုက်သည်။
လူတစ်ချို့သည် ၎င်းကို သတိပြုမိနေခဲ့သော်လည်း၊ စကားတစ်ခွန်းပင် ထုတ်မပြောလာခဲ့ပေ။
လုချန်ရှန်းသည် မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ၊ အရှေ့သို့ ငေးကြည့်နေတော့သည်၊ အရာအားလုံးမှာ သူ၏ မျက်လုံးများအောက်မှ ပြေးမလွတ်ခဲ့ပေ။
အစပိုင်းတွင် သူသည် ထိုလူများကို ဖိနှိပ်ကာ ပြန်ပေးဆွဲရန် စဥ်းစားထားခဲ့ခြင်း ဖြစ်သည်၊ သို့သော် တစ်စုံတစ်ဦးသည် အချိန်တိုအတွင်းမှာပင် ဤနေရာသို့ ချဥ်းကပ်လာနေခဲ့ပြီ ဖြစ်ပြီး၊ ထိုလူ၏ ကျင့်ကြံရေးမှာ မွေးရာပါ ဝိညာဥ်နယ်ပယ်တွင် ရှိနေခဲ့သည်။
“ တော်တော်မြန်တာပဲ “ လုချန်ရှန်းမှာ တစ်ကိုယ်တည်း ပြောဆိုနေခဲ့၏။ ဒီလူတွေကို ဖိနှိပ်ပြီးတော့ နတ်ဘုရား သန့်စင်ခြင်း နန်းတော်ဆီ ပြန်ရောင်းမဲ့ ငါ့ရဲ့ အကြံလေးက ပျက်စီးသွားရတော့မဲ့ပုံပဲ
နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူများသည်လည်း အခြေအနေကို အာရုံခံမိသွားကာ၊ ချက်ချင်းလှောင်ပြောင်လာခဲ့သည် “ တကယ်လို့ မင်းအတွက် ဘာကကောင်းလဲဆိုတာကို သိတယ်ဆိုရင်၊ အရှုံးပေးလိုက်။ တကယ်လို့ ငါတို့က မင်းကို ဖိနှိပ်လိုက်ရင်၊ မင်းက ………. “
“ မင်းဘိုးအေကြီးကို ဖိနှိပ်လိုက် “
လုချန်ရှန်းမှ အော်ပြော၍ သူ၏လက်ကို မြှောက်လိုက်ရာ၊ လေထုအတွင်းတွင် ဓားချီများစွာ ဖြစ်တည်လာခဲ့၏။ ဓားချီများ ပေါ်ထွက်လာသည့် အချိန်တွင် လူတိုင်း၏ စိတ်နှလုံးသားများ လှုပ်ခါသွားခဲ့သည်။
မြစ်အတွင်းရှိ ဓားချီကပင် လှုပ်ရမ်းသွားခဲ့သည်။
“ ခုခံချင်နေသေးတာလား “ အကြီးအကဲသည် အေးစက်စွာ နှာခေါင်းရှုံ့နေစဲဖြစ်ပြီး၊ သူ့ကို ဖိနှိပ်ရန်အတွက် အရှေ့သို့ တက်လာခဲ့သည်။
သို့သော် သူချဥ်းကပ်လာသည့် အချိန်တွင်၊ လူတိုင်း အံ့ဩတုန်လှုပ်သွားကာ၊ နေရာမှာပင် အေးခဲတောင့်တင်းသွားကြသည်။
လုချန်ရှန်းမှ သူ၏လက်ကို ဝေ့ရမ်းလိုက်ရာ၊ ဓားချီများသည် အဆိုပါ အကြီးအကဲကို မတိုက်ခိုက်ဘဲ၊ သူ့ဘေးတွင် ရှိနေသည့် အနက်ရောင် မြစ်အတွင်းသို့ တိုးဝင်သွားခဲ့သည်။
“ ဘုရားရေ၊ သူဘာလုပ်နေတာလဲ “
“ ဒီအရူးကတော့ “
“ မင်းတို့က အော်နေသေးတာလားဟ။ ပြေး “
“ … “
လူတိုင်း၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူတို့သည် ဤနေရာသို့ မလာခင် အချိန်ကတည်းက ဤနေရာရှိ အနက်ရောင်ရေက မှော်စွမ်းအားကို ထိုးဖောက်ကာ၊ ဝိညာဥ်ရေးရာကို ဖျက်စီးနိုင်သည်ဆိုသည်ကို သိနေခဲ့ကြသည်။ အကယ်၍ သူတို့ကသာ ညစ်နွမ်းသွားမည်ဆိုပါက၊ နောက်ဆက်တွဲ အကျိုးဆက်များက မှန်းဆ၍ပင် ရတော့မည် မဟုတ်ပေ။
နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူများကပင် မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားကြသည်၊ သူတို့သည် ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူက လူတိုင်းကို အပါခေါ်သွားဖို့ ကြံနေတာလားဟ
သို့ရာ၌ သူတို့မတုံ့ပြန်နိုင်ခင် အချိန်မှာပင်၊ လုချန်ရှန်းက လှုပ်ရှားလာခဲ့ပြီ ဖြစ်သည်။ သူသည် ကျင်းယုကို လှမ်းဆွဲလိုက်သည်၊ ဓားဆန္ဒသည် သူ၏မျက်ခုံးများအကြားသို့ တိုးဝင်သွားကာ၊ သူ၏ခန္ဓာကိုယ်ကို ကာကွယ်ပေးနေခဲ့၏။ စီးထွက်လာသော အနက်ရောင်ရေများသည် သူ့ကို မည်သို့မျှ မထိတွေ့သွားပေ။ သူသည် ၎င်းကို ယခင်က စမ်းကြည့်ခဲ့ပြီးပြီ ဖြစ်သည်၊ အနက်ရောင်ရေသည် ဓားဆန္ဒကို ပျောက်ကွယ်မသွားစေနိုင်ဘဲ၊ တစ်ခဏခန့်သာ ခုခံနေနိုင်ခဲ့သည်။
သို့သော် အနက်ရောင်ရေများ၏ လှုပ်ခတ်မှုနှင့်အတူ ဓားချီလှိုင်းလုံးများကပါ ရေစီးကြောင်းနှင့်အတူ လိုက်ပါလာခဲ့သည်။
“ ချင်းယီ၊ မင်း …….. “
သူ့စကားကို ပြီးဆုံးအောင် မပြောလိုက်ရဘဲ၊ အော်ဟစ်သံများ ပေါ်ထွက်လာခဲ့သည်။
လုချန်ရှန်း၏ အရှိန်သည် အလွန်တရာ မြန်ဆန်နေခဲ့သည်။ သူသည် ရှေ့ရှေ့သို့ တဟုန်ထိုး ပြေးတက်သွားကာ၊ ယခင်က ထိုနေရာတွင် ရှိနေခဲ့သည့် လူများကို ကျော်ဖြတ်ကာ၊ ပြေးလွှားရင်းဖြင့် အော်ဟစ်နေတော့၏။
“ ရေကြီးတော့မယ်၊ ပြေး၊ ပြေးးးး “
သူ၏အသံ ဟိန်းထွက်လာခဲ့သည်။ ကောင်းကင်တံခါးဂိုဏ်းနှင့် ဒေါင်းမျိုးနွယ်စုမှ လူများမှာ ကြောင်အမ်းအမ် ဖြစ်သွားကြသည်။ သူက ဤမျှ မြန်ဆန်စွာ ပြေးသွားလိမ့်မည်ဟု မည်သူကမှ မမျှော်လင့်ထားခဲ့ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် လှိုဏ်ဂူအပြင်သို့ပင် ပြေးထွက်သွားခဲ့ပြီ ဖြစ်သည်။ အနက်ရေများ ပျံ့နှံ့လာသည်ကို မြင်လိုက်ရသောအခါတွင်၊ နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူများသည် အပြင်သို့ ပြေးထွက်သွားကာ၊ ဤနယ်မြေမှ လွတ်မြောက်ရန် ကြိုးပမ်းနေကြတော့သည်။
မြေပြင်ပေါ်သို့ စီးထွက်လာသည့် အနက်ရောင်ရေများလည်း လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့ပြီး၊ မြင်ကွင်းမှာ အလွန်တရာ ဖရိုဖရဲ ဖြစ်နေခဲ့၏။
အင်အားစု အသီးသီးသည် ညစ်နွမ်းသွားမည်ကို ကြောက်ရွံ့သောကြောင့်၊ အသည်းအသန် ပြေးလွှားနေခဲ့ကြသည်။
သို့ရာ၌ ထိုအချိန်တွင်၊ အဘွားအိုတစ်ဦးသည် သူတို့ဆီသို့ ခေါင်းချင်းဆိုင် ပျံသန်းလာခဲ့ကာ၊ လုချန်ရှန်းထံသို့ တိုက်ရိုက်ရောက်ရှိလာခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် သူမ၏ အမူအရာ မည်းမှောင်ကာ၊ မျက်မှောင်ကြုတ်သွားခဲ့ပြီး၊ ဆိုးရွားသော ကိစ္စတစ်ခုခု ဖြစ်လာတော့မည်ဟု ခံစားမိသွားခဲ့သည်။
လုချန်ရှန်းကို မြင်လိုက်ရသောအခါတွင် အဘွားအိုမှ မေးမြန်းလာခဲ့၏ “ ဘာတွေ ဖြစ်နေတာလဲ “
လုချန်ရှန်းသည် သူမကို ကြည့်ကာ၊ ပြန်ပြောလိုက်သည် “ ခင်ဗျားက နတ်ဘုရား သန့်စင်ခြင်း နန်းတော်ကလား “
“ ဟုတ်တယ် “
ထိုစကားကိုကြားလိုက်ရသော အချိန်၌ သူ၏စိတ်ထဲတွင် အတွေးတစ်ခု ဖြစ်တည်လာခဲ့သည်။ သူသည် လှိုဏ်ဂူဝင်ပေါက်ကို လက်ညှိုးထိုးပြကာ၊ ပြန်ဖြေလိုက်သည် “ ချင်းယီက အနက်ရောင်ရေတွေကို လှုံ့ဆော်လိုက်တာ၊ နတ်ဘုရား သန့်စင်ခြင်း နန်းတော်က လူတွေက အဲ့နေရာမှာ ပိတ်မိနေတယ်။ သူတို့က ဟိုနေရာမှာရှိတယ်၊ မြန်မြန်သွားလိုက်၊ တကယ်လို့ ခင်ဗျားနောက်ကျသွားမယ်ဆိုရင်၊ သူတို့က ရေနစ်သွားလိမ့်မယ် “
“ ကျေးဇူးတင်ပါတယ် “
“ ရပါတယ် “ ဟု လုချန်ရှန်းမှ တုံ့ပြန်လိုက်၏။
အဘွားအိုသည် ချက်ချင်းလှုပ်ရှားကာ၊ ထိုနေရာသို့ ချဥ်းကပ်သွားသည်။
ယခင်က ဖြစ်ရပ်ကို မြင်တွေ့ထားခဲ့သည့် ကောင်းကင်တံခါးဂိုဏ်းမှ လူတစ်ချို့သည် လုချန်ရှန်းက နတ်ဘုရား သန့်စင်ခြင်း နန်းတော်၏ အစွမ်းထက် ပညာရှင်နှင့် တစ်ခဏခန့် စကားပြောနေသည်ကို မြင်တွေ့သွားကာ၊ သူတို့၏ဦးနှောက်များ အလုပ်မလုပ်တော့ဘူးဟု ခံစားသွားခဲ့ရသည်။
ထို့နောက်၌ အဘွားအိုက လှိုဏ်ဂူဝင်ပေါက်သို့ ချဥ်းကပ်သွားကာ၊ မြေပြင်ပေါ်ရှိ အနက်ရောင်ရေနှင့် နီးကပ်သွားသည့် အချိန်တွင်၊ လုချန်ရှန်းသည် လေထုအတွင်းသို့ ခုန်တက်သွားခဲ့သည်၊ သူ၏မှော်စွမ်းအားများ ပေါက်ထွက်လာကာ၊ ကောင်းကင်ယံအထိ ရောက်ရှိသော ဓားတစ်လက်အဖြစ် အသွင်ပြောင်းကာ၊ ထိုနေရာကို ခုတ်ပိုင်းသွားခဲ့သည်။
အဘွားအိုသည် ၎င်းကို အာရုံခံမိသွားပြီး၊ ချက်ချင်းနောက်လှည့်ကြည့်လာခဲ့ကာ၊ အမူအရာ မည်းမှောင်သွားခဲ့သည်။ ၎င်းကို တားဆီးပိတ်ဆို့လိုက်တော့မည့် အချိန်တွင်၊ သူမသည် အဆိုပါ ဓားက သူမကို ချိန်ရွယ်ထားခြင်း မဟုတ်ဘူးဆိုသည်ကို နားလည်သွားခဲ့သည်၊ ၎င်းသည် အနက်ရောင်ရေပေါ်သို့ ကျဆင်းသွားခဲ့သည်။
ဗွမ်း
ချက်ချင်းဆိုသလိုပင် အနက်ရောင်ရေများ ပေါက်ထွက်လာခဲ့သည်။ ရေထုအတွင်းတွင် ရှိနေသည့် ဓားချီများ ထောင်တက်လာကာ၊ ကြီးမားသော လှိုင်းလုံးကြီးများကို ဖြစ်ပေါ်လာစေခဲ့သည်။
အဘွားအိုသည် ခုခံရန် ကြိုးပမ်းလိုက်သည်၊ သို့သော် ၎င်းသည် သူမ၏ မှော်စွမ်းအားကို ထိုးဖောက်ကာ၊ သူမကို တိုက်ရိုက်ထိမှန်ကာ လွင့်ထွက်သွားစေခဲ့၏။ အစတွင် ဘေးကင်းလုံခြုံရာ နေရာသို့ ရောက်ရှိနေပြီဖြစ်သည့် နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူများမှာလည်း အဆိုပါ လှိုင်းလုံးများ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။
“ အဲ့တာက ……. “
ကောင်းကင်တံခါးဂိုဏ်းနှင့် ဒေါင်းမျိုးနွယ်စု နှစ်ခုစလုံးသည် နေရာမှာပင် ကြက်သေသေသွားကြသည်။
အရာအားလုံးက အလွန်မြန်ဆန်စွာ ဖြစ်ပျက်သွားခဲ့ပြီး၊ သူတို့၏ ခြေထောက်များ ပျော့ခွေသွားခဲ့သည်။
အကယ်၍ သူတို့ကသာ ခြေတစ်လှမ်းနောက်ကျနေခဲ့မည်ဆိုပါက၊ သူတို့ကပါ ခံစားသွားကြရမည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူတို့သည် ကြောက်လန့်တကြား ဖြစ်သွားကြသည်။ ထိုလူငယ်က မည်သို့မျှ အန္တရာယ်ရှိပုံမရပေ၊ သို့သော် သူလှုပ်ရှားလာခဲ့သည့် အချိန်တွင်၊ တစ်ကမ္ဘာလုံး အုံ့အောသောင်းနင်း ဖြစ်သွားခဲ့ရသည်။ သူတို့သည် ယခင်က ထိုလူ့ကို မဆန့်ကျင်ခဲ့မိသည့်အတွက် ကံကောင်းသည်ဟု ခံစားသွားကြရ၏။
ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက၊ ထိုနေရာတွင် လှဲလျောင်းနေသည့် လူတို့မှာ နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူများသာ ဖြစ်နေခဲ့လိမ့်မည် မဟုတ်ပေ။
သတိပြန်ဝင်လာသည့် အချိန်တွင် လုချန်ရှန်းက ပျောက်ကွယ်သွားပြီဆိုသည်ကိုသာ မြင်တွေ့လိုက်ရသည်။
တစ်ချိန်တည်းမှာပင် လုချန်ရှန်းသည် တော်တော်ဝေးဝေးသို့ ပြေးလာခဲ့ပြီး၊ ကျင်းယုကို လွှတ်ချလိုက်သည် “ ငါတို့ ထပ်တွေ့ကြတာပေါ့ “
“ အစ်ကိုချင်း၊ ငါ ……. “
ကျင်းယုမှ စကားမပြောရသေးခင် အချိန်မှာပင် သူပျောက်ကွယ်သွားခဲ့သည်။
သို့ရာတွင် ရှောင်ဟေးကမူ ထပ်မံ၍ အံ့ဩတုန်လှုပ်သွားခဲ့ရပြန်သည်။ သူသည် သူ၏ ပါးစပ်ကို ဖွင့်ဟလိုက်သော်လည်း၊ အချိန်အတော်ကြာသည်အထိ မည်သည့်စကားသံမှ မပေါ်ထွက်လာခဲ့ပေ။
သူသည် လုချန်ရှန်း စိတ်ဓာတ်ကြံ့ခိုင်မှုက မည်သည့်နေရာမှ ရောက်ရှိလာလဲဆိုသည်ကို နားမလည်နိုင် ဖြစ်နေခဲ့သည်။ လုချန်ရှန်းက မွေးရာပါ ဝိညာဥ် အဆင့်၉ ပညာရှင်နှင့် ကြုံတွေ့ခဲ့ရသည်မှာ မထင်မှတ်ထားသော ကိစ္စတစ်ခုဖြစ်၏။
သို့သော် ထိုလူသည် မည်သို့မျှ တွေဝေတုံ့ဆိုင်းမနေခဲ့ပေ၊ ၎င်းက ဗီဇအရ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။ သူသည် ထိုလူ့ကို လှည့်စားကာ အဝေးသို့ အလွယ်တကူ ပို့လွှတ်လိုက်နိုင်ခဲ့၏။ လုပ်ငန်းစဥ်တစ်ခုလုံးက ချောမွေ့ပြေပြစ်ကာ၊ ချို့ယွင်းချက်ကင်းမဲ့နေခဲ့သည်။