အခန်း (၂၃၀)
Vol. 23 Ch. 230
" ဒီနေ့တိုက်ပွဲက ကျောက်ကို အမြစ်ပြတ်ချေမှုန်းမယ်။ နောက်ဆုံးတိုက်ပွဲပဲ။ ဒီမြို့ကျသွားတာနဲ့ ကျောက်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။ ငါ့အမိန့်ကို လက်ဆင့်ကမ်းလိုက်။ တိုက်ခိုက်ကြ။ ကျောက်ကို အမြစ်ပြတ် ချေမှုန်းကြ။ "
တိုက်မြို့ရှေ့တွင် ချင်စစ်သည်နှစ်သိန်းက သားရဲကြီးတစ်ကောင် နိုးထလာသကဲ့သို့ လှုပ်ရှားလာသည်။ မရေတွက်နိုင်သော မြားများနှင့် ကျောက်တုံးကြီးများက တိုက်မြို့ပေါ်သို့ မိုးသီးမိုးပေါက်များသဖွယ် ကျဆင်းလာသည်။ ထိုပစ်ခတ်မှုများအောက်တွင် ကျောက်စစ်သည်များစွာက သေဆုံးသွားကြသည်။
ကျောက်စစ်သည်များက ထိတ်လန့်တကြား ထွက်ပြေးနေကြပြီး သူတို့၏ နာကျင်စွာ အော်ဝစ်သံများက လမ်းမများတစ်လျှောက် ပဲ့တင်ထပ်နေသည်။
ချင်စစ်တပ်က မြားမိုးများအောက်တွင် ရှေ့သို့ ချီတက်လာကြသည်။ ကျောက်နိုင်ငံကို အမြစ်ပြတ် ချေမှုန်းမည့် နောက်ဆုံးတိုက်ပွဲကလည်း အခြားတိုက်ပွဲများကဲ့သို့ စတင်ခဲ့သည်။
ချင်စစ်တပ်က တိုက်မြို့ကို မြားများ၊ ကျောက်လုံးပစ်စက်များနှင့် တစ်နာရီနီးပါး ပစ်ခတ်ပြီးနောက် ဝမ်ကျန့်က အမိန့်ပေးလိုက်သည်။
" တိုက်ခိုက်ကြ။ " သတင်းပို့သူများက အရပ်ရပ်သို့ လူစုခွဲထွက်သွားကြသည်။
" စစ်သည်တို့ သတ်ကြ။ " ယန်တွမ်ဟီက အမိန့်ပေးလိုက်သည်။
ဤတိုက်ပွဲအတွက် ယန်တွမ်ဟီ၏ ကွပ်ကဲမှုအောက်မှ ပင်မစစ်တပ်က ရှေ့တန်းတပ်ဖွဲ့အဖြစ် တာဝန်ယူရသည်။ စစ်တပ်က မြို့သိမ်းစက်ယန္တရားများကို အသုံးပြုပြီး တိုက်မြို့ဆီသို့ ချီတက်သွားကြသည်။
ကျောက်ဖုန်းက ယခင်မြို့များကို ထိုးဖောက်ရာတွင် စွမ်းဆောင်မှုအားလုံးကို ယူဆောင်သွားခဲ့သည်။ ထို့ကြောင့် ကျောက်ကို အမြစ်ပြတ် ချေမှုန်းမည့်တိုက်ပွဲတွင် ထိုစွမ်းဆောင်မှုကို အခြားတစ်ယောက်ထံသို့ လွှဲပြောင်းပေးခဲ့သည်။
ကျောက်ဖုန်းက ရှေ့တန်းတပ်ဖွဲ့ကို ဦးဆောင်ခြင်းမရှိသော်လည်း ယန်တွမ်ဟီ၏ ကွပ်ကဲမှုအောက်တွင် မြို့ရိုးများက တဖြည်းဖြည်း ပြိုလဲသွားခဲ့သည်။ သို့သော် သူတို့၏ အသေအပျောက်ကလည်း များလှပေသည်။ စစ်သူကြီးတစ်ယောက်၏ အောင်မြင်မှုက စစ်သည်တစ်သောင်း၏ အရိုးများပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။
" တိုက်ခိုက်ကြ။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။ သူ၏ စစ်တပ်က ယန်တွမ်ဟီ၏ တပ်ဖွဲ့များနောက်မှ လိုက်ပြီး မြို့ထဲသို့ ဝင်ရောက်သွားခဲ့သည်။
အချိန်များ ကုန်လွန်လာပြီး တစ်ရက်ကြာသွားခဲ့သည်။ ချင်စစ်တပ်က တိုက်မြို့တစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ပြီး တော်ဝင်နန်းတော်ဆီသို့ တိုက်ရိုက် ချီတက်သွားကြသည်။
" ကျောက်စစ်သည်တို့ " ကျောက်ယိက နန်းတော်အတွင်းမှ အော်ဟစ်လိုက်သည်။ " ငါ မစွမ်းဆောင်နိုင်ခဲ့ဘူး။ မင်းတို့နဲ့အတူ ငါတို့နယ်မြေကို မကာကွယ်နိုင်ခဲ့ဘူး။ ဒါက ငါ့ရဲ့ အပြစ်ပဲ။ ဒီနေ့ ငါက မင်းတို့နဲ့အတူ သေတဲ့အထိ တိုက်ခိုက်သွားမယ်။ သတ်ကြ။ "
ကျောက်ယိက ဓားကို ကိုင်ပြီး ချီတက်လာသော ချင်စစ်တပ်ဆီသို့ ပြေးထွက်သွားသည်။
" ကျောက်ကို ကာကွယ်ကြ။ " နန်းတော်ထဲတွင် ကျန်နေသော ကျောက်စစ်သည်အနည်းငယ်က ကျောက်ယိနောက်သို့ လိုက်ပါသွားကြသည်။
"ဘုရင်တစ်ပါးကို သတ်လိုက်ရင် ဘယ်လိုဆုလာဘ်မျိုး ရမလဲ ငါသိချင်မိတယ်။ ဘုရင်တစ်ပါးက နိုင်ငံရဲလ ကံကြမ္မာနဲ့ ဆက်နွှယ်နေတာဆိုတော့ ရလာမယ့် ဆုလာဘ်ကလည်း မသေးလောက်ဘူး။ " ကျောက်ဖုန်းက ကျောက်ယိကို ကြည့်လိုက်သည်။
သူက ယန်တွမ်ဟီ၏ နောက်မှ ထွက်ခွာလာခဲ့သော်လည်း ကျောက်ဖုန်း၏ တပ်ဖွဲ့များက မရပ်မနား ချီတက်ခဲ့ပြီး နန်းတော်သို့ ပထမဆုံး ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ဘုရင်ဝတ်စုံကို ဝတ်ပြီး အသေခံတိုက်ခိုက်ရန် ဆုံးဖြတ်ထားသော ကျောက်ယိကို မြင်သောအခါ ကျောက်ဖုန်းက စိတ်ဝင်စားသွားခဲ့သည်။
" တပ်ဖွဲ့အားလုံး ငါ့အမိန့်ကို နာခံကြ။ " ကျောက်ဖုန်း၏ အသံက ထွက်ပေါ်လာသည်။ " လက်နက်ချဖို့ ငြင်းဆိုတဲ့သူတွေကို ဘယ်တော့မှ အရှင်မထားနဲ့။ "
သူက ကျောက်ယိကို ကြားဖြတ် တိုက်ခိုက်လိုက်သည်။
" ကျောက်ဖုန်း " ကျောက်ယိက သူ့ကို မြင်လိုက်ရချိန်တွင် သူ၏ မျက်လုံးများထဲ၌ သတ်ဖြတ်လိုသော အငွေ့အသက်များ ပေါ်လာသည်။
သူတို့နှစ်ယောက်က မျက်နှာချင်းဆိုင် တစ်ခါမှ မတွေ့ဖူးကြသော်လည်း ကျောက်ဖုန်း၏ ပုံတူပန်းချီက ကျောက်နိုင်ငံသာမက အခြားနိုင်ငံအားလုံးတွင်လည်း ပျံ့နှံ့နေခဲ့ပြီး ဖြစ်သည်။
ကျောက်ဖုန်းက ဘာမှမပြောဘဲ သူ၏ ဓားကို အသာအယာလှုပ်ရမ်းကာ ကျောက်ယိကို ရှေ့သို့ လာရန် အချက်ပြလိုက်သည်။
" ငါ့ရဲ့ ကျောက်ပြည်သူတွေအတွက် ဒီနေ့ ငါမင်းကို သေတဲ့အထိ တိုက်ခိုက်မယ်။ " ကျောက်ယိက ကျောက်ဖုန်းဆီသို့ ပြေးသွားပြီး ဓားဖြင့် ထိုးလိုက်သည်။
၎င်းက သူသေကိုယ်သေတိုက်ခိုက်ခြင်းဖြစ်ပြီး ကျွမ်းကျင်သော စစ်သူကြီးတစ်ယောက်ကိုပင် အန္တရာယ်ပေးနိုင်သည်။ သို့သော် ကျောက်ဖုန်းအတွက်မူ ကျောက်ယိက လိပ်တစ်ကောင်ကဲ့သို့ နှေးကွေးလှသည်။
"ငါ ဘုရင်တစ်ပါးကို တစ်ခါမှ မသတ်ရသေးဘူး။ ဒီနေ့တော့ မင်းက ပထမဆုံး ဖြစ်လာလိမ့်မယ်။ " ကျောက်ဖုန်းက လှောင်ပြုံးပြုံးလိုက်ပြီး သူ၏ လုံချွမ်ဓားက ရှေ့သို့ တိုးဝင်သွားသည်။
စွပ်....
ဓားက ကျောက်ယိ၏ ရင်ဘတ်ကို တိုက်ရိုက်ထိုးဖောက်သွားပြီး သူ၏ခန္ဓာကိုယ်က ချက်ချင်း တောင့်တင်းသွားသည်။
အကယ်၍ ကျောက်ယိက တရားဝင်နန်းတက်ခဲ့သော ဘုရင်တစ်ပါးဖြစ်လျှင် ကျောက်ဖုန်းက သူ့ကို သတ်မည်မဟုတ်ပေ။ သို့သော် ကျောက်ယိကို တရားဝင်သည်ဟု သတ်မှတ်ရန် ခက်ခဲပေသည်။ သူ့ကို တိုက်နယ်မြေမှ စစ်သူကြီးများက နန်းတင်ပေးခဲ့ခြင်းဖြစ်ပြီး ကျောက်၏ တော်ဝင်တံဆိပ်တုံးပင်မရှိပေ။
မြို့ကို ဝန်းရံကတည်းက ဝမ်ကျန့်က ကျောက်ယိကို အသက်ချမ်းသာပေးရန် အမိန့်ပေးထားခဲ့ခြင်းမရှိပေ။ ထို့ကြောင့် ကျောက်ဖုန်းက တွန့်ဆုတ်ခြင်းမရှိဘဲ လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။
" ကျောက်က ပျက်စီးမှာမဟုတ်ဘူး။ " ကျောက်ယိက နောက်ဆုံးအချိန်တွင် နာကျည်းစွာ အော်ဟစ်လိုက်သည်။
" တိုက်ဘုရင်ကို သတ်ဖြတ်ပြီး စွမ်းရည်အားလုံး ၅၀မှတ်၊ သက်တမ်း ၁၀၀ရက်နဲ့ အဆင့်နှစ် ရတနာသေတ္တာတစ်လုံး ရရှိပါတယ်။ "
" စွမ်းရည်အားလုံး ၈၀၀၀မှတ် ကျော်သွားတဲ့အတွက် အဆင့်တစ် ရတနာသေတ္တာတစ်လုံး ရရှိပါတယ်။ "
စနစ်မှ အသိပေးချက်ထွက်ပေါ်လာသည်။
" သူက တရားဝင်ဘုရင်တစ်ယောက်မဟုတ်ပေမယ့် နိုင်ငံတစ်ခုရဲ့ ကံကြမ္မာကို ဆောင်ကျဉ်းထားတုန်းပဲ။ " ကျောက်ဖုန်းက ကျေနပ်စွာဖြင့် တွေးလိုက်သည်။ " တကယ်လို့ ငါက ဟန်ဘုရင်နဲ့ ကျောက်လုရင်တို့ကိုပါ သတ်နိုင်ခဲ့ရင် ဆုလာဘ်တွေက ဒီထက်တောင် ပိုများဦးမယ်။ "
" မင်းတို့ဘုရင်သေပြီ။ " ကျောက်ဖုန်းက ကျောက်ယိ၏ အလောင်းကို အားလုံးမြင်အောင် မြှောက်ပြလိုက်သည်။ " မင်းတို့ရဲ့ လက်နက်တွေချပြီး အညံ့ခံရင် အသက်ချမ်းသာပေးမယ်။ "
ကျောက်ယိ၏ အလောင်းကို မြင်လိုက်ရချိန်တွင် သစ္စာရှိစစ်သည်များက သေသည်အထိ တိုက်ခိုက်ခဲ့ကြပြီး သေမှာကြောက်သူများက လက်နက်ချခဲ့ကြသည်။ ရလဒ်က ဆုံးဖြတ်ပြီးသွားပြီဖြစ်သည်။
" စစ်သေနာပတိချုပ်ကို အစီရင်ခံပါတယ်။ မြို့ထဲက တိုက်ပွဲစတင်း ရောက်လာပါပြီ။ " ကိုယ်ရံတော်တပ်မှူးက လျင်မြန်စွာ ရောက်လာသည်။ " စစ်သူကြီးကျောက်ဖုန်းက တိုက်မြို့ရဲ့ တော်ဝင်နန်းတော်ကို ထိုးဖောက်ခဲ့ပြီး တိုက်ဘုရင် ကျောက်ယိကို ကိုယ်တိုင် သတ်ဖြတ်ခဲ့ပါတယ်။ တို်မြို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါပြီ။ "
" ကောင်းတယ်။ " ဝမ်ကျန့်က ဝမ်းသာသွားသည်။ " ကျောက်နိုင်ငံက တကယ်အဆုံးသတ်သွားပြီ။ "
" နိုင်ငံတစ်ခုကို သိမ်းပိုက်နိုင်ခဲ့တဲ့ နောက်ထပ် အောင်မြင်မှာတစ်ခုအတွက် စစ်သေနာပတိချုပ်ကို ဂုဏ်ပြုပါတယ်။ " ကိုယ်ရံတော်တပ်မှူးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ " ချင်မှာ စစ်သေနာပတိချုပ်က အမြင့်ဆုံး စစ်ရေးစွမ်းဆောင်မှုတွေကို ပိုင်ဆိုင်ထားသူပါ။ အခုဆို နိုင်ငံနှစ်ခုကို ဆက်တိုက် ဖျက်ဆီးနိုင်ခဲ့ပြီ။ "
" နောက်ထပ် စစ်ဆင်ရေးတွေမှာ ငါတို့ရဲ့ လန်ထျန်းစခန်းက ပင်မအင်အားသုဖြစ်လာနိုင်မှာ မဟုတ်တော့ဘူး။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။
မြောက်ဘက်နယ်စပ်စခန်းက ကျောက်နယ်ခြားစောင့်တပ်ကို ထိန်းထားရန် တာဝန်ယူခဲ့သည်။ တစ်ဖက်တွင် ဟန်ကုစစ်တပ်ကို အရံတပ်ဖွဲ့အဖြစ် ထားခဲ့သော်လည်း သူတို့က တိုက်ခိုက်ခဲ့ရခြင်း မရှိပေ။
နောက်တစ်ကြိမ် နိုင်ငံတစ်ခုကို စစ်ချီသောအခါ ဝမ်ကျန့်က တာဝန်ယူရန် တောင်းဆိုတော့မည်မဟုတ်ပေ။ ၎င်းက လက်အောက်ငယ်သားတစ်ယောက်၏ စည်းမျဉ်းကို ချိုးဖောက်ခြင်းဖြစ်သည်။ နောက်ဆုံးတွင် သူက နိုင်ငံနှစ်ခုကို ဖျက်ဆီးခဲ့သည့် စွမ်းဆောင်မှုများကို ရရှိထားခဲ့သည်။ အကယ်၍ သူက စွမ်းဆောင်မှုများ ထပ်လိုချင်နေလျှင် နန်းတွင်း၌ သံသယများ ဖြစ်ပေါ်လာနိုင်သည်။
" ငါ့အမိန့်ကို ထုတ်ပြလိုက်။ " ဝမ်ကျန့်က အမိန့်ပေးလိုက်သည်။ " တိုက်မြို့ထဲမှာ ရှိတဲ့ ကျောက်စစ်သည်အားလုံးကို ရှင်းလင်းပြီး လက်နက်မချတဲ့သူတွေ ခြွင်ချက်မရှိ ကွပ်မျက်လိုက်။ "
" နားလည်ပါပြီ။ " ကိုယ်ရံတော်တပ်မှူးက ပြောပြီး ထွက်ခွာသွားသည်။
" တိုက်နန်းတော်ကို သိမ်းပိုက်ပြီး ကျောက်ယိကို ကွပ်မျက်ခဲ့တာက ကျောက်ဖုန်း ရာထူးတိုးဖို့အတွက် အာမခံချက်တစ်ခု ပေးလိုက်တာပဲ။ ငါ့ရဲ့ သမက်က စစ်သေနာပတိချုပ် ဖြစ်လာတော့မယ်။ ယန်အာက ဒီလိုလူမျိုးကို ရွေးချယ်နိုင်တာ တကယ်ကို ထက်မြက်တာပဲ။ " ဝမ်ကျန့်က အလွန်ဝမ်းသာနေသည်။
ဤတိုက်ပွဲရလဒ်ထွက်ပေါ်လာခြင်းနှင့်အတူ ရင်ကျန့်၏ ကတိကိုပါ ပေါင်းစပ်လိုက်လျှင် ကျောက်ဖုန်းအတွက် စစ်သေနာပတိချုပ်ရာထူးက သေချာသလောက် ရှိသွားပြီဖြစ်သည်။ သို့သော် ရင်ကျန့်က ကျောက်ဖုန်းကို ရာထူးတိုးပေးမည်ဖြစ်ကြောင်း ညီလာခံတွင် ကြေညာပြီးသည်ကို ဝမ်ကျန့်က မသိသေးပေ။
" ကျောက်ဖုန်းက ရှန်းယန်ကို သွားပြီး စစ်သေနာပတိချုပ်အဖြစ် ရာထူးတိုးခံရလိမ့်မယ်။ ဒါပေမယ့် သူက တော်ဝင်အာဏာအပေါ် ရိုသေမှု လုံးဝမရှိဘူး။ ညီလာခံက စစ်မြေပြင်လို မဟုတ်ဘူး။ ငါ သူ့ကို ဝန်ကြီးတစ်ယောက်ရဲ့ ကျင့်ဝတ်တွေနဲ့ နှိမ့်ချနေတတ်ဖို့ သေချာသင်ပေးရလိမ့်မယ်။ မဟုတ်ရင် သူက သေချာပေါက် ပစ်မှတ်ထားခံရလိမ့်မယ်။ " ဝမ်ကျန့်က တွေးလိုက်သည်။