အခန်း (၆၄၅-၆၄၆)
Vol. 48 Ch. 645-646
အခန်း ၆၄၅: ပန်းအပ်မုန်တိုင်း၊ ရှေးဟောင်းသိုင်းပညာမိသားစုနှင့် ထပ်မံတွေ့ဆုံခြင်း
အသက်ရှင်ကျန်ရစ်သူအဖွဲ့၏ခေါင်းဆောင်က ခါးသီးစွာ ပြောလိုက်သည်။
“တကယ်တော့ ဒါကဘာလဲဆိုတာ ကျုပ်တို့လည်းမသိဘူး။”
“ဟမ် မင်းတို့တောင် ဒါကိုဘာလဲမသိသေးဘဲနဲ့ တစ်ယောက်ယောက်က လုယူချင်နေတာလား။ သူတို့က သိလို့လား။”
ရှောင်းယီက ဇဝေဇဝါဖြင့် မေးလိုက်သည်။
လူတိုင်းတွင် ၎င်းတို့မြင်ရသမျှ အရာအားလုံးအတွက် ရှင်းပြချက်ပေးသည့်စနစ်မရှိချေ။
အဖွဲ့ခေါင်းဆောင်က သူ့အိတ်ထဲမှ ထုတ်လုပ်မှုပုံကြမ်းနှင့်ဆင်တူသည့် စာလိပ်တစ်ခုကို ထုတ်လိုက်၏။ သို့သော်လည်း ထိုစာလိပ်သည် မီးခိုးရောင်ဖြစ်ရမည့်အစား အနီရောင်ဖြစ်နေခဲ့သည်။
စနစ်၏သတိပေးချက်မရှိသော်လည်း ရှောင်းယီသည် ဤစာလိပ်က လုံးဝမရိုးရှင်းကြောင်း သိလိုက်၏။
“စွမ်းအင်ပုံဆောင်ခဲသတ္တုကြော- ဤမြေပုံပေါ်ရှိ လမ်းညွှန်ချက်များအတိုင်း စွမ်းအင်ပုံဆောင်ခဲသတ္တုကြောကို ရှာဖွေနိုင်သည်။”
ဤစနစ်သတိပေးချက်ကို မြင်လိုက်ရသောအခါ ရှောင်းယီသည် သူ၏မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကာ မေးလိုက်သည်။
“မင်းဒီပစ္စည်းကို ရောင်းဖို့အစီအစဉ်ရှိလား။”
ရှောင်းယီ၏စိတ်အားထက်သန်လှသောမျက်နှာကို မြင်လိုက်ရသောအခါ အဖွဲ့ခေါင်းဆောင်သည် စာလိပ်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပြီး ခြေနှစ်လှမ်းနောက်သို့ဆုတ်သွားခဲ့သည်။
“စိတ်မပူပါနဲ့။ ငါက မင်းနဲ့ ကုန်သွယ်ရေးအကြောင်း ပြောရုံပါပဲ။”
ရှောင်းယီက ပြောလိုက်သည်။
ရှောင်းယီ ဆက်မလိုက်လာကြောင်း မြင်လိုက်ရသောအခါ အဖွဲ့ခေါင်းဆောင်သည် အနည်းငယ်တုံ့ဆိုင်းသွားပြီးနောက် မေးလိုက်သည်။
“ဒီစာလိပ်က ဘယ်လိုထုတ်လုပ်မှုပုံကြမ်းမျိုးလဲဆိုတာ သူဌေးသိလား။”
ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“သိတယ်။ ဒါက သတ္တုကြောတစ်ခုရဲ့မြေပုံပဲ။ မြေပုံအတိုင်းလိုက်သွားပြီး စွမ်းအင်ပုံဆောင်ခဲတွင်းတစ်ခုကို ရှာတွေ့နိုင်တယ်။”
“စွမ်းအင်ပုံဆောင်ခဲဆိုတာကဘာလဲ။”
အဖွဲ့ခေါင်းဆောင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
“စွမ်းအင်ပုံဆောင်ခဲဆိုတာက...”
ရှောင်းယီ ရှင်းပြရန်ကြံလိုက်စဉ် ရုတ်တရက် သူတို့ဘေးနားရှိ ချုံပုတ်ထဲမှ လူအတော်များများ ပြေးထွက်လာခဲ့ကြလေသည်။
“ဟားဟား မင်းတို့ အခု ဘယ်ကိုပြေးဦးမှာလဲ။”
ဩရှရှအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ရှောင်းယီသည် ထိုလူများကို ကြည့်လိုက်ပြီးနောက် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ပေါ်လာသည့် လူငါးယောက်ထဲတွင် S အဆင့်နှစ်ယောက်နှင့် A အဆင့်သုံးယောက်ရှိနေသည်။
“သူတို့က မင်းတို့နောက်ကို လိုက်နေတဲ့သူတွေလား။”
ရှောင်းယီက အံ့အားသင့်စွာ မေးလိုက်သည်။
အဖွဲ့ခေါင်းဆောင်က ခေါင်းညိတ်ပြလာခဲ့သည်။
“ဟုတ်တယ် သူတို့ပဲ။”
ရှောင်းယီက အဖွဲ့ခေါင်းဆောင်ကို ပြန်ကြည့်လိုက်သည်။
သူက A အဆင့်လေးပဲလေ။ ဒီလူတွေဆီကနေ ဘယ်လိုထွက်ပြေးလာနိုင်တာလဲ။ သူ့ကိုဖယ်လိုက်ရင် ကျန်တဲ့သူတွေအကုန်လုံးကလည်း B အဆင့်တွေချည်းပဲမဟုတ်ဘူးလား။
“သူတို့ရဲ့အဆင့်တွေနဲ့ဆိုရင် မင်းတို့ကိုသတ်ဖို့ အရမ်းလွယ်မယ်ထင်တယ် ဟုတ်တယ်မလား။”
ရှောင်းယီက ထပ်ပြောလိုက်သည်။
ထိုအခါ အဖွဲ့ခေါင်းဆောင်က ခါးသီးစွာဖြင့် ပြန်ပြောလာခဲ့သည်။
“ကျုပ်တို့မှာ ဒီဟာရှိလို့ပါ။”
အဖွဲ့ခေါင်းဆောင်သည် သူ့အိတ်ထဲကနေ ဆလင်ဒါပုံစံအရာဝတ္ထုတစ်ခု ထုတ်ယူလိုက်လေသည်။
“ပန်းအပ်မုန်တိုင်း (S အဆင့်) - အသက်သွင်းပြီးသောအခါ နွားမွှေးကဲ့သို့ပါးလွှာသောသံအပ်ထောင်ပေါင်းများစွာကို ထုတ်လွှတ်နိုင်သည်။ ပန်ကာပုံစံဖြင့်ဖြန့်ကျက်နိုင်ပြီး အတော်အတန်စွမ်းအားရှိသည်။”
“တကယ်ကို ဒီလိုလျို့ဝှက်လက်နက်တွေရှိနေတာပဲ။”
ရှောင်းယီ အနည်းငယ်အံ့အားသင့်သွားခဲ့သည်။ သူသည် ယခင်က ဤကဲ့သို့ လျို့ဝှက်လက်နက်များနှင့် ရင်ဆိုင်ခဲ့ရဖူးသော်လည်း ထိုအရာများမှာ ဤကဲ့သို့ သေးငယ်ပြီး သယ်ဆောင်ရလွယ်ကူသောအရာမျိုးမဟုတ်ပေ။
အဆင့်အားဖြင့် ကွာခြားမှုနေသော်ရှိသော်လည်း တစ်ဖက်လူကို လျော့တွက်၍မရနိုင်ကြောင်း ထင်ရှားသည်။ ၎င်းတို့တွင် သင်၏လုံခြုံရေးကို ခြိမ်းခြောက်နိုင်သည့် အရာတစ်ခုခု ရှိနေနိုင်သည်။
“ခုနက တစ်ကြိမ် အသက်သွင်းပြီး သူတို့ထဲက တစ်ယောက်ကို ဒဏ်ရာရစေခဲ့တယ်။ အဲ့ဒါက အကွာအဝေးနည်းနည်းလောက် ဖန်တီးပေးခဲ့တယ်လေ။”
အဖွဲ့ခေါင်းဆောင်က ဆက်ရှင်းပြလိုက်သည်။
“ဟုတ်ပြီ”
ရှောင်းယီက ခေါင်းညိတ်ပြလိုက်ပြီး တစ်ဖက်အဖွဲ့ကိုကြည့်ကာ မေးလိုက်သည်။
“မင်းတို့က ဘယ်သူတွေလဲ။ ကိုယ့်ရဲ့တစ်ပြည်တည်းသားအချင်းချင်းကို ဘာလို့အန္တရာယ်ပေးနေတာလဲ။”
“ဟမ့် ငါတို့ဘယ်သူလဲဆိုတာ မင်းသိဖို့မထိုက်တန်ဘူး။ အဲ့ဒီစာလိပ်ကို မြန်မြန်ပေးလိုက်။ မဟုတ်ရင် မင်းတို့အားလုံးသေရမယ်။”
ဩရှရှအသံနှင့်လူက အေးစက်စွာပြောလိုက်သည်။
ရှောင်းယီသည် သူတို့ကို သူ၏မျက်လုံးများအား မှေးကျဉ်းကာ ကြည့်လိုက်ပြီး အနည်းငယ်စဉ်းစားကြည့်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“ကြည့်ရတာ မင်းတို့က သင်ခန်းစာမရသေးတဲ့ ရှေးဟောင်းသိုင်းပညာမိသားစုတွေပဲဖြစ်ရမယ် ဟုတ်တယ်မလား။”
“ဟမ် မင်းက ရှေးဟောင်းသိုင်းပညာမိသားစုတွေအကြောင်းသိတယ်ပေါ့။”
ထိုဩရှရှအသံနှင့်လူက ရှောင်းယီအား အံ့အားသင့်စွာကြည့်လိုက်သည်။
“ဒါပေါ့ ငါ သူတို့ထဲက အတော်များများကို ဖြေရှင်းခဲ့ပြီးပြီ၊ ဆိုတော့ ငါ သူတို့နဲ့ အရမ်းရင်းနှီးတယ်။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
“အခုထွက်သွားလိုက်။ ဒါဆို ငါမင်းတို့အသက်ကို ချမ်းသာပေးနိုင်တယ်။”
“ဟမ့် ဟိတ်ဟန်ကြီးနေတယ်။”
ဩရှရှအသံနဲ့လူက ပြောလိုက်သည်။
“သွား ရှေးဟောင်းသိုင်းပညာမိသားစုရဲ့ စွမ်းအားကို သူမြင်အောင်ပြပေးလိုက်။”
“ငါလုပ်လိုက်မယ်။”
လူငယ်တစ်ဦးက ရှေ့ထွက်လာခဲ့သည်။
“ဒီလိုအမှိုက်တွေကို ကိုင်တွယ်ဖို့ မင်းကိုယ်တိုင်လုပ်စရာမလိုပါဘူး။ ကောင်လေး မှတ်ထားစမ်း မင်းကိုသတ်ခဲ့တဲ့သူက ကျင်းယွီလို့ခေါ်တယ်။”
ထိုသို့ပြောရင်းဖြင့် ကျင်းယွီသည် ရှောင်းယီဆီသို့ ပြေးဝင်သွားခဲ့သည်။
ဘမ်း
ရှောင်းယီ၏လှုပ်ရှားမှုကို မည်သူမျှ ရှင်းရှင်းလင်းလင်းမမြင်လိုက်နိုင်ခင်မှာပင် ကျင်းယွီသည် လေထဲသို့ ပျံသန်းသွားလိုက်ရပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ သေသလား၊ ရှင်သလား မသိရတော့ချေ။
“ယွီအာ...။”
ဩရှရှအသံနှင့်လူက အော်ဟစ်လိုက်ပြီး ချက်ချင်းပင် ကျင်းယွီဘေးသို့ ရောက်ရှိသွားခဲ့သည်။
သူသည် သူ၏ခန္ဓာကိုယ်ပေါ်မှ ကြွေပုလင်းတစ်လုံးကို ထုတ်ယူကာ ထိုထဲမှ ဆေးတစ်လုံးထုတ်ယူလိုက်ပြီး ကျင်းယွီ၏ပါးစပ်ထဲသို့ အလျင်အမြန် ထည့်ပေးလိုက်သည်။
ထိုအခိုက်တွင် ရှောင်းယီသည် ဆေး၏သတင်းအချက်အလက်ကို မြင်ခဲ့ရသည်။
“နှင်းဂျင်ဆင်းဆေး - အရည်အသွေးမြင့်သော နှင်းဂျင်ဆင်ဖြင့် ပြုလုပ်ထားသည်။ အလွန်မြင့်မားသော အာဟာရတန်ဖိုးရှိသည်။ သောက်သုံးပါက အင်္ဂါအစိတ်အပိုင်းအမျိုးမျိုး၏လုပ်ဆောင်မှုများကို တိုးတက်စေပြီး သေဆုံးခါနီးသူများကို ကုသရာတွင်အသုံးပြုနိုင်သည်။”
“ရှေးဟောင်းသိုင်းပညာမိသားစုက လူတွေဆိုတဲ့အတိုင်းပဲ။ တကယ်ကို ပစ္စည်းကောင်းတွေ အများကြီးရှိတယ်။”
ရှောင်းယီက သူ့ဘာသာသူတွေးလိုက်မိသည်။
ကျင်းယွီအား နှင်းဂျင်ဆင်းဆေး တိုက်ပြီးနောက် ထိုဩရှရှအသံနှင့်လူသည် ကျင်းယွီကို အခြားသူများထံ အပ်နှံလိုက်ပြီး ရှောင်းယီအား မျက်လုံးများမှေးကျဉ်းကာကြည့်ရင်း မေးလိုက်သည်။
“မင်းဘယ်သူလဲ”
သူပင် ရှောင်းယီ၏လှုပ်ရှားမှုကို မမြင်ခဲ့ရပေ။ ဆိုလိုသည်မှာ တစ်ဖက်လူ၏အဆင့်သည် သူ့ထက်မြင့်မည်မှာ သေချာပေသည်။ ဤနေရာတွင် ကျွမ်းကျင်သူတစ်ဦးနှင့် ရင်ဆိုင်ရလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ချေ။
“မင်းရဲ့နာမည်တောင် ငါ့ကိုမပြောရသေးဘူး။ ငါက မင်းကိုပြောမယ်လို့ ထင်နေတာလား။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဟမ့် မင်းမပြောရင်တောင် ငါခန့်မှန်းလို့ရတယ်။ မင်းက ယီရန်ပင်းပဲဖြစ်ရမယ်။”
ထိုဩရှရှအသံနှင့်လူက တွေးတောပြီးနောက် ပြောလိုက်သည်။
“ဒါဆိုရင် မင်းက လုံးဝဦးနှောက်မရှိတာတော့မဟုတ်ဘူးပဲ။”
ရှောင်းယီက ပြောလိုက်သည်။
ဩရှရှအသံနှင့်လူ၏မျက်လုံးများမှာ မှောင်မိုက်သွားခဲ့သည်။ သတင်းအချက်အလက်များအရ ယီရန်ပင်းသည် S အဆင့်ကို ကျော်လွန်နေသင့်ပြီး ၎င်းတို့က သူ၏ပြိုင်ဘက်မဟုတ်ချေ။
“ယီရန်ပင်း ဒီနေ့ငါတို့ နည်းနည်းမဆင်မခြင်ပြုမူခဲ့မိတယ်ဆိုတာ ငါတို့ဝန်ခံတယ်။ ငါတို့ကို ထွက်သွားခွင့်ပေးလိုက်ရင်ရော ဘယ်လိုလဲ။”
ဩရှရှအသံနှင့်လူက အသံနက်ကြီးဖြင့် ပြောလိုက်သည်။
သူသည် ရှောင်းယီအား သူ၏စွမ်းရည်ထက်ကျော်လွန်ပြီး ခြိမ်းခြောက်ခြင်းမပြုခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ယီရန်ပင်းထံတွင်လည်း ကျိမိသားစုထံမှ ညှစ်ယူခဲ့သော ရူးသိပ်ဆေးရှိကြောင်း သူသိထားသောကြောင့်ဖြစ်သည်။
“ခုနက ငါ မင်းကို အခွင့်အရေးတစ်ခုပေးခဲ့ပြီးပြီ။ အခုတော့ ငါ့ကို စိတ်ဝင်စားစရာကောင်းတဲ့အရာတစ်ခုခုကို မပြနိုင်ရင် အကျုံးမဝင်တော့ဘူး။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
“တစ်ယောက်ကို အုတ်မြစ်ကျောက် ၅၀၊ အဆင်ပြေလား။”
ထိုဩရှရှအသံနှင့်လူက ပြောလိုက်သည်။
ရှောင်းယီက ခေါင်းခါလိုက်၏။
“အခု လူတိုင်းမှာ အုတ်မြစ်ကျောက်တွေ အများကြီးရှိတယ်။ ဒီပမာဏနည်းနည်းလေးက ငါ့ကို စိတ်ဝင်စားအောင် မလုပ်နိုင်ဘူး။”
“ယီရန်ပင်း အခု ငါတို့မှာ ပစ္စည်းကောင်းတွေမရှိဘူး။ ငါတို့ပြန်သွားပြီးနောက်မှ မင်းကို တောင်းပန်မယ်ဆိုရင်ရော ဘယ်လိုလဲ။”
“ငါတို့က ကလေးတွေမဟုတ်တော့ဘူး။ မင်းပြန်သွားပြီးတဲ့နောက် မင်းကို ငါဆက်ပြီးရှာနိုင်ဦးမှာလား။”
ရှောင်းယီက ပြောလိုက်သည်။
“ဒီလိုဆိုရင်ရော မင်းခုနက ထုတ်လိုက်တဲ့ဆေးတွေကို ငါစိတ်ဝင်စားတယ်။ အားလုံးပေးလိုက်။ ပြီးရင် မင်းတို့ ထွက်သွားလို့ရပြီ။”
ဩရှရှအသံနှင့်လူ၏မျက်ခုံးများ ပိုမိုနက်ရှိုင်းစွာ တွန့်ခေါက်သွားခဲ့သည်။ သူတို့ကျင်းမိသားစုမဟာမိတ်အဖွဲ့၏ ကျွန်းပေါ်တွင် ပေါက်လာသောနှင်းဂျင်ဆင်းပင်များမှာ အလွန်အကန့်အသတ်ရှိနေဆဲပင်။ ဤအကြိမ်တွင် သူတို့သည် တိုက်သစ်ကြီးကို စူးစမ်းရှာဖွေရန်အတွက် မဟာမိတ်အဖွဲ့မှ နှင်းဂျင်ဆင်းဆေးအားလုံးကို ယူဆောင်လာခဲ့ခြင်းဖြစ်သည်။ ဤကဲ့သို့ လက်လျှော့လိုက်ရမည်ကို အနည်းငယ် မလိုလားချေ။
“မင်းရဲ့အချိန်က အကန့်အသတ်ရှိတယ်။”
ရှောင်းယီက ရွှမ်းယွမ်ဓားကိုဆွဲထုတ်ကာ ပြောလိုက်သည်။
လ၏အလင်းရောင်အောက်တွင် ရွှမ်းယွမ်ဓား၏ဓားသွားမှာ အေးစက်သည့်အလင်းရောင်များ ရောင်ပြန်ဟပ်နေခဲ့သည်။
“ကောင်းပြီ ငါတို့ပေးမယ်။”
ဩရှရှအသံနှင့်လူက နောက်ထပ်တွန့်ဆုတ်မနေတော့ချေ။ သူတို့အဖွဲ့သည် ကျင်းမိသားစုမဟာမိတ်အဖွဲ့၏ အဆင့်မြင့်တိုက်ခိုက်ရေးအင်အားဖြစ်ပြီး ဤနေရာတွင်ဆုံးရှုံး၍မဖြစ်ပေ။
သူသည် သူ့ဆီတွင်ရှိသည့် နှင်းဂျင်ဆင်းဆေး အားလုံးကို ထုတ်ယူပြီး ပြောလိုက်သည်။
“ငါတို့မဟာမိတ်အဖွဲ့မှာ ဆေးလုံးခြောက်ခုပဲရှိတယ်။ ခုနကတစ်လုံးသုံးလိုက်ရတော့ ငါးလုံးပဲကျန်တော့တယ်။”
ရှောင်းယီက ထိုနှင်းဂျင်ဆင်းဆေးလုံးငါးလုံးကို ယူပြီး ပြန်ဖြေလိုက်သည်။
“ကောင်းပြီ မင်းတို့ အခုထွက်သွားလို့ရပြီ။”
အခန်း ၆၄၆: ချူဖုန်းမြို့ရေလွှမ်းမိုးခံရခြင်း၊ တည်နေရာကူးပြောင်းခြင်းအစီအရင်ကို ဘယ်လိုလုပ်ရမလဲ
ဩရှရှအသံနှင့်လူက ရှောင်းယီအား ကြည့်လိုက်ပြီး သူ့တို့ကို ဒီလောက်လွယ်လွယ်ကူကူဖြင့် ထွက်ခွာခွင့်ပေးလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
“ဘာမှားနေလို့လဲ ထွက်မသွားချင်ဘူးလား။”
ရှောင်းယီက မေးလိုက်သည်။
ထိုအခါ ဩရှရှအသံနှင့်လူက လက်သီးဆုပ်ကာ အရိုအသေပေးလိုက်ပြီး ချက်ချင်းပင် သူ့လူများကို ခေါ်ဆောင်ကာ ထွက်ခွာသွားတော့လေသည်။
“သူတို့ကို ဒီတိုင်းထွက်သွားခွင့်ပေးလိုက်တော့မလို့လား။”
ကျန်းယွင်ထျန်းက ဘေးမှနေ၍ မေးလိုက်သည်။
ရှောင်းယီသည် သူ့လက်ထဲရှိ နှင်းဂျင်ဆင်းဆေးကိုကြည့်ပြီး ပြန်ဖြေလိုက်သည်။
“သူတို့က အစကတည်းက ငါတို့အသက်ကိုယူဖို့ ရည်ရွယ်ချက်မရှိဘူး။ မဟုတ်ရင် သူတို့ထွက်ပြေးနိုင်မှာမဟုတ်ဘူး။ သူတို့မှာ ပန်းအပ်မုန်တိုင်းလို လူသတ်လက်နက်တွေရှိတယ်ဆိုရင် သူတို့(ကျင်း)သာ ချုံခိုတိုက်ခိုက်ခဲ့မယ်ဆိုရင် သူတို့ (အသက်ရှင်ကျန်ရစ်သူအဖွဲ့) အသက်ရှင်နိုင်မှာမဟုတ်ဘူး။”
ကျန်းယွင်ထျန်းက ခေါင်းညိတ်လိုက်သည်။ ထိုအဖွဲ့၏ခေါင်းဆောင်သည်လည်း အနည်းငယ်မှင်တက်သွားခဲ့ပြီး နောက်ဆုံးတွင်အမှန်တရားကို ဝန်ခံလိုက်ရသည်။
ကျင်းမိသားစုသည် ရတနာကို အမှန်တကယ်အစီအစဥ်ဆွဲခဲ့သော်လည်း ၎င်းတို့သည် တိုက်ရိုက်ချုံခိုတိုက်ခိုက်ခြင်းမျိုး မပြုလုပ်ခဲ့ချေ။ ၎င်းတို့၏အပြုအမူများမှတစ်ဆင့် အခြေအနေတစ်ခုလုံးကို ကြည့်မည်ဆိုပါက ၎င်းတို့၏သဘောထားကို ဆုံးဖြတ်၍ရနိုင်ပေသည်။
“ပြီးတော့ သူတို့လည်း အပြစ်ပေးခံရပြီးပြီပဲ။”
ရှောင်းယီက ဖြည့်စွက်ပြောလိုက်သည်။
ယခင်က ထိုကန်ချက်သည် ကျင်းယွီကို ဆယ်ရက်မှ နှစ်ပတ်ခန့်အထိ အိပ်ယာထဲတွင် ထားနိုင်လိမ့်မည်ဖြစ်သည်။
လူတိုင်း သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။
ရှောင်းယီက ထိုအဖွဲ့၏အဖွဲ့ခေါင်းဆောင်ကို ကြည့်ကာ ဆက်ပြောလိုက်သည်။
“အရင်ကပြောခဲ့တဲ့အတိုင်းပဲ စွမ်းအင်ပုံဆောင်ခဲဆိုတာ သူ့ရဲ့နာမည်အတိုင်း စွမ်းအင်ပေးဖို့ပဲ။ လက်ရှိအချိန်မှာ ငါသိတဲ့အသုံးပြုတဲ့နည်းလမ်းက တည်နေရာကူးပြောင်းခြင်းအစီအရင်ပေါ်မှာပဲ။”
“တည်နေရာကူးပြောင်းခြင်းအစီအရင်လား။”
ထိုအဖွဲ့ခေါင်းဆောင်က အံ့အားသင့်စွာမေးလိုက်သည်။
“ဒီလိုအရာမျိုးလည်း ရှိတယ်ပေါ့။”
ရှောင်းယီ ချူဖုန်းမြို့အား သိမ်းပိုက်ပြီးနောက် တည်နေရာကူးပြောင်းခြင်းအစီအရင်ရှိရာနေရာကို ပိတ်ထားလိုက်သည့်အတွက် အပြင်ဘက်လောက၊က အခြေခံအားဖြင့် ထိုအကြောင်းကို မသိကြပေ။ ဂျေဘီဆီမှ အုတ်မြစ်ကျောက်ကို ညှစ်ထုတ်ချင်ခဲ့သည့်နောက်ဆုံးအကြိမ်တွင်သာ ထိုသတင်းအချက်အလက်ကို သူ့ကိုဖွင့်ဟခဲ့ခြင်းဖြစ်သည်။
အခြားလူအများစုမှာ ထိုအကြောင်း မသိရသေးချေ။
ရှောင်းယီက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ဟုတ်တယ်။ ဒီတိုက်ကြီးက အရမ်းကြီးမားကျယ်ပြန့်တယ်ဆိုတာ မင်းလည်းမြင်ပြီးပြီပဲ။ ခြေထောက်နှစ်ချောင်းကိုပဲ မှီခိုနေရရင် မြို့တွေက တစ်သက်လုံး သေဆုံးတဲ့ချိန်အထိ ဆက်သွယ်နိုင်မှာတောင်မဟုတ်ဘူး။ အဲ့ဒါကြောင့် တည်နေရာကူးပြောင်းခြင်းအစီအရင်ရှိတာက အရမ်းထူးဆန်းတာတော့မဟုတ်ဘူး။”
အဖွဲ့ခေါင်းဆောင်က ခေါင်းညိတ်လိုက်သည်။
“အခု မင်းဆီမှာ တည်နေရာကူးပြောင်းခြင်းအစီအရင်မရှိဘူးဆိုရင် ဒီအရာက မင်းလက်ထဲမှာ အသုံးမဝင်ဘူး။”
ရှောင်းယီက ဆက်ပြောလိုက်သည်။
“နားလည်ပါပြီ။ ဒါပေမယ့် ဒီကိစ္စက အရမ်းအရေးကြီးပြီး ကျုပ်တစ်ယောက်တည်း ဆုံးဖြတ်လို့မရဘူး။ မဟာမိတ်အဖွဲ့ထဲက လူတွေနဲ့ ဆွေးနွေးဖို့လိုတယ်။”
အဖွဲ့ခေါင်းဆောင်က ပြန်ပြောလိုက်သည်။
“ဒါပေါ့ မင်းလုပ်သင့်ပါတယ်။ ဆွေးနွေးပြီးလို့ ရလဒ်ထွက်လာခဲ့ရင် ငါ့ဆီကိုဆက်သွယ်လိုက်ပါ။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် သူဌေး။”
အဖွဲ့ခေါင်းဆောင်က ပြန်ဖြေလိုက်သည်။
“စကားမစပ် သူဌေး ကျုပ်နာမည်က လျူယွမ်လုံပါ။ ကောင်းကင်ပျံမဟာမိတ်အဖွဲ့ကပါ။”
“ကောင်းပြီ အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”
ရှောင်းယီက ပြုံးကာပြောလိုက်သည်။
လျူယွမ်လုံနှင့် သူ၏အဖွဲ့ ထွက်ခွာသွားပြီးနောက် ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“ငါ့အထင်တော့ သူတို့က ငါတို့နဲ့ အလွယ်တကူ ပူးပေါင်းမှာမဟုတ်ဘူး။”
“ဒါက သဘာဝကျပါတယ်။ အခု ဒီဟာက အရေးကြီးတယ်ဆိုတာ သူတို့သိသွားမှတော့ သူတို့က ဒီသတ္တုကြောကို သူတို့ကိုယ်တိုင်တူးဖော်ထုတ်လုပ်အောင် လုပ်လိမ့်မယ်။ ငါတို့ နောက်ထပ်ခဏလောက်တော့ ဆက်ထိန်းထားနိုင်ပါသေးတယ်။ တခြားစွမ်းအင်ပုံဆောင်ခဲရင်းမြစ်တွေကို ရှာလို့ရတယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ငါယုံကြည်တယ်။ ဒီကမ္ဘာက ငါတို့ကို အခြားစွမ်းအင်ပုံဆောင်ခဲရင်းမြစ်တွေ ပေးလိမ့်မယ်။ ဘာပဲပြောပြော ငါတို့မှာ ဒီအရာမရှိရင် နေရာအမျိုးမျိုးကို ဘယ်လိုသွားမလဲ။ အဲ့လိုနေရာတွေကို သွားလို့မရဘူးဆိုရင် ဒီနေရာတွေက ဘာအဓိပ္ပါယ်မှ ရှိတော့မှာမဟုတ်ဘူး။”
ကျန်းယွင်ထျန်းသည်လည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
ထို့နောက် လူတိုင်းသည် အနီးအနားရှိ ရတနာသေတ္တာများကို ဆက်လက်ရှာဖွေခဲ့ကြသော်လည်း မကြာမီတွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိသွားခဲ့ကြသည်။ အသက်ရှင်ကျန်ရစ်အဖွဲ့များနှင့် တွေ့ဆုံရမှုနှုန်းသည် ပိုမိုမြင့်မားလာခဲ့သည်။
“ဘာတွေဖြစ်နေတာလဲ။ သူတို့တွေအကုန်လုံးက ငါတို့နယ်မြေအတွင်းပိုင်းထဲကို နက်နက်ရှိုင်းရှိုင်း ရောက်နေကြတာလား။”
ရှောင်းယီက မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။
“နောက်တစ်ဖွဲ့ ထပ်ရောက်လာပြန်ပြီ။ ငါသွားမေးလိုက်မယ်။”
ကျန်းယွင်ထျန်းက ထိုသို့ပြောလိုက်ပြီး ချက်ချင်းပင် ချဉ်းကပ်လာသောအဖွဲ့ဆီသို့ သွားကာမေးလိုက်သည်။
“မင်္ဂလာပါ၊ ကျုပ်တို့က ယီရန်ပင်းမဟာမိတ်အဖွဲ့ကပါ။ ခင်ဗျားတို့မဟာမိတ်အဖွဲ့တွေအားလုံး တောနက်ပိုင်းထဲကို ရောက်လာကြတာလားလို့ မေးပါရစေ။”
“အာ ခင်ဗျားက ယီရန်ပင်းမဟာမိတ်က အဖွဲ့လား။”
တစ်ဖက်လူက အလွန်အံ့အားသင့်သွားခဲ့သည်။
“အပြင်ဘက်နယ်မြေတွေက ပင်လယ်ရေနဲ့ လွှမ်းမိုးနေပြီ။ အဲ့ဒါကြောင့် ကျုပ်တို့ ပိုပြီးနက်ရှိုင်းတဲ့နေရာကို ရွှေ့ပြောင်းဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး။ ယီရန်ပင်းသူဌေးက လှေငယ်လေးတွေကို တည်နေရာကူးပြောင်းမှုအမှတ်အဖြစ် အသုံးပြုခွင့်ပေးခဲ့တာကို ကျေးဇူးတင်ရမယ်။ မဟုတ်ရင် ကျုပ်တို့ ပြန်ဆုတ်ခဲ့ရတာ တော်တော်ကြာလောက်ပြီ။ သင်္ဘောကြီးတွေက အခုဝင်လို့မရဘူး။ ကျုပ်တို့လည်း ဒီတိုက်ကြီးထဲမှာ ပိတ်မိမနေချင်ဘူးလေ။”
“ရေက ဒီလောက်မြန်မြန်လွှမ်းမိုးခံလိုက်ရပြီလား။ သင်္ဘောကြီးတွေ ဝင်လို့မရဘူးလား။”
ကျန်းယွင်ထျန်းက အတည်ပြုလိုက်သည်။
“ဟုတ်တယ်။ ကျုပ်တို့ဆီကနေ ကီလိုမီတာ ၁၀ လောက်မှာ အကုန်လုံးက ပင်လယ်ရေတွေချည်းပဲ။ ဒါပေမယ့် ဒီကပင်လယ်ရေက အုတ်မြစ်ကျောက်တွေကို တိုက်စားတာနဲ့မတူဘူး။ အုတ်မြစ်ကျောက်တွေကို တိုက်စားတာက ပြီးသွားရင် ပျောက်ကွယ်သွားတာ။ ဒီမှာတော့ ရေလွှမ်းမိုးခံလိုက်ရပေမယ့် မြေကြီးက ရှိနေတုန်းပဲ။ ဒါပေမယ့် လက်ရှိရေအနက်က သင်္ဘောကြီးတွေရဲ့ ရေဆွဲအနက်နဲ့ မကိုက်ညီဘူး။ ပြီးတော့ သူတို့ဝင်လာတာနဲ့ တစ်ခါတည်းသောင်တင်သွားလိမ့်မယ်။”
ထိုလူက ရှင်းပြလိုက်သည်။
ဘေးတစ်ဖက်တွင်ရှိနေသော ရှောင်းယီသည် ထိုလူ၏ရှင်းပြချက်ကို ကြားလိုက်ရပြီးနောက် တွေးလိုက်မိသည်။
“ချူဖုန်းမြို့မှာရှိတဲ့လူတွေကို ရွှေ့ပြောင်းပြီးပြီလားမသိဘူး။ ဟုတ်သားပဲ တည်နေရာကူးပြောင်းခြင်းအစီအရင်လည်းရှိသေးတယ်။”
ထိုအကြောင်းကို တွေးမိလိုက်ပြီးနောက် ရှောင်းယီက ပြောလိုက်သည်။
“မင်းတို့ ဆက်ရှာထားကြ။ ဒေသခံအဖွဲ့တွေနဲ့ တွေ့ရင် ချက်ချင်းဆုတ်ခွာလာခဲ့။ သူတို့ကို စမ်းသပ်ပြီး ဒုက္ခမခံနဲ့။”
“ဟုတ်ကဲ့”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
ထို့နောက် ရှောင်းယီသည် အာခါတက်ကေးမြင်းကို ချူဖုန်းမြို့ဆီသို့ဦးတည်ကာ စီးသွားခဲ့သည်။ ၁၀ မိုင်အောက်အကွာအဝေးကို စီးလာခဲ့ပြီးနောက် ရေပြင်ကျယ်ကြီးတစ်ခုကို မြင်လိုက်ရလေသည်။
ပင်လယ်ရေသည် မနက်ရှိုင်းသော်လည်း အာခါတက်ကေးမြင်းသည် ဆက်မပြေးနိုင်တော့ချေ။ တည်နေရာကူးပြောင်းခြင်းအမှတ်အဖြစ် အသုံးပြုသည့် လှေငယ်လေးများသည်လည်း အုပ်စုကွဲသွားပြီး ဤဘက်သို့ လှော်ခတ်လာနေကြသည်။
အသက်ရှင်ကျန်ရစ်သူများစွာ စီးနင်းဝင်ရောက်လာမှုသည် ပင်လယ်ရေမြင့်တက်လာမှုကို ပိုမိုမြန်ဆန်စေသည်ကို ရှောင်းယီသိထားသော်လည်း ဤမျှမြန်ဆန်လိမ့်မည်ဟုတော့ သူမမျှော်လင့်ခဲ့ချေ။
“ကျွန်းပိုင်ရှင်”
ရုတ်တရက် အဝေးမှ ရှုံးတိ၏အသံကို ကြားလိုက်ရသည်။ ရှောင်းယီသည် ရေစပ်တစ်လျှောက် သူ့ဆီသို့ လမ်းလျှောက်သွားခဲ့သည်။
ရှုံးတိ၏လှေပေါ်သို့ တက်လာပြီးနောက် ရှောင်းယီသည် အရင်ဆုံး အာခါတက်ကေးမြင်းကို ကျွန်းသို့ပြန်ပို့ကာ မေးလိုက်သည်။
“ချူဖုန်းမြို့က လူတွေနဲ့ပစ္စည်းတွေကို ရွှေ့ပြောင်းပြီးပြီလား။”
“အားလုံး ရွှေ့ပြောင်းပြီးပါပြီ။ အခုတော့ ရေလွှမ်းခံထားရပါတယ်။”
ရှုံးတိက ပြန်ဖြေလိုက်သည်။
“တည်နေရာကူးပြောင်းခြင်းအစီအရင်ရော....။”
ရှောင်းယီက မေးလိုက်သည်။
“ဒီအကြောင်းကို ရှီခုန်းနဲ့ ကျုပ်ဆက်သွယ်ခဲ့တယ်။ တည်နေရာကူးပြောင်းခြင်းအစီအရင်ကို ရွေ့လို့မရဘူး။ ရွေ့လိုက်ရင် တည်နေရာကူးပြောင်းခြင်းအစီအရင်ရဲ့ တည်နေရာကူးပြောင်းတဲ့လုပ်ဆောင်ချက်ကို ဖျက်ဆီးမိလိမ့်မယ်လို့ သူကပြောတယ်။ လက်ရှိအချိန်မှာ သူက အစီအရင်ကို တည်ဆောက်လို့မရသလို ပြင်ဆင်လို့လည်းမရပါဘူး။”
ရှူံတိက ပြန်ဖြေလိုက်သည်။
“ဒါဆို တည်နေရာကူးပြောင်းခြင်းအစီအရင်က ရေမြုပ်သွားပြီလို့ ဆိုလိုတာလား။”
ရှောင်းယီက မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။
“ဟုတ်ကဲ့ ဒါပေမယ့် ရှီခုန်းက ရေမြုပ်သွားရင်တောင် တည်နေရာကူးပြောင်းတဲ့လုပ်ဆောင်ချက်ကို အသုံးပြုနိုင်တယ်လို့ ပြောပါတယ်။”
ရှုံးတိက ပြောလိုက်သည်။
“ကောင်းတယ်”
ဤသတင်းကိုကြားလိုက်ရသောအခါ ရှောင်းယီသည် နောက်ဆုံးတွင် စိတ်အေးသွားခဲ့သည်။ အများဆုံးအနေဖြင့် ရေသူမများနည်းတူ တည်နေရာကူးပြောင်းသည့်အကြိမ်တိုင်း ရေငုပ်သွားရန်သာ လိုအပ်ပေသည်။
“ငါ့ တစ်ချက်လောက်လိုက်ပြပါဦး။”
ရှောင်းယီသည် အနည်းငယ်စဉ်းစားကြည့်လိုက်ပြီးနောက် သွားကြည့်ရန် ပြင်လိုက်သည်။
ရှုံးတိသည် ကျွန်းအထိန်းအမှတ်ကျောက်တိုင်မှတစ်ဆင့် သစ်သားလှေငယ်လေးတစ်စင်းကို လဲလှယ်ပြီး ရှောင်းယီအား မူလချူဖုန်းမြို့တည်ရှိရာသို့ ခေါ်ဆောင်သွားခဲ့သည်။
သစ်သားလှေငယ်လေးကို သဘာဝအတိုင်း ကျန်းယွင်ထျန်းနှင့် အခြားသူတွေကို တွေ့ဆုံရန်အတွက် ဤနေရာတွင် ထားရဦးမည်ဖြစ်သည်။
ရှောင်းယီတို့ ချူဖုန်းမြို့ရှိရာသို့ ပြန်ရောက်သောအခါ ချူဖုန်းမြို့ရှိ အဆောက်အအုံများသည် ခေါင်မိုးများကိုသာ မြင်နိုင်တော့လေသည်။
“ဒီပင်လယ်ရေက အရမ်းကြမ်းလွန်းတယ်။”
ရှောင်းယီက ထပ်မံသက်ပြင်ချလိုက်မိပြန်သည်။
တည်နေရာကူးပြောင်းခြင်းအစီအရင်တည်ရှိရာ အပေါ်ဘက်တွင် သစ်သားလှေငယ်လေးများ ရပ်နားထားပြီး ရှောင်းယီတို့ ရောက်လာကြောင်း မြင်လိုက်ရသောအခါ ရှီခုန်းသည် ချက်ချင်းပေါ်လာကာ ပြောလိုက်သည်။
“ကျွန်းပိုင်ရှင် အခုချိန်မှာ တည်နေရာကူးပြောင်းခြင်းအစီအရင်ကို ထပ်ပြီးအသက်သွင်းမယ်ဆိုရင် ကြာရှည်ခံတော့မှာမဟုတ်ဘူး။”
“ဘာလို့လဲ”
ရှောင်းယီ တုန်လှုပ်သွားခဲ့သည်။
“ရေမြုပ်သွားပြီးတဲ့နောက် အစီအရင်ရဲ့ တည်နေရာကူးပြောင်းခြင်းစွမ်းရည်က ကျန်နေသေးတယ်ဆို။ အဲ့ဒါက ထိခိုက်သွားလို့လား။”
“မဟုတ်ပါဘူး။ အဓိကအကြောင်းရင်းက ရေအောက်မှာဆိုရင် ကျုပ် အကြာကြီးတောင့်မခံနိုင်လို့ပါ။”
ရှီခုန်းက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။