← Chapters

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း

(81)

တုမင်ယွမ်၏ မျက်လုံးများမှာ မှောင်ရိပ်သန်းနေပြီး သူ၏ဘေးရှိ သခင်လေးကို တိုးတိုးလေး မေးလိုက်သည်။

“ငါ ပြင်ခိုင်းထားတာတွေ အဆင်သင့်ဖြစ်ပြီလား”

သခင်လေးမားက ခေါင်းငြိမ့်ပြကာ ပြန်ဖြေလေသည်။

“အဆင်သင့်ပါပဲ”

တုမင်ယွမ်က နှာခေါင်းရှုံ့လိုက်ပြီး သူ၏ မျက်နှာတွင် လှောင်ပြုံးတစ်ခု ပေါ်ထွက်လာချေတော့သည်။

ထိုနေ့ညနေတွင် :

ညစာစားပြီးနောက် အဖွဲ့သားများသည် အပန်းဖြေစခန်း၏ နောက်ဘက်ရှိ ကျောက်တောင်တုကြားမှ ကွင်းပြင်သို့ ပြန်လာခဲ့ကြသည်။

ထိုနေရာတွင် မြက်ခင်းပြင်ကြီးတစ်ခု ရှိပြီး အပန်းဖြေစခန်း လာရောက်သူများကို သဘာဝနှင့် နီးစပ်စေရန် ရည်ရွယ်ထားခြင်းဖြစ်လေ၏။ ဧည့်သည်များသည်လည်း ထိုနေရာ၌ တဲထိုးကာ တစ်ညတာ နေထိုင်လေ့ ရှိကြပေသည်။

ယခုတစ်ကြိမ်တွင် တုမင်ယွမ်နှင့် အဖွဲ့သားများက တဲများကို ယူဆောင်လာခဲ့ကြ၏။

လူငယ်များမှာ တစ်ယောက်တည်းနေ တဲများကို သုံးကြပြီး မိန်းကလေးများမှာတော့ နှစ်ယောက်နေ တဲများကို သုံးကြပေသည်။

အစပိုင်းတွင် အဖွဲ့သားများက ဖဲကစားရင်း၊ ရယ်မောရင်းဖြင့် ပျော်ရွှင်စွာ အချိန်ကုန်ဆုံးခဲ့ကြချေသည်။

သို့သော် သူတို့ အနားယူနေကြချိန်မှာပင် ပိုင်ယွီ၏ ဒေါသထွက်နေသော အသံမှာ တဲအတွင်းမှ ထွက်ပေါ်လာလေသည်။

“ငါ့ပစ္စည်းတွေကို ဘယ်သူခိုးသွားတာလဲ”

ပိုင်ယွီ၏ အသံမှာ ကျယ်လောင်လွန်းသောကြောင့် အဖွဲ့သားများသည် သူမ၏ တဲအနီးသို့ စုရုံးလာကြပြီး မေးမြန်းကြလေတော့သည်။

ပိုင်ယွီက အားလုံးကို ဒေါသတကြီး ကြည့်ကာ ပြင်းထန်စွာ ပြောဆိုလိုက်၏။

“ငါတို့အားလုံးက ပျော်ဖို့လာကြတာဆိုတော့ အားလုံးက သူငယ်ချင်းတွေပဲလေ.. သူငယ်ချင်းအချင်းချင်း ခိုးတာက အတော်လေး ယုတ်မာလွန်းတယ် မဟုတ်ဘူးလား

ဒါ့အပြင် ပိုက်ဆံတို့၊ တန်ဖိုးရှိတဲ့ ပစ္စည်းတို့ကို ခိုးတာဆိုရင် ငါ နားလည်ပေးနိုင်သေးတယ်၊ အခုလို ပစ္စည်းမျိုးကို ခိုးတာကတော့ တကယ့်ကို အရှက်မရှိတာပဲ!”

“ပိုင်ယွီ၊ နင် ဘာပျောက်သွားလို့လဲ”

“ဟုတ်တယ်၊ ဘာပစ္စည်းမို့လို့လဲ၊ မင်း မပြောရင် ငါတို့ ဘယ်လို ကူရှာပေးရမလဲ”

အဖွဲ့သားများက တစ်ယောက်ကိုတစ်ယောက် ဇဝေဇဝါ ကြည့်ရင်း ပိုင်ယွီကို အသေးစိတ် မေးမြန်းကြလေသည်။

အကြိမ်ကြိမ် မေးမြန်းပြီးနောက်တွင် ပိုင်ယွီက နောက်ဆုံး၌ မျက်နှာနီမြန်းလျက် ခက်ထန်စွာ ပြောလိုက်ချေသည်။

“ငါ ဒီည လဲဖို့အတွက် အတွင်းခံတစ်စုံ ယူလာခဲ့တယ်၊ အဲဒါ ပျောက်သွားပြီ...”

တစ်စုံတစ်ယောက်က ပိုင်ယွီ၏ အဝတ်အစားများကို အမှန်တကယ် ခိုးသွားခဲ့ခြင်း ဖြစ်ပေသည်။

တိတိကျကျဆိုရလျှင် သူမ၏ အတွင်းခံကိုပင်။

သခင်လေးမာက အရင်ဆုံး ဆဲဆိုလိုက်လေသည်။

“ဘယ်သူခိုးတာလဲ၊ ရှေ့ကို ထွက်ခဲ့စမ်း၊ မိလို့ကတော့ မင်းမိဘတောင် မမှတ်မိအောင် ငါ ရိုက်ပစ်မယ်”

“ထားလိုက်ပါ၊ အပိုတွေ ပြောမနေနဲ့တော့၊ ငါတို့ လူငယ်တွေရဲ့ တဲတွေကို ရှာကြည့်ကြရအောင်၊ ဟုတ်ပြီလား

“သခင်လေးမာ၊ မင်းက ယောင်ပင်းရဲ့တဲကို ရှာ၊ ကျန်တဲ့သူတွေက တခြားတဲတွေကို ခွဲရှာကြမယ်၊ ဘယ်သူမှ ခိုးကြောင်ခိုးဝှက်လုပ်လို့ မရဘူးနော်”

…

ခဏတာ ဆွေးနွေးပြီးနောက် သူတို့က ဆုံးဖြတ်ချက်တစ်ခုကို လျင်မြန်စွာ ချလိုက်ကြသည်။

လူငယ်တိုင်း၏ တဲကို ရှာဖွေရန်ပင် ။

အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော အရာကို ခိုးမည့်သူမှာ သေချာပေါက် အမျိုးသားတစ်ဦးသာ ဖြစ်နိုင်သောကြောင့် ဖြစ်ပေ၏။

မိနစ်အနည်းငယ် ကြာပြီးနောက်

သခင်လေးမာက ယောင်ပင်း၏ တဲအတွင်းမှ ထွက်လာပြီး သူကိုင်ထားသော ပစ္စည်းကို တုမင်ယွမ်အား ကမ်းပေးလိုက်လေသည်

“အစ်ကိုယွမ်၊ ဒါကို ယောင်ပင်းရဲ့တဲထဲမှာ တွေ့တာ၊ ပိုင်ယွီ ဒါ မင်းရဲ့အဝတ်အစား ဟုတ်လား”

သူ၏ လက်ထဲတွင် အလင်းပေါက်လုနီးပါး ပါးလွှာသော အနက်ရောင်အတွင်းခံတစ်စုံကို ကိုင်ထားလေသည်။

ပိုင်ယွီက ၎င်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ယောင်ပင်းကို ချက်ချင်းပင် ဒေါသတကြီး စိုက်ကြည့်လိုက်တော့၏။

“ယောင်ပင်း၊ နင်ကတော့ တကယ်ကို အရှက်မရှိတာပဲ၊ ခိုးစရာရှားလို့ ငါ့အဝတ်အစားကို ခိုးရတယ်လို့၊ ရှောက်ယောင်၊ သူက တကယ်တော့ ဒီလိုလူစားမျိုးပဲ...”

အခြားသူများသည်လည်း ယောင်ပင်းကို ဒေါသတကြီး စိုက်ကြည့်နေကြချေသည်။

မိုရှောက်ယောင်မှာတော့ သူမ၏ လှပသော မျက်လုံးလေးများဖြင့် ယောင်ပင်းကို စိတ်ပျက်ဟန်ဖြင့် ကြည့်နေမိလေတော့သည်။

တုမင်ယွမ်၏ မျက်နှာတွင်လည်း ဒေါသများ ပြည့်နှက်နေသော်လည်း သူ၏ မျက်လုံးထဲတွင်မူ အောင်နိုင်သူ၏ အရိပ်အယောင်များ ရှိနေချေသည်။

ယခုအချိန်တွင် လက်ပူးလက်ကြပ် မိသွားပြီဖြစ်ရာ ယောင်ပင်းအနေဖြင့် ဆင်ခြေပေးနိုင်တော့မည်မဟုတ်ပါချေ။

ယောင်ပင်းက ယခုအခြေအနေတွင် သူ မည်သို့ပင် ရှင်းပြသည်ဖြစ်စေ သူ၏ အပြစ်ကင်းစင်မှုကို သက်သေပြနိုင်မည် မဟုတ်ကြောင်း သိလိုက်ပေသည်။

ပိုင်ယွီ၏ ပျောက်ဆုံးသွားသော ပစ္စည်းများကို ယောင်ပင်း၏ တဲအတွင်း၌ ရှာဖွေတွေ့ရှိခဲ့လေသည်။

လက်ပူးလက်ကြပ် မိခြင်းပင်။

ထို့အပြင် သက်သေအဖြစ် ကြည့်နေသော မျက်လုံးပေါင်းများစွာလည်း ရှိနေသည်။

ယောင်ပင်းအနေဖြင့် မြစ်ဝါမြစ်ထဲ ခုန်ချလျှင်ပင် သူ၏အပြစ်ကို ဆေးကြောသန့်စင်နိုင်တော့မည် မဟုတ်ပေ။

တုမင်ယွမ်က ယောင်ပင်းအား စိတ်ပျက်လက်ပျက်အမူအရာဖြင့် ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

“ယောင်ပင်း... မင်း ဒါရိုက်တာချန်ကို ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်အောင် တွန်းပို့ခဲ့တဲ့ကိစ္စက အခုတလော အတော်လေး ဂယက်ရိုက်နေတာ၊

ကျောင်းက ကျောင်းသားတွေ အကုန်လုံးကလည်း မင်းကို ကပ်ရောဂါလိုမျိုး ရှောင်နေကြတာ..

ငါက မင်း တစ်ခုခု စိတ်လိုက်မာန်ပါ လုပ်မိမှာစိုးလို့ မင်းကို နှစ်သိမ့်ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီနေ့ လူစုလူဝေးကို အထူးစီစဉ်ပေးခဲ့တာ... ဒါပေမဲ့ မင်း လုပ်ထားတာကိုလည်း ကြည့်ဦး၊ သောက်ရမ်းရှက်ဖို့ကောင်းတာပဲ”

သူသည်က ဤလူစုလူဝေးကို စီစဉ်ရခြင်း၏ အကြောင်းရင်းကို ရှင်းပြနေပုံရသော်လည်း လက်တွေ့တွင်မူ ယောင်ပင်း၏ ဒဏ်ရာဟောင်းများကို လူပုံအလယ်၌ ပြန်လည် ဆွပေးနေခြင်းသာ ဖြစ်လေ၏။

တုမင်ယွမ်က ယောင်ပင်းအား ‘သူနှင့်အတူ အာရုံစိုက်ခံရမှုအတွက် ယှဉ်ပြိုင်ချင်သည်လား၊ ယောင်ပင်းတွင် အရည်အချင်းမရှိဘူး’ ဟူသော စကားကိုသိစေချင်နေခြင်း ဖြစ်ချေသည်။

လီရှောင်ယန်က အထက်စီးလေသံဖြင့် ပြောဆိုလိုက်သည်။

“ငါ အစကတည်းက ပြောဖူးသားပဲ၊ ဒီလိုလူမျိုးတွေက မွေးရာပါ ယုတ်မာပြီးသားပဲ၊ ဘယ်လို ယုတ်ညံ့တဲ့ ကိစ္စမျိုးမဆို လုပ်နိုင်တယ်.. ရှောက်ယောင်... နင် ဒီတစ်ခါတော့ သူက ဘယ်လိုလူစားမျိုးလဲဆိုတာ မြင်သွားပြီဆိုတော့ ဒါကိုပဲ ကောင်းတယ်လို့တွေးရမယ်၊ ဒါမှ သူ နင့်ကို သူ့ရဲ့ ကောက်ကျစ်တဲ့ နည်းလမ်းတွေနဲ့ လိမ်ညာလို့ မရတော့မှာ”

“ဟုတ်တယ်၊ ပစ္စည်းတစ်ခါ ပျောက်ရုံနဲ့ လူတစ်ယောက်ရဲ့ အနက်ရှိုင်းဆုံးအထိ မြင်လိုက်ရတာက တန်ပါတယ်၊ သခင်မလေး... သူက ဘယ်လိုလူလဲဆိုတာ သိလိုက်ပြီမလား”

အခြားသော လူငယ်လေးအချို့ကလည်း ဝိုင်း၍ ထောက်ခံကြလေသည်

သူတို့ပြောချင်သော အဓိပ္ပါယ်မှာ ယောင်ပင်းသည်က နိမ့်ကျသော မျိုးရိုးနှင့် စရိုက်လက္ခဏာ ရှိသူဖြစ်သည်ဟူ၍ပင် ဖြစ်၏။

ချန်ကျီယာနှင့် မိုရှောက်ယောင်တို့မှလွဲ၍ ကျန်ရှိသူများအားလုံးက ယောင်ပင်း ထိုပစ္စည်းကို ခိုးယူခဲ့သည်ဟု အခိုင်အမာ ပြောဆိုကြသည်။

မိုရှောက်ယောင်အနေဖြင့် သူနှင့် အဆက်အသွယ် ဖြတ်တောက်ပစ်ရန်၊ အကောင်းဆုံးမှာ သူနှင့် ထပ်မံ၍ စကားမပြောရန်ပင် အကြံပြုကြလေသည်။

သူတို့၏ စကားလုံးများက အလွန်ပင် ရက်စက်လွန်းပြီး စော်ကားမှုများဖြင့်ပြည့်နေခဲ့သည်။

ယောင်ပင်း၏ နှလုံးသားမှာ တစ်စထက်တစ်စ ပို၍ အေးစက်လာခဲ့၏။

သူသည်က မည်သည့်အမှားကိုမျှ မလုပ်ခဲ့သော်လည်း လက်ခံနိုင်ဖွယ်မရှိသူ ဖြစ်နေခဲ့ရပေသည်။

ဒေါသအရှိန်အဟုန်တစ်ခုမှာ သူ၏အတွင်းဘက်မှ လှိုက်တက်လာခဲ့၏။

ယောင်ပင်းက မိုရှောက်ယောင်အား ကြည့်လိုက်လေသည်။

သူသည် မိုရှောက်ယောင် မည်သို့ပြောဆိုမည်ကိုသာ သိလိုခြင်း ဖြစ်ပေသည်။

မိုရှောက်ယောင်က ယောင်ပင်းအား နက်ရှိုင်းစွာ တစ်ချက်ကြည့်ပြီးနောက် နောက်ဆုံးတွင် စကားပြောလာခဲ့သည်။

“တစ်ခုခု နားလည်မှုလွဲတာ ရှိရမယ်... ယောင်ပင်းက အဲ့ဒီလိုလူမျိုး မဟုတ်ဘူးလို့ ကျွန်မ ယုံကြည်တယ်”

ယောင်ပင်း သက်ပြင်းချနိုင်သွားခဲ့ရ၏။

မိုရှောက်ယောင်က သူ့ကို အမြဲတစေ ယုံကြည်ပေးခဲ့ပေသည်။

ထိုအချက်ကပင် လုံလောက်ပြီ ဖြစ်၏။

ချန်ကျီယာကလည်း ကြောက်ကြောက်လန့်လန့်ဖြင့် ဝင်ပြောလိုက်သည်။

“ယောင်ပင်းက အခုလေးတင်ကမှ တဲထဲကို ဝင်သွားတာပါ၊ ကြားထဲမှာ ဒီလောက် အချိန်အကြာကြီးရှိနေသေးတာ၊ တခြားလူတွေလည်း သူ့တဲထဲ ရောက်နေနိုင်တာပဲ”

အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် သူမက ယောင်ပင်းကို အပြည့်အဝ ယုံကြည်နေမိသည်။

ယောင်ပင်းသည် ထိုကဲ့သို့သော လူမျိုး လုံးဝမဟုတ်ကြောင်း သူမ ယုံကြည်နေ၏။

ယောင်ပင်းက ချန်ကျီယာအား ကြည့်ကာ သူမကို ဖြည်းဖြည်းချင်း ပြုံးပြလိုက်၏။

ဤအချိန်မျိုးတွင် ယုံကြည်မှုဟူသည်မှာ အလွန်အမင်း တန်ဖိုးရှိပေသည်။

ချန်ကျီယာက ယောင်ပင်းဘက်မှ ကာကွယ်ပြောဆိုလိုက်ခြင်းမှာ ပိုင်ယွီအား ဒေါသထွက်စေခဲ့ပြီး သူမက ချက်ချင်းပင် ထစ်ငေါ့ ပြောဆိုလိုက်သည်။

“နင် ဘာကို ဆိုလိုတာလဲ၊ ငါက သူ့ကို မတရားစွပ်စွဲတယ်လို့ ပြောချင်တာလား?! အဲဒါဆိုရင် တခြားလူတဲမှာ မရှိဘဲ ဘာလို့ ဒီပစ္စည်းက သူ့တဲထဲ ရောက်နေရတာလဲ

နင့်ကို ဒီအသိုင်းအဝိုင်းထဲကို ဘယ်သူက ခေါ်လာပေးတာလဲဆိုတာရော နင် သိရဲ့လား”

ချန်ကျီယာ၏ မျက်နှာမှာ ကြောက်ရွံ့မှုကြောင့် ဖြူဖျော့သွားခဲ့၏။

“ကျွန်မ အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး...”

“ပြန်ရောက်ရင်တော့ နင်နဲ့ စာရင်းရှင်းမယ်”

ပိုင်ယွီက ချန်ကျီယာအား စိုက်ကြည့်လိုက်ပြီးနောက် ယောင်ပင်းဘက်သို့ ဒေါသတကြီး လှည့်လိုက်သည်။

“နင့်ကို ဒီမှာ မကြိုဆိုဘူး၊ ထွက်သွားလိုက်!”

“ဟုတ်တယ်၊ မိန်းကလေး အတွင်းခံကို ခိုးရလောက်အောင်ကို ယုတ်ညံ့တာပဲ၊ တကယ့်ကို အရှက်မရှိတဲ့ ကောင်!”

“ငါတို့တွေ အပြင်ထွက်ပြီး ပျော်ပျော်ပါးပါး လည်ပတ်ဖို့ လုပ်တာကို ဒီလိုလူမျိုးနဲ့ လာတိုးတာပဲ၊ တကယ့်ကို ရွံစရာကောင်းတယ်!”

…

လူအများအပြားက ဝိုင်းဝန်းဆဲဆိုကြလေသည်။

သူတို့က ယောင်ပင်းအား ဆဲဆိုပြီးနောက်တွင် တုမင်ယွမ်မှ “မတတ်သာသော” အမူအရာဖြင့် သူ့ကို ပြောလိုက်သည်။

“လူတိုင်းရဲ့ သဘောထားကို မင်း ကြားရပြီပဲ၊ ငါက မင်းကို မနေစေချင်တာ မဟုတ်ဘူး၊ မင်းကိုယ်တိုင်က ဒီအခွင့်အရေးကို တန်ဖိုးမထားတာ

ကောင်းပြီ၊ မင်း အခု သွားလို့ရပြီ၊ အပြင်မှာ ညဘက်ထွက်တဲ့ ဘတ်စ်ကားတွေ ရှိသေးတယ်၊ မင်း ဘတ်ကားစီးပြီး ပြန်လို့ရတယ်...”

မထွက်ခွာမီ တုမင်ယွမ်မှာ ယောင်ပင်းအား ထိုသို့ကဲ့ရဲ့သည့်စကားတစ်ခွန်းကိုထပ်ပြောခဲ့သည်။

လူ့သဘာဝဟူသည်မှာ တစ်ခါတစ်ရံတွင် အမှန်တကယ့်ကို ကြောက်စရာကောင်းလွန်းသည်။

ယောင်ပင်းအနေဖြင့် ရန်မဖြစ်ချင်သော်လည်း လျစ်လျူရှုထား၍လည်း မရနိုင်ပေ။

ချန်မိသားစုက သူ့ကို သိက္ခာချခဲ့ပြီးပြီဖြစ်ရာ တုမင်ယွမ်အား သူ့ကို ထပ်မံ၍ အကွက်ဆင်ခွင့် ပေး၍ မဖြစ်တော့ပေ။

“အတန်းခေါင်းဆောင်... ရှောက်ယောင် ပေါ်လာတဲ့ အချိန်ကစပြီး မင်း လူတွေကို ခေါ်လာပြီး ငါ့တံခါးကို လာခေါက်တဲ့အထိ၊ ပြီးတော့ ငါ့တဲထဲမှာ ဒီပစ္စည်းကို တွေ့တဲ့အထိ...”

ယောင်ပင်းက တုမင်ယွမ်အား စူးရှသော အကြည့်များဖြင့် အေးစက်စွာ စိုက်ကြည့်လိုက်သည်။

“ဘာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာ မင်း အသိဆုံး ဖြစ်မှာပါ၊ မင်းက သေတွင်းထဲကို ကိုယ်တိုင်တိုးဝင်နေမှတော့ ငါ့ကို ယဉ်ကျေးမနေဘူးလို့ အပြစ်မတင်နဲ့တော့”

*

အခန်း(82)

ယောင်ပင်းထံမှ အေးစက်သည့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့၏။

“မင်း... မင်း ဘာကို ဆိုလိုတာလဲ”

တုမင်ယွမ်မှာ သတိလက်လွတ် နောက်သို့ တစ်လှမ်းဆုတ်သွားခဲ့သော်လည်း လျင်မြန်စွာပင် ပြန်လည် တည်ငြိမ်အောင် လုပ်ကာ မျက်နှာကို တင်းမာထားရင်းဖြင့် မေးမြန်းလိုက်သည်။

“ယောင်ပင်း... မင်း ဘာလုပ်ချင်နေတာလဲ၊ မင်း အမှားလုပ်ခဲ့လို့ ငါက ပြုပြင်ပေးနေတာလေ၊ မင်း... မင်းက ဘာလုပ်ချင်လို့လဲ”

သူက တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားနေသော်လည်း အပြင်ပန်း၌သာ ဟန်ဆောင်နေခြင်းဖြစ်ပြီး အတွင်းစိတ်မှာမူ တုန်လှုပ်နေချေသည်။

အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် သူသည်က ယခုအခါ ယောင်ပင်းအား အနည်းငယ် ကြောက်ရွံ့နေမိသည်။

သခင်လေးများက အချင်းချင်း အကြည့်ချင်းဖလှယ်ကာ ယောင်ပင်းအား ဝိုင်းရံထားလိုက်ကြသည်။

သူတို့မှာ လူအင်အား ပိုများနေသည် ဖြစ်ကာ ယောင်ပင်းမှာ တစ်ကိုယ်တည်းသာ ဖြစ်သည်။

သူတို့ ဘာကို ကြောက်နေရမှာလဲ။

“သုံး”

ယောင်ပင်းက အင်တာဖေ့စ်ကို ဖွင့်ကာ “ဆယ်မိနစ် နောက်သို့ ပြန်လှည့်ခြင်း” ကို ရွေးချယ်လိုက်ပြီး တည်ငြိမ်စွာပင် စတင် ရေတွက်လိုက်လေသည်။

“မင်း ဘာလုပ်နေတာလဲ”

တုမင်ယွမ်က ပျာပျာသလဲ မေးလိုက်၏။

“နှစ်”

“တစ်...”

ဝုန်း!

အရာအားလုံးမှာ လွန်ခဲ့သော ဆယ်မိနစ်ဆီသို့ ပြန်လည် ရောက်ရှိသွားခဲ့လေသည်။

ယောင်ပင်း ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်၏။

ပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင် သူသည်က တဲထဲသို့ အမှန်တကယ် ပြန်လည် ရောက်ရှိနေပြီ ဖြစ်ပေသည်။

“ငါ့ပစ္စည်းတွေကို ဘယ်သူခိုးတာလဲ!”

ပိုင်ယွီ၏ ဒေါသထွက်နေသော အသံမှာ တဲအပြင်ဘက်၌ ထပ်မံ၍ ထွက်ပေါ်လာခဲ့၏။

ယောင်ပင်းမှာ အနည်းငယ် ပြုံးလိုက်မိသည်။

အချိန်မှာ ဆယ်မိနစ် နောက်သို့ ပြန်လှည့်သွားခဲ့လေပြီ။

ပိုင်ယွီ သူမ၏ ပစ္စည်းများကို ရှာဖွေနေသည့် အချိန်နှင့် အချိန်ကိုက်ပင် ဖြစ်၏။

ပိုင်ယွီ၏ အသံထွက်ပေါ်လာပြီးနောက်တွင် ပိုင်ယွီ၏ တဲဆီသို့ အလျင်အမြန် သွားနေကြသော ခြေသံများကို အပြင်ဘက်၌ ကြားလိုက်ရသည်။

ယောင်ပင်းတစ်ယောက် တည်ငြိမ်စွာပင် သူ၏တဲအတွင်း၌ ရှာဖွေလိုက်၏။

မျှော်လင့်ထားသည့်အတိုင်း တုမင်ယွမ်က သူ့အတွက် ပြင်ဆင်ပေးထားသော အပြင်ဘက်သုံးအိပ်ယာလိပ် အိတ်အတွင်း၌ ပါးလွှာသော အမည်းရောင် အတွင်းခံတစ်ထည် ရှိနေခဲ့သည်။ ၎င်းမှာ ပိုင်ယွီ ပျောက်ဆုံးသွားသော ပစ္စည်းပင် ဖြစ်ပေသည်။

တုမင်ယွမ်သည်က အစကတည်းက ကြိုတင်ပြင်ဆင်ထားပြီး သူ ငါးစာဟပ်မိမည့် အချိန်ကိုသာ စောင့်နေခြင်း ဖြစ်ပုံရ၏။

တုမင်ယွမ်က သူ့အတွက် ထိုကဲ့သို့သော အံ့အားသင့်စရာကို ပြင်ဆင်ထားမှတော့ သူကလည်း တုမင်ယွမ်အား အံ့အားသင့်စရာ တစ်ခု ပြန်လည် လက်ဆောင်ပေးရမည်ပင်။

ထို့နောက် ယောင်ပင်းမှာ သူ၏ ပစ္စည်းများကို သိမ်းဆည်းကာ တဲအပြင်ဘက်သို့ အေးအေးလူလူ လျှောက်လှမ်း ထွက်ခွာခဲ့လေသည်။

သူ တဲအပြင်သို့ ထွက်လာချိန်တွင် တုမင်ယွမ်က ယောက်ျားလေးများ၏ တဲအချို့ကို ရှာဖွေရန် ညွှန်ကြားထားပြီး ဖြစ်နေခဲ့သည်။

ယောင်ပင်းက တုမင်ယွမ်နှင့် ဘေးချင်းယှဉ်၍ ဖြတ်ကျော်သွားခဲ့၏။

အချိန်က တစ်စက္ကန့်မျှသာ ကြာမြင့်ခဲ့သည်။

သို့သော် သူတို့ အချင်းချင်း ဖြတ်ကျော်သွားပြီးနောက်တွင် ထိုပစ္စည်းမှာ တုမင်ယွမ်၏ အိတ်ကပ်အတွင်းသို့ ရောက်ရှိသွားခဲ့လေပြီ။

သို့သော် တုမင်ယွမ်မှာ မသိသေးချေ။

မိနစ်အနည်းငယ် ကြာပြီးနောက်။

အုပ်စုလိုက် ရှာဖွေခြင်းမှာ ပြီးဆုံးသွားခဲ့၏။

ယောင်ပင်းဘက်မှ လက်ဦးမှုယူကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်၍ သူတို့အနေဖြင့် မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ကြပေ။

တုမင်ယွမ်က သမင်လေးမာအား ဇဝေဇဝါဖြင့် စိုက်ကြည့်လိုက်၏ ။

သူ့အနေဖြင့် သခင်လေးမာအား ထိုပစ္စည်းကို ယောင်ပင်း၏ အိတ်ထဲသိုး ထည့်ခိုင်းထားခဲ့သည်။

အဘယ်ကြောင့် ရှာမတွေ့ရသနည်း။

တုမင်ယွမ်မှာ ရှာမတွေ့သည့်အတွက် လက်လျှော့ရန်သာ တတ်နိုင်တော့သည်။

“ပိုင်ယွီ... သေသေချာချာ ပြန်ရှာကြည့်ဦး၊ မင်း တစ်နေရာရာမှာ ထားပြီး မေ့နေတာ မဟုတ်ဘူးလား”

“ဖြစ်နိုင်လို့လား...”

ပိုင်ယွီမှာလည်း ဇဝေဇဝါ ဖြစ်နေ၏။

သူတို့အနေဖြင့် အစပိုင်းကတည်းက သေသေချာချာ စီစဉ်ထားခြင်း ဖြစ်ပေသည်။ အဘယ်ကြောင့် မမျှော်လင့်ထားသော အခြေအနေတစ်ခု ရုတ်တရက် ဖြစ်လာရသနည်း။

လူအုပ်စုက လူစုခွဲရန် ပြင်ဆင်လိုက်ကြ၏။

ထိုအချိန်တွင် ယောင်ပင်းက စကားပြောလိုက်လေသည်။

“တစ်ယောက်ယောက်က ပစ္စည်းခိုးထားတယ်ဆိုရင် တဲထဲမှာ ဝှက်ထားချင်မှ ထားမှာပေါ့၊ သူတို့ရဲ့... ကိုယ်ပေါ်မှာ ဝှက်ထားတာလည်း ဖြစ်နိုင်တယ်၊ အတန်းခေါင်းဆောင်.. မင်း လူတိုင်းရဲ့ခန္ဓာကိုယ်ကိုလည်း ရှာဖွေသင့်တယ် မဟုတ်ဘူးလား”

သူ စကားပြောပြီးသည်နှင့် သခင်လေးမာ သူ၏ ပေါင်ကို ရိုက်ကာအော်ပြောလိုက်သည်။

“ဟုတ်သားပဲ၊ ငါတို့ သူတို့ကို ရှာသင့်တယ်!”

“ဟုတ်တယ်၊ ရှာစမ်း.. ဘယ်သူ့ဆီမှာ ရှိနေလဲဆိုတာ ကြည့်ရအောင်!”

ယောင်ပင်း၏ အကြံပြုချက်ကို လူတိုင်းက သဘောတူညီခဲ့ကြလေသည်။

တုမင်ယွမ်ကတော့ သတိကြီးစွာဖြင့် ကြည့်နေခဲ့၏။

ယောင်ပင်းက အဘယ်ကြောင့် ရှာဖွေရန် အကြံပြုရသနည်းဆိုသည်ကို သူ နားမလည်နိုင်ပေ။ သူ ဘာမှမသိသေးတာများလား။

သို့သော် သူသည်က ဤအကြံပြုချက်ကို ငြင်းဆန်၍ မရနိုင်ပေ။

အကယ်၍ သူ ငြင်းဆန်လိုက်ပါက သူကိုယ်တိုင် အဓိက သံသယရှိသူ ဖြစ်သွားပေလိမ့်မည်။

ဤသို့ဖြင့် ရှာဖွေခြင်း စတင်ခဲ့လေသည်။

မိန်းကလေးများကို ချွင်းချက်ထားပြီး ရှိနေသော ယောက်ျားလေးများကိုသာ အဓိက ရှာဖွေကြ၏။

သခင်လေးမာက တစ်ယောက်ပြီးတစ်ယောက် ရှာဖွေခဲ့လေသည်။

နောက်ဆုံးတွင် တုမင်ယွမ်၏ အလှည့်သို့ ရောက်ရှိလာခဲ့၏။

မျှော်လင့်ထားသည့်အတိုင်းပင်။

သခင်လေးမာက တုမင်ယွမ်၏ အိတ်ကပ်အတွင်းမှ ပါးလွှာသော အမည်းရောင် ပစ္စည်းတစ်ခုကို ဆွဲထုတ်လိုက်လေသည်။

ဤသည်မှာ ပိုင်ယွီ၏ အတွင်းခံ ဖြစ်နေခဲ့သည်။

လူတိုင်းက ချက်ချင်းပင် မှင်သက်သွားခဲ့ကြ၏။

တုမင်ယွမ်မှာလည်း ထိတ်လန့်သွားခဲ့ရပေသည်။

“ဘယ်လို... ဒါက ငါ့ဆီကို ဘယ်လိုရောက်နေတာလဲ”

တုမင်ယွမ်မှာ ခဏမျှ ကြောင်အသွားပြီးနောက် ဒေါသတကြီး အော်ဟစ်လိုက်သည်။

“တစ်ယောက်ယောက်က ငါ့ကို မတရား စွပ်စွဲဖို့ လုပ်တာပဲ ဖြစ်ရမယ်! ငါက ဘာလို့ ဒီလိုမျိုး ပစ္စည်းကို ခိုးရမှာလဲ”

ဤပစ္စည်းမှာ ယောင်ပင်း၏ တဲထဲတွင် ရှိနေရမည် မဟုတ်ပါလား။

သူ၏ ကိုယ်ပေါ်သို့ မည်သို့ ရောက်လာရသနည်း။

ယောင်ပင်းက လှောင်ပြုံးပြုံးလိုက်လေ၏။

“မင်း ပြောချင်တာက ပိုင်ယွီက မင်းကို မတရားစွပ်စွဲတယ်လို့ ပြောချင်တာလား”

“မင်း အဓိပ္ပာယ်မရှိတဲ့စကားတွေ လျှောက်မပြောနဲ့!”

“အဓိပ္ပာယ်မရှိတာ!”

တုမင်ယွမ်နှင့် ပိုင်ဝေတို့၏ အမူအရာမှာ တစ်ပြိုင်နက်တည်း ပြောင်းလဲသွားခဲ့ပြီး အတူတကွ ဆဲဆိုလိုက်ကြ၏။

သူတို့မှာ ယောင်ပင်းအား မတရားစွပ်စွဲရန် ကြိုတင်ပူးပေါင်း ကြံစည်ထားခြင်း ဖြစ်ပေသည်။

သို့သော် ယခုအချိန်တွင် ယောင်ပင်းအား စွပ်စွဲရန် ကြိုးပမ်းမှုမှာ ကျရှုံးသွားခဲ့ပြီး ထိုပစ္စည်းမှာ ရှင်းပြ၍မရသော နည်းလမ်းဖြင့် တုမင်ယွမ်ထံသို့ ရောက်ရှိသွားကာ လက်ပူးလက်ကြပ်ပင် မိခဲ့ချေပြီ။

သူတို့ ဒါကိုကို ဘယ်လို ဖြေရှင်းကြရတော့မှာလဲ။

ထိုအချိန်တွင် မိုရှောက်ယောင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်

“မင်ယွမ်... ရှင် ဘယ်လိုလုပ်ပြ ပိုင်ယွီရဲ့ ပစ္စည်းတွေကို ယူရတာလဲ၊ အထူးသဖြင့် ဒီလိုမျိုး ပစ္စည်းကိုပေါ့”

တုမင်ယွမ်က ပျာပျာသလဲ ရှင်းပြလိုက်သည်။

“ငါ မယူပါဘူး၊ တကယ် မယူတာပါ...”

“ရှင် မယူဘူးဆိုရင် ဒါက ရှင့်ဆီကို ဘယ်လိုရောက်နေတာလဲ”

“ငါ မသိဘူး...”

သူ မည်သို့ပင် ရှင်းပြသည်ဖြစ်စေ ရှင်းပြ၍ ရနိုင်တော့မည် မဟုတ်ချေ။

သူ့အနေဖြင့် ထိုပစ္စည်းကို သူ၏ ကိုယ်ပေါ်သို့ အဘယ်ကြောင့် ထည့်လိုက်ရသည်ကို နောက်မှသာ သခင်လေးမာနှင့် ကိုယ်တိုင် သေသေချာချာ မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။

ထိုအချိန်မှာပင် အလင်းတန်းပေါင်းများစွာမှာ လူတိုင်း၏ အပေါ်သို့ ရုတ်တရက် ကျရောက်လာခဲ့၏။

စူးရှသော အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“ဘယ်သူက တုမင်ယွမ်လဲ?”

*

တုမင်ယွမ်မှာ လက်ပူးလက်ကြပ် အမိခံလိုက်ရခဲ့သဖြင့် အလွန်အမင်း အရှက်ရကာ အနေရခက်နေချေသည်။

ထိိအခိုက်တွင်ရုတ်တရက် ထွက်ပေါ်လာသော စူးရှသည့်အသံမှာ သူ့ကို ကယ်တင်လိုက်သကဲ့သို့ ဖြစ်သွားပြီး အရှေ့သို့ အလျင်အမြန် လှည့်ကြည့်လိုက်၏။

သို့သော် တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမှာ လန့်ဖျပ်သွားခဲ့ရပေသည်။

မလှမ်းမကမ်းတွင် ‘ယွီရှို့စံအိမ်’ ယူနီဖောင်းများ ဝတ်ဆင်ထားသော လူတစ်ဒါဇင်ခန့်မှာ အစီအရီ ရပ်နေကြပြီး၊ ခေါင်းဆောင်ဖြစ်သော မုဆိတ်နှင့် အမျိုးသားမှာ ၎င်းတို့အား အေးစက်စက် အကြည့်များဖြင့် စိုက်ကြည့်နေခဲ့သည်။

တုမင်ယွမ်မှာ ခဏမျှ တုံ့ဆိုင်းသွားပြီးမှ လက်မြှောက်ပြောလိုက်လေ၏။

“ကျွန်တော်က တုမင်ယွမ်ပါ... ဘာကိစ္စရှိလို့လဲ”

“သူ့ကို ခေါ်သွားလိုက်”

“ကျန်တဲ့လူတွေကိုလည်း အကုန်ခေါ်လာခဲ့!”

တုမင်ယွမ်က ဝန်ခံလိုက်သည်နှင့် မုတ်ဆိတ်နှင့် အမျိုးသားက အော်ဟစ်လိုက်ပြီး လူအားလုံးကို ဖမ်းဆီးခေါ်ဆောင်သွားရန် အမိန့်ပေးလိုက်လေသည်။

မုတ်ဆိတ်နှင့်လူ၏ အမိန့်ပေးမှုအောက်တွင် အနက်ရောင်ယူနီဖောင်းဝတ် လူတစ်ဒါဇင်ခန့်မှာ ချက်ချင်းပင် ရှေ့သို့ တိုးလာပြီး လိုက်ခဲ့ရန် လက်ဟန်ခြေဟန် ပြုကြတော့သည်။

ထိုအနက်ရောင်ဝတ် လူများမှာ တစ်လျှောက်လုံး ယဉ်ကျေးပျူငှာစွာ ဆက်ဆံကြ၏။

သို့သော် ၎င်းတို့ထံမှ ထွက်ပေါ်နေသော လေးလံအေးစက်သည့် အရှိန်အဝါကြောင့် မည်သူကမျှ ငြင်းဆန်ရန် မဝံ့ရဲကြပေ။

တုမင်ယွမ်သည်ကား ယူနီဖောင်းဝတ်လူများနောက်သို့ လိုက်ပါကာ ယွီရှို့စံအိမ်၏ အရှေ့ခန်းမဆောင်ဆီသို့ ဦးတည်သွားနေစဉ် သတိကြီးစွာဖြင့် မေးမြန်းလိုက်သည်။

“တဆိတ်လောက်ပါ၊ ကျွန်တော်တို့ကို ဘယ်သူက တွေ့ချင်နေတာလဲ? ဘာကိစ္စရှိလို့လဲ”

မုတ်ဆိတ်နှင့် အမျိုးသားက အေးစက်စွာ တုံ့ပြန်လိုက်သည်။

“ဟိုရောက်ရင် သိရလိမ့်မယ်! မြန်မြန်လုပ်၊ ငါတို့သခင်ကြီးကို အကြာကြီး စောင့်ခိုင်းလို့မဖြစ်ဘူး”

သူ၏ အမိန့်ပေးမှုကြောင့် အနက်ရောင်ဝတ်လူများမှာ ချက်ချင်းပင် ခြေလှမ်းသွက်လိုက်ကြ၍ တုမင်ယွမ်နှင့် သူ၏ အဖော်များမှာလည်း အမီလိုက်နိုင်ရန် အပြေးအလွှား လိုက်ကြရလေသည်။ တုမင်ယွမ်က သခင်လေးမာ နှင့် ခြားသူများကို မျက်စိတစ်မှိတ် ပြလိုက်၏။

သခင်လေးမာမှာ သဘောပေါက်သွားပြီး ချက်ချင်းပင် အော်ဟစ်လိုက်လေသည်။

“ငါတို့ကို ဘာလုပ်မလို့လဲ၊ ငါတို့က ယွီရှို့စံအိမ်ရဲ့ ဧည့်သည်တွေနော်၊ မင်းတို့က ဧည့်သည်တွေကို ဒီလိာ ဆက်ဆံတာလား မင်းတို့ မန်နေဂျာကို ခေါ်ခဲ့စမ်း၊ ငါ အကျိုးအကြောင်း သိချင်တယ်”

ပိုင်ယွီကလည်း မျက်မှောင်ကြုတ်ကာ ရွံရှာသည့် အမူအရာဖြင့် ပြစ်တင်လိုက်သည်။

“နင်တို့ရဲ့ ညစ်ပတ်တဲ့ လက်တွေနဲ့ ငါ့ကို ထပ်ထိရဲရင် နင်တို့ရဲ့ ခေါင်းတွေကို လိမ်ချိုးပစ်မယ်”

…

တုမင်ယွမ်မှာ တစ်ဖက်မှ သူ့ကို ပစ်မှတ်ထားနေကြောင်း သိရှိပေသည်။

သူ့တစ်ယောက်တည်း၏ အင်အားမှာ သေးငယ်သော်လည်း သူနှင့်အတူ ပါလာသူများမှာ လူမှုအသိုင်းအဝိုင်း၏ အထက်တန်းလွှာများ ဖြစ်ကြပြီး မိုရှောက်ယောင်သည်လည်း ထိပ်တန်း မိုမိသားစုမှ ဖြစ်ပေသည်။

အကယ်၍ သူတို့အားလုံး ဝိုင်းဝန်း ကန့်ကွက်ကြမည်ဆိုလျှင် တစ်ဖက်လူအနေဖြင့် လျစ်လျူရှုဝံ့မည် မဟုတ်ပေ။

သူ၏ အစီအစဉ်မှာ လိမ္မာပါးနပ်လှသော်လည်း မုတ်ဆိတ်နှင့်လူက အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိဘဲ အေးစက်စွာ ပြောလိုက်သည်။

“မင်းတို့ရဲ့ အားအင်တွေကို ချွေတာထားဖို့ ငါ အကြံပေးချင်တယ်၊ ငါတို့ သခင်ကြီးနဲ့ တွေ့မှပဲ စကားပြောကြတာပေါ့”

သခင်လေးမာနှင့် သူ၏အဖော်များမှာ ချက်ချင်းပင် မှင်သက်သွားကြ၏။

၎င်းတို့မှာ ပြဿနာရှာရန် ကြိုးစားနေသော်လည်း တစ်ဖက်လူက လုံးဝ ဂရုမစိုက်ပေ။

တုမင်ယွမ်မှာလည်း မျက်မှောင်ကြုတ်ကာ လိုက်သွားရန်မှလွဲ၍ရွေးချယ်စရာမရှိတော့ပေ။

ယောင်ပင်း၊ မိုရှောက်ယောင်နှင့် ချန်ကျီယာတို့မှာ လူအုပ်နောက်မှ ရည်ရွယ်ချက်ရှိရှိ ချန်နေခဲ့ပြီး အနောက်မှ လိုက်ပါလာကြသည်။

မကြာမီတွင် အုပ်စုမှာ အရှေ့ခန်းမဆောင်သို့ ရောက်ရှိလာခဲ့၏။

တံခါးဝသို့ ရောက်သောအခါ မုတ်ဆိတ်နှင့်လူက ခန်းမ၏ အစွန်ဆုံးတွင် ထိုင်နေသော အဘိုးအိုအား ရိုသေစွာ ဦးညွှတ်လိုင်သည်။

“သခင်ကြီး... သူတို့ကို ခေါ်လာပါပြီ”

ထို့နောက် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။

“သူတို့ကို ခေါ်လာခဲ့”

*

All Chapters