အခန်း (၁၀၉၀-၁၀၉၂)
Vol. 73 Ch. 1090-1092
အခန်း (၁၀၉၀) အားလုံးအဆင်ပြေသည်
"ဒါဆိုစားစရာဘာမှမရှိဘူးပေါ့"
ယွမ်မုန်မုန်မျက်လုံးများ သိသိသာသာအရောင်မှိန်သွားသည်။
ဤဆိုင်တွင် အစားအသောက်နည်းနည်းစားမည်ဟု တွေးထားခဲ့သည်။ သူ့ကံက ဆိုးလွန်းသည်။ အစားအသောက်ပြတ်နေချိန်နှင့်ကြုံသည်။
"နည်းနည်းလေးတောင်မကျန်တော့ဘူးလား"
သူလက်မလျှော့သေး။
ချင်ဟဲ ခဏစဉ်းစားပြီး ပြန်ပြောသည်။
"ကြက်သွန်ချဉ်တစ်ပွဲတော့ ကျန်သေးတယ်"
"...အဲဒါလည်း ရပါတယ်။ နင်ရောညစာစားပြီးပြီလား"
ချင်ဟဲ ခြေလှမ်းရပ်သွားသည်။
"မစားရသေးဘူး။ ဘာလို့လဲ"
"ဒါဆို အတူစားကြမယ်လေ"
ယွမ်မုန်မုန်က သူယူလာသည့် အစားအသောက်များအပြည့်ပါသည့် စက္ကူထုပ်များကို အားတက်သရောမြှောက်ပြ၍ ဖိတ်ခေါ်သည်။
လမ်းလျှောက်ရင်းစားသောက်ရသည်က ထိုင်စားရသလောက် သက်တောင့်သက်သာမရှိ။
အစက ဆိုင်တွင် ဟင်းပွဲတစ်ချို့မှာပြီး စက္ကူထပ်ထဲမှ ဝိညာဉ်သစ်သီးတစ်ချို့စားဖို့ တွေးထားခဲ့သည်။ သို့သော်ယခု အခြေအနေအရ အစီအစဉ် နည်းနည်းပြောင်းလိုက်ရသည်။
ယွမ်မုန်မုန်တွင် မကောင်းသည့်ရည်ရွယ်ချက်မျိုးမရှိကြောင်း ချင်ဟဲ နားလည်သည်။ ထို့ကြောင့် အတူတူစားသောက်ဖို့ သဘောတူလိုက်သည်။
"အဆင်ပြေတာပေါ့"
ယွမ်မုန်မုန် စက္ကူအိတ်များကို ဖွင့်ဖောက်လိုက်သည်။ ချင်ဟဲက မီးဖိုချောင်သို့သွား၍ ပန်းကန်လုံးနှင့် တူတစ်ချို့သွားယူသည်။ စားပွဲငယ်ပေါ်တွင် စက္ကူအိပ်များ အပြည့်ခင်းထားသည်။
"ဒီအသားနှမ်းပျစ်မုန်ကို စားကြည့်ပါ။ ခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်ကတော့ အရသာရှိတယ်လို့ ပြောကြတယ်"
အတူစားသောက်ဖော်ရှိနေသဖြင့် အစောပိုင်းက ညစ်ညူးခဲ့သည့်စိတ်များ လျော့ပါးသွားသည်။ ယွမ်မုန်မုန်၏ စိတ်များ ပြန်ကြည်လင်လာသည်။
ချင်ဟဲက မုန့်ကိုတစ်ဖဲ့ကိုက်သည်။ အချဉ်ရည်ကို ဇွန်းထဲသို့လောင်းထဲသည့်။ ထို့နောက် ဣန္ဒေရရ စားသည်။ သူ့ဟန်ပန်အမူအရာက အထက်တန်းကျသည်။
"တကယ်ကောင်းတာပဲ"
သူ့ပုံစံကိုကြည့်၍ ယွမ်မုန်မုန်လည်း စားသောက်သည့်ဟန်ပန်ပြောင်းလိုက်သည်။ ချင်ဟဲလို ဣန္ဒေရရစားကြည့်သည်။
စကားပြောကြရင်းမှ ချင်းဟဲနာမည်ကို သူသိရသည်။ စားသောက်ဆိုင်၏ ခေါင်းဆောင်စားဖိုမှူးဖြစ်သည်။ ဆိုင်တွင် ချင်ဟဲနှင့်ဆိုင်ရှင်သာရှိသည်။ ဆိုင်ဝန်ထမ်းမလုံလောက်သဖြင့် ဆိုင်ရှင်ကိုယ်တိုင် ဈေးဝယ်ထွက်ရသည်။
ချင်ဟဲက ဆိုင်စောင့်သည်။ သူတို့တစ်နေ့တာလှုပ်ရှားမှုက အတော်များဟန်ရှိသည်။ ထို့ကြောင့်လည်း ဆိုင်ကို ယခုလိုနည်းနည်းခေါင်သည်နေရာတွင် ဖွင့်ထားခြင်းဖြစ်မည်။
ချင်ဟဲလည်း ယွမ်မုန်မုန်အကြောင်းသိလာည်။ ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်အကြောင်း ယွမ်မုန်မုန်က ခဏခဏပြောသည်။ တောင်တန်းပေါ်တွင် ပုံမှန်နေသည်ဟုပြောသည်။ တောင်းတန်းဓားပြဂိုဏ်းတစ်ခုမှ ဖြစ်ပုံရသည်။
ယွမ်မုန်မုန် ဉာဏ်ရည်သိပ်မထက်ထက်ကြောင်း ချင်ဟဲသတိထထားမိသည်။ တောင်တန်းပေါ်သို့ လှည့်စား၍ ခေါ်ဆောင်ခံရခြင်းဖြစ်မည်။ ယွမ်မုန်မုန်စကားအရ ဒုခေါင်းဆောင်သည် ခေါင်းဆောင်ကို မကြာခဏလှည့်စားကြောင်းသိရသည်။ အကျင့်စရိုက် သိပ်ကောင်းပုံမပေ
သူတို့နှစ်ယောက် လက်ဖက်ရည်ကို ခွက်တိုက်၍ သောက်ကြသည်။ အစောပိုင်းက ပြောခဲ့သည့် အကြောင်းအရာကို စကားပြန်ဆက်သည်။
"နင်တို့ဆိုင်က အဲလောက်ကံဆိုတးာလား။ နတ်ဆိုးဂိုဏ်းတွေရောက်လာပြီး တိုက်ခိုက်ကြလို့ ဆိုင်ပျက်စီးမတတ်ဖြစ်ခဲ့တယ်ပေါ့။ နင်ဆိုင်ရှင်က စွမ်းရည်နည်းနည်းရှိလို့ တော်သေးတယ်။ အဲဒီ့ပြဿနာဖြစ်ပြီးနောက်ပိုင်း အရင်နေရာမှာ စိတ်မချရတော့လို့ နတ်ဆိုးမြို့တော်ကို ပြောင်းလာကြတာလား"
ယွမ်မုန်မုန်က လိပ်ခုံးပုံမုန့်ကို ပျားရည်စမ်း၍စားရင်း ချင်ဟဲတွေ့ကြုံခဲ့ရသည့်အဖြစ်များကို အတော်အံ့ဩနေသည်။
"နင်လည်း အတော်ခက်ခဲခဲ့ပုံပါပဲ။ နင့်အမနဲ့တွေ့ဖို့ အိမ်ကနေ ထွက်ပြေးလာတယ်။ ပြီးတော့ နင့်အမက ခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်ကို နင်နဲ့အတူလွှတ်လိုက်တယ်။ သူတို့က နင့်ကိုထားခဲ့ပြီး ထွက်သွားကြတယ်ပေါ့"
ချင်ဟဲက လတ်ဆတ်သည့် ပဲမုန့်များကိုစားသည်။ ပူပူနွေးနွေးရှိနေသသေးသဖြင့် ပဲမုန်အနံ့က သင်းပျံ့နေသည်။ နည်းနည်းခြောက်ကပ်ကပ်နိုင်သလိုတော့ ရှိသည်။
"အဲလောက်တော့ မဆိုးပါဘူး။ ခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်က လူကောင်းတွေပါ။ ဒုခေါင်းဆောင်က နတ်ဆိုးမြို့တော်ကို သိပ်မလာချင်ဘူး။ ငါတောင်းဆိုလို သူလိုက်လာတာပါ"
သူ့စကားနားထောင်လေလေ ချင်ဟဲစိတ်ထဲ ယွမ်မုန်မုန် အလှည့်စားခံခဲ့ရသည်ဟု ထင်လာလေဖြစ်သည်။
အစားအသောက်များ လက်စသပ်ပြီးနောက် ချင်ဟဲကထရပ်၍ သူ့ကိုဆိုင်အပြင်လိုက်ပို့သည်။
"ဪ မုန်မုန်၊ နင်တို့ နတ်ဆိုးမြို့တော်မှာ ဘယ်လောက်ကြာအောင်နေဦးမှာလဲ"
"ဝိညာဉ်စားဖိုမှူးပြိုင်ပွဲပြီးတဲ့အထိပေါ့"
"ဒီဆိုင်ကို ပြန်လာဦးမှာလား"
ချင်ဟဲအတွက် စကားပြောဖော်တွေ့ရခဲသည်။ ယနေ့ မုန်မုန်နှင့်စကားပြောရင်း ထူးဆန်းသည့်ရင်းနှီးမှုတစ်ခု ခံစားရသည်။ စကားထပ်ပြောချင်သည်။ ဝိညာဉ်စားဖိုမှူးပြိုင်ပွဲပြီးဆုံးဖို့လည်း ရက်ပေါင်းများစွာလိုသေးသည်။
"လာဖြစ်လောက်ပါတယ်"
နောက်ပိုင်းရက်များတွင် ဒုခေါင်းဆောင်အလုပ်များလာလောက်သည်ဟု သူယူဆသည်။ သူနှင့်အတူ ဈေးဝယ်မထွက်နိုင်တော့လောက်။ ဒုခေါင်းဆောင်ကို ဆက်ဒုက္ခမပေးတော့ဘဲ ဤဆိုင်သို့လာထိုင်သည်က ပိုကောင်းသည်။
"ညနေပိုင်းလောက်လာခဲ့လေ။ နင်အားတယ်မဟုတ်လား"
ဆိုင်ရှင်က ညနေပိုင်းတွင် ဈေးဝယ်ထွက်လေ့ရှိသည်။ တစ်ခြားလူများနှင့် သူပြောဆိုဆက်ဆံသည်ကို သူ့ဆိုင်ရှင်က သဘောမကျ။
"ကောင်းပြီလေ"
ယွမ်မုန်မုန် ပျော်ရွှင်စွာခေါင်းငြိမ့်လိုက်သည်။ သူနားလည်သည်။ စားဖိုမှူးတစ်ယောက် အလုပ်ချိန်တွင် ဖောက်သည်များနှင့် စကားပြောနေသည်ကို ဘယ်ဆိုင်ရှင်မှ ကြိုက်မည်မဟုတ်။
ယွမ်မုန်မုန်ထွက်သွားပြီး သိပ်မကြာမီ မီးခိုးရောင်ဝတ်စုံနှင့်မိန်းမတစ်ယောက် ဟင်းရွက်ခြင်းတစ်လုံးဆွဲ၍ ပြန်လာသည်။ စားပွဲရှင်းနေသည့် ချင်ဟဲကိုမြင်ရသဖြင့် သူစိတ်ဝင်စားသွားသည်။
"နင်ဘာတွေ တွေးနေတာလဲ။ ငါထွက်သွားတုန်းကထက် ပိုပျော်နေသလိုပဲ"
"နင်အတွေးလွန်နေတာပါ"
ထိုစကားကြောင့် ပဲပြာအရှင် ရင်ထိတ်သွားသည်။ လုယန် ဤမြို့တော်သို့ရောက်နေသည်မဟုတ်လော...
မဖြစ်နိုင်။ လုယန်၏တည်နေရာကို သူအမြဲတမ်းအာရုံခံနိုင်သည်။ ဤဆိုင်သို့ လုယန်ရောက်မလာ။
သူခေါင်းခါလိုက်သည်။ အတွေးလွန်နေခြင်းသာဖြစ်သည်။
လုယန်သည် မိုးပျံဘုံကျောင်းတွင်ပေါ်ခဲ့သည့် လူထူးဆန်းမသေမျိုးနှင့် ဆက်စပ်မှုရှိနေကြောင်း သူသိထားသည်။ သူရှာနေသည့်လူသည်လည်း လုယန်နှင့် ပတ်သက်နေမည်ဟု မသိစိတ်ကအလိုလိုခံစားနေရသည်။
လုယန်ကိုရှာတွေ့လျှင် သူရှာနေသည့်လူကို တွေ့နိုင်သည်။
သို့သော် နတ်ဆိုးမြို့တော်သို့ လုယန်ရောက်လာကြောင်း အာရုံခံမိချိန်တွင် သူ့စိတ်ထဲ ဒွိဟစိတ်များပေါ်လာသည်။ ဘာကိုဒွိဟဖြစ်နေမှန်းလည်း သူစဉ်းစားမရ။ ထာဝရနတ်မယ်နှင့်တွေ့ရမည်ကို ကြောက်နေခြင်းလား။ သို့မဟုတ် တစ်ခြားအကြောင်းကြောင့်လားမသိ။
သူနားမလည်တော့။ တစ်ခါမှ ထိုသို့မခံစားခဲ့ရဖူး။
....
"ဒုခေါင်းဆောင်၊ နင်အထဲမှာရှိလား"
"အင်း၊ ဝင်ခဲ့ပါ"
ယွမ်မုန်မုန် သူ့ထက်စောစောပြန်ရောက်မည်ဟု ထင်ထားခဲ့သည်။ သို့သော် ယခုမှရောက်လာသည်။
ယွမ်မုန်မုန်က စက္ကူအိတ်များသယ်လာသည်။ လုယန်ရှေ့စားပွဲပေါ်တွင် တင်လိုက်သည်။ အပြန်လမ်းတွင် ဝယ်လာသည့် ပစ္စည်းများဖြစ်သည်။
"ခေါင်းဆောင်ရော ဒုခေါင်းဆောင်ရော မစားဖူးလောက်သေးဘူးထင်တဲ့ ဝိညာဉ်သစ်သီးတွေ နည်းနည်းဝယ်လာခဲ့တယ်။ မြည်းကြည့်မလား"
"အင်း အင်း"
လုယန် 'အင်း'နှစ်ခါလိုက်သည်။ တစ်ခါက နတ်မယ်အတွက်ကိုယ်စားပြောခြင်းဖြစ်သည်။
နောက်ပိုင်းခေတ် ဝိညာဉ်စားဖိုမှူးများသည် မကြာခဏ အသစ်အဆန်းများဖန်တီးကြသည်။ နတ်မယ်တစ်ခါမှ မမြင်ဖူးသည့် ဝိညာဉ်သစ်သီးမျိုးကွဲ များစွာရှိသည်။
ပုံမှန်အားဖြင့် လုယန်တစ်ကိုက်ဝါးပြီးလျှင် နတ်မယ်က ခန္ဓာကိုယ်ဝင်ပူး၍ တစ်ကိုက်ဝါးသည်။ ထို့နောက် ခန္ဓာကိုယ်ပြန်လွှဲပေးပြီး သိစိတ်နယ်မြေသို့ ပြန်ဝင်သည်။ ထို့နောက် ဝိညာဉ်သစ်သီးများ အရည်အသွေးမမီကြောင်း ချက်ချင်းဝေဖန်လေ့ရှိသည်။
လုယန်က စားသောက်နေရင်း သူ့ဝေဖန်ချက်များကို နားထောင်ရသည်။
"ခုနက ဘယ်ကိုထွက်သွားတာလဲ ဒုခေါင်းဆောင်"
"ထောင်ထျဲ့ခေါင်းဆောင်ဆီကိုပါ။ သူက ဝိညာဉ်စားဖိုမှူးမဟာမိတ်ရဲ့ ခေါင်းဆောင်နေရာအတွက် ပြိုင်ဆိုင်ချင်နေတာ။ လိုချင်တဲ့ဟင်းချက်ပစ္စည်းတွေရဖို့ သူ့လူတွေအများကြီး ဝိညာဉ်စားဖိုမှူးပြိုင်ပွဲကို ဝင်ခိုင်းထားတယ်။
အဲဒီ့ဆေးပစ္စည်းတွေရလာမှ သူတီထွင်ထားတဲ့ ဟင်းပွဲကို ဖန်တီးနိုင်မှာ။ ငါက မြေကြီးစားတုန်းက ကောင်းကင်မျိုမြေစားပညာကိုသုံးလိုက်တယ်။ ဒါကို သူတို့က နားလည်မှုလွဲပြီး သူတို့မျိုးနွယ်ဝင်လို့ ထင်သွားတယ်။
ငါ့ကို ဝိညာဉ်စားဖိုမှူးပြိုင်ပွဲဝင်စေချင်ကြတယ်။ ဒါက ထူးခြားတဲ့အတွေ့အကြုံသစ်ပဲလို့တွေးပြီး ငါလည်းအသာမျှောလိုက်ခဲ့တယ်"
ဒုခေါင်းဆောင်၏ကံကြမ္မာသည် တကယ်ထူးခြားသည်ဟု ယွမ်မုန်မုန်ထင်မိသည်။ ကူးဖြတ်ခြင်းအဆင့် ရာထူးပြိုင်ပွဲတစ်ခုနှင့် လွယ်လွယ်တွေ့ကြုံခဲ့သည်။
"ညီမမုန်မုန်၊ မင်းတစ်ခုခုပြဿနာတွေ့ခဲ့လို့လား။ ဘာလို့ဒီလောက်နောက်ကျနေတာလဲ"
"ဘာပြဿနာမှ မတွေ့ပါဘူး။ ဝိညာဉ်စားဖိုမှူးတစ်ယောက်နဲ့တွေ့လို့ စကားပြောနေတာ နည်းနည်းကြာသွားတာပါ"
ယွမ်မုန်မုန်က ပြုံး၍ပြောသည်။
"မင်းအဆင်ပြေရင်ပြီးတာပါပဲ။ တစ်ခုခု အခက်အခဲရှိရင် ငါ့ကိုပြောပါ။ နတ်ဆိုးမြို့တော်မှာ ငါ့အဆက်အသွယ်တွေ ရှိပါတယ်"
*******************************
အခန်း (၁၀၉၁) ကြယ်ကိုးပွင့်ဝိညာဉ်စားဖိုမှူး
ယွမ်မုန်မုန် ခန့်မှန်းခဲ့သလိုပင် နောက်ပိုင်းရက်များတွင် လုယန်အတော်အလုပ်များလာသည်။
ကိုယ့်အလုပ်ကိုယ် မြတ်နိုးရမည်ဟူသည့် စကားရှိသည်။ ဝိညာဉ်စားဖိုမှူးပြိုင်ပွဲ ဝင်ပြိုင်ရမည်ဖြစ်၍ အဆက်အသွယ်လူခံရှိရုံဖြင့် မလုံလောက်သေး။ အနည်းဆုံးတော့ ဝိညာဉ်စားဖိုမှူးများအကြောင်း သေချာနားလည်ဖို့လိုသည်။
ဝိညာဉ်စားဖိုမှူးတစ်ယောက်၏ အခြေခံအကျဆုံး စွမ်းရည်တစ်ခုသည် အရိုးကိုမထိခိုက်စေဘဲ အသားကို ခွဲထုတ်ရခြင်းဖြစ်သည်။
ဝိညာဉ်စားဖိုမှူးများတွင် အဆင့်သတ်မှတ်ချက်ရှိသည်။ ကြယ်ကိုးဆင့်ခွဲခြားထားသည်။ ချီအဆင့်မှ မသေမျိုးအဆင့်ထိရှိသည်။
ချီအဆင့်သည် ကြယ်တစ်ပွင့်အဆင့်၊ မသေမျိုးအဆင့်သည် ကြယ်ကိုးပွင့်အဆင့်ဖြစ်သည်။
ကြယ်ခြောက်ပွင့်ဖြစ်သည့် လေဟာနယ်သန့်စဉ်အဆင့်သည် အမည်သတ်မှတ်ချက်မျှသာဖြစ်သည်။ ဝိညာဉ်ပြောင်း ကြယ်ငါးပွင့်အဆင့်စားဖိုမှူးများ လေဟာနယ်သန့်စင်စင်အဆင့်သို့တက်လျှင် ကြယ်ခြောက်ပွင့်စားဖိုမှူးဘွဲ့ကို ရသည်။
ကြယ်ကိုးပွင့်အဆင့်စားဖိုမှူး တစ်ယောက်သာရှိသည်။ ဝိညာဉ်စားဖိုမှူးတို့၏ဘိုးဘေး ယင်ထန်မသေမျိုးဖြစ်သည်။
လုယန်အတွက် စားဖိုမှူးများအကြောင့် လေ့လာရသည်မှာ သိပ်မခက်လှ။ ဒဏ္ဍာရီကြယ်ကိုးပွင့်စားဖိုမှူးဖြစ်သည့် နတ်မယ်ကိုယ်တိုင် သင်ကြားပို့ချပေးနေသည်။
"ရှောင်ယန်၊ ကြည့်ပါ၊ အဲဒါ ခွေ့နွားရဲ့ တည်ဆောက်ပုံပဲ။ ဒီအဖြူမျဉ်းကြောင်းက အရိုးနဲ့အသား ဆုံတဲ့နေရာ။ အရိုးနဲ့အသားကိုဖယ်လိုက်ရင် အကြောလွှာကို တွေ့မယ်"
သိစိတ်နယ်မြေ၏ မြေပြင်တွင် နတ်မယ်က ဒးတုပ်ထိုင်၍ တုတ်တစ်ချောင်းဖြင့် ပုံကြမ်းများ ရေဆွဲနေသည်။ ခွေ့နွားဟုသာ သူမပြောလျှင် လုယန်စိတ်ထဲ ဟောသွန်းသီးနှစ်လုံး တုတ်ထိုးကင်ထားသည်ဟု ထင်မိလိမ့်မည်။
ရှေ့တစ်လုံးက ဦးခေါင်း။ နောက်တစ်လုံးက ခန္ဓာကိုယ်ဖြစ်သည်။
"နတ်မယ်၊ လေ့ကျင့်ဖို့အတွက် ပစ္စည်းအစစ်ရှာရင် ကောင်းမယ်ထင်တယ်"
လုယန် စိတ်အားထက်သန်စွာ အကြံပြုသည်။ လက်ရှိသင်ကြားနည်းအတိုင်းဆိုလျှင် နွားကိုအရိုးချဖို့မဆိုထားနှင့်။ ခွေ့နွားအစစ်ပုံစံကိုပင် သူမှတ်မိမည်မထင်။
သို့သော် နတ်မယ်၏ ပုံစွမ်းစွမ်းရည်ကို တိုက်ရိုက်ဝေဖန်၍မဖြစ်။ ဝိညာဉ်စားဖိုမှူးနောက်တစ်ယောက်ပြောင်း၍ သင်ယူလျှင်လည်း နတ်မယ်ရင်ကွဲနာကျသွားနိုင်သည်။
"ပစ္စည်းအစစ်ရှာဖို့လား။ အဲဒီ့စိတ်ကူး တကယ်ကောင်းတယ်"
လုယန်လိုအပ်သည်က ခွေ့နွားတစ်ကောင်သာလိုသည်မဟုတ်။ နတ်ဆိုးသားရဲအလောင်း မျိုးစုံလိုအပ်သည်။
ထိုမျှများပြားသည့် သားရဲများကို ကိုယ်တိုင်သွားဝယ်နေလျှင် ဒုက္ခများမည်။ တစ်ခြားလူတစ်ယောက်ကို ဝယ်ခိုင်းသည်က အလွယ်ဆုံးဖြစ်သည်။
"ချုံးချီခေါင်းဆောင်ကို ပြောလို့မလားမသိဘူး"
လုယန် ကျူးထန်ကို ဒုက္ခမပေးတော့ဘဲ ချုန်းချီမျိုးနွယ်ဆီသွားသည်။
မည်သို့ဆိုစေ ကျူးထန်သည် နိုင်ငံအင်ပါယာဖြစ်သည်။ နေ့စဉ်တာဝန်များဖြင့် အလုပ်များနေသည်။ တွေ့ဆုံဖို့ အချိန်မရလောက်။ ထိုအသေးအဖွဲ့ကိစ္စလောက်အတွက် သူ့ကိုအပူမကပ်သင့်။
နတ်ဆိုးနိုင်ငံတည်ထောင်ပြီးနောက် နဂါးမျိုးနွယ်နှင့် ဖီးနစ်မျိုးနွယ်မှလွဲ၍ ကူးဖြတ်ခြင်းအဆင့်နတ်ဆိုးအင်ပါယာရှိသည့် နတ်ဆိုးမျိုးနွယ်အားလုံး နတ်ဆိုးမြို့တော်တွင် အခြေချကြသည်။ ချုန်းချီမျိုးနွယ်လည်း မြို့ထဲတွင်ရှိနေသည်။
"မင်းကဘယ်သူလဲ"
ချုန်းချီမျိုးနွယ်နှင့် ဆက်သွယ်ရာတွင် ရုပ်ရည်အစစ်ကို သုံး၍မဖြစ်။ ထို့ကြောင့် သူရုပ်ဖျက်ထားသည်။
ဓားချီသွင်းထားသည့် သစ်သားဓားတစ်လက်ကို လုယန် ထုတ်ပေးလိုက်သည်။
"ဒါကို ချုန်းချီခေါင်းဆာင်ဆီ ပေးလိုက်ပါ။ သူကိုယ်တိုင် ကျုပ်ကို ထွက်ပြီးတွေ့ပါလိမ့်မယ်"
ချုန်းချီဂိတ်စောင့် လုယန်ကို အထင်မသေးရဲတော့။ သစ်သားဓားကိုယူ၍ ချက်ချင်းထွက်သွားသည်။
သိပ်မကြာမီ ခေါင်းဆောင်ကျင်းချွဲ့ အပြေးတစ်ပိုင်းထွက်လာပြီး လုယန်ကို ကိုယ်တိုင်ကြိုဆို၍ သူ့အိမ်တော်သို့ခေါ်သွားသည်။ လုယန်လည်း ပုံမှန်ရုပ်သွင်သို့ ပြောင်းလိုက်သည်။
"လု...အဲ...ငါ့တူ...တာအိုမိတ်ဆွေ..အဲ..အကြီးအကဲ"
ကျင်းချွဲ့ လုယန်ကို ဘယ်လိုခေါ်ရမှန်းမသိဖြစ်နေသည်။
ကောင်းကင်ရုံးတော်ဂိုဏ်းချုပ်၏ အမွေခံအဖြစ်စဉ်းစားလျှင် လုယန်သည် သူ့ထက်ရာထူးအဆင့်မြင့်သည်။
သို့သော် သူသည် တာအိုရှင်ဝစီပိတ်၏ ညီငယ်လည်းဖြစ်သည်။ ထို့ကြောင့် လုယန်ထက် မျိုးဆက်ဝါစဉ်မြင့်သည်။
"ခေါင်းဆောင်ကျင်း၊ ကျုပ်ကို တာအိုမိတ်ဆွေတို့ အကြီးအကဲတို့လိုခေါ်တာတော့ များလွန်းပါတယ်"
"ထိုင်ပါဦး ဂိုဏ်းသခင်လေး"
အခေါ်အဝေါ်ကိစ္စ ထပ်မစဉ်းစားတော့ဘဲ ကျင်းချွဲ့က လုယန်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုသည်။
ချုန်းချီမျိုးနွယ်က သုံးဖက်မြင်ပုံရိပ်မှော်ဖန်လုံးလုပ်ငန်း စတင်လုပ်ကိုင်နေပြီဖြစ်၍ စီးပွားရေး တိုးတက်လာသည်။ ဖယောင်းတိုင်ဝယ်မိသည့်အရှုံးများ ကာမိလာသည်။ လုယန်သည် သူတို့မျိုးနွယ်၏ ကယ်တင်ရှင်ဖြစ်သည်။
"ကျုပ်ဟင်းချက်ပညာလေ့ကျင့်ဖို့ နတ်ဆိုးသားရဲအလောင်း နည်းနည်းဝယ်ချင်လို့ လာခဲ့တာပါ"
"နတ်ဆိုးအလောင်းလား။ ဒါက လွယ်ပါတယ် သခင်လေး။ ဘယ်နတ်ဆိုးအလောင်းကို လိုချင်တာလဲ"
နန်းမြို့တော်တိုက်ပွဲတွင် ကျင်းချိုင်ဝေ လူလုံးထွက်ပြပြီးနောက် ချုန်ချီမြိုးနွယ်၏ အဆင့်အတန်းလည်း တဟုန်ထိုး မြင့်တက်သွားသည်။ နတ်ဆိုးမျိုးနွယ်များကြားတွင် နဂါးမျိုးနွယ်၊ ဖီးနစ်မျိုးနွယ်နှင့် ကျူးထန်၏တိကျန်းမျိုနွယ်တို့မှလွဲလျှင် ချုန်းချီမျိုးနွယ်သည် အဆင့်အတန်းအမြင့်ဆုံးဖြစ်သည်။ အဆက်အသွယ်လမ်းကြောင်း များစွာရှိသည်။
"အမျိုးအစားစုံလေ ပိုကောင်းလေပဲ"
"ကောင်းပါပြီ။ ကျုပ်ကို အချိန်ခဏပေးပါ"
ကျင်းချွဲ့ လုယန်ကို အမြန်နှုတ်ဆက်၍ အပြင်ထွက်သွားပြီး သားရဲအလောင်းမျိုးစုံစုစည်းဖို့ သူ့လက်အောက်ခံများကို ညွှန်ကြားသည်။
သိပ်မကြာမီ တံခါးပြန်ပွင့်လာသည်။ သို့သော် ဝင်လာသူက ကျင်းချွဲ့မဟုတ်။
"သခင်လေး၊ နတ်ဆိုးမြို့တော်ရောက်တာတောင် ကျွန်မကို အသိမပေးဘူးပေါ့"
ကျင်းချွဲ့ထံမှ သတင်းကြားသည်နှင့် ကျင်းချိုင်ဝေက လုပ်လက်စအလုပ်များကို ပစ်ထားခဲ့ပြီး ချက်ချင်းပြေးလာခဲ့ခြင်းဖြစ်သည်။
လုယန် ပြုံး၍ထရပ်ပြီး လက်နှစ်ဘက်ဆုပ်နှုတ်ဆက်သည်။
"အကြီးအကဲကျင်းက အလုပ်များနေမှန်းသိပါတယ်။ ကျုပ်မနှောက်ယှက်ရဲပါဘူး"
"ဘယ်လိုစကားတွေ ပြောနေတာလဲ။ သခင်လေးက ဂိုဏ်းသခင်ပါ။ ကျွန်မတို့မျိုးနွယ်ရဲ့ ကျေးဇူးရှင်ပါ။ သခင်လေးလာတွေ့တာ ကျွန်မအတွက် လုံးဝအနှောက်အယှက်မဖြစ်ပါဘူး။
ကျွန်မပို့လိုက်တဲ့ ဝိညာဉ်ကျောက်တွေ ရတယ်မဟုတ်လား"
"ရပါတယ်၊ နည်းနည်းတော့များလွန်းတယ်။ ကျုပ်က အကြံပေးရုံပဲလေ။ ဒီလောက်အများကြီးပေးဖို့ မထိုက်တန်ပါဘူး"
လုယန်၏လက်ရှိပိုင်ဆိုင်မှုက ကူးဖြတ်ခြင်းအဆင့်များပင် ယှဉ်နိုင်မည်မဟုတ်။
ဥပမာ သူ့ဆရာဝစီပိတ်။
မကြာမီ ကျင်းချွဲ့က နတ်ဆိုးသားရဲအလောင်းများစွာ ယူလာသည်။ ရေနေသားရဲ၊ ကုန်းမြေသားရဲ၊ လေတွင်ပျံသည့်သားရဲ မျိုးစုံပါသည်။ များလွန်းသဖြင့် အိမ်တော်ပင်မဆံ့တော့။
လုယန် အားလုံးကို ချင်ဖုန်းဓားကမ္ဘာငယ်ထဲ ထည့်လိုက်သည်။
ကျင်းချိုင်ဝေက ဓားကမ္ဘာငယ်ထဲသို့ မရောက်ဖြစ်သည်မှာ အတော်ကြာပြီဖြစ်၍ လုယန်ဘာလုပ်မည်ကို သိလိုသဖြင့် အတူလိုက်သွားသည်။
"ကျားပေါက်လေး၊ မတွေ့ရတာကြာသွားပြီနော်"
ဓားကမ္ဘာထဲရောက်သည်နှင့် နတ်မယ်ကပြုံး၍ ပေါ်လာပြီး ကျင်းချိုင်ဝေခေါင်းမှဆံပင်ကို ပွတ်သပ်နေသည်။
"မသေမျိုးအမ"
"လိပ်မ္မာလိုက်တာ"
"ရှောင်ယန်၊ ဒီခွေ့နွားကိုယူခဲ့"
သားရဲအလောင်းပုံထဲမှ ခြေတစ်ချောင်းတည်းသာရှိသည့် နတ်ဆိုးနွားကို နတ်မယ်လက်ညှိုးထိုးပြသည်။
"ဟုတ်ကဲ့ပါ"
လုယန် ခွေ့နွားကိုဆွဲထုတ်လိုက်သည်။ သားရဲအလောင်းပုံပြိုကျလာသဖြင့် အမြန်ရှောင်လိုက်ရသည်။
"နတ်ဆိုးသားရဲတွေရဲ့အသားဟာ အစိတ်အပိုင်းပေါ်မူတည်ပြီး အရသာအမျိုးမျိုးရှိတယ်"
ကြယ်ကိုးပွင့်စားဖိုမှူးက သူ့အတွေ့အကြုံများကို မျှဝေသည်။
"ဒါကိုပြောပြဖို့ နည်းနည်းတော့ခက်တယ်။ အဲ..ကျားပေါက်လေး၊ ဒီနွားကို ရေပြင်ညီအရိယဖလနဲ့ ဖိနှိပ်ပေးပါဦး"
ကျင်းချိုင်ဝေက အရိယဖလသန္ဓေကို အသက်သွင်း၍ ခွေ့နွားကို စက္ကူပြားလိုဖြစ်အောင် ဖိလိုက်သည်။
"အဲဒါမှ ရှင်းပြရတာ ပိုလွယ်တာ"
နတ်မယ်က 'နွားပြား'ပေါ်တွင် စက်ဝိုင်းများဆွဲသည်။
"ဒီနေရာကို မိုးခိုသားလို့ခေါ်တယ်။ ပြီးတော့ ဒီနေရာက ပေါင်သားပေါ့။ ဒီနေရာက လက်ပြင်သား..."
လုယန် ခေါင်းငြိမ့်၍ လိုက်မှတ်သည်။ အာရုံစိုက်၍ လေ့လာသည်။
ကျင်းချိုင်ဝေလည်း ဘေးမှလေ့လာနေသည်။ ထိုသင်ခန်းစာမျိုး ပထမဆုံးကြားဖူးခြင်းဖြစ်သည်။ အရင်က အစားအသောက်ကိစ္စကို သူအတော်လျစ်လျူရှုထားခဲ့မိကြောင်း နားလည်လာသည်။
"အားလုံးမှတ်မိလား"
"မှတ်မိပါတယ်"
"ဒီအပိုင်းတွေကို ဖြတ်ထုတ်လိုက်"
လုယန် မွေခံဓားကိုကိုင်၍ ခွေ့နွားအလောင်းကို အင်အားကြီးရန်သူတစ်ယောက်လို ရင်ဆိုင်သည်။ ခွေ့နွား၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို သူ့စိတ်အာရုံတွင် ရှင်းလင်းစွာမှတ်မိနေသည်။
ဓားရောင်တစ်ချက်လက်သွားသည်။ နွားအရိုးစုပုံကျလာပြီး တစ်စစီပြန့်ကျဲသွားသည်။ အသားလွှာမျိုးစုံ သပ်ရပ်စွာ အထပ်လိုက်ကျလာသည်။
"ဟားဟား အတော်လွယ်သားပဲ"
ဓားကမ္ဘာငယ်တွင် သားရြအလောင်းများ တောင်လိုပုံနေသည်။ နတ်ဆိုးစွမ်းအင်ရောင်များ ထွက်ပေါ်နေသည်။ သွေးစွန်းဝတ်ရုံရှင်ဓားသမားက အလောင်းများကြားတွင် လမ်းလျှောက်သည်။
သူ့ဓားတစ်ချက်ဝှေ့ယမ်းတိုင်း သားရဲတစ်ကောင်မြေသို့ကျလာသည်။ ရက်ရက်စက်စက်ခုတ်ဖြတ်သည်။ သားရဲများ မူလအသွင်လုံးဝမပေါ်တော့ဘဲ အရိုးစုများအဖြစ်သာ ပြန့်ကျဲသွားသည်။
သွေးနီဝတ်ရုံရှင်ဓားသမားက အရူးတစ်ယောက်လို အေးစက်စက်ရယ်မောနေသည်။
တရားဝင်ပဲဝါအင်ပါယာနိုင်ငံမှတ်တမ်းအရ ဒုတိယပဲဝါအင်ပါယာလုယန်ပိုင်ဆိုင်သည့် ချင်ဖုန်းဓားကမ္ဘာတွင် သားရဲအလောင်းများပြန့်ကျဲ၍ အရိုးစုများ တောင်လိုပုံနေခဲ့သည်
*****************************
အခန်း (၁၀၉၂) ကျင့်စဉ်နည်းတစ်ရာတတ်ကျွမ်းသူ ဘယ်နှယောက်ရှိသနည်း
မီးဖိုချောင်ထဲတွင် အိုးခွက်ပန်းကန်များ၊ ယောက်ချိုဇွန်းများ၊ ရေဇလုံများ ကြမ်းပြင်တွင် ပြန့်ကျဲနေသည်။ ဟင်းချက်ပစ္စည်းများ အစေားအသောက်များလည်းရှိသည်။
စုန့်ထန်ကျင်း မျက်ကွင်းများညိုနေသည်။ ငါးရက်လုံးလုံး သူမအိပ်ခဲ့။ ဟင်းချက်ကျမ်းထဲတွင် လုံးဝစိတ်နစ်မျောနေသည်။ အချိန်ဘယ်လိုကုန်သွားမှန်းသူမသိ။
သို့သော် ယခုလိုဖြစ်ရသည်က အိပ်မက်နှင့် လက်တွေ့ဘဝကို သူခွဲခြားနိုင်စွမ်းမရှိသောကြောင့်လည်းဖြစ်သည်။
ပြတင်းပေါက်ကိုဖွင့်လိုက်သည်။ မနက်ခင်းနေရောင်ခြည်က သိပ်မပြင်းထန်သော်လည်း သူ့မျက်လုံးများ ကျိန်းစပ်သွားသည်။
"သောက်လခွမ်း၊ ဟင်းချက်နည်းတွေလေ့လာရင်း ဈာန်ဝင်သွားတာ။ ဒီနေ့က ဝိညာဉ်စားဖိုမှူးစာမေးပွဲဖြေမယ့်ရက်ပဲ"
ဝိညာဉ်စားဖိုမှူးပြိုင်ပွဲကိုဝင်ဖို့ အရင်ဆုံး စာမေးပွဲအောင်ပြီး ဝိညာဉ်စားဖိုမှူးဖြစ်လာဖို့လိုသည်။ စားမေးပွဲကို လက်လွတ်ခံ၍မဖြစ်။
မီးဖိုချောင်ကို သူမသိမ်းအားတော့။ စားမေးပွဲကျင်းပသည့်နေရာသို့ သူချက်ချင်းပြေးသည်။
"ချန်အာ၊ မျိုးနွယ်ခေါင်းဆောင်က ငါတို့လက်ထပ်ဖို့ကိစ္စကို သဘောတူပြီးပြီ။ မကြာခင် ကျောက်စိမ်းယုန်မျိုးနွယ်ဆီလာပြီး စေ့စပ်ကြောင်းလမ်းလိမ့်မယ်။
ကူးဖြတ်ခြင်းအဆင့်နတ်ဆိုးအင်ပါယာတစ်ယောက် ငါတို့သေချာပေါက် မွေးထုတ်နိုင်မှာပါ"
"သခင်ဝူ၊ ဒီစိတ်ကူးကို လက်လျှော့လိုက်ပါတော့။ ကျွန်မတို့ကြားမှာ အဲလိုဖြစ်လာနိုင်စရာမရှိပါဘူး"
ချန်အာက အဖြူရောင်ဂါဝန်နှင့် အဖြူရောင်ခြေအိတ်များဝတ်ထားသည်။ ဆံပင်ကလည်း ငွေဖြူရောင်တောက်နေသည်။ ဦးခေါင်းထက်သို့ ထိုးထွက်နေသည့် နားရွက်နှစ်ဘက်ပင် အစွန်းအထင်းမရှိ ဆွတ်ဆွတ်ဖြူနေသည်။
ထိုစကားကြောင့် သခင်ဝူ စိတ်လှုပ်ရျားသွားပြီး ချန်အာလက်ကို လှမ်းဆွဲသည်။
"ချန်အာ၊ ငါ့ခံစားချက်ကို မင်းနားမလည်သေးဘူးလား။ ငါမင်းကို တကယ်သဘောကျတာပါ"
"လွှတ်ပါ"
ချန်အာက အတင်းရုန်းသည်။
"ချန်အာ၊ တကယ်တော့ ငါက..."
"လမ်းဖယ်ပေးပါ၊ လမ်းဖယ်ပေးပါခင်ဗျ..."
စုန့်ထန်ကျင်းက ဖရိုဖရဲပုံစံဖြင့် စာရင်းသွင်းသည့်စားပွဲဆီ ပြေးလာသည်။ သခင်ဝူနှင့်ချန်အာဘေးမှ ဖြတ်သွားရန်ကြိုးစားသည်။ သို့သော် ငါးရက်လုံးလုံးမအိပ်ခဲ့ရသဖြင့် သူ့အမြင်အာရုံများက ပုံမှန်မဟုတ်တော့။ သခင်ဝူကို မထင်မှတ်ဘဲ ဝင်တိုက်မိသည်။
"တောင်းပန်ပါတယ်ဗျာ။ ခင်ဗျားအဆင်ပြေရဲ့လား"
"မင်းမျက်လုံးကန်းနေလားကွာ။ ငါဘယ်သူလဲ မင်းသိလား။ ငါက အဆိပ်ငါးပါးမျိုးနွယ်ရဲ့ တော်ဝင်သားတော်ပဲ"
ချစ်ခွင့်ပန်နေသည်ကို နှောက်ယှက်ခံရသဖြင့် သခင်ဝူဒေါသထွက်သွားသည်။ သို့သော် ချန်အာက ကျိတ်၍သက်ပြင်းချသည်။ ထိုအခြေအနေကြောင့် သခင်ဝူလက်ထဲမှ သူလွတ်မြောက်ခွင့်ရသွားသည်။
ဆိုးဝါးသည့်ကံကြမ္မာကို စုန့်ထန်ကျင်းကျိတ်ဆဲမိသည်။ မြို့တော်သို့ရောက်စက နတ်ဆိုးမျိုးနွယ် အခြေတည်အဆင့်တစ်ချို့နှင့် သူရင်းနှီးခဲ့သည်။ အခြေတည်အဆင့်တွင် လုံးဝသွားမိသင့်သူသည် အဆိပ်ငါးပါးမျိုးနွယ်မှ တော်ဝင်သားတော်ဖြစ်ကြောင်း အားလုံးကပြောကြသည်။
ထိုလူသည် အလွန်အညှိုးအတေးဖွဲ့၍ လက်စားချေတတ်သည်ဟုဆိုသည်။
သခင်ဝူဘေးမှ မိန်းကလေးကို သူတစ်ခါတွေ့ဖူးသည်။ ကျောက်ိစမ်းယုန်မျိုးနွယ်မှ ချန်အာဖြစ်သည်။
"ကျုပ်တောင်းပန်ပါတယ် သခင်ဝူ။ အချိန်ပြည့်ခါနီးပြီ။ ကျုပ်သွားပြီး စားရင်းပေးလိုက်ဦးမယ်။ စာမေးပွဲပြီးမှ ခင်ဗျားအိမ်တံခါးရှေ့ကိုလာပြီး သေချာတောင်းပန်ပါ့မယ်"
စုန့်ထန်ကျင်း မွှေးတိုင်ကုန်ခါးနီး နောက်ဆုံးချိန်တွင်ကပ်၍ စာရင်းသွင်းနိုင်ခဲ့သည်။
စုန်ထန်ကျင်းစိုးရိမ်တကြီး စားရင်းသွားသွင်းသည်ကိုကြည့်၍ သခင်ဝူနှုတ်ခမ်းထောင့်တွင် အေးစက်စက်အပြုံးရိပ်ပေါ်လာသည်။
"သူလည်း ငါနဲ့မင်းလိုပဲ ဝိညာဉ်စားဖိုမှူးဖြစ်ချင်တယ်ထင်တယ်။ ငါ့ကိုစော်ကားတဲ့အကျိုးဆက်ကို သူသိစေရမယ်"
"သခင်ဝူ၊ ကျွန်မသတိပေးလိုက်မယ်။ သူ့ကို ထိခိုက်အောင်လုပ်ဖို့ မကြိုးစားပါနဲ့"
ချန်အာက စိုးရိမ်တကြီး ပြောသည်။ မရည်ရွယ်ဘဲဖြစ်ခဲ့သော်လည်း စုန့်ထန်ကျင်းက သူ့အခက်အခဲကို ဖြေရှင်းပေးခဲ့ခြင်းဖြစ်သည်။ သခင်ဝူဒုက္ခပေးမည်ကို သူရပ်ကြည့်မနေနိုင်။
ချန်အာက စုန့်ထန်ကျင်းဘက်မှ ကာကွယ်နေသဖြင့် သခင်ဝူ ပို၍အလိုမကျဖြစ်သွားသည်။
"စိတ်မပူပါနဲ့ ချန်အာ။ သူက အရူးတစ်ယောက်ပါ။ ငါအဲလောက်သဘောထားမသေးပါဘူး"
သခင်ဝူ ခွင့်လွှတ်သည့်အပြုံးဖြင့်ပြောသည်။ သို့သော် စိတ်ထဲတွင် လှောင်ပြုံးပြုံးနေသည်။
ချန်အာငြင်းခုန်နေလည်း ဘာမှအကျိုးမထူး။ စုန့်ထန်ကျင်းစားရင်းသွင်းနေချိန်တွင် သခင်ဝူက အဆိပ်အပ်ဖြင့် တိတ်တဆိတ်ထိုး၍ အဆိတ်ခတ်လိုက်ပြီးဖြစ်သည်။ အဆိပ်က သိပ်မပြင်းလှ။
သို့သော် စားမေးပွဲဖြေချိန်ရောက်လျှင် အစွမ်းပြလာမည်။ မီးဖိုပေါ်ပုံလျက်သား အိပ်ပျော်သွားမည့်မြင်ကွင်းက စိတ်ဝင်စားစရာကောင်းလာလိမ့်မည်။
စုန့်ထန်ကျင်း၏ မျက်ကွင်းများကလည်း ညိုနေသည်။ အိပ်ရေးမဝသည့်လက္ခဏာဖြစ်သည်။ စားမေးပွဲဖြေရှင်း အိပ်ပျော်သွားသည်ကို ဘယ်သူမှ ထူးဆန်းသည်ဟု ထင်ကြမည်မဟုတ်။
သို့သော် စားမေးပွဲပြီးသွားချိန်တွင် ခန်းမထဲမှ ကြယ်နှစ်ပွင့်လက်ပတ်တံဆိပ်ဖြင့် အကောင်းပကတိထွက်လာသည့် စုန့်ထန်ကျင်းကို မြင်လိုက်ရသဖြင့် သခင်ဝူအတော်အံ့အားသင့်သွားသည်။
ဘယ်လိုဖြစ်သွားသည်မသိ။ ထိုကောင်လေး အဆိပ်မသင့်ခဲ့ခြင်းလော...
"သခင်ဝူက ကျုပ်ကိုစောင့်နေသေးတာလား။ ခုနကဖြစ်သွားတဲ့ကိစ္စအတွက် ကျုပ်တကယ်တာင်းပန်ပါတယ်"
သခင်ဝူထွက်မသွားသေးသည်ကို မြင်သဖြင့် စုန့်ထန်ကျင်း အမြန်ပြေးလာပြီး ရိုးသာားစွာတောင်းပန်သည်။
"ကျုပ်ဘယ်လိုဖြစ်သွားမှန်းမသိဘူး။ စာရင်းမသွင်းခင်က အရမ်းအိပ်ချင်နေတာ။ ဒါပေမယ့် စားမေးပွဲခန်းထဲရောက်တော့ ကျုပ်ဦးနှောက်တွေ ချက်ချင်းကြည်လာတယ်။ ဟင်းပွဲပြင်နေတဲ့အချိန်မှာ ကောင်းကောင်းအာရုံစိုက်နိုင်ခဲ့တယ်။
အကဲဖြတ်ဒိုင်က ကျု်ဟင်းကို မနားတမ်းချီးကျူးနေတာ"
သခင်ဝူ အံ့ဩသွားပြန်သည်။ အဆိပ်ကို စွမ်းအင်အဖြစ်စုပ်ယူနိုင်သည်မှာ အဆိပ်နိုင်ခန္ဓာ၏ လက္ခဏာဖြစ်သည်။
အတော်ရယ်စရာကောင်းသည်။ ထိုကောင်လေးက အဆိပ်ငါးမျိုးကို ဆန့်ကျင်နိုင်သည့် အဆိပ်နိုင်ခန္ဓာရှိနေခြင်းလော...
ချန်အာ မျက်တောင်တစ်ချက်ခတ်သည်။ သူဉာဏ်မနည်း။ သခင်ဝူက အသေးအဖွဲကိစ္စကိုပင် လက်စားချေတတ်သည့်လူမျိုးဖြစ်သည်။ စုန့်ထန်ကျင်းကို အဆိပ်ခတ်ခဲ့လိမ့်မည်။ စုန့်ထန်ကျင်းက အဆိပ်ဖြေနိုင်ခဲ့ခြင်းသာ ဖြစ်မည်။
စုန့်ထန်ကျင်းသည် ရုပ်ရည်သွင်ပြင် ဘာမှမထူးခြားသော်လည်း လျှို့ဝှက်ချက်တစ်ချို့တော့ ရှိနေသည်။
စုန့်ထန်ကျင်းနှင့်ချန်အာ ထွက်သွားပြီးနောက် သခင်ဝူလည်း ကြယ်နှစ်ပွင့်လက်ပတ်တံဆိပ်တစ်ခု ထုတ်လိုက်သည်။
"ဝိညာဉ်စားဖိုမှူးပြိူင်ပွဲက မနက်ဖြန်ကျင်းပတော့မယ်။ ငါကိုယ်တိုင်လှုပ်ရှားမယ်။ မင်းဘယ်လောက်စွမ်းသလဲ ကြည့်ရသေးတာပေါ့"
......
"ဝိညာဉ်စားဖိုမှူးပြိူင်ပွဲက မနက်ဖြန်ကျင်းပတော့မယ်။ နင်ဝင်မပြိုင်ဘူးလား ချင်ဟဲ"
ယွမ်မုန်မုန်က ပုံမှန်အတိုင်း ဝိညာဉ်သစ်သီးများယူလာပြီး ချင်ဟဲနှင့်အတူစားနေသည်။ ထိုသစ်သီးအားလုံးသည် သူမြည်းစမ်းကြည့်ပြီး အရသာရှိသည်ဟု ယူဆသည့် သစ်သီးများဖြစ်သည်။
ညဘက် အိမ်ပြန်ရောက်လျှင် ဒုခေါင်းဆောင်နှင့်အတူ သူထပ်စားမည်။
သူ့စိတ်ထဲ ပျော်နေသည်။ တစ်ကြိမ်မျှဝေစားလျှင် နှစ်ဆပျော်ရသည်။ နှစ်ကြိမ်မျှဝေဆလျှင် လေးဆပျော်ရမည်။
"ငါဒီကနေ ထွက်လို့မရဘူး"
ချင်ဟဲ သက်ပြင်းချသည်။ မိုးပျံဘုံကျောင်းတိုက်ပွဲကြောင့် ပဲပြာအရှင်က သူ့ကိုဆိုင်ထဲမှ ထွက်ခွင့်မပေးတော့။
"ဆိုးတာပဲ။ ငါတို့ဒုခေါင်းဆောင်က ပြိုင်ပွဲဝင်မှာ။ ငါနင့်ကို သူနဲ့မိတ်ဆက်ပေးချင်တာ"
"နင်တို့ဒုခေါင်းဆောင်လည်း ပြိုင်ပွဲဝင်မှာလား"
ချင်ဟဲမျက်မှောင်ကျုံ့သွားသည်။ ထိုဒုခေါင်းဆောင်သည် နတ်ဆိုးမြို့တော်သို့ သိပ်မလာချင်ဘဲ သူခေါ်၍သာ လိုက်လာခြင်းဖြစ်သည်ဟု မုန်မုန်ပြောခဲ့သည်။ ထိုမလာချင်သည့်လူက ယခု ပြိုင်ပွဲပင် ဝင်နေသည်။
ထိုဒုခေါင်းဆောင်သည် မုန်မုန်လို မသိနားမလည်သူကိူပင် လှည့်စားရက်သည်။ လူကောင်းလုံးဝမဖြစ်နိုင်။
ဤရက်ပိုင်းအတွင်း ချုန်းချီမျိုးနွယ် အစားကောင်းအသောက်ကောင်း နေ့တိုင်းစားနေရသည်။ ကြယ်ကိုးပွင့်အဆင့်စားဖိုမှူး၏ လမ်းညွှန်မှု၊ မျိုးနွယ်ဘိုးဘေး၏ ကြီးကြပ်မှုနှင့် ကြယ်ငါးပွင့်စားဖိုမှူး၏ ဓားစွမ်းရည်တို့ကြောင့်ဖြစ်သည်။
နတ်ဆိုးသားရဲမျိုးစုံစားရသည်။ တစ်ရက်နှင့်တစ်ရက် အသားချင်းလုံးဝမထပ်။
ချင်ဖုန်းဓားကမ္ဘာငယ်၏ မြေပြင်ပေါ်တွင် ဖြူဖွေးသည့်အရိုးများသာ ကျန်ရစ်ခဲ့သည်။ အသားအားလုံးကို ချုန်းချီမျိုးနွယ်က စားသည်။ လုယန်၏ ဟင်းချက်စွမ်းရည်လည်း သိသိသာသာတိုးတက်လာသည်။
"ပြိုင်ပွဲဝင်ဖို့ အချိန်ကျပြီ"
လုယန် လက်ပတ်တံဆိပ်ဝတ်၍ ထွက်ခွာရန်ပြင်သည်။ ထိုတံဆိပ်တွင် အနက်ရောင်ကြယ်ငါးပွင့်ပါသည်။ ကြယ်ငါးပွင့်အဆင့် စားဖိုမှူးဖြစ်ကြောင်း သက်သေဖြစ်သည်။
ကြယ်ငါးပွင့်တံဆိပ်ကို ချုန်းချီမျိုးနွယ်က 'နောက်ဖေးတံခါး'မှ ကျိတ်၍ပေးထားခြင်းဖြစ်သော်လည်း ယခု လုယန်ကို ကျင့်စဉ်တစ်ရာစွမ်းအားရှင်ဟု သတ်မှတ်နိုင်သည်။
ချုန်းချီမျိုးနွယ်တွင် တံခါးပိတ်ကျင့်ကြံရာမှထွက်လာသည်။ ယွမ်မုန်မုန်က ချုန်းချီမျိုးနွယ်ဂိတ်တံခါးတွင်စောင့်နေပြီး သူနှင့်အတူ ပြိုင်ပွဲသို့သွားသည်။
နတ်မယ်က ဟင်းချက်စွမ်းရည် နှစ်ကြိမ်ပြခဲ့သဖြင့် ကျင်းချိုင်ဝေ အစာအဆိပ်သင့်သွားသည်။ လုယန်နှင့်အတူ ပြိုင်ပွဲသို့ လိုက်မလာနိုင်။
"စားဖိုမှူးတွေ အများကြီးပါလား။ ဈေးထဲမှာထက် ပိုများတာပဲ"
ထိုမျှများပြားသည့် စားဖိုမှူးများကို ယွမ်မုန်မုန် တစ်ခါမျမမြင်ဖူးခဲ့။ သူတို့ပြင်ဆင်သည့် အစားအသောက်အားလုံးကို မြည်းစမ်းခွင့်ရသည့် အကဲဖြတ်ဒိုင်တစ်ယောက် ဖြစ်ချင်စိတ်ပေါ်လာသည်။
ပြိုင်ပွဲဝင်စာရင်းသွင်းသည့်နေရာတွင် လူများပြည့်ကြပ်နေသည်။ စားဖိုမှူးများက ရုပ်သွင်ဟန်ပန်အမျိုးမျိုးရှိသည်။ တစ်ချို့က ကတုံးပြောင်အောင်ရိတ်ထားပြီး အင်္ကျီဗလာဖြစ်သည်။ လည်ပင်းတွင် ရဲတင်းနှစ်လက် ချိတ်ဆွဲထားသည်။
တစ်ချို့က အိုးကြီးတစ်လုံး ကျောတွင်လွယ်လာသည်။ ခါးတွင် မီးဖိုချောင်သုံးကိရိယာများ ချိတ်ဆွဲထားသည်။ တစ်ချို့က အသက်ငယ်ရွယ်ပုံပေါ်သော်လည်း လက်ချောင်းများ မည်းနက်နေသည်။ လက်မောင်းများက ခြောက်ကပ်ပိန်လှီနေသည်။
ထိုလူများနှင့်ယှဉ်လျှင် လုယန်နှင့်ယွမ်မုန်မုန်က အတ်ောလေးသာမန်ဆန်သည်။ နည်းနည်းထူးခြားသလိုဖြစ်နေသည်။
"ဝိညာဉ်စားဖိုမှူးပြိုင်ပွဲကို ဆယ်နှစ်တစ်ကြိမ်ကျင်းပတယ်။ ပထမနေရာရတဲ့လူက အနီရောင်လက်ပတ်တံဆိပ်ရတယ်။ အဲဒီ့တံဆိပ်က ရွယ်တူတန်းတူကြားမှာ အတော်ဆုံးဆိုတာကို ကိုယ်စားပြုတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဈေးလမ်းမှာတွေ့ခဲ့တဲ့ စားဖိုမှူးတွေလည်း ဒီထဲမှာနည်းနည်းပါတယ်။
အများစုက အိမ်ထဲကမထွက်ဘဲ နောက်ဆုံးချိန်ထိ စွမ်းရည်တိုးတက်အောင် ကြိုးစားနေကြတာ"
"သဘောပေါက်ပြီ"
လုယန်စိတ်ထဲ ကျိတ်တွေးလိုက်သည်။
...ငါလည်းအဲလိုကြိုးစားခဲ့တာပါ
*******************************