အခန်း (၂၂၇)
Vol. 23 Ch. 227
ကျန်းထိုင်နန်းတော်အတွင်း။
" အရှင်မင်းကြီး ဒိနေ့ အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်က ညီလာခံတစ်ခုလုံးကို တုန်လှုပ်စေခဲ့ပါတယ်။ " ယွီလျောင်က ပြုံး၍ ပြောလိုက်သည်။
" ညီလာခံမှာတော့ အရာရှိတွေက ဝါစဉ်နဲ့ ဂုဏ်သတင်းအပေါ်မှာပဲ အမြဲတမ်း မူတည်နေခဲ့တယ်။ " ရင်ကျန့်က အရာအားလုံး သူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်နေသလို ပြုံး၍ ပြောလိုက်သည်။
" ငါအဲ့ဒါကို သည်းခံနိုင်တယ်။ ဒါပေမယ့် ငါတို့ရဲ့ စစ်ဘက်ဆိုင်ရာ အရာရှိတွေက ချင်ရဲ့ အခြေခံအုတ်မြစ်ပဲ။ သူတို့ကို ဝါစဉ်အကြောင်းပြောတာကိုတော့ ငါခွင့်မပြုနိုင်ဘူး။ ငါက ကျောက်ဖုန်းကို ချင်စစ်သည်တိုင်းအတွက် စံပြဖြစ်စေချင်တယ်။ "
" အရှင်မင်းကြီးက ပညာရှိလှပါတယ်။ " ယွီလျောင်က ပြောလိုက်သည်။ " ချင်ရဲ့ အငယ်ဆုံး စစ်သေနာပတိချုပ်ကို စိတ်ဓာတ်ခွန်အားအဖြစ် အသုံးချတာက ချင်စစ်သည်အားလုံးကို သေချာပေါက် တက်ကြွစေပါလိမ့်မယ်။ "
" ဒါပေမယ့်..." ရင်ကျန့်က ဝေခွဲမရသော အမူအရာ ပေါ်လာသည်။ " ကျောက်ဖုန်းအတွက် စခန်းအသစ်ကို ဘယ်မှာထားရမလဲဆိုတာရယ် စစ်သည်အသစ်တွေနဲ့ပဲ ဖွဲ့စည်းရမလား ဒါမှမဟုတ် အပြစ်သားတပ်ဖွဲ့နဲ့ပဲ ဖွဲ့ရမလားဆိုတာ ငါစဉ်းစားနေတုန်းပဲ။ "
"စစ်သူကြီးကျောက် ရှန်းယန်ကို ပြန်လာတဲ့အထိ စောင့်ပြီး အရှင်မင်းကြီးနဲ့အတူ ဆွေးနွေးတာက အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ကျွန်တော်မျိုးထင်ပါတယ်။ " ယွီလျောင်က ပြောလိုက်သည်။ " အခုတော့အလျင်လိုစရာမရှိပါဘူး။ နောက်ဆုံးတော့ ကျောက်ကို အမြစ်ပြတ်ချေမှုန်းဖို့က အဓိကပါပဲ။ "
" မှန်တာပေါ့။ ငါ အလျင်စလိုဖြစ်သွားတယ်။ " ရင်ကျန့်က ပြုံးလိုက်သည်။
" ကျွန်တော်မျိုးက အရှင်မင်းကြီး ကျင့်သုံးနိုင်ငံကို ချေမှုန်းပြီးမှ စခန်းအသစ်ကို တည်ထောင်မယ်လို့ ထင်ထားတာ။ အခုလို စောပြီး လုပ်ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော်မျိုး မမျှော်လင့်ထားခဲ့ဘူး။ " ယွီလျောင်က ပြောလိုက်သည်။
" ကျောက်ဖုန်းက အရမ်းထူးချွန်ကြောင်း သက်သေပြခဲ့လို့ ဖြစ်မှာပါ။ " ရင်ကျန့်က ရယ်လိုက်သည်။ " တကယ်လို့ ငါက သူ့အတွက် စခန်းတစ်ခု မတည်ထောင်ပေးရင် သူ ချင်အတွက် ရယူပေးခဲ့တဲ့ အောင်မြင်မှုတွေအတွက် စစ်သူကြီးရာထူးလေးနဲ့တင် ဘယ်လုံလောက်ပါ့မလဲ။ "
" နှစ်တွေအများကြီး ကြာခဲ့ပြီ။ " ယွီလျောင်က ပြောလိုက်သည်။ " အရှင်မင်းကြီး စစ်သူကြီးတစ်ယောက်ကို အခုလိုမျိုး တန်ဖိုးထားတာမျိုး ပထမဆုံး မြင်ဖူးတာပဲ။ ကျောက်ဖုန်းက အရှင်မင်းကြီးကို စိတ်ပျက်စေမှာမဟုတ်ဘူးလို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်။ "
" ဒီနေ့ညီလာခံမှာ ဝမ်ဝမ်နဲ့ သူတို့အုပ်စုအပေါ် မင်းရဲ့ အမြင်က ဘယ်လိုရှိလဲ။ " ရင်ကျန့်က ရုတ်တရက် မေးလိုက်သည်။
" သူတို့ရဲ့ အတွေးအခေါ်တွေက အရမ်းတင်းကျပ်လွန်းတယ်။ ကိုယ်အကျိုးစီးပွားကိုပဲ ကြည့်ကြတယ်။ ဒါ့အပြင် သူတို့က မင်းသားဖုစုကို လုံးဝ ကြိုးကိုင်ထားကြတယ်။ " ယွီလျောင်က ရိုသေစွာ ပြန်ဖြေလိုက်သည်။ " သူတို့ရဲ့ လူယုံတွေက ညီလာခံတစ်ခုလုံးမှာ ရှိနေပါတယ်။ အရှင်မင်းကြီးအနေနဲ့ သူတို့ကို ထိန်းညထျိဖို့ လုပ်ဆောင်သင့်ပါတယ်။ "
" ဟုတ်တယ်။ အချိန်တန်ပြီ။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။ " ဖုစုက ဒီအတိုင်းသာ ဆက်သွားနေရင် ငါ့ရဲ့ အမွေဆက်ခံသူ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ "
၎င်းကို ပြားသောအခါ ယွီလျောင်က အံ့အားသင့်ခြင်းမရှိပေ။ သူက ရင်ကျန့်၏ ရည်မှန်းချက်ကို သိထားသည်။ သူက ကမ္ဘာကြီးကို စုစည်းရုံသာမက ထာဝရတည်တံ့မည့် ချင်မင်းဆက်ကို တည်ထောင်ရန်ဖြစ်သည်။ ရင်ကျန့်က သူ၏ အမွေဆက်ခံသူအပေါ် အလွန်အလေးထားသည်။
ဖုစု၏ လက်ရှိစွမ်းရည်အပေါ် အခြေခံကြည့်လျှင် သူက ထိုကဲ့သို့ ကြီးလေးသော တာဝန်ကို ထမ်းဆောင်နိုင်စွမ်း မရှိသေးပေ။ ထိုအချက်ကြောင့် ယွီလျောင်က အိမ်ရှေ့စံမင်းသား ရွေးချယ်မှုအပေါ် မှတ်ချက်ပေးရန် ရည်ရွယ်ချက်မရှိပေ။ ကမ္ဘာကြီး စည်းလုံးသွားပြီးနောက်တွင် သူက ချင်မှ ထွက်ခွာရန် စီစဉ်ထားသည်။
သူက ချင်သို့ လာခဲ့ခြင်းမှာ စည်းလုံးမှုကို ဖော်ဆောင်ရန်နှင့် သာယာဝပြောသော ခေတ်တစ်ခုကို စတင်ရန်သာ ဖြစ်ပြီး ကိုယ်ရေးကိုယ်တာ ကျော်ကြားမှုနှင့် ချမ်းသာကြွယ်ဝမှုတို့ကို စိတ်မဝင်စားပေ။
ယခုအခါ ချင်နှင့်ယန် နယ်စပ်ဖြစ်နေပြီဖြစ်သော ယန် ကျောက်နယ်စပ်ရှိ ယန်နိုင်ငံဘက်တွင် ယန်စစ်သည်တစ်ထောင်ကျော်က စောင့်ဆိုင်းနေကြသည်။ တစ်ချိန်တည်းတွင် ချင်ဘက်၌ ကျောက်ဖုန်းက သူ၏ ကိုယ်ရံတော်များကို နယ်စပ်သို့ ဦးဆောင်လာခဲ့ပြီး စစ်ရထားပေါ်တွင် ယန်တန်ကို တင်ဆောင်လာခဲ့သည်။
ကျောက်ဖုန်းက စစ်ရထားပေါ်တွင် ထိုင်ပြီး ယန်တန်ဘက်သို့ လှည့်လိုက်သည်။ " ဆင်းတော့။ မင်းဘာသာမင်း လမ်းလျှောက်ပြီး ပြန်သွား။ "
" မင်းငါ့ကို ဒီအတိုင်းပဲ လွှတ်ပေးလိုက်တော့မှာလား။ " ယန်တန်က မျက်မှောင်ကြုတ်ပြီး နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။ သူ့ကို ရှန်းယန်သို့ အကျါ်းသားအဖြစ် ပို့ဆောင်ခြင်းမခံရသည်မှာ အလွန်ထူးဆန်းနေသည်။
" ချင်နဲ့ယန်ကြားမှာ မဟာမိတ်စာချုပ် တည်ရှိနေတဲ့အချက်နဲ့ မင်းတို့နိုင်ငံက တန်ဖိုးတစ်ခု ပေးဆပ်ခဲ့လို့ပဲ။ အဲ့လိုမှမဟုတ်ရင် မင်းပြန်လာနိုင်မယ်ထင်လို့လား။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။
"ယန်နိုင်ငံက ဘယ်လိုတန်ဖိုးမျိုးကို ပေးခဲ့တာလဲ။ " ယန်တန်၏ အမူအရာက ပြောင်းလဲသွားသည်။
" ပြန်သွားပြီး မင်းအဖေကို မေးကြည့်လိုက်တော့။ " ကျောက်ဖုန်းက စိတ်မရှည်တော့ပေ။
သူ၏ ဖခင်အကြောင်းကို တွေးမိလျှင် ယန်တန်က စိတ်ထဲမှ လေးလံသွားသည်။ သူ ဖမ်းစီးခံရကတည်းက သေရန်သာ ဆုံးဖြတ်ထားခဲ့သည်။ သူပြန်လာနိုင်လိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။ သူ၏ ဖခင်က သေမတတ် ဒေါသထွက်နေမည်ကို တွေးမိသောအခါ ယန်တန်က အလွန်ကြောက်ရွံ့သွားသည်။
" ငါ့လူတို့ ယန်အိမ်ရှေ့စံမင်းသားကို ပြန်ပို့လိုက်ကြ။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းပြီး အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့။ " ကိုယ်ရံတော်အချို့က ရှေ့သို့ တက်လာပြီး ယန်တန်ကို စစ်ရထားပေါ်မှ ပွေ့ချီကာ ယန်နယ်စပ်သို့ လျှောက်သွားလိုက်ကြသည်။
ယန်နယ်စပ်တွင် ယွဲ့ချန်က ယန်တန်ကို ကြည့်ပြီး လှောင်ပြုံး ပြုံးလိုက်သည်။
" သူ့ကို ခေါ်လာပြီ။ မင်းတို့ဘာသာမင်းတို့ ပြန်ခေါ်သွားကြတော့။ " ကိုယ်ရံတော်များက ယန်တန်ကို မြေပြင်ပေါ်သို့ ချပြီး လှည့်ထွက်သွားကြသည်။
" အိမ်ရှေ့စံမင်းသား အရှင်မင်းကြီးက ကျိမြို့ကို ချက်ချင်း လာဖို့ အမိန့်ချမှတ်ထားပါတယ်။ " ယွဲ့ချန်က ယန်တန်ကို ထူပေးရန် မကြိုးစားဘဲ အေးစက်စွာ ပြောလိုက်သည်။
ယန်တန်က ခေါင်းမော့ပြီး ယွဲ့ချန်ကို ကြည့်လိုက်သော်လည်း ဘာမှမပြောပေ။ သူက ရှုံးနိမ့်ခဲ့သော အကျဉ်းသားတစ်ယောက်သာ ဖြစ်ပြီး ယန်နိုင်ငံက ကြီးမားသော တန်ဖိုးကို ပေး၍ ပြန်ရွေးခဲ့မှသာ ပြန်လာနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုအရှက်ကွဲမှုက အလွန်ကြီးမားလှသည်။
ယန်တန်က ဘာမှမပြောသည်ကို မြင်သောအခါ ယွဲ့ချန်က ရှေ့တိုးလာပြီး ထိုင်လိုက်သည်။
" အိမ်ရှေ့စံမင်းသားက ကျုပ်ကို အသက်ရှင်ဖို့ပဲ ကြိုးစားတဲ့ ငကြောက်လို့ ခေါ်ခဲ့တယ်မဟုတ်လား။ အခုတော့ မင်းသားကိုယ်တိုင်ကလည်း ချင်လက်ထဲ ကျရောက်ပြီး သူတို့ရဲ့ အကျဉ်းသားဖြစ်သွားခဲ့တယ်။ နိုငငံတစ်ခုရဲ့ အိမ်ရှေ့စံမင်းသားက အခြားနိုင်ငံရဲ့ ဖမ်းဆီးခြင်းကို ခံရတာက တကယ်ကို အရှက်ရစရာပဲ။ အဲ့ဒါကို အိမ်ရှေ့စံမင်းသားက ဘာလို့ ကိုယ့်ကိုကိုယ် အဆုံးမစီရင်ခဲ့တာလဲ။ "
ယခုအချိန်တွင် ယွဲ့ချန်က အားနာစရမလိုတော့ဘဲ ယန်တန်ကို လွတ်လပ်စွာ လှောင်ပြောင်လေတော့သည်။ ထိုဆိုးရွားသော အဖြစ်အပျက်ပြီးနောက် ယန်တန်၏ ဩဇာအာဏာက သေချာပေါက် မှေးမှိန်သွားပေလိမ့်မည်။ သူက အိမ်ရှေ့စံမင်းသား ဖြစ်နေသော်လည်း သူ၏ အနာဂတ်က ယခုအခါ မရေမရာ ဖြစ်သွားခဲ့ပြီဖြစ်သည်။
ယွဲ့ချန်၏ လှောင်ပြောင်မှုကို ရင်ဆိုင်ရသောအခါ ယန်တန်၏ မျက်လုံးများတွင် နာကျည်းမှုများ ပေါ်လာသော်လည်း သူပြန်လည်ချေပရန် နည်းလမ်းမရှိပေ။
" ကဲ အိမ်ရှေ့စံမင်းသားရေ..." ယွဲ့ချန်က အေးစက်စွာ ရယ်မောပြီး ပြောလိုက်သည်။ " ဒီမှာ အချိန်ဖြုန်းနေလို့ ဘာမှမထူးဘူး။ အရှင်မင်းကြီးနဲ့ တွေ့ဖို့ အသင့်ပြင်ထားလိုက်တော့။ "
ယန်တန်က သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူ၏ စိတ်ထဲတွင် နာကျည်းမှုများဖြင့် ပြည့်နှက်နေသည်။ " ချင်၊ ရင်ကျန့်၊ ကျောက်ဖုန်း ငါယန်တန် ကျိန်ဆိုတယ်။ မင်းတို့ကို ဘယ်တော့မှ အလွတ်မပေးဘူး။ တစ်နေ့ကျရင် မင်းတို့လည်း ဒီလိုအရှက်ကွဲမှုကို ရင်ဆိုင်စေရမယ်။ "
" အရှင် " ကျန်းမင်က ပြုံး၍ ပြောလိုက်သည်။ " ကျောက်နယ်မြေကို တစ်လအတွင်း တည်ငြိမ်အောင် လုပ်နိုင်ပါလိမ့်မယ်။ ပြီးရင် ကျွန်တော်တို့ မြောက်ဘက်ကို ချီတက်ရမှာလား။ "
" မြောက်ဘက်တိုက်နယ်မြေကို သိမ်းပိုက်ပြီးတာနဲ့ ကျောက်နိုင်ငံက ပျက်စီးသွားပြီလို့ ပြောလို့ရတယ်။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။ " လာမယ့်တိုက်ပွဲက ကြီးမားတဲ့ ခြိမ်းခြောက်မှုမရှိပါဘူး။ "
လွန်ခဲ့သော တစ်နှစ်အတွင်း ချင်က ကျောက်နိုင်ငံ၏ ပင်မစစ်တပ်ကို ချေမှုန်းခဲ့ပြီး အရည်အချင်းရှိသော စစ်သေနာပတိချုပ်များအားလုံးလည်း သေဆုံးခဲ့ပြီ ဖြစ်သည်။ ကျောက်ယိက တိုက်နယ်မြေသို့ ထွက်ပြေးခဲ့ပြီး စစ်သည်အချို့ကို စုစည်းနိုင်ခဲ့သော်လည်း သူ့တွင် အရည်အချင်းရှိသော စစ်သူကြီးများမရှိပေ။
တိုက်နယ်မြေသို့ ထွပ်ပြေးသွားသော ကျောက်စစ်တပ်မှာလည်း စိတ်ဓာတ်ပျက်ပြားနေပြီဖြစ်ရာ တိုက်ခိုက်နိုင်စွမ်းရှိတော့မည်မဟုတ်ပေ။
" အရှင် ကျောက်ကို ချေမှုန်းပြီးရင် အရှင်က စစ်သေနာပတိချုပ် ဖြစ်လာလိမ့်မယ်လို့ ပြောနေကြတယ်။ အဲ့ဒါတကယ်ပဲလား။ " ကျန်းမင်က မျှော်လင့်ချက်များနှင့် မေးလိုက်သည်။
" ကောလဟာလက ကောလဟာလပဲ။ နောက်ဆုံးဆုံးဖြတ်ချက်က ရှန်းယန်က လာလိမ့်မယ်။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ " တကယ်လို့ ရာထူးတိုးမယ်ဆိုရင်လည်း တိုးပါစေပေါ့။ "
" စစ်တပ်တစ်ခုလုံးမှာ စစ်သေနာပတိချုပ်အဖြစ် ရာထူးတိုးခံရမယ့်သူဖြစ်ရင် အဲ့ဒါက အရှင်ပဲ ဖြစ်လိမ့်မယ်။ တကယ်လို့ အခြားတစ်ယောက်သာ ဖြစ်ခဲ့ရင် တပ်မှူးတွေနဲ့ စစ်သည်တွေက ဘယ်တော့မှ လက်ခံမှာမဟုတ်ပါဘူး။ " ကျန်းမင်က လေးစားစွာ ပြောလိုက်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့