အခန်း (၇၄၅-၇၄၆)
Vol. 63 Ch. 745-746
အခန်း (၇၄၅) အဓိပတိမူလဘူတတောအုပ်
ကုအန် က အန်ရှင်း ၏ ဆရာ ဖြစ်နေသည်တဲ့လား။
ဤအမှန်တရားက ရီချင်းရှန်း နှင့် အခြား လေးယောက်ကို နက်နက်ရှိုင်းရှိုင်း တုန်လှုပ်သွားစေပြီး သူတို့၏ စိတ်ခံစားချက်များက အချိန်အကြာကြီး တည်ငြိမ်ရန် မဖြစ်နိုင်တော့ချေ။
ဆရာ က သူတို့ကို တိတ်တဆိတ် ထောက်ပံ့ပေးပြီး ဒီနေရာမှာ အမြဲတမ်း ရှိနေခဲ့တာပဲ...
သူတို့၏ ရင်ထဲတွင် ကျေးဇူးတင်စိတ်များဖြင့် ပြည့်နှက်သွားပြီး ချန်မု ၏ မျက်ရည်များက ထိန်းမရသိမ်းမရ စီးကျလာတော့၏။
ရီချင်းရှန်း က အသက်ပြင်းပြင်း ရှူလိုက်သည်။ အန်ရှင်း ၏ စကားကို သူ သံသယ မဝင်ချေ။
“ကျွန်တော်တို့ ဝူရှီ ထဲကို ဝင်ပြီး ကျင့်ကြံလို့ ရမလား... ဆရာ့ကို အလုပ်အကျွေး ပြုချင်လို့ပါ...”
အခြား လေးယောက်ကလည်း လက်တွေ့ဘဝသို့ ပြန်လည် ရောက်ရှိလာပြီး အန်ရှင်း ကို မျှော်လင့်တကြီး ကြည့်လိုက်ကြ၏။
အန်ရှင်း က ပြုံး၍ ပြောလိုက်သည်။ “ဒီကိစ္စကို ငါ ဆုံးဖြတ်လို့ မရဘူး... ငါ့ဆရာကို မေးရဦးမယ်... မင်းတို့ ချမ့်ခွန်းဂိုဏ်း ကိစ္စကို အရင် ဖြေရှင်းသင့်တယ်... ဝူရှီ ထဲ ဝင်လာပြီးရင် အပြင်ထွက်ဖို့က ဒီလောက် လွယ်ကူနေမှာ မဟုတ်ဘူး...”
ရီချင်းရှန်း နှင့် အခြားသူများက ဤအချက်ကို သဘာဝကျကျ သိထားပြီး ချမ့်ခွန်းဂိုဏ်း ၏ နောက်ဆက်တွဲ ကိစ္စများကို ကိုင်တွယ်ရန် ကတိပေးကာ အလျင်စလို သဘောတူလိုက်ကြ၏။
တစ်ချိန်တည်းမှာပင်ဝူရှီ သက်တမ်းတာအိုနယ်မြေ အတွင်း၌ ကုအန်က ရင့်မှည့်နေသော ဆေးအပင်များကို ခူးဆွတ်နေပြီး မိစ္ဆာမယ်တော် က နောက်မှ လိုက်ပါလာသည်။
ရုတ်တရက် ကုအန်၏ ရှေ့တွင် အချက်ပြစာသား အချို့ ထွက်ပေါ်လာ၏။
[သင်၏ သက်တမ်းမှာ ပထမဆုံးအကြိမ်အဖြစ် နှစ် ၁ ကွဒရီလီယံ သို့ ရောက်ရှိသွားပြီဖြစ်၍ သက်တမ်း လုပ်ဆောင်ချက်ကို ကျပန်း အဆင့်မြှင့်တင်ခြင်း စတင်ပါမည်။]
[သင်၏ သက်တမ်း အတားအဆီး လုပ်ဆောင်ချက်ကို အဆင့်မြှင့်တင်လိုက်ပါပြီ။]
[သက်တမ်း အတားအဆီးကို အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးပါပြီ။]
[သက်တမ်း အတားအဆီး - သက်တမ်း အတားအဆီးကို အသက်သွင်းရန် သက်တမ်းကို အသုံးပြုပါ။ ၎င်းက ချောင်းကြည့်ခြင်း၊ အာရုံခံခြင်းနှင့် တွက်ချက်ခြင်း အားလုံးကို ပိတ်ဆို့ပေးနိုင်ပါသည်။ အသုံးပြုမည့် သက်တမ်းကို သင်၏ ကျင့်ကြံခြင်း အငွေ့အသက်နှင့် လိုအပ်သော ဝိညာဉ်စွမ်းအင် အပေါ် အခြေခံ၍ သတ်မှတ်မည် ဖြစ်သည်။ သက်တမ်း အတားအဆီး၏ အတိုင်းအတာကို လွတ်လပ်စွာ ချိန်ညှိနိုင်ပါသည်။]
မျှော်လင့်ထားသည့်အတိုင်း လုပ်ဆောင်ချက် တစ်ခုကို အဆင့်မြှင့်တင်လိုက်ခြင်း ပင်။ သက်တမ်း အတားအဆီး ကို အဆင့်မြှင့်တင်လိုက်ခြင်းက အမှန်တကယ် ကောင်းမွန်သည့် အရာတစ်ခု ဖြစ်၏။
သက်တမ်း အတားအဆီး က သေးငယ်လွန်းသည်ဟု ကုအန် ခံစားနေရသည်မှာ ကြာပြီ ဖြစ်သည်။ သက်တမ်း အတားအဆီး အသစ်က မည်မျှ ကြီးမားနိုင်ပြီး သက်တမ်း မည်မျှ အသုံးပြုရမည်ကို သူ စပ်စုချင်နေမိ၏။
အရေးအကြီးဆုံးကတော့ သူ အဆင့်ချိုးဖျက်ဖို့ ပြင်ဆင်လို့ ရပြီပဲ...
ကုအန်က သူ လုပ်နေသည့် အရာများကို မရပ်တန့်ဘဲ ဆေးဘအပင်များကို ဆက်လက် ခူးဆွတ်နေကာ ဤဆေးဥယျာဉ် အတွင်းရှိ ဆေးပင် အားလုံးကို ခူးဆွတ်ပြီးမှသာ ရပ်တန့်လိုက်သည်။
ခူးဆွတ်ထားသော ဆေးဘက်ဝင် အပင်များ အားလုံးကို မေဖလိုင်း မိစ္ဆာမယ်တော် က သိမ်းဆည်းလိုက်၏။
သူ ပြီးသွားသည်ကို မြင်သောအခါ မိစ္ဆာမယ်တော် က မနေနိုင်ဘဲ မှတ်ချက်ချလိုက်သည်။ “သခင်... သခင်ဆီမှာ ကျွန်မ အလေးစားဆုံးက သခင်ရဲ့ ဇွဲလုံ့လပါပဲ... စာရေးတာပဲ ဖြစ်ဖြစ်၊ ပန်းချီဆွဲတာပဲ ဖြစ်ဖြစ်၊ ဆေးပင် ခူးတာပဲ ဖြစ်ဖြစ် သခင်က နှစ်ပေါင်းများစွာ ကြာအောင် မပျက်ကွက်ပဲလုပ်နိုင်တယ်လေ... သခင် ဆေးပင် ခူးနေတာကို ကြည့်ရင်း သခင်ရဲ့ လှုပ်ရှားမှု တိုင်းမှာ မဟာတာအိုရဲ့ သဘောတရားတွေကို ပေါင်းစပ်ထားတဲ့ နက်နဲတဲ့ အဓိပ္ပာယ်တွေ ပါဝင်နေတယ်လို့ ကျွန်မ ခံစားရတယ်...”
ကုအန်က မနေနိုင်ဘဲ ရယ်မောလိုက်ပြီး ပြောလိုက်၏။ “မင်းရဲ့ ဖားတတ်တဲ့ စွမ်းရည်က အသွင်ပြောင်းခြင်း အဆင့်ကိုတောင် ရောက်နေပြီပဲ...”
“ကျွန်မက ဖားနေတာ မဟုတ်ပါဘူး... တကယ် ဒီလို ထင်လို့ပါ...” မိစ္ဆာမယ်တော် က တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
နှစ်တစ်သန်းကျော် အတူတကွ နေထိုင်ပြီးနောက် ကုအန်က တင်းကျပ်သူ တစ်ဦး မဟုတ်ကြောင်း သူမ သိထားသဖြင့် သူနှင့်အတူ သူမ၏ ရင်တွင်းစကားများကို ပြောဝံ့ခြင်း ဖြစ်၏။
“မဟာတာအိုက နေရာတိုင်းမှာ ရှိတယ်... ဇွဲလုံ့လနဲ့ လုပ်တဲ့ ဘယ်အရာမှာမဆို တာအိုကို မင်း အာရုံခံနိုင်တယ်... မူလဘူတ တာအိုဧကရာဇ် က တိုက်ခိုက်စရာ မလိုဘဲ သဘာဝ တာအိုရဲ့ လမ်းစဉ်ကို နားလည်သဘောပေါက်ရတယ်... ပတ်ဝန်းကျင်က အရာအားလုံးကို ခံစားသိရှိနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ထားတာက အရမ်း အရေးကြီးတယ်...”
ကုအန်က ပြောလိုက်၏။ တာအိုသည် နေရာတိုင်းတွင် ရှိနေပြီး ဝူရှီ သက်တမ်းတာအိုနယ်မြေ သည် သူ၏ တာအိုဆန္ဒ ဖြင့် ပြည့်နှက်နေကာ ဤနေရာတွင် တာအိုကို နားလည်သဘောပေါက်ရန် ပို၍ လွယ်ကူစေသဖြင့် သူက အဓိပ္ပာယ် မရှိသည်များကို ပြောနေခြင်း မဟုတ်ချေ။
မိစ္ဆာမယ်တော် က ခေါင်းညိတ်၍ ပြောလိုက်သည်။ “ကျွန်မ ပုံမှန်အားဖြင့် တာအိုကို နားလည်အောင် ကြိုးစားပြီး ကျင့်ကြံခြင်းကို မပေါ့ဆပါဘူး...”
“မင်းက ကံကောင်းလို့ ငါနောက်လိုက်ခဲ့ရတာဆိုပေမဲ့ နှစ်ပေါင်းများစွာ အတူတကွ ဖြတ်သန်းပြီးနောက် မင်းရဲ့ ကြိုးစားအားထုတ်မှုတွေကို ငါ အမြဲတမ်း မြင်တွေ့ခဲ့ရပါတယ်... ငါက မင်းကို တပည့်တစ်ယောက်လို ဆက်ဆံတယ် ဆိုတာကို မင်း ခံစားမိသင့်တယ် မဟုတ်လား...”
ကုအန်က အကြောဆန့်ရင်း ပြောလိုက်၏။မိစ္ဆာမယ်တော် က လျင်မြန်စွာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
“ဟုတ်ပါတယ်..ကျွန်မ အပေါ် ထားရှိတဲ့ သခင်ရဲ့ ကရုဏာကို ကျွန်မ အမြဲတမ်း မြင်တွေ့ခဲ့ရပါတယ်...”
နှစ်တစ်သန်းကျော် ကာလအတွင်း သူမက ဆေးအပင်များ စိုက်ပျိုးခြင်းကို စီမံခန့်ခွဲခွင့် ရရှိခဲ့ပြီး တတိယမျိုးဆက် တပည့်များက သူမကို ကူညီပေးရုံသာ ရှိ၏။ ဤကဲ့သို့ ဆက်ဆံခံရခြင်းများက ကုအန် အမှန်တကယ် သူမကို တန်ဖိုးထားကြောင်း နားလည်စေခဲ့ပြီး သူမ၏ ကြိုးစားအားထုတ်မှုများက သူ့ကို စိတ်လှုပ်ရှားသွားစေခဲ့ကြောင်း သက်သေပြနေပေသည်။
သူတို့ နှစ်ယောက်က ရှေ့သို့ လျှောက်သွားရင်း အေးအေးဆေးဆေး စကားပြောနေကြပြီး မိစ္ဆာမယ်တော် က ထိုကဲ့သို့သော အခွင့်အရေးများကို တန်ဖိုးထား၏။
တစ်နာရီ ကြာပြီးနောက် နောက်ဆုံးတွင် ကုအန်က သက်တမ်းတာအိုနယ်မြေ မှ တစ်ယောက်တည်း ထွက်ခွာသွားခဲ့သည်။
ချမ့်ခွန်းဂိုဏ်း ၏ အစွန်းရှိ တောအုပ်ထဲတွင် လမ်းလျှောက်နေရင်း သက်တမ်း အဆင့်ချိုးဖျက်ခြင်း ကို သူ တိတ်တဆိတ် အသက်သွင်းလိုက်၏။
[သင်သည် သက်တမ်း အဆင့်ချိုးဖျက်ခြင်း လုပ်ဆောင်ချက်ကို အသက်သွင်းလိုက်ပြီး သင်၏ လက်ရှိ အဆင့်အပေါ် အခြေခံ၍ အောက်ပါ အဆင့်ချိုးဖျက်ရန် နေရာများကို သင့်အတွက် ရွေးချယ်ပေးထားပါသည်။]
[တစ် - မဟာတာအို လမ်းစဉ်]
[နှစ် - စစ်ဝိညာဉ် မြင့်မြတ်အိမ်တော်]
[သုံး - ဟုန်မုံ မဟာကမ္ဘာ]
[လေး -ဆန်းကြယ်နယ်မြေ]
[ငါး - ကျိုးဟုန် မဟာကမ္ဘာ]
[ခြောက် - အဆုံးမဲ့ တာအိုတောင်]
[ခုနစ် - အဆုံးအစမရှိသော ယင်ယန် ပြောင်းပြန် ကမ္ဘာ]
[ရှစ် - နောက်ဆုံး အဆုံးသတ်]
[ကိုး - အဓိပတိမူလဘူတ တောအုပ်]
အချို့သော နေရာများက ယခင်က ပေါ်လာခဲ့ဖူးပြီး အချို့ကိုတော့ ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်ကာ တစ်ခါမှ မကြားဖူးခဲ့ချေ။
မဟာတာအို လမ်းစဉ်၊ စစ်ဝိညာဉ် မြင့်မြတ်အိမ်တော်၊ ဟုန်မုံ မဟာကမ္ဘာ နှင့် အဆုံးမဲ့ တာအိုတောင် တို့၏ အခြေခံအုတ်မြစ်များက တာအိုအထွတ်အထိပ် တာလော့အမတ အဆင့်ထက် ကျော်လွန်သော အရာများကို ပြုစုပျိုးထောင်ပေးနိုင်စွမ်း ရှိပြီး အလွန် ကြောက်စရာ ကောင်းမည်ဟု ကုအန် အရင်ဆုံး တွေးလိုက်၏။
မဟာကမ္ဘာ ကဲ့သို့သော နေရာမျိုးက သူ၏ အဆင့်ချိုးဖျက်ခြင်းကို လုံးဝ ခံနိုင်ရည် ရှိမည် မဟုတ်ချေ။ ယခုအခါ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ က အလွန် ကျိုးပဲ့လွယ်သည်ဟုပင် သူ ခံစားနေရလေသည်။ အကယ်၍ သူသာ ပြင်းပြင်းထန်ထန် နှာချေလိုက်ပါက ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ မှာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားနိုင်လေသည်။
သူ၏ ခြေအောက်ရှိ မြေပြင်သာမကဘဲ စကြဝဠာ တစ်ခုလုံးက သူ၏ စွမ်းအားကို ခံနိုင်ရည် ရှိမည် မဟုတ်ပေ။
စဉ်းစားကြည့်ပြီးနောက် နေရာသစ် တစ်ခုသို့ သွားရန် ကုအန် ဆုံးဖြတ်လိုက်၏။ မည်သို့ပင်ဆိုစေကာမူ သက်တမ်း အဆင့်ချိုးဖျက်ခြင်း က သူ့ကို လုံခြုံသော နေရာတစ်ခုဆီသို့ ပို့ဆောင်ပေးမည် ဖြစ်သည်။
ကုအန်၏ အကြည့်က ယခင်က မပေါ်လာခဲ့ဖူးသော ကိုးခုမြောက် ရွေးချယ်စရာ ဖြစ်သည့် အဓိပတိမူလဘူတ တောအုပ် ထံသို့ ကျရောက်သွား၏။ ၎င်းက စစ်ဆေးကြည့်ရန် ထိုက်တန်ပေသည်။
အဆုံးအစမရှိသော ယင်ယန် ပြောင်းပြန် ကမ္ဘာ နှင့် နောက်ဆုံး အဆုံးသတ် တို့က အန္တရာယ်များပြီး ထူးဆန်းပုံရသဖြင့် သူတို့ကို မစမ်းသပ်တာက ပိုကောင်းပေမည်။
ကုအန် ဆုံးဖြတ်လိုက်၏။
[အဓိပတိမူလဘူတ တောအုပ် သို့ ပို့ဆောင်ရန်အတွက် သက်တမ်း နှစ်ပေါင်း ၁၀,၀၀၀,၀၀၀,၀၀၀ အသုံးပြုရမည် ဖြစ်ပါသည်။ ဆက်လုပ်မည်လား။]
ဆက်လုပ်မယ်
ကုအန်က ရွေးချယ်မှု ပြုလုပ်လိုက်ရာ သူ၏ ပုံရိပ်က မူလ နေရာမှ ပျောက်ကွယ်သွားတော့၏။
…
ကြာရှည်စွာ စောင့်ဆိုင်းခဲ့ရသော ခံစားချက်မဲ့ အခြေအနေ အပြီးတွင် ကုအန်က မျက်လုံးများ ဖွင့်လိုက်ပြီး သက်တမ်း အတားအဆီး ကို ချက်ချင်း အသက်သွင်းကာ ပတ်ဝန်းကျင်ကို စတင် အကဲခတ်လိုက်သည်။
သူက ငွေရောင်ပြာလဲ့လဲ့ ချီပင်လယ် တစ်ခု အထက်တွင် ရပ်နေပြီး ဧရာမ ငွေရောင် သစ်ပင်ကြီးများက သူ၏ ရှေ့တွင် မားမားမတ်မတ် ရပ်တည်နေ၏။ အသေးဆုံး သစ်ပင်၏ အချင်းပင်လျှင် ပေတစ်ထောင်ကျော် ရှိပြီး အဝေးတွင် မိုင်သန်းပေါင်းများစွာ၊ ဘီလီယံပေါင်းများစွာ ကျော်လွန်သော အချင်းရှိသည့် ကြောက်မက်ဖွယ် ဧရာမ သစ်ပင်ကြီးများ ရှိနေကာ ၎င်းတို့နှင့် နှိုင်းယှဉ်လိုက်ပါက အရာအားလုံးမှာ သေးငယ်သွားသကဲ့သို့ ရှိနေသည်။
ဤငွေရောင် သစ်ပင်ကြီးများက ထူးဆန်းပြီး အမျိုးမျိုးသော တာအို စည်းမျဉ်းများ ယှက်နွယ်နေကာ အချို့က အသီးများပင် သီးနေကြ၏။ ထိုအသီးများက ဖောက်ထွင်းမြင်နိုင်ပြီး ၎င်းတို့ အတွင်းတွင် ကောင်းကင်ဘုံများနှင့် ကမ္ဘာများ၏ အပိုင်းအစများ ပါဝင်နေလေသည်။ ယင်းဆီမှ
သက်ရှိ ဝိညာဉ်များ၏ သက်စွမ်းအင် ကိုပင် သူ အာရုံခံမိလိုက်၏။
ထိုကဲ့သို့သော ကောင်းကင်ဘုံများနှင့် ကမ္ဘာများက ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ အပြင်ဘက်ရှိ ကြယ်များထက်ပင် ပိုမို များပြားပြီး မရေမတွက်နိုင်အောင် ရှိနေသည်။
ဒါက အဓိပတိ မူလဘူတ တောအုပ် ပဲ...
ကုအန်က အောက်သို့ ငုံ့ကြည့်လိုက်ရာ သူ၏ အောက်ရှိ ငွေရောင်ပြာလဲ့လဲ့ ချီပင်လယ် က ခိုင်မာသော မြေပြင် တစ်ခုကဲ့သို့ ခံစားရသော်လည်း ၎င်းအတွင်းတွင် အခြား မဟာ ကောင်းကင်နဲ့ မြေကြီး တစ်ခုကဲ့သို့ နက်ရှိုင်းပြီး မှန်းဆ၍ မရနိုင်သော ပိုမို ကျယ်ပြန့်သည့် နယ်မြေတစ်ခု ရှိနေ၏။
သူ သေချာစွာ ကြည့်လိုက်သောအခါ အနက်ရှိုင်းဆုံး နေရာတွင် လွင့်မျောနေသော ဝိညာဉ်ကဲ့သို့ အရာများစွာကို တွေ့လိုက်ရသည်။ အချို့က လူနှင့်တူပြီး အချို့က သားရဲနှင့်တူကာ ထူးဆန်းပြီး အမျိုးအစား စုံလင်လှသည်။
ထို့ပြင် ဤနေရာရှိ တာအို ဝိညာဉ်စွမ်းအင် က အလွန် ပေါများပြီး အလွန် ထူးခြား၏။ ထိုကဲ့သို့ လတ်ဆတ်သော ဝိညာဉ်စွမ်းအင်မျိုးကို သူ ယခင်က တစ်ခါမှ မခံစားဖူးခဲ့ချေ။
သူက နောက်တစ်ကြိမ် မော့ကြည့်လိုက်ပြီး ပတ်လည်ရှိ မူလဇာစ်မြစ် သစ်ပင်များကို ငေးကြည့်လိုက်၏။ ဤလျှို့ဝှက်ဆန်းကြယ်ပြီး ခမ်းနားကြီးကျယ်သော တောအုပ်ကြီးတွင် ထူးခြားသည့် တာအို လျှို့ဝှက်ချက် တစ်ခု ပါဝင်ပုံရလေသည်။
သစ်ပင် တစ်ပင်စီတိုင်းက ဝင်္ကပါ တစ်ခု၏ အစိတ်အပိုင်း တစ်ခုကဲ့သို့ ရှိနေ၏။
အဓိပတိ မူလဘူတ တောအုပ် က ထူးခြားဆန်းပြားတာပဲ...
ကုအန်က ဆက်မတွေးတော့ဘဲ သက်တမ်း အတားအဆီး အပေါ်တွင်သာ အာရုံစိုက်လိုက်သည်။
သက်တမ်း အတားအဆီး ကို အောင်မြင်စွာ အဆင့်မြှင့်တင်လိုက်သဖြင့် သက်တမ်း အတားအဆီး ၏ ကြီးမားသော ထိန်းချုပ်မှု မြင်ကွင်း အတွင်းသို့ ဝင်ရောက်ရန် သူ၏ စိတ်ကို အသုံးပြုနိုင်ပြီဖြစ်ပြီး အတွေးမှတစ်ဆင့် ၎င်းကို တိုးချဲ့နိုင်ပြီ ဖြစ်လေသည်။
တိုးချဲ့နိုင်မှုက အဆုံးအစမရှိသလိုပါပဲ...
အခန်း (၇၄၆) ရွှမ်ချီကမ္ဘာဦးအမတ အဆင့်သို့ ချိုးဖျက်ဝင်ရောက်ခြင်း
ကုအန်က မူလနေရာတွင် သက်တမ်း အတားအဆီးကို စမ်းသပ်ကြည့်ပြီးနောက် နောက်ဆုံးတွင် ဝိညာဉ်ကိုးပါး တိုက်ကြီး နှင့် ညီမျှသော ဧရိယာတစ်ခုကို လွှမ်းခြုံနိုင်သည်အထိ အတားအဆီးကို တိုးချဲ့လိုက်သည်။
သူက သူ၏ အချက်အလက်ဇယားကို ကြည့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းသို့ သက်တမ်း နှစ် ၁၀၀ ဘီလီယံကို ရင်းနှီးမြှုပ်နှံလိုက်၏။
ယခင်က သက်တမ်း နှစ် ၄၀ ဘီလီယံကို အသုံးပြုပြီးနောက် မူလဘူတ ဝင်စားခြင်း အမတခန္ဓာကိုယ် မှ မူလဘူတ အဆုံးမဲ့ ဖန်ဆင်းခြင်း တာအိုခန္ဓာကိုယ် သို့ အဆင့်မြှင့်တင်နိုင်ခဲ့သော်လည်း ယခုအခါနောက်တစ်ဆင့် တက်ရန်အတွက် နှစ်၁ ထရီလီယံ ပင် မလုံလောက်တော့ချေ။
ဤတစ်ကြိမ်တွင် သူက မိမိကိုယ်ကိုယ် ဘက်စုံ အဆင့်မြှင့်တင်ရန် မရည်ရွယ်ဘဲ သူ၏ ကျင့်ကြံခြင်း အဆင့်အပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်ထားရန် စီစဉ်ထားသည်။ သူ၏ ခန္ဓာကိုယ်ကို အဆင့်မြှင့်တင်ရသည့် အကြောင်းရင်းမှာ ယခုအခါ သက်တမ်း အတားအဆီးက သက်တမ်းကို မည်မျှ လျင်မြန်စွာ ကုန်ဆုံးစေသနည်း ဆိုသည်ကို လေ့လာ စောင့်ကြည့်ရန်သာ ဖြစ်လေသည်။
များပြားလှသော အချက်ပြစာသားများက သူ၏ မျက်စိရှေ့တွင် လျင်မြန်စွာ ထွက်ပေါ်လာသည်။ သက်တမ်း နှစ် ၁၀၀ ဘီလီယံက သူ၏ ခန္ဓာကိုယ်ကို အဆင့်မမြှင့်တင်ပေးနိုင်ခဲ့ချေ။
သူက ရင်းနှီးမြှုပ်နှံပြီးပြီ ဖြစ်သဖြင့် အောင်မြင်အောင် လုပ်ရမည်သာ ဖြစ်၏။
ကုအန်က သက်တမ်းကို ဆက်လက် ရင်းနှီးမြှုပ်နှံလိုက်ပြီး တစ်ကြိမ်လျှင် နှစ် ၁၀၀ ဘီလီယံစီ ထည့်လိုက်သည်။
ဤရင်းနှီးမြှုပ်နှံမှုက သူ မျှော်လင့်ထားသည်ထက် များစွာ ကြီးမားနေပြီး လျင်မြန်စွာပင် နှစ်၁ ထရီလီယံကို ကျော်လွန်သွားရာ ယင်းက သူ့ကို အနည်းငယ် နောင်တရသွားစေခဲ့သည်။
ခုန်တက်သွားမှုက အလွန် ကြီးမားလွန်းလှသည်။ သက်တမ်း နှစ် ၄၀ ဘီလီယံမှ နှစ် ၁ ထရီလီယံ သို့တိုင်အောင်ပင်။
သက်တမ်းတမ်း ၁ ကွဒရီလီယံကတောင် သိပ်မများလှဟု ကုအန် ရုတ်တရက် ခံစားလိုက်ရသည်။
နောက်ဆုံးတွင် မူလဘူတ အဆုံးမဲ့ ဖန်ဆင်းခြင်း တာအိုခန္ဓာကိုယ် သည် ကမ္ဘာဦးအနန္တသင်္ချေဖန်ဆင်းခြင်းတာအိုခန္ဓာကိုယ် အဖြစ်သို့ အသွင်ပြောင်းသွားပြီး စုစုပေါင်း သက်တမ်း နှစ်၅ ထရီလီယံထိကုန်ဆုံးသွားခဲ့ရလေသည်။
နှစ်၄၀ ဘီလီယံကနေ ၅ ထရီလီယံထိ ဆိုတော့ အဆတစ်ရာကျော် တိုးသွားတာပဲ။ “အနန္တသင်္ချေ” ဆိုတဲ့ စကားလုံးလေး တစ်လုံး တိုးလာဖို့ အတွက်နဲ့လား....
ကုအန်က အသက်ပြင်းပြင်း ရှူလိုက်ရာ အဓိပတိမူလဘူတ တောအုပ် ၏ တာအို ဝိညာဉ်စွမ်းအင်များက သူ၏ ခန္ဓာကိုယ်အတွင်းသို့ အပြင်းအထန် စီးဝင်လာတော့၏။
သူက သက်တမ်း အတားအဆီးကို စူးစိုက်ကြည့်လိုက်ပြီး သက်တမ်း ဂဏန်းများ လျင်မြန်စွာ ပြောင်းလဲသွားသည်ကို ကြည့်နေ၏။ ပိုမြန်လာသော်လည်း ကုန်ဆုံးမှုက လက်ခံနိုင်သော အတိုင်းအတာ အတွင်းတွင် ရှိနေဆဲ ဖြစ်သည်။
မကြာမီမှာပင် များပြားလှသော တာအို အသိအမြင်များက သူ၏ စိတ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာပြီး သူ၏ အသိစိတ်ကို တာအို နားလည်သဘောပေါက်ခြင်း အတွင်းသို့ နစ်မြုပ်သွားစေရန် အတင်းအကျပ် တွန်းအားပေးတော့သည်။
သက်တမ်း အတားအဆီးက အမြင့်ဆုံး မူလဘူတ တောအုပ် ထံမှ တာအို ဝိညာဉ်စွမ်းအင်များကို စုပ်ယူလိုက်သဖြင့် အမျိုးမျိုးသော ဖြစ်စဉ်များကို ထွက်ပေါ်လာစေပြီး တာအို ဝိညာဉ်လေပြင်းများက မူလဇာစ်မြစ် သစ်ပင် တစ်ပင်စီတိုင်းကို ဖြတ်သန်း တိုက်ခတ်နေကာ အောက်ဘက်ရှိ အပြာရောင် ချီပင်လယ် ကလည်း ပိုမို ပြင်းထန်စွာ လှိုင်းထန်နေ၏။
တစ်နာရီ ကြာပြီးနောက် ကုအန်က ကမ္ဘာဦး အနန္တသင်္ချေဖန်ဆင်းခြင်း တာအိုခန္ဓာကိုယ် သို့ အောင်မြင်စွာ အသွင်ပြောင်းသွားခဲ့သည်။ သူ မျက်လုံးဖွင့်လိုက်သောအခါ အဓိပတိ မူလဘူတ တောအုပ် မှာ မငြိမ်မသက် ဖြစ်နေဆဲဖြစ်ပြီး မရေမတွက်နိုင်သော အပြာရောင် ကြယ်များက မူလဇာစ်မြစ် သစ်ပင် တစ်ပင်စီတိုင်း၏ ပတ်လည်တွင် လှည့်ပတ်နေကာ ကမ္ဘာကြီး တစ်ခုလုံးကို လင်းထိန်နေစေကြောင်း တွေ့လိုက်ရသည်။
အခြား သတ္တဝါများကို မတွေ့ရသဖြင့် အတားအဆီး၏ သက်တမ်း ကုန်ဆုံးမှု အပေါ်တွင်သာ သူ အာရုံစိုက်လိုက်သည်။
သက်တမ်း နှစ်၃ ထရီလီယံပါလား...လက်ခံနိုင်သေးတယ်...
ယခုအခါ သူ့တွင် သက်တမ်း ၉၄ ထရီလီယံ ကျန်ရှိနေသေးသော်လည်း ရှင်းပြမရနိုင်အောင်ပင် အနည်းငယ် ကျပ်တည်းသွားသကဲ့သို့ သူ ခံစားလိုက်ရ၏။
အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏ စိတ်ကို ရှင်းလင်းလိုက်ကာ သူ၏ ကျင့်ကြံခြင်း အဆင့်အတွင်းသို့ သက်တမ်းကို စတင် ရင်းနှီးမြှုပ်နှံလိုက်သည်။
၁၀ ထရီလီယံနဲ့ စလိုက်တာပေါ့
[သင်သည် ချီစုပ်ယူခြင်း ကိုနှစ် ၁၀ ဘီလီယံတိုင်အောင် ကျင့်ကြံခဲ့ပြီး တာအိုတစ်သောင်းပျက်သုဉ်းခြင်း ကျင့်စဉ်ကို အသုံးပြု၍ မူလဘူတ တာအိုအသီးကို အကြီးမားဆုံး အောင်မြင်မှုသို့ အတင်းအကျပ် တက်လှမ်းရန် ကြိုးစားခဲ့ကာ ကပ်ဘေးကို စတင် ကျော်ဖြတ်ခဲ့သော်လည်း မူလဘူတ ယန်ကိုးပါး မဟာကောင်းကင် ကပ်ဘေးကို မခံနိုင်ခဲ့ဘဲ ကပ်ဘေး ကျော်ဖြတ်ခြင်း ကျရှုံးသွားပါသည်။]
[သင်သည် ချီစုပ်ယူခြင်းကို နှစ် ၂၀ ဘီလီယံတိုင်အောင် ကျင့်ကြံခဲ့ပြီး တာအိုတစ်သောင်းပျက်သုဉ်းခြင်း ကျင့်စဉ်ကို အသုံးပြု၍ မူလဘူတ တာအိုအသီးကို အကြီးမားဆုံး အောင်မြင်မှုသို့ အတင်းအကျပ် တက်လှမ်းရန် ကြိုးစားခဲ့ကာ ကပ်ဘေးကို စတင် ကျော်ဖြတ်ခဲ့သော်လည်း မူလဘူတ ယန်ကိုးပါး မဟာကောင်းကင် ကပ်ဘေးကို မခံနိုင်ခဲ့ဘဲ ကပ်ဘေး ကျော်ဖြတ်ခြင်း ကျရှုံးသွားပါသည်။]
တစ်ကြိမ်ကို နှစ် ၁၀ ဘီလီယံစီ ပါလား...ဘုရားရေ...
ယခင်က တာအိုအထွတ်အထိပ် တာလော့အမတ အဆင့်သို့ တက်လှမ်းရန် တစ်ကြိမ်လျှင် သက်တမ်း ၂ ဘီလီယံသာ လိုအပ်ခဲ့ရာ ယင်းက တာအိုအထွတ်အထိပ် တာလော့အမတ နှင့် ကမ္ဘာဦး တာအိုအသီး အကြား ကြီးမားလှသော ကွာဟချက်ကို မီးမောင်းထိုးပြနေ၏။
ဤကွာဟချက်က ဖိအားများ ဖြစ်ပေါ်စေသော်လည်း ကုအန်၏ မျှော်လင့်ချက်ကိုလည်း မြင့်တက်လာစေသည်။
ယခင်က အဓိက အဆင့်ကြီးကို ချိုးဖျက်ဝင်ရောက်ရန် သက်တမ်း နှစ် ၂.၃ ထရီလီယံ ကုန်ဆုံးခဲ့ပြီး ဤတစ်ကြိမ်တွင် သက်တမ်း အနှစ် ၅၀ ထရီလီယံ အတွင်း အောင်မြင်သင့်ပေသည်။
သူ၏ ရှေ့ရှိ အချက်ပြစာသားများကို တွက်ချက်ကြည့်ရင်း ကုအန်၏ နှလုံးခုန်နှုန်းများ မြန်ဆန်လာ၏။
နောက်ဆုံးတွင် တစ်ကြိမ်လျှင် ၁၀ ထရီလီယံ သက်တမ်း ရင်းနှီးမြှုပ်နှံလိုက်လျှင်တောင် အောင်မြင်ခြင်း မရှိခဲ့ချေ။
ကုအန်က တည်ငြိမ်နေဆဲ ဖြစ်ပြီး သက်တမ်းကို ဆက်လက် ရင်းနှီးမြှုပ်နှံကာ တစ်ကြိမ်လျှင် ၁၀ ထရီလီယံ သက်တမ်းကို ဆက်ထည့်နေလိုက်၏။
အဓိပတိမူလဘူတ တောအုပ် အတွင်းရှိ ဖြစ်စဉ်များက ငြိမ်သက်လာပြီး ဧရာမ မူလဇာစ်မြစ် သစ်ပင်ကြီးများက ငွေရောင်ပြာလဲ့လဲ့ အလင်းရောင် အမျိုးမျိုးကို ထုတ်လွှတ်နေကာ ကမ္ဘာကြီး တစ်ခုလုံးကို မှော်ဆန်နေသကဲ့သို့ ဖြစ်နေစေခဲ့သည်။
အချိန်အတန်ကြာပြီးနောက်
ကုအန်၏ အမူအရာက စတင် လေးနက်လာ၏။
သက်တမ်း အနှစ် ထရီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံမူကတောင် အဆင့်ချိုးဖျက်၍ မရခဲ့ချေ။
ရှင်းနေသည်မှာ ဤတစ်ကြိမ်တွင် နောက်ထပ် အဓိက အဆင့်ကြီး၏ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိရန်မှာ မဖြစ်နိုင်ကြောင်း ပင်။
ဘာပဲဖြစ်ဖြစ် နောက်ထပ် အဓိက အဆင့်ကြီးကို အရင်ဆုံး ရောက်ရှိဖို့က မဖြစ်မနေ လိုအပ်တယ်...
ကုအန်၏ မျက်လုံးများတွင် ပြတ်သားသော အကြည့်များ ပေါ်လာပြီး သက်တမ်းကို ဆက်လက် ရင်းနှီးမြှုပ်နှံလိုက်၏။
သို့သော်လည်း နောက်ထပ် ၁၀ ထရီလီယံ သက်တမ်း ကလည်း အောင်မြင်မှုကို မမြင်တွေ့ရချေ။ မူလဘူတ ယန်ကိုးပါး မဟာကောင်းကင် ကပ်ဘေး ၏ ကြောက်မက်ဖွယ် ကောင်းမှုကို သူ စတင် စိတ်ကူးယဉ်ကြည့်မိတော့၏။
တစ်နေ့တွင် သူ ကျော်ဖြတ်နေရသော ကပ်ဘေး၏ အခက်အခဲကို နားလည်စေရန် ယန်ကျန်း နှင့် လီရွှမ်မြှောင် တို့ကို ကောင်းကင်နန်းတော် တွင် ဤကပ်ဘေးအကြောင်း စုံစမ်းခိုင်းရပေမည်။
အချိန်အတန်ကြာပြီးနောက် သူ၏ ကျင့်ကြံခြင်း အဆင့်အတွက် ကုအန်၏ ရင်းနှီးမြှုပ်နှံမှုက သက်တမ်း နှစ် ၄၀ ထရီလီယံကို ကျော်လွန်သွားသော်လည်း အောင်မြင်မှု မရှိသေးချေ။
သူ ဆက်လက် ရင်းနှီးမြှုပ်နှံလိုက်၏။
[သင်သည် ချီစုပ်ယူခြင်းကို နှစ် ၅၄၀ ဘီလီယံ တိုင်အောင် ကျင့်ကြံခဲ့ပြီး တာအိုတစ်သောင်းပျက်သုဉ်းခြင်း ကျင့်စဉ်ကို အသုံးပြု၍ မူလဘူတ တာအိုအသီးကို အကြီးမားဆုံး အောင်မြင်မှုသို့ အတင်းအကျပ် တက်လှမ်းရန် ကြိုးစားခဲ့ကာ ကပ်ဘေးကို စတင် ကျော်ဖြတ်ခဲ့သော်လည်း မူလဘူတ ယန်ကိုးပါး မဟာကောင်းကင် ကပ်ဘေးကို မခံနိုင်ခဲ့ဘဲ ကပ်ဘေး ကျော်ဖြတ်ခြင်း ကျရှုံးသွားပါသည်။]
[သင်သည် ချီစုပ်ယူခြင်း မှတစ်ဆင့် နှစ် ၅၅၀ ဘီလီယံတိုင်အောင် ကျင့်ကြံခဲ့ပြီး တာအိုတစ်သောင်း ပျက်သုဉ်းခြင်း ကျင့်စဉ်ကို အသုံးပြု၍ မူလဘူတ တာအိုအသီးကို အကြီးမားဆုံး အောင်မြင်မှုသို့ အတင်းအကျပ် တက်လှမ်းရန် ကြိုးစားခဲ့ကာ ကပ်ဘေးကို စတင် ကျော်ဖြတ်ခဲ့ပြီး မူလဘူတ ယန်ကိုးပါး မဟာကောင်းကင် ကပ်ဘေးကို ခံနိုင်ရည်ရှိခဲ့သဖြင့် ကပ်ဘေး ကျော်ဖြတ်ခြင်း အောင်မြင်သွားပါသည်။ သင်၏ ကျင့်ကြံခြင်း အဆင့်သည် ရွှမ်ချီကမ္ဘဦးအမတ အဆင့် အစောပိုင်းအဆင့်သို့ တက်လှမ်းသွားပါသည်။]
[သင်သည် ချီစုပ်ယူခြင်း မှတစ်ဆင့် နှစ် ၁ ထရီလီယံတိုင်အောင် ကျင့်ကြံခဲ့ပြီး သင်၏ ကျင့်ကြံခြင်း အဆင့် တိုးတက်လာပါသည်။]
.
နောက်ဆုံးတော့ အောင်မြင်သွားပြီပဲ...
တာအိုအထွတ်အထိပ် တာလော့အမတကနေ အထွတ်အထိပ် အဆင့်မှ ရွှမ်ချီ မူလဘူတ အမတ အဆင့် အစောပိုင်းအဆင့် သို့ ရောက်ရှိရန် သက်တမ်း နှစ် ၄၃.၅ ထရီလီယံတောင် ကုန်သွားတာပဲ...တကယ်ကို လွန်ကဲလွန်းတယ်...
အဆင့်ချိုးဖျက်ခြင်း အောင်မြင်သွားသရွေ့ ကုအန်က ပြန်လည် လန်းဆန်းသွားပြီး ရွှမ်ချီကမ္ဘာဦး အမတ ၏ စွမ်းအားကို မျှော်လင့်နေမိတော့သည်။
ဤနယ်မြေရှိ တာအို ဝိညာဉ်စွမ်းအင်များက ရုတ်တရက် လှိုင်းထန်လာပြီး မှောင်မိုက်နေသော ကောင်းကင်ယံက ရုတ်ခြည်း လင်းထိန်သွားကာ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ ၏ ကောင်းကင်နှင့် မြေကြီး တစ်ခုလုံးထက် ကြီးမားသော ဧရာမ တောင်ကြီး တစ်လုံးကို ကုအန် မြင်တွေ့လိုက်ရသည်။
မဟုတ်သေးဘူး... အဲဒါက တောင်တစ်လုံး မဟုတ်ဘဲ မူလဇာစ်မြစ် သစ်ပင် တစ်ပင်ပဲ...
မျက်လုံးများကို မှေးကြည့်လိုက်ရာ မူလဇာစ်မြစ် သစ်ပင် ၏ နောက်ကွယ်တွင် ပိုမို ကြီးမားသော တည်ရှိမှု တစ်ခုကို ကုအန် မြင်တွေ့လိုက်ရ၏။
ဤနယ်မြေသည်လည်း အဆုံးအစမရှိ ကျယ်ပြောလှပြီး တာအိုအထွတ်အထိပ် တာလော့အမတ ၏ ကျင့်ကြံခြင်း အဆင့်နှင့်ပင် အချိန်တိုအတွင်း အဆုံးသတ်ကို မြင်တွေ့ရန် မဖြစ်နိုင်ချေ။
ကုအန် အဆင့်ချိုးဖျက်တော့မည့် အချိန်တွင် အမြင့်ဆုံး မူလဘူတ တောအုပ် အတွင်းရှိ တာအို စည်းမျဉ်းများက စည်းကမ်းမဲ့စွာ ပြန့်ကျဲလာကြ၏။ ယခင် အဆင့်ချိုးဖျက်စဉ်က ဖြစ်စဉ်များနှင့် မတူဘဲ ယခုအခါ တာအို စည်းမျဉ်းများက အန္တရာယ် များလာပြီး ဟင်းလင်းပြင်ကိုပင် လိမ်ကောက်သွားစေခဲ့သည်။
တာအိုက အန္တရာယ်ကို အာရုံခံမိပြီး အလိုအလျောက် ခုခံနေပုံရ၏။ တာအို ဒေါသထွက်သောအခါ ၎င်းတည်ဆောက်ထားသော ကမ္ဘာကြီးက သဘာဝကျကျ မငြိမ်မသက်မှုများနှင့် ရင်ဆိုင်ရပေသည်။
ကုအန်၏ အောက်ရှိ အပြာရောင် ချီပင်လယ် က မုန်တိုင်း တိုက်ခတ်နေသော ပင်လယ်ပြင်ကဲ့သို့ အပြင်းအထန် လှိုင်းထန်နေပြီး လှိုင်းလုံးများက ပို၍ပို၍ မြင့်မားလာ၏။
ရုတ်တရက် ကုအန်က အဝေးသို့ လှမ်းကြည့်လိုက်ရာ အဝေးရှိ မူလဇာစ်မြစ် သစ်ပင် တစ်ပင်မှ တာအိုအထွတ်အထိပ် တာလော့အမတ ထက် ပိုမို အစွမ်းထက်သော ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှု တစ်ခု ထွက်ပေါ်လာ၏။ ၄င်းက တာအို မငြိမ်မသက် ဖြစ်ရသည့် အကြောင်းရင်းကို ရှာဖွေနေကြောင်း သူ ခံစားလိုက်ရသည်။
“ဒီလောက် အစွမ်းထက်တဲ့ တည်ရှိမှုမျိုး... ပြီးတော့ ဒါက မူလဇာစ်မြစ် သစ်ပင် နဲ့ အနီးကပ် ဆက်သွယ်မှု ရှိနေပုံရတယ်... အဓိပတိမူလဘူတ တောအုပ် က သူရဲ့ ဖန်ဆင်းမှုများ ဖြစ်နေမလား... ပြီးတော့ သူက တောအုပ် ဖြန့်ကျက်မှု အတွက် ဝင်္ကပါတွေကို တည်ဆောက်ခဲ့တာများလား...”
ကုအန်က သတိဝီရိယ ရှိနေဆဲ ဖြစ်ပြီး ထိုပုဂ္ဂိုလ်က သူ့ထံသို့ ပျံသန်းမလာသည်မှာ ကံကောင်းပေသည်။
တာအိုအထွတ်အထိပ် တာလော့အမတ ထက် ကျော်လွန်သော တည်ရှိမှု ပင်လျှင် သက်တမ်း အတားအဆီး ကို မရှာဖွေနိုင်ခဲ့ချေ။
ကုအန် စဉ်းစားနေစဉ် အောက်ဘက်ရှိ အပြာရောင် ချီပင်လယ် ထဲမှ မရေမတွက်နိုင်သော တည်ရှိမှုများ မရပ်မနား တားဆီး၍ မရနိုင်အောင် ထွက်ပေါ်လာကြောင်း ရုတ်တရက် ခံစားလိုက်ရ၏။
ဘုန်း...
အဝေးတွင် အပြာရောင် ချီပင်လယ် က ပေါက်ကွဲထွက်သွားပြီး ဧရာမ လှိုင်းလုံးကြီးများကို လှုံ့ဆော်ပေးလိုက်ကာ အရွယ်အစား အမျိုးမျိုးရှိ မရေမတွက်နိုင်သော ငွေရောင် ချီလင် များ ထွက်ပေါ်လာပြီး ကောင်းကင်ယံဆီသို့ အလုအယက် တက်သွားကြသည်။
ဤငွေရောင် ချီလင် များ၏ စွမ်းအားကို ကုအန် အာရုံခံမိလိုက်၏။ အားအနည်းဆုံး အကောင်ပင်လျှင် လွတ်ငြိမ်းရာအမတ ၏ ကျင့်ကြံခြင်း အဆင့် ရှိပြီး အစွမ်းအထက်ဆုံး အကောင်များက ကောင်းကင်ဖွင့် တာလော့အမတ အဆင့်သို့ ရောက်ရှိနေကြသည်။
သူတို့ အရှိန်အဟုန်ဖြင့် ထွက်ခွာသွားစဉ် ထိုဖရိုဖရဲ ဖြစ်နေသော တာအို စည်းမျဉ်းများက သူတို့ကို အမှန်တကယ်ပင် ရှောင်ဖယ်သွားကြပြီး သူတို့ကို အန္တရာယ် မပေးခဲ့ချေ။ ၎င်းက ကုအန်ကို ဤငွေရောင် ချီလင် များအပေါ် စပ်စုချင်စိတ် ဖြစ်ပေါ်လာစေတော့သည်။