အခန်း (၆၆၄-၆၆၆)
Vol. 45 Ch. 664-666
အခန်း (၆၆၄) ဘိုးဘေးတို့၏ ထွန်းလင်းတောက်ပမှုကို တုန်လှုပ်စေသော လိပ်အသက်ရှူနည်းပညာ။ ဆန်းကြယ်သော လိပ်ချီစွမ်းအင်အရည်။ (၁)
ကောင်းကင်နတ်ဆိုး အဖိုးအိုသည် သဘောကောင်းလှသော အပြုံးတစ်ခုကို ပြုံးပြရင်း "မိတ်ဆွေလေး... မင်းကတော့ ဟာသတွေပြောနေတာပဲ။ ငါက ဒီကို အပျော်သဘောနဲ့ လာကြည့်တာပါ။ ငါ့လို လေတိုက်ရင်တောင် လဲတော့မယ့် အရိုးစုအိုကြီးက ဘယ်သူနဲ့မှ တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး" ဟု ပြောလိုက်သည်။
အမှန်တကယ်ပင် ကောင်းကင်နတ်ဆိုး အဖိုးအိုသည် တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိပေ။ သူသည် စူးချန်ခုန်းနှင့် ဘာရန်ငြိုးရန်စမှ မရှိဘဲ ရွှမ်းမင်အရှင်နှင့် သဘောတူညီချက်အရ စူးချန်ခုန်းကို ရှာဖွေပေးရန်သာ ရောက်လာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ရွှမ်းမင်က စူးချန်ခုန်းကို သတ်နိုင်ခဲ့လျှင် ထိုအလောင်းကို သူက အခကြေးငွေအဖြစ် ရရှိမည် ဖြစ်သည်။
သို့သော် ရလဒ်မှာ မျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။ နတ်ဘုရားစွမ်းရည်တစ်ပိုင်းကို တတ်မြောက်ထားပြီး ဓားသွားဝိညာဉ်ကိုပါ ကျင့်ကြံထားကာ သိုင်းဝိဇ္ဇာသူတော်စင်တစ်ပါး ပြန်လည်ဝင်စားလာသူဟု သံသယဖြစ်ဖွယ်ရှိသော စူးချန်ခုန်း၏ ဓားချက်အောက်တွင် ရွှမ်းမင် အသက်ပျောက်သွားခဲ့ရသည်။ ယခုအခါ ရွှမ်းမင် သေဆုံးသွားပြီဖြစ်ရာ အဖိုးအိုအနေဖြင့် စူးချန်ခုန်းနှင့် တိုက်ခိုက်ရန် အကြောင်းမရှိတော့ပေ။ ရှုံးမည့်အကြောင်းကိုပင် မဆိုနှင့် အနိုင်ရခဲ့လျှင်ပင် သိသာထင်ရှားသော အကျိုးအမြတ် မရှိနိုင်သဖြင့် တိုက်ခိုက်ရကျိုး မနပ်ဟု သူ ယူဆလိုက်သည်။
သူသည် ရူးသွပ်သွားလောက်အောင် ထိုက်တန်သည့် အခွင့်အရေးတစ်ခု ရောက်လာမည့်အချိန်ကိုသာ စိတ်ရှည်စွာ စောင့်ဆိုင်းနေပြီး ထိုအချိန်ကျမှသာ လှုပ်ရှားလိမ့်မည်ဖြစ်သည်။
"မိတ်ဆွေလေး... မင်းကို ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး။ သွားနှင့်တော့မယ်နော်။"
သူသည် စကားအနည်းငယ်ပြောပြီးနောက် စက္ကန့်ပိုင်းအတွင်းမှာပင် မိုးကုတ်စက်ဝိုင်းဆီသို့ ပျောက်ကွယ်သွားတော့သည်။
"ဒီခေတ်ကြီးထဲမှာ နတ်ဘုရားစွမ်းရည်တစ်ပိုင်း တတ်မြောက်ထားသူတင် မဟုတ်ဘူး။ တကယ့် နတ်ဘုရားစွမ်းရည် ပိုင်ဆိုင်ထားတဲ့ အစွမ်းထက်သူတွေတောင် သေဆုံးနိုင်တာပဲ။" ကောင်းကင်နတ်ဆိုး အဖိုးအိုက တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
ရှုပ်ထွေးသော ခေတ်ကြီး စတင်နေပြီ ဖြစ်သည်။ ရွှမ်းမင်သည် ရှေးယခင်ကခေတ်များတွင် ဆိုပါက ခေတ်တစ်ခုကို လွှမ်းမိုးနိုင်သူ ဖြစ်သော်လည်း ယခုမူ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသည်နှင့် သေဆုံးသွားခဲ့ရသည်။ ဒါဟာ ခေတ်ကာလများ ပြောင်းလဲသွားပြီဖြစ်ကြောင်း သက်သေပြနေသည်။ ယနေ့ခေတ်သည် အတိတ်ကာလနှင့် မတူတော့သဖြင့် အရာရာကို သတိထား၍ လုပ်ဆောင်ရန် လိုအပ်နေပြီ ဖြစ်သည်။
"သူပျံသွားတာလား။"
ဤမြင်ကွင်းကို ကြည့်ရင်း စူးချန်ခုန်းသည်လည်း ပိုမို တည်ငြိမ် လေးနက်သွားမိသည်။ ပျံသန်းခြင်းဆိုသည်မှာ သိုင်းပညာရှင်တိုင်း စိတ်ကူးယဉ်ကြသော စွမ်းရည်ဖြစ်ပြီး သိုင်းဝိဇ္ဇာသူတော်စင်များသာ သူတို့၏ ခန္ဓာကိုယ်သက်သက်ဖြင့် ပျံသန်းနိုင်ကြခြင်း ဖြစ်သည်။ အခြားသူများမှာမူ ပျံသန်းနိုင်သော သတ္တဝါများ သို့မဟုတ် နတ်ဘုရားစွမ်းရည်တစ်ပိုင်းတို့ကိုသာ အားကိုးကြရသည်။ စူးချန်ခုန်းကိုယ်တိုင်ပင် ကြိုးကြာပြကွက်၏ အကူအညီဖြင့်သာ ပျံသန်းနိုင်ခြင်းဖြစ်ပြီး ၎င်းမှာ သူ၏ ကိုယ်ပိုင်အရည်အချင်း မဟုတ်ပေ။
ကောင်းကင်နတ်ဆိုး အဖိုးအိုမှာလည်း သိုင်းဝိဇ္ဇာသူတော်စင်တစ်ဦး မဟုတ်သည်မှာ သေချာလှသည်။ သူသည်လည်း စူးချန်ခုန်းကဲ့သို့သော နည်းလမ်းမျိုးကို အသုံးပြု၍ ပျံသန်းခြင်း ဖြစ်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ ကိုယ်ပိုင်နည်းလမ်းဖြင့် ပျံသန်းနိုင်ခြင်းသည်ပင် အစွမ်းထက်ခြင်း၏ လက္ခဏာတစ်ရပ် ဖြစ်သည်။
စူးချန်ခုန်းက အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။ အမှန်တော့ သူသည် ကောင်းကင်နတ်ဆိုး အဖိုးအိုကို သတ်ပစ်ဖို့ ဆန္ဒရှိခဲ့သည်။ အဖိုးအိုက ရွှမ်းမင်ကို ကူညီခဲ့သဖြင့် သူ့အတွက် ကြီးမားသော ခြိမ်းခြောက်မှုနှင့် ရန်သူ ဖြစ်လာခဲ့သည်။ သို့သော် ထိုအဖိုးအိုသည် ထူးခြားဆန်းကျယ်လွန်းသဖြင့် သူ့ကို သတ်နိုင်မည်ဟု စူးချန်ခုန်းအနေဖြင့် ရာနှုန်းပြည့် မသေချာသောကြောင့် လောလောဆယ်တွင် လွှတ်ပေးထားလိုက်ခြင်း ဖြစ်သည်။
"ဒီလောကကြီးမှာ အစွမ်းထက်တဲ့သူတွေ အများကြီးပဲ... ငါလည်း ပိုပြီး သန်မာလာအောင် လုပ်ဖို့ လိုသေးတယ်။ ပြန်ချိန်တန်ပြီ။"
မြေပြင်ပေါ်ရှိ ရွှမ်းမင်၏ အလောင်းကို ကြည့်ရင်း စူးချန်ခုန်းသည် ၎င်းကို စာပေရနံ့အိတ်အတွင်းသို့ ထည့်လိုက်ကာ ထိုနေရာမှ ချက်ချင်း ထွက်ခွာခဲ့သည်။ သူသည် ကြိုးကြာဖြူ ပုံရိပ်ယောင်ပေါ်တွင် စီးနင်းရင်း မိုးကုတ်စက်ဝိုင်းဆီသို့ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
"ဂိုဏ်းချုပ်ကို သတ်တဲ့လူက ရွှမ်းမင်အရှင်ကိုပါ သတ်လိုက်တာလား။"
"တကယ့်ကို ကြောက်စရာကောင်းတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်ပဲ... ဒဏ္ဍာရီထဲက သိုင်းဝိဇ္ဇာသူတော်စင်တစ်ပါး ပြန်ရှင်သန်လာတာနဲ့ တူတယ်။"
အဝေးရှိ ဟွမ်ချွမ်ဂိုဏ်းမှ တပည့်များမှာ ကြောက်ရွံ့တုန်လှုပ်လျက် ကျန်ရစ်ခဲ့ကြသည်။ စူးချန်ခုန်းနှင့် ရွှမ်းမင်တို့ တိုက်ခိုက်ခဲ့သော နေရာမှာ ပျက်စီးယိုယွင်းနေပြီး သိုင်းပညာရှင်နှစ်ဦးက အချိန်တိုအတွင်း ဤမျှ ဖျက်ဆီးနိုင်သည်မှာ မယုံကြည်နိုင်စရာပင် ဖြစ်သည်။
"ဒီတစ်ခေါက် ခရီးစဉ်က ရည်မှန်းချက် အောင်မြင်ခဲ့တယ်။ မူလချီစွမ်းအင် ၁၀၀၀ ဆိုရင် ငါ့ရဲ့ လိပ်အသက်ရှူနည်းကျင့်စဉ်ကို အဆင့် ၁၀ ပြီးမြောက်တဲ့အထိ ရောက်အောင် လုပ်ဖို့ လုံလောက်မှာပါ။"
စူးချန်ခုန်းသည် ကြိုးကြာဖြူပေါ်တွင် စီးနင်းရင်း စိတ်လှုပ်ရှားနေမိသည်။ မူလချီစွမ်းအင် ၁၀၀၀ ဆိုသည်မှာ မိစ္ဆာဂိုဏ်း လေးဂိုဏ်းထံမှ သူ ရယူခဲ့သော စုစုပေါင်းပမာဏ ဖြစ်သည်။ သာမန် ဒုတိယတန်း သို့မဟုတ် တတိယတန်းစား ဂိုဏ်းတစ်ခုဆိုလျှင် ဤမျှရရှိရန် စွမ်းအင်ကြော အခု နှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့် လိုအပ်မည် ဖြစ်သည်။ ဤစွမ်းအင်များဖြင့် သူ၏ လိပ်အသက်ရှူနည်းကျင့်စဉ်မှာ အဆင့် ၁၀ သို့ သေချာပေါက် ရောက်ရှိမည်ဖြစ်ပြီး အဆင့် ၁၁ သို့ ဆက်လက် တိုးမြှင့်နိုင်ခဲ့လျှင်မူ ဝူချင်းရှီကျင့်စဉ်ကဲ့သို့ပင် နတ်ဘုရားစွမ်းရည်တစ်ပိုင်း အဆင့်ထိရောက်နိုင်ပေလိမ့်မည်။
စူးချန်ခုန်း၏ ရင်ထဲတွင် မျှော်လင့်ခြင်းရောင်ခြည်များ ဖြာထွက်နေလျက်။ သူသည် ဝိညာဉ်လမ်းစဉ်ဂိုဏ်းသို့ တိုက်ရိုက် မပြန်ဘဲ မဟာမီးလျှံမြို့တော်ကြီးတွင် ခဏမျှ ပုန်းအောင်းနေခဲ့သည်။ အကြောင်းမှာ ကောင်းကင်နတ်ဆိုး အဖိုးအို၏ ခြေရာခံနိုင်စွမ်းကို ရှောင်ရှားရန် ဖြစ်သည်။ အကယ်၍ အဖိုးအိုက အခြားသော ပိုမိုအစွမ်းထက်သည့် မိစ္ဆာဂိုဏ်းသားများကို ခေါ်ဆောင်လာပါက အလွန်အန္တရာယ်ရှိနိုင်သည်။ အဖိုးအိုသည် ကျန်ရှိနေသော အငွေ့အသက်များမှတစ်ဆင့် ခြေရာခံနိုင်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ထိုအငွေ့အသက်များမှာ ပျောက်ကွယ်သွားပေလိမ့်မည်။
ထို့ပြင် မီးလျှံမြို့တော်မှာ မဟာမီးလျှံအင်ပါယာ၏ မြို့တော်ဖြစ်သဖြင့် မိစ္ဆာဂိုဏ်းသားများက သူနေရှိမှန်း သိလျှင်ပင် ရုတ်ရုတ်သည်းသည်း မလုပ်ရဲကြပေ။ မြို့တော်အတွင်း လှုပ်ရှားခြင်းမှာ အင်ပါယာတစ်ခုလုံးကို စစ်ကြေညာခြင်းနှင့် အတူတူပင် ဖြစ်သည်။ စူးချန်ခုန်းသည် မြို့တော်တွင် တစ်လခန့် အေးဆေးစွာ အနားယူပြီးနောက်မှ ဝိညာဉ်လမ်းစဉ်ဂိုဏ်းသို့ ပြန်လာခဲ့သည်။
ဂိုဏ်းအတွင်း၌မူ အရာရာ ငြိမ်သက်နေ၏။ ဂိုဏ်း၏ စွမ်းအင်ကြောများ ပြန်လည်ရှင်သန်လာပြီး ပျက်စီးသွားသော ဂိတ်တံခါးများကိုလည်း ပြန်လည်ပြုပြင်ထားပြီး ဖြစ်သည်။ စူးချန်ခုန်းကဲ့သို့ အေးဆေးစွာ နေထိုင်တတ်သော ဧည့်သည်တော် အကြီးအကဲ တစ်ဦးသည် အပြင်လောကတွင် ကြီးမားသော ဂယက်များ ဖြစ်ပေါ်စေခဲ့သည်ကို ဂိုဏ်းအတွင်းရှိ မည်သူမျှ မသိရှိကြပေ။ သူတစ်ယောက်တည်းနှင့်ပင် မိစ္ဆာဂိုဏ်း လေးဂိုဏ်းကို တိုက်ခိုက်ကာ စွမ်းအင်များကို သိမ်းပိုက်ခဲ့ရုံသာမက နတ်ဘုရားစွမ်းရည်တစ်ပိုင်း ပိုင်ဆိုင်ထားသော ရွှမ်းမင်ကိုပင် သတ်ဖြတ်နိုင်ခဲ့သည်။
"ဒီမူလချီစွမ်းအင်တွေကို အပြီးသတ် သန့်စင်ရမယ်။"
စူးချန်ခုန်းသည် အချိန်မဆွဲတော့ဘဲ ဂိုဏ်းသို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ရရှိထားသော စွမ်းအင်များကို သန့်စင်ရန် တရားအားထုတ်ခြင်းကို စတင်လိုက်သည်။ ကောင်းကင်နှင့် မြေကြီးမှ စွမ်းအင်များကို စုဆောင်းကာ မူလချီစွမ်းအင် ၁၀၀၀ ရရှိရန်ဆိုလျှင် ပုံမှန်အားဖြင့် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်မည် ဖြစ်သည်။ စူးချန်ခုန်းကဲ့သို့ အစွမ်းထက်သူသာလျှင် မိစ္ဆာဂိုဏ်းများကို တိုက်ခိုက်ပြီး အချိန်တိုအတွင်း ဤရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ခြင်း ဖြစ်သည်။
"ဝူး"
စူးချန်ခုန်း၏ ခန္ဓာကိုယ်အတွင်း လိပ်အသက်ရှူနည်းပညာမှာ စတင်အလုပ်လုပ်လာပြီး မူလချီစွမ်းအင် တစ်မျှင်ကို ဆွဲယူလိုက်သည်။ လိပ်အသက်ရှူနည်း ချီစွမ်းအင်က ထိုစွမ်းအင်ကို ဝန်းရံကာ သန့်စင်သော စွမ်းအင်အဖြစ် ပြောင်းလဲပေးလိုက်ရာ စူးချန်ခုန်း၏ အတွင်းအားမှာ သိသိသာသာ တိုးတက်လာတော့သည်။
အခန်း (၆၆၅) ဘိုးဘေးတို့၏ ထွန်းလင်းတောက်ပမှုကို တုန်လှုပ်စေသော လိပ်အသက်ရှူနည်းပညာ။ ဆန်းကြယ်သော လိပ်ချီစွမ်းအင်အရည်။ (၂)
"ဆက်လုပ်မယ်။"
စူးချန်ခုန်းသည် မရပ်နားဘဲ မူလစွမ်းအင်မျှင်များကို တစ်မျှင်ပြီးတစ်မျှင် ဆွဲယူကာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ လိပ်အသက်ရှူနည်း ချီစွမ်းအားနှင့် ပေါင်းစပ်ရောနှော သန့်စင်လိုက်သည်။
"ရှဲ... ရှဲ..."
စူးချန်ခုန်း၏ ခန္ဓာကိုယ်အတွင်းရှိ အပြာရောင် လိပ်အသက်ရှူနည်းချီစွမ်းအားမှာ အဆက်မပြတ် ကြီးထွားလာပြီး ၎င်း၏ အရောင်မှာလည်း တဖြည်းဖြည်း ပြောင်းလဲလာသည်။ နဂိုမူလ အပြာရောင်မှသည် အဖြူရောင်ဘက်သို့ ဖောက်ထွင်းမြင်ရသော ရေကြည်ရေသန့်ကန်ကြီးကဲ့သို့ မူလချီစွမ်းအင်၏ တောက်ပသော အဖြူရောင်ဘက်ဆီသို့ ပိုပိုပြီး နီးကပ်လာနေသည်။ ၎င်း၏ အရည်အသွေးမှာလည်း အဆက်မပြတ် မြင့်တက်နေသည်။
လိပ်အသက်ရှူနည်းပညာ (ဒသမနယ်ပယ်၊ လောကကို တုန်လှုပ်စေပြီး လူထုကို ထိတ်လန့်စေခြင်း၊ ၄၁%)၊ လိပ်အသက်ရှူနည်းပညာ (ဒသမနယ်ပယ်၊ လောကကို တုန်လှုပ်စေပြီး လူထုကို ထိတ်လန့်စေခြင်း၊ ၄၂%) ...
စက္ကန့်၊ မိနစ်များ ကုန်ဆုံးသွားသည်နှင့်အမျှ လိပ်အသက်ရှူနည်းပညာသည် ပြီးပြည့်စုံသော နယ်ပယ်ဆီသို့ ဦးတည်တိုးတက်နေသည်။ နေ့စဉ်နေ့တိုင်း စူးချန်ခုန်းသည် မူလချီစွမ်းအင် အမျှင်ပေါင်း များစွာကို သန့်စင်နိုင်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်လကျော် အချိန်ကုန်ဆုံးသွားခဲ့ပြီး သူသန့်စင်နေသော မူလချီစွမ်းအင် ၁၀၀၀ အနက် ထက်ဝက်ခန့်သာ ကျန်တော့သည်။
လိပ်အသက်ရှူနည်းပညာ (ဒသမနယ်ပယ်၊ လောကကို တုန်လှုပ်စေပြီး လူထုကို ထိတ်လန့်စေခြင်း၊ ၈၀%)
စူးချန်ခုန်း၏ လိပ်အသက်ရှူခြင်းအတတ်သည် အဆင့် ၁၀ ၏ ပြီးပြည့်စုံသော အဆင့်သို့ ပိုမိုနီးကပ်လာခဲ့ပြီ ဖြစ်သည်။ သို့သော် အတားအဆီးတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ပင်။ မူလချီစွမ်းအင်များကို မည်မျှပင် ထပ်မံသန့်စင်ပါစေ သူ၏ ခွန်အားမှာ အနည်းငယ်မျှပင် တိုးတက်မလာတော့ပေ။
ဤအချိန်တွင် စူးချန်ခုန်း၏ စွမ်းအားသိုလှောင်ရာ အတွင်းရှိ ကြံ့ခိုင်လှသော လိပ်အသက်ရှူနည်း ချီစွမ်းအားမှာ တောက်ပကာ ဖောက်ထွင်းမြင်ရသည့် သမုဒ္ဒရာကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။ ကြည်လင်ပြတ်သားနေသော်လည်း အမှန်တကယ်တွင်မူ အတိုင်းအဆမရှိ နက်နဲကျယ်ပြောလှသည်။
"ငါ့ရဲ့ လိပ်အသက်ရှူနည်း ချီစွမ်းအားက ငါ့ခန္ဓာကိုယ် တောင့်ခံနိုင်တဲ့ အကန့်အသတ်ကို ရောက်ခါနီးနေပြီ။ အစပိုင်းနဲ့ နှိုင်းယှဉ်ရင် အနည်းဆုံး ဆယ်ဆကနေ အဆနှစ်ဆယ်လောက် ပိုပြီး သန်မာလာတယ်။" ဟု စူးချန်ခုန်း တွေးမိသည်။
ကောင်းကင်သွေးကြော ဆယ့်နှစ်သွယ်လုံး ပွင့်သွားပြီဖြစ်ရာ သူ၏ ခန္ဓာကိုယ်မှာ အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ထပ်မံ သန်မာလာရန် ခက်ခဲလှသည်။ အတွင်းအားသိုလှောင်ရာမှာလည်း ထပ်မံ ကျယ်ပြန့်မလာနိုင်တော့ပေ။ ခန္ဓာကိုယ်တစ်ခုလုံးကို စွမ်းအင်များဖြင့် ပြည့်လျှံနေအောင် လုပ်ဆောင်နိုင်ခြင်းသည်ပင် သာမန်လူတစ်ဦးအတွက် တစ်သက်လုံး ကြိုးစားလျှင်ပင် မမီနိုင်သော အောင်မြင်မှု ဖြစ်သည်။
သို့သော် ၎င်းမှာ မလုံလောက်သေးပေ။ အကြောင်းမှာ စူးချန်ခုန်း၏ လိပ်အသက်ရှူနည်း ချီစွမ်းအားမှာ ရွှမ်းမင်အရှင်၏ အတွင်းအားနှင့် နှိုင်းယှဉ်လျှင် သိသိသာသာ အဆင့်နိမ့်နေသေးသောကြောင့် ဖြစ်သည်။ အတားအဆီးတစ်ခုသို့ ရောက်ရှိနေပြီဖြစ်ရာ ၎င်းကို ဖောက်ထွက်နိုင်မည့် နည်းလမ်းကို ရှာဖွေရန် အချိန်တန်ပြီ ဖြစ်သည်။
"ရွှယ်အန်းဂိုဏ်းရဲ့ ရွှမ်းမင်လျှို့ဝှက်ကျမ်းစာကို လေ့လာကြည့်ရင် ကောင်းမယ် ထင်တယ်။ ရွှမ်းမင်ရဲ့ ကျင့်ကြံမှုက အဲဒီကျမ်းစာပေါ်မှာ အခြေခံထားတာဆိုတော့ သူက အဲဒီလောက် ထူးထူးခြားခြား ပြင်းထန်တဲ့ အတွင်းအားတွေကို ကျင့်ကြံနိုင်ခဲ့တာပဲ။"
စူးချန်ခုန်းသည် သေဆုံးသွားသော ရွှမ်းမင်ကို သဘာဝကျကျ သတိရသွားသည်။ ယခင်က ရွှယ်အန်းဂိုဏ်းကို တိုက်ခိုက်ခဲ့စဉ်က သူသည် ဂိုဏ်း၏ စွမ်းအင်ကြောများကို သိမ်းပိုက်ခဲ့ရုံသာမက စာကြည့်တိုက်နှင့် ရတနာတိုက်များကိုပါ ပြောင်သလင်းခါအောင် ယူဆောင်ခဲ့သည်။ ထိုအထဲတွင် ရွှမ်းမင်လျှို့ဝှက်ကျမ်းစာလည်း ပါပေလိမ့်မည်။ အမှန်တကယ်ပင် သူ၏ စာပေရနံ့အိတ်အတွင်း ရှာဖွေကြည့်ရာ၌ ထူထဲသော "ရွှမ်းမင်လျှို့ဝှက်ကျမ်းစာ" ကို တွေ့ရှိခဲ့သည်။
စူးချန်ခုန်းသည် ဤကျမ်းစာကို ကျင့်ကြံရန် ရည်ရွယ်ချက် မရှိပေ။ သူတစ်ပါး၏ စွမ်းအားများကို လုယူခြင်းသည် လျင်မြန်စွာ သန်မာလာစေနိုင်သော်လည်း ၎င်းမှာ မိစ္ဆာလမ်းစဉ်ဖြစ်ပြီး အခြေခံအုတ်မြစ်ကို မခိုင်မာစေနိုင်ပေ။ အစောပိုင်းတွင် လျင်မြန်စွာ တိုးတက်နိုင်သော်လည်း နောက်ပိုင်းတွင်မူ ရှေ့ဆက်ရန် ကောင်းကင်သို့ တက်လှမ်းရသကဲ့သို့ ခက်ခဲသွားပေလိမ့်မည်။
စူးချန်ခုန်းသည် လိပ်အသက်ရှူနည်းပညာ၏ အတားအဆီးကို ဖောက်ထွက်နိုင်မည့် လမ်းစတစ်ခုခု ရလိုရငြား ကျမ်းစာကို လေ့လာခြင်းသာ ဖြစ်သည်။
"ရွှမ်းမင်လျှို့ဝှက်ကျမ်းစာသည် မိမိရဲ့ အတွင်းအားကို အဖိုဓာတ်အဖြစ် ထားပြီး တခြားလူများ၏ ခွန်အားကို အမအဖြစ်ထားကာကို စုပ်ယူပြီး မိမိရဲ့ အတွင်းအားအဖြစ် ပြောင်းလဲခြင်းဖြစ်သည်။ စွမ်းအင်စီးကြောင်းအများအပြားကို စုပ်ယူပေါင်းစည်းခြင်း..." စူးချန်ခုန်းက တစ်လုံးချင်း သေချာဖတ်ကာ စဉ်းစားနေသည်။
ရွှမ်းမင်လျှို့ဝှက်ကျမ်းစာမှာ အမှန်တကယ်ပင် နက်နဲလှသော်လည်း ထင်သလောက် အားနည်းချက်ကင်းစင်ကာ အနှိုင်းမဲ့နေခြင်းမျိုး မဟုတ်ကြောင်း သူ တွေ့ရှိရသည်။ သူတစ်ပါး၏ အတွင်းအားကို စုပ်ယူခြင်းမှာ လွန်ဆွဲပွဲတစ်ခုနှင့် တူသည်။ အကယ်၍ မိမိက ပိုသန်မာပါက အားနည်းသူထံမှ စုပ်ယူနိုင်သော်လည်း မိမိထက် ပို၍ အဆင့်မြင့်သူကို ဤနည်းဖြင့် တိုက်ခိုက်ပါက စုပ်ယူနိုင်ရန် မဆိုနှင့် မိမိ၏ အခြေခံပါ အမြစ်ပြတ်သွားနိုင်သည်။ ထို့ကြောင့် ဤပညာရပ်ကို ကျင့်ကြံသူများသည် အားနည်းသူကို အနိုင်ကျင့်ခြင်းဖြင့်သာ အဆင်ပြေချောမွေ့နိုင်ကြသည်။
"ရွှမ်းမင်လျှို့ဝှက်ကျမ်းစာကို အထွတ်အထိပ်ထိ ကျင့်ကြံပြီးပါက ရွှမ်းမင်နတ်ဆေးလုံးကို ဖန်တီးဖို့ မျှော်လင့်ချက် ရှိလာလိမ့်မည်။ ဤဆေးလုံးသည် ချီစွမ်းအားများကို သန့်စင်ပြီး သိုလှောင်ထားနိုင်သည်။ မိမိခန္ဓာကိုယ်က တောင့်ခံနိုင်သည့် ပမာဏထက် ဆယ်ဆခန့် ပိုများသော အတွင်းအားတွေကို စုစည်းထားနိုင်ပြီး လိုအပ်တဲ့အချိန်မှာ ကမ္ဘာပျက်မတတ် ပြင်းထန်တဲ့ အင်အားတွေအဖြစ် ပေါက်ကွဲထွက်စေနိုင်ပါတယ်။"
ကျမ်းစာကို ဖတ်ရင်း စူးချန်ခုန်း၏ မျက်လုံးများ အရောင်တောက်လာ၏။ ယခုအခါ သူ၏ လိပ်အသက်ရှူနည်း ချီစွမ်းအင်မှာ ခန္ဓာကိုယ်နှင့် ချီစွမ်းအားသိုလှောင်ရာက လက်ခံနိုင်သည့် အကန့်အသတ်သို့ ရောက်နေသည်။ ချီစွမ်းအားသိုလှောင်ရာကို ထပ်မံ မချဲ့ထွင်နိုင်တော့သဖြင့် ကျမ်းစာထဲတွင် ပါရှိသော 'ဆေးလုံးစုစည်းခြင်းနည်းလမ်း' ကို အသုံးချကာ စွမ်းအင်များ၏ ထုထည်ကို လျှော့ချပြီး သိပ်သည်းဆကို မြှင့်တင်ရန် သူ ကြိုးစားကြည့်ရမည်။
"စမ်းကြည့်ရအောင်။"
သေချာစဉ်းစားပြီးနောက် စူးချန်ခုန်းသည် ကျမ်းစာထဲမှ ဆေးလုံးစုစည်းခြင်းနည်းလမ်းကို စတင်အသုံးပြုသည်။ မူလချီစွမ်းအင်များကို ထပ်မံသန့်စင်ရင်း သူ၏ ချီစွမ်းအားသိုလှောင်ရာရှိ လိပ်အသက်ရှူနည်း ချီစွမ်းအားများကို ဖိသိပ်ရန် ကြိုးစားလိုက်သည်။
"ဟူး..."
စူးချန်ခုန်း၏ ချီစွမ်းအားသိုလှောင်ရာထဲတွင် ပြင်းထန်သော ဖိအားတစ်ခု ဖြစ်ပေါ်လာသည်။ ပြည့်လျှံနေသော ချီစွမ်းအားများမှာ ထိုဖိအားအောက်တွင် ထုထည်မှာ ကျုံ့သွားသော်လည်း အရည်အသွေးမှာမူ သိသိသာသာ တိုးတက်လာသည်။ နူးညံ့သော ဂွမ်းလုံးတစ်ခုကို ကျောက်ခဲထက် မာကျောသွားအောင် အဆက်မပြတ် ဖိသိပ်လိုက်သကဲ့သို့ပင်။
ထုထည် လျော့နည်းသွားသည်နှင့်အမျှ ချီစွမ်းအားသိုလှောင်ရာထဲတွင် နေရာလွတ်များ ပြန်လည် ထွက်ပေါ်လာပြီး မူလချီစွမ်းအင်များကို ဆက်လက် သန့်စင်နိုင်ခွင့် ရရှိသွားသည်။
လိပ်အသက်ရှူနည်းပညာ (ဒသမနယ်ပယ်၊ လောကကို တုန်လှုပ်စေပြီး လူထုကို ထိတ်လန့်စေခြင်း၊ ၈၂%)၊ လိပ်အသက်ရှူနည်းပညာ (ဒသမနယ်ပယ်၊ လောကကို တုန်လှုပ်စေပြီး လူထုကို ထိတ်လန့်စေခြင်း၊ ၈၃%) ...
ရပ်တန့်နေသော လိပ်အသက်ရှူနည်းပညာမှာ တိုးတက်မှုများ ပြန်လည် ရှိလာပြီး အကန့်အသတ်ကို နောက်ဆုံးတွင် ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။ နောက်ထပ် တစ်လခန့် အချိန်ကုန်ဆုံးသွားပြန်သည်။
စူးချန်ခုန်း၏ ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားများမှာ အဆက်မပြတ် ဖိသိပ်ခံရသဖြင့် အစပိုင်းတွင် အငွေ့အသွင်ဆောင်ရာမှ တဖြည်းဖြည်း အရည်အသွင်သို့ ပြောင်းလဲလာတော့သည်။ တောက်ပသော အဖြူရောင်နှင့် အပြာနုရောင် ရောယှက်နေသော အရည်များအဖြစ် လိပ်အသက်ရှူနည်း ချီစွမ်းအားနှင့် မူလချီစွမ်းအင်တို့မှာ အစွမ်းကုန် သိပ်သည်းသွားခဲ့သည်။ ၎င်းမှာ အစွန်းကုန် ဖိသိပ်ထားသော 'ဆန်းကြယ်သည့် လိပ်ချီစွမ်းအင်အရည်' ပင် ဖြစ်သည်။
"ဖောက်... ဖောက်... ဖောက်"
ပထမဆုံးသော အရည်တစ်စက် ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် စူးချန်ခုန်းသည် တစ်ခုခု ကျိုးပျက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ၎င်းမှာ အတားအဆီးပင် ဖြစ်သည်။ လိပ်အသက်ရှူနည်းပညာ၏ အတားအဆီးမှာ ကျိုးပျက်သွားခဲ့လေပြီ။
"ဘုန်း... ဘုန်း... ဘုန်း"
ထို့နောက်တွင် စူးချန်ခုန်း၏ ချီစွမ်းအားသိုလှောင်ရာမှာ ပြင်းထန်စွာ ကျုံ့သွားပြီး များပြားလှသော လိပ်အသက်ရှူနည်း ချီစွမ်းအားများမှာ အရည်အဖြစ်သို့ ဖိသိပ်ခံလိုက်ရသည်။ တစ်စက်၊ နှစ်စက် ...
အခန်း (၆၆၆) ဘိုးဘေးတို့၏ ထွန်းလင်းတောက်ပမှုကို တုန်လှုပ်စေသော လိပ်အသက်ရှူနည်းပညာ။ ဆန်းကြယ်သော လိပ်ချီစွမ်းအင်အရည်။ (၃)
အရာအားလုံး တည်ငြိမ်သွားချိန်တွင် စူးချန်ခုန်း၏ အတွင်းအားသိုလှောင်ရာရှိ လိပ်အသက်ရှူနည်း ချီစွမ်းအင် မြူခိုးများကြားတွင် ပုံဆောင်ခဲကဲ့သို့ ကြည်လင်ပြီး အပြာနုရောင်သန်းနေသော အရည်စက် သုံးစက် ပေါ်ပေါက်လာသည်။ ၎င်းတို့သည် အပြာရောင် သလင်းကျောက်များနှင့်ပင် တူညီနေတော့သည်။
ထိုသေးငယ်သော အရည်တစ်စက်ချင်းစီတွင် အံ့အားသင့်ဖွယ်ကောင်းသော နက်နဲမှုများ ပါဝင်နေပြီး စိတ်ကူးလိုက်ရုံမျှဖြင့် တောင်တန်းနှင့် သမုဒ္ဒရာများကိုပင် ဖိနှိပ်နိုင်လောက်သည့် တန်ခိုးအာဏာများ ရှိနေသည်။
လိပ်အသက်ရှူနည်းပညာ (ဧကဒသမနယ်ပယ်၊ ဘိုးဘေးတို့၏ တောက်ပမှုကို တုန်လှုပ်စေခြင်း ၁%)
သက်တမ်း- ၄၇၀ နှစ်
စွမ်းရည်တန်ဖိုး- ၈၄ မှတ်
စူးချန်ခုန်း၏ လိပ်အသက်ရှူနည်းပညာသည် ရွှမ်းမင်လျှို့ဝှက်ကျမ်းစာမှ ဆေးလုံးစုစည်းခြင်းနည်းလမ်းကို လေ့လာကာ အတွင်းအားများကို ဖိသိပ်သန့်စင်ပြီး မူလချီစွမ်းအင် အမျှင်ပေါင်း တစ်ထောင်ကို ပေါင်းစပ်လိုက်ပြီးနောက် နောက်ဆုံးတွင် အဆင့် ၁၁ သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ သူ၏ သက်တမ်းမှာလည်း နောက်ထပ် ၃၀ နှစ် တိုးလာပြီး နှစ်ပေါင်း ၅၀၀ သက်တမ်း အကန့်အသတ်သို့ နီးကပ်လာခဲ့သည်။ စွမ်းရည်တန်ဖိုးမှာလည်း ၈၄ မှတ်အထိ တိုးတက်လာကာ သိသာထင်ရှားသော အောင်မြင်မှု ဖြစ်ပေါ်ခဲ့သည်။
စူးချန်ခုန်း အလေးအနက်ထားသည့်အရာမှာ အဆင့်တက်ပြီးနောက် ရရှိလာသော လိပ်အသက်ရှူနည်းပညာ၏ စွမ်းအားပင် ဖြစ်သည်။
"ငါ့ရဲ့ လိပ်အသက်ရှူနည်း ချီစွမ်းအင် ကိုးဆယ်ရာခိုင်နှုန်းကို အရည်သုံးစက်အဖြစ် ဖိသိပ်သန့်စင်လိုက်တာပဲ။ ဒီအရည်ကို 'ဆန်းကြယ်လိပ်ချီစွမ်းအင်အရည်' လို့ ခေါ်ရမယ်။"
စူးချန်ခုန်းသည် သူ၏ ချီစွမ်းအားသိုလှောင်ရာရှိ အရည်စက်အသစ် သုံးစက်ကို ကြည့်ကာ အမည်ပေးလိုက်သည်။ မူလချီစွမ်းအင် တစ်ထောင်ကို အသုံးပြုကာ ဆေးလုံးစုစည်းနည်းဖြင့် ခက်ခဲစွာ သန့်စင်ပြီးနောက်မှသာ ဤဆန်းကြယ်လိပ်ချီစွမ်းအင်အရည် သုံးစက်ကို ရရှိခဲ့ခြင်း ဖြစ်သည်။
"အပြင်ထွက်ပြီး စမ်းသပ်ကြည့်ရအောင်"
စူးချန်ခုန်းသည် နတ်ပိုးချည်ဂူအတွင်းမှ ထွက်လာကာ သူ၏ အဆင့် ၁၁ လိပ်အသက်ရှူနည်းပညာမှာ မည်မျှ အစွမ်းထက်ကြောင်း စမ်းသပ်ရန် စိတ်အားထက်သန်နေသည်။ ဂိုဏ်းအတွင်း ရုတ်ရုတ်သည်းသည်း ဖြစ်မည်ကို စိုးရိမ်သဖြင့် သူသည် ကြိုးကြာဖြူပုံရိပ်ယောင်ကို အသုံးပြုကာ လူသူကင်းမဲ့သော မိုင်ရာချီဝေးသည့် တောင်တန်းများဆီသို့ ပျံသန်းသွားလေ၏။
ဝူးရှ်
သဘာဝ၏ စွမ်းအင်အမြောက်အမြားကို ဆွဲယူလိုက်ရာ သူ၏ နောက်ကျောတွင် ခြောက်ပေ၊ ခုနစ်ပေခန့် ရှည်လျားသော ကျားဖြူပုံရိပ်ယောင်တစ်ခု ပေါ်ပေါက်လာသည်။ ၎င်း၏ အမွေးအမှင်များမှာ လေထဲတွင် လွင့်မျောနေပြီး အသက်ဝင်နေသကဲ့သို့ပင်။
"ကောင်းပြီ... ဆန်းကြယ်လိပ်ချီစွမ်းအင်အရည်ကို သုံးကြည့်ရအောင်"
စူးချန်ခုန်း၏ စိတ်ကူးလိုက်ရုံမျှဖြင့် ချီစွမ်းအားသိုလှောင်ရာရှိ အရည်တစ်စက်မှာ မှေးမှိန်သွားပြီး ကျားဖြူပုံရိပ်ယောင်အတွင်းသို့ လျင်မြန်စွာ ပေါင်းစပ်သွားသည်။
"ဘုန်း"
ထိုအချိန်တွင် ကြီးမားလှသော ကျားဖြူပုံရိပ်ယောင်မှာ လေထိုးသွင်းလိုက်သကဲ့သို့ ပိုမိုကြီးထွားလာပြီး အလျား ပေနှစ်ဆယ်ကျော်နှင့် အမြင့် ပေခြောက်ဆယ် ခုနစ်ဆယ်ခန့်အထိ ဖြစ်သွားသည်။ မူလက သေချာကြည့်လျှင် စွမ်းအင်များဖြင့် ပေါင်းစပ်ထားသော ပုံရိပ်ယောင်မှန်း သိသာသော်လည်း ဆန်းကြယ်လိပ်ချီစွမ်းအင်အရည်နှင့် ပေါင်းစပ်လိုက်ပြီးနောက်တွင်မူ သာမန်မျက်စိဖြင့် ကြည့်ပါက အစစ်အမှန် သတ္တဝါတစ်ကောင်နှင့် မခွဲခြားနိုင်လောက်အောင် တကယ့်သားရဲအစစ်ကဲ့သို့ ဖြစ်သွားတော့သည်။ ၎င်း၏ ရွှေရောင်မျက်လုံးများနှင့် ကြီးမားသော ကိုယ်ထည်မှာ တကယ့်သားရဲတစ်ကောင် ပြန်လည်ရှင်သန်လာသကဲ့သို့ ဘုရင်တစ်ပါး၏ ခန့်ညားထည်ဝါမှုကို ထုတ်လွှတ်နေသည်။
လူသူကင်းမဲ့သော ဤတောင်တန်းတွင် စူးချန်ခုန်းသည် သူ၏ စွမ်းရည်များကို အကန့်အသတ်မရှိ စမ်းသပ်နိုင်သည်။
ကျားဖြူဟိန်းသံဖြင့် သတ်ဖြတ်ခြင်း။
"ဝေါင်း"
ကျားဖြူပုံရိပ်ယောင်မှာ သူ၏ ကြီးမားသော မေးရိုးများကို ဖွင့်ကာ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေလောက်သော ဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်သည်။
"ဂျိန်း... ဂျိန်း... ဂျိန်း"
ထိုဟိန်းဟောက်သံသည် သားရဲပေါင်း ထောင်သောင်းချီ ပြေးလွှားနေသကဲ့သို့ပင်။ လေပြင်းများ တိုက်ခိုက်ကာ မိုးကြိုးမုန်တိုင်းများ ကျရောက်လာသည်။ မြင့်မားသော သစ်ပင်ကြီးများမှာ ပေါင်းပင်များကဲ့သို့ မြေမှ ကျွတ်ထွက်ကုန်ပြီး တုန် ခါမှုများကြောင့် ကြေမွသွားတော့သည်။ ဟင်းလင်းပြင်ကြီးမှာလည်း အက်ကွဲသွားသော မှန်တစ်ချပ်ကဲ့သို့ အက်ကြောင်းများစွာ ဖြစ်ပေါ်လာသည်။
ဟိန်းဟောက်သံ တစ်ချက်အတွင်းမှာပင် ကောင်းကင်ယံမှ တိမ်တိုက်များမှာ လိပ်ပြာလွင့်မတတ် ဖြစ်သွားပြီး တောင်တန်းကြီးတစ်ခုလုံး တုန်ခါသွားသည်။ အရာအားလုံး ပြန်လည် ငြိမ်သက်သွားချိန်တွင် သူ၏ ရှေ့မျက်နှာစာ ပေရာချီအတွင်းရှိ အရာအားလုံးမှာ ပျက်စီးသွားခဲ့ပြီး လေထုထဲတွင် ပြင်းထန်သော အရှိန်အဝါများ ကျန်ရစ်နေခဲ့သည်။
"ဒီစွမ်းအားက... အရင်ကထက် နှစ်ဆမက ပိုပြီး ပြင်းထန်လာတာပဲ။"
စူးချန်ခုန်း ကိုယ်တိုင်ပင် အံ့အားသင့်သွားမိသည်။ ယခင်က ဝူချင်းရှီကျင့်စဉ်ကို သုံးလျှင် သဘာဝစွမ်းအင်များကိုသာ အဓိကထား အားကိုးခဲ့ရသည်။ ထိုစွမ်းအင်များမှာ မည်မျှပင် များပြားပါစေ အပြင်ပန်းစွမ်းအားများသာ ဖြစ်သည်။ သို့သော် ယခုမူ သဘာဝစွမ်းအင်များသာမက မိမိ၏ ဆန်းကြယ်လိပ်ချီစွမ်းအင်အရည်ကိုပါ ပေါင်းစပ်လိုက်သဖြင့် အတွင်းနှင့် အပြင် စွမ်းအားနှစ်ရပ် ပေါင်းဆုံကာ ယခင်ကထက် အဆပေါင်းများစွာ သန်မာလာခြင်း ဖြစ်သည်။ ၎င်းမှာ နတ်ဘုရားစွမ်းရည်တု အဆင့်ရှိသော သိုင်းပညာနှစ်ခု ထိပ်တိုက်တွေ့ဆုံကာ ပေါက်ကွဲထွက်လာသကဲ့သို့ပင် ဖြစ်သည်။
"ထပ်ပြီး စမ်းကြည့်ရအောင်"
ကြီးမားသော ကျားပုံရိပ်ယောင်မှာ ကြိုးကြာဖြူ ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားသည်။ စူးချန်ခုန်းက ၎င်းပေါ်သို့ ခုန်တက်လိုက်ရာ ကြိုးကြာဖြူမှာ အတောင်ပံများကို ဖြန့်ကာ ဟင်းလင်းပြင်ကို ဖြတ်သန်းပြီး ကောင်းကင်ယံသို့ တိုးဝင်သွားသည်။ ၎င်း၏ အရှိန်မှာ ယခင်ကထက် အဆပေါင်းများစွာ မြန်ဆန်လှသည်။
နဂိုမူလက ပျံသန်းနိုင်သည်ဆိုသော်လည်း အရှိန်မှာ မြေပြင်ပေါ်တွင် ပြေးသည်ထက် သိပ်မမြန်လှပေ။ အတားအဆီးများကို ကျော်ဖြတ်နိုင်ခြင်းကသာ အားသာချက် ဖြစ်ခဲ့သည်။ ယခုမူ ဆန်းကြယ်လိပ်ချီစွမ်းအင်အရည်၏ အထောက်အပံ့ဖြင့် ကြိုးကြာပျံသန်းမှုမှာ အံ့မခန်း မြန်ဆန်လာခဲ့ပြီ ဖြစ်သည်။
"လေမိုးကြိုး မြားအတတ်"
စူးချန်ခုန်းသည် ကြိုးကြာပုံရိပ်ယောင်၏ ကျောပေါ်တွင် ရပ်ရင်း ကြယ်တာရာရွှေလေးကို ထုတ်ယူလိုက်သည်။ ဆန်းကြယ်လိပ်ချီစွမ်းအင်အရည်မှ ထွက်ပေါ်လာသော အစွမ်းထက်သည့် စွမ်းအင်များကြောင့် သူသည် မထိန်းချုပ်နိုင်လောက်အောင် ဖြစ်နေရသည်။ သူသည် ကောင်းကင်ယံသို့ ချိန်ရွယ်ကာ မြားကို ပစ်ထုတ်လိုက်သည်။
"ဝူး"
လေနှင့် မိုးကြိုးများ ဝန်းရံထားသော မြှားတစ်စင်းသည် သက်တန့်တစ်ခုကဲ့သို့ ကောင်းကင်ယံသို့ ပျံတက်သွားပြီး ပြင်းထန်သော စွမ်းအားများဖြင့် ပေါက်ကွဲထွက်သွားတော့သည်။
"ဘုန်း... ဘုန်း"
ကောင်းကင်ယံတွင် နားကွဲလုမတတ် မိုးကြိုးသံများ မြည်ဟည်းသွားပြီး လေပြင်းများကြောင့် တိမ်တိုက်များမှာ ဆွဲဖြဲခံလိုက်ရသည်။ ထိုခဏအတွင်းမှာပင် မှောင်မိုက်နေသော တောင်တန်းကြီးမှာ မိုးကြိုးအလင်းရောင်ကြောင့် လင်းထိန်သွားခဲ့သည်။ ဤမြှားတစ်စင်းသည် နတ်ဘုရားစွမ်းရည်တု တစ်ခု၏ စွမ်းအားကို ပိုင်ဆိုင်ထားသည်။
ထိုအခါမှသာ စူးချန်ခုန်းအတွင်းရှိ အရည်တစ်စက်၏ စွမ်းအင်မှာ ကုန်ခမ်းသွားပြီး မှေးမှိန်သွားကာ သူ၏ အတွင်းအားများကို ပြန်လည် စုပ်ယူ၍ အားဖြည့်နေတော့သည်။
"ဒါက... တကယ့်ကို အစွမ်းထက်လွန်းတယ်။"
စူးချန်ခုန်း အံ့ဩချီးကျူးမိသည်။ လိပ်အသက်နည်း ချီစွမ်းအားသည် နူးညံ့ပြီး မျှတသဖြင့် မည်သည့်စွမ်းအားကိုမဆို ငြင်းပယ်ခြင်း မရှိပေ။ ထို့ကြောင့် ဆန်းကြယ်လိပ်ချီစွမ်းအင်အရည်သည် မည်သည့်သိုင်းပညာကိုမဆို ပံ့ပိုးပေးနိုင်ပြီး ၎င်းတို့၏ စွမ်းအားကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်ခြင်း ဖြစ်သည်။ ၎င်းသည် 'နတ်ဘုရားစွမ်းရည်ကို မွေးမြူခြင်း' အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဝူချင်းရှီကဲ့သို့ပင် 'နတ်ဘုရားစွမ်းရည်တု' တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။
နတ်ဘုရားစွမ်းရည်တု တစ်ခုတည်းကို တတ်မြောက်ထားခြင်းဖြင့်ပင် တိုက်ပွဲများတွင် ထူးကဲသော စွမ်းဆောင်ရည် ရှိနိုင်ပြီး 'မဟာသိုင်းပညာရှင်ကြီး' ဟု ခေါ်ဆိုထိုက်သည်။ စူးချန်ခုန်းမှာမူ နတ်ဘုရားစွမ်းရည်တု နှစ်ခုကို တတ်မြောက်ထားခြင်း ဖြစ်သည်။ ထို့ပြင် ဤစွမ်းရည်နှစ်ခုမှာ တစ်ခုနှင့်တစ်ခု အထောက်အကူပြုကာ စွမ်းအားများကို မြှင့်တင်ပေးနိုင်သည်။
နဂိုမူလက ဝူချင်းရှီ၏ အားသာချက်မှာ စုံလင်ခြင်း ဖြစ်သော်လည်း တိုက်ရိုက်တိုက်ခိုက်မှုတွင်မူ အခြားသော ထိပ်တန်းပညာရပ်များကို မမီနိုင်ခဲ့ပေ။ ရွှမ်းမင်းနှင့် ရင်ဆိုင်စဉ်ကလည်း ဝူချင်းရှီကျင့်စဉ်သက်သက်ဖြင့်ဆိုပါက ခြိမ်းခြောက်နိုင်ရန် ခက်ခဲခဲ့သည်။ သို့သော် ယခု လိပ်အသက်ရှူခြင်းအတတ်၏ 'ဆန်းကြယ်လိပ်ချီစွမ်းအင်အရည်' ပါဝင်လာချိန်တွင်မူ အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့လေပြီ။ သူတတ်မြောက်ထားသော အခြားသော သိုင်းပညာရပ်များအားလုံးကိုလည်း ဤအရည်ဖြင့် အစွမ်းမြှင့်တင်နိုင်မည် ဖြစ်သည်။
ယခုအခါ ရွှမ်းမင်းကဲ့သို့သော ပညာရှင်နှင့် ထပ်မံရင်ဆိုင်ရပါက ဓားသွားဝိညာဉ်ကိုပင် အသုံးမပြုဘဲ စစ်မှန်သော ခွန်အားဖြင့်ပင် တစ်ဖက်လူ၏ နတ်ဘုရားဆေးလုံးကို ချေမှုန်းနိုင်ပြီ ဖြစ်သည်။
"အားနည်းချက်တစ်ခုကတော့ စွမ်းအင်ကုန်ဆုံးတာ အရမ်းများတာပဲ။ ဆန်းကြယ်လိပ်ချီစွမ်းအင်အရည် သုံးစက်ဆိုတာ ငါ့အတွက် အဆင်မခြင် ဖြုန်းပစ်ဖို့ အဆင်မပြေဘူး။"
စူးချန်ခုန်း အနည်းငယ် မကျေနပ်သည့်အရာမှာ အရည်ပမာဏ နည်းပါးနေခြင်းပင် ဖြစ်သည်။ ခုနက စမ်းသပ်မှုတစ်ခုတည်းဖြင့်ပင် အရည်တစ်စက်မှာ စွမ်းအင်ကုန်ခမ်းသွားခဲ့သည်။ ဤအရည်သုံးစက်လုံး ပြည့်ဝနေချိန်တွင်သာ ပြင်းထန်သော တိုက်ကွက် အနည်းငယ်ကို ထုတ်ဖော်နိုင်မည် ဖြစ်သည်။
သို့သော် ၎င်းသည်ပင် ကြောက်မက်ဖွယ်ကောင်းလှပြီဖြစ်သည်။ ဝူချင်းရှီကျင့်စဉ် သို့မဟုတ် ဓားဝိညာဉ်နှင့် ပေါင်းစပ်လိုက်လျှင် ထွက်ပေါ်လာမည့် စွမ်းအားမှာ အတိုင်းအဆမရှိပေ။ နတ်ဘုရားစွမ်းရည်တု အဆင့်ရှိသော သိုင်းပညာနှစ်ခုကို ပိုင်ဆိုင်ထားသော စူးချန်ခုန်း၏ လက်ရှိတိုက်ခိုက်ရေးစွမ်းရည်မှာ သိုင်းပညာရှင်ကြီး များကြားတွင်ပင် အထူးပင် ထင်ရှားနေပေတော့သည်။