← Chapters

အခန်း (၇၄၃-၇၄၄)

Vol. 63 Ch. 743-744

အခန်း (၇၄၃-၇၄၄)

Vol. 63 Ch. 743-744

အခန်း (၇၄၃) တာအို သူတော်စင် နှလုံးသား

ဝှစ်

လှိုင်းလုံးများက ကမ်းခြေကို အဆက်မပြတ် ရိုက်ခတ်နေပြီး ကျောက်ဆောင်များကို ဝင်တိုက်ကာ ရေပန်းများ လွင့်စင်သွား၏။ အဝေးတွင် ငှက်မိစ္ဆာများက ပင်လယ်ပြင်ပေါ်တွင် ဝဲပျံနေကြပြီး ကမ်းခြေသို့ ချဉ်းကပ်ရန် သတိထားနေကြသည်။

ကမ်းခြေတွင် ကုအန်က မျက်လုံးမှိတ်၍ တရားထိုင်နေပြီး သူ၏ ပတ်လည်ရှိ ဝိညာဉ်စွမ်းအင် ဝဲကတော့က ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။

ကောင်းကင်ယံက တဖြည်းဖြည်း အဝါရောင် သန်းလာပြီး ညနေစောင်းတော့မည် ဖြစ်သည်။

ဥက္ကာပျံ တစ်ခုက ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး တိမ်ပင်လယ်ကို ထိုးဖောက်ကာ ကုအန်ဆီသို့ ဦးတည်လာ၏။

ဥက္ကာပျံက ကုအန်ကို ဝင်တိုက်တော့မည့် ဆဲဆဲတွင် သူက လက်ကို ရုတ်တရက် မြှောက်၍ ဥက္ကာပျံကို ဖမ်းဆုပ်လိုက်သည်။

သူ၏ ညာဘက် လက်ဝါးကို ဖြန့်လိုက်သောအခါ ခိုဥအရွယ်အစား ရှိသော အဖြူရောင် ကျောက်စိမ်းတုံးလေး တစ်တုံးကို တွေ့လိုက်ရပြီး ကျောက်စိမ်းကဲ့သို့ ကြည်လင်သော အလင်းရောင်များ ထုတ်လွှတ်ကာ လျှို့ဝှက်ဆန်းကြယ်သော အလှတရား တစ်ခုကို ပေးစွမ်းနေခဲ့သည်။

ကုအန်က မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး သူ၏ လက်ထဲရှိ အဖြူရောင် ကျောက်စိမ်းတုံးလေးကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။

သက်တမ်း ဝင်စားခြင်း ၏ အမွေအနှစ် မှတ်ဉာဏ်များကို သူ ယခုလေးတင် လက်ခံရရှိခဲ့ပြီး သူ၏ စိတ်ထဲတွင် ခံစားချက်များနှင့် အတွေးများဖြင့် ပြည့်နှက်နေ၏။

သူက နောက်ထပ် ဘဝတစ်ခုကို ဖြတ်သန်းခဲ့ရသည်။

ဤဘဝက ယခင် ဘဝများ အားလုံး ပေါင်းထားသည်ထက် များစွာ ပိုမို ရှည်လျားပြီး ခမ်းနားကြီးကျယ်၏။ ၎င်းက ကုအန်၏ လက်ရှိ ကျင့်ကြံခြင်း အဆင့်နှင့် ပတ်သက်နေနိုင်ပေသည်။ ဤဘဝ၏ ကျင့်ကြံခြင်းက ယခင် ဘဝများထက် များစွာ သာလွန်ပြီး တာအိုအထွတ်အထိပ် တာလော့အမတ အဆင့်သို့ပင် ရောက်ရှိခဲ့သည်။

သက်တမ်း ဝင်စားခြင်း ၏ အဆုံးသတ်က ကြိုတင် ကျင့်ကြံခြင်း အခြေအနေ အပေါ် မူတည်၍ ကွဲပြားပေသည်။ ပြိုင်ဘက်ကင်းသော ပါရမီ ရှိနေလျှင်ပင် အချို့သော ကံဆိုးမှုများတွင် ကျဆုံးသွားနိုင်သေး၏။

ယခင် ဝင်စားခြင်းများနှင့် မတူဘဲ ဤဝင်စားခြင်း ခန္ဓာကိုယ်က အသက်ရှင်နေဆဲ ဖြစ်သည်။ ပိုမို တိကျစွာ ပြောရလျှင် ကုအန်၏ လက်ရှိ အချိန်တွင် အသက်ရှင်နေပြီး အနာဂတ်တွင် သေဆုံးရမည့် ကံကြမ္မာလည်းရှိနေသည့။

ဝင်စားခြင်း ခန္ဓာကိုယ်သည် စစ်ဝိညာဉ် မြင့်မြတ်အိမ်တော် တွင် မွေးဖွားခဲ့ပြီး ၎င်းမှာ လင်းတောင် ကဲ့သို့ ရှေးကျသော တာအို ကျင့်စဉ် တစ်ခု ဖြစ်ကာ စစ်ခုံရုံး နှင့်တော့ ပတ်သက်မှု မရှိချေ။

၄င်းက ထိုက်ရှန်းကျွယ် ဟု အမည်ရပြီး အခြား ဝင်စားခြင်း ခန္ဓာကိုယ်များ ကဲ့သို့ပင် သူက ဒုက္ခများထဲတွင် မွေးဖွားခဲ့ပြီး မရေမတွက်နိုင်သော အခက်အခဲများကို ဖြတ်သန်း ကြီးပြင်းလာခဲ့ရသည်။

လက်ရှိ ထိုက်ရှန်းကျွယ် က မြောင်ကျန်း တာလော့အမတ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ တာအိုအထွတ်အထိပ် တာလော့အမတ အဆင့်သို့ ရောက်ရှိချိန်တွင် ကောင်းကင်နန်းတော် ထံ၌ ကျဆုံးရမည် ဖြစ်လေသည်။

အကယ်၍ သူသာ ထိုက်ရှန်းကျွယ် ကို ဆက်သွယ်ရန် ကြိုးစားပါက မှန်းဆ၍ မရနိုင်သော အကြောင်းအကျိုး၏ ဆိုးကျိုးများနှင့် ရင်ဆိုင်ရမည်ကို အာရုံခံမိ၏။

ထိုက်ရှန်းကျွယ် က သူ၏ ကိုယ်ပိုင် အကြောင်းအကျိုး ကို မသိမသာ အာရုံခံမိပြီး ဖြစ်သဖြင့် မဟာကမ္ဘာ မှ မထွက်ခွာမီ သူ၏ တာအိုဆန္ဒ နှင့် ဖုံးကွယ်ထားသော စွဲလမ်းမှုများ ပါဝင်သည့် အဖြူရောင် ကျောက်စိမ်းတုံးလေး များကို နေရာအနှံ့ ပြန့်ကျဲထားခဲ့ခြင်း ဖြစ်သည်။

ကုအန်နှင့် သူ၏ ဆက်သွယ်မှု ပေါ်ပေါက်သွားမည်ကို ကြောက်ရွံ့သဖြင့် ဤအဖြူရောင် ကျောက်စိမ်းတုံးလေး များကို သူ ဖန်တီးခဲ့၏။ ၎င်းတို့က ကံကြမ္မာများကို ဖြန့်ဝေပေးနေသကဲ့သို့ ရှိသော်လည်း သူ၏ အစစ်အမှန် မိမိကိုယ်ကိုယ် သာလျှင် ၎င်းတို့ကို အပြည့်အဝ နားလည်သဘောပေါက်နိုင်မည် ဖြစ်သည်။

“ဝင်စားခြင်း သံသရာကို တားဆီးလို့ မရနိုင်ဘူး... ပြီးတော့ အတိတ်ဘဝတွေက နောက်ဆုံးမှာ လွင့်ပျောက်သွားမယ့် တိမ်တိုက်တွေ ဖြစ်လာလိမ့်မယ်... ဒါပေမဲ့ စွဲလမ်းမှုတွေကတော့ ဝင်စားခြင်း ကို ကျော်လွန်သွားနိုင်တယ်...”

ကုအန်က အဖြူရောင် ကျောက်စိမ်းတုံးလေး ကို ကစားရင်း တိတ်တဆိတ် တွေးလိုက်၏။

လုဟန် ၏ စွဲလမ်းမှုက သူ၏ သား လုချိုးရှန်း ဖြစ်လေသည်။ ယန်ရှန်း ၏ စွဲလမ်းမှုက မြင့်မြတ်နှလုံးသား ဓားတာအို ဖြစ်သည်။ မဟူရာဆန်းကြယ်ဧကရာဇ် ၏ စွဲလမ်းမှုက သူ၏ စီနီယာအစ်မနတ်မိမယ် ပိုင်ရှန်း ဖြစ်လေသည်။ ယုံရှန်းဧကရာဇ် ၏ စွဲလမ်းမှုက နတ်မိမယ် ယောင်ရွှမ် ဖြစ်လေသည်။။

ထိုက်ရှန်းကျွယ် ၏ စွဲလမ်းမှုမှာ သူ၏ ဆရာကို ကယ်တင်ရန်သာ ဖြစ်သည်။

စစ်ဝိညာဉ် မြင့်မြတ်အိမ်တော် တွင် မွေးဖွားခဲ့ပြီး ထိုက်ရှန်းကျွယ် ၏ မိသားစုက သူ မွေးဖွားပြီးပြီးချင်း အိမ်တော် အတွင်းရှိ ရန်သူများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။ တိုက်ဆိုင်စွာဖြင့် အနီရောင်ဖုန်မှုန့် ဘိုးဘေး နှင့်သာ မတွေ့ဆုံခဲ့လျှင် သူလည်း သေဆုံးသွားမည်ဖြစ်ပြီး ထိုက်ရှန်း မျိုးနွယ်စု က လုံးဝ သုတ်သင်ခံလိုက်ရမည် ဖြစ်သည်။

အနီရောင်ဖုန်မှုန့် ဘိုးဘေး က သူ့ကို သဘောကျသွားရသည့် အကြောင်းရင်းမှာ သူသည် တာအို သူတော်စင်နှလုံးသား ဖြင့် မွေးဖွားလာသောကြောင့် ဖြစ်သည်။

တာအို သူတော်စင် နှလုံးသား က မဟာတာအို တွင် ရှားပါးသော ကံကြမ္မာ တစ်ခုဖြစ်ပြီး တာအိုကို လွယ်ကူစွာ နားလည်သဘောပေါက်နိုင်စွမ်း ရှိစေကာ ဆိုးယုတ်မှု အားလုံးနှင့် စွမ်းအား အားလုံး၏ တိုက်ခိုက်မှုမှ ခုခံနိုင်စွမ်း ရှိလေသည်။

သူက အနီရောင်ဖုန်မှုန့် ဘိုးဘေး ၏ လက်အောက်တွင် နှစ်သန်းပေါင်းများစွာ ကျင့်ကြံခဲ့ပြီး ကိုယ်ပိုင် အစွမ်းစဖြင့် ထွက်မလာမီ ထိုက်ချင်း ရွှေအမတ အဆင့်သို့ ရောက်ရှိခဲ့သည်။

သူက လင်းတောင် အပါအဝင် နေရာများစွာသို့ သွားရောက်ခဲ့သည်။

ထူးခြားသည်မှာ သူက ယုံရှန်းဧကရာဇ် ကို တပည့်အဖြစ် လက်မခံမီ ကောင်းကင်ဗုဒ္ဓ နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ဗုဒ္ဓ က ယုံရှန်းဧကရာဇ် ကို ကာကွယ်ပေးရသည့် အကြောင်းရင်း တစ်ခုမှာ ဤအကြောင်းအကျိုး ကြောင့် ဖြစ်နိုင်သည်ဟု ကုအန် ခန့်မှန်းလိုက်သည်။

သူ၏ အစပြုမှုက ကြေကွဲစရာ ကောင်းခဲ့သော်လည်း ထိုက်ရှန်းကျွယ် တွင် ရဲရင့်ပြီး ပွင့်လင်းသော သဘာဝ ရှိကာ တိုက်ပွဲမှတစ်ဆင့် မိတ်ဆွေဖွဲ့လေ့ ရှိသည်။ ကျားမ မရွေး မိတ်ဆွေဖွဲ့လိုပါက အရင်ဆုံး ယှဉ်ပြိုင်ရန်သာ ဖိတ်ခေါ်လေ့ ရှိသော်လည်း ငြင်းဆန်သူများကိုလည်း အတင်းအကျပ် မလုပ်ခဲ့ချေ။

သူက အမတနတ်ဘုရားများ နှင့်ပင် မိတ်ဆွေဖွဲ့ခဲ့ပြီး ၎င်းတို့ထဲမှ များစွာသော သူများက အမတအဖြစ် တက်လှမ်းရန် ကြိုးပမ်းနေကြသူများ ဖြစ်ကြလေသည်။

ကောင်းကင်နတ်ဘုရား တစ်ပါးက ဖျက်ဆီးခြင်း နတ်ဘုရား ဖြစ်လာရန် ရည်မှန်းထား၏။ ၎င်းကို မဟူရာဆန်းကြယ် ဧကရာဇ် ၏ မှတ်ဉာဏ်များနှင့် ဆက်စပ်ကြည့်ပြီးနောက် ထိုကောင်းကင်နတ်ဘုရား နှင့် ဖျက်ဆီးခြင်း နတ်ဘုရား တို့က အမှန်တကယ်ပင် လူတစ်ယောက်တည်း ဖြစ်နိုင်သည်ဟု ကုအန် ခန့်မှန်းလိုက်သည်။

ယခုအခါ မြောင်ကျန်း တာလော့အမတ တစ်ပါး ဖြစ်နေပြီဖြစ်သော ထိုက်ရှန်းကျွယ် က ယခင် ဝင်စားခြင်း ခန္ဓာကိုယ်များ ထက် ပိုစော၍ မွေးဖွားခဲ့လေသည်။

သူ၏ ဘဝက ယုံရှန်းဧကရာဇ် ထက် ပိုမို ထင်ရှားပြီး တရားမျှတမှုနှင့် ရန်ငြိုးများဖြင့် ပြည့်နှက်နေကာ ကောင်းကင်သမီးတော် များစွာ၏ ချစ်မြတ်နိုးမှုကို ခံခဲ့ရ၏။ သို့သော်လည်း သူက တာအိုကိုသာ စွဲလမ်းမြတ်နိုးခဲ့ပြီး ကမ္ဘာများစွာကို ကယ်တင်ကာ ဒဏ္ဍာရီများနှင့် သမိုင်းကြောင်းများကို ချန်ထားရစ်ခဲ့သည်။

သို့သော်လည်း ဘဝခရီးလမ်းက အမြဲတမ်း ဖြောင့်ဖြူးနေသည်တော့ မဟုတ်ချေ။ ကောင်းကင်နန်းတော် က သူ့ကို အမတအဆင့် သို့ ဝင်ရောက်ရန် သိမ်းသွင်းခဲ့သော်လည်း သူက ငြင်းဆန်ခဲ့ပြီး အမတ အရာရှိများ နှင့်ပင် ပဋိပက္ခ ဖြစ်ပွားခဲ့ကာ ကောင်းကင် စည်းမျဉ်းများကို လုံးဝ ဆန့်ကျင်ခဲ့သဖြင့် ကောင်းကင်နန်းတော် ၏ လိုက်လံ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

သေဘေးမှ အကြိမ်ကြိမ် သီသီလေး လွတ်မြောက်လာပြီးနောက် သူ့ကို အဓိပတိအမတ တစ်ပါးက တိုက်ခိုက်ခဲ့သည်။ သူ သေတော့မည့် ဆဲဆဲတွင် သူ၏ ဆရာဖြစ်သော အနီရောင်ဖုန်မှုန့် ဘိုးဘေး က ပေါ်လာပြီး သူ့ကို ကယ်တင်ခဲ့သော်လည်း ပြင်းထန်သော ဒဏ်ရာများ ရရှိသွားကာ ကောင်းကင်တာအို ၏ ကျိန်စာတစ်ခုကို ခံလိုက်ရသည်။

ဆရာနှင့် တပည့် နှစ်ယောက်က လျှို့ဝှက်ဆန်းကြယ်သော စကြဝဠာ တစ်ခုဆီသို့ ထွက်ပြေးလွတ်မြောက်ခဲ့ကြသည်။ အနီရောင်ဖုန်မှုန့် ဘိုးဘေး က မိမိကိုယ်ကိုယ် ချိတ်ပိတ်လိုက်ပြီး ဒဏ္ဍာရီလာ ထာဝရအသက်သစ်သီး သာလျှင် သူ့ကို ကယ်တင်နိုင်မည်ဟု မှာကြားခဲ့၏။ ထိုက်ရှန်းကျွယ် မှာ အလွန်အမင်း ဝမ်းနည်း ကြေကွဲခဲ့ရသည်။ သူ့အတွက် အနီရောင်ဖုန်မှုန့် ဘိုးဘေး က ဆရာတစ်ယောက်သာမက ဖခင်တစ်ယောက်လည်း ဖြစ်လေသည်။ ဤသည်က သူ၏ ပထမဆုံးသော အစစ်အမှန် ကျရှုံးမှု ဖြစ်ပြီး ယင်းက သူ့ကို နက်နက်ရှိုင်းရှိုင်း ထိခိုက်သွားစေခဲ့သည်။

သူ လုံးဝ ပြောင်းလဲသွား၏။ ထာဝရအသက်သစ်သီး ကို ချက်ချင်း မရှာဖွေဘဲ ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်ပြီး ပြန်လည် မထွက်ပေါ်လာမီ ထိုအဓိပတိအမတ ၏ အဆင့်သို့ ရောက်ရှိရန် ရည်မှန်းထားသည်။

ကံမကောင်းစွာဖြင့် သူက ကောင်းကင်နန်းတော် ၏ စွမ်းအားကို အထင်သေးခဲ့မိ၏။ သူ မဟာတာအို လမ်းစဉ် ပေါ် ခြေချလိုက်သည်နှင့် အမတနတ်ဘုရားများ က သူ့ကို လိုက်လံ တိုက်ခိုက်ကြတော့သည်။

ကံကောင်းထောက်မစွာဖြင့် သူ၏ ကျင့်ကြံခြင်းက လုံလောက်အောင် အစွမ်းထက်နေသဖြင့် ကနဦး လိုက်လာသော အမတနတ်ဘုရား လှိုင်းလုံးများက သူ့ကို မရင်ဆိုင်နိုင်ခဲ့ကြချေ။

ယင်းကကောင်းကင်တာအို အရှင်မြတ် မတိုက်ခိုက်လာသည့် အချိန်အထိပင်။ သူ့ကို မျှော်လင့်ချက်မဲ့ ကောင်းကင်သင်္ချိုင်း ထဲသို့ ပစ်ချလိုက်ပြီး ထိုနေရာတွင် သူက ကျိန်စာကို ခံစားခဲ့ရ၏။

ရှည်လျားသော နှစ်များတစ်လျှောက် ထိုက်ရှန်းကျွယ် က တဖြည်းဖြည်း သတိလစ်သွားခဲ့သည်။

အချိန်များစွာ ကြာပြီးနောက်မှသာ သူနှင့် ဆင်တူသော အကြောင်းအကျိုး တစ်ခုကို သူ အာရုံခံမိလိုက်သည်။ မျှော်လင့်ချက်မဲ့ ကောင်းကင်သင်္ချိုင်း မှ လွတ်မြောက်ရန် ဤအကြောင်းအကျိုး ကို အသုံးပြု၍ သူ လွတ်မြောက်သွားခဲ့ပြီး အခြားလူ တစ်ယောက်ကို သူ၏ နေရာတွင် ချန်ထားရစ်ခဲ့သည်။

ဤအကြောင်းအကျိုး က နတ်မိမယ် ယောင်ရွှမ် ၏ အရာ ဖြစ်ပြီး တိတိကျကျ ပြောရလျှင် ယုံရှန်း ဧကရာဇ် ၏ သား၊ သူမ၏ မမွေးဖွားသေးသော ကလေး၊ ‘အပြစ်(စွန်း)’ ဟု အမည်ရသူ ထံတွင် ရှိနေကြောင်း ကုအန် ခန့်မှန်းလိုက်၏။

သူ၏ မူလ ဇာစ်မြစ်နှင့် အကြောင်းအကျိုး ကို နားလည်သဘောပေါက်ပြီးနောက် ထိုက်ရှန်းကျွယ် က ယုံရှန်း ဧကရာဇ် နှင့် သူ၏ ဆက်သွယ်မှုကို အာရုံခံမိလိုက်သည်။

သူတို့ နှစ်ယောက်စလုံးက ဝင်စားခြင်း ခန္ဓာကိုယ်များ ဖြစ်ကြောင်း သဘောပေါက်သွားပြီး သူတို့၏ သက်ဆိုင်ရာ ဘဝများတွင် အချင်းချင်း အပြန်အလှန် ကယ်တင်ပေးခဲ့ကြ၏။

နတ်မိမယ် ယောင်ရွှမ် က အကြောင်းအကျိုး ပြန်လည် ရိုက်ခတ်မှုကို ခံစားခဲ့ရပြီး တာအို သို့ ပြန်မလာနိုင်တော့ချေ။

သို့သော်လည်း မျှော်လင့်ချက်မဲ့ ကောင်းကင်သင်္ချိုင်း က ထူးခြားပေသည်။ အချိန် ရပ်တန့်နေသော ထိုနေရာတွင် သူမ၏ ကလေးက ပုန်းအောင်းနေနိုင်၏။ ‘စွန်း’ နေထိုင်သည့် ဧရာမ နန်းတော်ကြီးမှာ ထိုက်ရှန်းကျွယ် ဖန်တီးခဲ့ခြင်း ဖြစ်ပြီး သင်္ချိုင်း၏ ဆိုးယုတ်သော စွမ်းအားများမှ သူ့ကို ကာကွယ်ပေးထားခြင်း ဖြစ်သည်။

ထိုက်ရှန်းကျွယ် က ယုံရှန်း ဧကရာဇ် ၏ သားကို ကယ်တင်ခဲ့ပြီး ဧကရာဇ် က သူ၏ သားမှတစ်ဆင့် ထိုက်ရှန်းကျွယ် ကို သင်္ချိုင်း၏ ဖိနှိပ်မှုမှ လွတ်မြောက်အောင် ကူညီပေးခဲ့၏။

၎င်းကို တွေးမိသောအခါ ကုအန်၏ ရင်ထဲတွင် နက်နက်ရှိုင်းရှိုင်း လှုပ်ရှားသွားပြီး အနည်းငယ် ဂုဏ်ယူသွားမိသည်။

သူ ဖြစ်နေတာ မဆန်းပါဘူး...

သင်္ချိုင်းမှ လွတ်မြောက်ပြီးနောက် ထိုက်ရှန်းကျွယ် က မဟာတာအို၏ ဟင်းလင်းပြင်ထဲတွင် အချိန်အကြာကြီး လွင့်မျောနေခဲ့ပြီး မကြာသေးမီကမှ မဟာကမ္ဘာ သို့ ပြန်လည် ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။

သူက အမတနတ်ဘုရားများ အပေါ် နက်ရှိုင်းသော အမုန်းတရား ရှိနေသော်လည်း သူတို့၏ တူညီသော အကြောင်းအကျိုး ကြောင့် ကျူးရှီ အပေါ် အနည်းငယ် ရင်းနှီးမှုကို ခံစားခဲ့ရသည်။ ထို့ကြောင့် နတ်ဘုရားခုံရုံး ၏ အမတနတ်ဘုရားများကို သူ တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။

သူ ရူးသွပ်နေပုံရသော်လည်း သူ၏ အသိစိတ် အနည်းငယ်တော့ ကျန်ရှိနေသေးသည်။

မိစ္ဆာနတ်ဘုရား ၏ နောက်ကွယ်က အကြံအစည်ကို စုံစမ်းရန်နှင့် ထာဝရအသက်သစ်သီး ကို ရှာဖွေရာတွင် အမတနတ်ဘုရားများကို အသုံးပြုရန် ရည်ရွယ်ချက်ဖြင့် အမတအရှင်မြတ် ဟန်ရှား ကို သူ ဖမ်းဆီးခဲ့ခြင်းဖြစ်၏။

ထိုက်ရှန်းကျွယ် က သူ၏ ကံကြမ္မာကို မသိသော်လည်း သူ၏ မှတ်ဉာဏ်များကို လက်ခံရရှိထားသော ကုအန် ကတော့ သိနေသည်။

ထိုက်ရှန်းကျွယ် က ကြီးမားသော မငြိမ်မသက်မှုများကို ဖြစ်ပေါ်စေမည်ဖြစ်ပြီး နောက်ဆုံးတွင် ကောင်းကင်နန်းတော် ထံ၌ ကျဆုံးသွားမည် ဖြစ်ကာ သူ သေဆုံးမည့် အချိန်အထိ ထာဝရအသက်သစ်သီး ကို ရှာတွေ့မည် မဟုတ်ချေ။

ထိုကဲ့သို့သော အဆုံးသတ်မျိုးကို ကြောက်ရွံ့သဖြင့် အဖြူရောင် ကျောက်စိမ်းတုံးလေး များကို မဟာကမ္ဘာ သုံးထောင် သို့ သူ ပြန့်ကျဲထားခဲ့ခြင်းဖြစ်၏။ အကယ်၍ သူသာ ကျရှုံးသွားပါက သူ၏ အစစ်အမှန်ခန္ဓာက ထာဝရအသက်သစ်သီး ကို ရှာဖွေရန် ကူညီပေးလိမ့်မည်ဟု သူ မျှော်လင့်ထားသည်။

“ဒါက ငါ့ကိုယ်ပိုင် တောင်းဆိုချက် ဖြစ်နေမှတော့ မင်းကို သဘာဝကျကျ ငါ ကူညီပေးရမှာပဲလား”

ကုအန်က အဖြူရောင် ကျောက်စိမ်းတုံးလေး ကို ငုံ့ကြည့်၍ ထိုသို့ တွေးလိုက်၏။

ထိုက်ရှန်းကျွယ် ၏ မှတ်ဉာဏ်များကို လက်ခံရရှိခြင်းက မဟာတာအို အပေါ် သူ၏ နားလည်နိုင်စွမ်းကို ပိုမို နက်ရှိုင်းသွားစေပြီး သူ၏ ဝိညာဉ်က စတင် အသွင်ပြောင်းလာတော့သည်။

တာအို သူတော်စင် နှလုံးသား။

အခန်း (၇၄၄) သူက ငါ့ဆရာလည်း ဖြစ်တယ်

ထိုက်ရှန်းကျွယ် ၏ ဘဝက ထူးခြားဆန်းကြယ်ပြီး စိတ်လှုပ်ရှားဖွယ် ကောင်းခဲ့၏။ နောက်ဆုံးတွင် သူက သက်ရှိအားလုံး၏ ရင်ထဲ၌ ကောင်းကင် အာဏာကို ဆန့်ကျင် ပုန်ကန်ခြင်း၏ သင်္ကေတ တစ်ခု ဖြစ်လာခဲ့သည်။

ကုအန်က ထိုက်ရှန်းကျွယ် ၏ ဘဝကို ဝင်ရောက် စွက်ဖက်၍ မရနိုင်သလို ထိုသို့ လုပ်ရန် ရည်ရွယ်ချက်လည်း မရှိချေ။ ထိုက်ရှန်းကျွယ် က သူ၏ ဝင်စားခြင်း ခန္ဓာကိုယ် ဖြစ်ပြီး ထိုက်ရှန်းကျွယ် လျှောက်လှမ်းခဲ့သော လမ်းကြောင်းတွင် ကုအန်က လမ်းညွှန်ပေးသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့၏။ မည်သို့ပင်ဆိုစေကာမူ သက်တမ်း ဝင်စားခြင်း အတွင်းတွင် သူက ထိုက်ရှန်းကျွယ် အတွက် ရွေးချယ်မှုများကို ပြုလုပ်ပေးနိုင်ခဲ့သည်။

ထို့ပြင် သက်တမ်း ဝင်စားခြင်း အတွင်းရှိ ဝင်စားခြင်း ခန္ဓာကိုယ်များက တိုက်ရိုက် ဆက်သွယ်၍ မရနိုင်သော်လည်း သူတို့က အကြောင်းအကျိုး မှတစ်ဆင့် ယှက်နွယ်နေနိုင်ကြောင်း ကုအန် ရှာဖွေတွေ့ရှိခဲ့၏။ ဤအချက်က ကုအန်ကို အကြောင်းအကျိုး လမ်းစဉ် နှင့် ပတ်သက်၍ အတွေးသစ်များစွာ ရရှိစေခဲ့သည်။

သက်တမ်း ဝင်စားခြင်း က သူ့ထံမှ စတင်ခဲ့ခြင်း ဖြစ်သဖြင့် သူ၏ မည်သည့် ဝင်စားခြင်း ခန္ဓာကိုယ်ကမျှ သူ၏ ကမ္ဘာတွင် ပေါ်လာမည် မဟုတ်ချေ။ သူတို့က တွေ့ဆုံနိုင်မည် မဟုတ်သလို တစ်ယောက်၏ ဘဝအပေါ် တစ်ယောက် သက်ရောက်မှုလည်း ရှိမည် မဟုတ်ပေ။

ဝင်စားခြင်း လမ်းစဉ် တွင် အဆင့်များစွာရှိ၏။ အောက်အဆင့် ဝင်စားခြင်းများက အချိန်နှင့်အမျှ အစီအစဉ်တကျ ဖြစ်ပေါ်လေ့ရှိပြီး အထက်အဆင့် ဝင်စားခြင်းများကတော့ အချိန်ကို လျစ်လျူရှုနိုင်စွမ်း ရှိကြသည်။

အမြင့်ဆုံး ကောင်းကင်ဧကရာဇ် ပင်လျှင် ဝင်စားခြင်းကို နှစ်သက်ပြီး သူ ဘယ်နေရာတွင် ရှိနေသည်ကို မည်သူမျှ မသိကြချေ။

ထိုက်ရှန်းကျွယ် ၏ ဆရာဖြစ်သော အနီရောင်ဖုန်မှုန့် ဘိုးဘေး က ကောင်းကင်ဧကရာဇ် သည် နေရာတိုင်းတွင် ရှိနေပြီး ဝင်စားခြင်း၏ အစနှင့် အဆုံးတွင် ရှိနေကြောင်း တစ်ခါက ပြောခဲ့ဖူးသည်။ သူက မတူညီသော အချိန်နှင့် ဟင်းလင်းပြင်များတွင် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာနိုင်စွမ်းပင် ရှိလေသည်။

သက်တမ်း ဝင်စားခြင်း က ကောင်းကင်ဧကရာဇ် ၏ ဝင်စားခြင်း လမ်းစဉ် နှင့် ဆင်တူနေနိုင်မလား...

သူကိုယ်တိုင်က ကောင်းကင်ဧကရာဇ် နှင့် ပတ်သက်နေနိုင်မလား ဟု ကုအန် တွေးမိသွား၏။

သို့သော်လည်း ဤအတွေး ဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူက တွေးလွန်နေပြီဟု ထင်ကာ ချက်ချင်း ဖယ်ရှားပစ်လိုက်သည်။

သူ၏ သက်တမ်း ဝင်စားခြင်း က ကောင်းကင်နန်းတော် ကို မထိုးဖောက်နိုင်ခြင်းက ကောင်းကင်တာအို ကံကြမ္မာ သည် သက်တမ်း ဝင်စားခြင်း ကို ပိတ်ဆို့ထားမည် ဖြစ်ကြောင်း ညွှန်ပြနေ၏။ ထို့ပြင် သူ၏ ဝင်စားခြင်း ခန္ဓာကိုယ်များက ကောင်းကင်နန်းတော် အမတများ ၏ ထပ်ခါတလဲလဲ သုတ်သင်ခြင်းကို ခံခဲ့ရပြီး ရန်ငြိုးများပင် ဖြစ်ပေါ်ခဲ့သည်။

ထို့အပြင် သူ၏ ဝင်စားခြင်း ခန္ဓာကိုယ်များက သေဆုံးရန် ကံကြမ္မာ ရှိနေပြီဖြစ်ပြီး သူတို့၏ ဘဝ အဆုံးသတ်ကိုလည်း သူ ကြိုတင် မြင်တွေ့နိုင်စွမ်း ရှိ၏။

နေမင်းကြီးက ပင်လယ်ထဲသို့ တိုးဝင်သွားစဉ် ကုအန်က ထိုက်ရှန်းကျွယ် ၏ မှတ်ဉာဏ်များကို ပြန်လည် သုံးသပ်ရင်း သူ၏ နှလုံးသားက တာအို သူတော်စင်နှလုံးသား အဖြစ် အသွင်ပြောင်းသွားသည်ကို ခံစားနေခဲ့၏။

ဤလုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် သူ၏ မဟာတာအို အောင်မြင်မှုများစွာက ပိုမို အားကောင်းလာခဲ့သည်။

သက်တမ်း ဝင်စားခြင်း သည် လောင်းကစား တစ်ခုလည်း ဖြစ်သည်။ အကယ်၍ ဝင်စားခြင်း ခန္ဓာကိုယ် က စောစီးစွာ သေဆုံးသွားပါက အရှုံးပေါ်မည် ဖြစ်သည်။ သို့သော်လည်း ထိုက်ရှန်းကျွယ် က အသက်ရှည်ရှည် နေနိုင်ခဲ့ပြီး ယင်းက ကုအန်အတွက် အကျိုးကျေးဇူးများက မှန်းဆ၍ မရနိုင်လောက်အောင် ကြီးမားလှပေသည်။

သေချာသည်က သက်တမ်း ဝင်စားခြင်း က အခြားသော အကြောင်းအကျိုး ပြဿနာများကိုလည်း ယူဆောင်လာနိုင်၏။ ဝင်စားခြင်း ခန္ဓာကိုယ်များ မှတစ်ဆင့် သူ၏ မည်သူမည်ဝါ ဖြစ်မှုကို တိုက်ရိုက် မခန့်မှန်းနိုင်သော်လည်း အချို့သော အကြောင်းအကျိုးများက သူ၏ နှလုံးသားကို ထိမိစေခဲ့သည်။

ညအချိန် ရောက်လာသောအခါ ကုအန်၏ နှလုံးသားက တာအို သူတော်စက်နှလုံးသား အဖြစ် အပြည့်အဝ အသွင်ပြောင်းသွားတော့၏။

ထို့ထက်မက သူက ထိုက်ရှန်းကျွယ် ၏ နတ်ဘုရားစွမ်းရည်များနှင့် တာအို နည်းစနစ်များစွာကိုလည်း ကျွမ်းကျင်သွားခဲ့သည်။

သူက ထိုက်ရှန်းကျွယ် ဖြစ်ပြီး ထိုက်ရှန်းကျွယ် က သူသာဖြစ်သည်လေ။

ညအချိန်က အေးမြနေပြီး တောက်ပသော လမင်းကြီးက ပင်လယ်ပြင်ပေါ်တွင် ထင်ဟပ်နေ၏။

ကုအန်က မျက်လုံးများကို အောက်သို့ စိုက်ကြည့်ပြီး သူ၏ လက်ထဲရှိ အဖြူရောင် ကျောက်စိမ်းတုံးလေး ကို ချေမွန်းပစ်လိုက်သည်။ ထိုက်ရှန်းကျွယ် ချန်ထားရစ်ခဲ့သော တာအိုဆန္ဒ ကို ခံစားလိုက်ရပြီး ၎င်းက အနီရောင်ဖုန်မှုန့် ဘိုးဘေး ၏ ချိတ်ပိတ်ထားမှုကို ရှာဖွေရန် သူ့ကို လမ်းညွှန်ပေးလိမ့်မည် ဖြစ်သည်။

အချိန်အတန်ကြာပြီးနောက် ကုအန်က ဖြည်းညင်းစွာ မတ်တတ်ထရပ်လိုက်သည်။

“မျှော်လင့်ချက်မဲ့ ကောင်းကင်သင်္ချိုင်း... ဒီအကြောင်းအကျိုး ကို ရှင်းလင်းရမယ့် အချိန်ရောက်ပြီ...”

ကုအန်က သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်၏။ သူ၏ လက်ရှိ ကျင့်ကြံခြင်း အဆင့်ဖြင့် သူက ယခုအခါ မျှော်လင့်ချက်မဲ့ ကောင်းကင်သင်္ချိုင်း ၏ တည်နေရာကို ရှာဖွေနိုင်ပြီ ဖြစ်ပြီး ၎င်းအတွင်းရှိ ကျိန်စာနှင့် ဆိုးယုတ်သော စွမ်းအားများကို အာရုံခံနိုင်ပြီ ဖြစ်သည်။

စွန်း နှင့် နတ်မိမယ် ယောင်ရွှမ် တို့က အကြောင်းအကျိုး မဟာတာအို ၏ ပြန်လည် ရိုက်ခတ်မှုကြောင့် ဒုက္ခရောက်ခဲ့ကြပြီး မဟာတာအို မှ ထာဝရ တားမြစ်ခံခဲ့ရသည်။ မဟာတာအို အတွင်းရှိ အထူးခြားနယ်မြေ တစ်ခု ဖြစ်သော မျှော်လင့်ချက်မဲ့ ကောင်းကင်သင်္ချိုင်း က စွန်း ကို နေရာပေးနိုင်ခဲ့သည်။ ထိုက်ရှန်းကျွယ် တည်ဆောက်ခဲ့သော ဧရာမ နန်းတော်ကြီးက အပြစ် ကို နှိပ်စက်ညှဉ်းပန်းမှုများမှ ကာကွယ်ပေးနိုင်ခဲ့သည်။

ဤသည်က ထိုက်ရှန်းကျွယ် လုပ်နိုင်သည့် တစ်ခုတည်းသော အရာ ဖြစ်ပြီး သူ၏ ကျင့်ကြံခြင်း အဆင့်က အကြောင်းအကျိုး မဟာတာအို ကို ရင်ဆိုင်ရန် မလုံလောက်ခဲ့ပေ။

ကုအန် လည်း ယခုအချိန်တွင် မလုပ်နိုင်သေးသော်လည်း မျှော်လင့်ချက်မဲ့ ကောင်းကင်သင်္ချိုင်း ကို တဖြည်းဖြည်း ထိုးဖောက် မြင်နိုင်လာပြီ ဖြစ်သည်။ ပိုမြင့်သော အဆင့်တစ်ခုသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် စွန်း အပေါ် ကျရောက်နေသော ကျိန်စာကို ဖြေရှင်းပေးနိုင်ပြီး သူ့ကို ဝူရှီ တွင် ကျင့်ကြံရန် ခေါ်ဆောင်လာနိုင်မည်ဟု သူ ကြိုတင် မြင်တွေ့ထားသည်။

အကြောင်းအကျိုး မဟာတာအို တွင် ပျောက်ဆုံးနေဆဲ ဖြစ်သော နတ်မိမယ် ယောင်ရွှမ် အတွက်ကတော့ စွန်း မှတစ်ဆင့် သူမကို ခြေရာခံနိုင်မည်ဟု သူ ယုံကြည်ထား၏။

ပြီးတော့ ကံကြမ္မာ မြစ် ထဲက လုချိုးရှန်း အတွက်လည်း ကံကြမ္မာ လမ်းစဉ် ကနေ လွတ်မြောက်အောင် ကူညီပေးမယ့် နည်းလမ်းကို ရှာတွေ့မှာပါ...

ဤတာဝန်များက ကုအန်အတွက် ပြဿနာ မဟုတ်တော့ချေ။ ၎င်းတို့က သူ၏ အတိတ်ဘဝများမှ အကြွင်းအကျန်များ ဖြစ်ပြီး ဤအတိတ်ဘဝများမှတစ်ဆင့် သူက ပိုမို အစွမ်းထက်လာခဲ့ခြင်းဖြစ်လေသည်။

နောက်တစ်ဆင့် အနေနဲ့... နှစ် ၁ ကွဒရီလီယံ သက်တမ်း ရောက်တဲ့အထိ စောင့်ရမယ်...

ကုအန်၏ နှုတ်ခမ်းများ ကွေးတက်သွားပြီး သူ ရပ်နေသည့် နေရာမှ ပျောက်ကွယ်သွားတော့သည်။

…

တာအိုခုံရုံး ဖျက်သိမ်းပြီးနောက် လောကကြီးက ပို၍ ကြီးမားသော ပရမ်းပတာ အခြေအနေ တစ်ခုထဲသို့ ကျဆင်းသွားသည်။ ဂိုဏ်းပေါင်းတစ်ရာ က နယ်မြေများနှင့် အရင်းအမြစ်များကို အလုအယက် လုယူနေကြပြီး သက်ရှိ သက်ရှိ အားလုံးက တဖြည်းဖြည်း သတိလည်လာကြ၏။

လောကကြီးရဲ့ ကပ်ဘေးက တာအိုခုံရုံး ကြောင့် မဟုတ်ဘူးပဲ..

.

လောကကြီးရှိ ဂိုဏ်းကြီးများက လူသားများ ဘာတွေးနေသည်ကို ဂရုမစိုက်ကြချေ။ သူတို့က ပြိုင်ဘက်ကင်းသော အခွင့်အရေးများကိုသာ မြင်တွေ့နေကြပြီး လောကကြီး၏ တစ်ဦးတည်းသော အရှင်သခင် ဖြစ်လာရန် ယှဉ်ပြိုင်လိုနေကြသည်။

ချမ့်ခွန်းဂိုဏ်း ပင်လျှင် ရူးသွပ်နေပြီး ရီချင်းရှန်း နှင့် အခြား ခေါင်းဆောင် ငါးယောက် မှာ ၎င်းကို ခက်ခက်ခဲခဲ ထိန်းချုပ်နေရသည်။

နှစ်တစ်ထောင် ကြာပြီးနောက် လူသားကမ္ဘာ က အဆက်မပြတ် သတ်ဖြတ်မှုများနှင့်အတူ ဖရိုဖရဲ ဖြစ်နေဆဲပင်။

ချမ့်ခွန်းဂိုဏ်း အတွင်းရှိ ခြံဝင်းတစ်ခုတွင် ရီချင်းရှန်း၊ လင်ချွမ်း၊ ချန်မု၊ ကုချန်ရှန်း နှင့် ကုချန်တောက် တို့က အန်ရှင်း ကို ဧည့်ခံနေကြ၏။

သူတို့ ငါးယောက်က ချမ့်ခွန်းဂိုဏ်း ကို တည်ထောင်ခဲ့ကြပြီး ယခုအခါ လောကတစ်ခွင် နာမည်ကျော်ကြားနေကြပြီ ဖြစ်သည်။ သူတို့၏ အပြုအမူနှင့် စိတ်ထားများက ရင့်ကျက်နေပြီ ဖြစ်သော်လည်း အန်ရှင်း ကတော့ သူတို့ထက် ပိုငယ်ရွယ်ပုံ ရနေဆဲ ဖြစ်လေသည်။

“ငါတို့ တကယ် အိုမင်းနေပြီပဲ... ငါတို့ရဲ့ ဂျူနီယာတွေတောင် ငါတို့စကားကို နားမထောင်ကြတော့ဘူး...” ချန်မု က အန်ရှင်း အတွက် လက်ဖက်ရည် ငှဲ့ပေးရင်း သက်ပြင်းချလိုက်သည်။

အခြားသူများကလည်း သဘောတူကြ၏။ ချမ့်ခွန်းဂိုဏ်း တစ်ခုလုံးက တိုးချဲ့ရန် စိတ်အားထက်သန်နေကြပြီး လမ်းမှန် တာအို ၏စည်းမျဥ်းများထက် ကျင့်ကြံခြင်း အရင်းအမြစ်များကို ပို၍ တန်ဖိုးထားနေကြသည်။ ယွမ်လော့ ကဲ့သို့သော လူငယ် ပါရမီရှင်များက ဦးဆောင်နေကြသဖြင့် လူအများအပြားက လူအိုကြီးများကို အာဏာစွန့်လွှတ်ရန် သို့မဟုတ် ရာထူးမှ နုတ်ထွက်ရန်ပင် အတင်းအကျပ် ဖိအားပေးလာကြသည်။

အန်ရှင်း က ပြောလိုက်သည်။ “ရှေးခေတ်ကတည်းက ခေတ်အဆက်ဆက် ရပ်တည်ချင်တဲ့ ဘယ်ဂိုဏ်းမဆို ဒီလို စမ်းသပ်မှုတွေကို ဖြတ်သန်းရတာပဲလေ.... အခုက ချမ့်ခွန်းဂိုဏ်း နဲ့ မင်းတို့ အတွက် စမ်းသပ်မှု တစ်ခုပါပဲ”

ကုအန်က သူမကို ဝိညာဉ်ကိုးပါး တိုက်ကြီး ကိုသာ ကာကွယ်ရန် ခွင့်ပြုထားသဖြင့် သူမ ဝင်ရောက် စွက်ဖက်၍ မရနိုင်ချေ။

ရီချင်းရှန်း နှင့် အခြားသူများ ချမ့်ခွန်းဂိုဏ်း ကို တည်ထောင်ခဲ့သည်ကို သူမ စောင့်ကြည့်ခဲ့၏။ နှစ်တစ်သန်းကျော် ကာလအတွင်း တပည့် မျိုးဆက်သစ်များက ချမ့်ခွန်းဂိုဏ်း ကို ကိုယ်စားပြု၍ သူမအား လာရောက် အရိုအသေ ပေးခဲ့ကြသည်။ ဤတပည့်များမှတစ်ဆင့် ချမ့်ခွန်းဂိုဏ်း ၏ ကြီးထွားလာမှုကို သူမ ခံစားနိုင်ခဲ့သည်။

သူမက ၎င်းကို စောင့်ကြိုနေသော ကံကြမ္မာအတွက် ဝမ်းနည်းမိသော်လည်း ပြောင်းလဲပစ်မည်တော့ မဟုတ်ချေ။

“ထားလိုက်ပါတော့... ငါတို့ ပင်ပန်းနေပြီ... ကလဲ့စားချေဖို့နဲ့ ငါတို့ရဲ့ ဇာတိမြေကို ပြန်လည် တည်ဆောက်ဖို့ ဂိုဏ်းကို ငါတို့ တည်ထောင်ခဲ့တာ... အခု ဒီဆန္ဒတွေ ပြည့်ဝသွားပြီ ဆိုတော့ လွှတ်ချလိုက်ရမယ့် အချိန်ရောက်ပါပြီပဲလေ” ရီချင်းရှန်း က ခံစားချက်များဖြင့် ပြောလိုက်ရာ အခြားသူများကလည်း သဘောတူကြ၏။

သူတို့ အမှန်တကယ် ပင်ပန်းနေကြပြီဖြစ်ပြီး သူတို့၏ ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်လိုကြသည်။

အန်ရှင်း က မငြင်းဆန်ခဲ့ချေ။ ၎င်းက အကောင်းဆုံး ရလဒ် ဖြစ်နိုင်ပေသည်။

ရီချင်းရှန်း က တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားပြီးနောက် အန်ရှင်း ကို ကြည့်၍ မေးလိုက်၏။ “စီနီယာ... ငါတို့ ဆရာ့ရဲ့ အခြေအနေကို အမြဲတမ်း သိချင်နေခဲ့တာ... သူ အဆင်ပြေရဲ့လား...”

ထိုစဉ်က ကုအန် တံခါးပိတ် ကျင့်ကြံနေကြောင်း သိလျက်နှင့် သူတို့ ဤနေရာသို့ လာခဲ့ကြခြင်း ဖြစ်၏။ သူတို့ကဲ့သို့ပင် ကုအန် သည် အန်ရှင်း ၏ ကာကွယ်မှု အောက်တွင် ရှိနေသည်ဟု သူတို့ ထင်မှတ်ထားခဲ့ကြသည်။

နှစ်တစ်သန်းကျော် ကြာပြီးနောက် ကုအန်က ချမ့်ခွန်းဂိုဏ်း သို့ မကြာခဏ သွားရောက်ခဲ့သော်လည်း သူတို့နှင့် တစ်ခါမှ မတွေ့ဆုံခဲ့ချေ။

သူတို့ ငယ်စဉ်ကတည်းက အမတ ကျင့်ကြံရေး ကို သင်ကြားပေးခဲ့သော ဆရာကို သူတို့ ဘယ်တော့မှ မမေ့နိုင်ကြပေ။ သူ၏ မျက်နှာကို မမှတ်မိတော့သော်လည်း သူ၏ ပုံရိပ်က သူတို့၏ စိတ်ထဲတွင် စွဲထင်နေဆဲပင်ဖြစ်၏။

အန်ရှင်း က လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး သူတို့၏ မျှော်လင့်တကြီး အကြည့်များအောက်တွင် ပြောလိုက်သည်။

“သူ အဆင်ပြေပါတယ်...”

ဤစကားလုံး လေးခွန်းက သူတို့ ငါးယောက်ကို အလွန် ဝမ်းသာသွားစေ၏။

“တကယ်တော့ သူက ငါ့ရဲ့ ဆရာလည်း ဖြစ်တယ်... သူက ငါ့ရဲ့ ကာကွယ်မှုကို ဘယ်တုန်းကမှ မလိုအပ်ခဲ့ဘူး... သူကသာ ငါ့ကို ကာကွယ်ပေးနေတာ... ဒါကြောင့် ငါက မင်းတို့ရဲ့ စီနီယာ အစ်မတော် လို့ သတ်မှတ်လို့ ရပါတယ်...” အန်ရှင်း က တည်ငြိမ်စွာ ရှင်းပြလိုက်၏။

ဤစကားများက ယီချင်းရှန်း နှင့် အခြားသူများကို အံ့အားသင့် မှင်တက်သွားစေတော့သည်။

သူတို့က အန်ရှင်း ၏ စွမ်းအားကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသော်လည်း ကုအန် မည်မျှ အစွမ်းထက်သည်ကိုတော့ မသိခဲ့ကြချေ။ အကြောင်းမှာ သူက သူ၏ အဆင့်မှာ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်တွင်သာ ရှိကြောင်း သူတို့ကို တစ်ခါက ပြောခဲ့ဖူးသောကြောင့် ဖြစ်လေသည်။

All Chapters