← Chapters

အခန်း (၅၁၃-၅၁၄)

Vol. 49 Ch. 513-514

အခန်း (၅၁၃-၅၁၄)

Vol. 49 Ch. 513-514

အခန်း (၅၁၃)။

“ကျိုးထိုက်ကျူရဲ့ အခြေစိုက်စခန်းက ဟင်းလင်းပြင် လေဟာနယ် မုန်တိုင်းထဲမှာကိုး... သူ့ကို ဖမ်းဖို့ ဒီလောက် ခက်ခဲနေတာ မဆန်းပါဘူး။ သူ ဒီလေဟာနယ် မုန်တိုင်းထဲမှာ ဘယ်လိုမျိုး လျှို့ဝှက်နန်းတော်ကြီး တည်ဆောက်ထားလဲ ငါ တကယ် သိချင်မိတယ်။”

ဟုန်ယွိသည် ကျိုးထိုက်ကျူ၏ ပုံရိပ်ယောင် နတ်ဘုရားလွန်းယာဉ် ကိုယ်ပွားနောက်သို့ တစ်နာရီကြာအောင် မရပ်မနား လိုက်ပါလာခဲ့ရာ၊ ပေပေါင်းသိန်းချီ မြင့်မားလှသော ဟင်းလင်းပြင် လေဟာနယ် မုန်တိုင်းအတွင်းသို့ ချဉ်းနင်းဝင်ရောက်လာခဲ့သည်။

သူသည် သူ့ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို ဂရုတစိုက် ထိန်းချုပ်ထားပြီး လွန်းယာဉ်ပျံ၏ လှုပ်ရှားမှုကို အာရုံခံနေသည်။ သို့သော် ထိုလွန်းယာဉ်ပျံမှာမူ ဟုန်ယွိ ရှိနေသည်ကို လုံးဝ အာရုံ မခံနိုင်ပေ။

ဟုန်ယွိ၏ ဟင်းလင်းပြင် ထိန်းချုပ်မှု စွမ်းရည်မှာ မည်မျှအထိ မြင့်မားနေသနည်း။ သူသည် စကြဝဠာအိတ်နှင့် တစ်သားတည်း ဖြစ်နေသည့်အပြင်၊ ယခုအခါ နန်းဆောင်ကိုးခု၏ ဇမ္ဗူမဟာအစီအရင်နှင့် မဟာဝဇိရပညာပါရမီကျမ်းကိုပါ နက်နဲစွာ လေ့လာထားသည်။ သူသည် ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့် အထွတ်အထိပ် ကျွမ်းကျင်သူကြီးများကို မမီသေးသော်လည်း ကျိုးထိုက်ကျူထက်မူ များစွာ သာလွန်နေသည်မှာ မြေကြီးလက်ခတ် မလွဲပင်။

အထူးသဖြင့် ဤပုံရိပ်ယောင် နတ်ဘုရားလွန်းယာဉ်ပျံသည် နာလန်အန်းဟွမ်၏ စိတ်ဝိညာဉ် အတွေးစများကို ဖမ်းဆီးထားပြီး ၎င်းတို့ကို ဖိနှိပ်ရန် ကြိုးစားနေရသဖြင့် စွမ်းအင်အချို့ ကုန်ဆုံးနေပေသည်။

သို့သော် လွန်းယာဉ်ပျံ ကိုယ်ပွားသည် အလွန်ပင် လိမ္မာပါးနပ်လှသည်။ သူသည် မယုံနိုင် လောက်အောင် မြန်ဆန်လှသည့်အပြင် လမ်းကြောင်းတစ်လျှောက်တွင်လည်း မျက်လှည့် ပြသကဲ့သို့ လှည့်စားသည့် ပုံရိပ်ယောင် ဝင်္ကပါအစီအရင်များစွာကို ခင်းကျင်းသွားခဲ့သည်။ ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်းထဲသို့ ဝင်ရောက်သည်နှင့် ခေါင်းပြတ်နေသော ယင်ကောင်ကဲ့သို့ ဦးတည်ချက်မရှိဘဲ အရပ်မျက်နှာအနှံ့ ပျံသန်းနေသဖြင့် မည်သည့်ဘက် သို့ သွားမည်ကို ခန့်မှန်းရန် ခဲယဉ်းလှသည်။

နောက်ဆုံးတွင် လွန်းယာဉ်ပျံမှာ ရုတ်တရက် တုန်ခါသွားပြီး မည်သူမျှ မသိနိုင်သည့် စည်းတံဆိပ်တစ်ခုကို အသက်သွင်းကာ အစအနမကျန် ပုန်းကွယ်သွားတော့သည်။

“အစွန်းရောက် ဧကရာဇ် ပြောင်းပြန်စီးဆင်း... အရိပ်မဲ့ ပုန်းကွယ်ခြင်းလား။”

ဟုန်ယွိသည် ၎င်းမှာ အလွန်တရာ အစွမ်းထက်သည့် ထွက်ပြေးခြင်း နည်းစနစ်တစ်ခု ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။ ၎င်းမှာ အစွန်းရောက် ဧကရာဇ် ပြောင်းပြန်စီးဆင်း ပညာရပ်ထဲမှ တစ်ခုဖြစ်ပြီး ‘ဖန်ဆင်းရှင်’သခင် တစ်ဦးကိုပင် လှည့်ဖြားနိုင်စွမ်း ရှိသည်။

သို့သော် ဤပညာရပ်ကိုပင် အနုစိတ်လေ့လာထားသော ဟုန်ယွိ၏မျက်စိကိုမူ မည်သို့မျှ ဖုံးကွယ်၍ မရပေ။

သူ၏ ခန္ဓာကိုယ်မှာ လေထုထဲတွင် မြွေတစ်ကောင်ကဲ့သို့ လိမ်ယှက်လှုပ်ရှားသွားသည်။ “ဇမ္ဗူမဟာအစီအရင်... အရပ်ရှစ်မျက်နှာ လှည့်လည်ခြင်း၊” ဟူသော သူကိုယ်တိုင် နားလည် ဆင်ခြင်မိသည့် တာအိုပညာရပ်ကို အသုံးပြုကာ ဟင်းလင်းပြင်ကို တင်းကျပ်စွာ ပိတ်ဆို့လိုက်၏။ ထို့နောက် ဟုန်ယွိသည် မလျှော့သော ဇွဲဖြင့် လိုက်လံရှာဖွေတော့သည်။

တခဏအတွင်းမှာပင် သူသည် မမြင်ရသော အတားအဆီးတစ်ခုကို ဖောက်ထွက်လိုက် သကဲ့သို့ ခံစားလိုက်ရ၏။ ရုတ်တရက်ဆိုသလို ဟုန်ယွိ၏ ရှေ့မှောက်တွင် အံ့ဖွယ်ကောင်း လှသော ဥက္ကာခဲအုပ်စုကြီးတစ်ခု ပေါ်လာခဲ့သည်။

ဤဥက္ကာခဲများသည် ဟင်းလင်းပြင် ဝဲဂယက်ထဲရှိ အခြားသော ဥက္ကာခဲများကဲ့သို့ လွင့်မျော မနေဘဲ တည်ငြိမ်စွာ ရှိနေကြသည်။ ၎င်းတို့သည် နတ်တောင်တန်းကြီးများကဲ့သို့ ခိုင်ခံ့မြဲမြံ ၏။

ဥက္ကာခဲ တစ်ခုချင်းစီမှာ မိုင်ပေါင်းများစွာ ကျယ်ဝန်းပြီး ကောင်းကင်ယံတွင် ပျံသန်းနေသည့် နန်းတော်ကြီးများ၊ တောင်တန်းကြီးများနှင့် တူလှပေသည်။ လျှပ်တပြက် ကြည့်လိုက်ပါက မရေမတွက်နိုင်သော နန်းတော်နှင့် တောင်တန်းကြီးများ ကောင်းကင်ယံတွင် လွင့်မျော နေသကဲ့သို့ပင်။

သို့သော် ထိုနေရာမှာ အလွန်ပင် ဆိတ်သုဉ်းပြီး မည်သည့် သက်ရှိသတ္တဝါ၏ အရိပ်အယောင်မျှ မရှိပေ။

ဥက္ကာခဲအုပ်စု၏ အလယ်ဗဟိုတွင်မူ မြို့ငယ်လေးတစ်မြို့ခန့်ရှိ ကြီးမားလှသော ဧရာမ ဥက္ကာခဲကြီးတစ်ခု ရှိနေသည်။ ထိုဥက္ကာခဲကြီးမှာ တစ်ခုလုံး ရဲရဲနီနေပြီး ကြေးနီရနံ့များ သိသိသာသာ ထွက်ပေါ်နေသည်။ ထိုအနံ့မှာ အလွန်ပင် ပြင်းထန်လှသဖြင့် ရှူမိသူတိုင်း၏ နှာခေါင်းထဲတွင် သတ္တုရနံ့များ ပြည့်နှက်သွားစေ၏။ သို့သော် ထိုအနံ့တွင် ထူးထူးခြားခြား စိတ်ကျေနပ်မှုခံစားမူမျိုး ပါဝင်နေသည်... ၎င်းမှာ ငွေပုံကြီးပေါ်တွင် အိပ်စက်နေရသကဲ့သို့ သော ချမ်းသာကြွယ်ဝမှု၏ ရသပင် ဖြစ်သည်။

“သန့်စင်ထားတဲ့ ကြေးနီအနှစ်တွေလား။ ဒီလောက် အပုံလိုက်ကြီး ရှိနေတာလား။” ဟုန်ယွိမှာ အံ့အားသင့်သွားပြီး ရေရွတ်လိုက်မိသည်။ “ထန်ဟိုင်လုံရဲ့ ‘စကြာဝဠာမိခင်ဒင်္ဂါး’ ကို ရှေးခေတ် သူတော်စင် ဧကရာဇ်က သတ္တုအမျိုးအစား ၉,၉၉၉ မျိုးကို အသုံးပြုပြီး သွန်းလုပ်ခဲ့တာ။ အဲဒီမှာ အဓိက အသုံးပြုခဲ့တာက ဒီကြေးနီအနှစ်တွေပဲ။ ဒီသတ္တုဟာ ကမ္ဘာပေါ်မှာ ကုန်သလောက် ဖြစ်နေပြီ။ နတ်ဘုရားစွမ်းအားနဲ့ သန့်စင်လိုက်ရင် ‘သွေးသံမဏိပုံစံ’ နဲ့ ယှဉ်နိုင်တဲ့ နတ်ဘုရားလက်နက်တွေ ဖန်တီးနိုင်တယ်။ ဒါတွေအားလုံး ဟာ မဟာကျိုးမင်းဆက်ရဲ့ ကြွယ်ဝမှုတွေလား။ ဒါမှမဟုတ် ကျိုးထိုက်ကျူ သန့်စင်ထားတဲ့ ပြိုင်ဘက်ကင်း ရတနာလား။ ဒါက ‘ထာဝရနိုင်ငံတော်’၊ ‘ရှေးဟောင်း ရာရှိုမွန်’၊ ငါ့ရဲ့ ‘သူတော်စင်ပေါင်းစုံခန်းမ’ နဲ့ ‘ဖန်ဆင်းခြင်းသင်္ဘော’ တို့လိုပဲ၊ ဒါက ဘယ်သူ့ကိုမှ ထုတ်မပြဖူးတဲ့ မဟာကျိုးတည်ထောင်သူရဲ့ လျှို့ဝှက်ရတနာကြီးလား။”

ကြေးနီအနှစ်များဖြင့် ပြုလုပ်ထားသော ထိုမြို့တော်ကြီးမှာ ဥက္ကာခဲအုပ်စု၏ အလယ်တွင် ခန့်ညားစွာ လွင့်မျောနေ၏။ ၎င်းမှာ စစ်မှန်သော “ကြေးနီမြို့တော်” ကြီးပင်။

လူတွေက မြို့ရိုးတွေကို ဖောက်ထွင်း၍မရနိုင်အောင် ခိုင်ခံ့သည်ဟု တင်စားလေ့ရှိကြ သည်။ အခုတော့ ဟုန်ယွိကိုယ်တိုင် စစ်မှန်သော “ကြေးနီတံတိုင်း” ဆိုသည်ကို မြင်တွေ့ လိုက်ရပြီ ဖြစ်သည်။

ဟုန်ယွိသည် ဤ “ကြေးနီမြို့တော်” အကြောင်းကို တတိယမင်းသားသုံး ကျိုးထံမှ တစ်ခါ မျှ မကြားဖူးပေ။ တတိယမင်းသား ကျိုးကိုယ်တိုင်ပင်လျှင် ဤအကြောင်းကို သိပုံမရပေ။

ဤမြို့တော်ကြီးအတွင်းမှ ထွက်ပေါ်လာသော အရှိန်အဝါမှာ အလွန်ပင် လေးလံပြီး ခန့်ညားလှသဖြင့် ဟုန်ယွိပင်လျှင် လန့်ဖျန့်သွားပြီး ရှေ့သို့ ရုတ်တရက် မတိုးရဲတော့ပေ။

ဤမှော်ရတနာ၏ အဆင့်အတန်းမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ ‘ဖန်ဆင်းခြင်း သင်္ဘော’ သို့မဟုတ် ‘ထာဝရနိုင်ငံတော်’ တို့ကို မမီသော်လည်း ဗုဒ္ဓသင်္ကန်းတော်၊ ဇမ္ဗူမဟာ အစီအရင်၊ ‘ရှေးဟောင်း ရာရှိုမွန်’၊ ဖန်ဟွမ်အသက်ဝိညာဉ်ဓား တို့နှင့်မူ ရင်ပေါင်တန်းနိုင် ပေသည်။ ၎င်းမှာ ‘ကောင်းကင်နဂါးဘုရင် နတ်ဘုရားချပ်ဝတ်’ ကဲ့သို့သော ပြိုင်ဘက်ကင်း ရတနာများနှင့် တစ်တန်းတည်းပင်။

သို့သော် ဤ “ကြေးနီမြို့တော်” မှာ တစ်နေရာရာတွင် ပျက်စီးနေသကဲ့သို့ ဖြစ်နေပြီး တစ်ခုခု လိုအပ်နေပုံရသည်။ သို့မဟုတ်ပါက ၎င်းကို အသက်သွင်းရန် အတိုင်းအဆမရှိ သော စွမ်းအားများ လိုအပ်နေပေလိမ့်မည်။ မဟာကျိုးတည်ထောင်သူ ဘိုးဘေးကြီးပင် လျှင် ၎င်းကို အပြည့်အဝ မထိန်းချုပ်နိုင်သဖြင့် ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်းထဲတွင် ဝှက်ထားကာ အခြေစိုက် စခန်းအဖြစ်သာ အသုံးပြုနေရပုံပေါ်သည်။

… …

“ရှေးဦးကောင်းကင်တာအိုဟာ ကြေးနီအနှစ်များ၊ မဟာပြောင်းလဲခြင်း ရွှေစင်များ၊ မြစ်နက်ရေစင်အနှစ်များ၊ ပြောင်းပြန်စီးဆင်း ကြယ်စွမ်းအင်များ၊ အစစ်မှန် ကောင်းကင် မိစ္ဆာအရှိန်အဝါများ၊ နဝမယင်ရှေးဦးရေစင်များ၊ နဝမယင်လွင့်မျော တိမ်တိုက်များနှင့် မှော်မန္တန် ကြေးအိုးပေါင်း ၇,၃၀၀ ကို အသုံးပြု၍ နှစ်ပေါင်း ၃၃၃ ကြာအောင် ‘ကောင်းက င်မြို့တော်’ ကို တည်ဆောက်ခဲ့သည်။ ထိုမြို့တော်မှာ အဆုံးမဲ့ တန်ခိုးစွမ်းအားကို ပိုင်ဆိုင် သော်လည်း ကောင်းကင်ယံတွင် ‘ဖန်ဆင်းခြင်းသင်္ဘော’ ၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်...”

ဟုန်ယွိ၏ မှတ်ဉာဏ်ထဲတွင် သူဖတ်ဖူးခဲ့သော စာအုပ်တစ်အုပ်မှ အကြောင်းအရာများ စီးဆင်းလာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ၎င်းမှာ ရှေးဟောင်းရတနာကြီး ဖြစ်ကြောင်း သူ သိလိုက်ရသည်။ ၎င်းမှာ ရှေးဦးကောင်းကင်တာအို၏ အထွတ်အထိပ်ရတနာ ‘ကောင်းကင်မြို့တော်’ ပင် ဖြစ်သည်။ သို့သော် ရှေးဦးကောင်းကင်တာအိုမှာ ‘ဖန်ဆင်းခြင်းတာအို’ နှင့် ပဋိပက္ခ ဖြစ်ခဲ့ ပုံရပြီး ‘ဖန်ဆင်းခြင်းသင်္ဘော’ ၏ တိုက်ခိုက်မှုကြောင့် အပိုင်းပိုင်း ပြတ်ခဲ့ရသည်။ ယခု ဤနေရာတွင် မည်သို့ ရောက်နေသနည်း။ သို့မဟုတ် ကျိုးထိုက်ကျူက ဤမြို့တော်၏ အကြွင်းအကျန်များကို ရှာတွေ့ခဲ့ခြင်းလော။

သူသည် ဤအကြောင်းများကို အသေအချာ မသိပေ။

“ကောင်းပြီ... ငါ ကျိုးထိုက်ကျူကို သတ်ပြီးရင် ဒီ ‘ကောင်းကင်မြို့တော်’ ရဲ့ အကြွင်း အကျန်တွေကို ငါ့ရဲ့ ‘သူတော်စင်ပေါင်းစုံခန်းမ’ ထဲမှာ ပေါင်းစပ်ပစ်မယ်။ အဲဒီအခါ ငါ့ရဲ့ ခန်းမက ပိုပြီး ခိုင်ခံ့လာလိမ့်မယ်။ ငါ ‘ဖန်ဆင်းရှင်’ သခင် ဖြစ်လာတဲ့နေ့မှာ ကမ္ဘာပေါ်က ကျွမ်းကျင်သူအားလုံးကို စုစည်းပြီး ဗုဒ္ဓသင်္ကန်းတော်၊ ဇမ္ဗူမဟာအစီအရင်နဲ့ ဒီမြို့တော်ကြီး ကို တစ်ခုတည်းဖြစ်အောင် ပေါင်းစပ်မယ်။ အဲဒီအခါကျရင် ‘ဖန်ဆင်းခြင်းသင်္ဘော’ ကို တောင် ယှဉ်နိုင်ပြီပေါ့။”

‘ဖန်ဆင်းခြင်းသင်္ဘော’ ၏ စွမ်းအားမှာ ဟုန်ယွိအတွက် အမြဲတမ်း စိုးရိမ်ထိတ်လန့်စရာ ဖြစ်နေခဲ့သည်။ အထူးသဖြင့် ‘နတ်ဘုရားဘုရင် စစ်သင်္ဘောကြီး’ ဟင်းလင်းပြင်ကို ထိုးခွဲပြီး ပေါ်လာသည့်အချိန်မှစ၍ သူ၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်နေခဲ့သည်။

ကျိုးထိုက်ကျူတွင် ဤမျှ တန်ဖိုးရှိသော ရတနာရှိနေခြင်းမှာ ထင်မှတ်မထားသော ကိစ္စဖြစ် သော်လည်း ဟုန်ယွိအတွက်မူ အလွန်ပင် ဝမ်းသာစရာ ဖြစ်နေသည်။

ယခုအခါ တော်ဝင်ချန် မင်းဆက်၏ အင်အားမှာ အဆမတန် ကြီးမားလာနေပြီဖြစ်ရာ ဟုန်ယွိသည်လည်း ထိုအင်အားကို ရင်ဆိုင်နိုင်ရန် ပြင်ဆင်ရပေမည်။ သူသည် မင်းဆက်ကို အစားထိုးရန် မကြံစည်သော်လည်း၊ ၎င်းတို့က ကမ္ဘာကြီးကို ကျွန်ပြုကာ ထာဝရ အရှင်သခင် ဖြစ်အောင် ကြိုးစားနေခြင်းကိုမူ ဟန့်တားရပေမည်။

… …

“ဒီလိုဆိုရင်တော့ ငါ အရင်ဦးအောင် လက်ဦးမှုယူမှ ဖြစ်မယ်။ ယန်ဖန်နဲ့ တခြားသူတွေ ဒီနေရာကို ရှာမတွေ့ခင် ငါ အရင် လှုပ်ရှားရမယ်” ဟုန်ယွိသည် စိတ်ကူးလိုက်သည်နှင့် သူ၏ ပုန်းကွယ်နေသော ခန္ဓာကိုယ်ကို ဖော်ထုတ်လိုက်သည်။

သူသည် အချိန်ဆွဲမနေဘဲ လက်နှစ်ဖက်ကို ပေါင်းစပ်လိုက်ရာ ကြီးမားလှသော ‘မူလကံကြမ္မာ တာအိုသစ်သီး’ တစ်ခု ပေါ်လာပြီး ‘ကောင်းကင်မြို့တော်’ ဆီသို့ ပြင်းထန်စွာ ပစ်လွှတ်လိုက်သည်။

ဤသည်မှာ ဟုန်ယွိ၏ အစွမ်းကုန် ထုတ်သုံးလိုက်သော တိုက်ကွက်ဖြစ်ပြီး ‘ဖန်ဆင်းရှင်’ သခင် တစ်ဦး၏ တိုက်ခိုက်မှုနှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။

ပုံသဏ္ဌာန်မရှိသော ထို ‘တာအိုသစ်သီး’ မှာ ကီလိုမီတာပေါင်းများစွာ ကျယ်ဝန်းသွားပြီး ‘ကောင်းကင်မြို့တော်’ ကို တည့်တည့် တိုက်မိတော့သည်။ ၎င်းမှာ ဧရာမ ဥက္ကာခဲကြီးတစ်ခု ကမ္ဘာမြေကြီဂကို ဝင်တိုက်မိသကဲ့သို့ပင်။

ဝုန်း... ဝုန်း... ဝုန်း...

‘ကောင်းကင်မြို့တော်’ ထံမှ ‘စကြဝဠာမိခင်ဒင်္ဂါး’ အရှိန်အဝါများ ထွက်ပေါ်လာပြီး တာအို သစ်သီးကို ဟန့်တားရန် ကြိုးစားသည်။ သို့သော် ထိုအရှိန်အဝါများမှာ အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားပြီး ကြေးနီမြို့တော်ကြီး တစ်ခုလုံးမှာ ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ ခေါင်းလောင်းကြီး တစ်လုံးကို အားပြင်းပြင်းဖြင့် တီးခတ်လိုက်သကဲ့သို့ မြည်ဟီးသံများ ထွက်ပေါ်လာခဲ့သည်။

ဟုန်ယွိ၏ တိုက်ကွက်က ‘ဖန်ဆင်းခြင်းသင်္ဘော’ ၏ ‘အလယ်ဗဟိုမြေဓာတ် ဟင်းလင်းပြင် မဟာစွမ်းအင်’ ကိုပင် တုန့်ဆိုင်းသွားစေနိုင်လျှင် ဤမြို့တော်ပျက်ကြီးမှာ မည်သို့ ခံနိုင်ရည် ရှိပါမည်နည်း။

“ဘယ်သူလဲ...”

ကြေးနီမြို့တော်အတွင်းမှ ပြင်းထန်လှသော သွေးစွမ်းအားနှင့် အသက်စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ ၎င်းမှာ လူသားအင်မော်တယ် အဆင့်နှင့် နီးစပ်လှသည်။ ထို့နောက် အဝီစိပလ္လင်မှာ ပျံတက်လာပြီး အနက်ရောင် တိမ်တိုက်များကြားတွင် စစ်သည်တော် ဝိညာဉ်များ၏ ဟိန်းဟောက်သံနှင့် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်သွားခဲ့သည်။

ကျိုးထိုက်ကျူ၏ ခန့်ညားလှသော ခန္ဓာကိုယ်မှာ ပလ္လင်ပေါ်တွင် ထိုင်လျက် ပေါ်လာသည်။ ၎င်းမှာ စိတ်ဝိညာဉ် မဟုတ်ဘဲ သူ၏ အစစ်အမှန် ခန္ဓာကိုယ်ပင် ဖြစ်သည်။

ဤနေရာမှာ သူ၏ အခြေစိုက်စခန်းဖြစ်ပြီး သူ၏ ခန္ဓာကိုယ်ကို ဤနေရာတွင် ဝှက်ကာ ကျင့်ကြံနေခြင်း ဖြစ်သည်။

“ချန်ပီယံမြို့စား... မင်း မသေသေးဘူးလား။”

ကျိုးထိုက်ကျူ ပေါ်လာသည်နှင့် ဟုန်ယွိ ပိုင်စိုးထားသော ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်ကို မြင်ကာ အံ့အားသင့်သွားသည်။ “မင်းကို ဟုန်ယွိက သတ်လိုက်တာ မဟုတ်လား။ ဖန်ဟွမ် အသက်ဝိညာဉ်ဓားတောင် အလုခံလိုက်ရတာလေ။ မင်းရဲ့ စွမ်းအားက ဘယ်လိုလုပ် ဒီလောက် တိုးတက်လာတာလဲ။ မင်းရဲ့ ခန္ဓာကိုယ်ကို ဘယ်သူ သိမ်းပိုက်ထားတာလဲ။”

ကျိုးထိုက်ကျူသည် ဟုန်ယွိက ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်းထဲတွင် မူလကံကြမ္မာ တာအိုသစ်သီးကို ကျင့်ကြံအောင်မြင်ထားကြောင်း မသိပေ။ ရှေးဟောင်းနဂါးသင်္ချိုင်းမှ တိုက်ပွဲအကြောင်းကိုလည်း အနည်းငယ်သော ထိပ်တန်းပုဂ္ဂိုလ်များသာ သိကြသည်။

“ဟား….၊ ဟား... ကျုပ် ဆုံးရှုံးမှုတစ်ခု ကြုံတိုင်း ကျုပ်ရဲ့စွမ်းအားက ပိုပြီး တိုးတက်လာ တတ်တယ်ဆိုတာ ခင်ဗျား မသိဘူးလား။ ကျုပ်ကို ဘယ်သူက သိမ်းပိုက်နိုင်မှာလဲ။ ဒီနေ့ ကျုပ် အိမ်ရှေ့စံမင်းသားကိုတောင် နေအိမ်အကျယ်ချုပ် ချခဲ့တာ ခင်ဗျား မသိဘူးလား။ တိရစ္ဆာန် နှစ်ကောင်က ကျုပ်ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့ပေမဲ့ ဘယ်လိုလုပ် အောင်မြင်နိုင်မှာလဲ။” ဟုန်ယွိ ချန်ပီယံမြို့စား၏ အသံအတိုင်း ဟန်ဆောင်ကာ မောက်မာ စွာ ရယ်မောလိုက်သည်။

“အို...” ကျိုးထိုက်ကျူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် လှုပ်ရှားသွားပြီး သူ ဘာတွေးနေသည် ကို မည်သူမျှ မသိနိုင်ပေ။ “ဒါဆို မင်း ငါ့နောက်ကို ဘာလို့ လိုက်လာတာလဲ။”

“ဒါကတော့... မင်းရဲ့ အသက်ကို လာယူတာပေါ့!” ဟုန်ယွိ၏ မျက်နှာမှာ ချက်ချင်းပင် အေးစက်သွားသည်။

သူက စကားပြောနေရင်းမှာပင် နောက်ထပ် တာအိုသစ်သီး နှစ်ခုမှာ ‘ကောင်းကင်မြို့တော်’ ပေါ်တွင် ထပ်မံ ပေါက်ကွဲသွားခဲ့သည်။ ဤတစ်ကြိမ်တွင် ကြေးနီမြို့တော်ပေါ်ရှိ အလင်း တန်းများမှာ လုံးဝ ပျက်စီးသွားခဲ့ပြီ။ ဟုန်ယွိသည် ဟင်းလင်းပြင်ကို ဖြဲခွဲကာ အဝီစိပလ္လင်၏ အနီးတွင် ပေါ်လာခဲ့သည်။ သူသည် ကျိုးထိုက်ကျူနှင့် ဆယ်ပေခန့်သာ ကွာဝေးတော့ပြီး လက်သီးဖြင့် ပြင်းထန်စွာ ထိုးနှက်လိုက်သည်။

“ဟွန့်၊ ငါ့ကိုသတ်လို့ မင်းအတွက် ဘာအကျိုးရှိမှာလဲ။ ဖျက်ဆီးခြင်း မဟာနတ်ဘုရား လက်သီး၊ ကောင်းကင်မြို့တော်... ငါ့ဝိညာဉ်ကို ကာကွယ်စမ်း၊ ကြေးနီအနှစ်တွေ... စုစည်းစမ်း။”

ကျိုးထိုက်ကျူ၏ ခန္ဓာကိုယ်မှာ လှုပ်ရှားသွားပြီး အနက်ရောင် တိမ်တိုက်များ လိပ်တက် လာသည်။ သူ၏ ဧကရာဇ်သရဖူမှ ပုလဲများမှာ လွင့်ပျံသွားပြီး ခန့်ညားတည်ကြည်သော သူ၏ မျက်နှာ ပေါ်လာခဲ့သည်။ သူ၏ နှုတ်ခမ်းထောင့်တွင် ရက်စက်သော အပြုံးတစ်ခု ရှိနေသည်။

တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်အတွင်းမှ သောင်းနှင့်ချီသော စိတ်ဝိညာဉ် အတွေးစ များ ထွက်ပေါ်လာပြီး ကြေးနီအနှစ်များနှင့် ပေါင်းစပ်သွားသည်။ သူ၏ စိတ်ဝိညာဉ် အတွေးစ တစ်ခုချင်းစီမှာ ကြေးနီမြို့တော်၏ အရှိန်အဝါကို ရရှိလိုက်သဖြင့် သူ၏ စွမ်းအား မှာ နှစ်ဆခန့် တိုးတက်သွားခဲ့သည်။

ကျိုးထိုက်ကျူသည် ဟုန်ယွိ၏ လက်သီးချက်ကို “ချန်ပီယံမြို့စား” တစ်ဦးအနေဖြင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

“ချန်ပီယံမြို့စား၊ မင်း တကယ်ပဲ ငါ့ကို သတ်နိုင်မယ် ထင်နေတာလား။ တော်ဝင်ချန် မင်းဆက်ရဲ့ အင်အားက အခုဆိုရင် ကောင်းကင်ထိအောင် မြင့်တက်နေပြီ။ နာလန် အန်းဟွမ်တောင် တစ်ကွက်တည်းနဲ့ အသတ်ခံလိုက်ရတာ မင်းလည်း မြင်ခဲ့တာပဲ။ မင်း ကောင်းကင်မြွေဘုရင်မနဲ့ လက်ထပ်ချင်တယ် မဟုတ်လား။ သူမက အခု မိုးကြိုးကပ်ဘေး ရင်ဆိုင်ဖို့ ပုန်းနေတယ်။ သူမ ဘယ်မှာ ပုန်းနေလဲဆိုတာ ငါ သိတယ်။”

ဘုန်း... ဘုန်း... ဘုန်း...

လက်သီးချက်များ အပြန်အလှန် လှုပ်ရှားနေစဉ် ကျိုးထိုက်ကျူ၏ ပြင်းထန်လှသော စွမ်းအင်လှိုင်း အရှိန်အဝါများမှာ ဟုန်ယွိ၏ စိတ်ဝိညာဉ်ထံသို့ စီးဝင်လာသည်။

“ဟွန့်၊ ကျိုးထိုက်ကျူ... ခင်ဗျား တုံးအဟန်ဆောင်မနေစမ်းနဲ့။ ကျုပ် ဘယ်သူလဲဆိုတာ ခင်ဗျား သိနေတာပဲ။ ငါ့ရဲ့ သတ်ဖြတ်လိုစိတ် လျော့သွားအောင် မသိချင်ယောင် ဆောင်နေ တာလား။ ကျုပ်ဆီက အခွင့်အရေး ယူချင်တာလား။ ခင်ဗျား ဒီနေ့တော့ သေဖို့သာ ပြင်ထားတော့။ ဘယ်သူမှ ခင်ဗျားကို မကယ်နိုင်ဘူး။”

ဟုန်ယွိက လှောင်ပြောင် ရယ်မောလိုက်ပြီး ဗုဒ္ဓလက်ဝါးကို အစွမ်းကုန် ထုတ်ဖော်ကာ တိုက်ခိုက်လိုက်တော့သည်။

“ဟုန်ယွိ၊ မင်းက တကယ့်ကို ပါးနပ်တဲ့ကောင်ပဲ” ကျိုးထိုက်ကျူ၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားသည်။ သူသည် နောက်သို့ ဆုတ်ခွာလိုက်ပြီး လွန်းယာဉ်မှာ သူ၏ အနားတွင် ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူသည် အစွန်းရောက် ဧကရာဇ် ပြောင်းပြန်စီးဆင်း ပညာရပ်ကို အသုံးချကာ ထွက်ပြေးရန် ပြင်လိုက်သည်။

သူသည် ဟုန်ယွိကို တကယ်ပင် မှတ်မိနေခဲ့ခြင်း ဖြစ်သည်။ သူသည် မမှတ်မိဟန်ဖြင့် ဟန်အောင်နေခြင်းသာ ဖြစ်တော့သည်။

အခန်း (၅၁၄)။

ကျိုးထိုက်ကျူ၏ ဟန်ဆောင်မှုမှာ အလွန်ပင် ပြောင်မြောက်လှသော်လည်း ဟုန်ယွိကရော မည်သို့သော ပုဂ္ဂိုလ်မျိုးနည်း။ သူသည် ‘ဖန်ဆင်းရှင်’ သခင် အဆင့်နှင့် အလွန်နီးကပ်နေသူ ဖြစ်သလို စိတ်ပိုင်းဆိုင်ရာအရလည်း ကြိုတင်ပြင်ဆင်မှုလည်း အပြည့်ရှိနေသူ ဖြစ်သည်။ တခဏမျှ စဉ်းစားလိုက်ရုံဖြင့် မဟာကျိုးမင်းဆက်တည်ထောင်သူ ကျိုးထိုက်ကျူ၏ ကောက်ကျစ်သော အတွေးများကို သူ ထိုးဖောက်မြင်လိုက်ပေသည်။

အကယ်၍ သူသာ ကျိုးထိုက်ကျူက သူ့ကို မမှတ်မိဘူးဟု ထင်မှတ်မှားပြီး အကျိုးအမြတ် အနည်းငယ်ရရန် ကြိုးစားရင်း တိုက်ခိုက်ရန် ဝန်လေးပြီး ‘ချန်ပီယံမြို့စား’ အဖြစ် ဆက်လက်ဟန်ဆောင်နေခဲ့လျှင် ဤရည်မှန်းချက်ကြီးပြီး ရက်စက်လှသော ဤပုဂ္ဂိုလ်ကြီး ၏ စကားလုံးများကြားတွင် သူ အကြပ်ရိုက်သွားနိုင်ပေသည်။ အမှန်စင်စစ် ချန်ပီယံ မြို့စား သည် အတိတ်က ကျိုးထိုက်ကျူနှင့် ပူးပေါင်းခဲ့ဖူးသည် မဟုတ်ပါလား။

ကျိုးထိုက်ကျူကို အသက်နှင့်လဲပြီး တိုက်ခိုက်ရန် ဝန်မလေးသည့် ဆုံးဖြတ်ချက်မှာ မှန်ကန်လှပေသည်။ ကျိုးထိုက်ကျူသည် အစွမ်းထက်သော တာအိုပညာရပ်များကို ကျွမ်းကျင် တတ်မြောက်ထားသူဖြစ်ပြီး အသက်ဘေးနှင့် ကြုံလာရချိန်တွင် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ‘ဖန်ဆင်းရှင်’ သခင် တစ်ဦးပင်လျှင် သူ အသေခံ တိုက်ခိုက်မည့် တန်ပြန်တိုက်ခိုက်မူကို ခံယူလိုမည် မဟုတ်ပေ။ ထို့ကြောင့်လည်း သူသည် ယနေ့ထက်တိုင် လွတ်လပ်စွာ ရှင်သန်နိုင်နေခြင်း ဖြစ်သည်။

သို့သော် ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးနှင့် အကြံအဖန်များ၊ မဟာမိတ်ဖွဲ့မှုများနှင့် စစ်ဗျူဟာ များ ကစားခြင်းသည် ထောင်ချောက်ထဲသို့ မိမိကိုယ်တိုင် ဆင်းပေးသကဲ့သို့ ဖြစ်မည်ကို ဟုန်ယွိ ကောင်းစွာ သိသည်။ ဤမျှရည်မှန်းချက်ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်း သော ဤပုဂ္ဂိုလ်ကြီးကို ရင်ဆိုင်ရာတွင် တစ်ခုတည်းသော နည်းလမ်းမှာ လုံးဝဥဿုံ သာလွန်အင်အားဖြင့် နတ်ဘုရားတစ်ပါး၏ တန်ခိုးအရှိန်အဝါကဲ့သို့ ဖိနှိပ်ပစ်ရန်သာ ရှိပေသည်။

အကြံထုတ် ကစားနေခြင်းမှာ မိမိကိုယ်ကိုယ် နိဂုံးချုပ်ရန် လမ်းစသာ ဖြစ်ပေလိမ့်မည်။

… …

“အစွန်းရောက် ဧကရာဇ် ပြောင်းပြန်စီးဆင်း... အချိန်ကို နောက်ပြန်လှည့်စမ်း။”

ကျိုးထိုက်ကျူ၏ ခန္ဓာကိုယ်အတွင်းမှ သောင်းနှင့်ချီသော စိတ်ဝိညာဉ် အတွေးစများ ပေါက်ကွဲထွက်လာသည်။ မျက်တောင်တစ်ခတ်၏ ဆယ်ပုံတစ်ပုံမျှသော အချိန်အတွင်း လေးမှာပင် ထိုအတွေးစများမှာ ပြင်းထန်စွာ တုန်ခါလာပြီး ပေါက်ကွဲထွက်ရန် အသင့် ဖြစ်နေပြီ။

ထိုအချိန်တွင် ဟုန်ယွိက ရုတ်တရက် လက်ကို ဝှေ့ယမ်းလိုက်သည်။ သူသည် ဗုဒ္ဓလက်ဝါးကို ပြောင်းလဲလိုက်ပြီး သူကိုယ်တိုင် ဖန်တီးထားသည့် ‘စီးဆင်းလေညှင်းဓား’ (လေရွှန့်ဓား) တိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။ သူ၏ လက်ချောင်းများကို ဓားတစ်လက်ကဲ့သို့ အသုံးချကာ လေထုထဲတွင် ခပ်ပါးပါးလေး ဝှေ့ယမ်းလိုက်၏။

ဤသည်မှာ ‘တာအို’ နှင့် ‘သိုင်းပညာ’ ပေါင်းစပ်လိုက်ခြင်းပင်။

သူ၏ ခန္ဓာကိုယ်အတွင်းရှိ ပြင်းထန်လှသော စိတ်ဝိညာဉ် စွမ်းအားများသည် ချန်ပီယံမြို့စား ၏ ကြီးမားလှသော သွေးစွမ်းအား၊ အသက်စွမ်းအားများနှင့် ဟန်ချက်ညီညီ ပေါင်းစပ်သွား သည်။ သွေးစွမ်းအားက စိတ်ဝိညာဉ်ကို ထောက်ပံ့ပြီး စိတ်ဝိညာဉ်က သွေးစွမ်းအားကို ပြန်လည် အားဖြည့်ပေးသည်။

ဤ’စီးဆင်း လေညှင်းဓား’မှာ မူလစိတ်ဝိညာဉ်စွမ်းအား သက်သက်ထက်ပင် များစွာ သာလွန်သွားခဲ့ပြီ။ အချိန်၏ အတားအဆီးကိုပင် ကျော်လွန်လုနီးပါး ပြင်းထန်သော လေပြင်းများက သူ၏ လက်ချောင်းများထံမှ ထွက်ပေါ်လာသည်။

ထိုလေလှိုင်းပေါင်း သောင်းနှင့်ချီသည် ကျိုးထိုက်ကျူ၏ စိတ်ဝိညာဉ် အတွေးစတစ်ခု ချင်းစီ ကို ရစ်ပတ်သွားခဲ့သည်။ ၎င်းမှာ အတွေးစများကို ပိုးချည်ဖြင့် တုပ်နှောင်လိုက်သကဲ့သို့ ရစ်ပတ်ထားပြီး၊ ကျိုးထိုက်ကျူ၏ အတွေးစများမှာ ပေါက်ကွဲထွက်နိုင်စွမ်း မရှိတော့ဘဲ ‘အစွန်းရောက် ဧကရာဇ် ပြောင်းပြန်စီးဆင်း’ မဟာပညာရပ်ကို ထုတ်ဖော်နိုင်ခြင်း မရှိတော့ပေ။

အစွန်းရောက် ဧကရာဇ် ပြောင်းပြန်စီးဆင်း မဟာပညာရပ်ကို တစ်ခါ ထုတ်ဖော်လိုက်ပြီး သည်နှင့် တားဆီးရန် မဖြစ်နိုင်တော့ပေ။

မည်မျှ မြန်ဆန်လိုက်သော အရှိန်နည်း။

အကယ်၍ သူသာ တာအိုပညာနှင့် ကိုယ်ခံပညာကို ပေါင်းစပ်နိုင်ခြင်း မရှိခဲ့လျှင်၊ ရုပ်ခန္ဓာ ကိုယ်နှင့် ဝိညာဉ် တစ်သားတည်း မပေါင်းစပ်နိုင်ခဲ့လျှင်၊ သွေးစွမ်းအား၊ အသက် စွမ်းအား နှင့် စိတ်ဝိညာဉ်တို့ကို မပေါင်းစပ်နိုင်ခဲ့လျှင်, ဤမျှ မြန်ဆန်ပြင်းထန်သော တိုက်ကွက်မျိုး ကို လုံးဝ ထုတ်ဖော်နိုင်မည် မဟုတ်ပေ။

လူသားအင်မော်တယ် အဆင့်ရှိသော ခန္ဓာကိုယ်နှင့် ‘ဆဋ္ဌမအကြိမ် မိုးကြိုးကပ်ဘေး’ ကို ကျော်ဖြတ်ထားသော စိတ်ဝိညာဉ်...။

ဝိညာဉ်၊ သွေးအနှစ်သာရ၊ စိတ်ဝိညာဉ်တို့ အပြန်အလှန် ပေါင်းစပ်မှု၊ တာအိုပညာနှင့် သိုင်းပညာ တစ်သားတည်းဖြစ်မှု - စွမ်းအားနှင့် အရှိန်ဟုန် နှစ်မျိုးစလုံးမှာ အဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ဟုန်ယွိသည် ‘ယန်နတ်ဘုရား’ တစ်ပါး ဖြစ်လာရန်အတွက် စိတ်ဝိညာဉ်က ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ရမည် ဖြစ်ပြီး ရုပ်ခန္ဓာကိုယ်က လူသားအင်မော်တယ် အဆင့်ထက် ကျော်လွန်နေရမည့် အကြောင်းရင်း ကို နားလည်သွားခဲ့သည်။

ရုပ်ခန္ဓာကိုယ် လူသားအင်မော်တယ် အဆင့်သို့ ရောက်ရှိချိန်တွင် သွေးစွမ်းအား၊ အသက် စွမ်းအားများမှာ ပိုမိုအားကောင်းလေဖြစ်ပြီး၊ ယန်နတ်ဘုရားဖြစ်ရန် ပိုမိုလွယ်ကူလေ ဖြစ်သည်။ ‘ယန်နတ်ဘုရား’ အဆင့်ဆိုသည်မှာ ရိုးရိုးတန်းတန်း ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် ကို ကျင့်ကြံရုံဖြင့် ရရှိနိုင်သည် မဟုတ်ပေ။

သို့သော်လည်း အကယ်၍ စိတ်ဝိညာဉ်ကို ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးအထိ ကျော်ဖြတ်ထားသူ တစ်ဦးသည် ‘စစ်နတ်ဘုရား ရှန့်’ ကဲ့သို့ ဟင်းလင်းပြင်ဖျက်ဆီးခြင်း အဆင့်နှင့် နီးကပ်နေသည့် အထွတ်အထိပ် လူသားအင်မော်တယ် ခန္ဓာကိုယ်နှင့် ပေါင်းစပ် နိုင်ခဲ့လျှင် ‘ယန်နတ်ဘုရား’အဖြစ် အောင်မြင်ရန် ရာခိုင်နှုန်း ၉၀ ကျော် သေချာပေလိမ့် မည်။

တာအိုပညာနှင့် သိုင်းပညာ ပေါင်းစပ်ခြင်းမှာ ဤမျှအထိ ကြီးမားသော စွမ်းအား ရှိပေသည်။

… …

“သန့်စင်ထားတဲ့ ကြေးနီအနှစ်။ ဖျက်ဆီးခြင်း မဟာနတ်ဘုရားဘုရင်။”

သူ၏ အတွေးစအားလုံးမှာ ဟုန်ယွိ၏ စီးဆင်းလေညှင်းဓားချက်အောက်တွင် ပိတ်မိနေသ ဖြင့် အစွန်းရောက် ဧကရာဇ် ပြောင်းပြန်စီးဆင်းကို မထုတ်ဖော်နိုင်တော့ပေ။ ကျိုးထိုက်ကျူမှာ ထိတ်လန့်သွားသော်လည်း ပျာယာခတ်သွားခြင်း မရှိပေ။ ပေါက်ကွဲထွက် လုနီးပါး ဖြစ်နေသော စိတ်ဝိညာဉ် အတွေးစပေါင်း သောင်းနှင့်ချီမှာ ရုတ်တရက် လည်ပတ် သွားပြီး “ဖျက်ဆီးခြင်း မဟာနတ်ဘုရားဘုရင်” ပုံရိပ်ပေါင်းများစွာ အဖြစ် အသွင်ပြောင်း ကာ ကောင်းကင်နှင့် မြေကြီးကို ပင့်မထားသည့်အလား ရှေ့သို့ လှမ်းတက်လာသည်။

ဤနတ်ဘုရားဘုရင်မှာ ငှက်ဦးခေါင်းနှင့် လူကိုယ်ခန္ဓာရှိသည့် မိစ္ဆာနတ်ဘုရား တစ်ပါး ဖြစ်သည်။ သူသည် ပုခုံးကျယ်ဝန်းပြီး ဦးခေါင်းပေါ်တွင် မြင့်မားသော ကြေးနီသရဖူတစ်ခု ကို ဆောင်းထားသည်။ ဤမိစ္ဆာနတ်ဆိုးမှာ မည်သည့်နေရာမှ ဆင်းသက်လာသည်ကို မည်သူမျှ မသိနိုင်ပေ။

စိတ်ဝိညာဉ် အတွေးစများမှ ပြောင်းလဲလာသော နတ်ဘုရားဘုရင်များသည် ချက်ချင်းပင် ပြင်းထန်စွာ ရုန်းကန်လှုပ်ရှားလိုက်ရာ ဟုန်ယွိ၏ စီးဆင်းလေညှင်း ဓားချက်များကို ဖြတ်တောက်နိုင်ခဲ့သည်။

“နန်းဆောင်ကိုးခု မိုးကြိုးအစီအရင်။”

ဟုန်ယွိသည် ရပ်တန့်မနေပေ။ သူသည် ကျိုးထိုက်ကျူကို မည်သို့ အခွင့်အရေး ပေးပါမည် နည်း။ သူ၏ စိတ်ဝိညာဉ် အတွေးစများနှင့် သူ၏ ခြေထောက်အောက်ရှိ သွေးစွမ်းအား၊ အသက်စွမ်းအားများ ပေါင်းစပ်သွားပြီး၊ ‘ကမ္ဘာမြေသံလိုက်’ အပ်စိုက်မှတ်နှစ်ခုမှ ဟင်းလင်း ပြင် စွမ်းအားများ ချက်ချင်း ပွင့်ထွက်လာကာ ဟုန်ယွိ၏ ခန္ဓာကိုယ်ကို အမှောင်ထဲမှ ဆီမီးလျှံကဲ့သို့ တောက်ပစေပြီး မရေမတွက်နိုင်သော အရိပ်များအဖြစ် ဖျတ်ခနဲ လှုပ်ရှား သွားစေသည်။

ဤသည်မှာ ‘ကောင်းကင်ဘုံသေမင်းဘီး’၊ သူ၏ ကိုယ်ပိုင်သိုင်းပညာ၊ တာအိုပညာများနှင့် ဇမ္ဗူမဟာအစီအရင် တို့ကို ပေါင်းစပ်ကာ သူ ကိုယ်တိုင် ဖန်တီးထားသည့် အထွတ်အထိပ် တာအိုနှင့် ကိုယ်ခံပညာ ပေါင်းစပ်မှုပင် ဖြစ်သည်။

သူ၏ စိတ်ဝိညာဉ် အတွေးစများမှာ ခြေဖဝါးအောက်တွင် နန်းဆောင်ကိုးခု အစီအရင်ပြပုံစံ ဖြစ်ပေါ်လာပြီး၊ ဟုန်ယွိ၏ လက်မှာမူ “မိုးကြိုးမုန်တိုင်း” ၏ ဓားစွမ်းအင်ကို ထုတ်ဖော် လိုက်သည်။ အရာအားလုံးကို ချေဖျက်နိုင်သည့် ဖန်ဟွမ်အသက်ဝိညာဉ်ဓား၏ ထက်ရှသော ဓားစွမ်းအင်များမှာ သူ၏ လက်ချောင်းထိပ်များမှ ထွက်ပေါ်လာတော့သည်။

ဤနန်းဆောင်ကိုးခု မိုးကြိုးအစီအရင် တိုက်ကွက်ကို ထုတ်ဖော်လိုက်သည်နှင့် ပတ်ဝန်း ကျင်တစ်ခုလုံး ဟုန်ယွိ၏ ပုံရိပ်များဖြင့် ပြည့်နှက်သွားသည်။ ထက်ရှသော ဓားစွမ်းအင်များ နှင့် လျှပ်စီးနှင့်မိုးကြိုး နှစ်လွှာပေါင်းစပ်ထားသော တုန်ခါနေသည့် သိုင်းဆန္ဒက ကျိုးထိုက် ကျူကို ဝိုင်းရံ ပိတ်ဆို့လိုက်သည်။

ဟုန်ယွိ ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု ကျိုးထိုက်ကျူ တစ်ယောက် လုံးဝ ထင်မထား ခဲ့ပေ။ သူသည် ချက်ချင်းပင် ရှိသမျှ စွမ်းအားကို အဆုံးစွန် ထုတ်သုံးလိုက်ပြီး ‘ဖျက်ဆီးခြင်း မဟာနတ်ဘုရားလက်သီး’ ကို ပစ်လွှတ်သည်။ သိုင်းဆန္ဒသည် ပြင်းထန်သော မုန်တိုင်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဟုန်ယွိ၏ ဓားစွမ်းအင်များကို ထိပ်တိုက် ရင်ဆိုင်ရန် ထိုးဖောက်ဝင်ရောက်သွားတော့သည်။

“ကောင်းကင်မြို့တော်... သန့်စင်ထားတဲ့ မူလကြေးနီအနှစ်၊ အရာဝတ္ထုနဲ့ငါ တစ်သား တည်းဖြစ်စေ... အစစ်မှန်လမ်းစဉ်ဆီ ပြန်လာခဲ့စမ်း။”

ကျိုးထိုက်ကျူ၏ လက်မောင်းနှစ်ဖက် ပြင်းထန်စွာ တုန်ခါသွားသည်။

ကောင်းကင်မြို့တော်အတွင်းရှိ ‘ကြေးနီရနံ့’ အားလုံးသည် ဗဟိုချက်ဆီသို့ အရူးအမူး စုစည်းလာကြသည်။ နီရဲတောက်နေသော လေလှိုင်းများ ပေါက်ကွဲထွက်လာသည်ကို ကွင်းကွင်းကွက်ကွက် မြင်တွေ့နေရပြီး ထိုအရာအားလုံးသည် ကျိုးထိုက်ကျူ၏ ဝိညာဉ် အတွင်းသို့ စီးဝင်သွားကာ သူ၏ခန္ဓာကိုယ်ရှိ အမည်မသိ အပ်စိုက်မှတ်များ အသီးသီးသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။

ကျိုးထိုက်ကျူ၏ 'သွေးနီရောင် ကမ္ဘာဦး ကြေးသွန်းခန္ဓာ' သည် အဆုံးစွန်သော အကန့်အသတ်အထိ ရောက်ရှိသွားပုံရသည်။ သူ၏ ကြွက်သားများ ဖောင်းကားလာကာ ချွေးပေါက်တိုင်း ပွင့်ဟသွားပြီး ချွေးပေါက်တိုင်းမှ နီရဲသော အစစ်မှန် စွမ်းအားများ ရစ်ပတ် ထွက်ပေါ်နေ၏။ ဤသည်မှာ စိတ်ဝိညာဉ်နှင့် ကောင်းကင်မြို့တော်၏ အငွေ့အသက်တို့ အပြည့်အဝ ပေါင်းစပ်သွားသည့် မြင်ကွင်းပင် ဖြစ်သည်။

ဖန်ဟွမ်အသက်ဝိညာဉ်ဓား၏ ဓားငွေ့အသက်သည် ကောင်းကင်မြို့တော်၏ စွမ်းအားနှင့် ထိပ်တိုက် ထိတွေ့သွားခဲ့သည်။

သူသည် ကောင်းကင်မြို့တော်နှင့် တစ်သားတည်း ဖြစ်သွားလိုပုံရသည်။

ကျိုးထိုက်ကျူ၏ ခန္ဓာကိုယ်သည်လည်း အထွတ်အထိပ် သိုင်းသူတော်စင် အဆင့်တွင် ရှိနေသော်လည်း သူ၏ သွေးစွမ်းအားနှင့် အသက်စွမ်းအားမှာ အလွန်အားကောင်းလှသည်။ သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်တို့သည် တာအိုနှင့် သိုင်းပညာ၏ ပေါင်းစပ်မှုအောက်တွင် တစ်ခုတည်း ဖြစ်သွားခဲ့သည်။ ကောင်းကင်မြို့တော်၏ စွမ်းအားနှင့် အဝီစိပလ္လင်၏ သတ်ဖြတ်လိုသော အရှိန်အဝါတို့ကြောင့် သူ၏ အင်အားသည် မကြုံစဖူး အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

… …

ချီ... ချီ... ချီ...

ကောင်းကင်မြို့တော်အတွင်းရှိ ပုံရိပ်နှစ်ခုသည် အရိပ်များအဖြစ် ပြောင်းလဲသွားပြီး အပြန် အလှန် တိုက်ခိုက်နေကြသည်။ လက်သီးရိပ်ပေါင်း သောင်းနှင့်ချီကာ လိမ်ယှက်နေပြီး တာအိုစွမ်းအား၊ သိုင်းဆန္ဒနှင့် စိတ်ဝိညာဉ် စွမ်းအားများမှာ မြို့တော်တစ်ခုလုံးတွင် တစ်ခုပြီးတစ်ခု ပေါက်ကွဲလျက် တိုက်ခိုက်နေကြသည်။

ဤသည်မှာ ‘ဆဋ္ဌမအကြိမ် မိုးကြိုးကပ်ဘေး’ ကို ကျော်ဖြတ်ထားသော ထိပ်တန်း ကျွမ်းကျင်သူ နှစ်ဦး၏ တိုက်ပွဲပင်။

သို့သော်လည်း ဟုန်ယွိသည် အသာစီးရနေသည်မှာ ထင်ရှားသည်။

တခဏအတွင်းမှာပင် သူ၏ သိုင်းပညာနှင့် တာအိုပညာရပ်များမှာ ပိုမိုသန့်စင်လာပြီး တစ်ခုနှင့်တစ်ခု ပေါင်းစပ်အသုံးချရာတွင် ပိုမိုကျွမ်းကျင်လာသည်။

ကောင်းကင်ဘုံသေမင်းဘီး၊ ဗုဒ္ဓတံဆိပ်တော်၊ ကောင်းကင်၊ မြေကြီး၊ လေ၊ မိုးကြိုးနှင့် နန်းဆောင်ကိုးခု မဟာအစီအရင်... ဤအရာအားလုံးကို သူက တစ်သားတည်း ပေါင်းစပ် လိုက်သည်။

ယခုအခါ သူသည် မည်သည့် ရတနာကိုမျှ အသုံးမပြုဘဲ သူ့ကိုယ်ပိုင် စွမ်းအား သက်သက် ဖြင့်သာ တိုက်ခိုက်နေခြင်း ဖြစ်သည်။

ထိုသို့ တိုက်ခိုက်နေရင်းမှာပင် တာအိုပညာနှင့် သိုင်းပညာ ပေါင်းစပ်ထားသော ထူးခြား သည့် စွမ်းအားတစ်ခုမှာ တဖြည်းဖြည်း ထွက်ပေါ်လာခဲ့ပြီး၊ သူ့ကိုယ်ပိုင် စွမ်းအား အစစ်အမှန် ဖြစ်လာတော့သည်။

အဆင့်မြင့်လာသည်နှင့် တာအိုပညာနှင့် သိုင်းပညာတို့ကို ပေါင်းစည်းသွားရမည် ဖြစ်ပြီး၊ စိတ်ဝိညာဉ်သည်လည်း ခန္ဓာကိုယ်နှင့်အတူ ရောယှက်ပေါင်းစပ်ကာ တစ်သားတည်း အသုံးချနိုင်ရမည် ဖြစ်သည်။

‘အမှောင်ဧကရာဇ်လက်ချောင်း’၊ ‘ဗုဒ္ဓတံဆိပ်တော်’ နှင့် ‘ဖျက်ဆီးခြင်း မဟာနတ်ဘုရား’ လက်သီးကဲ့သို့သော အဆင့်မြင့် ကျင့်ကြံခြင်း နည်းလမ်းများအားလုံးသည် အမှန်စင်စစ် တာအိုပညာနှင့် သိုင်းပညာကို တစ်သားတည်း ပေါင်းစပ်ထားခြင်းသာ ဖြစ်သည်။

ဘုန်း…

ဟုန်ယွိသည် ရုတ်တရက် သူ၏ စွမ်းအားကို အရှိန်မြှင့် ထုတ်ဖော်လိုက်ပြီး၊ နန်းဆောင်ကိုးခု အစီအရင်ကို နင်းကာ ဟင်းလင်းပြင်ကို တွန့်လိမ်ခေါက်ချိုးလျှက် “ကောင်းကင်လှုပ်ရှားမှု အားမာန်ဟုန်နှင့် “မြေကြီး၏ ခံနိုင်ရည်စွမ်းအား” ဟူသော ဓားချက်နှစ်ချက်မှာ သူ၏ လက်ချောင်းထိပ်များမှ ပွင့်ထွက်လာပြီး တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသည်။

“ကောင်းကင်နှင့် မြေကြီး၏ နက်နဲမှု။ စကြဝဠာ၏ ကျယ်ပြောမှု၊ ကောင်းကင်နှင့် မြေကြီး ၏ အတောင်ပံဆယ်စင်း... ပျက်သုဉ်းစမ်း။”

ရုတ်တရက် ဓားအလင်းတန်းနှင့် လက်ချောင်းစွမ်းအားသည် ကျိုးထိုက်ကျူ၏ ပတ်ဝန်း ကျင်ရှိ ‘ကြေးနီအနှစ် စွမ်းအားလှိုင်း’ များကို ထိမှန်သွားခဲ့သည်။ ချက်ချင်းဆိုသလိုပင် ထိုစွမ်းအား လှိုင်းများမှာ အစအနမကျန် ပျက်စီးသွားပြီး ဟုန်ယွိ၏ လက်ဝါးချက်မှာ ပြိုင်ဘက်၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားခဲ့သည်။

ဝုန်း….

မဟာကျိုးမင်းဆက်ကို တည်ထောင်သူ ကျိုးထိုက်ကျူသည် ဟုန်ယွိ၏ ထိုလက်ဝါးချက် ကြောင့် အဝီစိပလ္လင်နှင့်အတူ အပေါ်သို့ လွင့်ထွက်သွားပြီး ကောင်းကင်မြို့တော်၏ အနက်ရှိုင်းဆုံးနေရာသို့ ကျဆင်းသွားခဲ့သည်။

ဟုန်ယွိက သူ့ကို မည်သို့ လွှတ်ပေးပါမည်နည်း။ သူ၏ မျက်လုံးများမှာ ပြင်းထန်စွာ တောက်ပလာပြီး ရှေ့သို့ ချက်ချင်း ပျံသန်းကာ ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့သည်။

သူ့ပတ်ဝန်းကျင်ရှိ “သန့်စင်ထားသော မူလကြေးနီ” အစွမ်းအားများမှာ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော လေလှိုင်းများကြောင့် အမြဲမပြတ် ဆုတ်ဖြဲခံနေရပြီး သူ၏ ရှေ့ဆက် ပျံသန်းခြင်းကို လုံးဝ မတားဆီးနိုင်ပေ။

သေမင်း၏ ခြေသံများမှာ ကျိုးထိုက်ကျူဆီသို့ တဖြည်းဖြည်း နီးကပ်လာနေပြီ ဖြစ်သည်။

ဝှီး… ၊ ဝှီး…၊ ဝှီး….

ဟုန်ယွိသည် ကောင်းကင်မြို့တော်၏ အနက်ရှိုင်းဆုံးနေရာသို့ ကျဆင်းသွားသော ကျိုးထိုက်ကျူ အနားသို့ ချဉ်းကပ်လိုက်ချိန်တွင် ရုတ်တရက် ငှက်သံလည်း မဟုတ်၊ ကြက်သံလည်း မဟုတ်သော၊ ရှေးဟောင်းမိစ္ဆာနတ်ဘုရား တစ်ပါး၏ အရှိန်အဝါပါသည့် ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ ‘ဖျက်ဆီးခြင်း မဟာနတ်ဘုရား ဘုရင်’ ၏ အသံပင် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကျိုးထိုက်ကျူသည် အပျက်အစီးများ ကြားမှ ခုန်ထွက်လာခဲ့သည်။ သူ၏ အရေပြားမှာ ကြေးနီရောင်အဖြစ် ပြောင်းလဲသွားပြီး တစ်ကိုယ်လုံး ကြေးနီရုပ်တုကြီး တစ်ခုကဲ့သို့ ဖြစ်နေပေသည်။

ထို့ပြင် သူ၏ အရှိန်အဝါမှာလည်း ကမ္ဘာပျက်မတတ် ပြောင်းလဲသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ ကြီးမားလှသော စိတ်ဝိညာဉ် အတွေးစလှိုင်းများ ထွက်ပေါ်လာပြီး ထိုလှိုင်းများကြောင့် ‘ကောင်းကင်မြို့တော်’ တစ်ခုလုံးမှာ စတင် အရည်ပျော်လာကာ ပိုမိုအားကောင်းသော ကြေးနီဝိညာဉ် စွမ်းအားများအဖြစ် ပြောင်းလဲသွားသည်။

“ဟုန်ယွိ... မင်းရဲ့ ဖန်ဟွမ်အသက်ဝိညာဉ်ဓားအတွက် ကျေးဇူးတင်ပါတယ်။ ဒါကြောင့်ပဲ ငါဟာ ‘ဖျက်ဆီးခြင်း မဟာနတ်ဘုရားဘုရင်’ ရဲ့ စစ်မှန်တဲ့ ‘ကြေးနီခန္ဓာ’ ကို ရရှိခဲ့ပြီ။ အခု ငါ့ရဲ့ စိတ်ဝိညာဉ်လည်း ကောင်းကင်မြို့တော်ရဲ့ အကြွင်းအကျန်တွေနဲ့ ပေါင်းစပ်သွားပြီ။ ငါ့ရဲ့ သွေးသားခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ဟာ ကောင်းကင်မြို့တော်နဲ့ တစ်သားတည်း ဖြစ်သွားပြီး မင်းရဲ့ မပြည့်စုံတဲ့ ‘ဗုဒ္ဓဓမ္မခန္ဓာ’ ထက် သာလွန်တဲ့ အထွတ်အထိပ် နတ်ဘုရား ခန္ဓာကိုယ်ကို ဖန်တီးနိုင်တော့မယ်။”

ကျိုးထိုက်ကျူ၏ အသံမှာ အထွတ်အထိပ် ဧကရာဇ်တစ်ဦးကဲ့သို့ တည်ငြိမ်နေပြီး ဝမ်းသာ ဝမ်းနည်းခြင်း အလျင်းမရှိပေ။ သူ၏ စိတ်စွမ်းအားမှာ အဆင့်သစ်တစ်ခုသို့ မြင့်တက်သွားပုံ ရသည်။ အမှန်စင်စစ် သူသည် ဟုန်ယွိ၏ ဓားစွမ်းအားကို အသုံးချကာ သူ၏ နတ်ဘုရား စွမ်းရည်ကို လေ့ကျင့်အောင်မြင်သွားခဲ့ခြင်း ဖြစ်သည်။

သူသည် နှစ်ပေါင်း သုံးရာကျော် ကမ္ဘာကို စိုးမိုးခဲ့သူပီပီ တကယ့်ကို ကြောက်စရာကောင်း သော ပုဂ္ဂိုလ်ကြီးပင် ဖြစ်သည်။ သူ၏ ဉာဏ်ပညာနှင့် စိတ်ဓာတ်မှာ ထူးခြားပြောင်မြောက် လှပေသည်။

ဤအပြောင်းအလဲကို ရင်ဆိုင်ရသော်လည်း ဟုန်ယွိ၏ မျက်နှာမှာ မည်သို့မျှ မပြောင်းလဲ ပေ။ သူက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “သမိုင်း စာအုပ်တွေထဲက ဇာတ်ကောင် အများစုဟာ ကြီးမားတဲ့ ကံကြမ္မာကောင်းတွေကို ပိုင်ဆိုင်လေ့ရှိကြတယ်။ သူတို့ ဆုံးရှုံးမှု တစ်ခု ကြုံတိုင်းမှာ အဆုံးမဲ့ အကျိုးကျေးဇူးတွေ အမြဲရလေ့ရှိတယ်။ ချန်ပီယံမြို့စားလည်း ဒီလိုပဲ၊ မင်းဆက်တစ်ခုကို တည်ထောင်ခဲ့တဲ့ ခင်ဗျားကလည်း ဒီလိုဖြစ်တာ မဆန်းပါဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့ ကံကောင်းခြင်းတွေ အခု ကုန်ဆုံးသွားပါပြီ။ ဒီတစ်ကြိမ်မှာတော့ ခင်ဗျား ကို တကယ် နိဂုံးချုပ်ပေးတော့မယ်။”

ပြောပြောဆိုဆိုနှင့်ပင် ဟုန်ယွိက လက်ကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော စွမ်းအားတစ်ခု က လေထုကို ထိုးခွဲပြီး ကောင်းကင်မြို့တော်၏ အပြင်ဘက်ကို ပိတ်ဆို့ထားသော ကြေးနီ စွမ်းအင်များကို ဖျက်ဆီးကာ ဟုန်ယွိ၏ လက်ထဲသို့ ရောက်ရှိလာသည်။

ထိုအရာမှာ သူတော်စင်ပေါင်းစုံ ခန်းမပင် ဖြစ်သည်။

ဟုန်ယွိသည် သူကျင့်ကြံထားသော အထွတ်အထိပ် မှော်ရတနာကို ထုတ်ဖော်ပြီး ကျိုးထိုက်ကျူကို တစ်ချက်တည်းနှင့် အဆုံးသတ်ရန် ပြင်လိုက်ပြီ ဖြစ်သည်။

All Chapters