← Chapters

မရဏလမ်းကို အတူတကွလျှောက်ခြင်း ၃

Vol. 96 Ch. 957

မရဏလမ်းကို အတူတကွလျှောက်ခြင်း ၃

Vol. 96 Ch. 957

ကျန်းယန်စီရင်စုရှိ ပေါ်လွန်ထင်ရှားခြင်းမရှိသော ကျောက်စိမ်းနဂါးတောင်ကြောအလယ်တွင်၊ မိုးပေါက်များကျဆင်းလာတော့မည့်ဆဲဆဲ၌ မျက်စိဖြင့်မမြင်နိုင်သော ဧရာမ ပိုက်ကွန်ကြီးတစ်ခုက ၎င်းတို့ကို ရုတ်တရက်စုစည်းဖမ်းယူလိုက်ပါသည်။

ထိုအရာဝတ္ထုမှာ သိသိသာသာကိုထူးခြားလွန်းလှပြီး မသေမျိုးအရာရှိများပင်လျှင် သတိမထားမိခဲ့ပေ။

ညအမှောင်ကုန်ဆုံးသွားချိန်တွင်၊ နေမင်းကြီးက စတင်အလင်းရောင်ပေးကာမြင့်မားစွာထွန်းလင်းလာခဲ့သည်။

ကျောက်စိမ်းနဂါးဂိုဏ်းမှ မရေမတွက်နိုင်သော တပည့်များက အုပ်စုလိုက်ထွက်ပေါ်လာကြပြီး သေမျိုးလောကအတွင်း လှည့်လည်ကာဆန်ပြုတ်စင်တာများဖွင့်လှစ်ကြပြီး၊ပြည်သူများ၏ကွဲအက်နေသော နှုတ်ခမ်းများကို နွေးထွေးသော ဆန်ပြုတ်ခွက်များဖြင့်စိုစွတ်စေခဲ့၏။

သူတို့၏မျက်နှာများအားလုံးမှာ မတူညီကြသော်လည်း၊တူညီသောအရာမှာ ဆန်ပြုတ်ဆိုင်များကြားတွင်ထားရှိသော နတ်ဘုရားရုပ်တုများပင်။

နတ်ဘုရားမရုပ်တုပ ချင်းမိန်တစ်ခုကို ကိုင်ဆောင်ထားပြီး အဝေးသို့လှမ်းကြည့်နေသည့်ပုံစံ ရပ်နေ၏။

ဆာလောင်မွတ်သိပ်နေသော လူများက ပျစ်နှစ်နေသောဆန်ပြုတ်ကို အလောတကြီးစားသောက်ကြပြီးနောက်၊အလိုအလျောက်သိစိတ်ဖြင့် ထိုရုပ်တုရှေ့တွင် လေးနက်စွာပျပ်ဝပ်ရှိခိုးကြတော့သည်။

"ဒီနတ်ဘုရားက သူမရဲ့ကျင့်ကြံခြင်းမှာ အခက်အခဲတချို့နဲ့ ကြုံတွေ့နေရပြီး၊ အထောက်အပံ့ဖြစ်ဖို့ ဧကရာဇ်ချီလိုအပ်နေတာကြောင့် နည်းနည်းစိတ်လောသွားတာဖြစ်နိုင်တယ်။ ကျောက်စိမ်းနဂါးတောင်တန်းဆိုတာက နေရာများစွာထဲကတစ်နေရာပဲလေ"

မုန့်ရှို့ဝမ်က လွန်စွာဂရုစိုက်ပုံမရပေ။ သူ၏လေသံမှာ အလွန်တည်ငြိမ်နေခဲ့၏။

"သူတို့ရဲ့စုတ်ချာတဲ့ ပိုက်ကွန်ကိုသိမ်းလိုက်ရုံပ့ပဲ"

ထိုမသေမျိုးပိုက်ကွန်မှာ သေမျိုးလောကမှ မဟုတ်သည်မှာ ထင်ရှားပြီး မသေမျိုးများထံမှ လက်ဆောင်တစ်ခုဖြစ်လိမ့်မည်။

၎င်းသာမရှိလျှင် ကျောက်စိမ်းနဂါးဂိုဏ်းက အခြားအတွေးများကိုတွေးတောရဲမည်မဟုတ်ပေ။

ထိုသို့ပြောပြီးနောက် သူက မျက်လုံးများကို ထပ်မံ မှိတ်ထားလိုက်၏။

ယဲ့ကျင်းက ခဏတာတိတ်ဆိတ်သွားပြီးနောက် တိုးညှင်းစွာ ပြောလိုက်သည်။

"ခေါင်းဆောင်မုန့် ဒေါသထွက်နေတယ်"

"ဘယ်လိုဖြစ်လို့လဲ"

ရှန်းယီက သူ၏မျက်လုံးကို ဖြည်းညှင်းစွာ ပင့်ကာကြည့်လိုက်သည်။

"သူကရိုးသားတဲ့သူတွေကို ဒီလိုမျိုးလှည့်စားတာကို အမုန်းဆုံးပဲ။ ဒါပေမဲ့ ကိစ္စကသိပ်ကြီးကြီးမားမား မဖြစ်သေးတော့ အဲဒီမသေမျိုးကို တကယ်တမ်း အပြစ်ပေးဖို့ မလုံလောက်ဘူးလေ။ သူတို့ရဲ့မသေမျိုးရတနာကို သိမ်းဆည်းဖို့ကလွဲပြီး တခြား ရွေးချယ်စရာမရှိဘူး၊ဒါကြောင့် သူ နည်းနည်း မွန်းကျပ်နေတာဖြစ်မယ်"

ယဲ့ကျင်းက ပန်ကိတ်မုန့်တစ်ဝက်ကို ထုတ်ယူကာ ညင်သာစွာ ကိုက်စားလိုက်၏။

ပြဿနာပိုမကြီးထွားသေးဆိုသည်မှာ နေရာအနှံ့ ငတ်မွတ်ခေါင်းပါးမှုနှင့် အလောင်းများမရှိစေဘဲ အချိန်ကိုက်ဆန်ပြုတ်တိုက်ကျွေးခဲ့ခြင်းကို ဆိုလိုသည်။ သို့သော်လည်း၊သာမန်လူများကို ပို၍ ကျေးဇူးတင်စေရန်အတွက်၊ ဤဆန်ပြုတ်ကို သူတို့ အဆာလောင် အမွတ်သိပ်ဆုံးအချိန်ရောက်မှသာ ပေးကမ်းကြခြင်း ဖြစ်သည်။

သူတို့ခံစားခဲ့ရသော မမျှော်လင့်ထားသည့် ဆာလောင်မွတ်သိပ်မှုများအတွက်မူ၊၎င်းကို မသေမျိုးများ၏ကျင့်ကြံခြင်းလမ်းစဉ်အတွက် အထောက်အပံ့ဖြစ်သွားခဲ့လေသည်။

မည်သို့ပင်ဆိုစေမူ လူများစွာမသေဆုံးခဲ့ပေ။

"နားလည်ပြီ"

ရှန်းယီက ခေါင်းကိုညင်သာစွာ ညိတ်လိုက်ပြီး၊ သူ၏အကြည့်က ကျောက်စိမ်းနဂါးဂိုဏ်း၏ အတွင်းစည်းရှိရာ အရပ်သို့ဦးတည်သွားခဲ့သည်။

သူက ပြင်ပကမ္ဘာအကြောင်းကို သိပ်နားမလည်ခြင်းလည်းဖြစ်နိုင်သည်။

သို့သော် မသေမျိုးအရာရှိများ၏အမြင်အာရုံကို ကွယ်ဝှက်ထားနိုင်သော ရတနာတစ်ခုကို တစ်စုံတစ်ယောက်က စောင့်ကြပ်နေသင့်သည် မဟုတ်လော။

ဤပိုက်ကွန်ကို သိမ်းဆည်းရန် ထိုမျှလောက် လွယ်ကူလိမ့်မည်မဟုတ်ပေ။

...

တစ်ချိန်တည်းမှာပင်

ကျောက်စိမ်းနဂါးဂိုဏ်း၏ဘိုးဘေးနေထိုင်ရာ ခန်းမကြီးအတွင်းဝယ်..

မျက်စံအပြင်ဘက် အဖြူသားများတွင် ကျောက်စိမ်းရောင်သန်းနေသော အားနည်းပိန်လှီသည့် လူငယ်တစ်ဦးက တင်ပလ္လင်ခွေထိုင်နေပြီး အောက်ဘက်သို့ဂရုမစိုက်ဟန်ဖြင့် ကြည့်နေ၏။

သူ၏ခန္ဓာကိုယ်အတွင်း စွမ်းအင်များစီးဆင်းသွားနေချိန်တွင်၊ပေါ့ပေါ့ပါးပါး လျှောက်သွားနေသော ဝတ်ရုံဖြူနှင့်အမျိုးသားတစ်ဦး ရုတ်တရက်ထွက်ပေါ်လာကာတစ်စုံတစ်ခုကို သေချာစွာ စစ်ဆေးကြည့်ရှုနေခဲ့သည်။

"မင်းက သူတို့ရဲ့ကျင့်စဉ်တွေကို လိုချင်နေတာ၊ သူတို့ကကျတော့ မင်းရဲ့အသက်ကို လိုချင်နေတာလေ"

ဂရုမစိုက်ဟန်ရှိသော ထိုအသံက ခန်းမတစ်ခုလုံးတွင်ပဲ့တင်ထပ်သွားပါသည်။

သူ၏ဘေးတွင်၊ကျောက်စိမ်းနဂါးဘိုးဘေး၏အမူအရာပြောင်းလဲသွားပြီး အလျင်အမြန် ဦးညွှတ်လိုက်၏။

"ဒီလူက ချင်းမိန်မူလသခင်ရဲ့သွန်သင်ချက်တွေကိုပဲ လိုက်နာမှာပါ။ အဲဒီ သေးငယ်တဲ့လမ်းစဉ်တွေနဲ့ သွေဖည်နေတဲ့ကျင့်စဉ်တွေက သင်ယူဖို့မထိုက်တန်ပါဘူး"

သူက ဂိုဏ်း၏အာဏာနှင့် လုပ်ပိုင်ခွင့်ကို ဆုပ်ကိုင်ထားသူဖြစ်သော်လည်း၊ ဤလူငယ်၏ရှေ့တွင်တော့ အလွန်တရာနှိမ့်ချနေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူမှာ ချင်းမိန် မူလသခင်၏တိုက်ရိုက်တပည့်၊ မသေမျိုးသုံးပါးဂိုဏ်း၏ အစစ်အမှန် တပည့်တစ်ဦးဖြစ်သောကြောင့်ဖြစ်သည်။

စင်အောက်မှနေ၍သာ နားထောင်ခွင့်ရခဲ့သည့် သူ့ကဲ့သို့ လေလွင့်ကျင့်ကြံသူနှင့် မတူပေ။

"ဟက်"

လူငယ်က ရယ်မောလိုက်ပြီး၊ သူ၏မျက်လုံးသူငယ်အိမ်များမှာ တဖြည်းဖြည်းပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

"အဲဒီစကားတွေနဲ့ ငါ့ဆရာကို မြှောက်ပင့်နေစရာ မလိုဘူး။ လေလွင့်ကျင့်ကြံသူတွေအနေနဲ့ မင်းတို့ရဲ့ ရုန်းကန်ရမှုတွေကခက်ခဲတယ်ဆိုတာကို ငါ့ဆရာကနားလည်ပါတယ်။ ဆန္ဒရှိသလိုလုပ်ပါ"

ထိုသို့ပြောရင်း သူက သူ၏ဘေးရှိ ဝက်ဝံနက်၏ခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်၏။

"လူသားတွေက အရမ်းကိုအာဏာပြချင်လွန်းတယ်"

မသေမျိုးသုံးပါးဂိုဏ်း၏ဂုဏ်ဒြပ်ကို လျစ်လျူရှုပြီး၊ထိုက်ရီမသေမျိုးမိသားစု၏ကိစ္စရပ်များတွင်ပင် ဝင်ရောက်စွက်ဖက်ရဲကြသည်။

"ငါ့ဆရာရဲ့မသေမျိုးရတနာကို လိုချင်နေတဲ့သူတွေ ရှိတယ်။ငါ အပြင်ကို တစ်ခေါက်လောက် သွားလိုက်ဦးမယ်။မင်း ဒီမှာပဲနေပြီး ငါပြန်လာတာကို စောင့်နေလိုက်"

သူ၏စကားဆုံးသည်နှင့်တစ်ပြိုင်နက်၊ သူသည် ခန်းမထဲမှ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

‌ကျောက်စိမ်းနဂါးဘိုးဘေးက တဖြည်းဖြည်းဖြင့် စိတ်သက်သာရာရသွားပြီး၊ သူ၏မျက်လုံးများထဲတွင် လောဘစိတ်များမြင့်တက်လာသည်။

ဆန္ဒရှိသလို လုပ်တဲ့...

၎င်းမှာ မသေမျိုးအမိန့်အောက်တွင် လုပ်ဆောင်ခြင်းဖြစ်သောကြောင့် သူ့ကိုအပြစ်တင်၍ မရနိုင်ပေ။

ဤလူများက အစစ်အမှန် အတွင်းစည်းတပည့်များဖြစ်စေ၊သပ်စုတတ်သော လေလွင့်ကျင့်ကြံသူများဖြစ်စေ၊အနည်းဆုံးတော့ သူတို့ ပိုင်ဆိုင်ထားသောအရာများမှာ စစ်မှန်သောရတနာများဖြစ်ကြသည်။

ဤအကြောင်းကို တွေးတောရင်း သူက ဝက်ဝံနက်အား ပြုံးပြလိုက်၏။

"ညီအစ်ကို ရှုံးရော ကျွန်တော်နဲ့လိုက်ပြီး အတူတူ မျှဝေခံစားဖို့ စိတ်ဝင်စားမလား"

ထိုလူများတွင် နောက်ခံတစ်ခုခုရှိနေလျှင်ပင်၊ ဝက်ဝံနက်က တိုက်ပွဲဝင်ပစ္စည်းများကို အတူတကွ ခွဲဝေယူလိုသရွေ့၊ချင်းမိန်မူလသခင်၏ဆန္ဒဖြစ်နေလျှင်ပင်၊ မည်သည့် မသေမျိုးဂိုဏ်းကများ ထိုက်ရီ မသေမျိုးမိသားစုထက် ပို၍ကြီးမြတ်နိုင်မည်နည်း။

သခင်ဖြစ်သူထွက်ခွာသွားပြီးနောက်၊ ဝက်ဝံနက်၏မျက်နှာပေါ်ရှိ နူးညံ့လိမ္မာသော အမူအရာမှာ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။

သူက မတ်တတ်ရပ်ကာ ရယ်မောလိုက်၏။

"တာပေါ့၊အတူတူလုပ်ရမှာပေါ့"

တစ်ယောက်က ရှည်ပြီးတစ်ယောက်က ပုသော ထိုပုံရိပ်နှစ်ခုသည် ညအမှောင်ကိုအကာအကွယ်ယူကာ၊ထိုခြံဝင်းငယ်လေးဆီသို့ အေးအေးလူလူ ဦးတည်သွားကြတော့သည်။အခန်း (၉၅၇) မရဏလမ်းကို အတူတကွလျှောက်ခြင်း ၃

တစ်ယောက်က ရှည်ပြီးတစ်ယောက်က ပုသော ထိုပုံရိပ်နှစ်ခုသည် ညအမှောင်ကိုအကာအကွယ်ယူကာ၊ထိုခြံဝင်းငယ်လေးဆီသို့ အေးအေးလူလူ ဦးတည်သွားကြတော့သည်။

All Chapters