← Chapters

အခန်း (၂၂၂)

Vol. 23 Ch. 222

အခန်း (၂၂၂)

Vol. 23 Ch. 222

မကြာမီ ချင်စစ်သည်များက မြို့ရှေ့တွင် စုရုံးရောက်လာကြသည်။

" ချင်စစ်တပ် ရောက်လာပြီ။ " ယွဲ့ချန်၏ မျက်နှာက အလွန်လေးနက်သွားသည်။

ယန်တန်က မိုက်မဲစွာဖြင့် သူ့ကိုသူ ယုံကြည်မှုလွန်ကဲနေသော်လည်း သူကတော့ ချင်စစ်တပ်၏ အင်အားကို သိထားသည်။ သို့မဟုတ် ကျောက်စစ်တပ်၏ အင်အားကိုလည်း သိထားသည်။ ကျောက်စစ်တပ်က ယန်နိုင်ငံကို တိုက်ခိုက်ချိန်တွင် သူတို့က အကြီးအကျယ် အထိနာခဲ့ပြီး ပြန်လည်တိုက်ခိုက်နိုင်စွမ်းပင် မရှိခဲ့ပေ။

ယန်စစ်တပ်က အဆက်မပြတ် ဆုတ်ခွာရုံသာ တတ်နိုင်ခဲ့သည်။ အကယ်၍ ချင်ကသာ ကြားဝင်စွက်ဖက်ခြင်း မပြုခဲ့လျှင် ယန်နိုင်ငံက ကျောက်၏ ချေမှုန်းခြင်းကို ခံရပြီး ကျဆုံးသွားလောက်ပြီဖြစ်သည်။

" ချင်စစ်တပ် " ယန်တန်က မြို့ရိုးပေါ်မှ အေးစက်စွာ ကြည့်လိုက်သည်။ " မင်းတို့ တိုက်ခိုက်ရဲလိမ့်မယ်လို့ ငါမယုံဘူး။ "

မြို့ရှေ့တွင် တိုက်ပွဲဝင်စစ်ကြောင်းများကို နေရာချထားသည်။ ကျောက်ဖုန်းက မြင်းကို စီးလျက် စစ်တပ်၏ ရှေ့ဆုံးတွင် ရပ်နေသည်။ သူ၏ နောက််တွင် တုဆွေ၊ ဝေချွမ်နှင့် လျူဝမ်တို့ ရှိနေကြသည်။ ယန်စစ်တပ်ရှိနေကြောင်း သိရှိပြီးနောက် ကျောက်ဖုန်းက စစ်သည်နှစ်သောင်းကို စုစည်းခဲ့ခြင်းဖြစ်သည်။

ယန်စစ်တပ်က စစ်သည်တစ်သိန်း စုစည်းထားသည်ဟု ဆိုသော်လည်း သူတို့၏ အင်အားက ပြန့်ကျဲနေပြီး မြို့ထဲတွင် သိပ်မကျန်တော့ပေ။ စစ်သည်နှစ်သောင်းက လုံလောက်သည်ထက် ပိုနေပြီဖြစ်သည်။

" စစ်သူကြီး ဒီမြို့ကို ယန်စစ်တပ်က သိမ်းပိုက်ထားပါတယ်။ " တုဆွေက မြို့ရိုးကို တစ်ချက်ကြည့်ပြီး ကျောက်ဖုန်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။" ကျွန်တော်တို့ ပြန်လွှတ်လိုက်တဲ့ သူတွေ ချင်ရဲ့ ရည်ရွယ်ချက်ကို ပြောပြပြီးလောက်ပြီ။ ဒါပေမယ့် သူတို့က တံခါးကို ပိတ်ထားတုန်းပဲ။ ရှင်းနေတာက သူတို့ထွက်သွားဖို့ အစီအစဉ်မရှိကြဘူး။ "

ကျောက်ဖုန်းက စကားမပြောဘဲ လက်ဆန့်ထုတ်လိုက်သည်။ သး၏ ဘေးမှ ကျန်းမင်က မြားတစ်စင်းကို ချက်ချင်း ထုတ်ပေးလိုက်သည်။ မြားတံတွင် ပိုးထည်စတစ်ခုကို ချည်နှောင်ထားသည်။

" ဒါက သးတို့အတွက် နောက်ဆုံး သတိပေးချက်ပဲ။ တကယ်လို့ သူတို့ မဆုတ်ဘူးဆိုရင် ငါတို့တိုက်ခိုက်မယ်။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။ သူက မြင်းကို ရှေ့သို့ နှင်လိုက်ပြီး မြို့နှင့် ကျန်းတစ်ရာအကွာတွင် ရပ်တန့်လိုက်ပြီး သံနက်လေးကို ဆွဲကာ မြားကို ပစ်လွှတ်လိုက်သည်။

ရွှီး....

မြားက လေထုကို ထိုးဖောက်ပြီး တဟုန်ထိုး ပြေးထွက်သွားသည်။ ခဏအတွင်း မြားက မြို့မျှော်စင်၏ နံရံသို့ စိုက်ဝင်သွားသည်။ မြို့ရိုးပေါ်မှ ယန်စစ်သည်များအားလုံးက ထိတ်လန့်သွားကြသည်။

ယွဲ့ချန်က အမြန်သွားကြည့်လိုက်သည်။ မြားက နံရံထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားပြီး ပတ်ပတ်လည်တွင် အက်ကြောင်းများ ပေါ်လာသည်။ ၎င်းမှာ ပစ်ခတ်လိုက်သည့်အင်အားက မည်မျှပြင်းထန်ကြောင်း သက်သေပြနေသည်။

" အိမ်ရှေ့စံမင်းသား စစ်သေနာပတိချုပ် မြားပေါ်မှာ စာတစ်စောင်ပါလာတယ်။ " ယန်စစ်သူကြီးတစ်ယောက်က လှမ်းအော်လိုက်သည်။

" ဖြုတ်ယူလိုက်။ " ယွဲ့ချန်က အမိန့်ပေးလိုက်သည်။

" ဟုတ်ကဲ့။ " ယန်စစ်သူကြီးက ရှေ့တိုးပြီး မြားကို ဆွဲထုတ်ရန် ကြိုးစားလိုက်သည်။ သို့သော် သူက မည်မျှကြိုးစားသည်ဖြစ်စေ မြားက တစ်ဘက်မမှ မရွေ့ပေ။ သူက အံ့အားသင့်သွားပြီး မြားဆွဲထုတ်ခြင်းကို လက်လျှော့ကာ ပိုးထည်စကို ဖြုတ်ယူ၍ ယန်တန်ကို ပေးလိုက်သည်။

ယန်တန်က ပိုးထည်စကို ယူဖတ်လိုက်ပြီး သူ၏ မျက်နှာက ဒေါသများနှင့် ပြည့်နှက်သွားသည်။ "ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ။ ငါ့ကို ဒီလိုမျိုး ခြိမ်းခြောက်ရဲတယ်ပေါ့။ "

ယွဲ့ချန်က အနားတိုးကပ်၍ ကြည့်လိုက်ပြီး ပိုးထည်စပေါ်တွင် စာအနည်းငယ်သာ ရေးထားသည်ကို တွေ့လိုက်ရသည်။

" အမွှေးတိုင်တစ်ဝက်ကုန်ပြီးရင် ငါ့စစ်တပ်က တိုက်ခိုက်လိမ့်မယ်။ ယန်စစ်တပ်က ပြန်တိုက်ရဲရင် တစ်ယောက်မှ အရှင်မထားဘူး။ အခုချက်ချင်း ဆုတ်ခွာရင် ခွင့်လွှတ်ပေးမယ်။ "

၎င်းကို မြင်သောအခါ ယွဲ့ချန်က ချက်ချင်း ပြောလိုက်သည်။ " အိမ်ရှေ့စံမင်းသား ချင်စစ်သူကြီးကျောက်ဖုန်းက တကယ်ပြောနေတာ။ တကယ်လို့ ကျွန်တော်တို့ မဆုတ်ခွာရင် သူတိုက်ခိုက်လိမ့်မယ်။ ကျွန်တော်တို့ မတိုက်ခိုက်ခင်က အရှင်မင်းကြီးက ချင်စစ်တပ်နဲ့ ထိပ်တိုက်မတွေ့ဖို့ အမိန့်ပေးခဲ့ပါတယ်။ "

ထိုစကားများကို ကြားသောအခါ ယန်တန်၏ စိတ်ထဲတွင် လေးလံသွားသည်။ သို့သော် သူ၏ မြို့ရှေ့မှ စစ်သည်နှစ်သောင်းက သူ၏ စစ်သည် သုံးလေးသောင်းထက် နည်းနေသည်။ သူက မြို့ကို သိမ်းပိုက်ပြီးသားဟူသော အချက်ကို ထည့်စဉ်းစားလျှင် သူက ၎င်းကို အလွန်တကူ လက်မလွှတ်နိုင်သည်မှာ သဘာဝပင်ဖြစ်သည်။

" ဒီမြို့ကို ငါ့ရဲ့ ယန်စစ်သည်တွေ တိုက်ခိုက်ပြီး ရထားတာပဲ။ ငါတို့က ဘယ်လိုလုပ် ဒီအတိုင်း လက်လွှတ်နိုင်မှာလဲ။ " ယန်တန်က အေးစက်စွာ ပြောလိုက်သည်။

" စစ်သေနာပတိချုပ် တိုက်ပွဲအတွက် ပြင်ဆင်တော့။ တကယ်လို့ အဲ့ဒီကျောက်ဖုန်းက တကယ်တိုက်ခိုက်ရဲရင် သူ့မှာ ဘယ်လောက်အရည်အချင်းရှိလဲဆိုတာ ကြည့်ရသေးတာပေါ။ "

" အိမ်ရှေ့စံမင်းသားက တကယ်ပဲ ချင်စစ်တပ်နဲ့ စစ်ဖြစ်ချင်နေတာလား။ " ယွဲ့ချန်က မျက်နှာပျက်သွားသည်။

" ဒါက စစ်ကြေညာတာမဟုတ်ဘူး။ ချင်စစ်တပ်က အရင်တိုက်ခိုက်တာပဲ။ ဒါကြောင့် ချင်မှာပဲ အပြစ်ရှိတယ်။ ဘာလဲ စစ်သေနာပတိချုပ်က အမိန့်မနာခံချင်တာလား။ " ယန်တန်က ယွဲ့ချန်ကို အေးစက်စွာ ကြည့်လိုက်သည်။

" အိမ်ရှေ့စံမင်းသား ဒီကိစ္စကို သေချာစဉ်းစားသင့်တယ်။ " ယွဲ့ချန်က တိုက်ရိုက်ပြောလိုက်သည်။ " တကယ်လို့ ချင်စစ်တပ်နဲ့ တိုက်ခိုက်ရမယ်ဆိုရင် အကျိုးဆက်အားလုံးကို အိမ်ရှေ့စံမင်းသား တာဝန်ယူရလိမ့်မယ်။ "

" အကျိုးဆက်အားလုံးကို ငါတာဝန်ယူတယ်။ " ယန်တန်က ပြန်သားစွာ ပြောလိုက်သည်။ " ဒါပေမယ့် ချင်စစ်တပ်ကို မောင်းထုတ်နိုင်တဲ့အခါ အဲ့ဒီစွမ်းဆောင်မှုက စစ်သေနာပတိချုပ်နဲ့ ဘာမှမဆိုင်ဘူး။ "

" ကျောက်ဖုန်းက ရိုးရှင်းတဲ့ ရန်သူတစ်ယောက် မဟုတ်ဘူး။ သူသာ အဲ့လောက်ရိုးရှင်းနေရင် လျန်ပို၊ ဝေဝူကျိနဲ့ ဖန်ရွှမ်တို့က သူ့လက်ထဲမှာ ရှုံးနိမ့်ခဲ့မှာ မဟုတ်ဘူး။ အဲ့ဒီထဲက နှစ်ယောက်ဆိုရင် အသက်တောင် ဆုံးရှုံးခဲ့ရတယ်။ အိမ်ရှေ့စံမင်းသား ဒါကို အလေးအနက်ထားတာ ပိုကောင်းလိမ့်မယ်။ ဒီတိုက်ပွဲက အခု အိမ်ရှေ့စံမင်းသားရဲ့ လက်ထဲမှာပဲ ရှိပါတယ်။ ကျွန်တော်ကို ခွင့်ပြုပါဦး။ " ယွဲ့ချန်က နောက်လှည့်ပြီး မြို့ရိုးပေါ်မှ ဆင်းသွားသည်။

ထွက်သွားသော ယွဲ့ချန်၏ ကျောပြင်ကို ကြည့်ပြီး ယန်တန်၏ မျက်လုံးများထဲတွင် အေးစက်မှုများ ပြည့်နှက်သွားသည်။

" တကယ်လို့ ခမည်းတော်မှာ အသုံးချဖို့ အခြားသူမရှိလို့သာ မဟုတ်ရင် မင်း ပြန်ရောက်လာတဲ့အချိန်ကတည်းက အသတ်ခံရမှာ။ စောင့်နေလိုက်စမ်းပါ။ ငါသာ ထီးနန်းတက်တဲ့နေ့ကျရင် ပထမဆုံး လုပ်မယ့်အရာက မင်းလို ကြောက်တတ်တဲ့ သစ္စာဖောက်ကို သတ်ပစ်ဖို့ပဲ။ "

" စစ်သည်တို့ ဒီမြို့က မင်းတို့ရဲ့ တိုက်ခိုက်မှုကြောင့် ရခဲ့တာပဲ။ ဒီမြို့က အခုယန်ရဲ့နယ်မြေဖြစ်နေပြီ။ ချင်စစ်တပ်က ကျူးကျော်လာပြီး ငါတို့ရဲ့ အသီးအပွင့်တွေကို လုယူဖို့ ကြံစည်နေတယ်။ မင်းတို့က သူတို့ကို လုယူခွင့်ပြုနိုင်မှာလား။ " ယန်တန်က ကျယ်လောင်စွာ အော်လိုက်သည်။

ထိုစကားများကို ကြားသောအခါ မြို့ရိုးပေါ်မှ ယန်စစ်သည်များက တစ်ယောက်ကိုတစ်ယောက် ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။ သူတို့က ယန်တန်ကို ကြည့်ပြီး စိတ်ပျက်သွားကြသည်။ သူတို့က ကျောက်နယ်မြေထဲသို့ ဝင်လာကတည်းက ကျောက်စစ်တပ်နှင့် ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ခြင်း မရှိပေ။

သူတို့တွေ့သမျှ လူတိုင်းက ထွက်ပြေးခြင်း သို့မဟုတ် လက်နက်ချခြင်းတို့ကို ပြုလုပ်ခဲ့သည်။ စစ်သည်တစ်သိန်းရှိသော သူတို့၏ စစ်တပ်က ဘာခုခံမှုမှမရှိဘဲ တိုက်ရိုက်ချီတက်လာခြင်းဖြစ်သည်။ သူတို့ နားလည်ထားသည်မှာ ကျောက်စစ်တပ်က ချင်စစ်တပ်ကြောင့် ထိတ်လန့်နေပြီး သူတို့က ဘေးမှ အခွင့်အရေးယူလိုက်ခြင်းသာ ဖြစ်သည်။

" ဘာဖြစ်တာလဲ။ မင်းတို့က ကြောက်နေကြတာလား။ " ယန်တန်က မြို့ရိုးပေါ်မှ စစ်သည်များ တိတ်ဆိတ်နေသည်ကို ကြည့်ပြီး ဒေါသတကြီး သိန်းဟောက်လိုက်သည်။

ထိုအချိန်တွင် သူ၏ လူယုံအချို့က လက်နက်များကို မြှောက်ပြီး အော်ဟစ်လိုက်ကြသည်။ " ယန်နယ်မြေကို ကာကွယ်ဖို့ ကျိန်ဆိုပါတယ်။ ယန်မြို့တွေကို ကာကွယ်ဖို့ ကျိန်ဆိုပါတယ်။ "

ထိုဟစ်ကြွေးသံကြောင့် မြို့ရိုပေါ်မှ စစ်သည်များက လိုက်လံအော်ဟစ်လိုက်ကြသော်လည်း သူတို့၏ စိတ်ဓာတ်က သိသိသာသာ ကျဆင်းနေသည်။ ၎င်းက ဖြစ်သင့်ပေသည်။ သူတို့က ယန်နိုင်ငံကို ပျက်စီးလုနီးပါး တိုက်ခိုက်ခဲ့သော ကျောက်စစ်တပ်ကြောင့် ထိတ်လန့်နေခဲ့သည်။ ကျောက်နိုင်ငံကို အမြစ်ပြတ်ချေမှုန်းနေသည့် ချင်စစ်တပ်ကို အလွန်ကြောက်လန့်နေသည်မှာ သဘာဝပင် ဖြစ်သည်။

မြို့ရိုးပေါ်မှ အသံများကို ကြားသောအခါ ကျောက်ဖုန်းက မျက်မှောင်ကြုတ်သွားသည်။ သူက သူ၏ လက်ထဲရှိ အာဏာရှင်လှံကို မြှောက်လိုက်သည်။

" ချင်စစ်သည်တို့..."

" ဟေ့ ဟေ့ ဟေ့..." စစ်သည်နှစ်သောင်းက အရေအတွက်မများသော်လည်း သူတို့၏ ဟိန်းဟောက်သံက မိုးချုန်းသံကဲ့သို့ ပတ်ဝန်းကျင်ကို ပဲ့တင်ထပ်သွားသည်။ သတ်ဖြတ်လိုသော အငွေ့အသက်များက မြို့ရိုးပေါ်သို့ လွှမ်းမိုးသွားသည်။

" ဒါက ချင်စစ်တပ်လား။ ကြောက်စရာကောင်းလိုက်တဲ့ သတ်ဖြတ်ခြင်းအငွေ့အသက်တွေပဲ။ " ယန်တန်က ပြင်းထန်သော သတ်ဖြတ်လိုသော အငွေ့အသက်များကို ခံစားမိပြီး သူ၏ စိတ်ထဲတွင် စိုးရိမ်မှူများ ဝင်ရောက်လာသည်။ သူသာ ထိုကဲ့သို့ ခံစားရလျှင် မြို့ရိုးပေါ်မှ ယန်စစ်သည်များဆိုလျှင် ပြောစရာပင်မလိုပေ။

" ကျောက်စစ်တပ်ကတောင် တော်တော်သန်မာတာ။ အခု ချင်စစ်တပ်က သူတို့ကို ချေမှုန်းလိုက်ပြီ။ "

" သူတို့က ကျောက်စစ်တပ်ထက်တောင် ပိုပြီး သန်မာလောက်တယ်။ ငါတို့ စစ်တပ်က သူ့တို့ကို မယှဉ်နိုင်ဘူး။ "

မြို့ရိုးပေါ်မှ ယန်စစ်သည်များက ထိတ်လန့်နေကြပြီဖြစ်သည်။ သူတို့၏ သန်မာသော စိတ်ဓာတ်များကလည်း သူတို့၏ နိုင်ငံကို ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ပြီးနောက် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters