← Chapters

အခန်း (၆၂၉-၆၃၀)

Vol. 46 Ch. 629-630

အခန်း (၆၂၉-၆၃၀)

Vol. 46 Ch. 629-630

အခန်း ၆၂၉: တည်နေရာကူးပြောင်းမှုအခွင့်အရေးရောင်းချခြင်း၊ အုတ်မြစ်ကျောက် ငါးသန်းကျော်

“ငါသာ ရေသူမတစ်ကောင်နဲ့သာတွေ့ရရင် ဟီးဟီးဟီး အရသာက သေချာပေါက် အရမ်းကောင်းမှာပါပဲ။ မဟုတ်သေးဘူး ငါ ဒါကို ဂရုစိုက်ရမယ်။”

“လခွမ်း ငါတို့ သမန်းဝံပုလွေတွေအကြောင်း ပြောနေတာမဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ရေသူမတွေအကြောင်းဖြစ်သွားတာလဲ။ ပြီးတော့ မင်းက တကယ်ပဲ ရှုရှန်းဖြစ်ချင်လို့လား။”

“ငါက ရှုရှန်းနဲ့မတူဘူး။ ရှုရှန်းက မြွေစစ်စစ်နဲ့ ဆက်ဆံတာ။ ငါက ရေသူမနဲ့ ဆက်ဆံတာ။ အနည်းဆုံးတော့ သူမရဲ့ကိုယ်တစ်ပိုင်းက လူသားပဲလေ။”

“ဟမ် မင်း စောစောကတစ်ခုခု ဂရုစိုက်ဖို့ စီစဉ်နေတယ်မဟုတ်လား အဲ့ဒါကဘာလဲ။”

“ငါလုပ်ပြီးသွားပြီ။”

“အဟမ်း... အပေါ်က ညီအစ်ကို ကျုပ်ရဲ့ လျူဝေ့တိဟွမ်း ဆေးလုံးတွေကို စဉ်းစားကြည့်လိုက်ပါ။”

စွန်းယောင်က အချိန်ကောင်းတွင် ခုန်ထွက်လာခဲ့သည်။

“ဆေးအတုရောင်းတဲ့သူ ပြန်ရောက်လာပြန်ပြီ။ သူ့ကိုမတွေ့တာတောင် အတော်ကြာနေပြီပဲ။”

“ကျုပ်လည်း မတတ်နိုင်ဘူးလေ။ သူဌေးက အရေးကြီးတဲ့ တာဝန်တွေပေးထားတယ်။ သူ့ကို ကျောခိုင်းထားလို့မရဘူး။”

“လူတိုင်းပဲ တည်တည်တံ့တံ့ပြောလို့မရဘူးလား။ သူဌေး သမန်းဝံပုလွေတွေရဲ့ တိုက်ခိုက်မှုအင်အားကရော ဘယ်လိုလဲ။”

တစ်စုံတစ်ဦးသည် မနေနိုင်ဘဲ တဖြည်းဖြည်း ကွေးညွှတ်လာပြီး မတည်မငြိမ်ဖြစ်နေသော အတွေးများကို ဖြောင့်တန်းစေရန် ပြောလိုက်သည်။

“အရှိန်က အရမ်းမြန်တယ်။ အဆင့်တူလူသားအများစုက သမန်းဝံပုလွေတွေရဲ့အရှိန်ကို အမီမလိုက်နိုင်ဘူး။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဒါပေမယ့် ကျုပ်ရဲ့လေ့လာတွေ့ရှိချက်အရ သမန်းဝံပုလွေတွေရဲ့ အဆင့်တွေက အထူးတည်လည်ကြီး မြင့်နေတာမျိုးမရှိဘူး။ သူတို့အားလုံးနီးပါးက C အဆင့်တွေချည်းပဲ။ ကျုပ်မမြင်ဖူးသေးတဲ့ ဒီထက်ပိုမြင့်တဲ့အဆင့်တွေလည်း ရှိရင်ရှိနိုင်တယ်။”

“C အဆင့်လား၊ ဒါက ကျုပ်တို့မဟာမိတ်အဖွဲ့ရဲ့ ပျမ်းမျှအဆင့်နဲ့ အတူတူပဲမဟုတ်လား။ ဒါက အရမ်းအန္တရာယ်များတယ်။”

“ဟုတ်တယ်။ ဒီတိုက်သစ်ကြီးပေါ်မှာ ခန့်မှန်းလို့မရနိုင်တဲ့ သားရဲတွေအမျိုးမျိုးရှိတယ်လို့တောင် ခံစားနေရတယ်။ တကယ်ပဲ လူသားတွေအတွက် စိတ်မချရဘူး။”

“ဆိုးလိုက်တာ။ အစက ကျုပ် သူဌေးရဲ့ တည်နေရာကူးပြောင်းမှုခွင့်ပြုချက်ကိုဝယ်ဖို့ အစီအစဉ်မရှိခဲ့ဘူး။ ဒါပေမယ့် အခုကြည့်ရတာတော့ လုံခြုံရေးအတွက် တစ်ခုတော့ ဝယ်ထားသင့်တယ်ထင်တယ်။”

ဤစာကြောင်းကို မြင်လိုက်ရသောအခါ ရှောင်းယီသည် စိတ်ထဲတွင် “ပန်းတိုင်ရောက်ပြီ။” ဟု တွေးလိုက်မိသည်။

ရှောင်းယီသည် သမန်းဝံပုလွေအရေးကိစ္စကို ထုတ်ဖော်ပြရခြင်းသည် သူ၏ကိုယ်ပိုင် သေးငယ်သည့်စိတ်ကူးများကြောင့်လည်း ဖြစ်ပေသည်။

သမန်းဝံပုလွေများသည် ဤတိုက်ကြီးပေါ်ရှိ မသိရသေးသော အန္တရာယ်များကို ကိုယ်စားပြုပြီး သူ့ထံမှ တည်နေရာကူးပြောင်းမှုခွင့်ပြုချက်ကို ဝယ်ယူမည်ဆိုပါက သူ၏ကာကွယ်မှုကိုပါ ရရှိမည်ဖြစ်သည်။

သူသည် သမန်းဝံပုလွေများကို အနိုင်ယူခဲ့သည့်ဖြစ်ရပ်ကြောင့် လူတိုင်းသည် သူ၏စွမ်းအားကို ပိုမိုယုံကြည်လာသင့်သည်။

မူလက ရှောင်းယီထံမှ မဝယ်လိုသူများသည် ငွေစုရန်သာ ကြိုးစားနေကြပြီး ရှောင်းယီနှင့် အခြားသူများ ကုန်သွယ်မှုပြီးသည့်နောက် အခြားသူများထံမှ ဝယ်ယူရန် စောင့်ဆိုင်းနေခဲ့ကြသည်။

ယခု ဤဖြစ်ရပ် ပေါ်ထွက်လာသောအခါ ၎င်းတို့၏အတွေးများ ချက်ချင်းပင် ပြောင်းလဲသွားခဲ့လေသည်။

အနည်းငယ်စဉ်းစားပြီးနောက် ရှောင်းယီသည် ပထမဆုံးအနေဖြင့် ဂျေဘီထံသို့ စာတစ်စောင်ပို့လိုက်သည်။

“မင်းစဉ်းစားပြီးပြီလား။ အုတ်မြစ်ကျောက် ၄၀၀၀၀၀၊ ရာသက်ပန်တည်နေရာကူးပြောင်းခွင့်၊ မင်းလိုချင်လား။”

“ခင်ဗျားက တကယ်ကို အမြတ်ကြီးစားတဲ့သူပဲ။ အရင်က ၂၀၀၀၀၀ လို့ သဘောတူထားခဲ့တာမဟုတ်ဘူးလား။ အခု နှစ်ဆတိုးလိုက်တယ်တဲ့လား။”

ဂျေဘီက ပြန်ဖြေလာခဲ့သည်။

“သုံးရက်ကုန်ရင် အဲ့ဒီစျေးနှုန်းမဟုတ်တော့ဘူးလို့ မင်းကို ငါပြောခဲ့တယ်လေ။ မင်းမမှတ်မိတော့ဘူးလား။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“မလိုချင်ဘူးလား။ ဒါဆိုရင် မေ့လိုက်တော့။”

“မဟုတ်ဘူး၊။ ငါယူမယ်။”

ဂျေဘီက အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။

အကယ်၍ သူသာ အမှန်တကယ်ငြင်းဆိုလိုက်ပါက အခြားနေရာများတွင် ဝယ်ယူ၍ရနိုင်မည်မဟုတ်ကြောင်း သူသိပေသည်။

အဘယ်ကြောင့်ဆိုသော် ရှောင်းယီသည် ထိုအရာအား မရောင်းဘဲ ဆက်လက်ငှားရမ်းရန် ရွေးချယ်နိုင်သောကြောင့်ပင်။

“အုတ်မြစ်ကျောက် ၄၀၀၀၀၀၊ ကျေးဇူးပြုပြီး...”

ရှောင်းယီက ပြောလိုက်သည်။

‌ဂျေဘီသည် အနည်းငယ် အင်တင်တင်ဖြစ်နေသေးပြီး မေးလိုက်သည်။

“ခင်ဗျားအုပ်စုထဲမှာ ပြောထားတဲ့ သမန်းဝံပုလွေကိစ္စက တကယ်လား။”

“ဒါပေါ့။”

ရှောင်းယီသည် ဂရုထဲရှိ သူ၏စကားများကို ဂျေဘီသိရှိနေခြင်းအတွက် လုံးဝမအံ့သြပေ။

အတည်ပြုသည့်အဖြေကို ကြားလိုက်ရသောအခါ ဂျေဘီသည် ပို၍စိတ်လှုပ်ရှားသွားပြီး အရောင်အသွေးစုံလင်လှသည့် တိုက်သစ်ကြီးကို ပို၍ပင် တောင့်တလာခဲ့သည်။

“ဒီတည်နေရာကူးပြောင်းမှုခွင့်ပြုချက်ကို ကျုပ်ဝယ်ပြီးရင် ခင်ဗျားရဲ့ကာကွယ်မှုကို ကျုပ်လည်း ရနိုင်မလား။”

ဂျေဘီက ထပ်မေးလိုက်သည်။

“ငါတို့မှာ ဒီလိုသဘောတူညီချက်မျိုး မရှိဘူး။”

ရှောင်းယီက ပခုံးတွန့်ပြီး ပြန်ဖြေလိုက်သည်။

“ပြီးတော့ မင်းက ဂိမ်းဗျူဟာကိုကျွမ်းကျင်တဲ့သူပဲ။ ငါ့ရဲ့ကာကွယ်မှုကို လိုအပ်သေးလို့လား။ မင်းက ဟာသလုပ်နေတာပဲ။”

ဂျေဘီသည် စည်းရုံ၍မရနိုင်တော့သော ရှောင်းယီကို ကြည့်ကာ ရွေးချယ်စရာမရှိတော့ဘဲ ပြောလိုက်ရလေသည်။

“ကောင်းပြီ။ ကုန်သွယ်ကြရအောင်။”

ဂျေဘီသည် အုတ်မြစ်ကျောက် ၂၀၀၀၀၀ ကို ရှောင်းယီထံ အရင်လဲလှယ်ပေးလိုက်ပြီးနောက် ကျန်ရှိသောအရာများကိုမူ ဖွင့်လှစ်ပြီးနောက်မှ ထပ်မံဖလှယ်မည်ဖြစ်သည်။

“ကျစ်ကျစ်ကျစ် ဒီနည်းဗျူဟာပညာရှင်က တကယ်ကို ဝဖြီးနေတာပဲ။”

ရှောင်းယီက ချီးမွမ်းလိုက်သည်။

ဂျေဘီ လဲလှယ်လိုက်သော အုတ်မြစ်ကျောက်များကို လက်ခံရရှိပြီးနောက် ရှောင်းယီသည် ယီထျန်းဂရုထဲတွင် ထပ်မံကြေညာလိုက်သည်။

“ယခုမှစပြီး တည်နေရာကူးပြောင်းမှုခွင့်ပြုချက်များကို ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး အုတ်မြစ်ကျောက် အပြည့်ပေးချေဖို့လိုအပ်ပါတယ်။ ၆ နာရီမှာ တည်နေရာကူးပြောင်းမှုခွင့်ပြုချက်များကို ငွေပေးချေမှုအစဉ်လိုက် ကုန်သွယ်မှာဖြစ်ပါတယ်။ သင်္ဘောဆိုက်ကပ်ဖို့နဲ့ စီမံခန့်ခွဲရလွယ်ကူစေဖို့အတွက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သယ်ဆောင်လာသူမယ့်အားလုံးက သစ်သားလှေငယ်တွေပဲ ဖြစ်ရမယ်။”

ဤစာတစ်စောင် ထုတ်ပြန်ကြေညာပြီးနောက် ရှောင်းယီ၏ သီးသန့်စကားပြောခန်း စာမျက်နှာသည် ချက်ချင်းပင် ကုန်သွယ်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

“【အုတ်မြစ်ကျောက်】 ၁၀၀ လဲလှယ်ခြင်း၊ မှတ်ချက်- တည်နေရာကူးပြောင်းခ။”

ဟုတ်ပါသည်။ အချို့လူများသည်လည်း ဂရုထဲတွင် မကျေမနပ်ဖြစ်နေခဲ့ကြသည်။

“ဘာလို့ သစ်သားလှေငယ်လဲ။ သူဌေး ကျုပ် အလတ်စားရွက်သင်္ဘောကို သုံးချင်တယ်။”

“ဟုတ်တယ်။ သစ်သားလှေငယ်က အရမ်းသေးလွန်းတယ်။ တစ်ချိန်တည်းမှာ လူနှစ်ယောက်၊ သုံးယောက်ပဲ တည်နေရာကူးပြောင်းနိုင်တယ်။ ပိုကြီးတာက ပိုကောင်းတယ်။”

“ဆိပ်ကမ်းအနီးက နေရာလွတ်က ကန့်သတ်ချက်ရှိတယ်၊ လူတိုင်းပဲ နားလည်ပေးကြပါ။”

ရှောင်းယီက ရှင်းပြလိုက်သည်။

ထို့နောက် ကြီးမားသောသင်္ဘောများကိုအသုံးပြုရန် တောင်းဆိုသူများကို လျစ်လျူရှုလိုက်သည်။

ရှောင်းယီသည် သီးသန့်စကားပြောခန်းရှိ လဲလှယ်မှုများကို ကြည့်ရှုလိုက်ပြီး ၄၉၃၂၅ ခုရှိပြီးဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

ဂျေဘီ လဲလှယ်လိုက်သော အုတ်မြစ်ကျောက်များကိုပါ ပေါင်းထည့်လိုက်လျှင် ငါးသန်းကျော်သွားပြီဖြစ်သည်။

တစ်ဦးတည်းထိန်းချုပ်ထားခြင်းက အကောင်းဆုံးဖြစ်နေဆဲပင်။

သမန်းဝံပုလွေများသည် ထပ်မံတိုက်ခိုက်မည့်လက္ခဏာများ ပြမလာသေးပေ။ အစောင့်တပ်သားများသည် ၎င်းတို့ကို စောင့်ကြည့်နေကြပြီး မကြာခဏ ကျန်းယွင်ထျန်းထံသို့ အစီရင်ခံ‌နေခဲ့ကြသည်။

ညနေ ၆ နာရီတွင် ရှောင်းယီသည် ဂျေဘီထံမှ အုတ်မြစ်ကျောက် ၂၀၀၀၀၀ အား နောက်ဆုံးငွေပေးချေမှုအဖြစ်ကို လက်ခံရရှိခဲ့သည်။ ထို့နောက် တစ်ဖက်လူသည် ရှုံးတိထံသို့ တည်နေရာကူးပြောင်းသွားပြီး ရှုံးတိဘက်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြုကာ ၎င်း၏သင်္ဘောကြီးတစ်စီးကို ဖလှယ်ပြီး ဆိပ်ကမ်းတွင် နေရာချခဲ့သည်။

“ကျေးဇူးပြုပြီး ဆိပ်ကမ်းကို ချက်ချင်းထွက်ခွာပေးပါ။ ခဏနေရင် ကျုပ်တို့ သင်္ဘောတွေအများကြီး ထပ်ဝင်လာဦးမယ်။”

ရှုံးတိက ဂျေဘီကို ပြောလိုက်သည်။

“ကောင်းပြီ။”

ဂျေဘီက ပြန်ဖြေလိုက်ပြီး သူ၏ရွက်သင်္ဘောကြီးပေါ်သို့တက်ကာ အရှေ့ဘက်သို့ ရွက်လွှင့်သွားခဲ့ပြီး အသက်ရှင်ကျန်ရစ်သူပင်လယ်နှင့် ပိုမိုနီးကပ်သွားခဲ့သည်။

ဂျေဘီသည် ၁၀ ကီလိုမီတာခန့် ရွက်လွှင့်ပြီးနောက် ကမ်းခြေတွင် သင်္ဘောဆိုက်ကပ်ရန်နှင့် ကာကွယ်ရန်အတွက် သင့်လျော်သော နေရာတစ်ခုကို ရှာဖွေလိုက်ပြီးနောက် ရပ်တန့်ကာ လူများနှင့် ပစ္စည်းများကို စတင်တည်နေရာကူးပြောင်းလိုက်သည်။

သူသည် အနီးအနားတွင် အသေးစားသင်္ဘောဆိပ်ကမ်းတစ်ခု တည်ဆောက်လိုပြီး ကာကွယ်နိုင်စွမ်းသည်လည်း အလွန်အားကောင်းရမည်ဖြစ်သည်။

တည်နေရာကူးပြောင်းလာသူအချို့သည် စတင်အလုပ်လုပ်နေပြီဖြစ်သော်လည်း အချို့ကမူ ကမ်းခြေရှိ ရွက်ကြွေတောထဲသို့ ပြေးဝင်ရန်အတွက် မစောင့်နိုင်ကြတော့ပေ။

ဂျေဘီသည် ၎င်းတို့ နောက်ကျသွားပြီဖြစ်ကြောင်း သိရှိလိုက်ရပြီး အခိုက်အတန့်တိုင်းကို အရယူရမည်ဖြစ်သည်။

ထိုအချိန်တွင် ချူဖုန်းမြို့၏ဆိပ်ကမ်းတွင် သစ်သားလှေငယ်များ ဆက်တိုက်ပေါ်ထွက်လာပြီး ၎င်းတို့ဝယ်ယူထားသည့်အစဉ်လိုက်အတိုင်း ပင်လယ်ပြင်တွင် ဆက်လက်ပျံ့နှံ့နေခဲ့သည်။

အစောပိုင်းဖလှယ်ထားသူများသည် သဘာဝအတိုင်း ကမ်းခြေနှင့် ပိုမိုနီးကပ်ပြီး အခြားသူများသည် အဝေးတွင်သာ နောက်ထပ်တစ်တန်း ထပ်မံတန်းစီရမည်ဖြစ်သည်။

ရှောင်းယီဘက်တွင် ကုန်သွယ်မှုအရေအတွက်ကို ၅၀၀၈၈ အထိ သတ်မှတ်ထားခဲ့သည်။ ဤတည်နေရာကူးပြောင်းမှုခွင့်ပြုချက်အား ရောင်းချခြင်းသည် ရှောင်းယီအား အုတ်မြစ်ကျောက် ၅၄၀၈၈၀၀ ခုရရှိစေခဲ့သည်။

ဤကဲ့သို့ အလွန်များပြားသော လှေငယ်များကို ထားရှိရန်မှာ ပြဿနာတစ်ခုဖြစ်သည်။ ရှောင်းယီသည် ၎င်းတို့အားလုံးကို သံကြိုးများဖြင့် အတူတကွချိတ်ဆက်ထားရန် တောင်းဆိုခဲ့သည်။

ဘာပဲဖြစ်ဖြစ် ဤလှေငယ်များ၏ အဓိကလုပ်ဆောင်ချက်မှာ တည်နေရာကူးပြောင်းခြင်းဖြစ်ပြီး ၎င်းတို့သည် ပင်လယ်ထဲသို့ မကြာခဏသွားရန် မလိုအပ်ပေ။

၎င်းတို့ကို အတူတကွ ချိတ်ဆက်လိုက်သောအခါ ကြည့်ရသည်မှာ အံ့သြဖွယ်ကောင်းလှပြီး တန်ခိုးကြီးမားကာ ပင်လယ်ပြင်ဧရိယာကြီးတစ်ခုကို သိမ်းပိုက်ထားခဲ့သည်။

အလွန်အမင်းများပြားလှသော လှေငယ်များ အတူတကွချိတ်ဆက်ပြီးနောက် စုစုပေါင်းတည်ငြိမ်မှုမှာ အနည်းငယ်ပို၍ အားကောင်းလာခဲ့သည်။

နောက်တွင် ထိုလှေငယ်များပေါ်တွင် ပုံရိပ်များ အဆက်မပြတ် လျှပ်တစ်ပြက်ပေါ်ထွက်လာပြီး လူတိုင်းသည် ၎င်းတို့၏တပ်ဖွဲ့များကို စတင်၍ တည်နေကာကူးပြောင်းခဲ့ကြသည်။

နောက်ဆုံးတွင် ၎င်းတို့သည် အုတ်မြစ်ကျောက် ၁၀၀ ကုန်ကျခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့သည် ၎င်းတို့၏ငွေများကို ပြန်လည်ရယူရမည်ဖြစ်သည်။

“ကျွန်းပိုင်ရှင် ကျုပ်တို့ ချူဖုန်းမြို့အနီးမှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြုပြီး ကာကွယ်ရေးအဆောက်အဦးတွေ တည်ဆောက်လို့ရနိုင်လောက်မလား။ ကျုပ်တို့ရဲ့ကာကွယ်ရေးအတိမ်အနက်ကို မြှင့်တင်ဖို့အတွက်ပေါ့။”

ကျန်းယွင်ထျန်းသည် ရှောင်းယီအား တွေ့ဆုံကာ မေးလိုက်သည်။

“ဖြစ်နိုင်လောက်ပါတယ်။ ကြိုးစားကြည့်တာပေါ့။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

ထို့နောက် ရှောင်းယီသည် မြို့ရိုးပုံစံကွက်ကို ရွေးချယ်လိုက်ပြီး တည်ဆောက်ကာ ကျွန်းအထိမ်းအမှတ်ကျောင်တိုင်၏ ညွှန်ကြားချက်များအရ နေရာချရန် ပြင်ဆင်လိုက်သည်။ အရာအားလုံးသည် ပုံမှန်ဖြစ်နေသည်ဟု ထင်ရသော်လည်း ရှောင်းယီသည် ၎င်းကို ထုတ်လုပ်ရေးနေရာမှ ထုတ်ယူကာ သတ်မှတ်ထားသောနေရာတွင် နေရာချရန် စီစဉ်လိုက်စဉ် စနစ်ဆီမှသတိပေးချက်တစ်ခု ထွက်ပေါ်လာခဲ့လေသည်။

အခန်း ၆၃၀: အုတ်မြစ်မရှိပါက တည်ငြိမ်နိုင်စွမ်းမရှိ၊ ရိတ်သိမ်းခြင်း၊ လပြည့်နေ့ည

“သတိပေးချက်: ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြု၍ အုတ်မြစ်မရှိသောမြေပေါ်တွင် အဆောက်အဦးများ မတည်ဆောက်ရန် အကြံပြုပါသည်။ အုတ်မြစ်မရှိပါက အခြေစိုက်စခန်း မတည်မငြိမ်ဖြစ်ပြီး ပြိုကျတတ်သည်။”

ရှောင်းယီသည် အနည်းငယ်အံ့အားသင့်သွားခဲ့ပြီးနောက် စောဒကတက်လိုက်မိ၏။

“ဒီကျွန်းအထိမ်းအမှတ်ကျောက်တိုင်က လုံးဝကိုချာတူးလန်နေရောပဲ။”

စနစ်၏ သတိပေးချက်သာမရှိပါက သူသည် တည်ငြိမ်မှုမရှိသော မြို့ရိုးတစ်ခုကို တည်ဆောက်ရန် ပစ္စည်းများအမြောက်အမြားကို အလဟဿဖြစ်စေခဲ့မည်ဖြစ်သည်။

အနီးအနားရှိ ကျန်းယွင်ထျန်းသည် ရှောင်းယီ၏မကျေမနပ်ရေရွတ်သံကို ကြားလိုက်ရပြီး မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။

“ဘာမှားနေလို့လဲ။”

ရှောင်းယီသည် စနစ်၏သတိပေးချက်အကြောင်း ကျန်းယွင်ထျန်းအား ပြောပြလိုက်ပြီးနောက် ကျန်းယွင်ထျန်း၏မျက်လုံးများသည်လည်း အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားခဲ့သည်။

“ဒီလိုဆိုရင် သူတို့ ငါတို့ရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သိမ်းပိုက်လိုက်တဲ့တန်ဖိုးက အရမ်းလျော့ကျသွားမှာမဟုတ်ဘူးလား။”

ရှောင်းယီက ခေါင်းခါကာ ပြောလိုက်သည်။

“ဆောက်လုပ်ရေးအပြင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ထုတ်လုပ်မှုမှာလည်း အကျိုးကျေးဇူးတွေ အများကြီးရှိတယ်။ အဲ့ဒီအကျိုးကျေးဇူးတွေကလည်း ဒီဒေသခံတွေကို ဆွဲဆောင်နိုင်တယ်။ ဒါ့အပြင် ရှီခုန်းကလည်း ဒီတိုက်ကြီးပေါ်မှာရှိတဲ့ ခိုင်မာတဲ့ငွေကြေးက အုတ်မြစ်ကျောက်ဖြစ်ပြီး အုတ်မြစ်ကျောက်က အရမ်းအသုံးဝင်တဲ့အကြောင်းလည်း ပြောပြခဲ့တယ်။ ဒါပေမယ့် အဲ့ဒါက ဘာတွေလဲဆိုတာတော့ သူလည်းမသိဘူး။”

ကျန်းယွင်ထျန်းသည်လည်း မြို့တော်ဝန်၏ဘဏ္ဍာတိုက်ထဲတွင် တွေ့ရှိခဲ့ရသော အုတ်မြစ်ကျောက်များကို သတိရသွားပြီး ခေါင်းငြိမ့်လိုက်သည်။

“ဖြစ်နိုင်တယ်။ နောက်ပိုင်းမှာ သူတို့မြို့ရဲ့နယ်နိမိတ်အတွင်းမှာရှိတဲ့ မြေတွေအားလုံးကို အုတ်မြစ်ကျောက်နဲ့ အစားထိုးနိုင်ကောင်းထိုးနိုင်လိမ့်မယ်။”

“ကောင်းကင်ဘုံကပဲ သိလိမ့်မယ်။”

ရှောင်းယီက ခေါင်းခါကာ ပြောလိုက်သည်။

“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုတည်းနဲ့ တည်ဆောက်လို့ရမှာမဟုတ်လောက်ဘူး။ လူအားနဲ့လည်း လုပ်ဖို့လိုသေးတယ်။”

“ကောင်းပြီ ဒါဆို ရိုးရှင်းတဲ့ ကာကွယ်ရေးအဆောက်အဦးတွေကို အရင်ဆုံးတည်ဆောက်ထားဖို့ လူတချို့ရှာလိုက်မယ်။”

ကျန်းယွင်ထျန်းသည် အနည်းငယ်အကူအညီမဲ့စွာဖြင့် ပြန်ဖြေလိုက်သည်။

အလွန်ရှုပ်ထွေးသော အဆောက်အဦးများသည် ပရော်ဖက်ရှင်နယ်ပုဂ္ဂိုလ်များမှ တာဝန်ယူကာ တည်ဆောက်ရန် လိုအပ်သည်။ ကျန်းယွင်ထျန်းသည် တိုက်ခိုက်ရေးထိပ်သီးတစ်ဦးသာဖြစ်ပြီး အရာရာ၌ တတ်ကျွမ်းနေသူမဟုတ်ချေ။

“ကောင်းပြီ မင်းဘာသာမင်းပဲ ကိုင်တွယ်လိုက်ပါ။ အကူအညီလိုအပ်တာရှိရင် ဦးလေးအန်းဆီ လှမ်းတောင်းလိုက်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

အန်းယွဲ့သည် ပြည်သူ့စားဝတ်နေရေးကို တာဝန်ယူထားခြင်းဖြစ်သည်။ သူသည် အထူးစွမ်းရည်ရှိသူများနှင့် ပတ်သက်၍ ပိုမိုနားလည်သောကြောင့် ကျန်းယွင်ထျန်းသည် ကျွမ်းကျင်သူအချို့ကို ခေါ်ဆောင်လာရန် သူ့ထံမှ တောင်းဆိုနိုင်ပေသည်။

“ဟုတ်ကဲ့”

ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်ပြီး နေရာမှ ထွက်ခွာသွားခဲ့သည်။

ရှောင်းယီသည် ယီထျန်းဂရု၏စကားပြောခန်းသို့ ပြောင်းလိုက်သည်။ ဂရုသည် အလွန်စည်ကားနေလေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် လွတ်လပ်စွာတည်နေရာကူးပြောင်းနိုင်ပြီဖြစ်သောကြောင့် မဟာမိတ်အဖွဲ့များစွာသည် လူများ ပိုမိုများပြားစွာ တည်နေရာကူးပြောင်းလာခဲ့ကြသည်။

မြို့ပြန်ကျောက်၏ အေးခဲချိန်နှင့် ပတ်သက်၍ ၎င်းတို့စိုးရိမ်ရန်မလိုအပ်ချေ။ ရှောင်းယီသည် အားသွင်းဝန်ဆောင်မှုကို ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။

မြို့ပြန်ကျောက်ကို အားသွင်းရန် အုတ်မြစ်ကျောက်တစ်ခု သို့မဟုတ် ယွမ်တစ်ရာကုန်ကျသည်။

ဦးတည်ချက်ကျောက်ကို အားသွင်းရန် အုတ်မြစ်ကျောက်တစ်ရာ သို့မဟုတ် ယွမ်တစ်သောင်းကုန်ကျပြီး ဦးတည်ချက်ကျောက်ဖြင့် ခေါ်ဆောင်လာသော လူဦးရေအတွက်မှာလည်း လိုအပ်ချက်ရှိသည်။ ၎င်းသည် လူအယောက်တစ်ရာထက် ပို၍မရချေ။

ယခုအခါ လူတိုင်း၏လက်ထဲတွင် အုတ်မြစ်ကျောက်များပေါများနေသောကြောင့် ဤအုတ်မြစ်ကျောက်တစ်ခုအတွက် ဂရုစိုက်မနေကြချေ။

တည်နေရာကူးပြောင်းသူများ တိုးပွားလာသည်နှင့်အမျှ ၎င်းတို့တိုက်သစ်ကြီးမှ ရရှိလာသော အရာဝတ္ထုများကို ၎င်းတို့၏ကိုယ်ပိုင်ကျွန်းများသို့ ပိုမိုမြန်ဆန်စွာ ပို့ဆောင်နိုင်ခဲ့ကြပြီး ၎င်းတို့ကို ပိုမိုမြန်ဆန်စွာ အသုံးချနိုင်ခဲ့ကြသည်။

ဥပမာအားဖြင့် အဆင့်မြင့်နေအိမ်များ၊ လယ်ယာသုံးကိရိယာများနှင့် လက်နက်များစသဖြင့် ဖြစ်ကြသည်။

“အရမ်းကောင်းတယ်။ တိုက်သစ်ကြီးက ရွှေတွင်းကြီးပဲ။”

“အမြဲတမ်းဒီလိုကောင်းနေနိုင်ရင် ကောင်းမှာပဲ။ နောက်ရက်အနည်းငယ်အတွင်း ကျုပ်ကျွန်းရဲ့ဧရိယာကို တိုက်ရိုက်နှစ်ဆတိုးနိုင်မယ်လို့တောင် ခံစားနေရတယ်။”

“ဟုတ်တယ် သူဌေးက ကျုပ်တို့ကို တိုက်သစ်ကြီးကို စူးစမ်းခွင့်ပြုလိုက်ကတည်းက ကျုပ်တို့မဟာမိတ်အဖွဲ့က အုတ်မြစ်ကျောက်တစ်ထောင်နီးပါးရခဲ့တယ်။”

“ဒီအချက်ကို ကြွားမနေပါနဲ့။”

“အပေါ်ကညီအစ်ကို၊ မင်းတို့မဟာမိတ်အဖွဲ့က ပိုရခဲ့လို့လား။”

“မင်းကို အပြုံးတစ်ခုပေးလိုက်မယ်။ ဖြည်းဖြည်းချင်းကိုယ်တိုင်ခံစားကြည့်ပေါ့။”

“ဒီလေးရက်အတွင်း မင်းတို့ရရှိခဲ့တဲ့ တစ်ထောင်က တကယ့်ကို မများလှဘူး။ ကျုပ်တို့ဆို ဒီနေ့တစ်ရက်တည်းနဲ့ ခြောက်ရာနီးပါးရခဲ့တာ။”

“ဘာ မင်းတို့ အုတ်မြစ်ကျောက်တွင်းတစ်ခု ရှာတွေ့ခဲ့တာလား။ မိုင်းတူးတာကတောင် ဒီလောက်မြန်မှာမဟုတ်ဘူး။”

“ကျုပ်တို့ တောနက်ထဲကို ပိုသွားခဲ့တာ။ အမြဲတမ်း B အဆင့်တွေနဲ့ပဲ တိုက်ခဲ့ရတယ်။ သေတ္တာတစ်လုံးမှာ ၄၀ ခုရှိတယ်။ အဲ့ဒါကြောင့် လုံလောက်ဖို့ သေတ္တာ ၁၅ လုံးလောက် စုဆောင်းဖို့လိုတယ်။”

“အပေါ်ကလူလည်း သူဌေးပဲ။ အချိန်တိုင်း B အဆင့်တွေနဲ့ တိုက်ခိုက်နေတယ်။ ခင်ဗျားတို့အဖွဲ့က အတော်လေး အင်အားကြီးပုံရတယ်။ ကျုပ်တို့မဟာမိတ်အဖွဲ့မှာဆိုရင် B အဆင့်နှစ်ယောက်ပဲရှိတာ။ မကိုင်တွယ်နိုင်မှာကို စိုးရိမ်မိတယ်။ အဲ့ဒါကြောင့် C အဆင့်တွေနဲ့ပဲ တိုက်ခိုက်နိုင်တယ်။”

“ကျုပ်တို့မှာလည်း B အဆင့်တွေ သိပ်မများပါဘူး။ ‌အပေါ်ကလူက ဘယ်မဟာမိတ်အဖွဲ့ကလဲ။ ဘာလို့ စစ်မှန်တံ့ B အဆင့်အဖွဲ့ကို ပူးပေါင်းဖွဲ့စည်းပြီး ရရှိလာတဲ့ပစ္စည်းတွေကို အဖွဲ့ဝင်အရေအတွက်အလိုက် ခွဲဝေမပေးရတာလဲ။”

“ဒါက အကြံကောင်းပဲ။ တခြားသူတွေနဲ့ ဆွေးနွေးကြည့်ရမယ်။”

အားလုံးသည် B အဆင့်ကျွမ်းကျင်သူများဖြစ်ပါက ရတနာသေတ္တာ အစောင့်အရှောက်သတ္တဝါကို လျင်မြန်စွာဖြေရှင်းနိုင်ပြီး အရှိန်အဟုန်အရ အခြေခံအားဖြင့် C အဆင့်ရတနာသေတ္တာတစ်ခုနှင့် တိုက်ခိုက်ခြင်းနှင့် တူညီပေသည်။

ထို့ပြင် C အဆင့် အဖွဲ့များလည်း ရှိနေဆဲပင်။ C အဆင့်ရတနာသေတ္တာများနှင့် တိုက်ခိုက်ခြင်းကိုလည်း ရပ်တန့်ထားမည်မဟုတ်ချေ။ ဤနည်းအားဖြင့် ၎င်းတို့၏ရိတ်သိမ်းမှုမှာ နှစ်ဆတိုးသွားခဲ့ခြင်းဖြစ်သည်။

သို့သော် ဤနေရာတွင် မတူညီသော မဟာမိတ်အဖွဲ့နှစ်ခုတွင် အခြားရည်ရွယ်ချက်များရှိ၊မရှိ ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။

တစ်ရက်တာတိုက်ခိုက်ပြီး ကောင်းသောအရာများ အများကြီးရိတ်သိမ်းပြီးနောက် လူဦးရေပိုများသောဘက်က ရုတ်တရက်သစ္စာဖောက်ပြီး လူဦးရေနည်းသောဘက်ကို သတ်ဖြတ်ပစ်နိုင်ပေသည်။ ဤအခြေအနေသည် အလွန်ဖြစ်နိုင်ခြေရှိသည်။

သစ်တောထဲတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့မည်ကို မည်သူမျှမသိနိုင်ပေ။ ၎င်းတို့သည် ၎င်းတို့ အဆင့်မြင့်သတ္တဝါများ၏သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်ဟုသာ ယတိပြတ်မှတ်ယူရမည်ဖြစ်သည်။

“တောင်းပန်ပါတယ်။ ကျုပ်တို့မဟာမိတ်အဖွဲ့က ဖြည်းဖြည်းချင်းသွားဖို့ပဲ ဆုံးဖြတ်ထားတယ်။”

“ဒါက ဝမ်းနည်းစရာပဲ။ အနာဂတ်မှာတော့ ပူးပေါင်းဆောင်ရွက်ခွင့်ရမှာပါ။”

ဤရလဒ်သည် အံ့အားသင့်စရာလုံးဝမဟုတ်ချေ။

ထို့နောက် ရှောင်းယီသည် ထရပ်ကာ ရှီခုန်းဆီသို့ လျှောက်သွားလိုက်ပြီး ရေသူမျိုးနွယ်စု၏ တည်နေရာကူးပြောင်းခြင်းအစီအရင်နှင့် ချိတ်ဆက်ထားမှုတွင် ပုံမှန်မဟုတ်သောအရာများ ရှိ၊မရှိ ကြည့်ရှုရန် ပြင်ဆင်လိုက်သည်။

ည ၈ နာရီကျော်သွားပြီဖြစ်သည်။

ညအချိန်၏ လ။ ထိုအရာကို လဟုသာ ဆိုကြပါစို့။

၎င်းမှာ အလွန်တောက်ပနေခဲ့သည်။ လျှပ်စစ်မီးသီးများနှင့် မီးတိုင်များမရှိပါဘဲ ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ အလွန်ရှင်းလင်းနေခဲ့သည်။

ရှောင်းယီ လကို မော့ကြည့်လိုက်သည်။

အလွန်ကြီးမားဝိုင်းစက်ကာ ဖြူဖွေးနေခဲ့သည်။

“ဒီနေ့က ဆယ့်ငါးရက်နေ့ဖြစ်သင့်တယ်။”

ရှောင်းယီ သက်ပြင်းချလိုက်မိသည်။

လက်ရှိတွင် ဤကမ္ဘာသည် ဆောင်းဦးရာသီတွင် ရှိနေခြင်းဖြစ်ပြီး တစ်ဆယ့်ငါးရက်ဖြစ်သင့်သည်။ ယခင်ဘဝတွင် ဤအချိန်၌ မိသားစုများ ပြန်လည်ဆုံစည်းကြသည့် ဆောင်းဦးပွဲဖြစ်သင့်သည်။

ကံဆိုးစွာပင် ဤကမ္ဘာတွင် မိသားစုများ ပြန်လည်ဆုံစည်းနိုင်ချေမှာ မရှိသလောက်ပင်ဖြစ်သည်။

“ဟူး...။”

ရှောင်းယီသည် သက်ပြင်းအရှည်ကြီးချလိုက်ပြီး ဝိုင်းစက်နေသောလဝန်းကို ထပ်ကြည့်လိုက်သည်။ ထိုစဉ် သူ၏မျက်နှာအမူအရာသည် ရုတ်တရက် ဆိုးရွားစွာပြောင်းလဲသွားပြီး ကျန်းယွင်ထျန်းကာကွယ်ထားသော မြို့ရိုးဆီသို့ တဟုန်ထိုးပြေးသွားတော့လေသည်။

မြို့ရိုးပေါ် တက်သွားပြီးနောက် ရှောင်းယီသည် ကျန်းယွင်ထျန်းကို မတွေ့သောကြောင့် သူ၏ကိုယ်ပိုင်ကျွန်းမှ စစ်သားတစ်ဦးကို ရှာဖွေပြီး မေးလိုက်သည်။

“နည်းပြကျန်း ဘယ်မှာလဲ။”

“ကျွန်းပိုင်ရှင်ကို တင်ပြပါတယ်။ နည်းပြက ရှေ့တန်းကို ကာကွယ်ရေးစနစ်ချမှတ်ဖို့ ထွက်သွားပါတယ်။”

စစ်သားက မြို့ရိုးအပြင်ဘက်ကို ညွှန်ပြရင်း ပြောလိုက်သည်။

ရှောင်းယီသည် ၁၀ မီတာနီးပါးမြင့်သော မြို့ရိုးပေါ်မှ တိုက်ရိုက်ခုန်ချလိုက်သည်။ မြေပြင်ပေါ်သို့ တည်ငြိမ်စွာဆင်းသက်လိုက်ပြီးနောက် စစ်သားညွှန်ပြသည့်ဦးတည်ချက်သို့ ပြေးထွက်သွားခဲ့သည်။

မြို့ရိုးမှ မီတာ ၅၀ ခန့်အကွာတွင် ကျန်းယွင်ထျန်းသည် စစ်သားများအား ထောင်ချောက်များတူးဖော်ရန် ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်ပေးနေခဲ့သည်။

“လူတိုင်း ထောင်ချောက်ရဲ့အကျယ်ကို သတိထားပါ။ ငါ့ရဲ့လိုအပ်ချက်တွေအရ ကျယ်လို့ရတယ်။ ကျဉ်းလို့မရဘူး။”

ကျန်းယွင်ထျန်းက အသံကျယ်ကျယ်နှင့် ပြောလိုက်သည်။

သမန်းဝံပုလွေများ ချူဖုန်းမြို့ကို တိုက်ခိုက်ခဲ့စဉ်က ကျန်းယွင်ထျန်းသည် ၎င်းတို့၏ခုန်အားသည် အလွန်ကောင်းမွန်ကြောင်း ဂရုတစိုက်လေ့လာခဲ့ရသည်။ ၎င်းတို့သည် မီတာ ၆-၇ ခုခန့် အလွယ်တကူ ခုန်ကျော်နိုင်ပြီး အသွင်ပြောင်းပြီးနောက် ပိုမိုဝေးကွာစွာပင် ခုန်ကျော်နိုင်သည်။

“တူးပြီးသား ထောင်ချောက်တွေရဲ့အောက်ခြေကို ချွန်ထားတဲ့ဝါးတွေနဲ့ ဖြည့်ထည့်လိုက်။”

ကျန်းယွင်ထျန်းက ဆက်လက်အမိန့်ပေးနေခဲ့သည်။

“ဟုတ်ကဲ့”

လူတိုင်းက တုံ့ပြန်လိုက်ကြသည်။

“အစ်ကိုကျန်း”

ရှောင်းယီက ပြေးလာပြီး အော်ခေါ်လိုက်သည်။

ကျန်းယွင်ထျန်းသည် သူ့လက်ထဲရှိ ဂေါ်ပြားကို ဘေးနားရှိ စစ်သားတစ်ဦးထံသို့ ပစ်ပေးလိုက်ပြီး ထောင်ချောက်ထဲမှ တက်လာကာ မေးလိုက်သည်။

“ဘာမှားနေလို့လဲ။”

ရှောင်းယီက လကိုလက်ညိုးထိုးပြလိုက်သည်။

ကျန်းယွင်ထျန်းသည် ခေါင်းမော့ကြည့်လိုက်ပြီးနောက် ရှောင်းယီ၏ အနည်းငယ်လေးနက်သောမျက်နှာကို ဇဝေဇဝါဖြင့် ပြန်ကြည့်လိုက်သည်။

“လပြည့်ည”

ရှောင်းယီသည် ထိုစကားလုံးလေးလုံးကို ပြောလိုက်ပြီးနောက် ကျန်းယွင်ထျန်း၏မျက်နှာသည်လည်း အနည်းငယ်ပြောင်းလဲသွားခဲ့သည်။

အရင်ကမ္ဘာတွင် သမန်းဝံပုလွေအကြောင်း ဒဏ္ဍာရီများလည်းရှိခဲ့တယ်။ သူတို့မြင်ဖူးခဲ့ခြင်းမရှိဘဲ ဒဏ္ဍာရီအဖြစ်သာ နားထောင်ခဲ့ကြရသော်လည်း ယခုအခါ ဤနေရာတွင် သမန်းဝံပုလွေများ တည်ရှိနေခဲ့ပြီဖြစ်သည်။

သမန်းဝံပုလွေများအကြောင်း ဒဏ္ဍာရီများကို သူတို့ ထပ်မံစစ်ဆေးရန် မတတ်နိုင်ခဲ့ကြချေ။ လပြည့်ညတွင် အသွင်းပြောင်းပြီး သမန်းဝံပုလွေများသည် ၎င်းတို့၏အသိစိတ်ကို ဆုံးရှုံးကာ ရန်လိုသွားတတ်ကြပေသည်။

All Chapters