← Chapters

အခန်း (၂၂၆)

Vol. 23 Ch. 226

အခန်း (၂၂၆)

Vol. 23 Ch. 226

ရင်ကျန့်က ခေါင်းညိမ့်လိုက်ပြီး စားပွဲပေါ်မှ အမိန့်စာတစ်စောင်ကို ကောက်ယူလိုက်သည်။

" ဖတ်လိုက်။ " ရင်ကျန့်က လေးနက်စွာဖြင့် အမိန့်ပေးလိုက်သည်။

ကျောက်ကောင်းက အမိန့်စာကို ယူပြီး ကျယ်လောင်စွာ ဖတ်ကြားလိုက်သည်။

" ချင်ဘုရင်၏ အမိန့်တော်။ လန်ထျန်းစခန်းရဲ့ ပင်မစစ်သူကြီး ကျောက်ဖုန်းက ကျောက်နိုင်ငံကို ချေမှုန်းရာမှာ ကောင်းမွန်တဲ့ စွမ်းဆောင်မှုတွေ ပြုလုပ်ခဲ့ပြီး ချင်စစ်သူကြီးတွေအတွက် စံပြတစ်ယောက်ဖြစ်ခဲ့တယ်။ "

" သူက ဝေမြို့ကို ကာကွယ်ပြီး ချင်ရဲ့ နယ်မြေ မဆုံးရှုံးအောင် ကာကွယ်ခဲ့တယ်။ ကျောက်နိုင်ငံကို တိုက်ခိုက်ခဲ့တယ်။ လျန်ပိုနဲ့ ဖန်ရွှမ်ကို သတ်ခဲ့တယ်။ ကျောက်ဘုရင်ကိုလည်း ဖမ်းဆီးပြီး ထူးချွန်တဲ့ စွမ်းဆောင်မှုတွေကို ရရှိခဲ့တယ်။ ကျောက်နိုင်ငံကို အမြစ်ပြတ်ချေမှုန်းပြီးရင် ကျောက်ဖုန်းကို စစ်သေနာပတိချုပ်ဘွဲ့အပ်နှင်းပြီး ဘွဲ့ထူးနှစ်ဆင့် တိုးမြှင့်ပေးမယ်။ "

ကျောက်ကောင်း၏ အသံပျောက်ကွယ်သွားသည်နှင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ရင်ကျန့်က ထိုကိစ္စကို ဆွေးနွေးခြင်းမဟုတ်ဘဲ ဆုံးဖြတ်ချက်ချပြီးသားဖြစ်သည်ကို လူတိုင်းက နားလည်လိုက်ကြသည်။ အမိန့်တော်က ရေးသားပြီးသားဖြစ်၏။ ၎င်းက ရှင်ဘုရင်၏ ဆန္ဒဖြစ်သောကြောင့် ဝန်ကြီးအားလုံး ကန့်ကွက်လျှင်တောင် အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။

ကျောက်နိုင်ငံကို အမြစ်ပြတ်ချေမှုန်းပြီးသည်နှင့် ကျောက်ဖုန်းက ချင်သမိုင်းတွင် အသက်အငယ်ဆုံး စစ်သေနာပတိချုပ် ဖြစ်လာပေလိမ့်မည်။ အချိန်ကျလျှင် သူက ပိုင်ချီကဲ့သို့ ချင်စစ်တပ်တစ်ခုလုံးကို ကွပ်ကဲရသည့် စစ်ဦးစီးချုပ်ပင် ဖြစ်လာနိုင်သည်။

" အရှင်မင်းကြီး။ " ဝမ်ဝမ်က စိတ်ကို ထိန်းချုပ်ပြီး ပြောလိုက်သည်။ " ကျောက်ဖုန်းရဲ့ အရည်အချင်းတွေက မပြည့်စုံသေးပါဘူး။ သူ့ကို အခုလို ရာထူးတိုးပေးတာက စစ်တပ်တစ်ခုလုံးက အရာရှိနဲ့ စစ်သည်တွေကြားမှာ မကျေနပ်မှုတွေ ဖြစ်လာနိုင်ပါတယ်။ "

" စစ်သည်တွေကြားမှာ မကျေနပ်မှုတွေ ဖြစ်လာမယ်ဟုတ်လား။ " ယွီလျောင်က ရယ်ချင်စိတ်နှင့် ပြောလိုက်သည်။ " ဝန်ကြီးချုပ်ဝမ် မင်းရဲ့ စကားတွေက နည်းနည်း ထူးဆန်းနေပါတယ်။ စစ်တပ်ထဲက စစ်သည်တိုင်းက စစ်သူကြီးကျောက်ကို သူတို့ရဲ့ ပန်းတိုင်၊ သူတို့ရဲ့ စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားကြတယ်ဆိုတာ မင်းမသိတာလား။ "

ဟန်ဖေးကလည်း ကျောက်ဖုန်းအတွက် ပြောပေးရန် ချက်ချင်း ရှေ့ထွက်လာသည်။

" ဝန်ကြီးချုပ်ဝမ်က စစ်သူကြီးကျောက်ကို စစ်သေနာပတိချုပ်အဖြစ် ရာထူးတိုးပေးတာက စစ်တပ်ထဲမှာ မကျေနပ်မှုတွေ ဖြစ်စေမယ်လို့ ပြောတာလား။ ဝန်ကြီးချုပ်အနေနဲ့ ငါတို့ရဲ့ ချင်က စစ်ရေးစွမ်းဆောင်မှုစနစ်ကို ဦးစားပေးတယ်ဆိုတာ မသိဘူးလား။ ချင်စစ်သည်တွေအတွက် စစ်ရေးစွမ်းဆောင်မှုတွေက ရာထူးတိုးဖို့အတွက် အခြေခံအုတ်မြစ်ပဲ။ "

" စစ်သူကြီးကျောက်ရဲ့ အောင်မြင်မှုတွေနဲ့ဆိုရင် ဘယ်စစ်သည်ကမှ သူ့ရဲ့ ရာထူးတိုးမြှင့်မှုကို မေးခွန်းထုတ်ရဲမှာ မဟုတ်ဘူး။ "

" ဝန်ကြီးချုပ်ဝန် ဘယ်သူတွေက မကျေမနပ်ဖြစ်မှာလဲဆိုတာ ပြောပြပါဦး။ ဘာလို့ ဝန်ကြီးချုပ်ဝမ်ကိုယ်တိုင်က မကျေမနပ်ဖြစ်နေသလိုမျိုး ဖြစ်နေတာလဲ။ " လီစီကလည်း ထပ်ဆင့် ပြောကြားလိုက်သည်။

လူသုံးယောက်ထံမှ မေးခွန်းထုတ်မှုကို ရင်ဆိုင်ရချိန်တွင် ဝမ်ဝမ်၏ မျက်နှာပေါ်၌ စိတ်ပျက်သော အရပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း ဘာပြန်ပြောရမှန်းမသိဖြစ်နေသည်။

" နောက်ဆုံးတော့ စစ်သူကြီးကျောက်ဖုန်းက အရမ်းငယ်သေးတာပဲ။ " ဝမ်ဝမ်က အကြောင်းပြချက်မပေးနိုင်သဖြင့် ထိုငယ်ရွယ်မှုကိုသာ တစ်ဖန်ပြန်ပြောလိုက်သည်။ " စစ်သေနာပတိချုပ်က သိန်းချီတဲ့ စစ်တပ်ကို ကွပ်ကဲရတာပါ။ ဒီကိစ္စကို ထပ်ပြီး စဉ်းစားဖို့ ကျွန်တော်မျိုး တောင်းဆိုပါတယ်။ "

" တကယ်လို့ ငယ်ရွယ်မှုဆိုတဲ့ စကားလုံးသက်စက်နဲ့တင် ချင်ရဲ့ အရည်အချင်းရှိတဲ့ စစ်သူကြီးတစ်ယောက်ရဲ့ ရာထူးတိုးမှုကို ပိတ်ပင်ဖို့ လုံလောက်နေမယ်ဆိုရင် ဒါက အရမ်းလွန်သွားပါလိမ့်မယ်။ " ယွီလျောင်က လေးနက်စွာ ပြောလိုက်သည်။

ထိုအချိန်တွင် ရင်ကျန့်က လက်ကို မြှောက်လိုက်ပြီး ငြင်းခုံမှုများအားလုံးက တိတ်ဆိတ်သွားသည်။

" ငါတို့က အသက်အရွယ်ကို အကြောင်ပြပြီး စစ်သူကြီးတွေကို ရာထူးတိုးဖို့ ဟန့်တားမယ်ဆိုရင် ငါတို့ရဲ့ စစ်ရေးစွမ်းဆောင်မှုစနစ်ကို ယုံကြည်ထားတဲ့ ချင်စစ်သည်တစ်သန်းကို စိတ်ပျက်စေလိမ့်မယ်။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။

" အသက်အရွယ်က လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားနဲ့ ပက်သက်တာတော့ အမှတ်ပဲ။ ဒါပေမယ့် ငါ ကျောက်ဖုန်းကို ကိုယ်တိုင် တွေ့ဖူးတယ်။ သူက တည်ငြိမ်တဲ့ နှလုံးသားနဲ့ ရင့်ကျက်တဲ့ စရိုက်ရှိပြီး ဒီလိုကြီးလေးတဲ့ တာဝန်ကို ထမ်းဆောင်ဖို့ စွမ်းရည်အပြည့်ရှိတယ်။ သူက စစ်သေနာပတိချုပ်အဖြစ် ကောင်းကောင်းစွမ်းဆောင်နိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်။ "

ထိုစကားများနှင့်အတူ ထိုကိစ္စက အပြီးသတ်သွားခဲ့ပြီဖြစ်သည်။ မည်သူမှမပြောင်းလဲနိုင်တော့ပေ။ ကျောက်ဖုန်းက သေချာပေါက် စစ်သေနာပတိချုပ် ဖြစ်လာပေလိမ့်မည်။

" ကျွန်တော်မျိုး နားလည်ပါပြီ။ " ဝမ်ဝမ်က အခြေအနေကို ချက်ချင်း သိလိုက်သည်။

" ဝန်ကြီးယွီ ဝမ်ကျန့်ဆီကို အမိန့်တော်ပို့လိုက်။ ကျောက်ဖုန်းကို ယန်တန်ကို ပြန်လွှတ်ပေဖို့ ပြောခိုင်းလိုက်ပါ။ " ရင်ကျန့်က ပြောလိုက်သည်။ " ပြီးတော့ ကျောက်နယ်မြေကို ငြိမ်းချမ်းအောင် လုပ်ပြီးတာနဲ့။ တိုက်နယ်မြေကို မြောက်ဘက်ကနေ ချီတက်ဖို့ ပြောလိုက်။ ဆောင်းရာသီမရောက်ခင် ကျောက်ကို သိမ်းပိုက်ရမယ်။ မဟုတ်ရင် အရာအားလုံးက ပိုပြီး ခက်ခဲသွားလိမ့်မယ်။ "

" ကျွန်တော်မျိုး အမိန့်အတိုင်း ဆောင်ရွက်လိုက်ပါမယ်။ " ယွီလျောင်က ချက်ချင်း ပြန်ပြောလိုက်သည်။

ညီလာခံပြီးနောက်။

" ကျောက်ဖုန်း.... ဒီကောင်လေးကိုတော့ ဆက်ပြီး ဖိနှိပ်လို့မရတောဘူး။ တစ်နိုင်ငံလုံးရဲ့ စစ်သေနာပတိချူပ် သူက အသက်နှစ်ဆယ်တောင်မပြည့်သေးဘူး။ အများကြီးစွမ်းဆောင်နိုင်ခဲ့ပြီ။ နောက်ထပ်ပိုင်ချီတစ်ယောက်ပဲ။ " ဝမ်ဝမ်က သက်ပြင်ချလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် လေးလံသော အမူအရာပေါ်လာသည်။

" ငါတို့ သူနဲ့အဆင်ပြေအောင် အစွမ်းကုန် ကြိုးစားသင့်တယ်။ " ဝမ်ဝမ်က ဟွိုက်ကျွမ်းကို ပြောလိုက်သည်။

" သူသာ တခြားမင်းသားတွေနဲ့ မပူးပေါင်းသရွေ့ ကိစ္စမရှိဘူး။ ဒါပေမယ့် သူသာ ငါတို့ကို ဆန့်ကျင်ဖို့ ရွေးချယ်ရင်တော့ သူ့ကို နေရာတကျဖြစ်အောင် လုပ်ပေးရတော့မယ်။ အခု သူက စစ်သေနာပတိချုပ်ဖြစ်လာပြီဆိုတော့ သူ့ရဲ့ နယ်ပယ်က ရှန်းယန်က ညီလာခံဖြစ်လိမ့်မယ်။ ဒါက စစ်တပ်နဲ့ ကွဲပြားတဲ့ ကမ္ဘာတစ်ခုပဲ။ " ဟွိုက်ကျွမ်းက ပြောလိုက်သည်။

" ဝန်ကြီးတို့ ခမည်းတေည်က ကျွန်တော်အပေါ် အရမ်းစိတ်ပျက်နေတယ်လို့ ထင်လား။ " ဖုစုက ရုတ်တရက် မေးလိုက်သည်။

" အရှင်သားက ဘာလို့ ဒီလိုပြောရတာလဲ။ " ဝမ်ဝမ်နှင့် ဟွိုက်ကျွမ်းတို့က အံ့အားသင့်သွားကြသည်။

" ကျွန်တော် အသက် ၁၆နှစ်မှာ ခမည်းတော်က ကျွန်တော်ကို နိုင်ငံရေးကိစ္စတွေမှာ ပါဝင်ခွင့်ပေးခဲ့တယ်။ ဒါပေမယ့် ညီလာခံမှာ တစ်ခုခု တင်ပြတိုင်း သူက လက်မခံဘူး။ " ဖုစုက သက်ပြင်းချလိုက်သည်။ " သူ့ရဲ့ ပြောင်းလဲနေတဲ့ သဘောထားကို ကျွန်တော် တကယ်ပဲ နားမလည်နိုင်ဘူး။ "

" အရှင့်သား အရှင်မင်းကြီးက ဘယ်လိုလူမျိုးလဲ။ " ဝမ်ဝမ်က နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။ " သူက ထူးချွန်တဲ့ အုပ်ချုပ်သူပဲ။ သူ့ရဲ့ နိုင်ငံရေးအတတ်ပညာနဲ့ လက်အောက်ငယ်သားတွေကို စီမံခန့်ခွဲပုံတွေက အရှင်သားရဲ့ လက်ရှိနားလည်မှုထက် ကျော်လွန်နေပါတယ်။ ချင်ရဲ့ အကြီးဆုံးမင်းသားအနေနဲ့ အရှင်သားက အခြားမင်းသားတွေထက် ပိုပြီး မြင့်မြတ်ပါတယ်။ အရှင်သားကလွဲလို့ ဘယ်သူက နိုင်ငံရေးကိစ္စတွေမှာ ပါဝင်ရလို့လဲ။ ဒါက အရှင်မင်းကြီးဟာ အရှင်သားကို ဂရုစိုက်တယ်ဆိုတဲ့ လက္ခဏာပါပဲ။ "

သူတို့ရွေးချယ်ထားသော ကိုယ်စားလှယ်တစ်ယောက်အနေဖြင့် မင်းသားဖုစုက သူတို့၏ ကြီးမားသော မျှော်လင့်ချက်များကို ထမ်းပိုးထားရသည်။ အမှန်တော့ ရင်မိသားစုကိုယ်တိုင်ကပင် သူ့အပေါ် မျှော်လင့်ချက် ထားရှိကြသည်။

ဖုစုက ကြင်နာပြီး ရက်ရောသည်။ ဝန်ကြီးမျအတွက်မူ သူက ပိုမိုကြီးမားသော အကျိုးအမြတ်များ ပေးနေသကဲ့သို့ ဖြစ်သည်။ ရင်ကျန့်ကဲ့သို့ အာဏာရှိပြီး ပညာရှိသော အုပ်ချုပ်သူအောက်တွင် သူတို့အတွက် အခွင့်အရေး နည်းပါးလှသည်။ အကြောင်းမှာ ဘုရင်က အလွန်တော်လွန်းနေသောကြောင့် ဖြစ်သည်။

" ကျွန်တော် အတွေးလွန်နေလို့ဖြစ်မှာပါ။ တစ်ခါတစ်လေ ခမည်းတော်က ကျွန်တော်အပေါ် စိတ်ပျက်နေတယ်လို့ တကယ်ခံသားရလို့ပါ။ " ဖုစုက ခေါင်းညိမ့်ပြီး ပြောလိုက်သည်။

" အရှင်သား အများကြီး မစိုးရိမ်ပါနဲ့။ နိုင်ငံရေးမှာ ပါဝင်တာက အရှင်သားရဲ့ လေ့ကျင့်မှု အပိုင်းတစ်ခုပါ။ " ဟွိုက်ကျွမ်းကလည်း ဝင်ပြောလိုက်သည်။ " နောက်ထပ် နှစ်အနည်းငယ်လောက် အတွေ့အကြုံယူပြီးရင် အရှင်သားက အရှင်မင်းကြီးရဲ့ ယုံကြည်မှုကို ရလာပါလိမ့်မယ်။ အခုတော့ အရှင်မင်းကြီးရဲ့ ဆန္ဒနဲ့ ကိုက်ညီအောင် အစွမ်းကုန် ကြိုးစားရမယ်။ "

" ခမည်းတော်က အသိပညာကြွယ်ဝတဲ့ ဘုရင်တစ်ပါးပဲ။ ကျွန်တော်က သူ့လောက်မတော်ပါဘူး။ " ဖုစုက ပြောလိုက်သည်။ " ဒါပေမယ့် ဘယ်သူမှ မပြည့်စုံပါဘူး။ ကျွန်တော်ရဲ့ အမြင်အရ သူ့ရဲ့ မူဝါဒ တော်တော်များများက အားနည်းချက်တွေ ရှိနေတယ်။ "

" ဥပမာ တရားရေးဝန်ကြီးအပေါ် အရမ်းအားကိုးတာ။ ပြီးတော့ တင်းကျပ်တဲ့ ဥပဒေတွေနဲ့ သာမန်လူတွေအပေါ် ရက်စက်တာ။ ကျွန်တော်သာဆိုရင် ဒီထက် အများကြီး သက်ညှာမှာပဲ။ "

" အခုအချိန်မှာ အရှင်မင်းကြီးက နိုင်ငံကို အုပ်ချုပ်နေတာပါ။ " ဝမ်ဝမက ပြောလိုက်သည်။ " ဒါပေမယ့် အရှင်သားက အိမ်ရှေ့စံဖြစ်လာရင် အရှင်သားယုံကြည်တဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ဖို့ အခွင့်အရေး ရလာမှာပါ။ လောကကြီက ကျယ်ပြန့်ပြီး အနာဂတ်က ရှည်လျားပါတယ်။ အရှင်သားက စိတ်ရှည်ရှည်နဲ့ စောင့်ရပါလိမ့်မယ်။ "

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters