← Chapters

အခန်း (၂၂၁)

Vol. 23 Ch. 221

အခန်း (၂၂၁)

Vol. 23 Ch. 221

" စစ်သူကြီးကျောက် ငါ့လို အဘိုးကြီးတစ်ယောက်က မင်းရဲ့ မင်္ဂလာဆောင်မှာ ဂုဏ်ပြုဝိုင်တစ်ခွက်လောက် တောင်းသောက်လို့ရမလား။ " ရှဝူချယ်က ပြုံး၍ ပြောလိုက်သည်။

" သမားတော်ရှက တကယ်ပြောနေတာလား။ " ကျောက်ဖုန်းက ပြန်မေးလိုက်၏။

" ဘာလဲ။ မင်းက ငါ့ကို မကြိုဆိုဘူးလား။ " ရှဝူချယ်က ရယ်လိုက်သည်။

" ဘယ်လိုလုပ် အဲ့လိုဖြစ်မှာလဲ။ တကယ်လို့ သမားတော်ရှသာ လာခဲ့မယ်ဆိုရင် ကျောက်မိသားစုအတွက် ဂုဏ်ယူစရာဖြစ်မှာပါ။ ကျွန်တော်ရဲ့ ဇာတိ ရှချူးခရိုင်က အရမ်းဝေးလို့ပါ။ "

" ငါမင်းနဲ့ တွေ့တာနဲ့ ချက်ချင်း ခင်မင်သွားသလို ခံသားရတယ်။ အခု မင်းရဲ့ မင်္ဂလာပွဲကို မြက်တွေ့ရဖို့ အခွင့်အရေး ရနေတာပဲ။ ငါလုံးဝ လက်လွတ်မခံနိုင်ပါဘူး။ အဲ့ဒီနေ့ရောက်ရင် ငါ့ကို သေချာပေါက် အကြောင်းကြားရမယ်နော်။ " ရှဝူချယ်က လေးနက်စွာ ပြောလိုက်သည်။

" သေချာပေါက် ဖိတ်ခေါ်လိုက်ပါမယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

" စစ်သူကြီး " ကျန်းမင်က ရုတ်တရက် ရောက်လာသည်။ " စစ်သေနာပတိချုပ်က ခေါ်ခိုင်းလိုက်ပါတယ်။ "

" ဒါဆို ကျွန်တော်ကို ခွင့်ပြုပါဦး။ အနားယူပြီးသွားပြီဆိုတော့ ပြန်လှုပ်ရှားရတော့မယ့်ပုံပဲ။ " ကျောက်ဖုန်းက လက်သီးလက်ဝါးဆုပ်၍ ပြောလိုက်ပြီး ထွက်ခွာသွားသည်။

ဟန်တန်မြို့ ဝန်ကြီးချုပ်ဟောင်း၏ အိမ်တော်ရှိ ခန်းမတွင် ဝမ်ကျန့်က ထိပ်ဆုံးတွင် ထိုင်နေသည်။ စစ်တပ်သုံးခု၏ တပ်မှူးများနှင့် အခြားအရာရှိများလည်း ရောက်နေကြသည်။

" ဟန်တန်မြို့က ငါတို့ ထိန်းချုပ်မှုအောက်ကို အပြည့်အဝ ရောက်သွားပြီ။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။ " ပင်မစစ်တပ်တွေလည်း ပြန်ဖွဲ့စည်းပြီးသွားပြီ။ ဆယ်ရက်က ကြာတယ်လို့ မထင်ရပေမယ့် အတော်လေး နှောင့်နှေးသွားတယ်။ ကျောက်ဘုရင်ကို ဖမ်းပြီး အရှင်မင်းကြီးက ရှန်းယန်ကို ပြန်သွားခဲ့ပေမယ့် ကျောက်ရဲ့ ဝန်ကြီးတွေနဲ့ အရာရှိအားလုံးကိုတော့ မဖမ်းမိသေးဘူး။ "

" အထူးသဖြင့် ကျောက်ရဲ့အိမ်ရှေ့စံဟောင်း ကျောက်ယိနဲ့ ဝန်ကြီးတွေက တိုက်နယ်မြေကို ထွက်ပြေးသွားကြတယ်။ သူက အဲ့ဒီက စစ်သူကြီးတွေရဲ့ ထောက်ခံမှုကို ရယူပြီး သူ့ကိုသူ တိုက်ဘုရင်လို့ ကြေညာလိုက်တယ်။ ပြီးတော့ အဲ့ဒီနယ်မြေကို ကာကွယ်ဖို့ စစ်တပ်တွေကို စုစည်းနေတယ်။ ဒါ့အပြင် ကျောက်နယ်မြေနဲ့ အဓိက ဆက်သွယ်ထားတဲ့ လမ်းမကြီးတွေကို ကျောက်နယ်ခြားစောင့်တပ်ရဲ့ မြင်းတပ်တွေက စောင့်ကြပ်နေကြတယ်။ "

" နောက်ထပ်ကတော့ ယန်နိုင်ငံရဲ့ စစ်သည်တစ်သိန်းလောက်ရှိတဲ့ စစ်တပ်က ကျောက်ကို ကျူးကျော်လာပြီး ဆယ်ရက်အတွင်း မြို့တော်တော်များများကို သိမ်းပိုက်သွားတယ်။ "

" ကျွန်တော်မျိုးတို့ တိုက်ပွဲဝင်ဖို့ အဆင်သင့်ပါပဲ။ " အားလုံးက တစ်ပြိုင်နက် ပြောလိုက်ကြသည်။

ဝမ်ကျန့်က လက်မြှောက်လိုက်သည်။ " ဟန်တန်မြို့က ကျဆုံးသွားပြီ။ ကျောက်ဘုရင်ကလည်း အဖမ်းခံလိုက်ရပြီ။ ကျောက်နယ်မြေတစ်လျှောက် တပ်စွဲထားတဲ့ ကျောက်စစ်တပ်တွေကလည်း စိတ်ဓာတ်ပျက်ပြားနေကြပြီ။ ငါတို့တိုက်ခိုက်နေသရွေ့ သူတို့ဘက်က ကြီးကြီးမားမား ခုခံတာမျိုး ရှိမှာမဟုတ်ဘူး။ "

" သူတို့က ချင်ဆီမှာ လက်နက်ချတာဖြစ်ဖြစ် တိုက်နယ်မြေကို ထွက်ပြေးတာဖြစ်ဖြစ် လုပ်ကြလိမ့်မယ်။ ထွက်ပြေးတဲ့သူတွေကိုတော့ လွှတ်ထားလို့ရတယ်။ သူတို့က တိုက်နယ်မြေထဲ ပိုပြီး စုံပြုံသွားလေ ပိုပြီး ရှုပ်ထွေးလေဖြစ်မှာပဲ။ အဲ့ဒါက သယတို့ရဲ့ စ်တ်ဓာတ်ကို ပိုပြီး ထိုးနှက်နိုင်လိမ့်မယ်။ "

" ငါတို့စစ်တပ်က ကျောက်အရှေ့ပိုင်းက မြို့အားလုံးကို အမြန်ဆုံးသိမ်းပိုက်မယ်။ အဲ့ဒီနောက်မှ တိုက်နယ်မြေကို ချီတက်မယ်။ ငါတို့မှာ တိုက်ခိုက်နိုင်တဲ့ စစ်သည် ၂၃၀၀၀၀ ကျန်သေးတယ်။ ငါတို့ ပင်မတပ်ဖွဲ့သုံးခု ခွဲထုတ်မယ်။ ပင်မတပ်ဖွဲ့တစ်ခုစီက လမ်းကြောင်းတစ်ခုစီအတိုင်း တိုက်ခိုက်မယ်။ တပ်ဖွဲ့တစ်ခုစီရဲ့ နေရာချထားမှုတွေကိုတော့ မင်းတို့ စစ်သူကြီး သူံးယောက်ပဲ စီစဉ်လိုက်ကြ။ "

" အမိန့်အတိုင်းပါ။ " ကျောက်ဖုန်း၊ ဝမ်ပင်းနှင့် ယန်တွမ်ဟီတို့က ပြောလိုက်ကြသည်။

ဝမ်ကျန့်၏ အမိန့်က ကျောက်နယ်မြေကို အမြန်ဆုံး သိမ်းပိုက်ရန် ဖြစ်သည်။ တိုက်နယ်မြေတွင် ရှိနေသူများက ယခုအခါ ထိတ်လန့်နေသော ငှက်များသာ ဖြစ်သည်။ ကျောက်ယိနှင့် ကျောက်အရာရှိများကလည်း တိုက်နယ်မြေတွင် အခြေကျရန် အာရုံစိုက်နေရသည်။

ကျောက်နိုင်ငံအတွင်းရှိ မြို့တစ်ခုတွင်။

" ဟားဟား ကျောက်ယန် " ယန်တန်က ရယ်မောလိုက်သည်။ " မင်းက ငါ့ရဲ့ ယန်ကို ဖျက်ဆီးချင်ခဲ့တယ်။ အခုတော့ ငါက မင်းရဲ့ မြို့ဆယ်မြို့ကျော်ကို သိမ်းပိုက်လိုက်ပြီ။ ငါက ယန်နိုင်ငံရဲ့ နယ်မြေတွေကို တကယ်ပဲ ချဲ့ထွင်နိုင်ခဲ့ပြီ။ "

" အိမ်ရှေ့စံမင်းသား " ယွဲ့ချန်က စိုးရိမ်စွာဖြင့် ပြောလိုက်သည်။ " ကျုပ်တို့ မြို့ဆယ်မြို့ကျော်ကို သိမ်းပိုက်ပြီးပြီ။ ကျုပ်တို့ရှေ့ဆက်မတိုးသင့်တော့ဘူး။ ရှေ့မှာ ချင်စစ်တပ်နဲ့ တိုးနိုင်ခြေအများကြီးရှိတယ်။ "

" ချင်စစ်တပ်လား။ သူတို့က ငါတို့ရဲ့ စစ်တပ်နဲ့ တကယ်ပဲ ရင်ဆိုင်ရဲလို့လား။ " ယန်တန်က မောက်မာစွာ ပြောလိုက်သည်။ " တကယ်လို့ သူတို့နဲ့ တွေ့ခဲ့ရင်တောင် ငါတို့စစ်တပ်က ရှေ့မတိုးဘဲ ရပ်လိုက်လို့ရတယ်။ ဒါပေမယ့် ငါတို့ သိမ်းပိုက်ထားတဲ့ မြို့တွေကတော့ ယန်ရဲ့ ပိုင်ဆိုင်မှုတွေပဲ။ ချင်ရဲ့ ပိုင်ဆိုင်မှုတွေမဟုတ်ဘူး။ "

မောက်မာပြီး ဘဝင်မြင့်နေသော ယန်တန်ကို ကြည့်ပြီး ယွဲ့ချန်က ကူကယ်ရာမဲ့နေသည်။

" ဒါပေမယ့် ချင်စစ်တပ်က တိုက်ခိုက်လာရင် ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ။ ကျုပ်တို့ရဲ့ စစ်အင်အားနဲ့ဆို သူတို့ကို ယှဉ်နိုင်မှာမဟုတ်ဘူး။ " ယွဲ့ချန်က သူ၏ စစ်တပ်အကြောင်း ကောင်းကောင်းသိနေသည်။ သူတို့က ကျောက်စစ်တပ်ကိုပင် မယှဉ်နိုင်ခဲ့ပေ။

" သူတို့မလုပ်ရဲပါဘူး။ " ယန်တန်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

ထိုအချိန်တွင် မြင်းစီးစစ်သည်များက ထိတ်လန့်စွာဖြင့် မြို့ဆီသို့ ရောက်လာကြသည်။ သူတို့က ဖရိုဖရဲဖြစ်နေကြပြီး သူတို့၏ လက်နက်များနှင့် ချပ်ဝတ်များကို ဆုံးရှုံးကာ သူတို့၏ စစ်မြင်းများဖြင့်သာ ပြန်လာနိုင်ခဲ့ကြသည်။

" အိမ်ရှေ့စံမင်းသား တစ်ခုခုမှားနေပြီ။ " ယွဲ့ချန်က မျက်နှာပျက်သွားပြီး ပြောလိုက်သည်။

" မြန်မြန် မြို့တံခါးကို ဖွင့်လိုက်။ " ယန်တန်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

မြို့တံခါးပွင့်သွားပြီး ယန်စစ်သည်များက မြို့ထဲသို့ ဝင်ရောက်လာကြသည်။

" ဘာဖြစ်ခဲ့တာလဲ။ " ယန်တန်က သူ၏ ရှေ့တွင် ဒူးထောက်နေသော စစ်သည်များကို ကြည့်ပြီး မေးလိုက်သည်။ " မင်းတို့ရဲ့ လက်နက်တွေ ချပ်ဝတ်တွေ ဘယ်မှာလဲ။ "

" အိမ်ရှေ့စံမင်းသား " ခေါင်းဆောင်ဖြစ်သော လူတစ်ရာတပ်မှူးက ထိတ်လန့်စွာဖြင့် ပြောလိုက်သည်။

" ချင် ချင်စစ်တပ် ရောက်လာပြီ။ သူတို့က ကျွန်တော်တို့ကို ဖမ်းပြီး လက်နက်တွေနဲ့ ချပ်ဝတ်တွေကို သိမ်းယူလိုက်ကြတယ်။ ပြီးတော့ သူတို့က ကျွန်တော်တို့ကို စာတစ်စောင် ပြန်ပေးခိုင်လိုက်ပါတယ်။ " သူက ဝါးချပ်စာလိပ်ကို မြှောက်ပြလိုက်သည်။

ယန်တန်က ၎င်းကို ယူပြီး ဖွင့်ဖတ်လိုက်သည်။ " တကယ်လို့ စစ်ပွဲကို ရှောင်လွှဲချင်ရင် ကျောက်ရဲ့ မြို့တွေကနေ ချက်ချင်း ဆုတ်ခွာသွားပါ။ နောက်ထပ်တစ်နာရီအတွင်း ချင်က တိုက်ခိုက်မယ်။ ရန်သူတွေအတွက် သနားဂရုဏာဆိုတာ မရှိဘူး။ ခုခံတဲ့သူတိုင်း သတ်ခံရမယ်။ ချင်ရဲ့ ပင်မစစ်သူကြီး ကျောက်ဖုန်း။ "

" ချင်စစ်သူကြီး ကျောက်ဖုန်း သူက ငါ့လို အိမ်ရှေ့စံမင်းသားကို ဒီလိုမျိုး ခြိမ်းခြောက်ရဲတယ်ပေါ့။ " ယန်တန်က အေးစက်စွာ ပြောလိုက်သည်။

" အိမ်ရှေ့စံမင်းသား ဘယ်သူ့နာမည်ကို ပြောလိုက်တာလဲ။ " ယွဲ့ချန်၏ မျက်နှာတ်ခုလုံးက သွေးမရှိတော့သကဲ့သို့ ဖြူဖျော့သွားသည်။

" ချင်စစ်သူကြီးကျောက်ဖုန်းလေ။ " ယန်တန်က ပြောလိုက်သည်။

" တကယ်ပဲ သူလား။ ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော်တို့ အခုချက်ချင်း ဆုတ်ခွာရပါမယ်။ " ယွဲ့ချန်က တောင်းပန်လိုက်သည်။ " ကျွန်တော်တို့ ချင်စစ်တပ်နဲ့ တိုက်ခိုက်လို့မရဘူး။ မဟုတ်ရင် ကျွန်ျတာ်တို့ရဲ့ တပ်တွေ အကြီးအကျယ် အန္တရာယ်ရှိလိမ့်မယ်။ "

" ကျောက်ဖုန်းဆိုတာ ပေါင်ယွမ်၊ လျန်ပိုနဲ့ ဖန်ရွှမ်တို့ အားလုံးကို သတ်ခဲ့တဲ့သူပဲ။ သူက ဝေဝူကျိကိုတောင် အနိုင်ယူခဲ့တယ်။ သူက ချင်ရဲ့ အလားအလာ အရှိဆုံး စစ်သူကြီးပဲ။ သူက ပိုင်ချီထက် ပိုပြီး ကြမ်းတမ်းသလို စစ်ရေးစစ်ရာမှာလည်း ပိုပြီး ကျွမ်းကျင်တယ်။ ဟန်တန်မြို့ကို ထိုးဖောက်ခဲ့တာလည်း သူပဲ။ "

၎င်းကို ကြားသောအခါ ယန်တန်က မျက်မှောင်ကြုတ်သွားသည်။

" စစ်သေနာပတိချုပ် မင်းက အရင်တုန်းက ရှုံးနိမ့်ခဲ့ဖူးပေမယ့် ငါတို့ စစ်တပ်ရဲ့ စိတ်ဓာတ်ကိုတော့ ဒီလိုကျဆင်းအောင် မလုပ်သင့်ဘူး။ ငါတို့ရဲ့ ယန်နိုင်ငံနဲ့ ချင်က လောလောဆယ်မှာ မဟာမိတ်တွေလို့ သတ်မှတ်လို့ရသေးတယ်။ တကယ်လို့ ချင်စစ်တပ်က ငါတို့ကို တိုက်ခိုက်မယ်ဆိုရင် သူတို့က ယန်တစ်နိုင်ငံလုံးကို စော်ကားသလို ဖြစ်လိမ့်မယ်။ ရင်ကျန့်က ဒီလောက်ထိ မိုက်မဲလိမ့်မယ်လို့ ငါမယုံဘူး။ " ယန်တန်က စိတ်ပျက်စွာ ပြောလိုက်သည်။

" အိမ်ရှေ့စံမင်းသား ကျွန်တော်တို့က ကျောက်ကို ကျူးကျော်လိုက်လို့ ချင်ရဲ့ ပါစပ်ထဲက အသားကို လုယူသလိုဖြစ်နေပြီ။ ကျွန်တော်တို့က သူတို့ကို စော်ကားပြီးသားဖြစ်နေပြီ။ ရင်ကျန့်က ဘယ်လိုလူမျိုးလဲ။ သူက ဒါကို သည်းခံနေလိမ့်မယ်လို့ထင်လား။ "

" တော်စမ်။ " ယန်တန်က ဒေါသတကြီး ပြောလိုက်သည်။ " ဒီကျောက်မြို့တွေက အခု ယန်ရဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်နေပြီ။ ငါက အဲ့ဒါတွေကို ဘယ်တော့မှ လက်လွတ်မှာမဟုတ်ဘူး။ ပြီးတော့ ကျောက်က ငါတို့ကို တိုက်ခိုက်ခဲ့တာပဲ။ ငါတို့က ပြန်တိုက်ခိုက်တာ တရားမျှတတဲ့ အကြောင်းပြချက်ရှိတယ်။ "

ယန်တန်၏ စကားများကို ကြားသောအခါ ယွဲ့ချန်က ဆွံ့အသွားပြီး အလွန်စိတ်ပျက်သွားသည်။ ယန်တန်က အလွန်ခေါင်းမာပြီး အရာအားလုံးကို သူစီစဉ်ထားသည့်အတိုင်း ဖြစ်လာမည်ဟု ထင်နေသည်။

" ငါ့ရဲ့ အမိန့်ကို ထုတ်ပြန်လိုက်။ " ယန်တန်က အေးစက်စွာ အမိန့်ပေးလိုက်သည်။ " မြို့တံခါးတွေကို ပိတ်ပြီး တိုက်ပွဲအတွက် ပြင်ဆင်ကြ။ ဒီကျောက်ဖုန်းက ယန်နဲ့ချင်ကြားမှာ ပဋိပက္ခဖြစ်အောင် တကယ်ပဲ တိုက်ခိုက်ရဲမလားဆိုတာ ငါကြည့်ချင်သေးတယ်။ "

မြို့တံခါးများက ရုတ်တရက် တင်းကျပ်စွာ ပိတ်သွားခဲ့သည်။ မြို့ထဲရှိ ယန်စစ်တပ်မှ စစ်သည်များက မြို့ရိုးပေါ်သို့ တက်သွားကြပြီး ခံစစ်အနေအထားသို့ ပြင်ဆင်လိုက်ကြသည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters