← Chapters

စကားပြောသော နောက်ခံ

Vol. 96 Ch. 951

စကားပြောသော နောက်ခံ

Vol. 96 Ch. 951

မည်သို့ပင်ဖြစ်စေ၊ ခရီးစဉ်ကတော့ စတင်နေပြီ ဖြစ်သည်။

ရှန်းယီက မည်သည့်အခါမျှလောဘမကြီးတတ်ပေ။ ထို့ကြောင့် သူက ကျားနဂါးကျမ်းစာကို အသုံးချလိုသည့် စိတ်ဆန္ဒကိုမကြာမီမှာပင် ထိန်းချုပ်လိုက်၏။

ခုနကအတွေ့အကြုံက သူ့အတွက်သတိပေးချက်တစ်ခုပင်။

ဤပြင်ပကျင့်ကြံခြင်းနည်းစနစ်များကစ အမှန်တကယ်ပင် ထိရောက်လှသည်။ ဟုန်ကျယ်တွင် မသေမျိုးနိယာမတစ်ခုကို ကျင့်ကြံနိုင်ရန် နှစ်ပေါင်းလေးသိန်းနီးပါးကြာမြင့်နိုင်ပြီး၊ ၎င်းမှာ အလွန်ပင် ခက်ခဲပင်ပန်းလှ၏။

သို့သော် ဤကျမ်းစာကိုလက်ဝယ်ရှိပါက၊ ထိုအချိန်ကာလအတွင်းမှာပင် တာအိုနယ်ပယ်မှ အစစ်အမှန် မသေမျိုး နှင့် နှိုင်းယှဉ်နိုင်သောနယ်ပယ်တစ်ခုထဲသို့ တိုက်ရိုက်တက်လှမ်းနိုင်သည်။

၎င်းသည် အမှန်တကယ်ပင် ဂိုဏ်းကြီးသုံးခု၏အမွေအနှစ်ဖြစ်ထိုက်ပေသည်။

သို့သော် အန္တရာယ်ကလည်း ဟန်ပြတစ်ခုမဟုတ်ခဲ့ပေ။

ခြေလှမ်းတစ်လှမ်းမှားရုံဖြင့် ထာဝရအသူရာ ချောက်နက်ထဲသို့ ကျဆင်းသွားနိုင်သည်။

တိတ်ဆိတ်သော အခန်းထဲတွင်...

ရှန်းယီက သူ၏နတ်ဝိညာဉ်ကို ကျင့်ကြံရန် မျက်လုံးများကို မှိတ်ထားလိုက်သည်။ သူ၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ထပ်မံထွက်ပေါ်လာပြီး၊ သူ၏လက်ဖဝါးထဲတွင် ကြွက်ကလေးတစ်ကောင်ကို ဆုပ်ကိုင်ထားကာ နတ်ဘုရားတစ်ပါး သို့မဟုတ် ဗုဒ္ဓတစ်ပါးကဲ့သို့ အသွင်အပြင်မျိုးရှိနေခဲ့၏။

ထိုပြီးပြည့်စုံလုနီးပါးဖြစ်နေသော မြင်ကွင်းတွင် ကြွက်ကလေး၏ထိတ်လန့်နေသော မျက်လုံးများကသာ အပြစ်အနာအဆာတစ်ခုကဲ့သို့ဖြစ်နေပါသည်။

'သူတို့ပြောသလိုပဲ ကပ်ဘေးဒုက္ခသုံးသွယ်ဆိုတာ ဒါပဲလား တစ်ရက်လေးတောင်မပိုမလိုဘဲပြီးသွားတာပဲလား။'

ဂိုဏ်းထဲက အတော်ဆုံးတပည့်တွေတောင် ကျမ်းစာရွတ်နေတဲ့အချိန်မှာ စိတ်လွင့်တဲ့ အခိုက်အတန့်တွေ ရှိနိုင်တယ်၊ ဒါပေမဲ့ သူကတော့ နှစ်ပေါင်းသိန်းချီတိုင်အောင် စိတ်အာရုံကိုမယိမ်းမယိုင်ဘဲ ထိန်းထားနိုင်ခဲ့တယ်။

ဒီလိုကြောက်စရာကောင်းတဲ့ အာရုံစူးစိုက်မှုက တကယ့်ကို ထူးခြားတဲ့ပါရမီပဲ။

သဘာဝအလျောက်မွေးဖွားလာတဲ့ ဒီဗုဒ္ဓသားတော်ရော၊ ငါ့ရဲ့သခင်ရော ဘယ်ကနေရောက်လာတာလဲ။

…

မသေမျိုးခုံရုံး ၊ အင်ပါရီယာမြင်းဇောင်းတွင်...

ခန့်ညားထည်ဝါသော ရွှေရောင်ခန္ဓာကိုယ်က မသေမျိုးရထားလုံးများကို ပုံမှန်အတိုင်းစစ်ဆေးနေသည်။

နောက်ဆုံးဖြစ်ရပ်ပြီးနောက်၊ သာမန် ခွန်အားကြီးစစ်သည်တော်များဖြစ်စေ၊ ဒု-အဆင့် နှင့် လက်ဆထာက်ကြီးကြပ်ရေးမှူးများဖြစ်စေ၊ အထက်လူကြီးကို ဖားနေကျစကားများအပြင် သူတို့၏ မက်လုံးများထဲတွင်ကြောက်ရွံ့မှုများစွာ ရှိနေသည်မှာ ထင်ရှား၏။

သေချာသည်မှာ၊ ဤကြောက်ရွံ့က မြင်း၏ကံကြမ္မာ ကိုယ်တိုင်ကိုရည်ရွယ်ထားခြင်း မဟုတ်ပေ။

၎င်းသည် ဤအထက်လူကြီးကြောင့် သူတို့ပါ မတော်တဆချောက်ထဲသို့ဆွဲချခံရပြီး မည်သည့်အခါမျှပြန်မတက်နိုင်တော့မည်ကို ကြောက်ရွံ့နေခြင်းသာဖြစ်ပါသည်။

ထိုအရာမှာ အမှန်တကယ်ကို... ကြောက်မက်ဖွယ်ကောင်းသောအရာပင်။

ချင်းလွမ်စစ်သူကြီးပြန်လာသည့်အချိန်တွင် သူတို့၏အထက်လူကြီးက ဤကဲ့သို့ပြတ်သားမှုရှိနေပါသေဟုသာ သူတို့မျှော်လင့်နေကြသည်။

နတ်သမီး ကျစ်လင်က စစ်သူကြီးကိုယ်စား ကိစ္စရပ်တွေကိုကိုင်တွယ်နိုင်ရခြင်းမှာ နက်ရှိုင်းသော ယုံကြည်မှုအပြင် အခြားအကြောင်းရင်းတစ်ခုမှာ ချင်းလွမ်မဟာစစ်သူကြီးက အမှန်တကယ်ပင် အလုပ်များနေခြင်းကြောင့်ဖြစ်သည်။

သူက ကိစ္စရပ်များကိုကိုင်တွယ်ရန် အလုပ်များနေစဉ်အတွင်း၊သူပြန်လာသည့်အခါ ရာထူးတိုးရန် အလားအလာ အလွန်များနေပါသည်။

သူမသေမျိုးခုံရုံးသို့ ပြန်ရောက်လာပြီး နတ်သမီး ကျစ်လင်က အရာရာကို မည်မျှကျွမ်းကျင်စွာစီမံခန့်ခွဲထားသည်ကို မြင်တွေ့ရလျှင်၊ နတ်သမီးအတွက်ရာထူးတစ်ခု ရယူပေးရန်မှာ စကားတစ်ခွန်းပြောရုံမျှသာရှိလိမ့်မည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင်၊ သူတို့၏ အထက်လူကြီးက ယုံကြည်စိတ်ချရသော အမျိုးသမီးအရာရှိတစ်ဦးကို သွားရောက်စော်ကားခြင်းမှာ မိုက်မဲမှုသက်သက်သာဖြစ်လေ၏။

လူတိုင်း၏အတွေးများ လွင့်ပျံနေစဉ်...

သန်မာထွားကျိုင်းသောပုံရိပ်တစ်ခုက အင်ပါရီယာမြင်းဇောင်းထဲသို့ လျင်မြန်စွာဝင်ရောက်လာသည်။

သူက ချင်းလွမ်မဟာစစ်သူကြီး၏မသေမျိုးစစ်သူကြီးများထဲမှတစ်ဦးဖြစ်သည်မှာ ထင်ရှားပြီး၊ မြင်းဇောင်းတာဝန်ရှိသူနှင့် ရာထူးအဆင့်တူပင်။

သူက ခံစားချက်ကင်းမဲ့သောမျက်နှာထားဖြင့် ချင်းဟွာကို ဖြတ်ကျော်သွားကာ၊ ဒု-ကြီးကြပ်ရေးမှူး၏ ရင်ဘက်ထဲသို့ မသေမျိုးချိပ်အမိန့်စာတစ်ခုကို ပစ်ထည့်ပေးလိုက်ပြီး မြင်းဇောင်းဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။

"ဒါ... ဒါကတော့... ဒီတစ်ခါတော့ပြဿနာမရှိနိုင်တော့ပါဘူး..."

ဒု-ကြီးကြပ်ရေးမှူးက မသေမျိုးချိပ်အမိန့်စာကို စိုးရိမ်တကြီးဖွင့်ကြည့်ပြီးနောက်၊ ချင်းဟွာထံ တင်ပြလိုက်၏။

မြင်းဇောင်းအတွင်းတွင်၊နတ်သမီးတစ်ပါးကဲ့သို့ ချောမောလှပသော မိန်းကလေးက ယဉ်ကျေးစွာ ထရပ်ပြီးမသေမျိုးစစ်သူကြီးကို ဦးညွှတ်လိုက်သည်။

"နတ်သမီးကျစ်လင်၊ ကျေးဇူးပြုပြီး အခမ်းအနားတွေလုပ်မနေပါနဲ့။နတ်သမီး ဒုက္ခရောက်ခဲ့ရပြီ၊ အခုပဲ နတ်သမီးကို ခေါ်ထုတ်သွားပါ့မယ်။"

မသေမျိုးစစ်သူကြီးက မြင်းဇောင်းတံခါးကို ရုတ်တရက် ဆွဲဖွင့်လိုက်သည်။

"အဲလို မပြောပါနဲ့၊ ဘာဒုက္ခမှ မရောက်ပါဘူး။ ကျစ်လင်ကပဲ စည်းမျဉ်းတွေကို မေ့သွားခဲ့တာပါ၊ ချင်းလွမ်မဟာစစ်သူကြီးရဲ့ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး ကိုယ့်ရဲ့မူလအဆင့်အတန်းကို မေ့သွားခဲ့မိတာပါ။"

ကျစ်လင်က သူမ၏မျက်နှာတွင် မည်သည့်မကျေနပ်မှုကိုမျှမပြသဘဲ လွန်စွာနောင်တရဟန်ဖြင့် ခေါင်းကို ညင်သာစွာခါယမ်းလိုက်သည်။

"ချင်းလွမ်မဟာစစ်သူကြီးရဲ့ကိစ္စတွေကို မနှောင့်နှေးစေဖို့ပဲ မျှော်လင့်ပါတယ်၊ မဟုတ်ရင် ကျစ်လင်ရဲ့အပြစ်ရှိစိတ်က အရမ်းကြီးမားနေပါလိမ့်မယ်။"

ဤစကားများကို ကြားသောအခါ၊ အစပိုင်းတွင် လူကိုခေါ်ပြီးထွက်သွားရန်သာ စီစဉ်ထားသော မသေမျိုးစစ်သူကြီးက သက်ပြင်းတစ်ချက်ကို ပြင်းထန်စွာ ချလိုက်၏။

သူက ချင်းဟွာဘက်သို့ အေးစက်စွာလှည့်ကြည့်လိုက်ပြီး မျက်လုံးများမှောင်မည်းသွားကာ "တချို့လူတွေက ကျိုးကြောင်းဆီလျော်မှုမရှိဘဲစည်းမျဉ်းတွေကိုသုံးပြီး တခြားသူတွေကို ဖိနှိပ်ရတာကြိုက်ကြတယ်ဆိုတော့... တစ်နေ့မှာ အဲဒီစည်းမျဉ်းတွေက သူတို့အပေါ်ပြန်ကျလာတဲ့အခါမှာလည်း သူတို့ မညည်းညူကြဖို့ မျှော်လင့်ပါတယ်။"

"မဟုတ်ရင်တော့၊အဲဒါက တော်တော်လေး ရယ်စရာကောင်းနေလိမ့်မယ်။"

"သွားကြစို့"

သူက အေးစက်စွာနှာမှုတ်လိုက်ပြီး နတ်သမီးကျစ်လင်ကို တွဲကူကာအင်ပါရီယာမြင်းဇောင်းမှ ထွက်ခွာသွားတော့သည်။

ကျန်ရစ်ခဲ့သော မသေမျိုးအရာရှိအနည်းငယ်မှာ တံတွေးများကို မျိုချရင်း၊ ထိုခန့်ညားလှသော ရွှေရောင်ခန္ဓာကိုယ်နှင့် ဝေးရာသို့ တိတ်တဆိတ် ရွှေ့လိုက်ကြ၏။

…

ချင်းဟွာက မသေမျိုးချိပ်အမိန့်စာကို ညင်သာစွာ ခေါက်လိုက်ပြီး၊မသေမျိုးမှတ်တမ်းထဲတွင် သေချာစွာသိမ်းဆည်းလိုက်သည်။

သူမက နန်ယန်တွင် ရှိစဉ်ကတည်းက ကျောထောက်နောက်ခံ၏အရေးပါမှုကို ကောင်းစွာ သိရှိခဲ့ပါသည်။

နတ်သမီးကျစ်လင်၏နောက်ကွယ်တွင် သူမ မပြိုင်ဆိုင်နိုင်သော တစ်စုံတစ်ယောက်ရှိနေသည်ကိုလည်း သူမ နားလည်လေ၏။

သို့သော် ချင်းဟွာက အနည်းငယ်မျှကြောက်ရွံ့ခြင်း မရှိပေ။

အကြောင်းမှာ သူမထက်ပိုကြီးမားသော နောက်ခံရှိသည့်သူ မည်သူမျှမရှိဟု သူမ ယုံကြည်ထားသောကြောင့်ဖြစ်လေသည်။

သူမ၏သခင်သည် လောလောဆယ်တွင် ရေတိမ်တွင်သောင်တင်နေခြင်းသာဖြစ်ပြီး၊ တစ်နေ့တွင် ဤလူများစိတ်ကူးပင်မယဉ်နိုင်သော အမြင့်သို့ ပျံသန်းသွားမည်မှာဧကန်မလွဲပင်။

All Chapters