အခန်း (၆၂၅-၆၂၆)
Vol. 46 Ch. 625-626
အခန်း ၆၂၅: လေဆင်နှာမောင်း၊ ရွှမ်းယွမ်ဓား ထပ်မံအစွမ်းပြခြင်း
“ကောင်းပြီ။”
ရှောင်းယီက ခေါင်းညိတ်လိုက်ပြီး ဖုန်းကိုင်ထားဆဲဖြစ်သော ပိုင်ချီအား ပြောလိုက်သည်။
“မင်းရဲ့လူတွေကိုပဲ ကောင်းကောင်းပုန်းခိုင်းထားလိုက်ပါ။ လေဆင်နှာမောင်း ဖြတ်သွားပါလိမ့်စေ။”
“ဟုတ်ကဲ့။”
ပိုင်ချီက လုံးဝတွန့်ဆုတ်ခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။
သူဖုန်းချလိုက်သည်နှင့် စွန်းကုထောင်ဆီမှ ထပ်မံ၍ ဖုန်းခေါ်လာခဲ့ပြန်သည်။ ဖုန်းကိုင်လိုက်ပြီးနောက် ရှောင်းယီက တန်းမေးလိုက်၏။
“မင်းတို့လည်း လေဆင်နှာမောင်း ဝင်တိုက်ခံနေရပြန်တာလား။”
“ကျွန်းပိုင်ရှင် ဘယ်လိုသိတာလဲ။”
စွန်းကုထောင် အလွန်အံ့အားသင့်သွားခဲ့သည်။
“ကျုပ်တို့ရဲ့ ကင်းထောက်တွေက လေဆင်နှာမောင်းတစ်ခု ကျုပ်တို့ဆီ ရွေ့လျားလာနေတာကို ခုနကမှ တွေ့ရှိခဲ့တာ။”
“ဘာတွေဖြစ်နေတာလဲ။ လေဆင်နှာမောင်းတွေ အစည်းအဝေးလုပ်နေတာလား။”
ရှောင်းယီ အတော်လေး စကားအစရှာမရအောင် ဖြစ်နေခဲ့သည်။
မကြာမီ အရှေ့တောင်ဘက်ကျွန်းသည်လည်း လေဆင်နှာမောင်းတစ်ခု ချဉ်းကပ်လာသည်ဟု သတင်းပို့လာခဲ့ပြန်သည်။
ရှောင်းယီသည် သူတို့ကို ကောင်းကောင်းပုန်းအောင်းနေရန်သာ ပြောနိုင်ခဲ့ပြီး သူတတ်နိုင်သမျှ ကယ်ဆယ်ပေးမည်ဖြစ်သည်။
အရှေ့တောင်ဘက်ကျွန်းမှ ဖြတ်သန်းလာသော လေဆင်နှာမောင်းသည် ကျွန်းပေါ်သို့ရောက်ရှိရန် အနည်းငယ်အချိန်ယူရဦးမည်ဖြစ်သောကြောင့် ရှောင်းယီသည် ဖန်မင်လုံ၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြုကာ ယီထျန်းဂရုကို စစ်ဆေးကြည့်လိုက်သည်။
၎င်းသည်လည်း ညည်းညူသံများဖြင့် ပြည့်နှက်နေပြီး အကြောင်းအရာအားလုံးမှာ လေဆင်နှာမောင်းများအကြောင်းသာဖြစ်သည်။
“ဘာတွေဖြစ်နေတာလဲ။ ဒီနေ့မှ ဘာလို့ လေဆင်နှာမောင်းတွေအများကြီး တစ်ချိန်တည်းရောက်လာနေတာလဲ။”
“ချီးဘဲ ကျုပ်တို့မဟာမိတ်အဖွဲ့မှာ လေဆင်နှာမောင်း သုံးခုတောင်ရှိနေတယ်။”
“ဒါဆို နောက်ထပ်တစ်ခု ရောက်လာလိမ့်ဦးမယ်။ ကျုပ်တို့မဟာမိတ်အဖွဲ့မှာ လေးခုရောက်နေပြီ။ ခင်ဗျားတို့ဆီမှာ တစ်ခုလိုနေသေးတယ်။”
“မင်းက ဒါကို မာကျောက်ကစားတယ်ထင်နေတာလား။ ဖဲကစားလို့မရဘူးလား။”
“ခင်ဗျားရဲ့စိတ်နေသဘောထားကိုတော့ ကျုပ်တကယ်လေးစားသွားပြီ။ ဒီလိုအချိန်မှာတောင် စနောက်နိုင်သေးတယ်။”
“ငါတို့ရဲ့စိတ်ဖိစီးမှုတွေကို လျှော့ချဖို့အတွက် နေရာတစ်ခုတော့ရှာရမယ်လေ။ ဒီတစ်ခါ လေဆင်နှာမောင်းတိုက်ပြီးသွားရင် လူတိုင်းက တကယ်ပဲ လွတ်လပ်ရေးမရခင်အချိန်ကို ပြန်ရောက်သွားကြလိမ့်မယ်။”
“ဟုတ်တယ်။ ဒီလိုသဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ရတဲ့အချိန်မှာ ကျုပ်တို့က တကယ်ကို သေးနုတ်သွားခဲ့ရတယ်။ ဟင်း...ကျုပ်တို့ ပြားနေအောင်ဝပ်နေပြီး လွှတ်ထားလိုက်ရုံပဲတတ်နိုင်တယ်။”
“သဘာဝဘေးအန္တရာယ်လား။ ခင်ဗျားတို့တွေက ဒီလိုလေဆင်နှာမောင်းတွေအများကြီး တစ်ချိန်တည်းရောက်လာတာကို သဘာဝရာသီဥတုဖောက်ပြန်တယ်လို့ ပြောနေတာလား။”
“ဖြစ်နိုင်တယ်လေ။ အဲ့တော့ဘာဖြစ်လဲ။ မင်းက ဘာပြောချင်လို့လဲ။”
“ကျုပ်ပြောချင်တာက အခုက လေဆင်နှာမောင်းတွေပဲရှိသေးတယ်။ နောက်ပိုင်း ပိုဆိုးတဲ့ သဘာဝဘေးအန္တရာယ်တွေ ရှိလာနိုင်ဦးမလားဆိုတာပဲ။”
“တော်ကြပါတော့ လေဆင်နှာမောင်းနဲ့တင် တော်တော်လွန်လွန်းနေပြီ။ ပိုဆိုးတာကို လိုချင်နေသေးတာလား။ ငလျင်တွေလား၊ မီးတောင်ပေါက်ကွဲမှုတွေလား၊ ဒါမှမဟုတ် ဆူနာမီတွေလား။”
“ဒါတော့ မဖြစ်နိုင်ဘူး။ ကျုပ်တို့ကျွန်းမှာ မီးတောင်မရှိဘူးလေ။ အဲ့တော့ ကြောက်စရာမလိုဘူး။ ငလျင်တွေအတွက်ဆိုရင် အုတ်မြစ်ကျောက်တွေနဲ့လုပ်ထားတဲ့ ကျုပ်တို့ကျွန်းတွေက အရမ်းတည်ငြိမ်နေပုံရတယ်။ ဆိုတော့ အဲ့ဒါလည်း ဖြစ်နိုင်ခြေမရှိဘူး။ ဆူနာမီတွေအတွက်ဆိုရင်တော့ အင်း ဒါကပြောရခက်တယ်။”
“အစက လေဆင်နှာမောင်းနဲ့ပတ်သက်ပြီး ကျုပ်အရမ်းမခံစားမိဘူး။ ဒါပေမယ့် ခင်ဗျားတို့ပြောပြီးတော့မှ ရုတ်တရက်ကြီး နည်းနည်းကြောက်လာမိပြီ။”
“ကျုပ်တို့ရဲ့အုတ်မြစ်ကျောက်တွေကို ပင်လယ်ရေနဲ့တော့ မမြှုပ်ပစ်လောက်ဘူးမလား။”
“ဒီကျွန်းတွေက ပုံမှန်ဆိုရင်တော့ ပင်လယ်ရေအောက်ကို နစ်မြုပ်မသွားနိုင်ပါဘူး။ ဒါပေမဲ့ အဲဒီလိုဂုဏ်သတ္တိရှိတာက ဆူနာမီကိုတော့ တားဆီးနိုင်မှာ မဟုတ်ဘူး။ ဆူနာမီဆိုတာက ပင်လယ်ကြီးက ပြုံးပြချင်ရုံသက်သက်ပဲ။ သူပြုံးလိုက်တဲ့အခါ ကျွန်းတွေဟာ ပင်လယ်ရေအောက်ကို နစ်မြုပ်သွားတတ်ပြီး သူရယ်မောလို့ဝသွားတဲ့အခါမှာတော့ အဲဒီကျွန်းတွေကို ပြန်ပြီးပေါ်ထွက်လာစေလိမ့်မယ်။”
“နည်လမ်းမရှိဘူး။ ကျုပ် အရင်တုန်းက ဆူနာမီကို ကြုံခဲ့ရဖူးတယ်။ ကျွန်တော်ကံကောင်းလို့ အသက်ရှင်ခဲ့တာ။ ဒုတိယအကြိမ် ထပ်မကြုံပါရစေနဲ့တော့လို့တောင် ကျိန်ဆိုခဲ့မိတယ်။”
“ဒီနေရာမှာ မင်းအတွက် ရွေးချယ်ပိုင်ခွင့်မရှိဘူး။”
“လူတိုင်းပဲ ကိုယ့်ကိုယ်ကိုယ် ခြောက်လှန့်မနေကြပါနဲ့။ ဒီကမ္ဘာရဲ့ စည်းမျဉ်းတွေအရ အဲ့ဒီအခြေအနေက အခုလောလောဆယ်မှာတော့ ဖြစ်လာဦးမယ်မထင်ဘူး။ ခင်ဗျားတို့စိုးရိမ်နေတယ်ဆိုရင် ဆူနာမီထဲမှာ အသက်ရှင်ကျန်ရစ်နိုင်မယ့် ကိရိယာတွေကို အမြန်ဖန်တီးထားကြပေါ့။”
“အမှန်ပဲ။ ကျုပ်တို့ လက်ရှိလေဆင်နှာမောင်းကိုတောင် မကိုင်တွယ်ရသေးဘူး။ ဒီလောက်အများကြီးတွေးနေတာက အပိုပဲ။”
ဂရုထဲရှိ လူတိုင်းသည် လေဆင်နှာမောင်းနှင့် ကြုံတွေ့နေကြရကြောင်း သတင်းပို့နေကြသည်ကို မြင်လိုက်ရသောအခါ ရှောင်းယီ၏နှုတ်ခမ်းများ အနည်းငယ်တွန့်သွားခဲ့သည်။
“ကမ္ဘာ့စည်းမျဉ်းတွေက ငါတို့တွေကို အားလျားနေတယ်ထင်ပြီး လုပ်စရာတစ်ခုခု ရှာပေးချင်နေပုံပဲ။”
“ကျွန်းပိုင်ရှင် လေဆင်နှာမောင်း မကြာခင်ရောက်လာပါတော့မယ်။ မြေအောက်ကို မြန်မြန်သွားကြရအောင်။”
ဖန်မင်လုံက အပြေးဝင်လာပြီး ပြောလိုက်သည်။
ရှောင်းယီသည် သူ့ကို ခေါင်းညိတ်ပြလိုက်ပြီး ဖန်မင်လုံ၏နောက်မှ မြေအောက်ကာကွယ်ရေးနေရာသို့ လိုက်သွားခဲ့သည်။
မကြာမီ ရွှမ်းယွမ်ဓားက ထပ်မံတုန်ခါသွားခဲ့သည်။ ၎င်း ပြန်လည်ငြိမ်သက်သွားသောအခါ အပြင်ရှိ အသံဗလံများလည်း ပျောက်ကွယ်သွားခဲ့သည်။
ရှောင်းယီနှင့် အခြားသူများသည် ချက်ချင်း အပြင်ထွက်ကာ ကြည့်လိုက်ကြသည်။ လေဆင်နှာမောင်းကြောင့် ကျွန်း၏အရှေ့တောင်ဘက်ပိုင်းသာ ပျက်စီးသွားသည်ကို မြင်လိုက်ရသောအခါ အလွန်ဝမ်းသာသွားခဲ့ကြသည်။
ရှောင်းယီသည် ပျက်စီးသွားသောနေရာများကို ကြည့်ရှုကာ အနည်းငယ်စဉ်းစားလိုက်ပြီး အရှေ့တောင်ဘက်ကျွန်းသို့ သွားရန် ရွေးချယ်လိုက်သည်။
လက်ရှိတွင် ကျွန်းခွဲတစ်ခုချင်းစီ၏ ဆောက်လုပ်ရေးတိုးတက်မှုအခြေအနေသည် အခြေခံအားဖြင့် တူညီပြီး အဓိကအားဖြင့် ကဏ္ဍအသီးသီး၏ဖွံ့ဖြိုးတိုးတက်မှုပေါ်တွင် မူတည်ထားသည်။ ဥပမာအားဖြင့် အရှေ့တောင်ဘက်ကျွန်းတွင် ယမ်းစိမ်းလုပ်ငန်းရှိပြီး ရှောင်းယီက ၎င်းကို အလွန်တန်ဖိုးထားသည်။
ဤလုပ်ငန်းသည် ရှောင်းယီအား ယမ်းစိမ်းများကို အဆက်မပြတ် ထောက်ပံ့ပေးနိုင်သည်။ ၎င်းသည် ယမ်းမှုန့်အတွက် မရှိမဖြစ်လိုအပ်သော ကုန်ကြမ်းတစ်ခုဖြစ်ပြီး ကြီးမားသောပြဿနာများ လုံးဝအဖြစ်မခံနိုင်ပေ။
သေနတ်များသည် လက်ရှိတွင် သိပ်ပြီးအစွမ်းထက်မနေသော်လည်း တစ်နေ့နေ့ တစ်ချိန်ချိန်ကျလျှင်တော့ အစွမ်းထက်လာမည်ဖြစ်သည်။
ရှောင်းယီသည် အရှေ့တောင်ဘက်ကျွန်းသို့ တည်နေရာကူးပြောင်းလိုက်သောအခါ ဝေပေါ်သည် လေပြင်းများတိုက်ခိုက်နေသည့်ကြားတွင် သူ့အားစောင့်ဆိုင်းနေဆဲဖြစ်သည်ကို တွေ့လိုက်ရလေသည်။
“ကျွန်းပိုင်ရှင် မြေအောက်ထဲကို မြန်မြန်ဝင်ကြရအောင်။”
ဝေပေါ်က အော်ပြောလိုက်သည်။
“မင်းအရင်ဝင်သွားလိုက်ပါ။”
ရှောင်းယီသည် ကမ်းပေါ်တက်လာတော့မည့် လေဆင်နှာမောင်းကိုသာ စိုက်ကြည့်နေခဲ့ပြီး သူ့လက်ထဲရှိ ရွှမ်းယွမ်ဓားသည်လည်း စတင်တုန်ခါလာခဲ့သည်။
“အာ...”
ဝေပေါ်သည် ထိတ်လန့်သွားပြီး အလွန်အံ့အားသင့်သွားခဲ့သည်။
လေဆင်နှာမောင်းက လာနေပြီလေ။ မင်းက ဒီမှာရပ်ပြီး ကောင်းကင်ဘုံကို သွားဖို့ပြင်နေတာလား။
သို့သော် သူသည် ရှောင်းယီအား ထိုသို့မပြောရဲပေ။ သူသည် ဘာလုပ်ရမှန်းမသိဘဲ တုန့်ဆိုင်းစွာဖြင့် ရှောင်းယီ၏ဘေးတွင် ရပ်နေရန်သာ တတ်နိုင်ခဲ့သည်။
“မင်းဝင်သွားလိုက်ပါ။ ငါ့အတွက်က ပြဿနာမရှိဘူး။”
ရှောင်းယီက သူ့ကို လှမ်းကြည့်ကာ ပြောလိုက်သည်။
ရှောင်းယီ၏ အလွန်ယုံကြည်မှုရှိနေသောဟန်ပန်ကို ကြည့်လိုက်ပြီး ဝေပေါ်သည် အံတင်းကြိတ်ကြိတ်ကာ ရှောင်းယီ၏နောက်တွင် ရပ်နေလိုက်ပြီး မြေအောက်ကာကွယ်ရေးနေရာသို့ မသွားတော့ချေ။
ရှောင်းယီသည် အနည်းငယ်အံ့အားသင့်သွားသော်လည်း အများကြီးပြောမနေဘဲ ကျွန်းအနီးသို့ ချဉ်းကပ်လာနေသော လေဆင်နှာမောင်းကိုသာ စိုက်ကြည့်နေခဲ့သည်။
လေဆင်နှာမောင်း ချဉ်းကပ်လာသည်နှင့်အမျှ ရှောင်းယီ၏အဝတ်အစားများသည် အပြင်းအထန်လှုပ်ရှားသွားပြီး သူ့လက်ထဲရှိ ရွှမ်းယွမ်ဓားသည်လည်း ပိုမိုပြင်းထန်စွာ တုန်ခါလာခဲ့သည်။
ယခင်မြေအောက်ခန်းထဲတွင်ရှိခဲ့စဉ်က ၎င်းသည် ဤမျှကြီးမားသည့် တုံ့ပြန်မှုမျိုး မရှိခဲ့ချေ။ ထို့ကြောင့် ရှောင်းယီသည် ရွှမ်းယွမ်ဓားကို ရိုးရှင်းစွာပင် ဆွဲထုတ်လိုက်လေသည်။
ဒင်
ကြွတ်ဆပ်သောအသံတစ်ခု ထွက်ပေါ်လာပြီး ဓားသည် ဓားအိမ်ထဲမှ ထွက်ပေါ်လာခဲ့သည်။
ရှောင်းယီသည် ရွှမ်းယွမ်ဓားကို ဆွဲကိုင်ကာ လေဆင်နှာမောင်းဆီသို့ ညွှန်ပြလိုက်သောအခါ ရွှမ်းယွမ်ဓားသည် ပို၍ပင်ပြင်းထန်စွာ တုန်ခါလာခဲ့သည်။
“လေက အရမ်းပြင်းနေလို့လား။ ကျွန်းပိုင်ရှင်ရဲ့လက်ထဲက ဓားတောင်တုန်နေတယ်။”
ဘေးမှရပ်ကြည့်နေသော ဝေပေါ်က တွေးလိုက်မိသည်။
ထိုအခိုက်တွင် မူလက ကမ်းပေါ်တက်လာတော့မည့် လေဆင်နှာမောင်းသည် ရှောင်းယီက ၎င်းကို ဓားဖြင့်ညွှန်ပြလိုက်သည်နှင့်တစ်ပြိုင်နက် ဦးတည်ရာပြောင်းသွားပြီး နောက်လှည့်ကာ အရှေ့တောင်ဘက်သို့ ရွေ့လျားသွားတော့လေသည်။
ဤအရာက ဝေပေါ်အား ကြက်သေသေသွားစေခဲ့သည်။
ဝေပေါ်သည် ပါးစပ်ဟောင်းလောင်းဖြင့် ရှေ့တွင်ရှိနေသည့် လုံးဝရှင်းပြ၍မရနိုင်သော မြင်ကွင်းကို ကြောင်ကြည့်နေမိခဲ့သည်။
“ကျွန်းပိုင်ရှင်က တကယ်ပဲ လေဆင်နှာမောင်းကို အမိန့်ပေးနိုင်တယ်။ ဒါက နတ်ဘုရားစွမ်းအားလား။”
ဝေပေါ်၏နှလုံးသားထဲတွင် လှိုင်းလုံးကြီးများ လှိုက်တက်လာခဲ့သည်။
ဟူး
ရှောင်းယီ အသက်ပြင်းပြင်း ရှုထုတ်လိုက်မိသည်။ ယခင်က လေဆင်နှာမောင်းနှင့် အကြိမ်အနည်းငယ် ကြုံတွေ့ခဲ့ရပြီးနောက် ရွှမ်းယွမ်ဓားရှိသရွေ့ လေဆင်နှာမောင်းသည် ရွှမ်းယွမ်ဓား၏ သက်ရောက်မှုအကွာအဝေးအပြင်ဘက်တွင်သာ လှည့်ပတ်သွားလာနိုင်သည်ကို သူတွေ့ရှိခဲ့သည်။
ထို့ကြောင့် ဤတစ်ကြိမ်တွင် သူသည် အပြင်ဘက်တွင် ရပ်တည်ကာ လေဆင်နှာမောင်းအား တိုက်ရိုက်ရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့ပြီး ရွှမ်းယွမ်ဓားသည်လည်း သူ့ကို မစိတ်ပျက်စေခဲ့ပေ။
ဤအချိန်တွင် မဟာမိတ်၏မြောက်ဘက်နှင့် အနောက်ဘက်ကျွန်းများသည် လေဆင်နှာမောင်းကြောင့် ဖျက်ဆီးခံထားခဲ့ရပြီးဖြစ်သည်။
လေဆင်နှာမောင်းသည် ကျွန်းနှစ်ခုကို ဖျက်ဆီးပြီးနောက် အပြင်ဘက်သို့ ပြန်လည်ရွေ့လျားသွားခဲ့သည်။
ထို့နောက် ရှောင်းယီက အန်းယွဲ့အား ဖုန်းခေါ်ဆိုလိုက်သည်။
“ဒဏ်ရာရသူ၊ သေဆုံးသူအရေအတွက်နဲ့ ကျုပ်တို့ရဲ့ ဆုံးရှုံးမှုတွေကို စားရင်ပြုစုထားလိုက်ပါ။”
“ဟုတ်ကဲ့”
အန်းယွဲ့က ပြန်ဖြေလိုက်သည်။
ရှောင်းယီသည် သူ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်သွားလိုက်သောအခါ ဂရုသည် လေဆင်နှာမောင်းအကြောင်း ဆွေးနွေးနေကြဆဲပင်။
“အား...ကျုပ်တို့မဟာမိတ်အဖွဲ့ရဲ့ ကျွန်းလေးခုကို လေဆင်နှာမောင်းက ဖျက်ဆီးခဲ့တယ်။ ကျွန်းပေါ်က အရာအားလုံးလည်း ဖျက်ဆီးခံလိုက်ရတယ်။”
“ဒီမှာလည်း အတူတူပဲ။ ကံကောင်းတာက ကျွန်းလေးကျွန်းတည်းမို့လို့ပဲ။ မဟုတ်ရင် ကျွန်တော်တို့မဟာမိတ်အဖွဲ့တော့ အပြင်းအထန်ဆုံးရှုံးရသွားလိမ့်မယ်။”
“အခုတောင်မှ ကျုပ်တို့ အပြင်းအထန်ဆုံးရှုံးနေပါပြီ။ လေဆင်နှမောင်းက ကျုပ်တို့ရဲ့ အထူးအစွမ်းထက်တဲ့ ကျွန်းခွဲတစ်ခုကိုပါ ဖျက်ဆီးခဲ့တယ်။ ကျုပ်တို့ကျွန်းရဲ့ဖွံ့ဖြိုးတိုးတက်မှုက ရက်သုံးဆယ်လောက် နောက်ရောက်သွားတော့မယ်။”
ရက်သုံးဆယ်ကို တိုတောင်းသည့်အချိန်ကာလတစ်ခုဟု မထင်စေချင်ပေ။ သူတို့ ဤကမ္ဘာသို့ရောက်ရှိလာသည်မှာ ရက်ပေါင်း ခြောက်ဆယ့်နှစ်ရက်သာ ရှိသေးကြောင်း သိထားရမည်ဖြစ်သည်။
အခန်း ၆၂၆ လင်းရှား မှတ်ဉာဏ်ဖတ်ခြင်း၊ မျိုးစိတ်အသစ် သမန်းဝံပုလွေ
ဤတစ်ကြိမ်လေဆင်နှာမောင်းလှိုင်းသည် သူတို့အား တစ်လခန့် နောက်ပြန်ဆုတ်သွားစေခဲ့သည်။
“မင်းတို့ သတိထားမိလား။ လေဆင်နှာမောင်းတွေက ပင်မကျွန်းကို မတိုက်ခိုက်ကြဘူး။”
“အဲဒီလိုပဲထင်တယ်။ ဒါဆိုရင် ပင်မကျွန်းကို အဓိကဖွံ့ဖြိုးရေးကျွန်းအဖြစ် လုပ်လို့ရနိုင်လောက်မလား။ တခြားကျွန်းခွဲတွေကိုတော့ ပြင်ပအန္တရာယ်တွေကို ကာကွယ်ဖို့ အဟန့်အတားအဖြစ် သတ်မှတ်လိုက်မယ်ဆိုရင်ရော။”
“ဒါ အဓိပ္ပာယ်ရှိတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးရဲ့ဗဟိုချက်ကို ချိန်ညှိဖို့လိုတယ်။”
“ဒါပေမယ့် မဟာမိတ်အဖွဲ့ စတင်တည်ထောင်တုန်းက တစ်ဦးနဲ့တစ်ဦး ဖွံ့ဖြိုးတိုးတက်မှုကို ဝင်ရောက်မစွက်ဖက်ရဘူးလို့ ဆုံးဖြတ်ခဲ့တယ်လေ။ အခု ကျွန်းတစ်ခုတည်းကို အာရုံစိုက်ပြီး ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်ဆိုရင် လူတိုင်း မကျေမနပ်ဖြစ်လာလိမ့်မယ်ထင်တယ်။”
လူသားများ တည်ရှိရာအရပ်တွင် ကျန်းဟူရှိပြီး ကျန်းဟူရှိလျှင် တိုက်ပွဲများဖြစ်လိမ့်မည်မှာ ရှောင်လွှဲ၍မရသောနိယာမတစ်ခုဖြစ်သည်။
ရှောင်းယီသည် အကူအညီမဲ့စွာဖြင့် ခေါင်းခါလိုက်စဉ် တံခါးခေါက်သံတစ်ခုကို ကြားလိုက်ရလေသည်။
“ဝင်ခဲ့ပါ။”
ရှောင်းယီ မော့ကြည့်လိုက်သောအခါ အန်းယွဲ့အား တံခါးဝတွင်ရပ်နေသည်ကို မြင်လိုက်ရသည်။
“ကျွန်းပိုင်ရှင် ဒီတစ်ကြိမ်လေဆင်နှာမောင်းကြောင့် ဆုံးရှုံးမှုတွေကို စာရင်းပြုစုပြီးပါပြီ။”
အန်းယွဲ့သည် အခန်းထဲဝင်လာကာ သူ့လက်ထဲက စာရွက်စာတမ်းများကို ရှောင်းယီအား ပေးအပ်ရင်း ပြောလိုက်သည်။
“ဒီလေဆင်နှာမောင်းအတွင်းမှာ မဟာမိတ်အဖွဲ့အတွင်း သေဆုံးဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။ မဟာမိတ် အရှေ့ဘက်ကျွန်း၊ အရှေ့တောင်ဘက်ကျွန်းနဲ့ အရှေ့မြောက်ဘက်ကျွန်းမှာရှိတဲ့ အဆောက်အဦးတွေလည်း ဘာပျက်စီးမှုမှ မရှိခဲ့ဘူး။ လေဆင်နှာမောင်းကြောင့် လဲကျသွားတဲ့ သစ်ပင်တွေကို ရှင်းလင်းဖို့ပဲလိုပါတယ်။ ဒါပေမယ့် မဟာမိတ် အနောက်ဘက်ကျွန်းနဲ့ မြောက်ဘက်ကျွန်းတွေကတော့ လေဆင်နှာမောင်းကြောင့် လုံးဝဖျက်ဆီးခံလိုက်ရပါတယ်။ သူတို့ပေါ်မှာရှိတဲ့ အဆောက်အဦးတွေအားလုံး ဖျက်ဆီးခံထားရပြီး ပြန်လည်တည်ဆောက်ဖို့ လိုအပ်နေပါတယ်။ သီးခြားအချက်အလက်တွေကတော့ ကျွန်းပိုင်ရှင်လက်ထဲက စာရွက်စာတမ်းတွေထဲမှာ ရှိပါတယ်။”
အန်းယွဲ့က ဆက်ရှင်းပြလိုက်သည်။
ရှောင်းယီသည် သူ့လက်ထဲရှိစာရွက်စာတမ်းများကို တစ်ချက်ကြည့်ပြီး ပြန်ဖြေလိုက်သည်။
“ကောင်းပြီ အနောက်ဘက်ကျွန်းနဲ့ မြောက်ဘက်ကျွန်းရဲ့ ပြန်လည်တည်ဆောက်ရေးရန်ပုံငွေကို မဟာမိတ်အဖွဲ့က ထောက်ပံ့ပေးမယ်။ ကျန်တာတွေကိုတော့ ခင်ဗျားကြိုက်သလိုသာ ကိုင်တွယ်လိုက်ပါ။”
“ဟုတ်ကဲ့”
လက်ရှိတွင် ဆောက်လုပ်ရေးအတွက် လိုအပ်သော ပစ္စည်းများနှင့် လုပ်အားအားလုံးအတွက် လုပ်အားခများ လိုအပ်သည်။ ထို့ကြောင့် ပြန်လည်တည်ဆောက်ရန်အတွက် ငွေကြေးလိုအပ်ပေသည်။
ရှောင်ယီသည် ကျွန်းခွဲများ၏ ပြန်လည်တည်ဆောက်ရေးကုန်ကျစရိတ်အားလုံးကို အကုန်ကျခံပေးခဲ့၏။ ဆိုလိုသည်မှာ ထိုအရာများအတွက် သူကိုယ်တိုင်ပေးချေရမည်ဖြစ်သည်။
ကျွန်းခွဲမျိုးစုံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဥ်များမှာ စတင်နေဆဲဖြစ်ပြီး ၎င်းတို့ကိုယ်တိုင်ပင် လောက်ငှခြင်းမရှိပေ။
ဤအရာအားလုံးကို စီမံခန့်ခွဲပြီးနောက် နေ့လယ် ၁၂ နာရီကျော်သွားခဲ့လေသည်။ နေ့လယ်စာစားပြီးနောက် ရှောင်းယီသည် ချူဖုန်းမြို့၏မြို့တော်ဝန် ဂျိုးဇက် ကို ခေါ်ဆောင်ကာ ချူဖုန်းမြို့သို့ တည်နေရာကူးပြောင်းသွားခဲ့သည်။
ရှုံးတိတပ်စွဲထားသော သင်္ဘောပေါ်သို့ တည်နေရာကူးပြောင်းပြီးနောက် ရှောင်းယီသည် သင်္ဘောမှဆင်းမသွားဘဲ သင်္ဘောကုန်းပတ်သို့တက်သွားပြီး ပင်လယ်ထဲရှိ လင်းရှားအား အော်ခေါ်လိုက်သည်။
ထိုအခါ လင်းရှားသည် ရေထဲမှ အလျင်အမြန် ပေါ်ထွက်လာခဲ့လေသည်။
ဟုတ်ပါသည်။ လင်းရှားကို ကာကွယ်ရန်အတွက် ရှောင်းယီသည် ဤနေရာတစ်ဝိုက်တွင် အတားအဆီးတချို့ တည်ဆောက်ရန်အတွက် လူများကို စီစဉ်ခိုင်းခဲ့သည်။
လင်းရှားကို သင်္ဘောပေါ်သို့ ခေါ်ယူလိုက်ပြီးနောက် ရှောင်းယီက ဂျိုးဇက်ကိုညွှန်ပြကာ ပြောလိုက်သည်။
“သူ့ရဲ့မှတ်ဉာဏ်ကို ဖတ်ဖို့ ကူညီပေးပါဦး။”
“ကောင်းပါပြီ ခဏစောင့်ပေးပါ။”
လင်းရှားက ပြန်ဖြေလိုက်သည်။
ဂျိုးဇက်က ရှောင်းယီကို ကြည့်လိုက်သည်။ ရှောင်းယီသည် သူ၏ကိုယ်ပိုင်မျိုးနွယ်နှင့် လုံးဝကွဲပြားခြားနားသော မျိုးစိတ်တစ်ခုကို ခေါ်ဆောင်လာပြီး ၎င်းနှင့် ယဉ်ကျေးစွာ ဆက်သွယ်နေခဲ့သည်။ ၎င်းက သူ့ကို စိတ်မသက်မသာဖြစ်စေခဲ့လေသည်။
“မင်းတို့အပြင်လူတွေ ဘာလုပ်ချင်နေတာလဲ။ မျိုးနွယ်ခြားတွေနဲ့ ပူးပေါင်းကြံစည်တာက မင်းတို့ နောက်ဆုံးမှာ နောင်တရလိမ့်မယ်။”
ဂျိုးဇက်က ပြောလိုက်သည်။
ရှောင်းယီသည် သူ့ကို တစ်ချက်လှမ်းကြည့်ပြီးနောက် ပြန်ဖြေလိုက်သည်။
“မင်း ဒါကို စိုးရိမ်စရာမလိုဘူး။ မင်း ကိုယ့်အခြေအနေကိုပဲ စိုးရိမ်သင့်တယ်။”
ဂျိုးဇက်သည် ရှောင်းယီစကား၏အဓိပ္ပာယ်ကို နားမလည်နိုင်သေးခင်မှာပင် ရုတ်တရက် သူ၏ခေါင်းထဲ၌ စူးရှသည့်နာကျင်မှုတစ်ခုကို ခံစားရလိုက်ပြီး သတိလစ်သွားတော့လေသည်။
မကြာမီ လင်းရှားသည် ထိုလူ၏မှတ်ဉာဏ်များကို ဖတ်ပြီးသွားပြီဖြစ်ကာ အချို့ကိုချေဖျက်ပြီး ရှောင်းယီအား မေးလိုက်သည်။
“ရှင် ဘာသိချင်တာလဲ။”
“သူ့အကြောင်း၊ ချူဖုန်းမြို့အကြောင်း၊ ဒီတိုက်ကြီးအကြောင်း၊ သတင်းအချက်အလက်တွေအားလုံးပေါ့။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
လင်းရှား ခေါင်းညိတ်ပြီး စပြောလိုက်၏။
ချူဖုန်းမြို့သည် ဤတိုက်ကြီးပေါ်ရှိ နယ်စပ်မြို့ငယ်လေးတစ်မြို့သာဖြစ်သည်။ အခြားမည်သည့်မြို့မဆို ၎င်းထက် ပိုမိုစည်ကားသည်ဟုပင် ပြောနိုင်သည်။
တည်နေရာကူးပြောင်းခြင်းအစီအရင်နှင့် ချိတ်ဆက်ထားသော ဆီးနှစ်သစ်ရွက်မြို့ပင် အပါအဝင်ဖြစ်သည်။
ထိုစည်ကားမှုဆိုသည်မှာ မြို့၏အရွယ်အစားနှင့် လူဦးရေသာမက စီးပွားရေး၊ စစ်ရေးနှင့် အခြားသောရှုထောင့်များတွင်လည်း အလုံးစုံသာလွန်ခြင်းဖြစ်သည်။
ထိုအကြောင်းအရာကို ကြားလိုက်ရသောအခါ ရှောင်းယီ အနည်းငယ်နားမလည်နိုင်ဖြစ်သွားခဲ့သည်။
“ဒီလောက်ထိ ခေတ်နောက်ကျနေရင် ဆီးနှစ်သစ်ရွက်မြို့နဲ့ လူပုပြည်ထောင်က ဘာလို့ ချူဖုန်းမြို့က တည်နေရာကူးပြောင်းခြင်းအစီအရင်နဲ့ ချိတ်ဆက်ထားရတာလဲ။”
“သူ့ရဲ့မှတ်ဉာဏ်အရဆိုရင်တော့ ဒါက ကုန်သွယ်ရေးအကြောင်းပြချက်အတွက်ပဲဖြစ်ပုံရတယ်။ အခြေခံအားဖြင့် ချူဖုန်းမြို့က အခြားမြို့နှစ်ခုကနေ ကုန်ပစ္စည်းအချို့ကို ဝယ်ယူကြတယ်။”
လင်းရှားက ပြန်ဖြေလိုက်သည်။
ရှောင်းယီ မျက်မှောင်ကျုံ့လိုက်သည်။
“ဒါက တကယ်ပဲ အလုံးစုံသာလွန်မှုသာဆိုရင် ချူဖုန်းမြို့မှာ အခြားမြို့တွေမှာမရှိတဲ့ အထူးထုတ်ကုန်တွေလည်း ရှိမှာမဟုတ်တဲ့အတွက် အသုံးမဝင်ဘူး။ ငါသာဆိုရင် ဒီလိုမြို့မျိုးကို တည်နေရာချိတ်ဆက်ဖို့အတွက် မရွေးချယ်ဘူး။”
“အထူးထုတ်ကုန်တွေလား။ အထူးထုတ်ကုန်တွေအကြောင်းပြောရရင် ပင်လယ်စာတွေဖြစ်နိုင်တယ်။”
လင်းရှားက တွေးတောပြီး ပြန်ဖြေလိုက်သည်။
“ပင်လယ်စာတွေကြောင့်ပဲလား။ ဆောင်းဦးသစ်ရွက်မြို့နဲ့ လူပုပြည်ထောင်က ပင်လယ်နဲ့ ဝေးလို့လား။”
ရှောင်းယီက မေးလိုက်သည်။
လင်းရှားက ခေါင်းညိတ်ပြလိုက်၏။
ရှောင်းယီသည် မျက်မှောင်ကျုံ့လိုက်ပြီး ဘယ်လိုတွေးရမှန်းမသိဖြစ်သွားခဲ့သည်။
“ဆက်ပြောပါ။”
စက္ကန့်အနည်းငယ်ကြာပြီးနောက် ရှောင်းယီက ပြောလိုက်၏။
လင်းရှားက ဆက်ရှင်းပြလိုက်သည်။
“ချူဖုန်းမြို့မှာ မှော်ဆရာအမွှာ အာ ဒီမှာမှော်ဆရာနှစ်ယောက်ရှိနေတယ်။”
လင်းရှားသည် ယခင်က သူမတို့ သစ်တောထဲတွင် မှော်ဆရာတစ်ဦးတည်းကိုသာ ကြုံတွေ့ခဲ့ရသည့်အကြောင်း ရုတ်တရက်သတိထားမိသွားခဲ့ပြီး ထိတ်လန့်သွားခဲ့သည်။
ရှောင်းယီသည် မှော်ဆရာကို ကိုင်တွယ်ဖြေရှင်းပြီး ချူဖုန်းမြို့ကို သိမ်းပိုက်ခဲ့သည်ဟုသာ ပြောခဲ့ကာ သူသည် မှော်ဆရာဘယ်နှယောက် ကိုင်တွယ်ဖြေရှင်းခဲ့သည်ကိုမူ မပြောခဲ့ချေ။
ထို့ကြောင့် လင်းရှားသည် ရှောင်းယီက တစ်ဦးတည်းကိုသာ ကိုင်တွယ်ဖြေရှင်းခဲ့ပြီး အခြားတစ်ဦးသည် အမှောင်ထဲမှ သူတို့ကို စောင့်ကြည့်နေဆဲဟု ထင်လိုက်မိသည်။
“စိတ်မပူပါနဲ့။ သူတို့နှစ်ယောက်စလုံးကို ကိုင်တွယ်ဖြေရှင်းပြီးပါပြီ။”
ရှောင်းယီက နှစ်သိမ့်ပေးလိုက်သည်။
လင်းရှား အံ့အားသင့်သွား၏။ မှော်ဆရာတစ်ဦးတည်းကပင် သူတို့အတွက် ဒုက္ခအများကြီးပေးနိုင်နေချိန်တွင် ဤနှစ်ဦးစလုံးကို သူမည်သို့ကိုင်တွယ်ဖြေရှင်းခဲ့သနည်း။
ပဟေဠိဖြစ်နေသော်လည်း လင်းရှားသည် ဘာမျှထပ်မမေးတော့ဘဲ ဆက်ပြောလိုက်သည်။
“လေမျိုးနွယ်စုမှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တယ်လို့ သိလိုက်ရပြီးနောက် သူတို့က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အဆက်မပြတ်ရှာဖွေခဲ့တယ်။ နောက်ဆုံးမှာ သူတို့ရဲ့ကြိုးစားမှုက အရာထင်ခဲ့ပြီး သူတို့ရှာတွေ့ခဲ့ကြတယ်။”
“သူတို့ကျွန်းအထိမ်းအမှတ်ကျောက်တိုင် တွေ့သွားပြီဆိုတဲ့ကြောင်း အခြားအင်အားစုနှစ်ခုကို ပြောပြခဲ့သေးလား။”
ရှောင်းယီက ကြားဖြတ်မေးလိုက်သည်။
လင်းရှားက ခေါင်းခါပြလိုက်၏။
“မပြောရုံတင်မကဘူး။ သူတို့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှာတွေ့ပြီးတဲ့နောက် တည်နေရာကူးပြောင်းခြင်းအစီအရင်ကိုတောင် တစ်ဖက်သက်ပိတ်ထားခဲ့သေးတယ်။”
“အဲဒီလိုဆိုရင်တော့ အဆင်ပြေသင့်တယ်။”
ရှောင်းယီက ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် အခြားမြို့များသည် သူတို့ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရရှိသွားကြောင်း သိသွားခဲ့ပါက ၎င်းကို ကျိန်းသေပေါက် လာရောက်ခိုးယူကြမည်ဖြစ်သည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သည် ဤကမ္ဘာရှိ ဒေသခံအားလုံးအတွက် တန်ဖိုးမဖြတ်နိုင်သော ဆွဲဆောင်မှုတစ်ခုဖြစ်ရမည်။
“နောက်ရော တခြားဟာရှိသေးလား။”
ရှောင်းယီက မေးလိုက်သည်။
လင်းရှားက အနည်းငယ်စဉ်းစားကြည့်ပြီးနောက် ပြန်ဖြေလိုက်သည်။
“ရှိတယ်...။ သူ့မှတ်ဉာဏ်ထဲမှာ သမန်းဝံပုလွေလိုဏ်ဂူလို့ခေါ်တဲ့ နေရာတစ်ခုလည်း ပါသေးတယ်။ အဲ့ဒါကို ရှင်းပစ်ဖို့လိုတယ်။ မဟုတ်ရင် သူတို့က ဆူပူအုံကြွပြီး ချူဖုန်းမြို့ရဲ့အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တယ်။”
“ဘာ သမန်းဝံပုလွေတွေလား။”
ရှောင်းယီ တုန်လှုပ်သွားခဲ့သည်။
ဒီကမ္ဘာကြီးက ဘယ်လိုငရဲမျိုးလဲ။ သမန်းဝံပုလွေတွေက ဘယ်လိုလုပ်ပြီး ပေါ်လာရပြန်တာလဲ။
လက်ရှိတွင် တည်ရှိမှုလက္ခဏာများကို ပြသထားသောမျိုးနွယ်စုများမှာ လူသားမျိုးနွယ်၊ ရေသူမျိုးနွယ်၊ လူပုမျိုးနွယ်နှင့် ဘီလူးမျိုးနွယ်တို့ဖြစ်ပြီး ဘီလူးမျိုးနွယ်များအတွက်မူ ယင်းတို့အနက်မှ အရိုးတစ်ခုသာ တွေ့ရှိထားခဲ့ခြင်းဖြစ်သည်။ ယခုအခါ သမန်းဝံပုလွေတစ်မျိုး ပေါ်ထွက်လာခဲ့ပြန်သည်။
ဒါက မျိုးနွယ်စုရာပေါင်းများစွာကြား အာဏာလုတဲ့ပွဲလား။ World of Warcraft ကို ဇာတ်လမ်းပြောင်းသွားသလိုတောင် ခံစားရတယ်။
“သမန်းဝံပုလွေတွေ အသွင်ပြောင်းနိုင်တဲ့အမျိုးအစားလား။”
ရှောင်းယီက မေးလိုက်သည်။
“ဟုတ်တယ်။ သူတို့က ပုံမှန်အားဖြင့်တော့ လူသားတွေနဲ့ဆင်တူတယ်။ ဒါပေမယ့် သူတို့တွေက ဝံပုလွေအဖြစ် အသွင်ပြောင်းနိုင်တယ်။”
လင်းရှားက ပြန်ဖြေလိုက်သည်။
အသွင်ပြောင်းနိုင်တာလား။ ဒါက မှော်အတတ်လား။
ထို့နောက် ရှောင်းယီက ကျိန်ဆဲလိုက်သည်။
“မျှော်လင့်ထားသလိုပဲ ဒီခွေးဂျိုးဇက်က အမှန်အတိုင်းမပြောခဲ့ဘူး။”
ထိုစဉ်က သူသည် မြို့ကို ခြိမ်းခြောက်နေသော ရန်သူများရှိ၊မရှိ ဂျိုးဇက်အား အထူးတလည်မေးမြန်းခဲ့ပြီး ဂျိုးဇက်ကလည်း မရှိပါဟု အထပ်ထပ်ပြောခဲ့သည်။
ကံကောင်းစွာဖြင့် ရှောင်းယီသည် လင်းရှားအား ၎င်း၏မှတ်ဉာဏ်များကို ဖတ်ရှုစေခဲ့သည်။ သို့မဟုတ်ပါက သမန်းဝံပုလွေများ လာရောက်တိုက်ခိုက်သည့်အချိန်မှသာ ဤမျိုးစိတ်သည် ချူဖုန်းမြို့အား ခြိမ်းခြောက်နေသည်ကို သိရှိရလိမ့်မည်ဖြစ်သည်။
“အဲ့ဒီသမန်းဝံပုလွေလိုဏ်ဂူရဲ့တည်နေရာက ဘယ်မှာလဲ။”
ရှောင်းယီက မေးလိုက်သည်။
“ချူဖုန်းမြို့ရဲ့ အနောက်မြောက်ဘက် ၃၀ ကီလိုမီတာအကွာမှာ ရှိပါတယ်။”
လင်းရှားက ပြန်ဖြေလိုက်သည်။
“သူ့ရဲ့မှတ်ဉာဏ်ထဲမှာ အဓိကရုဏ်းဖြစ်မယ့် အနီးစပ်ဆုံးအချိန်ကို ခန့်မှန်းထားသေးလား။”
ရှောင်းယီက ဆက်မေးလိုက်သည်။
“ခန့်မှန်းထားပုံပဲ အဲ့ဒါက ဒီနေ့ပဲမဟုတ်ဘူးလား။”
လင်းရှားက မယုံကြည်နိုင်သော မျက်နှာဖြင့် ပြောလိုက်သည်။
“ချီးဘဲ..”
ရှောင်းယီသည် မကျိန်ဆဲဘဲ မနေနိုင်ခဲ့ပေ။ သူသည် တိုက်ရိုက်ပင် ဝေါ်ကီတော်ကီကို ကောက်ယူကာ အော်ဟစ်လိုက်လေသည်။
“ချူဖုန်းမြို့ သတိထားပါ။ ဒီနေ့ သမန်းဝံပုလွေတွေ မြို့ကို တိုက်ခိုက်လာနိုင်တယ်။”
“သူတို့တွေ ရောက်နေပြီ။”