အခန်း (၂၂၉)
Vol. 23 Ch. 229
ရှကျေးရွာ။ " အမေ သမီးကို ဒီအထိပဲ လိုက်ပို့ပါတော့။ ကျောက်နဲ့ သစ်ပွဲက အတော်ကြာနေပြီ။ မကြာခင် ပြီးတော့မှာပါ။ အကိုပြန်လာတဲ့အခါ သမီးအမေကို ပြန်လာပြုစုပါမယ်။ " ရွာအပြင်ဘက်တွင် ကျောက်မိသားစု၏ အစောင့်အရှောက်များက စောင့်ကြပ်နေကြသည်။ ကျောက်ကတော်နှင့် သမီးဖြစ်သူတို့က ရွာထိပ်တွင် ရပ်နေကြပြီး ဝမ်ယန်ကလည်း ကလေးနှစ်ယောက်နှင့်အတူ ရှိနေသည်။ တစ်နှစ်ကျော် ကြာပြီးနောက် တစ်ချိန်က ရင်ခွင်ပိုက်ကလေးငယ်လေးနှစ်ယောက်က ယခု ကြီးပြင်းလာခဲ့ပြီး လမ်းလျှောက်နိုင်ရုံသာမက စကားအနည်းငယ် ပြောတတ်နေပြီဖြစ်သည်။ အကြီးကောင်လေးက ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အငယ်မလေးက ကျောက်စိမ်းရောင်ဂါဝန်လေးကို ဝတ်ဆင်ထားသည်။ ကျောက်ကတော်ကို ကြည့်လိုက်လျှင် ထူးခြားသော ပြောင်းလဲမှုတစ်ခုကို တွေ့ရပေလိမ့်မည်။ သူမ၏ မျက်နှာက ယခင် ဖြူဖျော့နေပြီး ဖျားနာနေသော ပုံစံမျိုး ရှိခဲ့သည်။ သို့သော် သွေးဂျင်ဆင်းကို သောက်ပြီးနောက် သူမ၏ မျက်နှာက သွေးရောင်သမ်းလာပြီး ဖျားနာသော အငွေ့အသက်များ မရှိတော့ပေ။ ဝမ်ယန်ကလည်း အလားတူဖြစ်သည်။ ပလေးနှစ်ယောက်ကို မွေးပြီးနောက် သူမကလည်း အားနည်းသွားခဲ့သည်။ သူမက စစ်သည်မျိုးရိုးဖြစ်သောကြောင့် ခန္ဓာကိုယ် သန်စွမ်းသော်လည်း ကလေးမွေးစဉ်က သေမင်းတံခါးဝအထိ ရောက်ခဲ့ရသည်။ သွေးဂျင်ဆင်းကို သောက်သုံးခြင်းက သူမကို ပြန်လည်ကျန်းမာလာစေခဲ့သည်။ " ယန်အာ ရှန်းယန်ကို ပြန်ရောက်ရင် ကိုယ့်ကိုကိုယ် ကောင်းကောင်း ဂရုစိုက်နော်။ " ကျောက်ကတော်က ဝမ်ယန်ကို ကြည့်ပြီး ပြောလိုက်သည်။ " ဒီတစ်ခါ ဖုန်းအာ ပြန်လာရင် သူ့ကို သမီးနဲ့ လက်ထပ်ခိုင်းပြီး အမေတို့မိသားစုထဲကို ဝင်ခိုင်းမယ်။ " ဝမ်ယန်က ရောက်လာကတည်းက သူမက ကျောက်မိသားစုနှင့်အတူ နေထိုင်လာခဲ့သည်။ တစ်နှစ်ကျော်နေထိုင်ခဲ့ပြီးနောက် သူတို့၏ သံယောဇဉ်က ပိုမိုနက်ရှိုင်းလာခဲ့သည်။ ယခု ဝမ်ယန်က ထွက်သွားတော့မည်ဖြစ်ပြီး ကျောက်ကတော်က မခွဲခွာချင် ဖြစ်နေသည်။ " နှုတ်ဆက်ပါတယ် အမေ။ " ဝမ်ယန်က ဘေးမှ ကလေးနှစ်ယောက်ကို ကြည့်လိုက်သည်။ " သားနဲ့သမီး အဖွားကို နှုတ်ဆက်လိုက်ဦး။ " " နှုတ်ဆက်ပါတယ် အဖွား။ " ကလေးနှစ်ယောက်က ကျောက်ကတော်ကို ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။ သူတို့၏ အမူအရာကို ကြည့်ပြီး ဝမ်ယန်က သူတို့ကို ကောင်းကောင်း သင်ကြားပေးထားသည်မှာ ထင်ရှားသည်။ " သွားကြ သွားကြတော့။ " ကျောက်ကတော်က သူမ၏ မြေးနှစ်ယောက်ကို ကြည့်ရင်း ပြောလိုက်သည်။ " မင်းတို့အဖေ ပြန်လာရင် အဖွားဆီကို ပြန်လာခဲ့ကြဦးနော်။ " တစ်နှစ်အတွင်း ရင်ခွင်ပိုက်အရွယ်မှ လမ်းလျှောက်တတ်လာခြင်း၊ စကားပြောတတ်လာခြင်းများကို ကြည့်ခြင်းက သူမ၏ ကလေးများဖြစ်သော ကျောက်ဖုန်းနှင့် ကျောက်င်တို့အား ပြုစုပျိုးထောင်ခဲ့ရသည့် နေ့ရက်များကို ပြန်သတိရစေသည်။ ထိုကလေးနှစ်ယောက်နှင့် ကုန်ဆုံးခဲ့ရသော တစ်နှစ်ကျော် အချိန်က သူမအတွက် အပျော်ဆုံး အချိန်များ ဖြစ်သည်။ " အခုတော့ နှုတ်ဆက်ခဲ့ပါတယ် အမေနဲ့ညီမလေး။ " ဝမ်ယန်က နောက်ဆုံးအကြိမ် ဦးညွှတ်နှုတ်ဆက်လိုက်ပြီး ကလေးများ လက်ဆွဲကာ ရထားလုံးပေါ်သို့ တက်သွားခဲ့သည်။ အစောင့်တစ်ရာကျော်၏ ကာကွယ်မှုနှင့်အတူ ဝမ်ယန်၏ ရထားလုံးက ရှန်းယန်မြို့ဆီသို့ စတင်ထွက်ခွာသွားသည်။ " သမီးအကိုက ဘယ်တော့ ပြန်လာမလဲမသိဘူး။ " ကျောက်ကတော်က ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။ " ငါ့မြေးလေးတွေမရှိတော့ ငါ့နှလုံးသားက အစိတ်အပိုင်းတစ်ခု ပျောက်သွားသလို ခံစားရတယ်။ " အမေ သူတို့က အခုမှ ထွက်သွားတာလေ။ " ကျောက်ရင်က ပြုံး၍ ပြောလိုက်သည်။ " အကိုပြန်လာပြီး ယောက်မနဲ့ လက်ထပ်ရင် အမေ့မြေးတွေနဲ့ အမြဲတမ်း နေရလိမ့်မယ်။ " ကျောက်ကတော်က ခေါင်းညိမ့်လိုက်ပြီး ကျောက်ရင်ကို ကြည့်လိုက်သည်။ " သမီးအကို လက်ထပ်ပြီးရင် နောက်တစ်ယောက်က သမီးပဲ။ သမီးအကိုက ဒီနှစ်ဆို အသက်နှစ်ဆယ် ရှိပြီ။ သမီးလည်း အမေ့ဘေးမှာ နေလာတာကြာပြီ။ သမီးလည်း လက်ထပ်ဖို့ အချိန်တန်ပြီ။ ထပ်ပြီး စောင့်နေရင် ဘယ်သူမှမလိုချင်တဲ့ အပျိုကြီး ဖြစ်သွားလိမ့်မယ်။ " " အမေ " ကျောက်ရင်၏ အမူအရာက ပြောင်းလဲသွားသည်။ လက်ထပ်ရန်လား။ သူမက ၎င်းကို တစ်ခါမှ မစဉ်းစားခဲ့မိပေ။ ရှကျေးရွာတွင်လည်း သူမ စိတ်ဝင်စားစရာ လူတစ်ယောက်မှမရှိပေ။ " သမီအကိုပြန်လာရင် သမီးအတွက် တစ်ယောက်ယောက် ရှာခိုင်းရမယ်။ " ကျောက်ကတော်က အလျှော့မပေးဘဲ ပြောလိုက်သည်။ နောက်ဆုံးတွင် ၎င်းက သူမ၏ သမီး ကောင်းစားရန်အတွက်သာ ဖြစ်သည်။ မိန်းကလေးများက အသက် ၁၄နှစ် ၁၅နှစ်၌ အိမ်ထောင်ပြုနေကြသည့် ခေတ်ကာလတွင် ကျောက်ရင်ကို အပျိုးကြီးဟု သတ်မှတ်နိုင်လေသည်။ သူက လှပပြီး စံနှုန်း အလွန်မြင့်မားသူဖြစ်သည်။ ကျောက်ဖုန်းက ကျော်ကြားလာပြီး ချင်၏ စစ်သူကြီးဖြစ်လာကတည်ယက ရှချူးခရိုင်မှ အထက်တန်းလွှာများနှင့် ချမ်းသာသော မိသားစုများက သူတို့အိမ်သို့ လာရောက်ခဲ့ကြသည်။ အများစုက ကျောက်မိသားစုနှင့် အိမ်ထောင်ရေးကမ်းလှမ်းရန် လာရောက်ကြခြင်း ဖြစ်သော်လည်း ကျောက်ရင်က သူတို့ထဲမှ ဘယ်သူ့ကိုမှ စိတ်မဝင်စားပေ။ တိုက်မြို့က တိုက်နယ်မြေ၏ မြို့တော်ဖြစ်သည်။ ယခုအခါ ချင်စစ်သည်နှစ်သိန်းက မြို့ကို ဝန်းရံထားကြသည်။ သူတို့က အချိန်မရွေး တိုက်ခိုက်ရန် အဆင်သင့် ပြင်ထားကြသည်။ မြို့အတွင်းရှိ တော်ဝင်နန်းတော်ထဲတွင်။ " အရှင်မင်းကြီးကို အစီရင်ခံပါတယ်။ " ကျောက်တပ်မှူးတစ်ယောက်က ပြေးဝင်လာပြီး ပြောလိုက်သည်။ " ချင်စစ်တပ်က တိုက်မြို့ကို ဝိုင်းထားပါပြီ။ သူတို့က အချိန်မရွေး တိုက်ခိုက်လာနိုင်ပါတယ်။ အရှင်မင်းကြီး တစ်ခုခု ဆုံးဖြတ်ပေးပါ။ " ပလ္လင်ပေါ်မှ ကျောက်ယိ၏ အမူအရာက အလွန်လေးနက်သွားသည်။ သူက တိုက်နယ်မြေသို့ ထွက်ပြေးလာသည်မှာ လအချို့ ကြာသွားခဲ့ပြီဖြစ်သည်။ ချင်စစ်တပ်က ကျောက်နယ်မြေကို သိမ်းပိုက်ပြီးနောက် သူတို့က တိုက်နယ်မြေသို့ ချက်ချင်း ချီတက်လာခဲ့ကြသည်။ ကျောက်ယိက နေ့တိုင်း မြို့တစ်မြို့ ကျဆုံးသွားသည့်သတင်းကို ရရှိခဲ့သည်။ တိုက်နယ်မြေတွင် ဒေသခံစစ်သည်များနှင့် ကျောက်နယ်မြေမှ ထွက်ပြေးလာသော တပ်ဖွဲ့များအပါအဝင် အင်အားနှစ်သိန်းကျော် ရှိနေသော်လည်း ၎င်းတို့ကို ကွပ်ကဲရန် အရည်အချင်းရှိသော ခေါင်းဆောင်များ မရှိပေ။ စစ်ပြေးများ၏ လွှမ်းမိုးမှုကြောင့် စစ်သည်များ၏ စိတ်ဓာတ်က ကျဆင်းသွားခဲ့သည်။ ထို့အပြင် ရိက္ခာနှင့် အထောက်အပံ့များကလည်း ပြတ်လပ်နေခဲ့သည်။ ကျောက်ယိကလည်း အခြေအနေကို ပြောင်းလဲနိုင်စွမ်းမရှိတော့ပေ။ " ကျောက်ယန် ဒါတွေအားလုံးက မင်းကြောင့်ဖြစ်ရတာပဲ။ တကယ်လို့ မင်းသာ လျန်ပိုနဲ့ လီမုတို့ကို သေအောင်တွန်းမပို့ခဲ့ရင် ငါတို့ကျောက်ကလည်း ဒီလိုအခြေအနေမျိုး ရောက်မှာမဟုတ်ဘူး။ တမလွန်ကျရင်တောင် ခမည်းတော်က မင်းကို ဘယ်တော့မှ ခွင့်လွတ်မှာမဟုတ်ဘူး။ " ကျောက်ယိက စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ ကျောက်နိုင်ငံတွင် တစ်ချိန်က အရည်အချင်းရှိသော စစ်သေနာပတိချုပ်များနှင့် အရာရှိများ ရှိခဲ့သော်လည်း ယခုအခါ သူ၏လက်ထဲတွင် အရည်အချင်းရှိသူတစ်ယောက်မှ မရှိတော့ပေ။ ၎င်းတို့အားလုံးကို ကျောက်ယန်က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ " အရှင်မင်းကြီး " ကျောက်ယိက တုန့်ပြန်မှုမရှိသည်ကို မြင်သောအခါ ကျောက်တပ်မှူးက တပ်ခေါ်လိုက်သည်။ ကျောက်ယိက ဖြည်းညင်းစွာ ထရပ်လိုက်ပြီး သူ၏ ခါးမှ ဓားကို ဆွဲထုတ်လိုက်သည်။ " ကျောက်ယန်ရဲ့ ညံ့ဖျင်းမှုက ကျောက်နိုင်ငံအပေါ် ဘေးဒုက္ခတွေ သယ်ဆောင်လာခဲ့တယ်။ ငါတို့နိုင်ငံ ဒီလောက်ကျဆင်းသွားရတာ သူ့ရဲ့ အရည်အချင်းမရှိမှုကြောင့်ပဲ။ " " သားတစ်ယောက်အနေနဲ့ သူက မထိုက်တန်ဘူး။ နိုင်ငံအတွက်ဆိုရင် သူက ပိုလို့တောင် မထိုက်တန်ဘူး။ ငါ ကျောက်ယိ ကျောက်နိုင်ငံရဲ့ အိမ်ရှေ့စံမင်းသားက တော်ဝင်အမိန့်အရ ကျောက်နဲ့အတူ အသက်ရှင်မယ်။ ကျောက်နဲ့အတူ သေမယ်လို့ ကျိန်ဆိုတယ်။ " " ဒီနေ့တိုက်ပွဲမှာ ငါထွက်မပြေးဘူး။ ချင်စစ်တပ်ကို အသက်ပေးပြီး တိုက်ခိုက်မယ်။ အားလုံး ငါနဲ့အတူ ရန်သူကို ရင်ဆိုင်ဖို့ အဆင်သင့်ပဲလား။ " ကျောက်ယိက သူ၏ ဓားကို ရှေ့သို့ ချိန်ရွယ်ပြီး သေခြင်းတရားကို ရင်ဆိုင်ရန် ပြတ်သားသော စိတ်ဓာတ်များနှင့် ပြည့်နှက်နေသည်။ ၎င်းက ကျောက်ယိနှင့် ကျောက်ယန်တို့ကြား ကွာခြားချက်ကို မြင်နိုင်သည်။ ၎င်းက ရင်ကျန့် မည်မျှအထိ ကြောက်စရာကောင်းသည်ကိုလည်း ဖော်ပြနေသည်။ အကယ်၍ သူက ကျောက်ယိအစား ကျောက်ယန်ကို နန်းတက်စေခဲ့သည့် ကြိုတင်စီစဉ်မှုသာ မရှိခဲ့လျှင် ချင်အနေဖြင့် ကျောက်ကို သိမ်းပိုက်ရန် ထိုမျှ လွယ်ကူမည်မဟုတ်ပေ။ မိမိ၏ အရာရှိများကို အမြဲတမ်း သံသယဝင်တတ်သည့် ကျောက်ယန်နှင့်မတူဘဲ ကျောက်ယိ၏ လက်အောက်တွင် လျန်ပိုနှင့် လီမုတို့က သူတို့၏ အရည်အချင်းများကို အပြည့်အဝ အသုံးချနိုင်မည်ဖြစ်သည်။ " အရှင်မင်းကြီးနောက်ကို သေတဲ့အထိ လိုက်ပါဖို့ ကျိန်ဆိုပါတယ်။ " ခန်းမထဲမှ အရာရှိများကလည်း တစ်ပြိုင်နက် ပြောလိုက်ကြသည်။ " မြို့ထဲမှာ စစ်သည်တစ်သိန်းကျန်သေးတယ်။ ငါ ချင်စစ်တပ်ကို အဆုံးထိ တိုက်ထုတ်သွားမယ်။ " ကျောက်ယိက ကျယ်လောင်စွာ ကြေညာလိုက်သည်။ ထို့နောက် သူက နန်းတော်မှ ထွက်ခွာသွားသည်။ တိုက်မြို့၏ အပြင်ဘက်တွင် ချင်စစ်တပ်က စစ်ဗျူဟာအတိုင်း နေရာယူထားပြီးဖြစ်သည်။ ဝမ်ကျန့်က အလယ်တပ်မကြီးတွင် ရပ်နေပြီး တိုက်မြို့ကို စိုက်ကြည့်နေသည်။ ဤမြို့ကို သိမ်းပိုင်နိုင်ခြင်းက ကျောက်နိုင်ငံ လုံးဝကျဆုံးသွားခြင်းကို ဆိုလိုကြောင်း သူသိထားသည်။ ကျန်ရှိသော မြို့များက ပြဿနာမရှိဘဲ တစ်လအတွင်း အားလုံးကို သိမ်းပိုက်နိုင်မည်ဖြစ်သည်။ " ချင်စစ်သည်တို့..." ဝမ်ကျန့်က ဓားကို ဆွဲထုတ်ပြီး တိုက်မြို့ကို ချိန်ရွယ်ကာ ဟိန်းဟောက်လိုက်သည်။ " ဟေ့ ဟေ့ ဟေ့...." ချင်စစ်သည်များ၏ ဟိန်းဟောက်သံက ကောင်းကင်ယံထိ ပဲ့တင်ထပ်သွားသည်။ စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့