အခန်း (၅၁၅-၅၁၆)
Vol. 49 Ch. 515-516
အခန်း (၅၁၅)။
မူလက ဟုန်ယွိသည် သူတော်စင်ပေါင်းစုံခန်းမကို အသုံးမပြုလိုသေးပေ။
အဘယ်ကြောင့်ဆိုသော် ထိုခန်းမအတွင်း၌ ‘နဂါးစွယ်ဆန်’ များ စိုက်ပျိုးထားသလို၊ ကျီရှန်းထျန်မှာလည်း ဖရိုဖရဲ ကောင်းကင်အနှစ်သာရ အမြုတေကို သန့်စင်နေသော ကြောင့် ဖြစ်သည်။ ထို့ပြင် ရှီဝန်ယွမ်၊ ချီလင်၊ ယွမ်ရှန်းရှန်း၊ နဂါးသမီးတော်၊ နင်ဂျာ ဘုန်းတော်ကြီးနှင့် အခြားလူ များစွာတို့သည် အချိန်တိုအတွင်း အဆင့်တက်လှမ်းနိုင်ရန် ခန်းမအတွင်း၌ တိတ်ဆိတ်စွာ ကျင့်ကြံနေကြသည်။
ရှေးဟောင်းနဂါးသင်္ချိုင်းမှ ထွက်လာပြီးနောက် တော်ဝင်ချန် တော်ဝင်မိသားစုသည် နဂါး ရေခဲတိုင် ၅၀၀ ကို ရရှိသွားကြောင်း သိလိုက်ရသဖြင့် လူတိုင်းမှာ ကြီးမားသော ဖိအားကို ခံစားနေကြရသည်။
နဂါးရေခဲတိုင်တစ်တိုင်သည် ချီလင်တစ်ကောင်၏ စွမ်းအားနှင့် ညီမျှရာ၊ ချီလင်အကောင် ၅၀၀ ကို တော်ဝင်မိသားစုက ပိုင်ဆိုင်သွားသကဲ့သို့ပင်။ ယင်းမှာ ချီလင်များကို ဝက်များ ထက်ပင် တန်ဖိုးနည်းသွားစေသည့်အလား ဖြစ်နေသော်လည်း ထိုအချက်မှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ အကယ်၍ ထိုရှေးဟောင်း ကောင်းကင်နဂါး ၅၀၀ သာ အသက်နေပြီး ဖန်ဆင်းခြင်းသင်္ဘောနှင့် ပေါင်းစပ်လိုက်ပါက, တော်ဝင်မိသားစုသည် ဤလောကရှိ အထက်တန်းလွှာ မျိုးနွယ်စုအားလုံးကို ခြေဦးတည့်ရာ ချေမှုန်းနိုင်ပြီး မုန့်ရှန်းကျီကိုပင် သတ်ဖြတ်ကာ ‘ထာဝရနိုင်ငံတော်’ ကို ဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။ ထိုဘေးကို တားဆီးရန်မှာ ရှေးခေတ် သူတော်စင် ဧကရာဇ်ဖန် ပြန်လည်ရှင်သန်လာမှသာ တတ်နိုင်ပေလိမ့်မည်။
“ဒီကောင်းကင်မြို့တော်က တကယ့်ကို ထူးခြားတာပဲ။ ရှေးဟောင်း ကောင်းကင်တာအိုက ဖန်တီးခဲ့တဲ့ ရတနာတစ်ခု ပီသပါပေတယ်။ ငါ့ရဲ့စိတ်ဝိညာဉ်ဟာ ဖန်ဟွမ်အသက်ဝိညာဉ် ဓား နဲ့ ပေါင်းစပ်ထားလို့ ကျိုးထိုက်ကျူကို အလွယ်တကူ ဖိနှိပ်နိုင်ပေမဲ့၊ သူက ‘ဖျက်ဆီးခြင်း မဟာနတ်ဘုရားဘုရင် ကြေးနီခန္ဓာ’ ကို ကျင့်ကြံထားတာဆိုတော့ သူ့ကို အပြတ်ရှင်း သတ်ဖြတ်ဖို့ ခက်ခဲလိမ့်မယ်။ ငါးလည်း သူ့ရဲ့ သေခါနီး အသက်စွန့် အသည်းအသန် တိုက်ခိုက်မှုကို ခံရနိုင်တာကြောင့်... အခုကတည်းက သူ့ကို အလွယ်တကူ သတ်ပစ်လိုက် တာက ပိုကောင်းမယ်။”
ဟုန်ယွိသည် ဤသို့တွေးကာ သူတော်စင်ပေါင်းစုံခန်းမကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။ သူ၏ အစီအစဉ်မှာ အလွန်စေ့စပ်သေချာလှသည်။
အမှန်စင်စစ် ဤခန်းမကြီးကို အသုံးမပြုလျှင်ပင် ဟုန်ယွိ ရှုံးနိမ့်မည် မဟုတ်ပေ။ ဖန်ဟွမ် အသက်ဝိညာဉ်ဓားမှာ အလွန်တရာ အစွမ်းထက်လှသလို ‘မူလကံကြမ္မာတာအိုသစ်သီး’ မှာလည်း ပို၍ပင် အစွမ်းထက်သေးသည်။ သို့သော်လည်း ကျိုးထိုက်ကျူကဲ့သို့သော ဝါရင့် ပုဂ္ဂိုလ်ကြီးကို လုံးဝ အပြတ်ရှင်းနိုင်ရန်မှာမူ ခက်ခဲနိုင်ပြီး၊ အကယ်၍ သူသာ ကျိုးထိုက်ကျူ ၏ အသေခံတိုက်ခိုက်မူနှင့် ကြုံတွေ့ရပါက ဒဏ်ရာရနိုင်သဖြင့် ဟုန်ယွိသည် ထိုစွန့်စားမှု ကို မပြုလိုတော့ပေ။ သူသည် တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။
… …
ဝှီး….၊ ဝှီး….၊ ဝှီး….
သူတော်စင်ပေါင်းစုံခန်းမ ထွက်ပေါ်လာသည်နှင့် တပြိုင်နက်၊ ၎င်း၏ ခန့်ညားထည်ဝါလှ သော အရှိန်အဝါနှင့် ဖိအားများသည် ကောင်းကင်မြို့တော်တစ်ခုလုံးရှိ ‘ကြေးနီစွမ်းအား’ များကို ချက်ချင်း ဖိနှိပ်လိုက်သည်။ ထိုကြီးမားလှသော ဖိအားအောက်တွင် ကောင်းကင် မြို့တော်ကြီးမှာပင် ညည်းတွားနေရသကဲ့သို့ ရှိတော့သည်။ ဆူပွက်နေသော ကြေးနီ အိုးကြီးကဲ့သို့ တဟုန်ထိုး ထကြွနေသည့် စွမ်းအားများမှာလည်း ချက်ချင်းပင် ငြိမ်ကျ အေးစက်သွားခဲ့ရသည်။
ဘုန်း...
ကျိုးထိုက်ကျူ အသစ်စက်စက် ကျင့်ကြံထားသော ‘ဖျက်ဆီးခြင်း မဟာနတ်ဘုရားဘုရင် ကြေးနီခန္ဓာ’ မှာ ရုတ်တရက် တောင့်တင်းသွားရသည်။ သူ၏ အရေပြား၊ အရိုးနှင့် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတိုင်းမှ တဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်လာသည်။ သံမဏိ ကို အဆုံးစွန်အထိ ဖိသိပ်ခံလိုက်ရသကဲ့သို့ မကြုံစဖူး ဖိအားကို ခံစားလိုက်ရကြောင့် ပျက်ဆီးလုနီးပါး ဖြစ်သွားခဲ့ရသည်။
“ဒါ... ဒါက နဂါးတန်ခိုး အရှိန်အဝါပဲ၊ ဘယ်လိုတောင် အစွမ်းထက်တဲ့ နဂါးတန်ခိုး စွမ်းအား လဲ။ ဒါ ရှေးဟောင်း ကောင်းကင်နဂါးဘုရင်ရဲ့ တန်ခိုးအရှိန်အဝါပဲ။” ကျိုးထိုက်ကျူ၏ တည်ငြိမ်နေသော မျက်နှာမှာ ရုတ်တရက် ပျက်ယွင်းသွားတော့သည်။
“ဒီမှော်ရတနာကို သူတော်စင်ပေါင်းစုံခန်းမလို့ ခေါ်တယ်။ ‘ဗုဒ္ဓသင်္ကန်း’ ကို အကာအကွယ် လုပ်၊ ‘ဇမ္ဗူမဟာအစီအရင်’ ကို အရိုးအဆစ်လုပ်ပြီး ‘အဆင့်ရှစ် မိုးကြိုးကပ်ဘေး’ ပညာရှင် တစ်ဦးရဲ့ မူလစိတ်ဝိညာဉ် အတွေးတစ်စနဲ့အတူ ချန်ပီယံမြို့စားရဲ့ စိတ်ဝိညာဉ် အတွေးစ အားလုံးနဲ့ တည်ဆောက်ထားတာ။ ဒါတင်မကဘူး... ဒီထဲမှာ ရှေးဟောင်း ကောင်းကင်နဂါး အလောင်းပေါင်း ၅၀၁ လောင်း ရှိတယ်။ ငါက အဲဒီနဂါးတွေရဲ့ တန်ခိုးအရှိန်အဝါကို သုံးလိုက်ရုံပဲ။ ခင်ဗျား ဒီမှော်ရတနာအောက်မှာ သေရတာဟာ သေပျော်ပါတယ်” ဟုန်ယွိက ကျိုးထိုက်ကျူကို ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။ “ဒီမှော်ရတနာဟာ အနာဂတ်မှာ ‘ထာဝရနိုင်ငံတော်’ နဲ့ ဖန်ဆင်းခြင်းသင်္ဘောတို့ကိုတောင် ကျော်လွန်သွား လိမ့်မယ်။”
သူ၏ လေသံမှာ နှေးကွေးနေသော်လည်း အချိန်မှာ အလွန်လျင်မြန်စွာ စီးဆင်းသွားသဖြင့် သူသည် အချိန်ကိုပင် ထိန်းချုပ်ထားသကဲ့သို့သော ထင်ယောင်ထင်မှား ဖြစ်စေသည်။
“အစွန်းရောက် ဧကရာဇ် ပြောင်းပြန်စီးဆင်း၊ အချိန်ကို နောက်ပြန်လှည့်စမ်း။”
ကျိုးထိုက်ကျူသည် ဟုန်ယွိ စကားကို ဆက်နားမထောင်တော့ပေ။ ဆက်နားထောင်နေ လျှင် သူ၏စိတ်ဓာတ်များ ပြိုလဲသွားမည်ကို သူသိသည်။ သူသည် ယခင်ထက် သုံးဆမျှ ပိုမို မြန်ဆန်သော အရှိန်ဖြင့် လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။ ထိုလက်သီးချက်ကြောင့် အချိန်များမှာ လိမ်ယှက်သွားပြီး ကောင်းကင်မြို့တော်၏ အထက်တွင် အချိန်ဝဲဂယက် တစ်ခု ပေါ်လာသည်။ ယခုတစ်ကြိမ်တွင်မူ ဟုန်ယွိသည် ထိုမဟာပညာရပ်ကို မတားဆီးနိုင် တော့ပေ။
စိတ်ဝိညာဉ် အတွေးစပေါင်း ၂၀၀၀၀ ကျော်မှာ တစ်ပြိုင်နက် ပေါက်ကွဲထွက်လာသည်။ ထိုအတွေးစများမှာ ကျိုးထိုက်ကျူ၏ ကိုယ်ပိုင်အတွေးများ မဟုတ်ဘဲ အဆင့်ငါး မိုးကြိုး ကပ်ဘေး’ ကိုကျော်ဖြတ်ထားသော ကျွမ်းကျင်ပညာရှင် နာလန်အန်းဟွမ်၏ အတွေးစများ ဖြစ်သည်။ ကျိုးထိုက်ကျူသည် နာလန်အန်းဟွမ်ထံမှ ဆန်းကြယ်ကောင်းကင်ဘုံခန်းမ၏ လျှို့ဝှက်ချက်များကို နှိုက်ယူရန် ကြိုးစားနေရင်းမှ ဤအရေးကြီးသည့် အချိန်တွင် နာလန် အန်းဟွမ်၏ မှတ်ဉာဏ်များကို အတင်းအဓမ္မ သန့်စင်လိုက်ရပြီး ထိုအတွေးများကို အသုံးချ ကာ ‘အစွန်းရောက် ဧကရာဇ် ပြောင်းပြန်စီးဆင်း မဟာပညာရပ်ကို’ ကို ထုတ်ဖော်လိုက်ရ ခြင်း ဖြစ်သည်။ ဤသည်မှာ ဟုန်ယွိက ဖန်းယွမ်ထောင်ကို အသုံးချခဲ့သည့် နည်းဗျူဟာနှင့် တစ်ပုံစံတည်းပင်။
“ဇမ္ဗူနန်းဆောင်ကိုးခု... ဗုဒ္ဓသင်္ကန်း... အရပ်ဆယ်မျက်နှာမှ သူတော်စင်အပေါင်း... အချိန်၊ ဟင်းလင်းပြင်၊ ဘေးဒုက္ခ၊ ဖရိုဖရဲတွင်းနက်ကြီး၊ နတ်ဘုရားအသွင် လှည့်လည်ခြင်း...”
ထိုပြင်းထန်လှသော ‘အစွန်းရောက် ဧကရာဇ် ပြောင်းပြန်စီးဆင်း မဟာပညာရပ်’ ကို ရင်ဆိုင်ရချိန်တွင် ဟုန်ယွိ၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားသည်။ ၎င်းမှာ ထိုမဟာပညာရပ်၏ စွမ်းအားကြောင့် မဟုတ်ဘဲ နာလန်အန်းဟွမ်၏ စိတ်ဝိညာဉ် အတွေးစ များ အသန့်စင်ခံလိုက်ရပြီကို သိရှိလိုက်ရ၍ ဖြစ်သည်။
သူတော်စင်ပေါင်းစုံခန်းမသည် ချက်ချင်းပင် ပျံတက်သွားသည်။ ဇမ္ဗူမဟာအစီအရင်နှင့် ဗုဒ္ဓသင်္ကန်းတို့ အပြည့်အဝ အသက်ဝင်လာသည်။ ရွှေရောင်အလင်းတန်းများ၊ အချိန်နှင့် ဟင်းလင်းပြင်တို့မှာ အရူးအမူး လိမ်ယှက်ကုန်၏။ နဂါးရေခဲတိုင် ၅၀၁ တိုင်မှ ထွက်ပေါ် လာသော နဂါးတန်ခိုး အရှိန်အဝါများမှာ တစ်ခုတည်းအဖြစ် စုစည်းသွားပြီး ‘အစွန်းရောက် ဧကရာဇ် ပြောင်းပြန်စီးဆင်း မဟာပညာရပ်နှင့် ထိပ်တိုက် တိုးသွားတော့သည်။
ရုတ်တရက်ဆိုသလို လိမ်ယှက်နေသော အချိန်စွမ်းအား အားလုံးမှာ ဖိနှိပ်ခံရပြီး ငြိမ်ကျ သွားပြီ။
အချိန်ဝဲဂယက်မှာလည်း လေထဲတွင်ပင် ပျောက်ကွယ်သွားခဲ့သည်။
မမြင်နိုင်သော မုန်တိုင်းတစ်ခုသည် ကောင်းကင်မြို့တော်တစ်ခုလုံးကို ဖြတ်သန်း ရိုက်ခတ် သွားသည်။ အတိုင်းအဆမဲ့ ‘ကြေးနီစွမ်းအား’ များသည် တရကြမ်း လွင့်ထွက်ကုန်ပြီး ကြေးနီတံတိုင်းများမှာ စတင် အက်ကွဲလာသည်။ ကောင်းကင်မြို့တော်ကြီးတစ်ခုလုံး ပြိုကျတော့မည့်အလား ဖြစ်နေပေသည်။ ကျိုးထိုက်ကျူ၏ ‘အစွန်းရောက် ဧကရာဇ် ပြောင်းပြန်စီးဆင်း’ မဟာပညာရပ်မှာ သူတော်စင်ပေါင်းစုံခန်းမကြောင့် အစအနမကျန် ပျက်စီးသွားခဲ့ပြီ။
… …
သို့သော် ထိုမုန်တိုင်းအတွင်းမှ ကျိုးထိုက်ကျူက ဟိန်းဟောက်လိုက်သည်။ သူ၏ ပတ်ဝန်း ကျင်ရှိ ‘အဝီစိပလ္လင်’ မှ နက်မှောင်သော တိမ်တိုက်များ ထွက်ပေါ်လာပြီး သတ်ဖြတ်လို သော အငွေ့အသက်များမှာ ပြင်းထန်လာသည်။
“တိုက်ပွဲဝိညာဉ် သတ်ဖြတ်ခြင်းစွမ်းအား... တစ္ဆေတစ်ထောင်ဝိညာဉ် အုပ်စုလိုက် တိုက်ခိုက်စမ်း။”
“ပုံရိပ်ယောင် လွန်းပျံယာဉ်။”
မျက်တောင်တစ်ခတ်အတွင်းမှာပင် အဝီစိပလ္လင်သည် ပျံတက်သွားပြီး ဟုန်ယွိကလည်း သူတော်စင် ပေါင်းစုံခန်းမဖြင့် ဖိနှိပ်လိုက်သည်။ အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်း လှပြီး ကြမ်းတမ်းသော တိုက်ပွဲဝိညာဉ် တစ်ထောင်မှာ တရကြမ်း ပြေးဝင်လာကြသည်။ ဝိညာဉ်များ၏ ညည်းတွားသံများ နေရာအနှံ့ ပဲ့တင်ထပ်နေပြီး နက်မှောင်သော တိမ်တိုက် များကြားမှ သွေးမိုးများ ရွာသွန်းလာသည်။
အမှန်စင်စစ် ကျိုးထိုက်ကျူသည် သူ နှစ်ပေါင်း ၃၀၀ ကြာအောင် ကျင့်ကြံခဲ့သည့် အဝီစိ ပလ္လင်ကို စတေးပြီး ထွက်ပြေးရန် အချိန်ဆွဲလိုက်ခြင်း ဖြစ်သည်။ သူသည် ‘ပုံရိပ်ယောင် လွန်းပျံယာဉ်’ ကို အသက်သွင်းလိုက်ရာ ၎င်းမှာ လွန်းပျံယာဉ် အသေးစားလေးများစွာ အဖြစ် ကွဲထွက်သွားပြီး ဟင်းလင်းပြင်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်ရန် ကြိုးစား တော့သည်။
“မဟာ အမိတ္တ... သိမ်းဆည်းစမ်း။”
အဝီစိပလ္လင်မှ တိုက်ပွဲဝိညာဉ်များကို ဟုန်ယွိ ဂရုပင်မစိုက်ပေ။ သူတော်စင်ပေါင်းစုံခန်းမမှ အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်သလို၊ တစ်ချိန်တည်းမှာပင် ‘လိပ်ခွံနန်းဆောင်ကိုးခု အစီအရင်’ တစ်ခု ထွက်ပေါ်လာပြီး အဝီစိပလ္လင်ကို လွှမ်းခြုံကာ သိမ်းဆည်းလိုက်သည်။
“ဒီလွန်းပျံယာဉ်က ရတနာကောင်းတစ်ခုပါ၊ ဒါပေမဲ့ ‘ဗုဒ္ဓသင်္ကန်း’ ရှေ့မှာတော့ တစ်ချက် လေးတောင် မခံနိုင်ခဲ့ဘူး” ဟုန်ယွိ ပြောလိုက်သည်နှင့် ဟင်းလင်းပြင်အတွင်း၌ ရုတ်တရက် အမိုးအကာများစွာ ပေါ်လာသည်။ ဟင်းလင်းပြင်ထဲ ဝင်ရန်ကြိုးစားနေသည့် လွန်းပျံယာဉ် အားလုံးမှာ အပြင်သို့ ပြန်လည် တွန်းထုတ်ခြင်း ခံလိုက်ရသည်။ ထိုအမိုးအကာများမှာ ‘ဗုဒ္ဓသင်္ကန်း’ ၏ အကာအကွယ်များ ဖြစ်သည်။ ထိုလွန်းပျံယာဉ်မှာ ဖန်ဆင်းခြင်းသင်္ဘော ကဲ့သို့ မဟုတ်သဖြင့် ဗုဒ္ဓသင်္ကန်း၏ အကာအကွယ်အလွှာကို မဖောက်ထွက်နိုင်ပေ။
ဖြောက်… လွင့်ထွက်သွားသော လွန်းပျံယာဉ်များမှာ ပြန်လည်စုစည်းသွားပြီး ထိတ်လန့် တုန်လှုပ်နေသော ကျိုးထိုက်ကျူ၏ မျက်နှာ ပေါ်လာသည်။ ထိုအခိုက်အတန့်တွင် ဤပြိုင်ဘက်ကင်း ပုဂ္ဂိုလ်ကြီးသည် သူ၏ လမ်းဆုံးသို့ ရောက်နေပြီဖြစ်ကြောင်း သိလိုက် တော့သည်။ ထိတ်လန့်တုန်လှုပ်မှုအပြီးတွင် သူ၏မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်း အောင် ပြောင်းလဲသွားသည်။
“ဖျက်ဆီးခြင်း မဟာနတ်ဘုရားဘုရင်... ဖျက်ဆီးခြင်း မဟာနတ်ဘုရားဘုရင်...” သူသည် ထိုသို့အော်ဟစ်ကာ ရူးသွပ်စွာဖြင့် ပြန်လည် တိုက်ခိုက်တော့သည်။
သို့သော် သူ မလှုပ်ရှားနိုင်မီမှာပင် ဟုန်ယွိက မူလကံတရားတာအိုသစ်သီးဖြင့် လှမ်းထု လိုက်သည်။ တစ်ချိန်တည်းမှာပင် ဟုန်ယွိ၏ ‘လူသားအင်မော်တယ်’ ခန္ဓာပွားမှာ ခန်းမထဲမှ ထွက်လာပြီး ‘ကောင်းကင်အလင်းချို နတ်ဘုရားချပ်ဝတ်’ နှင့် ‘ဆေးမီးလျှံ နတ်ဘုရားဓား’ ကို ကိုင်စွဲကာ ကျိုးထိုက်ကျူထံသို့ တိုးဝင်သွားသည်။ သူ၏ အရှိန်ဟုန်မှာ အချိန်ကိုပင် ကျော်လွန်နေသည်။
ဖောက်….၊ ပြတ်သားသော အသံတစ်ခုနှင့်အတူ ‘ဖန်ဆင်းရှင်’ သခင် အဆင့် တစ်ဦး၏ တိုက်ခိုက်မှုနှင့် ညီမျှသော မူလကံတရားတာအိုသစ်သီး ထုချက်မှာ ကျိုးထိုက်ကျူ၏ ခန္ဓာကိုယ်ကို ထိမှန်သွားပြီး သူ့ကို မြေပြင်ပေါ်သို့ ပြုတ်ကျသွားစေသည်။ ထို့နောက် ‘ဆေးမီးလျှံနတ်ဘုရားဓား’ ၏ ဓားအလင်းတန်းမှာ သူ၏ကိုယ်ထဲသို့ ထိုးဖောက်ဝင်သွား ကာ တခဏချင်းမှာပင် အချက်ပေါင်း ထောင်နှင့်ချီ၍ အထိုးခံလိုက်ရတော့သည်။
“ဗုဒ္ဓသင်္ကန်း... ရစ်ပတ်စမ်း၊” ကျိုးထိုက်ကျူတစ်ယောက် အသက် ဝဝပင် မရှူနိုင်သေးခင် မှာ ဗုဒ္ဓသင်္ကန်း၏ ရစ်ပတ်ခြင်းကို ခံလိုက်ရပြန်သည်။ ထို့နောက် ‘လိပ်ခွံနန်းဆောင်ကိုးခု အစီအရင်’ က အပေါ်မှ ထပ်မံဖိနှိပ်လိုက်ရာ သူသည် မြေပြင်ပေါ်တွင် ထပ်မံလဲကျသွားပြီး အချက်ပေါင်း ထောင်ချီသော ထိုးနှက်ချက်များကို ခံစားလိုက်ရပြန်သည်။
အား… ၊ အား…၊ အား….
ဗုဒ္ဓသင်္ကန်းတော်ထဲတွင် ထုတ်ခံထားရသော ကျိုးထိုက်ကျူမှာ အိတ်ထဲထည့်ကာ အုတ်ခဲ ဖြင့် အထုခံနေရသူကဲ့သို့ ဖြစ်နေပြီး၊ ဦးတည်ချက်ပျောက်ကာ အော်ဟစ်ရုံမှတစ်ပါး မည်သည့် စွမ်းအားကိုမျှ ထုတ်ဖော်နိုင်ခြင်း မရှိတော့ပေ။
ဟုန်ယွိ၏ တာအိုစွမ်းအားမှာ ကျိုးထိုက်ကျူထက် သာလွန်နေသည့်အပြင်၊ ယခုအခါ ဖန်ဟွမ်အသက်ဝိညာဉ်ဓား၊ ဗုဒ္ဓသင်္ကန်းနှင့် ဇမ္ဗူမဟာအစီအရင်၊ လူသားအင်မော်တယ် ကိုယ်ပွားတို့ကိုပါ သုံးထားသဖြင့် အကယ်၍သာ ရန်သူကို မနှိမ်နင်းနိုင်ပါက ဟုန်ယွိအနေ ဖြင့် မိမိကိုယ်ကိုသာ သတ်ပစ်လိုက်သင့်ပေသည်။
… …
“သူတော်စင်မဟာပညာရပ်... သိမ်းဆည်းစမ်း။”
မိုးကြိုးပစ်သကဲ့သို့ ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။ ဗုဒ္ဓသင်္ကန်းသည် ကျိုးထိုက်ကျူကို ရစ်ပတ်လျက် သူတော်စင်ပေါင်းစုံခန်းမ အတွင်းသို့ တိုက်ရိုက် ပျံဝင်သွား သည်။ တစ်ချိန်တည်းမှာပင် ခန်းမကြီးမှာ အဆပေါင်း ထောင်ချီကာ ကြီးမားလာပြီး နတ်ဘုရား နန်းတော်ကြီးအလား ဖြစ်လာခဲ့သည်။ ထိုမှ ထွက်ပေါ်လာသော အဆုံးမဲ့ အလင်းတန်းများသည် ကောင်းကင်မြို့တော်ရှိ ‘ကြေးနီစွမ်းအား’ များနှင့် ထိတွေ့သွားပြီး မြို့တော်ကြီးတစ်ခုလုံးကို ခန်းမထဲသို့ ဆွဲသွင်းရန် ကြိုးစားတော့သည်။
သူသည် ကောင်းကင်မြို့တော်ကြီးကို သန့်စင်သိမ်းဆည်းရန် ကြိုးစားနေခြင်း ဖြစ်သည်။ အကယ်၍ ၎င်းကိုသာ အောင်မြင်စွာ သိမ်းဆည်းနိုင်ပါက သူတော်စင်ပေါင်းစုံ ခန်းမ၏ အားနည်းချက်များမှာ လုံးဝ ပျောက်ကွယ်သွားမည်ဖြစ်ပြီး ဟုန်ယွိ၏ လူသား အင်မော်တယ် ကိုယ်ပွားမှာလည်း ခန်းမတိုင်အဖြစ် ဆက်ရှိနေရန် မလိုတော့ပေ။ ကောင်းကင်မြို့တော်မှာ ကောင်းကင်တာအိုက ဖန်တီးထားသည့် ထိပ်တန်း မှော်ရတနာ တစ်ခု ဖြစ်ပေရာ ဖန်ဆင်းခြင်းသင်္ဘောနှင့် အဆင့်တူပင်။ ၎င်းရှိ ဆန်းကြယ်သော စွမ်းအား များနှင့် နိယာမများကို သူတော်စင်ပေါင်းစုံခန်းမနှင့် ပေါင်းစပ်လိုက်လျှင် အလွန်တရာ ပြည့်စုံသွားပေလိမ့်မည်။
ဟုန်ယွိသည် ကောင်းကင်မြို့တော်ကို သိမ်းဆည်းသည့် အပိုင်းကို လွှတ်ထားကာ ခန်းမ အတွင်းသို့ ပျံဝင်သွားသည်။
“မိသားစုခေါင်းဆောင် လေးဦး... ထွက်ခဲ့ကြစမ်း။” ဟုန်ယွိ၏ အမိန့်သံနှင့်အတူ ဖိနှိပ်ခံ ထားရသော ဖန်းမိသားစု၊ ဆန်းမိသားစု၊ ဝူမိသားစုနှင့် ဝမ်မိသားစု ခေါင်းဆောင်လေးဦးမှာ တစ်ပြိုင်နက်တည်း လွတ်မြောက်လာကြသည်။ ထိုပုဂ္ဂိုလ်ကြီး လေးဦး၏ မယုံကြည်နိုင် သော မျက်ဝန်းများရှေ့မှာပင် ဟုန်ယွိ၏ လက်သီးချက်မှာ ကျိုးထိုက်ကျူ၏ ခန္ဓာကိုယ် ပေါ်သို့ ကျရောက်သွားသည်။
ဘန်း…. မဟာကျိုးမင်းဆက်ကို တည်ထောင်သူ ကျိုးထိုက်ကျူ၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲ ထွက်သွားပြီး စိတ်ဝိညာဉ် အတွေးစပေါင်း ခုနစ်သောင်းခန့်သာ ခန်းမအတွင်း၌ လွင့်မျော ကျန်ရစ်တော့သည်။ ဤမိသားစုခေါင်းဆောင် လေးဦးစလုံးမှာ ကျိုးထိုက်ကျူကို သိကြသူ များ ဖြစ်သည်။ ဟုန်ယွိ၏ ဤလုပ်ရပ်မှာ မျောက်ကို ခြောက်ရန် ကြက်ကို သတ်ပြ လိုက်ခြင်းပင် ဖြစ်တော့သည်။
အခန်း (၅၁၆)။
မဟာကျိုး မင်းဆက်ကို တည်ထောင်သူ ကျိုးထိုက်ကျူသည် ‘ဖျက်ဆီးခြင်း မဟာ နတ်ဘုရားဘုရင် ကြေးနီခန္ဓာ’ ကို ရရှိထားသော်လည်း၊ ဟုန်ယွိ၏ ‘ဗုဒ္ဓသင်္ကန်း’ ဖြင့် ရစ်ပတ်ကာ ‘ဇမ္ဗူလိပ်ခွံမဟာအစီအရင်’ ဖြင့် ဖိနှိပ်ခံထားရသဖြင့် သူ၏ မူလစွမ်းအားများ မှာ အကြီးအကျယ် ပျက်စီးနေပြီ ဖြစ်သည်။ သူ၏ စိတ်ဝိညာဉ် အတွေးစများမှာလည်း အက်ကွဲကြေမွနေပြီဖြစ်ရာ အသက်နှင့်လဲ၍ တိုက်ခိုက်ရန်ပင် အင်အားမရှိတော့ပေ။
ဟုန်ယွိ၏ လက်ချက်အောက်တွင် ‘ဖရိုဖရဲ ကောင်းကင်အနှစ်သာရအမြုတေ’ ပင်လျှင် အစွမ်းမပြနိုင်ခဲ့ပါက ကျိုးထိုက်ကျူအနေဖြင့် ဘာမျှတတ်နိုင်မည် မဟုတ်ပေ။ အမှန်စင်စစ် ‘အဆင့်ခြောက် မိုးကြိုးကပ်ဘေး’ ကျော်ဖြတ်ထားသူမှာ ‘ဖန်ဆင်းရှင်’ သခင် အဆင့် မဟုတ်သေးချေ။
ထို့ကြောင့် ဗုဒ္ဓသင်္ကန်းကို လျှော့ချလိုက်သောအခါ ကျိုးထိုက်ကျူ လွတ်မြောက်လာခဲ့ သည်။ သူသည် ဒေါသတကြီးဖြင့် တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း ဟုန်ယွိက အနားသို့ ချက်ချင်းကပ်ကာ မူလကံကြမ္မာတာအိုသစ်သီး စွမ်းအားဖြင့် သူ၏ကိုယ်ပေါ်သို့ တိုက်ရိုက် ရိုက်နှက်လိုက်သည်။
အထွတ်အထိပ် သိုင်းသူတောင်စင် တစ်ဦး၏ ခန္ဓာကိုယ်သည် မည်မျှပင် သန်စွမ်းနေပါစေ၊ ‘ဖန်တီးရှင်’သခင် တစ်ဦး၏ တိုက်ခိုက်မှုနှင့် ညီမျှသော ဤကံကြမ္မာ စွမ်းအား၏ တိုက်ခိုက်မူ အောက်တွင် အမှုန့်ဖြစ်သွားခဲ့ရသည်။ သို့သော် သွေးများ ထွက်မလာဘဲ ကြေးနီကဲ့သို့သော အပိုင်းအစများသာ ဟိုဟိုဒီဒီ လွင့်စင်သွားတော့သည်။
သမိုင်းဝင်ပုဂ္ဂိုလ်ကြီး ကျိုးထိုက်ကျူ တစ်ယောက် ဟုန်ယွိ၏လက်ထဲတွင် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသော မိသားစုခေါင်းဆောင်ကြီး လေးဦးမှာ ပြောမပြ တတ်အောင် ထိတ်လန့်သွားကြသည်။
သူတို့သည် ယခင်ကျိုးမင်းဆက်ကို တည်ထောင်ခဲ့သူ ကျိုးထိုက်ကျူ အကြောင်းကို ကောင်းကောင်း သိကြသည်။ သူသည် သမိုင်းစာအုပ်များထဲတွင် အဓိကဇာတ်လိုက် ဖြစ်ခဲ့ ပြီး လောကတစ်ခုလုံးကို သိမ်းပိုက်ခဲ့သည့်အထိ ရဲရင့်သူ မဟုတ်ပါလော။ မဟာကျိုး မင်းဆက် ပျက်သုဉ်းသွားသော်လည်း သူ၏ အရှိန်အဝါမှာ မိသားစုခေါင်းဆောင်ကြီးများ၏ ရင်ထဲတွင် ရှိနေဆဲဖြစ်သည်။
အဆုံးတွင် ထိုအထက်တန်းလွှာ မိသားစုကြီးများသည် မဟာကျိုးမင်းဆက်နှင့် နှစ်ပေါင်း နှစ်ရာကျော်ကြာ ဆက်ဆံခဲ့ကြရသည်။ သို့သော် ယခုအခါ သမိုင်းကို ဖန်တီးခဲ့သည့် ထိုသို့သော ပုဂ္ဂိုလ်ကြီးမှာ ဟုန်ယွိ၏လက်ထဲတွင် ဖုန်မှုန့်ဖြစ်သွားရချေပြီ။ မိသားစု ခေါင်းဆောင်ကြီး လေးဦး၏ စိတ်ထဲတွင် သူတို့၏ ယုံကြည်ကိုးစားမှု ပြိုလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
… …
စွမ်းအားကြီးမားလှသော စိတ်ဝိညာဉ် အတွေးစပေါင်း ခြောက်သောင်း၊ ခုနစ်သောင်းခန့်မှာ လေထဲတွင် လွင့်မျောနေသည်။ ဟုန်ယွိသည် ထိုအရာများကို ဂရုပင်မစိုက်ဘဲ လက်တစ်ဖက်ဖြင့် လှမ်းဖမ်းလိုက်ကာ ‘ချီဝိညာဉ်ဝဲဂယက် - တစ္ဆေဝိညာဉ်ဖမ်းယူခြင်း’ ပညာရပ်ကို သုံးလိုက်သည်။
ဖန်ဟွမ်အသက်ဝိညာဉ်ဓား၏ ဓားစွမ်းအင်မှာ အလင်းမျှင်များအဖြစ် ပြောင်းလဲသွားပြီး ကျစ်လျစ်သော ပိုက်ကွန်ကြီးတစ်ခုအလား လိမ်ယှက်သွားကာ ကျိုးထိုက်ကျူ၏ စိတ်ဝိညာဉ် အတွေးစအားလုံးကို ဖမ်းချုပ်လိုက်သည်။ ထို့နောက် ဟုန်ယွိသည် လျှို့ဝှက် ယင်တာအိုဂိုဏ်း၏ အစွမ်းထက်လှသော ‘ဝိညာဉ်ဆွဲထုတ်ခြင်းပညာ’ ဖြင့် သူ၏ မှတ်ဉာဏ် အားလုံးကို တိုက်ရိုက် ဆွဲထုတ်လိုက်တော့သည်။
ဟုန်ယွိ၏ ပြတ်သားလှသော လုပ်ရပ်ကို မြင်လိုက်ရသော မိသားစုခေါင်းဆောင်ကြီး လေးဦးမှာ မျက်နှာများ ဖြူလျော့သွားပြီး တစ်ဦးကိုတစ်ဦး ထိတ်လန့်စွာ ကြည့်လိုက်ကြ သည်။ သူတို့၏ တာအိုနှလုံးသားများမှာပင် ပြိုကွဲလုနီးပါး ဖြစ်သွားရသည်။
ကျိုးထိုက်ကျူကဲ့သို့သော ပုဂ္ဂိုလ်ကြီးတစ်ဦဂကို စစ်ဆေးမေးမြန်းနေ၍ အပိုပင်။ သူ၏ စိတ်ဓာတ်မှာ ကျောက်ဆောင်ကဲ့သို့ ခိုင်မာလှသည်။ ကမ္ဘာပျက်လျှင်ပင် သူ၏ စိတ်ကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူ့ထံမှ အချက်အလက်ရရန်မှာ နည်းလမ်းတစ်ခု သာ ရှိသည်။ ၎င်းမှာ ‘အင်အားသုံးခြင်း’ ပင် ဖြစ်သည်။
‘အဆင့်ခြောက် မိုးကြိုးကပ်ဘေး’ ကို ကျော်ဖြတ်ထားသူ၊ ဧကရာဇ်တစ်ပါး ဖြစ်ခဲ့ဖူးသူ၏ မှတ်ဉာဏ်များကို အတင်းအဓမ္မ ဆွဲထုတ်ရန်မှာ မည်မျှအထိ စွမ်းအားကြီးရန် လိုအပ်မည် နည်း။ ၎င်းကို မိသားစုခေါင်းဆောင်ကြီး လေးဦးပင် စိတ်မကူးရဲချေ။
“ဟုန်ယွိ... မင်း ငါ့မှတ်ဉာဏ်ကို ဆွဲထုတ်ချင်တာလား၊ မဖြစ်နိုင်ဘူး၊ ‘ဖန်တီးရှင်’ တစ်ယောက်တောင် ဒါကို မလုပ်နိုင်ဘူး၊ မင်းလိုကောင်က ပိုလို့တောင် မဖြစ်နိုင်ဘူး။”
ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံမှာ စိတ်ဝိညာဉ် အတွေးစများကြားမှ ထွက်ပေါ်လာသည်။ ၎င်းမှာ လမ်းဆုံးသို့ ရောက်နေသော်လည်း အလျှော့မပေးလိုသော ကျိုးထိုက်ကျူ၏ နောက်ဆုံးရုန်းကန်မှု ဖြစ်သည်။
“ဒါဆိုရင် စောင့်ကြည့်နေလိုက်” ဟုန်ယွိက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
“သူတော်စင်ပေါင်းစုံခန်းမ... မဟာဝဇိရပါရမီ၊ ဇမ္ဗူနန်းဆောင်ကိုးခု... ငါ့ကို နတ်ဘုရား စွမ်းအားတွေ ပေးစမ်း။” ဟုန်ယွိ၏ ခန္ဓာကိုယ်အတွင်းမှ ဟိန်းဟောက်သံ ထွက်ပေါ်လာပြီး ဗုဒ္ဓသင်္ကန်းသည် သူ၏ကိုယ်ပေါ်သို့ ပျံတက်လာသည်။ မရေမတွက်နိုင်သော ရွှေရောင် စာလုံးများမှာ သူ၏ စိတ်ဝိညာဉ်အတွင်းသို့ စီးဝင်သွားသည်။
ဖျစ်... ဖျစ်...
ဇမ္ဗူလိပ်ခွံမှာလည်း အက်ကွဲသံများ မြည်လာပြီး ‘စကြဝဠာအိတ်’ ထက် ဆယ်ဆမျှ ပိုမို အားကောင်းသော ဟင်းလင်းပြင်စွမ်းအားများသည် ဟုန်ယွိ၏ စိတ်ဝိညာဉ် အတွင်းသို့ စီးဝင်သွားခဲ့သည်။ ဟုန်ယွိ၏ စိတ်ဝိညာဉ် အတွေးစများသည် ခန္ဓာကိုယ်အတွင်းမှ ပျံထွက် လာပြီး တစ်ခုချင်းစီမှာ ပေပေါင်းများစွာ ကြီးမားလာကာ နေမင်းလေးများအလား တောက်ပလာကာ သူတော်စင်ပေါင်းစုံခန်းမ တစ်ခုလုံးကို လင်းထိန်သွားစေသည်။
ဟုန်ယွိ၏ စိတ်ဝိညာဉ်မှ ထွက်ပေါ်လာသော ထိုအလင်းတန်းများကြောင့် မိသားစု ခေါင်းဆောင်ကြီး လေးဦးမှာ အပ်ပေါင်းများစွာဖြင့် အထိုးခံရသကဲ့သို့ ခံစားလိုက်ရသော် လည်း မည်သူမျှ မလှုပ်ရဲကြပေ။
“သူ... သူက နတ်ဘုရား မှော်ရတနာကို သုံးပြီး သူ့စွမ်းအားကို အဆမတန် မြှင့်နေတာပဲ။ သူ့ရဲ့ စိတ်ဝိညာဉ် အတွေးစတွေ ပေါက်ကွဲသွားမှာကို မကြောက်ဘူးလား” ဝမ်မိသားစု ခေါင်းဆောင် ဝမ်လင်းရှန်က ထိတ်လန့်တကြား ပြောလိုက်သည်။
“သူက ‘အတိတ်အမိတ္တဘကျမ်း’ ကို ကျင့်ကြံထားတာ၊ သူ့ရဲ့ စိတ်ဝိညာဉ် အတွေးစတွေက ငါတို့ထက် ဆယ်ဆမက ပိုပြီး ခိုင်မာတယ်။” ဖန်းယွမ်ထောင်က တုန်လှုပ်စွာဖြင့် ဝင်ပြော သည်။
ထိုအခိုက်တွင် ဟုန်ယွိ၏ စိတ်ဝိညာဉ် အတွေးစများမှာ ပိုမိုတောက်ပလာပြီး အဆုံးမဲ့ စွမ်းအားများကို စုပ်ယူထားသည့် နေမင်းကြီးများအလား ပေါက်ကွဲထွက်လုမတတ် ဖြစ်နေ သည်။
“ကျိုးထိုက်ကျူ... ခင်ဗျားရဲ့ မှတ်ဉာဏ်တွေကို ကျုပ် ဆွဲထုတ်တော့မယ်။ ခင်ဗျားမှာ ကာကွယ်နိုင်တဲ့ စွမ်းအားရှိရင် ကာကွယ်ကြည့်စမ်း။” ဟုန်ယွိ၏ အမိန့်သံပေးနှင့်အတူ ထိုကြီးမားလှသော စိတ်ဝိညာဉ် အတွေးစများသည် လည်ပတ်သွားပြီး အလင်းတန်း အားလုံးမှာ ကျိုးထိုက်ကျူ၏ စိတ်ဝိညာဉ်ဆီသို့ ဖိနှိပ်ကျဆင်းသွားသည်။
ရှဲ... ရှဲ... ရှဲ...
တစ်ခုခုကို မီးမြှိုက်နေသကဲ့သို့သော ပြင်းထန်လှသော အသံများ ကျိုးထိုက်ကျူ၏ စိတ်ဝိညာဉ် အတွေးစများထံမှ ထွက်ပေါ်လာသည်။ ၎င်းနောက်တွင် ကျိုးထိုက်ကျူ၏ ကြေကွဲဖွယ်ရာ အော်ဟစ်သံများမှာလည်း ပါးစပ်မှ ထွက်ပေါ်လာတော့သည်။
သိုင်းပညာရှင်တစ်ဦး၏ သိုင်းဆန္ဒကဲ့သို့ ပြင်းထန်လှသည့် ဆန်းကြယ်သော စိတ်ဝိညာဉ် လှိုင်းများသည် ကျိုးထိုက်ကျူ၏ စိတ်ဝိညာဉ် အတွေးစများအတွင်းမှ တိုက်ရိုက် ဆွဲထုတ် ခံလိုက်ရပြီး ဟုန်ယွိ၏ လက်ဝါးထဲသို့ သက်တံတစ်ခုအလား စီးဝင်သွားသည်။
ဤအချိန်တွင် ဟုန်ယွိသည် သူ၏ စစ်မှန်သော ခန္ဓာကိုယ်ကို အသုံးပြုနေခြင်း ဖြစ်သည်။ မိသားစုခေါင်းဆောင်ကြီး လေးဦးကို လွှတ်ပေးလိုက်သည့် အခိုက်အတန့်မှာပင် သူသည် ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်မှ ထွက်ခွာခဲ့ပြီး သူ၏စိတ်ဝိညာဉ်မှာ အစစ်မှန် သူ့ကိုယ်ပိုင် ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။
ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်ကို မိသားစုခေါင်းဆောင်ကြီး လေးဦးရှေ့တွင် သူ မည်သို့ ထုတ်ဖော် ပြသထားနိုင်ပါမည်နည်း။
“ဆွဲထုတ်လိုက်ပြီ။”
ဝူမိသားစု ခေါင်းဆောင်သည် တစ်ကိုယ်လုံး တုန်ရင်နေ၏။ ‘အဆင့်ခြောက် မိုးကြိုးကပ် ဘေး’ ကျော်ဖြတ်ထားသော ကျွမ်းကျင်သူတစ်ဦး၊ ၎င်းပြင် ဧကရာဇ်တစ်ပါးး ဖြစ်ခဲ့သူ၏ မှတ်ဉာဏ်များကို ဟုန်ယွိက အတင်းအဓမ္မ ဆွဲထုတ်ယူလိုက်သည်ကို သူ၏မျက်စိ ရှေ့မှောက်တွင် မြင်လိုက်ရခြင်း ဖြစ်သည်။ ဟုန်ယွိ၏ ကမ္ဘာတုန်လှုပ်မတတ် စွမ်းဆောင် ချက်များကြောင့် အလွန်အမင်း ထိတ်လန့်နေပြီး စကားပင် ကောင်းကောင်း မပြောနိုင် တော့။
မှတ်ဉာဏ်များ တဖြည်းဖြည်း ဆွဲထုတ်ခံလိုက်ရသည်နှင့်အမျှ ကျိုးထိုက်ကျူ၏ စိတ်ဝိညာဉ် အတွေးစများသည် တစ်ခုပြီးတစ်ခု တုံ့ပြန်မှု ရပ်တန့်သွားကြသည်။ ၎င်းတို့မှာ အလွန်တရာ သန့်စင်သွားပြီး အခြေခံအကျဆုံးသော မူလစွမ်းအားအဆင့်သို့ ပြန်လည် ရောက်ရှိသွားတော့သည်။
တစ်ချိန်တည်းမှာပင် ကျိုးထိုက်ကျူ၏ ငယ်ဘဝမှ အရွယ်ရောက်သည်အထိ အတွေ့အကြုံ များ၊ အမျိုးမျိုးသော သိုင်းပညာ ဗဟုသုတများ၊ အမျိုးသားနှင့် အမျိုးသမီးတို့အကြား ရမ္မက် ရေးရာများ၊ နက်ရှိုင်းသော ခံစားချက်များ၊ သူပြုလုပ်ခဲ့ဖူးသမျှ အမှုကိစ္စများ၊ ဆန်းကြယ် သော ဘဝအတွေ့အကြုံများနှင့် တိုင်းပြည်အုပ်ချုပ်ရေးရာ ကျွမ်းကျင်မှုများ... စသည်တို့မှာ ဟုန်ယွိ၏ စိတ်ထဲသို့ စီးဝင်လာသည်။ နှစ်ပေါင်း နှစ်ရာကြာ မင်းဆက်တစ်ခုကို တည်ထောင်ခဲ့သည့် မဟာသူရဲကောင်းကြီးတစ်ဦး၏ နှစ်ပေါင်း သုံးရာကျော် အတွေ့အကြုံ များမှာ စာအုပ်ပေါင်း သိန်းသန်းချီဖွဲ့သကဲ့သို့ များပြားလှသော်လည်း ဟုန်ယွိမှာမူ တစ်ခဏ အတွင်း အားလုံးကို သိမြင်လိုက်ရသည်။
သို့သော် ဟုန်ယွိသည် ထိုမှတ်ဉာဏ်များထဲမှ တစ်ခုကိုမျှ မိမိ၏ ကိုယ်ပိုင်မှတ်ဉာဏ်များနှင့် မပေါင်းစပ်ခဲ့ပေ။
ကျိုးထိုက်ကျူ၏ မှတ်ဉာဏ်များမှာ သာမန်မဟုတ်ပေ။ အကယ်၍ ၎င်းတို့ကို ပေါင်းစပ် လိုက်ပါက ဟုန်ယွိအတွက် အဆုံးမဲ့သော အသိဉာဏ်များ ရရှိလာမည် ဖြစ်သော်လည်း နှမြောစရာကောင်းသည်မှာ ထိုမှတ်ဉာဏ်များတွင် ကျိုးထိုက်ကျူ၏ ကိုယ်ရည်ကိုယ် သွေးများ ပါဝင်နေခြင်းပင်။ ၎င်းမှာ ဖယ်ရှားရန် ခက်ခဲသော အညစ်အကြေးတစ်ခု ဖြစ်နေ သည်။
“ခင်ဗျားရဲ့ မှတ်ဉာဏ်တွေကို စာအုပ်တစ်အုပ်အဖြစ် ကျုပ် ပြောင်းလဲပစ်မယ်၊ အဲဒီစာအုပ် ကို ကျုပ်ရဲ့ သူတော်စင် ပေါင်းစုံခန်းမထဲမှာ နောင်တစ်ချိန် လောကလူသားတွေ ဖတ်ရှုနိုင် အောင် ထားပေးမယ်။ အဲဒီစာအုပ်က အတုမရှိ ဂန္ထဝင်ကျမ်းစာတစ်အုပ် ဖြစ်လာလိမ့်မယ်။ နောင်လာနောက်သား အနန္တတို့ဟာ ခင်ဗျားရဲ့ အောင်မြင်မှုတွေကို ကြည့်ပြီး ခင်ဗျားရဲ့ တာအိုကျင့်စဉ်တွေ၊ သိုင်းပညာတွေနဲ့ ဘဝအပေါ် နားလည်မှုတွေကို သင်ယူနိုင်လိမ့်မယ်။ ကျိုးထိုက်ကျူ... ခင်ဗျား ဒီအတွက် ကျေနပ်သင့်ပါတယ်လေ။”
ဟုန်ယွိက အော်ပြောလိုက်သည်။
သူတော်စင်ပေါင်းစုံခန်းမ၏ အဝေးတစ်နေရာတွင် ကျောက်စိမ်းပြားများစွာ ထွက်ပေါ်လာ သည်။ ၎င်းတို့မှာ တစ်ပေပတ်လည်ခန့် ရှိသော ကျောက်စိမ်းပြားပေါင်း တစ်ရာကျော်ပင် ဖြစ်သည်။ ဟုန်ယွိသည် သူ၏ လက်ဝါးထဲရှိ ကျိုးထိုက်ကျူ၏ မှတ်ဉာဏ်များကို လှုပ်ခါလိုက်သည်။
ဝှီး…..။
ထိုမှတ်ဉာဏ်များသည် အလင်းတန်းများအဖြစ် ကျောက်စိမ်းပြားများအတွင်းသို့ စီးဝင် သွားသည်။ ချက်ချင်းဆိုသလိုပင် ကျောက်စိမ်းပြားများမှာ လင်းထိန်သွားပြီး အတွင်း၌ ပုံရိပ်များနှင့် စာသားများစွာ လွင့်မျောနေတော့သည်။
“စိတ်ဝိညာဉ်စွမ်းအား ရုပ်လုံးဖော်ခြင်း၊ မှတ်ဉာဏ်ကို စာအုပ်အဖြစ် သန့်စင်ခြင်း။”
ဟုန်ယွိက လက်ညှိုးဖြင့် ညွှန်လိုက်ရာ ကျောက်စိမ်းပြား တစ်ရာကျော်မှာ တစ်ခုတည်း အဖြစ် ပေါင်းစည်းသွားပြီး ကြီးမားလှသော ‘ကျောက်စိမ်းစာအုပ်’ ကြီးတစ်ခု ဖြစ်လာခဲ့ သည်။
“ဒီကျောက်စိမ်းစာအုပ်ဟာ အတုမရှိတဲ့ လျှို့ဝှက်ကျမ်းစာတစ်အုပ်ပဲ။ ဘယ်သူပဲဖြစ်ဖြစ် ဒီကျမ်းစာကို ရရှိသွားရင် ဂိုဏ်းအသစ်တစ်ခုကိုတောင် တည်ထောင်နိုင်လိမ့်မယ်။ ဒါပေမဲ့ ဒါကို ဖတ်တဲ့သူဟာ ကျိုးထိုက်ကျူရဲ့ စရိုက်လက္ခဏာတွေ လွှမ်းမိုးခံရပြီး ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားနိုင်တယ်။ နောင်တစ်ချိန်မှာ ဒီကျောက်စိမ်းစာအုပ်ကို တခြားသူရဲကောင်း တွေရဲ့ အတွေ့အကြုံတွေနဲ့ပါ ပေါင်းစပ်ပြီး သူတစ်ပါးကို သတိပေးဖို့အတွက် အသုံးချမယ်။ အဲဒီစာအုပ်ကို သူရဲကောင်းတို့၏ မှတ်တမ်းလို့ ခေါ်မယ်။ မိသားစုခေါင်းဆောင် လေးဦး... ခင်ဗျားတို့ကော ဘယ်လိုထင်လဲ။”
ဟုန်ယွိက အတုမရှိသည့် ကျောက်စိမ်းစာအုပ်ကြီးကို ဖန်တီးပြီးနောက် မိသားစု ခေါင်းဆောင်ကြီး လေးဦးကို အေးစက်စွာ ကြည့်လိုက်သည်။ သူ၏ အကြည့်မှာ သူတို့၏ မှတ်ဉာဏ်များကိုလည်း ဆွဲထုတ်ပြီး ဤမှတ်တမ်းထဲသို့ ထည့်သွင်းတော့မည့်အလား ရှိနေ သည်။ ခေါင်းဆောင်ကြီး လေးဦးမှာ ဟုန်ယွိ၏ နည်းလမ်းများကြောင့် လုံးဝ ထိတ်လန့်နေ သဖြင့် စကားပင် မပြောနိုင်ကြတော့ပေ။
တစ်ချိန်တည်းမှာပင် ဖန့်မိသားစုခေါင်းဆောင် ဖန်းယွမ်ထောင်သည် ခန်းမအတွင်းရှိ နဂါး ရေခဲတိုင် ၅၀၁ တိုင်ကို သတိပြုမိသွားသည်။ ထိုတိုင်များမှ ထွက်ပေါ်လာသော နဂါးတန်ခိုး အရှိန်အဝါများကြောင့် သူသည် ရှေးဟောင်းကောင်းကင်နဂါးဘုရင်၏ ရှေ့မှောက်သို့ ရောက်နေသကဲ့သို့ အမြဲတမ်း ခံစားနေရသည်။
“ဒါ... ဒါတွေက ရှေးဟောင်း ကောင်းကင်နဂါးတွေပဲ၊ နဂါးတွေ၊ နဂါးတွေ၊” ဖန်းယွမ်ထောင် သည် သူ၏ရင်ထဲမှ တုန်လှုပ်မှုကို ဖော်ပြရန် ‘နဂါး’ ဆိုသည့် စကားလုံးကို သုံးကြိမ် တိုင်တိုင် ရေရွတ်လိုက်မိသည်။ “မင်း တကယ်ပဲ ရှေးဟောင်းနဂါးသင်္ချိုင်းကို ရောက်ပြီး ဒီနဂါးရေခဲတိုင်တွေကို သိမ်းဆည်းနိုင်ခဲ့တာလား! ၅၀၁ တောင်လား! ဘိုးဘေးနဂါးကြီးကို တောင် သိမ်းနိုင်ခဲ့တာပဲ။ နေပါဦး... ပညာရှင် သူတော်စင်တွေရဲ့ ရှေးဟောင်း မှတ်တမ်း တွေအရဆို နဂါးတိုင်ပေါင်း ၁၀၀၁ တိုင် ရှိရမှာလေ။ ကျန်တဲ့ ငါးရာကော ဘယ်ရောက်သွား လဲ။ တခြားသူတွေလက်ထဲ ရောက်သွားပြီလား။ ပြီးတော့... နဂါးစွယ်ဆန်တွေကော... ဟုတ်တယ်၊ ဒါ နဂါးစွယ်ဆန်ပဲ၊ နဂါးစွယ်ဆန်တွေကော ဘယ်သူ့လက်ထဲ ရောက်သွားတာ လဲ။”
“ကျန်တဲ့ ငါးရာကတော့ တော်ဝင်ချန် တော်ဝင်မိသားစုရဲ့ လက်ထဲကို ရောက်သွားပြီ။ ဒီ ၅၀၁ တိုင်ကတော့ ကျုပ်ခန်းမထဲမှာပဲ ရှိနေတယ်။” ဟုန်ယွိက ပြောလိုက်သည်။ “နဂါးစွယ်ဆန်တွေကတော့ ကျုပ်လက်ထဲမှာပဲ ရှိနေပြီး အခု စိုက်ပျိုးထားပြီပြီ။ ကဲ... ခေါင်းဆောင်တို့၊ ခင်ဗျားတို့ကော ဘယ်လို ရှေ့ဆက်ကြမလဲ။”
ဟုန်ယွိသည် သူအခုလေးတင် သန့်စင်ထားသည့် သူရဲကောင်းတို့၏ မှတ်တမ်းကို လက်ဖြင့် ကိုင်လိုက်သည်။ သူ၏ လက်ချောင်းများက စာအုပ်ကို ထိလိုက်သည်နှင့် ကျိုးထိုက်ကျူ၏ ဘဝအတွေ့အကြုံများမှာ သူ၏ စိတ်ထဲတွင် ကွင်းကွင်းကွက်ကွက် ပေါ်လာသည်။ သိုင်းပညာနှင့် တာအိုကျင့်စဉ်များမှာလည်း ထင်ထင်ရှားရှား ရှိနေသည်။ သူသည် ကျိုးထိုက်ကျူ ကိုယ်တိုင် ဖြစ်သွားသကဲ့သို့ပင်။
အတွေးတစ်ချက်ဖြင့် သူသည် သူ၏စိတ်ဝိညာဉ်ကို စာအုပ်အတွင်းမှ ပြန်လည် ဆွဲထုတ် လိုက်သည်။
“မှတ်ဉာဏ်တွေက စာအုပ်ထဲမှာ ရှိနေတယ်။ ကျင့်စဉ်အဆင့် အားနည်းတဲ့လူတွေ ဖတ်ရင် ရုန်းထွက်နိုင်မှာ မဟုတ်ဘူး။ နှမြောစရာကောင်းတာက ဒီစာအုပ်ထဲမှာ ကျိုးထိုက်ကျူရဲ့ မှတ်ဉာဏ်က ခေါင်းဆောင်ဖြစ်ဖို့အထိ အင်အား မလုံလောက်သေးဘူး။ အနာဂတ်မှာ ‘ယန်ဖန်’ နဲ့ ‘ဟုန်ရွှန်ကျိ’ တို့ရဲ့ မှတ်ဉာဏ်တွေကိုပါ ဒီထဲမှာ ထည့်သွင်းရမယ်။”