အဝါရောင် မြူ
Vol. 72 Ch. 755
ကူးတို့သင်္ဘော ငှားရမ်းခကို ကောင်းကင်တာအို ကျောက်စိမ်း ခရစ်စတယ် ဖြင့် ရှင်းကြရသည်။
သတ်မှတ်ထားသော ဈေးနှုန်းမရှိဘဲ ညှိနှိုင်း၍ ရသလောက်သာ ဖြစ်သည်။
သွားမည့်သူ နည်းပါက ဈေးလျှော့ပေးတတ်ပြီး သွားမည့်သူ များပါကမူ ဈေးကို စိတ်ကြိုက် တင်တောင်းတတ်ကြရာ အမြင့်ဆုံးဈေး ဟူ၍ မရှိပေ။
ယနေ့ ဆိပ်ကမ်းတွင် စောင့်ဆိုင်းနေသော လူဦးရေကို ကြည့်ခြင်းအားဖြင့် ဈေးနှုန်းမှာ နိမ့်လိမ့်မည် မဟုတ်သည်မှာ သေချာသည်။
သို့သော် ထန်ထျန်းအတွက်မူ မည်သည့်ဈေးနှုန်းမဆို ကိန်းဂဏန်းတစ်ခုမျှသာ ဖြစ်သည်။
ရှင်းယူ၏ ဦးဆောင်မှုဖြင့် ထန်ထျန်းတို့ နှစ်ဦးမှာ ကူးတို့သင်္ဘော တစ်စင်း၏ ရှေ့သို့ ရောက်ရှိလာခဲ့ကြသည်။
သင်္ဘောပေါ်မှ ကူးတို့သမားမှာလည်း အစွမ်းထက်သော ကျိတာအိုအရှင် တစ်ဦးပင် ဖြစ်သည်။
ယွမ်ဟိုင်တွင် နှစ်ရှည်လများ နေထိုင်ခဲ့သောကြောင့် ဖြစ်နိုင်သည်၊ သူ၏ ကိုယ်ပေါ်တွင် ယွမ်ဟိုင်၏ ထူးခြားသော အော်ရာ များ ကပ်ညှိနေပြီး တစ်ကိုယ်လုံးမှာ ကြည့်ရသည်မှာ မှောင်မှောင်မည်းမည်းနှင့် အေးစက်စက် နိုင်လှသည်။
သို့သော် ရှင်းယူကို မြင်လိုက်ရသည့်အခါတွင်မူ သူက ဦးစွာ နှုတ်ဆက်လိုက်သည်။
“မိတ်ဆွေ... ဒီနေ့ ပင်လယ်ထွက်မလို့လား”
သူက မေးလိုက်သည်။
ရှင်းယူက ခေါင်းခါပြပြီး ထန်ထျန်းကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ “ငါ့သူငယ်ချင်း ပင်လယ်ထွက်မလို့ပါ”
ကူးတို့သမားက မျက်ခုံးအသာပင့်ပြီး မေးသည်။ “သူငယ်ချင်းဟောင်းလား”
ရှင်းယူက အလေးအနက်ဖြင့် ဖြေလိုက်သည်။ “သူငယ်ချင်းအရင်း ”
ကူးတို့သမားက ချက်ချင်း သဘောပေါက်သွားပြီးနောက် ရယ်ကာ ဆိပ်ကမ်းဘေးရှိ လူအုပ်ကြီးကို ကြည့်ရင်း ပြော၏။ “ဒါဆိုရင်တော့ မိတ်ဆွေ လာတာ အချိန်မတော်ဘူးပဲ”
“လူတွေ ဒီလောက်များနေတာ၊ ငါလည်း အမြတ်လေး ဘာလေး ရအောင် စောင့်နေတာလေ”
ရှင်းယူ မျက်မှောင်ကြုတ်သွားသည်၊ ကြည့်ရသည်မှာ အကျိုးအမြတ် အရှေ့တွင် သူ၏ မျက်နှာမှာ သိပ်ပြီး အရာမထင်လှပေ။
ဘေးနားရှိ ထန်ထျန်းကလည်း သူတို့ကြားမှ စကားဝှက်များကို အကြမ်းဖျင်း နားလည်လိုက်သဖြင့် ပြော၏။ “ဘာမှ စဉ်းစားမနေနဲ့”
“ကျသင့်သလောက် ပေးမယ်”
ကူးတို့သမားက ချက်ချင်း ပြုံးသွားပြီး ထန်ထျန်းကို လက်မထောင်ပြလိုက်သည်။
“ရှင်းယူ... မင်းရဲ့ ဒီသူငယ်ချင်းအရင်း က မင်းထက် အများကြီး ပိုပြီး ပြတ်သားတာပဲကွ”
ရှင်းယူမှာ အနည်းငယ် မကျေမနပ် ဖြစ်သွားသည်၊ သူ၏ အဆက်အသွယ်များကို သုံးပြီး ထန်ထျန်းအပေါ် အထင်ကြီးစရာ ကောင်းအောင် လုပ်ပေးချင်သော်လည်း ထန်ထျန်းက ထိုသို့ ပြောလိုက်မှတော့ သူလည်း ဆက်ပြီး ဇွတ်မလုပ်တော့ပေ။
“ဘယ်လောက်လဲ”
သူက အေးစက်စက် မေးလိုက်သည်။
ကူးတို့သမားက ခဏစဉ်းစားပြီး လက်ချောင်း နှစ်ချောင်း ထောင်ပြလိုက်သည်။
“နှစ် ဘီလီယံ”
ရှင်းယူ မျက်လုံး ပြူးသွားပြီး “မင်း...”
“ဟုန်ကျန်း... မင်း လွန်နေပြီနော်”
ဤဈေးနှုန်းမှာ ရှင်းယူ ခန့်မှန်းထားသည်ထက် သိသိသာသာ ပိုနေသည်။
သို့သော် ကူးတို့သမားက ဂရုမစိုက်ဘဲ “မင်းလည်း သိတာပဲ၊ အခုတလော ဈေးတွေ တက်နေတာလေ”
“ပြီးတော့ ဒီနေ့ လာတဲ့လူက ဒီလောက်များတာ၊ နှစ် ဘီလီယံ ဆိုတာ မင်းမျက်နှာကို ကြည့်ပြီး ပေးတဲ့ သင့်တော် တဲ့ ဈေးနှုန်းပဲ"
"ခုနက တစ်ယောက်က ၁.၉ ဘီလီယံ ပေးတာတောင် ငါ အဖက်မလုပ်ခဲ့ဘူး”
ရှင်းယူ မျက်လုံးများ မည်းမှောင် ဖြစ်သွားပြီး တစ်ခုခု ထပ်ပြောချင်သော်လည်း ထန်ထျန်းက ကြားဖြတ် ပြောလိုက်သည်။
“ရတယ်”
“နှစ်ဘီလီယံ ဆိုလည်း နှစ်ဘီလီယံ ပေါ့ ”
ကူးတို့သမား မှင်တက်သွားပြီးမှ ဟားဟားတိုက် ရယ်မောလေတော့သည်။
“ဒီမိတ်ဆွေကတော့ တကယ့်ကို ပြတ်သားတာပဲ”
“ရှင်းယူ... မင်း တကယ်ကို မင်းသူငယ်ချင်းဆီက သင်ယူသင့်တယ်၊ အမြဲတမ်း အဲ့ဒီလောက် တွန့်တိုမနေနဲ့”
“ပိုက်ဆံပေးလိုက်တော့၊ ဒီသင်္ဘောက မင်းတို့အတွက်ပဲ”
ထန်ထျန်းက ဘာမှ ထပ်မပြောဘဲ ကျောက်စိမ်း ခရစ်စတယ် နှစ်ဘီလီယံ ကို ထုတ်ပေးလိုက်ရာ ကူးတို့သမားက ဝမ်းသာအားရ သိမ်းဆည်းလိုက်သည်။
သို့သော် ရှင်းယူမှာ မကျေမနပ် ဖြစ်နေဆဲ ဖြစ်ရာ ထန်ထျန်းကို “အရှင်... နှစ်ဘီလီယံ က တကယ်ကို များလွန်းတယ်”
“သူက ဈေးကို စိတ်ကြိုက် တောင်းနေတာ”
“ကျွန်တော့်ကို သူ့နဲ့ ထပ်ညှိနှိုင်းခွင့်ပေးပါ၊ ဈေးနည်းနည်း ထပ်ချလို့ ရမှာ”
ထန်ထျန်းက လက်ကာပြပြီး မလိုကြောင်း ပြောလိုက်သည်။
ဘီလီယံ အနည်းငယ် လျော့သွားခြင်းမှာ သူ့အတွက် မည်သည့် အဓိပ္ပာယ်မှ မရှိသဖြင့် စကားအများကြီး မပြောချင်တော့ပေ။
ဒါကို မြင်တော့ ရှင်းယူလည်း ဘာမှ ထပ်မပြောတော့ပေ၊ သို့သော် ကူးတို့သမားက သူ၏ မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ ခံစားရသဖြင့် အရင်ကကဲ့သို့ မယဉ်ကျေးတော့ပေ။
ထို့နောက် နှစ်ဦးသားမှာ ပင်လယ်ထွက်မည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။
စောင့်ဆိုင်းနေစဉ်အတွင်း အခြားသော လူအုပ်စု အချို့လည်း ကူးတို့သမားနှင့် လာရောက် ညှိနှိုင်းကြသော်လည်း နှစ်ဘီလီယံ ဆိုသည့် ကိန်းဂဏန်းကို ကြားပြီးနောက် အားလုံး ခေါင်းခါကာ ထွက်သွားကြသည်။
ဤဈေးနှုန်းမှာ အမှန်တကယ်ပင် မြင့်လွန်းလှသည်။
အကယ်၍ တစ်စုံတစ်ယောက်က ပိုမြင့်သော ဈေးပေးလျှင် မည်သို့ဖြစ်မည်နည်းဟု ထန်ထျန်းက ရှင်းယူကို မေးကြည့်သည်။
ရှင်းယူက ဤနေရာမှ စည်းကမ်းမှာ ဈေးပိုပေးသူ ရခြင်းဖြစ်ကြောင်း၊ တစ်ခုခုဆိုလျှင် ဈေးထပ်တင်ရမည်ဖြစ်ပြီး သို့မဟုတ်ပါက ကူးတို့သမားထံမှ ပိုက်ဆံပြန်ယူကာ ထွက်သွားရုံသာ ဖြစ်ကြောင်း ရှင်းပြသည်။
လိမ်လည် အကွက်ချခြင်းမျိုးတော့ မရှိပေ။
သို့သော် အစမှ အဆုံးအထိ နှစ်ဘီလီယံ ထက် ပိုပေးသူ ပေါ်မလာခဲ့ပေ။
တစ်နာရီကျော် ကြာပြီးနောက် ရှေ့ရှိ ယွမ်ဟိုင်တွင် ရုတ်တရက် လှုပ်ခတ်မှုတစ်ခု ဖြစ်ပေါ်လာသည်။
ထန်ထျန်း မော့ကြည့်လိုက်ရာ ယွမ်ဟိုင် အထက်ရှိ ထူးဆန်းသော အော်ရာများမှာ ရုတ်တရက် လျင်မြန်စွာ လျော့ပါးသွားသည်ကို တွေ့လိုက်ရသည်။
မကြာမီမှာပင် ခုနကရှိနေသည့် ပမာဏ၏ ဆယ်ပုံတစ်ပုံခန့်သာ ကျန်ရှိတော့သည်။
ဤအခြေအနေမျိုးတွင် ကူးတို့သင်္ဘောပေါ်ရှိ အစီအရင်မှာ အနည်းဆုံး နာရီပေါင်းများစွာ ခံနိုင်ပေလိမ့်မည်။
“အချိန်ကျပြီ”
“မြန်မြန် ပင်လယ်ထွက်ရအောင်”
ရှင်းယူက ကူးတို့သမားကို ပြောလိုက်သည်။
သို့သော် ကူးတို့သမားက မည်သည့် လှုပ်ရှားမှုမှ မလုပ်ပေ။
“မင်းတို့က တစ်ယောက်တည်း သွားမှာလား၊ ဒါမှမဟုတ် နှစ်ယောက်လုံးလား”
သူက အေးအေးဆေးဆေး မေးလိုက်သည်။
ရှင်းယူ မျက်မှောင်ကြုတ်ကာ “ဒါက ဘာကွာလို့လဲ”
“ပိုက်ဆံမှ ပေးပြီးသားပဲကို”
ကူးတို့သမားက ဟက်ခနဲ ရယ်ပြီး “ဒါကတော့ ကွာတာပေါ့”
“တစ်ယောက်ဆို တစ်ယောက်ဈေး၊ နှစ်ယောက်ဆိုတော့ သေချာပေါက် နှစ်ယောက်စာ ဈေးပေါ့”
ရှင်းယူ မျက်ခုံးများ ထောင်တက်သွားပြီး “အရင်က ဒီလို စည်းကမ်းမျိုး မရှိပါဘူး”
ကူးတို့သမားက မျက်နှာမပျက်ဘဲ “အခု ရှိသွားပြီ”
“ငါ့ရဲ့ စည်းကမ်းက ဒီအတိုင်းပဲ”
“ဒါမှမဟုတ်ရင် မင်းတို့ ၁၀ ဘီလီယံ ထပ်တိုးပေး၊ မဟုတ်ရင်လည်း တခြား ကူးတို့သင်္ဘောတွေကိုပဲ သွားရှာလိုက်တော့”
ရှင်းယူမှာ ဒေါသထွက်လွန်းသဖြင့် အသက်ရှူပင် ကျပ်ချင်လာသည်။
ယနေ့ လူများလွန်းသဖြင့် အခြားသင်္ဘောများမှာလည်း ဈေးညှိပြီးသား ဖြစ်ကာ ပင်လယ်ထွက်နေကြပြီ ဖြစ်ရာ အခြားသင်္ဘောကို မည်သို့ ရှာနိုင်တော့မည်နည်း။
ဒါက သိသိသာသာကြီး သူတို့ကို အကွက်ချ နှိပ်စက်နေခြင်း မဟုတ်ပါလား။
ထန်ထျန်းလည်း ကူးတို့သမား၏ အတွေးကို ရိပ်မိလိုက်သည်။
ဤလူက ထန်ထျန်း ပင်လယ်ထွက်ရန် အလျင်လိုနေသည်ကိုလည်း သိသည်၊ လက်လည်း ဖွာသည်ကို သိသဖြင့် အခွင့်ကောင်းယူကာ အမြတ်ထုတ်ချင်နေခြင်း ဖြစ်သည်။
အကယ်၍ အဆင်မပြေလျှင်လည်း အခြားလူများကို တင်ကာ ပင်လယ်ထွက်နိုင်သဖြင့် ဘယ်လိုပဲဖြစ်ဖြစ် သူကတော့ မြတ်နေမည်သာ။
သို့သော် ထန်ထျန်းက ဈေးမြင့်သည်ကို လက်ခံနိုင်သော်လည်း အရူးလုပ်ခံရခြင်းကိုမူ လက်မခံနိုင်ပေ။
လူကို အကွက်ချမည်ဆိုလျှင် နောက်ဆက်တွဲ ရလဒ်ကိုလည်း ခံနိုင်ရန် ပြင်ဆင်ထားသင့်သည်။
ယွမ်ဟိုင်အတွင်း၌ ကူးတို့သင်္ဘောတစ်စင်းကို ပျောက်ကွယ်သွားအောင် လုပ်ဖို့မှာ ထန်ထျန်းအတွက် လက်ဖျောက်တစ်ချက် တီးလိုက်ရသကဲ့သို့ လွယ်ကူလှသည်။
သို့သော်လည်း ထန်ထျန်းက သဘောတူလိုက်ရန် ပြင်လိုက်ချိန်မှာပင် နက်ရှိုင်းသော ခရုသင်းသံ တစ်ခုက ဆိပ်ကမ်းတစ်ခုလုံးသို့ ရုတ်တရက် ဟိန်းထွက်လာသည်။
ဆက်တိုက်ဆိုသလိုပင် နိမိတ်မကောင်းသော အဝါရောင်မြူ များမှာ ယွမ်ဟိုင် အနက်ပိုင်းမှ ပျံ့နှံ့လာပြီး ယွမ်ဟိုင် အထက်တစ်ခွင်လုံးကို လျင်မြန်စွာ ဖုံးလွှမ်းသွားတော့သည်။
ဒါကို မြင်တော့ ရှင်းယူက ရုတ်တရက် ဟားတိုက် ရယ်မောလေတော့သည်။
“ဟားဟားဟား...”
“မင်းလို ကောင်တွေ ဈေး တက်တောင်းနေဦးလေ”
“အဝါရောင်မြူ ရောက်လာပြီ မင်း ပင်လယ်ထွက်ချင်ရင်တောင် ထွက်လို့ မရတော့ဘူး”
“လူတွေကို အကွက်ချချင်သေးလား အိမ်မက်ပဲ မက်နေလိုက်”
“မြန်မြန် ပိုက်ဆံပြန်ပေး”
ယခုအခါ ကူးတို့သမားမှာလည်း မျက်နှာပျက်သွားသော်လည်း နောက်ဆုံးတွင် မတတ်သာဘဲ မူလက သိမ်းထားသော နှစ်ဘီလီယံ ကို ထုတ်ယူကာ ထန်ထျန်းကို ပြန်ပေးလိုက်ရသည်။
ထို့နောက် အရင်က ပင်လယ်ထွက်သွားသော ကူးတို့သင်္ဘောများအားလုံး ကမ်းခြေသို့ အလျင်အမြန် ပြန်လှည့်လာကြပြီး သင်္ဘောပေါ်မှ မီးများကို မှိတ်လိုက်ကြသည်ကို ထန်ထျန်း သတိပြုမိလိုက်သည်။
“ဒါက ဘာဖြစ်တာလဲ”
ထန်ထျန်းက မေးလိုက်သည်။
ရှင်းယူ၏ မျက်နှာပေါ်တွင် ခုနက အုံ့မှိုင်းမှုများ မရှိတော့ဘဲ ထန်ထျန်းကို ရှင်းပြသည်ယ “ဒါက အဝါရောင်မြူတွေ ပါ၊ တစ်လကို တစ်ကြိမ်လောက် ဖြစ်တတ်တယ်”
“အဲ့ဒါက အရာရာကို ဖြတ်တောက်ထားနိုင်တယ်၊ အဝါရောင်မြူ ရှိနေတဲ့အချိန်မှာ ဘယ်သူမှ ပင်လယ်မထွက်ရဲကြဘူး”
“အရှင်ကတော့ ကံမကောင်းဘူးပဲ”
“ဒါပေမဲ့ စိတ်ချပါ၊ မနက်ဖြန်ကျရင် ကျွန်တော် အရှင့်အတွက် သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ကူးတို့သင်္ဘော တစ်စင်း သေချာပေါက် ရှာပေးပါ့မယ်”
သူက ယနေ့ အကွက်ချခံရသည့် အမှားကို ပြန်လည် ကုစားချင်နေခြင်း ဖြစ်သည်။
ထန်ထျန်းက ခေါင်းညိမ့်ပြလိုက်သည်။
တစ်ရက် နောက်ကျခြင်းမှာ ကိစ္စမရှိပေ၊ သူ စောင့်နိုင်ပါသည်။
သို့သော် ထိုစဉ်မှာပင် ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းနေသော အဝါရောင်မြူ များကြားထဲမှ မီးအမြဲတမ်း လင်းနေသော ကူးတို့သင်္ဘော တစ်စင်းက အတွင်းဘက်မှ ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး နောက်ဆုံးတွင် ဆိပ်ကမ်းဘေး၌ ဆိုက်ကပ်လိုက်သည်ကို သူ ရုတ်တရက် မြင်လိုက်ရသည်။
ထိုသင်္ဘောမှာ အရင်က ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော သင်္ဘော ၁၆ စင်းထဲမှ တစ်စင်း မဟုတ်ပေ။
“အဲ့ဒီသင်္ဘောက ဘာလဲ”
ထန်ထျန်းက မေးလိုက်သည်။
ရှင်းယူက လှမ်းကြည့်လိုက်သော်လည်း ထိုသင်္ဘောကို မြင်လိုက်ရသည့် ခဏမှာပင် မျက်နှာ လုံးဝ ပျက်သွားတော့သည်။
“သွားပြီ ”
“ဒီနေ့က ဘာတွေ ဖြစ်နေတာလဲ၊ အဝါရောင် မြူ တင် မကဘူး၊ အဲ့ဒီအရာပါ ရောက်လာတယ်ပေါ့”
“အရှင်... ကျွန်တော်တို့ ဒီကနေ မြန်မြန် ထွက်သွားရအောင်”
သူက အလျင်အမြန် ပြောလိုက်သည်။
သို့သော် ထန်ထျန်းမှာမူ တစ်ခုခုကို စဉ်းစားနေပုံရသည်။
ထိုကူးတို့သင်္ဘောပေါ်မှ ပုံမှန်မဟုတ်သော အော်ရာတစ်ခုကို သူ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။