← Chapters

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း(85)

ဧည့်ခန်းမဆောင်တစ်ခုလုံးမှာ အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်နေခဲ့သည်။

တုမင်ယွမ်နှင့် သခင်လေးမာတို့မှာ ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ကြလေ၏။

ယောင်ပင်း၏ စကားတစ်ခွန်းကြောင့်သာ သခင်ကြီးကော်က ထိုမန်နေဂျာအား နောက်ထပ် သုံးနှစ်စာ လစာကို အပိုပေးလိုက်သည် မဟုတ်ပါလား။

ထိုအချိန်တွင် သူတို့အနေဖြင့် ဖြစ်ပျက်ခဲ့သည့်အရာများကို နောက်ဆုံးတွင် သဘောပေါက်သွားခဲ့ကြ၏။

ဂိတ်စောင့်က ယောင်ပင်း၏ စကားတစ်ခွန်းတည်းနှင့် အဘယ်ကြောင့် ဝင်ခွင့်ပေးခဲ့သနည်း။ ယောင်ပင်းက အဘယ်ကြောင့် ဘေးကပ်လျက်ရှိ VIP အခန်းတွင် ရှိနေသနည်းဆိုသနည်း။

မထူဆန်းတော့ပါချေ။

ယောင်ပင်းတွင် ကော်မိသားစု၏ VIP ရွှေကတ် ရှိနေခဲ့ငည်မဟုတ်ပါလား။

ထို့အပြင် ၎င်းမှာ အထူးပြုပြင်ထားသော ကတ်တစ်ခုလည်း ဖြစ်ပေသည်။

တစ်မူထူးခြားသော ကတ်။

အတိုင်းအထက်အလွန် ဂုဏ်သိက္ခာရှိမှု။

အစားထိုး၍မရနိုင်မှု။

ဤသည်မှာ သခင်ကြီးကော်၏ မျက်လုံးထဲတွင် ရှိသော ယောင်ပင်း၏ အဆင့်အတန်းပင် ဖြစ်ချေသည်။

ယောင်ပင်းသည်က အမြဲတစေ လူမသိအောင် နေထိုင်သူဖြစ်ပြီး သူတို့၏ အကြိမ်ကြိမ် အခါခါ နှိမ်ချခြင်းနှင့် လှောင်ပြောင်ခြင်းကို ခံခဲ့ရသော်လည်း..

တကယ်တမ်းတွင် သူတို့ မည်သည့်အချိန်တွင်မျှ မမီနိုင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေခဲ့ချေပြီ။

သူကိုယ်တိုင်နှင့် သူငယ်ချင်းများက ယောင်ပင်းအား အကွက်ဆင်ခဲ့ပုံ၊ နှိမ်ချလှောင်ပြောင်ခဲ့ပုံများကို ပြန်လည် စဉ်းစားမိသောအခါ တုမင်ယွမ်မှာ သူ၏မျက်နှာမှာ ပြင်းထန်သော ပါးရိုက်ချက်တစ်ခု အရိုက်ခံလိုက်ရသကဲ့သို့ ပူထူလာခဲ့ရပေသည်။

အချို့သောလူများသည် အပေါ်ယံတွင် အရေးမပါသကဲ့သို့ ထင်ရသော်လည်း၊ သူတို့ မစော်ကားသင့်သော သူများဖြစ်ကြောင်းကို သူ သိရှိသွားခဲ့လေပြီ။

ယောင်ပင်းမှာ ထိုကဲ့သို့သော လူမျိုး ဖြစ်ပေ၏။

ကျော်ကြားပြီး မြင့်မြတ်လွန်းသော သခင်ကြီးကော်ပင်လျှင် ယောင်ပင်းအား အလွန်အမင်း ရိုသေစွာ ဆက်ဆံနေချေသည်။

သူတို့နှင့် သူတို့၏ မိသားစုများပင်လျှင် သခင်ကြီးကော်၏ ရှေ့တွင် ပုရွက်ဆိတ်များကဲ့သို့သာ ဖြစ်ပေသည်။

သို့သော် သူတို့သည်က သခင်ကြီးကော်ကိုယ်တိုင် ဤမျှ ရိုသေစွာ ဆက်ဆံရသော ယောင်ပင်းအား နှိမ်ချခဲ့မိကြသည်လား။

မာရှောက်၊ ပိုင်ယွီ နှင့် လီရှောင်ယန် တို့ကဲ့သို့သော အခြားသူများ ခံစားရသည့် တုန်လှုပ်မှုမှာတော့ တုမင်ယွမ်ထက် အဆပေါင်း ရာနှင့်ချီ၍ ပိုမို ပြင်းထန်ပေလိမ့်မည်။

သူတို့မှာ အသက်ပင်ရဲရဲမရှူရဲဘဲ ခန်းမဆောင်အတွင်း၌ တောင့်တောင့်ကြီး ရပ်နေမိကြ၏။

သူတို့မှာ ကြီးလေးသော အမှားတစ်ခုကို လုပ်မိခဲ့ပြီ ဖြစ်ကြောင်း မရေမရာ ခံစားနေရပေသည်။

အပေါ်ယံ၌ နွမ်းပါးပြီး သာမန်ဟု ထင်ရသော ယောင်ပင်းမှာ ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု မည်သူကများ ထင်မှတ်ထားပါမည်နည်း။

မုတ်ဆိတ်က အလျင်အမြန် ထွက်ခွာသွားသည်ကို မြင်သောအခါ ယောင်ပင်းမှာ သခင်ကြီးကော်၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲ၍ မရနိုင်တော့ကြောင်း သိရှိသဖြင့် လက်လျှော့လိုက်တော့သည်။

ကံကောင်းသည်မှာ သခင်ကြီးကော်က မန်နေဂျာအား နောက်ထပ် သုံးနှစ်စာ လစာကို ပေးလိုက်သောပြောင့်ကြောင့် သူ၏ အပြစ်မကင်းမှုကို အတိုင်းအတာတစ်ခုအထိ လျော့ပါးစေခဲ့ပေသည်။

“မာစတာယောင်... ကျွန်တော် လုပ်ခဲ့တာက ကျွန်တော့်ရဲ့ အကုသိုလ်ကို တိုးစေလိမ့်မယ်လို့ ခုနက ပြောခဲ့တယ်နော်”

သခင်ကြီးကော်က ယောင်ပင်းအား ဝင်ထိုင်ရန် ရိုသေစွာ ဖိတ်ကြားပြီးမှ မေးမြန်းလိုက်သည် ။

“မာစတာယောင် ရဲ့ ဆိုလိုရင်းက ကျွန်တော် သူတို့ကို လွှတ်ပေးသင့်တယ်လို့ ပြောချင်တာလား”

သခင်ကြီးကော် စကားပြောလိုက်သည်နှင့် တုမင်ယွမ်နှင့် သခင်လေးမာတို့၏ နှလုံးသားမှာ လည်ပင်းဝအထိ ရောက်ရှိလာခဲ့ပြီး ယောင်ပင်းအား စိုးရိမ်တကြီး ကြည့်လိုက်ကြလေသည်။

သခင်ကြီးကော်မှာ ယောင်ပင်းအား ဤမျှအထိ ရိုသေနေသည် ဖြစ်၍ အကယ်၍ ယောင်ပင်းက တောင်းဆိုမည်ဆိုလျှင် သခင်ကြီးကော်က သူတို့အား သေချာပေါက် ချမ်းသာပေးပေလိမ့်မည်။

သူတို့၏ အသက်မှာ ယခုအခါ ယောင်ပင်း၏ လက်ထဲတွင် ရှိနေချေပြီ။ သခင်လေးမာမှာ အပါးနပ်ဆုံးနှင့် အဆင်ခြင်မဲ့ဆုံးသူ ဖြစ်သည်နှင့်အညီ သခင်ကြီးကော်၏ စကားကို ကြားသည်နှင့် ချက်ချင်းပင် ဒူးထောက်လိုက်ပြီး ငိုယိုကာ ယောင်ပင်းအား အသနားခံလိုက်လေသည်။

“မာစတာယောင်... ကျွန်တော် မှားသွားပါတယ်၊ ကျွန်တော် မဆင်မခြင် မလုပ်ခဲ့သင့်ပါဘူး၊ ဒါပေမဲ့ ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး သခင်ကြီးကော်ကို အသနားခံပေးပါ၊ ကျွန်တော့်လက်ကို မဖြတ်ခိုင်းပါနဲ့ဦး...”

ဤအုပ်စုထဲတွင် သူသည်က ယောင်ပင်းကို အမုန်းဆုံးသူ ဖြစ်၏။

သို့သော် လက်တစ်ဖက်နှင့် နှိုင်းယှဉ်လျှင် ဂုဏ်သိက္ခာဟူသည်က အရေးမပါတော့ပေ။

သခင်လေးမာ ဒူးထောက်လိုက်သည်ကို မြင်သောအခါ တုမင်ယွမ်မှာလည်း အံကို တင်းတင်းစေ့ကာ ဒူးထောက်လိုက်လေသည်။

“ယောင်ပင်း... ငါ မှားသွားပါတယ်၊ မင်းအနေနဲ့ စိတ်သဘောထားကြီးကြီးထားပြီး ငါတို့ကို အရေးမယူပါနဲ့လား၊ ငါတို့တောင်းပန်ပါတယ်”

ယနေ့ ဆုံးရှုံးသွားသော သိက္ခာကို နောက်မှ ပြန်လည် ရယူနိုင်ပေသည်။

သို့သော် အကယ်၍ သူ၏ ညာဘက်လက် ဆုံးရှုံးသွားမည်ဆိုပါက သူသည် တစ်သက်လုံး ဒုက္ခိတ ဖြစ်သွားပေလိမ့်မည်။

တုမင်ယွမ်သည်လည်း ဤအချက်ကို သေသေချာချာ တွက်ချက်ထားပြီး ဖြစ်ပေသည်။

ယောင်ပင်းက ၎င်းတို့နှစ်ဦးအား တစ်ချက်ကြည့်ကာ အနည်းငယ် ပြုံးလိုက်ပြီးနောက် သခင်ကြီးကော်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“သူတို့က ဆုတောင်းအလံတွေကို ဖျက်ဆီးပြီး မစ္စတာကော်ကို စော်ကားခဲ့တာပဲ၊ ကျွန်တော်ဘက်က မစ္စတာကော်ကို သူတို့တွေကို အလွတ်ပေးဖို့ ပြောမှာ မဟုတ်ပါဘူး”

ဤစကားမှာ လူတိုင်းကို တုန်လှုပ်သွားစေခဲ့၏။

အထူးသဖြင့် တုမင်ယွမ်နှင့် မာရှောက်တို့ပင် ဖြစ်သည်။

ယောင်ပင်းက ၎င်းတို့အတွက် အသနားခံပေးမည် မဟုတ်ကြောင်းကို သူတို့ မထင်မှတ်ထားခဲ့ကြပေ။

သို့သော် မကြာမီမှာပင် ၎င်းတို့နှစ်ဦးမှာ မြေပြင်ပေါ်သို့ ပြိုလဲကျသွားခဲ့ကြ၏။

သူတို့အနေဖြင့် ယခင်က ယောင်ပင်းအား လှောင်ပြောင်ခဲ့ပြီး အကွက်ဆင်ခဲ့ကြသည် ဖြစ်၍၊ ယခုအခါ သူက အခွင့်အရေးကို အသုံးချကာ လက်စားချေပေတော့မည်။

မည်သူ့ကို အပြစ်တင်ရမည်နည်း။

သခင်ကြီးကော် တစ်ဦးတည်းသာလျှင် ယောင်ပင်း၏ စကားကို ကြားပြီးနောက် မျက်လုံးထဲတွင် ပြေလျော့မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။

သူက မေးမြန်းလိုက်လေ၏။

“ဒါဆို ခုနက မာစတာယောင် ပြောလိုက်တဲ့ ဆိုလိုရင်းက ဘာများလဲ”

“သူတို့ကို အပြစ်ပေးနိုင်ရုံတင်မကဘဲ၊ သခင်ကြီးကော်ရဲ့ လွမ်းဆွတ်မှုကိုပါ ပြေပျောက်စေမယ့် နည်းလမ်းတစ်ခု ကျွန်တော့်မှာ ရှိပါတယ်”

ယောင်ပင်းက တည်ငြိမ်စွာ ဆိုလိုက်၏။ သခင်ကြီးကော်မှာ ထိုင်နေရာမှ ခုန်ထလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်လေသည်။

“မာစတာယောင်... ဘယ်လိုနည်းလမ်းမျိုးရှိနေလို့လဲ”

ယောင်ပင်းက တုမင်ယွမ်အား တစ်ချက်ကြည့်ကာ မေးလိုက်သည်။

“မင်းက လူပျိုစင်စစ်စစ် ဖြစ်နေတုန်းပဲလား?”

ယောင်ပင်း၏ မေးခွန်းမှာ အလွန်ပင် ရုတ်တရက်ဆန်လွန်းသဖြင့် တုမင်ယွမ်မှာ ကြောင်အသွားကာ မျက်နှာတစ်ခုလုံး ချက်ချင်းပင် နီရဲသွားခဲ့ရ၏။

ဤမေးခွန်းမှာ အလွန်ပင်ထိရှလွယ်ဖြစ်လွန်းပြီး သူ မည်သို့ ဖြေကြားရမည်ကိုမသိပါချေ။

လူတိုင်းမှာလည်း ဇဝေဇဝါ ဖြစ်နေကြပြီး၊ ယောင်ပင်းအနေဖြင့် ယခုကဲ့သို့ အရေးကြီးသော အချိန်တွင် အဘယ်ကြောင့် ဤမျှ မသက်ဆိုင်သော မေးခွန်းမျိုးကို မေးရသနည်းဟု နားမလည်နိုင် ဖြစ်နေကြလေသည်။

သခင်ကြီးကော်လည်းရှုပ်ထွေးနေသော်လည်း တုမင်ယွမ်၏ အဖြေကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့၏။

ယောင်ပင်းသည်က အရာအားလုံးကို အကြောင်းပြချက်မရှိလုပ်ဆောင်လေ့ရှိသူ မဟုတ်ကြောင်း သူ သိရှိပေသည်။

တုမင်ယွမ်က သူ့ထံသို့ စုပြုံကျရောက်နေသော အကြည့်များကို ကြည့်ကာ ခေါင်းညိတ်ရုံသာ တတ်နိုင်ခဲ့သည်။

“ဟုတ်တယ်”

ယောင်ပင်းက သူ့ကို တမင်သက်သက် လှောင်ပြောင်နေသည်ဟုပင် သူ သံသယဝင်နေမိသည်။

“ဒါဆိုရင်တော့ အကောင်းဆုံးပဲ”

ယောင်ပင်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

“အဘိုးကော်... အဘိုးရဲ့ လူတွေကို အပြင်ထွက်ခိုင်းလိုက်ပါ”

မုတ်ဆိတ်နှင့်လူအပါအဝင် အနက်ရောင်ဝတ်လူများမှာ ချက်ချင်းပင် မျက်နှာပျက်သွားကြပြီး တစ်ပြိုင်နက်တည်း ရှေ့သို့ တစ်လှမ်းတိုးလာကြသည်။

၎င်းတို့၏ တာဝန်မှာ သခင်ကြီးကော်အား အကာအကွယ်ပေးရန် ဖြစ်ပေ၏။ ယောင်ပင်းက သူတို့အား အပြင်ထွက်ခိုင်းပြီး သခင်ကြီးကော်အား ခန်းမထဲတွင် တစ်ဦးတည်း ထားခဲ့ရန် ပြောဆိုခြင်းကို မည်သို့ လက်ခံနိုင်ပါမည်နည်း။

“မာစတာယောင် ပြောတာကို မင်းတို့ မကြားဘူးလား”

“ထွက်သွားကြစမ်း”

သူ၏လူများက အမှန်တကယ် လှုပ်ရှားရန် ပြင်နေသည်ကို မြင်သောအခါ သခင်ကြီးကော်က မျက်နှာကို တင်းမာထားရင်း ချက်ချင်းပင် ငေါက်ငမ်းလိုက်လေသည်။

မုတ်ဆိတ်နှင့်လူမှာလည်း လက်ယမ်းပြရုံသာ တတ်နိုင်ခဲ့သည်။

လူတစ်စုမှာ အရှေ့ခန်းမဆောင်အတွင်းမှ တိတ်ဆိတ်စွာ ဆုတ်ခွာသွားကြတော့သည်။

သခင်ကြီးကော်နှင့် လူငယ်တစ်စုသာ ကျန်ရှိတော့၏။

“မာစတာယောင်... နောက်ထပ် ဘာလုပ်ရမလဲ”

သူ၏လူများ ထွက်သွားပြီးနောက် သခင်ကြီးကော်က ယောင်ပင်းအား ရိုသေစွာ မေးမြန်းလိုက်သည်။

နှစ်ပေါင်းများစွာတိုင်အောင် သူသည်က နောင်တတစ်ခုကို ရင်ဝယ်ပိုက်ထားခဲ့ရသူ ဖြစ်၏။

အကယ်၍ သူ၏ ကွယ်လွန်သူဇနီးအား တစ်ကြိမ်တစ်ခါမျှ ပြန်လည် မြင်တွေ့ခွင့်ရမည်ဆိုပါက သူ နောင်တမရှိဘဲ သေပျော်နိုင်ပေပြီ။

ယောင်ပင်းက သခင်ကြီးကော်အား ကြည့်လိုက်လေ၏။

“အဘွားကော်ရဲ့ နာမည်က ဘယ်သူလဲ?”

သခင်ကြီးကော်က အလျင်အမြန် ဖြေသည်

“ကျားစစ်ယွီပါ”

ယောင်ပင်းက ခေါင်းညိတ်လိုက်လေ၏။

“ကောင်းပြီ”

သူက စတိုးဆိုင်မျက်နှာပြ အင်တာဖေ့စ်ကို အလျင်အမြန် ဖွင့်လိုက်ပြီး ‘ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကျမ်း’ ကို ရှာကာ “ကျားစစ်ယွီ” ဟူသော စကားလုံးသုံးလုံးကို ရေးသားလိုက်၏။

သူသည် ကျားစစ်ယွီ၏ ဝိညာဉ်ကို ထွက်ပေါ်လာစေရန် စီစဉ်နေခြင်း ဖြစ်ပေ၏။ သို့သော်လည်း ဦးစွာ ကျားစစ်ယွီ လက်ရှိ မည်သည့်နေရာတွင် ရှိနေသည်ကို အရင်ရှာဖွေရမည် ဖြစ်ပေသည်။

ကျားစစ်ယွီ၏ အမည်ကို ရေးသားပြီးနောက် သူမ၏ အချက်အလက်များမှာ မျက်နှာပြင်ပေါ်တွင် လျင်မြန်စွာ ပေါ်ပေါက်လာခဲ့၏။

ကျားစီရူ: ယင်မိန်းကလေး

ယင်သက်တမ်း: အနှစ် နှစ်ဆယ်

သေဆုံးရခြင်းအကြောင်းရင်း: လူသတ်ခံရခြင်း

လက်ရှိတည်နေရာ: နှလုံးဖောက် ငရဲ

ယောင်ပင်းမှာ မှင်သက်သွားခဲ့ရပေသည်။ ကျားစစ်ယွီက အမှန်တကယ်ပင် လူသတ်ခံခဲ့ရသည်လား။

သူသည် သခင်ကြီးကော်အား သတိလက်လွတ် တစ်ချက်ကြည့်လိုက်မိလေ၏။ သူ့အနေဖြင့် သခင်ကြီးကော်က ကျားစစ်ယွီ လူသတ်ခံရသည့်ကိစ္စကို သိရှိခြင်း ရှိ၊ မရှိ သိချင်နေမိသည်။

သူ့ကို ပို၍ အံ့အားသင့်စေသည်မှာ ကျားစစ်ယွီက ‘နှလုံးဖောက်ငရဲ’ တွင် ရောက်ရှိနေခြင်းပင်။

အကယ်၍ သူမသာ မြေအောက်ကမ္ဘာတွင် ရှိနေမည်ဆိုပါက သူမကို ဤနေရာသို့ ခေါ်ဆောင်လာရန် လွယ်ကူပေလိမ့်မည်။

သို့သော် ငရဲတွင် ရှိနေခြင်းက ပို၍ ရှုပ်ထွေးပေသည်။ သူ့အနေဖြင့် ကျားစစ်ယွီအား ဖမ်းဆီးရန်အတွက် မြေအောက်လောက၏ တမန်တော်နှစ်ဦးဖြစ်သော ဟေးပိုင်ဝူချန်နှစ်ဦးတို့ကို လိုအပ်မည်ဖြစ်ကာ ‘ယမမင်း၏ အမိန့်တော်’ကိုလည်း လိုအပ်လိမ့်မည်။

ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ယောင်ပင်းက ‘ယမမင်း၏ အမိန့်တော်’ ကို ဝယ်ယူလိုက်၏။

*

အခန်း(86)

ယောင်ပင်း ‘ယမမင်း၏ အမိန့်တော်’ ကို အသက်သွင်းလိုက်လေသည်။

ချက်ချင်းပင် ‘ယမမင်း၏ အမိန့်တော်’ မှာ ရွှေရောင် “အမိန့်တော်” စာလုံးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အရှေ့ခန်းမဆောင်၏ တံခါးဝဆီသို့ လျင်မြန်စွာ လွင့်ပျံသွားခဲ့၏။

ထို့နောက် ခန်းမဆောင်၏ တံခါးဝတွင် အနက်ရောင်နှင့် အဖြူရောင် ဝတ်ဆင်ထားသော ပုံရိပ်နှစ်ခု လျင်မြန်စွာ ပေါ်ပေါက်လာခဲ့လေသည်။

ရွှေရောင် “အမိန့်တော်” စာလုံးမှာ သူတို့၏ရှေ့တွင် နှစ်ခြမ်းကွဲသွားပြီး ရွှေရောင် တိုကင်နှစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထိုအပေါ်တွင် ရေးသားထားခဲ့သည်:

“ကျားစစ်ယွီအား နှလုံးဖောက်ငရဲမှ ခေါ်ဆောင်လာခဲ့ရမည်!”

ဟေးပိုင်ဝူချန်တို့သည်လည်း တံခါးအတွင်းရှိ ယောင်ပင်းအား ဦးညွှတ်လိုက်ကြပြီးနောက် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကြတော့သည်။

လူတိုင်းအနေဖြင့် အနက်ရောင်နှင့် အဖြူရောင် ပုံရိပ်နှစ်ခုကို တစ်ချက်မျှသာ မြင်လိုက်ရပြီး တံခါးဝမှနေ၍ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ကြကြောင်းကု တွေ့လိုက်ရလေ၏။

“ဝိညာဉ်ဖမ်းတဲ့ ဟေးပိုင်ဝူချန်တွေလား”

တစ်စုံတစ်ယောက်က တုန်ရီနေသော အသံဖြင့် ပြောလိုက်သည်။

“နင်... နင်လည်း မြင်လိုက်တာလား”

“ငါလည်း မြင်လိုက်တယ်...”

လူတချို့၏ အသံများမှာ သစ်ရွက်တစ်ရွက်ကဲ့သို့ တုန်ရင်နေကြ၏။

သခင်ကြီးကော်မှာလည်း အံ့အားသင့်မှုနှင့် သံသယများဖြင့် ပြည့်နှက်နေခဲ့ရပေသည်။

ခဏမျှသာ မြင်လိုက်ရခြင်းဖြစ်သော်လည်း သူတို့အားလုံးမှာ ခန်းမတံခါးဝတွင် ရပ်နေသော ဦးထုပ်အရှည်ကြီးများကို ဆောင်းထားသည့် အနက်ရောင်နှင့် အဖြူရောင် ပုံရိပ်နှစ်ခုကို မြင်လိုက်ရသည်။

ထိုပုံရိပ်နှစ်ခုမှာ ဒဏ္ဍာရီလာ ‘ဟေးပိုင်ဝူချန်’ နှင့် အတိအကျပင် တူညီလှပေသည်။

ယောင်ပင်းက ဟေးပိုင်ဝူချန်တို့ကိုပင် အမိန့်ပေးနိုင်သည်လား။

တစ်ဖက်လူက မည်ကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသည့် ပုဂ္ဂိုလ်မျိုးဖြး်နေသည်လဲ။

ယောင်ပင်း၏ အစွမ်းမှာ မည်မျှအထိ ကြောက်စရာကောင်းနေသနည်း။

ထိုအချိန်တွင် သခင်ကြီးကော်သည်လည်း သူ၏ မြေးအရွယ်သာရှိသော ဤလူငယ်လေးအပေါ် ထူးဆန်းသော ကြောက်ရွံ့မှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရလေ၏။

တခြားသူများမှာတော့ ထိတ်လန့်နေမိကြ၏။

သူတို့က ယောင်ပင်းအား နှိမ့်ချဆက်ဆံခဲ့ပြီး မတရားစွပ်စွဲခဲ့ကြသည်မဟုတ်ပါလား။ သူက သူတို့ကိုပြန်လည် လက်စားချေမည်ကို ကြောက်ရွံ့နေကြလေပြီ။

မိုရှောက်ယောင်နှင့် ချန်ကျီယာတို့သာလျှင် ယောင်ပင်းအား သူတို့၏ လှပသော မျက်လုံးများဖြင့် မျှော်လင့်တကြီး ကြည့်နေခဲ့ကြသည်။

မည်သူကမျှ စကားမပြောခဲ့ကြပေ။

ခန်းမတစ်ခုလုံးမှာ အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်နေခဲ့သည်။

လူတိုင်းအနေဖြင့် နောက်ထပ် ထိတ်လန့်စရာ တစ်စုံတစ်ရာကို မြင်တွေ့ရမည်စိုးရိမ်သောကြောင့် အသက်ရှူပင် မဝံ့ဘဲ ပတ်ဝန်းကျင်ကို စိုးရိမ်တကြီး စောင့်ကြည့်နေကြလေသည်။

မိနစ်အနည်းငယ် ကြာပြီးနောက်။

ခန်းမအတွင်း၌ ရယ်မောသံတစ်ခုမှာ ရုတ်တရက်ထွက်ပေါ်လာခဲ့လေ၏။

ထို့နောက် ချက်ချင်းပင် တုမင်ယွမ်က မြေပြင်ပေါ်မှ ရုတ်တရက် ထရပ်လိုက်ကာ သူ၏ အဝတ်အစားများကို ခါထုတ်လိုက်ပြီး ရွံရှာနေသည့် အမူအရာဖြင့် ပြောလာသည်။

“ငါက ဘယ်လိုလုပ်ပြီး ကြမ်းပြင်ပေါ်မှာ လဲနေတာလဲ၊ အား... ကြမ်းပြင်က ရွံစရာကောင်းလိုက်တာနော်... ပြီးတော့ ငါ့အဝတ်အစားတွေက ဘာဖြစ်နေတာလဲ”

မတိုင်ခင်က ရယ်မောသံမှာ ခန်းမအတွင်းရှိ လူတိုင်းအား ချက်ချင်းပင် တောင့်တင်းသွားစေခဲ့၏။

သို့သော် တုမင်ယွမ် စကားပြောလိုက်သောအခါတွင် လူတိုင်း မှင်သက်သွားကြရပြန်သည်။

တုမင်ယွမ်မှာ တုမင်ယွမ်ပင် ဖြစ်သော်လည်း၊ သူ၏ အသံမှာတော့ အမျိုးသမီးတစ်ဦး၏ အသံ ဖြစ်နေချေပြီ။

ထို့အပြင် တုမင်ယွမ်၏ အမူအရာနှင့် ဖော်ပြချက်များက လုံးလုံးလျားလျားကို အမျိုးသမီးတစ်ဦးကဲ့သို့ ဖြစ်နေခဲ့သည်။

အထူးသဖြင့် သူက မြေပြင်အား ရွံရှာစွာ ကြည့်ကာ သူ၏အဝတ်အစားများကို ခါလိုက်ချိန်တွင် သူ၏ လက်သန်းလေးက ထောင်နေခဲ့ပြီး၊ လမ်းလျှောက်ပုံမှာလည်း ခါးနှင့် တင်ပါးကိုယိမ်းထိုးနေခဲ့သည်။

သူ၏ စကားပြောပုံမှာလည်း အမျိုးသမီးများကဲ့သို့ အသံအနိမ့်အမြင့်ဖြင့် ဖြစ်နေလေသည်။

လူအုပ်မှာ ခဏမျှ မှင်တက်သွားပြီးနောက် ချက်ချင်းပင် တိုးတိုးတိတ်တိတ်ပြောဆိုလိုက်ကြသည်။

“ဟာ... မင်ယွမ်က အခြောက်အဖြစ်ပြောင်းသွားတာလား၊ မြေပြင်က ထလာပြီးမှ ဘာလို့ ဒီလိုမျိုး ဖြစ်သွားရတာလဲ”

“အဲဒီရယ်သံထွက်လာပြီးမှ အစ်ကိုယွမ်က ပြောင်းလဲသွားတာကို မင်းတို့ သတိထားမိလား၊ သူ... ဝိညာဉ် ပူးကပ်ခံလိုက်ရတာများလား”

ထိုသူ စကားမဆုံးမီမှာပင် တခြားသူများမှာ ကြောက်ရွံ့မှုကြောင့် မျက်နှာများ ဖြူဖျော့သွားခဲ့ကြပြီး ချက်ချင်းပင် ပါးစပ်ပိတ်လိုက်ကြတော့သည်။

သခင်ကြီးကော်က သူ၏ ထိုင်ခုံမှ ခုန်ထလိုက်ကာ စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်သည်။

“စစ်ယွီလား၊ တကယ်ပဲ မင်းလား မင်း... မင်း ပြန်လာတာလား”

သူ၏အသံမှာ တုန်ရီနေပြီး တုမင်ယွမ်ထံသို့ ယိုင်တိယိုင်ထိုးဖြင့်လျှောက်သွားလိုက်၏။

သူ၏ရှေ့တွင် ရှိနေသူမှာ တုမင်ယွမ် ဖြစ်သော်လည်း၊ သူ၏ အသံ၊ အမူအရာ၊ လေသံနှင့် အလေးအနက်ထားပုံတို့မှာ သူ၏ ကွယ်လွန်သူဇနီး ‘ကျားစစ်ယွီ’ နှင့် အတိအကျပင် ပေသည်။

ယောင်ပင်းက သူမကို အမှန်တကယ်ပင် ပြန်လည် ခေါ်ဆောင်ပေးခဲ့ခြင်း ဖြစ်၏။

သခင်ကြီးကော်၏ အသံကို ကြားသောအခါ တုမင်ယွမ်က သူ့အား ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။

သခင်ကြီးကော်ကို မြင်လိုက်လျှင် သူက တုန်လှုပ်သွားပုံရပြီး တိုးညင်းစွာ ရေရွတ်လိုက်၏။

“အစ်ကိုရှန်း... အစ်ကိုလား”

ထို့နောက် ၎င်းတို့နှစ်ဦးမှာ တစ်ဦးဆီသို့ တစ်ဦး အလျင်အမြန် လျှောက်သွားကြပြီး တင်းကျပ်စွာ ပွေ့ဖက်လိုက်ကြလေသည်။

တုမင်ယွမ်မှာ သခင်ကြီးကော်၏ လက်ကို ဆွဲကိုင်လိုက်ကာ သူ၏ မျက်လုံးများထဲတွင် ချစ်ခင်မြတ်နိုးမှုများ ပြည့်နှက်နေပြီး အသံမှာလည်း နူးညံ့သိမ်မွေ့နေခဲ့သည်။

သခင်ကြီးကော်ကလည်း တုမင်ယွမ်အား နက်ရှိုင်းသော အချစ်များဖြင့် ကြည့်နေခဲ့၏။

ဘေးမှ ကြည့်နေသူများမှာ အံ့အားသင့်နေကြရသည်။

ယောင်ပင်းက သခင်ကြီးကော်၏ ဇနီးအား အမှန်တကယ်ပြန်လည် ခေါ်ဆောင်ပေးခဲ့သည်လား။

ထို့အပြင် တုမင်ယွမ်၏ ခန္ဓာကိုယ်ကို အသုံးပြု၍လား။

သူက တုမင်ယွမ်အား လူပျိုစစ်စစ် ဟုတ်၊ မဟုတ် မေးမြန်းခဲ့သည့်မှာ ဤအတွက်ဖြစ်နေသည်လား။

ယောင်ပင်းက မတိုင်မီက ဟေးပိုင်ဝူချန်ဝိညာဉ်ဖမ်းသူတို့ကို ဆင့်ခေါ်ခဲ့ပြီး၊ ယခုအခါ သခင်ကြီးကော်၏ ဇနီးအား တုမင်ယွမ်၏ ခန္ဓာကိုယ်အတွင်း ပူးကပ်စေရန် ဆင့်ခေါ်ခဲ့ပြန်ပြီ။

ယောင်ပင်းက နောက်ထပ် ဘာတွေများ လုပ်နိုင်သေးတာလဲ။

သို့သော် ယောင်ပင်းက မည်သို့ပင် လုပ်နိုင်ပါစေ သူတို့က တစ်ဖက်လူကို ကြောက်ရွံ့ရမည့်သူ ဖြစ်နေခဲ့လေပြီ။

ထိုအချိန်အတွင်း သခင်ကြီးကော်နှင့် သူ၏ဇနီးတို့မှာ စိတ်လှုပ်ရှားစွာဖြင့် မျက်ရည်ကျနေကြပြီး၊ သူတို့၏ ရင်တွင်းခံစားချက် စကားများကို အလျင်အမြန်ပင် ပြောဆိုနေကြလေသည်။

အကယ်၍သာ သခင်မကြီးကော်အနေဖြင့် မိန်းကလေးတစ်ဦး၏ ကိုယ်ထဲတွင် ပူးကပ်ခဲ့မည်ဆိုပါက အခြေအနေမှာ ပို၍ ကောင်းမွန်ပေလိမ့်မည်။

သို့သော် ၎င်းမှာ တုမင်ယွမ် ဖြစ်နေချေသည်။

တုမင်ယွမ်က သခင်ကြီးကော်၏ ရင်ခွင်အတွင်း မှီတွယ်နေကာ၊ ရှက်သွေးဖြာ၍ပြုမူနေခဲ့သည်။ တစ်ခါတစ်ရံတွင် သူ၏ လက်သီးဆုပ်လေးများဖြင့် သခင်ကြီးကော်အား စနောက်ကာ ထုရိုက်နေပြန်သည်။

လူတိုင်းက တစ်ဖက်လူ၏အမူအရာမှာ အတိုင်းအထက်အလွန် ရှက်ရွံ့စရာကောင်းလာခဲ့သည်ကိုမတတ်သာဘဲ ကြည့်နေခဲ့ကြရပေသည်။

သခင်ကြီးကော်နှင့် သူ၏ဇနီးတို့၏ နက်ရှိုင်းသော ချစ်ခြင်းမေတ္တာနှင့် နှစ်ရှည်လများ စောင့်ဆိုင်းခဲ့ရသော ပြန်လည်ဆုံစည်းမှုမှာ စိတ်လှုပ်ရှားဖွယ်ရာ အခမ်းအနားတစ်ခု ဖြစ်သင့်သော်လည်း၊ လူတိုင်းက သခင်မကြီးကော်အား တုမင်ယွမ်အဖြစ် မြင်တွေ့နေရခြင်းမှာ တကယ့်ကို မျက်စိနောက်စရာပင် ဖြစ်နေခဲ့ရသည်။

သူတို့၏ စိတ်လှုပ်ရှားမှုကို မြင်တွေ့ရသောအခါ ယောင်ပင်းလည်း သတိပေးလိုက်သည်။

“မစ္စတာကော်... အရေးကြီးတဲ့ ကိစ္စရှိရင် အရင်ဆုံး အဓိကအချက်ကို ပြောဖို့ ကြိုးစားပါဦး၊ ကျွန်တော် အဘွားကော်ကို နောက်ထပ်တစ်နာရီရဲ့ လေးပုံတစ်ပုံကြာရင် ပြန်ပို့ရလိမ့်မယ်”

သူက သခင်ကြီးကော်အား စမ်းသပ်နေခြင်း ဖြစ်၏။

သခင်မကြီးကော်က လူသတ်ခံခဲ့ရခြင်း ဖြစ်၍ သခင်ကြီးကော်အနေဖြင့် ထိုလူသတ်မှုတွင် ပါဝင်ပတ်သက်မှု ရှိ၊ မရှိကို သူ သိချင်နေမိသည်။

သခင်ကြီးကော်က ထိတ်လန့်သွားပြီးမှ ချက်ချင်းပင် သတိပြန်ဝင်လာခဲ့၏။

“ကောင်းပြီ၊ ကောင်းပြီ... စစ်ယွီ၊ အရင်က ငါပေးထားတဲ့ သေတ္တာလေးကို ဘယ်မှာထားခဲ့တာလဲ၊ ငါ အဲဒါကို ရှာနေတာ အနှစ်နှစ်ဆယ် ရှိပြီ၊ အခုထိ ရှာမတွေ့သေးဘူး”

“သေတ္တာလေးလား”

သခင်မကြီးကော်မှာ အံ့အားသင့်သွားပုံရပြီးနောက် သူမ၏ အမူအရာမှာ ပြောင်းလဲသွားခဲ့၏။

“ရှင် ကျွန်မကို အဲဒီသေတ္တာလေး အတွက်ပဲ ပြန်ခေါ်ခဲ့တာမလား”

သခင်ကြီးကော်က အလျင်အမြန် ရှင်းပြလိုက်သည်။

“မဟုတ်ပါဘူး၊ မဟုတ်ရပါဘူး... ငါ မင်းကို အရမ်းလွမ်းလွန်းလို့ ပြန်ခေါ်ခိုင်းတာပါ”

သခင်မကြီးကော်ကတော့ ရုတ်တရက် နောက်သို့ တစ်လှမ်းဆုတ်လိုက်ကာ သူမ၏ မျက်နှာမှာ အေးစက်သွားခဲ့၏။

“တကယ်လား?”

လူတိုင်းမှာ တစ်ဦးကိုတစ်ဦး ဇဝေဇဝါဖြင့် ကြည့်လိုက်ကြလေသည်။

သခင်ကြီးကော်နှင့် သခင်မကြီးကော်တို့မှာ ခုနလေးတင် အဆင်ပြေနေကြပါလျက်၊ အဘယ်ကြောင့် သေတ္တာအကြောင်း ပြောလိုက်သည်နှင့် တစ်ယောက်နှင့်တစ်ယောက် ရန်လိုသွားကြရသည်လဲ။

ထိုသေတ္တာအတွင်း၌ မည်ကဲ့သို့သော အရေးကြီးသည့်အရာ ရှိနေသနည်း။

ယောင်ပင်းက မည်သည်ကိုမှဝင်မပြောဘဲ တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့၏။

သူ၏ ရင်ထဲတွင် မရေမရာသော အဖြေတစ်ခု ရှိနေခဲ့ပေသည်။

ထိုအချိန်မှာပင် သူ၏ ဖုန်းက ရုတ်တရက် မြည်လာခဲ့လေ၏။

သူ တစ်ချက်ကြည့်လိုက်လျှင် ခိုင်ယဲ့ ဆီမှ ဖုန်းခေါ်ဆိုမှု ဖြစ်နေသည်ကို မြင်လိုက်ရသည်။

ယောင်ပင်းက ဘေးသို့ ခေတ္တဖယ်လိုက်ကာ ခိုင်ယဲ့ ၏ ဖုန်းကို အလျင်အမြန် ဖြေလိုက်ပြီး စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

“အစ်ကိုခိုင်... တစ်ခုခု ဖြစ်လို့လား”

သူ့အနေဖြင့် မာစတာကော်အား ခိုင်ယဲ့ထံသို့ သွားရောက် တောင်းပန်ခိုင်းပြီး သိက္ခာပြန်ဆယ်ပေးရန် စီစဉ်ထားခဲ့ပေသည်။

မာစတာကော်က ပြဿနာရှာလိုက်ပြန်ပြီလား။

“သခင်လေးယောင်... မင်း ရှာခိုင်းထားတဲ့လူ... ငါ ရှာတွေ့ပြီ”

ထိုသို့ပြောချိန်တွင် ခိုင်ယဲ့၏ အသံမှာ ရုတ်တရက် တိုးသွားခဲ့၏။

“ငါ မင်းကို မေးချင်တာက၊ မင်း ရှာခိုင်းထားတဲ့လူက ငါ့ဖုန်းထဲကို မက်ဆေ့ခ်ျနဲ့ပို့ခဲ့တဲ့ လူဆိုတာ သေချာလား”

ယောင်ပင်းက ခေါင်းညိတ်လိုက်ပြီး ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။

“ ဘာဖြစ်လို့လဲ အစ်ကိုခိုင်”

ခိုင်ယဲ့၏အသံမှာ ပို၍ပင်တိုးသွားခဲ့သည်။

“အဲဒီလူက မနှစ်ကတည်းက သေသွားခဲ့ပြီလေ”

*

All Chapters