အခန်း (၁၀၉၃-၁၀၉၅)
Vol. 73 Ch. 1093-1095
အခန်း (၁၀၉၃) သတင်းစုစည်းခြင်း
မဟာမိတ်ဒုခေါင်းဆောင်လျိုရှင်း သူတို့ခေါင်းဆောင်ရောက်အလာကို စိတ်ပူပန်စွာစောင့်ဆိုင်းနေသည်။
"ပြိုင်ပွဲက စတာ့မယ်။ ခေါင်းဆောင်ဘာလို့ရောက်မလာသေးတာလဲ"
နတ်ဆိုးမြို့တော်သို့ရောက်ကတည်းက မဟာမိတ်ခေါင်းဆောင် အစရှာမရဘဲ ပျောက်သွားသည်။ စားဖိုမှူးစာမေးပွဲနှင့် စားဖိုမှူးပြိုင်ပွဲစီစဉ်သည့် ကိစ္စအများစုကိူ လျိုရှင်းသာတာဝန်ယူခဲ့ရသည်။
"ဘာတွေလောနေတာလဲ လျိုရှင်း၊ ငါရောက်ပါပြီကွ"
ရယ်မောသံတစ်ခု လျိုရှင်းနားထဲသို့ ဝင်လာသည်။ ထို့နောက် အေးမြသည့်လေပြေလှိုင်းတစ်ခု တိုက်ခတ်လာပြီး မုတ်ဆိတ်ဖြူအဘိုးအိုတစ်ယောက် အဖြစ်အသွင်ပြောင်းသွားသည်။
ဝိညာဉ်စားဖိုမှူးမဟာမိတ်ခေါင်းဆောင် တာအိုရှင်မိန်ယွမ်ဖြစ်သည်။
မိန်ယွမ်သည် အရှေ့ပင်လယ်ကျွန်းငယ်တစ်ခုမှလာသူဖြစ်သည်။ သူ့မူလနောက်ခံက သိပ်မထူးခြားလှ။ သို့သော် ကံကောင်းမှုများ ဆက်တိုက်ကြုံပြီး အရှေ့ပင်လယ်တွင် စုစည်းခြင်းအဆင့်ထိ ကျင့်ကြံနိုင်ခဲ့သည်။
တစ်ခြားလူသားကျင့်ကြံသူများလို ကျွန်းကြီးတစ်ကျွန်းသိမ်းပိုက်အုပ်ချုပ်ပြီး ကျွန်းသခင်မလုပ်ခဲ့။ လောကတစ်ခွင့်လှည့်လည်၍ နာမည်ကျော်စားဖိုမှူးများနှင့် ဟင်းချက်ပညာရပ်များ ဆွေးနွေးခဲ့သည်။ အရှေ့ပင်လယ်သို့ သိပ်မပြန်ဖြစ်။
ထိုအကျင့်ကြောင့် ဟင်းချက်ပညာများကို သူကျွမ်းကျင်လာရုံသာမက မိတ်ဆွေအဆက်အသွယ်လည်း ပေါများလာသည်။ ထို့ကြောင့် မဟာမိတ်ခေါင်းဆာင်နေရာကို ချောချောမွေ့မွေ့ရောက်လာသည်။
"အခုမှ ရောက်လာတာလားခေါင်းဆောင်။ ဒီရက်ပိုင်း ဘယ်တွေသွားနေတာလဲ"
ကျောထောက်နောက်ခံလူကို မြင်ရသဖြင့် လျိုရှင်း အတော်စိတ်သက်သာရာရသွားသည်။
"မြို့တော်အပြင်ဘက်မှ ကိစ္စတစ်ချို့ သွားဖြေရှင်းတာ နည်းနည်းအခက်တွေ့နေလို့ပါ။ အခုပြီးသလာက်ရှိပါပြီ။ ဒီရက်ပိုင်း မင်းအတော်အလုပ်ကြိုးစားခဲ့တာပဲ"
လျိုရှင်း သက်ပြင်းရှည်တစ်ချက်ချသည်။
"ကျုပ်အလုပ်လုပ်ရတာက အရေးမကြီးပါဘူး။ ကျင်းထန်က မဟာမိတ်ခေါင်းတောင်နေရာအတွက် ယှဉ်ပြိုင်ပြီး ခင်ဗျားနေရာကိုယူဖို့ စီစဉ်နေတယ်လို့ ကျုပ်ကြားတယ်"
မိန်ယွမ်မျက်လုံးတွင် အံ့ဩရိပ်နည်းနည်းပေါ်လာသည်။
"ကျင်းထန်ငါ့ကိုရှုံးခဲ့တာ နှစ်သုံးရာကြာပြီမဟုတ်လား။ ဒီနှစ်သုံးရာအတွင်း သူ့ဟင်းချက်စွမ်းရည်တွေ အတော်တိုးတက်ခဲ့တယ်ထင်တယ်"
"တိုးတက်တာမတိုးတက်တာတော့ ကျုပ်မသိဘူး။ အထူးဟင်းပွဲတစ်မျိုး သူတီထွင်ထားတဲ့ဆိုတာပဲ သိတယ်။ ဒီဟင်းပွဲက ပြင်ဆင်ဖို့ အရမ်းခက်တယ်။ ကျုပ်တို့မဟာမိတ်ရဲ့ ပစ္စည်းဂိုဒေါင်က နာမည်ကျော်ဟင်းချက်ပစ္စည်းတွေ သုံးရမှာ။
ဒါကြောင့် သူခင်ဗျားကို စိန်မခေါ်သေးတာ"
"ငါအခုမှ ဒီအကြောင်းကြားမိတာ။ ဒါဆိုသူက ဒီပြိုင်ပွဲမှာ သူ့လူတွေလွှတ်ထားမှာပေါ့။ အနိုင်ရအောင်လုပ်ပြီး အဲဒီ့ပစ္စည်းတွေယူမယ့်သဘောလား"
"ဟုတ်တယ်။ အဲလိုပဲဖြစ်မယ်။ သူက ဒီကိစ္စအတွက် နှစ်သုံးရာလုံးလုံး ပြင်ဆင်ခဲ့တာလေ"
မိန်ယွမ် ပို၍နားမလည်နိုင်အောင်ဖြစ်လာသည်။
"ဆေးပစ္စည်းတွေလိုချင်ရင် သူဘာလို့ဝိညာဉ်ကျောက်နဲ့ တိုက်ရိုက်လဲမယူတာလဲ။ သူ့ဟင်းပွဲအတွက် အဲဒီ့ပစ္စည်းတွေလိုမှန်း ငါတို့မသိလို့ပါ။ သူလဲယူချင်ရင် ငါတို့လည်းမတားပါဘူး"
"ကျုပ်တို့သိတယ်လို့ သူထင်လို့ဖြစ်မှာပေါ့
နှစ်ယောက်သား အကြည့်ချင်းဖလှယ်ကြသည်။
"ဒါနဲ့ ခေါင်းဆောင်၊ လုယန်ကို သိတယ်မဟုတ်လား"
"သိတာပေါ့။ သူ့ကို ငါပဲဖိတ်ခေါ်ခဲ့တာလေ"
လျိုရှင်း ဦးနှောက်မှကောင်းသလားဟု မိန်ယွမ်ထင်မိသည်။ သူ့လိုခေါင်းဆောင်သာမရှိလျှင် ဝိညာဉ်စားဖိုမှူးမဟာမိတ် တကယ်ကူကယ်ရာမဲ့ဖြစ်သွားလောက်သည်ဟု တွေးနေသည်။
"ဪ ဟုတ်သားပဲ။ သူ့ကိုဖိတ်ခဲ့တာ ခင်ဗျားပါ။ ကျုပ်သူ့ကို တည်းခိုခန်းလိုက်ပို့ပြီးတဲ့နောက်ပိုင်း ဘယ်သူနဲ့တွေ့ခဲ့တယ်ထင်လဲ"
ထိုကိစ္စကို လျိုရှင်းစိတ်ထဲ ရက်အတော်ကြာ လျှို့ဝှက်ထားခဲ့ရသည်။ ခေါင်းဆောင်ကိုမြင်ရချိန်တွင် သူဆက်ထိန်းမထားနိုင်တော့။
"ဘယ်သူနဲ့တွေ့တာလဲ"
လျိုရှင်းပြန်ပြောရန်ပြင်သည်။ သို့သော် ရှင်သန်သူအရိယဖလသန္ဓေစွမ်းအားဖြင့် ကျူးထန်တားမြစ်ထားသည့် ဝိညာဉ်အမိန့်က အသက်ဝင်လာသည်။ ပေါ်တင်ထုတ်ပြော၍လည်းမရ။ သွယ်ဝိုက်ပြော၍လည်းမရ။
"သူဘယ်သူနဲ့တွေ့လဲဆိုတာ ကျုပ်ပြောခွင့်မရှိဘူး။ ဒါပေမယ့် သူ့တံခါးဝမှာ မိန်းမလှအကမယ်တွေ အများကြီးကျုပ်တွေ့ခဲ့တယ်။ အားလုံးက သူ့ကိုလက်ဆောင်ပေးဖို့ဖြစ်မယ်"
"ဒါဆို လုယန်က ပွေတတ်ရှုပ်တတ်တဲ့လူမျိုးလား။ ငါတို့လည်း သူ့ကို မိန်းမလှတွေနဲ့ လာဘ်ထိုးကြည့်ကြမလား"
လျိုရှင်းက မိန်းမလှလက်ဆောင်ပေးသည့်လူကို ခန့်မှန်းစေလိုခြင်းဖြစ်သည်။ သို့သော် သူ့စကားက တစ်ခြားအကြံဉာဏ်တစ်ခုပေးသလို ဖြစ်သွားသည်။
အရိယဖလသန္ဓေစွမ်းအားကြောင့် သူဘာမှထုတ်ပြောမရသဖြင့် ခေါင်းသာငြိမ့်လိုက်ရသည်။
သူခေါင်းငြိမ့်သည်ကိုကြည့်၍ မိန်ယွမ် ပင့်သက်တစ်ချက်ရှိုက်သည်။
"လသံလွင်နန်းတော်ကို လုယန်ရောက်ပြီးနောက်ပိုင်း အဲဒီကမိန်းကလေးတွေအများကြီး ကိုယ်ဝန်ရသွားတယ်ဆိုတဲ့သတင်းက အမှန်များဖြစ်နေမမလား"
"ဟိုမှာကြည့်ကြဦး၊ အဲဒါ ရွှေဓားသခင်ပဲ။ သူတကယ်ရောက်လာတာပဲ"
ရွှေဓားသခင်က ဈေးထဲတွင် နွားနတ်ဆိုးကို အရိုးထုတ်သည့်ပြကွက် နေ့တိုင်းပြသည်။ နွားများကို လေထဲသို့ပစ်မြှောက်ပြီး ဓားဖြင့်ခုတ်သဖြင့် သူ့ဆိုင်ကအဆူညံဆုံးဖြစ်သည်။
ထိုသို့ရက်အတော်ကြာလုပ်ခဲ့ပြီးနောက် သူ့နာမည်ဂုဏ်သတင်းက ဈေးပွဲတွင် အကြော်ကြားဆုံးဖြစ်လာသည်။
ရွှေဓားသခင်က အင်္ကျီဗလာဖြင့် ရွှေဓားနှစ်လက် ခါးတွင်ချိတ်ထားသည်။ ဓားသွားမှ ပြင်းထန်သည့်စွမ်းအင်ရောင် ထွက်ပေါ်နေသည်။ နတ်ဆိုးသားရဲသွေးများစွာ စွန်းထင်းခဲ့ဟန်ရှိသည်။ ဟင်းချက်ပစ္စည်းပြင်ဆင်မှု ကျွမ်းကျင်ကြသည့် ကြယ်ငါးပွင့်စားဖိုမှူးများကြားတွင် ထိုစွမ်းအင်ရောင်က ထူးထူးခြားခြား ပေါ်လွင်ထင်ရှားနေသည်။
တစ်ခြားကြယ်ငါးပွင့်စားဖိုမှူးများ သူနှင့်နည်းနည်းခွာသွားကြသည်။
"ပြီးတော့ ဟိုအင်္ကျီခေါင်းစွပ်ဆောင်းထားတဲ့လူက အဆိပ်မယ်တော်ပဲ။ ဆေးနဲ့အဆိပ်ကျင့်စဉ်ကို သူကျင့်ကြံတယ်လို့ ကောလဟာလကြားတယ်။ သူ့ဆေးဘက်ဝင်အစားအသောက်တွေက ဘယ်ရောဂါမဆိုကုသနိုင်တယ်။ ဒါပေမယ့် လူတစ်ယောက်ကို သေစေချင်ရင်လည်း သူ့စကားတစ်ခွန်းပဲတဲ့"
"သူ့နောက်ဘက်ကို ကြည့်လိုက်ဦး။ ကျင့်ကြံသူနှစ်ယောက်ပါလာတယ်။ သူတို့ဝတ်စားပုံကြည့်တာ မဟာရှားရုံးတော်ကလူတွေဖြစ်မယ်ထင်တယ်။
အဆိပ်မယ်တော်က ဦးဆောင်လာတယ်ဆိုတော့ မဟာရှားကို သူအနိုင်ယူခဲ့တာများလား။ ပြီးတော့ လက်ထိတ်တွေ ခြေကျင်းတွေလည်းပါတယ်။
အလေးမကျင့်စဉ်ဝင်နေတာများလား။ ပြိုင်ပွဲစတဲ့အချိန် အဲဒါတွေကိုချွတ်လိုက်ရင် သူ့ကျင့်စဉ်စွမ်းအား တဟုန်ထိုးတက်လာမယ်လေ"
လုယန်ဘေးမှနားထောင်နေရင်း ဝင်ပြောမိသည်။
"မဟုတ်လောက်ပါဘူး။ သူ့ကိုမဟာရှားက ဖမ်းထားတာဖြစ်ဖို့များတယ်။ ပြစ်ဒဏ်ကာလအတွင်းမှာ ပြိုင်ပွဲဝင်လာတာဖြစ်မှာပါ"
"ခင်ဗျားပြောမှ ကျုပ်သတိရလာတယ်။ သူ့ကို အဆိပ်ခတ်တယ်ဆိုပြီးသံသယဖြစ်လို့ မဟာရှားကဖမ်းလိုက်တယ်လို့ ကြားမိတယ်"
ထိုလူက ပြောနေရင်းမှ သူ့အဖြစ်သူ ပြန်တွေးမိလာသည်။
"နေပါဦး၊ ခင်ဗျားက ဘယ်သူလဲ"
ခုနက မိတ်ရင်းဆွေရင်းလို ပုံမှန်အတိုင်း အမှတ်တမဲ့ ပြောမိနေခဲ့ခြင်းဖြစ်သည်။ ယခုမှ လုယန်ကို သူမသိကြောင်း သတိထားမိလာသည်။
"ဪ..ကျုပ်နာမည် လုယွမ်ယန်ပါ"
"ဪ...ဟုတ်ကဲ့။ ကျုပ်နာမည်က မာပင်းပါ။..နေဦး။ မဟတု်သေးဘူး။ ခင်ဗျားကဘယ်သူလဲ ဘယ်ကလဲ"
"ကျုပ်က ပြိုင်ပွဲဝင်ဖို့လာတာပါ။ ဒီကလူတွေနဲ့ မရင်းနှီးတော့ ခင်ဗျားဆီကနေများ အကျိုးအကြောင်းသိရမလားလို့ါ"
လုယန်က ကြယ်ငါးပွင့်လက်ပတ်တံဆိတ်ကိုပြသည်။ ဂိုဏ်းသို့ပြန်ရောက်လျှင် ဆောင်းပါးရေးဖို့ တွေးနေရင်း တိုက်တိုက်ဆိုင်ဆိုင် ပြိုင်ပွဲဝင်များအကြောင်း အားလုံးသိနေပုံရသည့် လူတစ်ယောက်နှင့်ဆုံရခြင်းဖြစ်သည်။
မာပင်းက သူ့အင်္ကျီလက်ကိုလှန်၍ ကြယ်ငါးပွင့်လက်ပတ်တံဆိပ်ကိုပြပြီး မခိုးမခံလေသံဖြင့်
"ပြိုင်ပွဲဝင်ချင်းအတူတူ မင်းကို သတင်းအချက်အလက်တွေ ငါပြောပြမယ်ထင်တာလား"
လုယန်ခဏစဉ်းစားသည်။ ကိုယ့်ဘက်က တစ်ခုခုပြန်မပေးဘဲ သတင်းစုံစမ်းသည်က သိပ်တော့သဘာဝမကျ။ ထို့ကြောင့် အပေးအယူမျှစေရန် ပစ္စည်းတစ်ခုထုတ်ရန်ပြင်သည်။
သူ့လှုပ်ရှားမှုကို တစ်ချက်ကြည့်ပြိး မာပင်းက လှောင်ပြုံးပြုံးသည်။
"ငါ့ကိုဝိညာဉ်ကျောက်နဲ့ မြူဆွယ်လို့ရမယ်မထင်နဲ့။ ဒါက အဆင့်မြင့်စားဖိုမှူးပြိုင်ပွဲပါ။ မင်းရဲ့မဖြစ်စလောက် ဝိညာဉ်ကျောက်လေးတွေနဲ့ လာပြီးလာဘ်မထိုးနဲ့"
လုယန်ကလည်း ဝိညာဉ်ကျောက်သုံးဖို့ လုံးဝစိတ်ကူးမရှိပါ။ သူ့ကျောက်စိမ်းတံဆိပ်ကို ထုတ်လိုက်သည်။
"တကယ်တော့ကျုပ်က တာအိုလမ်းစဉ်ဂိုဏ်းက လုယန်ပါ။ သတင်းဆောင်းပါးရေးဖို့ ဒီကိုလာတာပါ။ ပြိုင်ပွဲဝင်အချက်အလက်တွေ ခင်ဗျားပြောပြရင် သတင်းစာထဲမှာ ခင်ဗျားအကြောင်း ကောင်းတာလေးတွေ ထည့်ရေးပေးလို့ရတယ်"
မာပင်းက လုယန်ကို အေးစက်စက်စိုက်ကြည့်သည်။ ထိုနောက်အင်္ကျီကို ဆွဲဆန့်လိုက်ပြီး သူ့ကိုယ်သူ တရားဝင်မိတ်ဆက်သည်။
"ကျုပ်က မာပင်း။ မဟာရှားတော်ဝင်စားဖိုဆောင်က တော်ဝင်စားဖိုမှူးပါ။ မုန့်ချိုတွေ ဟင်းပေါင်းတွေ အဓိကလုပ်တယ်။ ဟင်းခတ်အမွှေးအကြိုင်ပစ္စည်းတွေ ပေါင်းစပ်တယ်။ မုန့်ချို'မာ'မိသားစုမှာ မွေးတယ်။
ငယ်ကတည်းက အချက်အပြုတ်ကို ဝါသနာါတယ်။ ဟင်းချက်ကျမ်းမျိုးစုံဖတ်ခဲ့သည်။ ကျုပ်ရဲ့ ဟင်းချက်ပညာတွေဟာမိသားစုရိုးရာနည်းတွေကနေ အစပြုခဲ့တာ။
အချိန်ကြလာတော့ မိသားစုရဲ့ ရိုးရာမုန့်လုပ်နည်းပညာကို အမွေခံခဲ့သလို ဟင်းချက်နည်းအသစ်တွေ ခေတ်သစ်အစားအသောက်တွေကို အဆက်မပြတ်လေ့လာပြီး ကျုပ်စွမ်းရည်ကိုမြှင့်ခဲ့တယ်။
တော်ဝင်စားဖိုဆောင်ကို ဝင်ပြီးတော့ ဓားစွမ်းရည်ကို ဖွဲကောင်းကောင်းကျင့်ကြံခဲ့တယ်။ အဲ့လောက်အဆင့်ထိကျွမ်းကျင်ခဲ့လို့ 'တော်ဝင်စားဖိုဆောင်ဓားသမား'ဆိုတဲ့ နာမည်ပြောင်ကိုရခဲ့တယ်။
ရွှေကြယ်အဆင့်ဝိညာဉ်စားဖိုမှူးဖြစ်လာဖို့ ရည်မှန်းချက်နဲ့ ဒီဝိညာဉ်စားဖိုမှူးပြိုင်ပွဲကို လာပြိုင်တာ။ ကျုပ်တို့မာမိသားစုမုန့်လုပ်နည်းက စားဖိုမှးလောကမှာ နာမည်ကျော်ပါတယ်။
ကျုပ်အကြောင်းရေးရင် စကားလုံးနည်းနည်းလောက် ကြည့်ကောင်းအောင်သုံးလိုက်ရုံနဲ့ လုံလောက်ပါတယ်။ ကျုပ်တို့ရဲ့ မုန့်ချိုမာမိသားစုအကြောင်း ဖော်ပြနိုင်ရင်တော့ အကောင်းဆုံးပေါ့"
လုယန် ဘာမှပြန်မပြောဘဲ စာတစ်ကြောင်းချရေးလိုက်သည်။
မုန့်ချိုုမာမိသားစုမှ မာပင်း။
**************************************
အခန်း (၁၀၉၄) မသေမျိုးစားဖိုမှူးအမွေခံ
"သခင်လု၊ ဟိုထောင့်မှာမျက်လုံးပိတ်မတတ် ပြုံးပြီးရပ်နေတဲ့လူကိူကြည့်ပါ။ သူ့နာမည်က ရှဲ့ချီတဲ့။ဒီပွဲမှာ ဒီပွဲမှာ သူနိုင်မယ်လို့ လူအများုက မှန်းထားကြတယ်"
မာပင်းက မာမိသားစု မုန့်ချိုများလုပ်သည့်ကိစ္စ၊ တော်ဝင်စားဖိုဆောင်တွင် ဟင်းရွက်စဉ်းသည့်ကိစ္စများပြောပြီးနောက် လုယန်ကို ပြိုင်င်ပွဲဝင်စားဖိုမှူးများအကြောင်း စိတ်အားထက်သန်စွာ မိတ်ဆက်ပေးသည်။
ရှဲ့ချီ၏ခါးတွင် ဆေးအိုးများချိတ်ဆွဲထားသည်။ လူတိုင်းကို ပြုံးပြနေသယောင်ရှိသည်။ မျက်လုံးပေါက်များ မမြင်ရလောက်အောင် မှေးစင်းနသည်. စားဖိုမှူးလောကတွင် သူ့ဂုဏ်သတင်းကျော်ကြားသည်။ ကြယ်ငါးပွင့်စားဖိုမှူးများကြားမှာပ်င အဆင့်အတန်းချင်းကွာခြားသည်။ တစ်ခြားကြယ်ငါးပွင့်များက သူ့ကိုစူးရှတောက်ပသည့်အကြည့်ဖြင့် ကြည့်ကြသည်။
ပိုစွမ်းအားကြီးသည့် ပြိုင်ဘက်ကို လေးစားသည့်လက္ခဏာဖြစ်သည်။
သို့သော် ထိုတစ်ခြားစားဖိုမှူးများသည် မာပင်းနှင့်လည်း ခပ်ခွာခွာနေကြသည်ကို လုယန်သတိမထားမိ။
မာပင်းလည်း ဤပြိုင်ပွဲတွင် ထိပ်တန်းပြိုင်ဝင်တစ်ယောက်ဖြစ်သည်။
"ဪ သူကအဲလောက်စွမ်းရည်ရှိတယ်ပေါ့"
"ရှဲ့ချီမှာ စွမ်းရည်တစ်မျိုးရှိတယ်။ ကျင့်ကြံထားတာလား သဘာဝပါရမီလားမသိဘူး။ တစ်ခြားလူတွေ လုပ်ပုံကိုင်ပုံကို လိုက်လုပ်နိုင်တယ်။
ပြီးတော့ သူ့လျှာကလည်း ထူးခြားတယ်။ အစားအသောက်အရသာကို အာရုံခံနိုင်စွမ်းအရမ်းမြင့်တယ်။ အသေးဆုံးဟာကွက်လေးတောင် သူ့ပါးစပ်ထဲမှာဆို အကြီးကြီးဖြစ်လာတယ်။
ဟင်းချက်ပြိုင်ပွဲမှာ သူနဲ့ပြိုင်တဲ့လူတိုင်းရဲ့ ဟင်းချက်နည်းတွေကို အတုခိုးနိုင်တယ်၊ ပြီးသွားရင် ဟင်းကိုအရသာခံပြီး ဒီထက်ပိုကောင်းအောင် သူလုပ်နိုင်တယ်။
ဒီတော့ သူလုပ်တဲ့ဟင်းပွဲတိုင်းက ပြိုင်ဘက်တွေထက် အမြဲတမ်းခြေတစ်လှမ်းသာနေတာပေါ့"
လုယန်ခေါင်းငြိမ့်သည်။ တကယ်အင်အားကြီးပြိုင်ဘက်ဖြစ်သည်။
"တစ်ခြားဘာရှိသေးလဲ"
"ရေခဲပြာဝတ်စုံနဲ့ ဟိုမိန်းကလေးကျင့်ကြံသူပေါ့။ သူ့နာမည်က အန်းထုန်တဲ့။ တစ်ခါမှ မရှုံးဖူးဘူး။ ဒါပေမယ့်သူက ရုပ်စွမ်းအားသက်သက်ပေါ် အားကိုးတဲ့လူပါ။
မွေးကတည်းက အရသာကို အာရုံမခံနိုင်ဘူး။ ဒါပေမယ့် အမြင်၊ အထိ၊ အနံ့၊ အကြားအာရုံတွေက တစ်ခြားလူတွေထက် ပိုအားကောင်းတယ်။ အဲဒီ့အာရုံလေးမျိုးသုံးပြီး ထူးခြားတဲ့ဟင်းပွဲတွေ ဖန်တီးနိုင်တယ်"
ကျင်းထန်စုစည်းခဲ့သည့် လူအုပ်ကြားထဲတွင် ထိုမိန်းမကို လုယန်မြင်ခဲ့သည်။ နာမည်တော့မသိခဲ့။
"ဪ..သူ့နာမည်ကအန်းထုန်တဲ့လား"
မာပင်းက ဝိညာဉ်စာဖိုမှူးများကို တစ်ယောက်ချင်းမိတ်ဆက်ပေးနေသည်။ ကြယ်ငါးပွင့်အဆင့်ရော တစ်ခြားကြယ်အဆင့်များပါ မိတ်ဆက်ပေးသည်။ သတင်းဆောင်းပါး ကောင်းကောင်းရေးနိုင်စေဖို့ဖြစ်သည်။
မောင်းသံတစ်ချက်ထွက်လာသည်။ ပြိုင်ပွဲ တရားဝင်စတင်သည်။ စားဖိုမှူးအုပ်စုငါးခု တစ်ပြိုင်တည်းဝင်လာသည်။ နာမည်ကျော်စားဖိုမှူးများဝင်လာသဖြင့် ပရိတ်သတ်ထံမှ တအံ့တဩ အော်ဟစ်ပြောဆိုသံများ ပေါ်လာသည်။
"ကြည့်လိုက်၊ အဲဒါ ရွှေဓားသခင်တွမ်လန်ပဲ"
"အဆိမ်မယ်တော်ဆိုတာ သူပဲ"
"ဟိုလူက အင်ပါယာစားဖိုချောင်ဓား မာပင်းလေ"
"အဲဒါ မသေမျိုးလျှာ ရှဲ့ချီ"
"ဟိုမိန်းမက ပြိုင်ဘက်ကင်းအန်းထုန်ပါ"
ယွမ်မုန်မုန် အချိန်အတော်ကြာ နားထောင်နေသည်။ သို့သော် လုယန်နာမည်ကို တစ်ယောက်မှ အော်ဟစ်သံမကြားသဖြင့် လူကဲခတ်ညံ့ဖျင်းသည့် ပရိတ်သတ်ကို အတော်စိတ်ပျက်သွားသည်။
ဒုခေါင်းဆောင်သည် မသေမျိုးစားဖိုမှူး၏ အမွေခံဖြစ်သည်။ ရွှေဓားသခင်တို့ အဆိပ်မယ်တော်တို့ထက် အဆပေါင်းများစွာ သာလွန်သည်။
"အဲဒါ...အဲဒါ မသေမျိုးစားဖိုမှူးအမွေခံ လုယွမ်ယန်ပဲ"
ယွမ်မုန်မုန် စင်မြင့်ထက်တွင်ထရပ်ပြီး အံ့ဩသွားဟန်ဖြင့် လုယန်ကို လက်ညှိုးထိုး၍အော်လိုက်သည်။
သူ့အမူအရာက နည်းနည်းပိုလွန်းနေသည်။ သို့သော် ပရိတ်သတ်က မသေမျိုးအမွေခံဟူသည့်စကားကို စိတ်ဝင်စားသွားသဖြင့် သူ့အမူအရာကို အာရုံမထားမိကြ။
"မသေမျိုးအမွေခံတဲ့လား။ ဒီလောက်ထည်ဝါတဲ့ဘွဲ့နာမည်မျိုးကို ဘယ်သူယူရဲတာလဲ။ အဲဒီ့လူဘယ်မှာလဲ"
"ဘာရယ်၊ ရှင်တို့သူ့ကိုမသိဘူးလား"
ယွမ်မုန်မုန် အံ့ဩသွားသည့်လေသံဖမ်းလိုက်သည်။
အစားအသောက်နှစ်သက်သည့် ပရိတ်သတ်များ အသဲအသန်အပြေးအလွှား စဉ်းစားနေသည်။ သို့သော် မသေမျိုးအမွေခံဟု ခေါ်ရလောက်သည့် စားဖိုမှူးမျိုး လုံးဝစဉ်းစားမရ။
ယွမ်မုန်မုန်က အများမကြားစေလိုဟန်ဖြင့် တီးတိုးကပ်ပြောသည်။
"လုယွမ်ယန်က အိပ်မက်ထဲမှာ မသေမျိုးတစ်ယောက်ဆီကနေ ဟင်းချက်ပညာတွေသင်ခဲ့တယ်လို့ ကောလဟာလကြားတယ်။ မသေမျိုးတွေပဲ နားလည်တဲ့ ပညာတွေတတ်ကြွမ်းခဲ့တယ်။
သူ့ဓားစွမ်းရည်က ပြိုင်ဘက်ကင်းတယ်။ သူ့အစားအသောက်တွေက ပြိုင်ဘက်ကင်းတယ်။ အဲဒီ့မသေမျိုးကသူ့စရိုက်ကို တည်ငြိမ်အောင်လေ့ကျင့်ဖို့ ဆယ်နှစ်သည်းခံပြီးနေရမယ်ပြောထားလို့ သူခပ်လျှိုလျှိုနေတာတဲ့။
အခုဆယ်နှစ်ပြည့်သွားတော့ သူ့ပညာစွမ်းတွေ ထုတ်ပြခွင့်ရပြီပေါ့"
"ဟုတ်တာမဟုတ်တာ နောက်ထားပါဦး။ ကြားရတာကြီးက ယုံချင်စရာတစ်စက်မှမရှိပါလား။ ဒီကောင်က ယင်ထန်မသေမျိုးရဲ့ အမွေကိုရခဲ့တယ်ပေါ့"
ဇတ်လမ်းကို ယွမ်မုန်မုန်သေချာစဉ်းစား၍ ဖန်တီးခဲ့သော်လည်း ပရိတ်သတ်များသည် အရူးမဟုတ်။ ပြောတိုင်းယုံကြသူများမဟုတ်။
ဝိညာဉ်စားဖိုမှူးလောကတွင် အရသာသည် အရာအားလုံးဖြစ်သည်။
ယွမ်မုန်မုန်သည် လိမ်ညာရာတွင် လုယန်လောက်ပါရမီမပါ"
ပြိုင်ပွဲက သုံးဆင့်ဖြစ်သည်။ ဓားစွမ်းရည်၊ ဆေဘက်ဝင်ပစ္စည်းနှင့် ဟင်းပွဲ။ ကျရှုံးသည်နှင့် ချက်ချင်းထွက်ရသည်။ တစ်ဆင့်အောင်မှ နောက်တစ်ဆင့်တက်ရမည်။
ပြိုင်ပွဲဝင်အုပ်စုငါးခု စမ်းသပ်ပွဲ ပြိုင်တူစတင်သည်။
စုန့်ထန်ကျင်း၏နဖူးတွင် ချွေးသီးများကျနေသည်။ ပထမဆုံးအဆင့်သည် ဓားစွမ်းရည်စမ်းသပ်ခြင်းဟု ပြောကြသည်။ သို့သော် ယခုမြင်ရသည်က သူထင်ထားသလိုမဟုတ်။
ကြယ်နှစ်ပွင့်အုပ်စုတွင် ပြိုင်ပွဲဝင်အားလုံးကို သားရဲတိုက်ပွဲကွင်းတစ်ခုထဲ လှောင်ပိတ်ထားသည်။ သားရဲလှောင်အိမ်များ တစ်ခုပြီးတစ်ခုပွင့်လာသည်။ အခြေတည်နတ်ဆိုးသားရဲများစွာ ထွက်လာပြီး အစွယ်ကိုဖြဲ၍ စားဖိုမှူးများကို ကိုက်ဝါးတော့မလို ကြည့်နေကြသည်။
"ဘယ်လိုဖြစ်တာလဲ။ နတ်ဆိုးသားရဲတစ်ကောင်ကိုတောင် မင်းအနိုင်မယူနိုင်ဘူးလား"
စုန့်ထန်ကျင်းလန့်ဖျတ်နေသ်ည့ အမူအရာကိုကြည့်၍ သခင်ဝူအေးစက်စက်ပြုံးသည်။ စုန့်ထန်ကျင်းသည် ဘာမှထူးခြားသူမဟုတ်။ သူကိုင်တိုင် ပစ်မှတ်ထားပြီး ရှင်းထုတ်နေစရာမလို။
သခင်ဝူနှင့်ယုချန်အာတို့နှစ်ယောက်လည်း ပြိုင်ပွဲဝင်လာသည့် ကြယ်နှစ်ပွင့်းဖိုမှူးများဖြစ်သည်။
ယွီချန်အာက စုန့်ထန်ကျင်းကို ရှင်းပြသည်။
"အရည်အချင်းရှိတဲ့ စားဖိုမှူးတစ်ယောက်ဟာ အရင်ဆုံး ကိုယ်ချက်ပြုတ်မယ့်ဟင်းကို စီမံနိုင်ရမယ်လို့ ဝိညာဉ်စားဖိုမှူးအဖွဲ့က ယုံကြည်ထားတယ်။ ကိုယ်ချက်မယ့်သားရဲကို မနိုင်ရင် အသားဘယ်လိုရမှာလဲ။
ဒီတော့ ပထမဆုံးအနေနဲ့ နတ်ဆိုးသားရဲတစ်ကောင်ကို နိုင်အောင်တိုက်ခိုက်နိုင်ဖို့လိုတယ်လေ"
ထိုသို့ပြောပြီးနောက် ယုချန်အာ တုံ့ဆိုင်းမနေတော့ဘဲ ကြံ့သားရဲတစ်ကောင်ဆီ ပြေးတက်သွားသည်။ ကိုယ်ရင်ဆိုင်သည့်သားရဲ အဆင့်မြင့်လေ စမ်းသပ်ချက်သုံးခုဖြတ်ကျော်ပြီးလျှင် ရလာမည့်အမှတ် ပိုများလေဖြစ်သည်။ ဤကြံသားရဲသည် ထိပ်တန်းသားရဲဆယ်မျိုးထဲတွင် ပါဝင်သည်။ ယှဉ်ပြိုင်ထိုက်သည့် ပြိုင်ဘက်ဖြစ်သည်။
စုန့်ထန်ကျင်း မျက်ခုံးလှုပ်သွားသည်။ သူ့ဓားစွမ်းသူယုံကြည်ပါသည်။ သို့သော် တိုက်ပွဲအတွေ့အကြုံမရှိ။ အထူးသဖြင့် နတ်ဆိုးသားရဲများနှင့် မတိုက်ခိုက်ဖူး။
ဘာလုပ်ရမည်မသိ။
ထိုစဉ် ရုတ်တရက် ပရိတ်သတ်စင်မြင့်ဆီမှ ယွမ်မုန်မုန်ကို မြင်လိုက်ရသည်။ သူရင်ထိတ်သွားသည်။ ကောင်းကင်ရုံးတော်ဂိုဏ်းမှလူများ ဤနေရာသို့ ဘာကြောင့်ရောက်နေသနည်း။
ဂိုဏ်းသခင်လုလည်း ပါလာသလော...သူ့စွမ်းဆောင်ရည်ကို လာကြည့်ခြင်းလော..
သူ့စွမ်းဆောင်ရည်ညံ့လျှင် ဂိုဏ်းသခင်လေးကသူ့ကို ပစ်ပယ်လိုက်မည်လော...
တွေးလေလေ ဖြစ်နိုင်ခြေရှိသည်ဟု ထင်လာလေဖြစ်သည်။ သူကြိုးစားကြည့်ရမည်။ ဂိုဏ်းသခင်လေး၏ယုံကြည်မှုရဖို့ သားရဲတစ်ကောင်တော့ သူရင်ဆိုင်ရမည်။ မည်သို့ဆိုစေ သူသည် အခြေတည်နောက်ဆုံးအဆင့်ဖြစ်သည်။ အနည်းဆုံး သားရဲတစ်ကောင်တော့ နိုင်အောင်တိုက်ခိုက်ရမည်။
ခရမ်းရောင်မြွေပါတစ်ကောင်ကို သူရွေးချယ်လိုက်သည်။ မြွေပါက နောက်ခြေနှစ်ခြောက်အားပြု၍ မတ်တပ်ရပ်နေသည်။ ရှေ့လက်နှစ်ချောင်းကို ရင်ဘတ်တွင်ကပ်ထားသည်။ သေးငယ်သည့်မျက်လုံးအစုံကို တဖျတ်ဖျတ်ခတ်၍ အူတူတူအတတပုံစံမျိုး ဖြစ်နေသည်။
စုန့်ထန်ကျင်းပစ်မှတ်ထားလာကြောင်း သတိထားမိသည်နှင့် ထိုမြွေပါက ချက်ချင်းသွားဖြဲပြသည်။ မျက်လုံးများက သွေးနီရောင်သန်းလာသည်။ ခြေသည်းများဖြင့် မြေပြင်ကိုကုတ်ခြစ်သည်။ မြေပြင်တွင် အစင်းကြောင်းများ ဖြစ်ပေါ်လာသည်။
ပရိတ်သတ်များ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ကြယ်နှစ်ပွင့်ပြိုင်ပွဲဝင်အုပ်စုဆီ အာရုံရောက်လာသည်။
"ဒီလူက ဘယ်သူလဲ။ ခရမ်းကောင်းကင်မြွေပါကို ရွေးလိုက်တာလား။ ဒီမြွေပါက အဲဒီ့အုပ်စုမှာ စွမ်းအားအကြီးဆုံးမဟုတ်ဘူးလား"
"ဟုတ်တယ်။ အဲဒါ သားရဲဘုရင်ဘဲ"
တစ်ခြားကြယ်နှစ်ပွင့်ပြိုင်ပွဲဝင်များလည်း စုန့်ထန်ကျင်းရွေးသည့်သားကောင်ကိုကြည့်၍ လှောင်ပြုံးပြုံးနေကြသည်။
"ခရမ်းကောင်းကင်မြွေပါက ရှေးဟောင်းနတ်ဆိုးသွေးဆက်ရှိတယ်။ သူ့ဘိုးဘေးတွေထဲမှာ ကူးဖြတ်ခြင်းအဆင့်နတ်ဆိုးရှိခဲ့ဖူးတယ်။ လှုပ်ရှားမှုက လျှပ်စီးလိုမြန်တယ်။ ဝိညာဉ်အာရုံနဲ့တောင် လိုက်မမီဘူး"
"ဒါဒင်ဘယ်ကမလဲ။ သူ့ခြေသည်းတွေက အရမ်းထက်တယ်။ တစ်ချက်ကုတ်တာနဲ့ ခေါင်းပြတ်သွားမှာ။ ဒီလူက သေချင်နေလို့များ အဲဒီ့သားရဲကိုရွေးတာလား"
"မင်းက ခရမ်းကောင်းကင်မြွေပါသားရဲဘုရင်ကိုရွေးတယ်ပေါ့။ ငါတောင် သူ့ကိုပြိုင်ဘက်အဖြစ် မရွေးချယ်ရဲဘး"
သခင်ဝူ အဆက်မပြတ်ရယ်နေသည်။
စုန့်ထန်ကျင်း ရဲဆေးတင်ရန် အင်္ကျီရင်ဘတ်ထဲမှ ဟင်းချက်ကျမ်းကို အသာလက်နှိုက်၍စမ်းလိုက်သည်။
သို့သော် ဟင်းချက်ကျမ်းကို သူထိလိုက်သည်နှင့် တိုက်ခိုက်ရန်တာစူနေသည့်မြွေပါက တစ်စုံတစ်ခုကို အာရုံခံမိလာဟန်ရှိသည်။ မျက်လုံးမှ သွေးနီအရိပ်များပျောက်သွားပြီး မြေပြင်ပေါ်ချက်ချင်းဝပ်ချလိုက်သည်။
သူတို့ရှေးဟောင်းသွေးဆက်ထဲတွင် အမြဲစိမ့်ဝင်နေခဲ့သည့် အကြောက်တရားဖြစ်သည်။ နတ်ဆိုးသားရဲများ မတွန်းလှန်နိုင်သည့် ဝိညာဉ်အာရုံဖြစ်သည်။
"ခရမ်းမြွေပါ ဘာဖြစ်သွားတာလဲ"
"မဟုတ်သေးဘူး။ မြွေပါသားရဲတင်မဟုတ်ဘူး။ တစ်ခြားနတ်ဆိုးသားရဲတွေကိုလည်း ကြည့်လိုက်ဦး"
ပရိတ်သတ်စင်မြင့်ဆီမှ တအံ့တဩရေရွတ်သံများ အဆက်မပြတ်ပေါ်လာသည်။ တစ်ချို့က အံ့ဩလွန်းသဖြင့် ချက်ချင်းထရပ်မိကြသည်။
တိုက်ပွဲကွင်းမှသားရဲတိုင်း ရှေ့လက်နှစ်ချောင်းကို ဆန့်ထုတ်ပြီး မြေပေါ်တွင်ဝပ်လျက် စုန့်ထန်ကျင်းကို အရိုအသေပြုနေကြသည်။
ယုချန်အာ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူ့မျက်လုံးတွင် အံ့ဩရိပ်များပြည့်နေသည်။
"ဟင်းချက်ကြမ်းကြောင့်လား"
စုန်ထန်ကျင်း အဖြေကို ချက်ချင်းစဉ်းစားမိသည်။ သူ့မိသားစု၏ အမွေ့အနှစ်ကျမ်းသည့် သားရဲများ၏အကြောက်တရားကို လှုံ့ဆော်နိုင်စွမ်းမရှိ။ ဤမူလဟင်းချက်ကျမ်းသာ ထိုစွမ်းအားမျိုးရှိနိုင်သည်။
လက်ရှိရလာဒ်ကို ဂိုဏ်းသခင်လု ကျေနပ်မည်ထင်သည်။
စုန့်ထန်ကျင်းတို့ တိုက်ပွဲကွင်းဘက်တွင် ဆူညံနေသဖြင့် လုယန်လည်း အာရုံစိုက်မိသည်။
..မဟုတ်သေးဘူး..နတ်မယ်လွယ်လွယ်ပေးလိုက်တဲ့စာအုပ်က ဒီလိုအာနိသင်မျိုးရှိတာလား။ ငါ့ကျတော့ တစ်ခါမှ ဒီလိုအခွင့်အရေးမျိုး မရဖူးပါဘူး...
*****************************
အခန်း (၁၀၉၅) ဓားစွမ်းရည်
"အခြေတည်အဆင့်သားရဲလေးတွေ နင့်ရှေ့မှာဒူးထောက်တာ ဘာတွေဆန်းပြားနေလို့လဲ"
နတ်မယ်က မထူးဆန်းဟန်ဖြင့်ပြောသည်။ ဒုခေါင်းဆောင်သည် ရည်မှန်းချက်ကြီးကြီးမထားတတ်။
"နင်စောင့်ပါဦး။ ချီလင်မသေမျိုးကို တွေ့တဲ့အချိန် စောင့်ဦး။ သူ့ကိုနင့်ရှေ့မှာ ဒူးထောက်ပြီး အရိုအသေပေးခိုင်းမယ်။ နင်က ရှောင်လင်းနဲ့လျန်ယိရဲ့ အကိုကြီးပဲမဟုတ်လား"
"မလုပ်နဲ့ မလုပ်နဲ့ မလုပ်ပါနဲ့နတ်မယ်။ ကျုပ်က စုတ့်ထန်ကျင်း ကံသိပ်မကောင်းဘူးဆိုတာကို ပြောချင်တာပါ။ သူက ကျုပ်နဲ့ဘယ်လိုယှဉ်လို့ရမှာလဲ"
"အဲလိုအဓိပ္ပါယ်နဲ့ ပြောတာလား"
"ဟုတ်ပါတယ်"
လုယန် အသက်ဘေးမှလွတ်အောင် ရုန်းထွက်ပြီး အလေးအနက်ခေါင်းငြိမ့်သည်။
"ကောင်းပြီလေ။ ငါနားလည်မှုလွဲသွားတာဖြစ်မှာပါ"
လုယန် ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။ အာရုံထွေပြားစရာအတွေးများကို ခေါင်းထဲမှထုတ်လိုက်သည်။ စုန့်ထန်ကျင်းဘက်ကို မကြည့်တော့။ ကိုယ့်ကိုယ်ကို သေကြောင်းမကြံတော့။ ဓားစွမ်းရည်ပြဖို့သာ အာရုံစိုက်သည်။
နောက်လာမည့်အဆင့်များကို အတွေ့အကြုံယူရုံသာ ဖြတ်သန်း၍ရသည်။ ပထမဆုံးအဆင့်ကိုတော့ သူအစွမ်းကုန်ကြိုးစားအားထုတ်ရမည်။
မီးဖိုကြောင်သုံးဓားနှင့် တိုက်ပွဲဓား ဘာမှကွာခြားချက်မရှိဟု ပြောကြသည်။ ဟင်းခုတ်ဓားသုံးသည့် ဓားကျင့်ကြံသူတစ်ယောက်ကိုလည်း အဆင့်နိမ့်သည်ဟု သတ်မှတ်၍မရ။ သူသည် ဓားဝိညာည်မြစ်ပိုင်ဆိုင်သည်။ အဆင့်တူထဲတွင် ထိပ်ဆုံးဓားကျင့်ကြံသူဖြစ်သည်။ ဤစမ်းသပ်ပွဲတွင် သိက္ခာကျ၍မဖြစ်။
ကြယ်ငါးပွင့်အဖွဲ့လည်း သားရဲတိုက်ပွဲကွင်းတွင် ရှိနေသည်။ ဝိညာဉ်ပြောင်းအဆင့်သားရဲများ လှောင်အိမ်မှထွက်လာသည်။ ပြင်းထန်သည့်စွမ်းအင်ဖိအားကိုထုတ်လွှတ်ကြသည်။
စွမ်းအင်ဖိအားခံစားမိရုံဖြင့် တစ်ချို့စားဖိုမှူးများ ထိတ်လန့်သွားကြသည်။ ရှေ့ဆက်မလှုပ်ရှားရဲတော့။ ဟင်းခုတ်ဓားကိုင်ထားသည့် သူတို့လက်များ တုန်ရင်လာသည်။
သို့သော် လုယန်က ထိုလူများထဲတွင်မပါ။
တစ်ချို့ကြယ်ငါးပွင့်စားဖိုမှူးများက ထူးခြားသည့်လက်နက်ကိုယ်စီရှိကြသည်။ လုယန်က ထိုသို့မဟုတ်။ ဟင်းခုတ်ဓားတစ်ချောင်းဖြင့် လုံလောက်သည်။
ကြယ်ငါးပွင့်အဆင့်ပြိုင်ပွဲက ကြယ်နှစ်ပွင့်အဆင့်နှင့် နည်းနည်းကွာခြားသည်။ စမ်းသပ်ပွဲတွင် လျိုရှင်းသတ်မှတ်ထားသည့် ဒဿနအမြင်တစ်ခု၏ အနှစ်သာရကိုလည်း နားလည်နိုင်စွမ်းရှိရသည်။
"ဒုခေါင်းဆောင်လျိုရှင်းကပြောတယ်။ ဓားစွမ်းရည်မှာ 'စေတနာ'ထင်ဟပ်နေရမယ်တဲ့"
လုယန် စဉ်းစားနေသည်။ ဘယ်လိုဓားစွမ်းရည်ကိုဆိုလိုသည်မသိ။ တစ်ခြားစားဖိုမှူးများလည်း ဒဿနအမြင်တစ်ခုစီ တည်ဆောက်ပြီး စတင်လှုပ်ရှားကြသည်။
"ဟိုမှာကြည့်လိုက်၊ နေအသေးစားလေးပဲ"
ကြယ်ငါးပွင့်တိုက်ပွဲကွင်းမှ ထူးခြားချက်တစ်ခုကို ပရိတ်သတ်များ သတိထားမိသည်။
"မဟုတ်ဘူး။ မဟုတ်ဘူး။ အဲဒါနေမဟုတ်ဘူး။ ရွှေဓားသခင်ပဲ။ သူ့ရဲရွှေဓားခုတ်ချက်တွေက မြန်လွန်းနေလို့ အဲလိုဖြစ်နေတာ"
ရွှေဓားသခင် အရင်ဆုံး လှုပ်ရှားသည်။ ဖေးယိသားရဲကိုရွေးသည်။ ဖေးယိသည် မြွေမျိုးနွယ်ဝင် သားရဲဖြစ်သည်။ ခြေခြောက်ချောင်းပါသည်။ တောင်ပံလေးခုပါသည်။ ဝိညာဉ်ပြောင်းအဆင့်နတ်ဆိုးသားရဲများထဲတွင် အဆင့်ငါးဖြစ်သည်။
ရွှေဓားသခင်က သူ့နည်းလမ်းဟောင်းအတိုင်း မြေပြင်ကိုခြေတစ်ချက်ဆောင့်သည်။ ကြွက်သားများဖောင်းကြွာလသည်။ ဖေးယဲ့ကို ကောင်းကင်သို့ ပစ်တင်လိုက်သည်။
"အရိုးထုတ်ဓားပညာစွမ်းအား"
ရွှေဓားနှစ်လက် လျင်မြန်စွာလှုပ်ရှားသည်။ နေတစ်စင်းလို အရောင်လက်နေသည်။ မြွေရိုးများ ပြန့်ကျဲလာသည်။ ဖြူဖွေးသည့် မြွေအသားတုံးများ ကျဆင်းလာသည်။
"ဓားစွမ်းရည်ကောင်းတယ်ဆိုတာ နတ်ဆိုးသားရဲကိုကို မနာကျင်စေဘဲ အသားထုတ်တာပဲ"
ရွှေဓားသခင်က ဓားနှစ်လက်ကို ရင်ဘတ်ရှေ့တွင်ကပ်ပြီး အတက်အကျမရှိသည့်လေသံဖြင့်ပြောသည်။ မြေပြင်သို့ သူအရင်ကျသည်။ ထို့နောက် ဖြူဖွေးသည့် မြွေသားတုံးများ ပန်းကန်ထဲသို့ကျလာသည်။
အမှန်တော့ ပထမလေးဆင့်မှ နတ်ဆိုးသားရဲများကိုလည်း သူအနိုင်ယူနိုင်သည်။ သို့သော် ချက်ချင်းသတ်နိုင်မည်မဟုတ်။ နတ်ဆိုးသားရဲများ ဝေဒနာခံစားရမည်။ 'စေတနာပါသည့်ဓားစွမ်းရည်'ဟု သတ်မျတ်၍မရ။
"ဟိုနားမှာ ဘာလို့မြူခိုးတွေ အဲလောက်သိပ်သည်းနေတာလဲ"
"မြူခိုးကြားမှ လူတစ်ယောက်ကနေသလိုပဲ။ မိန်းကလေးတစ်ယောက် ကနေတာများလား"
ပရိတ်သတ်ကြီး နောက်တစ်ကြိမ် စိတ်လှုပ်ရှားလာပြန်သည်။
မြူခိုးများ ပျောက်ကွယ်သွားပြီးနောက်တွင် မိန်းမလှတစ်ယောက်မဟုတ်ကြောင်း တွေ့လိုက်ရသည်။ အဆိပ်မယ်တော်က အဆိပ်ခတ်ထားသည့် ခေါင်းကိုးလုံးခြင်္သေ့ကို ခုတ်ထစ်နေခြင်းဖြစ်သည်။
ယွမ်မုန်မုန် သူ့ဘေးပတ်လည်မှ ပရိတ်သတ်များကိုကြည့်၍ နားမလည်နိုင်အောင်ဖြစ်နေသည်။ ထိုလူများသည့် အမြင်အာရုံချို့ယွင်းနေသလားမသိ။ နေတစ်စင်းပါ်လာသည်ဟု မြင်သူရှိသည်။ မိန်းမလှကသည်ဟု မြင်သူရှိသည်။
ပြိုင်ပွဲဝင်ချိန်တွင် အဆိပ်မယ်တော်က သံခြေကျင်းနှင့်လက်ထိတ်များ ဝတ်ထားစရာမလို။ ထို့ကြောင့် များစွာပို၍ ပေါ့ပါးသွက်လက်နေသည်။
သူအေးစက်စက်အပြုံးနေသည်။ စွမ်းအားအကြီးဆုံး ထိပ်တန်းသားရဲသုံးမျိုးထဲမှ ခေါင်းကိုးလုံးခြင်္သေ့ကို သူရွေးချယ်ခဲ့သည်။
ခြင်္သေ့ကို ကိုက်ခွင့်ပေးခဲ့သည်။ သူ့အသားနည်းနည်းပဲ့ထွက်သွားသည်။ အဆိပ်သွေးများထွက်လာပြီး လေနှင့်ထိ၍ အဆိပ်မြူအဖြစ်ပြောင်းသွားသည်။ ခေါင်းကိုးလုံးခြင်္သေ့ နှစ်ခြိုက်စွာအိပ်မောကျသွားသည်။
"စေတနာပါတဲ့ဓားစွမ်းရည်ဆိုတာ နတ်ဆိုးသားရဲကို ညင်ညင်သာသာသေသွားအောင်လုပ်တာ"
လုယန်အပြင် ယခုထိဘာမှမလှုပ်ရှားသေးသည့် နောက်ထပ်လူတစ်ယောက် ရှိနေသည်။ မာပင်းဖြစ်သည်။
"စေတနာပါတဲ့ ဓားစွမ်းရည်...အင်း..ဪ အဲဒီ့အဓိပ္ပါယ်ကို ပြောချင်းတာဖြစ်မယ်"
မာပင်းက ထိုဒဿနကို သူ့ဘာသာ နားလည်လာဟန်ဖြင့် ဒုခေါင်းဆောင်လျိုရှင်းကို လက်မြှောက်ပြသည်။
"မင်းတစ်ခုခုလိုအပ်လို့လား"
"ကျုပ်နှုတ်ထွက်တယ်"
လျိုရှင်း အံ့အားသင့်သွားသည်။
"မင်းလက်လျှော့လိုက်ပြီပေါ့"
"ဟုတ်တယ်။ စေတနာပါတဲ့ ဓားစွမ်းရည်ဆိုတာ မသတ်တာကိုပြောတာ။ ပြိုင်ပွဲက နှုတ်ထွက်မှပဲ ကျုပ်မသတ်ဖြစ်အောင်ရှောင်နိုင်မှာလေ"
"မင်းသေချာစဉ်းစားပြီးပြီလား"
"ဟုတ်ကဲ့"
မာပင်း ခေါင်းငြိမ့်သည်။
"ကောင်းပြီလေ။ ဒါဆိုမင်းသွားလို့ရပြီ"
"ကျုပ်စမ်းသပ်ပွဲအောင်သွားတဲ့သဘောလား"
လျိုရှင်းက အမြင်ကပ်လာဟန်ဖြင့် ပရိတ်သတ်ခုံတန်းဆီ လက်ညှိုးထိုးပြသည်။
"ပရိတ်သတ်ခုံတန်းကို မင်းသွားထိုင်လိုက်တော့။ ပြိုင်ပွဲကနှုတ်ထွက်ပြီးမှများ စမ်းသပ်ပွဲအောင်ချင်သေးတယ်ပေါ့"
"..."
မဟုတ်သေး။ ခုနက သူ့အမြင်ကို အသိအမှတ်ပြုသကဲ့သို့ ဒုခေါင်းဆောင်လျိုရှင်း အဓိပ္ပါယ်ပါပါ ပြုံးနေခဲ့သည်။ အမှန်ဆို သူစမ်းသပ်ပွဲ အောင်သင့်သည်။
တော်ဝင်စားဖိုဆောင်ဓားသမားက ယခုလိုအဆုံးသတ်မျိုး ကြုံရသလော...
မာပင်းကို ပရိတ်သတ်ထိုင်ခုံသို့ ပို့လိုက်သည်။ ပြိုင်ပွဲ ဆက်ကျင်းပသည်။
လုဘန် အလှည့်ရောက်လာသည်။ သာမန်ဓားတစ်လက်ကိုင်၍ ဖြေးညှင်းစွာ သူထရပ်သည်။ ခွေ့နွားသားရဲဘုရင်ထံ အေးအေးလူလူလျှောက်သွားသည်။
ခွေ့နွားက အန္တရာယ်ကို သတိထားမိသည်။ ထိုရန်သူ့ သူ့ကိုသတ်နိုင်စွမ်းရှိကြောင်း သွေးဆက်အာရုံမှ အလိုလိုသိနေသည်။
လုယန် ဓားကိုမြှောက်သည်။ အောက်သို့ဝိုက်ချသည်။ ခွေ့နွားက ပုံမပျက်ရပ်နေသည်။ လုံးဝအထိအခိုက်မရှိ။
"ဘယ်လိုကြီးလဲ။ ဘာတွေဖြစ်နေတာလဲ"
ပရိတ်သတ်များ တွေးမရအောင်ဖြစ်သွားသည်။ လုယန်က ခွေ့နွားကို ခြောက်လှန့်ရုံသက်သက် လုပ်နေခြင်းလားမသိ။
မသေမျိုးစားဖိုမှူးအမွေခံဆိုသူက ဤအဆင့်လောက်သာရှိသလော.."
'မဟုတ်ဘူး။ သူ့လက်ထဲမှာ ဘာကိုင်ထားလဲကြည့်လိုက်"
ပါရမီမနည်းလှသည့် မာပင်းက ထူးခြားချက်ကို ချက်ချင်းသတိထားမိသ်ည။
လုယန်၏လက်ထဲတွင် အလွန်ပါးလွှာသည့် စက္ကူတစ်ရွက်ရှိနေသည်။ နေရောင်အောက်တွင် အလင်းပေါက်မတတ်ကြည်လင်နေသည်။
"ငါ့ကိုပြပါ"
လျိုရှင်း ချက်ချင်းရှေ့တက်လာပြီး ထိုစက္ကူကို လှမ်းယူသည်။
စက္ကူကို လက်ထဲတွင် ဖြန့်ကြည့်ပြီးနောက် သူအံ့ဩသွားသည်။ စက္ကူက ခွေ့နွားပုံစံမျိုးဖြစ်နေသည်။
"မင်းဘယ်လိုလုပ်လိုက်တာလဲ"
"ခွေနွားကို အလယ်တည့်တည့်ကခွဲတယ်။ နောက်ထပ်အရှည်လိုက် တစ်ခါထပ်ဖြတ်ပြီး ဒီအမဲသားလွှာကို ယူလိုက်တာ။ ခွေ့နွားက သူအဖြတ်ခံရမှန်းတောင် မသိလိုက်ဘူး။ ဒဏ်ရာတွေက ချက်ချင်းပြန်ပျောက်သွားတယ်"
လုယန် အသားလွှာ့တစ်ဖဲ့ဆုတ်ဖြဲ၍ ပါးစပ်ထဲထည့်ဝါးလို်သည်။ နွားသားအရသာ သူ့ပါးစပ်ထဲ ပြည့်လျှံသွားသည်။
"မာပင်းရဲ့အမြင် မှန်တယ်လို့ ကျုပ်ယူဆတယ်။ စေတနာပါတဲ့ဓားပညာဆိုတာ အသက်ကိုမသတ်ဘူး။ မြည့်ကြည့်ဦးမလား ဒုခေါင်းဆောင်"
အမဲသားလွှာက ပါးလွန်းသဖြင့် နေရောင်နည်းနည်းထိသည်နှင့် အသားကျက်သွားသည်။
"မဟုတ်ဘူး။ မင်းဓားစွမ်းရည်ကတော့ ထိပ်တန်းပါ။ ဒါပေမယ့် အမဲသားလွှာက ပါးလွန်းနေတယ်။ ဟင်းတစ်ပွဲစာမလောက်ဘူး။ ဓားစွမ်းရည်ကို ကောင်းကောင်းပြခဲ့ပေမယ့် ဝိညာဉ်စားဖိုမှူးဖြစ်ဖို့ အရည်အသွေးမမီဘူး"
လျိုရှင်းသည် စည်းမျဉ်းသတ်မှတ်ချက်မျိုးကို အတိအကျလိုက်နာသူဖြစ်သည်။
"အဲဒါကဘာခက်လို့လဲ"
လုယန်ခပ်ညှင်းညှင်းရယ်၍ ခွေ့နွားကို ဓားနှောင့်ဖြင့် သတိလစ်အောင် ရိုက်လိုက်သည်။ ဓားကိုထပ်မြှောက်သည်။ ထို့နောက် အသားလွှာတစ်ခု သူ့လက်ထဲ ရောက်လာသည်။
လျိုရှင်းမျက်လုံးပြူးသွားပြီး မယုံနိုင်အောင်ဖြစ်နေသည်။
ခုနက သူသေချာမြင်လိုက်သည်။ ပုံမှန်မျက်လုံးဖြင့်ကြည့်လျှင် လုယန်ဓားတစ်ချက်ဖြတ်သည်ကိုသာမြင်ရမည်။ သို့သော် ခုနက လုယန်ဓားရှစ်ဆယ့်တစ်ကြိမ်ခုတ်ဖြတ်ခဲ့သည်ကို သူမြင်လိုက်သည်။
ခွေ့နွားကို သတိလစ်အောင်လုပ်ပြီးနောက် လုယန်ကအရေပြားကိုခွဲ၍ အသားလွှာကိုထုတ်သည်။ အသားလွှာရပြီးနောက် အရေပြားကဒဏ်ရာ သူ့ဘာသာပြန်ပျောက်သွားသည်။
ခွေ့နွားသည် ကူးဖြတ်ခြင်းအဆင့်ဖြစ်၍ ဒဏ်ရာကုသနှုန်း အလွန်တရာမြန်ဆန်သည်။ ထိုနွားသတိပြန်ရလာချိန်တွင် ခုတ်ဖြတ်ခံထားရသည့် အသားနေရာ ပြန်ပြည့်နေသည်။
ခွေ့နွားလည်း ဖြစ်သွားသည်အခြေအနေကို နားမလည်။
"ဒုခေါင်းဆောင် အမဲသားမလုံလောက်သေးဘူးလိ့ထင်ရင် နောက်ထပ်ခွေ့နွားတွေ နည်းနည်းထပ်ရှာပါ့မယ်။ အဲဒီ့နွားတွေဆီကလည်း အသားဖြတ်ထုတ်ပေးလို့ရပါတယ်။ ဒီလိုဆို ခွေ့နွားတစ်ကိုယ်လုံးလုံးစာ ရလာမှာပါ"
"မင်း...မင်းစမ်းသပ်ပွဲအောင်တယ်"
လျိုရှင်း လုယန်ကို ငေးစိုက်ကြည့်၍ ကြေညာလိုက်သည်။ ထိုအဖြစ်က အောင်ရုံသက်သက်မဟုတ်။ နှစ်ခြောက်သောင်းအတွင်း ကြယ်ငါးပွင့်စားဖိုမှူးပြိုင်ပွဲများ၌ တစ်ခါမှမရှိခဲ့ဖူးသည့် စံချိန်တင်ဓားစွမ်းရည်ဖြစ်သည်။
"ဒါနဲ့...ခုနကမင်း ဓားဘယ်နှချက်ခုတ်လိုက်တာလဲ"
နေရာမှထွက်မသွားမီ လျိုရှင်းထပ်မေးသည်။
လုယန်က မပွင့်တပွင့်ပြုံး၍ လက်ဆုပ်အရိုအသေပြုသည်။
"တစ်ရာ့ရှစ်ချက်ပါ။ ကျေးဇူးတင်ပါတယ်"
***************************