အခန်း (၂၂၅)
Vol. 23 Ch. 225
" ဂုဏ်ပြုပါတယ် အရှင်မင်းကြီး။ " ယွီလျောင်က ရယ်မောပြီး ပြောလိုက်သည်။ " ယန်က ချင်ရဲ့ အောင်မြင်မှုအသီအပွင့်တွေကို လုယူဖို့ ကြံစည်ခဲ့ပေမယ့် အခုတော့ ကျွန်တော်မျိုးကိုတောင် ပြန်လျော်ပေးရတော့မယ်။ "
" မှန်ပါတယ်။ " လီစီကလည်း ပြုံး၍ ပြောလိုက်သည်။ " ချင်က ဒီတစ်ခေါက် အကျိုးအမြတ် အများကြီး ရလိုက်တာပဲ။ ယန်က ရမယ့် ငွေးကြေးနဲ့ ရိက္ခာတွေက ကျွန်တော်မျိုးတို့ရဲ့ နိုင်ငံဘဏ္ဍာရေးကို ပြည့်စုံအောင် ကူညီပေးပါလိမ့်မယ်။ "
ရင်ကျန့်က လက်မြှောက်လိုက်ပြီး ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။
" လွန်ခဲ့တဲ့ နှစ်ရက်က ငါ အစီရင်ခံစာတစ်စောင် ရခဲ့တယ်။ " ရင်ကျန့်က ပြောလိုက်သည်။ " စစ်သေနာပတိချုပ်ဝမ်ကျန့်က ကျောက်နယ်မြေထဲက မြို့တွေကို တိုက်ခိုက်ဖို့ လန်ထျန်းစခန်းတစ်ခုလုံးကို စုစည်းသွားပြီ။ တစ်လအတွင်းမှာ ကျောက်နယ်မြေက ချင်ရဲ့ လက်အောက်ကို ရောက်လာလိမ့်မယ်။ "
" ကျောက်နယ်မြေ ချင်လက်အောက် ရောက်သွားတာနဲ့ တိုက်နယ်မြေတစ်ခုပဲ ကျန်တော့မယ်။ အဲ့ဒါက ကျွန်တော်မျိုးတို့ကို ယှဉ်နိုင်မှာမဟုတ်ဘူး။ " ယွီလျောင်က ပြောလိုက်သည်။ " ကျွန်တော်မျိုး အကြံပြုချင်တာက စစ်သေနာပတိချုပ်မုန့်ဝူကို အချိန်ဆွဲတဲ့ ခံစစ်ဗျူဟာကနေ တိုက်စစ်ဗျူဟာကို ပြောင်းခိုင်းပြီး မြောက်ဘက်ကနေ တိုက်နယ်မြေကို တိုက်ခိုက်ခိုင်းသင့်ပါတယ်။ တိုက်နယ်မြေကို တိုက်ခိုက်တာက ကျောက်ကို တစ်ချက်တည်းနဲ့ အမြစ်ပြတ်ချေမှုန်းနိုင်ပါလိမ့်မယ်။ "
" အဲ့ဒါကို သဘောတူတယ်။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။ " အမိန့်တော်ရေးလိုက်။ မုန့်ဝူကို အင်အားအပြည့်နဲ့ တိုက်နယ်မြေကို တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်တယ်။ "
ယခင်လန်ထျန်းစခန်းက ကျောက်ကို တိုက်ခိုက်ချိန်တွင် အဓိကတိုက်စစ်က ကျောက်နယ်မြေကိုသာ ဦးတည်ထားခြင်းဖြစ်ပြီး မုန့်ဝူ၏ စစ်သည်တစ်သိန်းက ကျောက်နယ်ခြားစောင့်တပ်ကို ထိန်းထားရန်သာ အသုံးပြုခဲ့သည်။ ယခုအခါ စစ်ပွဲအခြေအနေက ပြောင်းလဲသွားပြီဖြစ်သောကြောင့် ဗျူဟာကလည်း တိုက်စစ်သို့ ကူးပြောင်းသွားခဲ့သည်။
" ဝန်ကြီးဝမ် " ရင်ကျန့်က ဝမ်ဝမ်ဘက်သို့ လှည့်ပြီး ပြောလိုက်သည်။ " ရိက္ခာနဲ့ အထောက်အပံ့တွေ ခွဲဝေဖို့ အစွမ်းကုန် ကြိုးစားပါ။ "
" ကျွန်တော်မျိုး အမိန့်အတိုင်း ဆောင်ရွက်လိုက်ပါမယ်။ " ဝမ်ဝမ်က ပြန်ပြောလိုက်သည်။
" ဒီနှစ်အတွင်းမှာ ကျောက်ကို အမြစ်ပြတ်ချေမှူန်းနိုင်လိမ့်မယ်။ " ရင်ကျန့်က မျှော်လင့်ချက်များနှင့် ပြောလိုက်သည်။ " ဝန်ကြီးတို့ တစ်လောကလုံးကို စုစည်းဖို့က ငါတစ်ယောက်တည်း လုပ်နိုင်တဲ့အလုပ်မဟုတ်ဘူး။ ဝန်ကြီးတို့အားလုံးရဲ့ အင်အားကို လိုအပ်တယ်။ "
" ကျွန်တော်မျိုးတို့ အရှင်မင်းကြီးအပေါ် သေတဲ့အထိ သစ္စာစောင့်သိပါမယ်။ " ဝန်ကြီးများက ပြောလိုက်ကြသည်။
"အခု ငါ ကြေညာစရာတစ်ခုရှိတယ်။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်ပြီး သူ၏ အမူအရာက လေးနက်သွားသည်။
ဝန်ကြီးများအားလုံးက ပလ္လင်ပေါ်မှ ရင်ကျန့်ကို ကြည့်လိုက်ကြသည်။
" ငါ့ရဲ့ ဝန်ကြီးတွေအတွက် တိုက်ပွဲအစီရင်ခံစာတစ်စောင်ကို ဖတ်ပြခိုင်းမယ်။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။
သူ၏ ဘေးမှ ကျောက်ကောင်းက တိုက်ပွဲအစီရင်ခံစာကို မြှောက်ကိုင်ပြီး ဝန်ကြီးများဘက်သို့ လှည့်လိုက်သည်။
" ကျောက်နိုင်ငံတိုက်ပွဲ။ ကျောက်စစ်သည်သုံးသိန်းကျော်က ဝူအန်းမြို့မှာ တပ်စွဲထားခဲ့တယ်။ ကျောက်စစ်သေနာပတိချုပ် ဖန်ရွှမ်က မြို့ကို ခုခံပြီး ဘယ်သူမှ မထိုးဖောက်နိုင်အောင် လုပ်ထားခဲ့တယ်။ ချင်လန်ထျန်းစခန်းရဲ့ စစ်သူကြီးကျောက်ဖုန်းက ရှေ့တန်းတပ်ဖွဲ့ကို ဦးဆောင်ခဲ့တယ်။ သူက သူ့ရဲ့ လူတွေကို ရှေ့ဆုံးကနေ ဦးဆောင်ပြီး တစ်ရက်အတွင်း မြို့တံခါးတွေကို ချိုးဖျက်ကာ ဝူအန်းမြို့ထဲကို ထိုးဖောက်ဝင်ရောက်ခဲ့တယ်။ သွေးချောင်းစီးတိုက်ပွဲ ဖြစ်ပြီးတဲ့နောက်မှာ သူက မြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်။ အင်အားသုံးသိန်းရှိတဲ့ ကျောက်စစ်တပ်ကို ချေမှုန်းပြီး သူတို့ကို ဟန်တန်မြို့ထိ ဆုတ်ခွာသွားအောင် လုပ်နိုင်ခဲ့တယ်။ "
" ဟန်တန်တိုက်ပွဲ။ စစ်သူကြီးကျောက်ဖုန်းက ရှေ့တန်းတပ်ဖွဲ့ကို နောက်တစ်ကြိမ် ဦးဆောင်ခဲ့ပြီး ခြောက်ရက်နဲ့ခြောက်ညတိုင်တိုင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပါတယ်။ သူက ဖန်ရွှမ်ကို သတ်ဖြတ်နိုင်ခဲ့ပြီး ကျောက်မြို့တော်ကို ထိုးဖောက်နိုင်ခဲ့တယ်။ ကျောက်နိုင်ငံရဲ့ နန်းတော်ကိုပါ သိမ်းပိုက်ပြီး ကျောက်စစ်တပ်ကို အပြတ်အသပ် အနိုင်ရခဲ့တယ်။ ဒီတိုက်ပွဲအပြီးမှာ ကျောက်စစ်သည်တစ်သိန်းနီးပါးကို သတ်ဖြတ်ခဲ့ပြီး နှစ်သိန်းနီးပါးကို ဖမ်းဆီးရမိခဲ့တယ်။ "
" ကျောက်ဖုန်းက သူ့ရဲ့ ကိုယ်ရံတော်တွေနဲ့ မြောက်ဘက်ကို လိုက်လံတိုက်ခိုက်ခဲ့ပြီး ကျောက်တော်ဝင်အစောင့် တစ်ထောင်ကျော်ကို သတ်ဖြတ်ခဲ့တယ်။ သူက ကျောက်ဘုရင်နဲ့အတူ ဝန်ကြီးတစ်ထောင်ကျော်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ "
" ဟန်တန်ကို သိမ်းပိုက်ပြီးတဲ့နောက်မှာ စစ်တပ်က နောက်ထပ် ချီတက်ခဲ့တယ်။ ယန်နိုင်ငံက ချင်ရဲ့ အောင်မြင်မှု အသီအပွင့်တွေကို လုယူဖို့ ကျောက်နယ်မြေထဲကို စစ်တပ်တွေ စေလွှတ်ခဲ့တယ်။ ကျောက်ဖုန်းက သူ့ရဲ့ တပ်ဖွဲ့တွေကို ဦးဆောင်ပြီး ယန်စစ်တပ်ကို ချေမှုန်းခဲ့တယ်။ တိုက်ပွဲတစ်ခုတည်းနဲ့ သူတို့ရဲ့ စစ်သည်နှစ်သောင်းကျော်ကို သတ်ဖြတ်နိုင်တဲ့အပြင် ယန်အိမ်ရှေ့စံမင်းသားကို ဖမ်းဆီးပြီး ကျောက်မြို့ပေါင်းဆယ်ချီကို သိမ်းပိုက်နိုင်ခဲ့တယ်။ "
ကျောက်ကော၏ အသံတိတ်သွားသောအခါ ဝန်ကြီးအားလုံး၏ အကြည့်က ရင်ကျန့်ဆီသို့ စုပြုံရောက်ရှိသွားသည်။ သူတို့၏ စိတ်ထဲတွင်တော့ အံ့အားသင့်တုန်လှုပ်နေကြသည်။ ဝန်ကြီးအများစုက တိုက်ပွဲအစီရင်ခံစာများကို မသိခဲ့ကြပေ။ အကြောင်းမှာ ၎င်းတို့ကို ညီလာခံသို့ တရားဝင် အစီရင်မခံရသေးသောကြောင့် ဖြစ်သည်။
" အရှင်မင်းကြီးက ကျောက်ဖုန်းရဲ့ စစ်ရေးအောင်မြင်မှုတွေ အများကြီးကို ပြောဆိုခဲ့တာပဲ။ သူ့ကို ဆုလာဘ်ပေးဖို့ စီစဉ်နေတာ သေချာတယ်။ ဒါပေမယ့် အခု ကျောက်ဖုန်းက ပင်မစစ်သူကြီးဖြစ်နေပြီဆိုတော့ သူကို ဘွဲ့ထူးပဲတိုးပေးလို့ ရတော့မယ်။ ရုထူးတိုးပေးလို့တော့ မရနိုင်တော့ဘူး။ "
" ကျောက်ဖုန်းက တကယ်ထူးခြားတဲ့သူပဲ။ ပေါင်ယွမ်၊ လျန်ပို၊ ဖန်ရွှမ်... ဒီလိုကျော်ကြားတဲ့ စစ်သေနာပတိချုပ်တွေအားလုံးက သူ့လက်ထဲမှာပဲ အသက်ဆုံးရှုံးခဲ့ရတယ်။ ပြီးတော့ ဝေဝူကျိကလည်း သူ့ကို ရှုံးနိမ့်ခဲ့ရတယ်။ "
" ဒီအောင်မြင်မှုတွေနဲ့ဆိုရင် ကျောက်ဖုန်းကို အနည်းဆုံး ဘွဲ့ထူးနှစ်ဆင့် တိုးပေးလို့ရတယ်။ သူအသက်သုံးဆယ်မတိုင်ခင်မှာ စစ်သေနာပတိချုပ်အဖြစ် ရာထူးတိုးမြှင့်ပြီး ချင်ရဲ့ စတုတ္ထမြောက် စစ်သေနာပတိချုပ် ဖြစ်လာလိမ့်မယ်။ "
" ကျောက်ဖုန်းရဲ့ စွမ်းဆောင်မှုတွေက ကြီးမားတဲ့ ဆုလာဘ်နဲ့ ထိုက်တန်ပါတယ်။ " ယွီလျောင်က ကျယ်လောင်စွာ ပြောလိုက်သည်။ ကွေ့ကုကျိ၏ တပည့်တစ်ယောက်ဖြစ်ပြီး ရင်ကျန့်၏ အယုံကြည်ရဆုံး လူတစ်ယောက်ဖြစ်သော သူက ရင်ကျန့်၏ ရည်ရွယ်ချက်ကို နားမလာ်ဘဲ နေမည်မဟုတ်ပေ။
" ငါ ကျောက်ဖုန်းကို စစ်သေနာပတိချုပ်အဖြစ် ရာထူးတိုးပေးဖို့ ရည်ရွယ်ထားတယ်။ " ရင်ကျန့်က ဝန်ကြီးများအားလုံးကို ကြည့်ပြီး ပြောလိုက်သည်။ " ငါ့ရဲ့ ဝန်ကြီးတို့ ဘယ်လိုထင်ကြသလဲ။ "
သူ၏ စကားများက ညီလာခံတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ ဝမ်ဝမ်၊ ဟွိုက်ကျွမ်းနှင့် အခြားဝန်ကြီးအားလုံးက ထိတ်လန့်တကြား ဖြစ်သွားကြသည်။ သူတို့ထဲက ဘယ်သူမှ ထိုသို့လုပ်ရပ်မျိုးကို ကြိုတင်မမျှော်လင့်ထားခဲ့ကြပေ။
" အရှင်မင်းကြီး ဒါက မဖြစ်သင့်ပါဘူး။ " ချွန်းယွီယွဲ့က ချက်ချင်း ကန့်ကွက်လိုက်သည်။ " စစ်သူကြီးကျောက်ဖုန်းက ချင်အတွက် စစ်ရေးအောင်မြင်မှုတွေ အများကြီးရထားတယ်ဆိုပေမယ့် သူက အရမ်းငယ်သေးသလို အတွေ့အကြုံလည်း နည်းပါသေးတယ်။ "
" ကျွန်တော်မျိုးလည်း သဘောတူပါတယ်။ " ဝမ်ဝမ်ကလည်း နောက်မှ လိုက်ပြောလိုက်သည်။ " စစ်သူကြီးကျောက်ရဲ့ ကွပ်ကဲနိုင်စွမ်းက တကယ်ကို ထူးချွန်ပါတယ်။ ဒါပေမယ့် သူက စစ်သေနာပတိချုပ်တစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်ဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ ဒီရာထူးရဲ့ တာဝန်က ကြီးလေးလွန်းပါတယ်။ "
ဖုစုက ကျောက်ဖုန်းကို သွားရောက်တောင်းပန်ခဲ့သော်လည်း သူတို့ကြားတွင် အဖုအထစ်အချို့ ကျန်ရှိနေဦးမည်မှာ သေချာသည်။ အကယ်၍ ကျောက်ဖုန်းသာ ရာထူးတိုးသွားလျှင် အခြားမင်းသားများ၏ စည်းရုံးမှုကို ခံရမည်ဖြစ်သည်။ ၎င်းက ဝမ်ဝမ်မမြင်ချင်သော အခြေအနေဖြစ်သည်။
ထို့အပြင် ကျောက်ဖုန်းက ဝမ်မိသားစု၏ သမက်ဖြစ်သည်။ ကျောက်ဖုန်းကို စည်းရုံးနိုင်ခြင်းက ဝမ်မိသားစုတစ်ခုလုံးကို စည်းရုံးနိုင်ခြင်းနှင့် အတူတူပင်ဖြစ်သည်။ သူတို့နှစ်ယောက်ပေါင်းပြီး စစ်အင်အားကို ထိန်းချုပ်လိုက်လျှင် ညီလာခံတစ်ခုလုံး၏ တစ်ဝက်နှင့် ညီမျှသွားပေလိမ့်မည်။ ညီလာခံ၏ မျှခြေအတွက် ဖုစုအတွက် ကျောက်ဖုန်းကို ရာထူးတိုးခွင့်မပေးနိုင်ပေ။
" အရှင်မင်းကြီးရဲ့ အမိန့်ကို ပြန်ရုတ်သိမ်းပေးဖို့ တောင်းပန်ပါတယ်။ " ဟွိုင်ကျွမ်းက ပြောလိုက်သည်။ " စစ်သူကြီးကျောက် ရယူခဲ့တဲ့ စစ်ရေးအောင်မြင်မှုတွေက တကယ်ကို ကြီးမားပါတယ်။ ဒါပေမယ့် သူက အရမ်းငယ်ပါတယ်။ သူ့အတွက် နောက်ထပ် နှစ်အနည်းငယ်လောက် အတွေ့အကြုံယူဖို့ လိုအပ်ပါသေးတယ်။ "
" သူက အသက်နည်းနည်းပိုကြီးလာပြီး အတွေ့အကြုံပိုရှိလာရင် အနာဂတ်မှာ ရာထူးတိုးပေးတာက ပိုကောင်းပါလိမ့်မယ်။ လောလောဆယ် စစ်သူကြီးကျောက်ရဲ့ အောင်မြင်မှုတွေအတွက် ပိုမြင့်တဲ့ ဘွဲ့ထူးတွေ တိုးမြှင့်ပေးရုံနဲ့ လုံလောက်ပါတယ်။ "
" ဖုစု မင်းရော ဘယ်လိုထင်လဲ။ " ရင်ကျန့်က ဖုစုကို ကြည့်ပြီး မေးလိုက်သည်။
" ဝန်ကြီးချုပ်ဝမ်နဲ့ ဟွိုက်ကျွမ်းတို့ ပြောတာက ကျိုးကြောင်းဆီလျော်တယ်လို့ သားတော်ထင်ပါတယ်။ " ဖုစုက ချက်ချင်းပြန်ဖြေလိုက်သည်။
" ကျောက်ဖုန်းရဲ့ စွမ်းဆောင်မှုတွေက ထင်ရှားပေမယ့် သူက အရမ်းငယ်သေးပြီး နောက်ထပ် နှစ်အနည်းငယ်လောက် အတွေ့အကြုံယူဖို့ လိုအပ်ပါသေးတယ်။ သူ့ရဲ့ အတွေ့အကြုံ ရင့်ကျက်လာတဲ့ အချိန်ကျရင် စစ်သေနာပတိချုပ်ရာထူးကို သေချာပေါက် ထမ်းဆောင်နိုင်ပါလိမ့်မယ်။ "
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၂၂၆)
ရင်ကျန့်က ခေါင်းညိမ့်လိုက်ပြီး စားပွဲပေါ်မှ အမိန့်စာတစ်စောင်ကို ကောက်ယူလိုက်သည်။
" ဖတ်လိုက်။ " ရင်ကျန့်က လေးနက်စွာဖြင့် အမိန့်ပေးလိုက်သည်။
ကျောက်ကောင်းက အမိန့်စာကို ယူပြီး ကျယ်လောင်စွာ ဖတ်ကြားလိုက်သည်။
" ချင်ဘုရင်၏ အမိန့်တော်။ လန်ထျန်းစခန်းရဲ့ ပင်မစစ်သူကြီး ကျောက်ဖုန်းက ကျောက်နိုင်ငံကို ချေမှုန်းရာမှာ ကောင်းမွန်တဲ့ စွမ်းဆောင်မှုတွေ ပြုလုပ်ခဲ့ပြီး ချင်စစ်သူကြီးတွေအတွက် စံပြတစ်ယောက်ဖြစ်ခဲ့တယ်။ "
" သူက ဝေမြို့ကို ကာကွယ်ပြီး ချင်ရဲ့ နယ်မြေ မဆုံးရှုံးအောင် ကာကွယ်ခဲ့တယ်။ ကျောက်နိုင်ငံကို တိုက်ခိုက်ခဲ့တယ်။ လျန်ပိုနဲ့ ဖန်ရွှမ်ကို သတ်ခဲ့တယ်။ ကျောက်ဘုရင်ကိုလည်း ဖမ်းဆီးပြီး ထူးချွန်တဲ့ စွမ်းဆောင်မှုတွေကို ရရှိခဲ့တယ်။ ကျောက်နိုင်ငံကို အမြစ်ပြတ်ချေမှုန်းပြီးရင် ကျောက်ဖုန်းကို စစ်သေနာပတိချုပ်ဘွဲ့အပ်နှင်းပြီး ဘွဲ့ထူးနှစ်ဆင့် တိုးမြှင့်ပေးမယ်။ "
ကျောက်ကောင်း၏ အသံပျောက်ကွယ်သွားသည်နှင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ရင်ကျန့်က ထိုကိစ္စကို ဆွေးနွေးခြင်းမဟုတ်ဘဲ ဆုံးဖြတ်ချက်ချပြီးသားဖြစ်သည်ကို လူတိုင်းက နားလည်လိုက်ကြသည်။ အမိန့်တော်က ရေးသားပြီးသားဖြစ်၏။ ၎င်းက ရှင်ဘုရင်၏ ဆန္ဒဖြစ်သောကြောင့် ဝန်ကြီးအားလုံး ကန့်ကွက်လျှင်တောင် အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
ကျောက်နိုင်ငံကို အမြစ်ပြတ်ချေမှုန်းပြီးသည်နှင့် ကျောက်ဖုန်းက ချင်သမိုင်းတွင် အသက်အငယ်ဆုံး စစ်သေနာပတိချုပ် ဖြစ်လာပေလိမ့်မည်။ အချိန်ကျလျှင် သူက ပိုင်ချီကဲ့သို့ ချင်စစ်တပ်တစ်ခုလုံးကို ကွပ်ကဲရသည့် စစ်ဦးစီးချုပ်ပင် ဖြစ်လာနိုင်သည်။
" အရှင်မင်းကြီး။ " ဝမ်ဝမ်က စိတ်ကို ထိန်းချုပ်ပြီး ပြောလိုက်သည်။ " ကျောက်ဖုန်းရဲ့ အရည်အချင်းတွေက မပြည့်စုံသေးပါဘူး။ သူ့ကို အခုလို ရာထူးတိုးပေးတာက စစ်တပ်တစ်ခုလုံးက အရာရှိနဲ့ စစ်သည်တွေကြားမှာ မကျေနပ်မှုတွေ ဖြစ်လာနိုင်ပါတယ်။ "
" စစ်သည်တွေကြားမှာ မကျေနပ်မှုတွေ ဖြစ်လာမယ်ဟုတ်လား။ " ယွီလျောင်က ရယ်ချင်စိတ်နှင့် ပြောလိုက်သည်။ " ဝန်ကြီးချုပ်ဝမ် မင်းရဲ့ စကားတွေက နည်းနည်း ထူးဆန်းနေပါတယ်။ စစ်တပ်ထဲက စစ်သည်တိုင်းက စစ်သူကြီးကျောက်ကို သူတို့ရဲ့ ပန်းတိုင်၊ သူတို့ရဲ့ စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားကြတယ်ဆိုတာ မင်းမသိတာလား။ "
ဟန်ဖေးကလည်း ကျောက်ဖုန်းအတွက် ပြောပေးရန် ချက်ချင်း ရှေ့ထွက်လာသည်။
" ဝန်ကြီးချုပ်ဝမ်က စစ်သူကြီးကျောက်ကို စစ်သေနာပတိချုပ်အဖြစ် ရာထူးတိုးပေးတာက စစ်တပ်ထဲမှာ မကျေနပ်မှုတွေ ဖြစ်စေမယ်လို့ ပြောတာလား။ ဝန်ကြီးချုပ်အနေနဲ့ ငါတို့ရဲ့ ချင်က စစ်ရေးစွမ်းဆောင်မှုစနစ်ကို ဦးစားပေးတယ်ဆိုတာ မသိဘူးလား။ ချင်စစ်သည်တွေအတွက် စစ်ရေးစွမ်းဆောင်မှုတွေက ရာထူးတိုးဖို့အတွက် အခြေခံအုတ်မြစ်ပဲ။ "
" စစ်သူကြီးကျောက်ရဲ့ အောင်မြင်မှုတွေနဲ့ဆိုရင် ဘယ်စစ်သည်ကမှ သူ့ရဲ့ ရာထူးတိုးမြှင့်မှုကို မေးခွန်းထုတ်ရဲမှာ မဟုတ်ဘူး။ "
" ဝန်ကြီးချုပ်ဝန် ဘယ်သူတွေက မကျေမနပ်ဖြစ်မှာလဲဆိုတာ ပြောပြပါဦး။ ဘာလို့ ဝန်ကြီးချုပ်ဝမ်ကိုယ်တိုင်က မကျေမနပ်ဖြစ်နေသလိုမျိုး ဖြစ်နေတာလဲ။ " လီစီကလည်း ထပ်ဆင့် ပြောကြားလိုက်သည်။
လူသုံးယောက်ထံမှ မေးခွန်းထုတ်မှုကို ရင်ဆိုင်ရချိန်တွင် ဝမ်ဝမ်၏ မျက်နှာပေါ်၌ စိတ်ပျက်သော အရပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း ဘာပြန်ပြောရမှန်းမသိဖြစ်နေသည်။
" နောက်ဆုံးတော့ စစ်သူကြီးကျောက်ဖုန်းက အရမ်းငယ်သေးတာပဲ။ " ဝမ်ဝမ်က အကြောင်းပြချက်မပေးနိုင်သဖြင့် ထိုငယ်ရွယ်မှုကိုသာ တစ်ဖန်ပြန်ပြောလိုက်သည်။ " စစ်သေနာပတိချုပ်က သိန်းချီတဲ့ စစ်တပ်ကို ကွပ်ကဲရတာပါ။ ဒီကိစ္စကို ထပ်ပြီး စဉ်းစားဖို့ ကျွန်တော်မျိုး တောင်းဆိုပါတယ်။ "
" တကယ်လို့ ငယ်ရွယ်မှုဆိုတဲ့ စကားလုံးသက်စက်နဲ့တင် ချင်ရဲ့ အရည်အချင်းရှိတဲ့ စစ်သူကြီးတစ်ယောက်ရဲ့ ရာထူးတိုးမှုကို ပိတ်ပင်ဖို့ လုံလောက်နေမယ်ဆိုရင် ဒါက အရမ်းလွန်သွားပါလိမ့်မယ်။ " ယွီလျောင်က လေးနက်စွာ ပြောလိုက်သည်။
ထိုအချိန်တွင် ရင်ကျန့်က လက်ကို မြှောက်လိုက်ပြီး ငြင်းခုံမှုများအားလုံးက တိတ်ဆိတ်သွားသည်။
" ငါတို့က အသက်အရွယ်ကို အကြောင်ပြပြီး စစ်သူကြီးတွေကို ရာထူးတိုးဖို့ ဟန့်တားမယ်ဆိုရင် ငါတို့ရဲ့ စစ်ရေးစွမ်းဆောင်မှုစနစ်ကို ယုံကြည်ထားတဲ့ ချင်စစ်သည်တစ်သန်းကို စိတ်ပျက်စေလိမ့်မယ်။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။
" အသက်အရွယ်က လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားနဲ့ ပက်သက်တာတော့ အမှတ်ပဲ။ ဒါပေမယ့် ငါ ကျောက်ဖုန်းကို ကိုယ်တိုင် တွေ့ဖူးတယ်။ သူက တည်ငြိမ်တဲ့ နှလုံးသားနဲ့ ရင့်ကျက်တဲ့ စရိုက်ရှိပြီး ဒီလိုကြီးလေးတဲ့ တာဝန်ကို ထမ်းဆောင်ဖို့ စွမ်းရည်အပြည့်ရှိတယ်။ သူက စစ်သေနာပတိချုပ်အဖြစ် ကောင်းကောင်းစွမ်းဆောင်နိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်။ "
ထိုစကားများနှင့်အတူ ထိုကိစ္စက အပြီးသတ်သွားခဲ့ပြီဖြစ်သည်။ မည်သူမှမပြောင်းလဲနိုင်တော့ပေ။ ကျောက်ဖုန်းက သေချာပေါက် စစ်သေနာပတိချုပ် ဖြစ်လာပေလိမ့်မည်။
" ကျွန်တော်မျိုး နားလည်ပါပြီ။ " ဝမ်ဝမ်က အခြေအနေကို ချက်ချင်း သိလိုက်သည်။
" ဝန်ကြီးယွီ ဝမ်ကျန့်ဆီကို အမိန့်တော်ပို့လိုက်။ ကျောက်ဖုန်းကို ယန်တန်ကို ပြန်လွှတ်ပေဖို့ ပြောခိုင်းလိုက်ပါ။ " ရင်ကျန့်က ပြောလိုက်သည်။ " ပြီးတော့ ကျောက်နယ်မြေကို ငြိမ်းချမ်းအောင် လုပ်ပြီးတာနဲ့။ တိုက်နယ်မြေကို မြောက်ဘက်ကနေ ချီတက်ဖို့ ပြောလိုက်။ ဆောင်းရာသီမရောက်ခင် ကျောက်ကို သိမ်းပိုက်ရမယ်။ မဟုတ်ရင် အရာအားလုံးက ပိုပြီး ခက်ခဲသွားလိမ့်မယ်။ "
" ကျွန်တော်မျိုး အမိန့်အတိုင်း ဆောင်ရွက်လိုက်ပါမယ်။ " ယွီလျောင်က ချက်ချင်း ပြန်ပြောလိုက်သည်။
ညီလာခံပြီးနောက်။
" ကျောက်ဖုန်း.... ဒီကောင်လေးကိုတော့ ဆက်ပြီး ဖိနှိပ်လို့မရတောဘူး။ တစ်နိုင်ငံလုံးရဲ့ စစ်သေနာပတိချူပ် သူက အသက်နှစ်ဆယ်တောင်မပြည့်သေးဘူး။ အများကြီးစွမ်းဆောင်နိုင်ခဲ့ပြီ။ နောက်ထပ်ပိုင်ချီတစ်ယောက်ပဲ။ " ဝမ်ဝမ်က သက်ပြင်ချလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် လေးလံသော အမူအရာပေါ်လာသည်။
" ငါတို့ သူနဲ့အဆင်ပြေအောင် အစွမ်းကုန် ကြိုးစားသင့်တယ်။ " ဝမ်ဝမ်က ဟွိုက်ကျွမ်းကို ပြောလိုက်သည်။
" သူသာ တခြားမင်းသားတွေနဲ့ မပူးပေါင်းသရွေ့ ကိစ္စမရှိဘူး။ ဒါပေမယ့် သူသာ ငါတို့ကို ဆန့်ကျင်ဖို့ ရွေးချယ်ရင်တော့ သူ့ကို နေရာတကျဖြစ်အောင် လုပ်ပေးရတော့မယ်။ အခု သူက စစ်သေနာပတိချုပ်ဖြစ်လာပြီဆိုတော့ သူ့ရဲ့ နယ်ပယ်က ရှန်းယန်က ညီလာခံဖြစ်လိမ့်မယ်။ ဒါက စစ်တပ်နဲ့ ကွဲပြားတဲ့ ကမ္ဘာတစ်ခုပဲ။ " ဟွိုက်ကျွမ်းက ပြောလိုက်သည်။
" ဝန်ကြီးတို့ ခမည်းတေည်က ကျွန်တော်အပေါ် အရမ်းစိတ်ပျက်နေတယ်လို့ ထင်လား။ " ဖုစုက ရုတ်တရက် မေးလိုက်သည်။
" အရှင်သားက ဘာလို့ ဒီလိုပြောရတာလဲ။ " ဝမ်ဝမ်နှင့် ဟွိုက်ကျွမ်းတို့က အံ့အားသင့်သွားကြသည်။
" ကျွန်တော် အသက် ၁၆နှစ်မှာ ခမည်းတော်က ကျွန်တော်ကို နိုင်ငံရေးကိစ္စတွေမှာ ပါဝင်ခွင့်ပေးခဲ့တယ်။ ဒါပေမယ့် ညီလာခံမှာ တစ်ခုခု တင်ပြတိုင်း သူက လက်မခံဘူး။ " ဖုစုက သက်ပြင်းချလိုက်သည်။ " သူ့ရဲ့ ပြောင်းလဲနေတဲ့ သဘောထားကို ကျွန်တော် တကယ်ပဲ နားမလည်နိုင်ဘူး။ "
" အရှင့်သား အရှင်မင်းကြီးက ဘယ်လိုလူမျိုးလဲ။ " ဝမ်ဝမ်က နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။ " သူက ထူးချွန်တဲ့ အုပ်ချုပ်သူပဲ။ သူ့ရဲ့ နိုင်ငံရေးအတတ်ပညာနဲ့ လက်အောက်ငယ်သားတွေကို စီမံခန့်ခွဲပုံတွေက အရှင်သားရဲ့ လက်ရှိနားလည်မှုထက် ကျော်လွန်နေပါတယ်။ ချင်ရဲ့ အကြီးဆုံးမင်းသားအနေနဲ့ အရှင်သားက အခြားမင်းသားတွေထက် ပိုပြီး မြင့်မြတ်ပါတယ်။ အရှင်သားကလွဲလို့ ဘယ်သူက နိုင်ငံရေးကိစ္စတွေမှာ ပါဝင်ရလို့လဲ။ ဒါက အရှင်မင်းကြီးဟာ အရှင်သားကို ဂရုစိုက်တယ်ဆိုတဲ့ လက္ခဏာပါပဲ။ "
သူတို့ရွေးချယ်ထားသော ကိုယ်စားလှယ်တစ်ယောက်အနေဖြင့် မင်းသားဖုစုက သူတို့၏ ကြီးမားသော မျှော်လင့်ချက်များကို ထမ်းပိုးထားရသည်။ အမှန်တော့ ရင်မိသားစုကိုယ်တိုင်ကပင် သူ့အပေါ် မျှော်လင့်ချက် ထားရှိကြသည်။
ဖုစုက ကြင်နာပြီး ရက်ရောသည်။ ဝန်ကြီးမျအတွက်မူ သူက ပိုမိုကြီးမားသော အကျိုးအမြတ်များ ပေးနေသကဲ့သို့ ဖြစ်သည်။ ရင်ကျန့်ကဲ့သို့ အာဏာရှိပြီး ပညာရှိသော အုပ်ချုပ်သူအောက်တွင် သူတို့အတွက် အခွင့်အရေး နည်းပါးလှသည်။ အကြောင်းမှာ ဘုရင်က အလွန်တော်လွန်းနေသောကြောင့် ဖြစ်သည်။
" ကျွန်တော် အတွေးလွန်နေလို့ဖြစ်မှာပါ။ တစ်ခါတစ်လေ ခမည်းတော်က ကျွန်တော်အပေါ် စိတ်ပျက်နေတယ်လို့ တကယ်ခံသားရလို့ပါ။ " ဖုစုက ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
" အရှင်သား အများကြီး မစိုးရိမ်ပါနဲ့။ နိုင်ငံရေးမှာ ပါဝင်တာက အရှင်သားရဲ့ လေ့ကျင့်မှု အပိုင်းတစ်ခုပါ။ " ဟွိုက်ကျွမ်းကလည်း ဝင်ပြောလိုက်သည်။ " နောက်ထပ် နှစ်အနည်းငယ်လောက် အတွေ့အကြုံယူပြီးရင် အရှင်သားက အရှင်မင်းကြီးရဲ့ ယုံကြည်မှုကို ရလာပါလိမ့်မယ်။ အခုတော့ အရှင်မင်းကြီးရဲ့ ဆန္ဒနဲ့ ကိုက်ညီအောင် အစွမ်းကုန် ကြိုးစားရမယ်။ "
" ခမည်းတော်က အသိပညာကြွယ်ဝတဲ့ ဘုရင်တစ်ပါးပဲ။ ကျွန်တော်က သူ့လောက်မတော်ပါဘူး။ " ဖုစုက ပြောလိုက်သည်။ " ဒါပေမယ့် ဘယ်သူမှ မပြည့်စုံပါဘူး။ ကျွန်တော်ရဲ့ အမြင်အရ သူ့ရဲ့ မူဝါဒ တော်တော်များများက အားနည်းချက်တွေ ရှိနေတယ်။ "
" ဥပမာ တရားရေးဝန်ကြီးအပေါ် အရမ်းအားကိုးတာ။ ပြီးတော့ တင်းကျပ်တဲ့ ဥပဒေတွေနဲ့ သာမန်လူတွေအပေါ် ရက်စက်တာ။ ကျွန်တော်သာဆိုရင် ဒီထက် အများကြီး သက်ညှာမှာပဲ။ "
" အခုအချိန်မှာ အရှင်မင်းကြီးက နိုင်ငံကို အုပ်ချုပ်နေတာပါ။ " ဝမ်ဝမက ပြောလိုက်သည်။ " ဒါပေမယ့် အရှင်သားက အိမ်ရှေ့စံဖြစ်လာရင် အရှင်သားယုံကြည်တဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ဖို့ အခွင့်အရေး ရလာမှာပါ။ လောကကြီက ကျယ်ပြန့်ပြီး အနာဂတ်က ရှည်လျားပါတယ်။ အရှင်သားက စိတ်ရှည်ရှည်နဲ့ စောင့်ရပါလိမ့်မယ်။ "
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့