← Chapters

အခန်း (၂၂၃)

Vol. 23 Ch. 223

အခန်း (၂၂၃)

Vol. 23 Ch. 223

" အတိတ်တုန်းက ကျောက်နိုင်ငံက ယန်နိုင်ငံကို တိုက်ခိုက်တဲ့အချိန်မှာ ယန်က ချင်ဆီက အကူအညီတောင်းခဲ့တယ်။ " ကျောက်ဖုန်း၏ အသံက ဟိန်းထွက်လာသည်။ " တရားမျှတမှုအတွက် ချင်က ကျောက်ကို တိုက်ခိုက်ဖို့ စစ်တပ်ကို စေလွှတ်ခဲ့ပြီး ယန်နိုင်ငံကို ဘေးဒုက္ခကနေ ကယ်တင်ခဲ့တယ်။ "

" ချင်နိုင်ငံကြောင့် မင်းတို့ ယန်နိုင်ငံက တည်ရှိနေတာပဲ။ အခုတော့ ယန်နိုင်ငံက ကျေးဖူးကန်းနေပြီ။ ချင်ကို ကျေးဇူးဆပ်ရမယ့်အစား ငါတို့ရဲ့ အသီးအပွင့်တွေကို ခိုးယူခဲ့ကြတယ်။ ဒါက သည်းမခံနိုင်စရာပဲ။ "

" စစ်သည်တို့ ငါ့နောက်ကို လိုက်ပြီး ဒီမြို့ကို ထိုးဖောက်ကြ။ မြို့ကျဆုံးသွားရင် ဘယ်သူ့ကိုမှ အကျဉ်းသားအဖြစ် မထားနဲ့။ သူတို့အားလုံးကို သတ်ပစ်ကြ။ "

ကျောက်ဖုန်းက သူ၏ အာဏာရှင်လှံကို မြှောက်ပြီး အော်ဟစ်လိုက်သည်။ ထို့နောက် မြင်းကို ရှေ့သို့ အရှိန်အဟုန်နှင့် မောင်းထွက်သွားသည်။ သူ၏ ကိုယ်ရံတော်ခြောက်ရာကလည်း သူတို့၏ မြင်းများနှင့် လိုက်ပါလာကြသည်။

ထိုကဲ့သို့သော မြို့ငယ်လေးကို ချိုးဖျက်ရန် သူ၏ အာရုံစိုက်မှုများစွာ မလိုအပ်ပေ။ ယန်စစ်တပ်ကလည်း ခုခံရေးလက်နက်များ ကင်းမဲ့နေသော တပ်ဖွဲ့တစ်ခုသာဖြစ်ကြောင်း သူသတင်းရရှိထားသည်။ ထို့အပြင် ထိုမြို့ငယ်လေးက မြို့ရိုးများနိမ့်ပြီး တံခါးများကလည်း ခိုင်ခံ့မှုမရှိပေ။

" တိုက်ခိုက်ကြ...." စစ်သည်နှစ်သောင်းက ဟိန်းဟောက်ပြီး စစ်ကြောင်းများ ခွဲထွက်ကာ တိုက်ခိုက်မှုကို စတင်လိုက်သည်။

" ဒီကျောက်ဖုန်းကတော့ သေချင်နေတာပဲ။ မြို့ကို မြင်းတပ်နဲ့ ဘယ်လိုလုပ်တိုက်မှာလဲ။ " ရှေ့သို့ ပြေးထွက်လာသော မြင်းစီးစစ်သည်တစ်ထောင်ပင် မပြည့်သော တပ်ဖွဲ့ကို ကြည့်ရင်း ယန်တန်က လှောင်ပြုံးပြုံးလိုက်သည်။

" ဒီကျောက်ဖုန်းရဲ့ ကျော်ကြားမှုက မထိုက်တန်ဘူးပဲ။ သူ့ကို ပိုင်ချီနဲ့တောင် နှိုင်းယှဉ်ကြတယ်။ တကယ်လို့ ငါဒီနေ့ သူ့ကို ဖမ်းမိရင် ချင်နိုင်ငံနဲ့ ညှိနှိုင်းလို့ရလောက်တယ်။ "

" လေးသည်တော်တို့ အသင့်ပြင်..." ယန်တန်က အမိန့်ပေးလိုက်သည်။ " ချင်စစ်တပ်က ပစ်ကွင်းထဲရောက်လာတာနဲ့ မြားတွေကို ပစ်လိုက်။ ယန်ရဲ့ နယ်မြေကို အဆုံးရှုံးမခံနိုင်ဘူး။ "

သူ၏ အမိန့်နှင့်အတူ မြို့ရိုးပေါ်မှ ယန်စစ်တပ်က လှုပ်ရှားလာကြသည်။ လေးစစ်သည်များက အောက်သို့ ချိန်ရွယ်ကာ ချင်စစ်တပ်၏ ချဉ်းကပ်လာမှုကို စောင့်ဆိုင်းနေကြသည်။ သို့သော် ကျောက်ဖုန်းနှင့် သူ၏ ကိုယ်ရံတော်ခြောက်ရာက ကြောက်ရွံ့မှုမပြဘဲ မြို့ဆီသို့ ဆက်လက်ချီတက်လာကြသည်။

" ပစ်ကြစမ်း။ " ယန်တန်က သူ၏ ဓားကို ဆွဲထုတ်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

မြို့ရိုးပေါ်မှ မြားမိုးများ ကျဆင်းလာသည်။ ကျောက်ဖုန်းက အရှိန်အပြည့်ဖြင့် မြင်းစီးလာရင်း အာဏာရှင်လှံကို ဝှေ့ရမ်းလိုက်ပြီး မြားများကို ဖယ်ရှားလိုက်သည်။ ကိုယ်ရံတော်ခြောက်ရာကလည်း သူတို့၏ လှံရှည်များကို ဝှေ့ရမ်းကာ ကျဆင်းလာသော မြားမိုးများကို ကာကွယ်လိုက်ကြသည်။

ကျောက်ဖုန်း၏ ကိုယ်ရံတော်အားလုံးက အနည်းဆုံး ဟောက်ထျန်း အဆင့်လေးရှိသည့် သိုင်းပညာကို လေ့ကျင့်ထားသူများ ဖြစ်ကြသည်။ မြို့ရိုးပေါ်မှ မြားမိုးများက သူတို့ကို ထိခိုက်မှုအနည်းငယ်သာ ပေးနိုင်ခဲ့သည်။

ဟန်တန်မြို့ကို တိုက်ခိုက်ခဲ့စဉ်က မြားမိုးများနှင့်ယှဉ်လျှင် ၎င်းက ဘယမှမပြောပလောက်ပေ။ မျက်စိတစ်မှိတ်အတွင်း ကျောက်ဖုန်းက မြို့တံခါးဆီသို့ ရောက်ရှိသွားသည်။

" ကျိုးပျက်စမ်း " ကျောက်ဖုန်းက အာဏာရှင်လှံကို ချီစွမ်းအားများဖြင့် ပေါင်းစပ်ပြီး မြို့တံခါးဆီသို့ ဝှေ့ရမ်းလိုက်သည်။ လှံအလင်းတန်းတစ်ခုက ထွက်ပေါ်လာပြီး ကြောက်စရာကောင်းသော ဖျက်ဆီးအားကို သယ်ဆောင်သွားသည်။

ဝုန်း...

မြို့တံခါးက အပိုင်းပိုင်း ကျိုးပျက်သွားပြီး ယန်စစ်သည်များက ထိတ်လန့်သွားကြသည်။

" သတ်ကြစမ်း " ကျောက်ဖုန်းက ဟိန်းဟောက်ပြီး တံခါးမှတစ်ဆင့် ဝင်ရောက်သွားသည်။ သူ၏ အာဏာရှင်လှံက နဂါးတစ်ကောင်းကဲ့သို့ လှုပ်ရှားနေပြီး ယန်စစ်သည်များကို ခုတ်ပိုင်းပြီးနောက် သူ၏ မြင်းကို မြို့ထဲသို့ ဆက်လက်မောင်းနှင်လိုက်သည်။ သူ၏ ကိုယ်ရံတော်များကလည်း မြို့ထဲသို့ ဝင်ရောက်လာကြပြီး သတ်ဖြတ်မှုကို စတင်လိုက်ကြသည်။

ကိုယ်ရံတော်များ တိုက်ပွဲထဲသို့ ဝင်ရောက်လာသည်နှင့် ၎င်းက တစ်ဖက်သန် သတ်ဖြတ်ပွဲကြီးဖြစ်သွားခဲ့သည်။ စိတ်ဓာတ်ပျက်ပြားနေသော ယန်စစ်သည်များက သတ်ဖြတ်ခြင်း ခံရမည့် သိုးငယ်များကဲ့သို့ ဖြစ်သွားကြသည်။

" မြို့တံခါးပွင့်သွားပြီ။ စစ်သူကြီးနောက်ကို လိုက်ပြီး သတ်ကြ။ " တုဆွေက သူ၏ မြင်းကို မောင်းနှင်ပြီး ဟိန်းဟောက်လိုက်သည်။ သူ၏ နောက်မှ စစ်သည်နှစ်သောင်းက ရူးသွပ်စွာဖြင့် တိုက်ခိုက်ဝင်ရောက်လာကြသည်။

" မဖြစ်နိုင်ဘူး။ ဒါလုံးဝမဖြစ်နိုင်ဘူး။ သူက မြို့တံခါးကို ဘယ်လိုလုပ်ချိုးဖျက်လိုက်တာလဲ။ " ယန်တန်က မြို့ရိုးပေါ်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

မြို့တံခါးပွင့်သွားသည်နှင့် ကျောက်ဖုန်း ဦးဆောင်သော ထိုးစစ်ကို ရင်ဆိုင်ရချိန်တွင် ယန်စစ်တပ်၏ စန်မကျသော ခုခံမှုမှာ ချက်ချင်း ပြိုကွဲသွားခဲ့သည်။

" ချင်စစ်တပ်က မိစ္ဆာတွေပဲ။ ဆုတ်ကြ။ "

" မြို့တံခါးကို ချင်စစ်သူကြီးက ခုတ်ပိုင်းလိုက်တာပဲ။ မိစ္ဆာတွေ... မိစ္ဆာတွေ..." မြို့ထဲမှ ယန်စစ်သည်များက သတ္တိများ ပျောက်ဆုံးကုန်ပြီး ထိတ်လန့်တကြား ထွက်ပြေးကြတော့သည်။

" ယန်စစ်တပ် တစ်ယောက်မှ အရှင်မထားနဲ့။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်ပြီး သူကိုယ်တိုင်လည်း ရန်သူများကို ရူးသွပ်စွာဖြင့် စတင်တိုက်ခိုက်တော့သည်။

" ယန်စစ်သည်တစ်ယောက်ကို သတ်ဖြတ်ပြီး ခွန်အား ၁မှတ် ရရှိပါတယ်။ "

" ယန်စစ်သည်တစ်ယောက်ကို သတ်ဖြတ်ပြီး သက်တမ်း ၁ရက် ရရှိပါတယ်။ "

စွမ်းရည်များကလည်း အဆက်မပြတ် ထွက်ပေါ်လာသည်။ သူ၏ နောက်မှ ကိုယ်ရံတော်များနှင့် ချင်စစ်သည်များကလည်း ရန်သူများကို အတားအဆီးမရှိ သတ်ဖြတ်လျက် မြို့အတွင်းသို့ ဝင်ရောက်လာကြသည်။

" အိမ်ရှေ့စံမင်းသား ချင်စစ်တပ်က မြို့ထဲကို ဝင်ရောက်လာပါပြီ။ ကျွန်တော်တို့ တောင့်မခံနိုင်တော့ပါဘူး။ "

" သတင်းပို့ပါတယ်။ ချင်စစ်တပ်က မြို့ရိုးအောက်က နေရာတွေကို သိမ်းပိုက်လိုက်ပါပြီ။ ကျွန်တော်တို့ ထွက်ပြေးလို့မရတော့ဘူး။ "

ယန်တပ်မှူးများနှင့် စစ်သည်များက တစ်ယောက်ပြီးတစ်ယောက် ယန်တန်ဆီသို့ သတင်းပို့လိုက်ကြသည်။ သို့သော် သူနှင့် ယန်စစ်တပ်အတွက်မူ အရာအားလုံး နောက်ကျသွားခဲ့ပြီဖြစ်သည်။ တိုက်ပွဲစတင်ပြီး တစ်နာရီမပြည့်ခင်မှာပင် ရှုံးနိမ့်သွားခဲ့သည်။ ထိုသို့သော ရလဒ်မျိုးကို ဘယ်သူမှ ကြိုတင်မခန့်မှန်းနိုင်ခဲ့ကြပေ။

" ချင်စစ်တပ်က ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေတာလဲ။ ငါတို့ ယန်စစ်သည်တွေက သူတို့ရှေ့မှာ ဘာလို့ဒီလောက်တောင် အားနည်းနေရတာလဲ။ " ယန်တန်က ထိတ်လန့်သွားပြီး သူ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ ပျံ့နှံ့သွားသည်။ သူ့ကိုသူ ယုံကြည်မှုက ဟာသတစ်ခု ဖြစ်သွားခဲ့သည်။

" သတ်ကြ ယန်စစ်သည်တစ်ယောက်မှမချန်နဲ့။ " မျှော်စင်လှေကားများမှ တိုက်ပွဲဟစ်ကြွေးသံများက ပဲ့တင်ထပ်နေသည်။

အနက်ရောင်ချပ်ဝတ်နှင့် ချင်စစ်သည်များက အပေါ်သို့ တက်လာကြပြီး ယန်စစ်သည်များကို ရူးသွပ်စွာ သတ်ဖြတ်နေကြသည်။ သူတို့အတွက်မူ ထိုယန်စစ်သည်များက စစ်ရေးစွမ်းဆောင်မှုများဖြစ်ပြီး ရာထူးတိုးရန်နှင့် ဘွဲ့ထူးများရရှိရန် လမ်းစပင်ဖြစ်သည်။ ၎င်းက သူတို့ သေခြင်းတရားကို မကြောက်ရသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။

သူတို့က ချင်အတွက် သူတို့ကိုယ်တိုင်အတွက်နှင့် ပို၍ အရေးကြီးသည်မှာ သူတို့၏ မိသားစုများအတွက် တိုက်ပွဲဝင်နေကြခြင်း ဖြစ်သည်။

မကြာမီ မျှော်စင်ပေါ်ရှိ ယန်စစ်သည်များက သတ်ဖြတ်ခံလိုက်ရပြီး ရာဂဏန်းသာ ကျန်နေခဲ့သည်။ သူတို့က အရပ်မျက်နှာအားလုံးမှ ဝိုင်းလာသော ချင်စစ်တပ်ကို ကြည့်ပြီး ထိတ်လန့်စွာဖြင့် ယန်တန်၏ ဘေးတွင် စုရုံးနေကြသည်။

" ရပ်လိုက်စမ်း။ ငါက ယန်နိုင်ငံရဲ့ အိမ်ရှေ့စံမင်းသား ယန်တန်ပဲ။ ကျောက်ဖုန်းကို ငါနဲ့တွေ့ဖို့ ခေါ်လိုက်စမ်း။ " ယန်တန်က စစ်သည်များထဲမှ ထွက်လာပြီး အော်ဟစ်လိုက်သည်။

ထိုစကားများကို ကြားသောအခါ ပတ်ပတ်လည်မှ ချင်စစ်သည်များက သူတို့၏ တိုက်ခိုက်မှုများကို ရပ်တန့်လိုက်ကြသည်။ သို့သော် သူတို့အားလုံးက ယန်တန်ကို သားကောင်ကိုကြည့်နေသကဲ့သို့ လောဘတကြီး စိုက်ကြည့်နေကြသည်။

" ယန်တန်ကလွဲလို့ ကျန်တဲ့သူတွေ အကုန်သတ်ပစ်။ " ကျောက်ဖုန်း၏ အသံက ထွက်ပေါ်လာသည်။ " ယန်တန်ကို ဖမ်းမိတဲ့သူ ရာထူးနဲ့ဘွဲ့ထူး တစ်ဆင့်တိုးမြှင့်ပေးမယ်။ "

ရင်ကျန့်က ယန်တန်ကို မသတ်ရန် ညွှန်ကြားထားခဲ့သည်။ သူသေသွားခြင်းက ချင်အတွက် အကျိုးမရှိဘဲ အသက်ရှင်နေခြင်းက ပိုအသုံးဝင်သည်။ နောက်ဆုံးတွင် ရင်ကျန့်၏ အမြင်အရ ထိုမိုက်မဲသော အိမ်ရှေ့စံမင်းသား ရှိနေခြင်းက ချင်အတွက် ဆုလာဘ်တစ်ခုပင် ဖြစ်သည်။

" ကျောက်ဖုန်း မင်း ရဲတင်းလှချည်လား။ ချင်နဲ့ယန်က မဟာမိတ်တွေပဲ။ " ယန်တန်က မျက်နှာပျက်သွားပြီး အော်ဟစ်လိုက်သည်။ သို့သော် သူ့ကို မည်သူမှ အရေးမစိုက်ကြပေ။

" သတ်ကြ သတ်ကြ။ " ပတ်ပတ်လည်မှ ချင်စစ်သည်များက ရှေ့သို့ တိုးလာကြပြီး မျှော်စင်ပေါ်တွင် ကျန်ရှိနေသော ယန်စစ်သည်များကို သတ်ဖြတ်လိုက်ကြသည်။

အချိန်ခဏအတွင်း ယန်စစ်သည်အားလုံး သေဆုံးသွားကြပြီး မျှော်စင်ပေါ်တွင် အလောင်းများ ပြန့်ကျဲနေသည်။ ယန်တန်က ချင်စစ်သည်နှစ်ယောက်၏ အတင်းအကျပ် ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။

" ကျောက်ဖုန်း မင်းရဲတင်းလှချည်လား။ မင်းဘယ်လိုတောင်လုပ်ရဲတာလဲ။ " ယန်တန်က ကျောက်ဖုန်းကို ကြည့်ပြီး အော်ဟစ်လိုက်သည်။

" ငါမင်းကို အခွင့်အရေးပေးခဲ့ပြီးသားပဲ။ " ကျောက်ဖုန်းက ယန်တန်ဆီသို့ ဖြည်းညင်းစွာ လာရင်း ပြောလိုက်သည်။

" ယန်နိုင်ငံရဲ့ အိမ်ရှေ့စံမင်းသား ယန်တန် မင်းရဲ့ မိုက်မဲတဲ့ အတွေးတွေကို ဖယ်ထုတ်လိုက်စမ်း။ ဒါက စစ်ပွဲ သနားညှတာမှုကင်းမဲ့တဲ့ စစ်ပွဲပဲ။ "

" မင်းသတ္တိရှိရင် ငါ့ကို သတ်လိုက်စမ်းပါ။ " ယန်တန်က အော်ဟစ်လိုက်သည်။

သူ့အတွက် ထိုရှုံးနိမ့်မှုက မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင် ဖြစ်သည်။ သူက နယ်မြေချဲ့ထွင်ပြီး သူ့ကိုသူ သက်သေပြရန် ဆန္ဒရှိခဲ့သော်လည်း တိုက်ပွဲတစ်ခုတည်းဖြင့် သူစိတ်ကူးထားသမျှ အရာအားလုံး ပျက်စီးသွားခဲ့သည်။ သူ၏ ခမည်းတော်နှင့် ရင်ကျန့်တို့ကို ရင်ဆိုင်ရမည်ဟု တွေးမိသောအခါ ယန်တန်တစ်ယောက် သေလိုက်တာက ပိုကောင်းမည်ဟု ခံစားလိုက်ရသည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters