← Chapters

ထူးဆန်းသော နတ်ဆိုးသုတ်သင်ရေးဌာန ၂

Vol. 96 Ch. 953

ထူးဆန်းသော နတ်ဆိုးသုတ်သင်ရေးဌာန ၂

Vol. 96 Ch. 953

ရှန်းယီ အလိုရှိသည်မှာ လက်ညစ်ပတ်ရမည့် အလုပ်မျိုးသာဖြစ်ပြီးဦးနှောက်မရှိသော လက်နက် တစ်ခုအဖြစ် အသုံးချခံရန်မဟုတ်ပေ။

ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိဘဲ သူတစ်ပါးခိုင်းသမျှသာလုပ်ရသည့် ကိရိယာတစ်ခုဖြစ်သွားရန်မှာ သူ့ရည်ရွယ်ချက်မဟုတ်သည်မှာသေချာ၏။

ပွင့်ပွင့်လင်းလင်းပြောရလျှင် နတ်ဆိုးသုတ်သင်ရေးဌာနသည် လက်အောက်ငယ်သားများကို ကိုယ်ပိုင်စဉ်းစားဆင်ခြင်ခွင့်မပေးသလို အမိန့်၏နောက်ကွယ်က အကြောင်းရင်းကိုလည်းမေးမြန်းခွင့်မပြုပေ။

သို့သော် အခြေအနေဆိုးရွားလာသည့်အခါတွင်လည်း တစ်စုံတစ်ယောက်က ကာကွယ်ပေးလိမ့်မည်ဟု မျှော်လင့်ထား၍မရပေ။ ၎င်းမှာ အသုံးချပြီးလျှင် အပြစ်ဖို့ကာလွှတ်ပစ်မည့် အမှိုက်တစ်ခုသို့မဟုတ် စတေးခံသက်သက်သာဖြစ်ပေလိမ့်မည်။

ရှန်းယီ လိုအပ်သည်မှာ သူ ယာယီခိုလှုံမှီတွယ်နိုင်မည့် သစ်ပင်ကြီးတစ်ပင်သာဖြစ်သည်။ ထိုသစ်ပင်ကြီးရှင်သန်ကြီးထွားရန်အတွက် မြေဆီလွှာအောက်တွင်မြှုပ်နှံခံရမည့် အရိုးစုသို့မဟုတ် မြေဩဇာ ဖြစ်သွားရန် မဟုတ်ပေ။

အကယ်၍ သူသာဤအခြေအနေကို ခေါင်းညိတ် လက်ခံလိုက်ပါက၊ အနာဂတ်တွင် သူ၏လွတ်လပ်ခွင့်ကို မည်သည့်အခါမျှပြန်ရတော့မည် မဟုတ်ချေ။

နောက်ထပ် အကြောင်းရင်းတစ်ခု ရှိသေး၏။ ဤအမျိုးသမီး၏သရုပ်ဆောင်မှုမှာ လွန်စွာညံ့ဖျင်းလွန်းလှသည်။

သူမ၏အေးစက်မှုများ သို့မဟုတ် နောက်ပိုင်းတွင်ရန်စစကားပြောဆိုမှုများမှာ တမင်တကာလုပ်ယူထားမှန်း သိသာလှပေသည်။ အကယ်၍ သူသာ အခြားတစ်ဖက်၏ဆွဲဆောင်ရာနောက်သို့ ပါသွားပါက၊၎င်းမှာ သူ၏ဉာဏ်ရည်ကို စော်ကားရာရောက်ပေလိမ့်မည်။

ဤအခြေအနေနှင့် ရင်ဆိုင်ရသောအခါ ယဲ့ကျင်းကလည်း အတော်လေးအကျပ်ရိုက်သွားပုံရပါသည်။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူမက နှာမှုတ်ကာမေးလိုက်၏။

"ဒါပဲလား..."

"တော်ပြီ။"

ဝတ်ရုံဖြူနှင့်လူက ရုတ်တရက်အမူအရာ ပြောင်းလဲသွား၏။ပါးစပ်ထဲက အဆောင်စာရွက်ကို ထွေးထုတ်လိုက်ပြီး၊လက်မောင်းကို အနည်းငယ်လှုပ်ရှားရုံမျှဖြင့် မသေမျိုးချုပ်နှောင်ကြိုးများကြားမှ လွတ်မြောက်လာခဲ့သည်။

ထို့နောက်ကြမ်းပြင်ပေါ်မှ ထကာ အင်္ကျီပေါ်မှဖုန်များကို ခါလိုက်ပြီး သူ့ကိုယ်သူပြန်လည်မိတ်ဆက်လိုက်လေသည်။

"ကိုယ့်ကို ပြန်မိတ်ဆက်ပါရစေ၊ငါက ကျန်းယန်စီရင်စုရဲ့ နတ်ဆိုးသုတ်သင်ရေး အရာရှိ မုန့်ရှို့ဝမ်ပါ။ ငါ့ကို အရာရှိမုန့်လို့ပဲ ခေါ်နိုင်ပါတယ်။ ငါ့လက်အောက်မှာ နတ်ဆိုးသုတ်သင်သူအနည်းငယ်ရှိတယ်၊ ဒီမိန်းကလေးကတော့ မင်းရဲ့စီနီယာတစ်ပိုင်းပေါ့။"

"အဲ့လိုလား။"

ယဲ့ကျင်းက သူမ၏မျက်နှာပေါ်မှ မုန်းတီးစရာ အမူအရာများကိုဖယ်ရှားလိုက်ပြီး ရှန်းယီကို အူကြောင်ကြောင်ဖြင့် ကြည့်နေမိသည်။

"ပြန်ပြီးတော့ သေချာလေ့ကျင့်ဦး။"

မုန့်ရှို့ဝမ်က သူမကို အထင်အမြင်သေးစွာ တစ်ချက် ကြည့်လိုက်၏။

"ဒီလို သရုပ်ဆောင်မှုမျိုးနဲ့ဆိုရင် မင်းရဲ့ အထက်လူကြီးဖြစ်တဲ့ ငါက နောက်ဆိုမင်းကို ဘယ်လိုလုပ် စိတ်ချလက်ချခေါ်သွားရတော့မှာလဲ။"

"ဪ။"

ယဲ့ကျင်းက ခေါင်းညိတ်လိုက်၏။ သူမက ယနေ့ ဖြစ်ရပ်အတွက်ကြေးမုံပြင်ရှေ့တွင် နှစ်ရက်တိုင်တိုင်လေ့ကျင့်ထားခဲ့ခြင်းဖြစ်သည်။

အရာရှိမုန့်၏စကားအရဆိုလျှင် သူမ၏ ဟန်ဆောင်မှုများကို ရိပ်မိသွားပုံရပါသည်။

သို့သော် တစ်ခုခုတော့မှားနေ၏။ အကယ်၍ ဤလူငယ်က အရာအားလုံးကိုရိပ်မိခဲ့သည်ဆိုလျှင်၊ ၎င်းမှာစမ်းသပ်မှုတစ်ခုမှန်းသိလျက်နှင့် အဘယ်‌ကြောင့်ဟန်ဆောင်၍ နတ်ဆိသုတ်သင်ရေးဌာနထဲ ဝင်ဖို့သဘောမတူခဲ့ရသနည်း။

"မင်းရဲ့စိတ်နေစိတ်ထားက မဆိုးဘူး၊ ငါ သဘောကျတယ်။"

မုန့်ရှို့ဝမ်က ရှန်းယီကို ပြုံးလျက်ခေါင်းညိတ်ပြလိုက်သည်။

သို့သော် သူ၏မျက်လုံးထဲတွင်တော့ ဖုံးကွယ်ထားသောရှုပ်ထွေးမှုများ ပါဝင်နေပါသည်။

အမှန်တရားမှာ၊ယနေ့ ရှန်းယီ မည်သို့ပင်တုံ့ပြန်ခဲ့ပါစေ၊ ဤလူငယ်မှာ နတ်ဆိုးသုတ်သင်ရေးဌာနသို့ ဝင်ကို ဝင်ရမည်ဖြစ်သည်။

မြေစောင့်မသေမျိုး၏ရည်ရွယ်ချက်မှာ သူ့ကို အလုပ်ခိုင်းရန်မဟုတ်ဘဲ၊သူ့ကို ထိန်းကျောင်းမည့်သူရှိနေစေရန်ဖြစ်သောကြောင့်ပင်။

ထိန်းကျောင်းရန်ဖြစ်သဖြင့် စမ်းသပ်မှုတွင် အောင်ခြင်းရှုံးခြင်းဟူသည် မရှိပေ။

စမ်းသပ်မှု၏စစ်မှန်သော ရည်ရွယ်ချက်မှာ မုန့်ရှို့ဝမ်အနေဖြင့် ဤလူကို အနာဂတ်တွင် မည်သို့ ကိုင်သွယ်ရမည်ကို သိရှိထားရန်သာဖြစ်သည်။

အကယ်၍ သူက အမှန်တကယ်ပင် မွေးရာပါ

သတ်ဖြတ်ခြင်းကံကြမ္မာပါလာသူဖြစ်ပြီး မည်သည့်မေးခွန်းမျှ မမေးဘဲသတ်ဖြတ်ရန်သဘောတူခဲ့ပါက၊ ၎င်းမှာ သူ၏သတ္တိနှင့် ရည်မှန်းချက်မှာ ကြီးမားလှသော်လည်း၊ အခြေခံကိုယ်ကျင့်တရားမရှိဘဲနည်းလမ်းမျိုးစုံကို အသုံးပြုမည့်သူ ဖြစ်ကြောင်း သက်သေပြသလိုဖြစ်လိမ့်မည်။

ထိုသို့ဆိုလျှင် သူက ထက်ရှသော ဓားတစ်လက် ဖြစ်လာမည် ဖြစ်သော်လည်း၊ ဓားတစ်လက်ထက် မပိုနိုင်ပေ။

အကယ်၍ သူကလှည့်ကွက်ကိုရိပ်မိပြီး နှုတ်ဖြင့် ထုတ်ဖော်ပြောဆိုခဲ့ပါက၊ ၎င်းမှာ သူကဆင်ခြင်တုံတရားနှင့် အတွေ့အကြုံကောင်းမွန်သူ ဖြစ်ကြောင်း ပြသရာရောက်သည်။

အင်ပါယာမင်းဆက်ကဲ့သို့ အင်အားကြီးအဖွဲ့အစည်းနှင့် ရင်ဆိုင်ရချိန်တွင်ပင်တည်တည်ငြိမ်ငြိမ်ဖြင့် စနစ်တကျစဉ်းစားနိုင်သူဖြစ်သဖြင့် သေချာပြုစုပျိုးထောင်ရမည့် လူတော်တစ်ယောက် ဖြစ်ပေလိမ့်မည်။

သို့သော် သူက လှည့်ကွက်ကိုရိပ်မိပါလျက်နှင့် ထုတ်ဖော်မပြောသလို၊ နတ်ဆိုးသုတ်သင်ရေးဌာန၏ ကမ်းလှမ်းချက်ကိုလဲငြင်းပယ်ခဲ့သည်။

၎င်းမှာ ဤလူက ထိန်းချုပ်ရန်ခက်ခဲသူ၊ ကိုယ်ပိုင်မူဝါဒပြတ်သားသူနှင့် မာန်မာနရှိသူဖြစ်ကြောင်း သက်သေပြနေသည်။

သို့သော် အကြီးမားဆုံးပြဿနာမှာ မြေစောင့်မသေမျိုးက ဤလူက ဂိုဏ်းကြီးသုံးခုကို စော်ကားရန်မကြောက်သူဟုပြောခဲ့သော်လည်း၊ စော်ကားခြင်းနှင့် တိုက်ခိုက်ခြင်းမှာ မတူညီပေ။

ယနေ့ဖြစ်ရပ်အရ တစ်ဖက်လူသည် ဂိုဏ်းဝင်များကို တကယ်တမ်းအရေးယူရန်သတ္တိရှိကြောင်း အဆုံးအထိ သက်သေမပြခဲ့ပေ။ ၎င်းမှာ နတ်ဆိုးသုတ်သင်ရေးဌာနသို့ ဝင်ရောက်ရန်အတွက် အခက်ခဲဆုံးနှင့် အခြေခံအကျဆုံးစည်းခြားချက်တစ်ခုပင်။

'ကောင်းပြီလေ၊လောလောဆယ်တော့ သူ့ကို အနီးကပ်ပဲ စောင့်ကြည့်ထားရမှာပေါ့။'

"ဒါလေး ယူထားလိုက်။"

ယဲ့ကျင်းက ရှန်းယီ၏အနားသို့ လျှောက်လာပြီး ပန်ကိတ်တစ်ထုပ်ကို ကမ်းပေးလိုက်၏။ ၎င်းမှာ စောစောကရန်စခဲ့သည့်အတွက် သူမ၏တောင်းပန်သည့် နည်းလမ်းဖြစ်သည်မှာ ထင်ရှားပါသည်။

သူမသည် တံတွေးတစ်ချက်မျိုချရင်း ပြောလိုက်သည်။

"ဒါက ကျန်းယန်စီရင်စု တစ်ခုလုံးမှာအကောင်းဆုံး ပန်ကိတ်တွေပဲ။"

"..."

ရှန်းယီက ပန်ကိတ်မုန့်ကို စိုက်ကြည့်နေမိသည်။ နတ်ဆိုးသုတ်သင်ရေးဌာနကဲ့သို့သော အဖွဲ့အစည်းများသည် အသစ်ဝင်လာသူများကို သေချာ စစ်ဆေးမည်မှာ ဓမ္မတာဖြစ်ကြောင်း သူ နားလည်သည်။

သူကတော့ သူ၏မူဝါဒကို အလျှော့မပေးလိုခြင်းသာဖြစ်သည်။

ဤကဲ့သို့သော ကိစ္စအသေးအမွှားလေးက သူ့ကို စိတ်အနှောင့်အယှက် မဖြစ်စေပေ။

သို့သော် သူ့ရှေ့ကလူနှစ်ယောက်ကို ကြည့်ရင်း၊ မည်သို့ပင် ကြည့်ကြည့်တစ်ခုခု လွဲနေသလို ခံစားရသဖြင့် ရှန်းယီအတွက် ဤလမ်းစဉ်သို့လျှောက်လှမ်းရန် လုံခြုံမှုအပြည့်အဝမရှိသလိုဖြစ်နေသည်။

"ဖယ်စမ်း။"

မုန့်ရှို့ဝမ်က ယဲ့ကျင်းကို ဘေးသို့ တွန်းထုတ်လိုက်ပြီး ရှန်းယီ၏ဘေးတွင် ပေါ့ပေါ့ပါးပါးထိုင်လိုက်သည်။

"စိတ်မပူပါနဲ့၊မင်း ဒီအလုပ်ကို အလကားလုပ်ရမှာ မဟုတ်ပါဘူး။ငါတို့ဆီမှာ အကျိုးခံစားခွင့်တွေအများကြီး ရှိတယ်၊မင်းရဲ့ အလုပ်ကိုသာ သေချာ လုပ်ပါ။"

သူက အသံကို နှိမ့်လိုက်ပြီး "နတ်ဆိုးသုတ်သင်ရေးဌာနက ငွေဒင်္ဂါးတွေနဲ့ဆုမချဘူး၊ ငါတို့ ပေးတာက... နတ်ဘုရားတွေနဲ့ ယဗုဒ္ဓတွေတောင် အသည်းအသန်လိုချင်နေကြတဲ့ အဲဒီအရာပဲ။ မင်း နားလည်တယ် မဟုတ်လား။"

ထိုသို့ ပြောပြီးနောက် မုန့်ရှို့ဝမ်က ရှန်းယီ၏ တုံ့ပြန်မှုကို သိချင်ဇောဖြင့် စိုက်ကြည့်နေမိသည်။

သို့သော် သူ ထပ်မံစိတ်ပျက်သွားရပြန်သည်။ ဤလူငယ်မှာ အလိုဆန္ဒကင်းမဲ့နေသော ခြိုးခြံချွေတာသည့် ဘုန်းကြီးတစ်ပါးကဲ့သို့ပင်။ မဟုတ်သေးပေ၊ ခြိုးခြံချွေတာသည့် ဘုန်းကြီးတစ်ပါးပင်လျှင် ဧကရာဇ်ချီ၏အရေးပါမှုကို သိရှိကြလိမ့်မည်။

သို့သော် အခြားတစ်ဖက်မှာတော့ စိတ်ဝင်စားသည့် အရိပ်အယောင်ပင် မပြပေ။

ရှန်းယီသည် ဤကိစ္စကို ကြိုတင်ခန့်မှန်းထားပြီးသားဖြစ်သည်။

လူများကို အသက်ဖြင့်ရင်းပြီး မင်းဆက်အတွက် အလုပ်လုပ်စေချင်သည့်အရာ၊ ဂိုဏ်းကြီးသုံးခုကို တိုက်ခိုက်စေချင်သည့်အရာအတွက်ဆိုရင်၊ လူသားဧကရာဇ်ပေးနိုင်သည့် အဖိုးတန်ဆုံးအရာမှာ တိုင်းပြည်၏ချီသာ ဖြစ်ပေလိမ့်မည်။

၎င်းမှာ ကျင့်ကြံသူတွေအတွက် မသေမျိုးဆေးပြားများထက် ပိုပြီးအကျိုးသက်ရောက်မှုရှိပေသည်။

သို့သော် ရှန်းယီအတွက်မူ ၎င်းမှာ ကြက်နံရိုးသားကဲ့သို့သာဖြစ်လေ၏။

ခန္ဓာကိုယ်၏ကပ်ဘေးဒုက္ခများကို ကျော်ဖြတ်ခြင်းကသာ အထိရောက်ဆုံး နည်းလမ်းဖြစ်နေချိန်တွင်၊ အဘယ်ကြောင့်စိတ်နှလုံး၏ကပ်ဘေးဒုက္ခများထဲမှာ အန္တရာယ်သွားရှာနေရမည်နည်း။

သူ အလိုရှိသည်မှာ သူတစ်ခုခုလုပ်ဆောင်ပြီးသည့်နောက်တွင် သူ့ကိုယ်စားတာဝန်ယူပေးမည့် သို့မဟုတ် အကာအကွယ်ပေးနိုင်မည့် အင်အားစုတစ်ခုသာဖြစ်ပါသည်။

"ကျွန်တော် ဘာလုပ်ရမလဲ။"

ရှန်းယီက အရာရှိမုန့်ကိုကြည့်ကာ မေးလိုက်၏။

မုန့်ရှို့ဝမ်က ခဏတာတိတ်ဆိတ်သွားပြီးနောက် သက်ပြင်းတစ်ချက်ကို ပြင်းထန်စွာချလိုက်သည်။

"လောလောဆယ်တော့ ငါ့နောက်ပဲလိုက်ခဲ့ဦး၊ မင်း ဘာမှအများကြီးလုပ်ဖို့မလိုသေးဘူး။ ငါတို့ရဲ့ အလုပ်သဘောသဘာဝကို လေ့လာတယ်လို့ပဲ သဘောထားလိုက်ပါ။"

ထိုသို့ပြောပြီးနောက် သူက ထရပ်ကာ တံခါးဘက်သို့ လျှောက်သွားရင်း ပျင်းကြောဆန့်လိုက်ပါသည်။

"တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ငါ့လက်ထဲမှာ တာဝန်တစ်ခု ရှိနေတယ်။ လေ့ကျင့်ခန်းလုပ်ဖို့အတွက် အချိန်ကောင်းပဲ ဖြစ်မှာပါ။"

ဤကလေးမှာ မည်သည့်နေရာမှရောက်လာမှန်းမသိသလို နားလည်ရခက်ခဲလှသည်။ သို့သော် သူ့ကို အနီးကပ်စောင့်ကြည့်ထားသရွေ့တော့ တဖြည်းဖြည်းနှင့် ပိုပြီးနားလည်လာလိမ့်မည်ဟုသာ မုန့်ရှို့ဝမ် တွေးလိုက်မိတော့သည်။

All Chapters