← Chapters

အခန်း (၆၇၃-၆၇၅)

Vol. 45 Ch. 673-675

အခန်း (၆၇၃-၆၇၅)

Vol. 45 Ch. 673-675

အခန်း (၆၇၃) မုန်တိုင်းမလာမီ လေငြိမ်ခြင်း။ ဧရာမဝေလငါးဂိုဏ်းထံသို့ ပြန်လည်ရောက်ရှိလာခြင်း။ (၂)

ဤသဲလွန်စကို ရရှိပြီးနောက် မဟာမီးလျှံတော်ဝင်မိသားစုသည် တာ့ဖုန်းပြည်နယ်မြို့သို့ လူလွှတ်၍ ဖေယန်အား ၎င်းနှင့်ပတ်သက်သော ကိစ္စရပ်များကို တိုက်ရိုက်မေးမြန်းခဲ့သည်။ ဖေယန်သည် စူးချန်ခုန်း၏ သတင်းများကို ဖုံးကွယ်ပေးလိုသော်လည်း အရှိန်အဝါကြီးမားသူများ၏ ဖိအားပေးမှုအောက်တွင် သူသိထားသမျှနှင့် ပြောခွင့်ရှိသမျှတို့ကိုသာ ထုတ်ပြောခဲ့ရသည်။

စူးချန်ခုန်းသည် တစ်ခါက တာ့ဖုန်းပြည်နယ်မြို့ရှိ ထောက်ပို့ဌာနတွင် ခိုလှုံခဲ့ဖူးကြောင်း၊ ပန်းပဲဆရာအဖြစ် လုပ်ကိုင်ခဲ့ကြောင်းနှင့် ကြာနက်ဂိုဏ်းမှ ခေါင်းဆောင်ငယ်တစ်ဦးကိုပင် သတ်ဖြတ်ခဲ့ဖူးကြောင်း သူတို့ သိသွားကြသည်။ ဟုန်ကျန်းရှန့် မိစ္ဆာသိုင်းသမား ဖြစ်သွားခဲ့ခြင်းနှင့် စူးချန်ခုန်းက သူ့အယောင်ဆောင်ကာ နေဝင်ချိန် ဆည်းဆာတိုက်ပွဲတွင် ပါဝင်ခဲ့ခြင်းတို့ကိုမူ ဖေယန်က ထိမ်ချန်ထားခဲ့သည်။ ထိုအကြောင်းများကို ထုတ်ပြောမိပါက သူ၏ ဖေမိသားစုအတွက် ဒုက္ခ အကြီးအကျယ် ကျရောက်လာနိုင်သည်ကို သူ သိထားသောကြောင့် ဖြစ်သည်။

ထို့ကြောင့် သိထားသည်များထဲမှ အချို့ကိုသာ ရွေးချယ်ပြောပြခဲ့သည်။ ထို့နောက်တွင် စူးချန်ခုန်းသည် ဗဟိုပြည်နယ်သို့ တစ်ဦးတည်း ထွက်ခွာသွားခဲ့ပြီး နောက်ပိုင်းတွင် အဆက်အသွယ် မရတော့ကြောင်း ပြောပြခဲ့သည်။ 'စူးထိုက်လိုင်' ၏ အတိတ်နှင့် ဇာစ်မြစ်ကိုမူ ဖေယန်ကိုယ်တိုင်လည်း ရှင်းရှင်းလင်းလင်း မသိပါပေ။ တစ်ဖက်လူမှာ အလွန်ပင် ထူးခြားဆန်းကျယ်သူဖြစ်ပြီး သိုင်းပညာရပ်များစွာတွင် ကျွမ်းကျင်ကာ အရှိန်အဟုန်ဖြင့် တိုးတက်နေသူဖြစ်ကြောင်းသာ သူ သိသည်။

ထိုမျှနှင့်ပင် လူများကို အံ့အားသင့်စေရန် လုံလောက်လှပြီ ဖြစ်သည်။ ထိုစဉ်က စူးချန်ခုန်းမှာ အသက် ၂၀ ခန့်သာ ရှိသေးပြီး ယခု ၇ နှစ်၊ ၈ နှစ်အကြာတွင် ဗဟိုပြည်နယ်၌ 'တာ့ဝူဖုန်း' ဟူသော အမည်ဖြင့် အံ့မခန်း အောင်မြင်မှုများကို ရရှိထားခဲ့သည်။ သူသည် မူလဓာတ်ငါးပါး သိုင်းပညာရှင် ချီကန်းကို ခုတ်ပိုင်းခဲ့သည်။ အသက်ခြွေအဖွဲ့အစည်း၏ အကြီးအကဲ ထန်ယို့ကို သတ်ဖြတ်ခဲ့သည်။ အဖွဲ့၏ ဒုတိယအရှင်နှင့် တန်းတူ တိုက်ခိုက်နိုင်ခဲ့သည်။ မိစ္ဆာဂိုဏ်းများကို သိမ်းပိုက်ခဲ့ပြီး ထိပ်တန်းပညာရှင် ရွှမ်းမင်ကိုပင် သတ်ဖြတ်ခဲ့သည်။

တစ်ဖက်လူ၏ အသက်မှာ ၃၀ ပင် မပြည့်သေးဘဲ ဤမျှအဆင့်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။ မည်သူမဆို ဤသူသည် ခေတ်တစ်ခေတ်၏ စစ်မှန်သော ပါရမီရှင် ဖြစ်ကြောင်း ပြောနိုင်ပေလိမ့်မည်။ ထို့ကြောင့် တော်ဝင်မိသားစုသည် စူးချန်ခုန်းနှင့် ရင်းနှီးသော မိစ္ဆာနှိမ်နင်းရေးဌာနကို အသုံးပြု၍ နတ်ဘုရားမျိုးစေ့ အပိုင်းအစများ သို့မဟုတ် ပြည့်စုံသော နတ်ဘုရားမျိုးစေ့တစ်ခုဖြင့် သူ့ကို စည်းရုံးရန် ကြိုးစားခိုင်းခြင်း ဖြစ်သည်။

သို့သော် စူးချန်ခုန်းမှာ တုန်လှုပ်ခြင်း မရှိပေ။ အကယ်၍ သူသာ တော်ဝင်မိသားစု၏ အုပ်စုထဲသို့ ဝင်ရောက်လိုက်ပါက နတ်ဘုရားမျိုးစေ့ကို ရရှိရန်မှာ မလွယ်ကူလှဘဲ သင့်တော်သော တန်ဖိုးတစ်ခု ပြန်လည်ပေးဆပ်ရမည်ကို သူ သိပါသည်။ ယခင်ကလည်း တော်ဝင်မိသားစုက စူးချန်ခုန်းကို တစ်ကြိမ် ဖိတ်ခေါ်ခဲ့ဖူးသည်။ ထိုစဉ်က သွေးကြောပြတ်တောက်နေသူအဖြစ် ဟန်ဆောင်ထားသော စူးချန်ခုန်းကို 'မီးလျှံနဂါးအစောင့်တပ်'ထဲသို့ ဝင်ရန်နှင့် သက်စောင့်ဆေးလုံးတစ်လုံး ပေးမည်ဟု ကမ်းလှမ်းခဲ့ဖူးသည်။ ၎င်းမှာ ချုပ်ကိုင်မှုအောက်တွင် နေထိုင်ရမည် ဖြစ်သဖြင့် စူးချန်ခုန်းက ငြင်းပယ်ခဲ့သည်။

အမှန်စင်စစ် စူးချန်ခုန်းသည် နတ်ဘုရားမျိုးစေ့ကို ထိုမျှလောက် အငမ်းမရ မဖြစ်ပေ။ သူသည် မိမိ၏ အားထုတ်မှုဖြင့်သာ သိုင်းပညာနတ်ဘုရားစွမ်းရည်များကို ကျင့်ကြံကာ ပြီးပြည့်စုံမှုသို့ ရောက်ရှိရန် ရည်မှန်းထားသည်။

"ကျွန်တော် စိတ်မဝင်စားဘူး။ အေးအေးဆေးဆေးပဲ ကျင့်ကြံချင်တယ်" စူးချန်ခုန်းက တိုက်ရိုက် ငြင်းဆိုလိုက်သည်။

လျန်ထျန်းလုက အလျင်အမြန်ပင် အကြံပေးပြန်သည်။ "ညီလေးတာ့... ပရမ်းပတာခေတ်ကြီးက ရောက်လာပြီ။ ဘယ်သူမှ ရှောင်လွှဲလို့ မရဘူး။ ညီလေးရဲ့ အစွမ်းနဲ့ဆိုရင် ဒီလှိုင်းလုံးတွေကြားထဲမှာ မပါဘဲနေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီမငြိမ်မသက်မှုတွေကြားမှာ အခွင့်အရေးကို အရယူပြီး အမြင့်ဆုံးကို တက်လှမ်းနိုင်ဖို့ အစောကြီးကတည်းက ပြင်ဆင်ထားတာ ပိုကောင်းတယ်။"

"အဲ့အချိန်ကျမှ ပြောကြတာပေါ့ဗျာ။ ကျွန်တော့်မှာ လုပ်စရာရှိသေးလို့ အခု သွားတော့မယ်" စူးချန်ခုန်းက မတုန်မလှုပ် တုံ့ပြန်ကာ ထွက်ခွာရန် ထရပ်လိုက်သည်။

"ဟင်း"

၎င်းကို မြင်သောအခါ လျန်ထျန်းလုက သက်ပြင်းချလိုက်ပြီး သူ့ကို ဆွဲမထားတော့ပေ။ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် စိတ်ပိုင်းဖြတ်ပြီးပါက အတင်းအကျပ် လုပ်၍မရမှန်း သူ သိပါသည်။

မဟာမီးလျှံတော်ဝင်ဘုရင်မိသားစု၏ ဖိတ်ခေါ်မှုကို ငြင်းပယ်ပြီးနောက် စူးချန်ခုန်းသည် ခရီးစတင်ခဲ့သည်။ သူ၏ လက်ရှိအဆင့်အရ မည်သူမျှ သူ့ကို အတင်းအကျပ် မလုပ်နိုင်သလို ဘုရင်မိသားစုသည်လည်း မရူးမိုက်ပါပေ။ အကယ်၍ စူးချန်ခုန်းက သူတို့အုပ်စုထဲ မဝင်လျှင်ပင် သူ့ကို ရန်ဘက်ဖြစ်အောင် လုပ်မည့်အစား ပူးပေါင်းဆောင်ရွက်မှုကိုသာ ရွေးချယ်ကြပေလိမ့်မည်။

"အခု နေရာတိုင်းမှာ ပရမ်းပတာ ဖြစ်နေပြီ... ငါလည်း ပြင်ဆင်မှု နဲနဲပါးပါး လုပ်ထားဖို့ လိုမယ်..."

လျန်ထျန်းလု၏ ဖိတ်ခေါ်မှုကို ငြင်းပယ်ခဲ့သော်လည်း အင်အားစုအားလုံး လှုပ်ရှားနေပြီး နေရာတိုင်းတွင် မငြိမ်မသက်မှုများ ဖြစ်ပေါ်နေကြောင်း သူ သိသွားခဲ့သည်။ စူးချန်ခုန်း စိုးရိမ်သည်မှာ ဤခက်ခဲသော အချိန်များတွင် သူနှင့် ပတ်သက်နေသော မိတ်ဆွေများ ဒုက္ခရောက်မည်ကိုပင်။

"ငါ သံနက်အိမ်တော်ကို ပြန်ပြီး ဧရာမဝေလငါးဂိုဏ်းကို သွားကြည့်ဖို့ လိုမယ်" ဟု စူးချန်ခုန်း ဆုံးဖြတ်လိုက်သည်။

သူ၏ ခရီးစဉ်တစ်လျှောက် နေရာများစွာတွင် နေထိုင်ကျင့်ကြံခဲ့ဖူးသည်။ တာ့ဖုန်းပြည်နယ်မြို့မှ ဖေမိသားစုအတွက်မူ စိုးရိမ်စရာ မရှိပေ။ အကြောင်းမှာ သူတို့သည် တော်ဝင်မိသားစုအပေါ် သစ္စာရှိကြပြီး ဒုက္ခရောက်ပါက တော်ဝင်မိသားစုထံမှ အကူအညီ ရယူနိုင်သောကြောင့် ဖြစ်သည်။ ဝိညာဉ်လမ်းစဉ်ဂိုဏ်းမှာလည်း စူးချန်ခုန်း ကိုယ်တိုင် ရှိနေသလို မူလနယ်ပယ် သိုင်းပညာရှင်များစွာကိုလည်း လေ့ကျင့်ပေးထားပြီးဖြစ်ရာ လောလောဆယ် စိုးရိမ်စရာ မရှိသေးပေ။

စူးချန်ခုန်း အစိုးရိမ်ဆုံးမှာ သံနက်အိမ်တော်နှင့် ဧရာမဝေလငါးဂိုဏ်း ဖြစ်သည်။ သံနက်အိမ်တော် ပန်းပဲရုံမှာ စူးချန်ခုန်း၏ မူလအိမ်ဂေဟာ ဖြစ်ပြီး ထိုပန်းပဲဆရာများမှာ မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း မရှိကြပေ။ ယခင်ကလည်း ဒုက္ခများနှင့် ကြုံတွေ့ခဲ့ဖူးရာ ယခုကဲ့သို့ နေရာတိုင်းတွင် ပရမ်းပတာ ဖြစ်နေချိန်တွင် မတော်တဆ တစ်ခုခု ဖြစ်ပွားပါက သံနက်အိမ်တော်မှာ ပျက်စီးသွားနိုင်သည်။

နောက်ထပ် စိုးရိမ်စရာက ဧရာမဝေလငါးဂိုဏ်း ဖြစ်သည်။ ထိုဂိုဏ်းသည် တောနက်စီရင်စုမြို့တော်တွင် ထိပ်တန်းဂိုဏ်းတစ်ခု ဖြစ်သော်လည်း သူတို့တွင် ခိုင်မာသော နောက်ခံ သို့မဟုတ် ထောက်ပံ့မှု မရှိကြပေ။ ထို့ကြောင့် မငြိမ်မသက်ဖြစ်နေသော အချိန်များတွင် ပစ်မှတ်ထားခံရရန် လွယ်ကူလှသည်။

ယခင်ကဆိုလျှင် ခရီးလမ်းမှာ ဝေးကွာလှသဖြင့် အသွားအပြန် ခရီးစဉ်မှာ အချိန်များစွာ ကုန်ဆုံးမည်ဖြစ်ရာ မလိုအပ်ဟု ထင်ရသည်။ သို့သော် ယခုအခါတွင်မူ အခြားပြည်နယ်သို့ သွားရခြင်းမှာ ရက်အနည်းငယ်သာ ကြာမြင့်တော့သည်။ လျန်ထျန်းလု၏ စကားများကို ကြားပြီးနောက် စူးချန်ခုန်းသည် မကြာမီ ရောက်လာတော့မည့် ရှုပ်ထွေးမှုများကြားတွင် သူ၏ ညီအစ်ကို မိတ်ဆွေဟောင်းများ အခက်အခဲနှင့် ကြုံတွေ့ရမည်ကို စိုးရိမ်မိသည်။ သူ၏ လက်ရှိ အစွမ်းအစနှင့် နည်းလမ်းများအရ သူတို့ကို ကူညီပေးခြင်းမှာ အသေးအဖွဲကိစ္စသာ ဖြစ်သဖြင့် စိတ်အေးစေရန်အတွက် သူကိုယ်တိုင် သွားရောက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ဖေးယွမ်မြို့မှ ထွက်လာပြီးနောက် စူးချန်ခုန်းသည် ဝိညာဉ်ကြိုးကြာပျံသန်းခြင်းအတတ်ကို အသုံးပြုကာ ကြိုးကြာဖြူကို စီးနင်းပြီး တာ့ဖုန်းပြည်နယ်ဆီသို့ ဦးတည်ခဲ့သည်။ သူက သံနက်အိမ်တော်သို့ ပြန်ရန် စီစဉ်နေခြင်း ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ ယခုအခါ မည်သို့ရှိနေမည်ကို သူ သိချင်နေမိသည်။

နာရီဝက်ခန့်အကြာတွင် စူးချန်ခုန်းသည် သံနက်အိမ်တော်ရုံအနီးရှိ ချင်းရွှေမြို့သို့ ရောက်ရှိခဲ့သည်။ စူးချန်ခုန်းသည် ပန်းပဲရုံအတွင်းသို့ တိုက်ရိုက်မဝင်ရောက်ခဲ့ပေ။ အကြောင်းမှာ ယခင်က သူသည် မြင်းနက်ဂိုဏ်းကို နှိမ်နင်းပြီးနောက် ထွက်ခွာခဲ့ခြင်းဖြစ်ရာ သူ ပြန်ရောက်လာခြင်းမှာ ပန်းပဲရုံအတွက် မလိုအပ်သော ဒုက္ခများ သယ်ဆောင်လာသလို ဖြစ်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

သံနက်အိမ်တော် အပြင်ဘက်မှနေ၍ စူးချန်ခုန်းသည် နတ်ပိုးချည်မျှင်များကို ထုတ်လွှတ်ကာ အတွင်းပိုင်း အခြေအနေကို စုံစမ်းကြည့်လိုက်သည်။

"ဒေါင်... ဒေါင်... ဒေါင်"

သံမဏိနက်ပန်းပဲရုံအတွင်းတွင် ပုံမှန်အတိုင်းပင် သံတူထုသံများ မပြတ်တမ်း ထွက်ပေါ်နေပြီး ပန်းပဲဆရာတစ်ဦးစီမှာ လက်နက်များ ပြုလုပ်ရင်း အလုပ်ရှုပ်နေကြသည်။ စူးချန်ခုန်းသည် ရင်းနှီးနေသော မျက်နှာများကို တွေ့လိုက်ရသည်။ တာဝန်ခံလျှို၊ ယန်ချောင်နှင့် အခြားသူများမှာ သိသိသာသာ အိုမင်းသွားကြပြီ ဖြစ်သည်။ ထို့ပြင် နောက်ပိုင်းမှ ဝင်ရောက်လာပုံရသည့် သူစိမ်းမျက်နှာသစ်များကိုလည်း တွေ့ရသည်။

အခန်း (၆၇၄) မုန်တိုင်းမလာမီ လေငြိမ်ခြင်း။ ဧရာမဝေလငါးဂိုဏ်းထံသို့ ပြန်လည်ရောက်ရှိလာခြင်း။ (၃)

၎င်းအပြင် စူးချန်ခုန်းသည် သံနက်ပန်းပဲရုံအတွင်း၌ လက်ဝှေ့ကျင့်နေကြသော လူအယောက်သုံးဆယ်ခန့်ကိုလည်း တွေ့လိုက်ရသည်။ သူတို့မှာ ကျွမ်းကျင်ပုံရပြီး ကောင်းမွန်စွာ လေ့ကျင့်ခံထားရကြောင်း သိသာပါသည်။ နတ်ပိုးချည်မျှင်၏ အာရုံခံနိုင်စွမ်းမှတစ်ဆင့် သန်မာသော အမျိုးသားတစ်ဦး ထွက်လာသည်ကို စူးချန်ခုန်း မြင်လိုက်ရသည်။ ထိုသူမှာ မော့ထျဲပင် ဖြစ်သည်။

မော့ထျဲမှာ စူးချန်ခုန်း ထွက်ခွာသွားစဉ်ကထက် များစွာ အိုမင်းသွားခဲ့ပြီဖြစ်ပြီး သူ၏ ဦးခေါင်းတွင် ဆံပင်ဖြူအချို့ပင် ပေါက်နေပြီ ဖြစ်သည်။ သို့သော် သူက သန်စွမ်းဖျတ်လတ်နေဆဲပင်။ မြင်းနက်ဂိုဏ်းနှင့် ကြုံတွေ့ခဲ့ရပြီးနောက် မော့ထျဲသည် ပန်းပဲရုံသားများကို လူစုခွဲခဲ့ဖူးသည်။ သို့သော် မြင်းနက်ဂိုဏ်းကို စူးချန်ခုန်းက နှိမ်နင်းပေးခဲ့ပြီးနောက်တွင် မော့ထျဲသည် မိမိကိုယ်ကို ကာကွယ်ရန်အတွက် သိုင်းအင်အား လိုအပ်ကြောင်း နားလည်သွားခဲ့ပြီး "ပန်းပဲရုံစောင့်ရှောက်ရေးအဖွဲ့" ကို ဖွဲ့စည်းခဲ့သည်။ သူတို့၏ တာဝန်မှာ သိုင်းပညာကျင့်ကြံရန်နှင့် သံနက်အိမ်တော်ကို ပြင်ပရန်သူများထံမှ ကာကွယ်ရန် ဖြစ်သည်။

"ကန်းအာ... ခဏလောက် နားလိုက်ဦးလေ"

မော့ထျဲသည် လက်ဝှေ့ကျင့်နေသော ကောင်လေးတစ်ဦးအနီးသို့ ချဉ်းကပ်ကာ နူးညံ့စွာ ပြောလိုက်သည်။ ထိုကောင်လေးမှာ အသက် ၁၀ နှစ်ခန့်သာ ရှိသေးသော်လည်း အရပ်ရှည်ကာ ခန္ဓာကိုယ် တောင့်တင်းလှသည်။ သူသည် ခန္ဓာကိုယ်သန်စွမ်းစေသော လက်ဝှေ့ကျင့်စဉ်တစ်ခုကို လေ့ကျင့်နေခြင်း ဖြစ်သည်။

"ဟင်.. အဲဒါ ပန်းပဲရုံပိုင်ရှင်ရဲ့ သားလား။"

စူးချန်ခုန်း အနည်းငယ် အံ့ဩသွားသည်။ ထိုကောင်လေးမှာ ရိုးသားပုံရပြီး မော့ထျဲနှင့် ခုနစ်ဆယ်ရာခိုင်နှုန်းခန့် တူလှသည်။ သူ ထွက်ခွာသွားပြီး မကြာမီမှာပင် မော့ထျဲက အိမ်ထောင်ကျကာ ကလေးရခဲ့ပုံရသည်။ သူ၏သားကို မော့ကန်းဟု အမည်ပေးထားခြင်း ဖြစ်သည်။

"အဖေ... သား မပင်ပန်းပါဘူး။ နောက်ထပ် နည်းနည်းလောက် ထပ်ကျင့်ဦးမယ်။ သံလက်သီးကျင့်စဉ်မှာ အောင်မြင်မှုရတော့မှ 'သံထည်သိုင်းသင်တန်းကျောင်း' ရဲ့ ဆရာက သားကို တပည့်အဖြစ် လက်ခံမှာ။" ဟု အရပ်ရှည်ရှည်နှင့် မော့ကန်းလေးက ချွေးများကို သုတ်ရင်း ပြုံးကာ ပြောလိုက်သည်။

ဒါကိုမြင်တော့ မော့ထျဲက သူ့ကို မတားတော့ပေ။ မော့ကန်းသည် ပန်းပဲအလုပ်ကို စိတ်မဝင်စားဘဲ သိုင်းပညာကျင့်ကြံရခြင်းကိုသာ နှစ်သက်ပြီး ပင်ပန်းဆင်းရဲခြင်းကိုလည်း မကြောက်ပေ။ သူသည် အသက် လေး၊ ငါးနှစ်အရွယ်ကတည်းက လက်ဝှေ့ကျင့်လာခဲ့ခြင်းဖြစ်ပြီး ချင်းရွှေမြို့ရှိ သိုင်းသင်တန်းကျောင်းများသို့ပင် သွားရောက် သင်ယူခဲ့သည်။ မိုထျဲကလည်း သူ့ကို အပြည့်အဝ ထောက်ပံ့ပေးထားသည်။

"သူက ချန်ကုန်းနဲ့ အများကြီး တူတာပဲ... ချန်ကုန်းလည်း နေ့တိုင်း မိုးရွာရွာ၊ နေပူပူ လက်ဝှေ့ကျင့်ခဲ့တာ" ဟု မော့ထျဲသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ထွက်ခွာသွားခဲ့သော လူငယ်လေးအကြောင်းကို တွေးမိရင်း စိတ်ထဲတွင် တမ်းတနေမိသည်။ သူသည် ထိုလူငယ်ကို တစ်ခါက သူ၏ ဆက်ခံသူအဖြစ် သတ်မှတ်ခဲ့ဖူးသော်လည်း ထိုလူငယ်မှာ အခြားသော ရည်မှန်းချက်များရှိသည့် ပါရမီရှင်တစ်ဦး ဖြစ်ခဲ့သည်။ သူသည် သံနက်အိမ်တော်၏ အခက်အခဲများစွာကို တိတ်တဆိတ် ကူညီပေးခဲ့ပြီးနောက် နှစ်ပေါင်းများစွာ သတင်းအစအန မရဘဲ ထွက်ခွာသွားခဲ့သည်။

"မော့ကန်းကို ကူညီပေးလိုက်တာပေါ့"

သံနက်အိမ်တော်၏ အခြေအနေကို မြင်ပြီးနောက် စူးချန်ခုန်း ဆုံးဖြတ်လိုက်သည်။ မော့ကန်းမှာ သိုင်းပညာကျင့်ကြံခြင်းကို ဝါသနာပါပုံရသည်။ သို့ဖြစ်ရာ သူသည် မော့ကန်းကို အားထုတ်မှုအချို့ ပြုလုပ်ပေးရန် ဆုံးဖြတ်လိုက်သည်။ သို့မှသာ မော့ကန်းသည် သန်မာလာပြီး သံနက်ပန်းပဲရုံ၏ အေးချမ်းမှုကို ကာလအတန်ကြာအောင် ထိန်းသိမ်းနိုင်ပေလိမ့်မည်။

ညဉ့်နက်ချိန်တွင် မော့ကန်းမှာ ပင်ပန်းလွန်းသဖြင့် ချက်ချင်းပင် အိပ်ပျော်သွားခဲ့သည်။ သူ၏ မျက်လုံးထဲတွင် မျှော်လင့်ချက်အပြည့်ဖြင့် "ငါသာ သံထည် သိုင်းသင်တန်းကျောင်းရဲ့ တပည့်ဖြစ်သွားရင် နောင်တစ်ချိန်မှာ နတ်ဘုရားခွန်အားအဆင့် ဒါမှမဟုတ် နတ်ဘုရားရဲစွမ်းသတ္တိအဆင့်ကို ရောက်နိုင်မယ်။ အဲဒီကျရင် ချင်းရွှေမြို့မှာ ငါနဲ့ ယှဉ်နိုင်တဲ့သူ မရှိသလောက် ဖြစ်သွားမှာပဲ" ဟု တွေးနေခဲ့သည်။

မော့ကန်း အိပ်မောကျသွားပြီးနောက် အနက်ရောင်နှင့်လူတစ်ဦး အခန်းထဲတွင် တိတ်တဆိတ် ပေါ်လာသည်။ ထိုသူမှာ စူးချန်ခုန်း ဖြစ်သည်။

"ဒီမော့ကန်းရဲ့ ပါရမီနဲ့ ခန္ဓာကိုယ်က သာမန်အဆင့်ပဲ ရှိတယ်။ ခွန်အားသန့်စင်ခြင်းနဲ့ အတွင်းအားနယ်ပယ်ကပဲ သူ့ရဲ့ ကန့်သတ်ချက် ဖြစ်လိမ့်မယ်။ နတ်ဘုရားခွန်အားအဆင့်ကို ရောက်ဖို့ ခက်လိမ့်မယ်... သူ့ရဲ့ သွေးကြောတွေကို ပြန်လည်ပြုပြင်ပြီး အရိုးတွင်းခြင်ဆီတွေကို သန့်စင်ပေးလိုက်တာပေါ့"

စူးချန်ခုန်းသည် မော့ကန်း၏ ရင်ဘတ်ပေါ်သို့ လက်တစ်ဖက် တင်လိုက်ကာ နတ်ပိုးချည် ချီစွမ်းအားဖြင့် စမ်းသပ်ကြည့်လိုက်ရာ မော့ကန်း၏ ပါရမီနှင့် ခန္ဓာကိုယ်အခြေအနေကို ခန့်မှန်းမိသွားသည်။ ပါရမီရှင်ဆိုသည်မှာ ရှားပါးလှသည် မဟုတ်ပါလား။ မော့ကန်းမှာ ညံ့ဖျင်းသူ မဟုတ်သလို ပါရမီရှင်လည်း မဟုတ်ပေ။

စူးချန်ခုန်းသည် စိတ်ကူးဖြင့် ဆန်းကြယ်လိပ်ချီစွမ်းအင်အရည် အနည်းငယ်ကို ထုတ်လွှတ်ကာ မော့ကန်း၏ ခန္ဓာကိုယ်အတွင်းသို့ တစ်ပတ် လှည့်ပတ်စေလိုက်သည်။ အိပ်မောကျနေသော မော့ကန်းသည် တစ်ကိုယ်လုံးတွင် ရေပူစမ်း၌ စိမ်နေရသကဲ့သို့ နွေးထွေးကာ သက်သောင့်သက်သာရှိမှုကို ခံစားလိုက်ရသည်။

လက်ဖက်ရည်တစ်ခွက်စာ အချိန်ခန့်အကြာတွင် စူးချန်ခုန်းသည် လက်ကို ပြန်ရုပ်လိုက်သည်။ "ငါ့ရဲ့ ဆန်းကြယ်လိပ်ချီစွမ်းအင်အရည်နဲ့ သွေးကြောတွေကို ပြန်လည်ပြုပြင်ပေးလိုက်ပြီဆိုတော့ မော့ကန်းအနေနဲ့ သိုင်းပညာကျင့်ကြံရာမှာ နှစ်ဆပိုပြီး ထိရောက်လာလိမ့်မယ်။ သူသာ ကြိုးစားမယ်ဆိုရင် ခန္ဓာကိုယ်သန့်စင်ခြင်း မဟာအောင်မြင်မှုအဆင့်ကို ရောက်ဖို့ဆိုတာ မခက်ခဲတော့ဘူး။"

စူးချန်ခုန်းအနေဖြင့် အရင်းအမြစ်များကို အသုံးပြုကာ မော့ကန်းကို ချီသွေးနယ်ပယ် သို့မဟုတ် မူလနယ်ပယ်အထိ ကူညီပေးနိုင်သော်လည်း ၎င်းမှာ မလိုအပ်ပေ။ ချင်းရွှေမြို့မှာ သေးငယ်သော နေရာလေးတစ်ခုသာ ဖြစ်ပြီး ခန္ဓာကိုယ်သန့်စင်ခြင်း မဟာအောင်မြင်မှုအဆင့်ရှိသူ တစ်ဦးတည်းဖြင့်ပင် ထိုဒေသကို လွှမ်းမိုးနိုင်သည်။ သံနက်အိမ်တော်အတွက် အေးချမ်းမှုသာ လိုအပ်သည်။‌ မော့ကန်းကသာ အာရုံစိုက်ခံရလွန်းပါက ပန်းပဲရုံအတွက် ဒုက္ခများ သယ်ဆောင်လာနိုင်သဖြင့် ဤမျှနှင့်ပင် လုံလောက်လှပြီ ဖြစ်သည်။

အားလုံးပြီးစီးပြီးနောက် စူးချန်ခုန်းသည် တိတ်တဆိတ် ထွက်ခွာခဲ့သည်။

"တကယ်ကို နေလို့ကောင်းလိုက်တာ။"

နောက်တစ်နေ့ နံနက်တွင် မော့ကန်း နိုးလာသောအခါ တစ်ကိုယ်လုံး လန်းဆန်းနေသည်ဟု ခံစားရသည်။ သူ တစ်ခါမှ ဒီလောက်သက်သောင့်သက်သာ အိပ်မပျော်ခဲ့ဖူးသလို သူ၏ ခွန်အားများမှာလည်း အလွန်ပင် ပြည့်ဝနေသည်။ သူ၏ တစ်ကိုယ်လုံးမှာ ပေါ့ပါးနေပြီး စိတ်ကြည်လင်နေကာ အသစ်ပြန်လည် မွေးဖွားလာသကဲ့သို့ ခံစားနေရသည်။

"ငါ ဘာလို့ ချွေးတွေ ဒီလောက်ထွက်နေတာလဲ။ မနေ့ညက အရမ်းပူလို့လား။ ရေချိုးရမယ်။"

ထို့နောက် မော့ကန်းသည် သူ၏ ခန္ဓာကိုယ်မှ ထွက်လာသော အနံ့ဆိုးများကို သတိပြုမိသွားသည်။ ၎င်းမှာ သွေးကြောများကို ပြန်လည်ပြုပြင်ပေးခြင်းကြောင့် ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေးများ ထွက်လာခြင်း ဖြစ်သည်။ သူသည် ချက်ချင်းပင် ရေချိုးခန်းသို့ ပြေးသွားတော့သည်။

တစ်စုံတစ်ယောက်က သူ့ကို အသွင်ပြောင်းလဲပေးခဲ့သည်ကို မော့ကန်း မသိပါပေ။ အနာဂတ်တွင် သူ၏ ခန္ဓာကိုယ်သန်စွမ်းမှု ကျင့်ကြံခြင်းမှာ နှစ်ဆပိုမို ထိရောက်လာမည်ဖြစ်ပြီး သူ အိပ်မက်မက်ခဲ့သော ခန္ဓာကိုယ်သန့်စင်ခြင်း မဟာအောင်မြင်မှုအဆင့်သို့ ရောက်ရှိနိုင်ပေလိမ့်မည်။

"ချင်းရွှေမြို့လို ဝေးလံတဲ့နေရာမှာရှိတဲ့ သံနက်အိမ်တော်အတွက်တော့ အန္တရာယ် သိပ်မရှိနိုင်ဘူး။ ထပ်ပြီး ဝင်ပါပေးဖို့ မလိုတော့ဘူး။ ဧရာမဝေလငါးဂိုဏ်းဆီကို သွားကြည့်ရအောင်။"

စူးချန်ခုန်းသည် တိတ်တဆိတ် ထွက်ခွာလာခဲ့ပြီး တောနက်စီရင်စုပြည်နယ်မြို့ရှိ ဧရာမဝေလငါးဂိုဏ်းဆီသို့ ဦးတည်ခဲ့သည်။ ဧရာမဝေလငါးဂိုဏ်းမှာ စူးချန်ခုန်း အဂ္ဂိရတ်ပညာရှင်အဖြစ် နှစ်အနည်းငယ် ကြာအောင် နေထိုင်ခဲ့ဖူးသည့် နေရာဖြစ်ပြီး အမှတ်တရများစွာ ကျန်ရှိနေခဲ့သည်။

တောနက်ပြည်နယ်မြို့၏ ထိပ်တန်းဂိုဏ်းတစ်ခု ဖြစ်သဖြင့် ဧရာမဝေလငါးဂိုဏ်းမှာ နှစ်ပေါင်းများစွာအတွင်း ကြီးမားသော ပြဿနာများနှင့် မကြုံတွေ့ခဲ့ရပေ။ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ယဉ်ကျေးပျူငှာသော အသွင်ရှိသည့် စူးချန်ခုန်းသည် ဧရာမဝေလငါးဂိုဏ်း၏ အပေါက်ဝတွင် ပေါ်လာခဲ့ရာ ဂိုဏ်း၏ အစောင့်များမှာ ချက်ချင်းပင် သတိပြုမိသွားကြသည်။

"ခင်ဗျားက... ဆရာစူး မဟုတ်လား။"

ဧရာမဝေလငါးဂိုဏ်းမှ သိုင်းပညာရှင်တစ်ဦးသည် စူးချန်ခုန်းကို မြင်သောအခါ အနည်းငယ် အံ့ဩသွားပြီး စူးချန်ခုန်း မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်း မှတ်မိသွားသည်။ စူးချန်ခုန်းသည် ဂိုဏ်းတွင် ရှိနေစဉ်က ဆေးဖော်စပ်သူအဖြစ် အေးဆေးစွာ နေထိုင်ခဲ့သော်လည်း ဂိုဏ်းသားများစွာမှာ ဆေးဖော်စပ်ပေးရန် သူ့ကို အကူအညီ တောင်းခဲ့ဖူးသဖြင့် အစောင့်အချို့မှာ သူ့ကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိခြင်း ဖြစ်သည်။

"ဟုတ်ပါတယ်၊ ကျွန်တော်ပါ။ ဂိုဏ်းချုပ်နဲ့ ဒုတိယသခင်မလေးကို အကြောင်းကြားပေးလို့ ရမလား။" ဟု စူးချန်ခုန်းက ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

စူးချန်ခုန်းသည် ဧရာမဝေလငါးဂိုဏ်းတွင် ပြဿနာတစ်စုံတစ်ရာ ရှိမရှိ စစ်ဆေးရန် ပြန်လာခြင်း ဖြစ်သည်။ ဂိုဏ်းမှာ အဆင်ပြေနေသည်ကို မြင်ရသဖြင့် သူသည် စစ်ခုန်းကျန့်နှင့် စစ်ခုန်းဟွမ်တို့ကို တွေ့ဆုံကာ သူတို့၏ ခန္ဓာကိုယ်ကို မူလခန္ဓာကိုယ်များအဖြစ် ပြောင်းလဲပေးပြီး မူလနယ်ပယ်သို့ မြှင့်တင်ပေးရန် ဆန္ဒရှိနေသည်။ သို့မှသာ အနာဂတ်တွင် ပြဿနာများနှင့် ကြုံတွေ့ရပါက သူတို့တွင် မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း ရှိပေလိမ့်မည်။

အခန်း (၆၇၅) နေရာဟောင်းများသို့ အလည်အပတ်ရောက်ရှိခြင်း။ သူက တာ့ဝူဖုန်းပဲ။ (၁)

"ဟုတ်ကဲ့၊ ခဏလောက်စောင့်ဦး။" ထိုသိုင်းပညာရှင်သည် မနှောင့်နှေးဝံ့ဘဲ သတင်းပို့ရန် ချက်ချင်းပင် အတွင်းသို့ ဝင်သွားတော့သည်။

"စန်းတိ... ပြန်လာပြီလား။"

ဧရာမဝေလငါးဂိုဏ်းအတွင်း၌ မောင်နှမနှစ်ဦးဖြစ်သော စစ်ခုန်းဟွမ်နှင့် စစ်ခုန်းကျန့်တို့သည် ထိုသတင်းကြောင့် အံ့ဩသွားကြပြီးနောက် အလွန်အမင်း ဝမ်းသာသွားကြသည်။ စူးချန်ခုန်းသည် လွန်ခဲ့သော ဆယ်နှစ်နီးပါးခန့်က ဧရာမဝေလငါးဂိုဏ်းမှ တစ်ဦးတည်း ထွက်ခွာသွားခဲ့ပြီးကတည်းက သူတို့နှစ်ဦးစလုံးသည် ဂိုဏ်း၏ အခက်အခဲများကို ကူညီပေးခဲ့ဖူးသော ထိုညီလေးအတွက် အမြဲတမ်း စိုးရိမ်ပူပန်နေခဲ့ကြခြင်း ဖြစ်သည်။ ယခုမူ သူ ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။

"မြန်မြန်... သူ့ကို အထဲကို ဖိတ်လိုက်။"

စစ်ခုန်းကျန့်သည် စူးချန်ခုန်းကို ကိုယ်တိုင်သွားရောက် ကြိုဆိုချင်သော်လည်း စူးချန်ခုန်းမှာ လူသိမခံလိုသူဖြစ်ကြောင်း သူ သိထားသည်။ ထို့ပြင် ယခု သူသည် ဧရာမဝေလငါးဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်နေသဖြင့် ဆေးဖော်စပ်သူတစ်ဦးကို ကိုယ်တိုင်သွားကြိုဆိုခြင်းမှာ လူအများ၏ အာရုံစိုက်မှုကို ရရှိစေမည် ဖြစ်သည်။ ထို့ကြောင့် သိုင်းပညာရှင်ကိုသာ စူးချန်ခုန်းအား အတွင်းသို့ ခေါ်ဆောင်လာရန် ချက်ချင်း အမိန့်ပေးလိုက်သည်။

စစ်ခုန်းကျန့်နှင့် စစ်ခုန်းဟွမ်တို့ နှစ်ဦးစလုံး စောင့်ဆိုင်းနေကြသည်။ အထူးသဖြင့် စစ်ခုန်းဟွမ်၏ လှပသော မျက်နှာထက်တွင် မျှော်လင့်စောင့်စားခြင်းနှင့် စိတ်လှုပ်ရှားမှုများ ရောယှက်နေသည်။ စူးချန်ခုန်း ထွက်သွားကတည်းက သူသည် အားကိုးထိုက်ပြီး အရာအားလုံးကို တတ်နိုင်စွမ်းရှိပုံရသော ထိုလူငယ်လေးကို မကြာခဏ သတိရနေခဲ့ခြင်း ဖြစ်သည်။

ခန်းမတစ်ခုအတွင်းသို့ ဧရာမဝေလငါးဂိုဏ်းမှ သိုင်းပညာရှင်တစ်ဦး၏ လမ်းညွှန်မှုဖြင့် စူးချန်ခုန်း ဝင်ရောက်လာခဲ့သည်။ စစ်ခုန်းဟွမ်နှင့် စစ်ခုန်းကျန့်တို့ကို မြင်သောအခါ သူ၏ မျက်နှာထက်တွင် စစ်မှန်သော အပြုံးတစ်ခု ပေါ်လာပြီး "တာ့ကော၊ အာ့ကျယ်... တွေ့ရတာ ကြာပြီနော်" ဟု နှုတ်ဆက်လိုက်သည်။

လွန်ခဲ့သော ရှစ်နှစ်၊ ကိုးနှစ်ခန့်ကနှင့် နှိုင်းယှဉ်လျှင် ယခုအခါ ဧရာမဝေလငါးဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်နေပြီဖြစ်သော စစ်ခုန်းကျန့်မှာ ပိုမိုတည်ငြိမ်ရင့်ကျက်ပြီး ခန့်ညားသော အရှိန်အဝါ ရှိလာသည်။ စစ်ခုန်းဟွမ်မှာမူ ရဲရင့်ဖျတ်လတ်သော အသွင်အပြင်ကို ဆက်လက် ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။

"တကယ်ကို စန်းတိပဲ... သူ တကယ် ပြန်လာတာပဲ။" စစ်ခုန်းဟွမ်သည် ရင်ထဲမှ စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုကို မထိန်းချုပ်နိုင်တော့ပေ။ သူ့ ရှေ့တွင် ရပ်နေသော စူးချန်ခုန်းမှာ ရုပ်ရည်အားဖြင့် သိသိသာသာ ပြောင်းလဲခြင်း မရှိသလို သူ၏ အရှိန်အဝါမှာလည်း အလွန်ပင် တည်ငြိမ်အေးချမ်းလှသည်။

"ဟားဟားဟား..မင်း ပြန်လာတာ ကောင်းတာပေါ့။ ဒီတစ်ခါတော့ မင်း နည်းနည်းကြာကြာ နေရမယ်နော်။" စစ်ခုန်းကျန့်သည် ရှေ့သို့ တက်လာပြီး သဘောထားကြီးလှသော ထိုလူကြီးမှာ စူးချန်ခုန်းကို ဖက်လဲတကင်း နှုတ်ဆက်ကာ ရိုးသားစွာပင် အားရပါးရ ရယ်မောနေတော့သည်။

"ဟုတ်ကဲ့…ကျွန်တော် ဧရာမဝေလငါးဂိုဏ်းမှာ နှစ်လ၊ သုံးလလောက် အနားယူမှာပါ" စူးချန်ခုန်းက ပြုံးလျက် ခေါင်းငြိမ့်ကာ ပြန်ပြောလိုက်သည်။

ဤတစ်ကြိမ် ဧရာမဝေလငါးဂိုဏ်းသို့ ပြန်လာခြင်းမှာ စစ်ခုန်းကျန့်နှင့် စစ်ခုန်းဟွမ်တို့ကို မူလနယ်ပယ်သို့ ရောက်ရှိရန် ကူညီပေးရန် စီစဉ်ထားခြင်း ဖြစ်သည်။ သူ၏ လက်ဝယ်တွင် ဝိညာဉ်ဆေးလုံးများနှင့် ဆေးဝါးများ ပြတ်လပ်ခြင်း မရှိပေ။ သူတို့ကို အသွင်ပြောင်းလဲပေးရန်မှာ သူ၏ ဆန်းကြယ်လိပ်ချီစွမ်းအင်အရည် အနည်းငယ် အသုံးပြုရန်သာ လိုအပ်သည်။

ထိုနေ့တွင် စစ်ခုန်းကျန့်နှင့် စစ်ခုန်းဟွမ်တို့သည် အခြားသူများကို မဖိတ်ဘဲ သီးသန့် စားပွဲတစ်ခု ပြင်ဆင်ခဲ့ကြသည်။ သူတို့ သုံးဦးသည် စားပွဲတွင် ထိုင်ရင်း ဝေလငါးကြီးဂိုဏ်း၌ အတူတကွ ဖြတ်သန်းခဲ့ကြသော အမှတ်တရများကို ပြန်လည် ပြောဆိုခဲ့ကြသည်။ သူ မရှိသည့် အတောအတွင်း ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများနှင့် ပတ်သက်၍မူ စူးချန်ခုန်းက နေရာအနှံ့ ခရီးလှည့်လည်ခဲ့ပြီး တာ့ဖုန်းပြည်နယ်နှင့် ဗဟိုပြည်နယ်များသို့ သွားရောက် လေ့ကျင့်ခဲ့ကြောင်းသာ အကြမ်းဖျင်း ပြောပြခဲ့သည်။

"ဗဟိုပြည်နယ်လား။ အဲဒီနေရာက အစည်ကားဆုံး နေရာပဲ။ မူလနယ်ပယ် သိုင်းပညာရှင်တွေလည်း အများကြီးရှိသလို နေရာကောင်းတွေလည်း အများကြီး ရှိတယ်လို့ ကြားဖူးတယ်။" စစ်ခုန်းကျန့်ကလည်း ဗဟိုပြည်နယ်သို့ သွားလိုသော သူ၏ ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့သည်။ အကယ်၍ ဧရာမဝေလငါးဂိုဏ်းကို စီမံခန့်ခွဲရန် မလိုအပ်ပါက စစ်ခုန်းကျန့်သည်လည်း ပြည်နယ်တစ်ခုအတွင်း၌သာ ပိတ်မိမနေဘဲ အတွေ့အကြုံသစ်များ ရရှိရန် ဗဟိုပြည်နယ်သို့ သွားရောက်လိုစိတ် ရှိသည်။

"ကျွန်တော် အခု ပြန်လာတာက မဟာမီးလျှံအင်ပါယာရဲ့ နယ်မြေတွေမှာ အခုတလော ပရမ်းပတာတွေ ဖြစ်နေတယ်လို့ ကြားလို့ပါ။ အစ်ကိုတို့ နှစ်ယောက်လုံးရဲ့ သိုင်းအဆင့်ကို မြှင့်တင်ပေးချင်တယ်။ ဒါမှ မူလနယ်ပယ် သိုင်းပညာရှင်တွေ ဖြစ်လာပြီး အခက်အခဲတွေ ကြုံလာရတဲ့အခါ မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း ရှိမှာ။" စူးချန်ခုန်းက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

"အစ်ကိုတို့ကို...မူလနယ်ပယ် သိုင်းပညာရှင် ဖြစ်အောင် လုပ်ပေးမယ် ဟုတ်လား။"

စစ်ခုန်းကျန့်နှင့် စစ်ခုန်းဟွမ်တို့ နှစ်ဦးစလုံး အံ့ဩလွန်း၍ ခဏလောက် ဆွံ့အသွားကြသည်။ မူလနယ်ပယ်ဆိုသည်မှာ သူတို့၏ ဖခင်ဖြစ်သူ စစ်ခုန်းယုံပင် တစ်ခါမျှ မရောက်ရှိခဲ့သော အဆင့် ဖြစ်သည်။ မူလနယ်ပယ်သို့ တက်လှမ်းရန်အတွက် မူလချီစွမ်းအင်ကို သန့်စင်ပြီး နတ်ဘုရားသွေးကြောကို ဖွင့်လှစ်ကာ သဘာဝ၏ ဝိညာဉ်စွမ်းအင်များကို အာရုံခံနိုင်ရန် လိုအပ်သည်ဟု ကောလာဟလများ ရှိသည်။ စူးချန်ခုန်းကဲ့သို့ ပါရမီရှင်တစ်ဦးမှာ နှစ်ပေါင်းများစွာအကြာတွင် မူလနယ်ပယ် သိုင်းပညာရှင် ဖြစ်လာခြင်းမှာ မဆန်းသော်လည်း သူတို့ကိုပါ ထိုအဆင့်သို့ ရောက်အောင် ကူညီပေးနိုင်သည်ဆိုခြင်းမှာ သူ၏ လက်ဝယ်တွင် ပိုလျှံနေသော မူလချီစွမ်းအင်တွေ ရှိနေလို့များလား။

"စန်းတိ... မင်းမှာ အစွမ်းထက်တဲ့ နတ်ဘုရားစွမ်းရည်တွေ ရှိတာကို အစ်ကိုတို့ သိပါတယ်။ ဒါပေမဲ့ မူလချီစွမ်းအင်ဆိုတာက... အရမ်းကို တန်ဖိုးကြီးလွန်းတယ်။"

စစ်ခုန်းကျန့်က မူလချီစွမ်းအင်၏ တန်ဖိုးကို သိထားသဖြင့် ဝန်လေးနေမိသည်။ စစ်ခုန်းဟွမ်ကလည်း ခေါင်းငြိမ့် ထောက်ခံလိုက်သည်။ "ဟုတ်တယ်... အစ်ကိုကြီးနဲ့ အစ်မက တောနက်စီရင်စုမှာဆိုရင် အင်အားအလုံအလောက် ရှိနေပါပြီ။ ဘယ်သူမှ အစ်မတို့ကို မခြိမ်းခြောက်နိုင်ဘူး။ ဒီမူလချီစွမ်းအင်ကို မင်းကိုယ်တိုင် အသုံးမပြုနိုင်ရင်တောင် တခြားမျိုးနွယ်စုကြီးတွေ ဒါမှမဟုတ် ဂိုဏ်းကြီးတွေဆီမှာ ကျင့်ကြံမှု အရင်းအမြစ်တွေနဲ့ လဲလှယ်လိုက်တာ ပိုကောင်းလိမ့်မယ်"

စူးချန်ခုန်းမှာ သူတို့၏ စကားကြောင့် အနည်းငယ် ရယ်ချင်သွားသည်။ စစ်ခုန်းဟွမ်နှင့် စစ်ခုန်းကျန့်တို့မှာ စူးချန်ခုန်းအတွက်မူ မူလချီစွမ်းအင် တစ်မျှင်၊ နှစ်မျှင်မှာ အသေးအဖွဲမျှသာ ဖြစ်သည်ကို မသိရှာကြပေ။ အမှန်တော့ စူးချန်ခုန်းသည် သူတို့ကို မူလချီစွမ်းအင် ပေးရန် စီစဉ်ထားခြင်း မဟုတ်ဘဲ ဆန်းကြယ်လိပ်ချီစွမ်းအင်အရည်ကို အသုံးပြု၍ သာမန်အဆင့်မှ မူလအဆင့်သို့ ပြောင်းလဲပေးရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ၎င်းမှာ ယခင်နည်းလမ်းထက် များစွာ ပိုမိုမြင့်မားသော နည်းလမ်း ဖြစ်သည်။

"စိတ်မပူပါနဲ့။ မူလချီစွမ်းအင်ဆိုတာ ကျွန်တော့်အတွက် ဘာမှ မဟုတ်ပါဘူး" ဟု စူးချန်ခုန်းက ပြုံးလျက် ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း ထိုစကားထဲမှ သတင်းအချက်အလက်မှာ အံ့ဩဖွယ်ကောင်းလှသည်။ မူလချီစွမ်းအင်ကို ဗဟိုပြည်နယ်ကဲ့သို့ စွမ်းအင်ကြွယ်ဝသော နေရာကောင်းများတွင်သာ ရရှိနိုင်သော်လည်း စူးချန်ခုန်းကမူ ၎င်းမှာ သူ့အတွက် ဘာမှမဟုတ်ဟု ဆိုနေသည်။ အကယ်၍ အခြားသူတစ်ဦးသာ ဤသို့ ပြောပါက မောက်မာ၍ အသိပညာမရှိသူဟု အထင်ခံရမည်မှာ သေချာပါသည်။ သို့သော် စစ်ခုန်းကျန့်နှင့် စစ်ခုန်းဟွမ်တို့မှာ စူးချန်ခုန်းအကြောင်းကို ကောင်းကောင်း သိထားကြသည်။ သူသည် မသေချာ မရေရာဘဲ မည်သည့်အခါမျှ မပြောတတ်သူ ဖြစ်သည်။ ဤဆယ်နှစ်နီးပါး ကာလအတွင်း သူ၏ အောင်မြင်မှုများမှာ သူတို့ မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေပုံရသည်။

"ကျွန်တော် အရင်ဆုံး အစ်ကိုကြီးရဲ့ ခန္ဓာကိုယ်ကို မူလခန္ဓာကိုယ်အဖြစ် အသွင်ပြောင်းပေးမယ်" သီးသန့်အခန်းတစ်ခုအတွင်း၌ စူးချန်ခုန်းသည် စစ်ခုန်းကျန့်၏ ခန္ဓာကိုယ်ကို အသွင်ပြောင်းပေးရန် စတင်လိုက်သည်။ အမှန်တော့ စစ်ခုန်းကျန့်မှာ ချီသွေးမီးပြင်းဖိုအဆင့်သို့ ရောက်ရုံသာ ရှိသေးပြီး ၁၂ ဆင့် ပြီးပြည့်စုံခြင်း မရှိသေးသဖြင့် မူလချီစွမ်းအင်ကို သန့်စင်နိုင်စွမ်း မရှိသေးပေ။ သို့သော် စူးချန်ခုန်းသည် သူ၏ ကိုယ်ပိုင်စွမ်းအင်ကို အသုံးပြု၍ စစ်ခုန်းကျန့်၏ ခန္ဓာကိုယ်ကို သဘာဝအလျောက် မူလခန္ဓာကိုယ် ဖြစ်လာအောင် ပြုလုပ်ပေးလိုက်သည်။ ၎င်းမှာ ယာယီအားဖြင့် နတ်ဘုရားသွေးကြောကို ဖွင့်လှစ်၍ စွမ်းအင်သန့်စင်နိုင်စွမ်း မရှိသေးသော်လည်း သူ၏ ဉာဏ်ရည်နှင့် ပါရမီကို မြှင့်တင်ပေးလိုက်ခြင်း ဖြစ်သည်။ လုံလောက်သော အရင်းအမြစ်များ ရှိပါက သူသည် မူလနယ်ပယ်သို့ တက်လှမ်းရန် မခက်ခဲတော့ပေ။

"ဒါက..."

စူးချန်ခုန်းသည် သူ၏ လက်ဖဝါးကို စစ်ခုန်းကျန့်၏ အတွင်းအားသိုလှောင်ရာပေါ်သို့ တင်လိုက်ပြီး ဆန်းကြယ်လိပ်ချီစွမ်းအင်အရည် တစ်စက်ကို သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်စေလိုက်သောအခါ စစ်ခုန်းကျန့်၏ မျက်နှာမှာ ထိန်းမနိုင်သိမ်းမရ ပြောင်းလဲသွားသည်။ စူးချန်ခုန်း ပေးလိုက်သော ထိုဆန်းကြယ် လိပ်ချီစွမ်းအင်အရည် တစ်စက်တည်း၏ ကြီးမားလှသော အင်အားကြောင့် သူ အံ့ဩသွားရခြင်း ဖြစ်သည်။ ၎င်းမှာ သူ၏ ကိုယ်ပိုင်အင်အားထက် ဆယ်ဆ၊ အဆတစ်ရာမက ပိုမို အားကောင်းနေလေသည်။

All Chapters