မရဏလမ်းကို အတူတကွလျှောက်ခြင်း ၂
Vol. 96 Ch. 956
"တကယ်ပဲ... အဲဒီလိုဖြစ်သင့်တာပါ၊ ကျေးဇူးတင်ပါတယ်"
မုန့်ရှို့ဝမ်၏မျက်လုံးများထဲတွင် ခဏတာအံ့သြသွားသည့် အရိပ်အယောင်တစ်ခုလက်ခနဲဖြစ်သွားသော်လည်း သူက ချက်ချင်းပင် သူ၏ပုံမှန်အခြေအနေသို့ပြန်လည်ရောက်ရှိသွားသည်။
"သူစိမ်းဆန်တဲ့စကားတွေပြောနေစရာမလိုပါဘူး၊ ကျုပ်တို့အားလုံးက တူညီတဲ့လမ်းစဉ်ပေါ်က ကျင့်ကြံသူတွေပဲလေ၊ဒါက မှန်ကန်တဲ့ကိစ္စပါ"
အကြောင်းပြချက် တစ်စုံတစ်ရာကြောင့်၊ အကြီးအကဲနှစ်ဦးက မုန့်ရှို့ဝမ်ကို စကားပြောနေခြင်းဖြစ်သည်မှာသေချာသော်လည်း၊ သူတို့၏လေးစားမှုက သူ၏အနောက်ဘက်ရှိ တစ်စုံတစ်ဦးထံသို့ရည်ရွယ်နေသည်ဟု သူ အလိုလို ခံစားလိုက်ရ၏။
ဟေ့ ဘယ်သူက ပါရမီရှင်၊ဘယ်သူက အလုပ်သင်လဲဆိုတာကို ရှင်းရှင်းလင်းလင်းသိထားကြစမ်းပါ။
ယဲ့ကျင်းက သူမ၏လက်ဝါးကိုပြန်ရုပ်သိမ်းလိုက်ပြီး သူမ၏မျက်ရည်စများကို သုတ်ဖယ်လိုက်၏။ သူမ ရပ်နေသည့် နေရာမှ ခုနလေးတင်ဖြစ်ပျက်သွားခဲ့သည့်အရာများကို ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ပါသည်။
ရုတ်တရက်ဆိုသလို နတ်ဆိုးသုတ်သင်ရေးဌာနမှ သင်ကြားပေးခဲ့သောချဲ့ကားထားသည့် အမူအရာများနှင့် စကားလုံးများအားလုံးမှာ အတော်လေး အဆင့်နိမ့်နေသည်ဟု သူမခံစားလိုက်ရ၏။
တစ်ချက်ကြည့်ရုံဖြင့် အရာအားလုံးကို ဖြေရှင်းနိုင်သောဤလုပ်ဖော်ကိုင်ဖက်သစ်အတွက် ထိုအရာများမှာလိုအပ်မည်မထင်ပေ။
အရမ်းကို အထင်ကြီးစရာကောင်းတာပဲ။
...
ကျောက်စိမ်းနဂါးဂိုဏ်းတွင်၊ ၎င်းတို့ အနည်းငယ်အတွက် သီးခြားခြံဝင်းတစ်ခုကို အထူးဖယ်ထားပေးခဲ့သည်။
အပြင်စည်းအကြီးအကဲက ကျောက်စိမ်းပြားတစ်ခုကိုကိုင်ဆောင်ထားပြီး သတင်းအားအထက်သို့အဆင့်ဆင့် တင်ပြခဲ့၏။
တုံ့ပြန်ချက်တစ်ခု ရရှိပြီးနောက် သူက နောက်ဆုံးတွင် လှည့်လာကာ ယဉ်ကျေးစွာ ပြောလိုက်သည်။
"ကျွန်တော်တို့ ဂိုဏ်းကတောင်းဆိုချက်ကို သဘောတူပါတယ်။ကုသရေးမဟာအစီအရင် ကို လာရောက်ပြင်ဆင်ပေးဖို့ နောက်မှ တာဝန်ရှိသူတစ်ယောက်ကို စီစဉ်ပေးပါ့မယ်။ ဧည့်သည်တော်တို့အနေနဲ့ ဒီနေရာမှာအားမနာတမ်းနေထိုင်ပြီး ဒဏ်ရာတွေကို ကုသနိုင်ပါတယ်။ တစ်ခုခု လိုအပ်ရင် အားမနာဘဲ ပြောပါ"
ဤသို့ပြောပြီးနောက် အကြီးအကဲက အားနာဟန်ဖြင့် ထပ်လောင်းပြောကြားခဲ့၏။
"ဒါပေမဲ့၊ ဧည့်သည်တော်တို့ သက်သာလာတဲ့အခါ ကျွန်တော်တို့ ဂိုဏ်းကပါရမီရှင်တပည့်တွေကို လမ်းညွှန်မှုတချို့ပေးဖို့ အချိန်နည်းနည်းလောက် ဖယ်ပေးနိုင်ရင် အများကြီးကျေးဇူးတင်မိမှာပါ"
ရတနာများနှင့် နှိုင်းယှဉ်ပါက၊ တပည့်များကိုယ်တိုင်က အဖိုးအတန်ဆုံးပင်။
ယနေ့ခေတ် တာအိုကျင့်စဉ်များ အားလုံးက မသေမျိုးဂိုဏ်းသုံးဂိုဏ်းထံမှ အမွေဆက်ခံထားခြင်း ဖြစ်သည်။
သို့သော် မသေမျိုးများ၏ဟောကြားသွင်သင်မှုနှင့် ပတ်သက်လာလျှင် ၎င်းမှာအခွင့်အရေးတစ်ခုတည်းသာမက အဆက်အသွယ်များနှင့်လည်း သက်ဆိုင်နေပေသည်။
စင်မြင့်အောက်ရှိ ထိုင်ခုံတိုင်းလိုလိုကို ဟောပြောမှုမတိုင်မှီကတည်းက ကြိုတင်စီစဉ်ထားပြီး နောက်ကွယ်တွင် မရေမတွက်နိုင်သောရုန်းကန်အားထုတ်မှုများရှိနေခဲ့၏။
ကျောက်စိမ်းနဂါးဘိုးဘေးသည် တစ်ချိန်က ချင်းမိန် အစစ်အမှန်သခင်၏သွန်သင်ချက်များကို နားထောင်ခွင့်ရခဲ့ပြီး အစစ်အမှန်မသေမျိုးနယ်ပယ်သို့ဝင်ရောက်ရန်ကျင့်စဉ်ကိုရရှိခဲ့ကာ ထိုက်ရီ မသေမျိုးမိသားစုနှင့်လည်း အဆက်အသွယ်ရှိခဲ့၏။
သို့သော် ရှေ့ဆက်သွားရန်အတွက် သိသာထင်ရှားသော အောင်မြင်မှုများလိုအပ်နေသေးသည်။
ဤကဲ့သို့သောအခြေအနေများအောက်တွင်၊ ခိုလှုံရန်ရောက်ရှိလာသော ဂိုဏ်းကြီးတစ်ခုမှ တပည့်တစ်ဦး၊အစစ်အမှန် တိုက်ရိုက်တပည့်တစ်ဦးပင်ဖြစ်နိုင်ချေရှိရာ သူ၏တန်ဖိုးမှာထင်ရှားနေပေတော့ည်။
သူပိုင်ဆိုင်ထားသော နည်းစနစ်များက အခြားဂိုဏ်းများအရာအားလုံးကိုပေးဆပ်၍ပင် ရယူနိုင်မည်မဟုတ်သောရတနာများဖြစ်နိုင်ပေသည်။
"ခင်ဗျားတို့ရဲ့ကြိုးစားအားထုတ်မှုတွေအတွက် ကျွန်တော်တို့အထူးကျေးဇူးတင်ပါတယ်"
မုန့်ရှို့ဝမ်က သူတို့ကိုဦးညွှတ်ကာ ကျေးဇူးတင်စကားပြောလိုက်ပါသည်။ ထိုသူများခြံဝင်းထဲမှ ထွက်ခွာသွားသည်ကိုကြည့်ပြီးနောက် သူက အိမ်တံခါးကို ပိတ်လိုက်၏။
တာအိုပေါင်းစည်းခြင်းနယ်ပယ်မှ ကျင့်ကြံသူတစ်ဦးပင် တာအိုနှင့်ပေါင်းစည်းနိုင်ပြီး ဤကမ္ဘာ၏ သခင်ဖြစ်လာနိုင်သည်ဆိုလျှင် အစစ်အမှန်မသေမျိုးတစ်ပါးအတွက်မူ ဆိုဖွယ်ရာမရှိတော့ပေ။
သူ၏လက်ချောင်းထိပ်များ အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့်၊သူတို့သုံးဦး ဒဏ်ရာများကို ကုသကာကျင့်ကြံနေသည့် အတုအယောင်ပုံရိပ်တစ်ခုကိုဖန်တီးထုတ်ဖော်လိုက်ရင်း မိုးနှင့်မြေရှိ စောင့်ကြည့်နေသောမျက်လုံးများထံမှ သူတို့ကိုအလွယ်တကူကွယ်ဝှက်ထားနိုင်ခဲ့သည်။
...
ရှန်းယီက ဘေးဘက်သို့ တစ်ချက်ကြည့်လိုက်၏။ ဤကဲ့သို့သောနည်းစနစ်မျိုးကို ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
နတ်ဆိုးသုတ်သင်ရေးဌာနသည် သူထင်ထားသလောက်အပေါ်ယံဆန်မနေကြောင်း ထင်ရှားလေ၏။
မုန့်ရှို့ဝမ်က သူ၏လက်ဝါးကို ပြန်ရုပ်သိမ်းလိုက်ပြီး အလျင်အမြန်ပြန်လှည့်လာကာ ရှန်းယီအား အချိန်အတော်ကြာအောင်စူးစိုက်ကြည့်နေပြီးနောက် သူ၏ပခုံးကို ခပ်တင်းတင်းပုတ်လိုက်သည်။
"ကျွတ်စ်... ရတနာတစ်ခုကို ရှာတွေ့သွားတာပဲ"
ဒီလို ကျင့်ကြံခြင်းအဆင့်မျိုးနဲ့ လောကခရီးသည်ကျင့်ကြံသူ ကျစ်ခုန်းရဲ့ချီးမွမ်းမှုကိုရရှိခဲ့တာ အံ့သြစရာတော့ မဟုတ်ပါဘူး။
တခြားအရာတွေကို ထည့်မပြောရင်တောင်၊ အကျပ်အတည်းတွေကိုတုံ့ပြန်နိုင်တဲ့ ဒီစွမ်းရည်က သာမန်ဂိုဏ်းသားတစ်ယောက် ပိုင်ဆိုင်ထားနိုင်မယ့် အရာမျိုးမဟုတ်ဘူး။
လမ်းညွှန်မှုနည်းနည်းလောက်သာ ပေးလိုက်ရင်၊ သူက တကယ်ကိုထူးချွန်တဲ့ ပါရမီရှင်တစ်ယောက် ဖြစ်လာမှာပဲ။
သူ့စကားကိုကြားလျှင် ရှန်းယီက သူ၏အကြည့်ကို တိတ်တဆိတ် လွှဲဖယ်လိုက်၏။
ရိုးသားစွာပြောရလျှင် ခြေတစ်လှမ်းမှားသွားရုံဖြင့် သေဆုံးနိုင်ချေရှိသည့်၊နတ်ဆိုးတစ်ထောင်ဂူအတွင်းသို့ ခိုးဝင်ကာ မရေမတွက်နိုင်သော နတ်ဆိုးဧကရာဇ်များအကြား သွားလာလှုပ်ရှားရသည့် အသက်အန္တရာယ်နှင့် နှိုင်းယှဉ်ပါက၊ ယနေ့ဖြစ်ရပ်များမှာကလေးကစားစရာသကဲ့သို့ဖြစ်နေပြီး သူ၏စိတ်ဝင်စားမှုကို အနည်းငယ်မျှပင် မလှုံ့ဆော်နိုင်ခဲ့ပေ။
"နောက်တစ်ဆင့်က ဘာလဲ"
"နောက်တစ်ဆင့်လား"
မုန့်ရှို့ဝမ်က ခဏရပ်တန့်သွားပြီး၊သူ၏မျက်လုံးများက အခန်းထဲကိုဖြတ်သန်းသွားကာ အဝေးတစ်နေရာသို့ အာရုံစိုက်သွားပါသည်။
သစ်တောများထဲတွင်၊ ကုသရေးမဟာအစီအရင်ကို တည်ဆောက်ခြင်းဟူသော အကြောင်းပြချက်အောက်တွင် မရေမတွက်နိုင်သောပုံရိပ်များက ခြံဝင်းတစ်ခုလုံးကို အသေအချာလွှမ်းခြုံထားသည့် မန္တန်အစီအရင်ပြားများကို ထူထပ်စွာချထားခဲ့ပြီးဖြစ်သည်။
သူက ပြုံးလိုက်ပြီး "ငါတို့ ဒီမှာပဲစောင့်နေကြမယ်။ ငါလုပ်စရာရှိတာလေးပြီးတာနဲ့ ငါတို့ထွက်သွားလို့ရပြီ"
နောက်တစ်ခဏတွင်၊ မုန့်ရှို့ဝမ်၏ခန္ဓာကိုယ်ထဲမှ သူနှင့်အလွန်တူညီသော ပုံရိပ်တစ်ခုထွက်ပေါ်လာကာကုတင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်လိုက်၏။ သူကိုယ်တိုင်မူ အခန်းထဲမှအေးအေးဆေးဆေး လမ်းလျှောက်ထွက်သွားပြီး၊ ပုံရိပ်ပေါင်း ရာနှင့်ချီ၍ကွဲထွက်သွားကာ လူတိုင်း၏စောင့်ကြည့်နေသောမျက်လုံးများအောက်တွင် ကျောက်စိမ်းနဂါးဂိုဏ်း၏အတွင်းစည်းသို့ ရဲဝံ့စွာဝင်ရောက်သွားတော့သည်။
ထိုကဲ့သို့သော ပုံရိပ်များစွာ၏ကျူးကျော်ဝင်ရောက်မှုကို ရင်ဆိုင်နေရသော်လည်း၊ ကျောက်စိမ်းနဂါးဂိုဏ်းမှတပည့်များ၊ အသစ်ချမှတ်ထားသော မန္တန်အစီအရင်နှင့် တစ်ကမ္ဘာလုံးကပင် လုံးဝသတိထားမိပုံမပေါ်ပေ။
ရှန်းယီ၏အကြည့်က ကုတင်ပေါ်ရှိပုံရိပ်ပေါ်သို့ ကျရောက်သွားပြီး၊ သူ၏ထက်ရှလှသော အမြင်အာရုံဖြင့်ပင် ယင်းမှာ အတုအယောင်ပုံရိပ်တစ်ခုမျှသာဖြစ်ကြောင်း သူမခွဲခြားနိုင်ခဲ့ပေ။
သူမျက်လုံးမှိတ်လိုက်ပြီး အရေးမပါသော အထင်အမြင်သေးမှုအရိပ်အယောင်များကို အလျင်အမြန် ဖယ်ရှားလိုက်၏။
အခြားရှုထောင့်များကို ထည့်မတွက်လျှင်ပင်၊ အစစ်အမှန် မသေမျိုးကျင့်စဉ်များနှင့် ပတ်သက်လာလျှင် သူက အလွန်အသိပညာကျဲသေးပြီး သင်ယူစရာများစွာရှိနေသေးသည်။
ယဲ့ကျင်းမှာမူ ဤကဲ့သို့သောဖြစ်ရပ်များနှင့် ရင်းနှီးနေပုံရပြီး ကုတင်၏အခြားတစ်ဖက်တွင် တိတ်ဆိတ်စွာထိုင်နေခဲ့သည်။
သူမအတွက်လိုအပ်လာပါက မုန့်က သဘာဝကျကျညွှန်ကြားလိမ့်မည်။ ထိုသို့မဟုတ်လျှင် သူမက သူမ၏ကြေးမုံပြင်ဖြင့် ကျင့်ကြံနေပါလိမ့်မည်။
ထုံးစံအတိုင်း သူမကကြေးမုံပြင်ကို ထုတ်ယူလိုက်ပြီး ခဏတာတွေးတောနေပြီးနောက် ညင်သာစွာ ပြန်ချထားကာ ဤလုပ်ဖော်ကိုင်ဖက်သစ်ကို စပ်စုလိုစိတ်ဖြင့် စတင်အကဲခတ်နေတော့သည်။
ယဲ့ကျင်းက မုန့်၏သွန်သင်ချက်များနှင့် နှိုင်းယှဉ်ပါက၊ဤလုပ်ဖော်ကိုင်ဖက်ထံမှ သူမသင်ယူနိုင်သည့် အရာများစွာပို၍ရှိနိုင်မည်ဟု အမြဲခံစားနေရ၏။
ထိုအကဲခတ်မှုက သုံးရက်ကြာမြင့်ခဲ့ပါသည်။
တစ်ခါတစ်ရံတွင် ကျောက်စိမ်းနဂါးဂိုဏ်းမှ အကြီးအကဲတစ်ဦး လာရောက်လည်ပတ်တတ်ပြီး၊ ထိုသုံးဦးတွင် တစ်စုံတစ်ရာမှားယွင်းမှုမရှိသည်ကို တွေ့ရှိရသောအခါ ကုသရေးဆေးလုံးများအချို့ကို ချန်ထားရစ်ကာ ပြန်လည်ထွက်ခွာသွားလေ့ရှိသည်။
နတ်ဆိုးသုတ်သင်ရေးဌာန၏ စွမ်းဆောင်ရည်မှာ ရှန်းယီမျှော်လင့်ထားသည်ထက် ပိုမိုမြန်ဆန်နေခဲ့၏။
ကုတင်ပေါ်ရှိ ဝတ်ရုံဖြူနှင့် ပုံရိပ်က သူ၏မျက်လုံးများကိုဖြည်းညှင်းစွာဖွင့်လိုက်ပြီး သမ်းဝေလိုက်ပါသည်။
"ငါအဖြေရှာလို့နီးပါးရသွားပြီ၊ ဒီညတော့ အမှုတွဲကို ပိတ်သိမ်းပြီး ကျန်းယန်စီရင်စုကို ပြန်ဖို့ပြင်ဆင်ကြမယ်။ ငါမင်းတို့နှစ်ယောက်လုံးကို အရက်တစ်ခွက် တိုက်ပါ့မယ်"
"ဘာကိစ္စရှိလို့လဲ"
ယဲ့ကျင်းက နောက်ဆုံးတွင် သူမ၏အကြည့်ကို ရှန်းယီထံမှ ပြန်လွှဲလိုက်၏။
မုန့်ရှို့ဝမ်က စကားမပြောဘဲလက်ညှိုးဖြင့်သာ ထိုးပြလိုက်သည်။
ပုံရိပ်ယောင်မျက်နှာပြင်တစ်ခုပွင့်လာပြီး ၎င်းထဲတွင်ညအမှောင်ဖုံးလွှမ်းမှုအောက်၌မသေမျိုးအရာရှိများ၏ပုံရိပ်များ လှုပ်ရှားနေကြပါသည်။
မသေမျိုးမှတ်တမ်းပိတ်သိမ်းသွားသည်နှင့်တစ်ပြိုင်နက် ကျန်းယန်စီရင်စုအပေါ်သို့ မိုးသည်းထန်စွာ တိတိကျကျရွာသွန်းလာတော့သည်။