← Chapters

အခန်း (၆၃၅-၆၃၆)

Vol. 47 Ch. 635-636

အခန်း (၆၃၅-၆၃၆)

Vol. 47 Ch. 635-636

အခန်း ၆၃၅: ဂျေဘီ၏စမ်းသပ်မှု၊ ရေသူမျိုးနွယ်စုဆီသို့ ခရီးထွက်ခြင်း

“နားလည်ပါပြီ၊ ဒါပေမယ့် ရေသူတွေကရော။”

ကျန်းယွင်ထျန်းက မေးလိုက်သည်။

“ငါက တပိုင်ကိုခေါ်ပြီး အဲဒီကို အရင်သွားစုံစမ်းကြည့်လိုက်မယ်။ ဘာပဲဖြစ်ဖြစ် အစီအရင်ကိုချိတ်ဆက်ပြီးရင် ငါတို့ ဘယ်အချိန်မဆို သွားလို့ရပါတယ်။”

ရှောင်းယီက ပြောလိုက်သည်။

“အင်း ဒါပေမယ့် ရေသူတွေအကုန်လုံးက ရေအောက်မှာပဲ ရှိနေနိုင်တယ်။ ဒါက မင်းအတွက် ပြဿနာကြီးတစ်ခု မဖြစ်သွားဘူးလား။”

ကျန်းယွင်ထျန်းသည် မူလက ရှောင်းယီနှင့်အတူ ကိုယ်တိုင်လိုက်သွားရန် စီစဉ်ထားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် အနည်းဆုံးတော့ ကောင်းကောင်းရေကူးနိုင်သူဖြစ်သောကြောင့်ပင်။

ထိုအခါ ရှောင်းယီက လျှို့ဝှက်ဆန်းကြယ်စွာပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။

“စိတ်မပူပါနဲ့။ ငါ့မှာ ရေအောက်တိုက်ခိုက်ရေးအတွက် ပစ္စည်းကိရိယာတွေ ရှိပြီးသား။”

ကျန်းယွင်ထျန်းက အံ့အားသင့်သွားပြီး စပ်စုကာ မေးလိုက်သည်။

“ဘာပစ္စည်းကောင်းလဲ။ ငါ့ကို ကြည့်ခွင့်ပေးပါဦး။”

ထို့နောက် ရှောင်းယီသည် SSS အဆင့်ကိုယ်ကျပ်ဝတ်စုံ ကို ထုတ်ယူလိုက်ပြီး ၎င်း၏လက္ခဏာများကို ရှင်းပြလိုက်သည်။ ကျန်းယွင်ထျန်း၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

“ဒါက အရမ်းအစွမ်းထက်တယ်။ မင်း ဘယ်တုန်းက ဒါကို အဆင့်မြှင့်လိုက်တာလဲ။”

ကျန်းယွင်ထျန်းက မေးလိုက်သည်။

“ရက်နည်းနည်းလောက်ကြာပြီ။”

ရှောင်းယီက ပြုံးပြီး ပြန်ဖြေလိုက်သည်။

“အခုကစပြီး ရေအောက်မှာတိုက်ခိုက်ဖို့ စွမ်းအားကြီးတဲ့ကိရိယာတစ်ခု ရှိလာပြီပေါ့။”

ကျန်းယွင်ထျန်း မနာလိုအားကျစိတ်ဖြင့် ပြောလိုက်ပြီး ရှောင်းယီထံသို့ ထိုပစ္စည်းကိရိယာကို တွန့်ဆုတ်စွာဖြင့် ပြန်လည်ပေးအပ်လိုက်သည်။

ရှောင်းယီက သူ၏လက်ကို ဝှေယမ်းလိုက်ပြီး ပြောလိုက်သည်။

“မင်းကို အမှန်ပြင်ပေးရမယ်။ ဒါက တစ်ခုမဟုတ်ဘူး ဆယ့်နှစ်ခုပဲ။”

ကျန်းယွင်ထျန်းသည် သူ၏တံတွေးများကို ခက်ခက်ခဲခဲမျိုချလိုက်ပြီး မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

“မင်းဆိုလိုတာက ကိုယ်ကျပ်ဝတ်စုံတွေအကုန်လုံးကို အဆင့်မြှင့်တင်လိုက်တာလား။”

ရှောင်းယီက ခေါင်းညိတ်ပြလိုက်၏။

ကျန်းယွင်ထျန်း စကားမပြောနိုင်ဖြစ်သွားခဲ့သည်။ စုစုပေါင်း ကိုယ်ကျပ်ဝတ်စုံ ၁၂ ခုအတွက် အဆင့်မြှင့်တင်ခြင်းကတ် ၁၂ ခု လိုအပ်မည်ဖြစ်သည်။ သူသည် အဆင့်မြှင့်တင်ခြင်းကတ် ၁၂ ခုကို တစ်ချိန်တည်း ဘယ်ကရနိုင်မည်နည်း။

သို့သော် ရှောင်းယီသည် အမြဲတမ်း အံ့အားသင့်ဖွယ်ကောင်းနေခဲ့ခြင်းဖြစ်ပြီး ကျန်းယွင်ထျန်းသည် သူ၏ခေါင်းကိုခါယမ်းကာ ကိုယ်ကျပ်ဝတ်စုံကို သူ၏ရင်ခွင်ထဲသို့သာ ထည့်လိုက်တော့လေသည်။

“ဒါဆို ဒီတစ်ခုက ငါ့ဟာပဲ။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“ဒါပေါ့၊ ဒါက မင်းအတွက်ပဲ။ ဒါက မှော်ဆရာတွေရဲ့ စိတ်ဝိဉာည်တိုက်ခိုက်မှုတွေကိုလည်း ကာကွယ်ပေးနိုင်တယ်။ အဆင့်မြင့်မှော်ဆရာတွေနဲ့ ကြုံရရင် သူတို့ကို ရင်ဆိုင်တဲ့အခါ ဒါကိုဝတ်ထားဖို့ မမေ့နဲ့။”

ရှောင်းယီက ညွှန်ကြားလိုက်သည်။

“နားလည်ပြီ။ အရင်ကသာ ဒါရှိခဲ့ရင် မှော်ဆရာနှစ်ယောက်ဖြစ်တဲ့ အိုင်ဖန်နဲ့ အိုင်ယုတို့ကို တိုက်ခိုက်ဖို့ ဆေးတောင်သောက်စရာမလိုဘူး။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“ဟုတ်တယ်။ ဒါပေမယ့် သူတို့ကို ရှုံးနိမ့်ပြီးနောက်မှပဲ ဒီအဆင့်မြှင့်တင်ခြင်းကတ်တွေကို တွေ့ခဲ့တာလေ။”

ရှောင်းယီက ပခုံးတွန့်လိုက်ပြီး အကူအညီမဲ့စွာ ပြောလိုက်သည်။

ကျန်းယွင်ထျန်းက ခေါင်းညိတ်လိုက်သည်။

“အနည်းဆုံးတော့ မှော်ဆရာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပစ္စည်းကိရိယာတွေ ရှိလာပြီ။”

ဤအချိန်တွင် ချူဖုန်းမြို့နှင့် မဝေးလှသော ဂျေဘီသည်လည်း ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းကို သတိပြုမိသွားခဲ့သည်။

“ဒါက ငါတို့ကျွန်းပေါ်က ပုံမှန်ဒီရေတက်တဲ့ကာလလား။ ဒါမှမဟုတ် နောက်ထပ်ပြဿနာတစ်ခုရှိနေသေးတာလား။”

ဂျေဘီသည် ရုတ်တရက်ရေလွှမ်းသွားသော နေရာလွတ်ကို ကြည့်ရင်း တွေးလိုက်မိသည်။

သို့သော် သူ့ထံတွင် ဒေသခံအကျဉ်းသားများ မရှိသောကြောင့် ဤ‌တိုက်ကြီး၏ ယခင်ဒီရေအခြေအနေများကို မသိနိုင်ချေ။

အနည်းငယ်စဉ်းစားပြီးနောက် ဂျေဘီသည် ယီရန်ပင်းဆီမှ စကားနှိုက်ရန် ဆုံးဖြတ်ခဲ့သည်။

“မင်္ဂလာပါ ယီရန်ပင်း ခင်ဗျားရဲ့ ချူဖုန်းမြို့မှာ ဒီနေ့ တစ်ခုခုပုံမှန်ဟုတ်တဲ့အရာမျိုးရှိလား သိချင်မိပါတယ်။”

ဂျေဘီက ပြောလိုက်သည်။

“ပုံမှန်မဟုတ်တဲ့အရာလား။ ရှိလို့လား။ တိုက်သစ်ကြီးကို စူးစမ်းရှာဖွေသူတွေ ပိုများလာနေတာပဲရှိပါတယ်။”

ရှောင်းယီက ပြန်ဖြေသည်။

ဤအရာသည် တကယ်ပင် အမှန်တရားဖြစ်သည်။

ရှောင်းယီမှ တပ်ဖွဲ့များအမြောက်အမြားစေလွှတ်ခဲ့ခြင်းအပြင် အခြားမဟာမိတ်များသည်လည်း နိုင်ငံခြားသားများဆီသို့ တည်နေရာကူးပြောင်းခွင့်များ ဖွင့်လှစ်ထားခဲ့သည်။

ဤအချက်နှင့် ပတ်သက်၍ ဂျေဘီသည် ယီရန်ပင်းထံသို့ တရားဝင်ကန့်ကွက်ခဲ့သည်။ ယီရန်ပင်းသည် သူ့အား တည်နေရာကူးပြောင်းမှုခွင့်ပြုချက်ကို ရောင်းချပြီးနောက် နိုင်ငံခြားတည်နေရာကူးပြောင်းမှုအမှတ်အားလုံးသည်လည်း သူ့ထံမှတစ်ဆင့်သာ ဖြတ်သန်းသင့်သည်ဟု သူယုံကြည်ထားသည်။

သို့သော် ရှောင်းယီသည် သူ့ကို လျစ်လျူရှုပြီး “ကနဦးကုန်သွယ်မှုမှာ ဒါကို မပြဌာန်းထားဘူး။” ဟု တိုက်ရိုက်ပြန်ဖြေခဲ့သည်။

မူလက ဂျေဘီသည် ယီရန်ပင်း သူ့ဆီမှ ညှစ်ထုတ်သွားသော အုတ်မြစ်ကျောက်အချို့ကို တည်နေရာကူးပြောင်းခများမှတစ်ဆင့် ပြန်လည်ရယူရန် စီစဉ်ထားခဲ့သော်လည်း ရှောင်းယီသည် သူ့အား အခွင့်အရေးလုံးဝမပေးဘဲ နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ဤအရာကို တွေးမိသောအခါ ဂျေဘီ၏သွားများသည် ဒေါသကြောင့် ယားယံလာခဲ့သည်။

ရှောင်းယီ၏ ပြတ်ပြတ်သားသား တိုက်ရိုက်ဖြေကြားချက်ကို ကြားလိုက်ရသောအခါ ဂျေဘီသည် ရှောင်းယီက ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းကို သတိမပြုမိသေးကြောင်း ယုံကြည်သွားခဲ့သည်။

ထို့ကြောင့် သူသည် ခေါင်းစဉ်ကို ပြတ်ပြတ်သားသား ပြောင်းလဲလိုက်သည်။

“လူတွေ ပိုများလာတာနဲ့အမျှ စျေးနှုန်းတွေကိုလည်း တညီတညွတ်တည်းဖြစ်အောင် လုပ်လို့ရမလား။ ကျုပ်ဘက်မှာ အုတ်မြစ်ကျောက်ငါးခု၊ ခင်ဗျားဘက်မှာ သုံးခု၊ ဒါမှမဟုတ် ကျုပ်ဘက်မှာ သုံးခု၊ ခင်ဗျားဘက်မှာတစ်ခုဆိုတာမျိုးက မဖြစ်သင့်ဘူး။ ဒီလိုဆက်သွားနေရင် ကျုပ်တို့ဘက်က အရှုံးပေါ်သွားလိမ့်မယ်။”

ဂျေဘီ ရုတ်တရက် ခေါင်းစဉ်ပြောင်းသွားသည်ကို တွေ့လိုက်ရသောအခါ ရှောင်းယီ အနည်းငယ်ပြုံးလိုက်၏။

“ဒါပါ့ ခဏနေရင် ကိုယ်စားလှယ်ရှာပြီး တည်နေရာကူးပြောင်းခတွေကို အတူတူလာဆွေးနွေးလိုက်ပါ။ လူတိုင်း အုတ်မြစ်ကျောက်တွေ အတူတူရရှိနိုင်ပါတယ်။”

“ကောင်းပြီ ကျုပ် လူတစ်ယောက်ကို ချူဖုန်းမြို့ဆီလာပြီး ခင်ဗျားနဲ့ဆွေးနွေးဖို့ စီစဉ်လိုက်မယ်။”

ဂျေဘီက ပြန်ဖြေပြီးနောက် ဖုန်းချလိုက်သည်။

“ယီရန်ပင်းက ဒီလောက်ပဲထင်တယ်။ ချူဖုန်းမြို့ကို သွားပြီး စုံစမ်းဖို့ လူတစ်ယောက်လောက် ရှာရမယ်။”

ဂျေဘီက ထိုသို့တွေးလိုက်ပြီး သူနှင့်စာချုပ်ချုပ်ထားသော မှော်ဆရာတစ်ယောက်ကို စေလွှတ်လိုက်လေသည်။

အပြင်ပန်းတွင် ၎င်းသည် တည်နေရာကူးပြောင်းခများကို တညီတညွတ်တည်းဖြစ်အောင် ဆွေးနွေးရန်ဖြစ်သော်လည်း တကယ်တမ်းတွင် ၎င်းသည် ချူဖုန်းမြို့ရှိ ဒီရေအခြေအနေများကို စုံစမ်းရန်ဖြစ်သည်။

သို့သော် ဂျေဘီမမျှော်လင့်ထားသည်မှာ ချူဖုန်းမြို့၏ဘာသာစကားသည် ဒေသခံဘာသာစကားနှင့် ကွဲပြားနေခြင်းဖြစ်သည်။ သူစေလွှတ်လိုက်သော မှော်ဆရာသည် ဝမ်းချုပ်နေသော မျက်နှာအမူအရာဖြင့် သူနားမလည်နိုင်သော ဘာသာစကား၏ ရှစ်ဆယ်ရာခိုင်နှုန်းကို နားထောင်နေခဲ့ရသည်။

နောက်ဆုံးတွင် မှော်ဆရာသည် တညီတညွတ်ဖြစ်သွားသော တည်နေရာကူးပြောင်းခများနှင့်အတူ အစီရင်ခံရန် ပြန်လာခဲ့ရသည်။

“ဘာ ချူဖုန်းမြို့ရဲ့ ဘာသာစကားက မင်းတို့နဲ့မတူဘူးလား။”

ဂျေဘီ၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

မှော်ဆရာက အကူအညီမဲ့စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။

“ကောင်းပြီ မင်းထွက်သွားလို့ရပြီ။”

ဂျေဘီက အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။ ချူဖုန်းမြို့၏ဘာသာစကားကို သိသူမရှိပါက ဤသတင်းအချက်အလက်များကိုလည်း မရနိုင်တော့ချေ။

“အခြေအနေတွေကို ကိုယ့်ဘာသာကိုယ်ပဲ သိအောင်လုပ်ရတော့မယ်။”

ဂျေဘီက တွေးလိုက်မိသည်။ သူသည် သူ့ကိုယ်သူ အလွန်ယုံကြည်မှုရှိနေဆဲဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် အရင်ဘဝက ဗျူဟာကျွမ်းကျင်သူတစ်ယောက်ဖြစ်သောကြောင့်ပင်။

ဤအချိန်တွင် ချူဖုန်းမြို့ရှိ တည်နေရာကူးပြောင်းခြင်းအစီအရင်ဘေးတွင် ရှောင်းယီ၊ တပိုင်၊ ရှောင်ပိုင်နှင့် လင်းရှားတို့အားလုံး ရှိနေကြသည်။

“ကျွန်းပိုင်ရှင် အောင်မြင်သွားပါပြီ။”

ရှီခုန်းသည် အစီအရင်ပေါ်ရှိ အလင်းရောင်များ အဝါရောင်မှ အစိမ်းရောင်သို့ ပြောင်းလဲသွားသည်ကို ကြည့်လိုက်ပြီး ချက်ချင်းအစီရင်ခံလိုက်သည်။

လင်းရှားသည် မစောင့်နိုင်တော့ဘဲ အစီအရင်ဆီသို့ လျှောက်သွားလိုက်၏။ သို့သော်လည်း ရှောင်းယီက သူမကို တားဆီးလိုက်သည်။

“စောင့်ဦး၊ ငါတို့အရင်သွားမယ်။”

လင်းရှားတွင် မှော်အတတ်စွမ်းရည်များစွာရှိသော်လည်း သူမ၏တိုက်ခိုက်ရေးစွမ်းအားမှာမူ တကယ်ကို အင်မတန်နိမ့်ကျပေသည်။

“ရှောင်ပိုင် ဒီအစီအရင်ကို စောင့်ကြပ်ဖို့ မင်းတာဝန်ယူရမယ်။ ထွက်လာတဲ့လူက ငါမဟုတ်ရင် ထွက်လာသမျှ နိုင်ငံခြားသားတွေကို တိုက်ရိုက်နင်းချေပစ်လိုက်။”

ရှောင်းယီက ညွှန်ကြားလိုက်သည်။

“ဝေါင်း”

ရှောင်းပိုင်က တုံ့ပြန်လိုက်သည်။

ရှောင်းယီသည် ကိုယ်ကျပ်ဝတ်စုံကို ထုတ်ယူပြီး တပိုင်အား ကမ်းပေးရင်း ပြောလိုက်သည်။

“ခဏနေရင် ရေအောက်မှာ တိုက်ခိုက်ရမယ်။ ဒါကိုဝတ်ထား။ ဒါဆို ငါတို့ ပိုပြီးကြာကြာခံနိုင်လိမ့်မယ်။”

တပိုင်း အနည်းငယ်နားမလည်နိုင်ဖြစ်သွားခဲ့သည်။ သူသည် ကောင်းကောင်းရေကူးနိုင်သူဖြစ်ပြီး ဤအပိုပစ္စည်းကိရိယာများအား မလိုအပ်ဟု ယုံကြည်ထားသည်။

သို့သော် ရှောင်းယီက ဇွတ်အတင်းပြောနေသောကြောင့် တပိုင်သည် ကိုယ်ကျပ်ဝတ်စုံကို မဖြစ်မနေ ဝတ်ဆင်လိုက်ရလေသည်။

ကိုယ်ကျပ်ဝတ်စုံသည် ဝတ်ဆင်သူ၏ ခန္ဓာကိုယ်ပုံစံအတိုင်း အလိုအလျောက်ချိန်ညှိပေးနိုင်ပြီး ပိုလာဝက်ဝံသည်လည်း ချွင်းချက်မဟုတ်ပေ။

ဝတ်ဆင်ပြီးနောက် ကိုယ်ကျပ်ဝတ်စုံသည် ချက်ချင်းတင်းကျပ်သွားပြီး တပိုင်သည် သူ၏ဝက်ဝံခြေထောက်ကို လှုပ်ခါကြည့်လိုက်ရာ မည်သည့်အတားအဆီးမျှ ရှိမနေကြောင်း တွေ့လိုက်ရသည်။

ထို့ပြင် လုံးဝတင်းကျပ်ခြင်းမရှိဘဲ အတော်လေး နေလို့ကောင်းလှသည်။

တပိုင် အတော်လေးကျေနပ်နေကြောင်း မြင်လိုက်ရသောအခါ ရှောင်းယီသည်လည်း ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ပြီး တည်နေရာကူးပြောင်းခြင်းအစီအရင်ထဲသို့ ဦးဆောင်ဝင်ရောက်သွားခဲ့သည်။

တပိုင်သည် သူ့နောက်မှ အနီးကပ်လိုက်ပါသွားပြီး နောက်ဆုံးတွင် လင်းရှားဖြစ်သည်။

ရှောင်းယီသည် အစီအရင်ထဲသို့ ခြေတစ်လှမ်းဝင်လိုက်သောအခါ သူ၏ပုံရိပ်သည် အစီအရင်ထဲမှ ပျောက်ကွယ်သွားခဲ့သည်။

နောက်အခိုက်အတန့်တွင် ရှောင်းယီသည် ပျက်စီးနေသော အဆောက်အဦးတစ်ခုဘေးတွင် ပြန်ပေါ်လာသည်ကို တွေ့ရှိခဲ့ရသည်။ ဤနေရာသည် ပြင်းထန်သောတိုက်ပွဲများကို ကြုံတွေ့ခဲ့ရပုံရသည်။ အရာအားလုံးမှာ ပျက်စီးနေသောနံရံများနှင့် အပျက်အစီးပုံများသာဖြစ်သည်။

သူ့ရှေ့မှ ဖြတ်သန်းနေသော ရေပူဖောင်းများက ရှောင်းယီအား သူသည် ကုန်းမြေပေါ်တွင် မရှိတော့ကြောင်း သတိပေးနေခဲ့သည်။

တပိုင်နှင့် လင်းရှားတို့သည်လည်း သူ့နောက်မှ ထွက်ပေါ်လာခဲ့ကြသည်။

“လင်းရှား လမ်းပြပါ။ မင်းရဲ့ဘိုးဘွားမြေဆီကို အရင်သွားကြမယ်။”

ရှောင်းယီက ပြောလိုက်သည်။

လင်းရှားသည် ရှောင်းယီအား အံ့အားသင့်စွာကြည့်လိုက်မိသည်။ ရှောင်းယီသည် ရေအောက်တွင်ပင် ဤမျှရှင်းလင်းစွာ ပြောဆိုနိုင်လိမ့်မည်ဟု သူမ မျှော်လင့်ထားခဲ့ခြင်းမရှိပေ။

အခန်း ၆၃၆ - SS အဆင့်၊ အဆင့်မြင့်နယ်မြေ၊ ရေအောက်၌ခက်ခဲသည့်အနေအထား

အံ့အားသင့်သွားသော်လည်း လင်းရှားသည် လက်ညိုးထိုးပြလျက် ပြောလိုက်သည်။

“ဒီလမ်းပါ။ ကျွန်မတို့ ထွက်လာတုန်းက ပုစွန်စစ်သည်နဲ့ ကဏန်းဗိုလ်ချုပ်တွေရဲ့ လိုက်လံတိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်။ အခုတော့ မရှိလောက်တော့ဘူးထင်တယ်။”

“ကောင်းပြီ အရင်ဆုံးအပြင်ထွက်ကြည့်ရအောင်။”

ရှောင်းယီက သတိထား၍ အပြင်ထွက်သွားသည်။

လင်းရှားနှင့် တပိုင်တို့သည်လည်း သူ့နောက်မှ လိုက်သွားခဲ့ကြသည်။

ဤအရာသည် သူ၏ပထမဆုံးအကြိမ် ပင်လယ်ကြမ်းပြင်ပေါ်၌ လမ်းလျှောက်ရခြင်းဖြစ်သည်။ မြေပြင်သည် ပျော့ပျောင်းနေသကဲ့သို့ ခံစားရသည်။ ပင်လယ်ရေ၏ ကိုယ်ဖော့နိုင်သောဂုဏ်သတ္တိကြောင့် သူ၏ခြေဖဝါးအောက်တွင် မာကျောသည့်ခံစားချက်မျိုး မရှိသလောက်ဖြစ်နေခဲ့သည်။

ပြိုကျနေသော နံရံအပြင်ဘက်သို့ ရောက်သွားသောအခါ လင်းရှားဖော်ပြခဲ့သော ပုဇွန်စစ်သည်များနှင့် ကဏန်းဗိုလ်ချုပ်များကို မတွေ့ရတော့ပေ။

“ကျွန်မစကားကို ယုံပေးပါ။ ဘာတစ်ခုမှ လိမ်ထားတာမရှိပါဘူး။”

လင်းရှားက တိုးတိုးလေးပြောလိုက်သည်။

ရှောင်းယီက သူ၏လက်ကို အနည်းငယ်ထောင်ပြလိုက်ပြီး တိုးတိုးပြောလိုက်သည်။

“ရပ်လိုက် လှုပ်ရှားမှုတွေရှိနေတယ်။”

သူသည် ထိုသို့ပြောရင်းဖြင့် လင်းရှားကို ပြိုကျနေသော နံရံတစ်ခု၏နောက်သို့ ဆွဲခေါ်သွားလိုက်သည်။

သူတို့ပုန်းအောင်းပြီး မကြာမီ လူကြီးတစ်ယောက်၏အရွယ်အစားရှိသော ပင်လယ်ပုဇွန်ကြီးတစ်ကောင် ဖြတ်သွားခဲ့သည်။

“ပင်လယ်ပုစွန် (SS-အဆင့်) - ယခင်က အရှေ့ပင်လယ်နဂါးနန်းတော်၏ သာမန်စစ်သည်။ ယခုအတင်းအကျပ်စစ်မှုထမ်းစေခိုင်းခြင်းခံရပြီးနောက် အသိစိတ်နှင့် စွမ်းအားများ လျော့နည်းသွားခဲ့သည်။ မြင်ကွင်းအတွင်း လှုပ်ရှားနေသော ပစ်မှတ်မှန်သမျှကို တိုက်ခိုက်တတ်သည်။ သို့သော် ၎င်း၏ မြင်ကွင်းမှ ထွက်ခွာသွားလျှင် လွတ်မြောက်နိုင်သည်။ အန္တရာယ်အဆင့် - ပျမ်းမျှ။”

စနစ်သတိပေးချက်ကိုဖတ်ရှုပြီး ရှောင်းယီမျက်တောင်ခတ်လိုက်မိသည်။

အဆင့်မြင့်နယ်မြေအသစ် အရှေ့ပင်လယ်နဂါးနန်းတော်လား။

သူသည် SS အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး သာမန်လူများထက် စွမ်းအားအများကြီးသာလွန်နေသော်လည်း အင်မော်တယ်များကဲ့သို့ မြေလျှိုးမိုးပျံခြင်းမျိုး မလုပ်နိုင်သေးပေ။

သို့သော် နဂါးနန်းတော်၏ဒဏ္ဍာရီများမှာ ၎င်းကိုနတ်ဘုရားများ၏နယ်မြေဟုပင် ခေါ်ဆို၍ရပေသည်။

“သိပ္ပံပညာက ဘာသာရေးယုံကြည်မှုတွေအောက်မှာ အဆုံးသတ်သွားခဲ့ပြီလား။”

သူ တစ်ကိုယ်တည်း တွေးလိုက်မိသည်။

သို့သော်လည်း သူ မလှုပ်ရှားခဲ့ချေ။

“တပိုင် သွား သူ့အင်အားကို စမ်းသပ်ကြည့်လိုက်။”

တပိုင်ကခေါင်းညိတ်ပြပြီး သူ၏နက်ရှိုင်းလှသည့်ပင်လယ်ကြီးအား စူးစမ်းလိုစိတ်ကို ဖိနှိပ်ကာ ပုန်းကွယ်ရာမှ ထွက်လာခဲ့သည်။

သူ့ကိုမြင်သောအခါ ပုစွန်ကြီးသည် သူ၏ညှပ်ကြီးကိုလွှဲရမ်းပြီး တိုက်ခိုက်လာခဲ့သည်။

တပိုင်က ၎င်း၏အမြန်နှန်းကို လှောင်ပြောင်လိုက်သော်လည်း ရှောင်တိမ်းရန် ကြိုးစားလိုက်သည့်အချိန်တွင် သူ၏မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့သည်။

ရေဖိအားသည် လေဖိအားထက် များစွာပိုမိုများပြားသည်။ ဝက်ဝံသည် လွယ်ကူစွာ ရှောင်တိမ်းနိုင်မည်ဟု ထင်မိခဲ့သော်လည်း ယခုတွင် သူမလုပ်နိုင်ကြောင်း သဘောပေါက်သွားခဲ့သည်။

သူသည် အတင်းအကျပ်လှုပ်ရှားကာ ရန်သူ့အပေါ်သို့ သူ၏ဝက်ဝံလက်ဝါးဖြင့် တိုက်ရိုက် လွှဲရိုက်လိုက်လေသည်။

ထိုရိုက်နှက်မှုသည် နှေးကွေးပြီး လေးလံနေသည်ဟု ခံစားရသည်။

ထိုနှေးကွေးသောလှုပ်ရှားမှုကို ကြည့်ရှုရင်း ရှောင်းယီသည် အကြောင်းပြချက်အား ချက်ချင်းပင် နားလည်သွားခဲ့သည်။

“သတိထား!”

လင်းရှားက အော်ဟစ်လိုက်သည်။ တပိုင်၏ရိုက်ချက်သည် ပုစွန်ကြီးထက် ပိုမိုနှေးကွေးနေပြီး သူသည် ပထမဆုံး ထိမှန်ခံရမည်ဖြစ်သည်။

သို့သော် ရှောင်းယီ စိုးရိမ်နေခြင်းမရှိချေ။ တပိုင်သည် ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ၎င်းသည် SSS အဆင့်၏တိုက်ခိုက်မှုများကိုပင် ကာကွယ်နိုင်သည်။ ဤ SS ပုဇွန်ထက် များစွာသာလွန်ပေသည်။

ဘမ်း

ပုစွန်၏ညှပ်ကြီးသည် ဒါဘိုင်၏ဝမ်းဗိုက်ကို ထိမှန်သွားပြီး ရေလှိုင်းများ ပေါက်ကွဲထွက်သွားခဲ့သည်။

ဝက်ဝံသည် အမှန်တကယ်ပင် ခြေနှစ်လှမ်းခန့် နောက်သို့ဆုတ်သွားခဲ့ရသည်။

တပိုင်သည် ခန့်မှန်းခြေအားဖြင့် နှစ်တန်ခန့်လေးကြောင်း သိထားရမည်ဖြစ်သည်။

ရေအောက်တွင်ဆိုလျှင်ပင် သူ၏တိုက်ခိုက်မှုသည် သိသိသာသာ စွမ်းအားကြီးနေဆဲပင်။

တပိုင်၏တန်ပြန်တိုက်ခိုက်မှုက လုံးဝလွဲချော်သွားခဲ့သည်။

ပုစွန်သည် သူ့ကို ထိခိုက်ဒဏ်ရာမရစေခဲ့သော်လည်း ဝက်ဝံက အလွန်ဒေါသထွက်သွားခဲ့သည်။

“SS အဆင့်ချင်း အတူတူကို မင်းက ဘာလို့ ပိုမြန်ပြီး ပိုအားကောင်းနေတာလဲ။”

နောက်ပြန်တွန်းထုတ်ခံလိုက်ရခြင်းသည် သူ၏အရေပြားထက် သူ၏ဂုဏ်သိက္ခာကို ပိုမိုထိခိုက်စေခဲ့သည်။

သူသည် ဒေါသတကြီးဟိန်းဟောက်လိုက်ပြီး ပြန်လည်ထိုးစစ်ဆင်လိုက်၏။ ကုန်းပေါ်၌ဆိုလျှင် သူ၏ဤတိုက်ခိုက်မှုသည် လျှပ်စီးကဲ့သို့ လျင်မြန်လိမ့်မည်ဖြစ်သော်လည်း ဤနေရာတွင်မူ နှေးကွေးသောလှုပ်ရှားမှုအတိုင်း ပြန်လည်ထွက်ပေါ်လာသည်ကို မြင်လိုက်ရလေသည်။

ပုစွန်သည် သူ၏အမြီးကို ကွေးလိုက်ပြီး ယခင်ထက်ပိုမိုလျင်မြန်သည့်အရှိန်ဖြင့် တပိုင်ဆီသို့တည့်တည့်ပျံသန်းလာခဲ့သည်။

ယခု၎င်း၏အမြန်နှုန်းသည် ၎င်း၏ကနဦးအမြန်နှုန်းကို ကျော်တက်သွားခဲ့ပြီဖြစ်သည်။

တပိုင်၏မျက်လုံးများ ဖောင်းကားသွားခဲ့သည်။ သူ ကုန်းပေါ်တွင်ရှိ‌နေပင်လျှင် ဤအရှိန်ကို အမီလိုက်ရန် ရုန်းကန်ရပေလိမ့်မည်။

၎င်း ရောက်လာနေသည်ကို ကြည့်လိုက်ရင်းဖြင့် သူသည် ရပ်တန့်ကာ အလွယ်တကူ စောင့်ဆိုင်းရန်သာ ရွေးချယ်လိုက်သည်။

ပုစွန်က သူ့ဆီသို့ ဝင်ရောက်လာခဲ့သည်။ တပိုင်သည် အသင့်ပြင်ထားပြီးဖြစ်ပြီး ၎င်း၏ကြီးမားသောညှပ်များကို ဆုပ်ကိုင်ရန် ကြိုးစားလိုက်သည်။

ကလန့်

လေးလံထိုင်းမှိုင်းသည့်အသံတစ်ခု ရှောင်းယီ၏နားထဲသို့ ရောက်ရှိလာခဲ့သည်။ ဝက်ဝံ၏ပုံမှန်အားဖြင့် တားဆီးမရနိုင်သော ခြေသည်းများသည် ပုစွန်၏ညှပ်များကိုပင် ပျက်စီးစေနိုင်ခြင်းမရှိခဲ့ပေ။

နောက်တစ်ကြိမ် တွန်းထုတ်ခံရပြီးနောက် တပိုင်သည် ခြေတစ်လှမ်းနောက်သို့ ဆုတ်သွားခဲ့ရသည်။

စိတ်ဆိုးဒေါသထွက်နေသော တပိုင်သည် ၎င်း၏ညှပ်များကို အတင်းအကျပ်ဖိထားပြီး ပုစွန်ကို ပင်လယ်ကြမ်းပြင်ပေါ်သို့ ကိုင်ပေါက်လိုက်၏။

၎င်း၏သေးငယ်သော ညှပ်များက သူ့ကို ဆက်လက်ရိုက်နှက်နေဆဲပင်။ ထိုတိုက်ခိုက်မှုတိုင်းကို သူ၏ကိုယ်ကျပ်ဝတ်စုံက ကာကွယ်ပေးထားခဲ့သည်။

ရန်သူကို ဖမ်းထားနိုင်လိုက်ပြီးနောက် တပိုင်သည် သူ၏ခြေထောက်များဖြင့် တစ်ချက်ချင်း နင်းချေတော့လေသည်။ ရေအောက်တွင် ထိုရိုက်နှက်မှုတိုင်းသည် ဆွဲငင်အားများကို ဖြစ်ပေါ်စေခဲ့သည်။

ပုစွန်၏ထူထဲသောအခွံသည် ထိခိုက်မှုအများစုကို လျော့နည်းစေခဲ့သည်။ ၎င်းသည် ယခုထိ အားသာချက်များကို ဆွဲကိုင်ထားနိုင်ဆဲဖြစ်ပြီး သေးငယ်သောထိခိုက်မှုများကိုသာ ဖြစ်စေသည်။

“သူ့အခွံတွေကြားက အဆစ်တွေကို ပစ်မှတ်ထား။”

ရှောင်းယီက အော်ပြောလိုက်သည်။

စိတ်တည်ငြိမ်အောင်လုပ်လိုက်ပြီးနောက် တပိုင်သည် ၎င်း၏အဆစ်များကို စိုက်ကြည့်လိုက်ကာ သူ၏သံမဏိချိတ်ကဲ့သို့ခြေသည်းများအား ဟာကွက်များကြားသို့ ထိုးစိုက်လိုက်လေသည်။

ဂါး....

ဒေါသတကြီးဟိန်းဟောက်သံနှင့်အတူ သူသည် ပုစွန်၏နောက်ကျောမှ အခွံကို လုံးဝခွာထုတ်ပစ်လိုက်သည်။

အခွံအက်ကွဲသွားသောအခါ ကျန်ရှိသောအရာများမှာ လွယ်ကူသွားခဲ့သည်။

သူသည် ပုစွန်ကို အပိုင်းပိုင်းဖြစ်အောင် အလွယ်တကူ ဆုတ်ဖြဲပစ်လိုက်သည်။

“တပိုင်က အံ့မခန်းပဲ”

လင်းရှားက အော်ဟစ်လိုက်သည်။

သူမ အကူအညီတောင်းခံကာ ထွက်ပြေးလာခဲ့ရသည့်အခါက သူမ၏တပ်စုတစ်ခုလုံးသည် ထိုကဲ့သို့သော ပုစွန်များကို မသတ်ဖြတ်နိုင်ခဲ့ပေ။

တပိုင်သည် အားနည်းချက်အနည်းငယ်ဖြင့် စတင်ခဲ့ရသော်လည်း သူသည် ရေစီးကြောင်းကို အလျင်အမြန်ပြောင်းလဲပြီး သတ်ဖြတ်မှုကို ရယူနိုင်ခဲ့သည်။

လင်းရှားသည် သူမတောင်းဆိုခဲ့သော စစ်ကူများသည် သူမ၏ကြိုးစားအားထုတ်မှုနှင့် ထိုက်တန်ကြောင်း သိရှိသွားခဲ့သည်။

၎င်းကို ဆွဲဖြဲပစ်ပြီးနောက် တပိုင်သည် SS အဆင့် တစ်ကိုက်စာ စားရာလေးကို မျိုချရန် အသင့်ဖြစ်နေပြီဖြစ်သည်။ အာဟာရသည်သာ အဓိကဖြစ်ပြီး အရာဝတ္ထုတစ်ခုကို အလဟဿအဖြစ်မခံနိုင်ပေ။

သူသည် အလောင်းကို လှုပ်ခါသောအခါ ပုလဲတစ်လုံး သဲထဲသို့ ကျဆင်းသွားခဲ့သည်။

ရှောင်းယီသည် ထိုနေရာသို့လျှောက်သွားပြီး ၎င်းကို ကောက်ယူကြည့်လိုက်သည်။

“ရေကာကွယ်ပုလဲ: တာအိုပင်လယ်သတ္တဝါတစ်ကောင်၏ အတွင်းဗဟိုအူတိုင်။ ၎င်းကို မျိုချထားပါက ခြောက်သွေ့သောမြေပေါ်တွင်ကဲ့သို့ ရေအောက်တွင်လမ်းလျှောက်နိုင်သည်။

“ဒီလိုရတနာမျိုးနဲ့ဆိုရင် ကိုယ်ကျပ်ဝတ်စုံတောင် မလိုတော့ဘူးမဟုတ်ဘူးလား။”

သူ၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

“သီအိုရီအရဆိုရင်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် ခုခံကာကွယ်မှုတော့ မပေးနိုင်ပါဘူး။”

စနစ်က ပြန်ဖြေလိုက်သည်။

လင်းရှားသည် အနားသို့ရောက်လာပြီး ထိုပုလဲကို စိုက်ကြည့်လိုက်သည်။

“ဒါက ဘာလဲ၊ ပုလဲလား။”

ရှောင်းယီက ခေါင်းခါလိုက်သည်။

“မင်း ပုစွန်စစ်သည်တွေ၊ ကဏန်းဗိုလ်ချုပ်တွေကို သတ်ဖူးတယ်ဆိုတော့ ဒီလိုအရာမျိုးတစ်ခုခု မတွေ့ဖူးဘူးလား။”

သူမက ခေါင်းခါပြလိုက်သည်။

“ကျွန်မလည်း သိပ်မသေချာဘူး။ ကျွန်မတို့ အဲ့ဒါကို အထူးတလည် ဂရုမပြုမိခဲ့ဘူး။ ပြီးတော့ တစ်ခါမှလည်း သူတို့ကို မဆုတ်ဖြဲဖူးဘူးလေ။”

“ကောင်းပြီး နောက်မှ စစ်ဆေးကြည့်လိုက်မယ်။ အခုတော့ ဆက်သွားကြရအောင်။”

“ဟုတ်ကဲ့”

လင်းရှားက ပြန်ဖြေလိုက်သည်။

“ဒါက အသက်ရှင်ကျန်ရစ်သူတွေအတွက် ဒီဇိုင်းဆွဲထားတာပဲလား။”

ရှောင်းယီက တွေးလိုက်မိသည်။

လင်းရှား၏လမ်းညွှန်ချက်အတိုင်း သူတို့ ရှေ့ဆက်သွားခဲ့ကြသည်။

မကြာမီ အခြား SS အဆင့်ပုစွန်တစ်ကောင် ထပ်မံထွက်ပေါ်လာခဲ့ပြီး ရှောင်းယီသည် သူ၏အဆင့်မြင့်ရွှမ်းယွမ်ဓားကို ဆွဲထုတ်လိုက်လေသည်။

ယခင်က သတ္တဝါများအား ထိတ်လန့်စေခဲ့သော ရွှမ်းယွမ်ဓားသည် ထိုပုစွန်ထံမှ မည်သည့်တုံ့ပြန်မှုကိုမျှ မရရှိခဲ့ပေ။ ၎င်းသည် သူကိုင်ထားသည့်အရာကို ဂရုမစိုက်ကြောင်း ထင်ရှားနေလေသည်။

All Chapters