← Chapters

အခန်း (၂၂၈)

Vol. 23 Ch. 228

အခန်း (၂၂၈)

Vol. 23 Ch. 228

" လက်ထောက်စစ်သူကြီး ကျန်းဟန်ဆီက သတင်းရပါတယ်။ ကျွန်တော်တို့ စစ်တပ်က မြောက်ဘက်နယ်စပ်ကို စတင်တိုက်ခိုက်နေပါပြီ။ " ကိုယ်ရံတော်တပ်ခွဲမှူးတစ်ယောက်က ကျောက်ဖုန်းကို ရိုသေစွာ အစီရင်ခံလိုက်သည်။

" ဂုဏ်ပြုပါတယ်အရှင် " ကျန်းမင်က ချက်ချင်း ပြောလိုက်သည်။ " တိုက်နယ်မြေကို ပထမဆုံး တိုက်ခိုက်တဲ့ စွမ်းဆောင်မှုကိုလည်း အရှင်ရရှိသွားပါပြီ။ "

" ဟန်ချန်းယန်လား။ " ကျောက်ဖုန်းက တည်ငြိမ်စွာဖြင့် မေးလိုက်သည်။

သူ၏ နာမည်ကို ကြားသောအခါ တပ်ခွဲမှူးက အံ့အားသင့်သွားသည်။

" အရှင် အရှင်က ကျွန်တော်ရဲ့ နာမည်ကို မှတ်မိနေသေးတာပဲ။ " ဟန်ချန်းယန်က ခံစားချက်များနှင့် ပြောလိုက်သည်။

" ငါ့လက်အောက်မှာရှိတဲ့ ကိုယ်ရံတော်တိုင်းရဲ့ နာမည်တွေကို သာသိတယ်။ မင်း ငါ့ရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ထဲရောက်နေတာ တစ်နှစ်ကျော်ပြီ။ ဘယ်လိုခံစားရလဲ။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။

" အရှင်ကို အလုပ်အကျွေးပြုခွင့်ရတာဟာ ကျွန်တော်အတွက် ဂုဏ်ယူစရာပါ။ အရှင်က ကျွန်တော်ကို ဘဝသစ်တစ်ခုပေးခဲ့တယ်။ အဲ့ဒီကျေးဇူးကို ကျွန်တော်အသက်နဲ့ ပြန်ပေးဆပ်မယ်လို့ ကျိန်ဆိုထားပါတယ်။ " ဟန်ချန်းယန်က လေးနက်စွာ ပြောလိုက်သည်။

သူ့အတွက် အပြစ်သားတပ်ဖွဲ့မှ လက်နက်ချစစ်သည်တိုင်းအတွက် ကျောက်ဖုန်းက အမှန်တကယ် ဘဝသစ်တစ်ခုပေးခဲ့ခြင် ဖြစ်သည်။ သူက သူတို့ကို ဂုဏ်သိက္ခာရှိရှိ နေထိုင်ခွင့်ပေးခဲ့သည်။ ကျောက်ဖုန်း၏ စစ်သည် ၇၀ ရာခိုင်နှုန်းကျော်က လက်နက်ချစစ်သည်များဖြစ်ပြီး အများစုက သူ့အပေါ် အလွန်သစ္စာရှိကြသည်။

" မင်းရဲ့ တိုက်ပွဲစွမ်းဆောင်မှုတွေအရဆို မင်းက တပ်မမှူးတစ်ယောက် အလွယ်တကူ ဖြစ်နိုင်တယ်။ အဲ့ဒါကို ဘာလို့ ကိုယ်ရံတော်တပ်ဖွဲ့ထဲဝင်ခဲ့တာလဲ။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။

" ကျွန်တော်က အရှင်နောက်ကို သေတဲ့အထိ လိုက်ချင်ပါတယ်။ ကိုယ်ရံတော်တစ်ယောက်အနေနဲ့ပဲ အဲ့ဒီလိုလုပ်နိုင်မှာမလို့ပါ။ " ဟန်ချန်းယန်က လေးနက်စွာ ပြောလိုက်သည်။

" ကောင်းတယ်။ " ကျောက်ဖုန်းက ကျေနပ်စွာ ပြုံးလိုက်သည်။ " ကျောက်နယ်မြေကို သိမ်းပိုက်ပြီးရင် မင်းကို အိမ်ပြန်ပြီး မိသားစုဆီ အလည်သွားဖို့ ငါခွင့်ပြုတယ်။ "

" ကျေးဇူးတင်ပါတယ် အရှင် " ဟန်ချန်းယန်က စိတ်လှုပ်ရှားစွာ ဦးညွှတ်လိုက်သည်။

" အရှင် ဒီဟန်ချန်းယန်က တကယ်ရဲစွမ်းသတ္တိရှိတဲ့ စစ်သည်တစ်ယောက်ပါ။ သူ့ရဲ့ သိုင်းပညာပါရမီကလည်း မဆိုးဘူး။ " ကျန်းမင်က ပြောလိုက်သည်။ " သူက ဟောက်ထျန်း အဆင့်လေးကို ရောက်နေပါပြီ။ သူက တခြားလူတွေထက်လည်း ပိုပြီးကြိုးစားပါတယ်။ "

" တကယ်လို့ ငါက စစ်သေနာပတိချုက်ဖြစ်လာရင် အင်အားတစ်ထောင်ရှိတဲ့ ကိုယ်ရံတော်တပ်ဖွဲ့ကို ဖွဲ့စည်းပိုင်ခွင့်ရှိလာလိမ့်မယ်။ ဘွဲ့ထူးပါ တိုးလာရင် ပိုပြီးတောင် ခွင့်ပြုဦးမယ်။ အဲ့ဒီအချိန်ကျရင် သူ့ကို ကိုယ်ရံတော်ငါးရာကို အုပ်ချုပ်ရတဲ့ တပ်မှူးအဖြစ် ခန့်အပ်ပေးမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" နားလည်ပါပြီ။ " ကျန်းမင်က ခေါင်းညိမ့်လိုက်သည်။

" အခု ယန်အိမ်ရှေ့စံကို ပြန်လွှတ်ပြီးပြီဆိုတော့ ငါတို့ မြောက်ဘက်ကို ချီတက်ကြမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

စစ်ရထားနှင့် ကိုယ်ရံတော်များက မြောက်ဘက်သို့ အရှိန်အဟုန်နှင့် ထွက်ခွာသွားကြသည်။

" ဟန်ချန်းယန် ဟန်ရှင်းရဲ့ အဖေ။ ဒါက တကယ်ဝမ်းသာစရာပဲ။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။

" ဟန်ရှင်းက စစ်တပ်ကို ကွပ်ကဲတဲ့အခါ စစ်သည်များလေ ပိုကောင်းလေတဲ့။ အခု သူ့အဖေက ငါ့ရဲ့ ကိုယ်ရံတော်တစ်ယောက် ဖြစ်နေပြီဆိုတော့ ဟန်ရှင်းက အနာဂတ်မှာ ငါ့ဆီကို သေချာပေါက် အမှုထမ်းလိမ့်မယ်။ "

သူက ဟန်ချန်းယန်၏ နာမည်ကို နောက်ဆုံးတွင် မှတ်မိသွားခဲ့သည်။ ဟန်ချန်ယန် သမိုင်းတွင် အနည်းငယ်သာ ဖော်ပြခံထားရသူ။ သူလုပ်ခဲ့သောအကြောင်းအရာများကြောင့်မဟုတ်ဘဲ ခေတ်အဆက်ဆက် နာမည်ကျော်ကြားမည့်သူတစ်ယောက်၏ ဖခင်ဖြစ်သောကြောင့် ဖြစ်သည်။

သူက စစ်နတ်ဘုရားဟု တင်စားကြသော ဟန်ရှင်းပင်ဖြစ်သည်။ သမိုင်းမှတ်တမ်းများအရ ဟန်ရှင်း၏ ဖခင်က ဟန်တော်ဝင်မိသားစုမှ ဆွေမျိုးတစ်ယောက်ဖြစ်ပြီး ချင်က ဟန်ကို တိုက်ခိုက်ချိန်တွင် သေဆုံးခဲ့ရသည်။ ထို့ကြောင့်ပင် ဟန်ရှင်းက ချူနိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။

သို့သော် ကျောက်ဖုန်း၏ ကြားဝင်မှုကြောင့် သမိုင်းက ပြောင်းလဲသွားခဲ့သည်။ ဟန်ချန်ယန်က အသက်ရှင်နေဆဲ ဖြစ်ပြီး သူ၏ ကိုယ်ရံတော်တပ်ဖွဲ့ထဲသို့ ရောက်လာခဲ့သည်။ ထို့ကြောင့် ဟန်ရှင်းအနေဖြင့် သူ၏ ဖခင်ကို ဆုံးရှုံးစရာမလိုတော့ဘဲ အနာဂတ်တွင် ကျောက်ဖုန်းဆီတွင်သာ အမှုထမ်းပေလိမ့်မည်။

" ရန်သူတွေကို သတ်တာကရတဲ့ စွမ်းရည်တွေကို တွက်ချက်မယ်။ " ကျောက်ဖုန်းက တစ်စုံတစ်ခုကို သတိရသွားပြီး စိတ်ထဲမှ တွေးလိုက်သည်။

ဤတစ်ကြိမ်တွင် ယန်စစ်တပ်ကို မောင်းထုတ်ပြီးနောက် သူ၏ တပ်ဖွဲ့များက ကျောက်နယ်မြေနှင့် တိုက်နယ်မြေကို ဆက်သွယ်ပေးထားသော နယ်စပ်မြို့ဖြစ်သည့် ပေကျင်းမြို့သို့ ရောက်ရှိသွားပြီဖြစ်သည်။ ကျောက်နယ်မြေထဲမှ စစ်ပွဲများက ပုံမှန်အားဖြင့် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။

" အရှင်ရဲ့ စစ်တပ်က ရန်သူ ၂၄၅၆၃ ယောက်ကို သတ်ဖြတ်ခဲ့ပြီး စွမ်းရည်အမှတ် ၈၁၈၇ မှတ် ရရှိပါတယ်။ "

" အစစ်အမှန်ချီ ၈၉၇၊ ခွန်အား ၁၂၀၅၊ အမြန်နှုန်း ၁၂၃၁၊ ရုပ်ခန္ဓာ ၈၉၈၊ စိတ်ဝိညာဉ် ၉၈၉၊ သက်တမ်း ၂၉၆၇ ရက် ရရှိပါတယ်။ "

" မဆိုးဘူး။ ဒါတွေက ယန်စစ်တပ်ဆီက လာတာပဲ။" ကျောက်ဖုန်းက ကျေနပ်စွာ ပြုံးလိုက်သည်။

နာမည် - ကျောက်ဖုန်း

အသက် - ၁၉နှစ်

အစစ်အမှန်ချီ - ၇၉၇၂

ခွန်အား - ၁၃၃၄၁

အမြန်နှုန်း - ၁၂၅၃၂

ရုပ်ခန္ဓာ - ၁၁၀၂၃

စိတ်ဝိညာဉ် - ၁၀၁၃၄

သက်တမ်း - ၁၅၅နှစ် ၁၅၃၄၀ရက်

စွမ်းဆောင်မှုရမှတ် - ၉၈၉မှတ်

သိုလှောင်နေရာ - ၇၉ ကုဗမီတာ

ကျင့်စဉ် - နဂါးဆင်ကျမ်း

သိုင်းပညာ - နဂါးနိုင်လက်ဝါး၊ ပေါက်ကွဲလက်သီး။

" နောက်ထပ် အစစ်အမှန်ချီ နည်းနည်းထပ်တိုးရင် ငါ့ရဲ့ စွမ်းရည်တွေအားလုံး နောက်တစ်ဆင့်ကို တက်သွားလိမ့်မယ်။ ငါ့ရဲ့ လက်ရှိစွမ်းအားနဲ့ဆိုရင် ဆရာသခင်တစ်ယောက်ကို လက်သီးတစ်ချက်တည်းနဲ့ သတ်နိုင်တယ်။ ပြီးတော့ ငါ့ရဲ့ သက်တမ်းက ၄၂နှစ်လောက် တိုးလာခဲ့တယ်။ အရင် ၁၅၅နှစ်နဲ့ ပေါင်းလိုက်ရင် စုစုပေါင်း နှစ်နှစ်ရာနီးပါးရှိသွားပြီ။ "

" ဒီကမ္ဘာမှာ ဘယ်သူကများ ငါ့လောက် အသက်ရှည်နိုင်မှာလဲ။ ငါသာ ဒီအတိုင်း ဆက်သွားနေသရွေ့ ချင်ရဲ့ စစ်ပွဲတွေကို အသုံးချပြီး တခြားနိုင်ငံတွေကို အမြစ်ပြတ်ချေမှုန်းနိုင်မှာပါ။ ရှန်ကျိုးသာ စုစည်းသွားခဲ့ရင် ငါ့ရဲ့ သက်တမ်းက နှစ်ပေါင်းလေးရာကျော်အထိ ထိုးဖောက်သွားနိုင်လိမ့်မယ်။ " ကျောက်ဖုန်းက မျှော်လင့်ချက်များနှင့် ဝမ်းသာနေခဲ့သော်လည်း တစ်စုံတစ်ခုကို သတိရလိုက်ချိန်တွင် သူ၏ ဝမ်းသာမှုများက ပျောက်ကွယ်သွားသည်။

" မဟုတ်သေးဘူး။ ပြီးခဲ့တဲ့အကြိမ်တုန်းက ငါ့စွမ်းရည်တွေ လေးထောင်ကျော်သွားချိန်မှာ ငါ့ရဲ့ အခြေခံသက်တမ်းက ၁၅၅နှစ် ဖြစ်နေခဲ့ပြီးပြီ။ အခု ငါ့ရဲ့ စွမ်းရည်တွေ ရှစ်ထောင်ကို ကျော်လွန်သွားတဲ့အချိန်မှာ ဘာလို့ငါ့ရဲ့ အခြေခံသက်တမ်းက ၁၅၅နှစ်ပဲ ရှိသေးတာလဲ။ "

သူ၏ အဆင့်က ဆရာသခင်အဆင့်သို့ ရောက်နေသည်မှာ ကြာပြီဖြစ်သည်။ ဆရာသခင်တစ်ယောက်၏ သက်တမ်းက နှစ်ပေါင်းသုံးရာကျော် ရှိသင့်ပေသည်။

" ဒီကမ္ဘာက ငါထင်သလောက် မရိုးရှင်းဘူးထင်တယ်။ " ကျောက်ဖုန်းက တွေးလိုက်သည်။ " လူလောကမှာ သက်တမ်းကန့်သတ်ချက်က ၁၅၅ နှစ်ပဲ ရှိတာလား။ ဒါမှမဟုတ် စည်းမျည်းတွေနဲ့ ချုပ်ကိုင်ခံထားရတာလား။ ကောင်းကင်စည်းမျဉ်းတွေလား။ သာမန်လူတွေက ကျင့်ကြံလို့မရဘူးဆိုတဲ့ စည်းမျဉ်းလား။ "

ကျောက်ဖုန်း၏ စိတ်ထဲတွင် ခန့်မှန်းချက်အမျိုးမျိုးဖြင့် ပြည့်နှက်နေသည်။ နောက်ဆုံးတွင် သူ၏ ယခင်ဘဝမှ မှတ်ဉာဏ်များထဲတွင် ထိုကဲ့သို့ ဆန်းပြားသော အတွေးအခေါ်များစွာ ရှိနေခဲ့သည်။

နတ်ဆိုးများ၊ နတ်ဘုရားများ၊ တစ္ဆေများနှင့် အင်မော်တယ်များ အားလုံးကို ကျောက်ဖုန်းက ယခင်ဘဝမှ ဝတ္ထုများထဲတွင် ကြားဖူးပြီးသားဖြစ်သည်။ ယခုအခါ သူကိုယ်တိုင် ကျင့်ကြံခြင်းလောကထဲသို့ ဝင်ရောက်လာပြီး သူ၏ သက်တမ်းက ကန့်သတ်ခံထားရသည်ကို သိလိုက်ရသောအခါ သူ၏ စိတ်ထဲတွင် ခန့်မှန်းချက်များ ပေါ်လာခဲ့သည်။

" တစ်လှမ်းချင်းစီပဲ သွားရမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရဲ့ အဆင့်နဲ့ အခြေခံသက်တမ်းက အခုလောလောဆယ် တိုးမဘာဘူးဆိုရင်တောင် ရန်သူတွေကို သတ်ဖြတ်တာကနေ ရလာတဲ့ သက်တမ်းတွေအများကြီး ရှိနေတာပဲ။ ဒါကြောင့် ငါ့မှာ အချိန်အများကြီး ရှိသေးတယ်။ ဖြစ်နိုင်တာက ချင်က တစ်လောကလုံးကို စုစည်းပြီးရင် အရာအားလုံး ရှင်းလင်းသွားလိမ့်မယ်။ " ကျောက်ဖုန်းက ထိုကိစ္စကို ဆက်မတွေးရန် ဆုံးဖြတ်လိုက်သည်။

အချိန်များက ကုန်လွန်လာခဲ့သည်။ နိုင်ငံအသီးသီး၏ အာရုံစိုက်မှုက ချင်နှင့်ကျောက် စစ်ပွဲကြီးအပေါ်တွင် ရှိနေခဲ့သည်။ စစ်ပွဲက ကျောက်နိုင်ငံပျက်စီးသွားမှသာ အဆုံးသတ်နိုင်ပေလိမ့်မည်။ ချီ၊ ချူ၊ ယန်နှင့် ဝေနိုင်ငံတို့ကလည်း အနီးကပ် စောင့်ကြည့်နေကြသည်။

အထူးသဖြင့် ဝေနိုင်ငံဖြစ်သည်။ ကျောက်နိုင်ငံသာ ကျဆုံးသွားလျှင် ဝေနိုင်ငံကလည်း ကြီးမားသော အန္တရာယ်ကို ရင်ဆိုင်ရပေလိမ့်မည်။ ထိုအချိန်အတွင်း ဝေနိုင်ငံက ချင်နိုင်ငံသို့ သံတမန်များ အကြိမ်ကြိမ် စေလွှတ်ခဲ့သည်။

သူတို့က ယခင် ကျောက်နှင့်ပူးပေါင်းပြီး ချင်အား တိုက်ခိုက်ခဲ့ခြင်းကို မေ့ပစ်ရန် မျှော်လင့်နေကြသည်။ သို့မှသာ အင်အားကြီးသော ချင်နိုင်ငံက ၎င်းကို အကြောင်းပြပြီး စစ်ချီနိုင်မည်မဟုတ်ပေ။ သို့သော် ဝေနိုင်ငံက သံတမန်စေလွှတ်တိုင်း ငြင်းပယ်ခံခဲ့ရသည်။ ချင်က သူတို့နှင့် တွေ့ဆုံရန် ငြင်းပယ်ခဲ့သည်။

ထို့ကြောင့် ဝေနိုင်ငံက ချင်နိုင်ငံ၏ သဘောထားကို နားလည်သွားကြသည်။ ဝေနိုင်ငံက စစ်ပွဲကို ရှောင်လွှဲ၍ ရမည်မဟုတ်ပေ။ အကျိုးဆက်အနေဖြင့် ဝေနိုင်ငံ၏ ကုန်သည်များနှင့် အထက်တန်းလွှာများက သူတို့၏ စည်းစိမ်ဥစ္စာများကို အခြားနိုင်ငံများသို့ စတင်ရွှေ့ပြောင်းခဲ့ပြီး ၎င်းက ဝေနိုင်ငံ၏ အင်အားကို ကြီးစွာထိခိုက်စေခဲ့သည်။

ဝေဘုရင်ဖြစ်စေ ဝေဝူကျိဖြစ်စေ ၎င်းကို ပြောင်းလဲနိုင်မည်မဟုတ်ပေ။ ဝေဝူကျိက ချူနိုင်ငံဆီသို့ သံတမန်ခရီးစဉ်အပြီးတွင် အရှင်ချွန်းရှန်း ဟွမ်ရှဲကလည်း ချင်ဆီသို့ သံတမန်စေလွှတ်ခဲ့သည်။ သူတို့၏ ရည်ရွယ်ချက်က ဝေအပေါ် ရန်လိုမှုကို စွန့်လွှတ်ရန်အတွက် ချင်နိုင်ငံကို ဖျောင့်ဖျရန် ဖြစ်သည်။

သို့သော် နိုင်ငံ၏ အကျိုးစီးပွားနှင့်ယှဉ်လျှင် ၎င်းက ဘာမှမဟုတ်ပေ။ ချင်နိုင်ငံက ချီသံတမန်များကို တွေ့ဆုံခဲ့သော်လည်း သူတို့၏ တောင်းဆိုမှုများကို လျစ်ချူရှုခဲ့သည်။

ရင်ကျန့်က အဝေးမှ နိုင်ငံများကို မဟာမိတ်ဖွဲ့ပြီး အနီးမှ နိုင်ငံများအား တိုက်ခိုက်သောဗျူဟာကို ကျင့်သုံးခဲ့သည်။ သူက ချူ၊ ချီနှင့် ယန်တို့ကို မဟာမိတ်ဖွဲ့ထားပြီး တစ်ဖက်တွင် အနီးမှ ကျင့်သုံးနိုင်ငံကို တိုက်ခိုက်ရန် အာရုံစိုက်နေခဲ့သည်။ သူက ကျင့်နိုင်ငံသုံးခုကို သိမ်းပိုက်ပြီးမှ အခြားနိုင်ငံများကို ချေမှုန်းသွားရန်ဖြစ်သည်။ ၎င်းက ချင်၏ ဗျူဟာဖြစ်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters