← Chapters

ထိတ်လန့်စေသောအရာ

Vol. 115 Ch. 1725

ထိတ်လန့်စေသောအရာ

Vol. 115 Ch. 1725

၎င်းက လောကထဲသို့ ဟာရီကိန်း မုန်တိုင်း တိုက်ခတ်လာသလိုပင်။

ထိုအခိုက်တွင် တစ်လောကလုံး တိတ်ဆိတ်သွားပြီး သဘာဝပေါက်ပင်များပင် မယိမ်းနွဲ့တော့ချေ။ အသံများ အားလုံး ပျောက်ကွယ်သွားပုံရပြီး အချိန်က ရပ်နေသည်ဟု ထင်မှတ်ရပြီး အရာအားလုံး တိတ်ဆိတ် ငြိမ်သက် သွား၏။

ထိုတစ်ဒင်္ဂတွင် အားလုံး အသိစိတ် လွတ်နေကြသည်။ မှင်တက်ကုန်သည်။ လူတိုင်း အတွေးထဲ ဗလာ ဖြစ်ကုန် လေသည်။

ခွန်အားနည်းသူများဆိုလျင် မျက်ဖြူလန်ကာ မြေကြီးပေါ် လဲကျပြီး ပါးစပ်မှ အမြုပ်တစီစီထကာ သတိလစ် သွားကြသည်။

အင်မော်တယ် ဧကရာဇ်အဆင့် ငါးယောက်သည်လည်း လေထဲ၌ တန့်နေကာ မလှုပ်မယှက် ဖြစ်နေသည်။

သူတို့၏ အမူအရာများက ထိုင်းမှိုင်းနေပြီး မျက်လုံးများ ရီဝေနေကာ စိတ်ဝိညာဉ် ပျောက်သွားသကဲ့သို့ အသိစိတ် လွတ်နေကြသည်။

ချုံးချီ၏ ကျားဟိန်းသံတွင် ကြောက်စရာကောင်းသော စွမ်းအင် ပါရှိနေပြီး ကြမ်းကြုတ်သော အရှိန်အဝါများ ပါဝင်နေကာ အင်မော်တယ် ဧကရာဇ်အဆင့် ငါးယောက်၏ စိတ်ဝိညာဥ်ကို ပျက်စီးသွားစေခဲ့သည်။

*ကျားဟိန်းသံ တစ်သံက အင်မော်တယ် ဧကရာဇ်အဆင့် ငါးယောက်ကို ထိတ်လန့်စေတာလား*

အားလုံး၏ မျက်နှာတွင် ထိတ်လန့်ကြောက်ရွံ့ဟန်များ ပေါ်လာသည်။

“ဘာတွေဖြစ်ကုန်တာလဲ”

လူတိုင်း ခေါင်းမော့ကြည့်သောအခါ အင်မော်တယ် ဧကရာဇ်အဆင့် ငါးယောက်က လေထဲ၌ တစ်စက်ကလေးမှ မလှုပ်ဘဲ ရပ်နေကြသည်ကို တွေ့လိုက်ရသည်။

သို့သော် ထိုအခိုက်တွင် သူတော်စင် သော်ပေါင်သည် ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေ၏။

“ချုံး … ချုံးချီလား”

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

*အဲ့ဒီ ရှေးခေတ် မိစ္ဆာကောင်က ငါ့အရှေ့က ဒီငချွတ်လေးရဲ့ စီးတော်ယာဉ် ဖြစ်နေတာလား*

*ဘာတွေ ဖြစ်နေတာလဲ*

“ချုံးချီလား၊ ရက်စက်ကြမ်းကြုတ်တဲ့ ချုံးချီလား၊ ငါ နားကြားမှားတာပဲ နေမယ် ဟုတ်တယ်မလား”

“မင်း ကြားတာ မှန်တယ်၊ ငါလည်း အဲ့လို ကြားလိုက်တယ်၊ သူတော်စင် သော်ပေါင်က မိသားစု ခေါင်းဆောင်လေးရဲ့ စီးတော်ယာဉ်ကို ချုံးချီလို့‌ ပြောလိုက်တာ၊ ငါ တူတယ်လို့ တွေးနေတာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ၊ ငါ ရှေးခေတ် စာအုပ်ထဲမှာ တွေ့ခဲ့ဖူးတာကို သတိရသွားပြီ၊ အခုပုံနဲ့ တကယ်ကြီး ချွတ်စွပ် တူတာပဲ”

“မြတ်စွာဘုရား မိသားစုခေါင်းဆောင်လေးက ချုံးချီကို စီးတော်ယာဉ်ဖြစ်အောင် လုပ်နိုင်တာလား”

လူတိုင်း ထိတ်လန့်နေကြသည်။

ချုံးချီသည် ရှေးခေတ် မိစ္ဆာကောင်ဖြစ်ပြီး နတ်ဘုရားများနှင့် နတ်ဆိုးများကို စားသောက်ကာ ကောင်းကင်ဘုံကို မလေးမစား ပြုမူပြီး သုံးလောကကို အထင်သေးသည်။ ၎င်းသည် ဘယ်သောအခါမှ ယဉ်ပါးအောင် မလုပ်နိုင်သည့် သားရဲ ဖြစ်ပေသည်။

သို့သော် ယခုအခါ၌ သူက ယဲ့ဖန်၏ ခြေရင်း၌ တကယ် အညံ့ခံကာ သူ့အတွက်ပင် ရန်သူကို တိုက်ခိုက် နေပါရောလား။

သူသည် လူတိုင်း၏ အမူအရာကို ပျက်ယွင်းစေသော ကြမ်းကြုတ်သည့် ရှေးဟောင်း သားရဲဖြစ်သည်။ ယခုခေတ် တွင်တောင်မှ လူတိုင်း ထုတ်ပြောလိုက်ချိန်တိုင်း မတုန်လှုပ်ဘဲ မနေနိုင်ချေ။

အထူးသဖြင့် ယခု မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသဖြင့် အားလုံး ကြက်သီးထကာ အပြင်းအထန် တုန်လှုပ် လာကြသည်။

ဤသည်က အလိုအလျောက် တုံ့ပြန်မှုပင်။

ဤကြမ်းကြုတ်သော သားရဲကို မသိစိတ်ထဲမှ အလိုလို ကြောက်ရွံ့နေပြီး သူ့အား နည်းနည်းလေးမှ မခုခံနိုင်ချေ။

“ဂျွတ်”

ထိုအခိုက်တွင် ချုံးချီက သူ၏ သွေးသံတရဲရဲ ပါးစပ်ကိုဟ၍ မလှုပ်မယှက် ဖြစ်နေသော အင်မော်တယ် ဧကရာဇ်အဆင့် တစ်ယောက်ကို တန်း၍ ဝါးမျိုကာ ဝါးစားလေတော့သည်။

တကျွတ်ကျွတ် ဝါးစားနေသော မြင်ကွင်းက သွေးထွက်သံယိုများ၍ ကြောက်စရာ ကောင်းလှသည်။

ဤသည်က လူတိုင်းအား သူ၏ ဇစ်မြစ်ကို ပို၍ ယုံကြည်သွားစေသည်။

ချုံးချီသည် အင်မော်တယ် ဧကရာဇ်အဆင့်အား စားရသည်ကို အနှစ်သက်ဆုံး ဖြစ်သည်။ ရှေးခေတ်အခါက သူသည် မကြာခဏ အင်မော်တယ် ဧကရာဇ်အဆင့်များကို အမဲလိုက်တတ်သည်။ သူသည် ကြမ်းကြုတ်၍ အင်အားကြီး၏။

အဘိုးအိုလီသည်လည်း အံ့ဩကာ မယုံနိုင်ဟန်ဖြင့် မျက်လုံးပြူးနေသည်။

သူတော်စင်အဆင့်ကပင် အညံ့ခံလာအောင် မလုပ်နိုင်သည့် ရှေးဟောင်းသားရဲတစ်ကောင်က ယဲ့ဖန်၏ စီးတော်ယာဉ် ဖြစ်နေ၏။ အံ့ဩစရာ ကောင်းလိုက်လေခြင်း။

ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်နေသည်။

တကျွတ်ကျွတ် ဝါးစားနေသံသာ ထွက်ပေါ်နေပြီး ချုံးချီ၏ ပါးစပ်ထဲ၌ ထိုအင်မော်တယ် ဧကရာဇ်အဆင့်များ ပျော်ဝင်ကျသွားသည်ကို လူတိုင်း မတတ်သာစွာ ကြည့်နေရသည်။

သွေးများက သူ့ပါးစပ်ထောင့်မှ စီးကျလျက်ရှိပြီး သွေးပျက်ဖွယ်ကောင်းလှသည်။

ချုံးချီ၏ ချွန်ထက်နေသော သွားအောက်၌ မာကျောလှသော အင်မော်တယ် ဧကရာဇ်အဆင့်၏ ခန္ဓာကိုယ်က စက္ကူတမျှ ပါးလျနေသည်။

“သူ တကယ်ကြီး ချုံးချီကို သိမ်းသွင်းနိုင်တာပဲ၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

လီချန်ကျစ် သူ့လျှာသူ ကိုက်လုမတတ် ဖြစ်နေကာ မျက်လုံးတွင် သွေးပျက်ဟန်တို့ ပြည့်နှက်နေသည်။ ဤမြင်ကွင်းက သူ့ကို မယုံနိုင် ဖြစ်စေသည်။

ထိုစဉ် သူတော်စင် သော်ပေါင်၏ မျက်လုံးများက ပြူးကျယ်နေပြီး ယဲ့ဖန်အား ခက်ထန်စွာ ကြည့်လာသည်။

“မင်းမှာ ချုံးချီရဲ့ အကာအကွယ် ရှိတယ်ဆိုရင်တောင်မှ ငါ မင်းကို သတ်ချင်ရင် မင်း သေရမှာပဲ”

“ဝုန်း”

သူတော်စင် သော်ပေါင်က လက်ညှိုးထိုးလာပီးနောက် အဖျက်စွမ်းအင်တစ်ခုက ယဲ့ဖန်ကို လွှမ်းခြုံလာသည်။

“ဟားဟားဟား ချုံးချီတောင်မှ သူတော်စင်အဆင့်ရဲ့ တိုက်ကွက်ကို မတားနိုင်ဘူး၊ ယဲ့ဖန် မင်းတော့ သေပြီ”

လီချန်ကျစ်က အားရဝမ်းသာ ရယ်မောကာ ဂုဏ်ယူနေ၏။

“မိသားစုခေါင်းဆောင်လေး ထွက်ပြေးပါတော့”

ထိုအခိုက်တွင် အိုးရန်ဟွာနှင့် အခြားသူများက အလန့်တကြား အော်ဟစ်လာပြီး ယဲ့ဖန်ရှေ့၌ ချက်ချင်း ပိတ်ရပ် လာသည်။ သူတို့မျက်နှာတွင် ကြောက်ရွံ့စိတ်တို့ ဖုံးလွှမ်းနေသည်။

ထိုစဉ် လူတိုင်း၏ မျက်လုံးများကို အဖြူရောင် အလင်းတန်းက ဖုံးလွှမ်းလာပြီး သွေးပျက်သော အမူအရာများဖ ဖြစ်ပေါ်လာသည်။

သူတော်စင်အဆင့်က လှုပ်ရှားလေပြီ။ သူတော်စင်သခင်အဆင့်သာ ရှိသော ယဲ့ဖန်က ဘယ်လိုလုပ် သူ့ကို တားနိုင်မည်နည်း။

ယဲ့ဖန် ဇာတ်သိမ်းတော့ပေမည်။

ထို့အပြင် သူတော်စင်အဆင့်၏ တိုက်ခိုက်မှုက ကပ်ဘေးတစ်ခုကို သေချာပေါက် ယူဆောင်လာပေမည်။ ကွမ်လင်လမ်းတစ်ခုလုံး ဤတိုက်ခိုက်မှုကို ခံနိုင်စွမ်း မရှိသဖြင့် သူတို့လည်း ဇာတ်သိမ်းရပေမည်။

ဤသည်ကိုတွေးမိပြီး အားလုံး၏ မျက်နှာများ ပြာနှမ်းလာ၏။ လူတိုင်း၏ မျက်နှာတွင် မချိတင်ကဲဟန်တို့ ပြည့်နှက်နေသည်။

*ချုံးချီတောင်မှ သူ့ကို မကယ်နိုင်ပါလား*

ထိုစဉ် လောကကို ဖျက်ဆီးနိုင်ရန် လုံလောက်သည့် အဖြူရောင် အလင်းတန်းက ချက်ချင်း ပျောက်ကွယ် သွားသည်။

*ဘာ*

ထိုအခါ အားလုံး အုတ်အုတ် ကျွတ်ကျွတ် ဖြစ်သွားကြသည်။ လူတိုင်း ယဲ့ဖန်ကို မယုံနိုင်ဟန်ဖြင့် ကြည့်လေသည်။

ယဲ့ဖန်ရှေ့၌ ပိန်ပါးပါး ပုံရိပ်တစ်ခု ရပ်နေပြီး ထိုသူက လက်ကို အသာဝှေ့ယမ်းလိုက်သောအခါ အဖြူရောင် အလင်းတန်းက ချက်ချင်း ပျက်စီးသွားသည်။

*ဒါက*

လူတိုင်း ထိတ်လန့်သွားပြီး နက်ဗျူလာကို ဝိုင်းကြည့်ကာ မယုံနိုင်သလို ခံစားနေရသည်။ အားလုံး၏ မျက်နှာတွင် ကြောက်ရွံ့၍ မယုံကြည်နိုင်ဟန် ပေါ်လွင်နေ၏။

*ဒါ … ဒါ လုံးဝ မဖြစ်နိုင်ဘူး*

*ကလေးမလေး တစ်ယောက်က သူတော်စင်အဆင့်ရဲ့ တိုက်ခိုက်မှုကို တားလိုက်တာလား*

ဤသည်က အိပ်မက်ဆန်လွန်းလှသည်။

သူတော်စင်၏ တိုက်ခိုက်မှုသည် ကွမ်လင်လမ်းတစ်ခုလုံးကို ဖျက်ဆီးနိုင်သော်လည်း ထိုတိုက်ခိုက်မှုကို အရှေ့က ကလေးမလေးက မထင်မှတ်ဘဲ တားဆီးလိုက်နိုင်သည်။

ဤမြင်ကွင်းက ထိတ်လန့်၍မဆုံးနိုင်သော အဖြစ်ပင်။

“သေစမ်း၊ ဒါက ဘာလဲ”

သူတော်စင် သော်ပေါင် အော်ဟစ်မိပြီး မျက်လုံးတွင် ကြောက်စိတ်တို့ ပြည့်နေကာ မယုံနိုင် ဖြစ်နေ၏။ သူ့တိုက်ခိုက်မှုကို ကလေးမလေးတစ်ယောက်က တားလိုက်သည်တဲ့လား။

အင်မော်တယ် ဧကရာဇ်အဆင့်များလည်း ချောက်ချားနေကြပြီး နက်ဗျူလာအား တအံ့တဩ ကြည့်နေသည်။

သူတို့၏ စိတ်ဝိညာဉ် အသိစိတ်ကို ဖြန့်ထားပြီး အဖြေရှာရန် ကြိုးစားသော်လည်း အချည်းနှီးပင်။

သူတို့အရှေ့မှ ကလေးမလေးကို သူတို့ ထိုးဖောက်မမြင်နိုင်ပေ။ သူမသည် သုံးလောကဘနှင့် ဘုံခြောက်ဘုံမှ ဟုတ်ပုံမရသလို သူမ၏ သိုင်းအဆင့်၊ နောက်ခံနှင့် ဇစ်မြစ်တို့ကို မမြင်ရပေ။

သူမက လူသားလည်းမဟုတ်၊ နတ်ဘုရားလည်း မဟုတ်သလို နတ်ဆိုးလည်း မဟုတ်ချေ။

“အား …”

သူတော်စင်သော်ပေါင်၏ အနားမှ အော်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီး အင်မော်တယ် ဧကရာဇ်အဆင့် တစ်ယောက်၏ မျက်လုံး ပေါက်ထွက်သွားသည်။ သူသည် အစောပိုင်းက ကောင်းကင်မျက်လုံးကို ဖွင့်လိုက် သော်လည်း မမြင်သင့်သော အရာတစ်ခုကို မြင်လိုက်ရသည်။

“မဟုတ်ဘူး၊ သူက ဒီလောကရဲ့ သက်ရှိမဟုတ်ဘူး၊ သူက အရမ်းကြောက်ဖို့ကောင်းတယ်၊ သူက ကြောက်ဖို့ ကောင်းလွန်းတယ်”

ထိုအင်မော်တယ် ဧကရာဇ်အဆင့်သည် အော်ဟစ်လျက် နောက်သို့ဆုတ်နေပြီး အမူအရာက ရူးသွပ် သွားသလိုပင်။

မသိလျင် သူ့မျက်လုံးများက ငရဲခန်းကြောင့် လောင်ကျွမ်းသွားသည်ဟု ထင်မှတ်ရသည်။

လူတိုင်း အံ့ဩကုန်သည်။

*ဂြိုဟ်သားလား*

*ဒီသူတော်စင်သခင်အဆင့်လေးရဲ့ဘေးမှာ တခြားကမ္ဘာက သက်ရှိတစ်ကောင် ရှိနေပြီးတော့ သူ့ကို ကာကွယ်ပေးနေတာလား*

*ပြီးတော့ အဲ့ဒါက သူတော်စင်အဆင့်ကို စိန်ခေါ်နိုင်တဲ့ ကမ္ဘာခြားက သက်ရှိတဲ့လား*

*တကယ်ကို ယုတ္တိမရှိလိုက်တာ*

အဘိုးအိုလီနှင့် အခြားသူများလည်း သူတို့ မြင်နေရသည်ကို မယုံနိုင်သဖြင့် မျက်လုံးကိုပွတ်၍ ပြန်ကြည့်ကြသည်။

သို့သော် သူတို့ကို အထိတ်လန့်ဆုံး ဖြစ်စေသော အရာက နက်ဗျူလာက သူတော်စင် သော်ပေါင်ကို တားဆီးလိုက်နိုင်ခြင်း မဟုတ်ဘဲ ထိုကလေးမလေးကို ယဲ့ဖန်က စေခိုင်း၍ ရနေခြင်းပင် ဖြစ်သည်။

ဤသည်က အလွန် ထိတ်လန့်စရာ ကောင်းလှသည်။

ချုံးချီက ယဲ့ဖန်၏ စီးတော်ယာဉ်ဖြစ်ပြီး သူတော်စင်အဆင့်ကို စိန်ခေါ်နိုင်သော ထိုကလေးမလေးကလည်း ယဲ့ဖန်၏လူ ဖြစ်နေသည်။

*ဒီလူရဲ့ ဇစ်မြစ်က ဘာလဲ၊ ဘာလို့ ဒီလို ထူးခြားတဲ့လူတွေက သူ့အတွက် အလုပ်လုပ်ပေးနေရတာလဲ*

အတိတ်အခါက အိုးရန်ချင်ရွှယ်တောင်မှ ဤသို့သော အရည်အချင်းမျိုး မရှိပေ။

လက်ရှိအချိန်၌ လူတိုင်းကို ထိတ်လန့်စေသည်က ချုံးချီနှင့် နက်ဗျူလာတို့ မဟုတ်ဘဲ ယဲ့ဖန်သာ ဖြစ်သည်။ ဘာမဟုတ်သော သူတော်စင်သခင် အဆင့်လေးက ချုံးချီနှင့် သူတော်စင်အဆင့်ကို အမိန့်ပေးနိုင်နေသည်က ထူးဆန်းလွန်းလှသည်။

အဘိုးအိုလီ၏ မျက်နှာပေါ်တွင် မချိပြုံးတစ်ခု ပေါ်လာလေသည်။ သူ ယဲ့ဖန်ကို အထင်ကြီးခဲ့မိလွန်းသည်ဟု တစ်လျှောက်လုံး ထင်နေခဲ့သော်လည်း ယခုအခါတွင် သူ အထင်သေးနေမိသေးသည်ဟု သိလိုက်ရသည်။

သူတို့၏ မိသားစုခေါင်းဆောင်လေးက နတ်ဆိုးတစ်ကောင်ပါတကား။

“သေပေတော့”

သူတော်စင် သော်ပေါင် ဒေါသထွက်သွားပြီး မျက်လုံးများက ကျွတ်ကျမတတ် ပြူးကျယ်နေကာ ကြောက်စရာ ကောင်းလှသော လက်သီးချက်ဖြင့် နက်ဗျူလာကို ထပ်ထိုးလေသည်။

ဤလက်သီးချက်က ပို၍ သန်မာကာ လွှမ်းမိုးနိုင်လွန်းလှသည်။

ကောင်းကင်တစ်ခုလုံးကို ပြိုလဲစေလုနီးပါး ဖြစ်စေပြီး ပေါက်ကွဲသံများက မိုးမြေကိုပင် တုန်ခါစေလောက်သည်။

လူတိုင်း ဒူးထောက်ကျကာ တုန်ယင်လာကြသည်။ ဤသို့ ထည်ဝါသော ဖိအားကို သူတို့ မခုခံနိုင်ပါ။

သို့သော် အားလုံး၏ ချောက်ချားနေသော အကြည့်အောက်မှာပင် နက်ဗျူလာက လက်ကို ထပ်မံ၍ ဝှေ့ယမ်းကာ သူတော်စင် သော်ပေါင်၏ တိုက်စစ်ကို ဖယ်ရှားလိုက်သည်။

ထိုအခါ လူတိုင်း ပင့်သက်ရှိုက်မိသွားသည်။ သူတို့ မယုံကြည်နိုင်ပါ။ ပထမတစ်ကြိမ်ကို မတော်တဆဟု ပြော၍ ရနိုင်သော်လည်း ဒုတိယတစ်ကြိမ်ကို ဘယ်လို ပြောမည်နည်း။

လီချန်ကျစ်နှင့် အဘိုးအိုလီတို့ နားဝေတိမ်တောင် ဖြစ်နေကြသည်။ အိုးရန်မျိုးနွယ်၌ ဘယ်အချိန်က ဤသို့ ကြောက်စရာကောင်းသော ပုဂ္ဂိုလ်မျိုး ရှိနေသနည်း။

သူတို့အရှေ့မှလူက သူတော်စင်အဆင့် ဖြစ်နေလျင်တောင်မှ သူတော်စင်အဆင့် တစ်ယောက်၏ အားကုန်သုံးထားသော တိုက်ကွက်ကို အလွယ်တကူ ပျက်ပြယ်အောင် လုပ်ရန် မဖြစ်နိုင်ပေ။

ကွမ်လင်လမ်းမှလူများ၏ မျက်နှာများက ချက်ချင်း နီမြန်းလာပြီး အလွန်အမင်း စိတ်လှုပ်ရှားလာကြသည်။

သူတို့ လောင်းကြေး မှန်ခဲ့သည်။

အစက ယဲ့ဖန်က သူတော်စင် သော်ပေါင်ကို မခုခံနိုင်လောက်ဟု သူတို့အားလုံး ထင်ထားခဲ့သော်လည်း ယခု သူတို့ အမြင်မရှိခဲ့တာတော့ မဟုတ်ခဲ့သည့်ပုံပင်။

သူတို့၏ မိသားစုခေါင်းဆောင်လေးက သန်မာလွန်းလှသည်။

အိုးရန်ဟွာနှင့် အခြားသူများသည်လည်း မှင်တက်နေ၏။ အစက ယဲ့ဖန်၏ စကားလုံးများက ကြီးကျယ် လွန်းလှသည်ဟု သူတို့ ထင်ခဲ့သော်လည်း မျက်စိရှေ့မှ မြင်ကွင်းက သူတို့မျက်နှာကို အားဖြင့် ဖြတ်ရိုက် လိုက်သလိုပင်။

“မင်းက ဘယ်သူလဲ၊ ဘာလို့ သူ့ကို ကာကွယ်ပေးချင်နေရတာလဲ”

သူတော်စင်‌ သော်ပေါင်က နက်ဗျူလာအား သုန်မှုန်နေသော မျက်နှာဖြင့် ကြည့်နေသည်။ နက်ဗျူလာက ချက်ချင်း ခေါင်းစောင်း၍ ဒေါသတကြီး ပြန်ဖြေလိုက်သည်။

“နင့်အပူပါလား”

“မင်း”

သူတော်စင် သော်ပေါင် ရုတ်တရက် ဒေါသူပုန်ထလာပြီး မျက်နှာက ခက်ထန်လာသည်။

ထိုစကားကိုကြားသော် ယဲ့ဖန်က နက်ဗျူလာကို လက်မထောင်ပြလေသည်။

“ပြောတာကောင်းတယ်”

“မျိုးမစစ်ကောင် မင်းတို့ အိုးရန်မျိုးနွယ်မှာ သူတော်စင်အဆင့် နောက်တစ်ယောက် ရှိနေလဲ ဘာဖြစ်လဲ၊ ပုရွက်ဆိတ်က ပုရွက်ဆိတ်ပဲ၊ ကောင်းကင်ဘုံ ကိုးလွှာနဲ့ ယှဉ်ပြိုင်ဖို့ ကြိုးစားရင် အဆုံးသတ်ကျရင် သေရမှာပဲကွ”

သူတော်စင် သော်ပေါင်က ယဲ့ဖန်ကို စူးစိုက်ကြည့်နေပြီး သူ့မျက်လုံးများက ရက်စက်မှုနှင့် ကြမ်းကြုတ်မှုတို့ဖြင့် တောက်ပနေသည်။

ယဲ့ဖန်၏ မောက်မာသော အပြုအမူက သူ့အား မပျော်မရွှင် ဖြစ်စေသည်။

သူတော်စင် သော်ပေါင်၏ စကားက အထက်စီးဆန်ပြီး အသံတွင် မွန်းကျပ်ဖွယ်ကောင်းသော ထည်ဝါမှု ပါဝင်နေကာ သက်ရှိအားလုံးကို အထင်အမြင်သေးသည့် အရိပ်အယောင် ပါဝင်နေ၏။

“ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာတွေထဲမှာ မင်းတို့အတွက် ဘယ်သူက ဖရိုဖရဲ ဖြစ်တာကို ရှင်းပေးတာလဲ၊ ဘယ်သူက မင်းတို့အတွက် အသက်ပေးခဲ့လဲ၊ တာအိုသဘောတရားကို အမြဲ လက်ကိုင်ပြုအောင် ဦးဆောင်ပေးခဲ့တာ ဘယ်သူလဲ”

“နတ်ဘုရားက မြေကို ပေးခဲ့တယ်၊ အဲ့ဒါကြောင့် မင်းတို့ နေထိုင်ဖို့ လုံခြုံတဲ့နေရာ ရတာ”

“နတ်ဘုရားက မင်းတို့ကို မြင့်မြတ်တဲ့ ယုံကြည်မှု ပေးခဲတ့ယ်၊ ဒါကြောင့် မင်းတို့မှ ရုန်းကန်လှုပ်ရှားဖို့ မျှော်လင့်ချက် ရခဲ့တာ”

“နတ်ဘုရားက မင်းတို့အတွက် ခေတ်မီလူ့အဖွဲ့အစည်းတစ်ခု ပေးခဲ့တယ်၊ ဒါကြောင့်လည်း မင်းတို့ဘဝတွေက လွယ်ကူပြီး ပျော်ရွှင်စရာ ကောင်းနေတာကွ”

“ပြီးတော့ မင်းတို့ အိုးရန်မျိုးနွယ်က ဘာလုပ်ခဲ့လဲ”

သူတော်စင် သော်ပေါင်၏ မျက်လုံးများက ပြူးကျယ်နေပြီး ယဲ့ဖန်အား လက်ညှိုးထိုးသည်။

“နတ်ဘုရားတွေက ဥပဒေသတွေ ဖန်တီးဖို့ ကြိုးစားခဲ့ပင်မယ့် မင်းတို့က ဥပဒေသကို ချိုးဖောက်ပြီး နတ်ဘုရား စွမ်းအားကို ထိပါးချင်နေတယ်”

“နတ်ဘုရားတွေက လောကကြီးကို အုပ်စိုးတယ်ဆိုတာ လောကကြီး သာယာစည်ပင်ပြီး တည်ငြိမ်အောင်ကွ၊ ဒါပေမဲ့ မင်းက စည်းမျဉ်းကို မနာခံဘဲ အမိန့်ကို ဖျက်ဆီးတယ်၊ ဘယ်လိုလုပ် မင်းတို့က ဒီမွန်မြတ်တဲ နတ်ဘုရားတွေနဲ့ ထိုက်တန်မှာလဲ”

“နတ်ဘုရားတွေရဲ့ ကောင်းမှုကုသိုလ်ကို လောကကြီးက လေးစားပင်မယ့် မင်းတို့လို ရေတွင်းအောက်ခြေက ဖားတွေကတော့ ဒါရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ကို နားမလည်ဘူးမလား”

ထည်ဝါလှသည်။ ထိတ်လန့်စရာပင်။

သူတော်စင် သော်ပေါင်၏ စကားကို ကြားသောအခါ သူတို့အားလုံး ရိုသေကိုင်းရှိုင်းသော အမူအရာများ ဖြစ်လာပြီး ထိုစကားထဲမှ မှော်စွမ်းအင်ကြောင့် စိတ်ခံစားချက် ပြောင်းလဲလာကြသည်။

ကောင်းကင်ဘုံကိုးလွှာမှ နတ်ဘုရားများက ရုတ်တရက် သွေးကြီး၍ ဂုဏ်ယူဟန်များဖြင့် ကြည့်လာလေသည်။

မသိလျင် သူတို့ကြောင့်သာ ကိုးပြည်နယ်ကြီးက စည်ပင်သာယာဝပြော၍ တည်ငြိမ်နေသည်ဟု ထင်မှတ်ရသည်။

“ဖြောင်း ဖြောင်း”

သို့သော် ထိုသို့သောအချိန်၌ သရော်သော လက်ခုပ်တီးသံ ထွက်ပေါ်လာသည်။

စာစဉ် ၁၁၅ ပြီးပါပြီ။

All Chapters