အခန်း (၈၃-၈၄)
Vol. 9 Ch. 83-84
အခန်း(83)
ထိုအဘိုးအို၏ စကားသံကြောင့် လူတိုင်းမှာ တွန့်ဆုတ်သွားကြ၏။
အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် ထိုင်နေသော အဘိုးအိုမှာ ကျန်းနန် ထိပ်တန်းအသိုင်းအဝိုင်း၏ ထိပ်သီးပုဂ္ဂိုလ်တစ်ဦး ဖြစ်သော ‘သခင်ကြီးကော်’ ပင် ဖြစ်နေသောကြောင့်ပင်။
ခန်းမ၏ ဘေးတစ်ဖက်တစ်ချက်တွင် အနက်ရောင်ယူနီဖောင်းဝတ် လူဒါဇင်ပေါင်းများစွာ ရပ်နေကြပြီး ၎င်းတို့အားလုံးမှာ ခန္ဓာကိုယ် တောင့်တင်းကြံ့ခိုင်ကာ လေ့ကျင့်ထားသော တိုက်ခိုက်ရေးသမားများ ဖြစ်ပေ၏။
သခင်ကြီးကော်၏ မျက်နှာမှာ တင်းမာနေပြီး သူ၏ မျက်လုံးများထဲတွင် ဒေါသများ ပြည့်နှက်နေချေသည်။
အရှေ့ခန်းမဆောင်အတွင်းရှိ လေထုမှာ လေးလံကာ တင်းမာနေပြီး အသက်ရှူရပင် ခက်ခဲစေပေသည်။
သခင်ကြီးကော်ကို မြင်သည်နှင့် ယောင်ပင်းမှာ ချက်ချင်းပင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကာ လူအုပ်အတွင်း၌ မသိသာဆုံးနေရာတွင် နေရာယူလိုက်၏။
သူသည်က ပြဿနာများကို မနှစ်သက်ဘဲ မလိုအပ်သော လုပ်ထုံးလုပ်နည်းများကို ရှောင်ရှားလိုသူ ဖြစ်သည်။
သူ့အနေဖြင့် အခြေအနေကို အရင်ဆုံး အကဲခတ်လိုခြင်း ဖြစ်ပေသည်။
“မင်းက တုမင်ယွမ် လား?
“ သခင်ကြီးကော်က ကြောက်ကြောက်လန့်လန့်ဖြင့် ချဉ်းကပ်လာသော တုမင်ယွမ်အား အေးစက်စွာ မေးမြန်းလိုက်သည်။
“ဟုတ်ပါတယ်”
တုမင်ယွမ်က အတင်းအကျပ် ပြုံးလျက် ခေါင်းညိတ်ပြကာ သူ၏ အမည်ကို အလျင်အမြန် မိတ်ဆက်လိုက်သည်။
“အဘိုးကော်... ကျွန်တော်က မင်ယွမ် ပါ၊ ကျွန်တော့်အဖေက တုခန်းပါ...”
အခြေအနေက မဟန်တော့ကြောင်းကို မြင်သည်နှင့် တုမင်ယွမ်မှာ သူ၏ ဖခင်အမည်ကို တိုက်ရိုက် ထုတ်သုံးလိုက်လေသည်။
သူ၏ မိသားစုမှာ သခင်ကြီးကော်နှင့် အသိုင်းအဝိုင်းချင်း မတူသော်လည်း အထက်တန်းလွှာနှင့် ထိပ်တန်းအသိုင်းအဝိုင်းများမှာ အမြဲတစေ ထိတွေ့ဆက်ဆံမှု ရှိကြပြီး ပတ်သက်မှုအချို့ အမြဲရှိနေတတ်ပေသည်။
တစ်ခုခု ဖြစ်လာလျှင်ပင် သခင်ကြီးကော်အနေဖြင့် သူ၏ဖခင်ကို ထောက်ထားကာ လျစ်လျူရှုပေးကောင်း ပေးနိုင်ပေသည်။
“မင်း စာရေးရင် ဘယ်ဘက်လက်ကို သုံးတာလဲ”
သခင်ကြီးကော်က မျက်လွှာချလျက် လုံးဝ သက်ဆိုင်ခြင်းမရှိသော မေးခွန်းတစ်ခုကို မေးမြန်းလိုက်၏။
တုမင်ယွမ်မှာ ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ရိုသေစွာ ဖြေလိုက်သည်။
“ညာဘက်လက်နဲ့ ရေးပါတယ်”
သူ စကားပြောမဆုံးမီမှာပင် သခင်ကြီးကော်က အေးစက်စွာ အမိန့်ပေးလိုက်သည်။
“ သူ့ရဲ့ ညာဘက်လက်ကို ဖြတ်ပစ်လိုက်ကြ”
သခင်ကြီးကော်၏ စကားမှာ ချက်ချင်းပင် ကြီးမားသော လှုပ်ခတ်မှုကို ဖြစ်ပေါ်စေခဲ့၏။
လူတိုင်း ထိတ်လန့်သွားကြလေ၏။
ကျန်ရှိသော သခင်လေးများနှင့် သခင်မလေးများမှာတော့ ထိတ်လန့်ကြောက်ရွံ့သွားကြ၏။
သခင်ကြီးကော်က တုမင်ယွမ်၏ လက်ကို ဖြတ်ရန်အတွက် ခေါ်ယူခဲ့ခြင်းလား။
ဘာတွေ ဖြစ်နေတာလဲ?
အကယ်၍သာ အခြားသူတစ်ဦး ဖြစ်နေမည်ဆိုပါက ဤသခင်လေးများနှင့် သခင်မလေးများမှာ ပြဿနာရှာနေကြလိမ့်ပြီ ဖြစ်ပေလိမ့်မည်။
သို့သော် တစ်ဖက်လူမှာ ကျန်းနန်၏ အခွင့်အာဏာ အရှိဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် သခင်ကြီးကော် ဖြစ်နေခဲ့သည်။
သူ၏ တည်ရှိနေမှုကပင် ၎င်းတို့ကို တုန်လှုပ်စေရန် လုံလောက်ပေသည်။ တုမင်ယွမ်အတွက် မည်သူက အသနားခံဝံ့မည်နည်း။
မိုရှောက်ယောင်က သက်ပြင်းသာ ချလိုက်မိ၏။
သူမအနေဖြင့် ယခုအခါတွင် ရှောင်လွှဲ၍ မရနိုင်တော့ကြောင်း သိရှိပေသည်။
သူမသည်က ယွီချီကျားနှင့်အတူ ကြီးပြင်းလာခဲ့သူ ဖြစ်ပြီး တုမင်ယွမ်မှာ ယွီချီကျား၏ သူငယ်ချင်းကောင်း ဖြစ်ပေသည်။ အကယ်၍ သူမက မည်သည့်အရာကိုမှမလုပ်ဘဲ ရပ်ကြည့်နေမည်ဆိုပါက သူမအနေဖြင့် ရှင်းပြနိုင်တော့မည် မဟုတ်ပေ။
မိုရှောက်ယောင် လူအုပ်၏နောက်မှ တိုးထွက်လာကာ သခင်ကြီးကော်ထံသို့ လျှောက်သွားပြီး တိုးညင်းစွာ မေးမြန်းလိုက်သည်။
“အဘိုးကော်... မင်ယွမ်က ဘာအမှားတွေလုပ်မိလို့ အဘိုး ဒီလောက်အထိ ဒေါသထွက်နေရတာလဲ၊ အဘိုးရဲ့ မျက်လုံးထဲမှာတော့ သူက ကလေးတစ်ယောက်ပါပဲ၊ အဘိုး စိတ်ပြေသွားအောင် သူ့ကို ဆူတာဖြစ်ဖြစ်၊ ရိုက်တာဖြစ်ဖြစ် လုပ်လို့ရပါတယ်...”
မိုရှောက်ယောင် ဝင်ရောက်ပြောဆိုသည်ကိုမြင်သည်နှင့် တုမင်ယွမ်နှင့် အခြားသူများလည်း သက်ပြင်းချနိုင်သွားခဲ့ကြ၏။
မိုမိသားစုနှင့် ကော်မိသားစုမှာ အဆင့်အတန်း တန်းတူရှိကြပြီး၊ အကြီးအကဲမို နှင့် သခင်ကြီးကော်တို့မှာ ရင်းနှီးသော ဆက်ဆံရေး ရှိကြသည် ဖြစ်၍ သခင်ကြီးကော်အနေဖြင့် မိုရှောက်ယောင်၏ မျက်နှာကို ထောက်ထားမည်မှာ သေချာပေသည်။
“ရှောက်ယောင်ပဲ”
မိုရှောက်ယောင်ကို မြင်လိုက်ရသောအခါ သခင်ကြီးကော်၏ မှုန်မှိုင်းနေသော မျက်နှာမှာ အနည်းငယ် ပြေလျော့သွားခဲ့၏။
သူက မိုရှောက်ယောင်အား သူ့ထံသို့ လာရန် လက်ဟန်ပြလိုက်ပြီးနောက် မျက်နှာ ပြန်လည် တင်းမာသွားကာ ပြောလိုက်သည်။
“ဒီနေ့က မင်းရဲ့ အဘွားကော် ကွယ်လွန်တဲ့ နှစ်ပတ်လည်နေ့ပဲ၊ ငါက မင်းရဲ့အဘွားကော်အတွက် ဘုန်းကြီးတွေကို ပင့်ဖိတ်ပြီး ဆုတောင်းအလံတွေကို အထူးပြုလုပ်ထားခဲ့တာ၊ ဒါပေမဲ့ ဒီကောင်စုတ်က... ဘယ်သူက ထင်မှာလဲ...”
သခင်ကြီးကော်မှာ ဒေါသထွက်လွန်းသဖြင့် သူ၏ စကားကို အဆုံးမသတ်နိုင်ခဲ့ပေ။
မိုရှောက်ယောင်မှာ ဥာဏ်ကောင်းသူ ဖြစ်သဖြင့် ချက်ချင်းပင် သခင်ကြီးကော်အား စိတ်အေးစေရန် ကူညီပေးကာ တုမင်ယွမ်ကဲ့သို့သော သူနှင့် အဆင့်အတန်း တန်းတူမထားရန် ညင်သာစွာ ဖျောင်းဖျလိုက်လေသည်။
သခင်ကြီးကော်က သူ၏ မျက်နှာကို တင်းထားဆဲဖြစ်ပြီး လက်ဟန်ပြလိုက်လေ၏။
မုတ်ဆိတ်နှင့် အမျိုးသားမှာလည်း သဘောပေါက်သွားကာ လူအချို့ကို တစ်ခုခု သွားယူရန် ချက်ချင်းပင် အမိန့်ပေးလိုက်၏။
မကြာမီတွင် အနက်ရောင်ဝတ် လူအချို့မှာ အရောင်အသွေး စုံလင်သော ဆုတောင်းအလံတစ်ခုကို ယူဆောင်လာခဲ့ကြသည်။
အလံ၏ အဖြူရောင်ဘက်ခြမ်းတွင် တစ်စုံတစ်ယောက်က အနီရောင် ရေဆေးဖြင့် “တုမင်ယွမ် ဤနေရာသို့ ရောက်ခဲ့သည်!” ဟူ၍ ရဲရဲတင်းတင်း ရေးသားထားလေသည်။
အလံပေါ်ရှိ စကားလုံးများကို မြင်လိုက်ရသောအခါတွင် မိုရှောက်ယောင်မှာ ချက်ချင်းပင် ပါးစပ်ပိတ်သွားခဲ့ရပေသည်။
သူမ မည်မျှပင် အသနားခံစေကာမူ သခင်ကြီးကော်အနေဖြင့် ယနေ့တွင် တုမင်ယွမ်အား အလွတ်ပေးမည် မဟုတ်ကြောင်း သူမ သိရှိသွားခဲ့ပြီ ဖြစ်၏။
သခင်ကြီးကော်သည်ကား သူ၏ ကွယ်လွန်သူဇနီးအား အလွန်အမင်း ရိုသေလေးစားသူ ဖြစ်ပြီး၊ သူမ ကွယ်လွန်သောနှစ်ပတ်လည်နေ့တွင် ဘာသာရေး အခမ်းအနားများအတွက် အရင်းအမြစ် အမြောက်အမြားကို အသုံးပြုကာ ဘုန်းကြီးများကို ပင့်ဖိတ်၍ သူမ၏ ဝိညာဉ်အား ကောင်းရာသုဂတိသို့ ရောက်ရှိစေရန် ပရိတ်တရားများ ရွတ်ဖတ်စေခြင်းတို့ကို အစွမ်းကုန် လုပ်ဆောင်လေ့ရှိပေသည်။
ဤအရောင်စုံ ဆုတောင်းအလံမှာ သူမ၏ အောက်မေ့ဖွယ်နေ့အတွက် ဘုန်းကြီးများ ပြုလုပ်ပေးထားခြင်း ဖြစ်ရပေမည်။
တုမင်ယွမ်သည်က ထိုအလံပေါ်တွင် ဤကဲ့သို့သော စာသားကို အမှန်တကယ် ရေးသားခဲ့သည်။
သခင်ကြီးကော် ဒေါသထွက်နေသည်မှာ မဆန်းတော့ပေ။
အကယ်၍ အခြားကိစ္စသာ ဖြစ်ပါက သူမအနေဖြင့် သခင်ကြီးကော်အား အသနားခံနိုင်ပြီး ကိစ္စမှာ ပြေလည်သွားနိုင်ပေသည်။
သို့သော် တုမင်ယွမ်လုပ်ခဲ့သည့် ကိစ္စအတွက်မူ သခင်ကြီးကော်မှာ လုံးဝ ခွင့်လွှတ်နိုင်မည် မဟုတ်ပေ။ သူမ၏ အသနားခံမှုမှာလည်း အပိုသာ ဖြစ်သွားပေလိမ့်မည်။
မျှော်လင့်ထားသည့်အတိုင်းပင် မိုရှောက်ယောင်က ဆုတောင်းအလံကို ကြည့်ပြီးနောက် သခင်ကြီးကော်က အေးစက်စွာ ပြောလိုက်သည်။
“ရှောက်ယောင်... မင်း နောက်ကျရင် လန့်မသွားအောင် အဘိုးကော်ရဲ့ နောက်မှာပဲ သွားနေလိုက်ပါ”
ဤသည်မှာ မိုရှောက်ယောင်အား စိုးရိမ်ပေးပုံပေါ်သော်လည်း လက်တွေ့တွင်တော့ ဤကိစ္စ၌ ဝင်မပါရန် သိမ်မွေ့စွာပြောဆိုလိုက်ခြင်းပင် ဖြစ်၏။
မိုရှောက်ယောင်က တုမင်ယွမ်အား မတတ်သာသော အကြည့်ဖြင့် ကြည့်ကာ အားနာစွာဖြင့် ခေါင်းခါပြလိုက်လေသည်။
အကြောင်းအရာမှာ ပေါ်ပေါက်သွားခဲ့ပြီ ဖြစ်ရာ သူမအနေဖြင့် ဝင်ရောက် ပြောဆို၍ မရနိုင်တော့ပေ။
တုမင်ယွမ်မှာ ဆုတောင်းအလံပေါ်ရှိ စကားလုံးများကို ငေးကြောင်ကြည့်ကာ အော်ဟစ်လိုက်သည်။
“အဘိုးကော်... ကျွန်တော် ဒီစာတွေကို မရေးပါဘူး”
သူသည်က ယောင်ပင်းအား နှိပ်ကွပ်ရန်သာ အာရုံစိုက်နေခဲ့သဖြင့် သူ၏ ပတ်ဝန်းကျင်ကို ဂရုမပြုမိခဲ့သလို၊ ထိုဆုတောင်းအလံကိုလည်း မမြင်ခဲ့မိပေ။
ထို့အပြင် ထိုလက်ရေးမှာလည်း သူ၏ လက်ရေးမဟုတ်ပေ။
တုမင်ယွမ်၏ စကားကြောင့် အရှေ့ခန်းမဆောင်အတွင်း၌ နောက်ထပ် လှုပ်ခတ်မှုတစ်ခု ဖြစ်ပေါ်လာခဲ့ပြန်၏။
“မင်း မရေးဘူး ဟုတ်လား”
သခင်ကြီးကော်၏ မျက်နှာမှာ ပို၍ပင် တင်းမာသွားခဲ့သည်။
“ဒါဆို ဘယ်သူရေးတာလဲ”
တုမင်ယွမ်မှာ ပျာပျာသလဲ ခေါင်းခါပြလိုက်၏။
“ကျွန်တော် မသိပါဘူး”
သခင်ကြီးကော်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“မင်း မရေးဘူးဆိုရင်တောင် ဒါက မင်းနဲ့ မကင်းနိုင်ပါဘူး၊ ကောင်းပြီ... ကလောင်တံတွေ ရှာလာခဲ့ပြီး သူတို့ အကုန်လုံးကို ဒီစာသားတွေ ရေးခိုင်းလိုက်ကြ”
လူအနည်းငယ်သာရှိသည် ဖြစ်၍ လက်ရေးစစ်ဆေးခြင်းမှာ လွယ်ကူလွန်းပေသည်။ သခင်ကြီးကော်၏ အမိန့်ပေးမှုကြောင့် လူတစ်ဦးက စက္ကူနှင့် ကလောင်တံများ သွားယူရန် ချက်ချင်း ထွက်သွားလေသည်။
မုတ်ဆိတ်နှင့် အမျိုးသားက ၎င်းတို့ကို တစ်ချက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
“မင်းတို့ဘာသာ မင်းတို့ ရှေ့ကို ထွက်လာခဲ့ကြ၊ ဒါဆိုရင် သခင်ကြီးကော် အနေနဲ့ မင်းတို့ကို သနားညှာတာကောင်း ညှာတာလိမ့်မယ်.. တကယ်လို့ နောက်မှ အတင်းဆွဲထုတ်ခံရမယ်ဆိုရင်တော့ ဘယ်သူ့ကိုမှ အပြစ်မတင်နဲ့တော့”
သူ၏ စကားမဆုံးမီမှာပင် သူတို့အထဲမှ တစ်ဦးမှာ တုန်လှုပ်သွားပြီး ခြေထောက်များ ပျော့ခွေကာ ဒူးထောက်ကျသွားခဲ့လေသည်။
ဒူးထောက်လိုက်သူမှာ သခင်လေးမာ ပင် ဖြစ်ပေသည်။
“သခင်ကြီးကော်... ကျွန်တော် ဒါတွေက ဆုတောင်းအလံတွေမှန်း မသိလို့ပါ၊ အပျော်သဘောနဲ့ ရေးလိုက်မိတာပါ...”
သခင်လေးမာမှာ သစ်ရွက်တစ်ရွက်ကဲ့သို့ တုန်ရင်နေခဲ့သည်။
“ကျွန်တော်... ကျွန်တော် လျော်ကြေးပေးပါ့မယ်၊ ဆယ်ဆ၊ အဆတစ်ရာ လျော်ပေးပါ့မယ်၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ!”
သခင်လေးမာ၏ မျက်လုံးထဲတွင် ပိုက်ဆံဖြင့် ဖြေရှင်း၍မရသော အရာဟူ၍ မရှိပေ။
တစ်ကြိမ်တည်းဖြင့် မလုံလောက်လျှင် ဆယ်ကြိမ်၊ အဆတစ်ရာ ပေးလိုက်လျှင် အမြဲတစေ ပြေလည်သွားတတ်သည် မဟုတ်ပါလား။
သို့သော် ဤတစ်ကြိမ်တွင်တော့ သူ မှားယွင်းသွားခဲ့လေပြီ။
တစ်ဖက်လူမှာ အခြားသူမဟုတ်ဘဲ ကျန်းနန်၏ သခင်ကြီးကော် ဖြစ်နေခဲ့သည်။
ထို့ကြောင့် သူ စကားမဆုံးမီမှာပင် သခင်ကြီးကော်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
“အစောင့်တွေ! သူတို့နှစ်ယောက်လုံးရဲ့ ညာဘက်လက်ကို ဖြတ်ပစ်လိုက်ကြ!”
သူ၏ ကွယ်လွန်သူ ဇနီးအား အောက်မေ့ရန် အသုံးပြုသော ဆုတောင်းအလံများကို ညစ်နွမ်းအောင် လုပ်ဝံ့သည်လား။
သူတို့ သေထိုက်ပေသည်!
“လက်တစ်ဖက် ဖြတ်တာက သူတို့ကို သင်ခန်းစာ ပေးလိုက်တာပဲ”
“သခင်ကြီးကော်... ကျေးဇူးပြုပြီး.. ကျွန်တော် မှားပါပြီ၊ နောက်တစ်ခါ ဘယ်တော့မှ မလုပ်တော့ပါဘူး”
“အဘိုးကော်... ကျွန်တော် အဲဒါကို မရေးပါဘူး၊ ဘာလို့ ကျွန်တော့်လက်ကိုပါ ဖြတ်မှာလဲ”
တုမင်ယွမ်နှင့် မာရှောက် တို့မှာ အလွန်အမင်း ကြောက်လန့်နေကြပြီး ၎င်းတို့၏ မျက်နှာများမှာ ပြာနှမ်းနေချေသည်။
သူတို့သည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ သခင်ကြီးကော်အား ချမ်းသာပေးရန် ငိုယိုကာ အသနားခံနေကြလေသည်။
“မင်းတို့က စစ်ယွီရဲ့ ဝိညာဉ်ကို နှောင့်ယှက်ခဲ့ပြီးတော့၊ ငါက ဘာလို့ မင်းတို့လက်တွေကို ဖြတ်ရတာလဲလို့ မေးဝံ့သေးတယ်ပေါ့”
သခင်ကြီးကော်၏ ဒေါသမှာ ပို၍ ပြင်းထန်လာခဲ့၏။ သူက လက်ဟန်ပြလိုက်ပြီး ၎င်းတို့ကို အပြင်သို့ ဆွဲထုတ်သွားကာ လက်များကို ဖြတ်ပစ်ရန် အမိန့်ပေးလိုက်လေသည်။
သူ၏ မျက်စိရှေ့တွင် မမြင်လိုတော့ပေ။
ယနေ့သည် စစ်ယွီ၏ နှစ်ပတ်လည်နေ့ ဖြစ်ပေ၏ သူသည်က ဤကဲ့သို့သော ညစ်ပတ်သည့် အရာများကို မတွေ့မြင်လိုတော့ပေ။
*
အခန်း(84)
သခင်ကြီးကော်၏ အမိန့်ပေးမှုအောက်တွင် အနက်ရောင်ယူနီဖောင်းဝတ် လူအချို့မှာ အလျင်အမြန် ရှေ့သို့ တိုးလာပြီး တုမင်ယွမ်နှင့် သခငာလေးမာတို့ကို ခန်းမအပြင်ဘက်သို့ ဆွဲထုတ်သွားကြလေသည်။
သခင်လေးမာမှာ ကြောက်လန့်တကြား အော်ဟစ်နေခဲ့သည်။
“သခင်ကြီးကော်... ကျေးဇူးပြုပြီး ကျွန်တော့်လက်ကို မဖြတ်ပါနဲ့၊ နောက်တစ်ခါ ဘယ်တော့မှ မလုပ်တော့ပါဘူး...”
အမြဲတစေ တည်ငြိမ်လှသော တုမင်ယွမ်ပင်လျှင် ကြောက်လန့်နေပြီး သူ့ကို အပြင်သို့ ဆွဲထုတ်နေသော အနက်ရောင်ဝတ် လူများထံမှ အတင်းအကျပ် ရုန်းထွက်ရန် ကြိုးစားနေလေသည်။
“ငြိမ်ငြိမ်နေစမ်း”
အနက်ရောင်ဝတ်လူမှာ အလျှော့မပေးဘဲ တုမင်ယွမ်အား ကန်ကျောက်ကာ ပြင်းထန်စွာ ငေါက်ငမ်းလိုက်လေသည်။
တုမင်ယွမ်၏ မျက်နှာမှာ လူသေတစ်ယောက်ကဲ့သို့ ဖြူဖျော့သွားခဲ့၏။
ပြီးဆုံးသွားလေပြီ။
သူသည်က သူ၏ လူငယ်ဘဝ အကောင်းဆုံးအချိန်တွင် ရှိနေသော ပါရမီရှင်တစ်ဦး ဖြစ်ပေ၏။
အကယ်၍ သူ၏ ညာဘက်လက်ကို ဖြတ်တောက်ခံရမည်ဆိုပါက သူသည် ဒုက္ခိတတစ်ဦး၊ အသုံးမကျသော အမှိုက်တစ်စ ဖြစ်သွားပေလိမ့်မည်။
သို့သော် သခင်ကြီးကော်၏ အမိန့်ကို မည်သူက ဆန့်ကျင်ဝံ့မည်နည်း။
သူ အကူအညီတောင်းနေလျှင်ပင် အချိန်နှောင်းသွားခဲ့ပြီဖြစ်ပေသည်။
အရာအားလုံး ပြီးဆုံးသွားခဲ့ပြီ။
သူ့ရဲ့ဘဝက ပြီးဆုံးသွားပြီ။
ထိုအချိန်တွင် သူ့အနေဖြင့် ကိုယ့်ကိုယ်ကိုယ်နှင့် သခင်လေးမာကို အလွန်အမင်း မုန်းတီးနေမိ၏။
အကယ်၍ သူသာ သခင်လေးမာအား ခေါ်လာပြီး ယောင်ပင်းကို ပညာပေးရန် မလုပ်ခဲ့ပါက သူ၏လက်မှာ ဖြတ်တောက်ခံရမည် မဟုတ်ပေ။
သို့သော် ပြန်လှည့်၍ မရနိုင်တော့ပါချေ။ သူ မည်မျှပင် နောင်တရနေစေ အပိုသာ ဖြစ်နေခဲ့ရပေသည်။
တုမင်ယွမ်နှင့် သခင်လေးမာတို့ကို အရှေ့ခန်းမဆောင်အပြင်ဘက်သို့ ဆွဲထုတ်သွားချိနာမှာပင် တည်ငြိမ်သော အသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။
“သခင်ကြီးကော်... သူတို့ အမှား လုပ်ခဲ့တာ မှန်ပေမဲ့၊ ဒီနေ့လိုနေ့မျိုးမှာ ဒီလိုမျိုး အပြစ်ပေးတာက ခင်ဗျားရဲ့ အကုသိုလ်ကိုပဲ တိုးစေပါလိမ့်မယ်၊ ဘာကောင်းကျိုးမှ ရှိမှာ မဟုတ်ပါဘူး”
ထိုလူ စကားပြောလိုက်သည်နှင့် ရှိနေသော လူတိုင်းမှာ တုန်လှုပ်သွားကြလေသည်။
အထူးသဖြင့် တုမင်ယွမ်နှင့် သခင်လေးမာတို့မှာ ထိုစကားကိုပြောလိုက်သည့်လူကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားကြရပြီး ဒေါသလည်း ထွက်သွားကြသည်။
ထို့အပြင် အလွန်အမင်း ကြောက်လန့်သွားခဲ့ကြရပေသည်။
သခင်ကြီးကော် ဒေါသအရှိန်အဟုန် ပြင်းထန်နေစဉ်အတွင်း တစ်စုံတစ်ယောက်က သူ၏ ဆုံးဖြတ်ချက်ကို ဝေဖန်ကန့်ကွက်ရဲသည်။
ဤသည်က မီးလောင်ရာကို လေပင့်လိုက်ခြင်းသာ မဟုတ်ပါလား။
ပို၍ အရေးကြီးသည်မှာ ထိုသူက တုမင်ယွမ်နှင့် သခင်လေးမာတို့၏ လက်များကို ဖြတ်တောက်ပါက သခင်ကြီးကော်၏ အကုသိုလ်ကိုသာ တိုးစေလိမ့်မည်ဟု ပြောဆိုလိုက်ခြင်းပင် ဖြစ်၏။
ဤသည်မှာ မီးလောင်ရာလေပင့်ရုံတင်မကဘဲ သေတွင်းကို ကိုယ်တိုင်တူးနေခြင်းပင် ဖြစ်ပေသည်။
လူတိုင်း မှင်သက်သွားကြသည်။
တုန်လှုပ်သွားကြသည်။
ကြောင်အသွားကြသည်။
အရှေ့ခန်းမဆောင်တစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့၏။
ခန်းမအတွင်းရှိ လေထုမှာလည်း ရုတ်တရက် အေးစက်သွားခဲ့ရပေသည်။
လူတိုင်းက ထိုအသံထွက်ပေါ်ရာအရပ်သို့ လှည့်ကြည့်လိုက်ကြပြီး၊ သခင်ကြီးကော်အား ဆွပေးရဲလောက်အောင် မည်သူက ဤမျှ သတ္တိကောင်းနေသည်ကို သိလိုကြလေသည်။
လူတိုင်း လှည့်ကြည့်လိုက်သောအခါ လူအုပ်နောက်မှ ထွက်ပေါ်လာသော လူငယ်လေးတစ်ဦးကို မြင်တွေ့လိုက်ကြရ၏။
ထိုလူငယ်လေးမှာ သာမန်အရပ်အမောင်းရှိပြီး သန့်ပြန့်သော ရုပ်ရည်ရှိကာ မျက်နှာတွင် အပြုံးတစ်ခု ရှိနေပေသည်။ သူ၏ အဝတ်အစားများမှာ သာမန်မျှသာ ဖြစ်သော်လည်း သူ၏ အရှိန်အဝါမှာဆော့ မြင့်မြတ်ကာ လောကီအာရုံများထက် သာလွန်နေသကဲ့သို့ ရှိနေခဲ့သည်။
ထိုလူငယ်မှာ အခြားသူမဟုတ်ဘဲ ယောင်ပင်းပင် ဖြစ်ပေသည်။
စကားပြောနေသူမှာ ယောင်ပင်းဖြစ်နေကြောင်း မြင်လိုက်ရသောအခါ တုမင်ယွမ်မှာ ဒေါသကြောင့် တုန်ရင်လာခဲ့၏။
“ယောင်ပင်း... ခွေးကောင် ဒါက တမင်တကာ လက်စားချေတာပဲ၊ မင်းက သခင်ကြီးကော်ကို အသုံးချပြီး ငါတို့ အသက်ကို ရန်ရှာဖို့ လုပ်နေတာ၊ မင်းရဲ့ နှလုံးသားက တော်တော်လေး ယုတ်မာတာပဲ၊ တကယ့်ကို ယုတ်မာတဲ့ အကြံအစည်တွေချည်းပဲ!”
ဤကိစ္စမှာ သူနှင့် မပတ်သက်သော်လည်း သူ၏အမည်က ဆုတောင်းအလံပေါ်တွင် ရေးထိုးခံထားရသဖြင့် သခင်ကြီးကော်က သူ၏ညာဘက်လက်ကို ဖြတ်ရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။
ယခု ယောင်ပင်းက ဤမျှမောက်မာစွာ ပြောဆိုနေလျှင် သခင်ကြီးကော်က သူတို့အပေါ် ဒေါသပုံချပြီး အသက်ကိုပါ ယူပစ်တော့မည် မဟုတ်ပါလား။
သူတို့တော့ တကယ်ကို သွားပြီပဲ။
အခြားသော သခင်လေးများနှင့် သခင်မလေးများကလည်း ယောင်ပင်းအား ဒေါသတကြီး စိုက်ကြည့်နေကြလေ၏။ သူတို့အနေဖြင့် တစ်ဖက်လူက တုမင်ယွမ်နှင့် သခင်လေးမာတို့အား လက်စားချေရန် ယခုကဲ့သို့ ထွက်လာခြင်း ဖြစ်သည်ဟု အခိုင်အမာ ယုံကြည်နေကြသည်။
မိုရှောက်ယောင်နှင့် ချန်ကျီယာတို့မှာတော့ ယောင်ပင်း၏ ရည်ရွယ်ချက်ကိုမသိဘဲ ဇဝေဇဝါ ဖြစ်နေကြ၏။
မုတ်ဆိတ်နှင့် အမျိုးသားက ယောင်ပင်းအား အေးစက်စွာ စိုက်ကြည့်လိုက်ပြီး အနက်ရောင်ဝတ် လူများကို အချက်ပြလိုက်သည်။
“သူ့ကိုလည်း အပြင်ကို မြန်မြန်ဆွဲထုတ်သွားလိုက်စမ်း၊ ဘာရပ်ကြည့်နေတာလဲ”
အနက်ရောင်ဝတ်လူများမှာ မနှောင့်နှေးဝံ့တော့ဘဲ ယောင်ပင်းအား ချက်ချင်း ဝိုင်းရံလိုက်ကြပြီး ဆွဲထုတ်ရန် လက်လှမ်းလိုက်ကြလေသည်။
သခင်ကြီးကော်အား ဤကဲ့သို့ ပြောဆိုဝံ့သူတိုင်းမှာ သေခြင်းတရားဟူသော လမ်းတစ်ခုသာ ရှိပေသည်။
“ရပ်လိုက်စမ်း”
အနက်ရောင်ဝတ်လူများ ယောင်ပင်း၏အနားသို့ မရောက်မီမှာပင် သခင်ကြီးကော်က သူ၏ထိုင်ခုံမှ ထရပ်လိုက်ကာ အေးစက်စွာ ငေါက်ငမ်းလိုက်သည်။
“မင်းတို့က ဘယ်လိုသတ္တိမျိုးနဲ့ မာစတာယောင်ကို ထိရဲတာလဲ ဒီက ထွက်သွားကြစမ်း၊ မဟုတ်ရင် သူ စိတ်အနှောင့်အယှက် ဖြစ်လိမ့်မယ်”
သူ၏ ငေါက်ငမ်းမှုအပြီးတွင် သခင်ကြီးကော်က လှေကားထစ်များမှ အလျင်အမြန် ဆင်းလာခဲ့ပြီး ယောင်ပင်း၏ ဘေးသို့ လျှောက်လာကာ ရိုသေစွာ ပြောဆိုလိုက်သည်။
“မာစတာယောင်... ကျွန်တော့်ဆီကို ဘာကိစ္စနဲ့ ကြွလာတာပါလဲ”
“ကျွန်တော့်ကို ကြိုတင်ပြီး အသိမပေးလိုက်တော့ အိမ်ရှင်တစ်ယောက်အနေနဲ့ သေသေချာချာ ဧည့်မခံလိုက်ရဘူး ဖြစ်သွားရပြီ”
“တကယ်လို့ ကျွန်တော့်ရဲ့ ယွီရှို့စံအိမ် ကို နှစ်သက်သဘောကျရဲ့လား၊ မာစတာယောင်ရဲ့အကြိုက်နဲ့ ကိုက်ညီတယ်ဆိုရင် နောက်ထပ် ရက်နည်းနည်းလောက် ထပ်နေသွားပါဦး...”
…
အရှေ့ခန်းမဆောင်တစ်ခုလုံးတွင် စိတ်အားထက်သန်စွာ ပြောဆိုနေသော သခင်ကြီးကော်၏ အသံမှလွဲ၍ တိတ်ဆိတ်ငြိမ်သက်နေချေသည်။
လူတိုင်းမှာ မယုံကြည်နိုင်စွာဖြင့် ငေးကြည့်နေကြ၏။
အထူးသဖြင့် တုမင်ယွမ်၊ သခင်လေးမာ၊ ပိုင်ယွီ နှင့် လီရှောင်ယန်တို့မှာ ၎င်းတို့၏ မျက်လုံးများ အပြင်သို့ ပြူးထွက်မတတ် ဖြစ်သွားခဲ့ရပေသည်။
ယောင်ပင်းက မာစတာယောင် ဟုတ်လား?
သူကလား။
ယွီရှို့စံအိမ် က ယောင်ပင်းရဲ့ အဆင့်အတန်းနဲ့တောင် ကိုက်ညီရဲ့လား။
သူတို့တွေ အမြင်မှားနေတာလား၊ ဒါမှမဟုတ် အားလုံးပဲ စုပေါင်းပြီး အမြင်မှားနေကြတာလား။
ကျော်ကြားလှသော သခင်ကြီးကော်သည် ယောင်ပင်းထက် အသက်ငါးဆယ်ကျော် ပိုကြီးသော်လည်း ယောင်ပင်းအား “မာစတာယောင်” ဟူ၍ ရိုသေစွာ ခေါ်ဝေါ်နေသည့်အပြင် လေးစားမှုများပြည့်နေသော အသုံးအနှုန်းကိုလည်း ထပ်ခါတလဲလဲ သုံးနှုန်းနေခဲ့သည်။
ယွီရှို့စံအိမ်မှာ ပင်းဟိုင်၏ ထိပ်တန်း အပန်းဖြေစခန်းတစ်ခု ဖြစ်ပြီး၊ အနည်းဆုံး ယွမ်ဆယိသိန်းဖိုး ဝယ်ယူထားမှသာ အဖွဲ့ဝင်စနစ်ဖြင့် အသုံးပြုနိုင်ခြင်း ဖြစ်သည်။
ထိုသို့ပင် ဖြစ်လျှင်ပင် ကြိုတင်ဘွတ်ကင်လုပ်ရန် လိုအပ်ပြီး တစ်ခါတစ်ရံတွင် တစ်လခန့်ပင်စောင့်ဆိုင်းရလေ့ရှိပေသည်။
ထို့ကြောင့် လူအများအပြားက ယွီရှို့စံအိမ်တွင် တည်းခိုခွင့်ရခြင်းကို ဂုဏ်ယူစရာတစ်ခုအဖြစ် သတ်မှတ်ကြ၏။ သို့သော်လည်း သခင်ကြီးကော်မှာ ယောင်ပင်းအား
သူ၏အကြိုက်နှင့် ကိုက်ညီမှု ရှိ၊မရှိကို စိတ်အားထက်သန်စွာ မေးမြန်းနေခဲ့သည်။
ထို့အပြင် သခင်ကြီးကော် မေးမြန်းနေပုံမှာ လူကြီးတစ်ယောက်ထံမှ ချီးကျူးစကားကို စောင့်မျှော်နေသော ကလေးတစ်ယောက်ကဲ့သို့ ဖြစ်နေပြီး၊ သူ၏ ယခင်က ခန့်ညားထည်ဝါမှုနှင့် အာဏာရှိမှုတို့မှာ လုံးဝ ပျောက်ကွယ်နေချေပြီ။
တုမင်ယွမ်နှင့် သူ၏အုပ်စုသာမကဘဲ၊ မုတ်ဆိတ်နှင့် အမျိုးသားအပြင် အနက်ရောင်ဝတ် လူဒါဇင်ပေါင်းများစွာတို့မှာလည်း တစ်ဦးကိုတစ်ဦး ဇဝေဇဝါဖြင့် ကြည့်ကာ ဆွံ့အလျက် ရှိနေကြ၏။
၎င်းတို့၏ တည်ကြည်မြင့်မြတ်သော မိသားစုအကြီးအကဲမှာ ဆယ်ကျော်သက် လူငယ်လေးတစ်ဦးကို အမှန်တကယ်ပင် ဖားယားနေရသည်လား။
သခင်ကြီးကော်၏ အမူအရာမှာ အလွန်အမင်း ရိုသေလွန်းသည်။ ထို့အပြင် လူအများအပြား၏ ရှေ့တွင်ပင် ဂရုမစိုက်ခဲ့ပါချေ။
ဒီကောင်လေးက တကယ်ပဲ ဘယ်သူများလဲ။
ယဉ်ကျေးမှုအရ အပြန်အလှန် စကားပြောဆိုပြီးနောက် ယောင်ပင်းက အနည်းငယ် ပြုံး၍ ပြောလိုက်သည်။
“မစ္စတာကော်... ခင်ဗျားက အားနာစရာကောင်းအောင် လုပ်နေတာပဲ၊ ကျွန်တော်က ခင်ဗျားကို အနှောင့်အယှက် မပေးချင်လို့ တိတ်တိတ်လေးပဲ နေခဲ့တာပါ၊ ဒါတောင် အခုလို အနှောင့်အယှက် ပေးမိသွားလိမ့်မယ်လို့ မထင်ထားဘူး”
“မာစတာယောင်က ဒီနေ့မနက်ကတည်းက တည်းခိုဖို့ခွင့်ယူခဲ့တာလား”
“ဟုတ်ပါတယ်”
သခင်ကြီးကော်၏ မျက်နှာမှာ တင်းမာသွားခဲ့ပြီး အေးစက်စွာ ပြောလိုက်သည် ။
“လာကြစမ်း၊ ဒီနေ့ တာဝန်ကျတဲ့ လုံခြုံရေးဝန်ထမ်းနဲ့ ဟိုတယ်မန်နေဂျာကို အလုပ်ထုတ်ပစ်လိုက်ကြ”
“သခင်ကြီး... ဒါက...”
မုတ်ဆိတ်နှင့် အမျိုးသားမှာ သခင်ကြီးကော် အဘယ်ကြောင့် ရုတ်တရက် ဒေါသထွက်သွားသည်ကို မသိရှိဘဲ အံ့အားသင့်သွားခဲ့၏။
“ငါက မာစတာယောင်ရဲ့ ရွှေကတ် ပေါ်မှာ ခရမ်းရောင်အမှတ်အသားတစ်ခုကို တမင်ထည့်ခိုင်းထားခဲ့တယ်၊ အဲဒီခရမ်းရောင်အမှတ်အသားပါတဲ့ အမြင့်မြတ်ဆုံး ရွှေကတ်ကို ကိုင်ဆောင်ထားသူ လာရောက်လာတိုင်း ငါ့ကို အသိပေးရမယ်လို့လည်း ငါ ညွှန်ကြားထားဖူးတယ်”
သခင်ကြီးကော်၏ မျက်နှာမှာ တင်းမာနေထဲ့သည်။
“ဒါပေမဲ့ မာစတာယောင်က ယွီရှို့စံအိမ်မှာ တစ်နေကုန်တည်းခိုနေတာတောင် ငါ မသိခဲ့ရဘူး၊ မင်းတို့ အလုပ်ကို ဘယ်လိုလုပ်နေကြတာလဲ”
သူ၏ ကြိုးပမ်းမှုအားလုံးမှာ အချည်းနှီး ဖြစ်သွားခဲ့ရချေပြီ။
သခင်ကြီးကော် အဘယ်ကြောင့် ဒေါသမထွက်ဘဲ နေမည်နည်း။
မုတ်ဆိတ်နှင့်လူမှာလည်း မနှောင့်နှေးဝံ့တော့ဘဲ အမိန့်ကို ချက်ချင်း လက်ခံလိုက်သည်။
“ကျွန်တော် အခုပဲ သွားပြီး အမိန့်ထုတ်လိုက်ပါ့မယ်”
ထိုသို့ပြောပြီးနောက် မုတ်ဆိတ်နှင့်လူက အလျင်အမြန် ထွက်ခွာသွားလေသည်။
ယောင်ပင်းက သူ့ကို အမြန်တားလိုက်၏။
“မစ္စတာကော်... လုံခြုံရေးဝန်ထမ်းနဲ့ မန်နေဂျာက တမင်လုပ်တာ မဟုတ်ပါဘူး... အထူးသဖြင့် မန်နေဂျာက ကျွန်တော့်ကို အများကြီး ကူညီပေးခဲ့တယ်”
သခင်ကြီးကော်က ချက်ချင်းပင် စကားဖြတ်လိုက်သည်။
“နေဦး”
မုတ်ဆိတ်မှာ ချက်ချင်း ရပ်တန့်သွားခဲ့၏။
ယောင်ပင်း သက်ပြင်းချလိုက်မိသည်။
မန်နေဂျာမှာ သူ့ကို အများကြီး ကူညီပေးခဲ့သူ ဖြစ်၍၊ သူကြောင့် မန်နေဂျာ အလုပ်ပြုတ်သွားသည်ကို သူ မလိုလားပေ။
သို့သော်လည်း သခင်ကြီးကော်က မုတ်ဆိတ်နှင့်လူအား မေးမြန်းလိုက်သည်ကို သူ ကြားလိုက်ရသည်။
“အဲဒီဟိုတယ်မန်နေဂျာရဲ့ တစ်နှစ်လစာက ဘယ်လောက်လဲ”
ဆိတ်မုတ်ဆိတ်က ပြန်လည်ဖြေလာခဲ့သည်
“ငါးသိန်းပါ”
သခင်ကြီးကော်က လက်ဟန်ပြလိုက်လေ၏။
“သူ့ကို ယွမ်နှစ်သန်း ပေးပြီးမှ ထွက်ခိုင်းလိုက်၊ အပိုပါသွားတဲ့ ဆယ့်ငါးသိန်းက မာစတာယောင်ကို ကူညီပေးခဲ့လို့ပေးတာလို့ သူ့ကို ပြောလိုက်”
သူ၏ မျက်လုံးထဲတွင်တော့ ဆုလာဘ်မှာ ဆုလာဘ်သာ ဖြစ်ပြီး၊ တာဝန် ပျက်ကွက်မှုမှာ တာဝန်ပျက်ကွက်မှုသာ ဖြစ်ပေ၏။ ၎င်းတို့ကို မည်သည့်အခါမျှ ရောထွေးမည် မဟုတ်ပေ။
မုတ်ဆိတ်နှင့်လူမှာလည်း ငြင်းဆန်ရန် မဝံ့ရဲဘဲ အလျင်အမြန် ထွက်ခွာသွားခဲ့လေသည်။
*